【 ဆောင်းပါး 】 ၂၀၂၀ ရွေးကောက်ပွဲပြေးလမ်းပေါ်က အနီနှင့်အစိမ်း

【 ဆောင်းပါး 】 ၂၀၂၀ ရွေးကောက်ပွဲပြေးလမ်းပေါ်က အနီနှင့်အစိမ်း

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို နိုဝင်ဘာ (၈) ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တရားဝင်ကြေညာလိုက်ပြီဖြစ်ပါသည်။

ကိုဗစ်ရောဂါကပ်ဘေးကြောင့် ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပဖြစ်ပါမည်လား၊ နောက်ဆုတ်လေမလား စသည့်ထင်မြင်ချက်များ နိဂုံးချုပ်သွားကြလေပြီ။

မြန်မာနိုင်ငံတွင် လက်ရှိ နိုင်ငံရေးပါတီ ၉၀ ကျော် တစ်ရာနီးပါးရှိနေသဖြင့် မြန်မာနိုင်ငံ၏လူဦးရေ ၅၃ သန်းနှင့်နှိုင်းယှဉ်ပါက ပါတီများဖောင်းပွနေသည်ဟု ဆိုနိုင်ပါသည်။သို့သော် ယခုလာမည့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အဓိကအကြိတ်အနယ်ယှဉ်ပြိုင်မည့်ပါတီဟူ၍ ၂ ပါတီသာမြင်မိပါသည်။ယင်းကား လက်ရှိအာဏာရပါတီ အင်အယ်လ်ဒီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ။သည်နှစ်ပါတီကို လူထုပေးထားသည့် အမည်ပြောင်က အနီနှင့်အစိမ်း။

ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် တခြားပါတီများအနက် တိုင်းရင်းသားပါတီများ၊ ဦးကိုကိုကြီးပါတီ၊  လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဒေါက်တာသက်သက်ခိုင် ပါတီများကား၊ အနီနှင့်အစိမ်းကဲ့သို့ မဲဆန္ဒနေရာအများအပြား ဝင်ယှဉ်ပြိုင်မည်မဟုတ်ဟု သုံးသပ်ကြပါသည်။ချွင်းချက်အဖြစ် အသစ်ကျပ်ချွတ်ပါတီဖြစ်စေကာမူ၊ ငွေကိုပုံသုံးပြီး မဲနေရာအများအပြား ဝင်ပြိုင်မည်ဖြစ်ပါသည်။ကျန်ပါတီများနှင့် ပါတီငယ်များကား အိမ်ဖြည့်ပါတီများဖြစ်လာကြမည်ဆိုသော  ကြိုတင်မှန်းဆချက်များလည်း ပေါ်ထွက်နေပါသည်။သို့ဖြင့် အဓိကပြိုင်ဘက်ဖြစ်ကြသည့် အနီ (အင်အယ်လ်ဒီ) နှင့် အစိမ်း (ပြည်ခိုင်ဖြိုး) တို့၏ အားသာချက် အားနည်းချက်များကို သုံးသပ်ကြည့်ကြပါစို့။    

ပါတီဝင်အင်အားတွင် အနီက အစိမ်းထက် များပြားပါသည်။ပါတီရန်ပုံငွေ တောင့်တင်းခိုင်မာမှု၌ အစိမ်းကသာပြီး၊ လူထုထောက်ခံမှုတွင် အနီက အပြတ်အသတ်အသာရထားပါသည်။ထို့ပြင် အနီကို အစိမ်းသာမက၊ တခြားပါတီများ လိုက်မမီသည့်အချက်မှာ အနီပါတီ၏ ခေါင်းဆောင်အဖြစ် ဒေါ်အောင်ဆန်းစုကြည် ရှိနေခြင်းပင်။ဖော်ပြပါအားသာချက်များကြောင့် ပြည်မမဲဆန္ဒနယ်အများစုကို အနီအနိုင်ရမည်ဟု ခန့်မှန်းနိုင်ပါသည်။

အစိမ်းဘက်ကလည်း ၂၀၂၀ ရွေးကောက်ပွဲတွင် အစိုးရဖွဲ့ခွင့်ရစေမည့် မဲအနိုင်ကိုမမျှော်မှန်းဘဲ၊ မဲဆန္ဒနယ်အများစု အနိုင်ရရေးကိုသာ ရည်မှန်းထားသည်ဟု ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးမောင်မြင့် က အတိအလင်းထုတ်ပြောထားပါသည်။

အနီကတော့ သူတို့ပါတီ အစိုးရဖွဲ့နိုင်သည့် အနိုင်ရမည်ဟု အင်အယ်လ်ဒီပါတီ ဒုတိယဥက္ကဌ ဒေါက်တာဇော်မြင့်မောင် က ပြောဆိုသည်မှာ ၂ ကြိမ်ရှိပြီဖြစ်ပါသည်။

အနီဘက်တွင် လူထုထောက်ခံမှုအပြည့်အဝရထားသည့် ဒေါ်အောင်ဆန်းစုကြည် က ဥက္ကဌနေရာ ယူထားပါသည်။အစိမ်းပါတီကို ဦးဆောင်နေသည့် ဦးသန်းဌေးနှင့်တကွ၊ ပြည်ခိုင်ဖြိုးပါတီအား ဦးစီးဦးဆောင်နေသူများထဲ၌ ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ လူထု၏စိတ်ကိုလွှမ်းမိုးထားနိုင်သူ ရှိမနေခြင်းက ပြည်ခိုင်ဖြိုးဘက်တွင် အင်အယ်လ်ဒီကို ခေါင်းဆောင်ပိုင်းအရ ပခုံးချင်းယှဉ်နိုင်သူမရှိကြောင်း ဖော်ပြနေပါသည်။တစ်နည်းအားဖြင့် လူထုကိုစည်းရုံးနိုင်မှု အနီဘက်က အားသာနေပါသည်။ထို့ပြင် အစိမ်းအနေဖြင့် နိုင်ငံရေးတိုက်ကွက်အသစ်များမတီထွင်ဘဲ၊ လမ်းရိုးနည်းဟောင်းများကို ဆက်သုံးနေခြင်းက အနီဘက်သို့ လူထုမဲများရောက်သွားစေရန် တွန်းပို့နေသည့်အလားဖြစ်နေသည်ကို ယခုထိတိုင် အစိမ်းဘက်မှ ဦးစီးဦးဆောင်နေသူများ ပြန်ဆန်းစစ်ဟန်မရှိပေ။ ၂၀၁၅ ရွေးကောက်ပွဲတွင် အစိမ်းမဲရှုံးပြီးနောက် ကာလအတန်ကြာ ငြိမ်သက်နေခဲ့ပါသည်။နောက်ပိုင်းတွင် အနီအစိုးရ၏ လုပ်ဆောင်ချက်များကို ထောက်ပြလာပါသည်။သို့သော် ချက်ကျလက်ကျ ထောက်ပြနိုင်ခြင်းမရှိဘဲ၊ တခြားပါတီတချို့နှင့်ပူးတွဲလျက် ကြေညာချက်များ ထုတ်ပြန်လာခြင်းဖြစ်ပါသည်။အစိမ်းဦးဆောင်၍ ကြေညာချက်တစ်ရပ်ထုတ်ပြီးနောက် အကျိုးသက်ရောက်မှုရလဒ် မည်သို့ရှိကြောင်းကိုမူ အစိမ်းဘက်က ပြန်သုံးသပ်ပုံမရပေ။

စာရေးသူမှတ်မိသမျှ ပြည်ခိုင်ဖြိုးပါတီနှင့် တခြားပါတီများပူးတွဲပြီး အစိုးရသိစေရန် ထုတ်ပြန်ခဲ့သည့်ကြေညာချက်များအား တစ်ခါမျှ လူထုက လိုက်ပါထောက်ခံခြင်း မတွေ့ခဲ့ရပေ။အနည်းစုကသာထောက်ခံကြောင်း တုန့်ပြန်ကြပါသည်။ထိုကြေညာချက်များသည်  အစိုးရလိုက်နာဖော်ဆောင်သင့်သည်ဟု ထောက်ခံသည့်ဆောင်းပါးမျိုးလည်း ထွက်မလာပါ။ထိုကြေညာချက်များပေါ် အပြစ်တင်ဝေဖန်ထောက်ပြသည့် ဆောင်းပါးမျိုးသာ တစ်ပုဒ်မက၊ ထွက်ပေါ်လာသည်ကို တွေ့ရလေ့ရှိပါသည်။ထို့ပြင် ပြည်ခိုင်ဖြိုးပါတီနှင့် တခြားပါတီတချို့ ပူးတွဲထုတ်ထားသည့် ကြေညာချက်အောက်တွင် ဖေ့စ်ဘုတ်သုံးသူများက ဝင်ရောက်ရေးသားကြသည့် မှတ်ချက်အများစု (comments) များမှာ၊ ကြေညာချက်များကို လက်မခံကြကြောင်းဖော်ပြသည့် ရေးသားချက်များ၊ အပြစ်တင်ထားသည့်  ဝေဖန်ချက်များက ထောက်ခံရေးသားမှုထက် များစွာပိုများပါသည်။

၂၀၁၉ တွင်မူ၊ လွှတ်တော်ထဲ၌ အခြေခံဥပဒေပြင်ဆင်ရန် အနီဘက်က ကြိုးပမ်းခဲ့ပါသည်။ ၂၀၀၈ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဖွဲ့ရန် အနီဘက်မှ စတင်ကတည်းက အစိမ်းနှင့် တပ်မတော်ကိုယ်စားလှယ်များက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြပါသည်။အနီဘက်က ဦးအောင်ကြည်ညွန့် တင်သွင်းသော ခြေ-ဥပြင်ရန် ပူးပေါင်းကော်မတီဖွဲ့ရေး အရေးကြီးအဆိုကို၊ ကန့်ကွက်သည့် တခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် အနည်းအကျဉ်းရှိခဲ့ပါသည်။ကန့်ကွက်သူအများစုကား အစိမ်းနှင့် တပ်မတော်သားကိုယ်စားလှယ်များ ဖြစ်ကြပါသည်။ ၂၀၁၆ ကတည်းက အနီအမတ်အများစုရှိနေသည့် လွှတ်တော် ၂ ရပ် စတင်အသက်ဝင်နေခဲ့သော်လည်း၊ ခြေ-ဥပြင်ရေးကို ၂၀၁၉ နှစ်ဦးပိုင်းရောက်မှ ကြိုးပမ်းခြင်းကို နိုင်ငံရေးအမြတ်ထုတ်မှုအဖြစ် ဝေဖန်မှုများရှိခဲ့ပါသည်။

အနီဘက်မှကြည့်သော် ခြေ-ဥပြင်ဆင်ရေးဟူသည် မလွယ်ကူစေကာမူ၊  ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်နှင့် သက်ဆိုင်နေပါသည်။အစိုးရသက်တမ်း ၃ နှစ်တွင်းဝင်လာသည့်တိုင် အနီဘက်က ခြေ-ဥပြင်ဆင်ရေး တုတ်တုတ်မလှုပ်၊ တိတ်ဆိတ်နေခြင်းအား ဝေဖန်မှုများရှိခဲ့ပါသည်။
အင်အယ်လ်ဒီအစိုးရ အာဏာရနေစဉ် ပြည်တွင်းစစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးရန် ဦးစွာဖော်ဆောင်မည်။ထိုအခါ ခြေ-ဥပြင်ဆင်ရေးသည် ဖက်ဒရယ်ပြည်ထောင်စုအရေးနှင့်အတူ ကျွဲကူးရေပါ ပါလာမည်ဟု တွက်ဆပုံရပါသည်။လက်တွေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အပစ်အခတ် တစ်ပြည်လုံးရပ်စဲရေးမှာ၊ အစိုးရမျှော်မှန်းသကဲ့သို့  ခရီးမရောက်ခဲ့ပေ။အနီအစိုးရဘက်က မည်မျှပျော့ပြောင်းသည်းခံသော မူဝါဒသုံး၍ အမျိုးသားရင်ကြားစေ့ရေး ကြိုးစားစေကာမူ။တပ်မတော်ဘက်မှ သိသာသည့်သဘောထားပြောင်းလဲမှု မရှိခဲ့ပေ။သို့ဖြင့် ပြည်တွင်းငြိမ်းချမ်းရေးမှတဆင့် ခြေ-ဥပြင်ဆင်ရေး မဖြစ်နိုင်တော့ပေ။အနီပါတီနှင့် အစိုးရအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်တည်စေရန် လွှတ်တော်တွင်း၌ ခြေ-ဥပြင်ရန်ကြိုးပမ်းခြင်းနည်းကို မသုံးမဖြစ်သုံးရသည်ဟု ယူဆရပါသည်။

ယခင်က တပ်မတော်သည် ပြည်ခိုင်ဖြိုးပါတီနှင့် မပတ်သက်ပါဟု ရံဖန်ရံခါ တပ်ကပြောတတ်ပြီး ရံဖန်ရံခါ ပြည်ခိုင်ဖြိုးပါတီဘက်က ပြောတတ်ပါသည်။ ၂၀၁၉ နှစ်စ၌ လွှတ်တော်တွင်းမှတဆင့်‌ ခြေ-ဥပြင်ဆင်ရန်၊ အနီဘက်ကကြိုးပမ်းလာစဉ်၊ တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးအမတ်များ တစ်သားတည်းရှိကြောင်း လူထုသိခွင့်ရခဲ့ပါသည်။ထိုအချက်ကြောင့် လူထုမဲသည် အနီဘက်သို့ပေးသည့်မဲ ပိုများလာမည်သာဖြစ်ပါသည်။အာဏာရှင်စနစ်မှ အကြွင်းမဲ့လွတ်မြောက်လိုသည့် လူထုဆန္ဒ၊ တပ်မတော်ကို နိုင်ငံရေးနှင့်ကင်းရှင်းစေလိုသော လူထုဆန္ဒကို တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များ ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း ရှင်းလင်းစွာ လူထုသိခွင့်ရခဲ့ပါသည်။

၂၀၂၀ ပြည့် နှစ်စတွင် မည်သူမျှ မမျှော်လင့်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါကို မြန်မာအစိုးရနှင့်လူထု ရင်ဆိုင်ခဲ့ရပါသည်။အစိုးရအနေဖြင့် ရှိသမျှအင်အားထုတ်သုံးပြီး ကိုဗစ်ရောဂါအရေးကို ကာကွယ်ပေးသည်ကို လူထုသိရှိ ခံစားနားလည်ကြပါသည်။ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အနီအစိုးရလက်ထက်တွင် ကုန်ဈေးနှုန်းများမြင့်တက်လာသည်ဟူသော အချက်ပါသည့် ကြေညာချက်ထုတ်စဉ်က ရပ်ကွက်တချို့သို့လှည့်လည်ပြီး ဆန်နှင့် တခြားစားသောက်ကုန်တချို့ကို ဈေးလျှော့ရောင်းချပေးခဲ့ပါသည်။ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်တွင် ပြည်ခိုင်ဖြိုးပါတီနှင့် သူ၏မဟာမိတ်ပါတီများ နှုတ်ဆိတ်နေကြပါသည်။ကြေညာချက်ထုတ်ပြန်ခြင်းလည်းမရှိ။လူထုအတွက် ကူညီပေးခြင်းလည်းမရှိခဲ့ပေ။တပ်မတော်ကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်များကား လွှတ်တော်ထဲတွင် ပြည်ပငွေချေး ချေးပြန်ပြီ။လူထုအတွက် ကိုဗစ်-၁၉ ရောဂါဘေးမှ ကာကွယ်ရန် စီမံမှုနောက်ကျသည် စသဖြင့် မေးခွန်းများထုတ်ခဲ့ကြ၊ ဝေဖန်ခဲ့ကြပါသည်။လက်တွေ့၌ လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်၏ နည်းပညာသုံးဆွေးနွေးပွဲများ ပုံမှန်လုပ်ကာ လူထုက အစိုးရစကားကို နားထောင်ခဲ့ကြပါသည်။ပြည်တွင်းအင်အားစုများက အစိုးရကိုဝင်ကူကြပါသည်။
သို့ဖြင့် အစိုးရအသက်ရှူချောင်ခဲ့ပါသည်။ကံတရားကလည်းဖေးမလျက် ရောဂါကပ်ဘေးဖြစ်လာသည့် ၆ လခန့် ကာလအတွင်း သေဆုံးသူ ၆ ဦးသာရှိခဲ့ပါသည်။ရောဂါကူးစက်သူကား သုံးရာကျော်သာရှိသဖြင့် ကိုဗစ်ရောဂါ ပထမလှိုင်းကို ကျော်လွှားနိုင်ပြီဟု အစိုးရကကြေညာနိုင်သည်ထိ အောင်မြင်ခဲ့ပါသည်။

ဖော်ပြပါ အချက်များသည် ၂၀၂၀ ရွေးကောက်ပွဲတွင် အနီအတွက်ရော၊ အစိမ်းအတွက်ပါ လူထုက ထည့်သွင်းစဉ်းစားမည့်အချက်များ ဖြစ်လာပါလိမ့်မည်။ဒီမိုကရေစီနိုင်ငံရေးတွင် လူထုအသည်းကြားမှ မဲတစ်ပြားကို အလကားပဲတင်းမရနိုင်ပါ။အနီသည်လည်းကောင်း၊ အစိမ်းသည်လည်းကောင်း မိမိတို့စိုက်ပျိုးထားသည်ကို မိမိတို့သာ ရိတ်သိမ်းရမည်ဖြစ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲရလဒ်ဖြင့် လူထုကပြသပေးမည်ဖြစ်ပါသည်။

ခင်နှင်းဦး
ဇူလိုင် - ၈
( Zawgyi )
 ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ (၈) ရက္ေန႔တြင္ က်င္းပမည္ဟု ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က တရားဝင္ေၾကညာလိုက္ၿပီျဖစ္ပါသည္။

ကိုဗစ္ေရာဂါကပ္ေဘးေၾကာင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲ က်င္းပျဖစ္ပါမည္လား၊ ေနာက္ဆုတ္ေလမလား စသည့္ထင္ျမင္ခ်က္မ်ား နိဂုံးခ်ဳပ္သြားၾကေလၿပီ။

ျမန္မာႏိုင္ငံတြင္ လက္ရွိ ႏိုင္ငံေရးပါတီ ၉၀ ေက်ာ္ တစ္ရာနီးပါးရွိေနသျဖင့္ ျမန္မာႏိုင္ငံ၏လူဦးေရ ၅၃ သန္းႏွင့္ႏႈိင္းယွဥ္ပါက ပါတီမ်ားေဖာင္းပြေနသည္ဟု ဆိုႏိုင္ပါသည္။သို႔ေသာ္ ယခုလာမည့္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲတြင္ အဓိကအႀကိတ္အနယ္ယွဥ္ၿပိဳင္မည့္ပါတီဟူ၍ ၂ ပါတီသာျမင္မိပါသည္။ယင္းကား လက္ရွိအာဏာရပါတီ အင္အယ္လ္ဒီႏွင့္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ။သည္ႏွစ္ပါတီကို လူထုေပးထားသည့္ အမည္ေျပာင္က အနီႏွင့္အစိမ္း။

ေ႐ြးေကာက္ပြဲဝင္ၿပိဳင္ၾကမည့္ တျခားပါတီမ်ားအနက္ တိုင္းရင္းသားပါတီမ်ား၊ ဦးကိုကိုႀကီးပါတီ၊  လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီႏွင့္ ေဒါက္တာသက္သက္ခိုင္ ပါတီမ်ားကား၊ အနီႏွင့္အစိမ္းကဲ့သို႔ မဲဆႏၵေနရာအမ်ားအျပား ဝင္ယွဥ္ၿပိဳင္မည္မဟုတ္ဟု သုံးသပ္ၾကပါသည္။ခြၽင္းခ်က္အျဖစ္ အသစ္က်ပ္ခြၽတ္ပါတီျဖစ္ေစကာမူ၊ ေငြကိုပုံသုံးၿပီး မဲေနရာအမ်ားအျပား ဝင္ၿပိဳင္မည္ျဖစ္ပါသည္။က်န္ပါတီမ်ားႏွင့္ ပါတီငယ္မ်ားကား အိမ္ျဖည့္ပါတီမ်ားျဖစ္လာၾကမည္ဆိုေသာ  ႀကိဳတင္မွန္းဆခ်က္မ်ားလည္း ေပၚထြက္ေနပါသည္။သို႔ျဖင့္ အဓိကၿပိဳင္ဘက္ျဖစ္ၾကသည့္ အနီ (အင္အယ္လ္ဒီ) ႏွင့္ အစိမ္း (ျပည္ခိုင္ၿဖိဳး) တို႔၏ အားသာခ်က္ အားနည္းခ်က္မ်ားကို သုံးသပ္ၾကည့္ၾကပါစို႔။    

ပါတီဝင္အင္အားတြင္ အနီက အစိမ္းထက္ မ်ားျပားပါသည္။ပါတီရန္ပုံေငြ ေတာင့္တင္းခိုင္မာမႈ၌ အစိမ္းကသာၿပီး၊ လူထုေထာက္ခံမႈတြင္ အနီက အျပတ္အသတ္အသာရထားပါသည္။ထို႔ျပင္ အနီကို အစိမ္းသာမက၊ တျခားပါတီမ်ား လိုက္မမီသည့္အခ်က္မွာ အနီပါတီ၏ ေခါင္းေဆာင္အျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ရွိေနျခင္းပင္။ေဖာ္ျပပါအားသာခ်က္မ်ားေၾကာင့္ ျပည္မမဲဆႏၵနယ္အမ်ားစုကို အနီအႏိုင္ရမည္ဟု ခန႔္မွန္းႏိုင္ပါသည္။

အစိမ္းဘက္ကလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အစိုးရဖြဲ႕ခြင့္ရေစမည့္ မဲအႏိုင္ကိုမေမွ်ာ္မွန္းဘဲ၊ မဲဆႏၵနယ္အမ်ားစု အႏိုင္ရေရးကိုသာ ရည္မွန္းထားသည္ဟု ျပည္ခိုင္ၿဖိဳးပါတီ အလုပ္အမႈေဆာင္အဖြဲ႕ဝင္ ဦးေမာင္ျမင့္ က အတိအလင္းထုတ္ေျပာထားပါသည္။

အနီကေတာ့ သူတို႔ပါတီ အစိုးရဖြဲ႕ႏိုင္သည့္ အႏိုင္ရမည္ဟု အင္အယ္လ္ဒီပါတီ ဒုတိယဥကၠဌ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာဆိုသည္မွာ ၂ ႀကိမ္ရွိၿပီျဖစ္ပါသည္။

အနီဘက္တြင္ လူထုေထာက္ခံမႈအျပည့္အဝရထားသည့္ ေဒၚေအာင္ဆန္းစုၾကည္ က ဥကၠဌေနရာ ယူထားပါသည္။အစိမ္းပါတီကို ဦးေဆာင္ေနသည့္ ဦးသန္းေဌးႏွင့္တကြ၊ ျပည္ခိုင္ၿဖိဳးပါတီအား ဦးစီးဦးေဆာင္ေနသူမ်ားထဲ၌ ေဒၚေအာင္ဆန္းစုၾကည္ကဲ့သို႔ လူထု၏စိတ္ကိုလႊမ္းမိုးထားႏိုင္သူ ရွိမေနျခင္းက ျပည္ခိုင္ၿဖိဳးဘက္တြင္ အင္အယ္လ္ဒီကို ေခါင္းေဆာင္ပိုင္းအရ ပခုံးခ်င္းယွဥ္ႏိုင္သူမရွိေၾကာင္း ေဖာ္ျပေနပါသည္။တစ္နည္းအားျဖင့္ လူထုကိုစည္း႐ုံးႏိုင္မႈ အနီဘက္က အားသာေနပါသည္။ထို႔ျပင္ အစိမ္းအေနျဖင့္ ႏိုင္ငံေရးတိုက္ကြက္အသစ္မ်ားမတီထြင္ဘဲ၊ လမ္း႐ိုးနည္းေဟာင္းမ်ားကို ဆက္သုံးေနျခင္းက အနီဘက္သို႔ လူထုမဲမ်ားေရာက္သြားေစရန္ တြန္းပို႔ေနသည့္အလားျဖစ္ေနသည္ကို ယခုထိတိုင္ အစိမ္းဘက္မွ ဦးစီးဦးေဆာင္ေနသူမ်ား ျပန္ဆန္းစစ္ဟန္မရွိေပ။ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ အစိမ္းမဲရႈံးၿပီးေနာက္ ကာလအတန္ၾကာ ၿငိမ္သက္ေနခဲ့ပါသည္။ေနာက္ပိုင္းတြင္ အနီအစိုးရ၏ လုပ္ေဆာင္ခ်က္မ်ားကို ေထာက္ျပလာပါသည္။သို႔ေသာ္ ခ်က္က်လက္က် ေထာက္ျပႏိုင္ျခင္းမရွိဘဲ၊ တျခားပါတီတခ်ိဳ႕ႏွင့္ပူးတြဲလ်က္ ေၾကညာခ်က္မ်ား ထုတ္ျပန္လာျခင္းျဖစ္ပါသည္။အစိမ္းဦးေဆာင္၍ ေၾကညာခ်က္တစ္ရပ္ထုတ္ၿပီးေနာက္ အက်ိဳးသက္ေရာက္မႈရလဒ္ မည္သို႔ရွိေၾကာင္းကိုမူ အစိမ္းဘက္က ျပန္သုံးသပ္ပုံမရေပ။

စာေရးသူမွတ္မိသမွ် ျပည္ခိုင္ၿဖိဳးပါတီႏွင့္ တျခားပါတီမ်ားပူးတြဲၿပီး အစိုးရသိေစရန္ ထုတ္ျပန္ခဲ့သည့္ေၾကညာခ်က္မ်ားအား တစ္ခါမွ် လူထုက လိုက္ပါေထာက္ခံျခင္း မေတြ႕ခဲ့ရေပ။အနည္းစုကသာေထာက္ခံေၾကာင္း တုန႔္ျပန္ၾကပါသည္။ထိုေၾကညာခ်က္မ်ားသည္  အစိုးရလိုက္နာေဖာ္ေဆာင္သင့္သည္ဟု ေထာက္ခံသည့္ေဆာင္းပါးမ်ိဳးလည္း ထြက္မလာပါ။ထိုေၾကညာခ်က္မ်ားေပၚ အျပစ္တင္ေဝဖန္ေထာက္ျပသည့္ ေဆာင္းပါးမ်ိဳးသာ တစ္ပုဒ္မက၊ ထြက္ေပၚလာသည္ကို ေတြ႕ရေလ့ရွိပါသည္။ထို႔ျပင္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ တျခားပါတီတခ်ိဳ႕ ပူးတြဲထုတ္ထားသည့္ ေၾကညာခ်က္ေအာက္တြင္ ေဖ့စ္ဘုတ္သုံးသူမ်ားက ဝင္ေရာက္ေရးသားၾကသည့္ မွတ္ခ်က္အမ်ားစု (comments) မ်ားမွာ၊ ေၾကညာခ်က္မ်ားကို လက္မခံၾကေၾကာင္းေဖာ္ျပသည့္ ေရးသားခ်က္မ်ား၊ အျပစ္တင္ထားသည့္  ေဝဖန္ခ်က္မ်ားက ေထာက္ခံေရးသားမႈထက္ မ်ားစြာပိုမ်ားပါသည္။

၂၀၁၉ တြင္မူ၊ လႊတ္ေတာ္ထဲ၌ အေျခခံဥပေဒျပင္ဆင္ရန္ အနီဘက္က ႀကိဳးပမ္းခဲ့ပါသည္။ ၂၀၀၈ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီဖြဲ႕ရန္ အနီဘက္မွ စတင္ကတည္းက အစိမ္းႏွင့္ တပ္မေတာ္ကိုယ္စားလွယ္မ်ားက ျပင္းျပင္းထန္ထန္ကန႔္ကြက္ခဲ့ၾကပါသည္။အနီဘက္က ဦးေအာင္ၾကည္ၫြန႔္ တင္သြင္းေသာ ေျခ-ဥျပင္ရန္ ပူးေပါင္းေကာ္မတီဖြဲ႕ေရး အေရးႀကီးအဆိုကို၊ ကန႔္ကြက္သည့္ တျခားပါတီမ်ားမွ လႊတ္ေတာ္ကိုယ္စားလွယ္ အနည္းအက်ဥ္းရွိခဲ့ပါသည္။ကန႔္ကြက္သူအမ်ားစုကား အစိမ္းႏွင့္ တပ္မေတာ္သားကိုယ္စားလွယ္မ်ား ျဖစ္ၾကပါသည္။ ၂၀၁၆ ကတည္းက အနီအမတ္အမ်ားစုရွိေနသည့္ လႊတ္ေတာ္ ၂ ရပ္ စတင္အသက္ဝင္ေနခဲ့ေသာ္လည္း၊ ေျခ-ဥျပင္ေရးကို ၂၀၁၉ ႏွစ္ဦးပိုင္းေရာက္မွ ႀကိဳးပမ္းျခင္းကို ႏိုင္ငံေရးအျမတ္ထုတ္မႈအျဖစ္ ေဝဖန္မႈမ်ားရွိခဲ့ပါသည္။

အနီဘက္မွၾကည့္ေသာ္ ေျခ-ဥျပင္ဆင္ေရးဟူသည္ မလြယ္ကူေစကာမူ၊  ၂၀၁၅ ေ႐ြးေကာက္ပြဲ ကတိကဝတ္ႏွင့္ သက္ဆိုင္ေနပါသည္။အစိုးရသက္တမ္း ၃ ႏွစ္တြင္းဝင္လာသည့္တိုင္ အနီဘက္က ေျခ-ဥျပင္ဆင္ေရး တုတ္တုတ္မလႈပ္၊ တိတ္ဆိတ္ေနျခင္းအား ေဝဖန္မႈမ်ားရွိခဲ့ပါသည္။
အင္အယ္လ္ဒီအစိုးရ အာဏာရေနစဥ္ ျပည္တြင္းစစ္ရပ္စဲေရးႏွင့္ ၿငိမ္းခ်မ္းေရးရန္ ဦးစြာေဖာ္ေဆာင္မည္။ထိုအခါ ေျခ-ဥျပင္ဆင္ေရးသည္ ဖက္ဒရယ္ျပည္ေထာင္စုအေရးႏွင့္အတူ ကြၽဲကူးေရပါ ပါလာမည္ဟု တြက္ဆပုံရပါသည္။လက္ေတြ႕တြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ အပစ္အခတ္ တစ္ျပည္လုံးရပ္စဲေရးမွာ၊ အစိုးရေမွ်ာ္မွန္းသကဲ့သို႔  ခရီးမေရာက္ခဲ့ေပ။အနီအစိုးရဘက္က မည္မွ်ေပ်ာ့ေျပာင္းသည္းခံေသာ မူဝါဒသုံး၍ အမ်ိဳးသားရင္ၾကားေစ့ေရး ႀကိဳးစားေစကာမူ။တပ္မေတာ္ဘက္မွ သိသာသည့္သေဘာထားေျပာင္းလဲမႈ မရွိခဲ့ေပ။သို႔ျဖင့္ ျပည္တြင္းၿငိမ္းခ်မ္းေရးမွတဆင့္ ေျခ-ဥျပင္ဆင္ေရး မျဖစ္ႏိုင္ေတာ့ေပ။အနီပါတီႏွင့္ အစိုးရအေနျဖင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲ ကတိကဝတ္တည္ေစရန္ လႊတ္ေတာ္တြင္း၌ ေျခ-ဥျပင္ရန္ႀကိဳးပမ္းျခင္းနည္းကို မသုံးမျဖစ္သုံးရသည္ဟု ယူဆရပါသည္။

ယခင္က တပ္မေတာ္သည္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ မပတ္သက္ပါဟု ရံဖန္ရံခါ တပ္ကေျပာတတ္ၿပီး ရံဖန္ရံခါ ျပည္ခိုင္ၿဖိဳးပါတီဘက္က ေျပာတတ္ပါသည္။ ၂၀၁၉ ႏွစ္စ၌ လႊတ္ေတာ္တြင္းမွတဆင့္‌ ေျခ-ဥျပင္ဆင္ရန္၊ အနီဘက္ကႀကိဳးပမ္းလာစဥ္၊ တပ္မေတာ္သားကိုယ္စားလွယ္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးအမတ္မ်ား တစ္သားတည္းရွိေၾကာင္း လူထုသိခြင့္ရခဲ့ပါသည္။ထိုအခ်က္ေၾကာင့္ လူထုမဲသည္ အနီဘက္သို႔ေပးသည့္မဲ ပိုမ်ားလာမည္သာျဖစ္ပါသည္။အာဏာရွင္စနစ္မွ အႂကြင္းမဲ့လြတ္ေျမာက္လိုသည့္ လူထုဆႏၵ၊ တပ္မေတာ္ကို ႏိုင္ငံေရးႏွင့္ကင္းရွင္းေစလိုေသာ လူထုဆႏၵကို တပ္မေတာ္သားကိုယ္စားလွယ္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္မ်ား ထည့္သြင္းစဥ္းစားျခင္းမရွိေၾကာင္း ရွင္းလင္းစြာ လူထုသိခြင့္ရခဲ့ပါသည္။

၂၀၂၀ ျပည့္ ႏွစ္စတြင္ မည္သူမွ် မေမွ်ာ္လင့္ခဲ့သည့္ ကိုဗစ္-၁၉ ေရာဂါကို ျမန္မာအစိုးရႏွင့္လူထု ရင္ဆိုင္ခဲ့ရပါသည္။အစိုးရအေနျဖင့္ ရွိသမွ်အင္အားထုတ္သုံးၿပီး ကိုဗစ္ေရာဂါအေရးကို ကာကြယ္ေပးသည္ကို လူထုသိရွိ ခံစားနားလည္ၾကပါသည္။ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ အနီအစိုးရလက္ထက္တြင္ ကုန္ေဈးႏႈန္းမ်ားျမင့္တက္လာသည္ဟူေသာ အခ်က္ပါသည့္ ေၾကညာခ်က္ထုတ္စဥ္က ရပ္ကြက္တခ်ိဳ႕သို႔လွည့္လည္ၿပီး ဆန္ႏွင့္ တျခားစားေသာက္ကုန္တခ်ိဳ႕ကို ေဈးေလွ်ာ့ေရာင္းခ်ေပးခဲ့ပါသည္။ကိုဗစ္-၁၉ ေရာဂါ ျဖစ္ပြားခ်ိန္တြင္ ျပည္ခိုင္ၿဖိဳးပါတီႏွင့္ သူ၏မဟာမိတ္ပါတီမ်ား ႏႈတ္ဆိတ္ေနၾကပါသည္။ေၾကညာခ်က္ထုတ္ျပန္ျခင္းလည္းမရွိ။လူထုအတြက္ ကူညီေပးျခင္းလည္းမရွိခဲ့ေပ။တပ္မေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္ခိုင္ၿဖိဳးကိုယ္စားလွယ္မ်ားကား လႊတ္ေတာ္ထဲတြင္ ျပည္ပေငြေခ်း ေခ်းျပန္ၿပီ။လူထုအတြက္ ကိုဗစ္-၁၉ ေရာဂါေဘးမွ ကာကြယ္ရန္ စီမံမႈေနာက္က်သည္ စသျဖင့္ ေမးခြန္းမ်ားထုတ္ခဲ့ၾက၊ ေဝဖန္ခဲ့ၾကပါသည္။လက္ေတြ႕၌ လူထုႏွင့္ ေဒၚေအာင္ဆန္းစုၾကည္၏ နည္းပညာသုံးေဆြးေႏြးပြဲမ်ား ပုံမွန္လုပ္ကာ လူထုက အစိုးရစကားကို နားေထာင္ခဲ့ၾကပါသည္။ျပည္တြင္းအင္အားစုမ်ားက အစိုးရကိုဝင္ကူၾကပါသည္။
သို႔ျဖင့္ အစိုးရအသက္ရႉေခ်ာင္ခဲ့ပါသည္။ကံတရားကလည္းေဖးမလ်က္ ေရာဂါကပ္ေဘးျဖစ္လာသည့္ ၆ လခန႔္ ကာလအတြင္း ေသဆုံးသူ ၆ ဦးသာရွိခဲ့ပါသည္။ေရာဂါကူးစက္သူကား သုံးရာေက်ာ္သာရွိသျဖင့္ ကိုဗစ္ေရာဂါ ပထမလႈိင္းကို ေက်ာ္လႊားႏိုင္ၿပီဟု အစိုးရကေၾကညာႏိုင္သည္ထိ ေအာင္ျမင္ခဲ့ပါသည္။

ေဖာ္ျပပါ အခ်က္မ်ားသည္ ၂၀၂၀ ေ႐ြးေကာက္ပြဲတြင္ အနီအတြက္ေရာ၊ အစိမ္းအတြက္ပါ လူထုက ထည့္သြင္းစဥ္းစားမည့္အခ်က္မ်ား ျဖစ္လာပါလိမ့္မည္။ဒီမိုကေရစီႏိုင္ငံေရးတြင္ လူထုအသည္းၾကားမွ မဲတစ္ျပားကို အလကားပဲတင္းမရႏိုင္ပါ။အနီသည္လည္းေကာင္း၊ အစိမ္းသည္လည္းေကာင္း မိမိတို႔စိုက္ပ်ိဳးထားသည္ကို မိမိတို႔သာ ရိတ္သိမ္းရမည္ျဖစ္ေၾကာင္း ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ျဖင့္ လူထုကျပသေပးမည္ျဖစ္ပါသည္။

ခင္ႏွင္းဦး
ဇူလိုင္ - ၈