【 ဆောင်းပါး 】 ၅ နှစ်ပင်မကြာသော အပြောင်းအလဲတစ်ခု

【 ဆောင်းပါး 】 ၅ နှစ်ပင်မကြာသော အပြောင်းအလဲတစ်ခု

ဦးသိန်းစိန်အစိုးရလက်ထက်က နိုင်ငံရပ်ခြားတွင် ကျနော် ၂ နှစ်နေခဲ့ဖူးသည်။ပထမတစ်နှစ်တွင် ပြဿနာမရှိ၊ ဒုတိယနှစ်ရောက်တော့ ကိုယ့်နိုင်ငံကူးလက်မှတ်က သက်တမ်းကုန်တော့မှာမို့ မြန်မာနိုင်ငံပြန် သက်တမ်းတိုးမလား၊ ကိုယ်ရောက်ရှိနေသည့်နိုင်ငံရှိ မြန်မာသံရုံးတွင်ပင် သက်တမ်းတိုးမလား။မြန်မာသို့ပြန် သက်တမ်းတိုးလျှင် အချိန်လည်းကုန် ငွေလည်းကုန်မည်။နိုင်ငံကူးလက်မှတ်အသစ်ရဖို့ သတ်မှတ်အချိန်ထိမစောင့်နိုင်လျှင် ပွဲစားလမ်းကြောင်းမှတစ်ဆင့် လာဘ်ထိုးရမည်။ကိုယ်က အချိန်လည်းအကုန်မခံနိုင်၊ လာဘ်ငွေလည်းမပေးချင်သူမို့ သံရုံးတွင်သာသက်တမ်းတိုးရန် ဆုံးဖြတ်လိုက်သည်။

သံရုံးတွင် သက်တမ်းတိုးခြင်းအားဖြင့် အလွန်ဆုံးအလုပ်ပျက်လှ တစ်ရက်။သို့သော်၊ ကြားဖူးနား၀ မြန်မာသံရုံးတို့၏ မောက်မောက်မာမာဖြင့် ငွေပေးမှ အလုပ်လုပ်ချင်သည့်နေရာမျိုးမို့ စိတ်ခပ်လေးလေးဖြင့် သံရုံးသို့ရောက်ခဲ့သည်။ပြည်ပတွင် တစ်နှစ်ကျော်နေလာပြီးသည့်တိုင် ပထမဆုံအကြိမ်ရောက်ရှိခြင်းအဖြစ် ကိုယ့်နိုင်ငံတော်၊ ကိုယ့်သံရုံးသို့ ရောက်ရှိခြင်းဖြစ်သည်။

အစောင့်များအရှောက်များ၏ မေးခွန်းထုတ်မှုကို ရိုကျိုးစွာဖြေ၊ သံရုံးထဲသို့ဝင်ခွင့်ရပြီးနောက် သံရုံးထဲရှိ သက်ဆိုင်ရာတာဝန်ရှိသူအား လာရင်းအကြောင်းကိုရှင်းပြ။မြန်မာချင်းတွေ့တာတောင် စကားပိုတစ်ခွန်းမပြောသော သံရုံးဝန်ထမ်းပေးသည့် ဖောင်ကိုဖြည့်။

ဖောင်ဖြည့်နေသည့်အချိန်တွင် အရပ်အမောင်းကောင်းကောင်းဖြင့် အနောက်တိုင်းဝတ်စုံဝတ်ထားသူတစ်ဦး သံရုံးအဆောက်အဦးထဲသို့ ဝင်လာသည်။အပြင်လူအတွေ့ရနည်းသော သံရုံးတွင် ဆံပင်ရှည်ဖားရားနှင့် လူငယ်တစ်ဦးကို တွေ့လို့လားမသိ။အပေါ်ထပ်သို့မတက်မီ 'မြန်မာလား' ဟု မြန်မာလိုလှမ်းမေးသည်။ဟုတ်ကဲ့ပါဟုဆိုလိုက်တော့ လာရင်းအကြောင်းကိုထပ်မေး။နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလာလျှောက်ကြောင်း ပြောပြလိုက်တော့ အဆင်ပြေလားဟုမေးကာ သူ့သံရုံးဝန်ထမ်းများကိုလည်း သေချာလုပ်ပေးရန် မှာကြားပြီးနောက် အပေါ်ထပ်သို့တက်သွားသည်။သူက စကားပြောလည်း သိမ်သိမ်မွေ့မွေ့၊ အပေါ်စီးဟန်မပါ၊ သံတမန်ပီသစွာ။

ကျနော်က သူ့ကို သံအမတ်ကြီးဟုမထင်။ဘာ့ကြောင့်မထင်ရတာလဲဆိုတော့ ကိုယ့်အတွေ့အကြုံနှင့် ကိုယ်သံအမတ်ကြီးဆိုလျှင် ယခုလို သာမန်ပြည်သူတစ်ဦးအပေါ် ဂရုတစိုက်ရှိမည်ဟုမထင်သောကြောင့်ဖြစ်သည်။သူ၏စောင်မပေးမှုကြောင့်ဟုထင်သည်။ကျနော့်နိုင်ငံကူးလက်မှတ် သက်တမ်းတိုးအစီအစဉ်သည် ခလုတ်မထိဆူးမငြိ၊ ငွေလည်းပိုမပေးရ၊ ငြူစူခြင်းလည်းမခံရ။သတ်မှတ်ရက်အတွင်း နိုင်ငံကူးလက်မှတ်လည်းရ။နောက်ပိုင်းကျမှသာ သူသည် ရောက်လာတာမကြာသေးသော သံအမတ်ကြီးအသစ်မှန်း သိရသည်။

အွန်လိုင်းပေါ်တွေ့သော ကျနော့်မိတ်ဆွေများက ခင်ဗျားတော်တော်ကံကောင်းတဲ့သူဟု မှတ်ချက်ပြုကြသည်။ကျနော့်မိတ်ဆွေများဆိုသည်မှာ နိုင်ငံရပ်ခြားတွင် အနည်းဆုံး ၆ နှစ်၊ ၇ နှစ် နေထိုင်ဖူးသူ ကိုယ့်ထက်ဝါရင့်သူများချည်း။ပြောရလျှင် ကျနော့်မိတ်ဆွေများအားလုံးမှာ စစ်အစိုးရလက်ထက်သံရုံးများအကြောင်း ကောင်းကောင်းကြေညက်သူများချည်းဖြစ်သည်။

စစ်အစိုးရလက်ထက် သံရုံးများဆိုသည်မှာ ရဲစခန်းလို၊ ဆေးရုံလို ပြည်သူတွေလုံးဝမသွားချင်သော နေရာတစ်ခု။ပြည်သူကို အထက်စည်းကဆက်ဆံလေ့ရှိသလို ငေါက်မည်၊ ငမ်းမည်၊ ဘာကိုမှအလကားမရ ဆိုတာချည်း။တရားမဝင် မြန်မာအလုပ်သမားများဆိုလျှင် သံရုံးမြေ ခြေတစ်လှမ်း လှမ်းဖူးသူ လုံးဝမရှိဟုထင်၏။စစ်အစိုးရလက်ထက် သံရုံးဆိုသည်မှာ အင်မတန်သူစိမ်းဆန်လွန်းရာ နေရာတစ်နေရာဖြစ်ကြောင်းပြောလျှင် မည်သူငြင်းလိုပါသနည်း။

စစ်အစိုးရလက်ထက်ဆိုလို့ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း ကျနော့်လို ကံကောင်းထောက်မသူ အနည်းငယ်ရှိကောင်းရှိနိုင်သော်လည်း သိပ်မထူးခြား။ယခင်ထက် နည်းနည်းသတိရှိလာရုံသာ။ထိုသို့သောသံရုံးများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ဂငယ်ကွေ့ချိုးလိုက်သလို အပြောင်းအလဲကြီးပြောင်းလဲလာသည်ဟုဆိုသော် သင်မည်သို့တုံ့ပြန်လိုပါသနည်း။

ဒေါ်အောင်ဆန်းစုကြည် က သံရုံးဆိုသည် နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူတို့ အားကိုးအားထားရာနေရာတစ်နေရာဖြစ်ရမည်ဟု အစိုးရအာဏာမရခင်ကတည်းက ပြောကြားခဲ့ဖူးသလို အာဏာရရှိပြီးနောက်တွင်လည်း ပြည်သူအားကိုးရာ သံရုံးများဖြစ်လာရေးအတွက် အထူးဝါယမစိုက်ခဲ့သည်။

အစွဲကင်းကင်းဖြင့် မကြည့်တတ်သူများအတွက် ဘယ်နေရာဘာတွေပြောင်းလဲခဲ့သလဲဟု မျက်မှန်စိမ်းတပ် မေးခွန်းထုတ် ကန့်လန့်တိုက်စရာ ရှိကောင်းရှိနိုင်သော်လည်း ကိုဗစ်ကာလသို့ရောက်သောအခါ မြန်မာသံရုံးအသီးသီးတို့ လုံ့လကြီးစွာဖြင့် မြန်မာပြည်သူတို့ အိမ်ပြန်ခွင့်ရရေးအတွက် ချွေးဒီးဒီးကျခဲ့သည်ကိုမူ မည်သူမျှငြင်းချက်မထုတ်နိုင်ဟု ယုံကြည်သည်။

ပထမဆုံးမျက်မြင်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့တွင် ကိုဗစ်လှိုင်း အကြီးအကျယ်ထန်နေချိန်တွင် မြန်မာပညာတော်သင်ကျောင်းသားများအား ခလုတ်မထိဆူးမငြိ မြန်မာနိုင်ငံသို့ပြန်ရောက်အောင် ကယ်ထုတ်လာနိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ကယ်ထုတ်လာနိုင်ရေးအတွက် အဓိကအကျဆုံးမှာ ကိုယ့်ပြည်သူအပေါ် ကိုယ်တန်ဖိုးထားသည့် အစိုးရ၏ပေါ်လစီဖြစ်သော်လည်း ယင်းပေါ်လစီကိုအောင်မြင်အောင် အမှန်တကယ်ဖော်ဆောင်ရသည်မှာ ဘေဂျင်းမြို့ရှိ မြန်မာသံရုံးဖြစ်သည်။တခြားချမ်းသာကြွယ်ဝသော နိုင်ငံကြီးအများစုက ဝူဟန်ရောက် သူတို့နိုင်ငံသားများကို ကယ်မထုတ်နိုင်ခင် မြန်မာနိုင်ငံက အစောဆုံးကယ်ထုတ်နိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ကိုဗစ်ကာလအတွင်း ပြည်ပတွင်ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများ အိမ်ပြန်ရောက်ရေးဆောင်ရွက်ရသည်မှာ အလွယ်တကူမဟုတ်ပါ။ပြီးခဲ့သည့်တစ်လကျော်ကာလက ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာသံအမတ်ကြီးတို့ အပြန်အလှန်ဆွေးနွေးပွဲအစီအစဉ်ကို နားထောင်ခဲ့ဖူးပါက ကယ်ဆယ်ရေးလေယာဉ် တစ်ခေါက်ပျံသန်းနိုင်ဖို့အရေး သံရုံးဝန်ထမ်းများ အင်မတန်လက်ဝင်အောင်ဆောင်ရွက်ရကြောင်း သိမည်ဟုထင်၏။ကယ်ဆယ်ရေးလေယာဉ် ပျံသန်းမည့်နိုင်ငံသို့ အဆင့်ဆင့်လာရသည့်ခရီးသည် အကန့်အသတ်အတားအဆီးများစွာမို့ ယင်းအကန့်အသတ်များ ပြေလည်နိုင်ရေးမှာ သက်ဆိုင်ရာသံရုံးအသီးသီးက သက်ဆိုင်ရာနိုင်ငံများနှင့် ညှိရနှိုင်းရ၊ ကယ်ဆယ်ရေးလေယာဉ်ထွက်မည့်နိုင်ငံသို့ စောလည်းမစော၊ နောက်လည်းနောက်မကျဘဲ ရောက်ရှိရေးဆိုသည်မှာလည်း သံရုံးအသီးသီးက တွက်ဆရ၊ ညှိနှိုင်းရ။

ဇူလိုင် ၁၄ ရက်နေ့၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အပြန်အလှန်ဆွေးနွေးခြင်းအစီအစဉ်တွင်တော့ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့တွင် ပိတ်မိနေသော မအေးအေးအောင် ပြောပြသည့် ပြည်တော်ပြန်ခရီးမှာ မလွယ်သောနေ့များစွာကို ဖြတ်သန်းခဲ့ရမှန်းသိသာသည်။

မအေးအေးအောင်မှာ မွန်ဘိုင်းမြို့တွင် ယောဂပညာသွားရောက်သင်ကြားသူ။မတ်လ ၂၄ ရက်နေ့၊ မွန်ဘိုင်းကို လော့ခ်ဒေါင်းချလိုက်တော့ မအေးအေးအောင်မှာ သူငှားရမ်းနေထိုင်သောတိုက်ခန်းတွင် တစ်ကိုယ်တော်။အိန္ဒိယအစိုးရက လော့ခ်ဒေါင်းချလိုက်သော်လည်း သေချာရေရာသည့် စည်းမျဉ်းစည်းကမ်းများ ထုတ်ပြန်ခြင်းမရှိသဖြင့် အပြင်ထွက်လို့ ရ၊ မရ မသေချာ။ထို့ကြောင့် အိမ်မှာတင်နေကြရ။စားသောက်ကုန်များကိုလည်း အပြင်တွင်မရောင်းတော့၊ ကုမ္ပဏီများလည်းပိတ်လိုက်သဖြင့် နှစ်ပတ်တာခရီးမှာ ခက်ခဲစွာ။

နိုင်ငံခြားသားတစ်ယောက်အတွက်မပြောနဲ့၊ သူတို့နိုင်ငံသားများပင်လျှင် မလွယ်ကူခြင်းများစွာတွင် လက်မှိုင်ချနေရသည့်ဘဝမို့ ပြည်တော်ပြန်ရန် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးသို့ မအေးအေးအောင် ဆက်သွယ်ခဲ့သည်။

ခက်တာက မွန်ဘိုင်း-ရန်ကုန် လေယာဉ်မရှိ။သူမကယ်ဆယ်ရေးလေယာဉ်သွားစီးရမည့်နေရာမှာ မွန်ဘိုင်းနှင့် မိုင် ၁၀၀၀ ကျော် ဝေးသောနေရာ။ရထားလမ်းပိတ်၊ လိုင်းကားပိတ်။ကားဌားသွားမည်ဆိုပါကလည်း သတင်းများအရ လုံခြုံမှုမရှိသည့်အခြေအနေမို့ သက်ပြင်းသာတွင်တွင်ချရ။

ကံကောင်းချင်တော့ မေ ၂၉ ရက်နေ့တွင် မွန်ဘိုင်း-ရန်ကုန် ပျံသန်းမည့် လေယာဉ်တစ်စီးရှိကြောင်း ကြားသိရသဖြင့် သံရုံးသို့ထပ်မံဆက်သွယ်ကာ ထိုလေယာဉ်ဖြင့်လိုက်ပါခွင့်ရရေး စီစဉ်ပေးရန် အကူအညီလှမ်းတောင်းသည်။ ၂၈ ရက်နေ့ကျတော့ သံရုံးက အိုကေပြီဖြစ်ကြောင်း ပြန်ဆက်သွယ်။အိမ်ကနေ လေဆိပ်အထိ သံရုံးက ကားစီစဉ်ပေး။လေဆိပ်ရောက်တော့ အဆင့်ဆင့်သောစစ်ဆေးမှုများကို ခံယူပြီးနောက် ဗီဇာသက်တမ်းကုန်နေခြင်းက အကြီးကျယ်ဆုံးပြဿနာ။အခန့်မသင့်လျှင် ထောင်ထဲတန်းရောက်သွားနိုင်သည့် ဗီဇာသက်တမ်းကုန်နေခြင်းအပေါ် ကိုဗစ်အခြေအနေနှင့် မြန်မာသံရုံး၏ လိုက်လံဆောင်ရွက်ပေးမှုကြောင့်သာ လေယာဉ်ပေါ်လည်းတက်လို့ရ၊ အမိမြေသို့ပြန်ရောက်ခဲ့ရခြင်းဖြစ်သည်။

မအေးအေးအောင်နှင့်အတူ ဝင်ရောက်ဆွေးနွေးခွင့်ရသူ မသန္တာအောင်စိုးမှာ ကိုဗစ်ကြောင့် သြစတြေးလျတွင် သောင်တင်နေခဲ့သူ။သူသည်လည်း ခရီးသွားဗီဇာဖြင့် သြစတြေးလျသို့ အလည်အပတ်ရောက်ရှိ ပိတ်မိနေသူမို့ ဗီဇာသက်တမ်းကုန်သွားမှာ စိုးရိမ်ခဲ့သူ။

လေကြောင်းခရီးစဉ်များ အားလုံးပိတ်သွားပြီးနောက် မြန်မာသံရုံးဆီ ဆက်သွယ်ကြည့်တော့ အစစအရာရာရှင်းပြ၊ အားမငယ်ရန်အားပေး၊ သူ၏ကိုယ်ရေးအချက်အလက်များတောင်း၊ အချိန်မရွေးဖုန်းဆက်ပါဟုဆို။နောက်ဆုံး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ခွင့်ရတော့လည်း လေယာဉ်ပေါ်တက်သည်အထိ သံရုံးတာဝန်ရှိသူများက ကူညီပေးခဲ့သည်တဲ့။

ဆိုတော့ နှစ်ပေါင်း ၅၀ ကျော်ကြာ ဇောက်ထိုးကျခဲ့သော သူ့နေရာ သူ့တန်ဖိုးများအနက် ၅ နှစ်မပြည့်သေးသော ဒီချုပ်အစိုးရလက်ထက် ထိုက်သင့်သောပြောင်းလဲမှုများရှိခဲ့ကြောင်း ကိုဗစ်ကာလသံရုံးများက သက်သေခံနေသည်ဟုဆိုသော် သင်ဘာပြောလိုပါသနည်း။

လုံးဝမပြောင်းသေးသောအရာများရှိသည်။ခြေလှမ်းကျဲကျဲဖြင့် ပြောင်းသွားသည့်အရာများလည်းရှိသည်။မပြောင်းချင်ပြောင်းချင်ဖြင့် အင်တင်တင်ဖြစ်နေသည့်အရာများလည်းရှိသည်။ကျွန်ုပ်တို့ ဆက်လက်ပြောင်းလဲကြရန်လိုသည်။ပြောင်းလဲချင်စိတ်ရှိသော အစိုးရသာလျှင် အပြောင်းအလဲများကို ရွက်ကုန်ဖွင့် ရှေ့သို့ချီမည်သာဖြစ်သည်။

လင်းဆက်ငြိမ်းချမ်း
ဇူလိုင် - ၃၀

( Zawgyi )

ဦးသိန္းစိန္အစိုးရလက္ထက္က ႏိုင္ငံရပ္ျခားတြင္ က်ေနာ္ ၂ ႏွစ္ေနခဲ့ဖူးသည္။ပထမတစ္ႏွစ္တြင္ ျပႆနာမရွိ၊ ဒုတိယႏွစ္ေရာက္ေတာ့ ကိုယ့္ႏိုင္ငံကူးလက္မွတ္က သက္တမ္းကုန္ေတာ့မွာမို႔ ျမန္မာႏိုင္ငံျပန္ သက္တမ္းတိုးမလား၊ ကိုယ္ေရာက္ရွိေနသည့္ႏိုင္ငံရွိ ျမန္မာသံ႐ုံးတြင္ပင္ သက္တမ္းတိုးမလား။ျမန္မာသို႔ျပန္ သက္တမ္းတိုးလွ်င္ အခ်ိန္လည္းကုန္ ေငြလည္းကုန္မည္။ႏိုင္ငံကူးလက္မွတ္အသစ္ရဖို႔ သတ္မွတ္အခ်ိန္ထိမေစာင့္ႏိုင္လွ်င္ ပြဲစားလမ္းေၾကာင္းမွတစ္ဆင့္ လာဘ္ထိုးရမည္။ကိုယ္က အခ်ိန္လည္းအကုန္မခံႏိုင္၊ လာဘ္ေငြလည္းမေပးခ်င္သူမို႔ သံ႐ုံးတြင္သာသက္တမ္းတိုးရန္ ဆုံးျဖတ္လိုက္သည္။

သံ႐ုံးတြင္ သက္တမ္းတိုးျခင္းအားျဖင့္ အလြန္ဆုံးအလုပ္ပ်က္လွ တစ္ရက္။သို႔ေသာ္၊ ၾကားဖူးနား၀ ျမန္မာသံ႐ုံးတို႔၏ ေမာက္ေမာက္မာမာျဖင့္ ေငြေပးမွ အလုပ္လုပ္ခ်င္သည့္ေနရာမ်ိဳးမို႔ စိတ္ခပ္ေလးေလးျဖင့္ သံ႐ုံးသို႔ေရာက္ခဲ့သည္။ျပည္ပတြင္ တစ္ႏွစ္ေက်ာ္ေနလာၿပီးသည့္တိုင္ ပထမဆုံအႀကိမ္ေရာက္ရွိျခင္းအျဖစ္ ကိုယ့္ႏိုင္ငံေတာ္၊ ကိုယ့္သံ႐ုံးသို႔ ေရာက္ရွိျခင္းျဖစ္သည္။

အေစာင့္မ်ားအေရွာက္မ်ား၏ ေမးခြန္းထုတ္မႈကို ႐ိုက်ိဳးစြာေျဖ၊ သံ႐ုံးထဲသို႔ဝင္ခြင့္ရၿပီးေနာက္ သံ႐ုံးထဲရွိ သက္ဆိုင္ရာတာဝန္ရွိသူအား လာရင္းအေၾကာင္းကိုရွင္းျပ။ျမန္မာခ်င္းေတြ႕တာေတာင္ စကားပိုတစ္ခြန္းမေျပာေသာ သံ႐ုံးဝန္ထမ္းေပးသည့္ ေဖာင္ကိုျဖည့္။

ေဖာင္ျဖည့္ေနသည့္အခ်ိန္တြင္ အရပ္အေမာင္းေကာင္းေကာင္းျဖင့္ အေနာက္တိုင္းဝတ္စုံဝတ္ထားသူတစ္ဦး သံ႐ုံးအေဆာက္အဦးထဲသို႔ ဝင္လာသည္။အျပင္လူအေတြ႕ရနည္းေသာ သံ႐ုံးတြင္ ဆံပင္ရွည္ဖားရားႏွင့္ လူငယ္တစ္ဦးကို ေတြ႕လို႔လားမသိ။အေပၚထပ္သို႔မတက္မီ 'ျမန္မာလား' ဟု ျမန္မာလိုလွမ္းေမးသည္။ဟုတ္ကဲ့ပါဟုဆိုလိုက္ေတာ့ လာရင္းအေၾကာင္းကိုထပ္ေမး။ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးလာေလွ်ာက္ေၾကာင္း ေျပာျပလိုက္ေတာ့ အဆင္ေျပလားဟုေမးကာ သူ႔သံ႐ုံးဝန္ထမ္းမ်ားကိုလည္း ေသခ်ာလုပ္ေပးရန္ မွာၾကားၿပီးေနာက္ အေပၚထပ္သို႔တက္သြားသည္။သူက စကားေျပာလည္း သိမ္သိမ္ေမြ႕ေမြ႕၊ အေပၚစီးဟန္မပါ၊ သံတမန္ပီသစြာ။

က်ေနာ္က သူ႔ကို သံအမတ္ႀကီးဟုမထင္။ဘာ့ေၾကာင့္မထင္ရတာလဲဆိုေတာ့ ကိုယ့္အေတြ႕အႀကဳံႏွင့္ ကိုယ္သံအမတ္ႀကီးဆိုလွ်င္ ယခုလို သာမန္ျပည္သူတစ္ဦးအေပၚ ဂ႐ုတစိုက္ရွိမည္ဟုမထင္ေသာေၾကာင့္ျဖစ္သည္။သူ၏ေစာင္မေပးမႈေၾကာင့္ဟုထင္သည္။က်ေနာ့္ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးအစီအစဥ္သည္ ခလုတ္မထိဆူးမၿငိ၊ ေငြလည္းပိုမေပးရ၊ ျငဴစူျခင္းလည္းမခံရ။သတ္မွတ္ရက္အတြင္း ႏိုင္ငံကူးလက္မွတ္လည္းရ။ေနာက္ပိုင္းက်မွသာ သူသည္ ေရာက္လာတာမၾကာေသးေသာ သံအမတ္ႀကီးအသစ္မွန္း သိရသည္။

အြန္လိုင္းေပၚေတြ႕ေသာ က်ေနာ့္မိတ္ေဆြမ်ားက ခင္ဗ်ားေတာ္ေတာ္ကံေကာင္းတဲ့သူဟု မွတ္ခ်က္ျပဳၾကသည္။က်ေနာ့္မိတ္ေဆြမ်ားဆိုသည္မွာ ႏိုင္ငံရပ္ျခားတြင္ အနည္းဆုံး ၆ ႏွစ္၊ ၇ ႏွစ္ ေနထိုင္ဖူးသူ ကိုယ့္ထက္ဝါရင့္သူမ်ားခ်ည္း။ေျပာရလွ်င္ က်ေနာ့္မိတ္ေဆြမ်ားအားလုံးမွာ စစ္အစိုးရလက္ထက္သံ႐ုံးမ်ားအေၾကာင္း ေကာင္းေကာင္းေၾကညက္သူမ်ားခ်ည္းျဖစ္သည္။

စစ္အစိုးရလက္ထက္ သံ႐ုံးမ်ားဆိုသည္မွာ ရဲစခန္းလို၊ ေဆး႐ုံလို ျပည္သူေတြလုံးဝမသြားခ်င္ေသာ ေနရာတစ္ခု။ျပည္သူကို အထက္စည္းကဆက္ဆံေလ့ရွိသလို ေငါက္မည္၊ ငမ္းမည္၊ ဘာကိုမွအလကားမရ ဆိုတာခ်ည္း။တရားမဝင္ ျမန္မာအလုပ္သမားမ်ားဆိုလွ်င္ သံ႐ုံးေျမ ေျခတစ္လွမ္း လွမ္းဖူးသူ လုံးဝမရွိဟုထင္၏။စစ္အစိုးရလက္ထက္ သံ႐ုံးဆိုသည္မွာ အင္မတန္သူစိမ္းဆန္လြန္းရာ ေနရာတစ္ေနရာျဖစ္ေၾကာင္းေျပာလွ်င္ မည္သူျငင္းလိုပါသနည္း။

စစ္အစိုးရလက္ထက္ဆိုလို႔ ဦးသိန္းစိန္အစိုးရလက္ထက္တြင္လည္း က်ေနာ့္လို ကံေကာင္းေထာက္မသူ အနည္းငယ္ရွိေကာင္းရွိႏိုင္ေသာ္လည္း သိပ္မထူးျခား။ယခင္ထက္ နည္းနည္းသတိရွိလာ႐ုံသာ။ထိုသို႔ေသာသံ႐ုံးမ်ားမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရလက္ထက္တြင္ ဂငယ္ေကြ႕ခ်ိဳးလိုက္သလို အေျပာင္းအလဲႀကီးေျပာင္းလဲလာသည္ဟုဆိုေသာ္ သင္မည္သို႔တုံ႔ျပန္လိုပါသနည္း။

ေဒၚေအာင္ဆန္းစုၾကည္ က သံ႐ုံးဆိုသည္ ႏိုင္ငံရပ္ျခားေရာက္ ျမန္မာျပည္သူတို႔ အားကိုးအားထားရာေနရာတစ္ေနရာျဖစ္ရမည္ဟု အစိုးရအာဏာမရခင္ကတည္းက ေျပာၾကားခဲ့ဖူးသလို အာဏာရရွိၿပီးေနာက္တြင္လည္း ျပည္သူအားကိုးရာ သံ႐ုံးမ်ားျဖစ္လာေရးအတြက္ အထူးဝါယမစိုက္ခဲ့သည္။

အစြဲကင္းကင္းျဖင့္ မၾကည့္တတ္သူမ်ားအတြက္ ဘယ္ေနရာဘာေတြေျပာင္းလဲခဲ့သလဲဟု မ်က္မွန္စိမ္းတပ္ ေမးခြန္းထုတ္ ကန႔္လန႔္တိုက္စရာ ရွိေကာင္းရွိႏိုင္ေသာ္လည္း ကိုဗစ္ကာလသို႔ေရာက္ေသာအခါ ျမန္မာသံ႐ုံးအသီးသီးတို႔ လုံ႔လႀကီးစြာျဖင့္ ျမန္မာျပည္သူတို႔ အိမ္ျပန္ခြင့္ရေရးအတြက္ ေခြၽးဒီးဒီးက်ခဲ့သည္ကိုမူ မည္သူမွ်ျငင္းခ်က္မထုတ္ႏိုင္ဟု ယုံၾကည္သည္။

ပထမဆုံးမ်က္ျမင္မွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕တြင္ ကိုဗစ္လႈိင္း အႀကီးအက်ယ္ထန္ေနခ်ိန္တြင္ ျမန္မာပညာေတာ္သင္ေက်ာင္းသားမ်ားအား ခလုတ္မထိဆူးမၿငိ ျမန္မာႏိုင္ငံသို႔ျပန္ေရာက္ေအာင္ ကယ္ထုတ္လာႏိုင္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ကယ္ထုတ္လာႏိုင္ေရးအတြက္ အဓိကအက်ဆုံးမွာ ကိုယ့္ျပည္သူအေပၚ ကိုယ္တန္ဖိုးထားသည့္ အစိုးရ၏ေပၚလစီျဖစ္ေသာ္လည္း ယင္းေပၚလစီကိုေအာင္ျမင္ေအာင္ အမွန္တကယ္ေဖာ္ေဆာင္ရသည္မွာ ေဘဂ်င္းၿမိဳ႕ရွိ ျမန္မာသံ႐ုံးျဖစ္သည္။တျခားခ်မ္းသာႂကြယ္ဝေသာ ႏိုင္ငံႀကီးအမ်ားစုက ဝူဟန္ေရာက္ သူတို႔ႏိုင္ငံသားမ်ားကို ကယ္မထုတ္ႏိုင္ခင္ ျမန္မာႏိုင္ငံက အေစာဆုံးကယ္ထုတ္ႏိုင္ခဲ့ျခင္းလည္းျဖစ္သည္။

ကိုဗစ္ကာလအတြင္း ျပည္ပတြင္ဒုကၡေရာက္ေနေသာ ျမန္မာႏိုင္ငံသားမ်ား အိမ္ျပန္ေရာက္ေရးေဆာင္႐ြက္ရသည္မွာ အလြယ္တကူမဟုတ္ပါ။ၿပီးခဲ့သည့္တစ္လေက်ာ္ကာလက ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ျမန္မာသံအမတ္ႀကီးတို႔ အျပန္အလွန္ေဆြးေႏြးပြဲအစီအစဥ္ကို နားေထာင္ခဲ့ဖူးပါက ကယ္ဆယ္ေရးေလယာဥ္ တစ္ေခါက္ပ်ံသန္းႏိုင္ဖို႔အေရး သံ႐ုံးဝန္ထမ္းမ်ား အင္မတန္လက္ဝင္ေအာင္ေဆာင္႐ြက္ရေၾကာင္း သိမည္ဟုထင္၏။ကယ္ဆယ္ေရးေလယာဥ္ ပ်ံသန္းမည့္ႏိုင္ငံသို႔ အဆင့္ဆင့္လာရသည့္ခရီးသည္ အကန႔္အသတ္အတားအဆီးမ်ားစြာမို႔ ယင္းအကန႔္အသတ္မ်ား ေျပလည္ႏိုင္ေရးမွာ သက္ဆိုင္ရာသံ႐ုံးအသီးသီးက သက္ဆိုင္ရာႏိုင္ငံမ်ားႏွင့္ ညႇိရႏႈိင္းရ၊ ကယ္ဆယ္ေရးေလယာဥ္ထြက္မည့္ႏိုင္ငံသို႔ ေစာလည္းမေစာ၊ ေနာက္လည္းေနာက္မက်ဘဲ ေရာက္ရွိေရးဆိုသည္မွာလည္း သံ႐ုံးအသီးသီးက တြက္ဆရ၊ ညႇိႏႈိင္းရ။

ဇူလိုင္ ၁၄ ရက္ေန႔၊ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အျပန္အလွန္ေဆြးေႏြးျခင္းအစီအစဥ္တြင္ေတာ့ အိႏၵိယႏိုင္ငံ၊ မြန္ဘိုင္းၿမိဳ႕တြင္ ပိတ္မိေနေသာ မေအးေအးေအာင္ ေျပာျပသည့္ ျပည္ေတာ္ျပန္ခရီးမွာ မလြယ္ေသာေန႔မ်ားစြာကို ျဖတ္သန္းခဲ့ရမွန္းသိသာသည္။

မေအးေအးေအာင္မွာ မြန္ဘိုင္းၿမိဳ႕တြင္ ေယာဂပညာသြားေရာက္သင္ၾကားသူ။မတ္လ ၂၄ ရက္ေန႔၊ မြန္ဘိုင္းကို ေလာ့ခ္ေဒါင္းခ်လိုက္ေတာ့ မေအးေအးေအာင္မွာ သူငွားရမ္းေနထိုင္ေသာတိုက္ခန္းတြင္ တစ္ကိုယ္ေတာ္။အိႏၵိယအစိုးရက ေလာ့ခ္ေဒါင္းခ်လိုက္ေသာ္လည္း ေသခ်ာေရရာသည့္ စည္းမ်ဥ္းစည္းကမ္းမ်ား ထုတ္ျပန္ျခင္းမရွိသျဖင့္ အျပင္ထြက္လို႔ ရ၊ မရ မေသခ်ာ။ထို႔ေၾကာင့္ အိမ္မွာတင္ေနၾကရ။စားေသာက္ကုန္မ်ားကိုလည္း အျပင္တြင္မေရာင္းေတာ့၊ ကုမၸဏီမ်ားလည္းပိတ္လိုက္သျဖင့္ ႏွစ္ပတ္တာခရီးမွာ ခက္ခဲစြာ။

ႏိုင္ငံျခားသားတစ္ေယာက္အတြက္မေျပာနဲ႔၊ သူတို႔ႏိုင္ငံသားမ်ားပင္လွ်င္ မလြယ္ကူျခင္းမ်ားစြာတြင္ လက္မႈိင္ခ်ေနရသည့္ဘဝမို႔ ျပည္ေတာ္ျပန္ရန္ အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံ႐ုံးသို႔ မေအးေအးေအာင္ ဆက္သြယ္ခဲ့သည္။

ခက္တာက မြန္ဘိုင္း-ရန္ကုန္ ေလယာဥ္မရွိ။သူမကယ္ဆယ္ေရးေလယာဥ္သြားစီးရမည့္ေနရာမွာ မြန္ဘိုင္းႏွင့္ မိုင္ ၁၀၀၀ ေက်ာ္ ေဝးေသာေနရာ။ရထားလမ္းပိတ္၊ လိုင္းကားပိတ္။ကားဌားသြားမည္ဆိုပါကလည္း သတင္းမ်ားအရ လုံၿခဳံမႈမရွိသည့္အေျခအေနမို႔ သက္ျပင္းသာတြင္တြင္ခ်ရ။

ကံေကာင္းခ်င္ေတာ့ ေမ ၂၉ ရက္ေန႔တြင္ မြန္ဘိုင္း-ရန္ကုန္ ပ်ံသန္းမည့္ ေလယာဥ္တစ္စီးရွိေၾကာင္း ၾကားသိရသျဖင့္ သံ႐ုံးသို႔ထပ္မံဆက္သြယ္ကာ ထိုေလယာဥ္ျဖင့္လိုက္ပါခြင့္ရေရး စီစဥ္ေပးရန္ အကူအညီလွမ္းေတာင္းသည္။ ၂၈ ရက္ေန႔က်ေတာ့ သံ႐ုံးက အိုေကၿပီျဖစ္ေၾကာင္း ျပန္ဆက္သြယ္။အိမ္ကေန ေလဆိပ္အထိ သံ႐ုံးက ကားစီစဥ္ေပး။ေလဆိပ္ေရာက္ေတာ့ အဆင့္ဆင့္ေသာစစ္ေဆးမႈမ်ားကို ခံယူၿပီးေနာက္ ဗီဇာသက္တမ္းကုန္ေနျခင္းက အႀကီးက်ယ္ဆုံးျပႆနာ။အခန႔္မသင့္လွ်င္ ေထာင္ထဲတန္းေရာက္သြားႏိုင္သည့္ ဗီဇာသက္တမ္းကုန္ေနျခင္းအေပၚ ကိုဗစ္အေျခအေနႏွင့္ ျမန္မာသံ႐ုံး၏ လိုက္လံေဆာင္႐ြက္ေပးမႈေၾကာင့္သာ ေလယာဥ္ေပၚလည္းတက္လို႔ရ၊ အမိေျမသို႔ျပန္ေရာက္ခဲ့ရျခင္းျဖစ္သည္။

မေအးေအးေအာင္ႏွင့္အတူ ဝင္ေရာက္ေဆြးေႏြးခြင့္ရသူ မသႏၲာေအာင္စိုးမွာ ကိုဗစ္ေၾကာင့္ ၾသစေၾတးလ်တြင္ ေသာင္တင္ေနခဲ့သူ။သူသည္လည္း ခရီးသြားဗီဇာျဖင့္ ၾသစေၾတးလ်သို႔ အလည္အပတ္ေရာက္ရွိ ပိတ္မိေနသူမို႔ ဗီဇာသက္တမ္းကုန္သြားမွာ စိုးရိမ္ခဲ့သူ။

ေလေၾကာင္းခရီးစဥ္မ်ား အားလုံးပိတ္သြားၿပီးေနာက္ ျမန္မာသံ႐ုံးဆီ ဆက္သြယ္ၾကည့္ေတာ့ အစစအရာရာရွင္းျပ၊ အားမငယ္ရန္အားေပး၊ သူ၏ကိုယ္ေရးအခ်က္အလက္မ်ားေတာင္း၊ အခ်ိန္မေ႐ြးဖုန္းဆက္ပါဟုဆို။ေနာက္ဆုံး ကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္ခြင့္ရေတာ့လည္း ေလယာဥ္ေပၚတက္သည္အထိ သံ႐ုံးတာဝန္ရွိသူမ်ားက ကူညီေပးခဲ့သည္တဲ့။

ဆိုေတာ့ ႏွစ္ေပါင္း ၅၀ ေက်ာ္ၾကာ ေဇာက္ထိုးက်ခဲ့ေသာ သူ႔ေနရာ သူ႔တန္ဖိုးမ်ားအနက္ ၅ ႏွစ္မျပည့္ေသးေသာ ဒီခ်ဳပ္အစိုးရလက္ထက္ ထိုက္သင့္ေသာေျပာင္းလဲမႈမ်ားရွိခဲ့ေၾကာင္း ကိုဗစ္ကာလသံ႐ုံးမ်ားက သက္ေသခံေနသည္ဟုဆိုေသာ္ သင္ဘာေျပာလိုပါသနည္း။

လုံးဝမေျပာင္းေသးေသာအရာမ်ားရွိသည္။ေျခလွမ္းက်ဲက်ဲျဖင့္ ေျပာင္းသြားသည့္အရာမ်ားလည္းရွိသည္။မေျပာင္းခ်င္ေျပာင္းခ်င္ျဖင့္ အင္တင္တင္ျဖစ္ေနသည့္အရာမ်ားလည္းရွိသည္။ကြၽႏ္ုပ္တို႔ ဆက္လက္ေျပာင္းလဲၾကရန္လိုသည္။ေျပာင္းလဲခ်င္စိတ္ရွိေသာ အစိုးရသာလွ်င္ အေျပာင္းအလဲမ်ားကို ႐ြက္ကုန္ဖြင့္ ေရွ႕သို႔ခ်ီမည္သာျဖစ္သည္။

လင္းဆက္ၿငိမ္းခ်မ္း
ဇူလိုင္ - ၃၀