【 ဆောင်းပါး 】 ‘‘ရေဘူးလည်းမပေါက် ရေလည်းပါ’’

【 ဆောင်းပါး 】 ‘‘ရေဘူးလည်းမပေါက် ရေလည်းပါ’’

မြန်မာမှာ ဆိုရိုးစကားတစ်ခုရှိပါတယ်။‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့ စကားပါ။အဲဒီစကားက အာဏာရှင်တွေအတွက် လက်သုံးစကားဆိုပြီး တချို့ကရှုမြင်ကြပါတယ်။ဒါလည်း မှန်သင့်သလောက်တော့ မှန်ပါတယ်။ဌာနတချို့မှာဖြစ်ဖြစ် ကုမ္ပဏီတချို့မှာဖြစ်ဖြစ် အထက်လူကြီးက လက်အောက်ငယ်သားကို အလုပ်တာဝန်ပေးအပ်တဲ့နေရာမှာ ဖြစ်နိုင်၊ မဖြစ်နိုင် ဆင်ခြင်မပေးနဲ့ မဖြစ်ဖြစ်အောင်လုပ်ဆိုတဲ့သဘော သက်ရောက်တာဖြစ်ပါတယ်။

အာဏာရှင်စနစ်ဆိုတာ အစိုးရဌာနတွေမှာပဲသုံးသုံး၊ ပုဂ္ဂလိကဌာနတွေမှာပဲသုံးသုံး ကောင်းတဲ့အလေ့အထမဟုတ်ဘူးဆိုတာ ဒီမိုကရေစီစနစ်ကိုလိုလားသူ ဘယ်သူမဆိုလက်ခံကြပါတယ်။လူတချို့က ‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတာကိုသာ အသွင်သွင်သုံးတတ်ပါတယ်။ရေဘူးကိုမပေါက်အောင် ဘယ်လိုအသုံးချဆိုတာနဲ့ ပေါက်သွားရင် ဘယ်လိုပြုပြင်တာ ဘယ်လိုအစားထိုးတာလုပ်ဆောင်ပြီး ရေကိုရအောင်သယ်လာဖို့ကိုတော့ လမ်းမညွှန်နိုင်ကြတာများပါတယ်။အမှန်က မဖြစ်နိုင်တာတစ်ခုကို မဖြစ်ဖြစ်အောင်လုပ်ခိုင်းတာထက် မဖြစ်နိုင်တာကို ဖြစ်လာနိုင်တဲ့အနေအထားနဲ့ အဆင်တပြေလုပ်တတ်အောင် ဘယ်လိုညွှန်ကြားရမယ်ဆိုတာက အရေးကြီးတာဖြစ်ပါတယ်။

‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့ စကားက ဆိုးတဲ့ဘက်ကကြည့်မယ် ဆိုးတဲ့ဘက်ကနေအသုံးချမယ်ဆိုရင်တော့ အတင်းဖိအားပေးခိုင်းစေတဲ့ အာဏာရှင်တွေ လက်သုံးစကားပေါ့။ဒါပေမယ့် အဲဒီစကားက ကောင်းတဲ့ဘက်ကနေကြည့်မယ် ကောင်းတဲ့ဘက်ကနေအသုံးချနိုင်မယ်ဆိုရင်တော့ စိတ်ဓာတ်ခွန်အားဖြစ်စေနိုင်ပါတယ်။နောက်တစ်ခုက အဲဒီစကားရဲ့အဓိပ္ပာယ်က အခက်အခဲပြဿနာတစ်ခုကို ပြေလည်အောင်ဖြေရှင်းတဲ့နေရာမှာလည်း မဖြစ်မနေရအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်ခွန်အားမျိုးကို တွန်းပို့ပေးတဲ့အထိ အစွမ်းထက်နိုင်ပါတယ်။

ဥပမာ ဆိုပါစို့။လူငယ်တစ်ယောက်ဟာ ဆယ်တန်းကို နှစ်ခါကျလို့ နောက်ထပ်ဖြေရင် မအောင်နိုင်တော့ပါဘူးဆိုပြီး ညည်းတွားတဲ့အခါ မဖြစ်ဖြစ်အောင်လုပ်ဆိုပြီး စိတ်ဓာတ်ခွန်အားပေးချင်တဲ့ အုပ်ထိန်းသူမိဘက  ‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့ စကားကို သုံးခဲ့မယ်ဆိုရင် ဒါဟာ ကောင်းတဲ့ဘက်ကနေကြည့်တယ် ကောင်းတဲ့ဘက်ကနေအသုံးချတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမယ့် အထပ်လေးငါးဆယ် အဆောက်အအုံတစ်လုံးကို တစ်လနဲ့အပြီးဆောက်ပါဆိုတာမျိုး၊ ရန်ကုန်-နေပြည်တော်ကို နှစ်နာရီနဲ့ရောက်အောင် ကားမောင်းလာခဲ့ဆိုတာမျိုး၊ ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံကို သုံးလေးငါးနှစ်နဲ့ ဖွံ့ဖြိုးပြီးနိုင်ငံဖြစ်အောင်လုပ်ပါဆိုတာမျိုးတွေကို မဖြစ်ဖြစ်အောင်လုပ်ဆိုပြီး ‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့စကား သုံးခဲ့မယ်ဆိုရင် ဒါဟာ ဆိုးတဲ့ဘက်ကကြည့်ပြီး ဆိုးတဲ့ဘက်ကနေအသုံးချရာရောက်တာမို့ အတင်းဖိအားပေးခိုင်းစေတဲ့ အာဏာရှင်ဆန်ဆန်လုပ်ရပ်ပဲ ဖြစ်နေမှာပါ။

‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်က ဘာကိုဆိုလိုတာလဲ ဘယ်လိုနေရာမျိုးမှာ သုံးနှုန်းတာလဲကိုသိချင်လို့ စာရေးသူဆယ်ကျော်သက်အရွယ်လောက်မှာ ဖခင်ဖြစ်သူကိုမေးဖူးတယ်။သူကဒီလိုပြောပါတယ်။ဒါမရှိရင်မဖြစ်ဘူး မလုပ်တတ်ဘူးဆိုတာမျိုး စိတ်ထဲမှာမထားနဲ့ ဒါမရှိရင် ဘာနဲ့ရအောင်လုပ်မလဲပဲစဉ်းစားပြီး ရအောင်လုပ်တဲ့။ဥပမာ ကိုယ်ပိုင်ကားစီးပြီး လိုရာကိုမသွားနိုင်တဲ့နေ့ တက္ကစီစီးပြီး လိုရာကိုသွားနိုင်အောင်လုပ်၊ တက္ကစီစီးပြီး လိုရာကိုမသွားနိုင်တဲ့နေ့ ဘတ်စ်ကားစီးပြီး လိုရာကိုသွားနိုင်အောင်လုပ်၊ ဘတ်စ်ကားစီးပြီးတောင် လိုရာကိုမသွားနိုင်တော့ဘူးဆိုရင် လမ်းလျှောက်ပေါ့ကွာတဲ့။ဖခင်ဖြစ်သူကတော့ အဲဒီလိုဥပမာပေး ပြောဆိုခဲ့ဖူးပါတယ်။

အခုခေတ်မှာ အုပ်ချုပ်သူ အထက်လူကြီးတချို့က ဘယ်လိုဖြစ်နေလဲဆိုတော့ ကျွဲမကြီးကို ပုလင်းထဲထည့်ခိုင်းသလိုမျိုး မဖြစ်နိုင်တဲ့အရာတွေကို ခိုင်းတတ်ပါတယ်။တစ်ခါတလေမဖြစ်နိုင်မှန်းသိပေမယ့် သက်သက်မဲ့စမ်းသပ်ချင်လို့ ခိုင်းကြည့်တာမျိုးလည်းရှိတတ်ပါတယ်။မဖြစ်နိုင်ဘူးလို့ပြောရင် အဲဒီလက်အောက်ငယ်သားက ပြဿနာတက်နိုင်ပါတယ်။‘‘ဟုတ်ကဲ့ဆရာ ကျွဲမကြီးကို ပုလင်းထဲ ကျွန်တော်ထည့်ကြည့်လိုက်တာ အမြှီးကျမှတစ်နေပါတယ်’’ ဆိုပြီးပြောတဲ့ လက်အောက်ငယ်သားမျိုးမှ တချို့အုပ်ချုပ်သူ အထက်လူကြီးတွေက ကြိုက်တတ်ကြပါတယ်။

အုပ်ချုပ်သူ အထက်လူကြီးတွေကိစ္စကိုပြောတော့ နောင်တက်လာမယ့် အစိုးရအဖွဲ့နဲ့ပတ်သက်လို့ စဉ်းစားမိတာလေးတချို့ရှိပါတယ်။ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက်ပိုင်း ခေတ်အဆက်ဆက်ပေါ်ပေါက်လာမယ့် အစိုးရအဖွဲ့တွေမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ မဏ္ဍိုင်သုံးရပ်ထဲက သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်တွေအပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အာဏာပိုင်အဆင့်ပုဂ္ဂိုလ်တွေက အနည်းဆုံးဦးရေ နှစ်ရာကျော်ကနေ အများဆုံးဦးရေ ၃ဝဝ ကျော်အထိ ရှိနိုင်မှာဖြစ်ပါတယ်။ဒီသတ်မှတ်ချက်တွေနဲ့ပတ်သက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းတဲ့ဥပဒေတွေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတို့အပေါ်မှာ နှိုင်းယှဉ်သုံးသပ်ထားတာဖြစ်ပါတယ်။

ဒီနေရာမှာသတိပြုရမှာက တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေထဲကပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။ဒါကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၆ မှာ ဆိုပါတယ်။

တိုင်းဒေသကြီးနဲ့ပြည် နယ်ဝန်ကြီးအဆင့်၊တိုင်းဒေသ ကြီးနဲ့ပြည်နယ်ဥပဒေချုပ်အဆင့်၊ တိုင်းဒေသကြီးနဲ့ပြည်နယ် တရားလွှတ်တော်တရားသူကြီး ချုပ်အဆင့်၊တိုင်းဒေသကြီးနဲ့ ပြည်နယ်စာရင်းစစ်ချုပ်အဆင့်တွေက သာမန်အားဖြင့် ပြည်ထောင်စုဒုတိယဝန်ကြီးအဆင့်တွေနဲ့ တူညီမှာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဌ၊အမျိုးသားလွှတ်တော်ဥက္ကဌ၊ပြည်ထောင်စုတရားသူကြီးချုပ်တို့က ပြည်ထောင်စုဝန်ကြီး အဆင့်ထက်မြင့်ပါတယ်။ ဘာလို့လဲဆိုတော့သူတို့က ဥပဒေပြုရေး၊အုပ်ချုပ်ရေး၊တရားစီရင်ရေးဆိုတဲ့မဏ္ဍိုင်သုံးရပ်ထဲက ဥပဒေပြုရေးနဲ့တရားစီရင်ရေးရဲ့ ထိပ်ဆုံးကတာ၀န်ရှိသူတွေဖြစ်နေလို့ပါ။ဒုတိယသမ္မတနှစ်ဦးနဲ့ ပြည်ထောင်စုဝန်ကြီးတွေကြားက အဆင့်လို့ သတ်မှတ်ရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဌ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ၊ပြည့်သူ့လွှတ်တော် ဒုတိယဥက္ကဌ၊အမျိုးသားလွှတ်တော်ဒုတိယဥက္ကဌ၊ပြည်ထောင်စုရှေ့နေချုပ်၊ပြည်ထောင်စု စာရင်းစစ်ချုပ်၊ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဌတို့က ပြည်ထောင်စုဝန်ကြီးအဆင့်တွေဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့၀င်တွေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့၀င်တွေ၊ ပြည်ထောင်စုရာထူး၀န်အဖွဲ့ အဖွဲ့၀င်တွေ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးတွေ၊ ဒုတိယရှေ့နေချုပ်နဲ့ ဒုတိယစာရင်းစစ်ချုပ်တို့က သာမန်အားဖြင့် ဒုတိယဝန်ကြီးအဆင့်တွေဖြစ်ပါတယ်။

‘‘ရေဘူးပေါက်တာမလိုချင်ဘူး။ရေပါတာပဲလိုချင်တယ်’’ ဆိုတဲ့ စကားနဲ့ပတ်သက်လို့ ဒီဆောင်းပါးရဲ့အဖွင့်မှာ ပြောခဲ့ရာကနေ အစိုးရအဖွဲ့ဝင် အာဏာပိုင်ဦးရေနဲ့ သူတို့ရဲ့အဆင့်တွေကို ချိတ်ဆက်ပြောကြားရတာက အကြောင်းရှိပါတယ်။ဘာလို့ အဲဒီလိုချိတ်ဆက်ပြောကြားရလဲဆိုတော့ အစိုးရတွေလက်ထက်အဆက်ဆက်မှာ အာဏာပိုင်တချို့ရဲ့ စီမံခန့်ခွဲမှုအားနည်းခဲ့တာ၊ လိုအပ်ခဲ့တာ၊ အဂတိလိုက်စားခဲ့တာတွေရှိခဲ့လို့ နိုင်ငံရဲ့အုပ်ချုပ်ရေးယန္တရားကို ထိခိုက်နှောင့်နှေးစေခဲ့တာတွေ ရှိခဲ့လို့ဖြစ်ပါတယ်။

ဒါ့ပြင် နောင်လာမယ့် အစိုးရအဖွဲ့ရဲ့ အာဏာပိုင်အသစ်တွေကလည်း အရေအတွက် ရာနဲ့ချီရှိမှာဖြစ်တာမို့ အထက်နဲ့အောက် ရာထူးအဆင့်ဆင့် အုပ်ချုပ်ရေးပိုင်းစီမံခန့်ခွဲရာမှာ အမှားနည်းစေဖို့ဆိုရင် အဲဒီအာဏာပိုင်တွေကို မှန်ကန်စွာရွေးချယ်ခန့်အပ်ရေးကလည်း အရေးပါတယ်ဆိုတာ သတိပြုရမှာဖြစ်ပါတယ်။

အလားတူ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေဟာ နိုင်ငံတော်ကို ကိုယ်စားပြုတယ်ဆိုတာနဲ့ နိုင်ငံတော်သမ္မတဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းလုံးမှာ နိုင်ငံသားအားလုံးရဲ့ အထွတ်အထိပ်နေရာရရှိတယ်ဆိုတာကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၇၊ ၅၈ မှာ ပြဌာန်းထားတာမို့ အစိုးရအဖွဲ့သစ်မှာ ရွေးချယ်ခန့်အပ်မယ့် အာဏာပိုင်တွေက နိုင်ငံ့ခေါင်းဆောင်အတွက် နောက်လိုက်ကောင်းတွေဖြစ်မှ ရပါမယ်။

နိုင်ငံ့ခေါင်းဆောင်နဲ့ နောက်လိုက်ကောင်းတွေအကြား ညီညွတ်မျှတတဲ့ အပြန်အလှန်အားကိုးမှီခိုမှုမျိုးရှိမှသာ ရေခပ်ချိန်မှာ ရေဘူးလည်းမပေါက် ရေလည်းပါလာမှာဖြစ်ပါတယ်လို့ အပြုသဘောဆောင် အကြံပေးလိုက်ပါရစေ။

သာဓက
စက်တင်ဘာ - ၅

( Zawgyi )

ျမန္မာမွာ ဆို႐ိုးစကားတစ္ခုရွိပါတယ္။‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့ စကားပါ။အဲဒီစကားက အာဏာရွင္ေတြအတြက္ လက္သုံးစကားဆိုၿပီး တခ်ိဳ႕ကရႈျမင္ၾကပါတယ္။ဒါလည္း မွန္သင့္သေလာက္ေတာ့ မွန္ပါတယ္။ဌာနတခ်ိဳ႕မွာျဖစ္ျဖစ္ ကုမၸဏီတခ်ိဳ႕မွာျဖစ္ျဖစ္ အထက္လူႀကီးက လက္ေအာက္ငယ္သားကို အလုပ္တာဝန္ေပးအပ္တဲ့ေနရာမွာ ျဖစ္ႏိုင္၊ မျဖစ္ႏိုင္ ဆင္ျခင္မေပးနဲ႔ မျဖစ္ျဖစ္ေအာင္လုပ္ဆိုတဲ့သေဘာ သက္ေရာက္တာျဖစ္ပါတယ္။

အာဏာရွင္စနစ္ဆိုတာ အစိုးရဌာနေတြမွာပဲသုံးသုံး၊ ပုဂၢလိကဌာနေတြမွာပဲသုံးသုံး ေကာင္းတဲ့အေလ့အထမဟုတ္ဘူးဆိုတာ ဒီမိုကေရစီစနစ္ကိုလိုလားသူ ဘယ္သူမဆိုလက္ခံၾကပါတယ္။လူတခ်ိဳ႕က ‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတာကိုသာ အသြင္သြင္သုံးတတ္ပါတယ္။ေရဘူးကိုမေပါက္ေအာင္ ဘယ္လိုအသုံးခ်ဆိုတာနဲ႔ ေပါက္သြားရင္ ဘယ္လိုျပဳျပင္တာ ဘယ္လိုအစားထိုးတာလုပ္ေဆာင္ၿပီး ေရကိုရေအာင္သယ္လာဖို႔ကိုေတာ့ လမ္းမၫႊန္ႏိုင္ၾကတာမ်ားပါတယ္။အမွန္က မျဖစ္ႏိုင္တာတစ္ခုကို မျဖစ္ျဖစ္ေအာင္လုပ္ခိုင္းတာထက္ မျဖစ္ႏိုင္တာကို ျဖစ္လာႏိုင္တဲ့အေနအထားနဲ႔ အဆင္တေျပလုပ္တတ္ေအာင္ ဘယ္လိုၫႊန္ၾကားရမယ္ဆိုတာက အေရးႀကီးတာျဖစ္ပါတယ္။

‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့ စကားက ဆိုးတဲ့ဘက္ကၾကည့္မယ္ ဆိုးတဲ့ဘက္ကေနအသုံးခ်မယ္ဆိုရင္ေတာ့ အတင္းဖိအားေပးခိုင္းေစတဲ့ အာဏာရွင္ေတြ လက္သုံးစကားေပါ့။ဒါေပမယ့္ အဲဒီစကားက ေကာင္းတဲ့ဘက္ကေနၾကည့္မယ္ ေကာင္းတဲ့ဘက္ကေနအသုံးခ်ႏိုင္မယ္ဆိုရင္ေတာ့ စိတ္ဓာတ္ခြန္အားျဖစ္ေစႏိုင္ပါတယ္။ေနာက္တစ္ခုက အဲဒီစကားရဲ႕အဓိပၸာယ္က အခက္အခဲျပႆနာတစ္ခုကို ေျပလည္ေအာင္ေျဖရွင္းတဲ့ေနရာမွာလည္း မျဖစ္မေနရေအာင္လုပ္မယ္ဆိုတဲ့ စိတ္ဓာတ္ခြန္အားမ်ိဳးကို တြန္းပို႔ေပးတဲ့အထိ အစြမ္းထက္ႏိုင္ပါတယ္။

ဥပမာ ဆိုပါစို႔။လူငယ္တစ္ေယာက္ဟာ ဆယ္တန္းကို ႏွစ္ခါက်လို႔ ေနာက္ထပ္ေျဖရင္ မေအာင္ႏိုင္ေတာ့ပါဘူးဆိုၿပီး ညည္းတြားတဲ့အခါ မျဖစ္ျဖစ္ေအာင္လုပ္ဆိုၿပီး စိတ္ဓာတ္ခြန္အားေပးခ်င္တဲ့ အုပ္ထိန္းသူမိဘက  ‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့ စကားကို သုံးခဲ့မယ္ဆိုရင္ ဒါဟာ ေကာင္းတဲ့ဘက္ကေနၾကည့္တယ္ ေကာင္းတဲ့ဘက္ကေနအသုံးခ်တယ္လို႔ ဆိုႏိုင္ပါတယ္။

ဒါေပမယ့္ အထပ္ေလးငါးဆယ္ အေဆာက္အအုံတစ္လုံးကို တစ္လနဲ႔အၿပီးေဆာက္ပါဆိုတာမ်ိဳး၊ ရန္ကုန္-ေနျပည္ေတာ္ကို ႏွစ္နာရီနဲ႔ေရာက္ေအာင္ ကားေမာင္းလာခဲ့ဆိုတာမ်ိဳး၊ ဖြံ႕ၿဖိဳးဆဲႏိုင္ငံတစ္ႏိုင္ငံကို သုံးေလးငါးႏွစ္နဲ႔ ဖြံ႕ၿဖိဳးၿပီးႏိုင္ငံျဖစ္ေအာင္လုပ္ပါဆိုတာမ်ိဳးေတြကို မျဖစ္ျဖစ္ေအာင္လုပ္ဆိုၿပီး ‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့စကား သုံးခဲ့မယ္ဆိုရင္ ဒါဟာ ဆိုးတဲ့ဘက္ကၾကည့္ၿပီး ဆိုးတဲ့ဘက္ကေနအသုံးခ်ရာေရာက္တာမို႔ အတင္းဖိအားေပးခိုင္းေစတဲ့ အာဏာရွင္ဆန္ဆန္လုပ္ရပ္ပဲ ျဖစ္ေနမွာပါ။

‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့ စကားရဲ႕ အဓိပၸာယ္က ဘာကိုဆိုလိုတာလဲ ဘယ္လိုေနရာမ်ိဳးမွာ သုံးႏႈန္းတာလဲကိုသိခ်င္လို႔ စာေရးသူဆယ္ေက်ာ္သက္အ႐ြယ္ေလာက္မွာ ဖခင္ျဖစ္သူကိုေမးဖူးတယ္။သူကဒီလိုေျပာပါတယ္။ဒါမရွိရင္မျဖစ္ဘူး မလုပ္တတ္ဘူးဆိုတာမ်ိဳး စိတ္ထဲမွာမထားနဲ႔ ဒါမရွိရင္ ဘာနဲ႔ရေအာင္လုပ္မလဲပဲစဥ္းစားၿပီး ရေအာင္လုပ္တဲ့။ဥပမာ ကိုယ္ပိုင္ကားစီးၿပီး လိုရာကိုမသြားႏိုင္တဲ့ေန႔ တကၠစီစီးၿပီး လိုရာကိုသြားႏိုင္ေအာင္လုပ္၊ တကၠစီစီးၿပီး လိုရာကိုမသြားႏိုင္တဲ့ေန႔ ဘတ္စ္ကားစီးၿပီး လိုရာကိုသြားႏိုင္ေအာင္လုပ္၊ ဘတ္စ္ကားစီးၿပီးေတာင္ လိုရာကိုမသြားႏိုင္ေတာ့ဘူးဆိုရင္ လမ္းေလွ်ာက္ေပါ့ကြာတဲ့။ဖခင္ျဖစ္သူကေတာ့ အဲဒီလိုဥပမာေပး ေျပာဆိုခဲ့ဖူးပါတယ္။

အခုေခတ္မွာ အုပ္ခ်ဳပ္သူ အထက္လူႀကီးတခ်ိဳ႕က ဘယ္လိုျဖစ္ေနလဲဆိုေတာ့ ကြၽဲမႀကီးကို ပုလင္းထဲထည့္ခိုင္းသလိုမ်ိဳး မျဖစ္ႏိုင္တဲ့အရာေတြကို ခိုင္းတတ္ပါတယ္။တစ္ခါတေလမျဖစ္ႏိုင္မွန္းသိေပမယ့္ သက္သက္မဲ့စမ္းသပ္ခ်င္လို႔ ခိုင္းၾကည့္တာမ်ိဳးလည္းရွိတတ္ပါတယ္။မျဖစ္ႏိုင္ဘူးလို႔ေျပာရင္ အဲဒီလက္ေအာက္ငယ္သားက ျပႆနာတက္ႏိုင္ပါတယ္။‘‘ဟုတ္ကဲ့ဆရာ ကြၽဲမႀကီးကို ပုလင္းထဲ ကြၽန္ေတာ္ထည့္ၾကည့္လိုက္တာ အျမႇီးက်မွတစ္ေနပါတယ္’’ ဆိုၿပီးေျပာတဲ့ လက္ေအာက္ငယ္သားမ်ိဳးမွ တခ်ိဳ႕အုပ္ခ်ဳပ္သူ အထက္လူႀကီးေတြက ႀကိဳက္တတ္ၾကပါတယ္။

အုပ္ခ်ဳပ္သူ အထက္လူႀကီးေတြကိစၥကိုေျပာေတာ့ ေနာင္တက္လာမယ့္ အစိုးရအဖြဲ႕နဲ႔ပတ္သက္လို႔ စဥ္းစားမိတာေလးတခ်ိဳ႕ရွိပါတယ္။ ၂ဝ၁ဝ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲၿပီးေနာက္ပိုင္း ေခတ္အဆက္ဆက္ေပၚေပါက္လာမယ့္ အစိုးရအဖြဲ႕ေတြမွာ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုတဲ့ မ႑ိဳင္သုံးရပ္ထဲက သမၼတနဲ႔ ဒုတိယသမၼတႏွစ္ဦး၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္ေတြအပါအ၀င္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြနဲ႔ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ အာဏာပိုင္အဆင့္ပုဂၢိဳလ္ေတြက အနည္းဆုံးဦးေရ ႏွစ္ရာေက်ာ္ကေန အမ်ားဆုံးဦးေရ ၃ဝဝ ေက်ာ္အထိ ရွိႏိုင္မွာျဖစ္ပါတယ္။ဒီသတ္မွတ္ခ်က္ေတြနဲ႔ပတ္သက္လို႔ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ျပဌာန္းတဲ့ဥပေဒေတြနဲ႔ ဖြဲ႕စည္းပုံအေျခခံဥပေဒတို႔အေပၚမွာ ႏႈိင္းယွဥ္သုံးသပ္ထားတာျဖစ္ပါတယ္။

ဒီေနရာမွာသတိျပဳရမွာက တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြကို တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြထဲကပဲ ေ႐ြးခ်ယ္ရမွာျဖစ္ပါတယ္။ဒါကို တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အစိုးရအဖြဲ႕ ဥပေဒပုဒ္မ ၆ မွာ ဆိုပါတယ္။

တိုင္းေဒသႀကီးနဲ႔ျပည္ နယ္ဝန္ႀကီးအဆင့္၊တိုင္းေဒသ ႀကီးနဲ႔ျပည္နယ္ဥပေဒခ်ဳပ္အဆင့္၊ တိုင္းေဒသႀကီးနဲ႔ျပည္နယ္ တရားလႊတ္ေတာ္တရားသူႀကီး ခ်ဳပ္အဆင့္၊တိုင္းေဒသႀကီးနဲ႔ ျပည္နယ္စာရင္းစစ္ခ်ဳပ္အဆင့္ေတြက သာမန္အားျဖင့္ ျပည္ေထာင္စုဒုတိယဝန္ႀကီးအဆင့္ေတြနဲ႔ တူညီမွာျဖစ္ပါတယ္။

ျပည္သူ႔လႊတ္ေတာ္ဥကၠဌ၊အမ်ိဳးသားလႊတ္ေတာ္ဥကၠဌ၊ျပည္ေထာင္စုတရားသူႀကီးခ်ဳပ္တို႔က ျပည္ေထာင္စုဝန္ႀကီး အဆင့္ထက္ျမင့္ပါတယ္။ ဘာလို႔လဲဆိုေတာ့သူတို႔က ဥပေဒျပဳေရး၊အုပ္ခ်ဳပ္ေရး၊တရားစီရင္ေရးဆိုတဲ့မ႑ိဳင္သုံးရပ္ထဲက ဥပေဒျပဳေရးနဲ႔တရားစီရင္ေရးရဲ႕ ထိပ္ဆုံးကတာ၀န္ရွိသူေတြျဖစ္ေနလို႔ပါ။ဒုတိယသမၼတႏွစ္ဦးနဲ႔ ျပည္ေထာင္စုဝန္ႀကီးေတြၾကားက အဆင့္လို႔ သတ္မွတ္ရမွာျဖစ္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးဥကၠဌ၊ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ဥကၠဌ၊ျပည့္သူ႔လႊတ္ေတာ္ ဒုတိယဥကၠဌ၊အမ်ိဳးသားလႊတ္ေတာ္ဒုတိယဥကၠဌ၊ျပည္ေထာင္စုေရွ႕ေနခ်ဳပ္၊ျပည္ေထာင္စု စာရင္းစစ္ခ်ဳပ္၊ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ဥကၠဌတို႔က ျပည္ေထာင္စုဝန္ႀကီးအဆင့္ေတြျဖစ္ပါတယ္။

ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ခုံ႐ုံးအဖြဲ႕၀င္ေတြ၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ အဖြဲ႕၀င္ေတြ၊ ျပည္ေထာင္စုရာထူး၀န္အဖြဲ႕ အဖြဲ႕၀င္ေတြ၊ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္ တရားသူႀကီးေတြ၊ ဒုတိယေရွ႕ေနခ်ဳပ္နဲ႔ ဒုတိယစာရင္းစစ္ခ်ဳပ္တို႔က သာမန္အားျဖင့္ ဒုတိယဝန္ႀကီးအဆင့္ေတြျဖစ္ပါတယ္။

‘‘ေရဘူးေပါက္တာမလိုခ်င္ဘူး။ေရပါတာပဲလိုခ်င္တယ္’’ ဆိုတဲ့ စကားနဲ႔ပတ္သက္လို႔ ဒီေဆာင္းပါးရဲ႕အဖြင့္မွာ ေျပာခဲ့ရာကေန အစိုးရအဖြဲ႕ဝင္ အာဏာပိုင္ဦးေရနဲ႔ သူတို႔ရဲ႕အဆင့္ေတြကို ခ်ိတ္ဆက္ေျပာၾကားရတာက အေၾကာင္းရွိပါတယ္။ဘာလို႔ အဲဒီလိုခ်ိတ္ဆက္ေျပာၾကားရလဲဆိုေတာ့ အစိုးရေတြလက္ထက္အဆက္ဆက္မွာ အာဏာပိုင္တခ်ိဳ႕ရဲ႕ စီမံခန႔္ခြဲမႈအားနည္းခဲ့တာ၊ လိုအပ္ခဲ့တာ၊ အဂတိလိုက္စားခဲ့တာေတြရွိခဲ့လို႔ ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးယႏၲရားကို ထိခိုက္ေႏွာင့္ေႏွးေစခဲ့တာေတြ ရွိခဲ့လို႔ျဖစ္ပါတယ္။

ဒါ့ျပင္ ေနာင္လာမယ့္ အစိုးရအဖြဲ႕ရဲ႕ အာဏာပိုင္အသစ္ေတြကလည္း အေရအတြက္ ရာနဲ႔ခ်ီရွိမွာျဖစ္တာမို႔ အထက္နဲ႔ေအာက္ ရာထူးအဆင့္ဆင့္ အုပ္ခ်ဳပ္ေရးပိုင္းစီမံခန႔္ခြဲရာမွာ အမွားနည္းေစဖို႔ဆိုရင္ အဲဒီအာဏာပိုင္ေတြကို မွန္ကန္စြာေ႐ြးခ်ယ္ခန႔္အပ္ေရးကလည္း အေရးပါတယ္ဆိုတာ သတိျပဳရမွာျဖစ္ပါတယ္။

အလားတူ ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတေတြဟာ ႏိုင္ငံေတာ္ကို ကိုယ္စားျပဳတယ္ဆိုတာနဲ႔ ႏိုင္ငံေတာ္သမၼတဟာ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္တစ္ဝန္းလုံးမွာ ႏိုင္ငံသားအားလုံးရဲ႕ အထြတ္အထိပ္ေနရာရရွိတယ္ဆိုတာကို ဖြဲ႕စည္းပုံအေျခခံဥပေဒပုဒ္မ ၅၇၊ ၅၈ မွာ ျပဌာန္းထားတာမို႔ အစိုးရအဖြဲ႕သစ္မွာ ေ႐ြးခ်ယ္ခန႔္အပ္မယ့္ အာဏာပိုင္ေတြက ႏိုင္ငံ့ေခါင္းေဆာင္အတြက္ ေနာက္လိုက္ေကာင္းေတြျဖစ္မွ ရပါမယ္။

ႏိုင္ငံ့ေခါင္းေဆာင္နဲ႔ ေနာက္လိုက္ေကာင္းေတြအၾကား ညီၫြတ္မွ်တတဲ့ အျပန္အလွန္အားကိုးမွီခိုမႈမ်ိဳးရွိမွသာ ေရခပ္ခ်ိန္မွာ ေရဘူးလည္းမေပါက္ ေရလည္းပါလာမွာျဖစ္ပါတယ္လို႔ အျပဳသေဘာေဆာင္ အႀကံေပးလိုက္ပါရေစ။

သာဓက
စက္တင္ဘာ - ၅