【 ဆောင်းပါး 】 “ကျော်သွားလို့မဖြစ်သေးသည့် ကိုဗစ်”

【 ဆောင်းပါး 】 “ကျော်သွားလို့မဖြစ်သေးသည့် ကိုဗစ်”

ပထမကိုဗစ်လှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၎င်း၏လူမှုကွန်ရက်စာမျက်နှာပေါ် ရေးသားခဲ့သည်။ထိုစာရေးသားသည့်အချိန်က ဇွန် ၁၅ ရက်နေ့။ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဇွန် ၁၅ ရက်နေ့ ည ၈ နာရီထုတ်ပြန်ချက်တွင် ယနေ့အတည်ပြုလူနာသစ်မရှိ။စုစုပေါင်းအတည်ပြုလူနာ ၂၆၂ ဦး။ကိုဗစ်ရောဂါပိုးကင်းစင်သူ ၁၇၅ ဦးနှင့် သေဆုံး ၆ ဦး။

ဒေါ်အောင်ဆန်းစုကြည် က ပထမကိုဗစ်လှိုင်းကို အောင်မြင်စွာကျော်ဖြတ်နိုင်ခဲ့ပြီဟုဆိုထားသော်လည်း တစ်ဆက်တည်းမှာပင် ဒုတိယသည်ပိုခက်ခဲမည်ဟု ခန့်မှန်းချက်များရှိကြောင်း ဆက်လက်ရေးသားသည်။ဘယ်သူတွေကခန့်မှန်းသလဲဟုမပြော။ဘာ့ကြောင့်ပိုခက်ခဲမည်၊ ဘယ်လောက်ထိပိုခက်ခဲမည်ဟုလည်းမပြော။ကိုဗစ်နှင့်ပတ်သက်ပြီး ပေါ့နေလျော့နေပြီဖြစ်သော ပြည်သူများကို မပေါ့ရဲမလျော့ရဲလေအောင် ဒုတိယကိုဗစ်လှိုင်းသည် ပိုခက်ခဲမည်ဟု ပြောလိုက်ခြင်းလည်းဖြစ်နိုင်သည်။

ဒေါ်အောင်ဆန်းစုကြည် ပြောကြားမှုနှင့်တိုက်ဆိုင်စွာ ယခုရက်ပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံ၏မြို့တော် ဘေဂျင်း၌ ကိုဗစ်ကူးစက်မှု တစ်ကျော့ပြန်ခေါင်းထောင်လာခဲ့သည်။၃ ရက်တာ စုစုပေါင်းအတည်ပြုလူနာသစ် ၁၀၀ ကျော် တွေ့ရှိခဲ့သည်ဟုဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံတွင်း ကူးစက်မှုစံနှုန်းနှင့်တိုင်းလျှင် ဘုရားတရမည့်ကိန်း။

ဘေဂျင်းတွင် ရက်ပေါင်း ၅၀ ကျော်ကြာ ရောဂါကူးစက်မှုအသစ် ထပ်မတွေ့တော့ပြီးနောက် လက်ကားဈေးကြီးတစ်ခု၌ ကူးစက်မှုအသစ်ပြန်လည်စတင်ခြင်းဟု သိရသည်။ယခုကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာ ထင်ထင်ရှားရှားမတွေ့ရသူများဟု ထပ်သိရပြန်သဖြင့် ကိုဗစ်သည် မာယာများလှကြောင်း ထပ်သိရပြန်သည်။ပြီးတော့ နေ့စဉ်မပြတ် နာနာတွေးထားရန်လိုအပ်နေသော ဒုတိယကိုဗစ်လှိုင်းကိစ္စ။

ကာကွယ်ဆေးမပေါ်မချင်း ဘယ်နိုင်ငံမဆို ဒုတိယကိုဗစ်လှိုင်းတင်မက တတိယကိုဗစ်လှိုင်းဆိုတာလည်း ရှိနိုင်သည်ဆိုတော့ ကိုယ်စီကိုယ်ငှလျော့ရဲနေသော ကိုယ့်စိတ်ကိုယ်ပြန်လည်မောင်းတင်ထားရန် လိုအပ်သည်။သို့သော် ကျနော်တို့ လျော့တိလျော့ရဲ။

လျော့လိုသာလျော့ရသည်။တလောက ပြည်ပခရီးသွားရာဇဝင်မရှိ၊ အတည်ပြုလူနာများနှင့် ထိစပ်မှုမရှိသော ကိုဗစ်လူနာသစ် ၃ ဦး တွေ့ရှိခဲ့သေးသည်။ဘယ်ကဘယ်လိုကူးစက်ခံရမှန်းမသိသဖြင့် ရောဂါလက္ခဏာထင်ရှားစွာမပြသောသူများထံမှ ကူးစက်ခံရခြင်းလားဟု တွေးကြည့်မိသည်။
နောက်ထပ်ဆက်၍တွေးကြည့်လျှင် ချက်ချင်းလက်ငင်း အဖျားသွေးဝင်နိုင်သည့်ကိန်းဖြစ်သည်။

သို့သော် ကျနော်ကြောက်ကြောက်နှင့် ဆက်တွေးကြည့်မိသည်။ရန်ကုန်လို လူဦးရေထူထပ်သောမြို့ကြီးတွင် ဘယ်ကဘယ်လိုကူးမှန်းမသိသော အတည်ပြုလူနာများ ထွက်ပေါ်လာခဲ့သော်…..။အကောင်းမြင်လွန်းသော မိတ်ဆွေတစ်ဦးက ယခုနောက်ပိုင်းပိုးတွေ့လူနာများကို ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ်များဖြင့် ပြန်လာကြသူများ၊ ဘင်္ဂလားဒေ့ရှ်မှ ခိုးဝင်လာသူများနှင့် ကချင်နှင့် ရှမ်းကဲ့သို့သော နယ်စပ်မြို့များတွင်သာတွေ့ရကြောင်း ယင်းတို့အနက် အများဆုံးတွေ့ရှိမှုမှာ ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်ဝင်လာကြသူများဖြစ်ပြီး ၎င်းတို့အား စနစ်တကျပြင်ပအထိအတွေ့ဖြတ်ထားသဖြင့် အဆင့်ဆင့်ကူးစက်ခံရမှုမရှိနိုင်ကြောင်း ယခုအခါ ရန်ကုန်၌ ရောဂါထိန်းချုပ်မှုပိုင်းဆိုင်ရာ တိုးတက်မှုရှိလာသဖြင့် stay at home အစီအစဉ်မှာ အင်းစိန်တစ်မြို့နယ်သာ ကျန်တော့ကြောင်းပြောသည်။

မိတ်ဆွေ၏အကောင်းမြင်မှုမှာ ရေပက်မဝင်အောင် ထောင့်စေ့လွန်းလှသော်လည်း အထက်ပါအခြေအနေများကြောင့် မြို့ကြီးများတွင် ကိုဗစ်အန္တရာယ်မရှိတော့ဟု မည်သူမျှ အာမ မခံနိုင်ကြောင်း ယခုဘေဂျင်းတွင် ထပ်မံကူးစက်မှုက သက်သေခံနေပေသည်။

ရန်ကုန်သည် ဘေဂျင်းလောက် လူဦးရေမထူထပ်သော်လည်း လူဦးရေပြည့်လျှံနေသော မြို့ကြီးတစ်မြို့ဖြစ်သည်။ဘေဂျင်းတွင် ကိုယ်ပိုင်ကားသိပ်များသလို မြေအောက်ရထားနှင့် လိုင်းကားများကို အားပြုစီးကြသူမနည်းလှပေ။ရန်ကုန်ပြည်သူများမှာလည်း လိုင်းကားနှင့် ရထားတွင် ကြိတ်ကြိတ်တိုးလျက်ရှိသည်။

လက်ရှိကာလတွင် ဘေဂျင်း မြေအောက်ရထားနှင့် လိုင်းကားများကို မည်သို့ကြပ်မတ်ထားသလဲ မသိသော်လည်း ရန်ကုန်တွင်မူ လုံးဝအဆီးအတားမရှိပေ။

လက်ရှိ ရန်ကုန်လမ်းမများသည် ပုံမှန်အခြေအနေသို့ရောက်ရန် သိပ်မလိုတော့သည့်အနေအထား ကားများထူထပ်လာပြီဖြစ်သည်။ခရီးသည်စီးနင်းမှုများလာခြင်းအရ YBS ယာဉ်ပြေးဆွဲမှု ပိုများလာသည်။ YBS ယာဉ်များပေါ် နှာခေါင်းစည်းတပ်ထားသူအများစုကို တွေ့ရသလို နှာခေါင်းစည်းမေးစေ့တွင်ချိတ်ထားသူလည်းမနည်း၊ နှာခေါင်းစည်းလုံးဝမပါသူများကိုလည်း တွေ့လာရပြီဖြစ်သည်။

ယခင်က ကျနော့်အလုပ်မှာ ရန်ကုန်မြို့တွင်းတွင်မို့ ဘုရင့်နောင်အောက်လမ်းအတိုင်း သခင်မြပန်းခြံသို့တစ်ဆင့်၊ သခင်မြမှသည် ရန်ကုန်မြို့တွင်းသို့ နောက်တစ်ဆင့်စီးရသည်။ယခင့်ယခင်တုန်းက ဘုရင့်နောင်အောက်လမ်းအတိုင်းပြေးသော ယာဉ်လိုင်းများမှာ စိတ်ချရသည့် social distancing အကွာအဝေးရှိသည်။မေလလယ်မှစတင်ကာ ကျပ်သည့်အနေအထားမဟုတ်သော်လည်း ခရီးသည် တစ်ဦးနှင့်တစ်ဦးကြား စိတ်ချရသည့်အကွာအဝေးမဟုတ်တော့။သခင်မြပန်းခြံမှ ရန်ကုန်မြို့တွင်းပြေး ကျပ် ၁၀၀ တန်ယာဉ်လိုင်းများမှာ ရုံးတက်ရုံးဆင်းချိန် ကားပေါ်လူကျပ်သည့်အဆင့်သို့ တက်လှမ်းလာခဲ့သည်။

ဇွန်ပထမပတ်တွင် ကျနော့်အလုပ်နေရာ မြေနီကုန်းဝန်းကျင်သို့ပြောင်းသဖြင့် လှိုင်သာယာ၊ ဘုရင့်နောင်အောက်လမ်းမှ မြေနီကုန်းသို့သွားသော YBS ၂၀ နှင့် ၈၅ တို့ကို ပြောင်းစီးရသည်။ယင်းလမ်းကြောင်းမှာ နဂိုကတည်းက ကားနည်းသဖြင့် အချိန်ပြည့်ကျပ်နေသောကားများဖြစ်သည်။
ယခုမနက် ၁၀ နာရီဝန်းကျင် ကျနော်စီးသည့်အချိန်မှာလည်း ခရီးသည်ချင်းတိုးဝှေ့စီးရသည့်အဆင့်ကျပ်သည်။နှာခေါင်းစည်းမေးစေ့ချိတ်ထားသူများနှင့် နှာခေါင်းစည်းလုံးဝမတပ်ထားသူ အနည်းငယ်ကိုလည်း တွေ့ရမြဲဖြစ်သည်။ထို့ကြောင့် ပိုးရှိသူတစ်ဦးတစ်ယောက်များ ကားပေါ်ပါလာပါက လေး၊ ငါး၊ ဆယ်ယောက်မက အသာလေးကူးနိုင်ခြေရှိသည်။

သို့သော် YBS ယာဉ်များကို ကြီးကြပ်ရသော YRTA ဟုဆိုသည့် ရန်ကုန်တိုင်းဒေသကြီး အများပြည်သူသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှာမူ အထက်ပါအခြေအနေမျိုးကိုသိပုံမရ၊ သိခဲ့လျှင်လည်း မသိချင်ယောင်ဆောင်နေမည့်သဘော။
ဘာကြောင့်ထိုသို့ပြောရတာလဲဆိုတော့ YRTA သည် ကိုဗစ် ကာလတစ်လျှောက် ထိရောက်စွာအာရုံစူးစိုက်စွာဖြင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်မှုနည်းပါးခြင်းကြောင့်ဖြစ်သည်။

YRTA အနေနှင့် ပြည်သူများအကြောက်တရားလေးလံနေသေးသည့်ကာလတုန်းက ယာဉ်မောင်းများ နှာခေါင်းစည်းတပ်ရန်၊ နှာခေါင်းစည်းမတပ်ထားသော ခရီးသည်များကို ယာဉ်ပေါ်တက်ခွင့်မပြုရန်၊ ယာဉ်များပေါ်ခပ်ခွါခွါနေကြရန် စသည်ဖြင့် YBS ယာဉ်များ လိုက်နာရန် ကြေညာချက်ထုတ်ပြန်ခဲ့တာမျိုးရှိသည်။

YRTA ၏ ထုတ်ပြန်ချက်အပေါ် မလိုက်နာကြတာတော့မဟုတ်။တိုင်းအစိုးရ ရှယ်ယာပါဝင်သော YUPT လက်အောက်ခံ ယာဉ်လိုင်းများနှင့် လူထုမိတ်ဆွေယာဉ်လိုင်းကဲ့သို့ ပုဂ္ဂလိကယာဉ်လိုင်းအနည်းငယ်က လိုက်နာကြသည်။ယာဉ်လိုင်းအများစုမှာမူ လုံးဝမလိုက်နာ။ယာဉ်မောင်းများ နှာခေါင်းစည်းမတပ်လျှင် အမှန်တကယ်အရေးယူမည်ဆိုသည့် တစ်ရက်၊ နှစ်ရက်တွင် ဂိတ်ရင်း၌ ယာဉ်မောင်းများ အမှန်အကန်နှာခေါင်းစည်းတပ်ထားကြပြီး ကားထွက်တာနှစ်မှတ်တိုင်လောက်ရောက်တော့ မေးစေ့၌ချိတ်လိုက်တော့သည်။

ယခုဆိုလျှင် အပြင်ထွက်လျှင် နှာခေါင်းစည်းတပ်ကိုတပ်ရမည်ဆိုသည့် ထုတ်ပြန်ချက်မှာ အသက်ဝင်နေဆဲဖြစ်သည်။အပြင်ထွက်သည့် များစွာသော ရန်ကုန်ပြည်သူတို့ နှာခေါင်းစည်းတပ်ကြသည်။နှာခေါင်းစည်းမတပ်သော YBS ယာဉ်မောင်းတို့မှာ ရိုက်သတ်လို့မကုန်။

ဘာကြောင့် ထိုသို့ဖြစ်ရသနည်း။ကြေညာချက်ကိုထုတ်ရုံသာထုတ်ပြီး ကြေညာချက်အတိုင်း အမှန်တကယ်လိုက်နာအောင် စွမ်းဆောင်ခြင်းမျိုးမရှိသောကြောင့်ဖြစ်သည်။ပြောရလျှင် ကြေညာချက်ကို လူကြားကောင်းရုံ ဟန်ပြထုတ်ခြင်းကြောင့်ဖြစ်သည်။

ရန်ကုန်မြို့တွင် လူစုလူဝေးများခြင်းကြောင့် ကိုဗစ်ကူးစက်နိုင်ခြေများသော နေရာနှစ်နေရာရှိသည်။ပထမတစ်နေရာမှာ ခရီးသည်တင်ယာဉ်များပေါ်ဖြစ်သည်။ YRTA အနေနှင့် ကိုဗစ်ကူးစက်မှုကာကွယ်ရေးလုပ်ငန်းများကို ကြေညာချက်ထုတ်ရုံ ဟန်ပြသာလုပ်နေသဖြင့် အန္တရာယ်များလှသောရပ်ဝန်းဟုဆိုလျှင် မမှားပေ။

နောက်ထပ်တစ်နေရာမှာ လုပ်သားအင်အားများလှသော စက်ရုံများဖြစ်သည်။စက်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ချမှတ်ထားသော ကိုဗစ်ကာကွယ်ရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ထားခြင်းရှိ၊ မရှိ သက်ဆိုင်ရာအာဏာပိုင်များက စစ်ဆေးပြီးမှဖွင့်ခွင့်ပြုခဲ့သော်လည်း စစ်တုန်းခဏ ဟန်ရေးပြပြီး ယခုနောက်ပိုင်းသွေးအေးလာသည်နှင့်အမျှ မည်မျှလျော့ရဲလာသလဲ မပြောတတ်။အာဏာပိုင်တို့၏ စစ်ဆေးမှုမှာလည်း တစ်ခါစစ်ခြင်းသည် တစ်သက်လုံးစာအတွက်ပုံစံမျိုး နောက်ထပ်ရှောင်တခင်စစ်ဆေးသည်ဟု မကြားမိသဖြင့် အခြေအနေအတိအကျကို မပြောနိုင်။မြန်မာစတိုင်အတိုင်း စစ်တုန်းခဏ ဟန်ရေးပြသည့် ပုံစံဆိုလျှင်တော့ ဆက်မတွေးဝံ့စရာ။

ဒါတွေကို ဘာလို့ရေးနေရသလဲဆိုတော့ ၂၀၂၀ ပြည့်နှစ်သည် ကျနော်တို့နိုင်ငံ၏ထူးခြားချက် ရွေးကောက်ပွဲရှိသောကြောင့်ဖြစ်သည်။တစ်မျိုးတစ်ဖုံပြောင်းလဲလာသော ကိုဗစ်အခြေအနေကြောင့် ရွေးကောက်ပွဲအပေါ် သက်ရောက်လာမည်စိုး၍ဖြစ်သည်။ရွေးကောက်ပွဲသည် ကျနော်တို့၏ အနာဂတ်၊ သွေးနု သားနုဒီမိုကရေစီအတွက် အမှားမခံ။ထို့ကြောင့် ကျနော်တို့၏အသိ၊ ကျနော်တို့၏သတိထဲတွင် ကိုဗစ်ကို လုံးဝမျက်ခြေမပြတ်၊ လုံးဝမပေါ့လျော့ကြရန် အထူးတလည်လိုအပ်နေသေးပါကြောင်း....။

လင်းဆက်ငြိမ်းချမ်း
ဇွန် - ၁၈

( Zawgyi )

ပထမကိုဗစ္လႈိင္းကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ က ၎၏လူမႈကြန္ရက္စာမ်က္ႏွာေပၚ ေရးသားခဲ့သည္။ထိုစာေရးသားသည့္အခ်ိန္က ဇြန္ ၁၅ ရက္ေန႔။က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ ဇြန္ ၁၅ ရက္ေန႔ ည ၈ နာရီထုတ္ျပန္ခ်က္တြင္ ယေန႔အတည္ျပဳလူနာသစ္မရွိ။စုစုေပါင္းအတည္ျပဳလူနာ ၂၆၂ ဦး။ကိုဗစ္ေရာဂါပိုးကင္းစင္သူ ၁၇၅ ဦးႏွင့္ ေသဆုံး ၆ ဦး။

ေဒၚေအာင္ဆန္းစုၾကည္ က ပထမကိုဗစ္လႈိင္းကို ေအာင္ျမင္စြာေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီဟုဆိုထားေသာ္လည္း တစ္ဆက္တည္းမွာပင္ ဒုတိယသည္ပိုခက္ခဲမည္ဟု ခန႔္မွန္းခ်က္မ်ားရွိေၾကာင္း ဆက္လက္ေရးသားသည္။ဘယ္သူေတြကခန႔္မွန္းသလဲဟုမေျပာ။ဘာ့ေၾကာင့္ပိုခက္ခဲမည္၊ ဘယ္ေလာက္ထိပိုခက္ခဲမည္ဟုလည္းမေျပာ။ကိုဗစ္ႏွင့္ပတ္သက္ၿပီး ေပါ့ေနေလ်ာ့ေနၿပီျဖစ္ေသာ ျပည္သူမ်ားကို မေပါ့ရဲမေလ်ာ့ရဲေလေအာင္ ဒုတိယကိုဗစ္လႈိင္းသည္ ပိုခက္ခဲမည္ဟု ေျပာလိုက္ျခင္းလည္းျဖစ္ႏိုင္သည္။

ေဒၚေအာင္ဆန္းစုၾကည္ ေျပာၾကားမႈႏွင့္တိုက္ဆိုင္စြာ ယခုရက္ပိုင္းအတြင္းမွာပင္ တ႐ုတ္ႏိုင္ငံ၏ၿမိဳ႕ေတာ္ ေဘဂ်င္း၌ ကိုဗစ္ကူးစက္မႈ တစ္ေက်ာ့ျပန္ေခါင္းေထာင္လာခဲ့သည္။၃ ရက္တာ စုစုေပါင္းအတည္ျပဳလူနာသစ္ ၁၀၀ ေက်ာ္ ေတြ႕ရွိခဲ့သည္ဟုဆိုေတာ့ က်ေနာ္တို႔ ျမန္မာႏိုင္ငံတြင္း ကူးစက္မႈစံႏႈန္းႏွင့္တိုင္းလွ်င္ ဘုရားတရမည့္ကိန္း။

ေဘဂ်င္းတြင္ ရက္ေပါင္း ၅၀ ေက်ာ္ၾကာ ေရာဂါကူးစက္မႈအသစ္ ထပ္မေတြ႕ေတာ့ၿပီးေနာက္ လက္ကားေဈးႀကီးတစ္ခု၌ ကူးစက္မႈအသစ္ျပန္လည္စတင္ျခင္းဟု သိရသည္။ယခုကူးစက္ခံရသူအမ်ားစုမွာ ေရာဂါလကၡဏာ ထင္ထင္ရွားရွားမေတြ႕ရသူမ်ားဟု ထပ္သိရျပန္သျဖင့္ ကိုဗစ္သည္ မာယာမ်ားလွေၾကာင္း ထပ္သိရျပန္သည္။ၿပီးေတာ့ ေန႔စဥ္မျပတ္ နာနာေတြးထားရန္လိုအပ္ေနေသာ ဒုတိယကိုဗစ္လႈိင္းကိစၥ။

ကာကြယ္ေဆးမေပၚမခ်င္း ဘယ္ႏိုင္ငံမဆို ဒုတိယကိုဗစ္လႈိင္းတင္မက တတိယကိုဗစ္လႈိင္းဆိုတာလည္း ရွိႏိုင္သည္ဆိုေတာ့ ကိုယ္စီကိုယ္ငွေလ်ာ့ရဲေနေသာ ကိုယ့္စိတ္ကိုယ္ျပန္လည္ေမာင္းတင္ထားရန္ လိုအပ္သည္။သို႔ေသာ္ က်ေနာ္တို႔ ေလ်ာ့တိေလ်ာ့ရဲ။

ေလ်ာ့လိုသာေလ်ာ့ရသည္။တေလာက ျပည္ပခရီးသြားရာဇဝင္မရွိ၊ အတည္ျပဳလူနာမ်ားႏွင့္ ထိစပ္မႈမရွိေသာ ကိုဗစ္လူနာသစ္ ၃ ဦး ေတြ႕ရွိခဲ့ေသးသည္။ဘယ္ကဘယ္လိုကူးစက္ခံရမွန္းမသိသျဖင့္ ေရာဂါလကၡဏာထင္ရွားစြာမျပေသာသူမ်ားထံမွ ကူးစက္ခံရျခင္းလားဟု ေတြးၾကည့္မိသည္။
ေနာက္ထပ္ဆက္၍ေတြးၾကည့္လွ်င္ ခ်က္ခ်င္းလက္ငင္း အဖ်ားေသြးဝင္ႏိုင္သည့္ကိန္းျဖစ္သည္။

သို႔ေသာ္ က်ေနာ္ေၾကာက္ေၾကာက္ႏွင့္ ဆက္ေတြးၾကည့္မိသည္။ရန္ကုန္လို လူဦးေရထူထပ္ေသာၿမိဳ႕ႀကီးတြင္ ဘယ္ကဘယ္လိုကူးမွန္းမသိေသာ အတည္ျပဳလူနာမ်ား ထြက္ေပၚလာခဲ့ေသာ္…..။အေကာင္းျမင္လြန္းေသာ မိတ္ေဆြတစ္ဦးက ယခုေနာက္ပိုင္းပိုးေတြ႕လူနာမ်ားကို ျပည္ပႏိုင္ငံမ်ားမွ ကယ္ဆယ္ေရးေလယာဥ္မ်ားျဖင့္ ျပန္လာၾကသူမ်ား၊ ဘဂၤလားေဒ့ရွ္မွ ခိုးဝင္လာသူမ်ားႏွင့္ ကခ်င္ႏွင့္ ရွမ္းကဲ့သို႔ေသာ နယ္စပ္ၿမိဳ႕မ်ားတြင္သာေတြ႕ရေၾကာင္း ယင္းတို႔အနက္ အမ်ားဆုံးေတြ႕ရွိမႈမွာ ကယ္ဆယ္ေရးေလယာဥ္ျဖင့္ ျပန္ဝင္လာၾကသူမ်ားျဖစ္ၿပီး ၎တို႔အား စနစ္တက်ျပင္ပအထိအေတြ႕ျဖတ္ထားသျဖင့္ အဆင့္ဆင့္ကူးစက္ခံရမႈမရွိႏိုင္ေၾကာင္း ယခုအခါ ရန္ကုန္၌ ေရာဂါထိန္းခ်ဳပ္မႈပိုင္းဆိုင္ရာ တိုးတက္မႈရွိလာသျဖင့္ stay at home အစီအစဥ္မွာ အင္းစိန္တစ္ၿမိဳ႕နယ္သာ က်န္ေတာ့ေၾကာင္းေျပာသည္။

မိတ္ေဆြ၏အေကာင္းျမင္မႈမွာ ေရပက္မဝင္ေအာင္ ေထာင့္ေစ့လြန္းလွေသာ္လည္း အထက္ပါအေျခအေနမ်ားေၾကာင့္ ၿမိဳ႕ႀကီးမ်ားတြင္ ကိုဗစ္အႏၲရာယ္မရွိေတာ့ဟု မည္သူမွ် အာမ မခံႏိုင္ေၾကာင္း ယခုေဘဂ်င္းတြင္ ထပ္မံကူးစက္မႈက သက္ေသခံေနေပသည္။

ရန္ကုန္သည္ ေဘဂ်င္းေလာက္ လူဦးေရမထူထပ္ေသာ္လည္း လူဦးေရျပည့္လွ်ံေနေသာ ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္သည္။ေဘဂ်င္းတြင္ ကိုယ္ပိုင္ကားသိပ္မ်ားသလို ေျမေအာက္ရထားႏွင့္ လိုင္းကားမ်ားကို အားျပဳစီးၾကသူမနည္းလွေပ။ရန္ကုန္ျပည္သူမ်ားမွာလည္း လိုင္းကားႏွင့္ ရထားတြင္ ႀကိတ္ႀကိတ္တိုးလ်က္ရွိသည္။

လက္ရွိကာလတြင္ ေဘဂ်င္း ေျမေအာက္ရထားႏွင့္ လိုင္းကားမ်ားကို မည္သို႔ၾကပ္မတ္ထားသလဲ မသိေသာ္လည္း ရန္ကုန္တြင္မူ လုံးဝအဆီးအတားမရွိေပ။

လက္ရွိ ရန္ကုန္လမ္းမမ်ားသည္ ပုံမွန္အေျခအေနသို႔ေရာက္ရန္ သိပ္မလိုေတာ့သည့္အေနအထား ကားမ်ားထူထပ္လာၿပီျဖစ္သည္။ခရီးသည္စီးနင္းမႈမ်ားလာျခင္းအရ YBS ယာဥ္ေျပးဆြဲမႈ ပိုမ်ားလာသည္။ YBS ယာဥ္မ်ားေပၚ ႏွာေခါင္းစည္းတပ္ထားသူအမ်ားစုကို ေတြ႕ရသလို ႏွာေခါင္းစည္းေမးေစ့တြင္ခ်ိတ္ထားသူလည္းမနည္း၊ ႏွာေခါင္းစည္းလုံးဝမပါသူမ်ားကိုလည္း ေတြ႕လာရၿပီျဖစ္သည္။

ယခင္က က်ေနာ့္အလုပ္မွာ ရန္ကုန္ၿမိဳ႕တြင္းတြင္မို႔ ဘုရင့္ေနာင္ေအာက္လမ္းအတိုင္း သခင္ျမပန္းၿခံသို႔တစ္ဆင့္၊ သခင္ျမမွသည္ ရန္ကုန္ၿမိဳ႕တြင္းသို႔ ေနာက္တစ္ဆင့္စီးရသည္။ယခင့္ယခင္တုန္းက ဘုရင့္ေနာင္ေအာက္လမ္းအတိုင္းေျပးေသာ ယာဥ္လိုင္းမ်ားမွာ စိတ္ခ်ရသည့္ social distancing အကြာအေဝးရွိသည္။ေမလလယ္မွစတင္ကာ က်ပ္သည့္အေနအထားမဟုတ္ေသာ္လည္း ခရီးသည္ တစ္ဦးႏွင့္တစ္ဦးၾကား စိတ္ခ်ရသည့္အကြာအေဝးမဟုတ္ေတာ့။သခင္ျမပန္းၿခံမွ ရန္ကုန္ၿမိဳ႕တြင္းေျပး က်ပ္ ၁၀၀ တန္ယာဥ္လိုင္းမ်ားမွာ ႐ုံးတက္႐ုံးဆင္းခ်ိန္ ကားေပၚလူက်ပ္သည့္အဆင့္သို႔ တက္လွမ္းလာခဲ့သည္။

ဇြန္ပထမပတ္တြင္ က်ေနာ့္အလုပ္ေနရာ ေျမနီကုန္းဝန္းက်င္သို႔ေျပာင္းသျဖင့္ လႈိင္သာယာ၊ ဘုရင့္ေနာင္ေအာက္လမ္းမွ ေျမနီကုန္းသို႔သြားေသာ YBS ၂၀ ႏွင့္ ၈၅ တို႔ကို ေျပာင္းစီးရသည္။ယင္းလမ္းေၾကာင္းမွာ နဂိုကတည္းက ကားနည္းသျဖင့္ အခ်ိန္ျပည့္က်ပ္ေနေသာကားမ်ားျဖစ္သည္။
ယခုမနက္ ၁၀ နာရီဝန္းက်င္ က်ေနာ္စီးသည့္အခ်ိန္မွာလည္း ခရီးသည္ခ်င္းတိုးေဝွ႔စီးရသည့္အဆင့္က်ပ္သည္။ႏွာေခါင္းစည္းေမးေစ့ခ်ိတ္ထားသူမ်ားႏွင့္ ႏွာေခါင္းစည္းလုံးဝမတပ္ထားသူ အနည္းငယ္ကိုလည္း ေတြ႕ရၿမဲျဖစ္သည္။ထို႔ေၾကာင့္ ပိုးရွိသူတစ္ဦးတစ္ေယာက္မ်ား ကားေပၚပါလာပါက ေလး၊ ငါး၊ ဆယ္ေယာက္မက အသာေလးကူးႏိုင္ေျခရွိသည္။

သို႔ေသာ္ YBS ယာဥ္မ်ားကို ႀကီးၾကပ္ရေသာ YRTA ဟုဆိုသည့္ ရန္ကုန္တိုင္းေဒသႀကီး အမ်ားျပည္သူသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈအာဏာပိုင္အဖြဲ႕မွာမူ အထက္ပါအေျခအေနမ်ိဳးကိုသိပုံမရ၊ သိခဲ့လွ်င္လည္း မသိခ်င္ေယာင္ေဆာင္ေနမည့္သေဘာ။
ဘာေၾကာင့္ထိုသို႔ေျပာရတာလဲဆိုေတာ့ YRTA သည္ ကိုဗစ္ ကာလတစ္ေလွ်ာက္ ထိေရာက္စြာအာ႐ုံစူးစိုက္စြာျဖင့္ ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားတြင္ ပူးေပါင္းပါဝင္မႈနည္းပါးျခင္းေၾကာင့္ျဖစ္သည္။

YRTA အေနႏွင့္ ျပည္သူမ်ားအေၾကာက္တရားေလးလံေနေသးသည့္ကာလတုန္းက ယာဥ္ေမာင္းမ်ား ႏွာေခါင္းစည္းတပ္ရန္၊ ႏွာေခါင္းစည္းမတပ္ထားေသာ ခရီးသည္မ်ားကို ယာဥ္ေပၚတက္ခြင့္မျပဳရန္၊ ယာဥ္မ်ားေပၚခပ္ခြါခြါေနၾကရန္ စသည္ျဖင့္ YBS ယာဥ္မ်ား လိုက္နာရန္ ေၾကညာခ်က္ထုတ္ျပန္ခဲ့တာမ်ိဳးရွိသည္။

YRTA ၏ ထုတ္ျပန္ခ်က္အေပၚ မလိုက္နာၾကတာေတာ့မဟုတ္။တိုင္းအစိုးရ ရွယ္ယာပါဝင္ေသာ YUPT လက္ေအာက္ခံ ယာဥ္လိုင္းမ်ားႏွင့္ လူထုမိတ္ေဆြယာဥ္လိုင္းကဲ့သို႔ ပုဂၢလိကယာဥ္လိုင္းအနည္းငယ္က လိုက္နာၾကသည္။ယာဥ္လိုင္းအမ်ားစုမွာမူ လုံးဝမလိုက္နာ။ယာဥ္ေမာင္းမ်ား ႏွာေခါင္းစည္းမတပ္လွ်င္ အမွန္တကယ္အေရးယူမည္ဆိုသည့္ တစ္ရက္၊ ႏွစ္ရက္တြင္ ဂိတ္ရင္း၌ ယာဥ္ေမာင္းမ်ား အမွန္အကန္ႏွာေခါင္းစည္းတပ္ထားၾကၿပီး ကားထြက္တာႏွစ္မွတ္တိုင္ေလာက္ေရာက္ေတာ့ ေမးေစ့၌ခ်ိတ္လိုက္ေတာ့သည္။

ယခုဆိုလွ်င္ အျပင္ထြက္လွ်င္ ႏွာေခါင္းစည္းတပ္ကိုတပ္ရမည္ဆိုသည့္ ထုတ္ျပန္ခ်က္မွာ အသက္ဝင္ေနဆဲျဖစ္သည္။အျပင္ထြက္သည့္ မ်ားစြာေသာ ရန္ကုန္ျပည္သူတို႔ ႏွာေခါင္းစည္းတပ္ၾကသည္။ႏွာေခါင္းစည္းမတပ္ေသာ YBS ယာဥ္ေမာင္းတို႔မွာ ႐ိုက္သတ္လို႔မကုန္။

ဘာေၾကာင့္ ထိုသို႔ျဖစ္ရသနည္း။ေၾကညာခ်က္ကိုထုတ္႐ုံသာထုတ္ၿပီး ေၾကညာခ်က္အတိုင္း အမွန္တကယ္လိုက္နာေအာင္ စြမ္းေဆာင္ျခင္းမ်ိဳးမရွိေသာေၾကာင့္ျဖစ္သည္။ေျပာရလွ်င္ ေၾကညာခ်က္ကို လူၾကားေကာင္း႐ုံ ဟန္ျပထုတ္ျခင္းေၾကာင့္ျဖစ္သည္။

ရန္ကုန္ၿမိဳ႕တြင္ လူစုလူေဝးမ်ားျခင္းေၾကာင့္ ကိုဗစ္ကူးစက္ႏိုင္ေျခမ်ားေသာ ေနရာႏွစ္ေနရာရွိသည္။ပထမတစ္ေနရာမွာ ခရီးသည္တင္ယာဥ္မ်ားေပၚျဖစ္သည္။ YRTA အေနႏွင့္ ကိုဗစ္ကူးစက္မႈကာကြယ္ေရးလုပ္ငန္းမ်ားကို ေၾကညာခ်က္ထုတ္႐ုံ ဟန္ျပသာလုပ္ေနသျဖင့္ အႏၲရာယ္မ်ားလွေသာရပ္ဝန္းဟုဆိုလွ်င္ မမွားေပ။

ေနာက္ထပ္တစ္ေနရာမွာ လုပ္သားအင္အားမ်ားလွေသာ စက္႐ုံမ်ားျဖစ္သည္။စက္႐ုံမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန ခ်မွတ္ထားေသာ ကိုဗစ္ကာကြယ္ေရးလုပ္ငန္းစဥ္မ်ား ေဆာင္႐ြက္ထားျခင္းရွိ၊ မရွိ သက္ဆိုင္ရာအာဏာပိုင္မ်ားက စစ္ေဆးၿပီးမွဖြင့္ခြင့္ျပဳခဲ့ေသာ္လည္း စစ္တုန္းခဏ ဟန္ေရးျပၿပီး ယခုေနာက္ပိုင္းေသြးေအးလာသည္ႏွင့္အမွ် မည္မွ်ေလ်ာ့ရဲလာသလဲ မေျပာတတ္။အာဏာပိုင္တို႔၏ စစ္ေဆးမႈမွာလည္း တစ္ခါစစ္ျခင္းသည္ တစ္သက္လုံးစာအတြက္ပုံစံမ်ိဳး ေနာက္ထပ္ေရွာင္တခင္စစ္ေဆးသည္ဟု မၾကားမိသျဖင့္ အေျခအေနအတိအက်ကို မေျပာႏိုင္။ျမန္မာစတိုင္အတိုင္း စစ္တုန္းခဏ ဟန္ေရးျပသည့္ ပုံစံဆိုလွ်င္ေတာ့ ဆက္မေတြးဝံ့စရာ။

ဒါေတြကို ဘာလို႔ေရးေနရသလဲဆိုေတာ့ ၂၀၂၀ ျပည့္ႏွစ္သည္ က်ေနာ္တို႔ႏိုင္ငံ၏ထူးျခားခ်က္ ေ႐ြးေကာက္ပြဲရွိေသာေၾကာင့္ျဖစ္သည္။တစ္မ်ိဳးတစ္ဖုံေျပာင္းလဲလာေသာ ကိုဗစ္အေျခအေနေၾကာင့္ ေ႐ြးေကာက္ပြဲအေပၚ သက္ေရာက္လာမည္စိုး၍ျဖစ္သည္။ေ႐ြးေကာက္ပြဲသည္ က်ေနာ္တို႔၏ အနာဂတ္၊ ေသြးႏု သားႏုဒီမိုကေရစီအတြက္ အမွားမခံ။ထို႔ေၾကာင့္ က်ေနာ္တို႔၏အသိ၊ က်ေနာ္တို႔၏သတိထဲတြင္ ကိုဗစ္ကို လုံးဝမ်က္ေျခမျပတ္၊ လုံးဝမေပါ့ေလ်ာ့ၾကရန္ အထူးတလည္လိုအပ္ေနေသးပါေၾကာင္း....။

လင္းဆက္ၿငိမ္းခ်မ္း
ဇြန္ - ၁၈