【 ဆောင်းပါး 】 “ခပ်ညံ့ညံ့အစိုးရကို ပြည်သူတွေ မလိုချင်တော့ပါ”

【 ဆောင်းပါး 】 “ခပ်ညံ့ညံ့အစိုးရကို ပြည်သူတွေ မလိုချင်တော့ပါ”

ပြောရမယ်ဆို ဒီနှစ်ကာလတွေမှာ ကျွန်တော်တို့တိုင်းပြည်အတွက် တရားဥပဒေ မစိုးမိုးနိုင်တဲ့ ဖြစ်ရပ်တွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။နေပြည်တော်က မူကြိုကျောင်း သက်ငယ်မုဒိမ်းမှု အပါအဝင်၊ တစ်နိုင်ငံလုံးမှာ ဖြစ်နေကြတဲ့ သက်ငယ်မုဒိမ်းမှုတွေ၊ နေရာတိုင်းမှာ လူသတ်မှုတွေ၊ အမည်မသိ အုပ်စုဖွဲ့ ဓားတွေတုတ်တွေနဲ့ ရိုက်မှုတွေ၊ ဖမ်းမမိနိုင်တဲ့ ဝရမ်းပြေးမှုတွေ၊ ဆန္ဒပြမှုတွေနဲ့ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေအရပ်ရပ်ဟာ ရှုပ်ထွေးနေပါပြီ။ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ ခေတ်နှစ်ခေတ် အပြောင်းအလဲကာလမှာ အားပြိုင်မှုတွေ၊ စိန်ခေါ်မှုတွေ ကြီးမားနေပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၁၉ နှစ်ဦးပိုင်းကာလတွေ ရောက်ရှိလာကတည်းက နိုင်ငံရေးအခြေအနေတွေ ပိုပြီးရှုပ်ထွေးလာပါတယ်။ဒီကာလမှာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ၊ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရပြီး တက်လာတဲ့ အန်အယ်ဒီအစိုးရအတွက် ဖြေရှင်းရခက်ခဲတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။အန်အယ်ဒီအစိုးရဟာ အာဏာရခဲ့တာ သုံးနှစ်ကျော်ရှိနေခဲ့ပါပြီ။ဒီလိုအရှုပ်အထွေးတွေရဲ့ အခြေခံဇာစ်မြစ်ကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လို့ ပြောရမှာပါ။ဒါပေမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူတွေရွေးချယ်ပြီး နိုင်ငံတော်တာဝန် ပေးအပ်လိုက်တဲ့ ပြည်သူ့အစိုးရမှာလည်း တာဝန်ရှိနေပါတယ်။

ပြောခဲ့တဲ့အမှုအခင်းတွေ အပါအဝင် မတရားပြုကျင့်မှုတွေကို တရားသဖြင့် ကိုင်တွယ်မဖြေရှင်းနိုင်ကြတော့ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးဟာ တရားဥပဒေစိုးမိုးမှု ပျောက်ဆုံးနေတဲ့ နိုင်ငံအဖြစ် ပြည်သူတွေ မြင်နေကြပါပြီ။ဒီ တရားဥပဒေစိုးမိုးမှု မရှိခြင်းဟာ ပြည်သူတွေကို အကြောက်တရားဆီရောက်အောင် တွန်းပို့ခံနေပါတယ်။
ပြည်သူတွေ ရွေးချယ်တင်မြောက်လိုက်တဲ့ ပြည်သူ့အစိုးရတစ်ရပ်အနေနဲ့ အရင်စစ်အဏာရှင်အစိုးရ လက်ထက်က ဖျက်ဆီးပစ်ခဲ့တဲ့ အရာတွေကို အဓိကထားပြီး ကိုယ်တွယ်ဖြေရှင်းရမယ့် တာဝန်ရှိနေပါတယ်။

စစ်အာဏာရှင်လက်ထက်မှာ လူသားတစ်ယောက်အတွက် အခြေခံရယူပိုင်ခွင့် အပါအဝင်၊ လူသားချင်း ကိုယ်ချင်းစာတရား ထားတတ်မှု၊ ရိုင်းပင်းကူညီတတ်မှုတွေက အစ အကုန်ဖျက်ဆီးခံခဲ့ရတာပါ။အရေးကြီးဆုံး တစ်ခုကတော့ တရားဥပဒေကို လိုက်နာကျင့်သုံးတတ်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို ဖျောက်ကွယ်ပစ်ခဲ့တာပဲ ဖြစ်ပါတယ်။အခုအချိန်မှာ အဲဒီအကျိုးဆိုးကို ပြည်သူတွေ ခံစားနေရပါပြီ။စစ်အာဏာရှင်တွေ တိုင်းပြည်ဖျက်ခဲ့တဲ့ အရှိန်အဟုန်အားကိုယူပြီး စစ်အာဏာရှင်စနစ် ပြန်ဖော်ချင်နေကြတဲ့ တိုင်းပြည်သစ္စာဖောက်တွေ လောက်ကောင်တွေကလည်း တိုင်းပြည် တရားဥပဒေစိုးမိုးမှု မရှိအောင် အစီအစဉ်ကျကျ ဖော်ဆောင်နေကြတာတွေကို တွေ့နေရပါတယ်။

ဒီလိုတိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု မရှိအောင် လုပ်ဆောင်နေကြတာဟာ တိုင်းပြည်ကို ချောက်ထဲတွန်းချနေကြတာပဲ ဖြစ်ပါတယ်။တရားဥပဒေစိုးမိုးမှုမရှိရင် အဲဒီနိုင်ငံ ကျဆုံးခြင်းပါပဲ။ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှုမရှိ၊ တရားမှုတွေမရှိနိုင်တဲ့ အခြေအနေတွေကို သိနေပြီး ပြည်သူ့အစိုးရအနေနဲ့ သတ္တိရှိရှိ ကိုင်တွယ်နိုင်ရတော့မှာပါ။အခုလက်ရှိအနေအထားအရ ပြည်သူတွေရွေးချယ်ပြီး တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရအနေနဲ့ အခြေခံကျတဲ့ တိုင်းပြည်တွင်းမှာ တရားဥပဒေစိုးမိုးရေးကို မကိုင်တွယ်နိုင်သေးပါဘူး။

ဒီသုံးနှစ်ကျော်ကာလအတွင်းမှာ ၂၀၁၅ ရွေးကောက်ပွဲ မဝင်ခင်က ပြည်သူတွေကို ပြောခဲ့တဲ့စကားတွေ၊ ပေးခဲ့တဲ့ကတိတွေကို အောင်မြင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ရွေးကောက်ပွဲ အနိုင်ရလိုမှုနဲ့ အန်အယ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြည်သူတိုင်းရင်းသားတွေကို ပြောခဲ့တဲ့စကားတွေ၊ ပေးခဲ့တဲ့ကတိတွေကို ပြည်သူနဲ့ တိုင်းရင်းသားတွေက ပြန်ပြီးမေးခွန်းထုတ်နေကြပါပြီ။

ဒေါ်အောင်ဆန်းစုကြည် အတိုက်အခံပါတီခေါင်းဆောင် အခြေအနေကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့တဲ့ ကာလတုန်းက တွေ့ကြုံခဲ့ရတဲ့ ခက်ခဲမှုတွေထက် အခု အာဏာရအစိုးရခေါင်းဆောင် ဖြစ်လာတဲ့ သုံးနှစ်တာကာလမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေက ပိုကြီးမားနေပါတယ်။အတိုက်အခံဘဝမှာ သူမဟာ နိုင်ငံတကာက လေးစားတန်ဖိုးထားခံခဲ့ရပါတယ်။ဒီမိုကရေစီအရေးနဲ့ လူ့အခွင့်အရေးတွေရဲ့ အိုင်ကွန်တစ်ယောက်အဖြစ်တောင် အသိအမှတ်ပြုခံခဲ့ရပါတယ်။အာဏာရအစိုးရရဲ့ ခေါင်းဆောင်ဖြစ်လာတဲ့အချိန်မှာ နိုင်ငံတကာက ပေးအပ်ချီးမြှင့်ခဲ့တဲ့ဆုတွေ၊ ဘွဲ့တွေတောင် ပြန်ရုတ်သိမ်းခံရတဲ့အထိ ခက်ခဲတဲ့စိန်ခေါ်မှုတွေကို တွေ့ကြုံနေရပါပြီ။နိုင်ငံတကာက မယုံကြည်မလေးစားမှုတွေကို ထားလိုက်ပါဦး။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း တိုင်းရင်းသားပြည်သူတွေရဲ့ အားကိုးယုံကြည်မှုတွေ တဖြေးဖြေးနဲ့ လျော့ပါးလာပါပြီ။(ကယားပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ကရင်နီလူငယ်အင်အားစုတွေရဲ့ အင်အယ်ဒီအစိုးရနဲ့ မပူးပေါင်း၊ မဆောင်ရွက်၊ မဲမပေးရေး ဆိုတဲ့ မသုံးလုံးကြေညာချက်ကိုကြည့်ရင် သိနိုင်ပါတယ်)။အခုအချိန်ဟာ ခေတ်အပြောင်းအလဲကာလဆိုတာကို ပြည်သူတွေ နားလည်နေကြပါတယ်။ခေတ်တစ်ခုကနေ ခေတ်တစ်ခုကို ပြောင်းလဲပြီး ခေတ်ကို အသစ်တည်ဆောက်ဖို့အတွက် ခက်ခဲမယ်ဆိုတာလည်း သိနေကြပါတယ်။ပြည်သူတွေ သည်းခံနေကြပါတယ်။

အဲဒီလို သည်းခံနေခြင်းကလည်း စစ်အာဏာရှင်ခေတ်ကို ပြန်မရောက်ချင်သလို ခေတ်အပြောင်းအလဲကို ဦးဆောင်ပြီး ခေတ်သစ်တစ်ခုကို ပြန်လည်တည်ဆောက်ပေးမယ့် ဒေါ်အောင်ဆန်းစုကြည် ကို အခုအချိန်ထိ ထောက်ခံပေးနေကြတဲ့ ပြည်သူတွေ ရှိနေသေးတယ်ဆိုတာ မငြင်းနိုင်တဲ့အချက်ပါ။

ရရှိလာမယ့် အခွင့်အရေးကို မျှော်လင့်နေကြတာလည်း မငြင်းနိုင်ပါဘူး။ပြည်သူတွေဟာ နားလည်လာတဲ့ ဒီမိုကရေစီစနစ်မှာ လူ့အခွင့်အရေးဆိုတာ ရရှိလာတော့မယ်လို့ ယုံကြည်နေသလို ကြုံတွေ့နေရတဲ့ ဆင်းရဲကျပ်တည်းမှုတွေ အနည်းငယ်လွတ်မြောက်တော့မယ်လို့လည်း မျှော်လင့်ယုံကြည်နေကြပါတယ်။

ပြည်သူတွေ မျှော်လင့်နေတာ အနိမ့်ဆုံးပါ။လူသားတစ်ယောက်ရဲ့ ဘဝကို လူသားပီပီ ပြန်လည်နေထိုင်နိုင်ဖို့ပါ။ဘဝလုံခြုံမှုကို ရချင်ကြတာပါ။အေးချမ်းစွာနေထိုင်ပြီး အေးချမ်းစွာ ရှာဖွေစားသောက်ခွင့် ဆိုတာလောက်ပါပဲ။ဒီလိုအခြေခံနိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်ရှိတဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ အေးချမ်းလုံခြုံတဲ့ နေထိုင်မှုတွေတောင် ပြည်သူတွေ သံသယဖြစ်နေကြရပါပြီ။တရားဥပဒေစိုးမိုးမှုမဲ့အောင် လုပ်ဆောင်နေသူတွေ အခုထက်ပိုများလာပြီး သူတို့ရဲ့ တိုင်းပြည်ဖျက် အစီအစဉ်တွေ ကြီးထွားလာမယ်ဆိုရင် ပြည်သူ့အစိုးရဆိုတာကို ပြည်သူတွေ ပိုစိတ်ပျက်နေကြရမှာပါ။

နောက်ဆုံး ပြည်သူတွေဟာ သူတို့အားကိုးအားထားပြုနိုင်မယ်ဆိုပြီး မျှော်လင့်ချက်ထားပြီး နိုင်ငံရေးကို စိတ်ပါဝင်စားခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူတွေက တိုင်းပြည်အတွင်းမှာ တရားဥပဒေစိုးမိုးမှုအပေါ် မယုံကြည်ကြတဲ့အခါ နိုင်ငံရေးဆိုတာကိုလည်း စိတ်ဝင်စားတော့မှာ မဟုတ်တော့ပါဘူး။တရားဥပဒေမဲ့ပြီး အမှောင်ထဲရောက်နေတဲ့ တိုင်းပြည်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်ဟာ သုညဖြစ်ခဲ့ပါတယ်။နိုင်ငံရေးရေချိန် အောက်ဆုံးအထိ ကျဆင်းနေတဲ့ တိုင်းပြည်ဟာ တဖြေးဖြေး ပြည်သူတွေ မယုံကြည်တော့တဲ့ ပြည်သူ့အစိုးရ ဖြစ်သွားပါလိမ့်မယ်။ပြည်သူ့အစိုးရဆိုတာလည်း ကျဆုံးသွားရပါလိမ့်မယ်။တိုင်းပြည်ရဲ့ ကျဆုံးခြင်းဟာ ပြည်သူတွေအတွက် ဆင်းရဲတွင်းထဲ ကျသွားရခြင်းပါ။

တိုင်းပြည်တစ်ခုမှာ နိုင်ငံရေးရေချိန်ကျခြင်းဟာ အန္တရာယ်လည်း အလွန်ကြီးပါတယ်။အခု နိုင်ငံရဲ့အခြေအနေဟာ ပိုပြီးစိုးရိမ်စရာတွေ ဖြစ်လာပါပြီ။တရားမှုနဲ့ မတရားမှုတွေကို ယှဉ်ကြည့်လိုက်မယ်ဆိုရင် မတရားမှုတွေက ပိုများနေတာ တွေ့မြင်ရပါတယ်။ပြည်သူတွေလည်း မတရားမှုတွေများနေတဲ့ ကာလကြီးမှာ နေထိုင်သွားလာမှုတွေ မလုံခြုံကြတော့ပါဘူး။ဒါ့အပြင် ကိုယ့်အိမ်တွင်းမှာ တံခါးပိတ်ပြီးနေရင်တောင်မှ ဘယ်အချိန်လာသတ်သွားမလဲ၊ ဘယ်အချိန် အိမ်တွင်းမှာ မုဒိမ်းမှုကြုံတွေ့ရမလဲ၊ ဘယ်အချိန် အနုကြမ်းဝင်စီးမလဲ စတဲ့ ကြောက်လန့်မှုတွေနဲ့ အချိန်တိုင်း စိုးရိမ်ထိတ်လန့်မှုတွေ ရှိနေရပါပြီ။

ပြောမယ်ဆိုရင် ပြည်သူအများစုကြီးဟာ ဆင်းရဲတွင်းထဲကို ကျနေပါတယ်။ငွေကြေးဓနအရ ဆင်းရဲနေသလို၊ ပညာမတတ်၊ အသိဉာဏ်မဲ့သူတွေ၊ ဆင်ခြင်တုံတရား ပျောက်ဆုံးနေသူတွေ များနေပါတယ်။ကလေးအရွယ်လေးတွေကို ကာမရမ္မက်နဲ့ မုဒိမ်းကျင့်နေကြတာတွေကိုကြည့်ရင် သိနိုင်ပါတယ်။လူတစ်ယောက်ရဲ့ စာနာမှုတွေ၊ အသိဉာဏ်တွေပါ ပျောက်ဆုံးနေပါပြီ။ဒီလိုဖြစ်ပျက်နေတာတွေကို ကြည့်မယ်ဆိုရင် တိုင်းပြည်မှာ တရားဥပဒေမဲ့နေလို့ ဖြစ်ပါတယ်။တိုင်းပြည်ပျက်ကြီးကို ပြန်တည်ဆောက်မယ်ဆိုရင် ပျက်ယွင်းနေတဲ့ လူ့စိတ် (ပြည်သူတွေရဲ့စိတ်) တွေကို အရင်လေ့လာပြီး ပြင်ဆင်ရမှာပါ။

ဒီလိုပြင်ဆင်နိုင်ဖို့အတွက် အဓိကထားပြီး တည်ငြိမ်မှုရှိအောင် တည်ဆောက်ရမှာက တရားဥပဒေစိုးမိုးရေးပါပဲ။အရင်စစ်အာဏာရှင်တွေ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေအရ တိုင်းပြည်တစ်ပြည်မှာ အစိုးနှစ်ရပ် ရှိနေတယ်ဆိုရင်တောင်၊ ပြည်သူရွေးချယ် တင်မြှောက်လိုက်တဲ့ ပြည်သူ့အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးအတွက် တိုက်ယူနိုင်ရပါလိမ့်မယ်။ဒီလိုအခြေခံလူသားတစ်ယောက် (သို့မဟုတ်) နိုင်ငံသားတစ်ယောက်ရဲ့ ရယူပိုင်ခွင့်အတွက် ပြည်သူတွေရဲ့ မျက်နှာရှေးရှုပြီး ဘယ်လိုအခက်အခဲရှိပါစေ ရအောင်ဖန်တီးယူနိုင်ရမှာပါ။ပြည်ထဲရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်ဘက်အောက်မှာ ရှိနေတယ်ဆိုရင်လည်း၊ တိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးရှိနိုင်အောင် အရပ်သား ပြည်သူ့အစိုးရမှာ တာဝန်ရှိနေပါတယ်။ရွေးကောက်ပွဲအနိုင်ရရှိပြီး အစိုးရဖွဲ့နိုင်ကတည်းက ဒီဖြစ်ပေါ်လာမယ့် အဖျက်အမှောင့်တွေ၊ အတားအဆီးတွေကို ကြိုတွက်ထားနိုင်ပြီး ဖြေရှင်းနိုင်မယ့် နည်းဗျူဟာတွေကို ချမှတ်ထားရမှာပါ။

နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်တစ်ခုမှာ မဟာဗျူဟာချမှတ်မှု မှန်ကန်ရေး၊ မဟာဗျူဟာမှူး ဦးဆောင်နိုင်ရေးအတွက်၊ မရှိမဖြစ်လိုအပ်နေတဲ့ အရည်အချင်းတွေပြည့်ဝရေး (နေရာမှန်တွေအတွက် နည်းဗျူဟာမှူးတွေ ရွေးချယ်ခန့်ထားပြီး နည်းဗျူဟာမှူးတွေကို စီမံခန့်ခွဲရေး)၊ ထောက်ခံသူကန့်ကွက်သူတွေကို အမြင်ရှင်းရှင်းလင်းလင်း သိမြင်နားလည်မှုရှိနိုင်ရေး၊ လက်ရှိအခြေအနေကို ပီပီပြင်ပြင် သရုပ်ခွဲခြားဆန်းစစ်နိုင်ရေးတွေ ပါဝင်နေပါ တယ်။အခုအချိန်မှာ အရေးကြီးလိုအပ်နေတာက တိုင်းပြည်မှာ တရားဥပဒေစိုးမိုးမှု ပြန်ရရှိအောင် တိုက်ယူနိုင်ဖို့ပါ။

ပြောမယ်ဆိုရင် တိုင်းပြည်တည်ငြိမ်မှုမရှိအောင် လုပ်ဆောင်နေကြသူတွေဟာ ဘယ်သူတွေလဲဆိုတာ သိဖို့၊ သိနေရင်လည်း တားဆီးနိုင်ဖို့ ပြည်သူ့အစိုးရ အကြီးအကဲတွေ သတ္တိရှိရတော့မှာပါ။အခုမြင်တွေ့နေရတာက တိုင်းပြည်မှာ အဆိုးရွားဆုံးဖြစ်ပေါ်နေတဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေကို သတ္တိရှိရှိ ကိုင်တွယ်လုပ်ဆောင်မှုတွေ မတွေ့ရပါဘူး။ဒီလို ပြည်သူတွေရဲ့ အကြောက်တရားတွေကို နေ့စဉ်ဖြစ်ပေါ်နေစေမယ့် တရားဥပဒေစိုးမိုးမှု မဲ့နေတာတွေအတွက် သတ္တိရှိရှိ၊ မားမားမတ်မတ် ရပ်တည်ပြနိုင်မယ့် အစိုးရဖြစ်ဖို့ လိုအပ်နေပြီလို့ ပြောချင်ပါတယ်။

မြတ်လှိုင်း
ဇူလိုင် - ၁၃

( Zawgyi )

ေျပာရမယ္ဆို ဒီႏွစ္ကာလေတြမွာ ကြၽန္ေတာ္တို႔တိုင္းျပည္အတြက္ တရားဥပေဒ မစိုးမိုးႏိုင္တဲ့ ျဖစ္ရပ္ေတြ ေန႔စဥ္ႀကဳံေတြ႕ေနရပါတယ္။ေနျပည္ေတာ္က မူႀကိဳေက်ာင္း သက္ငယ္မုဒိမ္းမႈ အပါအဝင္၊ တစ္ႏိုင္ငံလုံးမွာ ျဖစ္ေနၾကတဲ့ သက္ငယ္မုဒိမ္းမႈေတြ၊ ေနရာတိုင္းမွာ လူသတ္မႈေတြ၊ အမည္မသိ အုပ္စုဖြဲ႕ ဓားေတြတုတ္ေတြနဲ႔ ႐ိုက္မႈေတြ၊ ဖမ္းမမိႏိုင္တဲ့ ဝရမ္းေျပးမႈေတြ၊ ဆႏၵျပမႈေတြနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အေျခအေနအရပ္ရပ္ဟာ ရႈပ္ေထြးေနပါၿပီ။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ ေခတ္ႏွစ္ေခတ္ အေျပာင္းအလဲကာလမွာ အားၿပိဳင္မႈေတြ၊ စိန္ေခၚမႈေတြ ႀကီးမားေနပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ၂၀၁၉ ႏွစ္ဦးပိုင္းကာလေတြ ေရာက္ရွိလာကတည္းက ႏိုင္ငံေရးအေျခအေနေတြ ပိုၿပီးရႈပ္ေထြးလာပါတယ္။ဒီကာလမွာ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ၊ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရၿပီး တက္လာတဲ့ အန္အယ္ဒီအစိုးရအတြက္ ေျဖရွင္းရခက္ခဲတဲ့ ျပႆနာေတြနဲ႔ ရင္ဆိုင္ေနရပါတယ္။အန္အယ္ဒီအစိုးရဟာ အာဏာရခဲ့တာ သုံးႏွစ္ေက်ာ္ရွိေနခဲ့ပါၿပီ။ဒီလိုအရႈပ္အေထြးေတြရဲ႕ အေျခခံဇာစ္ျမစ္ကို ၾကည့္မယ္ဆိုရင္ ဖြဲ႕စည္းပုံ အေျခခံဥပေဒေၾကာင့္လို႔ ေျပာရမွာပါ။ဒါေပမယ့္ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ျပည္သူေတြေ႐ြးခ်ယ္ၿပီး ႏိုင္ငံေတာ္တာဝန္ ေပးအပ္လိုက္တဲ့ ျပည္သူ႔အစိုးရမွာလည္း တာဝန္ရွိေနပါတယ္။

ေျပာခဲ့တဲ့အမႈအခင္းေတြ အပါအဝင္ မတရားျပဳက်င့္မႈေတြကို တရားသျဖင့္ ကိုင္တြယ္မေျဖရွင္းႏိုင္ၾကေတာ့ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံႀကီးဟာ တရားဥပေဒစိုးမိုးမႈ ေပ်ာက္ဆုံးေနတဲ့ ႏိုင္ငံအျဖစ္ ျပည္သူေတြ ျမင္ေနၾကပါၿပီ။ဒီ တရားဥပေဒစိုးမိုးမႈ မရွိျခင္းဟာ ျပည္သူေတြကို အေၾကာက္တရားဆီေရာက္ေအာင္ တြန္းပို႔ခံေနပါတယ္။
ျပည္သူေတြ ေ႐ြးခ်ယ္တင္ေျမာက္လိုက္တဲ့ ျပည္သူ႔အစိုးရတစ္ရပ္အေနနဲ႔ အရင္စစ္အဏာရွင္အစိုးရ လက္ထက္က ဖ်က္ဆီးပစ္ခဲ့တဲ့ အရာေတြကို အဓိကထားၿပီး ကိုယ္တြယ္ေျဖရွင္းရမယ့္ တာဝန္ရွိေနပါတယ္။

စစ္အာဏာရွင္လက္ထက္မွာ လူသားတစ္ေယာက္အတြက္ အေျခခံရယူပိုင္ခြင့္ အပါအဝင္၊ လူသားခ်င္း ကိုယ္ခ်င္းစာတရား ထားတတ္မႈ၊ ႐ိုင္းပင္းကူညီတတ္မႈေတြက အစ အကုန္ဖ်က္ဆီးခံခဲ့ရတာပါ။အေရးႀကီးဆုံး တစ္ခုကေတာ့ တရားဥပေဒကို လိုက္နာက်င့္သုံးတတ္တဲ့ ႏိုင္ငံသားတစ္ေယာက္ရဲ႕ တာဝန္ဝတၱရားေတြကို ေဖ်ာက္ကြယ္ပစ္ခဲ့တာပဲ ျဖစ္ပါတယ္။အခုအခ်ိန္မွာ အဲဒီအက်ိဳးဆိုးကို ျပည္သူေတြ ခံစားေနရပါၿပီ။စစ္အာဏာရွင္ေတြ တိုင္းျပည္ဖ်က္ခဲ့တဲ့ အရွိန္အဟုန္အားကိုယူၿပီး စစ္အာဏာရွင္စနစ္ ျပန္ေဖာ္ခ်င္ေနၾကတဲ့ တိုင္းျပည္သစၥာေဖာက္ေတြ ေလာက္ေကာင္ေတြကလည္း တိုင္းျပည္ တရားဥပေဒစိုးမိုးမႈ မရွိေအာင္ အစီအစဥ္က်က် ေဖာ္ေဆာင္ေနၾကတာေတြကို ေတြ႕ေနရပါတယ္။

ဒီလိုတိုင္းျပည္မွာ တရားဥပေဒစိုးမိုးမႈ မရွိေအာင္ လုပ္ေဆာင္ေနၾကတာဟာ တိုင္းျပည္ကို ေခ်ာက္ထဲတြန္းခ်ေနၾကတာပဲ ျဖစ္ပါတယ္။တရားဥပေဒစိုးမိုးမႈမရွိရင္ အဲဒီႏိုင္ငံ က်ဆုံးျခင္းပါပဲ။ဒီတိုင္းျပည္မွာ တရားဥပေဒစိုးမိုးမႈမရွိ၊ တရားမႈေတြမရွိႏိုင္တဲ့ အေျခအေနေတြကို သိေနၿပီး ျပည္သူ႔အစိုးရအေနနဲ႔ သတၱိရွိရွိ ကိုင္တြယ္ႏိုင္ရေတာ့မွာပါ။အခုလက္ရွိအေနအထားအရ ျပည္သူေတြေ႐ြးခ်ယ္ၿပီး တင္ေျမႇာက္လိုက္တဲ့ ျပည္သူ႔အစိုးရအေနနဲ႔ အေျခခံက်တဲ့ တိုင္းျပည္တြင္းမွာ တရားဥပေဒစိုးမိုးေရးကို မကိုင္တြယ္ႏိုင္ေသးပါဘူး။

ဒီသုံးႏွစ္ေက်ာ္ကာလအတြင္းမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲ မဝင္ခင္က ျပည္သူေတြကို ေျပာခဲ့တဲ့စကားေတြ၊ ေပးခဲ့တဲ့ကတိေတြကို ေအာင္ျမင္ေအာင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔ မစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ေ႐ြးေကာက္ပြဲ အႏိုင္ရလိုမႈနဲ႔ အန္အယ္ဒီပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က ျပည္သူတိုင္းရင္းသားေတြကို ေျပာခဲ့တဲ့စကားေတြ၊ ေပးခဲ့တဲ့ကတိေတြကို ျပည္သူနဲ႔ တိုင္းရင္းသားေတြက ျပန္ၿပီးေမးခြန္းထုတ္ေနၾကပါၿပီ။

ေဒၚေအာင္ဆန္းစုၾကည္ အတိုက္အခံပါတီေခါင္းေဆာင္ အေျခအေနကို ေအာင္ျမင္စြာျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့ ကာလတုန္းက ေတြ႕ႀကဳံခဲ့ရတဲ့ ခက္ခဲမႈေတြထက္ အခု အာဏာရအစိုးရေခါင္းေဆာင္ ျဖစ္လာတဲ့ သုံးႏွစ္တာကာလမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြက ပိုႀကီးမားေနပါတယ္။အတိုက္အခံဘဝမွာ သူမဟာ ႏိုင္ငံတကာက ေလးစားတန္ဖိုးထားခံခဲ့ရပါတယ္။ဒီမိုကေရစီအေရးနဲ႔ လူ႔အခြင့္အေရးေတြရဲ႕ အိုင္ကြန္တစ္ေယာက္အျဖစ္ေတာင္ အသိအမွတ္ျပဳခံခဲ့ရပါတယ္။အာဏာရအစိုးရရဲ႕ ေခါင္းေဆာင္ျဖစ္လာတဲ့အခ်ိန္မွာ ႏိုင္ငံတကာက ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့ဆုေတြ၊ ဘြဲ႕ေတြေတာင္ ျပန္႐ုတ္သိမ္းခံရတဲ့အထိ ခက္ခဲတဲ့စိန္ေခၚမႈေတြကို ေတြ႕ႀကဳံေနရပါၿပီ။ႏိုင္ငံတကာက မယုံၾကည္မေလးစားမႈေတြကို ထားလိုက္ပါဦး။

ျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေျခအေနေတြကို ျပန္ၾကည့္မယ္ဆိုရင္လည္း တိုင္းရင္းသားျပည္သူေတြရဲ႕ အားကိုးယုံၾကည္မႈေတြ တေျဖးေျဖးနဲ႔ ေလ်ာ့ပါးလာပါၿပီ။(ကယားျပည္နယ္မွာ ျဖစ္ေပၚေနတဲ့ ကရင္နီလူငယ္အင္အားစုေတြရဲ႕ အင္အယ္ဒီအစိုးရနဲ႔ မပူးေပါင္း၊ မေဆာင္႐ြက္၊ မဲမေပးေရး ဆိုတဲ့ မသုံးလုံးေၾကညာခ်က္ကိုၾကည့္ရင္ သိႏိုင္ပါတယ္)။အခုအခ်ိန္ဟာ ေခတ္အေျပာင္းအလဲကာလဆိုတာကို ျပည္သူေတြ နားလည္ေနၾကပါတယ္။ေခတ္တစ္ခုကေန ေခတ္တစ္ခုကို ေျပာင္းလဲၿပီး ေခတ္ကို အသစ္တည္ေဆာက္ဖို႔အတြက္ ခက္ခဲမယ္ဆိုတာလည္း သိေနၾကပါတယ္။ျပည္သူေတြ သည္းခံေနၾကပါတယ္။

အဲဒီလို သည္းခံေနျခင္းကလည္း စစ္အာဏာရွင္ေခတ္ကို ျပန္မေရာက္ခ်င္သလို ေခတ္အေျပာင္းအလဲကို ဦးေဆာင္ၿပီး ေခတ္သစ္တစ္ခုကို ျပန္လည္တည္ေဆာက္ေပးမယ့္ ေဒၚေအာင္ဆန္းစုၾကည္ ကို အခုအခ်ိန္ထိ ေထာက္ခံေပးေနၾကတဲ့ ျပည္သူေတြ ရွိေနေသးတယ္ဆိုတာ မျငင္းႏိုင္တဲ့အခ်က္ပါ။

ရရွိလာမယ့္ အခြင့္အေရးကို ေမွ်ာ္လင့္ေနၾကတာလည္း မျငင္းႏိုင္ပါဘူး။ျပည္သူေတြဟာ နားလည္လာတဲ့ ဒီမိုကေရစီစနစ္မွာ လူ႔အခြင့္အေရးဆိုတာ ရရွိလာေတာ့မယ္လို႔ ယုံၾကည္ေနသလို ႀကဳံေတြ႕ေနရတဲ့ ဆင္းရဲက်ပ္တည္းမႈေတြ အနည္းငယ္လြတ္ေျမာက္ေတာ့မယ္လို႔လည္း ေမွ်ာ္လင့္ယုံၾကည္ေနၾကပါတယ္။

ျပည္သူေတြ ေမွ်ာ္လင့္ေနတာ အနိမ့္ဆုံးပါ။လူသားတစ္ေယာက္ရဲ႕ ဘဝကို လူသားပီပီ ျပန္လည္ေနထိုင္ႏိုင္ဖို႔ပါ။ဘဝလုံၿခဳံမႈကို ရခ်င္ၾကတာပါ။ေအးခ်မ္းစြာေနထိုင္ၿပီး ေအးခ်မ္းစြာ ရွာေဖြစားေသာက္ခြင့္ ဆိုတာေလာက္ပါပဲ။ဒီလိုအေျခခံႏိုင္ငံသားတစ္ေယာက္ရဲ႕ ရပိုင္ခြင့္ရွိတဲ့ တရားဥပေဒစိုးမိုးမႈေအာက္မွာ ေအးခ်မ္းလုံၿခဳံတဲ့ ေနထိုင္မႈေတြေတာင္ ျပည္သူေတြ သံသယျဖစ္ေနၾကရပါၿပီ။တရားဥပေဒစိုးမိုးမႈမဲ့ေအာင္ လုပ္ေဆာင္ေနသူေတြ အခုထက္ပိုမ်ားလာၿပီး သူတို႔ရဲ႕ တိုင္းျပည္ဖ်က္ အစီအစဥ္ေတြ ႀကီးထြားလာမယ္ဆိုရင္ ျပည္သူ႔အစိုးရဆိုတာကို ျပည္သူေတြ ပိုစိတ္ပ်က္ေနၾကရမွာပါ။

ေနာက္ဆုံး ျပည္သူေတြဟာ သူတို႔အားကိုးအားထားျပဳႏိုင္မယ္ဆိုၿပီး ေမွ်ာ္လင့္ခ်က္ထားၿပီး ႏိုင္ငံေရးကို စိတ္ပါဝင္စားခဲ့ၾကတာ ျဖစ္ပါတယ္။ျပည္သူေတြက တိုင္းျပည္အတြင္းမွာ တရားဥပေဒစိုးမိုးမႈအေပၚ မယုံၾကည္ၾကတဲ့အခါ ႏိုင္ငံေရးဆိုတာကိုလည္း စိတ္ဝင္စားေတာ့မွာ မဟုတ္ေတာ့ပါဘူး။တရားဥပေဒမဲ့ၿပီး အေမွာင္ထဲေရာက္ေနတဲ့ တိုင္းျပည္မွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ဟာ သုညျဖစ္ခဲ့ပါတယ္။ႏိုင္ငံေရးေရခ်ိန္ ေအာက္ဆုံးအထိ က်ဆင္းေနတဲ့ တိုင္းျပည္ဟာ တေျဖးေျဖး ျပည္သူေတြ မယုံၾကည္ေတာ့တဲ့ ျပည္သူ႔အစိုးရ ျဖစ္သြားပါလိမ့္မယ္။ျပည္သူ႔အစိုးရဆိုတာလည္း က်ဆုံးသြားရပါလိမ့္မယ္။တိုင္းျပည္ရဲ႕ က်ဆုံးျခင္းဟာ ျပည္သူေတြအတြက္ ဆင္းရဲတြင္းထဲ က်သြားရျခင္းပါ။

တိုင္းျပည္တစ္ခုမွာ ႏိုင္ငံေရးေရခ်ိန္က်ျခင္းဟာ အႏၲရာယ္လည္း အလြန္ႀကီးပါတယ္။အခု ႏိုင္ငံရဲ႕အေျခအေနဟာ ပိုၿပီးစိုးရိမ္စရာေတြ ျဖစ္လာပါၿပီ။တရားမႈနဲ႔ မတရားမႈေတြကို ယွဥ္ၾကည့္လိုက္မယ္ဆိုရင္ မတရားမႈေတြက ပိုမ်ားေနတာ ေတြ႕ျမင္ရပါတယ္။ျပည္သူေတြလည္း မတရားမႈေတြမ်ားေနတဲ့ ကာလႀကီးမွာ ေနထိုင္သြားလာမႈေတြ မလုံၿခဳံၾကေတာ့ပါဘူး။ဒါ့အျပင္ ကိုယ့္အိမ္တြင္းမွာ တံခါးပိတ္ၿပီးေနရင္ေတာင္မွ ဘယ္အခ်ိန္လာသတ္သြားမလဲ၊ ဘယ္အခ်ိန္ အိမ္တြင္းမွာ မုဒိမ္းမႈႀကဳံေတြ႕ရမလဲ၊ ဘယ္အခ်ိန္ အႏုၾကမ္းဝင္စီးမလဲ စတဲ့ ေၾကာက္လန႔္မႈေတြနဲ႔ အခ်ိန္တိုင္း စိုးရိမ္ထိတ္လန႔္မႈေတြ ရွိေနရပါၿပီ။

ေျပာမယ္ဆိုရင္ ျပည္သူအမ်ားစုႀကီးဟာ ဆင္းရဲတြင္းထဲကို က်ေနပါတယ္။ေငြေၾကးဓနအရ ဆင္းရဲေနသလို၊ ပညာမတတ္၊ အသိဉာဏ္မဲ့သူေတြ၊ ဆင္ျခင္တုံတရား ေပ်ာက္ဆုံးေနသူေတြ မ်ားေနပါတယ္။ကေလးအ႐ြယ္ေလးေတြကို ကာမရမၼက္နဲ႔ မုဒိမ္းက်င့္ေနၾကတာေတြကိုၾကည့္ရင္ သိႏိုင္ပါတယ္။လူတစ္ေယာက္ရဲ႕ စာနာမႈေတြ၊ အသိဉာဏ္ေတြပါ ေပ်ာက္ဆုံးေနပါၿပီ။ဒီလိုျဖစ္ပ်က္ေနတာေတြကို ၾကည့္မယ္ဆိုရင္ တိုင္းျပည္မွာ တရားဥပေဒမဲ့ေနလို႔ ျဖစ္ပါတယ္။တိုင္းျပည္ပ်က္ႀကီးကို ျပန္တည္ေဆာက္မယ္ဆိုရင္ ပ်က္ယြင္းေနတဲ့ လူ႔စိတ္ (ျပည္သူေတြရဲ႕စိတ္) ေတြကို အရင္ေလ့လာၿပီး ျပင္ဆင္ရမွာပါ။

ဒီလိုျပင္ဆင္ႏိုင္ဖို႔အတြက္ အဓိကထားၿပီး တည္ၿငိမ္မႈရွိေအာင္ တည္ေဆာက္ရမွာက တရားဥပေဒစိုးမိုးေရးပါပဲ။အရင္စစ္အာဏာရွင္ေတြ ေရးဆြဲခဲ့တဲ့ အေျခခံဥပေဒအရ တိုင္းျပည္တစ္ျပည္မွာ အစိုးႏွစ္ရပ္ ရွိေနတယ္ဆိုရင္ေတာင္၊ ျပည္သူေ႐ြးခ်ယ္ တင္ေျမႇာက္လိုက္တဲ့ ျပည္သူ႔အစိုးရအေနနဲ႔ တရားဥပေဒစိုးမိုးေရးအတြက္ တိုက္ယူႏိုင္ရပါလိမ့္မယ္။ဒီလိုအေျခခံလူသားတစ္ေယာက္ (သို႔မဟုတ္) ႏိုင္ငံသားတစ္ေယာက္ရဲ႕ ရယူပိုင္ခြင့္အတြက္ ျပည္သူေတြရဲ႕ မ်က္ႏွာေရွးရႈၿပီး ဘယ္လိုအခက္အခဲရွိပါေစ ရေအာင္ဖန္တီးယူႏိုင္ရမွာပါ။ျပည္ထဲေရးကို ဖြဲ႕စည္းပုံအေျခခံဥပေဒအရ စစ္ဘက္ေအာက္မွာ ရွိေနတယ္ဆိုရင္လည္း၊ တိုင္းျပည္မွာ တရားဥပေဒစိုးမိုးေရးရွိႏိုင္ေအာင္ အရပ္သား ျပည္သူ႔အစိုးရမွာ တာဝန္ရွိေနပါတယ္။ေ႐ြးေကာက္ပြဲအႏိုင္ရရွိၿပီး အစိုးရဖြဲ႕ႏိုင္ကတည္းက ဒီျဖစ္ေပၚလာမယ့္ အဖ်က္အေမွာင့္ေတြ၊ အတားအဆီးေတြကို ႀကိဳတြက္ထားႏိုင္ၿပီး ေျဖရွင္းႏိုင္မယ့္ နည္းဗ်ဴဟာေတြကို ခ်မွတ္ထားရမွာပါ။

ႏိုင္ငံေရးအေျပာင္းအလဲ ျဖစ္စဥ္တစ္ခုမွာ မဟာဗ်ဴဟာခ်မွတ္မႈ မွန္ကန္ေရး၊ မဟာဗ်ဴဟာမႉး ဦးေဆာင္ႏိုင္ေရးအတြက္၊ မရွိမျဖစ္လိုအပ္ေနတဲ့ အရည္အခ်င္းေတြျပည့္ဝေရး (ေနရာမွန္ေတြအတြက္ နည္းဗ်ဴဟာမႉးေတြ ေ႐ြးခ်ယ္ခန႔္ထားၿပီး နည္းဗ်ဴဟာမႉးေတြကို စီမံခန႔္ခြဲေရး)၊ ေထာက္ခံသူကန႔္ကြက္သူေတြကို အျမင္ရွင္းရွင္းလင္းလင္း သိျမင္နားလည္မႈရွိႏိုင္ေရး၊ လက္ရွိအေျခအေနကို ပီပီျပင္ျပင္ သ႐ုပ္ခြဲျခားဆန္းစစ္ႏိုင္ေရးေတြ ပါဝင္ေနပါ တယ္။အခုအခ်ိန္မွာ အေရးႀကီးလိုအပ္ေနတာက တိုင္းျပည္မွာ တရားဥပေဒစိုးမိုးမႈ ျပန္ရရွိေအာင္ တိုက္ယူႏိုင္ဖို႔ပါ။

ေျပာမယ္ဆိုရင္ တိုင္းျပည္တည္ၿငိမ္မႈမရွိေအာင္ လုပ္ေဆာင္ေနၾကသူေတြဟာ ဘယ္သူေတြလဲဆိုတာ သိဖို႔၊ သိေနရင္လည္း တားဆီးႏိုင္ဖို႔ ျပည္သူ႔အစိုးရ အႀကီးအကဲေတြ သတၱိရွိရေတာ့မွာပါ။အခုျမင္ေတြ႕ေနရတာက တိုင္းျပည္မွာ အဆိုး႐ြားဆုံးျဖစ္ေပၚေနတဲ့ တရားဥပေဒမဲ့ လုပ္ရပ္ေတြကို သတၱိရွိရွိ ကိုင္တြယ္လုပ္ေဆာင္မႈေတြ မေတြ႕ရပါဘူး။ဒီလို ျပည္သူေတြရဲ႕ အေၾကာက္တရားေတြကို ေန႔စဥ္ျဖစ္ေပၚေနေစမယ့္ တရားဥပေဒစိုးမိုးမႈ မဲ့ေနတာေတြအတြက္ သတၱိရွိရွိ၊ မားမားမတ္မတ္ ရပ္တည္ျပႏိုင္မယ့္ အစိုးရျဖစ္ဖို႔ လိုအပ္ေနၿပီလို႔ ေျပာခ်င္ပါတယ္။

ျမတ္လႈိင္း
ဇူလိုင္ - ၁၃