【 ဆောင်းပါး 】 “ဂန်းမယ်တော်ကို ဥပဒေဘောင်အတွင်း ခေါ်လာနိုင်ပါ့မလား”

【 ဆောင်းပါး 】 “ဂန်းမယ်တော်ကို ဥပဒေဘောင်အတွင်း ခေါ်လာနိုင်ပါ့မလား”

၁၉၉၀ ပြည့်နှစ် ဝန်းကျင်ဟု ထင်ပါသည်။ခုနှစ်ကို အတိအကျ မမှတ်မိတော့သော်လည်း ၁၉၈၈ နောက်ပိုင်း နဝတအစိုးရ လက်ထက်ဟု သေသေချာချာ မှတ်မိနေပါသည်။အစိုးရက ဈေးကွက်စီးပွားရေးစနစ် ပြောင်းလဲကျင့်သုံးပြီဟု ဆိုသည်။သို့ဖြင့် ၁၉၆၂ မှ ၁၉၈၈ထိ စီးပွားရေးကို အစိုးရက ချုပ်ကိုင်ထားရာမှ စစ်တပ်၊ စစ်အရာရှိကြီးများနှင့် သူတို့၏ သားသမီးဆွေမျိုးများ၊ သူတို့နှင့် ရင်းနှီးနီးစပ်သူများ စီးပွားရေးလုပ်သည့်ခေတ် ဖြစ်လာပါသည်။

သတင်းစာ၊ ဂျာနယ်များတွင် ငွေရေးကြေးရေး လုပ်ကိုင်သည့် ပုဂ္ဂလိကအမည်များ ပါလာသည်။ကြေငြာကောင်းကောင်းဖြင့် ကြော်ငြာကြသည်။မှတ်မိသမျှ ဧရာမြေသည် ပထမဆုံးပေါ်လာသည့် ပုဂ္ဂလိက ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဖြစ်သည်။ဧရာမြေတွင် ငွေအပ်နှံသူများ၏ အပ်နှံငွေအပေါ် တစ်လအတိုး ၅ ရာခိုင်နှုန်း ပြန်ခံစားခွင့်ပေးသည်။ဧရာမြေတွင် အငြိမ်းစားအများစုက တစ်သက်လုံးလုပ်မှ ရလာသည့် ငွေကြေးများကို သွားရောက်အပ်နှံကြသည်။အပ်နှံငွေအပေါ် ၅ ရာခိုင်နှုန်း လစဉ် အတိုးမှန်မှန်ရသည့် သတင်းမှာ ပင်စင်စားများ၊ ငွေရှိပါလျက် မည်သည့်စီးပွားရေးမှ မလုပ်တတ်သူထံ ပျံ့နှံ့လာသည်။သို့ဖြင့် တစတစ ငွေအပ်သူများလာရာ ဧရာမြေကဲ့သို့ တခြားငွေကြေးဝန်ဆောင်မှုများ ပေါ်ပေါက်လာသည်။

သစ္စာပန်းခင်း၊ မုဒိတာ၊ လင်းသစ္စာ စသဖြင့် လှတပတလေးများ ဖြစ်ကြပါသည်။လုပ်ထုံးလုပ်နည်းကလည်း မခေ။ဘဏ်တွင် ငွေအပ်သကဲ့သို့ မှတ်ပုံတင်နံပတ်၊ အမည်၊ လိပ်စာ အချက်အလက် ပြည့်စုံစွာရေး သွင်းရသည်။သူတို့ဘက်က ဘဏ်ငွေစုစာအုပ်ကဲ့သို့ စာအုပ်ငယ်လေးကို ပြန်ထုတ်ပေးသည်။လစဉ် အတိုးလာထုတ်သည့်အခါ ထိုစာအုပ်ငယ်နှင့် မှတ်ပုံတင် ပြသရသည်။အဆိုပါ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများသည် ပုန်းလျှိုးကွယ်လျှိုး ဖွင့်ခြင်းမဟုတ်။အလုပ်ခန်း၊ ရုံးခန်း၊ စီမံအုပ်ချုပ်သူ၊ ဝန်ထမ်း အပြည့်အစုံဖြင့် တရားဝင် လုပ်ငန်းသဖွယ် ပြောင်ပြောင်တင်းတင်း လုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။

နှစ်ချီကြာလာသောအခါ သစ္စာပန်းခင်း၊ ဧရာမြေတို့ နည်းတူ လုပ်ကိုင်လာသည့် အဖွဲ့များလာသည်။သို့ဖြင့် ယုံကြည်သူ များလာသည်။တချို့က နေထိုင်သည့် အိမ်ခြံများကို ရောင်းချလိုက်ပြီး ထိုဝန်ဆောင်မှုလုပ်ငန်းများတွင် ငွေအပ်လိုက်သည်။
ရသည့်အတိုးသည် အိမ်ငှားခ အပါအဝင် တစ်လအသုံးစရိတ်အတွက် ကောင်းကောင်းလုံလောက်သည်ဟူသော တွက်ကိန်းဖြင့် အိမ်ရောင်းပစ်လိုက်ကြသည်။သူတို့တွင် လစဉ်ပုံမှန်ဝင်ငွေဖြင့် ရပ်တည်နိုင်ပြီဟု ငွေအပ်ထားသူများ စိတ်အေးလက်အေး ရှိလာချိန်တွင် အဆိုပါ ငွေကြေးဝန်ဆောင်မှု အလုပ်ခန်းများ ပိတ်သွားတော့သည်။အလုပ်ခန်းများကို ယတိပြတ်ပိတ်ပစ်သည် မဟုတ်ဘဲ၊ လစဉ်ပေးနေကြ အတိုးမပေးတော့။
ငွေသွားထုတ်သူများသည် အဓိကတာဝန်ရှိသူများကို မတွေ့ရတော့ဘဲ ဘာမျှဖြေရှင်းမပေးနိုင်သည့် ရုံးစောင့်ကဲ့သို့ အောက်ခြေဝန်ထမ်းကိုသာ တွေ့ရတော့သည်။

ငွေအပ်ထားသူများ ပျာယာခတ်သွားကြသည်။ဟိုတိုင်သည်တိုင် တိုင်ကြသည်။တဖြေးဖြေးဖြေရှင်း ပေးမယောင်ယောင် အသံထွက်လာသော်လည်း မကြာမီ အဆိုပါအလုပ်ခန်းများအားလုံး ပိတ်သွားတော့သည်။ထိုလုပ်ငန်းများကို ပြောင်ပြောင်တင်းတင်း လုပ်နေကြောင်း တလောကလုံး သိသော်လည်း၊ ငွေအပ်နှံခံရသူများ လက်လွတ်ဖြစ် ကျန်ရစ်ချိန်တွင် မည်သူမှ ထွက်ဖြေရှင်းမပေး။
ဘယ်ကိုမှတိုင်၍ အရာမရောက်ဘဲ၊ မိမိတို့ အပ်နှံထားသည့် ငွေများ ပြန်ရနိုးမျှော်ကိုးရင်း ယနေ့ထိ တစ်ပြားတစ်ချပ်မှ ပြန်မရကြတော့ပေ။အသိ ပင်စင်စားလင်မယားဆိုလျှင် သားသမီးမရှိ၍ လင်ကိုယ်မယား ၂ ယောက်ထဲ အိမ်ငှားနေမည်ဟု တွက်ချက်လျက် အိမ်နှင့်ခြံကိုရောင်းပြီး ဧရာမြေတွင် ငွေအားလုံး သွားအပ်လိုက်သည်။သူတို့ဇနီးမောင်နှံ နှစ်ယောက်၏ ပင်စင်လခမှာ စားစရိတ်ပင် အနိုင်နိုင်သုံးရသည်ဖြစ်ရာ အသိမိတ်ဆွေများထံ နေထိုင်ရင်း ဇနီးက ပထမ ဆုံးပါးသွားသည်။ခင်ပွန်းဖြစ်သူက ဇနီးဆုံးပြီး တစ်နှစ်ကျော်ကြာတွင် ဆုံးပါးခဲ့ကြပါသည်။

ထို့နောက် မြန်မာနိုင်ငံတွင် MLN ခေါ် မာလ်တီလယ်ဘယ် ရောင်းဝယ်ရေးခေါ် ဆင့်ပွားချိတ်ဆက် ရောင်းဝယ်ရေးလုပ်ငန်း ပေါ်လာသည်။ပထမဆုံးမှတ်မိသည်မှာ လင်ဇီးဆေး ဖြစ်ပါသည်။သည်ဆင့်ပွားချိတ်ဆက် ရောင်းဝယ်ရေးလုပ်ငန်းတွင် ပါဝင်သူများသည် ပထမသင်တန်းပို့ချသည်ကို တက်ရောက်နားထောင်ရသည်။ထိုသင်တန်းတွင် အသင်းသားအဖြစ် ပါဝင်ရုံဖြင့် ခံစားရမည့် အကျိုးအမြတ်၊ မိမိ၏လက်အောက်တွင် ဆင့်ပွားလူစုပေးနိုင်ပါက လူတစ်ယောက်ရတိုင်း မိမိရရှိမည့် အကျိုးအမြတ် စသည်များကို သွားရည်ကျလောက်အောင် ပြောပြကြသည်။

လင်ဇီးဆေး နာမည်ကြီးသကဲ့သို့ လင်ဇီးဆေး ရောင်းဝယ်ရေး အဖွဲ့ကြီးကလည်း ကြီးမားလာသည်။စာရေးသူကိုယ်တိုင် လင်ဇီးဆေး ရောင်းရမည့်သင်တန်း ၂ ကြိမ်တက်ဖူးပါသည်။ လူနာရှာရမည်။လင်ဇီးသည် ၉၆ ပါးရောဂါ ပျောက်ကြောင်း အညွှန်းကောင်းကောင်းပြောပြီး သိန်းချီသည့် ဈေးနှုန်းဖြင့် ရောင်းချရမည်။သင်တန်း ၂ ကြိမ်တက်ပြီးနောက် စဉ်းစားပါသည်။
မိမိသည် ဆရာဝန်မဟုတ်ဘဲ လူနာကို လင်ဇီးဆေးရောင်းပြီး ရောဂါပျောက်ကြောင်းကို ငွေရလို၍ လုပ်ပြီဆိုပါစို့။

တစ် - လင်ဇီးဆေးသည် ၉၆ ပါးရောဂါ ပျောက်ကြောင်း ပါးစပ်မှ ပြောထွက်မည်မဟုတ်။

နှစ် - ဆေးတန်ဖိုးကို ပြောထွက်မည်မဟုတ်။

သုံး - အကယ်၍ လူနာ တိမ်းပါးခဲ့သော်. . .

ထို့နောက် ယင်းသင်တန်းကို ဆက်မတက်ဘဲ ယတိပြတ် ဖြတ်ချလိုက်ပါသည်။လင်ဇီးဆေး ရောင်းဝယ်မှုကား ဆက်လက်ရှင်သန်နေပါသည်။သို့သော် စာရေးသူသည် အလားတူပေါ်လာသည့် မည်သည့် ဆင့်ပွားလူစုရောင်းဝယ်ရေးကိုမျှ စိတ်မဝင်စားတော့ပါ။

တစ်ရက်တွင် စာရေးသူ၏ ရုံးခန်းသို့ တပည့်မလေးတစ်ယောက် ရောက်လာပါသည်။ထိုတပည့်မလေးသည် စာရေးသူ လက်အောက်တွင် အလုပ် လုပ်ခဲ့ဖူးပါသည်။နောက်ပိုင်း အိမ်ထောင်ကျပြီး ကလေး ၂ ယောက် ရလာချိန်တွင် အလုပ်မှ ထွက်သွားသည်။တပည့်မလေးက သူသည် ဆင့်ပွားရောင်းဝယ်ရေး လုပ်ငန်းတစ်ခုတွင် အသင်းဝင်ပြီး သူတို့ကုမ္ပဏီကရောင်းသည့် ပစ္စည်းများကို လာရောင်းခြင်းဖြစ်ပါသည်။အလွန်တက်ကြွနေသည်။
သူ မကြာမီ အရင်းအနှီး အမြောက်အမြားရမည့် လုပ်ငန်းဟု ယုံကြည်နေသည်။တပည့်မလေးဖြစ်နေ၍ သည်လုပ်ငန်း၏ သဘောသဘာဝကိုရှင်းပြပြီး ထွက်လိုက်ရန် နားချပါသည်။
မအောင်မြင်သည့်အပြင် စာရေးသူကိုပါ အသင်းဝင်ရန် တရားဟောပါသည်။စာရေးသူအသင်းဝင်ပါက သူ့လက်အောက်မှ လူတစ်ယောက် သူရပြီဖြစ်ရာ စာရေးသူဝယ်သမျှ တန်ဖိုးထဲမှ သူခံစားခွင့်ရမည် ဖြစ်ပါသည်။အပြင်တွင် သေရောကြေရော ၂၀၀၀ ခန့် ပေးရမည့် သွားတိုက်ဆေးကို သူ့ထံမှ ၁၅၀၀၀ ဖြင့် ဝယ်လိုက်ရပါသည်။

၂ ပတ် တစ်ခါခန့် တပည့်မလေး ရောက်လာတတ်ပါသည်။ပစ္စည်းများ လာရောင်းပါသည်။သူတက်ကြွလျက်ရှိသည်။သူ့ကို ကုမ္ပဏီက မကြာမီ ထိုင်းသို့ စေလွှတ်မည်ဆို၏။သည်လိုဆိုတော့လည်း မဆိုးပါလားဟု တွေးမိပါသည်။သို့သော် နောက်တစ်လခန့်အကြာ၌ တပည့်မလေး ရောက်လာချိန်တွင် မျက်နှာမသာယာတော့ပါ။
ထိုင်းကို မိမိစရိတ်ဖြင့် မိမိသွားရခြင်းဖြစ်သည်။ထိုင်းစကားပြန်မှ တဆင့်ပေးသည့် တစ်ရက်သင်တန်းကလည်း ဘာမှထွေထွေထူးထူးမဟုတ်။အပေါစား တည်းခိုခန်းတွင် နေခဲ့ရစားခဲ့ရသည်။ပထမဆုံးအကြိမ် တပည့်မလေးထံမှ ညည်းညူသံ ထွက်လာသည်။

“ဆရာမပြောသလိုပါပဲ။အသင်းဝင်တွေကို မက်လုံးပေးပြီး လုပ်စားနေတာပါ ဆရာမရယ်။တချို့ဆို ကျွန်မထက် အဖြစ်ဆိုးပါတယ်။ကျွန်မက ယောက္ခမနဲ့ မနေချင်လို့ အိမ်ခွဲနေချင်လို့ ငွေရမလား လုပ်တာပါ ဆရာမရယ်။တချို့ နယ်က ကလေးတွေဆို ခြံပေါင် လယ်ပေါင်နဲ့ ဝင်လုပ်နေကြတာ။သူတို့လည်း မှားမှန်းသိပေမဲ့ ငွေက ပစ္စည်းဝယ်ရတဲ့ထဲ ဝင်နေတော့ ဆက်လုပ်နေကြတာပါ။”

နောက် ၂ ပတ်အကြာတွင် ထိုတပည့်မလေး သူ့ကိုယ်သူ သတ်သေသွားပါသည်။အဆိုပါ ထိုင်းအလှကုန်နှင့် လူသုံးကုန်ပစ္စည်း ရောင်းဝယ်ရေး ယူရင်ကုန်ပြီဆိုလား နာမည်မမှတ်မိတော့သော ကုမ္ပဏီသို့ ဝင်ဝင်ခြင်း ငွေ ၁၀ သိန်းဖိုး ပစ္စည်းဝယ်ရသည်။ထိုပစ္စည်းများကို လည်ရောင်းရသည်။မစားရဝခမန်း စကားများ ပြောရသည်။တင်နေသော ကြွေးတွေကလည်း ပိလာသည်။သို့ဖြင့် စိတ်ဖိစီးမှုနှင့် နောင်တရမှုဒဏ်ကို မခံနိုင်တော့ဘဲ သူ့ကိုယ်သူ အဆုံးစီရင်သွားသည်။တပည့်မလေး ဆုံးပါးခဲ့သည်မှာ ၅ နှစ်ခန့် ရှိပါပြီ။မကြာမီက အစိုးရက ဥပဒေဖြင့် MLM လုပ်ငန်းများကို ပိတ်လိုက်သောအခါ တပည့်မလေးသာ တမလွန်က မြင်နိုင်၊ ကြားနိုင်မည်ဆိုပါက ဝမ်းမြောက်ရှာမည်ဟု တွေးတောမိပါသည်။

ဖေ့စ်ဘုတ်ဖွင့်လျှင် ဖတ်ရသည့် ရဲသတင်း၊ မာတုကာမနှင့် နေထိုင်သည့် ဘုန်းကြီးသတင်း၊ သေနတ်ကိုင်မည်ဟု ကြိမ်းမောင်းသည့် ဘုန်းကြီးသတင်းများအပြီး သေနတ်ကိုင်ထားသော ရသေ့ဝတ် အမျိုးသမီးပုံ တက်လာပြီး သူနှင့်ဆက်စပ်သည့် သတင်းများပါ တက်လာပါသည်။ရသေ့မသည် ဟိတ်နှင့် ဟန်နှင့် ဗေဒင်ဟောခန်း ဖွင့်ထားပြီး လိမ်ထားသည့် ငွေများမှာ နည်းနည်းနောနောမဟုတ်။အလိမ်ခံရသူများမှာလည်း ဒိတ်ဒိတ်ကြဲတွေ။ယခုအလိမ်ခံရသူများက တိုင်ကြတောကြ ဝိုင်းကြသောအခါ အဆိုပါရသေ့မသည် ပျောက်ခြင်းမလှ ပျောက်သွားပြီ ဆိုပါသည်။

၈၈ အရေးအခင်းတုန်းက အာဏာပိုင်တို့ အလိုရှိသူများမှာ ဘယ်နေရာပုန်းပုန်း ဖမ်းမမိသည်ဟု မရှိစေရ။ပိုက်စိတ်တိုက် ရှာဖွေဖမ်းဆီးနိုင်ခဲ့သည်မှာ အားလုံးအသိ။ယခု ရသေ့မသည် အသွင်ပြောင်းထားဦးတော့ တကယ်အလုပ်လုပ်မည်ဆိုလျှင် ပြေးပေါက်မရှိပါ။သို့သော် တိုက်ခန်းကြီးပေါ်တွင် ခမ်းနားထယ်ဝါစွာ ဟိတ်ဟန်တစ်လုံးနှင့် အယုံသွင်းပြီး အောင်မြင်စွာ ငွေအမြာက်အမြား လိမ်ယူနိုင်ခဲ့သည်။ယခုမှ သူ့နောက်ကြောင်းကို လိုက်ကြရာ ထောင်သုံးခါကျပြီး လွတ်လာသူ ဖြစ်နေသည်။မယ်တော်ကြီးဟု ကုန်းဦးချသူများကို အဘယ်မျှ ကြိတ်ရယ်မောသွားလေမည်ကား မသိ။

၁၉၈၈ နောက်ပိုင်းမှ ယနေ့ထိ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း၊ MLM ရောင်းဝယ်မှုလုပ်ငန်း၊ ရသေ့မ နန္ဒမာလာ ငွေလိမ်မှုတို့သည် အကြီးစား လိမ်လည်လှည့်ဖြားမှုများ ဖြစ်ကြပါသည်။သည်ကြားထဲ ထီပေါက်သည်ဟု လိမ်လည်မှု၊ ကံစမ်းမဲပေါက်သည်ဟု လိမ်လည်မှု၊ ရဲဟန်ဆောင်မှု၊ စစ်ဗိုလ်ဟန်ဆောင်မှုများ ဒင်းကြမ်းထခဲ့ပါသည်။မြန်မာများ ဘာကြောင့် အလွယ်တကူ အကြိမ်ကြိမ် လိမ်ညာအသုံးချ ခံကြရပါသနည်း အဖြေရှာသော် မြန်မာတို့၏ ယုံလွယ်သော အကျင့်နှင့် လောဘဦးစီးလာသောအခါ အမှန်ကို မမြင်နိုင်တော့ခြင်း၊ မဆင်ခြင် မသုံးသပ်နိုင်ခြင်းဟူသည့် အားနည်းချက်များကြောင့် ဖြစ်ပါသည်။တစ်ဘက်က ကျလောက်အောင် ပြောသောအခါ သေသေချာချာ မဆန်းစစ်တော့ဘဲ အလွယ်တကူယုံခြင်း အကျင့်ကို မြန်မာတို့တွင် စွဲနေပါသည်။ထို့ပြင် ငါးဖမ်းရန် ငါးစာချကျွေးသည်၌ ငါးစာကိုသာမြင်ပြီး ငါးမျှားချိတ်ကို မမြင်ဘဲ စားလိုဇော (ရလိုဇော) ဖြင့် ငါးစာကို ဟပ်လိုက်ရာ ငါးမျှားချိတ်တွင် တန်းလန်းပါရသော ငါးကဲ့သို့ ဖြစ်ကြရပါသည်။

MLM ရောင်းဝယ်ရေး စနစ်သည် လိမ်ညာမှုမဟုတ်ပါဟု စောဒကတက်သူများ ရှိကြပါမည်။ရောင်းသူဝယ်သူ ကျေနပ်၍ လုပ်ကိုင်ကြသည့် အလုပ်ဟု ဆင်ခြေပေးမည်ပင်။တစ်ကျပ်တန်သော ပစ္စည်းကို ၁၀ ဖြင့် ဝယ်ရပြီး တစ်ထောင်ဖြင့် ပြန်ရောင်းရသည့် အလုပ်သည် လိမ်ညာလှည့်ဖြားခြင်း ပါဝင်နေပါသည်။ဧရာမြေကဲ့သို့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သူ ယုံကြည်အပ်နှံသူများ၏ ငွေများကို ‘မ’ ယူသွားသူများအားလုံး ဘေးကင်းရန်ကွာ လွတ်ကင်းခဲ့ကြပါသည်။MLM လုပ်ငန်းကို အင်အယ်လ်ဒီအစိုးရ လက်ထက်တွင် အစသတ်ပေးလိုက်ပါသည်။

တရားဥပဒေစိုးမိုးရေးကို တွင်တွင်ပြောခဲ့သော ပြောနေဆဲဖြစ်သော လက်ရှိအစိုးရသည် ဂန်းကိုင်ခဲ့သည့် မယ်တော်ကြီးကို ဥပဒေဘောင်တွင်း ဆွဲခေါ်လာနိုင်မည်လား အလိမ်ခံရသူများက မျှော်လင့်နေကြပါသည်။အစိုးရသည် မယ်တော်ကြီးကို ဆွဲခေါ်လာနိုင်စွမ်းရှိလျှက် နမူနာပြ စစ်ဆေးအပြစ်ပေးနိုင်မည်ဆိုပါက တရားဥပဒေစိုမိုးမှု အကျိုးကို အတန်အသင့် ဖော်ဆောင်ပေးနိုင်ဟု လက်ခံကြရမည် ဖြစ်ပါသည်။

ခင်နှင်းဦး
ဒီဇင်ဘာ - ၈

( Zawgyi )

၁၉၉၀ ျပည့္ႏွစ္ ဝန္းက်င္ဟု ထင္ပါသည္။ခုႏွစ္ကို အတိအက် မမွတ္မိေတာ့ေသာ္လည္း ၁၉၈၈ ေနာက္ပိုင္း နဝတအစိုးရ လက္ထက္ဟု ေသေသခ်ာခ်ာ မွတ္မိေနပါသည္။အစိုးရက ေဈးကြက္စီးပြားေရးစနစ္ ေျပာင္းလဲက်င့္သုံးၿပီဟု ဆိုသည္။သို႔ျဖင့္ ၁၉၆၂ မွ ၁၉၈၈ထိ စီးပြားေရးကို အစိုးရက ခ်ဳပ္ကိုင္ထားရာမွ စစ္တပ္၊ စစ္အရာရွိႀကီးမ်ားႏွင့္ သူတို႔၏ သားသမီးေဆြမ်ိဳးမ်ား၊ သူတို႔ႏွင့္ ရင္းႏွီးနီးစပ္သူမ်ား စီးပြားေရးလုပ္သည့္ေခတ္ ျဖစ္လာပါသည္။

သတင္းစာ၊ ဂ်ာနယ္မ်ားတြင္ ေငြေရးေၾကးေရး လုပ္ကိုင္သည့္ ပုဂၢလိကအမည္မ်ား ပါလာသည္။ေၾကျငာေကာင္းေကာင္းျဖင့္ ေၾကာ္ျငာၾကသည္။မွတ္မိသမွ် ဧရာေျမသည္ ပထမဆုံးေပၚလာသည့္ ပုဂၢလိက ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း ျဖစ္သည္။ဧရာေျမတြင္ ေငြအပ္ႏွံသူမ်ား၏ အပ္ႏွံေငြအေပၚ တစ္လအတိုး ၅ ရာခိုင္ႏႈန္း ျပန္ခံစားခြင့္ေပးသည္။ဧရာေျမတြင္ အၿငိမ္းစားအမ်ားစုက တစ္သက္လုံးလုပ္မွ ရလာသည့္ ေငြေၾကးမ်ားကို သြားေရာက္အပ္ႏွံၾကသည္။အပ္ႏွံေငြအေပၚ ၅ ရာခိုင္ႏႈန္း လစဥ္ အတိုးမွန္မွန္ရသည့္ သတင္းမွာ ပင္စင္စားမ်ား၊ ေငြရွိပါလ်က္ မည္သည့္စီးပြားေရးမွ မလုပ္တတ္သူထံ ပ်ံ႕ႏွံ႔လာသည္။သို႔ျဖင့္ တစတစ ေငြအပ္သူမ်ားလာရာ ဧရာေျမကဲ့သို႔ တျခားေငြေၾကးဝန္ေဆာင္မႈမ်ား ေပၚေပါက္လာသည္။

သစၥာပန္းခင္း၊ မုဒိတာ၊ လင္းသစၥာ စသျဖင့္ လွတပတေလးမ်ား ျဖစ္ၾကပါသည္။လုပ္ထုံးလုပ္နည္းကလည္း မေခ။ဘဏ္တြင္ ေငြအပ္သကဲ့သို႔ မွတ္ပုံတင္နံပတ္၊ အမည္၊ လိပ္စာ အခ်က္အလက္ ျပည့္စုံစြာေရး သြင္းရသည္။သူတို႔ဘက္က ဘဏ္ေငြစုစာအုပ္ကဲ့သို႔ စာအုပ္ငယ္ေလးကို ျပန္ထုတ္ေပးသည္။လစဥ္ အတိုးလာထုတ္သည့္အခါ ထိုစာအုပ္ငယ္ႏွင့္ မွတ္ပုံတင္ ျပသရသည္။အဆိုပါ ေငြေၾကးဝန္ေဆာင္မႈ လုပ္ငန္းမ်ားသည္ ပုန္းလွ်ိဳးကြယ္လွ်ိဳး ဖြင့္ျခင္းမဟုတ္။အလုပ္ခန္း၊ ႐ုံးခန္း၊ စီမံအုပ္ခ်ဳပ္သူ၊ ဝန္ထမ္း အျပည့္အစုံျဖင့္ တရားဝင္ လုပ္ငန္းသဖြယ္ ေျပာင္ေျပာင္တင္းတင္း လုပ္ကိုင္ၾကျခင္း ျဖစ္ပါသည္။

ႏွစ္ခ်ီၾကာလာေသာအခါ သစၥာပန္းခင္း၊ ဧရာေျမတို႔ နည္းတူ လုပ္ကိုင္လာသည့္ အဖြဲ႕မ်ားလာသည္။သို႔ျဖင့္ ယုံၾကည္သူ မ်ားလာသည္။တခ်ိဳ႕က ေနထိုင္သည့္ အိမ္ၿခံမ်ားကို ေရာင္းခ်လိုက္ၿပီး ထိုဝန္ေဆာင္မႈလုပ္ငန္းမ်ားတြင္ ေငြအပ္လိုက္သည္။
ရသည့္အတိုးသည္ အိမ္ငွားခ အပါအဝင္ တစ္လအသုံးစရိတ္အတြက္ ေကာင္းေကာင္းလုံေလာက္သည္ဟူေသာ တြက္ကိန္းျဖင့္ အိမ္ေရာင္းပစ္လိုက္ၾကသည္။သူတို႔တြင္ လစဥ္ပုံမွန္ဝင္ေငြျဖင့္ ရပ္တည္ႏိုင္ၿပီဟု ေငြအပ္ထားသူမ်ား စိတ္ေအးလက္ေအး ရွိလာခ်ိန္တြင္ အဆိုပါ ေငြေၾကးဝန္ေဆာင္မႈ အလုပ္ခန္းမ်ား ပိတ္သြားေတာ့သည္။အလုပ္ခန္းမ်ားကို ယတိျပတ္ပိတ္ပစ္သည္ မဟုတ္ဘဲ၊ လစဥ္ေပးေနၾက အတိုးမေပးေတာ့။
ေငြသြားထုတ္သူမ်ားသည္ အဓိကတာဝန္ရွိသူမ်ားကို မေတြ႕ရေတာ့ဘဲ ဘာမွ်ေျဖရွင္းမေပးႏိုင္သည့္ ႐ုံးေစာင့္ကဲ့သို႔ ေအာက္ေျခဝန္ထမ္းကိုသာ ေတြ႕ရေတာ့သည္။

ေငြအပ္ထားသူမ်ား ပ်ာယာခတ္သြားၾကသည္။ဟိုတိုင္သည္တိုင္ တိုင္ၾကသည္။တေျဖးေျဖးေျဖရွင္း ေပးမေယာင္ေယာင္ အသံထြက္လာေသာ္လည္း မၾကာမီ အဆိုပါအလုပ္ခန္းမ်ားအားလုံး ပိတ္သြားေတာ့သည္။ထိုလုပ္ငန္းမ်ားကို ေျပာင္ေျပာင္တင္းတင္း လုပ္ေနေၾကာင္း တေလာကလုံး သိေသာ္လည္း၊ ေငြအပ္ႏွံခံရသူမ်ား လက္လြတ္ျဖစ္ က်န္ရစ္ခ်ိန္တြင္ မည္သူမွ ထြက္ေျဖရွင္းမေပး။
ဘယ္ကိုမွတိုင္၍ အရာမေရာက္ဘဲ၊ မိမိတို႔ အပ္ႏွံထားသည့္ ေငြမ်ား ျပန္ရႏိုးေမွ်ာ္ကိုးရင္း ယေန႔ထိ တစ္ျပားတစ္ခ်ပ္မွ ျပန္မရၾကေတာ့ေပ။အသိ ပင္စင္စားလင္မယားဆိုလွ်င္ သားသမီးမရွိ၍ လင္ကိုယ္မယား ၂ ေယာက္ထဲ အိမ္ငွားေနမည္ဟု တြက္ခ်က္လ်က္ အိမ္ႏွင့္ၿခံကိုေရာင္းၿပီး ဧရာေျမတြင္ ေငြအားလုံး သြားအပ္လိုက္သည္။သူတို႔ဇနီးေမာင္ႏွံ ႏွစ္ေယာက္၏ ပင္စင္လခမွာ စားစရိတ္ပင္ အႏိုင္ႏိုင္သုံးရသည္ျဖစ္ရာ အသိမိတ္ေဆြမ်ားထံ ေနထိုင္ရင္း ဇနီးက ပထမ ဆုံးပါးသြားသည္။ခင္ပြန္းျဖစ္သူက ဇနီးဆုံးၿပီး တစ္ႏွစ္ေက်ာ္ၾကာတြင္ ဆုံးပါးခဲ့ၾကပါသည္။

ထို႔ေနာက္ ျမန္မာႏိုင္ငံတြင္ MLN ေခၚ မာလ္တီလယ္ဘယ္ ေရာင္းဝယ္ေရးေခၚ ဆင့္ပြားခ်ိတ္ဆက္ ေရာင္းဝယ္ေရးလုပ္ငန္း ေပၚလာသည္။ပထမဆုံးမွတ္မိသည္မွာ လင္ဇီးေဆး ျဖစ္ပါသည္။သည္ဆင့္ပြားခ်ိတ္ဆက္ ေရာင္းဝယ္ေရးလုပ္ငန္းတြင္ ပါဝင္သူမ်ားသည္ ပထမသင္တန္းပို႔ခ်သည္ကို တက္ေရာက္နားေထာင္ရသည္။ထိုသင္တန္းတြင္ အသင္းသားအျဖစ္ ပါဝင္႐ုံျဖင့္ ခံစားရမည့္ အက်ိဳးအျမတ္၊ မိမိ၏လက္ေအာက္တြင္ ဆင့္ပြားလူစုေပးႏိုင္ပါက လူတစ္ေယာက္ရတိုင္း မိမိရရွိမည့္ အက်ိဳးအျမတ္ စသည္မ်ားကို သြားရည္က်ေလာက္ေအာင္ ေျပာျပၾကသည္။

လင္ဇီးေဆး နာမည္ႀကီးသကဲ့သို႔ လင္ဇီးေဆး ေရာင္းဝယ္ေရး အဖြဲ႕ႀကီးကလည္း ႀကီးမားလာသည္။စာေရးသူကိုယ္တိုင္ လင္ဇီးေဆး ေရာင္းရမည့္သင္တန္း ၂ ႀကိမ္တက္ဖူးပါသည္။ လူနာရွာရမည္။လင္ဇီးသည္ ၉၆ ပါးေရာဂါ ေပ်ာက္ေၾကာင္း အၫႊန္းေကာင္းေကာင္းေျပာၿပီး သိန္းခ်ီသည့္ ေဈးႏႈန္းျဖင့္ ေရာင္းခ်ရမည္။သင္တန္း ၂ ႀကိမ္တက္ၿပီးေနာက္ စဥ္းစားပါသည္။
မိမိသည္ ဆရာဝန္မဟုတ္ဘဲ လူနာကို လင္ဇီးေဆးေရာင္းၿပီး ေရာဂါေပ်ာက္ေၾကာင္းကို ေငြရလို၍ လုပ္ၿပီဆိုပါစို႔။

တစ္ - လင္ဇီးေဆးသည္ ၉၆ ပါးေရာဂါ ေပ်ာက္ေၾကာင္း ပါးစပ္မွ ေျပာထြက္မည္မဟုတ္။

ႏွစ္ - ေဆးတန္ဖိုးကို ေျပာထြက္မည္မဟုတ္။

သုံး - အကယ္၍ လူနာ တိမ္းပါးခဲ့ေသာ္. . .

ထို႔ေနာက္ ယင္းသင္တန္းကို ဆက္မတက္ဘဲ ယတိျပတ္ ျဖတ္ခ်လိုက္ပါသည္။လင္ဇီးေဆး ေရာင္းဝယ္မႈကား ဆက္လက္ရွင္သန္ေနပါသည္။သို႔ေသာ္ စာေရးသူသည္ အလားတူေပၚလာသည့္ မည္သည့္ ဆင့္ပြားလူစုေရာင္းဝယ္ေရးကိုမွ် စိတ္မဝင္စားေတာ့ပါ။

တစ္ရက္တြင္ စာေရးသူ၏ ႐ုံးခန္းသို႔ တပည့္မေလးတစ္ေယာက္ ေရာက္လာပါသည္။ထိုတပည့္မေလးသည္ စာေရးသူ လက္ေအာက္တြင္ အလုပ္ လုပ္ခဲ့ဖူးပါသည္။ေနာက္ပိုင္း အိမ္ေထာင္က်ၿပီး ကေလး ၂ ေယာက္ ရလာခ်ိန္တြင္ အလုပ္မွ ထြက္သြားသည္။တပည့္မေလးက သူသည္ ဆင့္ပြားေရာင္းဝယ္ေရး လုပ္ငန္းတစ္ခုတြင္ အသင္းဝင္ၿပီး သူတို႔ကုမၸဏီကေရာင္းသည့္ ပစၥည္းမ်ားကို လာေရာင္းျခင္းျဖစ္ပါသည္။အလြန္တက္ႂကြေနသည္။
သူ မၾကာမီ အရင္းအႏွီး အေျမာက္အျမားရမည့္ လုပ္ငန္းဟု ယုံၾကည္ေနသည္။တပည့္မေလးျဖစ္ေန၍ သည္လုပ္ငန္း၏ သေဘာသဘာဝကိုရွင္းျပၿပီး ထြက္လိုက္ရန္ နားခ်ပါသည္။
မေအာင္ျမင္သည့္အျပင္ စာေရးသူကိုပါ အသင္းဝင္ရန္ တရားေဟာပါသည္။စာေရးသူအသင္းဝင္ပါက သူ႔လက္ေအာက္မွ လူတစ္ေယာက္ သူရၿပီျဖစ္ရာ စာေရးသူဝယ္သမွ် တန္ဖိုးထဲမွ သူခံစားခြင့္ရမည္ ျဖစ္ပါသည္။အျပင္တြင္ ေသေရာေၾကေရာ ၂၀၀၀ ခန႔္ ေပးရမည့္ သြားတိုက္ေဆးကို သူ႔ထံမွ ၁၅၀၀၀ ျဖင့္ ဝယ္လိုက္ရပါသည္။

၂ ပတ္ တစ္ခါခန႔္ တပည့္မေလး ေရာက္လာတတ္ပါသည္။ပစၥည္းမ်ား လာေရာင္းပါသည္။သူတက္ႂကြလ်က္ရွိသည္။သူ႔ကို ကုမၸဏီက မၾကာမီ ထိုင္းသို႔ ေစလႊတ္မည္ဆို၏။သည္လိုဆိုေတာ့လည္း မဆိုးပါလားဟု ေတြးမိပါသည္။သို႔ေသာ္ ေနာက္တစ္လခန႔္အၾကာ၌ တပည့္မေလး ေရာက္လာခ်ိန္တြင္ မ်က္ႏွာမသာယာေတာ့ပါ။
ထိုင္းကို မိမိစရိတ္ျဖင့္ မိမိသြားရျခင္းျဖစ္သည္။ထိုင္းစကားျပန္မွ တဆင့္ေပးသည့္ တစ္ရက္သင္တန္းကလည္း ဘာမွေထြေထြထူးထူးမဟုတ္။အေပါစား တည္းခိုခန္းတြင္ ေနခဲ့ရစားခဲ့ရသည္။ပထမဆုံးအႀကိမ္ တပည့္မေလးထံမွ ညည္းညဴသံ ထြက္လာသည္။

“ဆရာမေျပာသလိုပါပဲ။အသင္းဝင္ေတြကို မက္လုံးေပးၿပီး လုပ္စားေနတာပါ ဆရာမရယ္။တခ်ိဳ႕ဆို ကြၽန္မထက္ အျဖစ္ဆိုးပါတယ္။ကြၽန္မက ေယာကၡမနဲ႔ မေနခ်င္လို႔ အိမ္ခြဲေနခ်င္လို႔ ေငြရမလား လုပ္တာပါ ဆရာမရယ္။တခ်ိဳ႕ နယ္က ကေလးေတြဆို ၿခံေပါင္ လယ္ေပါင္နဲ႔ ဝင္လုပ္ေနၾကတာ။သူတို႔လည္း မွားမွန္းသိေပမဲ့ ေငြက ပစၥည္းဝယ္ရတဲ့ထဲ ဝင္ေနေတာ့ ဆက္လုပ္ေနၾကတာပါ။”

ေနာက္ ၂ ပတ္အၾကာတြင္ ထိုတပည့္မေလး သူ႔ကိုယ္သူ သတ္ေသသြားပါသည္။အဆိုပါ ထိုင္းအလွကုန္ႏွင့္ လူသုံးကုန္ပစၥည္း ေရာင္းဝယ္ေရး ယူရင္ကုန္ၿပီဆိုလား နာမည္မမွတ္မိေတာ့ေသာ ကုမၸဏီသို႔ ဝင္ဝင္ျခင္း ေငြ ၁၀ သိန္းဖိုး ပစၥည္းဝယ္ရသည္။ထိုပစၥည္းမ်ားကို လည္ေရာင္းရသည္။မစားရဝခမန္း စကားမ်ား ေျပာရသည္။တင္ေနေသာ ေႂကြးေတြကလည္း ပိလာသည္။သို႔ျဖင့္ စိတ္ဖိစီးမႈႏွင့္ ေနာင္တရမႈဒဏ္ကို မခံႏိုင္ေတာ့ဘဲ သူ႔ကိုယ္သူ အဆုံးစီရင္သြားသည္။တပည့္မေလး ဆုံးပါးခဲ့သည္မွာ ၅ ႏွစ္ခန႔္ ရွိပါၿပီ။မၾကာမီက အစိုးရက ဥပေဒျဖင့္ MLM လုပ္ငန္းမ်ားကို ပိတ္လိုက္ေသာအခါ တပည့္မေလးသာ တမလြန္က ျမင္ႏိုင္၊ ၾကားႏိုင္မည္ဆိုပါက ဝမ္းေျမာက္ရွာမည္ဟု ေတြးေတာမိပါသည္။

ေဖ့စ္ဘုတ္ဖြင့္လွ်င္ ဖတ္ရသည့္ ရဲသတင္း၊ မာတုကာမႏွင့္ ေနထိုင္သည့္ ဘုန္းႀကီးသတင္း၊ ေသနတ္ကိုင္မည္ဟု ႀကိမ္းေမာင္းသည့္ ဘုန္းႀကီးသတင္းမ်ားအၿပီး ေသနတ္ကိုင္ထားေသာ ရေသ့ဝတ္ အမ်ိဳးသမီးပုံ တက္လာၿပီး သူႏွင့္ဆက္စပ္သည့္ သတင္းမ်ားပါ တက္လာပါသည္။ရေသ့မသည္ ဟိတ္ႏွင့္ ဟန္ႏွင့္ ေဗဒင္ေဟာခန္း ဖြင့္ထားၿပီး လိမ္ထားသည့္ ေငြမ်ားမွာ နည္းနည္းေနာေနာမဟုတ္။အလိမ္ခံရသူမ်ားမွာလည္း ဒိတ္ဒိတ္ႀကဲေတြ။ယခုအလိမ္ခံရသူမ်ားက တိုင္ၾကေတာၾက ဝိုင္းၾကေသာအခါ အဆိုပါရေသ့မသည္ ေပ်ာက္ျခင္းမလွ ေပ်ာက္သြားၿပီ ဆိုပါသည္။

၈၈ အေရးအခင္းတုန္းက အာဏာပိုင္တို႔ အလိုရွိသူမ်ားမွာ ဘယ္ေနရာပုန္းပုန္း ဖမ္းမမိသည္ဟု မရွိေစရ။ပိုက္စိတ္တိုက္ ရွာေဖြဖမ္းဆီးႏိုင္ခဲ့သည္မွာ အားလုံးအသိ။ယခု ရေသ့မသည္ အသြင္ေျပာင္းထားဦးေတာ့ တကယ္အလုပ္လုပ္မည္ဆိုလွ်င္ ေျပးေပါက္မရွိပါ။သို႔ေသာ္ တိုက္ခန္းႀကီးေပၚတြင္ ခမ္းနားထယ္ဝါစြာ ဟိတ္ဟန္တစ္လုံးႏွင့္ အယုံသြင္းၿပီး ေအာင္ျမင္စြာ ေငြအျမာက္အျမား လိမ္ယူႏိုင္ခဲ့သည္။ယခုမွ သူ႔ေနာက္ေၾကာင္းကို လိုက္ၾကရာ ေထာင္သုံးခါက်ၿပီး လြတ္လာသူ ျဖစ္ေနသည္။မယ္ေတာ္ႀကီးဟု ကုန္းဦးခ်သူမ်ားကို အဘယ္မွ် ႀကိတ္ရယ္ေမာသြားေလမည္ကား မသိ။

၁၉၈၈ ေနာက္ပိုင္းမွ ယေန႔ထိ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း၊ MLM ေရာင္းဝယ္မႈလုပ္ငန္း၊ ရေသ့မ နႏၵမာလာ ေငြလိမ္မႈတို႔သည္ အႀကီးစား လိမ္လည္လွည့္ျဖားမႈမ်ား ျဖစ္ၾကပါသည္။သည္ၾကားထဲ ထီေပါက္သည္ဟု လိမ္လည္မႈ၊ ကံစမ္းမဲေပါက္သည္ဟု လိမ္လည္မႈ၊ ရဲဟန္ေဆာင္မႈ၊ စစ္ဗိုလ္ဟန္ေဆာင္မႈမ်ား ဒင္းၾကမ္းထခဲ့ပါသည္။ျမန္မာမ်ား ဘာေၾကာင့္ အလြယ္တကူ အႀကိမ္ႀကိမ္ လိမ္ညာအသုံးခ် ခံၾကရပါသနည္း အေျဖရွာေသာ္ ျမန္မာတို႔၏ ယုံလြယ္ေသာ အက်င့္ႏွင့္ ေလာဘဦးစီးလာေသာအခါ အမွန္ကို မျမင္ႏိုင္ေတာ့ျခင္း၊ မဆင္ျခင္ မသုံးသပ္ႏိုင္ျခင္းဟူသည့္ အားနည္းခ်က္မ်ားေၾကာင့္ ျဖစ္ပါသည္။တစ္ဘက္က က်ေလာက္ေအာင္ ေျပာေသာအခါ ေသေသခ်ာခ်ာ မဆန္းစစ္ေတာ့ဘဲ အလြယ္တကူယုံျခင္း အက်င့္ကို ျမန္မာတို႔တြင္ စြဲေနပါသည္။ထို႔ျပင္ ငါးဖမ္းရန္ ငါးစာခ်ေကြၽးသည္၌ ငါးစာကိုသာျမင္ၿပီး ငါးမွ်ားခ်ိတ္ကို မျမင္ဘဲ စားလိုေဇာ (ရလိုေဇာ) ျဖင့္ ငါးစာကို ဟပ္လိုက္ရာ ငါးမွ်ားခ်ိတ္တြင္ တန္းလန္းပါရေသာ ငါးကဲ့သို႔ ျဖစ္ၾကရပါသည္။

MLM ေရာင္းဝယ္ေရး စနစ္သည္ လိမ္ညာမႈမဟုတ္ပါဟု ေစာဒကတက္သူမ်ား ရွိၾကပါမည္။ေရာင္းသူဝယ္သူ ေက်နပ္၍ လုပ္ကိုင္ၾကသည့္ အလုပ္ဟု ဆင္ေျခေပးမည္ပင္။တစ္က်ပ္တန္ေသာ ပစၥည္းကို ၁၀ ျဖင့္ ဝယ္ရၿပီး တစ္ေထာင္ျဖင့္ ျပန္ေရာင္းရသည့္ အလုပ္သည္ လိမ္ညာလွည့္ျဖားျခင္း ပါဝင္ေနပါသည္။ဧရာေျမကဲ့သို႔ ေငြေၾကးဝန္ေဆာင္မႈလုပ္ငန္း လုပ္ကိုင္ခဲ့သူ ယုံၾကည္အပ္ႏွံသူမ်ား၏ ေငြမ်ားကို ‘မ’ ယူသြားသူမ်ားအားလုံး ေဘးကင္းရန္ကြာ လြတ္ကင္းခဲ့ၾကပါသည္။MLM လုပ္ငန္းကို အင္အယ္လ္ဒီအစိုးရ လက္ထက္တြင္ အစသတ္ေပးလိုက္ပါသည္။

တရားဥပေဒစိုးမိုးေရးကို တြင္တြင္ေျပာခဲ့ေသာ ေျပာေနဆဲျဖစ္ေသာ လက္ရွိအစိုးရသည္ ဂန္းကိုင္ခဲ့သည့္ မယ္ေတာ္ႀကီးကို ဥပေဒေဘာင္တြင္း ဆြဲေခၚလာႏိုင္မည္လား အလိမ္ခံရသူမ်ားက ေမွ်ာ္လင့္ေနၾကပါသည္။အစိုးရသည္ မယ္ေတာ္ႀကီးကို ဆြဲေခၚလာႏိုင္စြမ္းရွိလွ်က္ နမူနာျပ စစ္ေဆးအျပစ္ေပးႏိုင္မည္ဆိုပါက တရားဥပေဒစိုမိုးမႈ အက်ိဳးကို အတန္အသင့္ ေဖာ္ေဆာင္ေပးႏိုင္ဟု လက္ခံၾကရမည္ ျဖစ္ပါသည္။

ခင္ႏွင္းဦး
ဒီဇင္ဘာ - ၈