【 ဆောင်းပါး 】 “စဉ်းစားစရာ (၅) နိုင်ငံ ဆွေးနွေးပွဲနှင့် မြန်မာအရေး”

【 ဆောင်းပါး 】 “စဉ်းစားစရာ (၅) နိုင်ငံ ဆွေးနွေးပွဲနှင့် မြန်မာအရေး”

တရုတ်ပြည်လွတ်မြောက်ကာစ ကာလများက အမေရိကန်နှင့် အနောက်အုပ်စု၏ ဝိုင်းပတ်ပိတ်ဆို့ရေးတွင် မြန်မာသည် ပြတ်တောက်နေသော ကွင်းဆက်အဖြစ် အသုံးတော်ခံခဲ့သည်။တရုတ်ခြိမ်းခြောက်မှုကို အစဉ်အဆက် စိုးရိမ်မှုလွန်ကဲနေသေ မြန်မာခေါင်းဆောင်များက တရုတ်နောက်ဖေးထွက်ပေါက်ကို မပိတ်ပါကြောင်း အထပ်ထပ်အာမခံနေကြရသည်။ဦးနု၊ ဗိုလ်ချုပ်ကြီးနေဝင်းတို့ကဲ့သို့ ခေါင်းဆောင်များက မြန်မာနယ်မြေကို အခြေစိုက်စခန်းအဖြစ် အသုံးပြုပြီး မည်သည့်နိုင်ငံကိုမျှ ကျူးကျော်တိုက်ခိုက်ခွင့်ပြုမည်မဟုတ်ကြောင်း ကတိစကားခံကြသည်။မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင်ပါဝင်သော မြန်မာမြေပေါ်တွင် မည်သည့်နိုင်ငံခြားစစ်တပ်များ အခြေစိုက်နှင့် ပြုမည်မဟုတ်ဆိုသည့် ပြဋ္ဌာန်းချက်မှာလည်း တရုတ်မျက်နှာဖြင့် ချမှတ်ရခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

၁၉၆၉ ခုနှစ် ဆီနို-ဆိုဗီယက်အကွဲ၊ ကမ္ဘာ့ကွန်မြူနစ်အုပ်စု နှစ်ခြမ်းအတိအလင်းကွဲကြခြင်းနှင့် အမေရိကန်-တရုတ် ရွှေလမ်းငွေလမ်းဖောက်ကြခြင်းကြောင့် မြန်မာသည် တရုတ်၏ အရေးပါမှုအဆင့်အတန်းမှ လျော့ကျသွားသည်။တရုတ်-ဆိုဗီယက်နယ်စပ် စစ်ရေးတင်းမာမှုများအပေါ် မူတည်ပြီး တရုတ်၏ ပထဝီနိုင်ငံရေးအာရုံစိုက်ရာသည် အရှေ့နှင့် အရှေ့မြောက်တို့ ပြောင်းရွှေ့သွားရာတွင် မြန်မာသည် မှန်တန်းဆက်ဆံရေးအနေအထားနိုင်ငံ ဖြစ်သွားသည်။စစ်အေးတိုက်ပွဲပြီးဆုံးသွားခြင်း၊ ဆိုဗီယက်ပြိုကျသွားခြင်း၊ အမေရိကန်-တရုတ် ဆက်ဆံရေး ပြန်လည်ပြောင်းလဲလာပြန်သည်။အာရှပစိဖိတ်ဒေသတွင်း အမေရိကန် စစ်အခြေစိုက်စခန်းများ ဝိုင်းပတ်ပိတ်ဆို့ထားမှု ရှိရင်းစွဲအခြေအနေတွင် တောင်တရုတ်ပင်လယ် စီမံခန့်ခွဲရေးအပေါ်မူတည်၍ ဒေသတွင်းပြဿနာမှာ တစ်ဖြည်းဖြည်းအရှိန်တက်လာလျှက်ရှိနေသည်။ဤတွင် မြန်မာသည် ပြတ်တောက်နေသော ကွင်းဆက်နေရာသို့ ပြန်လည်ပို့ဆောင်ခြင်းခံရတော့သည်။

လွတ်လပ်ရေးရပြီးချိန်မှစတင်ပြီး ရာစုနှစ်တစ်စုနီးပါးသို့ ရောက်လာသည့်တိုင် နိုင်ငံရေးကသောင်းကနင်းဖြစ်မှု လူမျိုးစုံ လက်နက်ကိုင်ပြည်တွင်းစစ်နှင့် နိုင်ငံရေးစနစ် အခြေမကျမှုများဖြင့် မြန်မာပြည်သည် ပြန်လည်နိုးထရန် အားယူနေရဆဲဖြစ်သည်။စစ်အေးကာလအတွင်း တိကျစွာဘက်မလိုက်၍ ကြားနေရခြင်း၊ ကမ္ဘာ့စူပါပါဝါများ၏ စုပေါင်းလုံခြုံရေးစနစ်များဖြင့် ခပ်ကင်းကင်းနေခဲ့ရခြင်းတို့ကြောင့် လုံခြုံရေးအားနည်းချက်လဲရှိလာသလို အုပ်စုလိုက်ရန်တုပြိုင်ပြုကြခြင်းမှလည်း လွတ်ငြိမ်းခွင့်ရခဲ့သည်။ထိုစဉ်က အမေရိကန်၏ အာရှစုပေါင်းလုံခြုံရေးစနစ်ဖြစ်သည့် အရှေ့တောင်အာရှစစ်အုပ်စု (ဆီးတိုး) တွင်လည်း မပါဝင်သလို ဆိုဗီယက်ပြည်ထောင်စုမှ စည်းရုံးဆွဲဆောင်သည့် အာရှစုပေါင်းလုံခြုံရေးစနစ်မှလည်း ရှောင်လွှဲခဲ့သည်။

ထိုသို့စစ်အေးတိုက်ပွဲ စူပါပါဝါတို့၏ လုံခြုံရေးစနစ်ပြင်ပများတွင် သီးခြားနေခဲ့သည့်အတွက် စူပါပါဝါလွန်ဆွဲပွဲများမှ ကင်းလွတ်ခွင့်ရခဲ့သော်လည်း ပြည်တွင်းရေးကသောင်းကနင်းဖြစ်မှုများ၌ အကန့်အသတ်ဖြင့် အားစမ်းကြခြင်းဒဏ်ကိုလည်း မလွန်ဆန်နိုင်ဖြစ်ရပြန်သည်။
စစ်အေးကာလအတွင်း မြန်မာပြည်တောင်ပိုင်းနှင့် ရှမ်းကုန်းပြင်မြင့် လူမျိုးစုလက်နက်ကိုင်များမှာ အနောက်အုပ်စုနှင့်နီးစပ်ပြီး အာရှစုပေါင်းလုံခြုံရေးစနစ်ဝင် ထိုင်းနိုင်ငံနယ်စပ်တစ်လျှောက် ရပ်တည်တိုက်ခိုက်ကြသည်။

အလားတူ ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် မြောက်ပိုင်းလူမျိုးစု လက်နက်ကိုက်များသည် တရုတ်နယ်စပ်တစ်လျှောက် ကျောထောက်နောက်ခံပြု၍ လှုပ်ရှားခဲ့ကြသည်။မြန်မာအစိုးရ လက်နက်ကိုင်တပ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အပါအဝင် လူမျိုးစုလက်နက်ကိုင်အဖွဲ့များ၏ စစ်ပွဲများသည် အကန့်အသတ်ဖြင့် စစ်ဆင်တိုက်ခိုက်ကြခြင်းဖြစ်သည်ဟု ဆိုကြသည်။အကျိုးဆက်အားဖြင့် စစ်ပွဲများကြာညောင်းတာရှည်နေသော်လည်း နိုင်ငံရေးအရအဖြေရှာရန် နှစ်ဖက်စလုံးမှ အကန့်အသတ်ရှိနေကြပြန်သည်။
မြန်မာပထဝီနိုင်ငံရေးအပေါ် တစ်ဦးတည်းလက်ဝါးကြီးအုပ်ခွင့် မပေးလိုကြသည် ကမ္ဘာအုပ်စုများကြားတွင် မြန်မာငြိမ်းချမ်းရေးသည် မျက်စေ့လည်နေသည့်နည်းတူ ပြည်တွင်းစစ်ကိုအကြောင်းပြု၍ နိုင်ငံရေးအမြတ်ထုတ်မှုဒဏ်ကိုလည်း ခံနေရဆဲဖြစ်သည်။

စစ်အေးတိုက်ပွဲပြီးသည့်နောက် မြန်မာပြည် လက်နက်ကိုင်တိုက်ပွဲများ အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။မြန်မာပြည်၏ အကြီးဆုံးအဖွဲ့ဖြစ်သည် ဗမာပြည်ကွန်မြူနစ်ပါတီမှ တိုင်းရင်းသားအဖွဲ့များ ခွဲထွက်သွားခြင်းနှင့် ၁၉၈၈ ခုနှစ် အရေးအခင်းနှင့် ၁၉၈၉ ခုနှစ် တန်အင်မင်ရင်ပြင် အရေးအခင်းများအရ တရုတ်နှင့် မြန်မာ ကျောခြင်းကပ်သွားသည်။မြန်မာပြည်မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များသည်လည်း ဆက်တိုက်အပစ်အခတ်ရပ်စဲရေးလုပ်လာပြီး ဗိုလ်နေမြဲ၊ ကျားနေမြဲကို နှစ်ပေါင်းများစွာ ထိန်းသိမ်းထားကြသည်။၂၀၁၀ ရွေးကောက်ပွဲပြီးသည့်နောက် မြန်မာပြည်တောင်ပိုင်းရှိ တစ်ဦးတည်း အန်တုဖက်ပြိုင်တိုက်ခိုက်နေသော KNU နှင့် အပစ်အခတ်ရပ်စဲရေး လုပ်လာခဲ့သည်။မြန်မာပြည်လက်နက်ကိုင်တိုက်ပွဲများမှ ဦးခွန်ဆာအဖွဲ့ ရပ်စဲသွားပြီးနောက် စစ်အေးကာလတစ်လျှောက်လုံး တည်ရှိခဲ့သော ဟီးရိုးအင်းလျို့ဝှက်ကြံစည်မှုကစားကွက်မှာ မှေးမှိန်သွားပြီးနောက် ကျန်အဖွဲ့များ၏ စိတ်ကြွဓာတုမူးယစ်ဆေးဝါးများအရေးမှာ ဒေသတွင်းပြဿနာဖြစ်လာခဲ့သည်။

တရုတ်အနေဖြင့် မလ္လကာအကြပ်အတည်းကြောင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်နှင့် စွမ်းအင်သယ်ယူပို့ဆောင်ရေးအတွက်ဟု အများနားလည်စေရန် သတင်းအချက်အလက် ထုတ်ပြန်ထားသည့် ကျောက်ဖြူ-ကူမင်း ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းသည် အဓိကမဟုတ်ဟု ဒေဗစ်စတိန်သတ်နှင့် ဟန်ဝေဖန်းတို့မှ ဆိုသည်။လတ်တလော သယ်ယူပို့နိုင်မှုစွမ်းအားမှ တရုတ်စွမ်းအင်လိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်းရှိသော်လည်း ၂၀၂၅ တွင် တိုးပွားလာမည့် တရုတ်စွမ်းအင်လိုအပ်ချက်၏ ၃ ရာခိုင်နှုန်းခန့်သာ သွယ်ပို့နိုင်စွမ်းရှိသည်ဟု ဆိုသည်။

အဓိကရည်မှန်းချက်မှာ တရုတ်နိုင်ငံအတွင်း ကွန်ယက်မျိုးစုံဖြင့် ချိတ်ဆက်ထားသော အာရှစီးပွားရေးစင်္ကြန်မျိုးစုံအတွက် ပထဝီလိုအပ်ချက်ပင်ဖြစ်သည်။၎င်း၏စီးပွားရေးစင်္ကြန်များ အထမြောက်ရန်အတွက် မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို လိုလားသည်ဟုလည်း အပြုသဘောဆောင် အသံထုတ်ထားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ယခင်ကလောက် ကြီးမားပြင်းထန်သောစစ်ပွဲများ ယာယီရပ်တန့်နေသော်လည်း ယခင် တရုတ်နယ်စပ်ကျောထောက်နောက်ခံအဖွဲ့များ၊ ထိုင်းနယ်စပ်ကျောထောက်နောက်ခံအဖွဲ့များအပြင် အိန္ဒိယနယ်စပ်နှင့် ဘင်္ဂါလားဒေ့ရှ်နယ်စပ် ကျောထောက်နောက်ခံအဖွဲ့များလည်း အားကောင်းလာနေသည်ကို တွေ့ရသည်။မြန်မာနိုင်ငံသည် စစ်အေးကာလအတွင်း ရင်ဆိုင်ခဲ့ရသော ကြားခံစစ်ပွဲ (Proxy war) သည် ယခုကမ္ဘာ့အခင်းအကျင်းသစ်တွင် ပုံစံတစ်မျိုးဖြင့် ပြန်လည်အားယူနေပြီလားဟု စဉ်းစားစရာရှိလာသည်။

ယခင်က အမျိုးသားလွတ်မြောက်ရေး၊ အိုင်ဒီရိုလိုဂျီတော်လှန်ရေးများပေါ်တွင် ဩဇာညောင်းရန်နှင့် နယ်မြေပထဝီစိုးမိုးနိုင်ရန် အင်အားကြီးနိုင်ငံများမှ မိမိတို့လိုလားသည့်ဖက်မှ ထောက်ခံထားကြသည့် ကြားခံစစ်ပွဲဖြစ်သည်။ပြည်တွင်းစစ်ပွဲများ၊ အကြမ်းဖက်တိုက်ခိုက်မှုများ၊ သောင်းကျမ်းမှုများ၊ ပုန်ကန်မှုများ၊ လွတ်မြောက်ရေးစစ်ပွဲများတွင် စစ်ပွဲများဖြစ်ပေါ်စေရန် လှုံ့ဆော်စည်းရုံးပေးခြင်း၊ ငွေကြေးထောက်ပံ့ရေး အရင်းအမြစ်များ ဖန်တီးပေးခြင်း၊ စစ်သင်တန်းနှင့် လက်နက်ရုပ်ဝတ္ထု ထောက်ပံ့ပေးခြင်းများကို နောက်ကွယ်မှစီမံပေးခြင်းဖြင့် ကြားခံစစ်ပွဲများ ဆင်နွှဲကြသည်။ကြားခံစစ်ပွဲများသည် ပထဝီဒေသများအပေါ် ဩဇာညောင်းရန်နှင့် အကန့်အသတ်ဖြင့် ထိန်းချုပ်ထားနိုင်ရန်ပင်ဖြစ်သည်။

ကမ္ဘာအခင်းအကျင်းသစ်နှင့် ကိုဗစ်-၁၉ အပြီး အခြေအနေသစ်တွင် မြန်မာပြည်တည်ငြိမ်အေးချမ်းရေးနှင့် နိုင်ငံရေးစနစ် တည်ငြိမ်အထိုင်ကျရေးမှာ ကမ္ဘာပထဝီနိုင်ငံရေး တည်ငြိမ်ရေးအတွက် လိုအပ်လာပြီဟု သုံးသပ်ရသည်။ဤသို့တည်ငြိမ်အေးချမ်းရေးမှာ မြန်မာပြည်ဆိုင်ရာ ပြဿနာနှစ်ရပ်ကို ဝိုင်းဝန်းဖြေရှင်းပေးရမည်ပင်ဖြစ်သည်။မြန်မာပြည်ငြိမ်းချမ်းရေးနှင့် တပ်မတော်၏ နိုင်ငံရေးအခန်းကဏ္ဍတို့ပင် ဖြစ်လိမ့်မည်။မြန်မာပြည်အား အစဉ်အဆက်ပြတ်တောက်လျှက်ရှိသော ကွင်းဆက်အနေအထားကို ထိန်းသိမ်းနိုင်ရန်မှာ အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ မြန်မာတို့ ပါဝင်သော (၅) နိုင်ငံ မြန်မာအရေးဆွေးနွေးပွဲ ဖြစ်နိုင်ချေကို တရုတ်နိုင်ငံမှ မြန်မာနှင့်ညှိနှိုင်း၍ ချဉ်းကပ်မှုအသစ်အဖြစ် စဉ်းစားကြည့်မိပါကြောင်း......။

မင်းနိုင်စိုး
ကိုးကား - ခေတ်သစ် တရုတ်-မြန်မာ ဆက်ဆံရေး (စိန်ဝင်းစိန်)
    Modern China-Myanmar Relations
    (David I.Steinbergand Hongwei Fan)
    - ဂရိတ်ဂိမ်း (နိုင်ဦး)
    Grate Game East
    India , China, and the Strugyle for Asia’smose Volatile frontier ( Bestil Lintner)
ဇွန် - ၄

( Zawgyi )

တ႐ုတ္ျပည္လြတ္ေျမာက္ကာစ ကာလမ်ားက အေမရိကန္ႏွင့္ အေနာက္အုပ္စု၏ ဝိုင္းပတ္ပိတ္ဆို႔ေရးတြင္ ျမန္မာသည္ ျပတ္ေတာက္ေနေသာ ကြင္းဆက္အျဖစ္ အသုံးေတာ္ခံခဲ့သည္။တ႐ုတ္ၿခိမ္းေျခာက္မႈကို အစဥ္အဆက္ စိုးရိမ္မႈလြန္ကဲေနေသ ျမန္မာေခါင္းေဆာင္မ်ားက တ႐ုတ္ေနာက္ေဖးထြက္ေပါက္ကို မပိတ္ပါေၾကာင္း အထပ္ထပ္အာမခံေနၾကရသည္။ဦးႏု၊ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းတို႔ကဲ့သို႔ ေခါင္းေဆာင္မ်ားက ျမန္မာနယ္ေျမကို အေျခစိုက္စခန္းအျဖစ္ အသုံးျပဳၿပီး မည္သည့္ႏိုင္ငံကိုမွ် က်ဴးေက်ာ္တိုက္ခိုက္ခြင့္ျပဳမည္မဟုတ္ေၾကာင္း ကတိစကားခံၾကသည္။ျမန္မာႏိုင္ငံ၏ အေျခခံဥပေဒတြင္ပါဝင္ေသာ ျမန္မာေျမေပၚတြင္ မည္သည့္ႏိုင္ငံျခားစစ္တပ္မ်ား အေျခစိုက္ႏွင့္ ျပဳမည္မဟုတ္ဆိုသည့္ ျပ႒ာန္းခ်က္မွာလည္း တ႐ုတ္မ်က္ႏွာျဖင့္ ခ်မွတ္ရျခင္းျဖစ္သည္ဟု သုံးသပ္ၾကသည္။

၁၉၆၉ ခုႏွစ္ ဆီႏို-ဆိုဗီယက္အကြဲ၊ ကမာၻ႔ကြန္ျမဴနစ္အုပ္စု ႏွစ္ျခမ္းအတိအလင္းကြဲၾကျခင္းႏွင့္ အေမရိကန္-တ႐ုတ္ ေ႐ႊလမ္းေငြလမ္းေဖာက္ၾကျခင္းေၾကာင့္ ျမန္မာသည္ တ႐ုတ္၏ အေရးပါမႈအဆင့္အတန္းမွ ေလ်ာ့က်သြားသည္။တ႐ုတ္-ဆိုဗီယက္နယ္စပ္ စစ္ေရးတင္းမာမႈမ်ားအေပၚ မူတည္ၿပီး တ႐ုတ္၏ ပထဝီႏိုင္ငံေရးအာ႐ုံစိုက္ရာသည္ အေရွ႕ႏွင့္ အေရွ႕ေျမာက္တို႔ ေျပာင္းေ႐ႊ႕သြားရာတြင္ ျမန္မာသည္ မွန္တန္းဆက္ဆံေရးအေနအထားႏိုင္ငံ ျဖစ္သြားသည္။စစ္ေအးတိုက္ပြဲၿပီးဆုံးသြားျခင္း၊ ဆိုဗီယက္ၿပိဳက်သြားျခင္း၊ အေမရိကန္-တ႐ုတ္ ဆက္ဆံေရး ျပန္လည္ေျပာင္းလဲလာျပန္သည္။အာရွပစိဖိတ္ေဒသတြင္း အေမရိကန္ စစ္အေျခစိုက္စခန္းမ်ား ဝိုင္းပတ္ပိတ္ဆို႔ထားမႈ ရွိရင္းစြဲအေျခအေနတြင္ ေတာင္တ႐ုတ္ပင္လယ္ စီမံခန႔္ခြဲေရးအေပၚမူတည္၍ ေဒသတြင္းျပႆနာမွာ တစ္ျဖည္းျဖည္းအရွိန္တက္လာလွ်က္ရွိေနသည္။ဤတြင္ ျမန္မာသည္ ျပတ္ေတာက္ေနေသာ ကြင္းဆက္ေနရာသို႔ ျပန္လည္ပို႔ေဆာင္ျခင္းခံရေတာ့သည္။

လြတ္လပ္ေရးရၿပီးခ်ိန္မွစတင္ၿပီး ရာစုႏွစ္တစ္စုနီးပါးသို႔ ေရာက္လာသည့္တိုင္ ႏိုင္ငံေရးကေသာင္းကနင္းျဖစ္မႈ လူမ်ိဳးစုံ လက္နက္ကိုင္ျပည္တြင္းစစ္ႏွင့္ ႏိုင္ငံေရးစနစ္ အေျခမက်မႈမ်ားျဖင့္ ျမန္မာျပည္သည္ ျပန္လည္ႏိုးထရန္ အားယူေနရဆဲျဖစ္သည္။စစ္ေအးကာလအတြင္း တိက်စြာဘက္မလိုက္၍ ၾကားေနရျခင္း၊ ကမာၻ႔စူပါပါဝါမ်ား၏ စုေပါင္းလုံၿခဳံေရးစနစ္မ်ားျဖင့္ ခပ္ကင္းကင္းေနခဲ့ရျခင္းတို႔ေၾကာင့္ လုံၿခဳံေရးအားနည္းခ်က္လဲရွိလာသလို အုပ္စုလိုက္ရန္တုၿပိဳင္ျပဳၾကျခင္းမွလည္း လြတ္ၿငိမ္းခြင့္ရခဲ့သည္။ထိုစဥ္က အေမရိကန္၏ အာရွစုေပါင္းလုံၿခဳံေရးစနစ္ျဖစ္သည့္ အေရွ႕ေတာင္အာရွစစ္အုပ္စု (ဆီးတိုး) တြင္လည္း မပါဝင္သလို ဆိုဗီယက္ျပည္ေထာင္စုမွ စည္း႐ုံးဆြဲေဆာင္သည့္ အာရွစုေပါင္းလုံၿခဳံေရးစနစ္မွလည္း ေရွာင္လႊဲခဲ့သည္။

ထိုသို႔စစ္ေအးတိုက္ပြဲ စူပါပါဝါတို႔၏ လုံၿခဳံေရးစနစ္ျပင္ပမ်ားတြင္ သီးျခားေနခဲ့သည့္အတြက္ စူပါပါဝါလြန္ဆြဲပြဲမ်ားမွ ကင္းလြတ္ခြင့္ရခဲ့ေသာ္လည္း ျပည္တြင္းေရးကေသာင္းကနင္းျဖစ္မႈမ်ား၌ အကန႔္အသတ္ျဖင့္ အားစမ္းၾကျခင္းဒဏ္ကိုလည္း မလြန္ဆန္ႏိုင္ျဖစ္ရျပန္သည္။
စစ္ေအးကာလအတြင္း ျမန္မာျပည္ေတာင္ပိုင္းႏွင့္ ရွမ္းကုန္းျပင္ျမင့္ လူမ်ိဳးစုလက္နက္ကိုင္မ်ားမွာ အေနာက္အုပ္စုႏွင့္နီးစပ္ၿပီး အာရွစုေပါင္းလုံၿခဳံေရးစနစ္ဝင္ ထိုင္းႏိုင္ငံနယ္စပ္တစ္ေလွ်ာက္ ရပ္တည္တိုက္ခိုက္ၾကသည္။

အလားတူ ဗမာျပည္ကြန္ျမဴနစ္ပါတီအပါအဝင္ ေျမာက္ပိုင္းလူမ်ိဳးစု လက္နက္ကိုက္မ်ားသည္ တ႐ုတ္နယ္စပ္တစ္ေလွ်ာက္ ေက်ာေထာက္ေနာက္ခံျပဳ၍ လႈပ္ရွားခဲ့ၾကသည္။ျမန္မာအစိုးရ လက္နက္ကိုင္တပ္မ်ားႏွင့္ ဗမာျပည္ကြန္ျမဴနစ္ပါတီ အပါအဝင္ လူမ်ိဳးစုလက္နက္ကိုင္အဖြဲ႕မ်ား၏ စစ္ပြဲမ်ားသည္ အကန႔္အသတ္ျဖင့္ စစ္ဆင္တိုက္ခိုက္ၾကျခင္းျဖစ္သည္ဟု ဆိုၾကသည္။အက်ိဳးဆက္အားျဖင့္ စစ္ပြဲမ်ားၾကာေညာင္းတာရွည္ေနေသာ္လည္း ႏိုင္ငံေရးအရအေျဖရွာရန္ ႏွစ္ဖက္စလုံးမွ အကန႔္အသတ္ရွိေနၾကျပန္သည္။
ျမန္မာပထဝီႏိုင္ငံေရးအေပၚ တစ္ဦးတည္းလက္ဝါးႀကီးအုပ္ခြင့္ မေပးလိုၾကသည္ ကမာၻအုပ္စုမ်ားၾကားတြင္ ျမန္မာၿငိမ္းခ်မ္းေရးသည္ မ်က္ေစ့လည္ေနသည့္နည္းတူ ျပည္တြင္းစစ္ကိုအေၾကာင္းျပဳ၍ ႏိုင္ငံေရးအျမတ္ထုတ္မႈဒဏ္ကိုလည္း ခံေနရဆဲျဖစ္သည္။

စစ္ေအးတိုက္ပြဲၿပီးသည့္ေနာက္ ျမန္မာျပည္ လက္နက္ကိုင္တိုက္ပြဲမ်ား အေျပာင္းအလဲမ်ားစြာ ျဖစ္ေပၚခဲ့သည္။ျမန္မာျပည္၏ အႀကီးဆုံးအဖြဲ႕ျဖစ္သည္ ဗမာျပည္ကြန္ျမဴနစ္ပါတီမွ တိုင္းရင္းသားအဖြဲ႕မ်ား ခြဲထြက္သြားျခင္းႏွင့္ ၁၉၈၈ ခုႏွစ္ အေရးအခင္းႏွင့္ ၁၉၈၉ ခုႏွစ္ တန္အင္မင္ရင္ျပင္ အေရးအခင္းမ်ားအရ တ႐ုတ္ႏွင့္ ျမန္မာ ေက်ာျခင္းကပ္သြားသည္။ျမန္မာျပည္ေျမာက္ပိုင္း လက္နက္ကိုင္အဖြဲ႕မ်ားသည္လည္း ဆက္တိုက္အပစ္အခတ္ရပ္စဲေရးလုပ္လာၿပီး ဗိုလ္ေနၿမဲ၊ က်ားေနၿမဲကို ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းထားၾကသည္။၂၀၁၀ ေ႐ြးေကာက္ပြဲၿပီးသည့္ေနာက္ ျမန္မာျပည္ေတာင္ပိုင္းရွိ တစ္ဦးတည္း အန္တုဖက္ၿပိဳင္တိုက္ခိုက္ေနေသာ KNU ႏွင့္ အပစ္အခတ္ရပ္စဲေရး လုပ္လာခဲ့သည္။ျမန္မာျပည္လက္နက္ကိုင္တိုက္ပြဲမ်ားမွ ဦးခြန္ဆာအဖြဲ႕ ရပ္စဲသြားၿပီးေနာက္ စစ္ေအးကာလတစ္ေလွ်ာက္လုံး တည္ရွိခဲ့ေသာ ဟီး႐ိုးအင္းလ်ိဳ႕ဝွက္ႀကံစည္မႈကစားကြက္မွာ ေမွးမွိန္သြားၿပီးေနာက္ က်န္အဖြဲ႕မ်ား၏ စိတ္ႂကြဓာတုမူးယစ္ေဆးဝါးမ်ားအေရးမွာ ေဒသတြင္းျပႆနာျဖစ္လာခဲ့သည္။

တ႐ုတ္အေနျဖင့္ မလႅကာအၾကပ္အတည္းေၾကာင့္ အိႏၵိယသမုဒၵရာ ထြက္ေပါက္ႏွင့္ စြမ္းအင္သယ္ယူပို႔ေဆာင္ေရးအတြက္ဟု အမ်ားနားလည္ေစရန္ သတင္းအခ်က္အလက္ ထုတ္ျပန္ထားသည့္ ေက်ာက္ျဖဴ-ကူမင္း ဓာတ္ေငြ႕ပိုက္လိုင္းစီမံကိန္းသည္ အဓိကမဟုတ္ဟု ေဒဗစ္စတိန္သတ္ႏွင့္ ဟန္ေဝဖန္းတို႔မွ ဆိုသည္။လတ္တေလာ သယ္ယူပို႔ႏိုင္မႈစြမ္းအားမွ တ႐ုတ္စြမ္းအင္လိုအပ္ခ်က္၏ ၁၀ ရာခိုင္ႏႈန္းရွိေသာ္လည္း ၂၀၂၅ တြင္ တိုးပြားလာမည့္ တ႐ုတ္စြမ္းအင္လိုအပ္ခ်က္၏ ၃ ရာခိုင္ႏႈန္းခန႔္သာ သြယ္ပို႔ႏိုင္စြမ္းရွိသည္ဟု ဆိုသည္။

အဓိကရည္မွန္းခ်က္မွာ တ႐ုတ္ႏိုင္ငံအတြင္း ကြန္ယက္မ်ိဳးစုံျဖင့္ ခ်ိတ္ဆက္ထားေသာ အာရွစီးပြားေရးစၾကၤန္မ်ိဳးစုံအတြက္ ပထဝီလိုအပ္ခ်က္ပင္ျဖစ္သည္။၎၏စီးပြားေရးစၾကၤန္မ်ား အထေျမာက္ရန္အတြက္ ျမန္မာႏိုင္ငံ တည္ၿငိမ္ေအးခ်မ္းေရးကို လိုလားသည္ဟုလည္း အျပဳသေဘာေဆာင္ အသံထုတ္ထားသည္။

ယခုအခါ ျမန္မာႏိုင္ငံတြင္ ယခင္ကေလာက္ ႀကီးမားျပင္းထန္ေသာစစ္ပြဲမ်ား ယာယီရပ္တန႔္ေနေသာ္လည္း ယခင္ တ႐ုတ္နယ္စပ္ေက်ာေထာက္ေနာက္ခံအဖြဲ႕မ်ား၊ ထိုင္းနယ္စပ္ေက်ာေထာက္ေနာက္ခံအဖြဲ႕မ်ားအျပင္ အိႏၵိယနယ္စပ္ႏွင့္ ဘဂၤါလားေဒ့ရွ္နယ္စပ္ ေက်ာေထာက္ေနာက္ခံအဖြဲ႕မ်ားလည္း အားေကာင္းလာေနသည္ကို ေတြ႕ရသည္။ျမန္မာႏိုင္ငံသည္ စစ္ေအးကာလအတြင္း ရင္ဆိုင္ခဲ့ရေသာ ၾကားခံစစ္ပြဲ (Proxy war) သည္ ယခုကမာၻ႔အခင္းအက်င္းသစ္တြင္ ပုံစံတစ္မ်ိဳးျဖင့္ ျပန္လည္အားယူေနၿပီလားဟု စဥ္းစားစရာရွိလာသည္။

ယခင္က အမ်ိဳးသားလြတ္ေျမာက္ေရး၊ အိုင္ဒီ႐ိုလိုဂ်ီေတာ္လွန္ေရးမ်ားေပၚတြင္ ဩဇာေညာင္းရန္ႏွင့္ နယ္ေျမပထဝီစိုးမိုးႏိုင္ရန္ အင္အားႀကီးႏိုင္ငံမ်ားမွ မိမိတို႔လိုလားသည့္ဖက္မွ ေထာက္ခံထားၾကသည့္ ၾကားခံစစ္ပြဲျဖစ္သည္။ျပည္တြင္းစစ္ပြဲမ်ား၊ အၾကမ္းဖက္တိုက္ခိုက္မႈမ်ား၊ ေသာင္းက်မ္းမႈမ်ား၊ ပုန္ကန္မႈမ်ား၊ လြတ္ေျမာက္ေရးစစ္ပြဲမ်ားတြင္ စစ္ပြဲမ်ားျဖစ္ေပၚေစရန္ လႈံ႕ေဆာ္စည္း႐ုံးေပးျခင္း၊ ေငြေၾကးေထာက္ပံ့ေရး အရင္းအျမစ္မ်ား ဖန္တီးေပးျခင္း၊ စစ္သင္တန္းႏွင့္ လက္နက္႐ုပ္ဝတၳဳ ေထာက္ပံ့ေပးျခင္းမ်ားကို ေနာက္ကြယ္မွစီမံေပးျခင္းျဖင့္ ၾကားခံစစ္ပြဲမ်ား ဆင္ႏႊဲၾကသည္။ၾကားခံစစ္ပြဲမ်ားသည္ ပထဝီေဒသမ်ားအေပၚ ဩဇာေညာင္းရန္ႏွင့္ အကန႔္အသတ္ျဖင့္ ထိန္းခ်ဳပ္ထားႏိုင္ရန္ပင္ျဖစ္သည္။

ကမာၻအခင္းအက်င္းသစ္ႏွင့္ ကိုဗစ္-၁၉ အၿပီး အေျခအေနသစ္တြင္ ျမန္မာျပည္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ ႏိုင္ငံေရးစနစ္ တည္ၿငိမ္အထိုင္က်ေရးမွာ ကမာၻပထဝီႏိုင္ငံေရး တည္ၿငိမ္ေရးအတြက္ လိုအပ္လာၿပီဟု သုံးသပ္ရသည္။ဤသို႔တည္ၿငိမ္ေအးခ်မ္းေရးမွာ ျမန္မာျပည္ဆိုင္ရာ ျပႆနာႏွစ္ရပ္ကို ဝိုင္းဝန္းေျဖရွင္းေပးရမည္ပင္ျဖစ္သည္။ျမန္မာျပည္ၿငိမ္းခ်မ္းေရးႏွင့္ တပ္မေတာ္၏ ႏိုင္ငံေရးအခန္းက႑တို႔ပင္ ျဖစ္လိမ့္မည္။ျမန္မာျပည္အား အစဥ္အဆက္ျပတ္ေတာက္လွ်က္ရွိေသာ ကြင္းဆက္အေနအထားကို ထိန္းသိမ္းႏိုင္ရန္မွာ အေမရိကန္၊ ႐ုရွား၊ တ႐ုတ္၊ အိႏၵိယ၊ ျမန္မာတို႔ ပါဝင္ေသာ (၅) ႏိုင္ငံ ျမန္မာအေရးေဆြးေႏြးပြဲ ျဖစ္ႏိုင္ေခ်ကို တ႐ုတ္ႏိုင္ငံမွ ျမန္မာႏွင့္ညႇိႏႈိင္း၍ ခ်ဥ္းကပ္မႈအသစ္အျဖစ္ စဥ္းစားၾကည့္မိပါေၾကာင္း......။

မင္းႏိုင္စိုး
ကိုးကား - ေခတ္သစ္ တ႐ုတ္-ျမန္မာ ဆက္ဆံေရး (စိန္ဝင္းစိန္)
    Modern China-Myanmar Relations
    (David I.Steinbergand Hongwei Fan)
    - ဂရိတ္ဂိမ္း (ႏိုင္ဦး)
    Grate Game East
    India , China, and the Strugyle for Asia’smose Volatile frontier ( Bestil Lintner)
ဇြန္ - ၄