【 ဆောင်းပါး 】 “တော်လှန်ရေးသမိုင်းအမြင်နှင့် ဒီမိုကရေစီ”

【 ဆောင်းပါး 】 “တော်လှန်ရေးသမိုင်းအမြင်နှင့် ဒီမိုကရေစီ”

“တော်လှန်ရေးကို အုပ်ချုပ်ရတာထက် နိုင်ငံကို အုပ်ချုပ်ရတာ သုံးဆလောက်ပိုခက်တယ်ဆိုတဲ့ စကားကို ကြားဖူးလား။အဲဒီစကားကို ပြောခဲ့တဲ့သူက ဖိလစ်ပိုင်နိုင်ငံရဲ့ အာဏာရှင်ခေါင်းဆောင် ဖာဒီနန်မားကိုစ့် တဲ့လေ။ဘာပဲဖြစ်ဖြစ် သူပြောတာလည်း မှန်နေသလိုပဲ။ခင်ဗျားကြည့်လိုက် ကမ္ဘာပေါ်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေအဖြစ် အာဏာရှင်တွေရဲ့ လက်အောက်က လွတ်မြောက်အောင် တော်လှန်ရေးဆင်နွှဲပြီး အာဏာရရှိလာတဲ့ အစိုးရအတော်များများဟာ သူတို့ရဲ့ သက်တမ်းကာလတွေမှာ အခက်အခဲတွေ၊ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို အကြီးအကျယ် ရင်ဆိုင်ကြရပြီး အောင်မြင်မှုထက် ရှုံးနိမ့်မှုတွေကိုသာ တွေ့ကြုံခဲ့ကြရတယ်လို့ မထင်ဘူးလား။”

လက်ဖက်ရည်ဝိုင်းမှ မိတ်ဆွေတစ်ဦး၏ အပြောကြောင့် ကျွန်တော်တို့အားလုံး ငူငူငိုင်ငိုင်ဖြစ်သွားကြရသည်။မိတ်ဆွေ၏ ပြောဆိုမှုများကြောင့် ကျွန်တော့်အတွေးထဲတွင် ကမ္ဘာ့နိုင်ငံရေး သမိုင်းစာမျက်နှာများကို တစ်ရွက်ချင်းပြန်လှန်ခဲ့ရသည်အထိ ကမ္ဘာ့နိုင်ငံရေး သမိုင်းစာမျက်နှာများထဲမှ အာဏာရှင်များ၊ သက်ဦးဆံပိုင် မင်းဧကရာဇ်များကို တော်လှန်ခဲ့ကြသည့် ရုရှား၊ ကျူးဘား၊ တောင်အာဖရိက စသည်တို့၏ တော်လှန်ရေး သမိုင်းစာမျက်နှာများကို ကျွန်တော်က တစ်ရွက်ချင်း … တစ်ရွက်ချင်း ပြန်လှန်နေမိသည်။

အာဏာရှင်တို့၏ လက်အောက်ခံဘဝတွင် အတိုက်အခံ နိုင်ငံရေးသမားများသည် သူတို့၏နိုင်ငံကို အပြောင်းအလဲပြုလိုစိတ်ဖြင့် စွန့်လွှတ်စွန့်စား တိုက်ပွဲဝင်ခဲ့ကြသည်။တော်လှန်ရေးကာလက သူတို့၏ စိတ်ဓာတ်များက ပြတ်သားသည်။ခိုင်မာသည်။အရာရာကို စွန့်လွှတ်စိတ်နှင့်အတူ အာဏာပိုင်တို့ကို အာခံတော်လှန်ခဲ့ကြသည်။ကိုယ်ကျိုးစွန့်၍ နိုင်ငံအတွက် အပြောင်းအလဲပြုရန် ကြိုးပမ်းခဲ့ကြသော နိုင်ငံရေးသမားတို့ကို ပြည်သူတို့ကလည်း ချစ်ခင်လေးစားကြသည်။အထင်တကြီးနှင့် အားကိုးအားထားပြုကြသည်။

သို့တစေ သူတို့လေးစားအားထားရသော နိုင်ငံရေးသမားတို့ အာဏာရရှိလာချိန်တွင် သူတို့အပေါ် ယုံကြည်အားထားခဲ့သလောက် ဖြစ်မြောက်လာခြင်းမရှိသည့် အနေအထားကို တွေ့ကြုံလာခဲ့ကြရသည်။ထိုသို့သော အနေအထားက တော်လှန်ရေးသူရဲကောင်းတို့၏ အတိတ်ကာလ စိတ်ဓာတ်နှင့် စွမ်းဆောင်မှုများမှ အားရကျေနပ်စရာ ကောင်းခဲ့သလောက် နိုင်ငံအာဏာရရှိလာပြီးနောက်ပိုင်း သူတို့၏ ပြုပြင်ပြောင်းလဲမှုနှင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များမှာမူ မဲဆန္ဒရှင်ပြည်သူတို့ မျှော်မှန်းထားသလောက် ဖြစ်မြောက်လာခြင်းမရှိသည်ကို တွေ့မြင်ခဲ့ကြရသည်။

“ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ရုရှားနိုင်ငံကို အရင်ဦးဆုံးကြည့်ရအောင်။ဘော်ရှီဗစ်တွေဟာ အောက်တိုဘာတော်လှန်ရေးကြီးနဲ့အတူ သက်ဦးဆံပိုင် ဘုရင်မင်းဆက်ကို ဖြုတ်ချခဲ့တယ်။သူတို့အာဏာရရှိလာတော့ သူတို့ယုံကြည်ထားတဲ့ ကွန်မြူနစ်စနစ်နဲ့ ဆက်လက်ချီတက်တယ်။ဖြစ်ချင်တော့ ရုရှားကွန်မြူနစ်တွေဟာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုဘက်ကို ယိမ်းလာခဲ့ပြီး သူတို့ နိုင်ငံရေး၊ စီးပွားရေး ဗဟိုချုပ်ကိုင်မှုစနစ်က အရင်းရှင်ဝါဒီတို့ရဲ့ အားပြိုင်ဖိအားပေးမှုအောက်မှာ အရေးနိမ့်ခဲ့ရတယ်။ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးကတည်းက ရုရှားနိုင်ငံဟာ အခုအချိန်အထိ နိုင်ငံရေးနဲ့ စီးပွားရေး တည်ငြိမ်မှုကင်းမဲ့နေသေးတဲ့ နိုင်ငံအဖြစ် တွေ့မြင်နေရတာကိုပဲကြည့်။”

မိတ်ဆွေ၏ အပြောကြောင့် ကျွန်တော်တို့၏ လက်ဖက်ရည်ဝိုင်းမှာ အတိတ်ကာလ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းအပေါ် ပြန်လည်ရှုမြင်မှုများနှင့်အတူ ပြန်လည်အသက်ဝင်လာခဲ့သည်။

“နောက်ပြီး တစ်ချိန်က ကမ္ဘာပေါ်မှာ လေးစားအားကျခဲ့ရတဲ့ တော်လှန်ရေးခေါင်းဆောင် ဖီဒယ်ကတ်စထရို ရဲ့ ကျူးဘားနိုင်ငံက ကောဘာထူးလဲ။ကတ်စထရို ဦးဆောင်တဲ့ တော်လှန်ရေးအုပ်စုက အာဏာရှင် ဘာတစ္စတာ အစိုးရကို ဖြုတ်ချနိုင်ခဲ့တာ မှန်တယ်။ဒါပေမဲ့ ကတ်စထရို က ကားလ်မတ်စ် ရဲ့ ဆိုရှယ်လစ်ဝါဒကို အစွဲအလမ်းကြီးလွန်းတယ်။ဒါ့အပြင် သူက တစ်ပါတီစနစ်နဲ့ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ပြီး နိုင်ငံထူထောင်ရေးကို ဆောင်ရွက်ခဲ့တယ်။ဒါပေမဲ့ အဲဒီအချိန်တုန်းက သြဇာအရှိန်အဝါကြီးလွန်းတဲ့ အမေရိကန်ပြည်ထောင်စု ဦးဆောင်တဲ့ အနောက်အုပ်စုကို ဖက်ပြိုင်အာခံခဲ့တဲ့အတွက် ကျူးဘားနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးမအောင်မြင်မှုတွေနဲ့အတူ နိုင်ငံလည်းမွဲ၊ ပြည်သူတွေလည်း ဆင်းရဲခဲ့ရတယ်။”

“ဟုတ်ပါပြီဗျာ .. ဒါဆိုရင် တော်လှန်ရေးမှာ အောင်မြင်ပြီး နိုင်ငံထူထောင်ရေးမှာ မအောင်မြင်တဲ့ နောက်ထပ်နိုင်ငံရှိရင် ပြောပါဦး”

“နယ်ဆင်မန်ဒဲလား ဦးဆောင်တဲ့ တောင်အာဖရိကပေါ့ဗျာ။အကျဉ်းထောင်ထဲမှာ ၂၇ နှစ်လောက် ကြံ့ကြံ့ခံပြီး လူဖြူအစိုးရကို အာခံခဲ့တဲ့ နယ်ဆင်မန်ဒဲလား သမ္မတဖြစ်လာတဲ့အချိန်မှာ အရင် လူဖြူအစိုးရလက်ထက်ကတည်းက ရှိခဲ့တဲ့ နိုင်ငံခြားကြွေးမြီဝန်ပိမှုနဲ့ ရင်ဆိုင်ခဲ့ရတယ်။ဒါတင်ပဲလားဆိုတော့ မကသေးဘူး။နိုင်ငံတွင်းမှာ အေအိုင်ဒီအက်စ် ကူးစက်ရောဂါပြန့်ပွားမှု၊ မိဘမဲ့ကလေးပမာဏ ကြီးထွားများပြားလာမှုနဲ့အတူ ဆင်းရဲတွင်း ချောက်ကမ်းပါးရှိရာကို နက်သထက်နက်အောင် ထိုးဝင်လာမှု စတဲ့ ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ဆိုရရင် တောင်အာဖရိကနိုင်ငံဟာ သမ္မတ မန်ဒဲလား လက်ထက်ကနေ အခုအချိန်အထိ နိုင်ငံတည်ငြိမ်ရေးအတွက် ရုန်းကန်နေရဆဲရှိတယ်။”

“ဟုတ်ပါပြီဗျာ .. ဒါဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကကော ဘယ်လိုတဲ့လဲ”

“ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေကို ပြောရရင်တော့ ခင်ဗျားတို့သိတဲ့အတိုင်း အင်န်အယ်လ်ဒီပါတီက အတိုက်အခံဘဝကနေ အာဏာရရှိလာခဲ့တယ်။ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီပါတီဟာ ဆယ်စုနှစ်နဲ့ချီပြီး အတိုက်အခံဘဝမှာ ကြံ့ကြံ့ခံပြီး နိုင်ငံပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နိုင်ဖို့ အားထုတ်ကြိုးပမ်းခဲ့တယ်။အပြောင်းအလဲကို လိုချင်နေတဲ့ ပြည်သူလူထုကလည်း အင်န်အယ်လ်ဒီကို တစ်လျှောက်လုံး ထောက်ခံအားပေးခဲ့တယ်။ဆိုရရင် အင်န်အယ်လ်ဒီဟာ ပြည်သူလူထုရဲ့ တစ်ခဲနက်ထောက်ခံအားပေးမှုနဲ့အတူ အာဏာရရှိလာခဲ့တယ်။”

“နောက်တော့ကော .. ဆိုပါဦး”

“အာဏာရရှိလာကာစမှာ အင်န်အယ်လ်ဒီအစိုးရဟာ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မြှင့်ပြီး ဖော်ဆောင်ဖို့ကြိုးပမ်းခဲ့တယ်။ဒါပေမဲ့ နောက်ဆုံးတော့ မထင်မှတ်တဲ့ ပြဿနာတွေနဲ့အတူ အကျပ်အတည်းတွေအကြားမှာ နစ်မြုပ်ပြီး အင်န်အယ်လ်ဒီရဲ့ ပြုပြင်ပြောင်းလဲရေးဟာ လက်ရှိ သက်တမ်းပြည့်လုချိန်အထိ ခရီးမပေါက်နိုင်သေးဘူးလို့ ဆိုရမှာဖြစ်တယ်။”

“အင်း … ဒါကြောင့် အမေရိကန် သတင်းစာဆရာ အာရ်ဟန့် က တော်လှန်ရေးက လွယ်ပေမဲ့ ဒီမိုကရေစီက မလွယ်ဘူးလို့ ဆိုခဲ့တာများလား”

“ဒီလိုဗျ ကမ္ဘာ့နိုင်ငံရေး သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်လိုက်ရင် အတိတ်က ကိုလိုနီလက်အောက်ခံဖြစ်ခဲ့တဲ့ နိုင်ငံတွေ၊ အာဏာရှင်အစိုးရ လက်အောက်မှာ ကာလအတန်ကြာ နေထိုင်ခဲ့ရတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးဆိုတာ ကြီးမားတဲ့စိန်ခေါ်မှုလို ဖြစ်နေတယ်လို့ မထင်ဘူးလား”

“ဒါဆိုရင် ဒီစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်တဲ့ နည်းလမ်းတွေဆိုတာကော မရှိဘူးလား”

“ဒီလိုဗျ၊ ကိုလိုနီလက်အောက်ခံဘဝမှာ အကြာကြီးနေခဲ့တဲ့ နိုင်ငံတွေ၊ အာဏာရှင်အစိုးရတွေ လက်အောက်မှာ နေထိုင်ခဲ့ရတဲ့ နိုင်ငံတွေထဲမှာ ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ နိုင်ငံတွေရှိတယ်။အဲဒီနိုင်ငံတွေဆီကနေ ကိုယ့်နိုင်ငံနဲ့ လိုက်လျောညီတွေရှိနိုင်မယ့် နည်းလမ်းတွေကို အတုယူတာမျိုးပေါ့ဆိုရရင် အတိတ်ဟောင်းက အကျင့်ပျက်ခြစားမှုတွေကို ဘယ်လိုတိုက်ဖျက်ခဲ့တယ်ဆိုတာမျိုး၊ တရားဥပဒေစိုးမိုးမှုကို ဘယ်လိုချမှတ် အကောင်အထည်ဖော်ခဲ့တယ်ဆိုတာမျိုး၊ ကိုယ့်နိုင်ငံကို နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုတွေ အလွယ်တကူဝင်လာနိုင်အောင် မဟာဗျူဟာတွေ ချမှတ်ဖော်ဆောင်တာမျိုး၊ ငြိမ်းချမ်းရေးပန်းတိုင် အရောက်လှမ်းနိုင်ရေးအတွက် သမရိုးကျနည်းလမ်းတွေကနေ ဖောက်ထွက်အဖြေရှာတာမျိုးတွေ လုပ်ဆောင်နိုင်ဖို့လိုမယ်လို့ ထင်မြင်မိတယ်။”

“သမရိုးကျနည်းလမ်းတွေကနေ ဖောက်ထွက်အဖြေရှာတဲ့အတွက် အနာခံရတာတွေလည်း ရှိလာနိုင်မယ်လို့ ထင်တယ်”

“အနာခံမှုနဲ့ အသာခံမှုဆိုတာ တစ်ဆက်တစ်စပ်တည်း ရှိနေတဲ့အရာတွေပဲ မဟုတ်လား။နိုင်ငံနဲ့ ပြည်သူလူထု အကျိုးအတွက်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေ ကျွန်တော်တို့ တစ်မျိုးသားလုံးမှာ ရှိနေမယ်ဆိုရင် အနာခံမှုနဲ့ အသာခံမှုဆိုတာတွေကို ဘေးပန်းအကျိုးဆက်အဖြစ် သဘောထားသင့်တယ်လို့ ထင်တယ်။

“ဘာပဲဖြစ်ဖြစ် လက်ရှိ ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက အခြားနိုင်ငံတွေနဲ့ မတူတာတော့အမှန်ပဲ သူတို့လုပ်သလို ကျွန်တော်တို့လုပ်နိုင်ဖို့ဆိုတာလည်း လက်ရှိအစိုးရအနေနဲ့ အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ရလိမ့်မယ်လို့ ထင်တယ်။”

“အမှန်ဆိုရရင်တော့ လက်ရှိအာဏာရ အင်န်အယ်ဒီအစိုးရဟာ အတိုက်အခံဘဝကလောက် လူထုနဲ့ ယုံကြည်အားထားမှုရေချိန် အမှတ်လျော့ကျသွားတဲ့ အနေအထားကို ရောက်ရှိနေတယ်လို့ ဆိုရလိမ့်မယ်။ပြင်သစ် လူမှုဗေဒပညာရှင် ပန်းဘော်ဒရီလတ် ဆိုခဲ့သလိုပေါ့။ဒီနေ့ခေတ် အုပ်ချုပ်မင်းလုပ်နေတဲ့ အစိုးရတွေအနေနဲ့ အများက လက်သင့်ခံနိုင်လောက်ပြီး အသိအမှတ်ပြု ချီးမွမ်းထိုက်တဲ့ အမှတ်လက္ခဏာတွေကို ဆောင်ကြဉ်းပေးဖို့ လိုတယ်တဲ့။အဲဒီအချက်ဟာ ပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်နေတဲ့ အစိုးရအတွက် ပြန်လည်လေ့လာ ဆန်းစစ်သင့်တဲ့အချက်လို့ ထင်တယ်။”

“ဟုတ်ပါပြီ။ဒါဆိုရင် ကျွန်တော်တို့နိုင်ငံအတွက် ၂၀၂၀ ကျရင်ကော ဘယ်လိုအပြောင်းအလဲတွေ ရှိလာမယ်လို့ထင်လဲ”

“အင်း ဒါကတော့ မဲဆန္ဒရှင်ပြည်သူလူထုရဲ့ သဘောထားအပေါ် မူတည်ပြီး အပြောင်းအလဲတွေ ဖြစ်ပေါ်လာမယ်လို့ ထင်ပါတယ်။”

“မည်သို့ဆိုစေ ကျွန်တော်တို့၏ လက်ဖက်ရည်စကားဝိုင်းသည်လည်း နောက်ဆုံးတော့ လက်ရှိ ကျွန်တော်တို့နိုင်ငံ၏ အခြေအနေကဲ့သို့ပင် မရေမရာမသေချာမှုများနှင့် အဆုံးသတ်ကာ လူစုခွဲခဲ့ကြပါသည်။”

မြင့်နောင်မိုး
နို၀င်ဘာ - ၁၄

( Zawgyi )

“ေတာ္လွန္ေရးကို အုပ္ခ်ဳပ္ရတာထက္ ႏိုင္ငံကို အုပ္ခ်ဳပ္ရတာ သုံးဆေလာက္ပိုခက္တယ္ဆိုတဲ့ စကားကို ၾကားဖူးလား။အဲဒီစကားကို ေျပာခဲ့တဲ့သူက ဖိလစ္ပိုင္ႏိုင္ငံရဲ႕ အာဏာရွင္ေခါင္းေဆာင္ ဖာဒီနန္မားကိုစ့္ တဲ့ေလ။ဘာပဲျဖစ္ျဖစ္ သူေျပာတာလည္း မွန္ေနသလိုပဲ။ခင္ဗ်ားၾကည့္လိုက္ ကမာၻေပၚမွာ အတိုက္အခံ ႏိုင္ငံေရးသမားေတြအျဖစ္ အာဏာရွင္ေတြရဲ႕ လက္ေအာက္က လြတ္ေျမာက္ေအာင္ ေတာ္လွန္ေရးဆင္ႏႊဲၿပီး အာဏာရရွိလာတဲ့ အစိုးရအေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕ သက္တမ္းကာလေတြမွာ အခက္အခဲေတြ၊ ျပႆနာေတြနဲ႔ စိန္ေခၚမႈေတြကို အႀကီးအက်ယ္ ရင္ဆိုင္ၾကရၿပီး ေအာင္ျမင္မႈထက္ ရႈံးနိမ့္မႈေတြကိုသာ ေတြ႕ႀကဳံခဲ့ၾကရတယ္လို႔ မထင္ဘူးလား။”

လက္ဖက္ရည္ဝိုင္းမွ မိတ္ေဆြတစ္ဦး၏ အေျပာေၾကာင့္ ကြၽန္ေတာ္တို႔အားလုံး ငူငူငိုင္ငိုင္ျဖစ္သြားၾကရသည္။မိတ္ေဆြ၏ ေျပာဆိုမႈမ်ားေၾကာင့္ ကြၽန္ေတာ့္အေတြးထဲတြင္ ကမာၻ႔ႏိုင္ငံေရး သမိုင္းစာမ်က္ႏွာမ်ားကို တစ္႐ြက္ခ်င္းျပန္လွန္ခဲ့ရသည္အထိ ကမာၻ႔ႏိုင္ငံေရး သမိုင္းစာမ်က္ႏွာမ်ားထဲမွ အာဏာရွင္မ်ား၊ သက္ဦးဆံပိုင္ မင္းဧကရာဇ္မ်ားကို ေတာ္လွန္ခဲ့ၾကသည့္ ႐ုရွား၊ က်ဴးဘား၊ ေတာင္အာဖရိက စသည္တို႔၏ ေတာ္လွန္ေရး သမိုင္းစာမ်က္ႏွာမ်ားကို ကြၽန္ေတာ္က တစ္႐ြက္ခ်င္း … တစ္႐ြက္ခ်င္း ျပန္လွန္ေနမိသည္။

အာဏာရွင္တို႔၏ လက္ေအာက္ခံဘဝတြင္ အတိုက္အခံ ႏိုင္ငံေရးသမားမ်ားသည္ သူတို႔၏ႏိုင္ငံကို အေျပာင္းအလဲျပဳလိုစိတ္ျဖင့္ စြန႔္လႊတ္စြန႔္စား တိုက္ပြဲဝင္ခဲ့ၾကသည္။ေတာ္လွန္ေရးကာလက သူတို႔၏ စိတ္ဓာတ္မ်ားက ျပတ္သားသည္။ခိုင္မာသည္။အရာရာကို စြန႔္လႊတ္စိတ္ႏွင့္အတူ အာဏာပိုင္တို႔ကို အာခံေတာ္လွန္ခဲ့ၾကသည္။ကိုယ္က်ိဳးစြန႔္၍ ႏိုင္ငံအတြက္ အေျပာင္းအလဲျပဳရန္ ႀကိဳးပမ္းခဲ့ၾကေသာ ႏိုင္ငံေရးသမားတို႔ကို ျပည္သူတို႔ကလည္း ခ်စ္ခင္ေလးစားၾကသည္။အထင္တႀကီးႏွင့္ အားကိုးအားထားျပဳၾကသည္။

သို႔တေစ သူတို႔ေလးစားအားထားရေသာ ႏိုင္ငံေရးသမားတို႔ အာဏာရရွိလာခ်ိန္တြင္ သူတို႔အေပၚ ယုံၾကည္အားထားခဲ့သေလာက္ ျဖစ္ေျမာက္လာျခင္းမရွိသည့္ အေနအထားကို ေတြ႕ႀကဳံလာခဲ့ၾကရသည္။ထိုသို႔ေသာ အေနအထားက ေတာ္လွန္ေရးသူရဲေကာင္းတို႔၏ အတိတ္ကာလ စိတ္ဓာတ္ႏွင့္ စြမ္းေဆာင္မႈမ်ားမွ အားရေက်နပ္စရာ ေကာင္းခဲ့သေလာက္ ႏိုင္ငံအာဏာရရွိလာၿပီးေနာက္ပိုင္း သူတို႔၏ ျပဳျပင္ေျပာင္းလဲမႈႏွင့္ ႏိုင္ငံတည္ေဆာက္ေရး လုပ္ငန္းစဥ္မ်ားမွာမူ မဲဆႏၵရွင္ျပည္သူတို႔ ေမွ်ာ္မွန္းထားသေလာက္ ျဖစ္ေျမာက္လာျခင္းမရွိသည္ကို ေတြ႕ျမင္ခဲ့ၾကရသည္။

“ဘာေၾကာင့္ ဒီလိုေျပာရလဲဆိုရင္ ႐ုရွားႏိုင္ငံကို အရင္ဦးဆုံးၾကည့္ရေအာင္။ေဘာ္ရွီဗစ္ေတြဟာ ေအာက္တိုဘာေတာ္လွန္ေရးႀကီးနဲ႔အတူ သက္ဦးဆံပိုင္ ဘုရင္မင္းဆက္ကို ျဖဳတ္ခ်ခဲ့တယ္။သူတို႔အာဏာရရွိလာေတာ့ သူတို႔ယုံၾကည္ထားတဲ့ ကြန္ျမဴနစ္စနစ္နဲ႔ ဆက္လက္ခ်ီတက္တယ္။ျဖစ္ခ်င္ေတာ့ ႐ုရွားကြန္ျမဴနစ္ေတြဟာ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္မႈဘက္ကို ယိမ္းလာခဲ့ၿပီး သူတို႔ ႏိုင္ငံေရး၊ စီးပြားေရး ဗဟိုခ်ဳပ္ကိုင္မႈစနစ္က အရင္းရွင္ဝါဒီတို႔ရဲ႕ အားၿပိဳင္ဖိအားေပးမႈေအာက္မွာ အေရးနိမ့္ခဲ့ရတယ္။ဆိုဗီယက္ျပည္ေထာင္စုႀကီး ၿပိဳကြဲၿပီးကတည္းက ႐ုရွားႏိုင္ငံဟာ အခုအခ်ိန္အထိ ႏိုင္ငံေရးနဲ႔ စီးပြားေရး တည္ၿငိမ္မႈကင္းမဲ့ေနေသးတဲ့ ႏိုင္ငံအျဖစ္ ေတြ႕ျမင္ေနရတာကိုပဲၾကည့္။”

မိတ္ေဆြ၏ အေျပာေၾကာင့္ ကြၽန္ေတာ္တို႔၏ လက္ဖက္ရည္ဝိုင္းမွာ အတိတ္ကာလ ကမာၻ႔ႏိုင္ငံေရး အခင္းအက်င္းအေပၚ ျပန္လည္ရႈျမင္မႈမ်ားႏွင့္အတူ ျပန္လည္အသက္ဝင္လာခဲ့သည္။

“ေနာက္ၿပီး တစ္ခ်ိန္က ကမာၻေပၚမွာ ေလးစားအားက်ခဲ့ရတဲ့ ေတာ္လွန္ေရးေခါင္းေဆာင္ ဖီဒယ္ကတ္စထ႐ို ရဲ႕ က်ဴးဘားႏိုင္ငံက ေကာဘာထူးလဲ။ကတ္စထ႐ို ဦးေဆာင္တဲ့ ေတာ္လွန္ေရးအုပ္စုက အာဏာရွင္ ဘာတစၥတာ အစိုးရကို ျဖဳတ္ခ်ႏိုင္ခဲ့တာ မွန္တယ္။ဒါေပမဲ့ ကတ္စထ႐ို က ကားလ္မတ္စ္ ရဲ႕ ဆိုရွယ္လစ္ဝါဒကို အစြဲအလမ္းႀကီးလြန္းတယ္။ဒါ့အျပင္ သူက တစ္ပါတီစနစ္နဲ႔ အာဏာရွင္ဆန္ဆန္ အုပ္ခ်ဳပ္ၿပီး ႏိုင္ငံထူေထာင္ေရးကို ေဆာင္႐ြက္ခဲ့တယ္။ဒါေပမဲ့ အဲဒီအခ်ိန္တုန္းက ၾသဇာအရွိန္အဝါႀကီးလြန္းတဲ့ အေမရိကန္ျပည္ေထာင္စု ဦးေဆာင္တဲ့ အေနာက္အုပ္စုကို ဖက္ၿပိဳင္အာခံခဲ့တဲ့အတြက္ က်ဴးဘားႏိုင္ငံဟာ ႏိုင္ငံေရးမတည္ၿငိမ္မႈ၊ စီးပြားေရးမေအာင္ျမင္မႈေတြနဲ႔အတူ ႏိုင္ငံလည္းမြဲ၊ ျပည္သူေတြလည္း ဆင္းရဲခဲ့ရတယ္။”

“ဟုတ္ပါၿပီဗ်ာ .. ဒါဆိုရင္ ေတာ္လွန္ေရးမွာ ေအာင္ျမင္ၿပီး ႏိုင္ငံထူေထာင္ေရးမွာ မေအာင္ျမင္တဲ့ ေနာက္ထပ္ႏိုင္ငံရွိရင္ ေျပာပါဦး”

“နယ္ဆင္မန္ဒဲလား ဦးေဆာင္တဲ့ ေတာင္အာဖရိကေပါ့ဗ်ာ။အက်ဥ္းေထာင္ထဲမွာ ၂၇ ႏွစ္ေလာက္ ႀကံ့ႀကံ့ခံၿပီး လူျဖဴအစိုးရကို အာခံခဲ့တဲ့ နယ္ဆင္မန္ဒဲလား သမၼတျဖစ္လာတဲ့အခ်ိန္မွာ အရင္ လူျဖဴအစိုးရလက္ထက္ကတည္းက ရွိခဲ့တဲ့ ႏိုင္ငံျခားေႂကြးၿမီဝန္ပိမႈနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ဒါတင္ပဲလားဆိုေတာ့ မကေသးဘူး။ႏိုင္ငံတြင္းမွာ ေအအိုင္ဒီအက္စ္ ကူးစက္ေရာဂါျပန႔္ပြားမႈ၊ မိဘမဲ့ကေလးပမာဏ ႀကီးထြားမ်ားျပားလာမႈနဲ႔အတူ ဆင္းရဲတြင္း ေခ်ာက္ကမ္းပါးရွိရာကို နက္သထက္နက္ေအာင္ ထိုးဝင္လာမႈ စတဲ့ ႀကီးမားတဲ့စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ခဲ့ရတယ္။ဆိုရရင္ ေတာင္အာဖရိကႏိုင္ငံဟာ သမၼတ မန္ဒဲလား လက္ထက္ကေန အခုအခ်ိန္အထိ ႏိုင္ငံတည္ၿငိမ္ေရးအတြက္ ႐ုန္းကန္ေနရဆဲရွိတယ္။”

“ဟုတ္ပါၿပီဗ်ာ .. ဒါဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အေျခအေနကေကာ ဘယ္လိုတဲ့လဲ”

“ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အေျခအေနကို ေျပာရရင္ေတာ့ ခင္ဗ်ားတို႔သိတဲ့အတိုင္း အင္န္အယ္လ္ဒီပါတီက အတိုက္အခံဘဝကေန အာဏာရရွိလာခဲ့တယ္။ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အင္န္အယ္လ္ဒီပါတီဟာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အတိုက္အခံဘဝမွာ ႀကံ့ႀကံ့ခံၿပီး ႏိုင္ငံျပဳျပင္ေျပာင္းလဲေရးကို ေဖာ္ေဆာင္ႏိုင္ဖို႔ အားထုတ္ႀကိဳးပမ္းခဲ့တယ္။အေျပာင္းအလဲကို လိုခ်င္ေနတဲ့ ျပည္သူလူထုကလည္း အင္န္အယ္လ္ဒီကို တစ္ေလွ်ာက္လုံး ေထာက္ခံအားေပးခဲ့တယ္။ဆိုရရင္ အင္န္အယ္လ္ဒီဟာ ျပည္သူလူထုရဲ႕ တစ္ခဲနက္ေထာက္ခံအားေပးမႈနဲ႔အတူ အာဏာရရွိလာခဲ့တယ္။”

“ေနာက္ေတာ့ေကာ .. ဆိုပါဦး”

“အာဏာရရွိလာကာစမွာ အင္န္အယ္လ္ဒီအစိုးရဟာ ျပဳျပင္ေျပာင္းလဲေရးကို အရွိန္အဟုန္ျမႇင့္ၿပီး ေဖာ္ေဆာင္ဖို႔ႀကိဳးပမ္းခဲ့တယ္။ဒါေပမဲ့ ေနာက္ဆုံးေတာ့ မထင္မွတ္တဲ့ ျပႆနာေတြနဲ႔အတူ အက်ပ္အတည္းေတြအၾကားမွာ နစ္ျမဳပ္ၿပီး အင္န္အယ္လ္ဒီရဲ႕ ျပဳျပင္ေျပာင္းလဲေရးဟာ လက္ရွိ သက္တမ္းျပည့္လုခ်ိန္အထိ ခရီးမေပါက္ႏိုင္ေသးဘူးလို႔ ဆိုရမွာျဖစ္တယ္။”

“အင္း … ဒါေၾကာင့္ အေမရိကန္ သတင္းစာဆရာ အာရ္ဟန႔္ က ေတာ္လွန္ေရးက လြယ္ေပမဲ့ ဒီမိုကေရစီက မလြယ္ဘူးလို႔ ဆိုခဲ့တာမ်ားလား”

“ဒီလိုဗ် ကမာၻ႔ႏိုင္ငံေရး သမိုင္းစာမ်က္ႏွာေတြကို ျပန္လွန္ၾကည့္လိုက္ရင္ အတိတ္က ကိုလိုနီလက္ေအာက္ခံျဖစ္ခဲ့တဲ့ ႏိုင္ငံေတြ၊ အာဏာရွင္အစိုးရ လက္ေအာက္မွာ ကာလအတန္ၾကာ ေနထိုင္ခဲ့ရတဲ့ ႏိုင္ငံေတြမွာ ဒီမိုကေရစီ ျဖစ္ေပၚတိုးတက္ေရးဆိုတာ ႀကီးမားတဲ့စိန္ေခၚမႈလို ျဖစ္ေနတယ္လို႔ မထင္ဘူးလား”

“ဒါဆိုရင္ ဒီစိန္ေခၚမႈေတြကို ေက်ာ္လႊားႏိုင္တဲ့ နည္းလမ္းေတြဆိုတာေကာ မရွိဘူးလား”

“ဒီလိုဗ်၊ ကိုလိုနီလက္ေအာက္ခံဘဝမွာ အၾကာႀကီးေနခဲ့တဲ့ ႏိုင္ငံေတြ၊ အာဏာရွင္အစိုးရေတြ လက္ေအာက္မွာ ေနထိုင္ခဲ့ရတဲ့ ႏိုင္ငံေတြထဲမွာ ဒီမိုကေရစီ ျဖစ္ထြန္းတိုးတက္ေအာင္ လုပ္ေဆာင္ႏိုင္ခဲ့တဲ့ ႏိုင္ငံေတြရွိတယ္။အဲဒီႏိုင္ငံေတြဆီကေန ကိုယ့္ႏိုင္ငံနဲ႔ လိုက္ေလ်ာညီေတြရွိႏိုင္မယ့္ နည္းလမ္းေတြကို အတုယူတာမ်ိဳးေပါ့ဆိုရရင္ အတိတ္ေဟာင္းက အက်င့္ပ်က္ျခစားမႈေတြကို ဘယ္လိုတိုက္ဖ်က္ခဲ့တယ္ဆိုတာမ်ိဳး၊ တရားဥပေဒစိုးမိုးမႈကို ဘယ္လိုခ်မွတ္ အေကာင္အထည္ေဖာ္ခဲ့တယ္ဆိုတာမ်ိဳး၊ ကိုယ့္ႏိုင္ငံကို ႏိုင္ငံျခားတိုက္႐ိုက္ရင္းႏွီးျမႇဳပ္ႏွံမႈေတြ အလြယ္တကူဝင္လာႏိုင္ေအာင္ မဟာဗ်ဴဟာေတြ ခ်မွတ္ေဖာ္ေဆာင္တာမ်ိဳး၊ ၿငိမ္းခ်မ္းေရးပန္းတိုင္ အေရာက္လွမ္းႏိုင္ေရးအတြက္ သမ႐ိုးက်နည္းလမ္းေတြကေန ေဖာက္ထြက္အေျဖရွာတာမ်ိဳးေတြ လုပ္ေဆာင္ႏိုင္ဖို႔လိုမယ္လို႔ ထင္ျမင္မိတယ္။”

“သမ႐ိုးက်နည္းလမ္းေတြကေန ေဖာက္ထြက္အေျဖရွာတဲ့အတြက္ အနာခံရတာေတြလည္း ရွိလာႏိုင္မယ္လို႔ ထင္တယ္”

“အနာခံမႈနဲ႔ အသာခံမႈဆိုတာ တစ္ဆက္တစ္စပ္တည္း ရွိေနတဲ့အရာေတြပဲ မဟုတ္လား။ႏိုင္ငံနဲ႔ ျပည္သူလူထု အက်ိဳးအတြက္ဆိုတဲ့ ရည္႐ြယ္ခ်က္ေကာင္းေတြ ကြၽန္ေတာ္တို႔ တစ္မ်ိဳးသားလုံးမွာ ရွိေနမယ္ဆိုရင္ အနာခံမႈနဲ႔ အသာခံမႈဆိုတာေတြကို ေဘးပန္းအက်ိဳးဆက္အျဖစ္ သေဘာထားသင့္တယ္လို႔ ထင္တယ္။

“ဘာပဲျဖစ္ျဖစ္ လက္ရွိ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အေျခအေနက အျခားႏိုင္ငံေတြနဲ႔ မတူတာေတာ့အမွန္ပဲ သူတို႔လုပ္သလို ကြၽန္ေတာ္တို႔လုပ္ႏိုင္ဖို႔ဆိုတာလည္း လက္ရွိအစိုးရအေနနဲ႔ အခက္အခဲေပါင္းမ်ားစြာကို ေက်ာ္ျဖတ္ရလိမ့္မယ္လို႔ ထင္တယ္။”

“အမွန္ဆိုရရင္ေတာ့ လက္ရွိအာဏာရ အင္န္အယ္ဒီအစိုးရဟာ အတိုက္အခံဘဝကေလာက္ လူထုနဲ႔ ယုံၾကည္အားထားမႈေရခ်ိန္ အမွတ္ေလ်ာ့က်သြားတဲ့ အေနအထားကို ေရာက္ရွိေနတယ္လို႔ ဆိုရလိမ့္မယ္။ျပင္သစ္ လူမႈေဗဒပညာရွင္ ပန္းေဘာ္ဒရီလတ္ ဆိုခဲ့သလိုေပါ့။ဒီေန႔ေခတ္ အုပ္ခ်ဳပ္မင္းလုပ္ေနတဲ့ အစိုးရေတြအေနနဲ႔ အမ်ားက လက္သင့္ခံႏိုင္ေလာက္ၿပီး အသိအမွတ္ျပဳ ခ်ီးမြမ္းထိုက္တဲ့ အမွတ္လကၡဏာေတြကို ေဆာင္ၾကဥ္းေပးဖို႔ လိုတယ္တဲ့။အဲဒီအခ်က္ဟာ ျပဳျပင္ေျပာင္းလဲေရးကို ေဖာ္ေဆာင္ေနတဲ့ အစိုးရအတြက္ ျပန္လည္ေလ့လာ ဆန္းစစ္သင့္တဲ့အခ်က္လို႔ ထင္တယ္။”

“ဟုတ္ပါၿပီ။ဒါဆိုရင္ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ၂၀၂၀ က်ရင္ေကာ ဘယ္လိုအေျပာင္းအလဲေတြ ရွိလာမယ္လို႔ထင္လဲ”

“အင္း ဒါကေတာ့ မဲဆႏၵရွင္ျပည္သူလူထုရဲ႕ သေဘာထားအေပၚ မူတည္ၿပီး အေျပာင္းအလဲေတြ ျဖစ္ေပၚလာမယ္လို႔ ထင္ပါတယ္။”

“မည္သို႔ဆိုေစ ကြၽန္ေတာ္တို႔၏ လက္ဖက္ရည္စကားဝိုင္းသည္လည္း ေနာက္ဆုံးေတာ့ လက္ရွိ ကြၽန္ေတာ္တို႔ႏိုင္ငံ၏ အေျခအေနကဲ့သို႔ပင္ မေရမရာမေသခ်ာမႈမ်ားႏွင့္ အဆုံးသတ္ကာ လူစုခြဲခဲ့ၾကပါသည္။”

ျမင့္ေနာင္မိုး
ႏို၀င္ဘာ - ၁၄