【 ဆောင်းပါး 】 “ဒီမိုကရေစီမဆန်သေးတဲ့ ဦးဆောင်မှု”

【 ဆောင်းပါး 】 “ဒီမိုကရေစီမဆန်သေးတဲ့ ဦးဆောင်မှု” 

ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးခေါင်းဆောင် တင်မြှောက်ထားမှု အခက်အခဲကို ပြည်သူတွေကြုံတွေ့နေရပါပြီ။ကျွန်တော်ပြောချင်တာက ပြည်သူတွေ လေးစားအားကိုးမှုကို ခံရတဲ့အခါ အာဏာရှင်တစ်ယောက် ဖြစ်သွားတတ်ပါတယ်။ဒီလိုမဖြစ်အောင် ခေါင်းဆောင်တစ်ယောက်ကို လိုအပ်ချက်အရ တင်မြှောက်ပေးခဲ့သူတွေအနေနဲ့ အမြဲဝန်းရံ ကြပ်မတ်ပေးကြဖို့လိုသလို၊ အမြဲလမ်းကြောင်းမှန်အောင် အကြံပေးနိုင်ဖို့လည်း လိုပါတယ်။

ဥပမာအနေနဲ့ ကျွန်တော်တို့နိုင်ငံမှာ နယ်ချဲ့ ဗြိတိသျှကို တော်လှန်ဖို့အတွက် တကယ်ကို အရည်အချင်းရှိပြီး၊ တကယ်ကိုယ်ကျိုးစွန့် အနစ်နာခံတဲ့ ဗိုလ်ချုပ်အောင်ဆန်း ကို တိုင်းပြည်ရဲ့ ခေါင်းဆောင်အဖြစ် တင်ပေးလိုက်ပါတယ်။တိုင်းပြည်ခေါင်းဆောင် (သို့မဟုတ်) အမျိုးသားခေါင်းဆောင်အဖြစ် တင်ပေးလိုက်တဲ့အချိန်မှာ အမျိုးသားရေးအင်အားစုအနေနဲ့ သခင်မြတို့လို၊ ဒီးဒုတ်ဦးဘချိုတို့လို အမျိုးသားရေးခေါင်းဆောင်တွေက ဝန်းရံပေးထားခဲ့ပါတယ်။အမြဲတမ်းလည်း အကြံပေးနိုင်ခဲ့ပါတယ်။အမျိုးသားခေါင်းဆောင်၊ လူထုခေါင်းဆောင် ဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ရရှိခဲ့ပါတယ်။ဒီကနေ ကိုးကွယ်မှုမဖြစ်အောင် ဒီမိုကရေစီစနစ်ကို ရွေးနိုင်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်း ဒီမိုကရေစီစနစ်ဟာ ပြည်သူတွေဆီက ဆင်းသက်တဲ့ အာဏာနဲ့ အုပ်ချုပ်ရတဲ့စနစ်ပါ။ဒီမိုကရေစီစနစ်ကို အားလုံးသိကြပေမယ့်၊ နည်းနည်းတော့ ပြန်ပြောပြချင်ပါတယ်။ဒီမိုကရေစီ (Democracy) ဆိုတာက ပြည်သူ့ထံက ဆင်းသက်လာတဲ့ အာဏာကို ပြည်သူတို့ဆီကို ပြန်လည်စီးဆင်းတယ်ဆိုပြီး အဓိပ္ပါယ်ရပါတယ်။ဒီမိုကရေစီကို ကာကွယ်ပေးထားတာက (Constitution) ဆိုတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပဲ ဖြစ်ပါတယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြည်သူတွေ ကိုယ်တိုင်က သဘောတူလက်ခံတဲ့ အချက်တွေနဲ့ ရေးဆွဲနိုင်ရပါလိမ့်မယ်။ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာခွဲဝေပေးတဲ့ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့က မဏ္ဍိုင်တစ်ရပ်နဲ့တစ်ရပ် ထိန်းညှိထိန်းကျောင်းပေးရပါတယ်။

ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် မဏ္ဍိုင်တစ်ခုစီမှာ အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တွေ ရှိရပါတယ်။မဏ္ဍိုင်တစ်ရပ်တိုင်းရဲ့ ခေါင်းဆောင်တွေမှာလည်း (level) တူ ဝန်းရံသူ (သို့မဟုတ်) အဆင့်သိပ်မကွာခြားတဲ့ ခေါင်းဆောင်တွေ ရှိရပါတယ်။ဒီပုဂ္ဂိုလ်တွေဟာ ပြည်သူရွေးကောက် တင်မြှောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေထဲက ပြန်လည်ရွေးချယ် တင်မြှောက်ခံထားရသူတွေ ဖြစ်ပါတယ်။ဒီလိုတစ်ဆင့်ပြန်ရွေးချယ်ထားတဲ့ မဏ္ဍိုင်ခေါင်းဆောင်များကို ပြည်သူတွေအနေနဲ့ မကြိုက်နှစ်သက်ဘူးဆိုရင် ပြန်လည်ဖြုတ်ချနိုင်ပါတယ်။ဒါဟာလည်း ပြည်သူတွေ ပါဝင်ဆောင်ရွက်တာပဲ ဖြစ်ပါတယ်။မဏ္ဍိုင်ကြီးသုံးရပ်က ဆုံးဖြတ်မှုတိုင်း၊ လုပ်ဆောင်မှုတိုင်းကို ပြည်သူတွေ သိစေရပါတယ်။မဏ္ဍိုင်တစ်ခုနဲ့ တစ်ခုလည်း အမြဲစောင့်ကြည့်နေမှ တာဝန်ကို ကျေပြွန်မှာပါ။

ဒီလိုအခြေအနေတွေရှိလို့လည်း ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ခေါင်းဆောင်တွေက မြန်မာပြည်ကို ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်သွားနိုင်ဖို့ ရွေးချယ်ခဲ့တာပါ။၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပါလီမန်ခေါ်ယူခဲ့ပြီးရင် မြန်မာပြည်မှာ လူထုခေါင်းဆောင် တစ်ဦးထဲဦးဆောင်မယ့် နိုင်ငံမဟုတ်ဘူးဆိုတာ ပြခဲ့ပါတယ်။မဏ္ဍိုင်သုံးခုက ခေါင်းဆောင်တွေ တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ရတော့မှာပါ။မဏ္ဍိုင်သုံးရပ်က ခေါင်းဆောင်တွေပေါင်းပြီး အုပ်ချုပ်မယ့်နိုင်ငံတစ်ခု ဖြစ်သွားမှာပါ။

အခုလက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ အဲဒီလိုအခြေအနေဖြစ်ဖို့ အများကြီးကြိုးစားရဦးမှာပါ။အခု လက်ရှိအနေအထားအရ ပြောရရင် ဒီမိုကရေစီဆိုတဲ့ နာမကိုခေါ်ဝေါ်နိုင်ဖို့တောင် မဖြစ်သေးပါဘူး။ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြည်သူတွေရဲ့ တရားဝင် အသိအမှတ်ပြုမခံရပဲ ရေးဆွဲလိုက်တဲ့ အခြေအနေက ဒီမိုကရေစီစကားရပ်နဲ့မညီ ဖြစ်နေတာကိုကြည့်ရင် သိနိုင်ပါတယ်။ဒီမိုကရေစီဆိုတဲ့ စကားလုံးကို အသုံးမပြုနိုင်သေးတဲ့အခါ ဒီမိုကရေစီမှာ ပါဝင်နေရမယ့် လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ လူ့အခွင့်အရေးတွေကလည်း ပျောက်ကွယ်နေမှာပါပဲ။ဒီမိုကရေစီဆိုတဲ့ စကားစုကို အသံထွက်နိုင်ဖို့ အရင်ကြိုးစားရမှာပါ။

အခုဆို ကျွန်တော်တို့ မြန်မာပြည်မှာ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အရပ်သားကြီးစိုးတဲ့ လွှတ်တော်တွေနဲ့ အရပ်ဘက် အစိုးရတစ်ခြမ်း ပေါ်ပေါက်လာခဲ့ပါပြီ။ဒါပေမယ့် အရပ်သားတွေ ကြီးစိုးတဲ့ လွှတ်တော်ကြီးကို စတင်ခေါ်ယူကျင်းပခြင်းခြင်းပဲ ဘဝင်မကျခဲ့ရဘူး။လွှတ်တော်ဥက္ကဋ္ဌ ရွေးတဲ့မြင်ကွင်းဟာ အပေါ်ကချပေးတဲ့ စာရင်းကို ကျန်တဲ့ အရပ်သား လွှတ်တော်ကိုယ်စားလှယ်တွေက တစ်ပြိုင်နက်ထဲ ထောက်ခံအတည်ပြုလိုက်တဲ့သဘော ဖြစ်နေခဲ့ပါတယ်။

အပြိုင်မဲဆွယ်ပြီး၊ ယှဉ်ပြိုင်အရွေးခံရပြီးမှ တင်မြှောက်တဲ့ပုံစံကို မတွေ့ခဲ့ရဘူး။ဒါဟာ မဆလ တစ်ပါတီ အာဏာရှင်စနစ်က ပုံစံမျိုးလိုပါပဲ။ဒီမိုကရေစီကို ပုံဖော်မယ့် ဒီမိုကရေစီပါတီက ဒီမိုကရေစီစနစ်ကို ပုံစံမဖော်နိုင်ခဲ့ပါဘူး။အရပ်ဘက် အစိုးရတစ်ခြမ်းမှာလည်း နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်တဲ့အခါ စောစောကပြောခဲ့တဲ့အတိုင်း အပေါ်ကချပေးတာကို ဝိုင်းထောက်ခံပေးတာကို မြင်တွေ့ခဲ့ရပါတယ်။အခုဆိုရင် အာဏာရ အင်အယ်ဒီက တင်တဲ့ သမ္မတနှစ်ဦးရှိခဲ့ပါပြီ။အစိုးရဝန်ကြီးတွေ ရွေးချယ်ခန့်အပ်တဲ့အခါ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ရွေးချယ်တဲ့ ပုံစံမျိုးပါပဲ။အရပ်သားလွှတ်တော် (အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်များ) အများစုလွှမ်းမိုးတဲ့ လွှတ်တော်တွေမှာ စတင်ကြီးစိုးချိန်ကတည်းက တစ်ပါတီစနစ် ပုံစံမျိုးတွေ အခုအချိန်ထိ တွေ့မြင်နေရတုန်းပါ။

အခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဖွဲ့ထားတာကို ကြည့်ရင်လည်း သိသာနိုင်ပါတယ်။အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးတင်မယ့် အဆိုကို အင်အယ်ဒီပါတီက ကြီးကြပ်စိစစ်ပြီး အတင်မခံရဆိုတဲ့ အဖြစ်မျိုးတွေ မဖြစ်သင့်တော့ပါဘူး။ဒီမိုကရေစီစနစ်လို့ ခေါ်နိုင်ဖို့တောင် ခက်နေသေးတဲ့ အခြေအနေမှာ အင်အယ်ဒီအစိုးရအနေနဲ့ရော၊ လွှတ်တော်တွေအနေနဲ့ပါ ဒီမိုကရေစီစနစ်ကို တဖြေးဖြေးပုံပေါ်လာနိုင်အောင် ကြိုးစားနေရပါလိမ့်မယ်။

လွှတ်တော်နဲ့ အစိုးရကို ထိန်းကျောင်းပေးတဲ့ ပုံစံမျိုးတွေလည်း ပျောက်နေပါတယ်။အဓိကပြောချင်တာက လွှတ်တော်တွေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ သာတူညီမျှမှု၊ လူ့အခွင့်အရေး စတာတွေကို ကျင့်သုံးနိုင်ဖို့ လိုနေပါပြီ။အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို လွတ်လပ်စွာ အဆိုတင်ခွင့်၊ လွတ်လပ်စွာ ငြင်းခုန်ခွင့်တွေ ပေးနိုင်ဖို့ လိုနေပါတယ်။ဒီပုံစံအတိုင်းသာ ဆက်သွားနေမယ်ဆိုရင် တစ်ပါတီအာဏာရှင်စနစ် ရောက်သွားနိုင်ပါတယ်။

အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှာလည်း အခက်အခဲများစွာ ရှိနေပါလိမ့်မယ်။ဗိုလ်ချုပ်အောင်ဆန်း လို ဝန်းရံအကြံပြုနိုင်တဲ့ သုခမိန်တွေမရှိတဲ့ အခက်အခဲဟာ လက်ရှိဖြတ်သန်းနေရတဲ့ နိုင်ငံရေးဘဝအတွက် စိန်ခေါ်မှုကြီးတစ်ရပ်ပဲ ဖြစ်ပါတယ်။စစ်အာဏာရှင် ခေတ်အောက်က ရုန်းထွက်လာရတဲ့အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ စွန့်လွတ်စွန့်စားခဲ့မှုတွေကြောင့် ပြည်သူတွေရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံခဲ့ရတာပါ။အတိုက်အခံဘဝမှာ အင်မတန်မှ ကြမ်းတမ်းတဲ့လမ်းကို လျှောက်ခဲ့ရပြီး စစ်အာဏာရှင်စနစ်ကို အသေခံတိုက်ပွဲ ဝင်ရဲတာကြောင့် ပြည်သူတွေက လူထုခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။

ဒါပေမယ့် တိုင်းပြည်ကို ဒီမိုကရေစီစနစ်နဲ့သွားဖို့ ရည်ရွယ်ပြီး အစိုးရခေါင်းဆောင်အဖြစ်ကို ရွေးချယ်ခဲ့ပါတယ်။လူထုခေါင်းဆောင်ဆိုတာ ပြည်သူတွေရဲ့ ချစ်မြတ်နိုးမှုကို ခံရတဲ့သူ တစ်ယောက်ပါ။ဒါပေမယ့် အစိုးရခေါင်းဆောင်ဆိုတာ အချိန်အကန့်အသတ် ရှိနေသလို ဝေဖန်မှုတွေလည်း များပြားစွာပေါ်လာမှာပါ။အခုအချိန်မှာလည်း ဝေဖန်မှုတွေရှိနေပါပြီ။အရေးကြီးတာက တိုင်းပြည်ကို စစ်အာဏာရှင်စနစ်အောက်က ရုန်းထွက်နိုင်ဖို့ ပြည်သူတွေကို ဦးဆောင်နိုင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဝန်းရံပေးနေတဲ့ လူတွေအပေါ်မှာလည်း မူတည်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြောတာတွေကို ဝေဖန်အကြံပြုနိုင်ရပါလိမ့်မယ်။ခေါင်းဆောင်နောက်က သစ္စာရှိရှိ လိုက်နေရုံလောက်နဲ့ မဖြစ်ပါဘူး။ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ ခေါင်းညိတ်ပြနေရုံလောက်နဲ့ဆို ဒီမိုကရေစီကို ပုံပေါ်အောင် မဖော်နိုင်ပါဘူး။အခုဖြစ်နေတာကိုကြည့်မယ်ဆိုရင် လွှတ်တော်တွေနဲ့ အရပ်ဘက် အစိုးရတစ်ခုလုံး ဒေါ်အောင်ဆန်းစုကြည် အပေါ် မူတည်သလိုဖြစ်နေပါတယ်။ဒေါ်အောင်ဆန်းစုကြည် အပေါ် မှီခိုအချောင်လိုက်သလို ဖြစ်နေတယ်လို့ ထင်မိပါတယ်။

ဒီမိုကရေစီခေတ်ကို အသွင်ကူးပြောင်းနေတဲ့ကာလမှာ မဏ္ဍိုင်တိုင်းကလူတွေအားလုံး ထက်မြက် သွက်လက်နေရမှာပါ။နဂိုရှိနေတဲ့အရည်အချင်းထက်ပိုပြီးရှိအောင်ကြိုးစားနေရမှာပါ။အခုအချိန်ဟာ ဒေါ်အောင် ဆန်းစုကြည်အတွက်ရော အရပ်ဘက်အစိုးရအတွက်ပါ ကြီးမားတဲ့စိန်ခေါ်မှုကို ရင်ဆိုင်နေရပါတယ်။ ပုံသဏ္ဍာန် မတူတဲ့အစိုးရအဖွဲ့အချင်းချင်း ခက်ခဲစွာဆက်ဆံနေရတဲ့အနေအထားတွေ၊ အဖျက်အန္တရာယ်တွေလည်း များနေ တဲ့ အချိန်ပါ။ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အရပ်ဘက်အစိုးရရဲ့ ဝန်ကြီးတွေလုပ်ငန်းမကျွမ်းကျင်တာတွေ၊ ပါးနပ်စွာမကိုင်တွယ်တတ်တာတွေ၊အရည်အချင်းနည်းပါးတာတွေကြောင့်အခုဆိုပြည်သူတွေထဲမှာမကျေနပ်တဲ့လေသံတွေကြားနေရပါပြီ။

ပြောရမယ်ဆိုရင်၊အရပ်ဘက်အစိုးရဝန်ကြီးတွေခန့်အပ်တာဝန်ပေးတာကြိုတင်ရွေးချယ်ထားတာ၊နေရာချထားတာတွေမရှိခဲ့လို့ဖြစ်တယ်ဆိုတာ အခုသုံးနှစ်ကျော်ကြာတဲ့အခါမှာ သိသာလာပါတယ်။ဒီကြားထဲမှာ ဒေါ် အောင်ဆန်းစုကြည်ကိုင်စွဲထားတဲ့ ရင်ကြားစေ့ရေးမူကလည်းအနှောက်အယှက်ဖြစ်စေခဲ့ပါတယ်။

နောက်အရေးအကြီးဆုံးတစ်ချက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့အာဏာရအင်အယ်ဒီပါတီမှာ ဒေါ်အောင်ဆန်း စုကြည်ကိုအကြံဉာဏ်ပေးနိုင်တဲ့ခေါင်းဆောင်တွေမရှိတော့ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောသမျှ စကားကိုခေါင်းညိတ်လက်ညှိုးထောင်ကြတဲ့လူတွေပဲရှိနေတယ်လို့ထင်မိပါတယ်။ ဒါဟာမဆလ တစ်ပါတီအာဏာရှင်စနစ်ကပုံစံလိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်အတွက်အခုကာလဟာ အခက်ခဲဆုံး အချိန် ဖြစ်ပါလိမ့်မယ်။ပြည်တွင်းပြည်ပအထွေထွေစိန်ခေါ်မှုတွေကိုရင်ဆိုင်ကျော်ဖြတ်ရမယ့်ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကာလတစ်ခုပါ။

ဒီလိုသာ မြန်မာပြည် ဒီမိုကရေစီလမ်းကို ဆက်သွားနေမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်မှာ ချစ်မြတ်နိုးသူတွေ၊ မလိုမုန်းထားသူတွေကြားမှာ အထီးကျန်ဆန်သွားပါလိမ့်မယ်။ကမ္ဘာအရှေ့ တိုင်းပြည်တွေမှာကလည်း ပုဂ္ဂိုလ်ရေးကိုးကွယ်တတ်တာ အစဉ်အလာတစ်ခုလို ဖြစ်နေတဲ့အတွက် ပြည်သူတွေက ချစ်ခင်အားကိုးပြီး ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဟာ အန္တရာယ်ရှိပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက်ပါ အန္တရာယ်ရှိမှာ စိုးရိမ်မိပါတယ်။

မြတ်လှိုင်း
မေ - ၁၁

( Zawgyi )

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရးေခါင္းေဆာင္ တင္ေျမႇာက္ထားမႈ အခက္အခဲကို ျပည္သူေတြႀကဳံေတြ႕ေနရပါၿပီ။ကြၽန္ေတာ္ေျပာခ်င္တာက ျပည္သူေတြ ေလးစားအားကိုးမႈကို ခံရတဲ့အခါ အာဏာရွင္တစ္ေယာက္ ျဖစ္သြားတတ္ပါတယ္။ဒီလိုမျဖစ္ေအာင္ ေခါင္းေဆာင္တစ္ေယာက္ကို လိုအပ္ခ်က္အရ တင္ေျမႇာက္ေပးခဲ့သူေတြအေနနဲ႔ အၿမဲဝန္းရံ ၾကပ္မတ္ေပးၾကဖို႔လိုသလို၊ အၿမဲလမ္းေၾကာင္းမွန္ေအာင္ အႀကံေပးႏိုင္ဖို႔လည္း လိုပါတယ္။

ဥပမာအေနနဲ႔ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ နယ္ခ်ဲ႕ ၿဗိတိသွ်ကို ေတာ္လွန္ဖို႔အတြက္ တကယ္ကို အရည္အခ်င္းရွိၿပီး၊ တကယ္ကိုယ္က်ိဳးစြန႔္ အနစ္နာခံတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္း ကို တိုင္းျပည္ရဲ႕ ေခါင္းေဆာင္အျဖစ္ တင္ေပးလိုက္ပါတယ္။တိုင္းျပည္ေခါင္းေဆာင္ (သို႔မဟုတ္) အမ်ိဳးသားေခါင္းေဆာင္အျဖစ္ တင္ေပးလိုက္တဲ့အခ်ိန္မွာ အမ်ိဳးသားေရးအင္အားစုအေနနဲ႔ သခင္ျမတို႔လို၊ ဒီးဒုတ္ဦးဘခ်ိဳတို႔လို အမ်ိဳးသားေရးေခါင္းေဆာင္ေတြက ဝန္းရံေပးထားခဲ့ပါတယ္။အၿမဲတမ္းလည္း အႀကံေပးႏိုင္ခဲ့ပါတယ္။အမ်ိဳးသားေခါင္းေဆာင္၊ လူထုေခါင္းေဆာင္ ျဖစ္လာတဲ့အခါ ျပည္သူေတြရဲ႕ ခ်စ္ခင္ျမတ္ႏိုးမႈကို ရရွိခဲ့ပါတယ္။ဒီကေန ကိုးကြယ္မႈမျဖစ္ေအာင္ ဒီမိုကေရစီစနစ္ကို ေ႐ြးႏိုင္ခဲ့ပါတယ္။

အားလုံးသိၾကတဲ့အတိုင္း ဒီမိုကေရစီစနစ္ဟာ ျပည္သူေတြဆီက ဆင္းသက္တဲ့ အာဏာနဲ႔ အုပ္ခ်ဳပ္ရတဲ့စနစ္ပါ။ဒီမိုကေရစီစနစ္ကို အားလုံးသိၾကေပမယ့္၊ နည္းနည္းေတာ့ ျပန္ေျပာျပခ်င္ပါတယ္။ဒီမိုကေရစီ (Democracy) ဆိုတာက ျပည္သူ႔ထံက ဆင္းသက္လာတဲ့ အာဏာကို ျပည္သူတို႔ဆီကို ျပန္လည္စီးဆင္းတယ္ဆိုၿပီး အဓိပၸါယ္ရပါတယ္။ဒီမိုကေရစီကို ကာကြယ္ေပးထားတာက (Constitution) ဆိုတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒပဲ ျဖစ္ပါတယ္။ဖြဲ႕စည္းပုံ အေျခခံဥပေဒကိုလည္း ျပည္သူေတြ ကိုယ္တိုင္က သေဘာတူလက္ခံတဲ့ အခ်က္ေတြနဲ႔ ေရးဆြဲႏိုင္ရပါလိမ့္မယ္။ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ အာဏာခြဲေဝေပးတဲ့ ဥပေဒျပဳေရးမ႑ိဳင္၊ အုပ္ခ်ဳပ္ေရးမ႑ိဳင္၊ တရားစီရင္ေရးမ႑ိဳင္တို႔က မ႑ိဳင္တစ္ရပ္နဲ႔တစ္ရပ္ ထိန္းညႇိထိန္းေက်ာင္းေပးရပါတယ္။

ဒီမိုကေရစီစနစ္ကို သြားမယ္ဆိုရင္ မ႑ိဳင္တစ္ခုစီမွာ အရည္အခ်င္းျပည့္ဝတဲ့ ေခါင္းေဆာင္ေတြ ရွိရပါတယ္။မ႑ိဳင္တစ္ရပ္တိုင္းရဲ႕ ေခါင္းေဆာင္ေတြမွာလည္း (level) တူ ဝန္းရံသူ (သို႔မဟုတ္) အဆင့္သိပ္မကြာျခားတဲ့ ေခါင္းေဆာင္ေတြ ရွိရပါတယ္။ဒီပုဂၢိဳလ္ေတြဟာ ျပည္သူေ႐ြးေကာက္ တင္ေျမႇာက္ထားတဲ့ ျပည္သူ႔ကိုယ္စားလွယ္ေတြထဲက ျပန္လည္ေ႐ြးခ်ယ္ တင္ေျမႇာက္ခံထားရသူေတြ ျဖစ္ပါတယ္။ဒီလိုတစ္ဆင့္ျပန္ေ႐ြးခ်ယ္ထားတဲ့ မ႑ိဳင္ေခါင္းေဆာင္မ်ားကို ျပည္သူေတြအေနနဲ႔ မႀကိဳက္ႏွစ္သက္ဘူးဆိုရင္ ျပန္လည္ျဖဳတ္ခ်ႏိုင္ပါတယ္။ဒါဟာလည္း ျပည္သူေတြ ပါဝင္ေဆာင္႐ြက္တာပဲ ျဖစ္ပါတယ္။မ႑ိဳင္ႀကီးသုံးရပ္က ဆုံးျဖတ္မႈတိုင္း၊ လုပ္ေဆာင္မႈတိုင္းကို ျပည္သူေတြ သိေစရပါတယ္။မ႑ိဳင္တစ္ခုနဲ႔ တစ္ခုလည္း အၿမဲေစာင့္ၾကည့္ေနမွ တာဝန္ကို ေက်ႁပြန္မွာပါ။

ဒီလိုအေျခအေနေတြရွိလို႔လည္း ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ ေခါင္းေဆာင္ေတြက ျမန္မာျပည္ကို ဒီမိုကေရစီစနစ္နဲ႔ တည္ေဆာက္သြားႏိုင္ဖို႔ ေ႐ြးခ်ယ္ခဲ့တာပါ။၁၉၄၇ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ ပါလီမန္ေခၚယူခဲ့ၿပီးရင္ ျမန္မာျပည္မွာ လူထုေခါင္းေဆာင္ တစ္ဦးထဲဦးေဆာင္မယ့္ ႏိုင္ငံမဟုတ္ဘူးဆိုတာ ျပခဲ့ပါတယ္။မ႑ိဳင္သုံးခုက ေခါင္းေဆာင္ေတြ တစ္ေယာက္ကို တစ္ေယာက္ ေစာင့္ၾကည့္ရေတာ့မွာပါ။မ႑ိဳင္သုံးရပ္က ေခါင္းေဆာင္ေတြေပါင္းၿပီး အုပ္ခ်ဳပ္မယ့္ႏိုင္ငံတစ္ခု ျဖစ္သြားမွာပါ။

အခုလက္ရွိ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ အဲဒီလိုအေျခအေနျဖစ္ဖို႔ အမ်ားႀကီးႀကိဳးစားရဦးမွာပါ။အခု လက္ရွိအေနအထားအရ ေျပာရရင္ ဒီမိုကေရစီဆိုတဲ့ နာမကိုေခၚေဝၚႏိုင္ဖို႔ေတာင္ မျဖစ္ေသးပါဘူး။ေရးဆြဲထားတဲ့ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ျပည္သူေတြရဲ႕ တရားဝင္ အသိအမွတ္ျပဳမခံရပဲ ေရးဆြဲလိုက္တဲ့ အေျခအေနက ဒီမိုကေရစီစကားရပ္နဲ႔မညီ ျဖစ္ေနတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ဒီမိုကေရစီဆိုတဲ့ စကားလုံးကို အသုံးမျပဳႏိုင္ေသးတဲ့အခါ ဒီမိုကေရစီမွာ ပါဝင္ေနရမယ့္ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ သာတူညီမွ်မႈ၊ လူ႔အခြင့္အေရးေတြကလည္း ေပ်ာက္ကြယ္ေနမွာပါပဲ။ဒီမိုကေရစီဆိုတဲ့ စကားစုကို အသံထြက္ႏိုင္ဖို႔ အရင္ႀကိဳးစားရမွာပါ။

အခုဆို ကြၽန္ေတာ္တို႔ ျမန္မာျပည္မွာ ဒီမိုကေရစီကို ေဖာ္ေဆာင္မယ့္ အရပ္သားႀကီးစိုးတဲ့ လႊတ္ေတာ္ေတြနဲ႔ အရပ္ဘက္ အစိုးရတစ္ျခမ္း ေပၚေပါက္လာခဲ့ပါၿပီ။ဒါေပမယ့္ အရပ္သားေတြ ႀကီးစိုးတဲ့ လႊတ္ေတာ္ႀကီးကို စတင္ေခၚယူက်င္းပျခင္းျခင္းပဲ ဘဝင္မက်ခဲ့ရဘူး။လႊတ္ေတာ္ဥကၠ႒ ေ႐ြးတဲ့ျမင္ကြင္းဟာ အေပၚကခ်ေပးတဲ့ စာရင္းကို က်န္တဲ့ အရပ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက တစ္ၿပိဳင္နက္ထဲ ေထာက္ခံအတည္ျပဳလိုက္တဲ့သေဘာ ျဖစ္ေနခဲ့ပါတယ္။

အၿပိဳင္မဲဆြယ္ၿပီး၊ ယွဥ္ၿပိဳင္အေ႐ြးခံရၿပီးမွ တင္ေျမႇာက္တဲ့ပုံစံကို မေတြ႕ခဲ့ရဘူး။ဒါဟာ မဆလ တစ္ပါတီ အာဏာရွင္စနစ္က ပုံစံမ်ိဳးလိုပါပဲ။ဒီမိုကေရစီကို ပုံေဖာ္မယ့္ ဒီမိုကေရစီပါတီက ဒီမိုကေရစီစနစ္ကို ပုံစံမေဖာ္ႏိုင္ခဲ့ပါဘူး။အရပ္ဘက္ အစိုးရတစ္ျခမ္းမွာလည္း ႏိုင္ငံေတာ္သမၼတကို ေ႐ြးခ်ယ္တင္ေျမႇာက္တဲ့အခါ ေစာေစာကေျပာခဲ့တဲ့အတိုင္း အေပၚကခ်ေပးတာကို ဝိုင္းေထာက္ခံေပးတာကို ျမင္ေတြ႕ခဲ့ရပါတယ္။အခုဆိုရင္ အာဏာရ အင္အယ္ဒီက တင္တဲ့ သမၼတႏွစ္ဦးရွိခဲ့ပါၿပီ။အစိုးရဝန္ႀကီးေတြ ေ႐ြးခ်ယ္ခန႔္အပ္တဲ့အခါ တစ္ဦးတစ္ေယာက္ရဲ႕ ဆုံးျဖတ္ေ႐ြးခ်ယ္တဲ့ ပုံစံမ်ိဳးပါပဲ။အရပ္သားလႊတ္ေတာ္ (အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား) အမ်ားစုလႊမ္းမိုးတဲ့ လႊတ္ေတာ္ေတြမွာ စတင္ႀကီးစိုးခ်ိန္ကတည္းက တစ္ပါတီစနစ္ ပုံစံမ်ိဳးေတြ အခုအခ်ိန္ထိ ေတြ႕ျမင္ေနရတုန္းပါ။

အခု ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး ပူးေပါင္းေကာ္မတီ ဖြဲ႕ထားတာကို ၾကည့္ရင္လည္း သိသာႏိုင္ပါတယ္။အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးတင္မယ့္ အဆိုကို အင္အယ္ဒီပါတီက ႀကီးၾကပ္စိစစ္ၿပီး အတင္မခံရဆိုတဲ့ အျဖစ္မ်ိဳးေတြ မျဖစ္သင့္ေတာ့ပါဘူး။ဒီမိုကေရစီစနစ္လို႔ ေခၚႏိုင္ဖို႔ေတာင္ ခက္ေနေသးတဲ့ အေျခအေနမွာ အင္အယ္ဒီအစိုးရအေနနဲ႔ေရာ၊ လႊတ္ေတာ္ေတြအေနနဲ႔ပါ ဒီမိုကေရစီစနစ္ကို တေျဖးေျဖးပုံေပၚလာႏိုင္ေအာင္ ႀကိဳးစားေနရပါလိမ့္မယ္။

လႊတ္ေတာ္နဲ႔ အစိုးရကို ထိန္းေက်ာင္းေပးတဲ့ ပုံစံမ်ိဳးေတြလည္း ေပ်ာက္ေနပါတယ္။အဓိကေျပာခ်င္တာက လႊတ္ေတာ္ေတြမွာ ဒီမိုကေရစီရဲ႕ အႏွစ္သာရျဖစ္တဲ့ လြတ္လပ္မႈ၊ တရားမွ်တမႈ၊ သာတူညီမွ်မႈ၊ လူ႔အခြင့္အေရး စတာေတြကို က်င့္သုံးႏိုင္ဖို႔ လိုေနပါၿပီ။အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို လြတ္လပ္စြာ အဆိုတင္ခြင့္၊ လြတ္လပ္စြာ ျငင္းခုန္ခြင့္ေတြ ေပးႏိုင္ဖို႔ လိုေနပါတယ္။ဒီပုံစံအတိုင္းသာ ဆက္သြားေနမယ္ဆိုရင္ တစ္ပါတီအာဏာရွင္စနစ္ ေရာက္သြားႏိုင္ပါတယ္။

အစိုးရေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ မွာလည္း အခက္အခဲမ်ားစြာ ရွိေနပါလိမ့္မယ္။ဗိုလ္ခ်ဳပ္ေအာင္ဆန္း လို ဝန္းရံအႀကံျပဳႏိုင္တဲ့ သုခမိန္ေတြမရွိတဲ့ အခက္အခဲဟာ လက္ရွိျဖတ္သန္းေနရတဲ့ ႏိုင္ငံေရးဘဝအတြက္ စိန္ေခၚမႈႀကီးတစ္ရပ္ပဲ ျဖစ္ပါတယ္။စစ္အာဏာရွင္ ေခတ္ေအာက္က ႐ုန္းထြက္လာရတဲ့အေျခအေနမွာ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ စြန႔္လြတ္စြန႔္စားခဲ့မႈေတြေၾကာင့္ ျပည္သူေတြရဲ႕ ခ်စ္ခင္ျမတ္ႏိုးမႈကို ခံခဲ့ရတာပါ။အတိုက္အခံဘဝမွာ အင္မတန္မွ ၾကမ္းတမ္းတဲ့လမ္းကို ေလွ်ာက္ခဲ့ရၿပီး စစ္အာဏာရွင္စနစ္ကို အေသခံတိုက္ပြဲ ဝင္ရဲတာေၾကာင့္ ျပည္သူေတြက လူထုေခါင္းေဆာင္အျဖစ္ သတ္မွတ္ခဲ့ၾကတာပါ။

ဒါေပမယ့္ တိုင္းျပည္ကို ဒီမိုကေရစီစနစ္နဲ႔သြားဖို႔ ရည္႐ြယ္ၿပီး အစိုးရေခါင္းေဆာင္အျဖစ္ကို ေ႐ြးခ်ယ္ခဲ့ပါတယ္။လူထုေခါင္းေဆာင္ဆိုတာ ျပည္သူေတြရဲ႕ ခ်စ္ျမတ္ႏိုးမႈကို ခံရတဲ့သူ တစ္ေယာက္ပါ။ဒါေပမယ့္ အစိုးရေခါင္းေဆာင္ဆိုတာ အခ်ိန္အကန႔္အသတ္ ရွိေနသလို ေဝဖန္မႈေတြလည္း မ်ားျပားစြာေပၚလာမွာပါ။အခုအခ်ိန္မွာလည္း ေဝဖန္မႈေတြရွိေနပါၿပီ။အေရးႀကီးတာက တိုင္းျပည္ကို စစ္အာဏာရွင္စနစ္ေအာက္က ႐ုန္းထြက္ႏိုင္ဖို႔ ျပည္သူေတြကို ဦးေဆာင္ႏိုင္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ ကို ဝန္းရံေပးေနတဲ့ လူေတြအေပၚမွာလည္း မူတည္ေနပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ေျပာတာေတြကို ေဝဖန္အႀကံျပဳႏိုင္ရပါလိမ့္မယ္။ေခါင္းေဆာင္ေနာက္က သစၥာရွိရွိ လိုက္ေန႐ုံေလာက္နဲ႔ မျဖစ္ပါဘူး။ေဒၚေအာင္ဆန္းစုၾကည္ ေျပာသမွ် ေခါင္းညိတ္ျပေန႐ုံေလာက္နဲ႔ဆို ဒီမိုကေရစီကို ပုံေပၚေအာင္ မေဖာ္ႏိုင္ပါဘူး။အခုျဖစ္ေနတာကိုၾကည့္မယ္ဆိုရင္ လႊတ္ေတာ္ေတြနဲ႔ အရပ္ဘက္ အစိုးရတစ္ခုလုံး ေဒၚေအာင္ဆန္းစုၾကည္ အေပၚ မူတည္သလိုျဖစ္ေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အေပၚ မွီခိုအေခ်ာင္လိုက္သလို ျဖစ္ေနတယ္လို႔ ထင္မိပါတယ္။

ဒီမိုကေရစီေခတ္ကို အသြင္ကူးေျပာင္းေနတဲ့ကာလမွာ မ႑ိဳင္တိုင္းကလူေတြအားလုံး ထက္ျမက္ သြက္လက္ေနရမွာပါ။နဂိုရွိေနတဲ့အရည္အခ်င္းထက္ပိုၿပီးရွိေအာင္ႀကိဳးစားေနရမွာပါ။အခုအခ်ိန္ဟာ ေဒၚေအာင္ ဆန္းစုၾကည္အတြက္ေရာ အရပ္ဘက္အစိုးရအတြက္ပါ ႀကီးမားတဲ့စိန္ေခၚမႈကို ရင္ဆိုင္ေနရပါတယ္။ ပုံသ႑ာန္ မတူတဲ့အစိုးရအဖြဲ႕အခ်င္းခ်င္း ခက္ခဲစြာဆက္ဆံေနရတဲ့အေနအထားေတြ၊ အဖ်က္အႏၲရာယ္ေတြလည္း မ်ားေန တဲ့ အခ်ိန္ပါ။ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့အရပ္ဘက္အစိုးရရဲ႕ ဝန္ႀကီးေတြလုပ္ငန္းမကြၽမ္းက်င္တာေတြ၊ ပါးနပ္စြာမကိုင္တြယ္တတ္တာေတြ၊အရည္အခ်င္းနည္းပါးတာေတြေၾကာင့္အခုဆိုျပည္သူေတြထဲမွာမေက်နပ္တဲ့ေလသံေတြၾကားေနရပါၿပီ။

ေျပာရမယ္ဆိုရင္၊အရပ္ဘက္အစိုးရဝန္ႀကီးေတြခန႔္အပ္တာဝန္ေပးတာႀကိဳတင္ေ႐ြးခ်ယ္ထားတာ၊ေနရာခ်ထားတာေတြမရွိခဲ့လို႔ျဖစ္တယ္ဆိုတာ အခုသုံးႏွစ္ေက်ာ္ၾကာတဲ့အခါမွာ သိသာလာပါတယ္။ဒီၾကားထဲမွာ ေဒၚ ေအာင္ဆန္းစုၾကည္ကိုင္စြဲထားတဲ့ ရင္ၾကားေစ့ေရးမူကလည္းအေႏွာက္အယွက္ျဖစ္ေစခဲ့ပါတယ္။

ေနာက္အေရးအႀကီးဆုံးတစ္ခ်က္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အာဏာရအင္အယ္ဒီပါတီမွာ ေဒၚေအာင္ဆန္း စုၾကည္ကိုအႀကံဉာဏ္ေပးႏိုင္တဲ့ေခါင္းေဆာင္ေတြမရွိေတာ့ပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသမွ် စကားကိုေခါင္းညိတ္လက္ညႇိဳးေထာင္ၾကတဲ့လူေတြပဲရွိေနတယ္လို႔ထင္မိပါတယ္။ ဒါဟာမဆလ တစ္ပါတီအာဏာရွင္စနစ္ကပုံစံလိုပါပဲ။ ေဒၚေအာင္ဆန္းစုၾကည္အတြက္အခုကာလဟာ အခက္ခဲဆုံး အခ်ိန္ ျဖစ္ပါလိမ့္မယ္။ျပည္တြင္းျပည္ပအေထြေထြစိန္ေခၚမႈေတြကိုရင္ဆိုင္ေက်ာ္ျဖတ္ရမယ့္ဒီမိုကေရစီအသြင္ကူး ေျပာင္းေရးကာလတစ္ခုပါ။

ဒီလိုသာ ျမန္မာျပည္ ဒီမိုကေရစီလမ္းကို ဆက္သြားေနမယ္ဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္မွာ ခ်စ္ျမတ္ႏိုးသူေတြ၊ မလိုမုန္းထားသူေတြၾကားမွာ အထီးက်န္ဆန္သြားပါလိမ့္မယ္။ကမာၻအေရွ႕ တိုင္းျပည္ေတြမွာကလည္း ပုဂၢိဳလ္ေရးကိုးကြယ္တတ္တာ အစဥ္အလာတစ္ခုလို ျဖစ္ေနတဲ့အတြက္ ျပည္သူေတြက ခ်စ္ခင္အားကိုးၿပီး ပုဂၢိဳလ္ေရးကိုးကြယ္မႈဟာ အႏၲရာယ္ရွိပါတယ္။
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးအတြက္ပါ အႏၲရာယ္ရွိမွာ စိုးရိမ္မိပါတယ္။

ျမတ္လႈိင္း
ေမ - ၁၁