【 ဆောင်းပါး 】 “ဒီမိုကရေစီလက်ဆောင်”

【 ဆောင်းပါး 】 “ဒီမိုကရေစီလက်ဆောင်”

လက်ဆောင်ကို လူတိုင်းနှစ်သက်ကြပါသည်။လက်ဆောင်ရလျှင် လူတိုင်းက ပျော်ရွှင်ကြသည်။အထူးသဖြင့် မိမိတို့ ဆန္ဒပြင်းပြစွာ လိုလားနေသော လက်ဆောင်ဆိုလျှင် ပို၍ပင်ပျော်ရွှင်ကြည်နူးတတ်ကြသည်။၂၀၁၀ ခုနှစ်လောက်က မိမိတို့အတွက် ပထမဦးဆုံး လက်ဆောင်တစ်ခုကို အဖွင့်ပဏာမအဖြစ် ရရှိခဲ့ကြသည်။ထိုစဉ်က လူတိုင်း၏ ရင်ထဲတွင် အားတက်ရွှင်လန်းမှုများဖြင့် ပြည့်လျှံနေခဲ့ကြသည်။ လွတ်လပ်ပေါ့ပါးသော ရင်ခုန်လှုပ်ရှားမှုများနှင့်အတူ မိမိတို့နိုင်ငံ အကောင်းဘက်ကို ရွေ့တော့မည်ဟူသော ဝမ်းသာအားရစိတ်ဖြင့် ကျွမ်းထိုးမိမတတ်ပင် ပျော်မြူးခဲ့ကြသည်။

၂၀၁၀ ခုနှစ်တွင် မိမိတို့နိုင်ငံအတွက် ဒီမိုကရေစီ တံခါးတစ်ချပ်ကို ခပ်မာမာဖွင့်လှစ်ပေးခဲ့မှုကပင် မိမိတို့အတွက် မကြုံစဖူးထူးကဲသော ခံစားမှုများဖြင့် ရှေ့သို့လှမ်းချီရန် စိုင်းပြင်းခဲ့ကြသည်။မိမိတို့၏ ဒေါင်းတင်မောင်းတင် အနေအထားကို ၂၀၁၁ ခုနှစ် တာဝန်သိ အစိုးရတစ်ရပ်ကလည်း မိမိတို့၏ ရှေ့ခရီး ပိုမိုချောချောမွေ့မွေ့ဖြစ်စေရန် ပိုးကတ္တီပါစခင်း၍ပင် ဖြောင့်ဖြူးစေခဲ့ပါသည်။ထိုစဉ်က မိမိတို့အတွက် လွတ်လပ်စွာ ရေးသားပြောဆိုခွင့်၊ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်ပွင့်လင်း၍ တရားမျှတသော ရွေးကောက်ပွဲတည်းဟူသော ဒီမိုကရေစီ အဦးအစ ပဏာမလက်ဆောင်များနှင့်အတူ မိတ်ဆက်နိဒါန်းအဖြစ် အစပျိုးစေခဲ့သည်ဟုပင် ဆိုပါရမည်။

၂၀၁၅ ခုနှစ်တွင်မူ မိမိတို့အတွက် အလွန်လှပသော လက်ဆောင်တစ်ခုကို အမှန်တကယ်ပင် သဘောထားကြီးစွာ ပေးအပ်လာခဲ့ပါသည်။လင်းလက်တောက်ပသော အစိမ်းရောင် ပါကင်စက္ကူဖြင့် ထုပ်ပိုး၍ အဝါရောင်ဖဲကြိုး ချည်ထားသော လက်ဆောင်ထုပ်၏ ကိုယ်ထည်ပေါ်မှာပင် ဒီမိုကရေစီဟူသော ဝိုင်းစက်ညီညာစွာ ရေးထားသည့် စာတန်းက နှစ်ခါပြန်ကြည့်ချင်လောက်အောင် လှပနေခဲ့ပါသည်။

မိမိတို့ရရှိထားသော ဒီမိုကရေစီလက်ဆောင်ထုပ်ကို ဖွင့်မကြည့်မီ အပြင်ပန်းအနေအထားကို ကြည့်ရုံနှင့်ပင် မိမိတို့ လိုလားတောင့်တနေသော ဒီမိုကရေစီပန်းတစ်ပွင့်က မိမိတို့နိုင်ငံတွင် အစွမ်းကုန်ပွင့်လန်းလာတော့မည်ဟူသော မျှော်လင့်ချက်ကို ပိုမိုရှင်သန်လာစေခဲ့ပါသည်။လက်ဆောင်ထုပ်ကို ဖွင့်မကြည့်မီကပင် လက်ဆောင်ထုပ်အတွင်း၌ နိုင်ငံသားတို့၏ ရပိုင်ခွင့်များကို အကာအကွယ်ပေးမည့် တရားဥပဒေစိုးမိုးမှု နိုင်ငံတည်ငြိမ်အေးချမ်းမှုနှင့် အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သတ်မှုတည်းဟူသော ဒီမိုကရေစီ အနှစ်သာရများ ရှိနေမည်ဟူသော ယုံကြည်ချက်များကို ပိုမိုလာစေခဲ့ပါသည်။

အထူးသဖြင့် ဒီမိုကရေစီအနှစ်သာရ၏ အချက်အချာအကျဆုံးဖြစ်သည့် ဥပဒေအထက်တွင် မည်သူမျှမရှိဟူသော တရားဥပဒေစိုးမိုးမှုက မိမိတို့နိုင်ငံတွင် အခိုင်အမာဖြစ်တည်နေတော့မည်ဟူသော မျှော်လင့်ချက်ကို ပိုမိုခိုင်မာလာစေခဲ့ပါသည်။

သို့တစေ ၂၀၁၆ ခုနှစ်တွင် မိမိတို့ရရှိထားသော လက်ဆောင်ထုပ်ကို စတင်ဖွင့်လိုက်သည့် အချိန်မှစ၍ လက်ဆောင်ထုပ်အတွင်းမှ ထွက်ပေါ်လာသော ပြဿနာများ စိန်ခေါ်မှုများနှင့် ဝိရောဓိဆန်သော အခြေအနေများက မိမိတို့အတွက် မှန်းချက်နှင့် နှမ်းထွက်မကိုက် ဆိုသလို စတင်တွေ့ကြုံလာခဲ့ရသည်။ဒီမိုကရေစီ လက်ဆောင်ထုပ်အတွင်း အတူပါရှိလာမည်ဟု အမျှော်လင့်ကြီး မျှော်လင့်ထားသော နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မျှော်မှန်းချက်မှာလည်း ရေတွင်အရုပ်ရေးမထင်သကဲ့သို့ အပေါင်းထက် အနုတ်ဘက်ဆီသို့သာ ပိုမိုရွေ့လျှားသလို ရှိနေခဲ့ပါသည်။

ထိုသို့သော အချိန်နှင့်တစ်ပြိုင်နက်တည်း အချိန်တိုက်ဆိုင်သလိုပင် နိုင်ငံ၏ တည်ငြိမ်မှုကို ပျက်ပြားစေလောက်သည် ပြည်တွင်း ပြည်ပ ဘက်ပေါင်းစုံမှ ထိုးနှက်လာသော ပြဿနာပေါင်း သောင်းခြောက်ထောင်တို့ကလည်း မိမိတို့အတွက် ဒီမိုကရေစီ ဖက်ဒရယ် နိုင်ငံတော်သစ် ဖြစ်ပေါ်ရေးထက် အမျိုးသားသွေးစည်းညီညွတ်ရေး ဖြစ်ပေါ်လာရေးအတွက်ပင် ကျားကုတ်ကျားခဲ လုံးပန်းနေရသည့် အနေအထားသို့ ရောက်ရှိစေခဲ့ပါသည်။အထူးသဖြင့် ထိုသို့သောအနေအထားက လက်ဆောင်ထုပ်အတွင်း တစ်ပါတည်းပါရှိလာမည်ဟု ထင်မြင်ယူဆထားခဲ့သည့် “ငြိမ်းချမ်းရေး” ဆိုသည်မှာ လက်ဆောင်ထုပ်ထဲတွင် အမှန်တကယ် ပါရှိလာခြင်းမရှိကြောင်း နားလည်သဘောပေါက်လာခဲ့ရပါသည်။

ဆယ်စုနှစ် ၃ ခုကြာ တစ်ကမ္ဘာလုံးအနှံ့ ဒီမိုကရေစီ ကူးစက်ပျံ့နှံ့မှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယခုအခါ ဒီမိုကရေစီ ပျံနှံ့မှု တုံ့ဆိုင်းလေးအီကာ တစတစနှင့် ဆုတ်ယုတ်လျော့ပါးလာသည့် အနေအထားကိုပင် ရောက်ရှိလာခဲ့သည် ဆိုရလျှင် ဒီမိုကရေစီတည်းဟူသော လွတ်လပ်မှုသဘောတရားမှနေ၍ ကမ္ဘာလုံးဆိုင်ရာ ဆုတ်ခွာမှုကို မြင်တွေ့နေရသောကြောင့် ဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပညာရှင် လာရီဒိုင်းမွန်း က ကမ္ဘာပေါ်ရှိ ဒီမိုကရေစီတိုးတက်မှု အခြေအနေကို ဆင်ခြင်သုံးသပ်ခဲ့ပါသည်။

လာရီဒိုင်းမွန်း ဆိုသကဲ့သို့ပင် မိမိတို့၏ ဒီမိုကရေစီ လက်ဆောင်ထုပ်တွင်လည်း လွတ်လပ်မှုများ တစ်စတစ်စလျော့ပါးခြင်းတည်းဟူသော ဒီမိုကရေစီ ဆုတ်ယုတ်မှု သွင်ပြင်လက္ခဏာများက အချိန်ကိုက် ပေါ်ပေါက်လာခဲ့လေသလားဟုပင် ထင်မြင်ယူဆရသည်။အခြားသော နိုင်ငံရေးသိပ္ပံပညာရှင်များဖြစ်သည့် စတီမင် လီဗစ်စကီး နှင့် ဇီးဗလတ် တို့ကမူ ဒီမိုကရေစီ မှေးမှိန်ဆုတ်ယုတ်မှုဆီသို့ ဦးတည်စေနိုင်သည့် အချက်လေးချက်ကို How Democracy Die ဟူသော သူတို့ရေးသားထားသည့် စာအုပ်ထဲတွင် ဖွင့်ဆိုရှင်းပြခဲ့ကြသည်။

လီဗစ်စကီး နှင့် ဇီးဗလတ် တို့၏ အဆိုအရ ……

၁။ ရွေးကောက်ပွဲရလဒ်များအား တရားမဝင်ဟုဆိုကာ အသိအမှတ်ပြုရန် ငြင်းဆန်ပယ်ချခြင်း။

၂။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လိုအပ်သည်ဟူသော အဆိုကို ထောက်ခံခြင်းနှင့် ငြင်းဆန်ခြင်း။

၃။ နိုင်ငံရေးပြိုင်ဘက်များအား သိက္ခာကျဆင်းစေရန် စွပ်စွဲပြောကြားခြင်း။

၄။ ရန်လိုနေသူတို့၏ လှုပ်ရှားမှုများကို အားပေးလှုံ့ဆော်မှုပြုခြင်းနှင့် လွတ်လပ်စွာ ရေးသားပြောဆိုမှုကို ကန့်သတ်ထိန်းချုပ်၍ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများကို ငြင်းဆန်ခြင်း .. စသည်တို့သည် ဒီမိုကရေစီ မှေးမှိန်ဆုတ်ယုတ်မှုဆီသို့ ဦးတည်စေသည့် အချက်များဖြစ်သည်ဟု ဆိုခဲ့ကြသည်။

အလားတူပင် ဒီမိုကရေစီ ဆုတ်ယုတ်ပျက်ပြားမှုနှင့် ပတ်သက်လျှင် အချို့သော နိုင်ငံတို့၏ အဖြစ်က အထိမခံနိုင်လောက်သည့် ခက်ခဲရှုပ်ထွေးမှုများနှင့်အတူ အကျပ်အတည်းအတွင်း ရောက်ရှိစေနိုင်ကြောင်း လီဗစ်စကီး နှင့် ဇီးဗလတ် တို့က သုံးသပ်ခဲ့ကြသည်။

မည်သို့ဆိုစေ မိမိတို့ရရှိခဲ့သော ဒီမိုကရေစီ လက်ဆောင်ထုပ်ကို ဖွင့်ဖောက်လိုက်ကတည်းက ပေါ်ထွက်လာသော အကြောင်းဖြစ်ရပ် ပြဿနာဟူသမျှသည် မှင်သက်စရာ၊ အံ့အားသင့်စရာ၊ နာလိုခံခက် အမျက်ထွက်စရာ၊ စိတ်ပျက်အားလျော့စရာ၊ တုန်လှုပ်ချောက်ချားစရာ၊ စိုးရိမ်ပူပန်စရာ၊ စိတ်ရှုပ်ထွေးစရာတည်းဟူသော ခံစားမှုများကိုသာ ပေးသည့်အကြောင်း ဖြစ်ရပ်ပြဿနာများချည်း ဖြစ်နေသည်ကတော့ နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ ရှုထောင့်အမြင်များနှင့် တစ်ထပ်တည်းကျသလိုပင် ရှိနေပါသည်။

အမှန်ဆိုရလျှင် လက်ဆောင်ကို လူတိုင်းနှစ်သက်ကြပါသည်။လက်ဆောင်ရလျှင် လူတိုင်းပျော်ရွှင်ကြသည်။အထူးသဖြင့် မိမိတို့ ဆန္ဒပြင်းပြစွာ လိုလားနေသော လက်ဆောင်ဆိုလျှင် ပို၍ပင် ပျော်ရွှင်ကြည်နူးတတ်ကြပါသည်။သို့တစေ ရရှိသော လက်ဆောင်သည် ပျော်ရွှင်ချမ်းမြေ့မှုကို ပေးသည်ထက် မိမိတို့အပေါ် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်စေသည့် စိတ်ရှုပ်ထွေးစရာ လက်ဆောင်မျိုး ဖြစ်နေမည်ဆိုပါက မိမိတို့အတွက် ပျော်ရွှင်ချမ်းမြေ့မှုများကို ဆောင်ကြဉ်းလာနိုင်ဖွယ်ရာ ရှိမည်မဟုတ်ပါ။မည်သို့ဆိုစေ မိမိတို့ကတော့ ဒီမိုကရေစီဟု အမည်နာမ တံဆိပ်ကပ်ထားသော လက်ဆောင်တစ်ခုကို အမှန်တကယ်ပင် ရရှိထားကြပါသည်။

မြင့်နောင်မိုး
ဇွန် - ၂၉

( Zawgyi )

လက္ေဆာင္ကို လူတိုင္းႏွစ္သက္ၾကပါသည္။လက္ေဆာင္ရလွ်င္ လူတိုင္းက ေပ်ာ္႐ႊင္ၾကသည္။အထူးသျဖင့္ မိမိတို႔ ဆႏၵျပင္းျပစြာ လိုလားေနေသာ လက္ေဆာင္ဆိုလွ်င္ ပို၍ပင္ေပ်ာ္႐ႊင္ၾကည္ႏူးတတ္ၾကသည္။၂၀၁၀ ခုႏွစ္ေလာက္က မိမိတို႔အတြက္ ပထမဦးဆုံး လက္ေဆာင္တစ္ခုကို အဖြင့္ပဏာမအျဖစ္ ရရွိခဲ့ၾကသည္။ထိုစဥ္က လူတိုင္း၏ ရင္ထဲတြင္ အားတက္႐ႊင္လန္းမႈမ်ားျဖင့္ ျပည့္လွ်ံေနခဲ့ၾကသည္။ လြတ္လပ္ေပါ့ပါးေသာ ရင္ခုန္လႈပ္ရွားမႈမ်ားႏွင့္အတူ မိမိတို႔ႏိုင္ငံ အေကာင္းဘက္ကို ေ႐ြ႕ေတာ့မည္ဟူေသာ ဝမ္းသာအားရစိတ္ျဖင့္ ကြၽမ္းထိုးမိမတတ္ပင္ ေပ်ာ္ျမဴးခဲ့ၾကသည္။

၂၀၁၀ ခုႏွစ္တြင္ မိမိတို႔ႏိုင္ငံအတြက္ ဒီမိုကေရစီ တံခါးတစ္ခ်ပ္ကို ခပ္မာမာဖြင့္လွစ္ေပးခဲ့မႈကပင္ မိမိတို႔အတြက္ မႀကဳံစဖူးထူးကဲေသာ ခံစားမႈမ်ားျဖင့္ ေရွ႕သို႔လွမ္းခ်ီရန္ စိုင္းျပင္းခဲ့ၾကသည္။မိမိတို႔၏ ေဒါင္းတင္ေမာင္းတင္ အေနအထားကို ၂၀၁၁ ခုႏွစ္ တာဝန္သိ အစိုးရတစ္ရပ္ကလည္း မိမိတို႔၏ ေရွ႕ခရီး ပိုမိုေခ်ာေခ်ာေမြ႕ေမြ႕ျဖစ္ေစရန္ ပိုးကတၱီပါစခင္း၍ပင္ ေျဖာင့္ျဖဴးေစခဲ့ပါသည္။ထိုစဥ္က မိမိတို႔အတြက္ လြတ္လပ္စြာ ေရးသားေျပာဆိုခြင့္၊ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္၊ လြတ္လပ္ပြင့္လင္း၍ တရားမွ်တေသာ ေ႐ြးေကာက္ပြဲတည္းဟူေသာ ဒီမိုကေရစီ အဦးအစ ပဏာမလက္ေဆာင္မ်ားႏွင့္အတူ မိတ္ဆက္နိဒါန္းအျဖစ္ အစပ်ိဳးေစခဲ့သည္ဟုပင္ ဆိုပါရမည္။

၂၀၁၅ ခုႏွစ္တြင္မူ မိမိတို႔အတြက္ အလြန္လွပေသာ လက္ေဆာင္တစ္ခုကို အမွန္တကယ္ပင္ သေဘာထားႀကီးစြာ ေပးအပ္လာခဲ့ပါသည္။လင္းလက္ေတာက္ပေသာ အစိမ္းေရာင္ ပါကင္စကၠဴျဖင့္ ထုပ္ပိုး၍ အဝါေရာင္ဖဲႀကိဳး ခ်ည္ထားေသာ လက္ေဆာင္ထုပ္၏ ကိုယ္ထည္ေပၚမွာပင္ ဒီမိုကေရစီဟူေသာ ဝိုင္းစက္ညီညာစြာ ေရးထားသည့္ စာတန္းက ႏွစ္ခါျပန္ၾကည့္ခ်င္ေလာက္ေအာင္ လွပေနခဲ့ပါသည္။

မိမိတို႔ရရွိထားေသာ ဒီမိုကေရစီလက္ေဆာင္ထုပ္ကို ဖြင့္မၾကည့္မီ အျပင္ပန္းအေနအထားကို ၾကည့္႐ုံႏွင့္ပင္ မိမိတို႔ လိုလားေတာင့္တေနေသာ ဒီမိုကေရစီပန္းတစ္ပြင့္က မိမိတို႔ႏိုင္ငံတြင္ အစြမ္းကုန္ပြင့္လန္းလာေတာ့မည္ဟူေသာ ေမွ်ာ္လင့္ခ်က္ကို ပိုမိုရွင္သန္လာေစခဲ့ပါသည္။လက္ေဆာင္ထုပ္ကို ဖြင့္မၾကည့္မီကပင္ လက္ေဆာင္ထုပ္အတြင္း၌ ႏိုင္ငံသားတို႔၏ ရပိုင္ခြင့္မ်ားကို အကာအကြယ္ေပးမည့္ တရားဥပေဒစိုးမိုးမႈ ႏိုင္ငံတည္ၿငိမ္ေအးခ်မ္းမႈႏွင့္ အစိုးရ၏ လုပ္ပိုင္ခြင့္အာဏာကို ကန႔္သတ္မႈတည္းဟူေသာ ဒီမိုကေရစီ အႏွစ္သာရမ်ား ရွိေနမည္ဟူေသာ ယုံၾကည္ခ်က္မ်ားကို ပိုမိုလာေစခဲ့ပါသည္။

အထူးသျဖင့္ ဒီမိုကေရစီအႏွစ္သာရ၏ အခ်က္အခ်ာအက်ဆုံးျဖစ္သည့္ ဥပေဒအထက္တြင္ မည္သူမွ်မရွိဟူေသာ တရားဥပေဒစိုးမိုးမႈက မိမိတို႔ႏိုင္ငံတြင္ အခိုင္အမာျဖစ္တည္ေနေတာ့မည္ဟူေသာ ေမွ်ာ္လင့္ခ်က္ကို ပိုမိုခိုင္မာလာေစခဲ့ပါသည္။

သို႔တေစ ၂၀၁၆ ခုႏွစ္တြင္ မိမိတို႔ရရွိထားေသာ လက္ေဆာင္ထုပ္ကို စတင္ဖြင့္လိုက္သည့္ အခ်ိန္မွစ၍ လက္ေဆာင္ထုပ္အတြင္းမွ ထြက္ေပၚလာေသာ ျပႆနာမ်ား စိန္ေခၚမႈမ်ားႏွင့္ ဝိေရာဓိဆန္ေသာ အေျခအေနမ်ားက မိမိတို႔အတြက္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ ဆိုသလို စတင္ေတြ႕ႀကဳံလာခဲ့ရသည္။ဒီမိုကေရစီ လက္ေဆာင္ထုပ္အတြင္း အတူပါရွိလာမည္ဟု အေမွ်ာ္လင့္ႀကီး ေမွ်ာ္လင့္ထားေသာ ႏိုင္ငံစီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈ ေမွ်ာ္မွန္းခ်က္မွာလည္း ေရတြင္အ႐ုပ္ေရးမထင္သကဲ့သို႔ အေပါင္းထက္ အႏုတ္ဘက္ဆီသို႔သာ ပိုမိုေ႐ြ႕လွ်ားသလို ရွိေနခဲ့ပါသည္။

ထိုသို႔ေသာ အခ်ိန္ႏွင့္တစ္ၿပိဳင္နက္တည္း အခ်ိန္တိုက္ဆိုင္သလိုပင္ ႏိုင္ငံ၏ တည္ၿငိမ္မႈကို ပ်က္ျပားေစေလာက္သည္ ျပည္တြင္း ျပည္ပ ဘက္ေပါင္းစုံမွ ထိုးႏွက္လာေသာ ျပႆနာေပါင္း ေသာင္းေျခာက္ေထာင္တို႔ကလည္း မိမိတို႔အတြက္ ဒီမိုကေရစီ ဖက္ဒရယ္ ႏိုင္ငံေတာ္သစ္ ျဖစ္ေပၚေရးထက္ အမ်ိဳးသားေသြးစည္းညီၫြတ္ေရး ျဖစ္ေပၚလာေရးအတြက္ပင္ က်ားကုတ္က်ားခဲ လုံးပန္းေနရသည့္ အေနအထားသို႔ ေရာက္ရွိေစခဲ့ပါသည္။အထူးသျဖင့္ ထိုသို႔ေသာအေနအထားက လက္ေဆာင္ထုပ္အတြင္း တစ္ပါတည္းပါရွိလာမည္ဟု ထင္ျမင္ယူဆထားခဲ့သည့္ “ၿငိမ္းခ်မ္းေရး” ဆိုသည္မွာ လက္ေဆာင္ထုပ္ထဲတြင္ အမွန္တကယ္ ပါရွိလာျခင္းမရွိေၾကာင္း နားလည္သေဘာေပါက္လာခဲ့ရပါသည္။

ဆယ္စုႏွစ္ ၃ ခုၾကာ တစ္ကမာၻလုံးအႏွံ႔ ဒီမိုကေရစီ ကူးစက္ပ်ံ႕ႏွံ႔မႈ ျဖစ္ေပၚခဲ့ၿပီးေနာက္ ယခုအခါ ဒီမိုကေရစီ ပ်ံႏွံ႔မႈ တုံ႔ဆိုင္းေလးအီကာ တစတစႏွင့္ ဆုတ္ယုတ္ေလ်ာ့ပါးလာသည့္ အေနအထားကိုပင္ ေရာက္ရွိလာခဲ့သည္ ဆိုရလွ်င္ ဒီမိုကေရစီတည္းဟူေသာ လြတ္လပ္မႈသေဘာတရားမွေန၍ ကမာၻလုံးဆိုင္ရာ ဆုတ္ခြာမႈကို ျမင္ေတြ႕ေနရေသာေၾကာင့္ ျဖစ္သည္ဟု ႏိုင္ငံေရးသိပၸံပညာရွင္ လာရီဒိုင္းမြန္း က ကမာၻေပၚရွိ ဒီမိုကေရစီတိုးတက္မႈ အေျခအေနကို ဆင္ျခင္သုံးသပ္ခဲ့ပါသည္။

လာရီဒိုင္းမြန္း ဆိုသကဲ့သို႔ပင္ မိမိတို႔၏ ဒီမိုကေရစီ လက္ေဆာင္ထုပ္တြင္လည္း လြတ္လပ္မႈမ်ား တစ္စတစ္စေလ်ာ့ပါးျခင္းတည္းဟူေသာ ဒီမိုကေရစီ ဆုတ္ယုတ္မႈ သြင္ျပင္လကၡဏာမ်ားက အခ်ိန္ကိုက္ ေပၚေပါက္လာခဲ့ေလသလားဟုပင္ ထင္ျမင္ယူဆရသည္။အျခားေသာ ႏိုင္ငံေရးသိပၸံပညာရွင္မ်ားျဖစ္သည့္ စတီမင္ လီဗစ္စကီး ႏွင့္ ဇီးဗလတ္ တို႔ကမူ ဒီမိုကေရစီ ေမွးမွိန္ဆုတ္ယုတ္မႈဆီသို႔ ဦးတည္ေစႏိုင္သည့္ အခ်က္ေလးခ်က္ကို How Democracy Die ဟူေသာ သူတို႔ေရးသားထားသည့္ စာအုပ္ထဲတြင္ ဖြင့္ဆိုရွင္းျပခဲ့ၾကသည္။

လီဗစ္စကီး ႏွင့္ ဇီးဗလတ္ တို႔၏ အဆိုအရ ……

၁။ ေ႐ြးေကာက္ပြဲရလဒ္မ်ားအား တရားမဝင္ဟုဆိုကာ အသိအမွတ္ျပဳရန္ ျငင္းဆန္ပယ္ခ်ျခင္း။

၂။ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ရန္ လိုအပ္သည္ဟူေသာ အဆိုကို ေထာက္ခံျခင္းႏွင့္ ျငင္းဆန္ျခင္း။

၃။ ႏိုင္ငံေရးၿပိဳင္ဘက္မ်ားအား သိကၡာက်ဆင္းေစရန္ စြပ္စြဲေျပာၾကားျခင္း။

၄။ ရန္လိုေနသူတို႔၏ လႈပ္ရွားမႈမ်ားကို အားေပးလႈံ႕ေဆာ္မႈျပဳျခင္းႏွင့္ လြတ္လပ္စြာ ေရးသားေျပာဆိုမႈကို ကန႔္သတ္ထိန္းခ်ဳပ္၍ ဒီမိုကေရစီ စည္းမ်ဥ္းစည္းကမ္းမ်ားကို ျငင္းဆန္ျခင္း .. စသည္တို႔သည္ ဒီမိုကေရစီ ေမွးမွိန္ဆုတ္ယုတ္မႈဆီသို႔ ဦးတည္ေစသည့္ အခ်က္မ်ားျဖစ္သည္ဟု ဆိုခဲ့ၾကသည္။

အလားတူပင္ ဒီမိုကေရစီ ဆုတ္ယုတ္ပ်က္ျပားမႈႏွင့္ ပတ္သက္လွ်င္ အခ်ိဳ႕ေသာ ႏိုင္ငံတို႔၏ အျဖစ္က အထိမခံႏိုင္ေလာက္သည့္ ခက္ခဲရႈပ္ေထြးမႈမ်ားႏွင့္အတူ အက်ပ္အတည္းအတြင္း ေရာက္ရွိေစႏိုင္ေၾကာင္း လီဗစ္စကီး ႏွင့္ ဇီးဗလတ္ တို႔က သုံးသပ္ခဲ့ၾကသည္။

မည္သို႔ဆိုေစ မိမိတို႔ရရွိခဲ့ေသာ ဒီမိုကေရစီ လက္ေဆာင္ထုပ္ကို ဖြင့္ေဖာက္လိုက္ကတည္းက ေပၚထြက္လာေသာ အေၾကာင္းျဖစ္ရပ္ ျပႆနာဟူသမွ်သည္ မွင္သက္စရာ၊ အံ့အားသင့္စရာ၊ နာလိုခံခက္ အမ်က္ထြက္စရာ၊ စိတ္ပ်က္အားေလ်ာ့စရာ၊ တုန္လႈပ္ေခ်ာက္ခ်ားစရာ၊ စိုးရိမ္ပူပန္စရာ၊ စိတ္ရႈပ္ေထြးစရာတည္းဟူေသာ ခံစားမႈမ်ားကိုသာ ေပးသည့္အေၾကာင္း ျဖစ္ရပ္ျပႆနာမ်ားခ်ည္း ျဖစ္ေနသည္ကေတာ့ ႏိုင္ငံေရးသိပၸံပညာရွင္တို႔၏ ရႈေထာင့္အျမင္မ်ားႏွင့္ တစ္ထပ္တည္းက်သလိုပင္ ရွိေနပါသည္။

အမွန္ဆိုရလွ်င္ လက္ေဆာင္ကို လူတိုင္းႏွစ္သက္ၾကပါသည္။လက္ေဆာင္ရလွ်င္ လူတိုင္းေပ်ာ္႐ႊင္ၾကသည္။အထူးသျဖင့္ မိမိတို႔ ဆႏၵျပင္းျပစြာ လိုလားေနေသာ လက္ေဆာင္ဆိုလွ်င္ ပို၍ပင္ ေပ်ာ္႐ႊင္ၾကည္ႏူးတတ္ၾကပါသည္။သို႔တေစ ရရွိေသာ လက္ေဆာင္သည္ ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈကို ေပးသည္ထက္ မိမိတို႔အေပၚ ဝန္ထုပ္ဝန္ပိုးတစ္ခုျဖစ္ေစသည့္ စိတ္ရႈပ္ေထြးစရာ လက္ေဆာင္မ်ိဳး ျဖစ္ေနမည္ဆိုပါက မိမိတို႔အတြက္ ေပ်ာ္႐ႊင္ခ်မ္းေျမ့မႈမ်ားကို ေဆာင္ၾကဥ္းလာႏိုင္ဖြယ္ရာ ရွိမည္မဟုတ္ပါ။မည္သို႔ဆိုေစ မိမိတို႔ကေတာ့ ဒီမိုကေရစီဟု အမည္နာမ တံဆိပ္ကပ္ထားေသာ လက္ေဆာင္တစ္ခုကို အမွန္တကယ္ပင္ ရရွိထားၾကပါသည္။

ျမင့္ေနာင္မိုး
ဇြန္ - ၂၉