【 ဆောင်းပါး 】 “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်ရွေးချယ်မှု အမှား”

【 ဆောင်းပါး 】 “ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ခေါင်းဆောင်ရွေးချယ်မှု အမှား”

“ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ
ခေါက်ပေါင်းမရေနိုင်လို့
ဗေဒါခိုင် သည်မြစ်ထဲ၊ ရဲခဲ့သည်ပါ့”

ဖတ်မိသူတိုင်း ကြိုက်နှစ်သက်မိကြမှာပါ။ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာထဲက အပိုဒ်တိုင်းဟာလည်း လူမှုဘဝပေါင်းများစွာကို ကိုယ်စားပြုနေပါတယ်။လောကဓံကို ပြဆိုနေပါတယ်။ဒီကဗျာလေးကို ပမာပြုပြီး ရုပ်ရှင်တွေ၊ သီချင်းတွေ ဖန်တီးနိုင်ခဲ့ကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဥပမာပြုချင်စရာတွေ အများကြီးဖြစ်ခဲ့ပါတယ်။ဖြစ်နေကြပါတယ်။အားလုံးသိနေကြတဲ့အတိုင်း ကျွန်တော်တို့ မြန်မာနိုင်ငံဟာ မြစ်မုန်တိုင်းကို ကြံ့ကြံ့ခံတွန်းထွက်ခဲ့ရတာ မကြာသေးပါဘူး။အခုမှ ဒီမိုကရေစီကူးပြောင်းနိုင်ဖို့ ပြင်ဆင်နေရတုန်းပါ။ ယဒီလို ဒီမိုကရေစီ ကူးပြောင်းနိုင်ဖို့ ပြင်ဆင်နေတဲ့ အချိန်ကာလမှာ အမြင်အမျိုးမျိုး၊ အထင်အမျိုးမျိုးတွေ ပြောဆိုနေကြမှာပါ။အနှောင့်အယှက် အဖျက်ဆီးတွေလည်း ရှိနေမှာပါ။ဒီလို အမျိုးမျိုးသော ပြောဆိုဝေဖန်မှုတွေကိုလည်း ပစ်ပယ်ထားလို့လည်း မရနိုင်ပါဘူး။ဒီမိုကရေစီကို ဖော်ဆောင်နိုင်ဖို့ ဦးတည်ကြိုးပမ်းနေတဲ့ ပြည်သူ့အစိုးရဆိုတာလည်း ဝေဖန်မှုတွေကို လက်ခံရပါလိမ့်မယ်။ဒီဝေဖန်မှုတွေထဲက ဘယ်ဝေဖန်ထောက်ပြမှုတွေက အပြုသဘောဆောင်တယ်၊ ဘယ်ဝေဖန်မှုတွေကတော့ အဖျက်သဘောဆောင်တယ်ဆိုတာ ခွဲခြမ်းစိတ်ဖြာ လေ့လာနေရမှာပါ။

ဆိုကြပါစို့။ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီစနစ်ကို သွားမယ့်လမ်းကို တားဆီးနေတာက အခက်အခဲဆုံး၊ ကျော်ဖြတ်ရ အင်မတန်မလွယ်နိုင်တဲ့၊၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးပါ။ဒီဘောင်က အလွန်ကျဉ်းမြောင်းနေပါတယ်။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဘောင်ထဲကနေပဲရှေ့ကိုလျှောက်နိုင်သလောက် လျှောက်နေရဦးမှာပါ။ဘောင်ထဲမှာပဲ လျှောက်ရမယ့်လမ်းက မျဉ်းပြိုင်နှစ်ကြောင်း ဖြစ်နေပါတယ်။မျဉ်းတစ်ကြောင်းက နှစ်ပေါင်းများစွာ မီးတောက်လောင်နေခဲ့တဲ့မီးပါ။တိုင်းရင်းသားပြည်သူတွေကို ဒုက္ခမီးထဲမှာ လောင်ကျွမ်းကူးစက်နေခဲ့တဲ့ ပြည်တွင်းစစ်မီးကြီးကို အညွန့်ချိုးပစ်နိုင်ဖို့ ကြိုးစားလျှောက်ရမယ့် လမ်းတစ်လမ်း (သို့မဟုတ်) မျဉ်းရှည်ကြီးတစ်ကြောင်းပါ။

အဲဒီလိုပဲ၊ ပြည်သူတွေ နှစ်ပေါင်းများစွာ နစ်ဝင်နေတဲ့ ဆင်းရဲတွင်းနွံထဲကနေ ဆွဲထုတ်ပြီး လျှောက်ရမယ့် မျဉ်းကြီးတစ်ကြောင်းလည်း ရှိနေပါတယ်။ဒီမျဉ်းပြိုင်ကြီးနှစ်ကြောင်းကို ပြိုင်တူဆွဲရမယ့် အနေအထားကနေ၊ အခုအချိန်မှာ နိုင်ငံနဲ့ ပြည်သူတွေ ကြုံတွေ့နေရတဲ့ စီးပွားရေးအကြပ်အတည်းကို အရင်ဆုံးဖြေရှင်းရတော့မယ့် အခြေအနေကို ရောက်နေပါပြီ။ဒါကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ”ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ခွဲပြီးကြည့်လို့မရပါဘူး၊ ငြိမ်းချမ်းရေးမရလို့ရှိရင် ဖွံ့ဖြိုးရေးဆိုတာ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး၊ ဖွံ့ဖြိုးရေးမရှိလို့ရှိရင်လည်း ငြိမ်းချမ်းရေးဟာ တည်တံ့ခိုင်မြဲနိုင်မှာ မဟုတ်ပါဘူး။ဒီနှစ်ခုစလုံးအတွက် ကျွန်မတို့ ကြိုးစားဖို့လိုပါတယ်” လို့ မြန်မာ့ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ် သုံးသပ်ဆွေးနွေးပွဲမှာ အဖွင့်မိန့်ခွန်းအနေနဲ့ ပြောသွားခဲ့ဖူးပါတယ်။ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အခုငြိမ်းချမ်းရေးရဖို့ ဆောင်ရွက်နေတာ ဘယ်အတိုင်းအတာထိ ရောက်နေပြီလဲဆိုတာ သိနိုင်ပါပြီ။

ခက်ခဲနေတာက စစ်ဘက်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကွဲနေတဲ့ ရင်ကြားစေ့နိုင်ရေးပါ။အခုဆိုရင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ပြီး ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကို ကျင်းပနေတာတွေက ရပ်တန့်သလို ဖြစ်နေပါတယ်။ဒီမှာလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ နှစ်ခြမ်းကွဲနေပါတယ်။အရင်အစိုးရက ပြဋ္ဌာန်းထားခဲ့တဲ့ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ထိုးသူတွေနဲ့ လက်မှတ်မထိုးသေးတဲ့သူတွေဆိုပြီး နှစ်စုကွဲနေတာပါ။အခုပြောချင်တာက တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးတဲ့အခါ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံဟာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတစ်ခု မဖြစ်နိုင်ပါဘူး။တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုးနိုင်ဖို့ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ စုပေါင်းထားတဲ့ (UNFC) ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက တောင်းဆိုထားတဲ့ အချက်တွေကိုလည်း အဆင်ပြေနိုင်မယ့် အနေအထား မတွေ့ရသေးပါဘူး။စစ်ဘက်အနေနဲ့လည်း (NCA) မှာ ပါဝင်တဲ့ အချက်တချို့ကို လျှော့ပေးပြီး လိုက်လျောသင့်တာ လိုက်လျော မယ်ဆိုတာလည်း မတွေ့သေးပါဘူး။

(NCA) ဆိုတဲ့ အတားအဆီးကို ကျော်ဖြတ်နိုင်မှ ငြိမ်းချမ်းရေး မျဉ်းရှည်ကြီးကို ဆက်ဆွဲနိုင်မှာပါ။ဆက်ဆွဲနေတဲ့ မျဉ်းပေါ်မှာ ဒီမိုကရေစီစနစ်နဲ့ တည်ဆောက်ထားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ခု ပေါ်ပေါက်လာပါလိမ့်မယ်။ဒီလိုပေါ်ပေါက်လာတဲ့ ဖက်ဒရယ်ပြည်ထောင်စုမှာလည်း ထပ်ခါထပ်ခါပေါ်ပေါက်လာမယ့် အခက်အခဲတွေကို ဖြေရှင်းနေရဦးမှာပါ။ဒီမျဉ်းကြောင်းကြီးကို အချိန်တွေပေးပြီး ဆွဲရပါလိမ့်မယ်။

အခုလတ်တလောအချိန်မှာ အရေးအကြီးဆုံး ဖြေရှင်းရမှာက တိုင်းပြည်နဲ့ ပြည်သူတွေ ကြုံနေရတဲ့ စီးပွားရေးအခက်အခဲပါ။ကျွန်တော်တို့ တိုင်းပြည်ဟာ စစ်အာဏာရှင်လက်အောက်မှာ အဆင်းရဲဆုံး၊ လူမှုအနိမ့်ကျဆုံးဖြစ်ခဲ့ရတာ လူတိုင်းသိနေခဲ့ကြပါတယ်။စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်ထားခဲ့မှုကြောင့် လူသားတစ်ယောက်ရဲ့ နေထိုင်မှုဘဝ ဆုံးပါးသွားခဲ့ပါတယ်။စစ်အာဏာရှင်တွေအကြောင်းကို ပြန်ပြောမယ်ဆိုရင် အခန်းဆက်တွေ များနေပါလိမ့်မယ်။အခု ဒီမိုကရေစီကူးပြောင်းရေးကာလကို ပြောချင်ပါတယ်။အဓိကကျတာကတော့၊ ပြည်သူတွေအတွက် မ နိုင်ဝန်ပိနေတဲ့ ကုန်ဈေးနှုန်းမြင့်တက်နေတာတွေ ကျဆင်းနိုင်ဖို့က အဓိကပါ။ဒီကုန်ဈေးနှုန်းတွေ တက်နေအောင် လုပ်ဆောင်ခဲ့တဲ့ တံခါးပိတ်ဝါဒနဲ့ ကိုယ်ကျိုးသက်သက်ကြည့် စီးပွားရေးကုန်သည်ကြီးများကြောင့်ပါပဲ။

ဒီမိုကရေစီစနစ်ကို သွားမယ်ဆိုရင် တံခါးပိတ်ဝါဒ (ကြိုးနီစနစ်) ကို ဖယ်ရှားပစ်နိုင်ရပါလိမ့်မယ်။ဈေးကွက်စီးပွားရေးကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရပါလိမ့်မယ်။ဒါကိုနှောင့်ယှက်နေကြတဲ့ စစ်အာဏာရှင်တွေ အရှင်မွေးနေ့ချင်းကြီး (ကြီးပွားချမ်းသာ) ခဲ့ကြတဲ့ ဇာတ်ပျက်အတ္တသမား ခရိုနီကြီးတွေကို ဒီလမ်းကြောင်းပေါ်ကနေ ရှင်းလင်းရပါလိမ့်မယ်။အခု မြန်မာပြည်ရဲ့ စီးပွားရေးဟာ ခရိုနီတွေရဲ့ လက်ထဲမှာပဲ ရှိနေပါသေးတယ်။ဒေါ်အောင်ဆန်းစုကြည် က ခရိုနီကြီးတွေကို စီးပွားဘက်အဖြစ် သတ်မှတ်ပြီး (တိုင်ကွန်း) အဖြစ် စည်းရုံးခဲ့ပေမယ့် တိုင်းပြည် အရပ်သားအစိုးရအတွက် စီးပွားဘက်တွေ ဖြစ်မလာပါဘူး။အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ ဒေါ်လာဈေးတွေ အမြင့်မားဆုံးတက်နေတာ၊ ရွှေဈေးတွေတက်နေတာကနေ၊ ပြည်သူတွေရဲ့ အနိမ့်ဆုံးစားသောက်ကုန်တွေ တက်နေတာတွေကို လောလောဆယ်ဖြေရှင်းဖို့ဘနည်းလမ်းတွေရှာမှ ဖြစ်ပါတော့မယ်။

ဒီလိုလုပ်ဆောင်နိုင်အောင်လည်း အရပ်ဘက်အစိုးရမှာ ပညာရှင်တွေကို ဝန်ကြီးအဖြစ် ခန့်အပ် းတာဝန်ပေးခဲ့တာကလည်း အလွန်မှားယွင်းတဲ့ အမှားကြီးကို ကျူးလွန်လိုက်တာပါပဲ။ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကာလမှာ ပြောရဲဆိုရဲ၊ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချရဲတဲ့ နိုင်ငံရေးသမားတွေကို အစိုးရဝန်ကြီးတွေရဲ့ နေရာထားသင့်ပါတယ်။ပညာရှင်တွေကိုတော့ အကြံပေးနေရာမှာ ထားနိုင်ပါတယ်။

အင်အယ်ဒီ အရပ်သားအစိုးရအနေနဲ့ အာဏာရသလောက် မလုပ်ဆောင်နိုင်တာ တွေ့နေရပါတယ်။အတူတကွ ပူးပေါင်းဆောင်ရွက်မှု မရှိတာကလည်း ကြီးမားတဲ့ စိန်ခေါ်မှုပါ။ဋ္ဌာနချင်း၊ အစိုးရမှာ ညှိနှိုင်းမှုမရှိတဲ့အတွက် အားလုံးကို ခြုံငုံနိုင်တဲ့ အစီအမံတွေ ချပြနိုင်မှုမရှိပါဘူး။အရပ်သားအစိုးရ ဝန်ကြီးတွေလည်း ပြည်တွင်းရော ပြည်ပက ပညာရှင်တွေကထောက်ပြဝေဖန်ခံနေရပါတယ်။ပြည်သူတွေ မျှော်လင့်ခဲ့တဲ့ နေထိုင်စားသောက်ရေးတွေမှာလည်း ပိုပြီးကြပ်တည်း ဆင်းရဲနေကြရပါတယ်။သွားရေးလာရေးတွေမှာလည်း အခက်အခဲတွေ၊ အသက်ဘေး အန္တရာယ်တွေ ဖြစ်နေကြရပါတယ်။အရပ်ဘက်အစိုးရမှာလည်း လူမှန်နေရာမှန် မရောက်နိုင်ခဲ့သေးပါဘူးလို့ ဆိုရမှာပါ။

စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဖူလုံရေးတွေကို လတ်တလော ဖော်ဆောင်ရမယ့် အရေးတကြီးစီမံချက်တွေ၊ ရေရှည်သွားရမယ့် မဟာဗျူဟာမြောက် စီမံကိန်းတွေကို ပြန်စိစစ်ပြီး ရေးဆွဲနိုင်ရပါလိမ့်မယ်။ငွေကြေးဖောင်းပွမှုတွေကိုလည်း ထိန်းချုပ်နိုင်ရတော့မှာပါ။မြေစမ်းခရမ်းပျိုးတဲ့ အခြေအနေမျိုးနဲ့ မရနိုင်တော့ပါဘူး။ဒီစိန်ခေါ်မှုကြီးတွေကို သတ္တိရှိရှိ ရင်ဆိုင်ကျော်လွှားနိုင်ရပါလိမ့်မယ်။အရပ်သားအစိုးရ တက်လာတဲ့အချိန်မှာ၊ တိုင်းပြည်အတွက် မလိုအပ်တဲ့ စီမံကိန်းတွေ၊ အရှုံးပေါ်နေတဲ့ စီမံကိန်းတွေ၊ တချို့ဌာနတွေ၊ နောက်ဆုံး အချို့ဝန်ကြီးဌာနတွေပါ ဖျက်သင့်နေပါပြီ။နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ထုတ်ဝေနေတဲ့ အစိုးရသတင်းစာတွေကိုလဲ ရပ်ဆိုင်းလိုက်သင့်နေပါပြီ။တိုင်းပြည်အတွက် မကုန်သင့်တဲ့ ငွေတွေကိုပြန်စစ်ဆေးပြီး၊ စီမံကိန်းတွေကို၊ စီမံချက်အသစ်တွေ ပြန်ရေးဆွဲရပါလိမ့်မယ်။ငွေကြေးနဲ့ ကုန်ပစ္စည်းကစားပြီး အမြတ်ထုတ်နေသူတွေကိုလည်း တိတိကျကျ အရေးယူသင့်နေပါပြီ။
 
ပြောရမယ်ဆိုရင် မြန်မာပြည်မှာ လိုအပ်မှုတွေ၊ ဆုံးဖြတ်ချက်နဲ့ ရွေးချယ်မှုအမှားတွေ အများကြီး းရှိနေပါ တယ်။အရပ်သားအစိုးရမှာ ဝန်ကြီးအာဏာပေးထားတဲ့ ယခင်လူဟောင်းတွေနဲ့ ပညာရှင်တွေကို အနားပေးရပါလိမ့်မယ်။ဒါတွေကို ပြန်စဉ်းစားပြီး ဆုံးဖြတ်ချက်တွေကို ခပ်ရဲရဲချနိုင်တဲ့ နိုင်ငံရေးသမားတွေကို နေရာပေးဖို့ အရေးကြီးနေပါပြီ။တိုင်းပြည်နဲ့ ပြည်သူတွေအတွက် အကျိုးပြုမယ့်၊ တိုင်းပြည်စီးပွားရေးအကြပ်အတည်းကို ဖောက်ထွက်နိုင်ဖို့အတွက်ဆို၊ ပြတ်ပြတ်သားသား တိုက်ရဲခဲ့ကြတဲ့၊ ပြတ်ပြတ်သားသား တွန်းလှန်ရဲခဲ့ကြတဲ့ နိုင်ငံရေးသမားတွေ လိုအပ်နေပါပြီ။မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ ခေါင်းဆောင်အရွေးမမှားပါစေနဲ့။

“ဆန်လိုက်ပြန်တုံ၊ စုန်လိုက်ပြန်ရ၊
ခေါက်ပေါင်းမရေနိုင်လို့၊
ဗေဒါခိုင်သည်မြစ်ထဲ၊
ရဲခဲ့သည်ပါ့”

တိုင်းပြည် နိုင်ငံရေးဂယက်ဝဲတွေကို ဖြတ်ကျော်နိုင်မယ့်၊ တိုင်းပြည် အကြပ်အတည်း မြစ်ရိုင်းထဲမှာအကြမ်းခံနိုင်တဲ့ ဗေဒါပန်းတွေ ဆန်တက်ရဲနိုင်ပါစေ။

မြတ်လှိုင်း
အောက်တိုဘာ - ၂၀

( Zawgyi )

“ဆန္လိုက္ျပန္တုံ၊ စုန္လိုက္ျပန္ရ
ေခါက္ေပါင္းမေရႏိုင္လို႔
ေဗဒါခိုင္ သည္ျမစ္ထဲ၊ ရဲခဲ့သည္ပါ့”

ဖတ္မိသူတိုင္း ႀကိဳက္ႏွစ္သက္မိၾကမွာပါ။ဆရာေဇာ္ဂ်ီရဲ႕ ေဗဒါလမ္းကဗ်ာထဲက အပိုဒ္တိုင္းဟာလည္း လူမႈဘဝေပါင္းမ်ားစြာကို ကိုယ္စားျပဳေနပါတယ္။ေလာကဓံကို ျပဆိုေနပါတယ္။ဒီကဗ်ာေလးကို ပမာျပဳၿပီး ႐ုပ္ရွင္ေတြ၊ သီခ်င္းေတြ ဖန္တီးႏိုင္ခဲ့ၾကပါတယ္။

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔ ၾကည့္မယ္ဆိုရင္လည္း ဥပမာျပဳခ်င္စရာေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။ျဖစ္ေနၾကပါတယ္။အားလုံးသိေနၾကတဲ့အတိုင္း ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ ျမစ္မုန္တိုင္းကို ႀကံ့ႀကံ့ခံတြန္းထြက္ခဲ့ရတာ မၾကာေသးပါဘူး။အခုမွ ဒီမိုကေရစီကူးေျပာင္းႏိုင္ဖို႔ ျပင္ဆင္ေနရတုန္းပါ။ ယဒီလို ဒီမိုကေရစီ ကူးေျပာင္းႏိုင္ဖို႔ ျပင္ဆင္ေနတဲ့ အခ်ိန္ကာလမွာ အျမင္အမ်ိဳးမ်ိဳး၊ အထင္အမ်ိဳးမ်ိဳးေတြ ေျပာဆိုေနၾကမွာပါ။အေႏွာင့္အယွက္ အဖ်က္ဆီးေတြလည္း ရွိေနမွာပါ။ဒီလို အမ်ိဳးမ်ိဳးေသာ ေျပာဆိုေဝဖန္မႈေတြကိုလည္း ပစ္ပယ္ထားလို႔လည္း မရႏိုင္ပါဘူး။ဒီမိုကေရစီကို ေဖာ္ေဆာင္ႏိုင္ဖို႔ ဦးတည္ႀကိဳးပမ္းေနတဲ့ ျပည္သူ႔အစိုးရဆိုတာလည္း ေဝဖန္မႈေတြကို လက္ခံရပါလိမ့္မယ္။ဒီေဝဖန္မႈေတြထဲက ဘယ္ေဝဖန္ေထာက္ျပမႈေတြက အျပဳသေဘာေဆာင္တယ္၊ ဘယ္ေဝဖန္မႈေတြကေတာ့ အဖ်က္သေဘာေဆာင္တယ္ဆိုတာ ခြဲျခမ္းစိတ္ျဖာ ေလ့လာေနရမွာပါ။

ဆိုၾကပါစို႔။ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီမိုကေရစီစနစ္ကို သြားမယ့္လမ္းကို တားဆီးေနတာက အခက္အခဲဆုံး၊ ေက်ာ္ျဖတ္ရ အင္မတန္မလြယ္ႏိုင္တဲ့၊၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးပါ။ဒီေဘာင္က အလြန္က်ဥ္းေျမာင္းေနပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒေဘာင္ထဲကေနပဲေရွ႕ကိုေလွ်ာက္ႏိုင္သေလာက္ ေလွ်ာက္ေနရဦးမွာပါ။ေဘာင္ထဲမွာပဲ ေလွ်ာက္ရမယ့္လမ္းက မ်ဥ္းၿပိဳင္ႏွစ္ေၾကာင္း ျဖစ္ေနပါတယ္။မ်ဥ္းတစ္ေၾကာင္းက ႏွစ္ေပါင္းမ်ားစြာ မီးေတာက္ေလာင္ေနခဲ့တဲ့မီးပါ။တိုင္းရင္းသားျပည္သူေတြကို ဒုကၡမီးထဲမွာ ေလာင္ကြၽမ္းကူးစက္ေနခဲ့တဲ့ ျပည္တြင္းစစ္မီးႀကီးကို အၫြန႔္ခ်ိဳးပစ္ႏိုင္ဖို႔ ႀကိဳးစားေလွ်ာက္ရမယ့္ လမ္းတစ္လမ္း (သို႔မဟုတ္) မ်ဥ္းရွည္ႀကီးတစ္ေၾကာင္းပါ။

အဲဒီလိုပဲ၊ ျပည္သူေတြ ႏွစ္ေပါင္းမ်ားစြာ နစ္ဝင္ေနတဲ့ ဆင္းရဲတြင္းႏြံထဲကေန ဆြဲထုတ္ၿပီး ေလွ်ာက္ရမယ့္ မ်ဥ္းႀကီးတစ္ေၾကာင္းလည္း ရွိေနပါတယ္။ဒီမ်ဥ္းၿပိဳင္ႀကီးႏွစ္ေၾကာင္းကို ၿပိဳင္တူဆြဲရမယ့္ အေနအထားကေန၊ အခုအခ်ိန္မွာ ႏိုင္ငံနဲ႔ ျပည္သူေတြ ႀကဳံေတြ႕ေနရတဲ့ စီးပြားေရးအၾကပ္အတည္းကို အရင္ဆုံးေျဖရွင္းရေတာ့မယ့္ အေျခအေနကို ေရာက္ေနပါၿပီ။ဒါကို ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က ”ၿငိမ္းခ်မ္းေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတက္ေရးဟာ ခြဲၿပီးၾကည့္လို႔မရပါဘူး၊ ၿငိမ္းခ်မ္းေရးမရလို႔ရွိရင္ ဖြံ႕ၿဖိဳးေရးဆိုတာ တည္တံ့ခိုင္ၿမဲႏိုင္မွာ မဟုတ္ပါဘူး၊ ဖြံ႕ၿဖိဳးေရးမရွိလို႔ရွိရင္လည္း ၿငိမ္းခ်မ္းေရးဟာ တည္တံ့ခိုင္ၿမဲႏိုင္မွာ မဟုတ္ပါဘူး။ဒီႏွစ္ခုစလုံးအတြက္ ကြၽန္မတို႔ ႀကိဳးစားဖို႔လိုပါတယ္” လို႔ ျမန္မာ့ဒီမိုကေရစီ ကူးေျပာင္းမႈျဖစ္စဥ္ သုံးသပ္ေဆြးေႏြးပြဲမွာ အဖြင့္မိန႔္ခြန္းအေနနဲ႔ ေျပာသြားခဲ့ဖူးပါတယ္။ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔လည္း အခုၿငိမ္းခ်မ္းေရးရဖို႔ ေဆာင္႐ြက္ေနတာ ဘယ္အတိုင္းအတာထိ ေရာက္ေနၿပီလဲဆိုတာ သိႏိုင္ပါၿပီ။

ခက္ခဲေနတာက စစ္ဘက္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းေတြ ကြဲေနတဲ့ ရင္ၾကားေစ့ႏိုင္ေရးပါ။အခုဆိုရင္ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္ၿပီး ၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရးညီလာခံကို က်င္းပေနတာေတြက ရပ္တန႔္သလို ျဖစ္ေနပါတယ္။ဒီမွာလည္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြဟာ ႏွစ္ျခမ္းကြဲေနပါတယ္။အရင္အစိုးရက ျပ႒ာန္းထားခဲ့တဲ့ တစ္ႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္ထိုးသူေတြနဲ႔ လက္မွတ္မထိုးေသးတဲ့သူေတြဆိုၿပီး ႏွစ္စုကြဲေနတာပါ။အခုေျပာခ်င္တာက တစ္ႏိုင္ငံလုံး အပစ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ကို လက္မွတ္မထိုးတဲ့အခါ ၂၁ ရာစု ပင္လုံၿငိမ္းခ်မ္းေရး ညီလာခံဟာ ၿပီးျပည့္စုံတဲ့ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံတစ္ခု မျဖစ္ႏိုင္ပါဘူး။တစ္ႏိုင္ငံလုံး အပစ္ခတ္ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) ကို လက္မွတ္ထိုးႏိုင္ဖို႔ လက္မွတ္မထိုးရေသးတဲ့ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ စုေပါင္းထားတဲ့ (UNFC) ညီၫြတ္ေသာ တိုင္းရင္းသားလူမ်ိဳးမ်ား ဖက္ဒရယ္ေကာင္စီက ေတာင္းဆိုထားတဲ့ အခ်က္ေတြကိုလည္း အဆင္ေျပႏိုင္မယ့္ အေနအထား မေတြ႕ရေသးပါဘူး။စစ္ဘက္အေနနဲ႔လည္း (NCA) မွာ ပါဝင္တဲ့ အခ်က္တခ်ိဳ႕ကို ေလွ်ာ့ေပးၿပီး လိုက္ေလ်ာသင့္တာ လိုက္ေလ်ာ မယ္ဆိုတာလည္း မေတြ႕ေသးပါဘူး။

(NCA) ဆိုတဲ့ အတားအဆီးကို ေက်ာ္ျဖတ္ႏိုင္မွ ၿငိမ္းခ်မ္းေရး မ်ဥ္းရွည္ႀကီးကို ဆက္ဆြဲႏိုင္မွာပါ။ဆက္ဆြဲေနတဲ့ မ်ဥ္းေပၚမွာ ဒီမိုကေရစီစနစ္နဲ႔ တည္ေဆာက္ထားတဲ့ ဖက္ဒရယ္ျပည္ေထာင္စုတစ္ခု ေပၚေပါက္လာပါလိမ့္မယ္။ဒီလိုေပၚေပါက္လာတဲ့ ဖက္ဒရယ္ျပည္ေထာင္စုမွာလည္း ထပ္ခါထပ္ခါေပၚေပါက္လာမယ့္ အခက္အခဲေတြကို ေျဖရွင္းေနရဦးမွာပါ။ဒီမ်ဥ္းေၾကာင္းႀကီးကို အခ်ိန္ေတြေပးၿပီး ဆြဲရပါလိမ့္မယ္။

အခုလတ္တေလာအခ်ိန္မွာ အေရးအႀကီးဆုံး ေျဖရွင္းရမွာက တိုင္းျပည္နဲ႔ ျပည္သူေတြ ႀကဳံေနရတဲ့ စီးပြားေရးအခက္အခဲပါ။ကြၽန္ေတာ္တို႔ တိုင္းျပည္ဟာ စစ္အာဏာရွင္လက္ေအာက္မွာ အဆင္းရဲဆုံး၊ လူမႈအနိမ့္က်ဆုံးျဖစ္ခဲ့ရတာ လူတိုင္းသိေနခဲ့ၾကပါတယ္။စစ္အာဏာရွင္ေတြရဲ႕ ဖိႏွိပ္ထားခဲ့မႈေၾကာင့္ လူသားတစ္ေယာက္ရဲ႕ ေနထိုင္မႈဘဝ ဆုံးပါးသြားခဲ့ပါတယ္။စစ္အာဏာရွင္ေတြအေၾကာင္းကို ျပန္ေျပာမယ္ဆိုရင္ အခန္းဆက္ေတြ မ်ားေနပါလိမ့္မယ္။အခု ဒီမိုကေရစီကူးေျပာင္းေရးကာလကို ေျပာခ်င္ပါတယ္။အဓိကက်တာကေတာ့၊ ျပည္သူေတြအတြက္ မ ႏိုင္ဝန္ပိေနတဲ့ ကုန္ေဈးႏႈန္းျမင့္တက္ေနတာေတြ က်ဆင္းႏိုင္ဖို႔က အဓိကပါ။ဒီကုန္ေဈးႏႈန္းေတြ တက္ေနေအာင္ လုပ္ေဆာင္ခဲ့တဲ့ တံခါးပိတ္ဝါဒနဲ႔ ကိုယ္က်ိဳးသက္သက္ၾကည့္ စီးပြားေရးကုန္သည္ႀကီးမ်ားေၾကာင့္ပါပဲ။

ဒီမိုကေရစီစနစ္ကို သြားမယ္ဆိုရင္ တံခါးပိတ္ဝါဒ (ႀကိဳးနီစနစ္) ကို ဖယ္ရွားပစ္ႏိုင္ရပါလိမ့္မယ္။ေဈးကြက္စီးပြားေရးကို အျမန္ဆုံးအေကာင္အထည္ေဖာ္ႏိုင္ရပါလိမ့္မယ္။ဒါကိုေႏွာင့္ယွက္ေနၾကတဲ့ စစ္အာဏာရွင္ေတြ အရွင္ေမြးေန႔ခ်င္းႀကီး (ႀကီးပြားခ်မ္းသာ) ခဲ့ၾကတဲ့ ဇာတ္ပ်က္အတၱသမား ခ႐ိုနီႀကီးေတြကို ဒီလမ္းေၾကာင္းေပၚကေန ရွင္းလင္းရပါလိမ့္မယ္။အခု ျမန္မာျပည္ရဲ႕ စီးပြားေရးဟာ ခ႐ိုနီေတြရဲ႕ လက္ထဲမွာပဲ ရွိေနပါေသးတယ္။ေဒၚေအာင္ဆန္းစုၾကည္ က ခ႐ိုနီႀကီးေတြကို စီးပြားဘက္အျဖစ္ သတ္မွတ္ၿပီး (တိုင္ကြန္း) အျဖစ္ စည္း႐ုံးခဲ့ေပမယ့္ တိုင္းျပည္ အရပ္သားအစိုးရအတြက္ စီးပြားဘက္ေတြ ျဖစ္မလာပါဘူး။အခုျမန္မာျပည္မွာ ျဖစ္ေနတဲ့ ေဒၚလာေဈးေတြ အျမင့္မားဆုံးတက္ေနတာ၊ ေ႐ႊေဈးေတြတက္ေနတာကေန၊ ျပည္သူေတြရဲ႕ အနိမ့္ဆုံးစားေသာက္ကုန္ေတြ တက္ေနတာေတြကို ေလာေလာဆယ္ေျဖရွင္းဖို႔ဘနည္းလမ္းေတြရွာမွ ျဖစ္ပါေတာ့မယ္။

ဒီလိုလုပ္ေဆာင္ႏိုင္ေအာင္လည္း အရပ္ဘက္အစိုးရမွာ ပညာရွင္ေတြကို ဝန္ႀကီးအျဖစ္ ခန႔္အပ္ းတာဝန္ေပးခဲ့တာကလည္း အလြန္မွားယြင္းတဲ့ အမွားႀကီးကို က်ဴးလြန္လိုက္တာပါပဲ။ဒီမိုကေရစီစနစ္ အသြင္ကူးေျပာင္းေရးကာလမွာ ေျပာရဲဆိုရဲ၊ ျပတ္ျပတ္သားသား ဆုံးျဖတ္ခ်က္ခ်ရဲတဲ့ ႏိုင္ငံေရးသမားေတြကို အစိုးရဝန္ႀကီးေတြရဲ႕ ေနရာထားသင့္ပါတယ္။ပညာရွင္ေတြကိုေတာ့ အႀကံေပးေနရာမွာ ထားႏိုင္ပါတယ္။

အင္အယ္ဒီ အရပ္သားအစိုးရအေနနဲ႔ အာဏာရသေလာက္ မလုပ္ေဆာင္ႏိုင္တာ ေတြ႕ေနရပါတယ္။အတူတကြ ပူးေပါင္းေဆာင္႐ြက္မႈ မရွိတာကလည္း ႀကီးမားတဲ့ စိန္ေခၚမႈပါ။႒ာနခ်င္း၊ အစိုးရမွာ ညႇိႏႈိင္းမႈမရွိတဲ့အတြက္ အားလုံးကို ၿခဳံငုံႏိုင္တဲ့ အစီအမံေတြ ခ်ျပႏိုင္မႈမရွိပါဘူး။အရပ္သားအစိုးရ ဝန္ႀကီးေတြလည္း ျပည္တြင္းေရာ ျပည္ပက ပညာရွင္ေတြကေထာက္ျပေဝဖန္ခံေနရပါတယ္။ျပည္သူေတြ ေမွ်ာ္လင့္ခဲ့တဲ့ ေနထိုင္စားေသာက္ေရးေတြမွာလည္း ပိုၿပီးၾကပ္တည္း ဆင္းရဲေနၾကရပါတယ္။သြားေရးလာေရးေတြမွာလည္း အခက္အခဲေတြ၊ အသက္ေဘး အႏၲရာယ္ေတြ ျဖစ္ေနၾကရပါတယ္။အရပ္ဘက္အစိုးရမွာလည္း လူမွန္ေနရာမွန္ မေရာက္ႏိုင္ခဲ့ေသးပါဘူးလို႔ ဆိုရမွာပါ။

စီးပြားေရး၊ ပညာေရး၊ က်န္းမာေရး၊ လမ္းပန္းဆက္သြယ္ေရး၊ လွ်ပ္စစ္ဖူလုံေရးေတြကို လတ္တေလာ ေဖာ္ေဆာင္ရမယ့္ အေရးတႀကီးစီမံခ်က္ေတြ၊ ေရရွည္သြားရမယ့္ မဟာဗ်ဴဟာေျမာက္ စီမံကိန္းေတြကို ျပန္စိစစ္ၿပီး ေရးဆြဲႏိုင္ရပါလိမ့္မယ္။ေငြေၾကးေဖာင္းပြမႈေတြကိုလည္း ထိန္းခ်ဳပ္ႏိုင္ရေတာ့မွာပါ။ေျမစမ္းခရမ္းပ်ိဳးတဲ့ အေျခအေနမ်ိဳးနဲ႔ မရႏိုင္ေတာ့ပါဘူး။ဒီစိန္ေခၚမႈႀကီးေတြကို သတၱိရွိရွိ ရင္ဆိုင္ေက်ာ္လႊားႏိုင္ရပါလိမ့္မယ္။အရပ္သားအစိုးရ တက္လာတဲ့အခ်ိန္မွာ၊ တိုင္းျပည္အတြက္ မလိုအပ္တဲ့ စီမံကိန္းေတြ၊ အရႈံးေပၚေနတဲ့ စီမံကိန္းေတြ၊ တခ်ိဳ႕ဌာနေတြ၊ ေနာက္ဆုံး အခ်ိဳ႕ဝန္ႀကီးဌာနေတြပါ ဖ်က္သင့္ေနပါၿပီ။ႏိုင္ငံေတာ္ဘ႑ာေငြနဲ႔ ထုတ္ေဝေနတဲ့ အစိုးရသတင္းစာေတြကိုလဲ ရပ္ဆိုင္းလိုက္သင့္ေနပါၿပီ။တိုင္းျပည္အတြက္ မကုန္သင့္တဲ့ ေငြေတြကိုျပန္စစ္ေဆးၿပီး၊ စီမံကိန္းေတြကို၊ စီမံခ်က္အသစ္ေတြ ျပန္ေရးဆြဲရပါလိမ့္မယ္။ေငြေၾကးနဲ႔ ကုန္ပစၥည္းကစားၿပီး အျမတ္ထုတ္ေနသူေတြကိုလည္း တိတိက်က် အေရးယူသင့္ေနပါၿပီ။
 
ေျပာရမယ္ဆိုရင္ ျမန္မာျပည္မွာ လိုအပ္မႈေတြ၊ ဆုံးျဖတ္ခ်က္နဲ႔ ေ႐ြးခ်ယ္မႈအမွားေတြ အမ်ားႀကီး းရွိေနပါ တယ္။အရပ္သားအစိုးရမွာ ဝန္ႀကီးအာဏာေပးထားတဲ့ ယခင္လူေဟာင္းေတြနဲ႔ ပညာရွင္ေတြကို အနားေပးရပါလိမ့္မယ္။ဒါေတြကို ျပန္စဥ္းစားၿပီး ဆုံးျဖတ္ခ်က္ေတြကို ခပ္ရဲရဲခ်ႏိုင္တဲ့ ႏိုင္ငံေရးသမားေတြကို ေနရာေပးဖို႔ အေရးႀကီးေနပါၿပီ။တိုင္းျပည္နဲ႔ ျပည္သူေတြအတြက္ အက်ိဳးျပဳမယ့္၊ တိုင္းျပည္စီးပြားေရးအၾကပ္အတည္းကို ေဖာက္ထြက္ႏိုင္ဖို႔အတြက္ဆို၊ ျပတ္ျပတ္သားသား တိုက္ရဲခဲ့ၾကတဲ့၊ ျပတ္ျပတ္သားသား တြန္းလွန္ရဲခဲ့ၾကတဲ့ ႏိုင္ငံေရးသမားေတြ လိုအပ္ေနပါၿပီ။ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကာလမွာ ေခါင္းေဆာင္အေ႐ြးမမွားပါေစနဲ႔။

“ဆန္လိုက္ျပန္တုံ၊ စုန္လိုက္ျပန္ရ၊
ေခါက္ေပါင္းမေရႏိုင္လို႔၊
ေဗဒါခိုင္သည္ျမစ္ထဲ၊
ရဲခဲ့သည္ပါ့”

တိုင္းျပည္ ႏိုင္ငံေရးဂယက္ဝဲေတြကို ျဖတ္ေက်ာ္ႏိုင္မယ့္၊ တိုင္းျပည္ အၾကပ္အတည္း ျမစ္႐ိုင္းထဲမွာအၾကမ္းခံႏိုင္တဲ့ ေဗဒါပန္းေတြ ဆန္တက္ရဲႏိုင္ပါေစ။

ျမတ္လႈိင္း
ေအာက္တိုဘာ - ၂၀