【 ဆောင်းပါး 】 “ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သည်ဟိလ်” သွားရာလမ်း”

【 ဆောင်းပါး 】 “ဒေါ်အောင်ဆန်းစုကြည်ရဲ့ “သည်ဟိလ်” သွားရာလမ်း”

အခုဆိုရင် မြန်မာနိုင်ငံရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေအတွက် အခက်ခဲဆုံးကာလကို ရောက်နေပြီလို့ ပြောလို့ရနိုင်ပါတယ်။မြန်မာနိုင်ငံရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေလို့ ဆိုလိုက်တာနဲ့ အရပ်ဖက်အစိုးရခေါင်းဆောင်တွေရော၊ စစ်ဘက်ခေါင်းဆောင်တွေပါ ပါဝင်နေပါတယ်။အရပ်ဘက်အစိုးရခေါင်းဆောင်တွေက အခုအချိန်မှ နိုင်ငံတော်အာဏာကို မြင်ဖူးခဲ့ရတာပါ။
စစ်ဘက်ခေါင်းဆောင်တွေအတွက်ကတော့ နိုင်ငံတော်အာဏာကို မျက်လှည့်လှည့်သလို လက်ထဲမှာ ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ပြီး ကျွမ်းကျွမ်းကျင်ကျင် ကစားပြနေတာကြာခဲ့ပါပြီ။

စစ်အာဏာရှင်ခေတ်မှာအပြစ်မဲ့ပြည်သူတွေကိုတရားခံတွေအဖြစ်နဲ့တရားလိုလုပ်ပြီးထောင်ချခဲ့တာမရေတွက်နိုင်အောင်များပြားခဲ့ပါတယ်။မြန်မာနိုင်ငံတော်အစိုးရအနေနဲ့လူပေါင်းမြောက်များစွာကို တရားလိုနေရာကနေပြီးတရားစွဲဆိုပြစ်ဒဏ်ချခဲ့ပေါင်းလည်းများလှပါပြီ။အခုအချိန်မှာ အရပ်ဘက်အစိုးရအနေနဲ့လည်း တရားလိုနေရာကနေပြီး တရားစွဲခဲ့တာတွေ များလာပါပြီ။

အခုတရားလိုနေရာကနေပြီး တရားစွဲခဲ့ကြတဲ့စစ်ဘက်၊အရပ်ဘက်အစိုးရခေါင်းဆောင်တွေဟာ တရားခံပြန် ဖြစ်နေကြပါပြီ။နောက်ဆုံးပြောရရင်မြန်မာနိုင်ငံမှာတစ်ဦးတည်းရှိတဲ့ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်နဲ့နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့Amnesty.internationကအမြင့်ဆုံးဆုဖြစ်တဲ AI ရဲ့နိုင်ငံတကာယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်ဆု (International Ambassador of Conscience Award)ဆု ကို ရခဲ့ဖူးတဲ့ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်တရားစွဲဆိုခြင်းကိုခံလိုက်ရ ပါတယ်။စစ်ဘက်ကအကြီးဆုံးခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်းတရားစွဲခံလိုက်ရပါ တယ်။

ဒီလိုမြန်မာနိုင်ငံအရပ်ဘက်အစိုးရခေါင်းဆောင်တွေနဲ့စစ်ဘက် ခေါင်းဆောင် တွေကိုတရားစွဲဆို လိုက် သူတွေက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာခဲ့ကြတဲ့ ဘင်္ဂလီ(ရိုဟင်ဂျာ)တွေကိစ္စနဲ့ ပတ်သက်ပြီးOICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊ OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးICJမှာ တရားစွဲ ဆိုလိုက် တာပါ။ဒီတရားစွဲဆိုမှုကိုဒီဇင်ဘာလ၁၀ရက်နေ့မှာနယ်သာလန်နိုင်ငံ၊သည်ဟိလ်ဂ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးICJတရားသူကြီးတွေက၊ဂမ်ဘီယာနိုင်ငံတရားလိုကိုယ်စားလှယ်တွေနဲ့ မြန်မာနိုင်ငံဘက်ကအစွပ်စွဲခံကိုယ်စားလှယ်တွေရဲ့လျှောက်လဲချက်တွေကိုစတင်ကြားနားကြမှာဖြစ်ပါ တယ်။ဒီဇင်ဘာလ၁၁ရက်နေ့မှာတော့မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကသွားရောက်ပြီးစတင်လျှောက်လဲချက်ပေးရမှာပါ။

OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက် ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ ဂမ်ဘီယာ နိုင်ငံကိုယ်စား ဂမ်ဘီယာနိုင်ငံတရားရေးဝန်ကြီးကလာ ရောက်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံကိုယ်စားလှယ်အဖွဲ့ကိုမြန်မာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်လျှောက်လဲချက်ပေးမှာဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာတရားရုံးICJအပြည်ပြည်ဆိုင်ရာတရားရုံး ICJနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့အခုအချိန်မှာလေ့လာသိရှိထားဖို့လိုအပ်နေပါပြီ။မြန်မာနိုင်ငံရဲ့အရပ်ဘက်အစိုးရမှာ အဓိကခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJရှိတဲ့ နယ်သာလန်နိုင်ငံ ’သည်ဟိလ်ဂ်မြို့’ ကို သွားရောက်ပြီး ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ်စွပ်စွဲထားမှုကိုဖြေရှင်း လျှောက်လဲမှာဖြစ်ပါတယ်။ဒီအခြေအေနကိုမြန်မာပြည်သာမကပဲ၊နိုင်ငံတကာကပါစိတ်ဝင်စားနေကြပါ ပြီ။အပြည်ပြည် ဆိုင်ရာတရားရုံးICJဆိုတာအဖွဲ့ဝင်နိုင်ငံတွေမှာဖြစ်ပွားလာတဲ့ အငြင်းပွားမှုတွေ ကိုကြားနာစစ်ဆေးနိုင်ဖို့ကုလသမဂ္ဂလက်အောက်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒီအပြည်ပြည်ဆိုင်ရာတရားရုံးမှာအဖွဲ့ဝင်နိုင်ငံတွေကရွေးချယ်တင်မြှောက်ထားတဲ့တရား သူကြီး(၁၅)ဦးတာ၀န်ထမ်းဆောင်နေပါတယ်။ဒီအပြည်ပြည်ဆိုင်ရာတရားရုံးICJကတိုင်းပြည်တစ်ပြည်နဲ့တစ်ပြည်အငြင်းပွားမှုတွေကိုကြားနာစစ်ဆေးပြီးအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့ရင်အပြည်ပြည်ဆိုင်ရာ တရားရုံးICJအနေနဲ့ဖမ်းဆီးအပြစ်မပေးနိုင်ပါဘူး။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်ပြရပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံကတစ်နိုင်ငံက သဘောမတူဘဲ ဗီတိုအာဏာ နဲ့ပယ်ချလိုက်ရင်အပြစ်မပေးနိုင်တော့ပါဘူး။ကုလသမဂ္ဂလုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံထဲမှာမြန်မာနိုင်ငံကိုအမြဲကာကွယ်ပြီးထောက်ခံပေးနေတဲ့ရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံနှစ်နိုင်ငံပါနေပါတယ်။ OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့ စွပ်စွဲချက်ကိုရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတစ်နိုင်ငံက ဗီတိုအာဏာနဲ့ပယ်ချလိုက် ရင်မြန်မာ နိုင်ငံခေါင်းဆောင်တွေကိုဘယ်လိုနည်းနဲ့မှအပြစ်မပေးနိုင်တော့ပါဘူး။

နောက်တစ်ချက်အနေနဲ့ပြောမယ်ဆိုရင်အပြည်ပြည်ဆိုင်ရာတရားရုံးICJကိုတင်သွင်းတဲ့အမှု တွေကိုတရားသူကြီးတွေကြားနားစစ်ဆေးဖို့အတွက်အနည်းဆုံးငါးနှစ်လောက်ကြာတတ်ပါတယ်။ဆိုလိုချင်တာကဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုစွပ်စွဲထားတဲ့စွပ်စွဲချက်ကိုအပြည်ပြည်ဆိုင်ရာတရားရုံးICJ အနေနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ချက်ချခဲ့ရင်တောင် မြန်မာနိုင်ငံရဲ့လက်ရှိခေါင်းဆောင်တွေအချိန်များ စွာရနေပါသေးတယ်။နိုင်ငံ့အာဏာလက်ရှိခေါင်းဆောင်တွေဖြစ်နေသေးရင်အပြည်ပြည်ဆိုင်ရာတရားရုံးICJကဘယ်လိုပဲဆုံးဖြတ်ဆုံးဖြတ်ဖမ်းဆီးအပြစ်ပေးခဲ့တာအင်မတန်ရှားပါတယ်။ဒီလိုအခြေအနေမှာ ဂမ် ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုစွပ်စွဲထားတဲ့စွပ်စွဲချက်ကိုအပြည်ပြည်ဆိုင်ရာ တရားရုံးICJပထမ အဆင့် ကြားနာမယ်ဆိုတဲ့ကိစ္စဟာသိပ်အရေးမကြီးဘူးလို့ဆိုတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြည်ပြည်ဆိုင်ရာတရားရုံးICJရှိတဲ့နယ်သာလန်နိုင်ငံသည် ဟိလ်ဂ်ကိုသွားရာလမ်းပြောခဲ့သလိုဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံကိုစွပ်စွဲထားတဲ့ စွပ်စွဲချက် ကို အပြည် ပြည်ဆိုင်ရာတရား ရုံးICJပထမအဆင့်ကြားနာမယ့်နယ်သာလန်နိုင်ငံ’သည်ဟိလ်ဂ်မြို့’ကိုမြန်မာနိုင်ငံရဲ့ အဓိကခေါင်းဆောင်လည်းဖြစ်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်နဲ့နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုအ ဖွဲ့Amnesty.internationကအမြင့်ဆုံးဆုဖြစ်တဲ AI ရဲ့နိုင်ငံတကာယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူး ဆောင် သံတမန်ဆု (InternationalAmbassadorofConscienceAward)ဆုကိုရခဲ့ဖူးတဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သွားရောက်ဖြေရှင်းလျှောက်လဲဖို့မသင့်ပါဘူး။

မြန်မာနိုင်ငံကိုစွပ်စွဲထားတဲ့OICအစ္စလာမ်မစ်ပူးပေါင်းေဆာင်ရွက်ရေးအဖွဲ့ကိုယ်စား၊OIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ဂမ်ဘီယာနိုင်ငံကိုယ်စား ဂမ်ဘီယာ နိုင်ငံတရားရေးဝန်ကြီးအဆင့်သာ ’သည်ဟိလ်ဂ်’ ကို လာရောက်မှာပါ။ဒါဆိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ’သည်ဟိလ်ဂ်မြို့’ကို သွားရောက်မယ့် ခရီးစဉ်မှာ တခြားရည်ရွက်ချက်တွေရှိနေပါတယ်။ဒေါ်အောင် ဆန်းစုကြည်ရဲ့’သည်ဟိလ်ဂ်’ခရီးစဉ်ရဲ့အဓိကအကြောင်းဟာအပြည်ပြည်ဆိုင်ရာတရားရုံးICJမှာOIC အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကိုယ်စား၊OICအစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲချက်ကိုသွားရောက်ဖြေရှင်းလျှောက်လဲဖို့မဟုတ်ပါဘူး။
မြန်မာနိုင်ငံအတွင်းမှာဒေါ်အောင်ဆန်းစုကြည်ကိုပြည်သူလူထုရဲ့ထောက်ခံမှုကျဆင်းနေတဲ့ပုံရိပ်ကို ပြန်မြှင့်တင်နိုင်ဖို့ဖြစ်ပါလိမ့်မယ်။

မြန်မာပြည်နိုင်ငံရေးအခြေအနေမှာအရပ်ဘက်နဲ့စစ်ဘက်ဆက်ဆံရေးအေးစက်နေမှုကိုလည်း ပြန်နီးကပ်လာအောင်ဆိုတဲ့ရည်ရွယ်ချက်လည်းပါနေပါတယ်။ဒေါ်အောင်ဆန်းစုကြည်က’ဟိလ်ဂ်မြို့’ကိုသူကိုယ်တိုင်သွားရောက် မယ်လို့ကြေညာလိုက်တဲ့အပေါ်မှာအရပ်သားအစိုးရရဲ့ဦးဆောင်ဖြေရှင်းမှုကို တပ်မတော်အနေနဲ့ထောက်ခံလိုက်နာတဲ့အခြေအနေတစ်ခုဖြစ်လာပါတယ်။မြန်မာပြည်တွင်းမှာနိုင်ငံ သားအဖြစ်နေထိုင်နေကြတဲ့အစ္စလာမ်ဘာသာဝင်တွေကတော့အခုလိုအခြေအနေမျိုးမှာတိတ်ဆိတ် နေကြပါတယ်။စစ်မှန်တဲ့အမျိုးသားရေးဝါဒီတွေရော၊အစွန်းရောက်အမျိုးသားရေးဝါဒီတွေပါ ထောက် ခံနေကြတာကိုတော့တွေ့ရပါတယ်။

ဒါပေမယ့်မြန်မာပြည်မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင်သုံးဖွဲ့ကတော့ဆန့်ကျင်လိုက်တာ ကိုကြေညာချက်ထုတ်လိုက်ပါတယ်။နောက်ပြီးဒေါ်အောင်ဆန်းစုကြည် အတိုက်အခံ ခေါင်းဆောင် ဘဝမှာနိုင်ငံတကာရဲ့ထောက်ခံမှုတွေအတော်ကြီးကိုကျဆင်းနေတာကြောင့်နိုင်ငံတကာရဲ့အလယ်မှာ ပြန်ရပ်ပြဖို့အတွက်လည်းပါပါလိမ့်မယ်။နိုင်ငံတကာလူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့Amnesty.internationကအမြင့်ဆုံးဆုဖြစ်တဲ AI ရဲ့နိုင်ငံတကာယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန်ဆု (International Ambassador of Conscience Award)ဆုကိုပြန်ရုတ်သိမ်းလိုက်တဲ့အတွက်တော့ဒီလို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့စစ်ဘက်ကကာကွယ်ပေးပြီးရပ်တည်လိုက်ခြင်းဟာနိုင်ငံတကာလူ့ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Amnesty.internationက အမြင့်ဆုံးဆုဖြစ်တဲ့ A1 ရဲ့ နိုင်ငံတကာယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင်သံတမန် (InternationalAmbassadorofConscienceAward) ဆုကို ပြန်ရုတ်သိမ်းလိုက်မှုဟာမှန်ကန်ကြောင်းသက်သေတစ်ခုဖြစ်နိုင်ပါလိမ့်မယ်။

ဒီလိုအပြည်ပြည်ဆိုင်ရာတရားရုံးICJရှိတဲ့နယ်သာလန်နိုင်ငံသည်ဟိလ်ဂ်မြို့ကိုသွားရောက်ပြီးဂမ်ဘီယာနိုင်ငံ ကမြန်မာနိုင်ငံအပေါ်စွပ်စွဲထားမှုကိုဖြေရှင်းလျှောက်လဲမှာကို ဒေါ်အောင်ဆန်းစုကြည်ကိုယ် တိုင်သွားရောက်မယ့်အခြေအနေကိုမြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီးကတော့ ထောက်ခံလိုက် တာလည်းတွေ့ရပါတယ်။ရုရှားနိုင်ငံဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဗီတိုအာဏာပိုင်နိုင်ငံဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ်အပြည်ပြည်ဆိုင်ရာတရားရုံးICJရှိတဲ့ နယ်သာလန်နိုင်ငံ သည်’ဟိလ်ဂ်မြို့’ကိုသွား ရောက်မယ့်မြန်မာနိုင်ငံရဲ့အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ခရီးစဉ်နာက်ဆက်တွဲဖြစ်ပေါ်လာနိုင်မယ့်အခြေအနေတွေဟာအင်မတန်စိတ်ဝင်စားဖွယ်အပြည့်ရှိနေပါတယ်။

မြတ်လှိုင်း
ဒီဇင်ဘာ - ၇

( Zawgyi )

အခုဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ထိပ္ပိုင္းေခါင္းေဆာင္ေတြအတြက္ အခက္ခဲဆုံးကာလကို ေရာက္ေနၿပီလို႔ ေျပာလို႔ရႏိုင္ပါတယ္။ျမန္မာႏိုင္ငံရဲ႕ထိပ္ပိုင္းေခါင္းေဆာင္ေတြလို႔ ဆိုလိုက္တာနဲ႔ အရပ္ဖက္အစိုးရေခါင္းေဆာင္ေတြေရာ၊ စစ္ဘက္ေခါင္းေဆာင္ေတြပါ ပါဝင္ေနပါတယ္။အရပ္ဘက္အစိုးရေခါင္းေဆာင္ေတြက အခုအခ်ိန္မွ ႏိုင္ငံေတာ္အာဏာကို ျမင္ဖူးခဲ့ရတာပါ။
စစ္ဘက္ေခါင္းေဆာင္ေတြအတြက္ကေတာ့ ႏိုင္ငံေတာ္အာဏာကို မ်က္လွည့္လွည့္သလို လက္ထဲမွာ ပိုင္ပိုင္ႏိုင္ႏိုင္ဆုပ္ကိုင္ၿပီး ကြၽမ္းကြၽမ္းက်င္က်င္ ကစားျပေနတာၾကာခဲ့ပါၿပီ။

စစ္အာဏာရွင္ေခတ္မွာအျပစ္မဲ့ျပည္သူေတြကိုတရားခံေတြအျဖစ္နဲ႔တရားလိုလုပ္ၿပီးေထာင္ခ်ခဲ့တာမေရတြက္ႏိုင္ေအာင္မ်ားျပားခဲ့ပါတယ္။ျမန္မာႏိုင္ငံေတာ္အစိုးရအေနနဲ႔လူေပါင္းေျမာက္မ်ားစြာကို တရားလိုေနရာကေနၿပီးတရားစြဲဆိုျပစ္ဒဏ္ခ်ခဲ့ေပါင္းလည္းမ်ားလွပါၿပီ။အခုအခ်ိန္မွာ အရပ္ဘက္အစိုးရအေနနဲ႔လည္း တရားလိုေနရာကေနၿပီး တရားစြဲခဲ့တာေတြ မ်ားလာပါၿပီ။

အခုတရားလိုေနရာကေနၿပီး တရားစြဲခဲ့ၾကတဲ့စစ္ဘက္၊အရပ္ဘက္အစိုးရေခါင္းေဆာင္ေတြဟာ တရားခံျပန္ ျဖစ္ေနၾကပါၿပီ။ေနာက္ဆုံးေျပာရရင္ျမန္မာႏိုင္ငံမွာတစ္ဦးတည္းရွိတဲ့ကမာၻ႔ၿငိမ္းခ်မ္းေရး ႏိုဗယ္ဆုရွင္နဲ႔ႏိုင္ငံတကာလူ႔အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕Amnesty.internationကအျမင့္ဆုံးဆုျဖစ္တဲ AI ရဲ႕ႏိုင္ငံတကာယုံၾကည္ခ်က္ဆိုင္ရာ ဂုဏ္ထူးေဆာင္သံတမန္ဆု (International Ambassador of Conscience Award)ဆု ကို ရခဲ့ဖူးတဲ့ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ပါဝင္တရားစြဲဆိုျခင္းကိုခံလိုက္ရ ပါတယ္။စစ္ဘက္ကအႀကီးဆုံးေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္လည္းတရားစြဲခံလိုက္ရပါ တယ္။

ဒီလိုျမန္မာႏိုင္ငံအရပ္ဘက္အစိုးရေခါင္းေဆာင္ေတြနဲ႔စစ္ဘက္ ေခါင္းေဆာင္ ေတြကိုတရားစြဲဆို လိုက္ သူေတြက ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ကေန ေနရပ္စြန႔္ခြာခဲ့ၾကတဲ့ ဘဂၤလီ(႐ိုဟင္ဂ်ာ)ေတြကိစၥနဲ႔ ပတ္သက္ၿပီးOICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊ OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက အျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာ တရားစြဲ ဆိုလိုက္ တာပါ။ဒီတရားစြဲဆိုမႈကိုဒီဇင္ဘာလ၁၀ရက္ေန႔မွာနယ္သာလန္ႏိုင္ငံ၊သည္ဟိလ္ဂ္ၿမိဳ႕မွာရွိတဲ့ အျပည္ျပည္ဆိုင္ရာတရား႐ုံးICJတရားသူႀကီးေတြက၊ဂမ္ဘီယာႏိုင္ငံတရားလိုကိုယ္စားလွယ္ေတြနဲ႔ ျမန္မာႏိုင္ငံဘက္ကအစြပ္စြဲခံကိုယ္စားလွယ္ေတြရဲ႕ေလွ်ာက္လဲခ်က္ေတြကိုစတင္ၾကားနားၾကမွာျဖစ္ပါ တယ္။ဒီဇင္ဘာလ၁၁ရက္ေန႔မွာေတာ့ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ကသြားေရာက္ၿပီးစတင္ေလွ်ာက္လဲခ်က္ေပးရမွာပါ။

OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ ဂမ္ဘီယာ ႏိုင္ငံကိုယ္စား ဂမ္ဘီယာႏိုင္ငံတရားေရးဝန္ႀကီးကလာ ေရာက္မွာျဖစ္ပါတယ္။ျမန္မာႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ကိုျမန္မာႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ သြားေရာက္ေလွ်ာက္လဲခ်က္ေပးမွာျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာတရား႐ုံးICJအျပည္ျပည္ဆိုင္ရာတရား႐ုံး ICJနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံအေနနဲ႔အခုအခ်ိန္မွာေလ့လာသိရွိထားဖို႔လိုအပ္ေနပါၿပီ။ျမန္မာႏိုင္ငံရဲ႕အရပ္ဘက္အစိုးရမွာ အဓိကေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJရွိတဲ့ နယ္သာလန္ႏိုင္ငံ ’သည္ဟိလ္ဂ္ၿမိဳ႕’ ကို သြားေရာက္ၿပီး ဂမ္ဘီယာႏိုင္ငံကျမန္မာႏိုင္ငံအေပၚစြပ္စြဲထားမႈကိုေျဖရွင္း ေလွ်ာက္လဲမွာျဖစ္ပါတယ္။ဒီအေျခေအနကိုျမန္မာျပည္သာမကပဲ၊ႏိုင္ငံတကာကပါစိတ္ဝင္စားေနၾကပါ ၿပီ။အျပည္ျပည္ ဆိုင္ရာတရား႐ုံးICJဆိုတာအဖြဲ႕ဝင္ႏိုင္ငံေတြမွာျဖစ္ပြားလာတဲ့ အျငင္းပြားမႈေတြ ကိုၾကားနာစစ္ေဆးႏိုင္ဖို႔ကုလသမဂၢလက္ေအာက္အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။

ဒီအျပည္ျပည္ဆိုင္ရာတရား႐ုံးမွာအဖြဲ႕ဝင္ႏိုင္ငံေတြကေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့တရား သူႀကီး(၁၅)ဦးတာ၀န္ထမ္းေဆာင္ေနပါတယ္။ဒီအျပည္ျပည္ဆိုင္ရာတရား႐ုံးICJကတိုင္းျပည္တစ္ျပည္နဲ႔တစ္ျပည္အျငင္းပြားမႈေတြကိုၾကားနာစစ္ေဆးၿပီးအျပစ္ရွိေၾကာင္းဆုံးျဖတ္ခဲ့ရင္အျပည္ျပည္ဆိုင္ရာ တရား႐ုံးICJအေနနဲ႔ဖမ္းဆီးအျပစ္မေပးႏိုင္ပါဘူး။
ကုလသမဂၢလုံၿခဳံေရးေကာင္စီကိုတင္ျပရပါတယ္။ ကုလသမဂၢလုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္ငါးႏိုင္ငံကတစ္ႏိုင္ငံက သေဘာမတူဘဲ ဗီတိုအာဏာ နဲ႔ပယ္ခ်လိုက္ရင္အျပစ္မေပးႏိုင္ေတာ့ပါဘူး။ကုလသမဂၢလုံၿခဳံေရးေကာင္စီအၿမဲတမ္းအဖြဲ႕ဝင္ငါးႏိုင္ငံထဲမွာျမန္မာႏိုင္ငံကိုအၿမဲကာကြယ္ၿပီးေထာက္ခံေပးေနတဲ့႐ုရွားႏိုင္ငံနဲ႔တ႐ုတ္ႏိုင္ငံႏွစ္ႏိုင္ငံပါေနပါတယ္။ OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ဂမ္ဘီယာႏိုင္ငံက ျမန္မာႏိုင္ငံကို စြပ္စြဲထားတဲ့ စြပ္စြဲခ်က္ကို႐ုရွားႏိုင္ငံနဲ႔တ႐ုတ္ႏိုင္ငံတစ္ႏိုင္ငံက ဗီတိုအာဏာနဲ႔ပယ္ခ်လိုက္ ရင္ျမန္မာ ႏိုင္ငံေခါင္းေဆာင္ေတြကိုဘယ္လိုနည္းနဲ႔မွအျပစ္မေပးႏိုင္ေတာ့ပါဘူး။

ေနာက္တစ္ခ်က္အေနနဲ႔ေျပာမယ္ဆိုရင္အျပည္ျပည္ဆိုင္ရာတရား႐ုံးICJကိုတင္သြင္းတဲ့အမႈ ေတြကိုတရားသူႀကီးေတြၾကားနားစစ္ေဆးဖို႔အတြက္အနည္းဆုံးငါးႏွစ္ေလာက္ၾကာတတ္ပါတယ္။ဆိုလိုခ်င္တာကဂမ္ဘီယာႏိုင္ငံကျမန္မာႏိုင္ငံကိုစြပ္စြဲထားတဲ့စြပ္စြဲခ်က္ကိုအျပည္ျပည္ဆိုင္ရာတရား႐ုံးICJ အေနနဲ႔ အျပစ္ရွိတယ္လို႔ ဆုံးျဖတ္ခ်က္ခ်ခဲ့ရင္ေတာင္ ျမန္မာႏိုင္ငံရဲ႕လက္ရွိေခါင္းေဆာင္ေတြအခ်ိန္မ်ား စြာရေနပါေသးတယ္။ႏိုင္ငံ့အာဏာလက္ရွိေခါင္းေဆာင္ေတြျဖစ္ေနေသးရင္အျပည္ျပည္ဆိုင္ရာတရား႐ုံးICJကဘယ္လိုပဲဆုံးျဖတ္ဆုံးျဖတ္ဖမ္းဆီးအျပစ္ေပးခဲ့တာအင္မတန္ရွားပါတယ္။ဒီလိုအေျခအေနမွာ ဂမ္ ဘီယာႏိုင္ငံကျမန္မာႏိုင္ငံကိုစြပ္စြဲထားတဲ့စြပ္စြဲခ်က္ကိုအျပည္ျပည္ဆိုင္ရာ တရား႐ုံးICJပထမ အဆင့္ ၾကားနာမယ္ဆိုတဲ့ကိစၥဟာသိပ္အေရးမႀကီးဘူးလို႔ဆိုတာပါ။

ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ျပည္ျပည္ဆိုင္ရာတရား႐ုံးICJရွိတဲ့နယ္သာလန္ႏိုင္ငံသည္ ဟိလ္ဂ္ကိုသြားရာလမ္းေျပာခဲ့သလိုဂမ္ဘီယာႏိုင္ငံကျမန္မာႏိုင္ငံကိုစြပ္စြဲထားတဲ့ စြပ္စြဲခ်က္ ကို အျပည္ ျပည္ဆိုင္ရာတရား ႐ုံးICJပထမအဆင့္ၾကားနာမယ့္နယ္သာလန္ႏိုင္ငံ’သည္ဟိလ္ဂ္ၿမိဳ႕’ကိုျမန္မာႏိုင္ငံရဲ႕ အဓိကေခါင္းေဆာင္လည္းျဖစ္၊ ကမာၻ႔ၿငိမ္းခ်မ္းေရးႏိုဗယ္ဆုရွင္နဲ႔ႏိုင္ငံတကာလူ႔အခြင့္အေရးလႈပ္ရွားမႈအ ဖြဲ႕Amnesty.internationကအျမင့္ဆုံးဆုျဖစ္တဲ AI ရဲ႕ႏိုင္ငံတကာယုံၾကည္ခ်က္ဆိုင္ရာ ဂုဏ္ထူး ေဆာင္ သံတမန္ဆု (InternationalAmbassadorofConscienceAward)ဆုကိုရခဲ့ဖူးတဲ့ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တိုင္သြားေရာက္ေျဖရွင္းေလွ်ာက္လဲဖို႔မသင့္ပါဘူး။

ျမန္မာႏိုင္ငံကိုစြပ္စြဲထားတဲ့OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OIC အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ဂမ္ဘီယာႏိုင္ငံကိုယ္စား ဂမ္ဘီယာ ႏိုင္ငံတရားေရးဝန္ႀကီးအဆင့္သာ ’သည္ဟိလ္ဂ္’ ကို လာေရာက္မွာပါ။ဒါဆိုေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္ ’သည္ဟိလ္ဂ္ၿမိဳ႕’ကို သြားေရာက္မယ့္ ခရီးစဥ္မွာ တျခားရည္႐ြက္ခ်က္ေတြရွိေနပါတယ္။ေဒၚေအာင္ ဆန္းစုၾကည္ရဲ႕’သည္ဟိလ္ဂ္’ခရီးစဥ္ရဲ႕အဓိကအေၾကာင္းဟာအျပည္ျပည္ဆိုင္ရာတရား႐ုံးICJမွာOIC အစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကိုယ္စား၊OICအစၥလာမ္မစ္ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ ဂမ္ဘီယာႏိုင္ငံက စြပ္စြဲခ်က္ကိုသြားေရာက္ေျဖရွင္းေလွ်ာက္လဲဖို႔မဟုတ္ပါဘူး။
ျမန္မာႏိုင္ငံအတြင္းမွာေဒၚေအာင္ဆန္းစုၾကည္ကိုျပည္သူလူထုရဲ႕ေထာက္ခံမႈက်ဆင္းေနတဲ့ပုံရိပ္ကို ျပန္ျမႇင့္တင္ႏိုင္ဖို႔ျဖစ္ပါလိမ့္မယ္။

ျမန္မာျပည္ႏိုင္ငံေရးအေျခအေနမွာအရပ္ဘက္နဲ႔စစ္ဘက္ဆက္ဆံေရးေအးစက္ေနမႈကိုလည္း ျပန္နီးကပ္လာေအာင္ဆိုတဲ့ရည္႐ြယ္ခ်က္လည္းပါေနပါတယ္။ေဒၚေအာင္ဆန္းစုၾကည္က’ဟိလ္ဂ္ၿမိဳ႕’ကိုသူကိုယ္တိုင္သြားေရာက္ မယ္လို႔ေၾကညာလိုက္တဲ့အေပၚမွာအရပ္သားအစိုးရရဲ႕ဦးေဆာင္ေျဖရွင္းမႈကို တပ္မေတာ္အေနနဲ႔ေထာက္ခံလိုက္နာတဲ့အေျခအေနတစ္ခုျဖစ္လာပါတယ္။ျမန္မာျပည္တြင္းမွာႏိုင္ငံ သားအျဖစ္ေနထိုင္ေနၾကတဲ့အစၥလာမ္ဘာသာဝင္ေတြကေတာ့အခုလိုအေျခအေနမ်ိဳးမွာတိတ္ဆိတ္ ေနၾကပါတယ္။စစ္မွန္တဲ့အမ်ိဳးသားေရးဝါဒီေတြေရာ၊အစြန္းေရာက္အမ်ိဳးသားေရးဝါဒီေတြပါ ေထာက္ ခံေနၾကတာကိုေတာ့ေတြ႕ရပါတယ္။

ဒါေပမယ့္ျမန္မာျပည္ေျမာက္ပိုင္းမဟာမိတ္လက္နက္ကိုင္သုံးဖြဲ႕ကေတာ့ဆန႔္က်င္လိုက္တာ ကိုေၾကညာခ်က္ထုတ္လိုက္ပါတယ္။ေနာက္ၿပီးေဒၚေအာင္ဆန္းစုၾကည္ အတိုက္အခံ ေခါင္းေဆာင္ ဘဝမွာႏိုင္ငံတကာရဲ႕ေထာက္ခံမႈေတြအေတာ္ႀကီးကိုက်ဆင္းေနတာေၾကာင့္ႏိုင္ငံတကာရဲ႕အလယ္မွာ ျပန္ရပ္ျပဖို႔အတြက္လည္းပါပါလိမ့္မယ္။ႏိုင္ငံတကာလူ႔အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕Amnesty.internationကအျမင့္ဆုံးဆုျဖစ္တဲ AI ရဲ႕ႏိုင္ငံတကာယုံၾကည္ခ်က္ဆိုင္ရာ ဂုဏ္ထူးေဆာင္သံတမန္ဆု (International Ambassador of Conscience Award)ဆုကိုျပန္႐ုတ္သိမ္းလိုက္တဲ့အတြက္ေတာ့ဒီလို ေဒၚေအာင္ဆန္းစုၾကည္အေနနဲ႔စစ္ဘက္ကကာကြယ္ေပးၿပီးရပ္တည္လိုက္ျခင္းဟာႏိုင္ငံတကာလူ႔ အခြင့္အေရးလႈပ္ရွားမႈအဖြဲ႕ Amnesty.internationက အျမင့္ဆုံးဆုျဖစ္တဲ့ A1 ရဲ႕ ႏိုင္ငံတကာယုံၾကည္ခ်က္ဆိုင္ရာ ဂုဏ္ထူးေဆာင္သံတမန္ (InternationalAmbassadorofConscienceAward) ဆုကို ျပန္႐ုတ္သိမ္းလိုက္မႈဟာမွန္ကန္ေၾကာင္းသက္ေသတစ္ခုျဖစ္ႏိုင္ပါလိမ့္မယ္။

ဒီလိုအျပည္ျပည္ဆိုင္ရာတရား႐ုံးICJရွိတဲ့နယ္သာလန္ႏိုင္ငံသည္ဟိလ္ဂ္ၿမိဳ႕ကိုသြားေရာက္ၿပီးဂမ္ဘီယာႏိုင္ငံ ကျမန္မာႏိုင္ငံအေပၚစြပ္စြဲထားမႈကိုေျဖရွင္းေလွ်ာက္လဲမွာကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္ တိုင္သြားေရာက္မယ့္အေျခအေနကိုျမန္မာႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီးကေတာ့ ေထာက္ခံလိုက္ တာလည္းေတြ႕ရပါတယ္။႐ုရွားႏိုင္ငံဟာ ကုလသမဂၢလုံၿခဳံေရးေကာင္စီရဲ႕ဗီတိုအာဏာပိုင္ႏိုင္ငံျဖစ္ေနပါတယ္။ ဘာပဲျဖစ္ျဖစ္အျပည္ျပည္ဆိုင္ရာတရား႐ုံးICJရွိတဲ့ နယ္သာလန္ႏိုင္ငံ သည္’ဟိလ္ဂ္ၿမိဳ႕’ကိုသြား ေရာက္မယ့္ျမန္မာႏိုင္ငံရဲ႕အတိုင္ပင္ခံေဒၚေအာင္ဆန္းစုၾကည္ရဲ႕ခရီးစဥ္နာက္ဆက္တြဲျဖစ္ေပၚလာႏိုင္မယ့္အေျခအေနေတြဟာအင္မတန္စိတ္ဝင္စားဖြယ္အျပည့္ရွိေနပါတယ္။

ျမတ္လႈိင္း
ဒီဇင္ဘာ - ၇