【 ဆောင်းပါး 】 “ပုံသဏ္ဍာန်ပြောင်းလာတဲ့ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်”

【 ဆောင်းပါး 】 “ပုံသဏ္ဍာန်ပြောင်းလာတဲ့ မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်”

တာဝတိ  ံသာ နတ်ပြည်မှာ မယ်တော်မိနတ်သားကို တရားဟောပြီးပြန်လာတဲ့ ဘုရားရှင်ကို ကြိုဆိုပူဇော်တဲ့အနေနဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာ သီတင်းကျွတ်လရောက်တိုင်း ဆီမီး၊ မီးတိုင်၊ ဆွမ်း၊ ပန်း၊ ရေချမ်းတွေနဲ့ ကပ်လှူပူဇော်ခဲ့ကြတာ ယနေ့ခေတ်တိုင်အောင် ခေတ်အဆက်ဆက် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

ဘုရားရှင်ကို ကြိုဆိုပူဇော်တဲ့ ဓလေ့အနေနဲ့ မိမိတို့ရဲ့ နေအိမ်ရှေ့မှာ ဆီမီး၊ ဖယောင်းတိုင် ၊ မီးပုံး၊ မီးတိုင်တွေနဲ့ ထွန်းညှိပူးဇော်ရင်း ခေတ်အဆက်ဆက်ကို ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါတယ်။ခေတ်ကာလ ရွှေ့လျှားလာတာနဲ့အမျှ ဆီမီး၊ မီးတိုင်တွေအစား ရောင်စုံဖယောင်းတိုင်၊ ဝါဆိုဖယောင်းတိုင်၊ အလှချိတ်ဆွဲတဲ့ မီးပုံးတွေက အစားထိုးနေရာယူခဲ့ပြီး နေအိမ်မျက်နှာစာတွေမှာ ပြည်တွင်းဖြစ် ဖယောင်းတိုင်နဲ့ မီးပုံးတွေက နေရာယူခဲ့ကြပါတယ်။

ဒီဘက်နှစ်တွေမှာတော့ နိုင်ငံခြားက တင်သွင်းလာတဲ့ မီးပုံးတွေ၊ မီးတွဲတွေ၊ LED ဖယောင်းတိုင်မီးတွေဟာ ဒီဇိုင်းသစ်ဆန်းပြီး လက်ရာကောင်းမွန်မှု၊ ကြာရှည်အသုံးခံမှု၊ မီးဘေးအန္တရာယ် လုံခြုံစိတ်ချရမှု၊ စက္ကူနဲ့ ပြုလုပ်ထားတဲ့ မီးပုံးတွေကလည်း လက်ရာဆန်းသစ်မှုတွေကြောင့် သုံးစွဲမှုတွေ များပြားလာပြီး ရန်ကုန်မြို့အပြင် အခြားဒေသအသီးသီးရဲ့ အိမ်မျက်နှာစာတွေ ဈေးဆိုင်ခန်း မျက်နှာစာတွေမှာ ပြည်တွင်းထုတ် ကုန်ပစ္စည်းတွေ အစားနေရာယူလာခဲ့ကြပါတယ်။

ဝါတွင်းကာလကို ဖြတ်သန်းပြီး ဝါတွင်းကာလတလျှောက် အာရုံဆွမ်းလောင်းလှူခဲ့တဲ့ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာတွေမှာလည်း ဆွမ်းသိမ်းအောင်ပွဲအဖြစ် ဆိုင်း၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲနဲ့ အခြားပျော်စရာရွင်စရာတွေကို ထည့်သွင်းကျင်းပလေ့ ရှိပါတယ်။

ရှေးယခင် ကာလတွေမှာတော့ ဝါကျွတ်ကာလ ရောက်ပြီဆိုတာနဲ့ ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ ဇာတ်ပွဲ၊ အငြိမ့်ပွဲတွေနဲ့ အလွန်စည်ကားခဲ့ပါတယ်။ကြည့်မြင်တိုင်မြို့နယ်မှာတော့ ဆွမ်းသိမ်းအောင်ပွဲနဲ့အတူ ဝှာကျုံးကျောင်းအနီး ရွှေလိပ်ပြာပွဲဈေးမှ စတင်ပြီး ပန်းတည်းတန်းပွဲဈေး၊ ထီးတန်းပွဲဈေး၊ နတ်စင်လမ်းပွဲဈေး၊ ဆင်မလိုက်တလျှောက် ပွဲဈေးတွေနဲ့ စည်ကားခဲ့ပါတယ်။

ခေတ်ကာလ ရွှေ့လျှားလာမှုနဲ့အတူ နိုင်ငံရေးအခြေအနေ၊ စီးပွားရေးအခြေအနေတွေကြောင့် စည်းကားမှုတွေ တဖြည်းဖြည်းလျှော့နည်း ကျဆင်းလာခဲ့ပါတယ်။

“အရင်ခေတ်တုန်းကတော့ သီတင်းကျွတ်ပွဲဟာ ကြည့်မြင်တိုင်မှာ တော်တော်စည်ပါတယ်၊ အခုနောက်ပိုင်းတော့ သိပ်မစည်တော့တာ စီးပွားရေးကြပ်တည်းလာတာတွေလည်း ပါတာပေါ့၊ အစဉ်အလာမပျက်တော့ လုပ်နေကြပေမယ့် အရင်ကလို သိပ်မလှူနိုင်ကြတော့ဘူးလေ၊ နိဗ္ဗာန်ဈေးဆိုလည်း ကျွေးတာမွေးတာတွေကအစ လျော့ပါးလာတဲ့ အခြေအနေတွေ ရှိလာတယ်” လို့ ကြည့်မြင်တိုင်မြို့နယ် မကျဉ်းတန်းတောင် ရပ်ကွက်နေ အဖိုး ဦးတိုးရီ က ပြောပါတယ်။

စီးပွားရေးကျပ်တည်းလာမှုအပြင် ပွဲခွင့်ပြုမိန့်ကိုလည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံ တင်ပြတောင်းခံရာမှာ ပွဲတော်အတွင်း ပြဿနာမဖြစ်ပွားဖို့ တာဝန်ယူလျှောက်ထားရတဲ့အတွက် တာဝန်ယူလျှောက်ထားလိုတဲ့သူ နည်းပါးမှု၊ ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်လည်း ပျော်ပွဲရွှင်ပွဲတွေ နည်းပါးလာရတယ်လို့ ဆိုပါတယ်။

“အခုနောက်ပိုင်း ပိုဆိုးတာပေါ့၊ နေရာတွေအနေနဲ့လည်း ခပ်ကျယ်ကျယ် မရှိကြတော့ဘူး။ယာဉ်ကြောပိတ်တယ် ဘာညာနဲ့ လမ်းဘေးမှာ ဇာတ်ရုံဆောက်ပြီး ပွဲသွင်းတာတို့ မရှိသလောက် နည်းလာတယ်၊ ပွဲဈေးတစ်ခု လုပ်ခွင့်ရဖို့ ထွေ/အုပ်မှာ ခွင့်ပြုချက်လျှောက်ရင် ပြသနာဖြစ်လာရင် တာဝန်ယူ တာဝန်ခံမှုတွေနဲ့ လုပ်ရတယ်၊ အခုနောက်ပိုင်း တာဝန်ခံမယ့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကလည်း သိပ်ပြီးတော့ တာဝန်မခံချင်ကြတော့ဘူး၊ အဲ့ဒီလိုနဲ့ တဖြေးဖြေးစည်ကားမှုက လျော့လာတယ်၊ ကျွန်တော်တို့ ငယ်ငယ်ကအခြေအနေနဲ့ကို လုံးဝခြားနားသွားပြီ” လို့ ဆိုပါတယ်။

ရန်ကုန်မြို့ ရေကျော်ပွဲဈေးဟာလည်း ဝါကျွတ်ကာလတွေမှာ နှစ်စဉ် စည်စည်ကားကား ကျင်းပပြုလုပ်ခဲ့ပြီး သီတင်းကျွတ်လဆန်း ၁၂ ရက်နေ့မှ လပြည်ကျော် ၁ ရက်နေ့အထိ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြပါတယ်။ပွဲတော်အတွင်း လူငယ်တွေ သောက်စားမူးယစ်ပြီး ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်လေ့ရှိတဲ့အတွက် ယခုနှစ်မှာတော့ ပွဲတော်ရက်အတွင်း လုံခြုံရေးအတွက် CCTV ကင်မရာ၊ ဒရုန်းတွေနဲ့ လုံခြုံရေးစီမံ ဆောင်ရွက်ထားရှိတယ်လို့ ဆိုပါတယ်။
     

“အရင်ကတည်းက ဒီ ရေကျော်သီတင်းကျွတ် ပွဲဈေးဟာ တော်တော်လေး စည်ကားပါတယ်၊ လူငယ်တွေဟာ ပျော်ပျော်ပါးပါးနဲ့ သောက်စားကြပြီး အပျော်လွန်ကြတယ်၊ နောက်တော့ ခိုက်ရန်ဖြစ်ပွားတာတွေ ဘာတွေကို နောက်ပိုင်းမှာ နှစ်တိုင်းလိုလို ကြုံလာရတယ်၊ အဲ့ဒီလိုအခြေအနေမှာ ၂၀၁၆-၁၇ လောက်ကနေ စပြီးတော့ ရဲတပ်ဖွဲ့လုံခြုံရေးရယ်၊ ရပ်ကွက်က လုံခြုံရေးတွေရယ် ပေါင်းပြီး လုပ်လာတယ်၊ အဲ့ဒီကနေ တစ်စတစ်စနဲ့ CCTV တွေကို လိုက်တပ်ပြီး လုပ်လာတယ်၊ အခု ၇၄ လုံး တပ်ဆင်ထားပြီးပြီ၊ ပွဲဈေးတန်းတစ်ဝိုက်မှာ အနည်းဆုံးတော့ ဒရုန်းနှစ်ခုလောက် သုံးပြီး ဟိုဘက်ဒီဘက် ပျံသန်းပြီး လုံခြုံရေးအခြေအနေကို စောင့်ကြည့်မှာ ဖြစ်ပါတယ်” လို့ ပုဇွန် တောင်မြို့နယ်၊ အမှတ် (၉) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် က ဆိုပါတယ်။

ရန်ကုန်မြို့အပြင် အခြားသော ဒေသအသီးသီးမှာလည်း ခိုး၊ ဆိုး၊ လု၊ နှိုက်မှုတွေ၊ အုပ်စုဖွဲ့လူသတ်မှု၊ သေနတ်ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် ပွဲတော်ရက်အတွင်း အများပြည်သူ လုံခြုံရေးတွေအတွက် နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆဆောင်ရွက်နေကြရပြီ ဖြစ်ပါတယ်။

သီတင်းကျွတ်ကာလမှာ နိုင်ငံခြားက တင်သွင်းလာတဲ့ မီးပုံးတွေ၊ မီးတွဲတွေ၊ LED ဖယောင်းတိုင်တွေအပြင် မီးရှူး မီးပန်းနဲ့ ပေါက်ကွဲအားကောင်းတဲ့ ဗြောက်အိုးတွေကိုလည်း တင်သွင်းလာတဲ့အတွက် မြန်မာနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ ပစ်ဖောက်ဆော့ကစားကြတဲ့အတွက် အများပြည်သူ ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မီးထွန်းပွဲတော် ကာလအတွင်း အများပြည်သူ အထိတ်တလန့်မဖြစ်စေဖို့ ထိခိုက်ဒဏ်ရာမရရှိဖို့၊ မသမာသူများ အဖျက်အမှောင့် ဆောင်ရွက်လိုသူများ အခွင့်ကောင်းယူပြီး အကြမ်းဖက် တိုက်ခိုက်မှုများနဲ့ ဖောက်ခွဲမှုတွေ မပြုလုပ်နိုင်ဖို့ မီးရှူး မီးပန်း ပစ်လွှတ်ခြင်း၊ ဗြောက်အိုး၊ ရှူးဒိုင်းများ ပစ်ဖောက်ခြင်းကို မပြုလုပ်ကြဖို့နဲ့ ထုတ်လုပ်၊ သယ်ယူဖြန့်ဖြူးရောင်းချသူတွေကို အရေးယူဆောင်ရွက်သွားမယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နှစ်စဉ်နှစ်တိုင်း အဲ့ဒီထုတ်ပြန်ချက်တွေ ထုတ်ပြန်နေပေမယ့် ရောင်းချသူအချို့က ရောင်းချနေကြပြီး အများပြည်သူကလည်း ဝယ်ယူသုံးစွဲ ဆော့ကစားကြပါတယ်။မော်လမြိုင်မြို့မှာရှိတဲ့ စတိုးဆိုင်ပိုင်ရှင် တစ်ဦးကတော့ “ဒီနှစ်တော့ ခုချိန်ထိ မီးရှူး မီးပန်းတွေ၊ ဗျောက်အိုးတွေကို ဆိုင်မှာ တင်မရောင်းသေးဘူး။
အဖမ်းအဆီးတွေကလည်း များတယ်။ရောင်းလို့ မြတ်တာက ဘာမှမဟုတ်ဘူး။တကယ်လာဖမ်းရင် မရှင်းနိုင်လို့ အဲ့ဒါတွေ ရောင်းဖို့က မသေချာဘူး” လို့ ဆိုပါတယ်။

သီတင်းကျွတ်လရောက်ပြီဆိုတာနဲ့ ရန်ကုန်တွင်မကပါဘူး။
မြန်မာနိုင်ငံ အနှံ့အပြားမှာ ဒေသအလိုက် မီးထွန်းပွဲတော်နဲ့ အတူမီးမျှောပွဲ၊ ဘုရားပွဲတော်တွေကို စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ်မှာ ရှင်ဥပဂုတ္တမထေရ် မီးမျောပူဇော်ပွဲကို နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ် လပြည်နေ့နဲ့ လပြည့်ကျော် ၁ ရက်နေ့တို့မှာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပါတယ်။အဲ့ဒီပွဲတော်ဟာ မြန်မာသက္ကရာဇ် ၁၂၁၃ ခုနှစ်က ကုန်းဘောင် ခေတ်ကာလ တောင်တွင်းမြို့ဝန် ဦးကျောက်လုံး ဦးစီးပြီး အင်္ဂလိပ်စစ်တပ်ကို တိုက်ခိုက်ဖို့ ပဲခူးစစ်ကြောင်းမှ ချီတက်လာစဉ်ကတည်းက နှစ်စဉ်ကျင်းပခဲ့တာဖြစ်ပြီး ချောင်းအတွင်း ထောင်၊ သောင်းချီတဲ့ မီးကြာခွက်များမျှောခြင်း၊ အသင်းလိုက် ကျား၊ မ လှေလှော်ပြိုင်ပွဲများ၊ တက်ခုန်၊ တက်ပျံယိမ်း အကများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။

မြန်မာပြည်အောက်ပိုင်းမှာ စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်တဲ့ ကျိုက္ခမီပွဲတော်ကိုလည်း သီတင်းကျွတ် လဆန်း ၁၄ ရက်မှ လပြည့်ကျော် ၅ ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။လဆန်း ၁၄ ရက်နဲ့ လပြည့်နေ့တွေမှာ ဆွမ်းအိုးမျှောပွဲကို ကျင်းပပြီး လပြည့်ကျော် ၁ ရက်နေ့မှ ၅ ရက်နေ့အထိ ဘုရားပွဲတော်ကို ကျင်းပပြုလုပ်ကြပါတယ်။
ကျိုက္ခမီဘုရားပွဲတော် လာရောက်သူများအနေနဲ့ စက်စဲကမ်းခြေကို ဝင်ရောက်လည်ပတ်ကြတဲ့အတွက် ပွဲတော်ရက်အတွင်း စက်စဲကမ်းခြေမှာလည်း အလွန်စည်ကားလေ့ ရှိပါတယ်။

မြန်မာပြည်အထက်ပိုင်းရဲ့ အထင်ကရပွဲတော်ကြီးတစ်ခုဖြစ်တဲ့ အင်းလေး ဖောင်တော်ဦးပွဲတော်ကို သီတင်းကျွတ်လဆန်း ၁ ရက်နေ့မှ လပြည့်ကျော် ၃ ရက်နေ့အထိ နှစ်စဉ် ကျင်းပပြုလုပ်ပါတယ်။လဆန်း ၁ ရက်မှ စတင်ပြီး အင်းလေးဒေသ အနောက်ဘက်ကမ်းနဲ့ အရှေ့ဘက်ကမ်း ၂၁ ရွာ (၂၁ ဌာန) ကို လှည့်လည်အပူဇော်ခံပြီး လပြည့်ကျော် ၃ ရက်နေ့မှာ ကျောင်းတော်ဝင်ပွဲကို ကျင်းပခြင်းဖြစ်ပါတယ်။
တောင်ပေါ်အင်းသားတို့ရဲ့ အံ့မခန်းခြေထောက်နဲ့ လှေလှော်မှုများ၊ သစ်သီးအမြောက်အများ၊ ပန်းအမြောက်အများနဲ့ ဆွမ်းကပ်မှုများကို တွေ့မြင်ရမှာဖြစ်ပြီး ရိုးရာလှေလှော်ပြိုင်ပွဲနဲ့ ပျော်ပွဲရွှင်ပွဲတွေနဲ့ နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ကျင်းပကြပါတယ်။

ရုံးပိတ်ရက်တွေဖြစ်တဲ့ သီတင်းကျွတ်၊ တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူး ရံုံးပိတ်ရက်တွေမှာတော့ အများပြည်သူ စိတ်ချမ်းမြေ့ခဲ့ကြပြီး မွေးရပ်မြေမှာရှိတဲ့ မိဘဘိုးဘွားတွေကို သွားရောက်ကန်တော့သူတွေ၊ နေရပ်ပြန်သူတွေ၊ ထင်ရှားကျော်ကြားတဲ့ နေရာဒေသတွေကို သွားရောက်လည်ပတ်သူတွေ များပြားခဲ့ပြီး ကျောင်းပိတ်ရက်တွေနဲ့လည်း တိုက်ဆိုင်နေတဲ့အတွက် မိသားစုအလိုက် ခရီးသွားလာမှုတွေ များပြားလာခဲ့ပါတယ်။

အင်းလေး ဖောင်တော်ဦးဘုရားပွဲတော်၊ ကျိုက္ခမီဘုရားပွဲတော်၊ ရွှေကျင် မီးမျောပွဲ အစရှိတဲ့ ပွဲတော်တွေအပြင် အခြားဒေသအသီးသီးက စည်ကားလှတဲ့ ပွဲတော်တွေဟာ သီတင်းကျွတ် အစိုးရရုံးပိတ်ရက်တွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် ၂၀၁၇ ခုနှစ်အတွင်း သီတင်းကျွတ် ရုံးပိတ်ရက်တွေမှာ ခရီးသွားလာ လည်ပတ်သူတွေ အလွန်များပြားခဲ့ပါတယ်။

သီတင်းကျွတ် ရုံးပိတ်ရက်တွေအပြင် တန်ဆောင်တိုင်နဲ့ နှစ်သစ်ကူးရုံးပိတ်ရက်တွေက အသင့်စောင့်ကြိုနေပြီ ဖြစ်တဲ့အတွက် သီတင်းကျွတ်ကာလဟာ ခရီးသွားလာလိုသူတွေအတွက် ခရီးသွားရာသီ စပြီဖြစ်ကြောင်း အချက်ပေးခေါင်းလောင်းသံ ဖြစ်လို့လာခဲ့ပါပြီ။

မင်းထွန်း(အုတ်ကျင်း)
အောက်တိုဘာ - ၁၆
( Zawgyi )
တာဝတိ  ံသာ နတ္ျပည္မွာ မယ္ေတာ္မိနတ္သားကို တရားေဟာၿပီးျပန္လာတဲ့ ဘုရားရွင္ကို ႀကိဳဆိုပူေဇာ္တဲ့အေနနဲ႔ ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ သီတင္းကြၽတ္လေရာက္တိုင္း ဆီမီး၊ မီးတိုင္၊ ဆြမ္း၊ ပန္း၊ ေရခ်မ္းေတြနဲ႔ ကပ္လႉပူေဇာ္ခဲ့ၾကတာ ယေန႔ေခတ္တိုင္ေအာင္ ေခတ္အဆက္ဆက္ က်င္းပျပဳလုပ္ခဲ့ၾကပါတယ္။

ဘုရားရွင္ကို ႀကိဳဆိုပူေဇာ္တဲ့ ဓေလ့အေနနဲ႔ မိမိတို႔ရဲ႕ ေနအိမ္ေရွ႕မွာ ဆီမီး၊ ဖေယာင္းတိုင္ ၊ မီးပုံး၊ မီးတိုင္ေတြနဲ႔ ထြန္းညႇိပူးေဇာ္ရင္း ေခတ္အဆက္ဆက္ကို ေပ်ာ္႐ႊင္စြာ ျဖတ္သန္းခဲ့ၾကပါတယ္။ေခတ္ကာလ ေ႐ႊ႕လွ်ားလာတာနဲ႔အမွ် ဆီမီး၊ မီးတိုင္ေတြအစား ေရာင္စုံဖေယာင္းတိုင္၊ ဝါဆိုဖေယာင္းတိုင္၊ အလွခ်ိတ္ဆြဲတဲ့ မီးပုံးေတြက အစားထိုးေနရာယူခဲ့ၿပီး ေနအိမ္မ်က္ႏွာစာေတြမွာ ျပည္တြင္းျဖစ္ ဖေယာင္းတိုင္နဲ႔ မီးပုံးေတြက ေနရာယူခဲ့ၾကပါတယ္။

ဒီဘက္ႏွစ္ေတြမွာေတာ့ ႏိုင္ငံျခားက တင္သြင္းလာတဲ့ မီးပုံးေတြ၊ မီးတြဲေတြ၊ LED ဖေယာင္းတိုင္မီးေတြဟာ ဒီဇိုင္းသစ္ဆန္းၿပီး လက္ရာေကာင္းမြန္မႈ၊ ၾကာရွည္အသုံးခံမႈ၊ မီးေဘးအႏၲရာယ္ လုံၿခဳံစိတ္ခ်ရမႈ၊ စကၠဴနဲ႔ ျပဳလုပ္ထားတဲ့ မီးပုံးေတြကလည္း လက္ရာဆန္းသစ္မႈေတြေၾကာင့္ သုံးစြဲမႈေတြ မ်ားျပားလာၿပီး ရန္ကုန္ၿမိဳ႕အျပင္ အျခားေဒသအသီးသီးရဲ႕ အိမ္မ်က္ႏွာစာေတြ ေဈးဆိုင္ခန္း မ်က္ႏွာစာေတြမွာ ျပည္တြင္းထုတ္ ကုန္ပစၥည္းေတြ အစားေနရာယူလာခဲ့ၾကပါတယ္။

ဝါတြင္းကာလကို ျဖတ္သန္းၿပီး ဝါတြင္းကာလတေလွ်ာက္ အာ႐ုံဆြမ္းေလာင္းလႉခဲ့တဲ့ ႏိုင္ငံအႏွံ႔အျပားမွာရွိတဲ့ ရပ္ကြက္၊ ေက်း႐ြာေတြမွာလည္း ဆြမ္းသိမ္းေအာင္ပြဲအျဖစ္ ဆိုင္း၊ ဇာတ္ပြဲ၊ အၿငိမ့္ပြဲနဲ႔ အျခားေပ်ာ္စရာ႐ြင္စရာေတြကို ထည့္သြင္းက်င္းပေလ့ ရွိပါတယ္။

ေရွးယခင္ ကာလေတြမွာေတာ့ ဝါကြၽတ္ကာလ ေရာက္ၿပီဆိုတာနဲ႔ ရန္ကုန္ၿမိဳ႕ရဲ႕ ေနရာအႏွံ႔အျပားမွာ ဇာတ္ပြဲ၊ အၿငိမ့္ပြဲေတြနဲ႔ အလြန္စည္ကားခဲ့ပါတယ္။ၾကည့္ျမင္တိုင္ၿမိဳ႕နယ္မွာေတာ့ ဆြမ္းသိမ္းေအာင္ပြဲနဲ႔အတူ ဝွာက်ဳံးေက်ာင္းအနီး ေ႐ႊလိပ္ျပာပြဲေဈးမွ စတင္ၿပီး ပန္းတည္းတန္းပြဲေဈး၊ ထီးတန္းပြဲေဈး၊ နတ္စင္လမ္းပြဲေဈး၊ ဆင္မလိုက္တေလွ်ာက္ ပြဲေဈးေတြနဲ႔ စည္ကားခဲ့ပါတယ္။

ေခတ္ကာလ ေ႐ႊ႕လွ်ားလာမႈနဲ႔အတူ ႏိုင္ငံေရးအေျခအေန၊ စီးပြားေရးအေျခအေနေတြေၾကာင့္ စည္းကားမႈေတြ တျဖည္းျဖည္းေလွ်ာ့နည္း က်ဆင္းလာခဲ့ပါတယ္။

“အရင္ေခတ္တုန္းကေတာ့ သီတင္းကြၽတ္ပြဲဟာ ၾကည့္ျမင္တိုင္မွာ ေတာ္ေတာ္စည္ပါတယ္၊ အခုေနာက္ပိုင္းေတာ့ သိပ္မစည္ေတာ့တာ စီးပြားေရးၾကပ္တည္းလာတာေတြလည္း ပါတာေပါ့၊ အစဥ္အလာမပ်က္ေတာ့ လုပ္ေနၾကေပမယ့္ အရင္ကလို သိပ္မလႉႏိုင္ၾကေတာ့ဘူးေလ၊ နိဗၺာန္ေဈးဆိုလည္း ေကြၽးတာေမြးတာေတြကအစ ေလ်ာ့ပါးလာတဲ့ အေျခအေနေတြ ရွိလာတယ္” လို႔ ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ မက်ဥ္းတန္းေတာင္ ရပ္ကြက္ေန အဖိုး ဦးတိုးရီ က ေျပာပါတယ္။

စီးပြားေရးက်ပ္တည္းလာမႈအျပင္ ပြဲခြင့္ျပဳမိန႔္ကိုလည္း သက္ဆိုင္ရာ အာဏာပိုင္အဖြဲ႕ထံ တင္ျပေတာင္းခံရာမွာ ပြဲေတာ္အတြင္း ျပႆနာမျဖစ္ပြားဖို႔ တာဝန္ယူေလွ်ာက္ထားရတဲ့အတြက္ တာဝန္ယူေလွ်ာက္ထားလိုတဲ့သူ နည္းပါးမႈ၊ ယာဥ္ေၾကာပိတ္ဆို႔မႈေတြေၾကာင့္လည္း ေပ်ာ္ပြဲ႐ႊင္ပြဲေတြ နည္းပါးလာရတယ္လို႔ ဆိုပါတယ္။

“အခုေနာက္ပိုင္း ပိုဆိုးတာေပါ့၊ ေနရာေတြအေနနဲ႔လည္း ခပ္က်ယ္က်ယ္ မရွိၾကေတာ့ဘူး။ယာဥ္ေၾကာပိတ္တယ္ ဘာညာနဲ႔ လမ္းေဘးမွာ ဇာတ္႐ုံေဆာက္ၿပီး ပြဲသြင္းတာတို႔ မရွိသေလာက္ နည္းလာတယ္၊ ပြဲေဈးတစ္ခု လုပ္ခြင့္ရဖို႔ ေထြ/အုပ္မွာ ခြင့္ျပဳခ်က္ေလွ်ာက္ရင္ ျပသနာျဖစ္လာရင္ တာဝန္ယူ တာဝန္ခံမႈေတြနဲ႔ လုပ္ရတယ္၊ အခုေနာက္ပိုင္း တာဝန္ခံမယ့္ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမႉးေတြကလည္း သိပ္ၿပီးေတာ့ တာဝန္မခံခ်င္ၾကေတာ့ဘူး၊ အဲ့ဒီလိုနဲ႔ တေျဖးေျဖးစည္ကားမႈက ေလ်ာ့လာတယ္၊ ကြၽန္ေတာ္တို႔ ငယ္ငယ္ကအေျခအေနနဲ႔ကို လုံးဝျခားနားသြားၿပီ” လို႔ ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕ ေရေက်ာ္ပြဲေဈးဟာလည္း ဝါကြၽတ္ကာလေတြမွာ ႏွစ္စဥ္ စည္စည္ကားကား က်င္းပျပဳလုပ္ခဲ့ၿပီး သီတင္းကြၽတ္လဆန္း ၁၂ ရက္ေန႔မွ လျပည္ေက်ာ္ ၁ ရက္ေန႔အထိ ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ၾကပါတယ္။ပြဲေတာ္အတြင္း လူငယ္ေတြ ေသာက္စားမူးယစ္ၿပီး ခိုက္ရန္ျဖစ္ပြားမႈမ်ား ျဖစ္ေပၚေလ့ရွိတဲ့အတြက္ ယခုႏွစ္မွာေတာ့ ပြဲေတာ္ရက္အတြင္း လုံၿခဳံေရးအတြက္ CCTV ကင္မရာ၊ ဒ႐ုန္းေတြနဲ႔ လုံၿခဳံေရးစီမံ ေဆာင္႐ြက္ထားရွိတယ္လို႔ ဆိုပါတယ္။
     

“အရင္ကတည္းက ဒီ ေရေက်ာ္သီတင္းကြၽတ္ ပြဲေဈးဟာ ေတာ္ေတာ္ေလး စည္ကားပါတယ္၊ လူငယ္ေတြဟာ ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ေသာက္စားၾကၿပီး အေပ်ာ္လြန္ၾကတယ္၊ ေနာက္ေတာ့ ခိုက္ရန္ျဖစ္ပြားတာေတြ ဘာေတြကို ေနာက္ပိုင္းမွာ ႏွစ္တိုင္းလိုလို ႀကဳံလာရတယ္၊ အဲ့ဒီလိုအေျခအေနမွာ ၂၀၁၆-၁၇ ေလာက္ကေန စၿပီးေတာ့ ရဲတပ္ဖြဲ႕လုံၿခဳံေရးရယ္၊ ရပ္ကြက္က လုံၿခဳံေရးေတြရယ္ ေပါင္းၿပီး လုပ္လာတယ္၊ အဲ့ဒီကေန တစ္စတစ္စနဲ႔ CCTV ေတြကို လိုက္တပ္ၿပီး လုပ္လာတယ္၊ အခု ၇၄ လုံး တပ္ဆင္ထားၿပီးၿပီ၊ ပြဲေဈးတန္းတစ္ဝိုက္မွာ အနည္းဆုံးေတာ့ ဒ႐ုန္းႏွစ္ခုေလာက္ သုံးၿပီး ဟိုဘက္ဒီဘက္ ပ်ံသန္းၿပီး လုံၿခဳံေရးအေျခအေနကို ေစာင့္ၾကည့္မွာ ျဖစ္ပါတယ္” လို႔ ပုဇြန္ ေတာင္ၿမိဳ႕နယ္၊ အမွတ္ (၉) ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ဦးေအာင္ႏိုင္ က ဆိုပါတယ္။

ရန္ကုန္ၿမိဳ႕အျပင္ အျခားေသာ ေဒသအသီးသီးမွာလည္း ခိုး၊ ဆိုး၊ လု၊ ႏႈိက္မႈေတြ၊ အုပ္စုဖြဲ႕လူသတ္မႈ၊ ေသနတ္ပစ္ခတ္ တိုက္ခိုက္မႈေတြေၾကာင့္ ပြဲေတာ္ရက္အတြင္း အမ်ားျပည္သူ လုံၿခဳံေရးေတြအတြက္ နည္းလမ္းအမ်ိဳးမ်ိဳးနဲ႔ ႀကံဆေဆာင္႐ြက္ေနၾကရၿပီ ျဖစ္ပါတယ္။

သီတင္းကြၽတ္ကာလမွာ ႏိုင္ငံျခားက တင္သြင္းလာတဲ့ မီးပုံးေတြ၊ မီးတြဲေတြ၊ LED ဖေယာင္းတိုင္ေတြအျပင္ မီးရွဴး မီးပန္းနဲ႔ ေပါက္ကြဲအားေကာင္းတဲ့ ေျဗာက္အိုးေတြကိုလည္း တင္သြင္းလာတဲ့အတြက္ ျမန္မာႏိုင္ငံရဲ႕ ေနရာေဒသ အသီးသီးမွာ ပစ္ေဖာက္ေဆာ့ကစားၾကတဲ့အတြက္ အမ်ားျပည္သူ ထိတ္လန႔္မႈေတြ ျဖစ္ေပၚခဲ့ပါတယ္။

မီးထြန္းပြဲေတာ္ ကာလအတြင္း အမ်ားျပည္သူ အထိတ္တလန႔္မျဖစ္ေစဖို႔ ထိခိုက္ဒဏ္ရာမရရွိဖို႔၊ မသမာသူမ်ား အဖ်က္အေမွာင့္ ေဆာင္႐ြက္လိုသူမ်ား အခြင့္ေကာင္းယူၿပီး အၾကမ္းဖက္ တိုက္ခိုက္မႈမ်ားနဲ႔ ေဖာက္ခြဲမႈေတြ မျပဳလုပ္ႏိုင္ဖို႔ မီးရွဴး မီးပန္း ပစ္လႊတ္ျခင္း၊ ေျဗာက္အိုး၊ ရွဴးဒိုင္းမ်ား ပစ္ေဖာက္ျခင္းကို မျပဳလုပ္ၾကဖို႔နဲ႔ ထုတ္လုပ္၊ သယ္ယူျဖန႔္ျဖဴးေရာင္းခ်သူေတြကို အေရးယူေဆာင္႐ြက္သြားမယ္လို႔ ရဲတပ္ဖြဲ႕က သတင္းထုတ္ျပန္ထားပါတယ္။

ႏွစ္စဥ္ႏွစ္တိုင္း အဲ့ဒီထုတ္ျပန္ခ်က္ေတြ ထုတ္ျပန္ေနေပမယ့္ ေရာင္းခ်သူအခ်ိဳ႕က ေရာင္းခ်ေနၾကၿပီး အမ်ားျပည္သူကလည္း ဝယ္ယူသုံးစြဲ ေဆာ့ကစားၾကပါတယ္။ေမာ္လၿမိဳင္ၿမိဳ႕မွာရွိတဲ့ စတိုးဆိုင္ပိုင္ရွင္ တစ္ဦးကေတာ့ “ဒီႏွစ္ေတာ့ ခုခ်ိန္ထိ မီးရွဴး မီးပန္းေတြ၊ ေဗ်ာက္အိုးေတြကို ဆိုင္မွာ တင္မေရာင္းေသးဘူး။
အဖမ္းအဆီးေတြကလည္း မ်ားတယ္။ေရာင္းလို႔ ျမတ္တာက ဘာမွမဟုတ္ဘူး။တကယ္လာဖမ္းရင္ မရွင္းႏိုင္လို႔ အဲ့ဒါေတြ ေရာင္းဖို႔က မေသခ်ာဘူး” လို႔ ဆိုပါတယ္။

သီတင္းကြၽတ္လေရာက္ၿပီဆိုတာနဲ႔ ရန္ကုန္တြင္မကပါဘူး။
ျမန္မာႏိုင္ငံ အႏွံ႔အျပားမွာ ေဒသအလိုက္ မီးထြန္းပြဲေတာ္နဲ႔ အတူမီးေမွ်ာပြဲ၊ ဘုရားပြဲေတာ္ေတြကို စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကပါတယ္။ပဲခူးတိုင္းေဒသႀကီး ေ႐ႊက်င္ၿမိဳ႕နယ္မွာ ရွင္ဥပဂုတၱမေထရ္ မီးေမ်ာပူေဇာ္ပြဲကို ႏွစ္စဥ္ႏွစ္တိုင္း သီတင္းကြၽတ္ လျပည္ေန႔နဲ႔ လျပည့္ေက်ာ္ ၁ ရက္ေန႔တို႔မွာ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ပါတယ္။အဲ့ဒီပြဲေတာ္ဟာ ျမန္မာသကၠရာဇ္ ၁၂၁၃ ခုႏွစ္က ကုန္းေဘာင္ ေခတ္ကာလ ေတာင္တြင္းၿမိဳ႕ဝန္ ဦးေက်ာက္လုံး ဦးစီးၿပီး အဂၤလိပ္စစ္တပ္ကို တိုက္ခိုက္ဖို႔ ပဲခူးစစ္ေၾကာင္းမွ ခ်ီတက္လာစဥ္ကတည္းက ႏွစ္စဥ္က်င္းပခဲ့တာျဖစ္ၿပီး ေခ်ာင္းအတြင္း ေထာင္၊ ေသာင္းခ်ီတဲ့ မီးၾကာခြက္မ်ားေမွ်ာျခင္း၊ အသင္းလိုက္ က်ား၊ မ ေလွေလွာ္ၿပိဳင္ပြဲမ်ား၊ တက္ခုန္၊ တက္ပ်ံယိမ္း အကမ်ားနဲ႔ စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကပါတယ္။

ျမန္မာျပည္ေအာက္ပိုင္းမွာ စည္ကားတဲ့ ပြဲေတာ္တစ္ခုျဖစ္တဲ့ က်ိဳကၡမီပြဲေတာ္ကိုလည္း သီတင္းကြၽတ္ လဆန္း ၁၄ ရက္မွ လျပည့္ေက်ာ္ ၅ ရက္ေန႔အထိ စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကပါတယ္။လဆန္း ၁၄ ရက္နဲ႔ လျပည့္ေန႔ေတြမွာ ဆြမ္းအိုးေမွ်ာပြဲကို က်င္းပၿပီး လျပည့္ေက်ာ္ ၁ ရက္ေန႔မွ ၅ ရက္ေန႔အထိ ဘုရားပြဲေတာ္ကို က်င္းပျပဳလုပ္ၾကပါတယ္။
က်ိဳကၡမီဘုရားပြဲေတာ္ လာေရာက္သူမ်ားအေနနဲ႔ စက္စဲကမ္းေျခကို ဝင္ေရာက္လည္ပတ္ၾကတဲ့အတြက္ ပြဲေတာ္ရက္အတြင္း စက္စဲကမ္းေျခမွာလည္း အလြန္စည္ကားေလ့ ရွိပါတယ္။

ျမန္မာျပည္အထက္ပိုင္းရဲ႕ အထင္ကရပြဲေတာ္ႀကီးတစ္ခုျဖစ္တဲ့ အင္းေလး ေဖာင္ေတာ္ဦးပြဲေတာ္ကို သီတင္းကြၽတ္လဆန္း ၁ ရက္ေန႔မွ လျပည့္ေက်ာ္ ၃ ရက္ေန႔အထိ ႏွစ္စဥ္ က်င္းပျပဳလုပ္ပါတယ္။လဆန္း ၁ ရက္မွ စတင္ၿပီး အင္းေလးေဒသ အေနာက္ဘက္ကမ္းနဲ႔ အေရွ႕ဘက္ကမ္း ၂၁ ႐ြာ (၂၁ ဌာန) ကို လွည့္လည္အပူေဇာ္ခံၿပီး လျပည့္ေက်ာ္ ၃ ရက္ေန႔မွာ ေက်ာင္းေတာ္ဝင္ပြဲကို က်င္းပျခင္းျဖစ္ပါတယ္။
ေတာင္ေပၚအင္းသားတို႔ရဲ႕ အံ့မခန္းေျခေထာက္နဲ႔ ေလွေလွာ္မႈမ်ား၊ သစ္သီးအေျမာက္အမ်ား၊ ပန္းအေျမာက္အမ်ားနဲ႔ ဆြမ္းကပ္မႈမ်ားကို ေတြ႕ျမင္ရမွာျဖစ္ၿပီး ႐ိုးရာေလွေလွာ္ၿပိဳင္ပြဲနဲ႔ ေပ်ာ္ပြဲ႐ႊင္ပြဲေတြနဲ႔ ႏွစ္စဥ္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပၾကပါတယ္။

႐ုံးပိတ္ရက္ေတြျဖစ္တဲ့ သီတင္းကြၽတ္၊ တန္ေဆာင္တိုင္နဲ႔ ႏွစ္သစ္ကူး ရံုံးပိတ္ရက္ေတြမွာေတာ့ အမ်ားျပည္သူ စိတ္ခ်မ္းေျမ့ခဲ့ၾကၿပီး ေမြးရပ္ေျမမွာရွိတဲ့ မိဘဘိုးဘြားေတြကို သြားေရာက္ကန္ေတာ့သူေတြ၊ ေနရပ္ျပန္သူေတြ၊ ထင္ရွားေက်ာ္ၾကားတဲ့ ေနရာေဒသေတြကို သြားေရာက္လည္ပတ္သူေတြ မ်ားျပားခဲ့ၿပီး ေက်ာင္းပိတ္ရက္ေတြနဲ႔လည္း တိုက္ဆိုင္ေနတဲ့အတြက္ မိသားစုအလိုက္ ခရီးသြားလာမႈေတြ မ်ားျပားလာခဲ့ပါတယ္။

အင္းေလး ေဖာင္ေတာ္ဦးဘုရားပြဲေတာ္၊ က်ိဳကၡမီဘုရားပြဲေတာ္၊ ေ႐ႊက်င္ မီးေမ်ာပြဲ အစရွိတဲ့ ပြဲေတာ္ေတြအျပင္ အျခားေဒသအသီးသီးက စည္ကားလွတဲ့ ပြဲေတာ္ေတြဟာ သီတင္းကြၽတ္ အစိုးရ႐ုံးပိတ္ရက္ေတြနဲ႔ တိုက္ဆိုင္ေနတဲ့အတြက္ ၂၀၁၇ ခုႏွစ္အတြင္း သီတင္းကြၽတ္ ႐ုံးပိတ္ရက္ေတြမွာ ခရီးသြားလာ လည္ပတ္သူေတြ အလြန္မ်ားျပားခဲ့ပါတယ္။

သီတင္းကြၽတ္ ႐ုံးပိတ္ရက္ေတြအျပင္ တန္ေဆာင္တိုင္နဲ႔ ႏွစ္သစ္ကူး႐ုံးပိတ္ရက္ေတြက အသင့္ေစာင့္ႀကိဳေနၿပီ ျဖစ္တဲ့အတြက္ သီတင္းကြၽတ္ကာလဟာ ခရီးသြားလာလိုသူေတြအတြက္ ခရီးသြားရာသီ စၿပီျဖစ္ေၾကာင္း အခ်က္ေပးေခါင္းေလာင္းသံ ျဖစ္လို႔လာခဲ့ပါၿပီ။

မင္းထြန္း(အုတ္က်င္း)
ေအာက္တိုဘာ - ၁၆