【 ဆောင်းပါး 】 “ပြည်သူကိုမျက်နှာမူသောအစိုးရ၊ အမြတ်အစွန်းကိုမျက်နှာမူသောအစိုးရ”

【 ဆောင်းပါး 】 “ပြည်သူကိုမျက်နှာမူသောအစိုးရ၊ အမြတ်အစွန်းကိုမျက်နှာမူသောအစိုးရ”

ဦးသိန်းစိန် အစိုးရလက်ထက်တုန်းက သန့်ရှင်းသောအစိုးရ ကောင်းမွန်သောအုပ်ချုပ်ရေး ဆိုသည့်စကား အလွန်ရေပန်းစားခဲ့ပါသည်။သို့သော် ထိုစကားများသည် လက်တွေ့အသက်ဝင်မလာဘဲ တစ်လ တစ်ကြိမ် ပြည်သူကို သမ္မတကြီး ဦးသိန်းစိန်၏ ပြောနေကျစကားမျှသာ ဖြစ်ခဲ့ပါသည်။လက်တွေ့တွင် ယခင့် ယခင် အာဏာရှင်အစိုးရများ လက်ထက်နှင့် မကွာခြားလှသည့် အစိုးရ၏ အုပ်ချုပ်မှုကိုသာ လူထုရရှိခဲ့ကြပါသည်။ဦးသိန်းစိန် အစိုးရသက်တမ်း ထက်ဝက်ကျိုးလာချိန်တွင် သမ္မတကြီး ဦးသိန်းစိန်၏ တစ်လ တစ်ကြိမ် လေပြေလေးဖြင့် မိဘပြည်သူများခင်ဗျား အစချီပြောသော စကားများကို နားမထောင်သူ များပြားလာပါသည်။ဦးသိန်းစိန်၏ အပြောများသည် လက်တွေ့ဖြစ်လာမည် မဟုတ်ကြောင်း လူထုနားလည်လာချိန်မှစ၍ ဦးသိန်းစိန် အရပ်သားတစ်ပိုင်းအစိုးရအပေါ် လူထုယုံကြည်မှု စိတ်ဝင်စားမှုမရှိသလောက် နည်းပါးသွားပါသည်။

သို့ဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင် လူထုသည် အင်အယ်လ်ဒီပါတီအပေါ် မျှော်လင့်ချက်များစွာဖြင့် ပုံအောမဲပေးခဲ့ကြပါသည်။အင်အယ်လ်ဒီ မဲဆွယ်စဉ်က လူထုသည်းခြေကြိုက်ခဲ့သည်မှာ ပြောင်းလဲချိန်တန်ပြီဆိုသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်သုံးစကားဖြစ်ပါသည်။လက်တွေ့တွင်မူ လူထုမျှော်မှန်းခဲ့သလောက် ပြောင်းလဲမှုများကို အင်အယ်လ်ဒီအစိုးရ ဖော်ဆောင်မပေးနိုင်ခဲ့ပေ။အင်အယ်လ်ဒီအစိုးရသက်တမ်း ၂ နှစ် ကျော်လာချိန်တွင် အင်အယ်လ်ဒီအစိုးရ၏ အားသာချက် အားနည်းချက်များကို လူထုက မြင်တွေ့လာကြပြီဖြစ်ပါသည်။တိုင်းနှင့် ပြည်နယ် အစိုးရများအနက် ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အဓိကကျရုံသာမက တိုင်းပြည်စီးပွားရေးအတွက် အရေးပါဆုံးနေရာကို တာဝန်ယူထားစေကာမူ၊ အစိုးရ၏ လုပ်ဆောင်မှုများ အားနည်းကြောင်း လူထုကဝေဖန်လာပါသည်။

သက်တမ်းတစ်နှစ်ကျော်သာ ကျန်တော့သည့် လက်ရှိအချိန်တွင် ရန်ကုန်တိုင်းအစိုးရအနေဖြင့် တချို့လုပ်ငန်းဆောင်တာများကို အစသတ်လုပ်ဆောင်လာပုံရပါသည်။ထိုသို့လက်စသတ်လိုသည့် ကိစ္စများအနက် ယခင်အစိုးရလက်ထက် သိမ်းဆည်းခဲ့သော မြေကိစ္စများကို ကိုင်တွယ်ရာတွင် မြေကွက်ရောင်းမည့်အစီအစဉ် ပါဝင်လာသည်ဟု ယူဆရပါသည်။
ဤတွင် စည်ပင်ဌာနနှင့် ရန်ကုန်အစိုးရ၏ ပြည်သူကို မျက်နှာမမူသည့် စီမံခန့်ခွဲမှုဟုပဲ အမည်တပ်တပ်၊ ပိုမိုဆိုးဝါးလာသည့် ကြိုးနီစနစ်ဟုပဲ အမည်တပ်တပ် ညံ့ဖျင်းလှသည့် စီမံခန့်ခွဲမှုကို မျက်ဝါးထင်ထင် မြင်တွေ့ကြရပါတော့သည်။

၂၀၁၉ အောက်တိုဘာ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရက ပေ ၄၀ - ၆၀ မြေကွက်တစ်ကွက်လျှင် သိန်း ၆၀ ဖြင့် ရောင်းချပေးမည်ဟု ကြေညာခဲ့ပါသည်။မြေကွက်ဝယ်လိုသူများသည် နိုင်ငံသားစိစစ်ရေးကပ်ပြားမူရင်းနှင့် မိတ္တူပြ၍ လျှောက်လွှာတစ်စောင် ကျပ် ၁၀၀၀၀ (တစ်သောင်းကျပ်) ဖြင့် ဝယ်ယူကြရပါသည်။ဝယ်ယူလိုသူများပြားလွန်း၍ လျှောက်လွှာရရှိရေး တိုးကြိတ်နေကြပုံများ မီဒီယာများက ဖော်ပြခဲ့ကြပါသည်။သို့ဖြင့် မြေကွက်ဝယ်ယူလိုသူများအား ပထမရက်တွင် တန်းစီတိုကင်ယူရစေပြီး နောက်တစ်နေ့တွင် အဆိုပါတိုကင်ပြ၍ လျှောက်လွှာဝယ်ယူစေသည့် စနစ်သို့ ပြောင်းလဲကျင့်သုံးလိုက်ပါသည်။သည်တွင် မိနစ်ပိုင်းအတွင်း ပြီးနိုင်သည့် အလုပ်တစ်ခုအတွက် ၂ ရက် အလုပ်လုပ်ရပါတော့သည်။ထို့ပြင် တန်းစီတိုကင်ယူ၍ အမှန်တကယ် မြေကွက်ဝယ်မည့်သူအား တိုကင်တစ်ခုလျှင် ကျပ် ၂၀၀၀၀ သို့မဟုတ် ၃၀၀၀၀ ဖြင့် ရောင်းချသူများ ပေါ်ပေါက်လာပါသည်။တန်းမစီလိုသူများက တန်းစီတိုကင် ရောင်းသူတို့ထံမှ မြေကွက်လျှောက်လွှာကို သတ်မှတ်ဈေး ၁၀၀၀၀ ကျပ်အစား ၂၀၀၀၀ သို့မဟုတ် ၃၀၀၀၀ ပေးပြီး ပြန်ဝယ်ကြရပါသည်။

အင်အယ်လ်ဒီအစိုးရ တက်လာစတုန်းက ရန်ကုန်ဝန်ချုပ် ဦးဖြိုးမင်းသိန်း ပြည်ပခရီးစဉ်များ မကြာခဏသွားခဲ့ရသည်ကို မှတ်မိနေပါသည်။ရန်ကုန်ဝန်ချုပ်ကို ပြည်ပခရီးစဉ်များ စေလွှတ်သည့် ရည်ရွယ်ချက်မှာ တခြားတိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံများတွင် လူထုအတွက် မည်သို့စီမံခန့်ခွဲပေးနေကြောင်း လေ့လာနိုင်စေရန်ဟု နားလည်ခဲ့ပါသည်။အထူးသဖြင့် ဒီမိုကရေစီနိုင်ငံများမှ အုပ်ချုပ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ရှိသူများသည် နေ့စဉ် လူထုဘဝ အစစအရာရာ သက်သာလွယ်ကူစေရန် လူထုကို မျက်နှာမူလျက် စီမံခန့်ခွဲပေးကြရပါသည်။ထို့ပြင် ၂၁ ရာစု၌ အစိုးရများ ကုမ္ပဏီများ စက်ရုံအလုပ်ရုံများသည် သမားရိုးကျ လုပ်ကိုင်ဆောင်ရွက်မှုများမှ ဖောက်ထွက်လျက် တီထွင်ကြံဆမှု (Innovation) ကို အလွန်အလေးပေး လုပ်ဆောင်လာကြပါသည်။

ရန်ကုန်အစိုးရအနေဖြင့် ရောင်းမည့်မြေကွက်များ၏ တည်နေရာ၊ မြေကွက်အတိုင်းအတာနှင့် ရောင်းမည့်ဈေးနှုန်း၊ လျှောက်လွှာပုံစံ စသည်တို့ကို အွန်လိုင်းပေါ်တင်ပေး၍ ရပါသည်။လျှောက်လိုသူများက အွန်လိုင်းပေါ်မှတဆင့် လျှောက်ခြင်းဖြင့် ပုံစံလာဝယ်ရသည့်ဒုက္ခ၊ တန်းစီရသည့်ဒုက္ခ၊ အချိန်ကုန်လူပန်းရသည့် ဒုက္ခအပေါင်းမှ လူထုကင်းလွတ်ခွင့်ရကြမည် ဖြစ်ပါသည်။ထို့ပြင် လျှောက်လွှာတစ်စောင် ၅၀၀ (သို့မဟုတ်) ၁၀၀၀ ကျပ်မျှသာ ဖြစ်သင့်ပါလျက် အဘယ်ကဲ့သို့သော လျှောက်လွှာဖြစ်၍ ကျပ်တစ်သောင်းဖြင့် ရောင်းချပါသနည်း။လျှောက်လွှာဝယ်ယူသူတိုင်း မြေကွက်ဝယ်ရန် လျှောက်ချင်မှ လျှောက်ကြပါမည်။သို့ဖြစ်ပါက ရန်ကုန်အစိုးရအနေဖြင့် ဝင်ငွေရလိုက်သော်လည်း လူထုနစ်နာရမည်ဖြစ်သည်။
မကြာမီ အီးအစိုးရ ဖော်ဆောင်တော့မည်ဟု ဟစ်ကြွေးထားသော်လည်း လက်တွေ့တွင် လူထု အချိန်ကုန်၊ လူပန်းမှု မရှိစေမည့်နည်းကို မဖော်ဆောင်နိုင်ရုံသာမက၊ နောက်ဆက်တွဲဝေဖန်မှု မပေါ်ပေါက်လာစေရန် အစိုးရဘက်က အစကနဦးကပင် ပွင့်လင်းမြင်သာချပြရမည့် အချက်အလက်များအား လူထုထံချပြမှု အားနည်းလှသည်ဟုဆိုရမည့် စီမံခန့်ခွဲမှုဖြစ်နေပါသည်။

တင်မင်းသန့် အမည်ဖြင့် ဖေ့စ်ဘုတ်သုံးနေသူတစ်ဦးက သူ့ဖေ့စ်ဘုတ်ပေါ်တွင် ရန်ကုန်အစိုးရ ရောင်းချမည်ဆိုသည့် မြေကွက်များနှင့် ပတ်သက်၍ ဖော်ပြထားသည့် စာများမှာ - “ရန်ကုန်တိုင်းဒေသကြီးမှ ပြည်သူကို မြေကွက်ရောင်းချပေးရန်၊ လျှောက်လွှာတစ်စောင် ၁၀၀၀၀ ကျပ်ဖြင့် ရောင်းချပြီး လျှောက်လွှာနှင့်အတူ ပူးတွဲပါဝင်လာသော မြေကွက်များကို မြေပြင်ကွင်းဆင်းကြည့်ရှု၍ ဘယ်အကွက်လျှောက်ရမလဲဟု ကြည့်သည့်အခါတွင် တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံတို့တွင် ပါဝင်နေသော မြေကွက်များသည် စည်ပင်ရေမရှိ၊ မီးမရှိ၊ လမ်းမရှိ၊ လိုင်းကားမရောက်သေး၊ လူမနေသေးသော ဝေးလံသောနေရာများနှင့် ချောင်ကျသောနေရာများကသာ အများစုဖြစ်နေပြီး တက္ကစီခ ၃၀၀၀၀ ထပ်မံဆုံးရှုံးသွားရပါသည်။အရှေ့ဒဂုံအုပ်ချုပ်ရေးမှူး၏ ပြောပြချက်အရ၊ အဲဒီနေရာတွေက မြေပြင်ပေါက်ဈေး ပေ ၄၀-၆၀ တစ်ကွက်ကို ၃၅ သိန်းတောင် ပေးဝယ်သူမရှိကြောင်း လေ့လာသိရှိရပါသည်။တချို့နေရာများသည် ယခုအချိန်တွင် ရေများ၊ ရွှံ့နွှံများဖြင့် သွားလာဖို့အလွန်ခက်ခဲပါသေးသည်။လှိုင်သာယာ ရွှေပြည်သာ နေရာများတော့ ကျွန်တော်မသိပါ။မိမိချွေးနည်းစာဖြင့် ရှာဖွေထားသော ငွေကလေးများ အလကားမဖြစ်ရအောင် သတိချပ်ကြစေလိုပါသည်” ဟု ရေးသားထားပါသည်။ထို့ပြင် တိုင်းအစိုးရက ရောင်းချသော မြေကွက်များနှင့် ပတ်သက်၍ တခြားစည်းကမ်းသတ်မှတ်ချက်များ ပါဝင်သေးသည်ဟု သိရပါသည်။

ဝယ်ယူလိုက်သည့်မြေပေါ်တွင် ဆောင်ရွက်မည့်လုပ်ငန်း၊ ဝင်ငွေ၊ စီးပွားရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ဆောင်ရွက်မည့် အဆိုပြုချက်များအတွက် အသုံးပြုမည့် ငွေကြေးပမာဏ၊ လုပ်ငန်းစီမံချက်၊ အချိန်ကာလ စသည်တို့ကို ဖော်ပြရမည်ဖြစ်ပါသည်။စက်မှုလုပ်ငန်း ဆောင်ရွက်လိုသူများသည် မြောင်းတကာစက်မှုဇုန်နေရာကိုသာ လျှောက်ထားရမည်ဖြစ်ပြီး၊ လျှောက်လွှာတစ်စောင်လျှင် တစ်နေရာသာ လျှောက်ထားခွင့်ရှိသည်ဟု ဆိုပါသည်။အသုံးပြုခွင့်ရသည့် မြေနေရာအားလုံးကို ၃ နှစ်အတွင်း ပြန်လည်ရောင်းချခွင့်မရှိဘဲ၊ ၆ လအတွင်း မြေကွက်ပေါ်တွင် အဆောက်အဦး ဆောက်လုပ်ပြီးစီးပါက မြေငှားစာချုပ် ဂရန်ထုတ်ပေးမည်ဟု ဆိုပါသည်။

အသုံးပြုခွင့်ရသည့်မြေပေါ်ကို လျှောက်ထားသူအမည်ဖြင့်သာ ထားရှိရမည်ဖြစ်ပြီး ၃ နှစ်အတွင်း အမည်ပြောင်းခွင့်မရှိပါ။မြေကွက်ဝယ်ယူသူများ လိုက်နာရမည့် စည်းကမ်း ၁၃ ချက် ပါဝင်ပြီး ဖောက်ဖျက်ပါက မြေနှင့် အဆောင်အအုံကို အစိုးရက သိမ်းဆည်းမည်ဖြစ်ပါသည်။သို့သော် မြေဖိုးငွေ ပြန်အမ်းမည်မဟုတ်ဟု ဆိုပါသည်။

လျှောက်လွှာတစ်စောင် ကျပ် ၁၀၀၀၀ ဖြင့် ဝယ်ယူခဲ့သူ တစ်ယောက်က လျှောက်လွှာရွက်ကို လုံးချေလျက် ၂၁ ရာစု အီးဂါဗားမင့်အကြို ပြောင်မြောက်လှတဲ့ ပြည်သူကို မျက်နှာမူသော စီမံခန့်ခွဲမှုပါဗျာဟု ရယ်သွမ်းသွေးလိုက်သည်ကို စိတ်မသက်သာစွာ မြင်တွေ့ခဲ့ရပါသည်။

ခင်နှင်းဦး
အောက်တိုဘာ - ၂၃

( Zawgyi )

ဦးသိန္းစိန္ အစိုးရလက္ထက္တုန္းက သန႔္ရွင္းေသာအစိုးရ ေကာင္းမြန္ေသာအုပ္ခ်ဳပ္ေရး ဆိုသည့္စကား အလြန္ေရပန္းစားခဲ့ပါသည္။သို႔ေသာ္ ထိုစကားမ်ားသည္ လက္ေတြ႕အသက္ဝင္မလာဘဲ တစ္လ တစ္ႀကိမ္ ျပည္သူကို သမၼတႀကီး ဦးသိန္းစိန္၏ ေျပာေနက်စကားမွ်သာ ျဖစ္ခဲ့ပါသည္။လက္ေတြ႕တြင္ ယခင့္ ယခင္ အာဏာရွင္အစိုးရမ်ား လက္ထက္ႏွင့္ မကြာျခားလွသည့္ အစိုးရ၏ အုပ္ခ်ဳပ္မႈကိုသာ လူထုရရွိခဲ့ၾကပါသည္။ဦးသိန္းစိန္ အစိုးရသက္တမ္း ထက္ဝက္က်ိဳးလာခ်ိန္တြင္ သမၼတႀကီး ဦးသိန္းစိန္၏ တစ္လ တစ္ႀကိမ္ ေလေျပေလးျဖင့္ မိဘျပည္သူမ်ားခင္ဗ်ား အစခ်ီေျပာေသာ စကားမ်ားကို နားမေထာင္သူ မ်ားျပားလာပါသည္။ဦးသိန္းစိန္၏ အေျပာမ်ားသည္ လက္ေတြ႕ျဖစ္လာမည္ မဟုတ္ေၾကာင္း လူထုနားလည္လာခ်ိန္မွစ၍ ဦးသိန္းစိန္ အရပ္သားတစ္ပိုင္းအစိုးရအေပၚ လူထုယုံၾကည္မႈ စိတ္ဝင္စားမႈမရွိသေလာက္ နည္းပါးသြားပါသည္။

သို႔ျဖင့္ ၂၀၁၅ ေ႐ြးေကာက္ပြဲတြင္ လူထုသည္ အင္အယ္လ္ဒီပါတီအေပၚ ေမွ်ာ္လင့္ခ်က္မ်ားစြာျဖင့္ ပုံေအာမဲေပးခဲ့ၾကပါသည္။အင္အယ္လ္ဒီ မဲဆြယ္စဥ္က လူထုသည္းေျခႀကိဳက္ခဲ့သည္မွာ ေျပာင္းလဲခ်ိန္တန္ၿပီဆိုေသာ လူထုေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္၏ လက္သုံးစကားျဖစ္ပါသည္။လက္ေတြ႕တြင္မူ လူထုေမွ်ာ္မွန္းခဲ့သေလာက္ ေျပာင္းလဲမႈမ်ားကို အင္အယ္လ္ဒီအစိုးရ ေဖာ္ေဆာင္မေပးႏိုင္ခဲ့ေပ။အင္အယ္လ္ဒီအစိုးရသက္တမ္း ၂ ႏွစ္ ေက်ာ္လာခ်ိန္တြင္ အင္အယ္လ္ဒီအစိုးရ၏ အားသာခ်က္ အားနည္းခ်က္မ်ားကို လူထုက ျမင္ေတြ႕လာၾကၿပီျဖစ္ပါသည္။တိုင္းႏွင့္ ျပည္နယ္ အစိုးရမ်ားအနက္ ရန္ကုန္တိုင္းေဒသႀကီးအစိုးရသည္ အဓိကက်႐ုံသာမက တိုင္းျပည္စီးပြားေရးအတြက္ အေရးပါဆုံးေနရာကို တာဝန္ယူထားေစကာမူ၊ အစိုးရ၏ လုပ္ေဆာင္မႈမ်ား အားနည္းေၾကာင္း လူထုကေဝဖန္လာပါသည္။

သက္တမ္းတစ္ႏွစ္ေက်ာ္သာ က်န္ေတာ့သည့္ လက္ရွိအခ်ိန္တြင္ ရန္ကုန္တိုင္းအစိုးရအေနျဖင့္ တခ်ိဳ႕လုပ္ငန္းေဆာင္တာမ်ားကို အစသတ္လုပ္ေဆာင္လာပုံရပါသည္။ထိုသို႔လက္စသတ္လိုသည့္ ကိစၥမ်ားအနက္ ယခင္အစိုးရလက္ထက္ သိမ္းဆည္းခဲ့ေသာ ေျမကိစၥမ်ားကို ကိုင္တြယ္ရာတြင္ ေျမကြက္ေရာင္းမည့္အစီအစဥ္ ပါဝင္လာသည္ဟု ယူဆရပါသည္။
ဤတြင္ စည္ပင္ဌာနႏွင့္ ရန္ကုန္အစိုးရ၏ ျပည္သူကို မ်က္ႏွာမမူသည့္ စီမံခန႔္ခြဲမႈဟုပဲ အမည္တပ္တပ္၊ ပိုမိုဆိုးဝါးလာသည့္ ႀကိဳးနီစနစ္ဟုပဲ အမည္တပ္တပ္ ညံ့ဖ်င္းလွသည့္ စီမံခန႔္ခြဲမႈကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ၾကရပါေတာ့သည္။

၂၀၁၉ ေအာက္တိုဘာ ၇ ရက္ေန႔တြင္ ရန္ကုန္တိုင္းအစိုးရက ေပ ၄၀ - ၆၀ ေျမကြက္တစ္ကြက္လွ်င္ သိန္း ၆၀ ျဖင့္ ေရာင္းခ်ေပးမည္ဟု ေၾကညာခဲ့ပါသည္။ေျမကြက္ဝယ္လိုသူမ်ားသည္ ႏိုင္ငံသားစိစစ္ေရးကပ္ျပားမူရင္းႏွင့္ မိတၱဴျပ၍ ေလွ်ာက္လႊာတစ္ေစာင္ က်ပ္ ၁၀၀၀၀ (တစ္ေသာင္းက်ပ္) ျဖင့္ ဝယ္ယူၾကရပါသည္။ဝယ္ယူလိုသူမ်ားျပားလြန္း၍ ေလွ်ာက္လႊာရရွိေရး တိုးႀကိတ္ေနၾကပုံမ်ား မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါသည္။သို႔ျဖင့္ ေျမကြက္ဝယ္ယူလိုသူမ်ားအား ပထမရက္တြင္ တန္းစီတိုကင္ယူရေစၿပီး ေနာက္တစ္ေန႔တြင္ အဆိုပါတိုကင္ျပ၍ ေလွ်ာက္လႊာဝယ္ယူေစသည့္ စနစ္သို႔ ေျပာင္းလဲက်င့္သုံးလိုက္ပါသည္။သည္တြင္ မိနစ္ပိုင္းအတြင္း ၿပီးႏိုင္သည့္ အလုပ္တစ္ခုအတြက္ ၂ ရက္ အလုပ္လုပ္ရပါေတာ့သည္။ထို႔ျပင္ တန္းစီတိုကင္ယူ၍ အမွန္တကယ္ ေျမကြက္ဝယ္မည့္သူအား တိုကင္တစ္ခုလွ်င္ က်ပ္ ၂၀၀၀၀ သို႔မဟုတ္ ၃၀၀၀၀ ျဖင့္ ေရာင္းခ်သူမ်ား ေပၚေပါက္လာပါသည္။တန္းမစီလိုသူမ်ားက တန္းစီတိုကင္ ေရာင္းသူတို႔ထံမွ ေျမကြက္ေလွ်ာက္လႊာကို သတ္မွတ္ေဈး ၁၀၀၀၀ က်ပ္အစား ၂၀၀၀၀ သို႔မဟုတ္ ၃၀၀၀၀ ေပးၿပီး ျပန္ဝယ္ၾကရပါသည္။

အင္အယ္လ္ဒီအစိုးရ တက္လာစတုန္းက ရန္ကုန္ဝန္ခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ျပည္ပခရီးစဥ္မ်ား မၾကာခဏသြားခဲ့ရသည္ကို မွတ္မိေနပါသည္။ရန္ကုန္ဝန္ခ်ဳပ္ကို ျပည္ပခရီးစဥ္မ်ား ေစလႊတ္သည့္ ရည္႐ြယ္ခ်က္မွာ တျခားတိုးတက္ဖြံ႕ၿဖိဳးၿပီး ႏိုင္ငံမ်ားတြင္ လူထုအတြက္ မည္သို႔စီမံခန႔္ခြဲေပးေနေၾကာင္း ေလ့လာႏိုင္ေစရန္ဟု နားလည္ခဲ့ပါသည္။အထူးသျဖင့္ ဒီမိုကေရစီႏိုင္ငံမ်ားမွ အုပ္ခ်ဳပ္စီမံခန႔္ခြဲမႈဆိုင္ရာ တာဝန္ရွိသူမ်ားသည္ ေန႔စဥ္ လူထုဘဝ အစစအရာရာ သက္သာလြယ္ကူေစရန္ လူထုကို မ်က္ႏွာမူလ်က္ စီမံခန႔္ခြဲေပးၾကရပါသည္။ထို႔ျပင္ ၂၁ ရာစု၌ အစိုးရမ်ား ကုမၸဏီမ်ား စက္႐ုံအလုပ္႐ုံမ်ားသည္ သမား႐ိုးက် လုပ္ကိုင္ေဆာင္႐ြက္မႈမ်ားမွ ေဖာက္ထြက္လ်က္ တီထြင္ႀကံဆမႈ (Innovation) ကို အလြန္အေလးေပး လုပ္ေဆာင္လာၾကပါသည္။

ရန္ကုန္အစိုးရအေနျဖင့္ ေရာင္းမည့္ေျမကြက္မ်ား၏ တည္ေနရာ၊ ေျမကြက္အတိုင္းအတာႏွင့္ ေရာင္းမည့္ေဈးႏႈန္း၊ ေလွ်ာက္လႊာပုံစံ စသည္တို႔ကို အြန္လိုင္းေပၚတင္ေပး၍ ရပါသည္။ေလွ်ာက္လိုသူမ်ားက အြန္လိုင္းေပၚမွတဆင့္ ေလွ်ာက္ျခင္းျဖင့္ ပုံစံလာဝယ္ရသည့္ဒုကၡ၊ တန္းစီရသည့္ဒုကၡ၊ အခ်ိန္ကုန္လူပန္းရသည့္ ဒုကၡအေပါင္းမွ လူထုကင္းလြတ္ခြင့္ရၾကမည္ ျဖစ္ပါသည္။ထို႔ျပင္ ေလွ်ာက္လႊာတစ္ေစာင္ ၅၀၀ (သို႔မဟုတ္) ၁၀၀၀ က်ပ္မွ်သာ ျဖစ္သင့္ပါလ်က္ အဘယ္ကဲ့သို႔ေသာ ေလွ်ာက္လႊာျဖစ္၍ က်ပ္တစ္ေသာင္းျဖင့္ ေရာင္းခ်ပါသနည္း။ေလွ်ာက္လႊာဝယ္ယူသူတိုင္း ေျမကြက္ဝယ္ရန္ ေလွ်ာက္ခ်င္မွ ေလွ်ာက္ၾကပါမည္။သို႔ျဖစ္ပါက ရန္ကုန္အစိုးရအေနျဖင့္ ဝင္ေငြရလိုက္ေသာ္လည္း လူထုနစ္နာရမည္ျဖစ္သည္။
မၾကာမီ အီးအစိုးရ ေဖာ္ေဆာင္ေတာ့မည္ဟု ဟစ္ေႂကြးထားေသာ္လည္း လက္ေတြ႕တြင္ လူထု အခ်ိန္ကုန္၊ လူပန္းမႈ မရွိေစမည့္နည္းကို မေဖာ္ေဆာင္ႏိုင္႐ုံသာမက၊ ေနာက္ဆက္တြဲေဝဖန္မႈ မေပၚေပါက္လာေစရန္ အစိုးရဘက္က အစကနဦးကပင္ ပြင့္လင္းျမင္သာခ်ျပရမည့္ အခ်က္အလက္မ်ားအား လူထုထံခ်ျပမႈ အားနည္းလွသည္ဟုဆိုရမည့္ စီမံခန႔္ခြဲမႈျဖစ္ေနပါသည္။

တင္မင္းသန႔္ အမည္ျဖင့္ ေဖ့စ္ဘုတ္သုံးေနသူတစ္ဦးက သူ႔ေဖ့စ္ဘုတ္ေပၚတြင္ ရန္ကုန္အစိုးရ ေရာင္းခ်မည္ဆိုသည့္ ေျမကြက္မ်ားႏွင့္ ပတ္သက္၍ ေဖာ္ျပထားသည့္ စာမ်ားမွာ - “ရန္ကုန္တိုင္းေဒသႀကီးမွ ျပည္သူကို ေျမကြက္ေရာင္းခ်ေပးရန္၊ ေလွ်ာက္လႊာတစ္ေစာင္ ၁၀၀၀၀ က်ပ္ျဖင့္ ေရာင္းခ်ၿပီး ေလွ်ာက္လႊာႏွင့္အတူ ပူးတြဲပါဝင္လာေသာ ေျမကြက္မ်ားကို ေျမျပင္ကြင္းဆင္းၾကည့္ရႈ၍ ဘယ္အကြက္ေလွ်ာက္ရမလဲဟု ၾကည့္သည့္အခါတြင္ ေတာင္ဒဂုံ၊ ေျမာက္ဒဂုံ၊ အေရွ႕ဒဂုံတို႔တြင္ ပါဝင္ေနေသာ ေျမကြက္မ်ားသည္ စည္ပင္ေရမရွိ၊ မီးမရွိ၊ လမ္းမရွိ၊ လိုင္းကားမေရာက္ေသး၊ လူမေနေသးေသာ ေဝးလံေသာေနရာမ်ားႏွင့္ ေခ်ာင္က်ေသာေနရာမ်ားကသာ အမ်ားစုျဖစ္ေနၿပီး တကၠစီခ ၃၀၀၀၀ ထပ္မံဆုံးရႈံးသြားရပါသည္။အေရွ႕ဒဂုံအုပ္ခ်ဳပ္ေရးမႉး၏ ေျပာျပခ်က္အရ၊ အဲဒီေနရာေတြက ေျမျပင္ေပါက္ေဈး ေပ ၄၀-၆၀ တစ္ကြက္ကို ၃၅ သိန္းေတာင္ ေပးဝယ္သူမရွိေၾကာင္း ေလ့လာသိရွိရပါသည္။တခ်ိဳ႕ေနရာမ်ားသည္ ယခုအခ်ိန္တြင္ ေရမ်ား၊ ႐ႊံ႕ႏႊံမ်ားျဖင့္ သြားလာဖို႔အလြန္ခက္ခဲပါေသးသည္။လႈိင္သာယာ ေ႐ႊျပည္သာ ေနရာမ်ားေတာ့ ကြၽန္ေတာ္မသိပါ။မိမိေခြၽးနည္းစာျဖင့္ ရွာေဖြထားေသာ ေငြကေလးမ်ား အလကားမျဖစ္ရေအာင္ သတိခ်ပ္ၾကေစလိုပါသည္” ဟု ေရးသားထားပါသည္။ထို႔ျပင္ တိုင္းအစိုးရက ေရာင္းခ်ေသာ ေျမကြက္မ်ားႏွင့္ ပတ္သက္၍ တျခားစည္းကမ္းသတ္မွတ္ခ်က္မ်ား ပါဝင္ေသးသည္ဟု သိရပါသည္။

ဝယ္ယူလိုက္သည့္ေျမေပၚတြင္ ေဆာင္႐ြက္မည့္လုပ္ငန္း၊ ဝင္ေငြ၊ စီးပြားေရးလုပ္ငန္း၊ စက္မႈလုပ္ငန္း၊ ေဆာင္႐ြက္မည့္ အဆိုျပဳခ်က္မ်ားအတြက္ အသုံးျပဳမည့္ ေငြေၾကးပမာဏ၊ လုပ္ငန္းစီမံခ်က္၊ အခ်ိန္ကာလ စသည္တို႔ကို ေဖာ္ျပရမည္ျဖစ္ပါသည္။စက္မႈလုပ္ငန္း ေဆာင္႐ြက္လိုသူမ်ားသည္ ေျမာင္းတကာစက္မႈဇုန္ေနရာကိုသာ ေလွ်ာက္ထားရမည္ျဖစ္ၿပီး၊ ေလွ်ာက္လႊာတစ္ေစာင္လွ်င္ တစ္ေနရာသာ ေလွ်ာက္ထားခြင့္ရွိသည္ဟု ဆိုပါသည္။အသုံးျပဳခြင့္ရသည့္ ေျမေနရာအားလုံးကို ၃ ႏွစ္အတြင္း ျပန္လည္ေရာင္းခ်ခြင့္မရွိဘဲ၊ ၆ လအတြင္း ေျမကြက္ေပၚတြင္ အေဆာက္အဦး ေဆာက္လုပ္ၿပီးစီးပါက ေျမငွားစာခ်ဳပ္ ဂရန္ထုတ္ေပးမည္ဟု ဆိုပါသည္။

အသုံးျပဳခြင့္ရသည့္ေျမေပၚကို ေလွ်ာက္ထားသူအမည္ျဖင့္သာ ထားရွိရမည္ျဖစ္ၿပီး ၃ ႏွစ္အတြင္း အမည္ေျပာင္းခြင့္မရွိပါ။ေျမကြက္ဝယ္ယူသူမ်ား လိုက္နာရမည့္ စည္းကမ္း ၁၃ ခ်က္ ပါဝင္ၿပီး ေဖာက္ဖ်က္ပါက ေျမႏွင့္ အေဆာင္အအုံကို အစိုးရက သိမ္းဆည္းမည္ျဖစ္ပါသည္။သို႔ေသာ္ ေျမဖိုးေငြ ျပန္အမ္းမည္မဟုတ္ဟု ဆိုပါသည္။

ေလွ်ာက္လႊာတစ္ေစာင္ က်ပ္ ၁၀၀၀၀ ျဖင့္ ဝယ္ယူခဲ့သူ တစ္ေယာက္က ေလွ်ာက္လႊာ႐ြက္ကို လုံးေခ်လ်က္ ၂၁ ရာစု အီးဂါဗားမင့္အႀကိဳ ေျပာင္ေျမာက္လွတဲ့ ျပည္သူကို မ်က္ႏွာမူေသာ စီမံခန႔္ခြဲမႈပါဗ်ာဟု ရယ္သြမ္းေသြးလိုက္သည္ကို စိတ္မသက္သာစြာ ျမင္ေတြ႕ခဲ့ရပါသည္။

ခင္ႏွင္းဦး
ေအာက္တိုဘာ - ၂၃