【 ဆောင်းပါး 】 “ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ”

【 ဆောင်းပါး 】 “ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ ၂၀၂၀ ရွေးကောက်ပွဲ”

ဒီမိုကရေစီစနစ်တစ်ခုရဲ့ အခြေခံဟာ ပြည်သူလူထုဖြစ်ပါတယ်။တိုင်းပြည်တစ်ပြည်ကိုအုပ်ချုပ်တဲ့ အစိုးရကို ပြည်သူတွေပေးတဲ့ဆန္ဒမဲအရ တင်မြှောက်ရတာဖြစ်ပါတယ်။တိုင်းပြည်တစ်ပြည်မှာရှိတဲ့ မဏ္ဍိုင်ကြီးသုံးရပ်ဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့အထဲမှာ ပြည်သူတွေနဲ့အဓိကသက်ဆိုင်နေတာက ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်နှစ်ခု ပါဝင်နေပါတယ်။တရားစီရင်ရေးမဏ္ဍိုင်ကတော့ ပြည်သူတွေ ဆန္ဒမဲပေးတင်မြှောက်ရတဲ့ မဏ္ဍိုင်မဟုတ်ပါဘူး။

ကျွန်တော်တို့နိုင်ငံအတွက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ၊ ပြည်သူတွေ မဲဆန္ဒပေးပြီးရွေးချယ်လိုက်တဲ့ လွှတ်တော်သုံးရပ်မှာပါဝင်တဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုရှိပါတယ်။အဲဒီပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နှစ်ရပ်ကို ပေါင်းထားတဲ့ ပြည်ထောင်စုလွှတ်တော်က နိုင်ငံတော်သမ္မတသုံးဦးကို တင်မြှောက်ပိုင်ခွင့်ရပါတယ်။အဲဒီပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတနှစ်ဦးကို မဲပေးရွေးချယ်ရပါတယ်။ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေကလည်း ဥပဒေပြုရေးကို ဆက်လက်ဆောင်ရွက်ရပါတယ်။

ပြောမယ်ဆိုရင် လွှတ်တော်တွေ အဓိကရှင်သန်ရပ်တည်နိုင်ဖို့အတွက်က ပြည်သူတွေကအဓိကပါပဲ။ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေဆန္ဒမဲပေးတင်မြှောက်လိုက်လို့ ဒီမိုကရေစီအင်အားစုဖြစ်တဲ့ စစ်အာဏာရှင်ရဲ့ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ပြည်သူအများစုရဲ့ ထောက်ခံအားပေးမှုကိုရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနိုင်ရခဲ့တယ်ပြောလို့ရပါတယ်။အဲဒီ ၂၀၁၅ ခုနှစ်အချိန်မှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်အမြင့်မားဆုံးအချိန်ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနိုင်ရခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ လွှတ်တော်ခေါ်ယူနိုင်ခဲ့သလို၊ အစိုးရကိုလည်းဖွဲ့စည်းနိုင်ခဲ့ပါတယ်။တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဝန်ကြီးချုပ်တွေခန့်အပ်နိုင်ခဲ့ပါတယ်။နိုင်ငံရေးရေချိန်မြင့်မားနေတဲ့ ပြည်သူတွေအနေနဲ့လည်း သူတို့တင်မြှောက်လိုက်တဲ့ လွှတ်တော်နဲ့ အစိုးရကို မျှော်လင့်ချက်ကြီးကြီးမားမားရှိနေခဲ့ကြတယ်။

ဒါပေမယ့် ပြည်သူတွေမျှော်လင့်ချက်အတိုင်း ဖြစ်မလာခဲ့ပါဘူး။ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေဟာ ပြည်သူတွေအကျိုးကို မဆောင်ရွက်နိုင်ကြပါဘူး။တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေရဲ့ လုပ်ဆောင်မှုတွေကို ပြည်သူတွေအားမရတဲ့အပြင် စိတ်ပျက်နေခဲ့ကြပါတယ်။ပြည်သူတွေအတွက် အဓိကလိုလားချက်က စားဝတ်နေရေးပါပဲ။ဒေါ်အောင်ဆန်းစုကြည် ပြောဆိုကတိပေးထားခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်မှုကို ကြည့်မယ်ဆိုရင်လည်း မအောင်မြင်ခဲ့ပါဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာလည်း မအောင်မြင်ခဲ့ပါဘူး။

အဲဒီလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေစိတ်ပျက်နေကြပါတယ်။အခွန်တွေတိုးကောက်ယူနေမှုတွေကြောင့်လည်း ပြည်သူတွေ ပိုဒုက္ခရောက်နေကြရတယ်။ဒီလိုအခြေအနေတွေမှာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်တွေ တဖြေးဖြေးကျဆင်းသွားခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောက်ခြေ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေကလည်း ပြည်သူတွေကိုမစည်းရုံးနိုင်ခဲ့ပါဘူး။မြို့နယ်တွေမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေရော၊ မြို့နယ်စည်းရုံးရေးမှူးတွေရော အရည်အချင်းနည်းပါးနေကြတာကို တွေ့မြင်နေကြရပါတယ်။

ပြည်သူတွေအနေနဲ့ ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ကြုံတွေ့ရတော့မှာဖြစ်ပါတယ်။ပြည်သူတွေက ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်အသစ်နဲ့ အစိုးရအသစ်တွေကိုရရှိနိုင်ဖို့ ဆန္ဒမဲပေးရွေးချယ်ရပါတော့မယ်။အခု မြန်မာပြည်ရဲ့ ပြည်သူတွေထဲမှာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ဆန္ဒမဲပေးဖို့လောက် မတက်ကြွတော့တာကိုလည်း တွေ့နေရပါတယ်။၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေကြပါပြီ။အဓိကပြိုင်ဖက် နိုင်ငံရေးပါတီကြီးနှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်အယ်ဒီ) နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (ပြည်ခိုင်ဖြိုး) တို့က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်နေကြပါတယ်။

ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မထုတ်ဖော်ပြသေးပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့တော့ မြို့နယ်အဆင့်မှာရွေးချယ်ပြီး ဗဟိုလွှတ်တော်ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေးအဆင့်ကိုရောက်နေပါပြီ။သိနေရတဲ့ အခြေအနေတွေအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အဆင့်ကရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပြည်သူတွေအနေနဲ့ သိပ်စိတ်မဝင်စားကြတာကို သိနေရပါတယ်။ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေမကြိုက်နှစ်သက်ခဲ့ကြပါဘူး။အခု ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းအများစုဟာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အများဆုံးပြန်လည်ပါဝင်လာမယ်ဆိုရင် ပြည်သူတွေပိုပြီးစိတ်ပျက်သွားကြမယ် ထင်ပါတယ်။

၂၀၁၅ ခုနှစ်မှာ ပြည်သူတွေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပြီး ဆန္ဒမဲပေးခဲ့ကြတာ ပြည်သူတွေကြုံတွေ့နေရတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကနေ လွတ်မြောက်လိုတဲ့ဆန္ဒတွေကြောင့်ဖြစ်ပါတယ်။ပြောမယ်ဆိုရင် ခေတ်တစ်ခေတ်ကိုပြောင်းလဲလိုကြတဲ့ ပြည်သူတွေရဲ့ဆန္ဒတွေကြောင့် ဖြစ်ပါတယ်။တိုင်းရင်းသားတွေအနေနဲ့လည်း နှစ်ပေါင်းများစွာခံစားခဲ့ရတဲ့ ပြည်တွင်းစစ်ဒဏ်ကနေ လွတ်မြောက်လိုတဲ့ဆန္ဒတွေကြောင့်ဖြစ်ပါတယ်။အဲဒီပြည်သူတွေရဲ့ မျှော်လင့်ချက်တွေဟာ ဖြစ်မလာကြပါဘူး။ပြည်သူတွေစိတ်ပျက်နေခဲ့ကြရပါတယ်။

အခုဆိုရင် အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အင်အယ်ဒီ) ပါတီကြီးနဲ့ အဓိကပြိုင်ဖက် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီကြီးအပြင် တိုင်းရင်းသားပါတီတွေလည်း အင်အားကောင်းလာကြပါတယ်။တခြားပြည်သူတွေရဲ့ စိတ်ဝင်စားမှုအနည်းငယ်ရှိတဲ့ နိုင်ငံရေးပါတီအသစ်တွေလည်းရှိနေပါပြီ။အဲဒီလိုနိုင်ငံရေးပါတီတွေရဲ့ အားပြိုင်မှုဟာ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အခြေအနေထက် ပိုပြီးစိတ်ဝင်စားစရာကောင်းလာမှာပါ။

ဒါပေမယ့် ပြည်သူတွေအနေနဲ့ဆိုရင် ၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို သိပ်စိတ်မဝင်စားကြတာ တွေ့နေရပါတယ်။ပြည်ခိုင်ဖြိုးပါတီအနေနဲ့တော့ ထောက်ခံကြမယ့်ပါတီဝင်တွေကိုပဲ အားကိုးရမှာဖြစ်ပါတယ်။တိုင်းရင်းသားပြည်သူတွေအနေနဲ့လည်း သူတို့တိုင်းရင်းသားပါတီတွေကိုသာ ဆန္ဒမဲပေးကြပါလိမ့်မယ်။အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပါတီသစ်တွေကတော့ နိုင်ငံရေးရေချိန်ကျဆင်းနေတဲ့ ပြည်သူတွေကို ပြန်ပြီးစည်းရုံးရပါလိမ့်မယ်။ ၂၀၁၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဆန္ဒမဲပေးခဲ့ကြသူတွေထဲမှာ တွေဝေနေကြသူတွေများလာပါတယ်။ဆင်းရဲသားပြည်သူတွေအများစုကြီးက ဆန္ဒမဲပေးကြဖို့ထက် ဘဝရှင်သန်ရေးအတွက် ရုန်းကန်နေကြရဖို့အတွက် ပိုစိတ်ဝင်စားနေကြပါပြီ။

အဲဒီအခြေအနေတွေထက် ပိုဆိုးနေတာက နိုင်ငံရေးရေချိန်ရှိနေတဲ့လူတွေက No Vote ဆိုတဲ့ သဘောထားတွေ ထွက်လာပါတယ်။ဘယ်ပါတီကိုမှ ဆန္ဒမဲမပေးကြတော့ဘူးဆိုတာပါပဲ။ဒီလို No Vote သဘောထားရှိသူတွေကို အပြစ်ပြောလို့မရနိုင်ပါဘူး။နိုင်ငံရေးပါတီတွေရဲ့ ဆောင်ရွက်ချက်တွေက ပြည်သူတွေကိုအကျိုးမပြုနိုင်ကြဘူးလို့ ထင်မှတ်သွားကြလို့ဖြစ်ပါတယ်။ဘယ်အစိုးရတက်တက် ဘာမှမထူးခြားလာနိုင်ပါဘူးလို့ ယူဆနေကြတာပါ။ဒီအယူအဆဟာ မှားယွင်းတယ်လို့ပြောနိုင်မှာပါ။ပြည်သူတစ်ယောက်ရဲ့ ရပိုင်ခွင့်ဖြစ်တဲ့ ဆန္ဒမဲပေးရွေးချယ်မှုကို တန်ဖိုးထားကြရမှာပါ။

ဒါပေမယ့် ပေးပိုင်ခွင့်ရှိတဲ့ဆန္ဒမဲကို မပေးချင်ကြတာကို ပြန်ကြည့်မယ်ဆိုရင် ဒီမိုကရေစီစနစ်ပေါ်ပေါက်လာအောင် နိုင်ငံရေးပါတီတွေက မဆောင်ရွက်နိုင်ကြတော့ဘူးဆိုတာကို သိနိုင်ပါတယ်။ပြည်သူတွေမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိနေသလို၊ ဆန္ဒမဲမပေးပိုင်ခွင့်လည်းရှိရမှာပါ။
ပြည်သူတွေဆန္ဒမဲပေးချင်လာအောင် ဆောင်ရွက်ရမှာက နိုင်ငံရေးပါတီတွေပါပဲ။နိုင်ငံရေးပါတီတွေမှာ တာဝန်အပြည့်အဝရှိပါတယ်။ No Vote ဆိုတဲ့ သဘောထားတွေရှိလာကြတာ နိုင်ငံရေးပါတီတွေကို မယုံကြည်ကြတဲ့သဘောဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒမဲပေးမှု နည်းပါးနေပါလိမ့်မယ်။ဒီလိုအခြေအနေဖြစ်လာတာ ပြည်သူတွေရဲ့ နိုင်ငံရေးရေချိန်နဲ့ အများကြီးသက်ဆိုင်နေပါတယ်။ဒီမိုကရေစီစနစ်အရ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေအဓိကထားရမှာက မိမိပါတီအနိုင်ရဖို့ ကြိုးပမ်းဆောင်ရွက်နေခြင်းထက် ပြည်သူတွေရပိုင်ခွင့်ရှိတဲ့ ဆန္ဒမဲပေးရွေးချယ်လာချင်အောင် ဆောင်ရွက်နိုင်ဖို့ ကြိုးစားကြဖို့ဖြစ်ပါတယ်။ပြည်သူတွေ နိုင်ငံရေးရေချိန် ပြန်မြင့်တက်လာအောင် ဆောင်ရွက်ပေးနိုင်ပါမှ ပါတီစုံအထွေထွေရွေးကောက်ပွဲဟာ အသက်ဝင်နိုင်ပါလိမ့်မယ်။

မြတ်လှိုင်း
သြဂုတ် - ၁

( Zawgyi )

ဒီမိုကေရစီစနစ္တစ္ခုရဲ႕ အေျခခံဟာ ျပည္သူလူထုျဖစ္ပါတယ္။တိုင္းျပည္တစ္ျပည္ကိုအုပ္ခ်ဳပ္တဲ့ အစိုးရကို ျပည္သူေတြေပးတဲ့ဆႏၵမဲအရ တင္ေျမႇာက္ရတာျဖစ္ပါတယ္။တိုင္းျပည္တစ္ျပည္မွာရွိတဲ့ မ႑ိဳင္ႀကီးသုံးရပ္ျဖစ္တဲ့ ဥပေဒျပဳေရး၊ အုပ္ခ်ဳပ္ေရး၊ တရားစီရင္ေရးဆိုတဲ့အထဲမွာ ျပည္သူေတြနဲ႔အဓိကသက္ဆိုင္ေနတာက ဥပေဒျပဳေရးနဲ႔ အုပ္ခ်ဳပ္ေရးမ႑ိဳင္ႏွစ္ခု ပါဝင္ေနပါတယ္။တရားစီရင္ေရးမ႑ိဳင္ကေတာ့ ျပည္သူေတြ ဆႏၵမဲေပးတင္ေျမႇာက္ရတဲ့ မ႑ိဳင္မဟုတ္ပါဘူး။

ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ၊ ျပည္သူေတြ မဲဆႏၵေပးၿပီးေ႐ြးခ်ယ္လိုက္တဲ့ လႊတ္ေတာ္သုံးရပ္မွာပါဝင္တဲ့ ျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ခုရွိပါတယ္။အဲဒီျပည္သူ႔လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ႏွစ္ရပ္ကို ေပါင္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္က ႏိုင္ငံေတာ္သမၼတသုံးဦးကို တင္ေျမႇာက္ပိုင္ခြင့္ရပါတယ္။အဲဒီျပည္ေထာင္စုလႊတ္ေတာ္မွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ႏိုင္ငံေတာ္သမၼတနဲ႔ ဒုတိယသမၼတႏွစ္ဦးကို မဲေပးေ႐ြးခ်ယ္ရပါတယ္။ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္နဲ႔ တိုင္းေဒသႀကီး/ျပည္နယ္ လႊတ္ေတာ္ေတြကလည္း ဥပေဒျပဳေရးကို ဆက္လက္ေဆာင္႐ြက္ရပါတယ္။

ေျပာမယ္ဆိုရင္ လႊတ္ေတာ္ေတြ အဓိကရွင္သန္ရပ္တည္ႏိုင္ဖို႔အတြက္က ျပည္သူေတြကအဓိကပါပဲ။ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္သူေတြဆႏၵမဲေပးတင္ေျမႇာက္လိုက္လို႔ ဒီမိုကေရစီအင္အားစုျဖစ္တဲ့ စစ္အာဏာရွင္ရဲ႕ အတိုက္အခံပါတီ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာ အႏိုင္ရခဲ့တာျဖစ္ပါတယ္။ျပည္သူအမ်ားစုရဲ႕ ေထာက္ခံအားေပးမႈကိုရထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အႏိုင္ရခဲ့တယ္ေျပာလို႔ရပါတယ္။အဲဒီ ၂၀၁၅ ခုႏွစ္အခ်ိန္မွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္အျမင့္မားဆုံးအခ်ိန္ျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အႏိုင္ရခဲ့ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုနဲ႔ လႊတ္ေတာ္ေခၚယူႏိုင္ခဲ့သလို၊ အစိုးရကိုလည္းဖြဲ႕စည္းႏိုင္ခဲ့ပါတယ္။တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဝန္ႀကီးခ်ဳပ္ေတြခန႔္အပ္ႏိုင္ခဲ့ပါတယ္။ႏိုင္ငံေရးေရခ်ိန္ျမင့္မားေနတဲ့ ျပည္သူေတြအေနနဲ႔လည္း သူတို႔တင္ေျမႇာက္လိုက္တဲ့ လႊတ္ေတာ္နဲ႔ အစိုးရကို ေမွ်ာ္လင့္ခ်က္ႀကီးႀကီးမားမားရွိေနခဲ့ၾကတယ္။

ဒါေပမယ့္ ျပည္သူေတြေမွ်ာ္လင့္ခ်က္အတိုင္း ျဖစ္မလာခဲ့ပါဘူး။ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြဟာ ျပည္သူေတြအက်ိဳးကို မေဆာင္႐ြက္ႏိုင္ၾကပါဘူး။တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေတြရဲ႕ လုပ္ေဆာင္မႈေတြကို ျပည္သူေတြအားမရတဲ့အျပင္ စိတ္ပ်က္ေနခဲ့ၾကပါတယ္။ျပည္သူေတြအတြက္ အဓိကလိုလားခ်က္က စားဝတ္ေနေရးပါပဲ။ေဒၚေအာင္ဆန္းစုၾကည္ ေျပာဆိုကတိေပးထားခဲ့တဲ့ ျပည္တြင္းၿငိမ္းခ်မ္းေရးေဆာင္႐ြက္မႈကို ၾကည့္မယ္ဆိုရင္လည္း မေအာင္ျမင္ခဲ့ပါဘူး။ ၂၀၀၈ ဖြဲ႕စည္းပုံျပင္ဆင္ေရးဆိုတာလည္း မေအာင္ျမင္ခဲ့ပါဘူး။

အဲဒီလို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဦးေဆာင္တဲ့ လႊတ္ေတာ္နဲ႔ အစိုးရအဖြဲ႕ကို ျပည္သူေတြစိတ္ပ်က္ေနၾကပါတယ္။အခြန္ေတြတိုးေကာက္ယူေနမႈေတြေၾကာင့္လည္း ျပည္သူေတြ ပိုဒုကၡေရာက္ေနၾကရတယ္။ဒီလိုအေျခအေနေတြမွာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္ေတြ တေျဖးေျဖးက်ဆင္းသြားခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေအာက္ေျခ ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြကလည္း ျပည္သူေတြကိုမစည္း႐ုံးႏိုင္ခဲ့ပါဘူး။ၿမိဳ႕နယ္ေတြမွာရွိတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေရာ၊ ၿမိဳ႕နယ္စည္း႐ုံးေရးမႉးေတြေရာ အရည္အခ်င္းနည္းပါးေနၾကတာကို ေတြ႕ျမင္ေနၾကရပါတယ္။

ျပည္သူေတြအေနနဲ႔ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ႀကဳံေတြ႕ရေတာ့မွာျဖစ္ပါတယ္။ျပည္သူေတြက ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္အသစ္နဲ႔ အစိုးရအသစ္ေတြကိုရရွိႏိုင္ဖို႔ ဆႏၵမဲေပးေ႐ြးခ်ယ္ရပါေတာ့မယ္။အခု ျမန္မာျပည္ရဲ႕ ျပည္သူေတြထဲမွာ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ဆႏၵမဲေပးဖို႔ေလာက္ မတက္ႂကြေတာ့တာကိုလည္း ေတြ႕ေနရပါတယ္။၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေနၾကပါၿပီ။အဓိကၿပိဳင္ဖက္ ႏိုင္ငံေရးပါတီႀကီးႏွစ္ခုျဖစ္တဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အင္အယ္ဒီ) နဲ႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးပါတီ (ျပည္ခိုင္ၿဖိဳး) တို႔က လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ေနၾကပါတယ္။

ျပည္ခိုင္ၿဖိဳးပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မထုတ္ေဖာ္ျပေသးပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ေတာ့ ၿမိဳ႕နယ္အဆင့္မွာေ႐ြးခ်ယ္ၿပီး ဗဟိုလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း စိစစ္ေ႐ြးခ်ယ္ေရးအဆင့္ကိုေရာက္ေနပါၿပီ။သိေနရတဲ့ အေျခအေနေတြအရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အဆင့္ကေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ျပည္သူေတြအေနနဲ႔ သိပ္စိတ္မဝင္စားၾကတာကို သိေနရပါတယ္။ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ျပည္သူေတြမႀကိဳက္ႏွစ္သက္ခဲ့ၾကပါဘူး။အခု ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအမ်ားစုဟာ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားဆုံးျပန္လည္ပါဝင္လာမယ္ဆိုရင္ ျပည္သူေတြပိုၿပီးစိတ္ပ်က္သြားၾကမယ္ ထင္ပါတယ္။

၂၀၁၅ ခုႏွစ္မွာ ျပည္သူေတြအေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ၿပီး ဆႏၵမဲေပးခဲ့ၾကတာ ျပည္သူေတြႀကဳံေတြ႕ေနရတဲ့ စစ္အာဏာရွင္စနစ္ဆိုးႀကီးကေန လြတ္ေျမာက္လိုတဲ့ဆႏၵေတြေၾကာင့္ျဖစ္ပါတယ္။ေျပာမယ္ဆိုရင္ ေခတ္တစ္ေခတ္ကိုေျပာင္းလဲလိုၾကတဲ့ ျပည္သူေတြရဲ႕ဆႏၵေတြေၾကာင့္ ျဖစ္ပါတယ္။တိုင္းရင္းသားေတြအေနနဲ႔လည္း ႏွစ္ေပါင္းမ်ားစြာခံစားခဲ့ရတဲ့ ျပည္တြင္းစစ္ဒဏ္ကေန လြတ္ေျမာက္လိုတဲ့ဆႏၵေတြေၾကာင့္ျဖစ္ပါတယ္။အဲဒီျပည္သူေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြဟာ ျဖစ္မလာၾကပါဘူး။ျပည္သူေတြစိတ္ပ်က္ေနခဲ့ၾကရပါတယ္။

အခုဆိုရင္ အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အင္အယ္ဒီ) ပါတီႀကီးနဲ႔ အဓိကၿပိဳင္ဖက္ အတိုက္အခံ ျပည္ခိုင္ၿဖိဳးပါတီႀကီးအျပင္ တိုင္းရင္းသားပါတီေတြလည္း အင္အားေကာင္းလာၾကပါတယ္။တျခားျပည္သူေတြရဲ႕ စိတ္ဝင္စားမႈအနည္းငယ္ရွိတဲ့ ႏိုင္ငံေရးပါတီအသစ္ေတြလည္းရွိေနပါၿပီ။အဲဒီလိုႏိုင္ငံေရးပါတီေတြရဲ႕ အားၿပိဳင္မႈဟာ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ အေျခအေနထက္ ပိုၿပီးစိတ္ဝင္စားစရာေကာင္းလာမွာပါ။

ဒါေပမယ့္ ျပည္သူေတြအေနနဲ႔ဆိုရင္ ၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို သိပ္စိတ္မဝင္စားၾကတာ ေတြ႕ေနရပါတယ္။ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ေတာ့ ေထာက္ခံၾကမယ့္ပါတီဝင္ေတြကိုပဲ အားကိုးရမွာျဖစ္ပါတယ္။တိုင္းရင္းသားျပည္သူေတြအေနနဲ႔လည္း သူတို႔တိုင္းရင္းသားပါတီေတြကိုသာ ဆႏၵမဲေပးၾကပါလိမ့္မယ္။အာဏာရ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ပါတီသစ္ေတြကေတာ့ ႏိုင္ငံေရးေရခ်ိန္က်ဆင္းေနတဲ့ ျပည္သူေတြကို ျပန္ၿပီးစည္း႐ုံးရပါလိမ့္မယ္။ ၂၀၁၅ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကို ဆႏၵမဲေပးခဲ့ၾကသူေတြထဲမွာ ေတြေဝေနၾကသူေတြမ်ားလာပါတယ္။ဆင္းရဲသားျပည္သူေတြအမ်ားစုႀကီးက ဆႏၵမဲေပးၾကဖို႔ထက္ ဘဝရွင္သန္ေရးအတြက္ ႐ုန္းကန္ေနၾကရဖို႔အတြက္ ပိုစိတ္ဝင္စားေနၾကပါၿပီ။

အဲဒီအေျခအေနေတြထက္ ပိုဆိုးေနတာက ႏိုင္ငံေရးေရခ်ိန္ရွိေနတဲ့လူေတြက No Vote ဆိုတဲ့ သေဘာထားေတြ ထြက္လာပါတယ္။ဘယ္ပါတီကိုမွ ဆႏၵမဲမေပးၾကေတာ့ဘူးဆိုတာပါပဲ။ဒီလို No Vote သေဘာထားရွိသူေတြကို အျပစ္ေျပာလို႔မရႏိုင္ပါဘူး။ႏိုင္ငံေရးပါတီေတြရဲ႕ ေဆာင္႐ြက္ခ်က္ေတြက ျပည္သူေတြကိုအက်ိဳးမျပဳႏိုင္ၾကဘူးလို႔ ထင္မွတ္သြားၾကလို႔ျဖစ္ပါတယ္။ဘယ္အစိုးရတက္တက္ ဘာမွမထူးျခားလာႏိုင္ပါဘူးလို႔ ယူဆေနၾကတာပါ။ဒီအယူအဆဟာ မွားယြင္းတယ္လို႔ေျပာႏိုင္မွာပါ။ျပည္သူတစ္ေယာက္ရဲ႕ ရပိုင္ခြင့္ျဖစ္တဲ့ ဆႏၵမဲေပးေ႐ြးခ်ယ္မႈကို တန္ဖိုးထားၾကရမွာပါ။

ဒါေပမယ့္ ေပးပိုင္ခြင့္ရွိတဲ့ဆႏၵမဲကို မေပးခ်င္ၾကတာကို ျပန္ၾကည့္မယ္ဆိုရင္ ဒီမိုကေရစီစနစ္ေပၚေပါက္လာေအာင္ ႏိုင္ငံေရးပါတီေတြက မေဆာင္႐ြက္ႏိုင္ၾကေတာ့ဘူးဆိုတာကို သိႏိုင္ပါတယ္။ျပည္သူေတြမွာ ဆႏၵမဲေပးပိုင္ခြင့္ရွိေနသလို၊ ဆႏၵမဲမေပးပိုင္ခြင့္လည္းရွိရမွာပါ။
ျပည္သူေတြဆႏၵမဲေပးခ်င္လာေအာင္ ေဆာင္႐ြက္ရမွာက ႏိုင္ငံေရးပါတီေတြပါပဲ။ႏိုင္ငံေရးပါတီေတြမွာ တာဝန္အျပည့္အဝရွိပါတယ္။ No Vote ဆိုတဲ့ သေဘာထားေတြရွိလာၾကတာ ႏိုင္ငံေရးပါတီေတြကို မယုံၾကည္ၾကတဲ့သေဘာျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္သူေတြရဲ႕ဆႏၵမဲေပးမႈ နည္းပါးေနပါလိမ့္မယ္။ဒီလိုအေျခအေနျဖစ္လာတာ ျပည္သူေတြရဲ႕ ႏိုင္ငံေရးေရခ်ိန္နဲ႔ အမ်ားႀကီးသက္ဆိုင္ေနပါတယ္။ဒီမိုကေရစီစနစ္အရ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြအဓိကထားရမွာက မိမိပါတီအႏိုင္ရဖို႔ ႀကိဳးပမ္းေဆာင္႐ြက္ေနျခင္းထက္ ျပည္သူေတြရပိုင္ခြင့္ရွိတဲ့ ဆႏၵမဲေပးေ႐ြးခ်ယ္လာခ်င္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ ႀကိဳးစားၾကဖို႔ျဖစ္ပါတယ္။ျပည္သူေတြ ႏိုင္ငံေရးေရခ်ိန္ ျပန္ျမင့္တက္လာေအာင္ ေဆာင္႐ြက္ေပးႏိုင္ပါမွ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲဟာ အသက္ဝင္ႏိုင္ပါလိမ့္မယ္။

ျမတ္လႈိင္း
ၾသဂုတ္ - ၁