【 ဆောင်းပါး 】 “ပြန်လည်ဆန်းစစ်မိသော မြန်မာ့ဒီမိုကရေစီလားရာအရွေ့”

【 ဆောင်းပါး 】 “ပြန်လည်ဆန်းစစ်မိသော မြန်မာ့ဒီမိုကရေစီလားရာအရွေ့”

မိမိတို့ငယ်စဉ်က အရင်းရှင်နယ်ချဲ့၊ ဆိုရှယ်လစ်၊ ကွန်မြူနစ်ဟူသော ဝေါဟာရအသုံးအနှုန်းများစွာ ခေတ်စားခဲ့သည်။ဟိုတုန်းကတော့ အခြားနိုင်ငံများကို ကျူးကျော်သိမ်းပိုက်ကာ ဗိုလ်ကျစိုးမိုးသည့် နယ်ချဲ့ဝါဒကို လွန်စွာမုန်းတီးခဲ့ကြသည်။ထိုအချိန်က အရင်းရှင်နယ်ချဲ့ထက် ဆိုရှယ်လစ်နှင့် ကွန်မြူနစ်ဟူသော အသုံးအနှုန်းများက မိမိတို့နိုင်ငံတွင် များစွာလွှမ်းမိုးခဲ့သည်။သို့သော် ထိုမှ ဆယ်စုနှစ်များစွာအကြာတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်ဟူသော အသုံးအနှုန်းများ မှေးမှိန်ုဆုတ်ယုတ်လာခဲ့ပြီး ဒီမိုကရေစီဟူသော ဝေါဟာရက အစားထိုးဝင်ရောက်လာခဲ့သည်။

ဒီမိုကရေစီ ဝေါဟာရ တွင်ကျယ်လာချိန်တွင် ဒီမိုကရေစီ ဝေါဟာရက မိမိတို့အား စိတ်ဝင်တစားဖြစ်လာစေခဲ့သည်။ဒီမိုကရေစီ ဆိုသည်မှာ ဘာလဲ။ဒီမိုကရေစနစ်၏ အကျိုးသက်ရောက်မှုတွေက ဘာတွေလဲ။ဆိုရလျှင် အာဏာရှင်ဆန်ဆန် စိုးမိုးအုပ်ချုပ်မှုအောက်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ရသည်။မိမိတို့အတွက်  ဒီမိုကရေစီဟူသည်မှာ လေ့လာဆန်းစစ်စရာ ဖြစ်လာခဲ့သည်။မည်သို့ဆိုစေ ဒီမိုကရေစီသည် ကန့်သတ်ထိန်းချုပ်မှု၊ မမျှတမှု၊ ဆင်းရဲတွင်းနက်မှုတို့မှ မိမိတို့ကို ကယ်တင်ပေးမည့် စနစ်တစ်ခုအဖြစ် ယုံကြည်အားထားလာခဲ့သည်မှာလည်း အမှန်ပင်ဖြစ်သည်။

ထိုသို့ ယုံကြည်ရလောက်အောင်လည်း ဒီမိုကရေစီစနစ်က လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများကို ကျင်းပပေးနိုင်မည်။ပြည်သူလူထု အလိုကျ အစိုးရတစ်ရပ်ကို ရွေးကောက်တင်မြှောက်နိုင်မည်။နိုင်ငံရေးတွင် လူတိုင်းပါဝင်နိုင်မည်။ဒီမိုကရေစီက နိုင်ငံသားအားလုံး၏ အခွင့်အရေးကို ကာကွယ်ပေးမည့်စနစ်၊ တရားဥပဒေ၏ အထက်တွင် မည်သူမျှမရှိစေရဟူသော စနစ်လည်း ဖြစ်သည်။ယင်းသည်ပင် နှစ်ပေါင်း ၆ဝ နီးပါးခန့် မိမိတို့နိုင်ငံကို စိုးမိုးအုပ်ချုပ်ခဲ့သည့် အာဏာရှင်စနစ်အောက်မှ ရုန်းထွက်နိုင်ရေးအတွက် ဒီမိုကရေစီကို တစ်ညီတစ်ညွတ်တည်း တောင်းဆိုစေခဲ့ခြင်းဖြစ်သည်။ဒီမိုကရေစီ ကျင့်သုံးတတ်သော အစိုးရတစ်ရပ် ပေါ်ပေါက်လာရေးအတွက် တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသည်။မည့်သို့ဆိုစေ နှစ်ပေါင်း ၆ဝ နီးပါး အကြာတွင် မိမိတို့နိုင်ငံတွင် ဒီမိုကရေစီ ကျင့်သုံးသော အစိုးရတစ်ရပ် အမှန်ပင်ပေါ်ထွက်လာခဲ့ပြီဖြစ်သည်။သို့တစေ ဒီမိုကရေစီ အစိုးရတစ်ရပ် ပေါ်ပေါက်လာပြီးနောက်ပိုင်း မိမိတို့နိုင်ငံတွင် အမှန်တကယ်ပင် ဒီမိုကရေစီ အနှစ်သာရများကို ရရှိခံစားခွင့် ရရှိနေကြပါပြီလားဟူ၍ ပြန်လည်ဆန်းစစ်ကြရတော့မည်ဖြစ်သည်။

အမှန်စစ်စစ် မိမိတို့ လိုလိုလားလား ရွေးချယ်တင်မြှောက်ခဲ့သော ဒီမိုကရေစီအစိုးရသည် ဒီမိုကရေစီကို အပြည့်အဝကျင့်သုံးနိုင်ခြင်း မရှိသည့် အစိုးရတစ်ရပ်အဖြစ် ရှိနေသည်ကို နားလည်းသဘောပေါက်မှုနှင့်အတူ မိမိတို့နိုင်ငံ၏ လက်ရှိအခြေအနေကို လေ့လာဆန်းစစ်သင့်လှသည်ဟု ထင်သည်။မိမိတို့နိုင်ငံ၏ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေး အဦးအစ ကြိုးပမ်းမှုကာလကိုကြည့်လျှင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီလိုလားမှု၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားမှုများအပေါ်  ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်နေသည့် အနောက်နိုင်ငံတို့ထံမှ အင်တိုက်အားတိုက် ထောက်ခံအားပေးမှုများ ရရှိခဲ့ကြသည်။အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ပြင်သစ် စသည်ကဲ့သို့သော အနောက်အင်အားကြီး နိုင်ငံတို့၏ စိတ်အားထက်သန်စွာ ထောက်ခံအားပေးမှုမှာ မိမိတို့နိုင်ငံ၏ ဒီမိုကရေစီ အဦးအစကာလအတွက် များစွာအားတက်စရာ ဖြစ်ခဲ့ကြရသည်။

သို့တစေ ဒီမိုကရေစီ အဦးအစ အားတက်မှုနှင့်အတူ မိမိတို့နိုင်ငံအတွက် တိုးတက်ပြောင်းလဲလာမည့် အလားအလာ မျှော်လင့်ချက်ရောင်ခြည် သန်းလာချိန်မှာပင် မိမိတို့နိုင်ငံမှာ ကံဆိုးမိုးမှောင်ကျမှုတည်းဟူသော ဘေးဒုက္ခအန္တရာယ် ချောက်ကမ်းပါးရှိရာ ဦးတည်စေမည့် ရခိုင်ပြည်နယ် အကျပ်အတည်း ပြဿနာတစ်ရပ်က ဆိုင်းမဆင့်ဗုံးမဆင့် ဆိုသလို ပေါ်ပေါက်လာခဲ့ပါလေသည်။ထိုသို့သော ရခိုင်ပြည်နယ် အကျပ်အတည်း ပြဿနာသည်ပင် မိမိတု့ိနိုင်ငံ၏ ဒီမိုကရေစီအရေးကို အားတက်သရော ထောက်ခံအားပေးခဲ့သော နိုင်ငံတကာ ဒီမိုကရေစီအသိုင်းအဝိုင်းက မိမိတို့နိုင်ငံအတွက် ပေါ်ပေါက်လာမည့် အခြေအနေကောင်းတစ်ရပ်ကို ပြောင်းပြန်လှန်လိုက်သလို  မိမိတို့နိုင်ငံအား  ဘေးဒုက္ခအန္တရာယ် ချောက်ကမ်းပါးရှိရာ ဝိုင်းဝန်းတွန်းပို့နေသလိုပင် ဖြစ်စေခဲ့ပါသည်။

အမှန်ဆိုရလျှင် ဒီမိုကရေစီ ဖြစ်ထွန်းတိုးတက်နေသော အနောက်အင်အားကြီး နိုင်ငံအများစုသည် ကမ္ဘာ့တလွှားရှိ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး လှုပ်ရှားမှုတိုင်းတွင် ပါဝင်ပတ်သက်နေတတ်ကြသည့် နိုင်ငံများဖြစ်သည်။သူတို့က ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးကို အားပေးသည်၊ ထောက်ခံသည်၊ ကူညီထောက်ပံ့ကြသည်။သို့တစေ ထိုသို့သော အားပေးထောက်ခံ ကူညီထောက်ပံ့မှုတိုင်းတွင် သူတို့၏ အကျိုးစီးပွားနှင့်ယှဉ်သည့် အကူအညီပေးမှုများ ဖြစ်နေတတ်သည်ကို သမိုင်းနောက်ခံ အကြောင်းဖြစ်ရပ်များအရ မိမိတို့ သတိပြုဆင်ခြင်နိုင်မည်ဖြစ်သည်။

ထိုသို့သော သဘောကို အတိတ်သမိုင်းမှ ကောက်နှုတ်ကြည့်မည်ဆိုလျှင် ဒီမိုကရေစီ ထွန်းကားတိုးတက်နေသည့် အနောက်နိုင်ငံတို့က အခြားသောနိုင်ငံများတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးကို ဝင်ရောက်စွက်ဖက်ကာ ကူညီမှုပြုရာတွင် သူတို့၏ ကိုယ်ကျိုးစီးပွားများအတွက်ပါ တစ်ပါတည်းဖော်ဆောင်တတ်ကြသည်ကို တွေ့ခဲ့၊ မြင်ခဲ့၊ ကြားရသောကြောင့်လည်းဖြစ်သည်။ဆိုရလျှင် အနောက်နိုင်ငံတို့က ကမ္ဘာတစ်လွှားတွင် ဒီမိုကရေစီစနစ် ဖြစ်ပေါ်တိုးတက်ရေးနှင့်အတူ သူတို့၏ သြဇာအရှိန်အဝါ လွှမ်းမိုးရေးကိုပါ တစ်ပါတည်း လုပ်ဆောင်လာတတ်သည့် သဘောကို စဉ်ဆက်မပြတ် တွေ့မြင်နေရသည်မှာ သာဓကပင်ဖြစ်ပါသည်။

သို့တစေ မျက်မှောက်ခေတ်ကာလ အနောက်အင်အားကြီး နိုင်ငံတို့၏ အရှိန်အဝါလွှမ်းမိုးရေး ခြေလှမ်းများမှာ အာရှနိုင်ငံအချို့၏ အင်အားချိန်ခွင်လျှာ အပြောင်းအလဲနှင့်အတူ မျှော်လင့်ထားခြင်း မရှိလောက်သည့် ပြိုင်ဆိုင်မှုအခင်းအကျင်းသစ်များကို တွေ့ကြုံရင်ဆိုင်လာခဲ့ကြရသည်မှာလည်း အမှန်ပင်ဖြစ်သည်။အထူးသဖြင့် တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ တောင်ကိုးရီးယားတို့ကဲ့သို့သော အာရှနိုင်ငံတို့၏ စီးပွားရေးအရှိန်အဝါ ကြီးထွားလာမှု၊ ခေတ်မီလက်နက်အင်အား ကြီးထွားလာမှုတို့က အနောက်အင်အားကြီး နိုင်ငံတို့အတွက် ဝိတ်တန်းချင်းညီမျှသည့် ပြိုင်ဘက်များ ဖြစ်လာခဲ့ခြင်းကလည်း အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်အင်အားကြီး နိုင်ငံတို့အတွက် စိုးရိမ်ပူပင်စရာ ဖြစ်လာခဲ့ရပါသည်။

အထူးသဖြင့် မျက်မှောက်ခေတ်ကာလတွင် အမေရိကန်သာ ပထမဟူသော သဘောထားရပ်တည်ချက်ရှိသည့် ဒေါ်နယ်ထရမ့် ကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦး သမ္မတဖြစ်လာချိန်တွင် စီးပွားရေး သြဇာအရှိန်အဝါ နယ်ပယ်ချဲ့ထွင်လာသော တရုတ်နိုင်ငံမှာ ထရမ့်အစိုးရအတွက် အသေအချာ ပစ်မှတ်ထားတိုက်ခတ်ရမည့် မဟာပြိုင်ဖက်အသွင် ဆောင်လာခဲ့သောကြောင့်လည်း ဖြစ်သည်။ဆိုရလျှင် မကြာသေးမီက တရုတ်နိုင်ငံက တစ်ကမ္ဘာလုံးကို စီးပွားရေးနယ်ပယ် ချဲ့ထွင်မှုပြုမည့် “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်းတည်း” ဟူသော ခေတ်သစ် ပိုးလမ်းမသစ် စီမံကိန်းမှာ ထရမ့်အစိုးရအတွက် မျက်စိဆံပင်မွှေးစူးစရာ စီမံကိန်းအဖြစ် ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။

မိမိတို့နိုင်ငံ၏ နိုင်ငံရေးသမိုင်းဖြစ်ရပ်များကို ကြည့်လျှင် တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့သော တစ်ပါတီအာဏာရှင်ခေတ် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကင်းကွာကာ အထီးကျန်ဆန်သလိုရှိခဲ့သော စစ်အစိုးရ ခေတ်အဆက်ဆက်မှ ၂ဝ၁၁ ခုနှစ်၊ အရပ်သားတစ်ဝက် အစိုးရလက်ထက်အထိ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ် ကျဉ်းမြောင်းမှု အကျိုးဆက်ကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံအပေါ် မှီခိုအားထားခဲ့ရသည်။၂ဝ၁၁ ခုနှစ်၊ အစိုးရလက်ထက်တွင် ပြုပြင်ပြောင်းလဲမှုများနှင့်အတူ နိုင်ငံတကာ ဆက်ဆံရေးတံခါး ပွင့်လာခဲ့သည်။သို့တစေ ၂ဝ၁၆ ခုနှစ် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံ အရပ်သားအစိုးရလက်ထက်တွင် မျှော်လင့်ထားခြင်းမရှိသော ရခိုင်ပြည်နယ်ပြဿနာမှ အစပြုခဲ့သည့် အကျပ်အတည်းများနှင့် စိန်ခေါ်မှုများစွာ၊ နိုင်ငံတကာအသိုင်းအဝန်းနှင့် နီးစပ်မယောင် အနေအထားမှ ပြန်လည်ကင်းကွာကာ တရုတ်နိုင်ငံအပေါ်တွင် စီးပွားရေးအရ ပိုမိုအားထားခဲ့ရသည်။

ထိုသို့သောအချိန်တွင် OBOR တည်းဟူသော တရုတ်နိုင်ငံ၏ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းတွင် မိမိတို့နိုင်ငံမှာ ဒေသတွင်းတွင် အချက်အချာ အစိတ်အပိုင်းအဖြစ် ပါဝင်လာသည့် သဘောဆောင်သကဲ့သို့ မိမိတို့နိုင်ငံက လိုလိုလားလား တောင်းတနေခဲ့သော လက်နက်ကိုင် ပြည်တွင်းစစ်ကြီး အဆုံးသတ်ရေးတွင် တရုတ်နိုင်ငံမှာ  အထောက်အကူပြုပေးနိုင်မည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပါဝင်လာခဲ့ပါသည်။မည်သို့ဆိုစေ တရုတ်နိုင်ငံ၏ One Belt One Road တွင် ပါဝင်လာမည့် မိမိတို့နိုင်ငံအတွက် စီးပွားရေးဖြစ်ထွန်းတိုးတက်မှု အလားအလာကောင်းဆီသို့ ဦးတည်လာစေနိုင်မည်ဖြစ်ပြီး OBOR က ဖြစ်မြောက်အောင် အကောင်အထည်ဖော်လာခဲ့မည်ဆိုပါက တရုတ်နိုင်ငံ၏ အနေအထားမှာ ဒေသတွင်းတွင်သာမက ကမ္ဘာပေါ်တွင် သြဇာအရှိန်အဝါ အကြီးမားဆုံး အနေအထားကို ရောက်ရှိလာဖွယ် ရှိနေပါသည်။ထိုသို့ အနေအထားကို မရှုစိမ့်နိုင်သည့် အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရှဒေသတွင် ပြိုင်ဆိုင်မှုပြင်းထန်သော ဂိမ်းကစားပွဲတစ်ရပ်ကို ခင်းကျင်းလာမည့် မဟုတ်ဟု မည်သူက ပြောနိုင်ပါမည်နည်း။

မိမိတို့နိုင်ငံ၏ တာဝန်ရှိသူတို့အနေနှင့်လည်း တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မပြတ်ရှိနေလင့်ကစား နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်တွင် ဟန်ချက်ညီဆက်ဆံနိုင်ရေးကိုပါ လိုလိုလားလားရှိနေမည်သာဖြစ်သည်။

လက်ရှိအခြေအနေမှာပင် ရခိုင်ပြည်နယ်အရေး ပြဿနာများကြောင့် နိုင်ငံတကာဖိအားများအောက်မှ ရုန်းထွက်နိုင်ရေးကို အစွမ်းကုန်ကြိုးပမ်းနေလင့်ကစား အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေမည့် AA လက်နက်ကိုင်အဖွဲ့နှင့် နိုင်ငံ၏ အချုပ်အခြာအာဏာ တည်မြဲရေးအတွက် တစ်ပွဲတစ်လမ်း အကဲစမ်းနေရာမှ မြောက်ပိုင်းလက်နက်ကိုင်သုံးဖွဲ့၏ အချိန်ကိုက် အဖျက်အမှောင့်ပြု တိုက်ခိုက်လာမှုတို့ကြောင့် စစ်မျက်နှာနှစ်ရပ်ကို တစ်ပြိုင်နက်တည်း ဆင်နွှဲနေရသည့် အနေအထားမှာ မိမိတို့နိုင်ငံအတွက် မြွေပူရာကင်းမှောင့်ဆိုသလို ဖြစ်နေခဲ့ရသည်။
ဆိုရလျှင် မိမိတို့နိုင်ငံ၏ ဒီမိုကရေစီအစိုးရ အာဏာရရှိခဲ့သည့် အဦးအစကာလမှ တွေ့ကြုံရင်ဆိုင်နေရသည့် အခက်အခဲအကျပ်အတည်းများနှင့် စိန်ခေါ်မှုများမှာ အစိုးရသက်တမ်း ကုန်ဆုံးလုချိန်အထိ မဆုံးနိုင်အောင် တွေ့ကြုံရင်ဆိုင်နေရဆဲရှိသည်။
ဆိုရလျှင် လက်ရှိအချိန်အထိ မိမိတို့နိုင်ငံတွင် တရားဥပဒေစိုးမိုးမှုကို အခိုင်အမာ တည်ဆောက်နိုင်ခြင်းမရှိသေး၊ နိုင်ငံသားတို့၏ ရပိုင်ခွင့်များ မျှော်လင့်ထားသလောက် ပြည့်ဝလာခြင်းမရှိသေး၊ နိုင်ငံသားတို့အတွက် တည်ငြိမ်အေးချမ်းမှုနှင့် ဘေးကင်းလုံခြုံမှုကို အပြည့်အဝဖော်ဆောင်နိုင်ခြင်းမရှိသေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအခြေအနေ၊ အလားအလာကောင်းမွန်ခြင်းမရှိသေး၊ နိုင်ငံစီးပွားရေး အကောင်းဘက်သို့ ဦးတည်နိုင်ခြင်းမရှိသေး၊ ဆိုရလျှင် မိမိတို့နိုင်ငံ၏ အနေအထားမှာ ဝိရောဓိဆန်သော အခြေအနေများနှင့် လုံးထွေးရစ်ပတ်နေဆဲပင် ရှိနေသေးပါသည်။မည်သို့ဆိုစေ မိမိတို့ လိုလိုလားလား ရွေးကောက်တင်မြှောက်ထားသော အစိုးရ၏ ဆောင်ရွက်မှုများကမူ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအတွက်ထက် အနာဂတ်နိုင်ငံသစ် အသွင်သစ်တစ်ရပ်ဆီ ရှေးရှုရေးဆီကိုသာ ဦးတည်နေပုံရသည်။လက်ရှိအချိန်မှာပင် နိုင်ငံ၏ အဓိကစီးပွားဖက်များဖြစ်သည့် တရုတ်နှင့် ဂျပန်နိုင်ငံတို့အပြင် တောင်ကိုရီးယားနိုင်ငံကို ဈေးကွက်ဝေစုသစ် ခွဲဝေပေးခြင်းဖြင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ် ချဲ့ထွင်ရေးကို အစပြုနေပုံရပါသည်။

ဆိုရလျှင် အာဏာရ အင်န်အယ်လ်ဒီအစိုးရအနေနှင့် နိုင်ငံ၏ အနာဂတ်အသွင်သစ်တစ်ရပ်ကို မည်သို့သောအပြောင်းအလဲများဖြင့် ဆက်လက်ပုံဖော်လာမည်ဆိုသည်မှာ များစွာစိတ်ဝင်စားဖွယ်ရာ ဖြစ်သည်ဟုပင် ဆိုချင်ပါသည်။

မြင့်နောင်မိုး
စက်တင်ဘာ - ၁၉

( Zawgyi )

မိမိတို႔ငယ္စဥ္က အရင္းရွင္နယ္ခ်ဲ႕၊ ဆိုရွယ္လစ္၊ ကြန္ျမဴနစ္ဟူေသာ ေဝါဟာရအသုံးအႏႈန္းမ်ားစြာ ေခတ္စားခဲ့သည္။ဟိုတုန္းကေတာ့ အျခားႏိုင္ငံမ်ားကို က်ဴးေက်ာ္သိမ္းပိုက္ကာ ဗိုလ္က်စိုးမိုးသည့္ နယ္ခ်ဲ႕ဝါဒကို လြန္စြာမုန္းတီးခဲ့ၾကသည္။ထိုအခ်ိန္က အရင္းရွင္နယ္ခ်ဲ႕ထက္ ဆိုရွယ္လစ္ႏွင့္ ကြန္ျမဴနစ္ဟူေသာ အသုံးအႏႈန္းမ်ားက မိမိတို႔ႏိုင္ငံတြင္ မ်ားစြာလႊမ္းမိုးခဲ့သည္။သို႔ေသာ္ ထိုမွ ဆယ္စုႏွစ္မ်ားစြာအၾကာတြင္ ဆိုရွယ္လစ္၊ ကြန္ျမဴနစ္ဟူေသာ အသုံးအႏႈန္းမ်ား ေမွးမွိႏ္ုဆုတ္ယုတ္လာခဲ့ၿပီး ဒီမိုကေရစီဟူေသာ ေဝါဟာရက အစားထိုးဝင္ေရာက္လာခဲ့သည္။

ဒီမိုကေရစီ ေဝါဟာရ တြင္က်ယ္လာခ်ိန္တြင္ ဒီမိုကေရစီ ေဝါဟာရက မိမိတို႔အား စိတ္ဝင္တစားျဖစ္လာေစခဲ့သည္။ဒီမိုကေရစီ ဆိုသည္မွာ ဘာလဲ။ဒီမိုကေရစနစ္၏ အက်ိဳးသက္ေရာက္မႈေတြက ဘာေတြလဲ။ဆိုရလွ်င္ အာဏာရွင္ဆန္ဆန္ စိုးမိုးအုပ္ခ်ဳပ္မႈေအာက္တြင္ ဆယ္စုႏွစ္မ်ားစြာ ေနထိုင္ခဲ့ရသည္။မိမိတို႔အတြက္  ဒီမိုကေရစီဟူသည္မွာ ေလ့လာဆန္းစစ္စရာ ျဖစ္လာခဲ့သည္။မည္သို႔ဆိုေစ ဒီမိုကေရစီသည္ ကန႔္သတ္ထိန္းခ်ဳပ္မႈ၊ မမွ်တမႈ၊ ဆင္းရဲတြင္းနက္မႈတို႔မွ မိမိတို႔ကို ကယ္တင္ေပးမည့္ စနစ္တစ္ခုအျဖစ္ ယုံၾကည္အားထားလာခဲ့သည္မွာလည္း အမွန္ပင္ျဖစ္သည္။

ထိုသို႔ ယုံၾကည္ရေလာက္ေအာင္လည္း ဒီမိုကေရစီစနစ္က လြတ္လပ္၍ တရားမွ်တသည့္ ေ႐ြးေကာက္ပြဲမ်ားကို က်င္းပေပးႏိုင္မည္။ျပည္သူလူထု အလိုက် အစိုးရတစ္ရပ္ကို ေ႐ြးေကာက္တင္ေျမႇာက္ႏိုင္မည္။ႏိုင္ငံေရးတြင္ လူတိုင္းပါဝင္ႏိုင္မည္။ဒီမိုကေရစီက ႏိုင္ငံသားအားလုံး၏ အခြင့္အေရးကို ကာကြယ္ေပးမည့္စနစ္၊ တရားဥပေဒ၏ အထက္တြင္ မည္သူမွ်မရွိေစရဟူေသာ စနစ္လည္း ျဖစ္သည္။ယင္းသည္ပင္ ႏွစ္ေပါင္း ၆ဝ နီးပါးခန႔္ မိမိတို႔ႏိုင္ငံကို စိုးမိုးအုပ္ခ်ဳပ္ခဲ့သည့္ အာဏာရွင္စနစ္ေအာက္မွ ႐ုန္းထြက္ႏိုင္ေရးအတြက္ ဒီမိုကေရစီကို တစ္ညီတစ္ၫြတ္တည္း ေတာင္းဆိုေစခဲ့ျခင္းျဖစ္သည္။ဒီမိုကေရစီ က်င့္သုံးတတ္ေသာ အစိုးရတစ္ရပ္ ေပၚေပါက္လာေရးအတြက္ တစ္ခဲနက္ ေထာက္ခံအားေပးခဲ့ၾကသည္။မည့္သို႔ဆိုေစ ႏွစ္ေပါင္း ၆ဝ နီးပါး အၾကာတြင္ မိမိတို႔ႏိုင္ငံတြင္ ဒီမိုကေရစီ က်င့္သုံးေသာ အစိုးရတစ္ရပ္ အမွန္ပင္ေပၚထြက္လာခဲ့ၿပီျဖစ္သည္။သို႔တေစ ဒီမိုကေရစီ အစိုးရတစ္ရပ္ ေပၚေပါက္လာၿပီးေနာက္ပိုင္း မိမိတို႔ႏိုင္ငံတြင္ အမွန္တကယ္ပင္ ဒီမိုကေရစီ အႏွစ္သာရမ်ားကို ရရွိခံစားခြင့္ ရရွိေနၾကပါၿပီလားဟူ၍ ျပန္လည္ဆန္းစစ္ၾကရေတာ့မည္ျဖစ္သည္။

အမွန္စစ္စစ္ မိမိတို႔ လိုလိုလားလား ေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့ေသာ ဒီမိုကေရစီအစိုးရသည္ ဒီမိုကေရစီကို အျပည့္အဝက်င့္သုံးႏိုင္ျခင္း မရွိသည့္ အစိုးရတစ္ရပ္အျဖစ္ ရွိေနသည္ကို နားလည္းသေဘာေပါက္မႈႏွင့္အတူ မိမိတို႔ႏိုင္ငံ၏ လက္ရွိအေျခအေနကို ေလ့လာဆန္းစစ္သင့္လွသည္ဟု ထင္သည္။မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီစနစ္ ေပၚထြန္းလာေရး အဦးအစ ႀကိဳးပမ္းမႈကာလကိုၾကည့္လွ်င္ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီလိုလားမႈ၊ ဒီမိုကေရစီအေရး တက္ႂကြလႈပ္ရွားမႈမ်ားအေပၚ  ဒီမိုကေရစီ ျဖစ္ထြန္းတိုးတက္ေနသည့္ အေနာက္ႏိုင္ငံတို႔ထံမွ အင္တိုက္အားတိုက္ ေထာက္ခံအားေပးမႈမ်ား ရရွိခဲ့ၾကသည္။အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္၊ ျပင္သစ္ စသည္ကဲ့သို႔ေသာ အေနာက္အင္အားႀကီး ႏိုင္ငံတို႔၏ စိတ္အားထက္သန္စြာ ေထာက္ခံအားေပးမႈမွာ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီ အဦးအစကာလအတြက္ မ်ားစြာအားတက္စရာ ျဖစ္ခဲ့ၾကရသည္။

သို႔တေစ ဒီမိုကေရစီ အဦးအစ အားတက္မႈႏွင့္အတူ မိမိတို႔ႏိုင္ငံအတြက္ တိုးတက္ေျပာင္းလဲလာမည့္ အလားအလာ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ သန္းလာခ်ိန္မွာပင္ မိမိတို႔ႏိုင္ငံမွာ ကံဆိုးမိုးေမွာင္က်မႈတည္းဟူေသာ ေဘးဒုကၡအႏၲရာယ္ ေခ်ာက္ကမ္းပါးရွိရာ ဦးတည္ေစမည့္ ရခိုင္ျပည္နယ္ အက်ပ္အတည္း ျပႆနာတစ္ရပ္က ဆိုင္းမဆင့္ဗုံးမဆင့္ ဆိုသလို ေပၚေပါက္လာခဲ့ပါေလသည္။ထိုသို႔ေသာ ရခိုင္ျပည္နယ္ အက်ပ္အတည္း ျပႆနာသည္ပင္ မိမိတု႔ိႏိုင္ငံ၏ ဒီမိုကေရစီအေရးကို အားတက္သေရာ ေထာက္ခံအားေပးခဲ့ေသာ ႏိုင္ငံတကာ ဒီမိုကေရစီအသိုင္းအဝိုင္းက မိမိတို႔ႏိုင္ငံအတြက္ ေပၚေပါက္လာမည့္ အေျခအေနေကာင္းတစ္ရပ္ကို ေျပာင္းျပန္လွန္လိုက္သလို  မိမိတို႔ႏိုင္ငံအား  ေဘးဒုကၡအႏၲရာယ္ ေခ်ာက္ကမ္းပါးရွိရာ ဝိုင္းဝန္းတြန္းပို႔ေနသလိုပင္ ျဖစ္ေစခဲ့ပါသည္။

အမွန္ဆိုရလွ်င္ ဒီမိုကေရစီ ျဖစ္ထြန္းတိုးတက္ေနေသာ အေနာက္အင္အားႀကီး ႏိုင္ငံအမ်ားစုသည္ ကမာၻ႔တလႊားရွိ ဒီမိုကေရစီ ျဖစ္ေပၚတိုးတက္ေရး လႈပ္ရွားမႈတိုင္းတြင္ ပါဝင္ပတ္သက္ေနတတ္ၾကသည့္ ႏိုင္ငံမ်ားျဖစ္သည္။သူတို႔က ဒီမိုကေရစီ ျဖစ္ေပၚတိုးတက္ေရးကို အားေပးသည္၊ ေထာက္ခံသည္၊ ကူညီေထာက္ပံ့ၾကသည္။သို႔တေစ ထိုသို႔ေသာ အားေပးေထာက္ခံ ကူညီေထာက္ပံ့မႈတိုင္းတြင္ သူတို႔၏ အက်ိဳးစီးပြားႏွင့္ယွဥ္သည့္ အကူအညီေပးမႈမ်ား ျဖစ္ေနတတ္သည္ကို သမိုင္းေနာက္ခံ အေၾကာင္းျဖစ္ရပ္မ်ားအရ မိမိတို႔ သတိျပဳဆင္ျခင္ႏိုင္မည္ျဖစ္သည္။

ထိုသို႔ေသာ သေဘာကို အတိတ္သမိုင္းမွ ေကာက္ႏႈတ္ၾကည့္မည္ဆိုလွ်င္ ဒီမိုကေရစီ ထြန္းကားတိုးတက္ေနသည့္ အေနာက္ႏိုင္ငံတို႔က အျခားေသာႏိုင္ငံမ်ားတြင္ ဒီမိုကေရစီ ျဖစ္ေပၚတိုးတက္ေရးကို ဝင္ေရာက္စြက္ဖက္ကာ ကူညီမႈျပဳရာတြင္ သူတို႔၏ ကိုယ္က်ိဳးစီးပြားမ်ားအတြက္ပါ တစ္ပါတည္းေဖာ္ေဆာင္တတ္ၾကသည္ကို ေတြ႕ခဲ့၊ ျမင္ခဲ့၊ ၾကားရေသာေၾကာင့္လည္းျဖစ္သည္။ဆိုရလွ်င္ အေနာက္ႏိုင္ငံတို႔က ကမာၻတစ္လႊားတြင္ ဒီမိုကေရစီစနစ္ ျဖစ္ေပၚတိုးတက္ေရးႏွင့္အတူ သူတို႔၏ ၾသဇာအရွိန္အဝါ လႊမ္းမိုးေရးကိုပါ တစ္ပါတည္း လုပ္ေဆာင္လာတတ္သည့္ သေဘာကို စဥ္ဆက္မျပတ္ ေတြ႕ျမင္ေနရသည္မွာ သာဓကပင္ျဖစ္ပါသည္။

သို႔တေစ မ်က္ေမွာက္ေခတ္ကာလ အေနာက္အင္အားႀကီး ႏိုင္ငံတို႔၏ အရွိန္အဝါလႊမ္းမိုးေရး ေျခလွမ္းမ်ားမွာ အာရွႏိုင္ငံအခ်ိဳ႕၏ အင္အားခ်ိန္ခြင္လွ်ာ အေျပာင္းအလဲႏွင့္အတူ ေမွ်ာ္လင့္ထားျခင္း မရွိေလာက္သည့္ ၿပိဳင္ဆိုင္မႈအခင္းအက်င္းသစ္မ်ားကို ေတြ႕ႀကဳံရင္ဆိုင္လာခဲ့ၾကရသည္မွာလည္း အမွန္ပင္ျဖစ္သည္။အထူးသျဖင့္ တ႐ုတ္၊ ႐ုရွား၊ ဂ်ပန္၊ အိႏၵိယ၊ ေတာင္ကိုးရီးယားတို႔ကဲ့သို႔ေသာ အာရွႏိုင္ငံတို႔၏ စီးပြားေရးအရွိန္အဝါ ႀကီးထြားလာမႈ၊ ေခတ္မီလက္နက္အင္အား ႀကီးထြားလာမႈတို႔က အေနာက္အင္အားႀကီး ႏိုင္ငံတို႔အတြက္ ဝိတ္တန္းခ်င္းညီမွ်သည့္ ၿပိဳင္ဘက္မ်ား ျဖစ္လာခဲ့ျခင္းကလည္း အေမရိကန္ျပည္ေထာင္စု အပါအဝင္ အေနာက္အင္အားႀကီး ႏိုင္ငံတို႔အတြက္ စိုးရိမ္ပူပင္စရာ ျဖစ္လာခဲ့ရပါသည္။

အထူးသျဖင့္ မ်က္ေမွာက္ေခတ္ကာလတြင္ အေမရိကန္သာ ပထမဟူေသာ သေဘာထားရပ္တည္ခ်က္ရွိသည့္ ေဒၚနယ္ထရမ့္ ကဲ့သို႔ေသာ ပုဂၢိဳလ္တစ္ဦး သမၼတျဖစ္လာခ်ိန္တြင္ စီးပြားေရး ၾသဇာအရွိန္အဝါ နယ္ပယ္ခ်ဲ႕ထြင္လာေသာ တ႐ုတ္ႏိုင္ငံမွာ ထရမ့္အစိုးရအတြက္ အေသအခ်ာ ပစ္မွတ္ထားတိုက္ခတ္ရမည့္ မဟာၿပိဳင္ဖက္အသြင္ ေဆာင္လာခဲ့ေသာေၾကာင့္လည္း ျဖစ္သည္။ဆိုရလွ်င္ မၾကာေသးမီက တ႐ုတ္ႏိုင္ငံက တစ္ကမာၻလုံးကို စီးပြားေရးနယ္ပယ္ ခ်ဲ႕ထြင္မႈျပဳမည့္ “ခါးပတ္တစ္ကြင္း၊ လမ္းတစ္စင္းတည္း” ဟူေသာ ေခတ္သစ္ ပိုးလမ္းမသစ္ စီမံကိန္းမွာ ထရမ့္အစိုးရအတြက္ မ်က္စိဆံပင္ေမႊးစူးစရာ စီမံကိန္းအျဖစ္ ရွိေနမည္မွာ အေသအခ်ာပင္ ျဖစ္သည္။

မိမိတို႔ႏိုင္ငံ၏ ႏိုင္ငံေရးသမိုင္းျဖစ္ရပ္မ်ားကို ၾကည့္လွ်င္ တံခါးပိတ္ဝါဒ က်င့္သုံးခဲ့ေသာ တစ္ပါတီအာဏာရွင္ေခတ္ ႏိုင္ငံတကာအသိုင္းအဝိုင္းႏွင့္ ကင္းကြာကာ အထီးက်န္ဆန္သလိုရွိခဲ့ေသာ စစ္အစိုးရ ေခတ္အဆက္ဆက္မွ ၂ဝ၁၁ ခုႏွစ္၊ အရပ္သားတစ္ဝက္ အစိုးရလက္ထက္အထိ ႏိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္ က်ဥ္းေျမာင္းမႈ အက်ိဳးဆက္ေၾကာင့္ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံအေပၚ မွီခိုအားထားခဲ့ရသည္။၂ဝ၁၁ ခုႏွစ္၊ အစိုးရလက္ထက္တြင္ ျပဳျပင္ေျပာင္းလဲမႈမ်ားႏွင့္အတူ ႏိုင္ငံတကာ ဆက္ဆံေရးတံခါး ပြင့္လာခဲ့သည္။သို႔တေစ ၂ဝ၁၆ ခုႏွစ္ ဒီမိုကေရစီနည္းက် ေ႐ြးေကာက္တင္ေျမႇာက္ခံ အရပ္သားအစိုးရလက္ထက္တြင္ ေမွ်ာ္လင့္ထားျခင္းမရွိေသာ ရခိုင္ျပည္နယ္ျပႆနာမွ အစျပဳခဲ့သည့္ အက်ပ္အတည္းမ်ားႏွင့္ စိန္ေခၚမႈမ်ားစြာ၊ ႏိုင္ငံတကာအသိုင္းအဝန္းႏွင့္ နီးစပ္မေယာင္ အေနအထားမွ ျပန္လည္ကင္းကြာကာ တ႐ုတ္ႏိုင္ငံအေပၚတြင္ စီးပြားေရးအရ ပိုမိုအားထားခဲ့ရသည္။

ထိုသို႔ေသာအခ်ိန္တြင္ OBOR တည္းဟူေသာ တ႐ုတ္ႏိုင္ငံ၏ ေခတ္သစ္ ပိုးလမ္းမ စီမံကိန္းတြင္ မိမိတို႔ႏိုင္ငံမွာ ေဒသတြင္းတြင္ အခ်က္အခ်ာ အစိတ္အပိုင္းအျဖစ္ ပါဝင္လာသည့္ သေဘာေဆာင္သကဲ့သို႔ မိမိတို႔ႏိုင္ငံက လိုလိုလားလား ေတာင္းတေနခဲ့ေသာ လက္နက္ကိုင္ ျပည္တြင္းစစ္ႀကီး အဆုံးသတ္ေရးတြင္ တ႐ုတ္ႏိုင္ငံမွာ  အေထာက္အကူျပဳေပးႏိုင္မည့္ ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ ပါဝင္လာခဲ့ပါသည္။မည္သို႔ဆိုေစ တ႐ုတ္ႏိုင္ငံ၏ One Belt One Road တြင္ ပါဝင္လာမည့္ မိမိတို႔ႏိုင္ငံအတြက္ စီးပြားေရးျဖစ္ထြန္းတိုးတက္မႈ အလားအလာေကာင္းဆီသို႔ ဦးတည္လာေစႏိုင္မည္ျဖစ္ၿပီး OBOR က ျဖစ္ေျမာက္ေအာင္ အေကာင္အထည္ေဖာ္လာခဲ့မည္ဆိုပါက တ႐ုတ္ႏိုင္ငံ၏ အေနအထားမွာ ေဒသတြင္းတြင္သာမက ကမာၻေပၚတြင္ ၾသဇာအရွိန္အဝါ အႀကီးမားဆုံး အေနအထားကို ေရာက္ရွိလာဖြယ္ ရွိေနပါသည္။ထိုသို႔ အေနအထားကို မရႈစိမ့္ႏိုင္သည့္ အေမရိကန္ျပည္ေထာင္စုအေနျဖင့္ အာရွေဒသတြင္ ၿပိဳင္ဆိုင္မႈျပင္းထန္ေသာ ဂိမ္းကစားပြဲတစ္ရပ္ကို ခင္းက်င္းလာမည့္ မဟုတ္ဟု မည္သူက ေျပာႏိုင္ပါမည္နည္း။

မိမိတို႔ႏိုင္ငံ၏ တာဝန္ရွိသူတို႔အေနႏွင့္လည္း တ႐ုတ္ႏိုင္ငံႏွင့္ ခ်စ္ၾကည္ရင္းႏွီးမႈ မျပတ္ရွိေနလင့္ကစား ႏိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္တြင္ ဟန္ခ်က္ညီဆက္ဆံႏိုင္ေရးကိုပါ လိုလိုလားလားရွိေနမည္သာျဖစ္သည္။

လက္ရွိအေျခအေနမွာပင္ ရခိုင္ျပည္နယ္အေရး ျပႆနာမ်ားေၾကာင့္ ႏိုင္ငံတကာဖိအားမ်ားေအာက္မွ ႐ုန္းထြက္ႏိုင္ေရးကို အစြမ္းကုန္ႀကိဳးပမ္းေနလင့္ကစား အမ်ိဳးသားစည္းလုံးညီၫြတ္ေရးကို ထိခိုက္ပ်က္ျပားေစမည့္ AA လက္နက္ကိုင္အဖြဲ႕ႏွင့္ ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာ တည္ၿမဲေရးအတြက္ တစ္ပြဲတစ္လမ္း အကဲစမ္းေနရာမွ ေျမာက္ပိုင္းလက္နက္ကိုင္သုံးဖြဲ႕၏ အခ်ိန္ကိုက္ အဖ်က္အေမွာင့္ျပဳ တိုက္ခိုက္လာမႈတို႔ေၾကာင့္ စစ္မ်က္ႏွာႏွစ္ရပ္ကို တစ္ၿပိဳင္နက္တည္း ဆင္ႏႊဲေနရသည့္ အေနအထားမွာ မိမိတို႔ႏိုင္ငံအတြက္ ေႁမြပူရာကင္းေမွာင့္ဆိုသလို ျဖစ္ေနခဲ့ရသည္။
ဆိုရလွ်င္ မိမိတို႔ႏိုင္ငံ၏ ဒီမိုကေရစီအစိုးရ အာဏာရရွိခဲ့သည့္ အဦးအစကာလမွ ေတြ႕ႀကဳံရင္ဆိုင္ေနရသည့္ အခက္အခဲအက်ပ္အတည္းမ်ားႏွင့္ စိန္ေခၚမႈမ်ားမွာ အစိုးရသက္တမ္း ကုန္ဆုံးလုခ်ိန္အထိ မဆုံးႏိုင္ေအာင္ ေတြ႕ႀကဳံရင္ဆိုင္ေနရဆဲရွိသည္။
ဆိုရလွ်င္ လက္ရွိအခ်ိန္အထိ မိမိတို႔ႏိုင္ငံတြင္ တရားဥပေဒစိုးမိုးမႈကို အခိုင္အမာ တည္ေဆာက္ႏိုင္ျခင္းမရွိေသး၊ ႏိုင္ငံသားတို႔၏ ရပိုင္ခြင့္မ်ား ေမွ်ာ္လင့္ထားသေလာက္ ျပည့္ဝလာျခင္းမရွိေသး၊ ႏိုင္ငံသားတို႔အတြက္ တည္ၿငိမ္ေအးခ်မ္းမႈႏွင့္ ေဘးကင္းလုံၿခဳံမႈကို အျပည့္အဝေဖာ္ေဆာင္ႏိုင္ျခင္းမရွိေသး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအေျခအေန၊ အလားအလာေကာင္းမြန္ျခင္းမရွိေသး၊ ႏိုင္ငံစီးပြားေရး အေကာင္းဘက္သို႔ ဦးတည္ႏိုင္ျခင္းမရွိေသး၊ ဆိုရလွ်င္ မိမိတို႔ႏိုင္ငံ၏ အေနအထားမွာ ဝိေရာဓိဆန္ေသာ အေျခအေနမ်ားႏွင့္ လုံးေထြးရစ္ပတ္ေနဆဲပင္ ရွိေနေသးပါသည္။မည္သို႔ဆိုေစ မိမိတို႔ လိုလိုလားလား ေ႐ြးေကာက္တင္ေျမႇာက္ထားေသာ အစိုးရ၏ ေဆာင္႐ြက္မႈမ်ားကမူ ၂၀၂၀ ခုႏွစ္ ေ႐ြးေကာက္ပြဲအတြက္ထက္ အနာဂတ္ႏိုင္ငံသစ္ အသြင္သစ္တစ္ရပ္ဆီ ေရွးရႈေရးဆီကိုသာ ဦးတည္ေနပုံရသည္။လက္ရွိအခ်ိန္မွာပင္ ႏိုင္ငံ၏ အဓိကစီးပြားဖက္မ်ားျဖစ္သည့္ တ႐ုတ္ႏွင့္ ဂ်ပန္ႏိုင္ငံတို႔အျပင္ ေတာင္ကိုရီးယားႏိုင္ငံကို ေဈးကြက္ေဝစုသစ္ ခြဲေဝေပးျခင္းျဖင့္ ႏိုင္ငံတကာ ဆက္ဆံေရးနယ္ပယ္ ခ်ဲ႕ထြင္ေရးကို အစျပဳေနပုံရပါသည္။

ဆိုရလွ်င္ အာဏာရ အင္န္အယ္လ္ဒီအစိုးရအေနႏွင့္ ႏိုင္ငံ၏ အနာဂတ္အသြင္သစ္တစ္ရပ္ကို မည္သို႔ေသာအေျပာင္းအလဲမ်ားျဖင့္ ဆက္လက္ပုံေဖာ္လာမည္ဆိုသည္မွာ မ်ားစြာစိတ္ဝင္စားဖြယ္ရာ ျဖစ္သည္ဟုပင္ ဆိုခ်င္ပါသည္။

ျမင့္ေနာင္မိုး
စက္တင္ဘာ - ၁၉