【 ဆောင်းပါး 】 “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ”

【 ဆောင်းပါး 】 “မမေ့စဉ်လာ အာဇာနည်နေ့ အချိန်အခါ”

ဒီတစ်ပတ်ထဲ စာလိုက်သင်ရင်းနဲ့ တပည့်တွေက အခုလာမယ့် အာဇာနည်နေ့ ကျူရှင်ပိတ်လား ဆရာလို့ မေးလာခဲ့ပါတယ်။ပြီးတော့ ကျောင်းသားမိဘတွေက ဒီတစ်ပတ်ပိတ်ရက်များတယ်နော် ဆရာ။မပိတ်ချင်ရင် မပိတ်နဲ့လေလို့ ဆိုပါတယ်။ဘာရည်ရွယ်ချက်နဲ့ ပြောသလဲဆိုတာ မသိပေမယ့် ဒီတစ်ပတ်ထဲ ပိတ်ရက်များတာကြောင့် စာသင်ရက်နည်းတာကို သဘောကျဟန် မတူပါဘူး။ဒါ ကျွန်တော့အထင်ပါ။ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဘက်က ပိတ်ဖို့ဆုံးဖြတ်ထားတဲ့အတွက် ပိတ်မယ်လို့ပဲ ပြောခဲ့ပါတယ်။

စာသင်ပြီး ပြန်လာတဲ့လမ်းမှာ ကျွန်တော် စဉ်းစားနေမိပါတယ်။ဘာကြောင့် ဒီဘက်နှစ်တွေမှာ အာဇာနည်နေ့ကို တခမ်းတနားကျင်းပလာပေမယ့် လူတချို့ရဲ့စိတ်ထဲ အာဇာနည်နေ့က ဘာကြောင့် တန်ဖိုးထားမှု ကျဆင်းလာသလဲ ဘာကြောင့် အမျိုးသားရေးနိုးကြွားမှု ကျဆင်းလာသလဲ ဆိုတာကို သတိထားမိ တွေးမိတာပါ။တစ်ကယ်အဖြစ်က စိတ်မသက်သာစရာပါ။အာဇာနည်နေ့ကို ယခင် တစ်ပါတီအာဏာရှင်စနစ်ဖြစ်တဲ့ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်မှာတောင် လူတိုင်းက တန်ဖိုးထားကြ လေးစားကြပါတယ်။အာဇာနည်နေ့ဆိုတာ အာဇာနည် ၉ ဦး အပါအဝင် မြန်မာ့လွတ်လပ်ရေးအတွက် အသက်ပေးခဲ့တဲ့သူတွေရဲ့ စွန့်လွှတ်စွန့်စားစိတ်ကို ကျေးဇူးတရားကို တန်ဖိုးထားတဲ့နေ့၊ အလေးအမြတ်ပြုတဲ့နေ့ပါပဲ။

အဲဒီခေတ်ကို ကျွန်တော်ကောင်းကောင်းမှီလိုက်တဲ့အတွက် အတော်များများ စိတ်ထဲမှတ်မှတ်သားသား ရှိနေသေးပါတယ်။ဒီဘက်ခေတ်လို ပုဂ္ဂိုလ်စွဲ အကျိုးစီးပွားစွဲ အတော်လေးနည်းပါတယ်။ဘယ်သူကြောင့် ဘယ်ဝါကြောင့်ဆိုပြီး ပုဂ္ဂိုလ်ရေးတံဆိပ်ကပ်ပြီး ဆန့်ကျင်တာလည်း နည်းပါတယ်။အလွန်အကျွံမရှိသလို အဂါရ၀ ဖြစ်တာလည်းနည်းပြီး အစွန်းတရားနှစ်ဘက် လွတ်ကင်းတဲ့ တန်ဖိုးထားမှုတွေ ရှိခဲ့ပါသေးတယ်။ဒါတွေ ဘာကြောင့်ဖြစ်တယ် ဘယ်သူကြောင့်ဖြစ်တယ်ဆိုတာ ပြောဖို့မလိုသလို ပြောလဲမပြောချင်ပါဘူး။တစ်ခုသတိထားမိတာက အာဇာနည်နေ့ကို လူတွေက တစ်ဦးပိုင်တစ်ဖွဲ့ပိုင်လို့ မြင်လာကြတာ နည်းနည်းများ ရှိလာသလား ဆိုတာကိုပါ။  

မကြာသေးခင် ဆယ်စုနှစ်တွေအထိ အာဇာနည်နေ့ဟာ အများပြည်သူအတွက် အာဇာနည်နေ့ရောက်တိုင်း ဘာတွေဖြစ်ဦးမလဲဆိုပြီး ထိတ်လန့်ရတဲ့နေ့တွေ ဖြစ်သလို  အာဇာနည်ကုန်းရှိရာကို မသွားရဲလောက်အောင် ခြိမ်းခြောက်မှုတွေ ရှိနေတဲ့ကာလလည်း ဖြစ်ပါတယ်။ဒါဟာ ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးတင် အောက်မေ့ဖွယ်လုပ်ခွင့်မရအောင် လုပ်ထားတဲ့ ဆိုးဆိုးဝါးဝါးကာလတွေပါ။

မဆလခေတ်လို့ ပြောကြဆိုကြတဲ့ ကာလမှာတောင် အာဇာနည်နေ့ မရောက်ခင်ကတည်းက ကျောင်းတွေမှာ အာဇာနည်နေ့ ပိုစကတ်တွေ၊ တံဆိပ်ခေါင်းတွေ ရောင်းကြတဲ့ အစဉ်အလာရှိသလို ကျောင်းတိုင်း ကျောင်းတိုင်း အာဇာနည်နေ့ စာစီစာကုံးပြိုင်ပွဲတွေ ဟောပြောပွဲတွေ လုပ်ကြပါတယ်။ဒါ့အပြင် အာဇာနည်နေ့မှာ တစ်နှစ်တစ်ခါ နားထောင်ရတဲ့ အာဇာနည်နေ့ သီချင်းတွေ၊ မြန်မာအသံကနေ ဥသြဆွဲပေးတာတွေက ငယ်ရွယ်တဲ့ ကျွန်တော်တို့အတွက် ယခုတိုင် နှလုံးသားထဲစွဲနေတဲ့ ကိစ္စတွေပါဘဲ။တလောက သူငယ်ချင်းတစ်ယောက်ရဲ့ သားဖြစ်တဲ့ ၁၃/၁၄ နှစ် အရွယ်ကို “ဖိုးသား… အာဇာနည်နေ့ဆိုတာ သိလား” လို့ အမှတ်တမဲ့ မေးလိုက်ဘူးပါတယ်။
ဒီကလေးပြန်ဖြေတာ နားထောင်ကြည့်ပါ။“အာဇာနည်ဆိုတာ အဆိုတော်လေ ဘဘရဲ့။သူ့မွေးနေ့ဖြစ်မှာပေါ့” လို့ ဖြေပါတယ်။

ဒီကလေးအဖို့ အာဇာနည်နေ့ဆိုတာ ဘာကိုခေါ်တာ ဘယ်နေ့ဆိုတာသိမှာ အမှန်ပါဘဲ။ဘာလို့ အာဇာနည်နေ့လို့ အမည်နာမပေးသလဲဆိုတဲ့ နောက်ခံကိုလည်း ကျောင်းမှာ မသင်ရဘဲနေမှာ မဟုတ်ပါဘူး။ဒါပေမယ့် ကိုယ့်နိုင်ငံ လွတ်လပ်ရေးအတွက် အကျိုးကျေးဇူး ကြီးမားလွန်းတဲ့ အသက်စွန့်ခဲ့တဲ့သူတွေကို ဒီလိုပြီးလွယ်စီးလွယ် ပြောထွက်တဲ့စိတ်တွေ ဖြစ်ထွန်းနေတာက ကြောက်စရာလန့်စရာပါ။ပြီးတော့ ဒါဟာ ဒီမြေဒီရေပေါ်မှာ နေသူတိုင်း ယခုလက်ရှိရနေတဲ့ လွတ်လပ်မှုဆိုတာ ဒီလို အသက်ပေးခဲ့တဲ့သူတွေကြောင့် ဖြစ်တည်လာခဲ့တာကို မဆိုင်သလိုစိတ်တွေ ဘာလို့ဖြစ်နေရသလဲ ဆိုတာကို တွေးမိတဲ့အခါ နောင်တိုင်းပြည် အနာဂတ်အတွက်လည်း ရင်လေးမိပါတယ်။

လွန်ခဲ့တဲ့ (၇၂) နှစ်၊ တိတိကျကျပြောရရင် ၁၉၄၇-ခုနှစ် ဇူလိုင်လ (၁၉) ရက်၊ နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်မှာဖြစ်တဲ့ လုပ်ကြံမှုတစ်ခုတည်း သက်သက်ကနေ အာဇာနည်နေ့ဆိုတာ ဖြစ်လာတာ မဟုတ်ပါဘူး။တစ်ကယ်က တိုင်းပြည်အတွက် ဦးဆောင်ဦးရွက်ပြုနေတဲ့သူတွေကို အာဏာရလိုမှု တစ်ခုတည်းနဲ့ ကိုယ်ကျိုးရှာကြတဲ့သူတွေ၊ နောက်ကွယ်က မနာလိုမရှုစိမ့်တဲ့သူတွေကြောင့် အသက်ပေးခဲ့ရတဲ့သူတွေအတွက် တိုင်းပြည်က အသိအမှတ်ပြုခဲ့တာပါ။အထူးသဖြင့် မြန်မာ့လွတ်လပ်ရေးအတွက် ဦးဆောင်ခဲ့တဲ့သူတွေကို တိုင်းပြည်က နေရာပေးခဲ့တာပါ။ဒီနေရာကို နောက်ပိုင်းမှာ အာဏာရှင်တွေက သူတို့လို ကိုယ်ကျိုးစီးပွား မစွန့်နိုင်တဲ့အခါ မလုပ်နိုင်တဲ့အခါ ‘ဆင်ဖြူမျက်နှာ ဆင်မည်းမကြည့်ဝံ့’ ဆိုသလို မနာလိုစိတ်နဲ့ အာဇာနည်နေ့ကို မှေးမှိန်အောင် လုပ်ခဲ့ကြတာပါ။တစ်ကယ်စဉ်းစားကြည့်မယ်ဆိုရင် ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် လွတ်လပ်ရေးအတွက် အသက်သွေးချွေးခန္ဓာ ဆပ်ခဲ့ကြတဲ့သူတွေကို တိုင်းပြည်က သတိရဂုဏ်ပြုတဲ့နေ့ဆိုတာ တိုင်းပြည်ကနေရသမျှ ကိုယ်ကျိုးစီးပွားရှာပြီး အခွင့်ထူးခံနေကြတဲ့ အာဏာရှင်တွေ၊ သူတို့အသိုင်းအဝိုင်းနဲ့ မိသားစုတွေအတွက် ရှက်ဖွယ်လိလိနေ့ ဖြစ်နေတဲ့ သဘောပါဘဲ။

မှတ်သားထားတဲ့ အတိုင်းဆိုရင် လွတ်လပ်ရေးရခါနီး တိုင်းပြည်ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တဲ့ အချိန်ဖြစ်တဲ့ အဲဒီအချိန်မှာ မြန်မာနိုင်ငံကို ကိုလိုနီပြုထားတဲ့ နယ်ချဲဗြိတိသျှဆီကနေ အောင်ဆန်း - အက်တလီ စာချုပ်အရ လွတ်လပ်ရေးရပြီးနောက်ပိုင်း တိုင်းပြည်ပြန်လည်ထူထောင်ရေးအတွက် ဆွေးနွေးနေတဲ့ ဘုရင်ခံကောင်စီ အစည်းအဝေးကို ကျင်းပနေတာပါ။ဒီအစည်းအဝေးကို တက်နေတဲ့ထဲက ခေါင်းဆောင် ၈ ဦးဖြစ်တဲ့

၁။ ဗိုလ်ချုပ်အောင်ဆန်း - ဘုရင်ခံကောင်စီ ဒု-ဥက္ကဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန
၂။ သခင်မြ - ဘဏ္ဍရေးနှင့် အခွန်တော်ဌာန
၃။ ဦးဘဝင်း - ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ရေးဌာန၊
၄။ ဒီးဒုတ်ဦးဘချို - ပြန်ကြားရေးဌာန
၅။ အဗ္ဗဒူရာဇတ် - ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊
၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊
၇။ မိုင်းပွန်စော်ဘွားကြီး စပ်စံထွန်း - တောင်တန်းရေးရာဌာန၊
၈။ ဦးအုံးမောင် - ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာနတို့ကို

အာဏာဖြတ်လမ်းကလိုချင်တဲ့ ဂဋ္ဌုန်ဦးစော နဲ့ အပေါင်းအပါတစ်သိုက် စေလွှတ်လိုက်တဲ့ သေနတ်သမားတွေ လက်ချက်နဲ့ ကျဆုံးခဲ့ရပြီး သေနတ်သံကြားလို့ ပြေးထွက်လာတဲ့ ဝန်ကြီး ဦးရာဇတ် ရဲ့ အပါးတော်မြဲ ရဲဘော်ကိုထွေးလည်း ကျဆုံးခဲ့ရပါတယ်။ဒီလုပ်ကြံမှုဟာ တိုင်းပြည်အတွက် ဘယ်လောက်တောင် ထိခိုက်မှုရှိသလဲဆိုတာ နောက်ပိုင်း တိုင်းပြည်ကို ဂျုံးဂျုံးကျအောင် ဖြစ်လာစေတဲ့ အာဏာရှင်တွေ ကြီးစိုးလာတာကိုကြည့်ရင် သိမယ်ထင်ပါတယ်။

ဒါကြောင့်လည်း ဆရာဇော်ဂျီက ၁၉၆၄ ခုနှစ်မှာ ဗိုလ်ချုပ်တို့ လုပ်ကြံသတ်ဖြတ်ခံရတာကို ရည်ညွှန်းပြီး ခံပြင်းစွာနဲ့ နောက်လူတွေအတွက် ကဗျာတစ်ပုဒ်ကို ရေးခဲ့ပါတယ်။ဒီကဗျာက “ပြောလိုက်ပါဘိ၊ ဟောပါဘိ” ဆိုတဲ့ ကဗျာပါ။

“ပြောလိုက်ပါဘိ ဟောပါဘိ”

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သက်လှယ်၊ မင်းသားငယ်သည်၊
သက်နှစ်ဆယ်ပင်ပြည့်ခဲ့ပြီ။
သူသုံးနှစ်သား၊ ဖေါ်ချင်းများနှင့်၊
အူယားဖါးယား၊
ကစားရာမှ၊ နွားရုပ်ချ၍၊
နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့၊
ပြေးဝင်ပုန်းလာ၊ သူ့မူရာကို၊
ငါမြင်ခဲ့၏ မှတ်မိ၏။
မိုးကစိုစို၊ ကျီးအုပ်ပြို၍၊
ထိုမှဤမှ၊ တို့လမ်းမတွင်၊
ပျံကြဝဲကြ၊ ငရဲကသို့၊
အုံကြြွမည်အာ၊ မသာယာကို၊
ငါကြားခဲ့၏ မှတ်မိ၏။
ထိုနေ့၌ပင်၊ ထိုချိန်ထင်၏၊
သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်၊
ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏၊
မြေခသတင်း၊ မိုးကြိုးခွင်းသို့၊
အိမ်တွင်းအိမ်ပြင်၊ တို့လမ်းခွင်၌၊
မချင်မရဲ၊ ဝမ်းနဲခံခက်၊
မျက်စိမျက်နှာ၊ ညှိုးကြရှာသည်၊
ရွာဦးပိုင်းမှ သင်္ချိုင်းထိ။
ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ နှစ်ဆယ်သက်စစ်၊
သူတို့ခေတ်၌၊ တိုင်းချစ်ပြည်ခင်၊
မြတ်စေချင်၏၊ မင်းမြင်ငါကြား၊
စကားဥဒါန်း၊ ဆန်း၏သတ္တိ၊
ဆန်း၏သမာဓိ၊ ဆန်း၏ပညာ၊
ဆန်းမှာဆုံပေါင်း၊ ယောကျာ်းကောင်းတို့၊
ခေါင်းဆောင်သဘော၊ မင့်သားချောကို၊
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဒီကဗျာကို ကျွန်တော်တို့သင်ရသည့်အခါ ဆရာက တစ်ကြောင်းချင်း တစ်ပုဒ်ချင်း အနက်အဓိပ္ပါယ် ဖွင့်ဆိုပြခဲ့သဖြင့် အာဇာနည် ဆိုတာကို မြတ်နိုးတန်ဖိုးထားသည့် စိတ်ဖြစ်စေသလို ဗိုလ်ချုပ် အပါအဝင် လွတ်လပ်ရေးအတွက် အသက်ပေးခဲ့သည့်သူတွေကို လေးစားအားကျစိတ်လည်း ထိုကဗျာက ဖြစ်ထွန်းစေခဲ့ပါတယ်။
ကဗျာကြောင့် ဗိုလ်ချုပ်လို စိတ်ဓာတ်နဲ့ သတ္တိ၊ ဗျတ္တိ ရှိသူတွေကို မြတ်နိုးသည့်စိတ် ဖြစ်စေသလို ရာထူး၊ အာဏာအတွက် မည်သူ့ကိုမဆို ဖယ်ရှားသုတ်သင်တတ်သည့် အာဏာမက်သူတွေကို မုန်းတီးစိတ်ဖြစ်စေခဲ့သည့်အထိ ကဗျာက တာသွားခဲ့ပါတယ်။

အခု ဒီလိုကဗျာကို သင်ပေးနိုင်တဲ့သူတွေ စာသင်ကျောင်းတွေမှာ မရှိတော့လို့ ဒီလိုဖြစ်နေတာလား၊ အခုကော ဒီလို အာဇာနည်နေ့ကို တန်ဖိုးထားလေးစားတဲ့သူကော ရှိသေးရဲ့လားဆိုတာ ကျွန်တော် စဉ်းစားမိနေပါတယ်။ဒီခေတ်က ကိုယ်ကျိုးစွန့်တဲ့သူကို လှောင်ပြောင်ကျတဲ့ခေတ်၊ အများမိုးခါးရေသောက်တိုင်း မသောက်တဲ့သူကို လှောင်ပြောင်ကဲ့ရဲ့ကြတဲ့ခေတ်၊ အာဇာနည်ဆိုတာ အဆိုတော်နာမည်လို့ သိကြသူ ပေါများတဲ့ခေတ်မှာ  ကျေးဇူးတရားဆိုတာ လူစိတ်ရှိတဲ့သူတွေမှ သိတတ်ပါလား၊ မွေးမြူတတ်ကြပါလားဆိုတာ ကျွန်တော် ဖြည့်တွေးနေမိပါတယ်။

မောင်ဦးလွင်
ဇူလိုင် - ၁၈

( Zawgyi )

ဒီတစ္ပတ္ထဲ စာလိုက္သင္ရင္းနဲ႔ တပည့္ေတြက အခုလာမယ့္ အာဇာနည္ေန႔ က်ဴရွင္ပိတ္လား ဆရာလို႔ ေမးလာခဲ့ပါတယ္။ၿပီးေတာ့ ေက်ာင္းသားမိဘေတြက ဒီတစ္ပတ္ပိတ္ရက္မ်ားတယ္ေနာ္ ဆရာ။မပိတ္ခ်င္ရင္ မပိတ္နဲ႔ေလလို႔ ဆိုပါတယ္။ဘာရည္႐ြယ္ခ်က္နဲ႔ ေျပာသလဲဆိုတာ မသိေပမယ့္ ဒီတစ္ပတ္ထဲ ပိတ္ရက္မ်ားတာေၾကာင့္ စာသင္ရက္နည္းတာကို သေဘာက်ဟန္ မတူပါဘူး။ဒါ ကြၽန္ေတာ့အထင္ပါ။ဒါေပမယ့္ ဘယ္လိုပဲျဖစ္ျဖစ္ ကြၽန္ေတာ္ဘက္က ပိတ္ဖို႔ဆုံးျဖတ္ထားတဲ့အတြက္ ပိတ္မယ္လို႔ပဲ ေျပာခဲ့ပါတယ္။

စာသင္ၿပီး ျပန္လာတဲ့လမ္းမွာ ကြၽန္ေတာ္ စဥ္းစားေနမိပါတယ္။ဘာေၾကာင့္ ဒီဘက္ႏွစ္ေတြမွာ အာဇာနည္ေန႔ကို တခမ္းတနားက်င္းပလာေပမယ့္ လူတခ်ိဳ႕ရဲ႕စိတ္ထဲ အာဇာနည္ေန႔က ဘာေၾကာင့္ တန္ဖိုးထားမႈ က်ဆင္းလာသလဲ ဘာေၾကာင့္ အမ်ိဳးသားေရးႏိုးႂကြားမႈ က်ဆင္းလာသလဲ ဆိုတာကို သတိထားမိ ေတြးမိတာပါ။တစ္ကယ္အျဖစ္က စိတ္မသက္သာစရာပါ။အာဇာနည္ေန႔ကို ယခင္ တစ္ပါတီအာဏာရွင္စနစ္ျဖစ္တဲ့ ျမန္မာဆိုရွယ္လစ္လမ္းစဥ္ပါတီ ေခတ္မွာေတာင္ လူတိုင္းက တန္ဖိုးထားၾက ေလးစားၾကပါတယ္။အာဇာနည္ေန႔ဆိုတာ အာဇာနည္ ၉ ဦး အပါအဝင္ ျမန္မာ့လြတ္လပ္ေရးအတြက္ အသက္ေပးခဲ့တဲ့သူေတြရဲ႕ စြန႔္လႊတ္စြန႔္စားစိတ္ကို ေက်းဇူးတရားကို တန္ဖိုးထားတဲ့ေန႔၊ အေလးအျမတ္ျပဳတဲ့ေန႔ပါပဲ။

အဲဒီေခတ္ကို ကြၽန္ေတာ္ေကာင္းေကာင္းမွီလိုက္တဲ့အတြက္ အေတာ္မ်ားမ်ား စိတ္ထဲမွတ္မွတ္သားသား ရွိေနေသးပါတယ္။ဒီဘက္ေခတ္လို ပုဂၢိဳလ္စြဲ အက်ိဳးစီးပြားစြဲ အေတာ္ေလးနည္းပါတယ္။ဘယ္သူေၾကာင့္ ဘယ္ဝါေၾကာင့္ဆိုၿပီး ပုဂၢိဳလ္ေရးတံဆိပ္ကပ္ၿပီး ဆန႔္က်င္တာလည္း နည္းပါတယ္။အလြန္အကြၽံမရွိသလို အဂါရ၀ ျဖစ္တာလည္းနည္းၿပီး အစြန္းတရားႏွစ္ဘက္ လြတ္ကင္းတဲ့ တန္ဖိုးထားမႈေတြ ရွိခဲ့ပါေသးတယ္။ဒါေတြ ဘာေၾကာင့္ျဖစ္တယ္ ဘယ္သူေၾကာင့္ျဖစ္တယ္ဆိုတာ ေျပာဖို႔မလိုသလို ေျပာလဲမေျပာခ်င္ပါဘူး။တစ္ခုသတိထားမိတာက အာဇာနည္ေန႔ကို လူေတြက တစ္ဦးပိုင္တစ္ဖြဲ႕ပိုင္လို႔ ျမင္လာၾကတာ နည္းနည္းမ်ား ရွိလာသလား ဆိုတာကိုပါ။  

မၾကာေသးခင္ ဆယ္စုႏွစ္ေတြအထိ အာဇာနည္ေန႔ဟာ အမ်ားျပည္သူအတြက္ အာဇာနည္ေန႔ေရာက္တိုင္း ဘာေတြျဖစ္ဦးမလဲဆိုၿပီး ထိတ္လန႔္ရတဲ့ေန႔ေတြ ျဖစ္သလို  အာဇာနည္ကုန္းရွိရာကို မသြားရဲေလာက္ေအာင္ ၿခိမ္းေျခာက္မႈေတြ ရွိေနတဲ့ကာလလည္း ျဖစ္ပါတယ္။ဒါဟာ ေက်းဇူးရွိတဲ့သူေတြကို ေက်းဇူးတင္ ေအာက္ေမ့ဖြယ္လုပ္ခြင့္မရေအာင္ လုပ္ထားတဲ့ ဆိုးဆိုးဝါးဝါးကာလေတြပါ။

မဆလေခတ္လို႔ ေျပာၾကဆိုၾကတဲ့ ကာလမွာေတာင္ အာဇာနည္ေန႔ မေရာက္ခင္ကတည္းက ေက်ာင္းေတြမွာ အာဇာနည္ေန႔ ပိုစကတ္ေတြ၊ တံဆိပ္ေခါင္းေတြ ေရာင္းၾကတဲ့ အစဥ္အလာရွိသလို ေက်ာင္းတိုင္း ေက်ာင္းတိုင္း အာဇာနည္ေန႔ စာစီစာကုံးၿပိဳင္ပြဲေတြ ေဟာေျပာပြဲေတြ လုပ္ၾကပါတယ္။ဒါ့အျပင္ အာဇာနည္ေန႔မွာ တစ္ႏွစ္တစ္ခါ နားေထာင္ရတဲ့ အာဇာနည္ေန႔ သီခ်င္းေတြ၊ ျမန္မာအသံကေန ဥၾသဆြဲေပးတာေတြက ငယ္႐ြယ္တဲ့ ကြၽန္ေတာ္တို႔အတြက္ ယခုတိုင္ ႏွလုံးသားထဲစြဲေနတဲ့ ကိစၥေတြပါဘဲ။တေလာက သူငယ္ခ်င္းတစ္ေယာက္ရဲ႕ သားျဖစ္တဲ့ ၁၃/၁၄ ႏွစ္ အ႐ြယ္ကို “ဖိုးသား… အာဇာနည္ေန႔ဆိုတာ သိလား” လို႔ အမွတ္တမဲ့ ေမးလိုက္ဘူးပါတယ္။
ဒီကေလးျပန္ေျဖတာ နားေထာင္ၾကည့္ပါ။“အာဇာနည္ဆိုတာ အဆိုေတာ္ေလ ဘဘရဲ႕။သူ႔ေမြးေန႔ျဖစ္မွာေပါ့” လို႔ ေျဖပါတယ္။

ဒီကေလးအဖို႔ အာဇာနည္ေန႔ဆိုတာ ဘာကိုေခၚတာ ဘယ္ေန႔ဆိုတာသိမွာ အမွန္ပါဘဲ။ဘာလို႔ အာဇာနည္ေန႔လို႔ အမည္နာမေပးသလဲဆိုတဲ့ ေနာက္ခံကိုလည္း ေက်ာင္းမွာ မသင္ရဘဲေနမွာ မဟုတ္ပါဘူး။ဒါေပမယ့္ ကိုယ့္ႏိုင္ငံ လြတ္လပ္ေရးအတြက္ အက်ိဳးေက်းဇူး ႀကီးမားလြန္းတဲ့ အသက္စြန႔္ခဲ့တဲ့သူေတြကို ဒီလိုၿပီးလြယ္စီးလြယ္ ေျပာထြက္တဲ့စိတ္ေတြ ျဖစ္ထြန္းေနတာက ေၾကာက္စရာလန႔္စရာပါ။ၿပီးေတာ့ ဒါဟာ ဒီေျမဒီေရေပၚမွာ ေနသူတိုင္း ယခုလက္ရွိရေနတဲ့ လြတ္လပ္မႈဆိုတာ ဒီလို အသက္ေပးခဲ့တဲ့သူေတြေၾကာင့္ ျဖစ္တည္လာခဲ့တာကို မဆိုင္သလိုစိတ္ေတြ ဘာလို႔ျဖစ္ေနရသလဲ ဆိုတာကို ေတြးမိတဲ့အခါ ေနာင္တိုင္းျပည္ အနာဂတ္အတြက္လည္း ရင္ေလးမိပါတယ္။

လြန္ခဲ့တဲ့ (၇၂) ႏွစ္၊ တိတိက်က်ေျပာရရင္ ၁၉၄၇-ခုႏွစ္ ဇူလိုင္လ (၁၉) ရက္၊ နံနက္ (၁၀) နာရီ (၃၇) မိနစ္ အခ်ိန္မွာျဖစ္တဲ့ လုပ္ႀကံမႈတစ္ခုတည္း သက္သက္ကေန အာဇာနည္ေန႔ဆိုတာ ျဖစ္လာတာ မဟုတ္ပါဘူး။တစ္ကယ္က တိုင္းျပည္အတြက္ ဦးေဆာင္ဦး႐ြက္ျပဳေနတဲ့သူေတြကို အာဏာရလိုမႈ တစ္ခုတည္းနဲ႔ ကိုယ္က်ိဳးရွာၾကတဲ့သူေတြ၊ ေနာက္ကြယ္က မနာလိုမရႈစိမ့္တဲ့သူေတြေၾကာင့္ အသက္ေပးခဲ့ရတဲ့သူေတြအတြက္ တိုင္းျပည္က အသိအမွတ္ျပဳခဲ့တာပါ။အထူးသျဖင့္ ျမန္မာ့လြတ္လပ္ေရးအတြက္ ဦးေဆာင္ခဲ့တဲ့သူေတြကို တိုင္းျပည္က ေနရာေပးခဲ့တာပါ။ဒီေနရာကို ေနာက္ပိုင္းမွာ အာဏာရွင္ေတြက သူတို႔လို ကိုယ္က်ိဳးစီးပြား မစြန႔္ႏိုင္တဲ့အခါ မလုပ္ႏိုင္တဲ့အခါ ‘ဆင္ျဖဴမ်က္ႏွာ ဆင္မည္းမၾကည့္ဝံ့’ ဆိုသလို မနာလိုစိတ္နဲ႔ အာဇာနည္ေန႔ကို ေမွးမွိန္ေအာင္ လုပ္ခဲ့ၾကတာပါ။တစ္ကယ္စဥ္းစားၾကည့္မယ္ဆိုရင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း အပါအဝင္ လြတ္လပ္ေရးအတြက္ အသက္ေသြးေခြၽးခႏၶာ ဆပ္ခဲ့ၾကတဲ့သူေတြကို တိုင္းျပည္က သတိရဂုဏ္ျပဳတဲ့ေန႔ဆိုတာ တိုင္းျပည္ကေနရသမွ် ကိုယ္က်ိဳးစီးပြားရွာၿပီး အခြင့္ထူးခံေနၾကတဲ့ အာဏာရွင္ေတြ၊ သူတို႔အသိုင္းအဝိုင္းနဲ႔ မိသားစုေတြအတြက္ ရွက္ဖြယ္လိလိေန႔ ျဖစ္ေနတဲ့ သေဘာပါဘဲ။

မွတ္သားထားတဲ့ အတိုင္းဆိုရင္ လြတ္လပ္ေရးရခါနီး တိုင္းျပည္ကံၾကမၼာကို ေျပာင္းလဲပစ္လိုက္တဲ့ အခ်ိန္ျဖစ္တဲ့ အဲဒီအခ်ိန္မွာ ျမန္မာႏိုင္ငံကို ကိုလိုနီျပဳထားတဲ့ နယ္ခ်ဲၿဗိတိသွ်ဆီကေန ေအာင္ဆန္း - အက္တလီ စာခ်ဳပ္အရ လြတ္လပ္ေရးရၿပီးေနာက္ပိုင္း တိုင္းျပည္ျပန္လည္ထူေထာင္ေရးအတြက္ ေဆြးေႏြးေနတဲ့ ဘုရင္ခံေကာင္စီ အစည္းအေဝးကို က်င္းပေနတာပါ။ဒီအစည္းအေဝးကို တက္ေနတဲ့ထဲက ေခါင္းေဆာင္ ၈ ဦးျဖစ္တဲ့

၁။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း - ဘုရင္ခံေကာင္စီ ဒု-ဥကၠဌ၊ ကာကြယ္ေရးႏွင့္ ႏိုင္ငံျခားေရးဌာန
၂။ သခင္ျမ - ဘ႑ေရးႏွင့္ အခြန္ေတာ္ဌာန
၃။ ဦးဘဝင္း - ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေထာက္ပံ့ေရးဌာန၊
၄။ ဒီးဒုတ္ဦးဘခ်ိဳ - ျပန္ၾကားေရးဌာန
၅။ အဗၺဒူရာဇတ္ - ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္းဌာန၊
၆။ မန္းဘခိုင္ - စက္မႈလက္မႈႏွင့္ အလုပ္သမားဌာန၊
၇။ မိုင္းပြန္ေစာ္ဘြားႀကီး စပ္စံထြန္း - ေတာင္တန္းေရးရာဌာန၊
၈။ ဦးအုံးေမာင္ - ဒုတိယအတြင္းဝန္ လမ္းပန္းဆက္သြယ္ေရးဌာနတို႔ကို

အာဏာျဖတ္လမ္းကလိုခ်င္တဲ့ ဂ႒ုန္ဦးေစာ နဲ႔ အေပါင္းအပါတစ္သိုက္ ေစလႊတ္လိုက္တဲ့ ေသနတ္သမားေတြ လက္ခ်က္နဲ႔ က်ဆုံးခဲ့ရၿပီး ေသနတ္သံၾကားလို႔ ေျပးထြက္လာတဲ့ ဝန္ႀကီး ဦးရာဇတ္ ရဲ႕ အပါးေတာ္ၿမဲ ရဲေဘာ္ကိုေထြးလည္း က်ဆုံးခဲ့ရပါတယ္။ဒီလုပ္ႀကံမႈဟာ တိုင္းျပည္အတြက္ ဘယ္ေလာက္ေတာင္ ထိခိုက္မႈရွိသလဲဆိုတာ ေနာက္ပိုင္း တိုင္းျပည္ကို ဂ်ဳံးဂ်ဳံးက်ေအာင္ ျဖစ္လာေစတဲ့ အာဏာရွင္ေတြ ႀကီးစိုးလာတာကိုၾကည့္ရင္ သိမယ္ထင္ပါတယ္။

ဒါေၾကာင့္လည္း ဆရာေဇာ္ဂ်ီက ၁၉၆၄ ခုႏွစ္မွာ ဗိုလ္ခ်ဳပ္တို႔ လုပ္ႀကံသတ္ျဖတ္ခံရတာကို ရည္ၫႊန္းၿပီး ခံျပင္းစြာနဲ႔ ေနာက္လူေတြအတြက္ ကဗ်ာတစ္ပုဒ္ကို ေရးခဲ့ပါတယ္။ဒီကဗ်ာက “ေျပာလိုက္ပါဘိ၊ ေဟာပါဘိ” ဆိုတဲ့ ကဗ်ာပါ။

“ေျပာလိုက္ပါဘိ ေဟာပါဘိ”

ငါ့ညီေျပာင္ဝင္း၊ ေမာင္သစ္ဆင္း၊
မင္း၏သက္လွယ္၊ မင္းသားငယ္သည္၊
သက္ႏွစ္ဆယ္ပင္ျပည့္ခဲ့ၿပီ။
သူသုံးႏွစ္သား၊ ေဖၚခ်င္းမ်ားႏွင့္၊
အူယားဖါးယား၊
ကစားရာမွ၊ ႏြား႐ုပ္ခ်၍၊
နတ္က်သည့္သြင္၊ မင့္ရင္ခြင္သို႔၊
ေျပးဝင္ပုန္းလာ၊ သူ႔မူရာကို၊
ငါျမင္ခဲ့၏ မွတ္မိ၏။
မိုးကစိုစို၊ က်ီးအုပ္ၿပိဳ၍၊
ထိုမွဤမွ၊ တို႔လမ္းမတြင္၊
ပ်ံၾကဝဲၾက၊ ငရဲကသို႔၊
အုံၾကျြမည္အာ၊ မသာယာကို၊
ငါၾကားခဲ့၏ မွတ္မိ၏။
ထိုေန႔၌ပင္၊ ထိုခ်ိန္ထင္၏၊
သခင္ေအာင္ဆန္း၊ ျပည္သူ႔ပန္းသည္၊
ပြင့္လန္းခါစ၊ ေႂကြလိုက္ရ၏၊
ေျမခသတင္း၊ မိုးႀကိဳးခြင္းသို႔၊
အိမ္တြင္းအိမ္ျပင္၊ တို႔လမ္းခြင္၌၊
မခ်င္မရဲ၊ ဝမ္းနဲခံခက္၊
မ်က္စိမ်က္ႏွာ၊ ညႇိဳးၾကရွာသည္၊
႐ြာဦးပိုင္းမွ သခ်ႋဳင္းထိ။
ငါ့ညီေျပာင္ဝင္း၊ ေမာင္သစ္ဆင္း
မင္း၏သားငယ္၊ ႏွစ္ဆယ္သက္စစ္၊
သူတို႔ေခတ္၌၊ တိုင္းခ်စ္ျပည္ခင္၊
ျမတ္ေစခ်င္၏၊ မင္းျမင္ငါၾကား၊
စကားဥဒါန္း၊ ဆန္း၏သတၱိ၊
ဆန္း၏သမာဓိ၊ ဆန္း၏ပညာ၊
ဆန္းမွာဆုံေပါင္း၊ ေယာက်ာ္းေကာင္းတို႔၊
ေခါင္းေဆာင္သေဘာ၊ မင့္သားေခ်ာကို၊
ေျပာလိုက္ပါဘိ ေဟာပါဘိ။ ။

ဒီကဗ်ာကို ကြၽန္ေတာ္တို႔သင္ရသည့္အခါ ဆရာက တစ္ေၾကာင္းခ်င္း တစ္ပုဒ္ခ်င္း အနက္အဓိပၸါယ္ ဖြင့္ဆိုျပခဲ့သျဖင့္ အာဇာနည္ ဆိုတာကို ျမတ္ႏိုးတန္ဖိုးထားသည့္ စိတ္ျဖစ္ေစသလို ဗိုလ္ခ်ဳပ္ အပါအဝင္ လြတ္လပ္ေရးအတြက္ အသက္ေပးခဲ့သည့္သူေတြကို ေလးစားအားက်စိတ္လည္း ထိုကဗ်ာက ျဖစ္ထြန္းေစခဲ့ပါတယ္။
ကဗ်ာေၾကာင့္ ဗိုလ္ခ်ဳပ္လို စိတ္ဓာတ္နဲ႔ သတၱိ၊ ဗ်တၱိ ရွိသူေတြကို ျမတ္ႏိုးသည့္စိတ္ ျဖစ္ေစသလို ရာထူး၊ အာဏာအတြက္ မည္သူ႔ကိုမဆို ဖယ္ရွားသုတ္သင္တတ္သည့္ အာဏာမက္သူေတြကို မုန္းတီးစိတ္ျဖစ္ေစခဲ့သည့္အထိ ကဗ်ာက တာသြားခဲ့ပါတယ္။

အခု ဒီလိုကဗ်ာကို သင္ေပးႏိုင္တဲ့သူေတြ စာသင္ေက်ာင္းေတြမွာ မရွိေတာ့လို႔ ဒီလိုျဖစ္ေနတာလား၊ အခုေကာ ဒီလို အာဇာနည္ေန႔ကို တန္ဖိုးထားေလးစားတဲ့သူေကာ ရွိေသးရဲ႕လားဆိုတာ ကြၽန္ေတာ္ စဥ္းစားမိေနပါတယ္။ဒီေခတ္က ကိုယ္က်ိဳးစြန႔္တဲ့သူကို ေလွာင္ေျပာင္က်တဲ့ေခတ္၊ အမ်ားမိုးခါးေရေသာက္တိုင္း မေသာက္တဲ့သူကို ေလွာင္ေျပာင္ကဲ့ရဲ႕ၾကတဲ့ေခတ္၊ အာဇာနည္ဆိုတာ အဆိုေတာ္နာမည္လို႔ သိၾကသူ ေပါမ်ားတဲ့ေခတ္မွာ  ေက်းဇူးတရားဆိုတာ လူစိတ္ရွိတဲ့သူေတြမွ သိတတ္ပါလား၊ ေမြးျမဴတတ္ၾကပါလားဆိုတာ ကြၽန္ေတာ္ ျဖည့္ေတြးေနမိပါတယ္။

ေမာင္ဦးလြင္
ဇူလိုင္ - ၁၈