【 ဆောင်းပါး 】 “မူးယစ်စေသော”

【 ဆောင်းပါး 】  “မူးယစ်စေသော”

“မင်းမှာ အရမ်းချောတဲ့ ညီမတစ်ယောက် ရှိတယ်ဆိုပါစို့”
 
“မရှိပါဘူး”
 
“ဥပမာပြောတာပါကွာ။မင်းရဲ့တစ်ဦးတည်းသော ညီမလေးက၊ မင်းထက် တစ်နှစ်ကျော်ကျော်ပဲ ငယ်မယ်ကွာ။ရုပ်ရည်၊ အသားအရေ၊ ကိုယ်လုံးကိုယ်ထည်ကလည်း ပြောစရာမရှိအောင် လှတယ်ပေါ့”
 
“အဲဒီတော့”
 
“အဲဒီညီမလေးက၊ နေ့တိုင်းနေ့တိုင်း၊ ညဆယ့်နှစ်နာရီ၊ တစ်ချက်ဆိုရင် အပြင်ထွက်ထွက်သွားတယ်ဆိုပါတော့”
 
“ဘယ်ကိုသွားတာလဲ”
 
“အတိအကျတော့မရှိဘူး။သူ့စိတ်ကူးနဲ့သူ လျှောက်သွားနေတယ်ပေါ့ကွာ”
 
“ဆက်ပြောပါဦး”
 
“မင်းရဲ့ညီမကို၊ မင်းဘာမှမပြောဘူးလား”
 
“ဘာမှမပြောဘူး”
 
“ဟ-ကောင်ရ။ဒီအရွယ် မိန်းကလေးက၊ ညကြီးမိုးချုပ်တစ်ယောက်တည်း သွားချင်ရာ သွားနေတာလေကွာ။ဒါကို မင်းက ဘာမှမပြောဘူးလား”
 
“ပါးစပ်နဲ့ပြောရတာ ကြာလို့၊ ညောင်းလို့ မပြောတော့ဘူးကွာ။နားရင်းပဲ ဆက်တိုက်အုပ်ပစ်မှာပေါ့”
 
“ဘာဖြစ်လို့မင်းက မင်းရဲ့ညီမကို၊ အဲဒီလိုမသွားစေချင်တာလဲ”
 
“အဲဒီအချိန်ကြီးကို၊ မင်းညီမတွေ သွားခိုင်းကြည့်ပါလား”
 
“ဟေ့ကောင်။ငါ့မှာ ညီမတွေ တကယ်ရှိတာကွ”
 
“အေးလေ။ဒါကြောင့်မို့ သူတို့ကို သွားခိုင်းလိုက်လို့ပြောတာ”
 
“ငါ အလေးအနက် ပြောနေတာပါကွာ။ကြားဖြတ်ပြီး ဝင်ဖေါက်မနေပါနဲ့”
 
“အားလုံးသိတာပဲကွာ။ဒီအချိန်က မိန်းကလေးတစ်ယောက်အနေနဲ့ အဲဒီလိုလျှောက်သွားရမယ့် အချိန်မှမဟုတ်တာ”
 
“လျှောက်သွားရင် ဘာတွေဖြစ်နိုင်မလဲ”
 
“ဘဝပျက်သွားမှာပေါ့ကွ။ကိုယ့်အိမ်ထဲမှာကိုယ် လုံလုံခြုံခြုံနေနေတာတောင် အစော်ကားခံရတတ်သေးတာ။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်တည်း လျှောက်သွားလို့ကတော့ ကြာသလားလို့”
 
“ဒါဆို၊ မင်းကမတားဘူးလား”
 
“တားမှာပေါ့”
 
“သူက မင်းရှေ့မှာတော့ ဘာမှပြန်မပြောဘဲ၊ မင်းမသိအောင် အဲဒီလိုပဲညတိုင်း ထွက်ထွက်နေတယ်ကွာ။ကံအားလျော်စွာ ဘာပြဿနာမှမရှိဘူး။ဘယ်သူကမှလည်း မစော်ကားဘူး။ဒါကြောင့် သူ့ဘဝလည်း မပျက်ဘူး ဆိုပါတော့။မင်းဘာလုပ်မလဲ။သူ အဲဒီလိုသွားနေတာကို၊ ဆက်သွားခိုင်းမှာလား။မသွားဖို့ တားမလား”
 
“မသွားဖို့ တားမှာပေါ့”
 
“သူက၊ သူဒီလိုသွားနေပေမယ့် ဘာပြဿနာမှ မဖြစ်ဘူးလို့ ဆက်သွားချင်တယ်လို့ ပြန်ပြောရင်ကော၊ မင်းက ခွင့်ပြုလိုက်မှာလား။တားဦးမှာလား”
 
“တားရမှာပေါ့”
 
“ဘာဖြစ်လို့လဲ”
 
“ဒီအချိန်က မိန်းမကောင်းတွေ အပြင်သွားလာရမယ့်အချိန်မှ မဟုတ်တာ။တစ်ညမဟုတ်တစ်ည ပြဿနာ တက်တော့မှာ သေချာနေတာပဲလေ”
 
“ဒါနဲ့စကားမစပ်။မင်းအခုသောက်နေတဲ့ အရက်က မူးယစ်စေတတ်တယ်။သတိကို မေ့လျော့စေတတ်တယ်ဆိုတာ မင်းလက်ခံလား”
 
“သူ့အချိန်အဆနဲ့သူ သောက်တတ်ရင် ဘာပြဿနာမှမဖြစ်ဘူး”
 
“ငါမေးတာ အရေအတွက်နည်းတာ များတာထက် သူ့အာနိသင်ကို မေးနေတာလေ”

“ဒါတော့ဒါပေါ့။အလွန်အကျွံသောက်ရင်တော့ ပြဿနာရှိတာပေါ့”
 
“ဒီလို-သတိကိုမေ့စေနိုင်တဲ့ ပြဿနာဖြစ်နိုင်တဲ့အရက်ကို နေ့တိုင်းသောက်နေရင်၊ တစ်နေ့မဟုတ် တစ်နေ့၊ တစ်ချိန်မဟုတ် တစ်ချိန် ပြဿနာမဖြစ်နိုင်ဘူးလား”
 
“မင်းပြောချင်တာက……..”
 
“မိန်းမပျိုလေးတစ်ယောက် အချိန်အခါမဟုတ် ခရီးသွားနေရင်၊ တစ်နေ့နေ့မှာ ဒုက္ခတွေ့နိုင်လို့၊ အချိန်အခါမဟုတ် ခရီးမထွက်ဘဲနေရင် မကောင်းဘူးလား။လုံခြုံမှုမရှိဘူးလား။အေး၊ ဒီလိုပဲပေါ့။မူးယစ်တတ်တဲ့ အရက်ကို မသောက်ဘဲနေရင် ပိုမကောင်းဘူးလား။လုံခြုံစိတ်ချရမှု ပိုမရှိဘူးလား”
 
စာသင်ခန်းထဲမှအထွက်တွင် တပည့်လေးနှစ်ယောက်၏ စကားပြောနေသံကို အရင်ကြားရသည်။အကြောင်းအရာကို စိတ်ဝင်စားသွားသည့်အတွက် အပြင်သို့ လှမ်းမထွက်သေးဘဲ ရပ်၍နားထောင်နေမိသည်။
          
၁၆၊ ၁၇ နှစ် ဆယ်တန်းကျောင်းသားအရွယ်နှင့် အရက်အကြောင်း တစ်ဖွဲ့တစ်နွဲ့ ပြောဆိုနေခြင်းအပေါ် ကျေနပ်မိခဲ့ပါသည်။အကျိုးသင့်အကြောင်းသင့် စဉ်းစားတတ်မှ အမှန်နှင့်အမှားကို ခွဲခြားနိုင်မည် ဖြစ်သည်။
 
အရက်သောက်သူ တစ်ယောက်သည် အရက်အပေါ် မူးမူးယစ်ယစ် ရူးသွပ်သွားသည့်အတွက် မိမိ၏ စီးပွားဥစ္စာကို လည်းကောင်း မိမိ၏ အရှက်နှင့် ဂုဏ်သိက္ခာကို လည်းကောင်း၊ မိမိ၏ မိသားစုကို လည်းကောင်း မေ့ပျောက်သွားကြသည်။
          
ယောင်္ကျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ ဆင်းရဲသားဖြစ်စေ၊သူဌေးသူကြွယ်ဖြစ်စေ၊ အရပ်သားဖြစ်စေ၊ ဘုရင်ဖြစ်စေ အရက်သောက်သည့်ပမာဏ အနည်းအများအရ သောက်လိုက်သည့် အရက်အမျိုးအစားအရ မူးကြမည်မှာ အသေအချာဖြစ်သည်။

အရက်မူးလာလေလေ ပုံမှန်အသိစိတ်ပျောက်လေလေ ဖြစ်သည်။မိမိကိုယ်ကို ထိန်းချုပ်မှု (self-control) လျော့နည်းလာပြီး မလုပ်သင့်တာ၊မပြောသင့်တာ မဆင်ခြင်နိုင်တော့ပေ။
 
အရက်သောက်ရုံနှင့် အပြစ်ကြီးမဖြစ်သော်လည်း အရက်သောက်ပြီးနောက် မူးယစ်လာသည့် အခြေအနေအရ အပြစ်သေး၊ အပြစ်ကြီးဟူသမျှ အကုန်ကျူးလွန်နိုင်လာလေပြီ။ခန္ဓာကိုယ်ကိုရော၊ စိတ်ကိုပါ ထိန်းသိမ်းနိုင်မှု မရှိတော့ပေ။
 
‘အသိ’ နှင့် ‘သတိ’ နှင့် လျှောက်လှမ်းနေရသောဘဝခရီးမှာ ထို ‘အသိ’ နှင့် ‘သတိ’ ကို ချို့ယွင်းစေသော၊ အသေသတ်နေသော အဆုံးမရှိအန္တရယ် Infinity Danger သည် မူးယစ်ဆေးဝါးများပင် ဖြစ်သည်။
          
လောကမှာ အရက်သောက်ပြီး မူးယစ်နေသူ အများအပြားရှိသလို၊ အရက်မသောက်ဘဲ ငွေကြေးအပေါ်၊ ရာထူးအာဏာအပေါ်မှာ ယစ်မူးနေကြသူများလည်း ရှိပါသည်။
 
ထိုသူများသည် ငွေကြေး၊ ပစ္စည်း၊ ဥစ္စာနှင့် ပတ်သက်လာလျှင် သူစိမ်းလည်းမထား၊ ဆွေမျိုး ညီအစ်ကို မောင်နှမလည်း မချန်ဘဲ ကိုယ်ရဖို့ပဲ အလေးထား စဉ်းစားတတ်ကြ၏။
 
တစ်ချိန်က၊ အုပ်ချုပ်သူများ၏ မဟာစီမံကိန်းများကြောင့် ကျွန်တော်တို့ရပ်ကွက် ဖျက်ခဲ့ရစဉ်က တပည့်မလေးတစ်ဦး၏ ရင်ဖွင့်သံကို ပြောပြချင်ပါသည်။
 
သူတို့က မောင်နှမလေးယောက်ရှိသည်။မိခင်ကြီးလည်း ရှိသေးသည်။သူတို့မောင်နှမလေးယောက်လုံးက အိမ်ထောင်ကျပြီး သားသမီးကိုယ်စီနှင့် ဖြစ်နေပြီ။သူမသည် အငယ်ဆုံးသမီး ဖြစ်သည်။
 
အဖျက်ခံရသော အိမ်တစ်နေရာစာအတွက် အုပ်ချုပ်သူများက ငွေငါးသိန်းနှင့် မြေတစ်ကွက်ပေးသည်။သူတို့ အိမ်ကကြီးပြီး ခြံကကျယ်သည်။မိသားစုကလည်းများသည်။ထို့ကြောင့် နှစ်နေရာစာရသည်။
 
သူတို့ အစ်ကိုအကြီးဆုံးက မိခင်ကြီးနှင့် အတူနေမည်ဖြစ်၍ သူ့အတွက် ငွေငါးသိန်းနှင့် မြေတစ်ကွက် ယူသည်။သူတို့မောင်နှမလေးယောက်နှင့် အမေ အပါအဝင် ငါးယောက်ရှိသည်ဆိုပြီး ကျန်ငွေငါးသိန်းကို တစ်ယောက် တစ်သိန်း ဝေစုခွဲသည်။မြေကွက်တစ်ကွက် ရောင်း၍ရသော ငွေတစ်သိန်းကိုလည်း တစ်ယောက် နှစ်သောင်း ထပ်ခွဲသည်။
 
စာရင်းချုပ်လိုက်တော့ အစ်ကိုကြီးဖြစ်သူက ငွေခုနစ်သိန်းလေးသောင်းနှင့် မြေတစ်ကွက်ရပြီး၊ ကျန်မောင်နှမသုံးယောက်က တစ်ယောက်ကို ငွေတစ်သိန်းနှစ်သောင်းစီ ရလေသည်။
 
ဒါကို မကျေမနပ်ဖြစ်သော တပည့်မလေးက ရင်ဖွင့်သည်။သို့သော်လည်း ပြဿနာမရှာကြပါ။အစ်ကိုကြီးက အနေအေးသော မိခင်ကြီးကို မည်သို့စည်းရုံးထားသည်မသိ၊ မိခင်ကြီးက ဘာမှဝင်မပြော၍ အငယ်သုံးယောက်က လက်ခံခဲ့ရသည်။
 
ငွေကြေးဥစ္စာအပေါ် ယစ်မူးနေသူအတွက် မိဘကိုနေရာပေးရမှန်းမသိ။ညီ၊ ညီမများအပေါ် ညှာတာရမှန်းမသိ။တရား၏ မတရား၏ ဝေဖန်ဆန်းစစ်ရကောင်းမှန်းမသိဘဲ ကလေးဆန်သလို၊ လူမိုက်ဆန်သလို အရှက်အကြောက်မရှိ ရဲရဲတင်းတင်း မျက်နှာပြောင်ပြောင် ဆုံးဖြတ်ခဲ့သည်။
 
မိသားစုအတွင်းမှာ ယစ်မူးတာက မိသားစုသာခံရသည်မို့ တော်သေးသည်။ကျန်မိသားစုဝင်တွေက သံယောဇဉ်မျက်နှာနှင့် မိဘမျက်နှာနှင့် ဖြေနိုင်သေးသည်။ဒုက္ခအရမ်းရောက်လာလျှင် ထမင်းတစ်နပ်၊အိပ်စရာ တစ်နေရာတော့ ခေတ္တဖြစ်ဖြစ်ရနိုင်သေးသည်။
 
စားသုံးသူများ၊ အလုပ်သမားများအပေါ် ရက်စက်သော ငွေရှင်ကြေးရှင်၊ အရင်းရှင်အချို့၏ ငွေကြေးယစ်မူးမှုက ပို၍ကြောက်စရာကောင်းလေသည်။
          
ပစ္စည်းမဲ့ ဆင်းရဲသားတို့၏ တစ်ထောင်တန်ပစ္စည်းတစ်ခုကို ကျပ်တစ်ထောင့်တစ်ရာ၊ ထောင့်နှစ်ရာ ပေး၍ဝယ်၏။ဆင်းရဲသားများက ငွေကြေးမပြေလည်သူများဖြစ်၍ ရှိသည့်ပစ္စည်းကို အားတက်သရော ရောင်းချကြ၏။တစ်လ၊ နှစ်လ ကြာသောအခါ၊ တချို့ပစ္စည်းများကို ခြောက်လ၊ တစ်နှစ်ကြာသောအခါ၊ ထိုပစ္စည်းကို နှစ်ထောင်၊ သုံးထောင်၊ လေးထောင် စသည်ဖြင့် မတန်တဆဈေးတင်ပြီး ပြန်ရောင်းသည်။အသုံးလိုနေသော ဆင်းရဲသားများက တခြားပစ္စည်းရောင်းချ၍ဖြစ်စေ၊ ချေးငှား၍ဖြစ်စေ ပြန်ဝယ်၍ သုံးကြရလေသည်။
 
မြေတွေ အိမ်တွေဆိုလျှင် သူတို့အတွက် ပို၍အမြတ်ကျန်ပြီး ဆင်းရဲသားတွေကျတော့ အိမ်ပိုင်၊ မြေပိုင်မရှိတော့ဘဲ အိမ်ငှား၊ မြေငှားဘဝနှင့် သားစဉ်မြေးဆက် ဒုက္ခပင်လယ်ဝေကြလေတော့သည်။
 
ရာထူးအာဏာ ယစ်မူးသူများကတော့ ပို၍ဆိုးလေသည်။သူတို့၏ ရာထူးအာဏာကို အသုံးချ၍ ဥပဒေအမျိုးမျိုး ထုတ်ပြန်ကာ ဆင်းရဲသားများကို ဖိနှိပ်သည်။အခွန်ကောက်အမျိုးမျိုးကို စာရင်းနှင့် အင်းနှင့် တိတိကျကျ ကောက်ခံသည်။ရရှိလာသော အခွန်အကောက်များကိုတော့ စာရင်းမရှိ အင်းမရှိ ကိုယ်ကျိုးအတွက်ယူကြသည်။
          
သူတို့ကတော့ အာဏာရှိသူများ၊ ဥပဒေ၏အပေါ်မှာ နေသူများဖြစ်၍ အန္တရာယ်ကင်းသည်။လွတ်လပ်သည်။စည်းစိမ်ချမ်းသာနှင့် နေရသည်။မိသားစုတွေ ပျော်ရွှင်ရယ်မောနေနိုင်သည်။
 
ပစ္စည်းမဲ့များကတော့ အာဏာရှင်တို့၏အောက်မှာရှိသော၊ အာဏာရှင်တို့ ချမှတ်ထားသော ဥပဒေ၏အောက်မှာ နေကြရသည်ဖြစ်၍ အမြဲအန္တရာယ်ရှိနေသည်။လွတ်လပ်မှုလုံးဝမရှိ။ချို့ချို့တဲ့တဲ့နှင့် နေရသည်။မိသားစုတွေ သောက၊ ဒေါသများနှင့် နေကြရသည်။
 
တချို့မိသားစုတွေက ထမင်းနပ်မမှန်အောင် ငတ်ပြတ်နေကြသည်။တချို့မိသားစုတွေက ထမင်းနပ်မှန်၍ အနည်းငယ်ဝတ်နိုင်စားနိုင်သော်လည်း အကျင့်စာရိတ္တ ပျက်စီးသွားကြသည်။တချို့မိသားစုများကတော့ စားဝတ်နေရေးလည်း မပြေလည်ဘဲ အကျင့်စာရိတ္တပျက်တာသာ အဖတ်တင်ကျန်ရစ်ကြ၏။
          
အာဏာရှင်များကတော့ မတုန်လှုပ်ပါ။သူတို့၏ ရာထူးအာဏာနှင့် စည်းစိမ်ဥစ္စာအပေါ် ရူးသွပ်သွားအောင် ယစ်မူးနေမှုက သူတို့မှလွဲ၍ မည်သူ၏ အစာအိမ်တွေ မည်သို့ဟောင်းလောင်း ဖြစ်ပါစေ၊ မည်သူ၏ ခန္ဓာကိုယ်မှာ မည်သည့် းအဝတ် အစားမှ မကပ်နိုင်ပါစေ၊ မည်သူတွေ မည်သို့စိတ်ဆင်းရဲနေပါစေ၊ မျက်စိဖွင့်၍လည်း ကြည့်နိုင်ကြပါသည်။မျက်စိပိတ်၍လည်း ကြည့်နိုင်ကြပါသည်။လုံး၀ မကြည့်ဘဲလည်း နေနိုင်ကြပါသည်။
 
တစ်ဦးတည်းက အာဏာရော၊ ငွေကြေးရော ယစ်မူးသည့်အခါမျိုး၊ အာဏာယစ်မူးသူနှင့် ငွေကြေးယစ်မူးသူ စည်းလုံးညီညွတ်၍ အပေးအယူမျှသောအခါမျိုးတွင် သူတို့ကတော့ လောကကြီးမှာ အချမ်းသာဆုံးတွေ၊ အထူးချွန် အထက်မြက်ဆုံးတွေဖြစ်ပြီး၊ လက်အောက်ငယ်သား ဆင်းရဲသားများကတော့ အဆင်းရဲဆုံး၊ အသုံးမကျဆုံး၊ အနုံအဆုံးတွေ ဖြစ်ကြ ရလေသည်။
 
မူးယစ်သူများသည်လည်း အရက်အားကိုး၍ သို့မဟုတ် အရက်အပေါ် ရူးသွပ်၍ မိုက်မဲသူများဖြစ်၏။
          
ယစ်မူးသူများသည်လည်း ငွေကြေး၊ ရာထူး၊ အာဏာ အားကိုး၍ သို့မဟုတ် ငွေကြေး၊ ရာထူး၊အာဏာအပေါ် ရူးသွပ်၍ မိုက်မဲသူများဖြစ်၏။
           
မူးယစ်မိုက်မဲသူကြောင့် သူကိုယ်တိုင်နှင့် သူ့မိသားစုဘ၀ နစ်နာမှု၊ ပျက်စီးမှု ရှိနိုင်သော်လည်း လောကကြီးကို နစ်နာအောင်၊ ပျက်စီးအောင်တော့ မလုပ်နိုင်ပါ။
 
ယစ်မူးမိုက်မဲသူကြောင့် သူကိုယ်တိုင်နှင့် သူ့မိသားစုဘ၀ ကောင်းစားနေမှာ ဖြစ်သော်လည်း လောကကြီးကိုတော့ နစ်နာအောင် ပျက်စီးအောင် လုပ်နိုင်ပါသည်။
           
မူးယစ်နေသူများကို အားလုံးက အဝေးမှပင် မြင်နိုင်ပါသည်။သူတို့ကြောင့် အားလုံးအတွက် စိတ် အနှောင့်အယှက် ဖြစ်ရပါသည်။သူတို့ကို ပြဿနာရှာလျှင်တော့ ရနိုင်ပါသည်။သို့သော် ဘယ်သူမှမရှာကြပါ။
 
ယစ်မူးနေသူများကိုတော့ အဝေးမှမမြင်နိုင်ပါ။နီးတိုင်းလည်း မမြင်နိုင်ပါ။သတိထားမှ မြင်နိုင်ပါသည်။သူတို့ကြောင့် အားလုံးအတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါသည်။အားလုံးကလည်း ပြဿနာရှာချင်ကြပါသည်။သို့သော် ဘယ်သူမှမရှာရဲပါ။

ရိုက်မောင်း
အောက်တိုဘာ - ၁၈

( Zawgyi )

“မင္းမွာ အရမ္းေခ်ာတဲ့ ညီမတစ္ေယာက္ ရွိတယ္ဆိုပါစို႔”
 
“မရွိပါဘူး”
 
“ဥပမာေျပာတာပါကြာ။မင္းရဲ႕တစ္ဦးတည္းေသာ ညီမေလးက၊ မင္းထက္ တစ္ႏွစ္ေက်ာ္ေက်ာ္ပဲ ငယ္မယ္ကြာ။႐ုပ္ရည္၊ အသားအေရ၊ ကိုယ္လုံးကိုယ္ထည္ကလည္း ေျပာစရာမရွိေအာင္ လွတယ္ေပါ့”
 
“အဲဒီေတာ့”
 
“အဲဒီညီမေလးက၊ ေန႔တိုင္းေန႔တိုင္း၊ ညဆယ့္ႏွစ္နာရီ၊ တစ္ခ်က္ဆိုရင္ အျပင္ထြက္ထြက္သြားတယ္ဆိုပါေတာ့”
 
“ဘယ္ကိုသြားတာလဲ”
 
“အတိအက်ေတာ့မရွိဘူး။သူ႔စိတ္ကူးနဲ႔သူ ေလွ်ာက္သြားေနတယ္ေပါ့ကြာ”
 
“ဆက္ေျပာပါဦး”
 
“မင္းရဲ႕ညီမကို၊ မင္းဘာမွမေျပာဘူးလား”
 
“ဘာမွမေျပာဘူး”
 
“ဟ-ေကာင္ရ။ဒီအ႐ြယ္ မိန္းကေလးက၊ ညႀကီးမိုးခ်ဳပ္တစ္ေယာက္တည္း သြားခ်င္ရာ သြားေနတာေလကြာ။ဒါကို မင္းက ဘာမွမေျပာဘူးလား”
 
“ပါးစပ္နဲ႔ေျပာရတာ ၾကာလို႔၊ ေညာင္းလို႔ မေျပာေတာ့ဘူးကြာ။နားရင္းပဲ ဆက္တိုက္အုပ္ပစ္မွာေပါ့”
 
“ဘာျဖစ္လို႔မင္းက မင္းရဲ႕ညီမကို၊ အဲဒီလိုမသြားေစခ်င္တာလဲ”
 
“အဲဒီအခ်ိန္ႀကီးကို၊ မင္းညီမေတြ သြားခိုင္းၾကည့္ပါလား”
 
“ေဟ့ေကာင္။ငါ့မွာ ညီမေတြ တကယ္ရွိတာကြ”
 
“ေအးေလ။ဒါေၾကာင့္မို႔ သူတို႔ကို သြားခိုင္းလိုက္လို႔ေျပာတာ”
 
“ငါ အေလးအနက္ ေျပာေနတာပါကြာ။ၾကားျဖတ္ၿပီး ဝင္ေဖါက္မေနပါနဲ႔”
 
“အားလုံးသိတာပဲကြာ။ဒီအခ်ိန္က မိန္းကေလးတစ္ေယာက္အေနနဲ႔ အဲဒီလိုေလွ်ာက္သြားရမယ့္ အခ်ိန္မွမဟုတ္တာ”
 
“ေလွ်ာက္သြားရင္ ဘာေတြျဖစ္ႏိုင္မလဲ”
 
“ဘဝပ်က္သြားမွာေပါ့ကြ။ကိုယ့္အိမ္ထဲမွာကိုယ္ လုံလုံၿခဳံၿခဳံေနေနတာေတာင္ အေစာ္ကားခံရတတ္ေသးတာ။ ဒီလိုအခ်ိန္မ်ိဳးမွာ တစ္ေယာက္တည္း ေလွ်ာက္သြားလို႔ကေတာ့ ၾကာသလားလို႔”
 
“ဒါဆို၊ မင္းကမတားဘူးလား”
 
“တားမွာေပါ့”
 
“သူက မင္းေရွ႕မွာေတာ့ ဘာမွျပန္မေျပာဘဲ၊ မင္းမသိေအာင္ အဲဒီလိုပဲညတိုင္း ထြက္ထြက္ေနတယ္ကြာ။ကံအားေလ်ာ္စြာ ဘာျပႆနာမွမရွိဘူး။ဘယ္သူကမွလည္း မေစာ္ကားဘူး။ဒါေၾကာင့္ သူ႔ဘဝလည္း မပ်က္ဘူး ဆိုပါေတာ့။မင္းဘာလုပ္မလဲ။သူ အဲဒီလိုသြားေနတာကို၊ ဆက္သြားခိုင္းမွာလား။မသြားဖို႔ တားမလား”
 
“မသြားဖို႔ တားမွာေပါ့”
 
“သူက၊ သူဒီလိုသြားေနေပမယ့္ ဘာျပႆနာမွ မျဖစ္ဘူးလို႔ ဆက္သြားခ်င္တယ္လို႔ ျပန္ေျပာရင္ေကာ၊ မင္းက ခြင့္ျပဳလိုက္မွာလား။တားဦးမွာလား”
 
“တားရမွာေပါ့”
 
“ဘာျဖစ္လို႔လဲ”
 
“ဒီအခ်ိန္က မိန္းမေကာင္းေတြ အျပင္သြားလာရမယ့္အခ်ိန္မွ မဟုတ္တာ။တစ္ညမဟုတ္တစ္ည ျပႆနာ တက္ေတာ့မွာ ေသခ်ာေနတာပဲေလ”
 
“ဒါနဲ႔စကားမစပ္။မင္းအခုေသာက္ေနတဲ့ အရက္က မူးယစ္ေစတတ္တယ္။သတိကို ေမ့ေလ်ာ့ေစတတ္တယ္ဆိုတာ မင္းလက္ခံလား”
 
“သူ႔အခ်ိန္အဆနဲ႔သူ ေသာက္တတ္ရင္ ဘာျပႆနာမွမျဖစ္ဘူး”
 
“ငါေမးတာ အေရအတြက္နည္းတာ မ်ားတာထက္ သူ႔အာနိသင္ကို ေမးေနတာေလ”

“ဒါေတာ့ဒါေပါ့။အလြန္အကြၽံေသာက္ရင္ေတာ့ ျပႆနာရွိတာေပါ့”
 
“ဒီလို-သတိကိုေမ့ေစႏိုင္တဲ့ ျပႆနာျဖစ္ႏိုင္တဲ့အရက္ကို ေန႔တိုင္းေသာက္ေနရင္၊ တစ္ေန႔မဟုတ္ တစ္ေန႔၊ တစ္ခ်ိန္မဟုတ္ တစ္ခ်ိန္ ျပႆနာမျဖစ္ႏိုင္ဘူးလား”
 
“မင္းေျပာခ်င္တာက……..”
 
“မိန္းမပ်ိဳေလးတစ္ေယာက္ အခ်ိန္အခါမဟုတ္ ခရီးသြားေနရင္၊ တစ္ေန႔ေန႔မွာ ဒုကၡေတြ႕ႏိုင္လို႔၊ အခ်ိန္အခါမဟုတ္ ခရီးမထြက္ဘဲေနရင္ မေကာင္းဘူးလား။လုံၿခဳံမႈမရွိဘူးလား။ေအး၊ ဒီလိုပဲေပါ့။မူးယစ္တတ္တဲ့ အရက္ကို မေသာက္ဘဲေနရင္ ပိုမေကာင္းဘူးလား။လုံၿခဳံစိတ္ခ်ရမႈ ပိုမရွိဘူးလား”
 
စာသင္ခန္းထဲမွအထြက္တြင္ တပည့္ေလးႏွစ္ေယာက္၏ စကားေျပာေနသံကို အရင္ၾကားရသည္။အေၾကာင္းအရာကို စိတ္ဝင္စားသြားသည့္အတြက္ အျပင္သို႔ လွမ္းမထြက္ေသးဘဲ ရပ္၍နားေထာင္ေနမိသည္။
          
၁၆၊ ၁၇ ႏွစ္ ဆယ္တန္းေက်ာင္းသားအ႐ြယ္ႏွင့္ အရက္အေၾကာင္း တစ္ဖြဲ႕တစ္ႏြဲ႕ ေျပာဆိုေနျခင္းအေပၚ ေက်နပ္မိခဲ့ပါသည္။အက်ိဳးသင့္အေၾကာင္းသင့္ စဥ္းစားတတ္မွ အမွန္ႏွင့္အမွားကို ခြဲျခားႏိုင္မည္ ျဖစ္သည္။
 
အရက္ေသာက္သူ တစ္ေယာက္သည္ အရက္အေပၚ မူးမူးယစ္ယစ္ ႐ူးသြပ္သြားသည့္အတြက္ မိမိ၏ စီးပြားဥစၥာကို လည္းေကာင္း မိမိ၏ အရွက္ႏွင့္ ဂုဏ္သိကၡာကို လည္းေကာင္း၊ မိမိ၏ မိသားစုကို လည္းေကာင္း ေမ့ေပ်ာက္သြားၾကသည္။
          
ေယာက်ၤားျဖစ္ေစ၊ မိန္းမျဖစ္ေစ၊ ဆင္းရဲသားျဖစ္ေစ၊သူေဌးသူႂကြယ္ျဖစ္ေစ၊ အရပ္သားျဖစ္ေစ၊ ဘုရင္ျဖစ္ေစ အရက္ေသာက္သည့္ပမာဏ အနည္းအမ်ားအရ ေသာက္လိုက္သည့္ အရက္အမ်ိဳးအစားအရ မူးၾကမည္မွာ အေသအခ်ာျဖစ္သည္။

အရက္မူးလာေလေလ ပုံမွန္အသိစိတ္ေပ်ာက္ေလေလ ျဖစ္သည္။မိမိကိုယ္ကို ထိန္းခ်ဳပ္မႈ (self-control) ေလ်ာ့နည္းလာၿပီး မလုပ္သင့္တာ၊မေျပာသင့္တာ မဆင္ျခင္ႏိုင္ေတာ့ေပ။
 
အရက္ေသာက္႐ုံႏွင့္ အျပစ္ႀကီးမျဖစ္ေသာ္လည္း အရက္ေသာက္ၿပီးေနာက္ မူးယစ္လာသည့္ အေျခအေနအရ အျပစ္ေသး၊ အျပစ္ႀကီးဟူသမွ် အကုန္က်ဴးလြန္ႏိုင္လာေလၿပီ။ခႏၶာကိုယ္ကိုေရာ၊ စိတ္ကိုပါ ထိန္းသိမ္းႏိုင္မႈ မရွိေတာ့ေပ။
 
‘အသိ’ ႏွင့္ ‘သတိ’ ႏွင့္ ေလွ်ာက္လွမ္းေနရေသာဘဝခရီးမွာ ထို ‘အသိ’ ႏွင့္ ‘သတိ’ ကို ခ်ိဳ႕ယြင္းေစေသာ၊ အေသသတ္ေနေသာ အဆုံးမရွိအႏၲရယ္ Infinity Danger သည္ မူးယစ္ေဆးဝါးမ်ားပင္ ျဖစ္သည္။
          
ေလာကမွာ အရက္ေသာက္ၿပီး မူးယစ္ေနသူ အမ်ားအျပားရွိသလို၊ အရက္မေသာက္ဘဲ ေငြေၾကးအေပၚ၊ ရာထူးအာဏာအေပၚမွာ ယစ္မူးေနၾကသူမ်ားလည္း ရွိပါသည္။
 
ထိုသူမ်ားသည္ ေငြေၾကး၊ ပစၥည္း၊ ဥစၥာႏွင့္ ပတ္သက္လာလွ်င္ သူစိမ္းလည္းမထား၊ ေဆြမ်ိဳး ညီအစ္ကို ေမာင္ႏွမလည္း မခ်န္ဘဲ ကိုယ္ရဖို႔ပဲ အေလးထား စဥ္းစားတတ္ၾက၏။
 
တစ္ခ်ိန္က၊ အုပ္ခ်ဳပ္သူမ်ား၏ မဟာစီမံကိန္းမ်ားေၾကာင့္ ကြၽန္ေတာ္တို႔ရပ္ကြက္ ဖ်က္ခဲ့ရစဥ္က တပည့္မေလးတစ္ဦး၏ ရင္ဖြင့္သံကို ေျပာျပခ်င္ပါသည္။
 
သူတို႔က ေမာင္ႏွမေလးေယာက္ရွိသည္။မိခင္ႀကီးလည္း ရွိေသးသည္။သူတို႔ေမာင္ႏွမေလးေယာက္လုံးက အိမ္ေထာင္က်ၿပီး သားသမီးကိုယ္စီႏွင့္ ျဖစ္ေနၿပီ။သူမသည္ အငယ္ဆုံးသမီး ျဖစ္သည္။
 
အဖ်က္ခံရေသာ အိမ္တစ္ေနရာစာအတြက္ အုပ္ခ်ဳပ္သူမ်ားက ေငြငါးသိန္းႏွင့္ ေျမတစ္ကြက္ေပးသည္။သူတို႔ အိမ္ကႀကီးၿပီး ၿခံကက်ယ္သည္။မိသားစုကလည္းမ်ားသည္။ထို႔ေၾကာင့္ ႏွစ္ေနရာစာရသည္။
 
သူတို႔ အစ္ကိုအႀကီးဆုံးက မိခင္ႀကီးႏွင့္ အတူေနမည္ျဖစ္၍ သူ႔အတြက္ ေငြငါးသိန္းႏွင့္ ေျမတစ္ကြက္ ယူသည္။သူတို႔ေမာင္ႏွမေလးေယာက္ႏွင့္ အေမ အပါအဝင္ ငါးေယာက္ရွိသည္ဆိုၿပီး က်န္ေငြငါးသိန္းကို တစ္ေယာက္ တစ္သိန္း ေဝစုခြဲသည္။ေျမကြက္တစ္ကြက္ ေရာင္း၍ရေသာ ေငြတစ္သိန္းကိုလည္း တစ္ေယာက္ ႏွစ္ေသာင္း ထပ္ခြဲသည္။
 
စာရင္းခ်ဳပ္လိုက္ေတာ့ အစ္ကိုႀကီးျဖစ္သူက ေငြခုနစ္သိန္းေလးေသာင္းႏွင့္ ေျမတစ္ကြက္ရၿပီး၊ က်န္ေမာင္ႏွမသုံးေယာက္က တစ္ေယာက္ကို ေငြတစ္သိန္းႏွစ္ေသာင္းစီ ရေလသည္။
 
ဒါကို မေက်မနပ္ျဖစ္ေသာ တပည့္မေလးက ရင္ဖြင့္သည္။သို႔ေသာ္လည္း ျပႆနာမရွာၾကပါ။အစ္ကိုႀကီးက အေနေအးေသာ မိခင္ႀကီးကို မည္သို႔စည္း႐ုံးထားသည္မသိ၊ မိခင္ႀကီးက ဘာမွဝင္မေျပာ၍ အငယ္သုံးေယာက္က လက္ခံခဲ့ရသည္။
 
ေငြေၾကးဥစၥာအေပၚ ယစ္မူးေနသူအတြက္ မိဘကိုေနရာေပးရမွန္းမသိ။ညီ၊ ညီမမ်ားအေပၚ ညႇာတာရမွန္းမသိ။တရား၏ မတရား၏ ေဝဖန္ဆန္းစစ္ရေကာင္းမွန္းမသိဘဲ ကေလးဆန္သလို၊ လူမိုက္ဆန္သလို အရွက္အေၾကာက္မရွိ ရဲရဲတင္းတင္း မ်က္ႏွာေျပာင္ေျပာင္ ဆုံးျဖတ္ခဲ့သည္။
 
မိသားစုအတြင္းမွာ ယစ္မူးတာက မိသားစုသာခံရသည္မို႔ ေတာ္ေသးသည္။က်န္မိသားစုဝင္ေတြက သံေယာဇဥ္မ်က္ႏွာႏွင့္ မိဘမ်က္ႏွာႏွင့္ ေျဖႏိုင္ေသးသည္။ဒုကၡအရမ္းေရာက္လာလွ်င္ ထမင္းတစ္နပ္၊အိပ္စရာ တစ္ေနရာေတာ့ ေခတၱျဖစ္ျဖစ္ရႏိုင္ေသးသည္။
 
စားသုံးသူမ်ား၊ အလုပ္သမားမ်ားအေပၚ ရက္စက္ေသာ ေငြရွင္ေၾကးရွင္၊ အရင္းရွင္အခ်ိဳ႕၏ ေငြေၾကးယစ္မူးမႈက ပို၍ေၾကာက္စရာေကာင္းေလသည္။
          
ပစၥည္းမဲ့ ဆင္းရဲသားတို႔၏ တစ္ေထာင္တန္ပစၥည္းတစ္ခုကို က်ပ္တစ္ေထာင့္တစ္ရာ၊ ေထာင့္ႏွစ္ရာ ေပး၍ဝယ္၏။ဆင္းရဲသားမ်ားက ေငြေၾကးမေျပလည္သူမ်ားျဖစ္၍ ရွိသည့္ပစၥည္းကို အားတက္သေရာ ေရာင္းခ်ၾက၏။တစ္လ၊ ႏွစ္လ ၾကာေသာအခါ၊ တခ်ိဳ႕ပစၥည္းမ်ားကို ေျခာက္လ၊ တစ္ႏွစ္ၾကာေသာအခါ၊ ထိုပစၥည္းကို ႏွစ္ေထာင္၊ သုံးေထာင္၊ ေလးေထာင္ စသည္ျဖင့္ မတန္တဆေဈးတင္ၿပီး ျပန္ေရာင္းသည္။အသုံးလိုေနေသာ ဆင္းရဲသားမ်ားက တျခားပစၥည္းေရာင္းခ်၍ျဖစ္ေစ၊ ေခ်းငွား၍ျဖစ္ေစ ျပန္ဝယ္၍ သုံးၾကရေလသည္။
 
ေျမေတြ အိမ္ေတြဆိုလွ်င္ သူတို႔အတြက္ ပို၍အျမတ္က်န္ၿပီး ဆင္းရဲသားေတြက်ေတာ့ အိမ္ပိုင္၊ ေျမပိုင္မရွိေတာ့ဘဲ အိမ္ငွား၊ ေျမငွားဘဝႏွင့္ သားစဥ္ေျမးဆက္ ဒုကၡပင္လယ္ေဝၾကေလေတာ့သည္။
 
ရာထူးအာဏာ ယစ္မူးသူမ်ားကေတာ့ ပို၍ဆိုးေလသည္။သူတို႔၏ ရာထူးအာဏာကို အသုံးခ်၍ ဥပေဒအမ်ိဳးမ်ိဳး ထုတ္ျပန္ကာ ဆင္းရဲသားမ်ားကို ဖိႏွိပ္သည္။အခြန္ေကာက္အမ်ိဳးမ်ိဳးကို စာရင္းႏွင့္ အင္းႏွင့္ တိတိက်က် ေကာက္ခံသည္။ရရွိလာေသာ အခြန္အေကာက္မ်ားကိုေတာ့ စာရင္းမရွိ အင္းမရွိ ကိုယ္က်ိဳးအတြက္ယူၾကသည္။
          
သူတို႔ကေတာ့ အာဏာရွိသူမ်ား၊ ဥပေဒ၏အေပၚမွာ ေနသူမ်ားျဖစ္၍ အႏၲရာယ္ကင္းသည္။လြတ္လပ္သည္။စည္းစိမ္ခ်မ္းသာႏွင့္ ေနရသည္။မိသားစုေတြ ေပ်ာ္႐ႊင္ရယ္ေမာေနႏိုင္သည္။
 
ပစၥည္းမဲ့မ်ားကေတာ့ အာဏာရွင္တို႔၏ေအာက္မွာရွိေသာ၊ အာဏာရွင္တို႔ ခ်မွတ္ထားေသာ ဥပေဒ၏ေအာက္မွာ ေနၾကရသည္ျဖစ္၍ အၿမဲအႏၲရာယ္ရွိေနသည္။လြတ္လပ္မႈလုံးဝမရွိ။ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့ႏွင့္ ေနရသည္။မိသားစုေတြ ေသာက၊ ေဒါသမ်ားႏွင့္ ေနၾကရသည္။
 
တခ်ိဳ႕မိသားစုေတြက ထမင္းနပ္မမွန္ေအာင္ ငတ္ျပတ္ေနၾကသည္။တခ်ိဳ႕မိသားစုေတြက ထမင္းနပ္မွန္၍ အနည္းငယ္ဝတ္ႏိုင္စားႏိုင္ေသာ္လည္း အက်င့္စာရိတၱ ပ်က္စီးသြားၾကသည္။တခ်ိဳ႕မိသားစုမ်ားကေတာ့ စားဝတ္ေနေရးလည္း မေျပလည္ဘဲ အက်င့္စာရိတၱပ်က္တာသာ အဖတ္တင္က်န္ရစ္ၾက၏။
          
အာဏာရွင္မ်ားကေတာ့ မတုန္လႈပ္ပါ။သူတို႔၏ ရာထူးအာဏာႏွင့္ စည္းစိမ္ဥစၥာအေပၚ ႐ူးသြပ္သြားေအာင္ ယစ္မူးေနမႈက သူတို႔မွလြဲ၍ မည္သူ၏ အစာအိမ္ေတြ မည္သို႔ေဟာင္းေလာင္း ျဖစ္ပါေစ၊ မည္သူ၏ ခႏၶာကိုယ္မွာ မည္သည့္ းအဝတ္ အစားမွ မကပ္ႏိုင္ပါေစ၊ မည္သူေတြ မည္သို႔စိတ္ဆင္းရဲေနပါေစ၊ မ်က္စိဖြင့္၍လည္း ၾကည့္ႏိုင္ၾကပါသည္။မ်က္စိပိတ္၍လည္း ၾကည့္ႏိုင္ၾကပါသည္။လုံး၀ မၾကည့္ဘဲလည္း ေနႏိုင္ၾကပါသည္။
 
တစ္ဦးတည္းက အာဏာေရာ၊ ေငြေၾကးေရာ ယစ္မူးသည့္အခါမ်ိဳး၊ အာဏာယစ္မူးသူႏွင့္ ေငြေၾကးယစ္မူးသူ စည္းလုံးညီၫြတ္၍ အေပးအယူမွ်ေသာအခါမ်ိဳးတြင္ သူတို႔ကေတာ့ ေလာကႀကီးမွာ အခ်မ္းသာဆုံးေတြ၊ အထူးခြၽန္ အထက္ျမက္ဆုံးေတြျဖစ္ၿပီး၊ လက္ေအာက္ငယ္သား ဆင္းရဲသားမ်ားကေတာ့ အဆင္းရဲဆုံး၊ အသုံးမက်ဆုံး၊ အႏုံအဆုံးေတြ ျဖစ္ၾက ရေလသည္။
 
မူးယစ္သူမ်ားသည္လည္း အရက္အားကိုး၍ သို႔မဟုတ္ အရက္အေပၚ ႐ူးသြပ္၍ မိုက္မဲသူမ်ားျဖစ္၏။
          
ယစ္မူးသူမ်ားသည္လည္း ေငြေၾကး၊ ရာထူး၊ အာဏာ အားကိုး၍ သို႔မဟုတ္ ေငြေၾကး၊ ရာထူး၊အာဏာအေပၚ ႐ူးသြပ္၍ မိုက္မဲသူမ်ားျဖစ္၏။
           
မူးယစ္မိုက္မဲသူေၾကာင့္ သူကိုယ္တိုင္ႏွင့္ သူ႔မိသားစုဘ၀ နစ္နာမႈ၊ ပ်က္စီးမႈ ရွိႏိုင္ေသာ္လည္း ေလာကႀကီးကို နစ္နာေအာင္၊ ပ်က္စီးေအာင္ေတာ့ မလုပ္ႏိုင္ပါ။
 
ယစ္မူးမိုက္မဲသူေၾကာင့္ သူကိုယ္တိုင္ႏွင့္ သူ႔မိသားစုဘ၀ ေကာင္းစားေနမွာ ျဖစ္ေသာ္လည္း ေလာကႀကီးကိုေတာ့ နစ္နာေအာင္ ပ်က္စီးေအာင္ လုပ္ႏိုင္ပါသည္။
           
မူးယစ္ေနသူမ်ားကို အားလုံးက အေဝးမွပင္ ျမင္ႏိုင္ပါသည္။သူတို႔ေၾကာင့္ အားလုံးအတြက္ စိတ္ အေႏွာင့္အယွက္ ျဖစ္ရပါသည္။သူတို႔ကို ျပႆနာရွာလွ်င္ေတာ့ ရႏိုင္ပါသည္။သို႔ေသာ္ ဘယ္သူမွမရွာၾကပါ။
 
ယစ္မူးေနသူမ်ားကိုေတာ့ အေဝးမွမျမင္ႏိုင္ပါ။နီးတိုင္းလည္း မျမင္ႏိုင္ပါ။သတိထားမွ ျမင္ႏိုင္ပါသည္။သူတို႔ေၾကာင့္ အားလုံးအတြက္ စိတ္အေႏွာင့္အယွက္ျဖစ္ရပါသည္။အားလုံးကလည္း ျပႆနာရွာခ်င္ၾကပါသည္။သို႔ေသာ္ ဘယ္သူမွမရွာရဲပါ။

႐ိုက္ေမာင္း
ေအာက္တိုဘာ - ၁၈