【 ဆောင်းပါး 】 “ရွေးကောက်ပွဲ၊ အနိုင်အရှုံးရလဒ်နှင့် စောဒကတက်မှု ပြဿနာ”

【 ဆောင်းပါး 】 “ရွေးကောက်ပွဲ၊ အနိုင်အရှုံးရလဒ်နှင့် စောဒကတက်မှု ပြဿနာ”

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းက ကျင်းပသွားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ရွေးကောက်ပွဲတွေဟာ အတော်ထူးခြားတဲ့ ရွေးကောက်ပွဲနှစ်ခုလို့ဆိုရင် မှားမယ်မထင်ဘူး။ဘာကြောင့်လဲဆိုရင် အဲဒီရွေးကောက်ပွဲနှစ်ခုအပြီး ရလဒ်တွေထွက်ပေါ်လာတဲ့အချိန်မှာ အနိုင်အရှုံးရလဒ်တွေနဲ့ပတ်သက်လို့ ထွက်ပေါ်လာတဲ့ ပြဿနာအချို့ကြောင့်ပဲ ဖြစ်ပါတယ်။ဆိုရရင် မြန်မာနိုင်ငံမှာကော အမေရိကန်ပြည်ထောင်စုမှာပါ ရွေးကောက်ပွဲ အနိုင်အရှုံးရလဒ်နဲ့ပတ်သက်ပြီး အရှုံးကိုရင်ဆိုင်ခဲ့ရတဲ့ ပါတီကြီးတွေဟာ အရှုံးရလဒ်ကို အလွယ်တကူလက်မခံနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။အထူးသဖြင့် ရွေးကောက်မှာ တရားမျှတမှုမရှိဘူး၊ မမှန်ကန်ဘူး၊ ဘက်လိုက်မှုရှိနေတယ်ဆိုတဲ့ စောဒကတက်မှုတွေဟာ ရွေးကောက်ပွဲနှစ်ခုစလုံးကို အတော်လေးဂယက်ရိုက်ခဲ့ပြီး အဲဒီဂယက်က အခုအချိန်အထိ အရှိန်မသေနိုင်သေးတာပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ အရှုံးကိုလက်မခံနိုင်တာဟာ မြန်မာနိုင်ငံလို ဒီမိုကရေစီနုနယ်သေးတဲ့ နိုင်ငံမှာတင်မကဘဲ ဒီမိုကရေစီအရင့်အမာကြီးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာပါ တွေ့မြင်နေရတာကတော့ အဆန်းတကြယ်လို ဖြစ်နေတယ်လို့ ဆိုရမှာပါ။ဒါပေမဲ့ လက်ရှိအမေရိကန်ပြည်ထောင်စုရဲ့သမ္မတ ထရမ့်ဟာ အာဏာရရှိလာပြီးကတည်းက အာဏာရှင်ဆန်ဆန် အပြုအမူတွေနဲ့ အမေရိကရဲ့ ဒီမိုကရေစီကို ဆုတ်ယုတ်ပျက်ပြားအောင် လုပ်ဆောင်နေတယ်ဆိုတဲ့ ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။ဘယ်လိုပဲစောဒကတက်တက် လက်ရှိအချိန်မှာတော့ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲအောင်လုပ်နိုင်တဲ့ အနေအထားမျိုးမှာ ရှိမနေတော့ဘူးလို့ ဆိုရမှာပါ။

တကယ်တော့ ရွေးကောက်ပွဲရလဒ်ကို အဆုံးအဖြတ်ပေးသွားတာဟာ မဲဆန္ဒရှင် ပြည်သူတွေသာဖြစ်ပါတယ်။မဲဆန္ဒရှင် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ သူတို့လိုလားတဲ့ ကိုယ်စားလှယ်လောင်းတွေကို သူတို့ကိုယ်တိုင် ရွေးချယ်ခဲ့ကြတယ်ဆိုတာကတော့ ငြင်းမရနိုင်ဘူးလို့ ဆိုမှာပါ။ဒီမိုကရေစီသဘောအရ မဲဆန္ဒရှင် ပြည်သူတို့က သူတို့လိုလားတဲ့အစိုးရကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ရွေးချယ်ပေးခဲ့တာဆိုရင်လည်း မမှားပါဘူး။

ဆိုရရင် ပြည်သူလူထုက ဘယ်လိုအစိုးရမျိုးကို အလိုရှိတာလဲ။သူတို့ကိုယ်စားဆောင်ရွက်ပေးမယ့် ဘယ်လိုကိုယ်စားလှယ်တွေကို လိုလားကြတာလဲ။မဲဆန္ဒရှင်ပြည်သူတွေလိုလားတဲ့ ကိုယ်စားလှယ်တွေဟာ ဘယ်လိုအပြုအမူ အကျင့်အကြံ အနေအထိုင်ရှိတဲ့သူမျိုးတွေဖြစ်မလဲ။တကယ်တော့ ဒီနေ့ခေတ် မဲဆန္ဒရှင်ပြည်သူတွေဟာ နိုင်ငံရေးအတွေ့အကြုံ အသိအမြင်နဲ့ပတ်သက်ရင် အတိတ်တစ်ချိန်ကထက် ပိုမိုအတွေ့အကြုံရင့်ကျက် ကြွယ်ဝနေကြပြီလို့ ဆိုရမှာပါ။ဆိုရရင် မဲဆန္ဒရှင် ပြည်သူလူထုအများစုဟာ နိုင်ငံရေးသမားတွေ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှစ်ခွေရှိပြီးသားဆိုတာကို တန်းသိနေလောက်အောင် နိုင်ငံရေးအသိအမြင်တွေ နှံ့စပ်ကြွယ်ဝနေကြပြီလို့တောင် ဆိုရမှာဖြစ်ပါတယ်။ဒါဟာ မဲဆန္ဒရှင် ပြည်သူတွေအနေနဲ့ သူတို့နိုင်ငံတွေမှာ တွေ့ကြုံဖြတ်သန်းခဲ့ရတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကရရှိခဲ့တဲ့ သင်ခန်းစာတွေကြောင့်ပဲလို့ ဆိုရမှာပါ။ဒါကြောင့်လည်း နာမည်ကျော် သတင်းစာဆရာနဲ့ စာရေးဆရာ တောမတ်မန်း က သူ့ရဲ့ The Permanent Campaign and its Future ဆိုတဲ့ စာအုပ်ထဲမှာ “နေ့တိုင်းနေ့တိုင်းဟာ ရွေးကောက်ပွဲနေ့ဖြစ်တယ်” ဆိုပြီး ရွေးကောက်ပွဲနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဘယ်လောက်အထိယဉ်ပါးနေပြီဖြစ်တယ်ဆိုတာကို ညွှန်းဆိုခဲ့တဲ့အထိပဖြစ်ပါတယ်။

ဒါကြောင့်လည်း ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် နိုင်ငံရေးသမားတွေဟာ အာဏာရလာတဲ့အချိန်မှာ ပြည်သူလူထုအတွက်၊ နိုင်ငံအတွက် ဘယ်လောက်အထိ အလုပ်အကျွေးပြုလဲဆိုတာကို အပြောသက်သက်နဲ့မရတော့ဘဲ အလုပ်နဲ့သက်သေပြကြရတေ့မှာဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုရင် နိုင်ငံရေးသမားတွေ အာဏာရဖို့ဆိုရင် မဲဆန္ဒရှင် ပြည်သူလူထုကတော့ အဲဒီနိုင်ငံရေးသမားတွေရဲ့ အပြုအမူ အကျင့်အကြံနဲ့ နိုင်ငံအတွက် ဘယ်လောက်အထိ စေတနာသန့်သန့်နဲ့ အလုပ်အကျွေးပြုနေလဲဆိုတဲ့ ပေတံနဲ့သာတိုင်းတာပြီး နိုင်ငံရေးသမားတွေကို သူတို့ကိုယ်စား တာဝန်အပ်နှင်းဖို့ ရွေးကောက်ပွဲတွေကနေ ဆုံးဖြတ်ရွေးချယ်ပေးကြတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

တကယ်တော့ ဒီမိုကရေစီ စနစ်အရ မဲဆန္ဒရှင် ပြည်သူလူထုက သူတို့ကိုယ်စားပြု ကိုယ်စားလှယ်လောင်းတွေကို သူတို့သဘောကျရွေးချယ်တဲ့ စနစ်ဖြစ်တယ်။ဆိုရရင် ထောက်ခံမဲ များများရတဲ့ ကိုယ်စားလှယ်လောင်းက အနိုင်ရတဲ့စနစ်ဖြစ်တယ်။ရွေးကောက်ပွဲမှာ မဲပေးတာဟာ လူထုအာဏာအတွက် အခွင့်အလမ်းဖြစ်တယ်ဆိုတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေကနေ မဲဆန္ဒရှင်တို့ရဲ့ အစစ်အမှန်ဆန္ဒကို ထုတ်ဖော်ခွင့်ရရှိတာဖြစ်တယ်။
ဒါကြောင့်လည်း ရွေးကောက်ပွဲကို ဆန့်ကျင်တာဟာ အများသဘောဆန္ဒကို ဆန့်ကျင်လိုက်တာဖြစ်တယ်လို့တောင် ဆိုရမှာဖြစ်တယ်။

ဆိုရရင် ရွေးကောက်ပွဲတွေကနေ မဲဆန္ဒရှင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ မဲဆန္ဒရှင်တွေကို  အလေးထားဖို့ လိုအပ်သလို မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ကိုးစားမှုကို အလေးအနက်ထားပြီး ရရှိလာတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို အလွဲသုံးစားမပြုဘဲ နိုင်ငံနဲ့ အများပြည်သူအကျိုးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း ဗြိတိသျှတွေးခေါ်ပညာရှင်နဲ့ နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ အက်ဒမန်ဘတ် က “ရွေးကောက်ပွဲကနေ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေဟာ မဲဆွယ်စည်းရုံးစဉ်ကာလက ပေးထားတဲ့ ကတိကဝတ်တွေကို ပျက်ကွက်ခဲ့မယ်ဆိုရင် ဒါဟာ မဲဆန္ဒရှင်တွေရဲ့ ယုံကြည်ကိုးစားမှုကို မျက်နှာလွှဲခဲပစ်လိုက်တာပဲဖြစ်တယ်” ဆိုပြီး ပြောကြားခဲ့တာဟာ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတွေ အလေးအနက်တွေးဆ ဆင်ခြင်သင့်တဲ့ အချက်ပဲဖြစ်ပါတယ်။

ရံဖန်ရံခါဆိုသလို ရွေးကောက်ပွဲတွေကနေ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးတင်းမာမှုတွေ၊ စောဒကတက်မှုတွေနဲ့ အငြင်းပွားမှုတွေလို ထိလွယ်ရှလွယ်တဲ့ အကျိုးရလဒ်တွေလည်း ထွက်ပေါ်လာတတ်ပါတယ်။ဒီမိုကရေစီဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် ကိရိယာတန်ဆာပလာလို့လည်း ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအတွက် ကိရိယာတန်ဆာ ပလာလို့လည်း ဆိုပါတယ်။ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီကျင့်သုံးမှုအရ ရွေးကောက်ပွဲရလဒ်တွေအပေါ် လက်သင့်ခံနိုင်မှုကလည်း အရေးပါနေတာ အမှန်ပဲဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံရေးသမားတွေက လုပ်ပိုင်ခွင့်အာဏာရရှိဖို့အတွက် ရွေးကောက်ပွဲတွေကနေ ပါဝင်ယှဉ်ပြိုင်ကြပါတယ်။မဲဆန္ဒရှင် ပြည်သူတို့ကလည်း သူတို့ကိုယ်စားပြုဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အပြုအမူ အကျင့်အကြံနဲ့ အရည်အချင်းပေါ် မူတည်ဆုံးဖြတ်ပြီး ထောက်ခံမဲပေးသွားကြမှာဖြစ်ပါတယ်။

“မဲတစ်ပြားဟာ မဲဆန္ဒရှင်တစ်ဦးချင်းစီရဲ့ ရင်ဖွင့်သံ” ဆိုတဲ့အတိုင်း အသည်းကြားက မဲတစ်ပြားနဲ့အတူ မဲဆန္ဒရှင်တွေဟာ ဒီမိုက်ရေစီကို ကာကွယ်ဖို့၊ အာဏာရှင်တွေကို တားဆီးဖို့ သူတို့ရဲ့ဆန္ဒတွေကို ခေတ်အဆက်ဆက် ဆက်လက်ထုတ်ဖော်နေကြဦးမှာ ဖြစ်တဲ့အကြောင်း ဆင်ခြင်သုံးသပ်လိုက်ရပါတယ်။

မြင့်နောင်မိုး
ဒီဇင်ဘာ - ၁၆

( Zawgyi )

၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလအတြင္းက က်င္းပသြားခဲ့တဲ့ ျမန္မာႏိုင္ငံနဲ႔ အေမရိကန္ျပည္ေထာင္စုတို႔ရဲ႕ ေ႐ြးေကာက္ပြဲေတြဟာ အေတာ္ထူးျခားတဲ့ ေ႐ြးေကာက္ပြဲႏွစ္ခုလို႔ဆိုရင္ မွားမယ္မထင္ဘူး။ဘာေၾကာင့္လဲဆိုရင္ အဲဒီေ႐ြးေကာက္ပြဲႏွစ္ခုအၿပီး ရလဒ္ေတြထြက္ေပၚလာတဲ့အခ်ိန္မွာ အႏိုင္အရႈံးရလဒ္ေတြနဲ႔ပတ္သက္လို႔ ထြက္ေပၚလာတဲ့ ျပႆနာအခ်ိဳ႕ေၾကာင့္ပဲ ျဖစ္ပါတယ္။ဆိုရရင္ ျမန္မာႏိုင္ငံမွာေကာ အေမရိကန္ျပည္ေထာင္စုမွာပါ ေ႐ြးေကာက္ပြဲ အႏိုင္အရႈံးရလဒ္နဲ႔ပတ္သက္ၿပီး အရႈံးကိုရင္ဆိုင္ခဲ့ရတဲ့ ပါတီႀကီးေတြဟာ အရႈံးရလဒ္ကို အလြယ္တကူလက္မခံႏိုင္ခဲ့ၾကတာပဲျဖစ္ပါတယ္။အထူးသျဖင့္ ေ႐ြးေကာက္မွာ တရားမွ်တမႈမရွိဘူး၊ မမွန္ကန္ဘူး၊ ဘက္လိုက္မႈရွိေနတယ္ဆိုတဲ့ ေစာဒကတက္မႈေတြဟာ ေ႐ြးေကာက္ပြဲႏွစ္ခုစလုံးကို အေတာ္ေလးဂယက္႐ိုက္ခဲ့ၿပီး အဲဒီဂယက္က အခုအခ်ိန္အထိ အရွိန္မေသႏိုင္ေသးတာပဲျဖစ္ပါတယ္။

ေ႐ြးေကာက္ပြဲမွာ အရႈံးကိုလက္မခံႏိုင္တာဟာ ျမန္မာႏိုင္ငံလို ဒီမိုကေရစီႏုနယ္ေသးတဲ့ ႏိုင္ငံမွာတင္မကဘဲ ဒီမိုကေရစီအရင့္အမာႀကီးျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုမွာပါ ေတြ႕ျမင္ေနရတာကေတာ့ အဆန္းတၾကယ္လို ျဖစ္ေနတယ္လို႔ ဆိုရမွာပါ။ဒါေပမဲ့ လက္ရွိအေမရိကန္ျပည္ေထာင္စုရဲ႕သမၼတ ထရမ့္ဟာ အာဏာရရွိလာၿပီးကတည္းက အာဏာရွင္ဆန္ဆန္ အျပဳအမူေတြနဲ႔ အေမရိကရဲ႕ ဒီမိုကေရစီကို ဆုတ္ယုတ္ပ်က္ျပားေအာင္ လုပ္ေဆာင္ေနတယ္ဆိုတဲ့ ေဝဖန္ျပစ္တင္သံေတြ ထြက္ေပၚေနခဲ့တာျဖစ္ပါတယ္။ဘယ္လိုပဲေစာဒကတက္တက္ လက္ရွိအခ်ိန္မွာေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို ေျပာင္းလဲေအာင္လုပ္ႏိုင္တဲ့ အေနအထားမ်ိဳးမွာ ရွိမေနေတာ့ဘူးလို႔ ဆိုရမွာပါ။

တကယ္ေတာ့ ေ႐ြးေကာက္ပြဲရလဒ္ကို အဆုံးအျဖတ္ေပးသြားတာဟာ မဲဆႏၵရွင္ ျပည္သူေတြသာျဖစ္ပါတယ္။မဲဆႏၵရွင္ ျပည္သူလူထုက ဒီမိုကေရစီနည္းက် သူတို႔လိုလားတဲ့ ကိုယ္စားလွယ္ေလာင္းေတြကို သူတို႔ကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့ၾကတယ္ဆိုတာကေတာ့ ျငင္းမရႏိုင္ဘူးလို႔ ဆိုမွာပါ။ဒီမိုကေရစီသေဘာအရ မဲဆႏၵရွင္ ျပည္သူတို႔က သူတို႔လိုလားတဲ့အစိုးရကို သူတို႔ကိုယ္တိုင္ ဆုံးျဖတ္ေ႐ြးခ်ယ္ေပးခဲ့တာဆိုရင္လည္း မမွားပါဘူး။

ဆိုရရင္ ျပည္သူလူထုက ဘယ္လိုအစိုးရမ်ိဳးကို အလိုရွိတာလဲ။သူတို႔ကိုယ္စားေဆာင္႐ြက္ေပးမယ့္ ဘယ္လိုကိုယ္စားလွယ္ေတြကို လိုလားၾကတာလဲ။မဲဆႏၵရွင္ျပည္သူေတြလိုလားတဲ့ ကိုယ္စားလွယ္ေတြဟာ ဘယ္လိုအျပဳအမူ အက်င့္အႀကံ အေနအထိုင္ရွိတဲ့သူမ်ိဳးေတြျဖစ္မလဲ။တကယ္ေတာ့ ဒီေန႔ေခတ္ မဲဆႏၵရွင္ျပည္သူေတြဟာ ႏိုင္ငံေရးအေတြ႕အႀကဳံ အသိအျမင္နဲ႔ပတ္သက္ရင္ အတိတ္တစ္ခ်ိန္ကထက္ ပိုမိုအေတြ႕အႀကဳံရင့္က်က္ ႂကြယ္ဝေနၾကၿပီလို႔ ဆိုရမွာပါ။ဆိုရရင္ မဲဆႏၵရွင္ ျပည္သူလူထုအမ်ားစုဟာ ႏိုင္ငံေရးသမားေတြ ပါးစပ္ဟလိုက္တာနဲ႔ အူဘယ္ႏွစ္ေခြရွိၿပီးသားဆိုတာကို တန္းသိေနေလာက္ေအာင္ ႏိုင္ငံေရးအသိအျမင္ေတြ ႏွံ႔စပ္ႂကြယ္ဝေနၾကၿပီလို႔ေတာင္ ဆိုရမွာျဖစ္ပါတယ္။ဒါဟာ မဲဆႏၵရွင္ ျပည္သူေတြအေနနဲ႔ သူတို႔ႏိုင္ငံေတြမွာ ေတြ႕ႀကဳံျဖတ္သန္းခဲ့ရတဲ့ ႏိုင္ငံေရးျဖစ္စဥ္ေတြကရရွိခဲ့တဲ့ သင္ခန္းစာေတြေၾကာင့္ပဲလို႔ ဆိုရမွာပါ။ဒါေၾကာင့္လည္း နာမည္ေက်ာ္ သတင္းစာဆရာနဲ႔ စာေရးဆရာ ေတာမတ္မန္း က သူ႔ရဲ႕ The Permanent Campaign and its Future ဆိုတဲ့ စာအုပ္ထဲမွာ “ေန႔တိုင္းေန႔တိုင္းဟာ ေ႐ြးေကာက္ပြဲေန႔ျဖစ္တယ္” ဆိုၿပီး ေ႐ြးေကာက္ပြဲနဲ႔ မဲဆႏၵရွင္ျပည္သူေတြ ဘယ္ေလာက္အထိယဥ္ပါးေနၿပီျဖစ္တယ္ဆိုတာကို ၫႊန္းဆိုခဲ့တဲ့အထိပျဖစ္ပါတယ္။

ဒါေၾကာင့္လည္း ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္ ႏိုင္ငံေရးသမားေတြဟာ အာဏာရလာတဲ့အခ်ိန္မွာ ျပည္သူလူထုအတြက္၊ ႏိုင္ငံအတြက္ ဘယ္ေလာက္အထိ အလုပ္အေကြၽးျပဳလဲဆိုတာကို အေျပာသက္သက္နဲ႔မရေတာ့ဘဲ အလုပ္နဲ႔သက္ေသျပၾကရေတ့မွာျဖစ္ပါတယ္။ဘာေၾကာင့္လည္းဆိုရင္ ႏိုင္ငံေရးသမားေတြ အာဏာရဖို႔ဆိုရင္ မဲဆႏၵရွင္ ျပည္သူလူထုကေတာ့ အဲဒီႏိုင္ငံေရးသမားေတြရဲ႕ အျပဳအမူ အက်င့္အႀကံနဲ႔ ႏိုင္ငံအတြက္ ဘယ္ေလာက္အထိ ေစတနာသန႔္သန႔္နဲ႔ အလုပ္အေကြၽးျပဳေနလဲဆိုတဲ့ ေပတံနဲ႔သာတိုင္းတာၿပီး ႏိုင္ငံေရးသမားေတြကို သူတို႔ကိုယ္စား တာဝန္အပ္ႏွင္းဖို႔ ေ႐ြးေကာက္ပြဲေတြကေန ဆုံးျဖတ္ေ႐ြးခ်ယ္ေပးၾကတဲ့အတြက္ေၾကာင့္ပဲ ျဖစ္ပါတယ္။

တကယ္ေတာ့ ဒီမိုကေရစီ စနစ္အရ မဲဆႏၵရွင္ ျပည္သူလူထုက သူတို႔ကိုယ္စားျပဳ ကိုယ္စားလွယ္ေလာင္းေတြကို သူတို႔သေဘာက်ေ႐ြးခ်ယ္တဲ့ စနစ္ျဖစ္တယ္။ဆိုရရင္ ေထာက္ခံမဲ မ်ားမ်ားရတဲ့ ကိုယ္စားလွယ္ေလာင္းက အႏိုင္ရတဲ့စနစ္ျဖစ္တယ္။ေ႐ြးေကာက္ပြဲမွာ မဲေပးတာဟာ လူထုအာဏာအတြက္ အခြင့္အလမ္းျဖစ္တယ္ဆိုတဲ့အတိုင္း လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲေတြကေန မဲဆႏၵရွင္တို႔ရဲ႕ အစစ္အမွန္ဆႏၵကို ထုတ္ေဖာ္ခြင့္ရရွိတာျဖစ္တယ္။
ဒါေၾကာင့္လည္း ေ႐ြးေကာက္ပြဲကို ဆန႔္က်င္တာဟာ အမ်ားသေဘာဆႏၵကို ဆန႔္က်င္လိုက္တာျဖစ္တယ္လို႔ေတာင္ ဆိုရမွာျဖစ္တယ္။

ဆိုရရင္ ေ႐ြးေကာက္ပြဲေတြကေန မဲဆႏၵရွင္ ျပည္သူလူထုက ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ ကိုယ္စားလွယ္ေလာင္းေတြအေနနဲ႔ သူတို႔ကို ေထာက္ခံအားေပးတဲ့ မဲဆႏၵရွင္ေတြကို  အေလးထားဖို႔ လိုအပ္သလို မဲဆႏၵရွင္ေတြရဲ႕ ယုံၾကည္ကိုးစားမႈကို အေလးအနက္ထားၿပီး ရရွိလာတဲ့ လုပ္ပိုင္ခြင့္အာဏာေတြကို အလြဲသုံးစားမျပဳဘဲ ႏိုင္ငံနဲ႔ အမ်ားျပည္သူအက်ိဳးအတြက္ ကိုယ္စြမ္းဉာဏ္စြမ္းရွိသမွ် ျဖည့္ဆည္းေဆာင္႐ြက္ေပးၾကရမွာျဖစ္ပါတယ္။ဒါေၾကာင့္လည္း ၿဗိတိသွ်ေတြးေခၚပညာရွင္နဲ႔ ႏိုင္ငံေရးသမားတစ္ဦးျဖစ္တဲ့ အက္ဒမန္ဘတ္ က “ေ႐ြးေကာက္ပြဲကေန ေ႐ြးေကာက္တင္ေျမႇာက္ခံရတဲ့ ကိုယ္စားလွယ္ေတြဟာ မဲဆြယ္စည္း႐ုံးစဥ္ကာလက ေပးထားတဲ့ ကတိကဝတ္ေတြကို ပ်က္ကြက္ခဲ့မယ္ဆိုရင္ ဒါဟာ မဲဆႏၵရွင္ေတြရဲ႕ ယုံၾကည္ကိုးစားမႈကို မ်က္ႏွာလႊဲခဲပစ္လိုက္တာပဲျဖစ္တယ္” ဆိုၿပီး ေျပာၾကားခဲ့တာဟာ ေ႐ြးေကာက္ခံကိုယ္စားလွယ္ေလာင္းေတြ အေလးအနက္ေတြးဆ ဆင္ျခင္သင့္တဲ့ အခ်က္ပဲျဖစ္ပါတယ္။

ရံဖန္ရံခါဆိုသလို ေ႐ြးေကာက္ပြဲေတြကေန အၾကမ္းဖက္မႈေတြ၊ လူမ်ိဳးေရးတင္းမာမႈေတြ၊ ေစာဒကတက္မႈေတြနဲ႔ အျငင္းပြားမႈေတြလို ထိလြယ္ရွလြယ္တဲ့ အက်ိဳးရလဒ္ေတြလည္း ထြက္ေပၚလာတတ္ပါတယ္။ဒီမိုကေရစီဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအတြက္ ကိရိယာတန္ဆာပလာလို႔လည္း ဆိုပါတယ္။ဘာပဲျဖစ္ျဖစ္ ဒီမိုကေရစီဟာ လြတ္လပ္ၿပီး တရားမွ်တတဲ့ ေ႐ြးေကာက္ပြဲအတြက္ ကိရိယာတန္ဆာ ပလာလို႔လည္း ဆိုပါတယ္။ဘာပဲျဖစ္ျဖစ္ ဒီမိုကေရစီက်င့္သုံးမႈအရ ေ႐ြးေကာက္ပြဲရလဒ္ေတြအေပၚ လက္သင့္ခံႏိုင္မႈကလည္း အေရးပါေနတာ အမွန္ပဲျဖစ္ပါတယ္။

တကယ္ေတာ့ ႏိုင္ငံေရးသမားေတြက လုပ္ပိုင္ခြင့္အာဏာရရွိဖို႔အတြက္ ေ႐ြးေကာက္ပြဲေတြကေန ပါဝင္ယွဥ္ၿပိဳင္ၾကပါတယ္။မဲဆႏၵရွင္ ျပည္သူတို႔ကလည္း သူတို႔ကိုယ္စားျပဳေဆာင္႐ြက္ေပးမယ့္ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အျပဳအမူ အက်င့္အႀကံနဲ႔ အရည္အခ်င္းေပၚ မူတည္ဆုံးျဖတ္ၿပီး ေထာက္ခံမဲေပးသြားၾကမွာျဖစ္ပါတယ္။

“မဲတစ္ျပားဟာ မဲဆႏၵရွင္တစ္ဦးခ်င္းစီရဲ႕ ရင္ဖြင့္သံ” ဆိုတဲ့အတိုင္း အသည္းၾကားက မဲတစ္ျပားနဲ႔အတူ မဲဆႏၵရွင္ေတြဟာ ဒီမိုက္ေရစီကို ကာကြယ္ဖို႔၊ အာဏာရွင္ေတြကို တားဆီးဖို႔ သူတို႔ရဲ႕ဆႏၵေတြကို ေခတ္အဆက္ဆက္ ဆက္လက္ထုတ္ေဖာ္ေနၾကဦးမွာ ျဖစ္တဲ့အေၾကာင္း ဆင္ျခင္သုံးသပ္လိုက္ရပါတယ္။

ျမင့္ေနာင္မိုး
ဒီဇင္ဘာ - ၁၆