【 ဆောင်းပါး 】 “ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် နိုးကြားလာသော မြန်မာ့နိုင်ငံရေး”

【 ဆောင်းပါး 】 “ရှစ်လေးလုံး လူထုအရေးတော်ပုံနှင့် နိုးကြားလာသော မြန်မာ့နိုင်ငံရေး”

ရှစ်လေးလုံး လူထုအရေးတော်ပုံလို့ပြောလိုက်ရင် မြန်မာပြည်မှာအထူးခြားဆုံးပေါ်ပေါက်ခဲ့တဲ့ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်ဆန္ဒပြခဗဲ့ကြတာကို သိပါလိမ့်မယ်။ ၁၉၈၈ သြဂုတ်လ ၈ ရက်နေ့မှာဖြစ်လာတဲ့ (ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး) ဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ရဲ့ တစ်ပါတီစနစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့တာပါ။ဒီလိုဆန့်ကျင်ဆန္ဒပြခဲ့ကြတာ အင်မတန်အန္တရာယ်များပါတယ်။မြန်မာပြည်ကို ဗိုလ်ချုပ်ကြီးနေဝင်းက အာဏာသိမ်းခဲ့ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်တည်ဆောက်နေတဲ့ အခြေအနေတစ်ခုကို ဖျက်သိမ်းပစ်လိုက်တာပါ။ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး ၁၉၄၇ ခုနှစ်မှာ အတည်ပြုခဲ့တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးနေတဲ့ ပါလီမန်ကိုဖျက်သိမ်းလိုက်တယ်။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ရေးဆွဲခဲ့တယ်။ ၁၉၇၄ ခုနှစ်မှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် တည်မြဲနိုင်အောင် လူထုဆန္ဒခံယူပွဲကျင်းပပြီး အတည်ပြုခဲ့တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းဟာ မြန်မာ့နည်း မြန်မာ့ဟန်နဲ့ ၁၉၇၄ ဖွဲ့စည်းပုံကို အတည်ပြုပြီး တစ်ပါတီစနစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တယ်။တစ်ပါတီစနစ်နဲ့အုပ်ချုပ်နိုင်ဖို့ အစိုးရနဲ့ဌာနဆိုင်ရာတွေမှာ စစ်ဗိုလ်တွေအစားထိုးခဲ့တယ်။မဆလ တစ်ပါတီစနစ်ကနေ စစ်အာဏာရှင်စနစ်ဖြစ်လာအောင် ဖန်တီးယူခဲ့တယ်။မဆလ တစ်ပါတီစနစ်အောက်မှာ တိုင်းပြည်နဲ့ ပြည်သူတွေက ဆင်းရဲဒုက္ခရောက်ခဲ့ရတယ်။မဆလ တစ်ပါတီစနစ်ကို ပြည်သူတွေမကျေနပ်ကြဘူး။ဒါပေမယ့်၊ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ စစ်ထောက်လှမ်းရေးတွေကိုကြောက်လန့်ပြီး ဘယ်သူမှမပြောရဲခဲ့ဘူး။ဗိုလ်ချုပ်ကြီးနေဝင်း တိုင်းပြည်ကိုအာဏာသိမ်းပြီးစမှာ ရန်ကုန်တက္ကသိုလ်ဝင်းထဲက ကျောင်းသားသမဂ္ဂအဆောက်အအုံကိုဖြိုချပြီး ကျောင်းသားသမဂ္ဂတွေကို ဖျက်သိမ်းပစ်လိုက်ကတည်းက ခွပ်ဒေါင်းတွေ ခေါင်းမပြန်ထောင်နိုင်ခဲ့ဘူး။ ၁၉၇၄/၇၆ ခုနှစ်မှာ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းနဲ့ ကျွန်းဆွယ်အရေးအခင်းတွေမှာ ခွပ်ဒေါင်းတွေ ခေါင်းပြန်ထောင်လာခဲ့သေးတယ်။ခေါင်းပြန်ထောင်လာတဲ့ ခွပ်ဒေါင်းတွေကို စစ်ထောက်လှမ်းရေးတွေကဖမ်းဆီးပြီး ထောင်သွင်းအကျဉ်းချလိုက်တယ်။

ဗိုလ်ချုပ်ကြီးနေဝင်းဟာ စစ်အာဏာရှင်ကြီးအဖြစ်နဲ့ တိုင်းပြည်ကိုအုပ်ချုပ်ခဲ့တာ ၂၆ နှစ်ကြာခဲ့တယ်။ ၁၉၈၇ ခုနှစ်မှာ မဆလအစိုးရကနေ ငွေစက္ကူအချို့ကိုဖျက်သိမ်းလိုက်တာကို ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဆူပူမှုဖြစ်ခဲ့ပြီး လှည်းတန်းလမ်းဆုံမှာ ဆူပူမှုဖြစ်ခဲ့လို့ တိုင်းပြည်တစ်ပြည်လုံးက တက္ကသိုလ်တွေပိတ်လိုက်ရတယ်။အဲဒီမှာ ကျောင်းသားတွေပြန်လှုပ်ရှားခဲ့ကြတယ်။တက္ကသိုလ်တွေပြန်ဖွင့်ပေးခဲ့ရတယ်။

၁၉၈၈ ခုနှစ် မတ်လမှာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး က ဗိုလ်ချုပ်ကြီးနေဝင်းဆီကို စာတစ်စောင်ပေးပို့ခဲ့တယ်။ ၁၉၈၈ မတ်လမှာပဲ ရန်ကုန်စက်မှုတက္ကသိုလ်ကနေ ကျောင်းသားနဲ့ အရပ်သားတွေ ရန်ဖြစ်ရာကနေ လုံထိန်းတွေသေနတ်နဲ့ပစ်ခဲ့လို့ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင် သေဆုံးမှုကို ကျောင်းသားတွေမကျေနပ်ကြဘူး။ ၁၉၈၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက စက်မှုတက္ကသိုလ်ကို ချီတက်ပြီးဆန္ဒပြရာမှာ ရန်ကုန် အင်းလျားကန်ဘောင်မှာ လုံထိန်းတွေတားဆီးပြီး ရိုက်နှက်ဖမ်းဆီးခဲ့ကြတယ်။အဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲမှာ ကျောင်းသူတွေပါခဲ့တယ်။ကျောင်းသူတွေကို ထောင်ထဲမှာ လုံထိန်းတွေက မုဒိန်းကျင့်တယ်လို့ သတင်းတွေထွက်လာခဲ့တယ်။ကျောင်းသားတွေတင်မကပဲ ပြည်သူတွေပါ မကျေနပ်မှုတွေကြီးထွားလာခဲ့တယ်။ ၁၉၈၈ ခုနှစ် မတ်လ ၁၈ ရက်နေ့မှာ ရန်ကုန်မြို့လယ်မှာ ဆန္ဒပြမှုတွေဆက်ဖြစ်နေပြီး လုံထိန်းတွေက မျက်ရည်ယိုဗုံးသုံးပြီးလူစုခွဲခဲ့ရတယ်။အကြမ်းဖက်ဖြိုခွဲခဲ့သလို ရိုက်နှက်ဖမ်းဆီးခဲ့တယ်။အချုပ်ကားပေါ် အတင်းထိုးထည့်သွင်းလို့ လူ ၄၀ ကျော် သေဆုံးခဲ့ရတယ်။

တက္ကသိုလ်တွေပြန်ဖွင့်လိုက်တဲ့ ၁၉၈၈ ဇွန်လမှာ ရန်ကုန်တက္ကသိုလ်တွင်း ကျောင်းသားတွေဆန္ဒပြမှုတွေ အဆက်မပြတ်ဖြစ်ပေါ်ခဲ့တယ်။ကျောင်းသားခေါင်းဆောင် မောင်မောင်ကျော်၊ မိုးသီးဇွန်တို့က မဆလ တစ်ပါတီစနစ်ကိုဆန့်ကျင်တဲ့ တရားဟောခဲ့တယ်။ဒါပေမယ့် ဇွန်လ ၂၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်များကို ရက်အကန့်အသတ်မရှိပိတ်လိုက်ပါတယ်။ ၂၁ ရက်နေ့မှာ ကျောင်းသားငယ်တွေစုစည်းပြီး ရန်ကုန်မြို့လယ်ကို ချီတက်ဆန္ဒပြခဲ့ပါတယ်။မြေနီကုန်းမှာ ကျောင်းသားတွေနဲ့ လုံထိန်းတို့ ပဋိပက္ခဖြစ်ပေါ်ခဲ့ပါတယ်။ရန်ကုန်မြို့ စည်ပင်သာယာနယ်နမိတ်အတွင်း ညမထွက်ရအမိန့်ကို ထုတ်လိုက်ပါတယ်။

၁၉၈၈ ဇူလိုင်လ ၂၃ ရက်နေ့မှာ မဆလပါတီ အရေးပေါ်ညီလာခံကို ဦးနေဝင်း က ခေါ်ယူခဲ့ပါတယ်။အဲဒီအရေးပေါ်ညီလာခံမှာ ပြည်သူတွေအနေနဲ့ တစ်ပါတီစနစ်နဲ့ ပါတီစုံစနစ် ဘယ်စနစ်ကိုကြိုက်နှစ်သက်လဲဆိုပြီး ဦးနေဝင်း က မေးခဲ့ပါတယ်။တစ်နိုင်ငံလုံးမှာ ဆန္ဒခံယူပွဲကျင်းပပေးမယ်လို့ပြောခဲ့ပြီး မဆလပါတီဥက္ကဋ္ဌနေရာကနေ နုတ်ထွက်လိုက်ပါတယ်။ဦးစိန်လွင် ကို သမ္မတအဖြစ် တင်ပေးခဲ့တယ်။

ဒါပေမယ့် မဆလပါတီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ကျောင်းသားပြည်သူတွေရဲ့ အရှိန်အဟုန်ဟာ ပိုပြင်းထန်လာခဲ့ပါတယ်။ရွှေတိဂုံဘုရား ရင်ပြင်တော်မှာ နွေတိုင်း မဆလတစ်ပါတီစနစ်ကို ဆန့်ကျင်ဆန္ဒပြတရားပွဲတွေ ကျင်းပခဲ့ကြပါတယ်။မဆလ တစ်ပါတီ အလိုမရှိဆိုတာအပြင် ပါတီစုံဒီမိုကရေစီစနစ်အကြောင်းကို ဟောပြောခဲ့ကြတယ်။ပြည်သူတွေအမြင်မှာလည်း ဒီမိုကရေစီစကားလုံးကို စွဲဆောင်လာခဲ့ပါတယ်။

ဇူလိုင်လ ၂၉ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးနဲ့ အဖွဲ့ကို ဖမ်းဆီးခဲ့ပါတယ်။သြဂုတ်လ ၃ ရက်နေ့မှာ စစ်အုပ်ချုပ်ရေးကို မဆလအစိုးရက ကြေညာခဲ့ပါတယ်။ကျောင်းသားသမဂ္ဂအနေနဲ့ (၈.၈.၈၈) ရှစ်လေးလုံးနေ့မှာ တစ်နိုင်ငံလုံးအနေနဲ့ မဆလတစ်ပါတီကို ဆန္ဒပြသပိတ်တိုက်ပွဲကြီး ဆင်နွှဲသွားဖို့ ပြောဆိုကြေညာခဲ့ပါတယ်။အဲဒီလိုနဲ့ (၈.၈.၈၈) ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတော့တယ်။

ရှစ်လေးလုံးလူထုအရေးတော်ပုံနေ့မှာ တစ်နိုင်ငံလုံး မဆလ တစ်ပါတီ အလိုမရှိကြောင်း ဆန္ဒပြသပိတ်ပွဲတွေ ဆင်နွှဲခဲ့တဲ့အပြင် ဦးစိန်လွင်အစိုးရရဲ့ ပစ်ခတ်နှိမ်နင်းမှုကြောင့် ကျောင်းသားပြည်သူတွေများစွာ သေဆုံးခဲ့ရပါတယ်။စစ်ကိုင်းမြို့မှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် ပြည်သူပေါင်းသုံးရာကျော် သေဆုံးသွားခဲ့ရပါတယ်။သြဂုတ်လ ၁၂ ရက်နေ့မှာ သမ္မတဦးစိန်လွင် နုတ်ထွက်ပေးလိုက်ရပြီး ဒေါက်တာမောင်မောင် သမ္မတဖြစ်လာပါတယ်။

၁၉၈၈ စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ စစ်တပ်က တိုင်းပြည်ကို အာဏာသိမ်းယူခဲ့ပါတယ်။ဒါပေမယ့် ပါတီစုံစနစ်နဲ့ ရှေ့ဆက်သွားမယ်လို့ကြေညာခဲ့ပြီး နိုင်ငံရေးပါတီတွေကို ဖွဲ့စည်းခွင့်ပေးထားခဲ့ပါတယ်။အဲဒီလိုနိုင်ငံရေးအခြေအနေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျောင်းသားလူငယ်တွေဦးဆောင်တဲ့ လူ့ဘောင်သစ်ပါတီပေါ်ပေါက်လာခဲ့ပါတယ်။

ပြည်သူလူထုတွေရဲ့ နိုင်ငံရေးအမြင်ကျယ်ပြန့်လာခဲ့ပြီး တက်ကြွနေခဲ့တဲ့အချိန်ကာလဖြစ်ခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေးမူဝါဒတွေထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ သင်ပုန်းချေရေးမူတွေ ပါဝင်ခဲ့ပါတယ်။မဆလတစ်ပါတီစနစ်ရဲ့ လက်အောက်မှာ ပြည်သူတွေဟာ နိုင်ငံရေးအသိအမြင်မရှိခဲ့ကြပါဘူး။
မဆလပါတီကလည်း ပြည်သူတွေကို မျက်စိပိတ်နားပိတ်ထားခဲ့ကြတယ်။တံခါးပိတ်မူဝါဒကို ကျင့်သုံးခဲ့ကြတယ်။

ပြောမယ်ဆိုရင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးဟာ ဒီမိုကရေစီဆိုတဲ့စကားလုံးကို သိရှိစေခဲ့ရုံမကပါဘူး။အမျိုးသားပြန်လည်သင့်မြတ်ရေးမူဝါဒကြောင့် တိုင်းရင်းသားလူမျိုးစုတွေနဲ့ ပြန်လည်သင့်မြတ်ရေးအမြင်တွေ ရှိလာခဲ့ရတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ပြည်မတင်မက တောင်တန်းဒေသမှာရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေပါနေထိုင်ကြတဲ့ ပြည်ထောင်စုကြီးဖြစ်ပါတယ်။ပြည်မကြီးမှာနေထိုင်ကြတဲ့ ဗမာလူမျိုးတွေပါမက တောင်တန်းဒေသတွေမှာနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးစုတွေပါ တန်းတူတိုးတက်နိုင်ဖို့ လိုအပ်နေတယ်ဆိုတာကိုလည်း သိမြင်လာခဲ့ကြတယ်။မဆလ တစ်ပါတီစနစ်အောက်မှာ တိုင်းရင်းသားတွေဟာ အလွန်ဆင်းရဲစွာနေထိုင်ခဲ့ကြရတယ်ကို ပြည်သူတွေသိပ်မသိခဲ့ကြပါဘူး။

ပြည်မမှာနေထိုင်ကြတဲ့ ဗမာလူမျိုးကြီးဝါဒတွေမရှိပဲ တိုင်းရင်းသားလူမျိုးစုတွေအားလုံးနဲ့ ပြန်ပေါင်းစည်းနိုင်မှ အမျိုးသားပြန်လည်သင့်မြတ်ရေးမူဟာ အောင်မြင်လာလိမ့်မယ်ဆိုတာ ပြည်သူတွေသိနားလည်ဖို့ လိုအပ်ပါတယ်။နိုင်ငံတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲနိုင်ဖို့အပြင်၊ ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားလူမျိုးစုတွေမှာရှိနေတဲ့ သွေးကွဲမှုတွေဖျောက်ပစ်နိုင်မှာ ပြည်ထောင်စုကြီးတိုးတက်လာနိုင်မယ် ဆိုတာကိုလည်း ပြည်သူတွေသိရှိနေကြပါပြီ။တိုင်းရင်းသားနိုင်ငံရေးပါတီတွေကလည်း အရေးပါနေပါတယ်။

ဒီလို တိုင်းရင်းသားတွေအားလုံး တူညီစွာအခွင့်အရေးရရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးရရှိနိုင်ဖို့အတွက်ကိုပါ ပြည်သူတွေသိရှိလာအောင် ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးက လမ်းညွှန်ပြလိုက်ပါတယ်။ရှစ်လေးလုံး ငွေရတုအခမ်းအနားမှာ တိုင်းပြည်ပြန်လည်တည်ဆောက်ရေး မူဝါဒတွေထဲမှာ (က) ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရန်ဆိုတဲ့အချက်ကို ဦးစားပေးချမှတ်ခဲ့ပါတယ်။ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တိုင်းရင်းသားပြည်သူတွေပါ တက်ရောက်ခဲ့ပြီး ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။ဒါကိုကြည့်ရင် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးက ဖော်ထုတ်ပြလိုက်တဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီရေးအပြင် နိုင်ငံရေးနိုးကြားလာခဲ့တာကို မြင်တွေ့နိုင်ပါလိမ့်မယ်။

မြတ်လှိုင်း
သြဂုတ် - ၇

( Zawgyi )

ရွစ္ေလးလုံး လူထုအေရးေတာ္ပုံလို႔ေျပာလိုက္ရင္ ျမန္မာျပည္မွာအထူးျခားဆုံးေပၚေပါက္ခဲ့တဲ့ ျပည္သူလူထုတစ္ရပ္လုံး ပါဝင္ဆႏၵျပခဗဲ့ၾကတာကို သိပါလိမ့္မယ္။ ၁၉၈၈ ၾသဂုတ္လ ၈ ရက္ေန႔မွာျဖစ္လာတဲ့ (ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီး) ဟာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ပါတီ (မဆလ) ရဲ႕ တစ္ပါတီစနစ္ကို ဆန႔္က်င္ဆႏၵျပခဲ့တာပါ။ဒီလိုဆန႔္က်င္ဆႏၵျပခဲ့ၾကတာ အင္မတန္အႏၲရာယ္မ်ားပါတယ္။ျမန္မာျပည္ကို ဗိုလ္ခ်ဳပ္ႀကီးေနဝင္းက အာဏာသိမ္းခဲ့ပါတယ္။ပါတီစုံဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္တည္ေဆာက္ေနတဲ့ အေျခအေနတစ္ခုကို ဖ်က္သိမ္းပစ္လိုက္တာပါ။ဗိုလ္ခ်ဳပ္ေအာင္ဆန္းဦးေဆာင္ၿပီး ၁၉၄၇ ခုႏွစ္မွာ အတည္ျပဳခဲ့တဲ့ ပါတီစုံဒီမိုကေရစီစနစ္ကို က်င့္သုံးေနတဲ့ ပါလီမန္ကိုဖ်က္သိမ္းလိုက္တယ္။ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ကို ေရးဆြဲခဲ့တယ္။ ၁၉၇၄ ခုႏွစ္မွာ ျမန္မာ့ဆိုရွယ္လစ္လမ္းစဥ္ တည္ၿမဲႏိုင္ေအာင္ လူထုဆႏၵခံယူပြဲက်င္းပၿပီး အတည္ျပဳခဲ့တယ္။

ဗိုလ္ခ်ဳပ္ႀကီးေနဝင္းဟာ ျမန္မာ့နည္း ျမန္မာ့ဟန္နဲ႔ ၁၉၇၄ ဖြဲ႕စည္းပုံကို အတည္ျပဳၿပီး တစ္ပါတီစနစ္နဲ႔ တိုင္းျပည္ကိုအုပ္ခ်ဳပ္ခဲ့တယ္။တစ္ပါတီစနစ္နဲ႔အုပ္ခ်ဳပ္ႏိုင္ဖို႔ အစိုးရနဲ႔ဌာနဆိုင္ရာေတြမွာ စစ္ဗိုလ္ေတြအစားထိုးခဲ့တယ္။မဆလ တစ္ပါတီစနစ္ကေန စစ္အာဏာရွင္စနစ္ျဖစ္လာေအာင္ ဖန္တီးယူခဲ့တယ္။မဆလ တစ္ပါတီစနစ္ေအာက္မွာ တိုင္းျပည္နဲ႔ ျပည္သူေတြက ဆင္းရဲဒုကၡေရာက္ခဲ့ရတယ္။မဆလ တစ္ပါတီစနစ္ကို ျပည္သူေတြမေက်နပ္ၾကဘူး။ဒါေပမယ့္၊ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္းရဲ႕ စစ္ေထာက္လွမ္းေရးေတြကိုေၾကာက္လန႔္ၿပီး ဘယ္သူမွမေျပာရဲခဲ့ဘူး။ဗိုလ္ခ်ဳပ္ႀကီးေနဝင္း တိုင္းျပည္ကိုအာဏာသိမ္းၿပီးစမွာ ရန္ကုန္တကၠသိုလ္ဝင္းထဲက ေက်ာင္းသားသမဂၢအေဆာက္အအုံကိုၿဖိဳခ်ၿပီး ေက်ာင္းသားသမဂၢေတြကို ဖ်က္သိမ္းပစ္လိုက္ကတည္းက ခြပ္ေဒါင္းေတြ ေခါင္းမျပန္ေထာင္ႏိုင္ခဲ့ဘူး။ ၁၉၇၄/၇၆ ခုႏွစ္မွာ ဦးသန႔္အေရးအခင္း၊ မႈိင္းရာျပည့္အေရးအခင္းနဲ႔ ကြၽန္းဆြယ္အေရးအခင္းေတြမွာ ခြပ္ေဒါင္းေတြ ေခါင္းျပန္ေထာင္လာခဲ့ေသးတယ္။ေခါင္းျပန္ေထာင္လာတဲ့ ခြပ္ေဒါင္းေတြကို စစ္ေထာက္လွမ္းေရးေတြကဖမ္းဆီးၿပီး ေထာင္သြင္းအက်ဥ္းခ်လိုက္တယ္။

ဗိုလ္ခ်ဳပ္ႀကီးေနဝင္းဟာ စစ္အာဏာရွင္ႀကီးအျဖစ္နဲ႔ တိုင္းျပည္ကိုအုပ္ခ်ဳပ္ခဲ့တာ ၂၆ ႏွစ္ၾကာခဲ့တယ္။ ၁၉၈၇ ခုႏွစ္မွာ မဆလအစိုးရကေန ေငြစကၠဴအခ်ိဳ႕ကိုဖ်က္သိမ္းလိုက္တာကို ရန္ကုန္စက္မႈတကၠသိုလ္ေက်ာင္းသားေတြ ဆူပူမႈျဖစ္ခဲ့ၿပီး လွည္းတန္းလမ္းဆုံမွာ ဆူပူမႈျဖစ္ခဲ့လို႔ တိုင္းျပည္တစ္ျပည္လုံးက တကၠသိုလ္ေတြပိတ္လိုက္ရတယ္။အဲဒီမွာ ေက်ာင္းသားေတြျပန္လႈပ္ရွားခဲ့ၾကတယ္။တကၠသိုလ္ေတြျပန္ဖြင့္ေပးခဲ့ရတယ္။

၁၉၈၈ ခုႏွစ္ မတ္လမွာ ဗိုလ္မႉးခ်ဳပ္ေဟာင္းေအာင္ႀကီး က ဗိုလ္ခ်ဳပ္ႀကီးေနဝင္းဆီကို စာတစ္ေစာင္ေပးပို႔ခဲ့တယ္။ ၁၉၈၈ မတ္လမွာပဲ ရန္ကုန္စက္မႈတကၠသိုလ္ကေန ေက်ာင္းသားနဲ႔ အရပ္သားေတြ ရန္ျဖစ္ရာကေန လုံထိန္းေတြေသနတ္နဲ႔ပစ္ခဲ့လို႔ ရန္ကုန္စက္မႈတကၠသိုလ္ေက်ာင္းသား ကိုဖုန္းေမာ္နဲ႔ ကိုစိုးႏိုင္ ေသဆုံးမႈကို ေက်ာင္းသားေတြမေက်နပ္ၾကဘူး။ ၁၉၈၈ ခုႏွစ္ မတ္လ ၁၆ ရက္ေန႔မွာ ရန္ကုန္တကၠသိုလ္ေက်ာင္းသားေတြက စက္မႈတကၠသိုလ္ကို ခ်ီတက္ၿပီးဆႏၵျပရာမွာ ရန္ကုန္ အင္းလ်ားကန္ေဘာင္မွာ လုံထိန္းေတြတားဆီးၿပီး ႐ိုက္ႏွက္ဖမ္းဆီးခဲ့ၾကတယ္။အဖမ္းဆီးခံရတဲ့ ေက်ာင္းသားေတြထဲမွာ ေက်ာင္းသူေတြပါခဲ့တယ္။ေက်ာင္းသူေတြကို ေထာင္ထဲမွာ လုံထိန္းေတြက မုဒိန္းက်င့္တယ္လို႔ သတင္းေတြထြက္လာခဲ့တယ္။ေက်ာင္းသားေတြတင္မကပဲ ျပည္သူေတြပါ မေက်နပ္မႈေတြႀကီးထြားလာခဲ့တယ္။ ၁၉၈၈ ခုႏွစ္ မတ္လ ၁၈ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႕လယ္မွာ ဆႏၵျပမႈေတြဆက္ျဖစ္ေနၿပီး လုံထိန္းေတြက မ်က္ရည္ယိုဗုံးသုံးၿပီးလူစုခြဲခဲ့ရတယ္။အၾကမ္းဖက္ၿဖိဳခြဲခဲ့သလို ႐ိုက္ႏွက္ဖမ္းဆီးခဲ့တယ္။အခ်ဳပ္ကားေပၚ အတင္းထိုးထည့္သြင္းလို႔ လူ ၄၀ ေက်ာ္ ေသဆုံးခဲ့ရတယ္။

တကၠသိုလ္ေတြျပန္ဖြင့္လိုက္တဲ့ ၁၉၈၈ ဇြန္လမွာ ရန္ကုန္တကၠသိုလ္တြင္း ေက်ာင္းသားေတြဆႏၵျပမႈေတြ အဆက္မျပတ္ျဖစ္ေပၚခဲ့တယ္။ေက်ာင္းသားေခါင္းေဆာင္ ေမာင္ေမာင္ေက်ာ္၊ မိုးသီးဇြန္တို႔က မဆလ တစ္ပါတီစနစ္ကိုဆန႔္က်င္တဲ့ တရားေဟာခဲ့တယ္။ဒါေပမယ့္ ဇြန္လ ၂၀ ရက္ေန႔မွာ ရန္ကုန္တကၠသိုလ္မ်ားကို ရက္အကန႔္အသတ္မရွိပိတ္လိုက္ပါတယ္။ ၂၁ ရက္ေန႔မွာ ေက်ာင္းသားငယ္ေတြစုစည္းၿပီး ရန္ကုန္ၿမိဳ႕လယ္ကို ခ်ီတက္ဆႏၵျပခဲ့ပါတယ္။ေျမနီကုန္းမွာ ေက်ာင္းသားေတြနဲ႔ လုံထိန္းတို႔ ပဋိပကၡျဖစ္ေပၚခဲ့ပါတယ္။ရန္ကုန္ၿမိဳ႕ စည္ပင္သာယာနယ္နမိတ္အတြင္း ညမထြက္ရအမိန႔္ကို ထုတ္လိုက္ပါတယ္။

၁၉၈၈ ဇူလိုင္လ ၂၃ ရက္ေန႔မွာ မဆလပါတီ အေရးေပၚညီလာခံကို ဦးေနဝင္း က ေခၚယူခဲ့ပါတယ္။အဲဒီအေရးေပၚညီလာခံမွာ ျပည္သူေတြအေနနဲ႔ တစ္ပါတီစနစ္နဲ႔ ပါတီစုံစနစ္ ဘယ္စနစ္ကိုႀကိဳက္ႏွစ္သက္လဲဆိုၿပီး ဦးေနဝင္း က ေမးခဲ့ပါတယ္။တစ္ႏိုင္ငံလုံးမွာ ဆႏၵခံယူပြဲက်င္းပေပးမယ္လို႔ေျပာခဲ့ၿပီး မဆလပါတီဥကၠ႒ေနရာကေန ႏုတ္ထြက္လိုက္ပါတယ္။ဦးစိန္လြင္ ကို သမၼတအျဖစ္ တင္ေပးခဲ့တယ္။

ဒါေပမယ့္ မဆလပါတီကို ဆန႔္က်င္ဆႏၵျပေနတဲ့ ေက်ာင္းသားျပည္သူေတြရဲ႕ အရွိန္အဟုန္ဟာ ပိုျပင္းထန္လာခဲ့ပါတယ္။ေ႐ႊတိဂုံဘုရား ရင္ျပင္ေတာ္မွာ ေႏြတိုင္း မဆလတစ္ပါတီစနစ္ကို ဆန႔္က်င္ဆႏၵျပတရားပြဲေတြ က်င္းပခဲ့ၾကပါတယ္။မဆလ တစ္ပါတီ အလိုမရွိဆိုတာအျပင္ ပါတီစုံဒီမိုကေရစီစနစ္အေၾကာင္းကို ေဟာေျပာခဲ့ၾကတယ္။ျပည္သူေတြအျမင္မွာလည္း ဒီမိုကေရစီစကားလုံးကို စြဲေဆာင္လာခဲ့ပါတယ္။

ဇူလိုင္လ ၂၉ ရက္ေန႔မွာ ဗိုလ္မႉးခ်ဳပ္ေဟာင္းေအာင္ႀကီးနဲ႔ အဖြဲ႕ကို ဖမ္းဆီးခဲ့ပါတယ္။ၾသဂုတ္လ ၃ ရက္ေန႔မွာ စစ္အုပ္ခ်ဳပ္ေရးကို မဆလအစိုးရက ေၾကညာခဲ့ပါတယ္။ေက်ာင္းသားသမဂၢအေနနဲ႔ (၈.၈.၈၈) ရွစ္ေလးလုံးေန႔မွာ တစ္ႏိုင္ငံလုံးအေနနဲ႔ မဆလတစ္ပါတီကို ဆႏၵျပသပိတ္တိုက္ပြဲႀကီး ဆင္ႏႊဲသြားဖို႔ ေျပာဆိုေၾကညာခဲ့ပါတယ္။အဲဒီလိုနဲ႔ (၈.၈.၈၈) ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီး ေပၚေပါက္ခဲ့ပါေတာ့တယ္။

ရွစ္ေလးလုံးလူထုအေရးေတာ္ပုံေန႔မွာ တစ္ႏိုင္ငံလုံး မဆလ တစ္ပါတီ အလိုမရွိေၾကာင္း ဆႏၵျပသပိတ္ပြဲေတြ ဆင္ႏႊဲခဲ့တဲ့အျပင္ ဦးစိန္လြင္အစိုးရရဲ႕ ပစ္ခတ္ႏွိမ္နင္းမႈေၾကာင့္ ေက်ာင္းသားျပည္သူေတြမ်ားစြာ ေသဆုံးခဲ့ရပါတယ္။စစ္ကိုင္းၿမိဳ႕မွာ ဆႏၵျပျပည္သူေတြကို စစ္တပ္ကပစ္ခတ္ခဲ့တာေၾကာင့္ ျပည္သူေပါင္းသုံးရာေက်ာ္ ေသဆုံးသြားခဲ့ရပါတယ္။ၾသဂုတ္လ ၁၂ ရက္ေန႔မွာ သမၼတဦးစိန္လြင္ ႏုတ္ထြက္ေပးလိုက္ရၿပီး ေဒါက္တာေမာင္ေမာင္ သမၼတျဖစ္လာပါတယ္။

၁၉၈၈ စက္တင္ဘာလ ၁၈ ရက္ေန႔မွာေတာ့ စစ္တပ္က တိုင္းျပည္ကို အာဏာသိမ္းယူခဲ့ပါတယ္။ဒါေပမယ့္ ပါတီစုံစနစ္နဲ႔ ေရွ႕ဆက္သြားမယ္လို႔ေၾကညာခဲ့ၿပီး ႏိုင္ငံေရးပါတီေတြကို ဖြဲ႕စည္းခြင့္ေပးထားခဲ့ပါတယ္။အဲဒီလိုႏိုင္ငံေရးအေျခအေနမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္နဲ႔ ေက်ာင္းသားလူငယ္ေတြဦးေဆာင္တဲ့ လူ႔ေဘာင္သစ္ပါတီေပၚေပါက္လာခဲ့ပါတယ္။

ျပည္သူလူထုေတြရဲ႕ ႏိုင္ငံေရးအျမင္က်ယ္ျပန႔္လာခဲ့ၿပီး တက္ႂကြေနခဲ့တဲ့အခ်ိန္ကာလျဖစ္ခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔ ႏိုင္ငံေရးမူဝါဒေတြထဲမွာ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးနဲ႔ သင္ပုန္းေခ်ေရးမူေတြ ပါဝင္ခဲ့ပါတယ္။မဆလတစ္ပါတီစနစ္ရဲ႕ လက္ေအာက္မွာ ျပည္သူေတြဟာ ႏိုင္ငံေရးအသိအျမင္မရွိခဲ့ၾကပါဘူး။
မဆလပါတီကလည္း ျပည္သူေတြကို မ်က္စိပိတ္နားပိတ္ထားခဲ့ၾကတယ္။တံခါးပိတ္မူဝါဒကို က်င့္သုံးခဲ့ၾကတယ္။

ေျပာမယ္ဆိုရင္ ရွစ္ေလးလုံးလူထုအေရးေတာ္ပုံႀကီးဟာ ဒီမိုကေရစီဆိုတဲ့စကားလုံးကို သိရွိေစခဲ့႐ုံမကပါဘူး။အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးမူဝါဒေၾကာင့္ တိုင္းရင္းသားလူမ်ိဳးစုေတြနဲ႔ ျပန္လည္သင့္ျမတ္ေရးအျမင္ေတြ ရွိလာခဲ့ရတယ္။ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံဟာ ျပည္မတင္မက ေတာင္တန္းေဒသမွာရွိတဲ့ တိုင္းရင္းသားလူမ်ိဳးစုေတြပါေနထိုင္ၾကတဲ့ ျပည္ေထာင္စုႀကီးျဖစ္ပါတယ္။ျပည္မႀကီးမွာေနထိုင္ၾကတဲ့ ဗမာလူမ်ိဳးေတြပါမက ေတာင္တန္းေဒသေတြမွာေနထိုင္ၾကတဲ့ တိုင္းရင္းသားလူမ်ိဳးစုေတြပါ တန္းတူတိုးတက္ႏိုင္ဖို႔ လိုအပ္ေနတယ္ဆိုတာကိုလည္း သိျမင္လာခဲ့ၾကတယ္။မဆလ တစ္ပါတီစနစ္ေအာက္မွာ တိုင္းရင္းသားေတြဟာ အလြန္ဆင္းရဲစြာေနထိုင္ခဲ့ၾကရတယ္ကို ျပည္သူေတြသိပ္မသိခဲ့ၾကပါဘူး။

ျပည္မမွာေနထိုင္ၾကတဲ့ ဗမာလူမ်ိဳးႀကီးဝါဒေတြမရွိပဲ တိုင္းရင္းသားလူမ်ိဳးစုေတြအားလုံးနဲ႔ ျပန္ေပါင္းစည္းႏိုင္မွ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးမူဟာ ေအာင္ျမင္လာလိမ့္မယ္ဆိုတာ ျပည္သူေတြသိနားလည္ဖို႔ လိုအပ္ပါတယ္။ႏိုင္ငံတပ္မေတာ္နဲ႔ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြ အပစ္အခတ္ရပ္စဲႏိုင္ဖို႔အျပင္၊ ဗမာလူမ်ိဳးေတြနဲ႔ တိုင္းရင္းသားလူမ်ိဳးစုေတြမွာရွိေနတဲ့ ေသြးကြဲမႈေတြေဖ်ာက္ပစ္ႏိုင္မွာ ျပည္ေထာင္စုႀကီးတိုးတက္လာႏိုင္မယ္ ဆိုတာကိုလည္း ျပည္သူေတြသိရွိေနၾကပါၿပီ။တိုင္းရင္းသားႏိုင္ငံေရးပါတီေတြကလည္း အေရးပါေနပါတယ္။

ဒီလို တိုင္းရင္းသားေတြအားလုံး တူညီစြာအခြင့္အေရးရရွိဖို႔၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးရရွိႏိုင္ဖို႔အတြက္ကိုပါ ျပည္သူေတြသိရွိလာေအာင္ ရွစ္ေလးလုံးလူထုအေရးေတာ္ပုံႀကီးက လမ္းၫႊန္ျပလိုက္ပါတယ္။ရွစ္ေလးလုံး ေငြရတုအခမ္းအနားမွာ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရး မူဝါဒေတြထဲမွာ (က) ဒီမိုကရက္တစ္ ဖက္ဒရယ္ျပည္ေထာင္စု ျဖစ္ေပၚလာရန္ဆိုတဲ့အခ်က္ကို ဦးစားေပးခ်မွတ္ခဲ့ပါတယ္။ရွစ္ေလးလုံး ေငြရတုအခမ္းအနားကို တိုင္းရင္းသားျပည္သူေတြပါ တက္ေရာက္ခဲ့ၿပီး ပါဝင္ေဆြးေႏြးခဲ့ၾကပါတယ္။ဒါကိုၾကည့္ရင္ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီးက ေဖာ္ထုတ္ျပလိုက္တဲ့ ျပည္သူေတြရဲ႕ ဒီမိုကေရစီေရးအျပင္ ႏိုင္ငံေရးႏိုးၾကားလာခဲ့တာကို ျမင္ေတြ႕ႏိုင္ပါလိမ့္မယ္။

ျမတ္လႈိင္း
ၾသဂုတ္ - ၇