【 ဆောင်းပါး 】 “လူသားတို့အတွက် မေတ္တာနိုင်ငံတော်”

【 ဆောင်းပါး 】 “လူသားတို့အတွက် မေတ္တာနိုင်ငံတော်”

မကြာခဏဆိုသလို လက်တွေ့ကမ္ဘာလောကထဲမှ လူအတော်တော်များများက စိတ်ကူးယဉ်ကမ္ဘာလောကသို့ သွားရောက်လိုတတ်ကြသည်။အထူးသဖြင့် လက်တွေ့ကမ္ဘာတွင် တွေ့မြင်ခံစားမိသမျှ စိတ်ပျက်စရာ စိတ်မချမ်းမြေ့စရာ ရှုပ်ထွေးပွေလီလှသော ဖြစ်ရပ်များနှင့် တွေ့ကြုံလာရတိုင်း စိတ်ကူးယဉ်ကမ္ဘာရှိရာ ပြေးထွက်သွားလိုစိတ်များ တဖွားဖွားပေါ်လာတတ်သည်။ထိုအကြောင်းကို မိတ်ဆွေဖြစ်သူ ကိုစိန်သောင်း က အလေးအနက်ပြောလာခြင်းဖြစ်ရာ ကျွန်တော်က ကိုစိန်သောင်း ကို စေ့စေ့ကြည့်ရင်း ……။

“ဒါနဲ့ ဘာတွေများစိတ်ပျက်စရာတွေတွေ့လို့ စိတ်ကူးယဉ်ကမ္ဘာအကြောင်းရောက်သွားရတာလဲ ကိုစိန်သောင်းရ”

“ဒီလိုပါပဲဗျာ။အခုတလော မြင်ရကြားရတာတွေက စိတ်ပျက်စရာကောင်းလွန်းလို့ပါ။အမှန်က အမှားဖြစ်၊ အမှားက အမှန်ဖြစ်နဲ့ … လျှာအရိုးမရှိတိုင်း လျှောက်ကြတာတွေကြားရတာ များလွန်းလို့ပါ။အထူးသဖြင့် နိုင်ငံရေးနယ်ပယ်ကလူတွေ၊ အဖွဲ့အစည်းအသင်းအပင်းက အကြီးအကဲတွေကိုယ်တိုင်က ရွေးကောက်ပွဲမတိုင်ခင်ကာလလောက်ကတည်းက ပြောနေဆိုနေကြတာတွေဟာ ကြားရ ကြားရ နားဝမသက်သာဆိုသလိုပါပဲ။ဒီလိုပြောတာဆိုတာတွေကြားရတော့ ကျွန်တော်ာတို့နိုင်ငံ အနာဂတ်အတွက် ရင်လေးမိတာလည်း ပါတာပေါ့။”

“ဒါနဲ့ပဲ နားအေးပါးအေး စိတ်ကူးယဉ်ကမ္ဘာထဲ သွားနေချင်တယ်ဆိုပါတော့”။

အင်းလေ ကိုစိန်သောင်းပြောတာ ဟုတ်တော့လည်းဟုတ်ပါတယ်။ရွေးကောက်ပွဲကာလ မတိုင်ခင်လောက်ကတည်းက ရွေးကောက်ပွဲနဲ့ပတ်သတ်တဲ့ စိတ်ရှုပ်စရာသတင်းတွေကို ဖေ့စ်ဘွတ်ထဲမှာလည်းတွေ့ရ၊ ကမ္ဘာ့သတင်းစာမျက်နှာတွေမှာလည်းတွေ့ရနဲ့၊ မှန်တာတွေရော၊ အမှားတွေရော၊ မဟုတ်မဟတ် လုပ်ကြံလီဆယ်ထားတာတွေရော၊ စိတ်ပျက်စရာကောင်းနေတာတော့ အမှန်ပါပဲ ကိုစိန်သောင်း။”

“ဒါကြောင့်ပြောတာပေါ့ဗျာ။ဒီကမ္ဘာလောကမှာ အခုတွေ့နေမြင်နေကြားနေရတာတွေနဲ့ လွတ်ကင်းပြီး အေးချမ်းစိတ်ငြိမ်တဲ့ စံပြနိုင်ငံသာတကယ်ရှိရင် ကျွန်တော်တော့ ချက်ချင်းပြောင်းသွားဦးမိမလားပဲ။”

“အင်း ကိုစိန်သောင်း စိတ်ကူးထဲက စံပြနိုင်ငံက ဘယ်လိုမျိုးလည်းတော့မသိဘူး။ဒါပေမဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စံပြနိုင်ငံတော် အကြောင်းကတော့ စိတ်ဝင်စားစရာကောင်းတာတော့ အမှန်ပဲ။”

“ခင်ဗျားပြောတဲ့ စံပြနိုင်ငံက ဘယ်လိုမျိုးလဲဗျ။”

“စိတ်ညစ်စရာမရှိတဲ့ ကမ္ဘာမျိုးတဲ့ဗျ။”

“အင်း … စိတ်ညစ်စရာမရှိတဲ့ ကမ္ဘာတော့ ရှိနိုင်မယ်မထင်ပါဘူးဗျာ။”

“ဒီလို ကိုစိန်သောင်း … ကျွန်တော်တို့ လောကကမ္ဘာကိုကြည့်ရင် ဟိုးသမိုင်းဦးအစကနေ မျက်မှောက်ခေတ်အထိ လူတွေအားလုံးဟာ အတ္တ၊ မာန၊ ဒေါသ၊ မောဟ ဆိုတဲ့ ဝဲဩဃ သံသရာထဲမှာ နစ်မွန်းနေကြပြီး တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဖွဲ့နဲ့ တစ်ဖွဲ့၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆန့်ကျင်ဘက်တွေ အားပြိုင်ပြီး ပဋိပက္ခတွေ၊ စစ်ပွဲတွေဆိုတာ အမြဲမပြတ်ဖြစ်ပေါ်နေတာကို တွေ့နေရတာမဟုတ်လား။အဲဒီပဋိပက္ခနဲ့ စစ်ပွဲတွေဖြစ်ပွားမှု ဂယက်ကြောင့် ပေါ်ပေါက်လာတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုးကျိုးသက်ရောက်မှုတွေဆိုတာ ကျွန်တော်တို့လူသားတွေအတွက် မဆုံးနိုင်အောင် တွေ့ကြုံခံစားနေကြရတာမဟုတ်လား။”

“အင်း … ဆိုပါဦး။”

“တကယ်တော့ ကမ္ဘာဦးအစက လူသားတွေရဲ့ဘဝက ရိုးရှင်းတယ်။အဲဒီတုန်းက စားရေးနဲ့ နေရေးအတွက်ကလွဲပြီး အခြားလိုအင်လောဘတွေ နည်းခဲ့ကြတယ်။ဒါပေမဲ့ အရိုင်းကနေ အယဉ်ဘဝအထိ လူမှုဘဝအဆင့်ဆင့် တိုးတက်လာတဲ့နောက်ပိုင်းမှာတော့ လူသားတွေဟာ အလိုလောဘကြီးလာခဲ့ကြတယ်။အလိုလောဘကြောင့် လူ့အဖွဲ့အစည်းအကြားမှာ ဆန့်ကျင်မှုတွေ၊ အတိုက်အခံပြုမှုတွေ၊ ရန်လိုမှုတွေနဲ့အတူ ပဋိပက္ခတွေ ပေါ်ပေါက်လာတယ်။အဲဒီပဋိပက္ခတွေကြောင့်ပဲ ဆင်းရဲဒုက္ခတွေကို တွေ့ကြုံခံစားလာကြရတယ်။နောက်ပိုင်းမှာ လူသားတွေ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေမရှိတဲ့ လောကကမ္ဘာတစ်ခုကို အတွေးအခေါ်ပညာရှင် စာရေးဆရာတွေက စိတ်ကူးကြံဆပြီး ဖန်တီးရေးသားလာခဲ့ကြတယ်။”

“ခင်ဗျားပြောတာ … ပလေတိုရဲ့ စံပြနိုင်ငံတော်မျိုးလား။”

“ပလေတိုရဲ့ စံပြနိုင်ငံတော်ပြီးရင် စာရေးဆရာအတော်များများက သူတို့အတွေးထဲက စိတ်ကူးယဉ် စံပြနိုင်ငံတော်တွေကို အမျိုးမျိုးပုံဖော်ရေးသားလာခဲ့ကြတယ်။”

“ဘယ်စာရေးဆရာတွေက ဘယ်လိုစိတ်ကူးယဉ်နိုင်ငံတွေအကြောင်း ရေးခဲ့တာလဲ။”

“စိတ်ကူးယဉ် စံပြနိုင်ငံအကြောင်း အင်္ဂလိပ်စာရေးဆရာ ဆာသောမတ်မိုး က ရေးခဲ့သလို အိတ်ချဲဂျီဝဲလ်ရဲ့ A Modern Utopia နဲ့ Men Like Gods ၊ လွိုက်စ်လိုရီရဲ့ The Giver ၊ အယ်ပ်ဒတ်ပတ်စလေရဲ့ Brave New World ဆိုတဲ့ စာအုပ်တွေဟာ စိတ်ကူးယဉ် စံပြနိုင်ငံတွေအကြောင်းပါပဲ။”

“အဲဒီစာအုပ်တွေအကြောင်း အမြည်းလောက် ပြောပြပေးပါလား။”

“အဲဒီစာအုပ်တွေထဲက အယ်လ်ဒတ်ဟတ်စလေရဲ့ Brabe New World ကတော့ အထင်ရှားဆုံးလို့ ဆိုရမယ်။ Brave New World ထဲက စာရေးဆရာ စိတ်ကူးယဉ်ထားတဲ့ ကမ္ဘာက စစ်ပွဲမရှိ၊ ရာဇဝတ်မှုမရှိ၊ ပြီးတော့ စိတ်ညစ်စရာမရှိတဲ့ ကမ္ဘာလို့ဆိုတယ်။”

“အယ်လ်ဒတ်ဟတ်စလေရဲ့ စံပြနိုင်ငံမှာ အစိုးရတော့ရှိတယ် မဟုတ်ဘူးလား။”

“အင်းရှိတယ်။ဒါပေမဲ့ သူတို့အစိုးရပုံစံက ကမ္ဘာ့အစိုးရပုံစံမျိုးလို့ ဆိုတယ်။အဲဒီနိုင်ငံကလူတွေဟာ ပုံမှန်လူသားတွေလို မွေးဖွားလာတာတော့ မဟုတ်ဘူး။ဓာတ်ခွဲခန်းကနေ ဒီနေ့ခေတ် ကြက်သားဖောက်လုပ်ငန်းလို မွေးဖွားလာတဲ့ လူသားတွေတဲ့။သူတို့မှာ အဖေ အမေ မရှိဘူး။သံယောဇဉ်ဆိုတာမရှိဘူး၊ ကိုယ်ပိုင်အတွေးအခေါ်မရှိဘူး။သူတို့အားလုံးကို ကမ္ဘာ့အစိုးရက ထိန်းချုပ်ထားတယ်လို့ ဆိုတယ်။”

“ဒါဆိုရင် အဲဒီလူတွေမှာ ခံစားမှုဆိုတာကော မရှိဘူးလား။”

“အသွေးအသားရှိတဲ့အတွက် ခံစားမှုတော့ရှိတယ်။ဒါပေမဲ့ သူတို့ခံစားမှုက လေ့ကျင့်ပေးထားတဲ့ ခံစားမှုပုံစံမျိုး။စားတယ်၊ အိပ်တယ်၊ ကာမဂုဏ် အာရုံခံစားတယ် အစိုးရက သူတို့ကို ဆိုမာလို့ခေါ်တဲ့ ဆေးကို ပုံမှန်ကျွေးတယ်။ဆိုမာဆေးက လန်းဆန်းတက်ကြွတယ်။တောင်တောင်အီအီတွေးတွေးပြီး စိတ်ညစ်တာမရှိဘူး၊ စိတ်ပူပန်တာမရှိဘူး၊ အာခံတာတို့ တော်လှန်တာတို့ဆိုတဲ့ ဆန့်ကျင်ဘက်စိတ်မျိုးလည်း မရှိဘူးလို့ဆိုတယ်။”

“ဒါဆိုရင် သူတို့က အထိန်းချုပ်ခံထားရတဲ့ စက်ရုပ်တွေနဲ့ တူမနေဘူးလား။”

“ဟုတ်တယ်၊ ဒါကြောင့်လည်း အဲဒီနိုင်ငံကို ပုံမှန်လောက ကမ္ဘာက လူသားတစ်ဦးရောက်လာရာကနေ ကမောက်ကမဖြစ်လာခဲ့တယ်။”

“ဘယ်လိုမျိုးလဲ။”

“စာရေးဆရာက သူ့ဇာတ်လမ်းထဲမှာ ပုံမှန်လောကကမ္ဘာက ဂျွန်ဆိုတဲ့ လူတစ်ဦးကို စိတ်ကူးယဉ်နိုင်ငံသစ်ရှိရာ ပို့လိုက်တယ်၊ ရောက်ကာစကတော့ စိတ်ကူးယဉ်နိုင်ငံသစ်ကို ဂျွန် က အတော်သဘောကျတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ နိုင်ငံသစ်ကလူတွေရဲ့ ထိန်းချုပ်ခံထားရတဲ့ မူမမှန်တဲ့ဘဝတွေကို အလိုမကျဖြစ်လာတယ်။ဆိုမာဆိုတဲ့ ဘေးကလူတွေကို ခြယ်လှယ်နေတာကို သိလာတဲ့အတွက် ဆိုမာဆေးကို ဂျွန် က ဖျောက်ဖျက်ပစ်ဖို့ ကြိုးပမ်းရာကနေ နိုင်ငံသစ်မှာ တည်ငြိမ်မှုကင်းမဲ့လာတယ်။ဂျွန်ရဲ့ ရည်ရွယ်ချက်က နိုင်ငံသစ်မှာရှိတဲ့ အနိုင်အထက်ပြုကျင့်ခံနေရတဲ့ လူတွေကို လွတ်မြောက်စေချင်တဲ့အတွက်ဖြစ်တယ်။”

“ အင်း .. ခင်ဗျားပြောတဲ့ အယ်လ်ဒတ်ဟတ်စလေရဲ့ နိုင်ငံသစ်ဆိုတာ တကယ်တမ်းတွေးကြည့်ရင် ကျွန်တော်တို့ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းမှာ တွေ့နေရတာမျိုးပဲလို့ ထင်တယ်။”

“ဘာလဲ .. ကန့်သတ်ထိန်းချုပ်မှုပုံစံကို ပြောတာလား .. ကိုစိန်သောင်း။”

“ဟုတ်တယ်လေ .. နိုင်ငံတည်ငြိမ်ရေး၊ ဆင်းရဲဒုက္ခကင်းဝေးရေး၊ ပြည်သူပြည်သားအားလုံး ချမ်းသာသုခရရှိရေးဆိုပြီး နိုင်ငံခေါင်းဆောင်အတော်များများက သူတို့လိုသလို ကန့်သတ်ထိန်းချုပ်လာခဲ့ကြတာ လူသားသမိုင်းဖြစ်ရပ်တွေထဲမှာ တွေ့ခဲ့မြင်ခဲ့ကြရတာပဲမဟုတ်လား။”

“အင်း မှန်ပါတယ်၊ အတွေးအခေါ်ပညာရှင်တွေ၊ စာရေးဆရာတွေက လူသားတို့အတွက် ကောင်းကျိုးချမ်းသာရှိရေးကို ရည်ရွယ်ပြီး သူတို့စိတ်ကူးထဲက စံပြနိုင်ငံတော်တွေကို ဖန်တီးပုံဖော်ခဲ့ကြပေမဲ့ လူသားတွေရဲ့ အတ္တ၊ မာနနဲ့ ကိုယ်ကျိုးစီးပွားအပေါ် အလေးထားနေသမျှ စံပြနိုင်ငံတော်ဆိုတာ ရှိလာမှာမဟုတ်ဘူးဆိုတာကို နားလည်သဘောပေါက်လာခဲ့ကြတယ်။”

“တကယ်တော့ဗျာ .. စံပြနိုင်ငံတော်ဆိုတာထက် လူသားတန်ဖိုးကို အလေးထားတတ်တဲ့၊ လူသားတွေ တန်းတူညီမျှရှိရေးကို အလေးထားတတ်တဲ့၊ လူသားတွေရဲ့ လွတ်လပ်ခွင့်ကို အလေးထားတတ်တဲ့၊ ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ထားတဲ့ မေတ္တာနိုင်ငံတော် ဖြစ်လာရေးကိုသာ လူသားအားလုံး အလေးထားဖော်ဆောင်သင့်တယ်လို့ ဆိုလိုက်ချင်ပါရဲ့ဗျာ။”

မြင့်နောင်မိုး
နိုဝင်ဘာ - ၁၉

( Zawgyi )

မၾကာခဏဆိုသလို လက္ေတြ႕ကမာၻေလာကထဲမွ လူအေတာ္ေတာ္မ်ားမ်ားက စိတ္ကူးယဥ္ကမာၻေလာကသို႔ သြားေရာက္လိုတတ္ၾကသည္။အထူးသျဖင့္ လက္ေတြ႕ကမာၻတြင္ ေတြ႕ျမင္ခံစားမိသမွ် စိတ္ပ်က္စရာ စိတ္မခ်မ္းေျမ့စရာ ရႈပ္ေထြးေပြလီလွေသာ ျဖစ္ရပ္မ်ားႏွင့္ ေတြ႕ႀကဳံလာရတိုင္း စိတ္ကူးယဥ္ကမာၻရွိရာ ေျပးထြက္သြားလိုစိတ္မ်ား တဖြားဖြားေပၚလာတတ္သည္။ထိုအေၾကာင္းကို မိတ္ေဆြျဖစ္သူ ကိုစိန္ေသာင္း က အေလးအနက္ေျပာလာျခင္းျဖစ္ရာ ကြၽန္ေတာ္က ကိုစိန္ေသာင္း ကို ေစ့ေစ့ၾကည့္ရင္း ……။

“ဒါနဲ႔ ဘာေတြမ်ားစိတ္ပ်က္စရာေတြေတြ႕လို႔ စိတ္ကူးယဥ္ကမာၻအေၾကာင္းေရာက္သြားရတာလဲ ကိုစိန္ေသာင္းရ”

“ဒီလိုပါပဲဗ်ာ။အခုတေလာ ျမင္ရၾကားရတာေတြက စိတ္ပ်က္စရာေကာင္းလြန္းလို႔ပါ။အမွန္က အမွားျဖစ္၊ အမွားက အမွန္ျဖစ္နဲ႔ … လွ်ာအ႐ိုးမရွိတိုင္း ေလွ်ာက္ၾကတာေတြၾကားရတာ မ်ားလြန္းလို႔ပါ။အထူးသျဖင့္ ႏိုင္ငံေရးနယ္ပယ္ကလူေတြ၊ အဖြဲ႕အစည္းအသင္းအပင္းက အႀကီးအကဲေတြကိုယ္တိုင္က ေ႐ြးေကာက္ပြဲမတိုင္ခင္ကာလေလာက္ကတည္းက ေျပာေနဆိုေနၾကတာေတြဟာ ၾကားရ ၾကားရ နားဝမသက္သာဆိုသလိုပါပဲ။ဒီလိုေျပာတာဆိုတာေတြၾကားရေတာ့ ကြၽန္ေတာ္ာတို႔ႏိုင္ငံ အနာဂတ္အတြက္ ရင္ေလးမိတာလည္း ပါတာေပါ့။”

“ဒါနဲ႔ပဲ နားေအးပါးေအး စိတ္ကူးယဥ္ကမာၻထဲ သြားေနခ်င္တယ္ဆိုပါေတာ့”။

အင္းေလ ကိုစိန္ေသာင္းေျပာတာ ဟုတ္ေတာ့လည္းဟုတ္ပါတယ္။ေ႐ြးေကာက္ပြဲကာလ မတိုင္ခင္ေလာက္ကတည္းက ေ႐ြးေကာက္ပြဲနဲ႔ပတ္သတ္တဲ့ စိတ္ရႈပ္စရာသတင္းေတြကို ေဖ့စ္ဘြတ္ထဲမွာလည္းေတြ႕ရ၊ ကမာၻ႔သတင္းစာမ်က္ႏွာေတြမွာလည္းေတြ႕ရနဲ႔၊ မွန္တာေတြေရာ၊ အမွားေတြေရာ၊ မဟုတ္မဟတ္ လုပ္ႀကံလီဆယ္ထားတာေတြေရာ၊ စိတ္ပ်က္စရာေကာင္းေနတာေတာ့ အမွန္ပါပဲ ကိုစိန္ေသာင္း။”

“ဒါေၾကာင့္ေျပာတာေပါ့ဗ်ာ။ဒီကမာၻေလာကမွာ အခုေတြ႕ေနျမင္ေနၾကားေနရတာေတြနဲ႔ လြတ္ကင္းၿပီး ေအးခ်မ္းစိတ္ၿငိမ္တဲ့ စံျပႏိုင္ငံသာတကယ္ရွိရင္ ကြၽန္ေတာ္ေတာ့ ခ်က္ခ်င္းေျပာင္းသြားဦးမိမလားပဲ။”

“အင္း ကိုစိန္ေသာင္း စိတ္ကူးထဲက စံျပႏိုင္ငံက ဘယ္လိုမ်ိဳးလည္းေတာ့မသိဘူး။ဒါေပမဲ့ ကြၽန္ေတာ္ဖတ္ဖူးတဲ့ စံျပႏိုင္ငံေတာ္ အေၾကာင္းကေတာ့ စိတ္ဝင္စားစရာေကာင္းတာေတာ့ အမွန္ပဲ။”

“ခင္ဗ်ားေျပာတဲ့ စံျပႏိုင္ငံက ဘယ္လိုမ်ိဳးလဲဗ်။”

“စိတ္ညစ္စရာမရွိတဲ့ ကမာၻမ်ိဳးတဲ့ဗ်။”

“အင္း … စိတ္ညစ္စရာမရွိတဲ့ ကမာၻေတာ့ ရွိႏိုင္မယ္မထင္ပါဘူးဗ်ာ။”

“ဒီလို ကိုစိန္ေသာင္း … ကြၽန္ေတာ္တို႔ ေလာကကမာၻကိုၾကည့္ရင္ ဟိုးသမိုင္းဦးအစကေန မ်က္ေမွာက္ေခတ္အထိ လူေတြအားလုံးဟာ အတၱ၊ မာန၊ ေဒါသ၊ ေမာဟ ဆိုတဲ့ ဝဲဩဃ သံသရာထဲမွာ နစ္မြန္းေနၾကၿပီး တစ္ေယာက္နဲ႔ တစ္ေယာက္၊ တစ္ဖြဲ႕နဲ႔ တစ္ဖြဲ႕၊ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ ဆန႔္က်င္ဘက္ေတြ အားၿပိဳင္ၿပီး ပဋိပကၡေတြ၊ စစ္ပြဲေတြဆိုတာ အၿမဲမျပတ္ျဖစ္ေပၚေနတာကို ေတြ႕ေနရတာမဟုတ္လား။အဲဒီပဋိပကၡနဲ႔ စစ္ပြဲေတြျဖစ္ပြားမႈ ဂယက္ေၾကာင့္ ေပၚေပါက္လာတဲ့ ႏိုင္ငံေရး၊ စီးပြားေရး၊ လူမႈေရး ဆိုးက်ိဳးသက္ေရာက္မႈေတြဆိုတာ ကြၽန္ေတာ္တို႔လူသားေတြအတြက္ မဆုံးႏိုင္ေအာင္ ေတြ႕ႀကဳံခံစားေနၾကရတာမဟုတ္လား။”

“အင္း … ဆိုပါဦး။”

“တကယ္ေတာ့ ကမာၻဦးအစက လူသားေတြရဲ႕ဘဝက ႐ိုးရွင္းတယ္။အဲဒီတုန္းက စားေရးနဲ႔ ေနေရးအတြက္ကလြဲၿပီး အျခားလိုအင္ေလာဘေတြ နည္းခဲ့ၾကတယ္။ဒါေပမဲ့ အ႐ိုင္းကေန အယဥ္ဘဝအထိ လူမႈဘဝအဆင့္ဆင့္ တိုးတက္လာတဲ့ေနာက္ပိုင္းမွာေတာ့ လူသားေတြဟာ အလိုေလာဘႀကီးလာခဲ့ၾကတယ္။အလိုေလာဘေၾကာင့္ လူ႔အဖြဲ႕အစည္းအၾကားမွာ ဆန႔္က်င္မႈေတြ၊ အတိုက္အခံျပဳမႈေတြ၊ ရန္လိုမႈေတြနဲ႔အတူ ပဋိပကၡေတြ ေပၚေပါက္လာတယ္။အဲဒီပဋိပကၡေတြေၾကာင့္ပဲ ဆင္းရဲဒုကၡေတြကို ေတြ႕ႀကဳံခံစားလာၾကရတယ္။ေနာက္ပိုင္းမွာ လူသားေတြ ေတြ႕ႀကဳံခံစားေနရတဲ့ ဆင္းရဲဒုကၡေတြမရွိတဲ့ ေလာကကမာၻတစ္ခုကို အေတြးအေခၚပညာရွင္ စာေရးဆရာေတြက စိတ္ကူးႀကံဆၿပီး ဖန္တီးေရးသားလာခဲ့ၾကတယ္။”

“ခင္ဗ်ားေျပာတာ … ပေလတိုရဲ႕ စံျပႏိုင္ငံေတာ္မ်ိဳးလား။”

“ပေလတိုရဲ႕ စံျပႏိုင္ငံေတာ္ၿပီးရင္ စာေရးဆရာအေတာ္မ်ားမ်ားက သူတို႔အေတြးထဲက စိတ္ကူးယဥ္ စံျပႏိုင္ငံေတာ္ေတြကို အမ်ိဳးမ်ိဳးပုံေဖာ္ေရးသားလာခဲ့ၾကတယ္။”

“ဘယ္စာေရးဆရာေတြက ဘယ္လိုစိတ္ကူးယဥ္ႏိုင္ငံေတြအေၾကာင္း ေရးခဲ့တာလဲ။”

“စိတ္ကူးယဥ္ စံျပႏိုင္ငံအေၾကာင္း အဂၤလိပ္စာေရးဆရာ ဆာေသာမတ္မိုး က ေရးခဲ့သလို အိတ္ခ်ဲဂ်ီဝဲလ္ရဲ႕ A Modern Utopia နဲ႔ Men Like Gods ၊ လြိဳက္စ္လိုရီရဲ႕ The Giver ၊ အယ္ပ္ဒတ္ပတ္စေလရဲ႕ Brave New World ဆိုတဲ့ စာအုပ္ေတြဟာ စိတ္ကူးယဥ္ စံျပႏိုင္ငံေတြအေၾကာင္းပါပဲ။”

“အဲဒီစာအုပ္ေတြအေၾကာင္း အျမည္းေလာက္ ေျပာျပေပးပါလား။”

“အဲဒီစာအုပ္ေတြထဲက အယ္လ္ဒတ္ဟတ္စေလရဲ႕ Brabe New World ကေတာ့ အထင္ရွားဆုံးလို႔ ဆိုရမယ္။ Brave New World ထဲက စာေရးဆရာ စိတ္ကူးယဥ္ထားတဲ့ ကမာၻက စစ္ပြဲမရွိ၊ ရာဇဝတ္မႈမရွိ၊ ၿပီးေတာ့ စိတ္ညစ္စရာမရွိတဲ့ ကမာၻလို႔ဆိုတယ္။”

“အယ္လ္ဒတ္ဟတ္စေလရဲ႕ စံျပႏိုင္ငံမွာ အစိုးရေတာ့ရွိတယ္ မဟုတ္ဘူးလား။”

“အင္းရွိတယ္။ဒါေပမဲ့ သူတို႔အစိုးရပုံစံက ကမာၻ႔အစိုးရပုံစံမ်ိဳးလို႔ ဆိုတယ္။အဲဒီႏိုင္ငံကလူေတြဟာ ပုံမွန္လူသားေတြလို ေမြးဖြားလာတာေတာ့ မဟုတ္ဘူး။ဓာတ္ခြဲခန္းကေန ဒီေန႔ေခတ္ ၾကက္သားေဖာက္လုပ္ငန္းလို ေမြးဖြားလာတဲ့ လူသားေတြတဲ့။သူတို႔မွာ အေဖ အေမ မရွိဘူး။သံေယာဇဥ္ဆိုတာမရွိဘူး၊ ကိုယ္ပိုင္အေတြးအေခၚမရွိဘူး။သူတို႔အားလုံးကို ကမာၻ႔အစိုးရက ထိန္းခ်ဳပ္ထားတယ္လို႔ ဆိုတယ္။”

“ဒါဆိုရင္ အဲဒီလူေတြမွာ ခံစားမႈဆိုတာေကာ မရွိဘူးလား။”

“အေသြးအသားရွိတဲ့အတြက္ ခံစားမႈေတာ့ရွိတယ္။ဒါေပမဲ့ သူတို႔ခံစားမႈက ေလ့က်င့္ေပးထားတဲ့ ခံစားမႈပုံစံမ်ိဳး။စားတယ္၊ အိပ္တယ္၊ ကာမဂုဏ္ အာ႐ုံခံစားတယ္ အစိုးရက သူတို႔ကို ဆိုမာလို႔ေခၚတဲ့ ေဆးကို ပုံမွန္ေကြၽးတယ္။ဆိုမာေဆးက လန္းဆန္းတက္ႂကြတယ္။ေတာင္ေတာင္အီအီေတြးေတြးၿပီး စိတ္ညစ္တာမရွိဘူး၊ စိတ္ပူပန္တာမရွိဘူး၊ အာခံတာတို႔ ေတာ္လွန္တာတို႔ဆိုတဲ့ ဆန႔္က်င္ဘက္စိတ္မ်ိဳးလည္း မရွိဘူးလို႔ဆိုတယ္။”

“ဒါဆိုရင္ သူတို႔က အထိန္းခ်ဳပ္ခံထားရတဲ့ စက္႐ုပ္ေတြနဲ႔ တူမေနဘူးလား။”

“ဟုတ္တယ္၊ ဒါေၾကာင့္လည္း အဲဒီႏိုင္ငံကို ပုံမွန္ေလာက ကမာၻက လူသားတစ္ဦးေရာက္လာရာကေန ကေမာက္ကမျဖစ္လာခဲ့တယ္။”

“ဘယ္လိုမ်ိဳးလဲ။”

“စာေရးဆရာက သူ႔ဇာတ္လမ္းထဲမွာ ပုံမွန္ေလာကကမာၻက ဂြၽန္ဆိုတဲ့ လူတစ္ဦးကို စိတ္ကူးယဥ္ႏိုင္ငံသစ္ရွိရာ ပို႔လိုက္တယ္၊ ေရာက္ကာစကေတာ့ စိတ္ကူးယဥ္ႏိုင္ငံသစ္ကို ဂြၽန္ က အေတာ္သေဘာက်တယ္။ဒါေပမဲ့ ေနာက္ပိုင္းမွာ ႏိုင္ငံသစ္ကလူေတြရဲ႕ ထိန္းခ်ဳပ္ခံထားရတဲ့ မူမမွန္တဲ့ဘဝေတြကို အလိုမက်ျဖစ္လာတယ္။ဆိုမာဆိုတဲ့ ေဘးကလူေတြကို ျခယ္လွယ္ေနတာကို သိလာတဲ့အတြက္ ဆိုမာေဆးကို ဂြၽန္ က ေဖ်ာက္ဖ်က္ပစ္ဖို႔ ႀကိဳးပမ္းရာကေန ႏိုင္ငံသစ္မွာ တည္ၿငိမ္မႈကင္းမဲ့လာတယ္။ဂြၽန္ရဲ႕ ရည္႐ြယ္ခ်က္က ႏိုင္ငံသစ္မွာရွိတဲ့ အႏိုင္အထက္ျပဳက်င့္ခံေနရတဲ့ လူေတြကို လြတ္ေျမာက္ေစခ်င္တဲ့အတြက္ျဖစ္တယ္။”

“ အင္း .. ခင္ဗ်ားေျပာတဲ့ အယ္လ္ဒတ္ဟတ္စေလရဲ႕ ႏိုင္ငံသစ္ဆိုတာ တကယ္တမ္းေတြးၾကည့္ရင္ ကြၽန္ေတာ္တို႔ မ်က္ေမွာက္ေခတ္ လူ႔အဖြဲ႕အစည္းမွာ ေတြ႕ေနရတာမ်ိဳးပဲလို႔ ထင္တယ္။”

“ဘာလဲ .. ကန႔္သတ္ထိန္းခ်ဳပ္မႈပုံစံကို ေျပာတာလား .. ကိုစိန္ေသာင္း။”

“ဟုတ္တယ္ေလ .. ႏိုင္ငံတည္ၿငိမ္ေရး၊ ဆင္းရဲဒုကၡကင္းေဝးေရး၊ ျပည္သူျပည္သားအားလုံး ခ်မ္းသာသုခရရွိေရးဆိုၿပီး ႏိုင္ငံေခါင္းေဆာင္အေတာ္မ်ားမ်ားက သူတို႔လိုသလို ကန႔္သတ္ထိန္းခ်ဳပ္လာခဲ့ၾကတာ လူသားသမိုင္းျဖစ္ရပ္ေတြထဲမွာ ေတြ႕ခဲ့ျမင္ခဲ့ၾကရတာပဲမဟုတ္လား။”

“အင္း မွန္ပါတယ္၊ အေတြးအေခၚပညာရွင္ေတြ၊ စာေရးဆရာေတြက လူသားတို႔အတြက္ ေကာင္းက်ိဳးခ်မ္းသာရွိေရးကို ရည္႐ြယ္ၿပီး သူတို႔စိတ္ကူးထဲက စံျပႏိုင္ငံေတာ္ေတြကို ဖန္တီးပုံေဖာ္ခဲ့ၾကေပမဲ့ လူသားေတြရဲ႕ အတၱ၊ မာနနဲ႔ ကိုယ္က်ိဳးစီးပြားအေပၚ အေလးထားေနသမွ် စံျပႏိုင္ငံေတာ္ဆိုတာ ရွိလာမွာမဟုတ္ဘူးဆိုတာကို နားလည္သေဘာေပါက္လာခဲ့ၾကတယ္။”

“တကယ္ေတာ့ဗ်ာ .. စံျပႏိုင္ငံေတာ္ဆိုတာထက္ လူသားတန္ဖိုးကို အေလးထားတတ္တဲ့၊ လူသားေတြ တန္းတူညီမွ်ရွိေရးကို အေလးထားတတ္တဲ့၊ လူသားေတြရဲ႕ လြတ္လပ္ခြင့္ကို အေလးထားတတ္တဲ့၊ ျဗဟၼစိုရ္တရားေလးပါးကို လက္ကိုင္ထားတဲ့ ေမတၱာႏိုင္ငံေတာ္ ျဖစ္လာေရးကိုသာ လူသားအားလုံး အေလးထားေဖာ္ေဆာင္သင့္တယ္လို႔ ဆိုလိုက္ခ်င္ပါရဲ႕ဗ်ာ။”

ျမင့္ေနာင္မိုး
ႏိုဝင္ဘာ - ၁၉