【 ဆောင်းပါး 】 “ဝေလေလေ တိုင်းပြည်မဖြစ်ဖို့ အရေးကြီးချိန်ရောက်နေပြီ”

【 ဆောင်းပါး 】 “ဝေလေလေ တိုင်းပြည်မဖြစ်ဖို့ အရေးကြီးချိန်ရောက်နေပြီ”

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ စုပေါင်းအားနဲ့ မဆလဆိုတဲ့ တစ်ပါတီအာဏာရှင်စနစ်ကိုလည်း ဖြိုလှဲနိုင်ခဲ့ပြီးပါပြီ။မဆလ တစ်ပါတီအာဏာရှင်စနစ်ထက်ဆိုးတဲ့ စစ်အာဏာရှင်စနစ်ရဲ့ မတရားဖိနှိပ်မှုကိုလည်း အံ့ကြိတ်ခံပြီး တွန်းလှန်နိုင်ခဲ့ပါပြီ။အဓိကအချက်တွေအနေနဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး တစ်ရပ်ကို ဆင်နွှဲမှုမှာ ပြည်သူတစ်ရပ်လုံး ညီညွတ်စွာပါဝင်ခဲ့တဲ့ လုပ်ဆောင်မှု၊ ၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဒီမိုကရေစီအရေးအတွက် ဦးဆောင်ပါတီဖြစ်တဲ့ အင်အယ်ဒီပါတီကို တစ်ညီထဲ မဲပေးထောက်ခံပြခဲ့တဲ့ လုပ်ဆောင်မှု။၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြည်သူ့အစိုးရတစ်ရပ် ပေါ်လာနိုင်အောင် မဲပေးခဲ့တဲ့ လုပ်ဆောင်မှုတွေဟာ နိုင်ငံအတွက် တာဝန်ကျေခဲ့သလို၊ ပယ်ဖျက်လို့မရနိုင်တော့တဲ့ သမိုင်းတွေပါပဲ။

ဒါပေမယ့်၊ ဒီသမိုင်းတွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေအနေနဲ့ နိုင်ငံရေးအသိတရား အလွန်မြင့်မားလို့ မဟုတ်ဘူးဆိုတာ တွေ့နိုင်ပါလိမ့်မယ်။၁၉၈၈ ခုနှစ်က မဆလ တစ်ပါတီစနစ်ကို ပြည်သူ့အရေးတော်ပုံကြီး ဆင်နွှဲတဲ့အထဲမှာ အားလုံးပါဝင်လာခဲ့ကြတာလည်း တိုင်းပြည်ဟာ တဖြေးဖြေးနဲ့ ဆင်းရဲကြပ်တည်းလာတဲ့ အခြေအနေတစ်ခုကြောင့် ပါဝင်လာကြတာပါ။
ရှစ်လေးလုံး အရေးတော်ပုံ စတဲ့အချိန်မှာ ပြည်သူတွေက “ဘဲဥတစ်လုံး တစ်ကျပ်ခွဲ စိန်လွင့်ခေါင်းကိုခွဲ၊ ဆန်တစ်ပြည် ဆယ့်နှစ်ကျပ် စိန်လွင့်ခေါင်းကိုဖြတ်” ဆိုပြီး လမ်းမပေါ်တက်လာကြတာပါ။အဲဒီအချိန်မှာ ဒီမိုကရေစီဆိုတာလည်း မသိသေးပါဘူး။လူ့အခွင့်အရေးဆိုတာလည်း ဘာမှန်းမသိသေးတဲ့ အချိန်ပါ။

စီးပွားရေးကြပ်တည်းတဲ့ ဒဏ်တွေကနေ လွတ်မြောက်ချင်လို့ မဆလပါတီကို သပိတ်မှောက်တဲ့ အနေအထားပဲရှိပါတယ်။ရှစ်လေးလုံး အရေးတော်ပုံကြီးကို ဦးဆောင်တဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုကြောင့် ဒီမိုကရေစီရရှိရေး ဒို့အရေး၊ မဆလတစ်ပါတီ ပြုတ်ကျရေး ဒို့အရေးဆိုတဲ့ ကြွေးကြော်သံတွေ ပေါ်ပေါက်လာခဲ့ပါတယ်။နောက် စစ်တပ်က တိုင်းပြည်အာဏာ သိမ်းယူလိုက်တော့ နိုင်ငံရေးပါတီတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ပြည်သူတွေအတွက် ဒီမိုကရေစီဦးဆောင်ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တတ်သိပညာရှင်ကြီးတွေ ဦးဆောင်တဲ့ အင်အယ်ဒီပါတီကြောင့် ပြည်သူတွေ ဒီမိုကရေစီ ဘာလဲဆိုတာ အပေါ်ယံလောက် သိခဲ့ရတာပါ။

တိုင်းပြည်ဟာ ကမ္ဘာမှာ အဆင်းရဲအနိမ့်ကျဆုံးအဆင့် ရောက်နေတာကိုလည်း ပြည်သူတွေ သိမြင်လာခဲ့ပါတယ်။နောက် စစ်အာဏာရှင် လက်အောက်မှာ ပြည်သူတွေဟာ လွတ်လပ်ခွင့်မရှိခဲ့ပါဘူး။လွတ်လပ်ခွင့် မရှိနိုင်အောင်လည်း စစ်အာဏာရှင်တွေက အဓမ္မဖိနှိပ်ထားခဲ့ပါတယ်။ပြည်သူတွေကို အမှောင်ခေတ်ထဲ ထိုးသွင်းခဲ့ပါတယ်။ပညာရေးစနစ်ကိုလည်း အဓမ္မဖျက်ဆီးပြီး ပုံစံသွင်းခဲ့ကြတယ်။ပြောရမယ်ဆိုရင် ပြည်သူတွေရဲ့ အသိအမြင် ပွင့်လင်းမှု အခွင့်အလမ်းတွေကို ပိတ်ဆို့ပြီး အားလုံးကိုဖျက်ဆီးခဲ့တာပါ။ပြည်သူတွေရဲ့ အသိတရားကို မတရားဖိနှိပ်ခဲ့တော့ အခုအချိန်မှာ ပြည်သူတွေဟာ အ သလို ဖြစ်နေပါပြီ။စာနယ်ဇင်းမီဒီယာတွေကို လွတ်လပ်ခွင့်ပေးခဲ့တာကြောင့်လည်း အခုအချိန်မှာ နည်းနည်းပါးပါး သိမြင်လာတယ်လို့ ဆိုရမှာပါ။

ဒါပေမယ့် တိုင်းပြည်ဟာ စီးပွားရေးကြပ်တည်းနေတော့ ပြည်သူတွေ အများစုကြီးဟာလည်း စားဝတ်နေရေးနဲ့ ရုန်းကန်နေရပါတယ်။သူတို့အတွက် အသိအမြင်ဖွံ့ဖြိုးအောင် လုပ်ဆောင်ပေးမယ့် စာပေဆိုတာကိုလည်း လျစ်လျူရှုထားရသလို ဖြစ်နေပါတယ်။ဒီမိုကရေစီစနစ်ဆိုတာနဲ့ လူ့အခွင့်အရေးမှာ ဘာတွေပါလဲဆိုတာကို ကြားဖူးပြောဆိုဖူးရုံလောက်ပဲ သိနေကြသလိုဖြစ်ပါတယ်။
၁၉၉၀ ခုနှစ် အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အင်အယ်ဒီပါတီ အနိုင်ရခဲ့တာလည်း ဒေါ်အောင်ဆန်းစုကြည် တစ်မျက်နှာထဲကြောင့်ပါလို့ ပြောရင်လည်း မငြင်းနိုင်ပါဘူး။၂၀၁၅ ခုနှစ်ဆိုရင် ပိုပြီးသိသာနိုင်ပါတယ်။အင်အယ်ဒီပါတီက လွှတ်တော်ကိုယ်စားလှယ်တွေကို မြို့နယ်အများစုက ပြည်သူတွေ မကြိုက်ခဲ့ကြပါဘူး။
ဒေါ်အောင်ဆန်းစုကြည် က လူထက် မူကိုပဲကြည့်ပါ။ပြောရမယ်ဆိုရင် အင်အယ်ဒီပါတီ အလံနဲ့ အမှတ်အသားကိုပဲကြည့်ပြီး မဲပေးကြပါလို့ ပြောလိုက်တဲ့အတွက် အနိုင်ရခဲ့တာပါ။

ပြည်သူတွေအနေနဲ့ ခေါင်းဆောင်စွဲ ယုံကြည်ခဲ့မှုကို ပြသခဲ့တာပါ။ဒါတောင် မြို့နယ်မဲဆန္ဒနယ် တော်တော်များများမှာ ပြည်ခိုင်ဖြိုးပါတီကို အပြတ်အသတ် အနိုင်မရခဲ့ပါဘူး။ပွတ်ကာသီခါလေးနဲ့ အနိုင်ရခဲ့တာပါ။ပြည်သူတွေ မျှော်လင့်ခဲ့တဲ့ ဒီမိုကရေစီခေတ်ကို စတင်နိုင်ပြီဆိုပေမယ့်၊ ပြည်သူအများစုကြီးဟာ ဒီမိုကရေစီစနစ်ဆိုတာနဲ့ လူ့အခွင့်အရေးဆိုတာ သေသေချာချာ နားမလည်ကြသေးပါဘူး။လမ်းစပေါ်ရောက်ရှိနေတဲ့ ဒီမိုကရေစီစနစ်ကို ဘယ်လိုရှင်သန်အောင် ဆောင်ရွက်မယ်။ဘယ်လိုဖွံ့ဖြိုးတိုးတက်လာအောင် လုပ်မယ်ဆိုတာတွေကို ပြည်သူတွေ မသိသေးပါဘူး။ဒီမိုကရေစီစနစ်မှာ ပြည်သူတွေ စည်းကမ်းတကျ ပြုမူနေထိုင်ရမယ့် အခြေခံအချက်တွေ သိနေဖို့ လိုအပ်ပါတယ်။အနိုင်ရပါတီအနေနဲ့လည်း ပြည်သူတွေ နားလည်သဘောပေါက်လာအောင် စည်းရုံးဟောပြောမှုတွေ မရှိသလောက် အားနည်းပါတယ်။

အခုအချိန်မှာ မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံးအချိန်ကို ရောက်နေပါပြီ။ပြည်သူတွေအတွက် အသိအမြင် အဆင့်အတန်းမြင့်လာအောင် ဆောင်ရွက်ရတော့မှာပါ။အရေးကြီးတာက ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါ။၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်ဒီ အနိုင်ရခဲ့တာမှန်ပေမယ့်၊ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အနိုင်ရ အင်အယ်ဒီခေါင်းဆောင်တွေဟာ ပြည်သူတွေရဲ့ အသိအမြင် အဆင့်အတန်း မြင့်လာအောင် ဆောင်ရွက်ပေးနိုင်ဖို့အတွက် တာဝန်အပြည့်ရှိပေမယ့်၊ ဒီတာဝန်ကျေအောင် စွမ်းဆောင်နိုင်မှုကလည်း သံသယဖြစ်စရာ ကောင်းနေပါသေးတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာကတည်းက ပြည်သူ့ကိုယ်စားလှယ်တွေကို ပြည်သူတွေက မလိုလား မကြိုက်နှစ်သက်တာတွေတာကို ပြခဲ့ပြီးဖြစ်ပါတယ်။ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြည်သူတွေကို မေတ္တာရပ်ခံခဲ့တဲ့ စကားတစ်ခွန်းကြောင့် မဲပေးခဲ့ကြတာပါ။ဒါကိုလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ပြန်စဉ်းစားသုံးသပ်နိုင်ဖို့ လိုအပ်နေပါပြီ။လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အနိုင်ရ ပါတီခေါင်းဆောင်တွေမှာ လိုအပ်နေတဲ့ အချက်တွေကို အရင်ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားနေရပါတော့မယ်။

ဒါမှလည်း ပြည်သူတွေရဲ့ အသိအမြင်မြင့်လာအောင် ဆောင်ရွက်နိုင်ပါလိမ့်မယ်။ဒီနေရာမှာ ကျွန်တော် မှတ်မိတာလေးကို ပြောချင်ပါတယ်။ကျွန်တော့ရဲ့ သူငယ်ချင်းတစ်ယောက် ဆိုပါတော့။နိုင်ငံရေးကို ဘာမှနားမလည်ပါဘူး။ဒါပေမယ့် နိုင်ငံရေးအခမ်းအနားတိုင်းကိုတက်ပြီး အရေးပါသူရဲ့ ဘေးနားမှာကပ်ပြီး ဓါတ်ပုံအရိုက်ခံတယ်။နောက် ၂၀၁၅ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ် ဖြစ်သွားတယ်။အခုအချိန်ထိ နိုင်ငံရေးအကြောင်းကို မလေ့လာလာပဲ ပွဲမှန်သမျှ တက်နေတာကို တွေ့မြင်နေရပါတယ်။ပွဲတက် နိုင်ငံရေးလုပ် ဟန်ဆောင်သူတစ်ယောက်ရဲ့ အဆင့်က မတက်နိုင်သေးပါဘူး။ဒီသူငယ်ချင်းလိုပဲ ပွဲတက် လွှတ်တော်ကိုယ်စားလှယ်တွေ အများကြီးရှိနေပါသေးတယ်။ပင်နီတိုက်ပုံဝတ်ပြီး ပွဲတက်နေမှ အနိုင်ရ အင်အယ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်လို့ သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။အဓိကအရေးကြီးတာက ပြည်သူတွေရဲ့ အသိအမြင် မြင့်မားလာအောင် ဆောင်ရွက်နိုင်ဖို့ စာပေကိုဖတ်ကြဖို့ လိုအပ်နေပါတယ်။သာမန်ပြည်သူတွေအနေနဲ့ စားဝတ်နေရေးအတွက် လုံးပန်းနေရတော့ စာမဖတ်နိုင်ကြပါဘူး။စာမဖတ်နိုင်တဲ့ ပြည်သူတွေကိုယ်စား ပါတီခေါင်းဆောင် လုပ်နေသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စာတွေဖတ်ပြီး ပြည်သူတွေကို ပြန်ပြောပြနိုင်ရပါလိမ့်မယ်။ဒါမှလည်း ပြည်သူတွေရဲ့ အသိအမြင် ကျယ်ပြန့်လာပြီး ယုံကြည်မှုတွေကို ရလာမှာပါ။

အခုပြောတာတွေထက် ပိုအရေးကြီးတာက စာပေရေးသားနေသူတွေ။စာရေးဆရာတွေ၊ စာပေဟောပြောနေသူတွေ၊ မီဒီယာတွေပါပဲ။စာပေကို တကယ့်အနှစ်သာရရှိအောင် ရေးနိုင်ကြပါတယ်။ဟောပြောသူ စာရေးဆရာတွေအနေနဲ့လည်း အနှစ်သာရရှိရှိ ဟောပြောနိုင်သူတွေ ရှိပါတယ်။ပရိသတ်အကြိုက်လိုက်ပြီး ဟောပြောနေတာတွေကိုတော့ ရှောင်သင့်နေပါပြီ။
ပရိတ်သတ်ရဲ့ လက်ခုပ်သံထက် ပြည်သူတွေ အသိအမြင်ရနိုင်အောင် ဟောပြောနိုင်မှ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ တစ်ခန်းတစ်ကဏ္ဍ ပါဝင်လာနိုင်မှာပါ။စာရေးဟန်ဆောင်ပြီး ဟန်ပြပွဲတက်သူတွေ မဖြစ်ကြဖို့ လိုပါတယ်။

တစ်နိုင်ငံလုံးမှာ ကျင်းပနေကြတဲ့ စာပေပွဲတော်တွေကိုလည်း ဟန်ပြစာပေပွဲတော်မျိုး မဖြစ်စေချင်ပါ။ပြည်သူတွေ အမှန်တကယ် စိတ်ပါဝင်စားတဲ့ အနှစ်သာရအပြည့်ရှိတဲ့ စာပေပွဲတော်တွေ ဖြစ်ဖို့လိုပါတယ်။စာရေးဆရာတစ်ယောက် ဟောပြောတဲ့အထဲမှာ "တိုင်းပြည် မတိုးတက်တာ၊ မချမ်းသာတာက အစိုးရကြောင့်ပါ" လို့ လွန်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရ တက်နေတဲ့အချိန်မှာ ပြောခဲ့ပေမယ့်၊ အခု "တိုင်းပြည် မတိုးတက်တာ၊ မချမ်းသာတာက ပြည်သူတွေကြောင့်ပါ” ဆိုပြီးပြင် ပြောနေတာကိုကြည့်ရင် စာပေဟောပြောပွဲနဲ့ လုပ်စားနေတာကို သိနိုင်ပါတယ်။

အခုဆိုရင် ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပခဲ့တာ လေးနှစ်ပြည့်ပါတော့မယ်။ပြည်သူတွေအတွက် တာဝန်အကြိမ်ကြိမ် ကျေခဲ့ပြီးပါပြီ။ဒါပေမယ့် ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ပြန်လည်တည်ဆောက်နိုင်ဖို့အတွက်လည်း ပြည်သူတွေရဲ့ အကူအညီတွေ လိုအပ်နေဦးမှာပါ။ဒီလိုအပ်နေတဲ့ ပြည်သူတွေရဲ့ အကူအညီကလည်း အသိအမြင်တွေ ဒီထက်ပိုရှိဖို့ လိုအပ်နေပါတယ်။ဒီပြည်သူတွေရဲ့ အသိအမြင်တွေ ပိုရှိလာနိုင်အောင်လည်း အားလုံးမှာ တာဝန်ရှိနေပါတယ်။

ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ပဲ ကိုယ်လုပ်ဆောင်တဲ့ အလုပ်အပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ကျေပွန်ရပါတော့မယ်။ဟန်ပြနိုင်ငံရေးလုပ်ပြသူတွေ၊ စာရေးသူဟန်ဆောင်ပြီး ပွဲတက်လူလုံးပြနေသူတွေ အဖြစ်ကနေ ရှောင်သင့်နေပါပြီ။ဝေလေလေတွေ မဖြစ်သင့်တော့ပါဘူး။

ရွေးကောက်ပွဲပြီးလို့ လေးနှစ်နီးကာလအချိန်ကို ရောက်ခဲ့ပေမယ့် တိုးတက်မှုအရွေ့ကို ဘယ်နေရာမှာမှ မမြင်နိုင်သေးတာကလည်း အစိုးရတာဝန်ရှိနေသူတွေ၊ အနိုင်ရပါတီ ခေါင်းဆောင်တွေ ဆောင်ရွက်နိုင်စွမ်း နိမ့်ကျနေတာကိုလည်း တွေ့မြင်ရပါတယ်။ပြည်သူတွေရဲ့ အသိအမြင်တွေ ပိုမြင့်လာနိုင်အောင် ဆောင်ရွက်နိုင်မှု အားနည်းနေတာကိုလည်း ထောက်ပြရပါလိမ့်မယ်။

ကျွန်တော်တို့ နိုင်ငံမှာ ပြည်သူပြည်သားတိုင်း အနည်းဆုံး ဒီမိုကရေစီ ဘာလဲဆိုတာနဲ့ လူ့အခွင့်အရေးဟာ ဘာလဲဆိုတာလောက်ကို သိမြင်နေဖို့ လိုအပ်နေပါပြီ။ဒီလိုသိမြင်ထားနိုင်မှ တိုင်းပြည်ပြန်လည်တည်ဆောက်ရေးမှာ ပြည်သူတွေပါဝင်လာဖို့ နားလည်သိမြင်လာပါလိမ့်မယ်။ပြည်သူနဲ့အတူ၊ စုပေါင်းအင်အားဆိုတာ စကားအဖြစ်ပဲ ရှိနေပါတယ်။လက်တွေ့ အလုပ်သဘော ပါဝင်လာနိုင်အောင် ကြိုးစားဆောင်ရွက်စေချင်ပါတယ်။ဒီလို ဝေလေလေ အသံပေးပြီး ရှေ့ဆက်သွားနေဦးမယ်ဆိုရင် ဝေလေလေ တိုင်းပြည်ကြီးပဲ ဖြစ်နေပါလိမ့်မယ်။

မြတ်လှိုင်း
ဇွန် - ၁၉

( Zawgyi )

ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ျပည္သူေတြရဲ႕ စုေပါင္းအားနဲ႔ မဆလဆိုတဲ့ တစ္ပါတီအာဏာရွင္စနစ္ကိုလည္း ၿဖိဳလွဲႏိုင္ခဲ့ၿပီးပါၿပီ။မဆလ တစ္ပါတီအာဏာရွင္စနစ္ထက္ဆိုးတဲ့ စစ္အာဏာရွင္စနစ္ရဲ႕ မတရားဖိႏွိပ္မႈကိုလည္း အံ့ႀကိတ္ခံၿပီး တြန္းလွန္ႏိုင္ခဲ့ပါၿပီ။အဓိကအခ်က္ေတြအေနနဲ႔ ရွစ္ေလးလုံး လူထုအေရးေတာ္ပုံႀကီး တစ္ရပ္ကို ဆင္ႏႊဲမႈမွာ ျပည္သူတစ္ရပ္လုံး ညီၫြတ္စြာပါဝင္ခဲ့တဲ့ လုပ္ေဆာင္မႈ၊ ၁၉၉၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ဒီမိုကေရစီအေရးအတြက္ ဦးေဆာင္ပါတီျဖစ္တဲ့ အင္အယ္ဒီပါတီကို တစ္ညီထဲ မဲေပးေထာက္ခံျပခဲ့တဲ့ လုပ္ေဆာင္မႈ။၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာလည္း ျပည္သူ႔အစိုးရတစ္ရပ္ ေပၚလာႏိုင္ေအာင္ မဲေပးခဲ့တဲ့ လုပ္ေဆာင္မႈေတြဟာ ႏိုင္ငံအတြက္ တာဝန္ေက်ခဲ့သလို၊ ပယ္ဖ်က္လို႔မရႏိုင္ေတာ့တဲ့ သမိုင္းေတြပါပဲ။

ဒါေပမယ့္၊ ဒီသမိုင္းေတြကို ျပန္ၾကည့္မယ္ဆိုရင္ ျပည္သူေတြအေနနဲ႔ ႏိုင္ငံေရးအသိတရား အလြန္ျမင့္မားလို႔ မဟုတ္ဘူးဆိုတာ ေတြ႕ႏိုင္ပါလိမ့္မယ္။၁၉၈၈ ခုႏွစ္က မဆလ တစ္ပါတီစနစ္ကို ျပည္သူ႔အေရးေတာ္ပုံႀကီး ဆင္ႏႊဲတဲ့အထဲမွာ အားလုံးပါဝင္လာခဲ့ၾကတာလည္း တိုင္းျပည္ဟာ တေျဖးေျဖးနဲ႔ ဆင္းရဲၾကပ္တည္းလာတဲ့ အေျခအေနတစ္ခုေၾကာင့္ ပါဝင္လာၾကတာပါ။
ရွစ္ေလးလုံး အေရးေတာ္ပုံ စတဲ့အခ်ိန္မွာ ျပည္သူေတြက “ဘဲဥတစ္လုံး တစ္က်ပ္ခြဲ စိန္လြင့္ေခါင္းကိုခြဲ၊ ဆန္တစ္ျပည္ ဆယ့္ႏွစ္က်ပ္ စိန္လြင့္ေခါင္းကိုျဖတ္” ဆိုၿပီး လမ္းမေပၚတက္လာၾကတာပါ။အဲဒီအခ်ိန္မွာ ဒီမိုကေရစီဆိုတာလည္း မသိေသးပါဘူး။လူ႔အခြင့္အေရးဆိုတာလည္း ဘာမွန္းမသိေသးတဲ့ အခ်ိန္ပါ။

စီးပြားေရးၾကပ္တည္းတဲ့ ဒဏ္ေတြကေန လြတ္ေျမာက္ခ်င္လို႔ မဆလပါတီကို သပိတ္ေမွာက္တဲ့ အေနအထားပဲရွိပါတယ္။ရွစ္ေလးလုံး အေရးေတာ္ပုံႀကီးကို ဦးေဆာင္တဲ့ ေက်ာင္းသားေခါင္းေဆာင္ေတြရဲ႕ လမ္းၫႊန္မႈေၾကာင့္ ဒီမိုကေရစီရရွိေရး ဒို႔အေရး၊ မဆလတစ္ပါတီ ျပဳတ္က်ေရး ဒို႔အေရးဆိုတဲ့ ေႂကြးေၾကာ္သံေတြ ေပၚေပါက္လာခဲ့ပါတယ္။ေနာက္ စစ္တပ္က တိုင္းျပည္အာဏာ သိမ္းယူလိုက္ေတာ့ ႏိုင္ငံေရးပါတီေတြ ေပၚေပါက္လာခဲ့ပါတယ္။ျပည္သူေတြအတြက္ ဒီမိုကေရစီဦးေဆာင္ပါတီအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္ နဲ႔ တတ္သိပညာရွင္ႀကီးေတြ ဦးေဆာင္တဲ့ အင္အယ္ဒီပါတီေၾကာင့္ ျပည္သူေတြ ဒီမိုကေရစီ ဘာလဲဆိုတာ အေပၚယံေလာက္ သိခဲ့ရတာပါ။

တိုင္းျပည္ဟာ ကမာၻမွာ အဆင္းရဲအနိမ့္က်ဆုံးအဆင့္ ေရာက္ေနတာကိုလည္း ျပည္သူေတြ သိျမင္လာခဲ့ပါတယ္။ေနာက္ စစ္အာဏာရွင္ လက္ေအာက္မွာ ျပည္သူေတြဟာ လြတ္လပ္ခြင့္မရွိခဲ့ပါဘူး။လြတ္လပ္ခြင့္ မရွိႏိုင္ေအာင္လည္း စစ္အာဏာရွင္ေတြက အဓမၼဖိႏွိပ္ထားခဲ့ပါတယ္။ျပည္သူေတြကို အေမွာင္ေခတ္ထဲ ထိုးသြင္းခဲ့ပါတယ္။ပညာေရးစနစ္ကိုလည္း အဓမၼဖ်က္ဆီးၿပီး ပုံစံသြင္းခဲ့ၾကတယ္။ေျပာရမယ္ဆိုရင္ ျပည္သူေတြရဲ႕ အသိအျမင္ ပြင့္လင္းမႈ အခြင့္အလမ္းေတြကို ပိတ္ဆို႔ၿပီး အားလုံးကိုဖ်က္ဆီးခဲ့တာပါ။ျပည္သူေတြရဲ႕ အသိတရားကို မတရားဖိႏွိပ္ခဲ့ေတာ့ အခုအခ်ိန္မွာ ျပည္သူေတြဟာ အ သလို ျဖစ္ေနပါၿပီ။စာနယ္ဇင္းမီဒီယာေတြကို လြတ္လပ္ခြင့္ေပးခဲ့တာေၾကာင့္လည္း အခုအခ်ိန္မွာ နည္းနည္းပါးပါး သိျမင္လာတယ္လို႔ ဆိုရမွာပါ။

ဒါေပမယ့္ တိုင္းျပည္ဟာ စီးပြားေရးၾကပ္တည္းေနေတာ့ ျပည္သူေတြ အမ်ားစုႀကီးဟာလည္း စားဝတ္ေနေရးနဲ႔ ႐ုန္းကန္ေနရပါတယ္။သူတို႔အတြက္ အသိအျမင္ဖြံ႕ၿဖိဳးေအာင္ လုပ္ေဆာင္ေပးမယ့္ စာေပဆိုတာကိုလည္း လ်စ္လ်ဴရႈထားရသလို ျဖစ္ေနပါတယ္။ဒီမိုကေရစီစနစ္ဆိုတာနဲ႔ လူ႔အခြင့္အေရးမွာ ဘာေတြပါလဲဆိုတာကို ၾကားဖူးေျပာဆိုဖူး႐ုံေလာက္ပဲ သိေနၾကသလိုျဖစ္ပါတယ္။
၁၉၉၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အင္အယ္ဒီပါတီ အႏိုင္ရခဲ့တာလည္း ေဒၚေအာင္ဆန္းစုၾကည္ တစ္မ်က္ႏွာထဲေၾကာင့္ပါလို႔ ေျပာရင္လည္း မျငင္းႏိုင္ပါဘူး။၂၀၁၅ ခုႏွစ္ဆိုရင္ ပိုၿပီးသိသာႏိုင္ပါတယ္။အင္အယ္ဒီပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ၿမိဳ႕နယ္အမ်ားစုက ျပည္သူေတြ မႀကိဳက္ခဲ့ၾကပါဘူး။
ေဒၚေအာင္ဆန္းစုၾကည္ က လူထက္ မူကိုပဲၾကည့္ပါ။ေျပာရမယ္ဆိုရင္ အင္အယ္ဒီပါတီ အလံနဲ႔ အမွတ္အသားကိုပဲၾကည့္ၿပီး မဲေပးၾကပါလို႔ ေျပာလိုက္တဲ့အတြက္ အႏိုင္ရခဲ့တာပါ။

ျပည္သူေတြအေနနဲ႔ ေခါင္းေဆာင္စြဲ ယုံၾကည္ခဲ့မႈကို ျပသခဲ့တာပါ။ဒါေတာင္ ၿမိဳ႕နယ္မဲဆႏၵနယ္ ေတာ္ေတာ္မ်ားမ်ားမွာ ျပည္ခိုင္ၿဖိဳးပါတီကို အျပတ္အသတ္ အႏိုင္မရခဲ့ပါဘူး။ပြတ္ကာသီခါေလးနဲ႔ အႏိုင္ရခဲ့တာပါ။ျပည္သူေတြ ေမွ်ာ္လင့္ခဲ့တဲ့ ဒီမိုကေရစီေခတ္ကို စတင္ႏိုင္ၿပီဆိုေပမယ့္၊ ျပည္သူအမ်ားစုႀကီးဟာ ဒီမိုကေရစီစနစ္ဆိုတာနဲ႔ လူ႔အခြင့္အေရးဆိုတာ ေသေသခ်ာခ်ာ နားမလည္ၾကေသးပါဘူး။လမ္းစေပၚေရာက္ရွိေနတဲ့ ဒီမိုကေရစီစနစ္ကို ဘယ္လိုရွင္သန္ေအာင္ ေဆာင္႐ြက္မယ္။ဘယ္လိုဖြံ႕ၿဖိဳးတိုးတက္လာေအာင္ လုပ္မယ္ဆိုတာေတြကို ျပည္သူေတြ မသိေသးပါဘူး။ဒီမိုကေရစီစနစ္မွာ ျပည္သူေတြ စည္းကမ္းတက် ျပဳမူေနထိုင္ရမယ့္ အေျခခံအခ်က္ေတြ သိေနဖို႔ လိုအပ္ပါတယ္။အႏိုင္ရပါတီအေနနဲ႔လည္း ျပည္သူေတြ နားလည္သေဘာေပါက္လာေအာင္ စည္း႐ုံးေဟာေျပာမႈေတြ မရွိသေလာက္ အားနည္းပါတယ္။

အခုအခ်ိန္မွာ ျမန္မာႏိုင္ငံအတြက္ အေရးအႀကီးဆုံးအခ်ိန္ကို ေရာက္ေနပါၿပီ။ျပည္သူေတြအတြက္ အသိအျမင္ အဆင့္အတန္းျမင့္လာေအာင္ ေဆာင္႐ြက္ရေတာ့မွာပါ။အေရးႀကီးတာက ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့ၾကတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါ။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အင္အယ္ဒီ အႏိုင္ရခဲ့တာမွန္ေပမယ့္၊ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အႏိုင္ရ အင္အယ္ဒီေခါင္းေဆာင္ေတြဟာ ျပည္သူေတြရဲ႕ အသိအျမင္ အဆင့္အတန္း ျမင့္လာေအာင္ ေဆာင္႐ြက္ေပးႏိုင္ဖို႔အတြက္ တာဝန္အျပည့္ရွိေပမယ့္၊ ဒီတာဝန္ေက်ေအာင္ စြမ္းေဆာင္ႏိုင္မႈကလည္း သံသယျဖစ္စရာ ေကာင္းေနပါေသးတယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမွာကတည္းက ျပည္သူ႔ကိုယ္စားလွယ္ေတြကို ျပည္သူေတြက မလိုလား မႀကိဳက္ႏွစ္သက္တာေတြတာကို ျပခဲ့ၿပီးျဖစ္ပါတယ္။ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ျပည္သူေတြကို ေမတၱာရပ္ခံခဲ့တဲ့ စကားတစ္ခြန္းေၾကာင့္ မဲေပးခဲ့ၾကတာပါ။ဒါကိုလည္း ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ အႏိုင္ရ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ ျပန္စဥ္းစားသုံးသပ္ႏိုင္ဖို႔ လိုအပ္ေနပါၿပီ။လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ အႏိုင္ရ ပါတီေခါင္းေဆာင္ေတြမွာ လိုအပ္ေနတဲ့ အခ်က္ေတြကို အရင္ျဖည့္ဆည္းႏိုင္ဖို႔ ႀကိဳးစားေနရပါေတာ့မယ္။

ဒါမွလည္း ျပည္သူေတြရဲ႕ အသိအျမင္ျမင့္လာေအာင္ ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။ဒီေနရာမွာ ကြၽန္ေတာ္ မွတ္မိတာေလးကို ေျပာခ်င္ပါတယ္။ကြၽန္ေတာ့ရဲ႕ သူငယ္ခ်င္းတစ္ေယာက္ ဆိုပါေတာ့။ႏိုင္ငံေရးကို ဘာမွနားမလည္ပါဘူး။ဒါေပမယ့္ ႏိုင္ငံေရးအခမ္းအနားတိုင္းကိုတက္ၿပီး အေရးပါသူရဲ႕ ေဘးနားမွာကပ္ၿပီး ဓါတ္ပုံအ႐ိုက္ခံတယ္။ေနာက္ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ျဖစ္သြားတယ္။အခုအခ်ိန္ထိ ႏိုင္ငံေရးအေၾကာင္းကို မေလ့လာလာပဲ ပြဲမွန္သမွ် တက္ေနတာကို ေတြ႕ျမင္ေနရပါတယ္။ပြဲတက္ ႏိုင္ငံေရးလုပ္ ဟန္ေဆာင္သူတစ္ေယာက္ရဲ႕ အဆင့္က မတက္ႏိုင္ေသးပါဘူး။ဒီသူငယ္ခ်င္းလိုပဲ ပြဲတက္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အမ်ားႀကီးရွိေနပါေသးတယ္။ပင္နီတိုက္ပုံဝတ္ၿပီး ပြဲတက္ေနမွ အႏိုင္ရ အင္အယ္ဒီပါတီ လႊတ္ေတာ္ကိုယ္စားလွယ္လို႔ သတ္မွတ္ခံရမွာ မဟုတ္ပါဘူး။အဓိကအေရးႀကီးတာက ျပည္သူေတြရဲ႕ အသိအျမင္ ျမင့္မားလာေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ စာေပကိုဖတ္ၾကဖို႔ လိုအပ္ေနပါတယ္။သာမန္ျပည္သူေတြအေနနဲ႔ စားဝတ္ေနေရးအတြက္ လုံးပန္းေနရေတာ့ စာမဖတ္ႏိုင္ၾကပါဘူး။စာမဖတ္ႏိုင္တဲ့ ျပည္သူေတြကိုယ္စား ပါတီေခါင္းေဆာင္ လုပ္ေနသူေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ စာေတြဖတ္ၿပီး ျပည္သူေတြကို ျပန္ေျပာျပႏိုင္ရပါလိမ့္မယ္။ဒါမွလည္း ျပည္သူေတြရဲ႕ အသိအျမင္ က်ယ္ျပန႔္လာၿပီး ယုံၾကည္မႈေတြကို ရလာမွာပါ။

အခုေျပာတာေတြထက္ ပိုအေရးႀကီးတာက စာေပေရးသားေနသူေတြ။စာေရးဆရာေတြ၊ စာေပေဟာေျပာေနသူေတြ၊ မီဒီယာေတြပါပဲ။စာေပကို တကယ့္အႏွစ္သာရရွိေအာင္ ေရးႏိုင္ၾကပါတယ္။ေဟာေျပာသူ စာေရးဆရာေတြအေနနဲ႔လည္း အႏွစ္သာရရွိရွိ ေဟာေျပာႏိုင္သူေတြ ရွိပါတယ္။ပရိသတ္အႀကိဳက္လိုက္ၿပီး ေဟာေျပာေနတာေတြကိုေတာ့ ေရွာင္သင့္ေနပါၿပီ။
ပရိတ္သတ္ရဲ႕ လက္ခုပ္သံထက္ ျပည္သူေတြ အသိအျမင္ရႏိုင္ေအာင္ ေဟာေျပာႏိုင္မွ ျပည္သူေတြအေနနဲ႔ ဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးမွာ တစ္ခန္းတစ္က႑ ပါဝင္လာႏိုင္မွာပါ။စာေရးဟန္ေဆာင္ၿပီး ဟန္ျပပြဲတက္သူေတြ မျဖစ္ၾကဖို႔ လိုပါတယ္။

တစ္ႏိုင္ငံလုံးမွာ က်င္းပေနၾကတဲ့ စာေပပြဲေတာ္ေတြကိုလည္း ဟန္ျပစာေပပြဲေတာ္မ်ိဳး မျဖစ္ေစခ်င္ပါ။ျပည္သူေတြ အမွန္တကယ္ စိတ္ပါဝင္စားတဲ့ အႏွစ္သာရအျပည့္ရွိတဲ့ စာေပပြဲေတာ္ေတြ ျဖစ္ဖို႔လိုပါတယ္။စာေရးဆရာတစ္ေယာက္ ေဟာေျပာတဲ့အထဲမွာ "တိုင္းျပည္ မတိုးတက္တာ၊ မခ်မ္းသာတာက အစိုးရေၾကာင့္ပါ" လို႔ လြန္ခဲ့တဲ့ ဦးသိန္းစိန္အစိုးရ တက္ေနတဲ့အခ်ိန္မွာ ေျပာခဲ့ေပမယ့္၊ အခု "တိုင္းျပည္ မတိုးတက္တာ၊ မခ်မ္းသာတာက ျပည္သူေတြေၾကာင့္ပါ” ဆိုၿပီးျပင္ ေျပာေနတာကိုၾကည့္ရင္ စာေပေဟာေျပာပြဲနဲ႔ လုပ္စားေနတာကို သိႏိုင္ပါတယ္။

အခုဆိုရင္ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲ က်င္းပခဲ့တာ ေလးႏွစ္ျပည့္ပါေတာ့မယ္။ျပည္သူေတြအတြက္ တာဝန္အႀကိမ္ႀကိမ္ ေက်ခဲ့ၿပီးပါၿပီ။ဒါေပမယ့္ ဒီမိုကေရစီစနစ္နဲ႔ တိုင္းျပည္ျပန္လည္တည္ေဆာက္ႏိုင္ဖို႔အတြက္လည္း ျပည္သူေတြရဲ႕ အကူအညီေတြ လိုအပ္ေနဦးမွာပါ။ဒီလိုအပ္ေနတဲ့ ျပည္သူေတြရဲ႕ အကူအညီကလည္း အသိအျမင္ေတြ ဒီထက္ပိုရွိဖို႔ လိုအပ္ေနပါတယ္။ဒီျပည္သူေတြရဲ႕ အသိအျမင္ေတြ ပိုရွိလာႏိုင္ေအာင္လည္း အားလုံးမွာ တာဝန္ရွိေနပါတယ္။

ေခါင္းေဆာင္ဆိုတာ ေခါင္းမေရွာင္ပဲ ကိုယ္လုပ္ေဆာင္တဲ့ အလုပ္အေပၚမွာ တာဝန္ယူမႈ၊ တာဝန္ခံမႈေတြနဲ႔ ေက်ပြန္ရပါေတာ့မယ္။ဟန္ျပႏိုင္ငံေရးလုပ္ျပသူေတြ၊ စာေရးသူဟန္ေဆာင္ၿပီး ပြဲတက္လူလုံးျပေနသူေတြ အျဖစ္ကေန ေရွာင္သင့္ေနပါၿပီ။ေဝေလေလေတြ မျဖစ္သင့္ေတာ့ပါဘူး။

ေ႐ြးေကာက္ပြဲၿပီးလို႔ ေလးႏွစ္နီးကာလအခ်ိန္ကို ေရာက္ခဲ့ေပမယ့္ တိုးတက္မႈအေ႐ြ႕ကို ဘယ္ေနရာမွာမွ မျမင္ႏိုင္ေသးတာကလည္း အစိုးရတာဝန္ရွိေနသူေတြ၊ အႏိုင္ရပါတီ ေခါင္းေဆာင္ေတြ ေဆာင္႐ြက္ႏိုင္စြမ္း နိမ့္က်ေနတာကိုလည္း ေတြ႕ျမင္ရပါတယ္။ျပည္သူေတြရဲ႕ အသိအျမင္ေတြ ပိုျမင့္လာႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္မႈ အားနည္းေနတာကိုလည္း ေထာက္ျပရပါလိမ့္မယ္။

ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ျပည္သူျပည္သားတိုင္း အနည္းဆုံး ဒီမိုကေရစီ ဘာလဲဆိုတာနဲ႔ လူ႔အခြင့္အေရးဟာ ဘာလဲဆိုတာေလာက္ကို သိျမင္ေနဖို႔ လိုအပ္ေနပါၿပီ။ဒီလိုသိျမင္ထားႏိုင္မွ တိုင္းျပည္ျပန္လည္တည္ေဆာက္ေရးမွာ ျပည္သူေတြပါဝင္လာဖို႔ နားလည္သိျမင္လာပါလိမ့္မယ္။ျပည္သူနဲ႔အတူ၊ စုေပါင္းအင္အားဆိုတာ စကားအျဖစ္ပဲ ရွိေနပါတယ္။လက္ေတြ႕ အလုပ္သေဘာ ပါဝင္လာႏိုင္ေအာင္ ႀကိဳးစားေဆာင္႐ြက္ေစခ်င္ပါတယ္။ဒီလို ေဝေလေလ အသံေပးၿပီး ေရွ႕ဆက္သြားေနဦးမယ္ဆိုရင္ ေဝေလေလ တိုင္းျပည္ႀကီးပဲ ျဖစ္ေနပါလိမ့္မယ္။

ျမတ္လႈိင္း
ဇြန္ - ၁၉