【 ဆောင်းပါး 】 “သမ္မတဘိုင်ဒင် လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေး အလားအလာ”

【 ဆောင်းပါး 】 “သမ္မတဘိုင်ဒင် လက်ထက် အမေရိကန်-မြန်မာ ဆက်ဆံရေး အလားအလာ”

၂၀၂၀ ပြည့်နှစ် အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲကနေ အပြောင်းအလဲအဖြစ် ဒီမိုကရက်က ဂျိုးဘိုင်ဒင် က အမေရိကန်ပြည်ထောင်စုရဲ့ ၄၆ ဦးမြောက်သမ္မတ ဖြစ်လာခဲ့ပြီးဖြစ်ပါတယ်။ဒါဟာ သမ္မတအိုဘားမား လက်ထက် နောက်ပိုင်း ဒီမိုကရက်တို့က ရီပတ်ဘလီကန်တို့ထံကနေ အာဏာလွှဲပြောင်းရယူနိုင်ခဲ့တာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်က ဂျိုးဘိုင်ဒင် သမ္မတဖြစ်လာတဲ့အတွက် အမေရိကန်ပြည် ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်ပေါ်လာမလဲဆိုတဲ့ တွေးဆချက်တွေ ထွက်ပေါ်လာခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင် ဒီမိုကရက်ပါတီက သမ္မတဘားရတ်အိုဘားမား လက်ထက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ အလားအလာကောင်းတွေ ထွက်ပေါ်လာခဲ့တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲဒီအချိန်တုန်းက အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေး အပေါင်းလက္ခဏာဆောင်မှုအဖြစ် သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့အထိဖြစ်ပါတယ်။

တကယ်တော့ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ စစ်အစိုးရက မူဝါဒအပြောင်းအလဲအဖြစ် ဒီမိုကရေစီဖြစ်ထွန်းရေးကို ရှေ့ရှုစေခဲ့တဲ့ အပြောင်းအလဲတစ်ရပ်ကို ဖော်ဆောင်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။စစ်အစိုးရရဲ့ လမ်းဖွင့်ပေးမှုနဲ့အတူ ၂၀၁၁ ခုနှစ်မှာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရက မြန်မာနိုင်ငံမှာအသွင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာခဲ့ပါတယ်။ဆိုရရင် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံနေရတဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအကျဉ်းသား အတော်များများကို ထိန်းသိမ်းထားမှုကနေလွှတ်ပေးခဲ့ပြီး နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက်ပြတဲ့အထိ လမ်းပွင့်ပေးလာခဲ့တာဖြစ်တယ်။ဒါဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် အလေးထားတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒနဲ့ လိုက်လျောညီထွေမှုရှိတဲ့အတွက် အဲဒီအချိန်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုတွေကို အမေရိကန်ပြည်ထောင်စုက ရုပ်သိမ်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်တင်မြှောက်ခံ သမ္မတဒေါ်နယ်ထရမ့် အစိုးရလက်ထက်မှာ မြန်မာနိုင်ငံအပေါ် အလေးထားဆက်ဆံမှုမျိုး ဖော်ဆောင်ခဲ့ခြင်းမရှိပါဘူး။အထူးသဖြင့် သမ္မတထရမ့်ဟာ သမ္မတအိုဘားမား လက်ထက်က အာရှဗဟိုပြု မဟာဗျူဟာအစီအစဉ်ကို လျစ်လျူရှုခဲ့တဲ့အချက်ကလည်း အကြောင်းတစ်ချက်ဖြစ်ပါတယ်။ဒါ့အပြင် အဲဒီအချိန်က မြန်မာနိုင်ငံမှာပေါ်ပေါက်လာတဲ့ ရခိုင်အကျပ်အတည်းပြဿနာကနေ လူ့အခွင့်အရေးချိုးဖောက်မှုရှိတယ်ဆိုတဲ့ စွပ်စွဲပြစ်တင်မှုတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးက ပိုမိုအဆက်ပြတ်သလို ဖြစ်သွားခဲ့ပါတယ်။ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်တင်မြှောက်ခံ သမ္မတဂျိုးဘိုင်ဒင် အစိုးရလက်ထက်မှာ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ ယခင်နဲ့မတူတဲ့ အပြောင်းအလဲတွေဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေ ထွက်ပေါ်လာခဲ့ကြတာဖြစ်ပါတယ်။

ဒါဆိုရင် သမ္မတဘိုင်ဒင် အစိုးရလက်ထက် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ တကယ်ပဲအပြောင်းအလဲတွေဖြစ်ပေါ်လာနိုင်မလားဆိုတာ အရင်ဦးဆုံး တွေးဆကြည့်ဖို့လိုမှာဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒမှာ ဘယ်လောက်အရေးပါတဲ့နေရာက ပါဝင်နေလဲဆိုတာကို ဆဝါးကြည့်ရမှာပါ။တကယ်တမ်းပြောရရင်တော့ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုအတွက် များစွာအရေးပါလှတဲ့ အနေအထားမှာရှိမနေဘူးဆိုတာကိုတော့ သမ္မတထရမ့် လက်ထက် နှစ်နိုင်ငံဆက်ဆံရေးအပေါ် မှန်းဆကြည့်မိနိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မူဝါဒက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် များစွာအလေးထားပါတယ်။ဆိုရရင် ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးကို အလေးထားဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံအပေါ် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးနေတာလည်း အမှန်ပါ။နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အဆင်ပြေချောမွေ့မှုရှိစေရေးကိုလည်း အမေရိကန်ပြည်ထောင်စုက လိုလားနေမှာ အသေအချာပဲဖြစ်ပါတယ်။

နောက်တစ်ခုက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရပ်သားအစိုးရနဲ့ စစ်တပ် ဆက်ဆံရေးဟာ အပေါင်းလက္ခဏာဆောင်ဖို့ လိုအပ်နေတာကိုလည်း သမ္မတဘိုင်ဒင် အစိုးရက သတိပြု အကဲခတ်နေမှာ အမှန်ပါ။တကယ်တော့ လက်ရှိ မြန်မာနိုင်ငံရဲ့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးအနေအထားဟာ ထင်ထားသလောက် အပေါင်းလက္ခဏာဆောင်ခြင်းမရှိတာကိုလည်း တွေ့မြင်ကြရမှာပါ။နောက်တစ်ခု ၂၀၁၂ ခုနှစ် အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကိုလာရောက်တဲ့အချိန်တုန်းက အမေရိကန်အစိုးရနဲ့ မြန်မာတပ်မတော်တို့ရဲ့ ဆက်ဆံရေးဟာ တိုးတက်မှုလက္ခဏာတွေ တွေ့လာခဲ့ရတယ်။ဒါပေမဲ့ သမ္မတဒေါ်နယ်ထရမ့် လက်ထက် မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်အကျပ်အတည်းပြဿနာကနေ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် အမေရိကန်အစိုးရရဲ့ ရှုထောင့်အမြင်ဟာ ဆန့်ကျင်ဘက် သဘောဆောင်လာခဲ့ပါတယ်။ဒီအနေအထားကိုကြည့်ရင် ဘိုင်ဒင် အစိုးရလက်ထက်မှာ တိုးတက်မှု အရိပ်လက္ခဏာတွေ တွေ့မြင်ရဖို့လိုအပ်နေတာဖြစ်ပါတယ်။

မကြာသေးမီကတော့ မြန်မာအစိုးရအနေနဲ့ ရခိုင်အကျပ်အတည်းပြဿနာကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ဖို့အတွက် ပြင်ဆင်ဆောင်ရွက်လာတာကို တွေ့ ကြရပါတယ်။ဒီအနေအထားဟာ သမ္မတဘိုင်ဒင် အစိုးရက မြန်မာနိုင်ငံအပေါ် သိသာထင်ရှားတဲ့ ဘယ်လိုမူဝါဒအပြောင်းအလဲနဲ့ ချဉ်းကပ်လာမလဲဆိုတဲ့ အတွေးစတွေကို ထွက်ပေါ်လာစေတာလည်း အမှန်ပါ။

နောက်တစ်ချက်က သမ္မတဘိုင်ဒင် အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် အရင်လို စီးပွားရေး အရေးယူပိတ်ဆို့မှုတွေ ပြုလာမလားဆိုရင်တော့ အချို့သော အကဲဖြတ်သုံးသပ်သူတွေကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်လက်အကောင်အထည်ဖော်နေတဲ့ အရိပ်လက္ခဏာတွေ ပြနေဆဲရှိတယ်။ဒီလိုအနေအထားမျိုးမှာ ဒီမိုကရေစီအသွင်ကူးပြောင်းမှုကို အဟန့်အတားဖြစ်စေမယ့် အရေးယူပိတ်ဆို့မှုမျိုးကို ဘိုင်ဒင်အစိုးရက လုပ်ဆောင်လာမှာမဟုတ်ဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူအချို့က ရှုမြင်ထားကြပါတယ်။နောက်တစ်ခုက အများပြည်သူလွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီဖြစ်ထွန်းတိုးတက်ရေးကို ရှေ့ရှုစေတဲ့ဆောင်ရွက်မှု အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးမှာ ပိုမိုအပေါင်းလက္ခဏာဆောင်လာမယ်လို့ ယူဆရပါတယ်။

နောက်ထပ် အရေးပါတဲ့အချက်ကတော့ သမ္မတအိုဘားမား လက်ထက် ပုံဖော်ဖို့ကြိုးပမ်းခဲ့တဲ့ အာရှဗဟိုပြုမူဝါဒဟာ ဘိုင်ဒင်အစိုးရလက်ထက်မှာ ဆက်လက်အကောင်အထည်ဖော်မယ့် အရိပ်လက္ခဏာတွေကို များမကြာသေးမီက မြင်တွေ့လာခဲ့ရပြီဖြစ်တယ်။ဆိုရရင် အာရှဗဟိုပြုမဟာဗျူဟာဟာ အာရှမှာ တရုတ်နိုင်ငံနဲ့ အရိပ်ဩဇာလွှမ်းမိုးမှုကို ဟန့်တားထိန်းချုပ်သွားမယ့် မဟာဗျူဟာအဖြစ် ရှုမြင်ရမှာဖြစ်တယ်။

ထရမ့် အစိုးရလက်ထက်မှာ သမ္မတအိုဘားမား လက်ထက်က အာရှဗဟိုပြု မဟာဗျူဟာအစီအစဉ်ကို ဥပေက္ခာပြုခဲ့တယ်။တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲတယ်။တောင်တရုတ်ပင်လယ်မှာ စစ်ရေးအားပြိုင်မယ့် အရိပ်အယောင်တွေကို ပြသခဲ့တယ်။ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ ဒီမိုကရေစီလိုလားသူတွေကို အားပေးအားမြှောက်ပြုပြီး တရုတ်နိုင်ငံရဲ့ ဩဇာအာဏာကိုတန်ပြန်ဖို့ ကြိုးပမ်းခဲ့တယ်။

နောက်တစ်ခုက တရုတ်နိုင်ငံရဲ့ အာရှလွှမ်းမိုးရေး မဟာဗျူဟာမှာ ပထဝီဝင်နိုင်ငံရေးအရ မြန်မာနိုင်ငံက အချက်အချာကျတဲ့နေရာမှာရှိနေတယ်။ဒီအနေအထားတွေကိုကြည့်ရင် ဘိုင်ဒင် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံဆန့်ကျင်ရေး မဟာဗျူဟာက သိသိသာသာပြောင်းလဲသွားမှာမဟုတ်ဘူးလို့ ယူဆရတယ်။ဆိုရရင် ပထဝီဝင်နိုင်ငံရေးအရ အချက်အချာကျတဲ့ မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ပြီး တရုတ်နိုင်ငံကို တန်ပြန်တဲ့နည်းကို ချဉ်းကပ်သွားမယ်လို့ ယူဆရတယ်။

နောက်တစ်ခုက ရွေးကောက်ပွဲအနိုင်ရ NLD အစိုးရသစ်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးအခြေအနေအပေါ်မှာ ဘိုင်ဒင် အစိုးရက အကဲခတ်သွားမယ့်အနေအထားမှာရှိနေတယ်။ဆိုရရင် သမ္မတဘိုင်ဒင် အစိုးရအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှု တည်ငြိမ်ရေးကို အလေးထားသွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံအပေါ်တန်ပြန်မယ့် အရေးကိစ္စမှာမြန်မာနိုင်ငံနဲ့ဆက်ဆံရေးကို အကန့်အသတ်နဲ့ သတိထားဆက်ဆံသွားမယ့် အနေအထားမှာရှိနေတယ်လို့ ယူဆရပါတယ်။

မြင့်နောင်မိုး
ဇန်နဝါရီ - ၂၈

( Zawgyi )

၂၀၂၀ ျပည့္ႏွစ္ အေမရိကန္ျပည္ေထာင္စု သမၼတေ႐ြးေကာက္ပြဲကေန အေျပာင္းအလဲအျဖစ္ ဒီမိုကရက္က ဂ်ိဳးဘိုင္ဒင္ က အေမရိကန္ျပည္ေထာင္စုရဲ႕ ၄၆ ဦးေျမာက္သမၼတ ျဖစ္လာခဲ့ၿပီးျဖစ္ပါတယ္။ဒါဟာ သမၼတအိုဘားမား လက္ထက္ ေနာက္ပိုင္း ဒီမိုကရက္တို႔က ရီပတ္ဘလီကန္တို႔ထံကေန အာဏာလႊဲေျပာင္းရယူႏိုင္ခဲ့တာျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုမွာ ဒီမိုကရက္က ဂ်ိဳးဘိုင္ဒင္ သမၼတျဖစ္လာတဲ့အတြက္ အေမရိကန္ျပည္ ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးမွာ ဘယ္လိုအေျပာင္းအလဲေတြ ျဖစ္ေပၚလာမလဲဆိုတဲ့ ေတြးဆခ်က္ေတြ ထြက္ေပၚလာခဲ့ပါတယ္။ဘာေၾကာင့္လဲဆိုရင္ ဒီမိုကရက္ပါတီက သမၼတဘားရတ္အိုဘားမား လက္ထက္မွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးမွာ အလားအလာေကာင္းေတြ ထြက္ေပၚလာခဲ့တဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။အဲဒီအခ်ိန္တုန္းက အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရး အေပါင္းလကၡဏာေဆာင္မႈအျဖစ္ သမၼတအိုဘားမားဟာ ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္ခဲ့တဲ့အထိျဖစ္ပါတယ္။

တကယ္ေတာ့ အဲဒီအခ်ိန္တုန္းက ျမန္မာႏိုင္ငံမွာ စစ္အစိုးရက မူဝါဒအေျပာင္းအလဲအျဖစ္ ဒီမိုကေရစီျဖစ္ထြန္းေရးကို ေရွ႕ရႈေစခဲ့တဲ့ အေျပာင္းအလဲတစ္ရပ္ကို ေဖာ္ေဆာင္ခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္ပါတယ္။စစ္အစိုးရရဲ႕ လမ္းဖြင့္ေပးမႈနဲ႔အတူ ၂၀၁၁ ခုႏွစ္မွာ ဦးသိန္းစိန္ ဦးေဆာင္တဲ့ အစိုးရက ျမန္မာႏိုင္ငံမွာအသြင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္လာခဲ့ပါတယ္။ဆိုရရင္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံေနရတဲ့ ဒီမိုကေရစီေခါင္းေဆာင္ ေဒၚေဆာင္ဆန္းစုၾကည္ အပါအဝင္ ဒီမိုကေရစီဘက္ေတာ္သား ႏိုင္ငံေရးအက်ဥ္းသား အေတာ္မ်ားမ်ားကို ထိန္းသိမ္းထားမႈကေနလႊတ္ေပးခဲ့ၿပီး ႏိုင္ငံေရးမွာ ပါဝင္ေဆာင္႐ြက္ျပတဲ့အထိ လမ္းပြင့္ေပးလာခဲ့တာျဖစ္တယ္။ဒါဟာ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအေပၚ အေလးထားတဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ မူဝါဒနဲ႔ လိုက္ေလ်ာညီေထြမႈရွိတဲ့အတြက္ အဲဒီအခ်ိန္က ျမန္မာႏိုင္ငံအေပၚ အေရးယူပိတ္ဆို႔ထားမႈေတြကို အေမရိကန္ျပည္ေထာင္စုက ႐ုပ္သိမ္းေပးခဲ့ပါတယ္။

ဒါေပမဲ့ ၂၀၁၆ ခုႏွစ္ ေ႐ြးေကာက္တင္ေျမႇာက္ခံ သမၼတေဒၚနယ္ထရမ့္ အစိုးရလက္ထက္မွာ ျမန္မာႏိုင္ငံအေပၚ အေလးထားဆက္ဆံမႈမ်ိဳး ေဖာ္ေဆာင္ခဲ့ျခင္းမရွိပါဘူး။အထူးသျဖင့္ သမၼတထရမ့္ဟာ သမၼတအိုဘားမား လက္ထက္က အာရွဗဟိုျပဳ မဟာဗ်ဴဟာအစီအစဥ္ကို လ်စ္လ်ဴရႈခဲ့တဲ့အခ်က္ကလည္း အေၾကာင္းတစ္ခ်က္ျဖစ္ပါတယ္။ဒါ့အျပင္ အဲဒီအခ်ိန္က ျမန္မာႏိုင္ငံမွာေပၚေပါက္လာတဲ့ ရခိုင္အက်ပ္အတည္းျပႆနာကေန လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈရွိတယ္ဆိုတဲ့ စြပ္စြဲျပစ္တင္မႈေတြနဲ႔အတူ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးက ပိုမိုအဆက္ျပတ္သလို ျဖစ္သြားခဲ့ပါတယ္။ဒါေၾကာင့္လည္း ၂၀၂၀ ေ႐ြးေကာက္တင္ေျမႇာက္ခံ သမၼတဂ်ိဳးဘိုင္ဒင္ အစိုးရလက္ထက္မွာ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးဟာ ယခင္နဲ႔မတူတဲ့ အေျပာင္းအလဲေတြျဖစ္လာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြ ထြက္ေပၚလာခဲ့ၾကတာျဖစ္ပါတယ္။

ဒါဆိုရင္ သမၼတဘိုင္ဒင္ အစိုးရလက္ထက္ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးမွာ တကယ္ပဲအေျပာင္းအလဲေတြျဖစ္ေပၚလာႏိုင္မလားဆိုတာ အရင္ဦးဆုံး ေတြးဆၾကည့္ဖို႔လိုမွာျဖစ္ပါတယ္။ပထမဦးဆုံးအေနနဲ႔ ျမန္မာႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုရဲ႕ ႏိုင္ငံျခားေရးမူဝါဒမွာ ဘယ္ေလာက္အေရးပါတဲ့ေနရာက ပါဝင္ေနလဲဆိုတာကို ဆဝါးၾကည့္ရမွာပါ။တကယ္တမ္းေျပာရရင္ေတာ့ ျမန္မာႏိုင္ငံဟာ အေမရိကန္ျပည္ေထာင္စုအတြက္ မ်ားစြာအေရးပါလွတဲ့ အေနအထားမွာရွိမေနဘူးဆိုတာကိုေတာ့ သမၼတထရမ့္ လက္ထက္ ႏွစ္ႏိုင္ငံဆက္ဆံေရးအေပၚ မွန္းဆၾကည့္မိႏိုင္မွာျဖစ္ပါတယ္။ဒါေပမဲ့ အေမရိကန္ျပည္ေထာင္စုရဲ႕ မူဝါဒက ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအေပၚ မ်ားစြာအေလးထားပါတယ္။ဆိုရရင္ ဒီမိုကေရစီျဖစ္ထြန္းတိုးတက္ေရးကို အေလးထားေဆာင္႐ြက္ေနတဲ့ ျမန္မာႏိုင္ငံအေပၚ အေမရိကန္ျပည္ေထာင္စုက ေထာက္ခံအားေပးေနတာလည္း အမွန္ပါ။ေနာက္တစ္ခုက ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး အဆင္ေျပေခ်ာေမြ႕မႈရွိေစေရးကိုလည္း အေမရိကန္ျပည္ေထာင္စုက လိုလားေနမွာ အေသအခ်ာပဲျဖစ္ပါတယ္။

ေနာက္တစ္ခုက ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးမွာ အရပ္သားအစိုးရနဲ႔ စစ္တပ္ ဆက္ဆံေရးဟာ အေပါင္းလကၡဏာေဆာင္ဖို႔ လိုအပ္ေနတာကိုလည္း သမၼတဘိုင္ဒင္ အစိုးရက သတိျပဳ အကဲခတ္ေနမွာ အမွန္ပါ။တကယ္ေတာ့ လက္ရွိ ျမန္မာႏိုင္ငံရဲ႕ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရးအေနအထားဟာ ထင္ထားသေလာက္ အေပါင္းလကၡဏာေဆာင္ျခင္းမရွိတာကိုလည္း ေတြ႕ျမင္ၾကရမွာပါ။ေနာက္တစ္ခု ၂၀၁၂ ခုႏွစ္ အေမရိကန္သမၼတ အိုဘားမား ျမန္မာႏိုင္ငံကိုလာေရာက္တဲ့အခ်ိန္တုန္းက အေမရိကန္အစိုးရနဲ႔ ျမန္မာတပ္မေတာ္တို႔ရဲ႕ ဆက္ဆံေရးဟာ တိုးတက္မႈလကၡဏာေတြ ေတြ႕လာခဲ့ရတယ္။ဒါေပမဲ့ သမၼတေဒၚနယ္ထရမ့္ လက္ထက္ ျမန္မာႏိုင္ငံမွာ ရခိုင္ျပည္နယ္အက်ပ္အတည္းျပႆနာကေန ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးအေပၚ အေမရိကန္အစိုးရရဲ႕ ရႈေထာင့္အျမင္ဟာ ဆန႔္က်င္ဘက္ သေဘာေဆာင္လာခဲ့ပါတယ္။ဒီအေနအထားကိုၾကည့္ရင္ ဘိုင္ဒင္ အစိုးရလက္ထက္မွာ တိုးတက္မႈ အရိပ္လကၡဏာေတြ ေတြ႕ျမင္ရဖို႔လိုအပ္ေနတာျဖစ္ပါတယ္။

မၾကာေသးမီကေတာ့ ျမန္မာအစိုးရအေနနဲ႔ ရခိုင္အက်ပ္အတည္းျပႆနာကေန ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ေရာက္ရွိေနတဲ့ ဒုကၡသည္ေတြ ျပန္လည္လက္ခံႏိုင္ဖို႔အတြက္ ျပင္ဆင္ေဆာင္႐ြက္လာတာကို ေတြ႕ ၾကရပါတယ္။ဒီအေနအထားဟာ သမၼတဘိုင္ဒင္ အစိုးရက ျမန္မာႏိုင္ငံအေပၚ သိသာထင္ရွားတဲ့ ဘယ္လိုမူဝါဒအေျပာင္းအလဲနဲ႔ ခ်ဥ္းကပ္လာမလဲဆိုတဲ့ အေတြးစေတြကို ထြက္ေပၚလာေစတာလည္း အမွန္ပါ။

ေနာက္တစ္ခ်က္က သမၼတဘိုင္ဒင္ အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံအေပၚ အရင္လို စီးပြားေရး အေရးယူပိတ္ဆို႔မႈေတြ ျပဳလာမလားဆိုရင္ေတာ့ အခ်ိဳ႕ေသာ အကဲျဖတ္သုံးသပ္သူေတြကေတာ့ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ဆက္လက္အေကာင္အထည္ေဖာ္ေနတဲ့ အရိပ္လကၡဏာေတြ ျပေနဆဲရွိတယ္။ဒီလိုအေနအထားမ်ိဳးမွာ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈကို အဟန႔္အတားျဖစ္ေစမယ့္ အေရးယူပိတ္ဆို႔မႈမ်ိဳးကို ဘိုင္ဒင္အစိုးရက လုပ္ေဆာင္လာမွာမဟုတ္ဘူးလို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူအခ်ိဳ႕က ရႈျမင္ထားၾကပါတယ္။ေနာက္တစ္ခုက အမ်ားျပည္သူလြတ္လပ္ခြင့္နဲ႔ ဒီမိုကေရစီျဖစ္ထြန္းတိုးတက္ေရးကို ေရွ႕ရႈေစတဲ့ေဆာင္႐ြက္မႈ အေမရိကန္ျပည္ေထာင္စုနဲ႔ ျမန္မာႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးမွာ ပိုမိုအေပါင္းလကၡဏာေဆာင္လာမယ္လို႔ ယူဆရပါတယ္။

ေနာက္ထပ္ အေရးပါတဲ့အခ်က္ကေတာ့ သမၼတအိုဘားမား လက္ထက္ ပုံေဖာ္ဖို႔ႀကိဳးပမ္းခဲ့တဲ့ အာရွဗဟိုျပဳမူဝါဒဟာ ဘိုင္ဒင္အစိုးရလက္ထက္မွာ ဆက္လက္အေကာင္အထည္ေဖာ္မယ့္ အရိပ္လကၡဏာေတြကို မ်ားမၾကာေသးမီက ျမင္ေတြ႕လာခဲ့ရၿပီျဖစ္တယ္။ဆိုရရင္ အာရွဗဟိုျပဳမဟာဗ်ဴဟာဟာ အာရွမွာ တ႐ုတ္ႏိုင္ငံနဲ႔ အရိပ္ဩဇာလႊမ္းမိုးမႈကို ဟန႔္တားထိန္းခ်ဳပ္သြားမယ့္ မဟာဗ်ဴဟာအျဖစ္ ရႈျမင္ရမွာျဖစ္တယ္။

ထရမ့္ အစိုးရလက္ထက္မွာ သမၼတအိုဘားမား လက္ထက္က အာရွဗဟိုျပဳ မဟာဗ်ဴဟာအစီအစဥ္ကို ဥေပကၡာျပဳခဲ့တယ္။တ႐ုတ္ႏိုင္ငံနဲ႔ ကုန္သြယ္ေရးစစ္ပြဲ ဆင္ႏႊဲတယ္။ေတာင္တ႐ုတ္ပင္လယ္မွာ စစ္ေရးအားၿပိဳင္မယ့္ အရိပ္အေယာင္ေတြကို ျပသခဲ့တယ္။ေဟာင္ေကာင္နဲ႔ ထိုင္ဝမ္တို႔မွာ ဒီမိုကေရစီလိုလားသူေတြကို အားေပးအားေျမႇာက္ျပဳၿပီး တ႐ုတ္ႏိုင္ငံရဲ႕ ဩဇာအာဏာကိုတန္ျပန္ဖို႔ ႀကိဳးပမ္းခဲ့တယ္။

ေနာက္တစ္ခုက တ႐ုတ္ႏိုင္ငံရဲ႕ အာရွလႊမ္းမိုးေရး မဟာဗ်ဴဟာမွာ ပထဝီဝင္ႏိုင္ငံေရးအရ ျမန္မာႏိုင္ငံက အခ်က္အခ်ာက်တဲ့ေနရာမွာရွိေနတယ္။ဒီအေနအထားေတြကိုၾကည့္ရင္ ဘိုင္ဒင္ အစိုးရလက္ထက္မွာ တ႐ုတ္ႏိုင္ငံဆန္႔က်င္ေရး မဟာဗ်ဴဟာက သိသိသာသာေျပာင္းလဲသြားမွာမဟုတ္ဘူးလို႔ ယူဆရတယ္။ဆိုရရင္ ပထဝီဝင္ႏိုင္ငံေရးအရ အခ်က္အခ်ာက်တဲ့ ျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးကို ပိုမိုတိုးျမႇင့္ၿပီး တ႐ုတ္ႏိုင္ငံကို တန္ျပန္တဲ့နည္းကို ခ်ဥ္းကပ္သြားမယ္လို႔ ယူဆရတယ္။

ေနာက္တစ္ခုက ေ႐ြးေကာက္ပြဲအႏိုင္ရ NLD အစိုးရသစ္နဲ႔ တ႐ုတ္ႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးအေျခအေနအေပၚမွာ ဘိုင္ဒင္ အစိုးရက အကဲခတ္သြားမယ့္အေနအထားမွာရွိေနတယ္။ဆိုရရင္ သမၼတဘိုင္ဒင္ အစိုးရအေနနဲ႔ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီအသြင္ကူးေျပာင္းမႈ တည္ၿငိမ္ေရးကို အေလးထားသြားမွာျဖစ္သလို ျမန္မာႏိုင္ငံရဲ႕ အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံအေပၚတန္ျပန္မယ့္ အေရးကိစၥမွာျမန္မာႏိုင္ငံနဲ႔ဆက္ဆံေရးကို အကန႔္အသတ္နဲ႔ သတိထားဆက္ဆံသြားမယ့္ အေနအထားမွာရွိေနတယ္လို႔ ယူဆရပါတယ္။

ျမင့္ေနာင္မိုး
ဇန္နဝါရီ - ၂၈