【 ဆောင်းပါး 】 “အချိန်တန်ရင် ပြည်သူက ဘာရွေးရမလဲဆိုတာသိတယ်”

【 ဆောင်းပါး 】 “အချိန်တန်ရင် ပြည်သူက ဘာရွေးရမလဲဆိုတာသိတယ်”

လွတ်လပ်စွာသဘောထားကွဲလွဲခွင့်ရှိသည်က ဒီမိုကရေစီ၏ အနှစ်သာရဖြစ်ပါတယ်။ဒါပေမယ့် အများသဘောတူလို့ ဆုံးဖြတ်ပြီးရင် အများဆန္ဒအတိုင်း လိုက်ပါဆောင်ရွက်ရလေ့ရှိတာက ရင့်ကျက်တဲ့ ဒီမိုကရေစီအခြေခံသဘောတရားဖြစ်ပါတယ်။ကိုယ်ကြိုက်တာလုပ်ခွင့်ရှိပေမယ့် ကိုယ်လုပ်တာကြောင့် အများစု (သို့မဟုတ်) တစ်ဦးတစ်ယောက်ကို စိတ်အနှောင့်အယှက်မဖြစ်စေရပါဘူး။ဒါတွေ ဘာကြောင့် ခြေဆင်းပျိုးနေရသလဲဆိုတာက လက်ရှိမှာ လူတစ်စု ဒါမှမဟုတ် လူတစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် အသုံးချခံတွေက ဒီမိုကရေစီရဲ့အခွင့်အရေးဆိုပြီး တစ်လွဲအသုံးချနေတာကို မြင်နေရလို့ဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာ နိုင်ငံအတွက်အင်အားပြုန်းတီးမှုတွေ မကြာခဏဖြစ်နေပါတယ်။အထူး သဖြင့် ကိုယ့်နိုင်ငံသားချင်း ပြန်လည်တိုက်ခိုက်မှုဖြစ်တဲ့ (လက်နက်ကိုင်/အွန်လိုင်း/သဘောတရား) စတဲ့ ကိစ္စတွေမှာ စိတ်မကောင်းဖွယ် နိုင်ငံသားဆုံးရှုံးမှု၊ အချိန်ဆုံးရှုံးမှု၊ မညီညွတ်မှုတွေ၊ ရင်းနှီးမြုပ်နှံလိုသူတွေရဲ့ ယုံကြည်မှုဆုံးရှုံးရတာတွေ နိုင်ငံအတွက် စတဲ့ မရေမတွက်နိုင်တဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရပါတယ်။ဒါတွေအတွက် ဘယ်သူကပဲလုပ်လုပ် အစိုးရကြောင့်ဆိုပြီး လက်ညှိုးထိုးချတာကို တွေ့ရပါတယ်။

လက်ရှိအစိုးရရဲ့ကိုင်တွယ်ပုံက ကိုယ်သာအာဏာရရင် ပြန်လက်စားချေမယ်ဆိုတဲ့ စိတ်အခြေခံရှိတဲ့ အများစုအတွက် ကျေနပ်ဖွယ်ရာမဟုတ်ပါဘူး။ဒါပေမယ့် လက်စားချေရေးဆိုတာ လွတ်လပ်ရေးရပြီးကတည်းက ပြည်တွင်းစစ်၊ အာဏာရှင်စနစ်ထူထောင်မှု၊ ခြစားမှု စတဲ့ တိုင်းပြည်တစ်ခု ဘယ်လိုမှာနလံမထူစေတဲ့ အကြောင်းတရားတွေနဲ့ နပမ်းလုံးနေခဲ့ရတဲ့ မြန်မာနိုင်ငံအတွက် တိုင်းပြည်ကို နောက်တစ်ဖန် ဒုက္ခဝဲဂယက်ထဲထိုးကျစေမဲ့ လုပ်ရပ်ဆိုတာကို အတိုက်အခံဘဝကနေတက်လာတဲ့ လက်ရှိခေါင်းဆောင်တွေက သိပါတယ်။ဒါကြောင့်လည်း ရင်ကြားစေ့ရေးဆိုတဲ့မူနဲ့ တိုင်းပြည်ကို ညီညွတ်မှုရအောင် ရတဲ့သက်တမ်းအတွင်း ကြိုးစားနေတာကိုမြင်ရပါတယ်။

ဘယ်သူက ရင်ကြားမစေ့ချင်ကြတာလဲ

ဒီစကားအတွက် အဖြေက နိုင်ငံရေးစိတ်ဝင်စားသူ သင်္ချာ၊ အပေါင်းအနုတ် တတ်ကြွမ်းသူ ဘယ်သူ့ကိုမဆိုမေးကြည့်ရင် ဒက်ကနဲဖြေနိုင်တဲ့ အဖြေပါ။တိုင်းပြည်မငြိမ်သက်နေသရွေ့၊ အားပြိုင်မှုတွေရှိနေသရွေ့အနေချောင်ပြီး ကိုယ်ကျိုးစီးပွားဖြစ်ထွန်းမဲ့သူတွေ၊ ယခင်ကအနေအစားချောင်ခဲ့တဲ့သူတွေနဲ့ သမာရိုးကျ စီးပွားရေးမလုပ်တတ်တဲ့သူတွေ၊ ကိုယ့်နယ်မှာ ကိုယ်သာအရှင်သခင်လုပ်ချင်တဲ့ ပဒေသရာဇ်စနစ်ကို ဖက်တွယ်ထားချင်တဲ့သူတွေ စတဲ့ အမျိုးအစားတွေက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကနေ ဖြစ်ပေါ်လာမယ့် ဖြစ်ထွန်းမှုတွေကို ကြောက်ကြပါတယ်။

ယခင်အုပ်စုဘက်ကတော့ ရှင်းပါတယ်။ယခင်အာဏာရသူတွေကိုမှီပြီး လုပ်ငန်းတွေလုပ်ခဲ့ကြ ကြီးပွားခဲ့ကြတဲ့ စီးပွားရေးသမားတွေက အာဏာရဲ့အရသာကိုသိနေတော့ လက်မလွှတ်နိုင်ဘဲ တိုင်းပြည်မငြိမ်မသက်ဖြစ်ရင် စစ်တပ်ကအာဏာပြန်သိမ်း၊ ဒါဆို အရင်ပုံစံ အရင်ခေတ်ပြန်ရောက်ပြီဆိုပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်အောင် နည်းမျိုးစုံနဲ့ လုပ်နေရှုပ်နေကြတာပါ။သူတို့က သူတို့အတွက် အကျိုးအမြတ်သေချာမယ်ဆိုရင် ဘာမဆိုလုပ်မယ့်သူတွေပါ။

နောက်တစ်ခုကလည်း သူတို့အဖို့ ပြည်ပက ပေမီတန်းမီ ရင်းနှီးမြုပ်နှံသူတွေဝင်လာခဲ့ရင် လုပ်စားရကိုင်စားရခက်တဲ့အခြေအနေတွေ ဖြစ်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။တစ်ချိန်က မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ငွေကြေးနဲ့ အတတ်ပညာမလိုဘူး၊ ပါးစပ်နဲ့ အလိုက်သိတတ်ရင် ရတယ်ဆိုတဲ့စကား ခေတ်စားခဲ့ပါတယ်။ဒီစကား မှန်၊ မမှန် မြန်မာနိုင်ငံစီးပွားရေးရဲ့ ၈၀ ရာခိုင်နူန်းက ယခင်အုပ်ချုပ်ခဲ့သူ မိသားစုဝင်တွေ၊ ဆက်နွယ်နေသူ မိသားစုဆွေမျိုးတွေလက်ထဲမှာ ရှိနေတာကိုကြည့်ရင် သိနိုင်ပါတယ်။

တစ်ခါတစ်လေ တန်ခိုးကြီးဘုရားက အလှူခံတဲ့အလုပ်က စီးပွားရေးလုပ်ငန်းအမျိုးအစားတစ်ခုဖြစ်နေမှန်း ဒီဘက် ပြည်သူ့အစိုးရတက်တော့မှ သိရတဲ့အထိ တိုင်းပြည်ရဲ့ခြစားမှုက ရုပ်ပျက်ဆင်းပျက်နိုင်လွန်းနေပါတယ်။ဒီလိုလူတွေ အများစုပါဝင်နေတဲ့ လက်ရှိစီးပွားရေးလုပ်ငန်းရှင် အမည်ခံတွေက တိုင်းပြည်ငြိမ်းချမ်းပြီး နယ်စွန်နယ်ဖျားတွေအထိ ခြစားမှုတိုက်ဖျက်မယ် ကြွေးကြော်ထားတဲ့ ဗဟိုအစိုးရရဲ့ အာဏာစက်သက်ရောက်လာရင် သူတို့အတွက် စားပေါက်ပိတ်မှာမို့ ရင်ကြားစေ့ရေးဟာ သူတို့အတွက် သေမင်းခေါ်သံလို ဖြစ်နေပါတယ်။

ရင်ကြားစေ့ရေးကိုမလိုလားတဲ့ ဒီမိုကရက်တစ်တွေရှိတယ်ဆိုပေမယ့် အများစုကိုမဆိုလိုပါဘူး။စုန်းပြူးတချို့တစ်လေနဲ့  အမွေးခံလို့ ခံလိုက်ရမှန်းမသိတဲ့သူတစ်ချို့ကို ဆိုလိုတာပါ။ယခင်က အာဏာရှင်အစိုးရကို အတိုက်အခံလုပ်ခဲ့လို့ အထိုက်အလျှောက် သြဇာအာဏာရှိခဲ့သူတွေဟာ ပြည်တွင်းမှာအပြောင်းအလဲတွေဖြစ်ပြီး အတိုက်အခံက အာဏာရလာတဲ့အခါ သူတို့ရဲ့သြဇာအာဏာက အတိုးအလျှော့ဖြစ်လာခဲ့ပါတယ်။

ဒီအချိန်မှာ အတိုက်အခံကနေ အစိုးရဖြစ်လာတဲ့သူတွေဘက်က နေရာပေးမှုမရှိတဲ့အခါ တချို့တစ်လေက နဂိုကတည်းက စိတ်ခံမကောင်းခဲ့တဲ့အတွက် ငါမပါတဲ့အဖွဲ့ ဘာလုပ်လုပ်မကောင်းဆိုတဲ့အမြင်နဲ့ အမျိုးသားရင်ကြားစေ့ရေး အပါအဝင် ပြည်တွင်းကိစ္စရပ်တွေမှန်သမျှအပေါ် အစိုးရနဲ့ကန့်လန့်တိုက် ရပ်တည်ကြတဲ့အခါ ပြည်သူအမြင်မှာ အာဏာရပြီးမှ မညီမညွတ်ကြတဲ့ အတိုက်အခံတွေကို စိတ်ပျက်ခဲ့ကြပါတယ်။

ပြုပြင်ရေးလား ပြောင်းလဲရေးလား

လက်ရှိအစိုးရလုပ်နေတဲ့အရာက နှစ်မျိုးလုံးကိုကိုင်စွဲပြီး ကျင့်သုံးနေရတာပါ။တိုင်းပြည်ကိုအုပ်ချုပ်တဲ့ ဗျူရိုကရေစီယန္တရားကို ဒီမိုကရေစီဆန်ဆန်ဖြစ်လာဖို့ ထိန်းကျောင်းတဲ့နေရာမှာ ပြုပြင်ရေးကိုသာ အစိုးရက အဓိကကိုင်တွယ်လုပ်နေရတာပါ။

အထူးသဖြင့် ယခင်အစိုးရအကူးအပြောင်းမှာ ထားခဲ့တဲ့သူတွေက လက်ရှိမှာ ဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ဒီလိုဖယ်ရှားမယ်ဆိုရင် တိုင်းပြည်အုပ်ချုပ်ရေးယန္တရားက ဝရုန်းသုန်းကားဖြစ်လာပါလိမ့်မယ်။ဒါကိုလည်း ပြည်သူမဲနဲ့တက်လာတဲ့ လက်ရှိအစိုးရအဖို့ အာဏာကိုလက်မလွှတ်ချင်တဲ့သူတွေထောင်ထားတဲ့ ထောင်ချောက်ထဲရောက်သွားမယ်ဆိုတာ ကောင်းကောင်းနားလည်ထားပါတယ်။ဒါကြောင့်လည်း အလုပ်နဲ့ပြုပြင်တဲ့လမ်းကို အစိုးရကရွေးချယ်ခဲ့တာပါ။အစိုးရဖွဲ့ စည်းကတည်းက ပါတီကလူတွေကနည်းပြီး ပြင်ပက ပညာရှင်တွေ၊ တတ်သိနားလည်တဲ့သူတွေကို ခေါ်တာဝန်ပေးပြီး ပါတီက ဘေးကနေဝန်းရံထိန်းကျောင်းတဲ့ နည်းလမ်းနဲ့ အစိုးရအဖွဲ့ကို ထူထောင်ခဲ့တာကိုတွေ့ရပါတယ်။

ဒီလို လူကိုမကြည့်ဘဲ စနစ်တစ်ခု မူတစ်ခုမြဲဖို့ လုပ်ဆောင်ခဲ့တဲ့အတွက်လည်း အတွင်းထဲမှာ ငါဘယ်လိုပေးဆပ်ခဲ့တာ၊ ငါဘယ်လောက်ထိစွန့်လွှတ်ခဲ့တာဆိုတဲ့ အကြွေးတောင်းသမားတွေက မျှော်လင့်ထားသလို နေရာမရတဲ့အခါ အပြစ်တင်တာတွေ၊ ဝေဖန်တာတွေ၊ ဘက်ကန်တာတွေ၊ ဘက်ပြောင်းတာတွေ အများကြီးဖြစ်ခဲ့တာကို တွေ့ရပါတယ်။ဒါက ပြုပြင်ရေးကြောင့်ဖြစ်လာတဲ့ အခက်အခဲတွေပါ။ပြောင်းလဲရေး (Revolution ) ကို လုပ်တဲ့အခါ ဖြစ်ပေါ်လာတဲ့ဆန့်ကျင်မှုက ပြုပြင်ရေး (Renovation) ထက် ပိုပြင်းပါတယ်။

တစ်ကယ်တော့ ကိုယ့်အကျိုးစီးပွားဆိုတာကိုသာ ကွက်မကြည့်ဘဲ ဘေးပတ်ဝန်းကျင် နိုင်ငံရေးအခင်းအကျင်းကိုလည်း ဂရုပြုထည့်စဉ်းစားမယ်ဆိုရင် နိုင်ငံအတွက် ဘယ်လောက်အရေးကြီးတဲ့ အခြေအနေရောက်နေပြီလဲဆိုတဲ့ တူညီတဲ့အမြင်ကို ရနိုင်ကြမှာဖြစ်ပါတယ်။

ဘယ်အစိုးရတက်တက်ဆိုပေမယ့် ပြည်သူကိုဗဟိုပြုတဲ့ အစိုးရမျိုးကို ယနေ့ခေတ်မှသာ ကျွန်တော်တို့တွေ့ကြုံရတာဖြစ်ပါတယ်။လာရာမတူရင် လားရာမတူတတ်တဲ့အတွက် အချောင်လိုချင်တဲ့သူတွေ၊ အာဏာကို အချောင်နည်းနဲ့ အကြောက်တရားသုံးကာ ပြည်သူတွေဆီကနေ လုယူချင်တဲ့သူတွေရှိတဲ့အတွက် လာမယ့် ၂၀၂၀ မှာ ဘာကိုရွေးရမလဲဆိုတာ ပြည်သူကသိပြီးသားဘဲဖြစ်ပါတယ်။လက်ရှိအစိုးရက အတိုက်အခံဘ၀မှာ အတိုက်အခံပီပီသသရှိခဲ့သလို အစိုးရဘ၀မှာလဲ ပြည်သူကိုမျက်နှာမူတဲ့ အစိုးရဆိုတာကို ပီပီသသပြနိုင်အောင် ကြိုးစားခဲ့တာကိုတွေ့ရပါတယ်။

ဒီအတွက် ပြည်သူက ဘယ်သူ့ကိုရွေးရမလဲဆိုတာကို ၂၀၁၅ မှာ ခန့်မှန်းမှုတွေ တက်တက်စင်လွဲအောင် ပြခဲ့ပြီးပါပြီ။ယခုလဲ ပြည်သူက ဘယ်သူ့ကိုရွေးရမလဲသိပါတယ်။ဒီအတွက် နိုဝင်ဘာ ၈ ရက်ကို စောင့်ကြည့်ဖို့ဘဲ ပြောချင်ပါတယ်။

မောင်ဦးလွင်
သြဂုတ် - ၂၇

( Zawgyi )

လြတ္လပ္စြာသေဘာထားကြဲလြဲခြင့္ရွိသည္က ဒီမိုကေရစီ၏ အႏွစ္သာရျဖစ္ပါတယ္။ဒါေပမယ့္ အမ်ားသေဘာတူလို႔ ဆုံးျဖတ္ၿပီးရင္ အမ်ားဆႏၵအတိုင္း လိုက္ပါေဆာင္႐ြက္ရေလ့ရွိတာက ရင့္က်က္တဲ့ ဒီမိုကေရစီအေျခခံသေဘာတရားျဖစ္ပါတယ္။ကိုယ္ႀကိဳက္တာလုပ္ခြင့္ရွိေပမယ့္ ကိုယ္လုပ္တာေၾကာင့္ အမ်ားစု (သို႔မဟုတ္) တစ္ဦးတစ္ေယာက္ကို စိတ္အေႏွာင့္အယွက္မျဖစ္ေစရပါဘူး။ဒါေတြ ဘာေၾကာင့္ ေျခဆင္းပ်ိဳးေနရသလဲဆိုတာက လက္ရွိမွာ လူတစ္စု ဒါမွမဟုတ္ လူတစ္ဦးတစ္ေယာက္ရဲ႕ အက်ိဳးစီးပြားအတြက္ အသုံးခ်ခံေတြက ဒီမိုကေရစီရဲ႕အခြင့္အေရးဆိုၿပီး တစ္လြဲအသုံးခ်ေနတာကို ျမင္ေနရလို႔ျဖစ္ပါတယ္။

လက္ရွိအေျခအေနမွာ ႏိုင္ငံအတြက္အင္အားျပဳန္းတီးမႈေတြ မၾကာခဏျဖစ္ေနပါတယ္။အထူး သျဖင့္ ကိုယ့္ႏိုင္ငံသားခ်င္း ျပန္လည္တိုက္ခိုက္မႈျဖစ္တဲ့ (လက္နက္ကိုင္/အြန္လိုင္း/သေဘာတရား) စတဲ့ ကိစၥေတြမွာ စိတ္မေကာင္းဖြယ္ ႏိုင္ငံသားဆုံးရႈံးမႈ၊ အခ်ိန္ဆုံးရႈံးမႈ၊ မညီၫြတ္မႈေတြ၊ ရင္းႏွီးျမဳပ္ႏွံလိုသူေတြရဲ႕ ယုံၾကည္မႈဆုံးရႈံးရတာေတြ ႏိုင္ငံအတြက္ စတဲ့ မေရမတြက္ႏိုင္တဲ့ နစ္နာဆုံးရႈံးမႈေတြ ျဖစ္ခဲ့ရပါတယ္။ဒါေတြအတြက္ ဘယ္သူကပဲလုပ္လုပ္ အစိုးရေၾကာင့္ဆိုၿပီး လက္ညႇိဳးထိုးခ်တာကို ေတြ႕ရပါတယ္။

လက္ရွိအစိုးရရဲ႕ကိုင္တြယ္ပုံက ကိုယ္သာအာဏာရရင္ ျပန္လက္စားေခ်မယ္ဆိုတဲ့ စိတ္အေျခခံရွိတဲ့ အမ်ားစုအတြက္ ေက်နပ္ဖြယ္ရာမဟုတ္ပါဘူး။ဒါေပမယ့္ လက္စားေခ်ေရးဆိုတာ လြတ္လပ္ေရးရၿပီးကတည္းက ျပည္တြင္းစစ္၊ အာဏာရွင္စနစ္ထူေထာင္မႈ၊ ျခစားမႈ စတဲ့ တိုင္းျပည္တစ္ခု ဘယ္လိုမွာနလံမထူေစတဲ့ အေၾကာင္းတရားေတြနဲ႔ နပမ္းလုံးေနခဲ့ရတဲ့ ျမန္မာႏိုင္ငံအတြက္ တိုင္းျပည္ကို ေနာက္တစ္ဖန္ ဒုကၡဝဲဂယက္ထဲထိုးက်ေစမဲ့ လုပ္ရပ္ဆိုတာကို အတိုက္အခံဘဝကေနတက္လာတဲ့ လက္ရွိေခါင္းေဆာင္ေတြက သိပါတယ္။ဒါေၾကာင့္လည္း ရင္ၾကားေစ့ေရးဆိုတဲ့မူနဲ႔ တိုင္းျပည္ကို ညီၫြတ္မႈရေအာင္ ရတဲ့သက္တမ္းအတြင္း ႀကိဳးစားေနတာကိုျမင္ရပါတယ္။

ဘယ္သူက ရင္ၾကားမေစ့ခ်င္ၾကတာလဲ

ဒီစကားအတြက္ အေျဖက ႏိုင္ငံေရးစိတ္ဝင္စားသူ သခ်ၤာ၊ အေပါင္းအႏုတ္ တတ္ႂကြမ္းသူ ဘယ္သူ႔ကိုမဆိုေမးၾကည့္ရင္ ဒက္ကနဲေျဖႏိုင္တဲ့ အေျဖပါ။တိုင္းျပည္မၿငိမ္သက္ေနသေ႐ြ႕၊ အားၿပိဳင္မႈေတြရွိေနသေ႐ြ႕အေနေခ်ာင္ၿပီး ကိုယ္က်ိဳးစီးပြားျဖစ္ထြန္းမဲ့သူေတြ၊ ယခင္ကအေနအစားေခ်ာင္ခဲ့တဲ့သူေတြနဲ႔ သမာ႐ိုးက် စီးပြားေရးမလုပ္တတ္တဲ့သူေတြ၊ ကိုယ့္နယ္မွာ ကိုယ္သာအရွင္သခင္လုပ္ခ်င္တဲ့ ပေဒသရာဇ္စနစ္ကို ဖက္တြယ္ထားခ်င္တဲ့သူေတြ စတဲ့ အမ်ိဳးအစားေတြက အမ်ိဳးသားျပန္လည္ရင္ၾကားေစ့ေရးကေန ျဖစ္ေပၚလာမယ့္ ျဖစ္ထြန္းမႈေတြကို ေၾကာက္ၾကပါတယ္။

ယခင္အုပ္စုဘက္ကေတာ့ ရွင္းပါတယ္။ယခင္အာဏာရသူေတြကိုမွီၿပီး လုပ္ငန္းေတြလုပ္ခဲ့ၾက ႀကီးပြားခဲ့ၾကတဲ့ စီးပြားေရးသမားေတြက အာဏာရဲ႕အရသာကိုသိေနေတာ့ လက္မလႊတ္ႏိုင္ဘဲ တိုင္းျပည္မၿငိမ္မသက္ျဖစ္ရင္ စစ္တပ္ကအာဏာျပန္သိမ္း၊ ဒါဆို အရင္ပုံစံ အရင္ေခတ္ျပန္ေရာက္ၿပီဆိုၿပီး တိုင္းျပည္မၿငိမ္မသက္ျဖစ္ေအာင္ နည္းမ်ိဳးစုံနဲ႔ လုပ္ေနရႈပ္ေနၾကတာပါ။သူတို႔က သူတို႔အတြက္ အက်ိဳးအျမတ္ေသခ်ာမယ္ဆိုရင္ ဘာမဆိုလုပ္မယ့္သူေတြပါ။

ေနာက္တစ္ခုကလည္း သူတို႔အဖို႔ ျပည္ပက ေပမီတန္းမီ ရင္းႏွီးျမဳပ္ႏွံသူေတြဝင္လာခဲ့ရင္ လုပ္စားရကိုင္စားရခက္တဲ့အေျခအေနေတြ ျဖစ္လာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။တစ္ခ်ိန္က ျမန္မာႏိုင္ငံမွာ စီးပြားေရးလုပ္ငန္းလုပ္ဖို႔ ေငြေၾကးနဲ႔ အတတ္ပညာမလိုဘူး၊ ပါးစပ္နဲ႔ အလိုက္သိတတ္ရင္ ရတယ္ဆိုတဲ့စကား ေခတ္စားခဲ့ပါတယ္။ဒီစကား မွန္၊ မမွန္ ျမန္မာႏိုင္ငံစီးပြားေရးရဲ႕ ၈၀ ရာခိုင္ႏူန္းက ယခင္အုပ္ခ်ဳပ္ခဲ့သူ မိသားစုဝင္ေတြ၊ ဆက္ႏြယ္ေနသူ မိသားစုေဆြမ်ိဳးေတြလက္ထဲမွာ ရွိေနတာကိုၾကည့္ရင္ သိႏိုင္ပါတယ္။

တစ္ခါတစ္ေလ တန္ခိုးႀကီးဘုရားက အလႉခံတဲ့အလုပ္က စီးပြားေရးလုပ္ငန္းအမ်ိဳးအစားတစ္ခုျဖစ္ေနမွန္း ဒီဘက္ ျပည္သူ႔အစိုးရတက္ေတာ့မွ သိရတဲ့အထိ တိုင္းျပည္ရဲ႕ျခစားမႈက ႐ုပ္ပ်က္ဆင္းပ်က္ႏိုင္လြန္းေနပါတယ္။ဒီလိုလူေတြ အမ်ားစုပါဝင္ေနတဲ့ လက္ရွိစီးပြားေရးလုပ္ငန္းရွင္ အမည္ခံေတြက တိုင္းျပည္ၿငိမ္းခ်မ္းၿပီး နယ္စြန္နယ္ဖ်ားေတြအထိ ျခစားမႈတိုက္ဖ်က္မယ္ ေႂကြးေၾကာ္ထားတဲ့ ဗဟိုအစိုးရရဲ႕ အာဏာစက္သက္ေရာက္လာရင္ သူတို႔အတြက္ စားေပါက္ပိတ္မွာမို႔ ရင္ၾကားေစ့ေရးဟာ သူတို႔အတြက္ ေသမင္းေခၚသံလို ျဖစ္ေနပါတယ္။

ရင္ၾကားေစ့ေရးကိုမလိုလားတဲ့ ဒီမိုကရက္တစ္ေတြရွိတယ္ဆိုေပမယ့္ အမ်ားစုကိုမဆိုလိုပါဘူး။စုန္းျပဴးတခ်ိဳ႕တစ္ေလနဲ႔  အေမြးခံလို႔ ခံလိုက္ရမွန္းမသိတဲ့သူတစ္ခ်ိဳ႕ကို ဆိုလိုတာပါ။ယခင္က အာဏာရွင္အစိုးရကို အတိုက္အခံလုပ္ခဲ့လို႔ အထိုက္အေလွ်ာက္ ၾသဇာအာဏာရွိခဲ့သူေတြဟာ ျပည္တြင္းမွာအေျပာင္းအလဲေတြျဖစ္ၿပီး အတိုက္အခံက အာဏာရလာတဲ့အခါ သူတို႔ရဲ႕ၾသဇာအာဏာက အတိုးအေလွ်ာ့ျဖစ္လာခဲ့ပါတယ္။

ဒီအခ်ိန္မွာ အတိုက္အခံကေန အစိုးရျဖစ္လာတဲ့သူေတြဘက္က ေနရာေပးမႈမရွိတဲ့အခါ တခ်ိဳ႕တစ္ေလက နဂိုကတည္းက စိတ္ခံမေကာင္းခဲ့တဲ့အတြက္ ငါမပါတဲ့အဖြဲ႕ ဘာလုပ္လုပ္မေကာင္းဆိုတဲ့အျမင္နဲ႔ အမ်ိဳးသားရင္ၾကားေစ့ေရး အပါအဝင္ ျပည္တြင္းကိစၥရပ္ေတြမွန္သမွ်အေပၚ အစိုးရနဲ႔ကန႔္လန္႔တိုက္ ရပ္တည္ၾကတဲ့အခါ ျပည္သူအျမင္မွာ အာဏာရၿပီးမွ မညီမၫြတ္ၾကတဲ့ အတိုက္အခံေတြကို စိတ္ပ်က္ခဲ့ၾကပါတယ္။

ျပဳျပင္ေရးလား ေျပာင္းလဲေရးလား

လက္ရွိအစိုးရလုပ္ေနတဲ့အရာက ႏွစ္မ်ိဳးလုံးကိုကိုင္စြဲၿပီး က်င့္သုံးေနရတာပါ။တိုင္းျပည္ကိုအုပ္ခ်ဳပ္တဲ့ ဗ်ဴ႐ိုကေရစီယႏၲရားကို ဒီမိုကေရစီဆန္ဆန္ျဖစ္လာဖို႔ ထိန္းေက်ာင္းတဲ့ေနရာမွာ ျပဳျပင္ေရးကိုသာ အစိုးရက အဓိကကိုင္တြယ္လုပ္ေနရတာပါ။

အထူးသျဖင့္ ယခင္အစိုးရအကူးအေျပာင္းမွာ ထားခဲ့တဲ့သူေတြက လက္ရွိမွာ ဖယ္ရွားပစ္ဖို႔ဆိုတာ မလြယ္လွပါဘူး။ဒီလိုဖယ္ရွားမယ္ဆိုရင္ တိုင္းျပည္အုပ္ခ်ဳပ္ေရးယႏၲရားက ဝ႐ုန္းသုန္းကားျဖစ္လာပါလိမ့္မယ္။ဒါကိုလည္း ျပည္သူမဲနဲ႔တက္လာတဲ့ လက္ရွိအစိုးရအဖို႔ အာဏာကိုလက္မလႊတ္ခ်င္တဲ့သူေတြေထာင္ထားတဲ့ ေထာင္ေခ်ာက္ထဲေရာက္သြားမယ္ဆိုတာ ေကာင္းေကာင္းနားလည္ထားပါတယ္။ဒါေၾကာင့္လည္း အလုပ္နဲ႔ျပဳျပင္တဲ့လမ္းကို အစိုးရကေ႐ြးခ်ယ္ခဲ့တာပါ။အစိုးရဖြဲ႕ စည္းကတည္းက ပါတီကလူေတြကနည္းၿပီး ျပင္ပက ပညာရွင္ေတြ၊ တတ္သိနားလည္တဲ့သူေတြကို ေခၚတာဝန္ေပးၿပီး ပါတီက ေဘးကေနဝန္းရံထိန္းေက်ာင္းတဲ့ နည္းလမ္းနဲ႔ အစိုးရအဖြဲ႕ကို ထူေထာင္ခဲ့တာကိုေတြ႕ရပါတယ္။

ဒီလို လူကိုမၾကည့္ဘဲ စနစ္တစ္ခု မူတစ္ခုၿမဲဖို႔ လုပ္ေဆာင္ခဲ့တဲ့အတြက္လည္း အတြင္းထဲမွာ ငါဘယ္လိုေပးဆပ္ခဲ့တာ၊ ငါဘယ္ေလာက္ထိစြန႔္လႊတ္ခဲ့တာဆိုတဲ့ အေႂကြးေတာင္းသမားေတြက ေမွ်ာ္လင့္ထားသလို ေနရာမရတဲ့အခါ အျပစ္တင္တာေတြ၊ ေဝဖန္တာေတြ၊ ဘက္ကန္တာေတြ၊ ဘက္ေျပာင္းတာေတြ အမ်ားႀကီးျဖစ္ခဲ့တာကို ေတြ႕ရပါတယ္။ဒါက ျပဳျပင္ေရးေၾကာင့္ျဖစ္လာတဲ့ အခက္အခဲေတြပါ။ေျပာင္းလဲေရး (Revolution ) ကို လုပ္တဲ့အခါ ျဖစ္ေပၚလာတဲ့ဆန႔္က်င္မႈက ျပဳျပင္ေရး (Renovation) ထက္ ပိုျပင္းပါတယ္။

တစ္ကယ္ေတာ့ ကိုယ့္အက်ိဳးစီးပြားဆိုတာကိုသာ ကြက္မၾကည့္ဘဲ ေဘးပတ္ဝန္းက်င္ ႏိုင္ငံေရးအခင္းအက်င္းကိုလည္း ဂ႐ုျပဳထည့္စဥ္းစားမယ္ဆိုရင္ ႏိုင္ငံအတြက္ ဘယ္ေလာက္အေရးႀကီးတဲ့ အေျခအေနေရာက္ေနၿပီလဲဆိုတဲ့ တူညီတဲ့အျမင္ကို ရႏိုင္ၾကမွာျဖစ္ပါတယ္။

ဘယ္အစိုးရတက္တက္ဆိုေပမယ့္ ျပည္သူကိုဗဟိုျပဳတဲ့ အစိုးရမ်ိဳးကို ယေန႔ေခတ္မွသာ ကြၽန္ေတာ္တို႔ေတြ႕ႀကဳံရတာျဖစ္ပါတယ္။လာရာမတူရင္ လားရာမတူတတ္တဲ့အတြက္ အေခ်ာင္လိုခ်င္တဲ့သူေတြ၊ အာဏာကို အေခ်ာင္နည္းနဲ႔ အေၾကာက္တရားသုံးကာ ျပည္သူေတြဆီကေန လုယူခ်င္တဲ့သူေတြရွိတဲ့အတြက္ လာမယ့္ ၂၀၂၀ မွာ ဘာကိုေ႐ြးရမလဲဆိုတာ ျပည္သူကသိၿပီးသားဘဲျဖစ္ပါတယ္။လက္ရွိအစိုးရက အတိုက္အခံဘ၀မွာ အတိုက္အခံပီပီသသရွိခဲ့သလို အစိုးရဘ၀မွာလဲ ျပည္သူကိုမ်က္ႏွာမူတဲ့ အစိုးရဆိုတာကို ပီပီသသျပႏိုင္ေအာင္ ႀကိဳးစားခဲ့တာကိုေတြ႕ရပါတယ္။

ဒီအတြက္ ျပည္သူက ဘယ္သူ႔ကိုေ႐ြးရမလဲဆိုတာကို ၂၀၁၅ မွာ ခန႔္မွန္းမႈေတြ တက္တက္စင္လြဲေအာင္ ျပခဲ့ၿပီးပါၿပီ။ယခုလဲ ျပည္သူက ဘယ္သူ႔ကိုေ႐ြးရမလဲသိပါတယ္။ဒီအတြက္ ႏိုဝင္ဘာ ၈ ရက္ကို ေစာင့္ၾကည့္ဖို႔ဘဲ ေျပာခ်င္ပါတယ္။

ေမာင္ဦးလြင္
ၾသဂုတ္ - ၂၇