【 ဆောင်းပါး 】 “အခွင့်အရေးနှင့် ထိုက်တန်ပြီလား”

【 ဆောင်းပါး 】 “အခွင့်အရေးနှင့် ထိုက်တန်ပြီလား”

“ခုမှ feel တွေ စွတ်တက်မနေနဲ့၊ ဘာမှလုပ်လို့မရတော့ဘူး”

“ဟာ...ကိုကိုကလည်းဗျာ၊ ကိုယ့်ညီကို နှစ်သိမ့်မပေးဘဲ နှိပ်ကွပ်ဖို့ပဲ စဉ်းစားနေတယ်”

“ဘာလို့နှစ်သိမ့်ပေးရမှာလဲ။ငါမပြောဘူးလား။ကြိုတင်ပြင်ဆင်ထားပါလို့”

“မဆိုင်ပါဘူး ကိုကိုရာ။အခုရသွားတဲ့ နှစ်ယောက်ကလည်း ကျွန်တော့လို B.Com ဘွဲ့ ရထားတာပဲဟာ။သူတို့က ကံကောင်းသွားလို့ပါ”

“ဘာလို့ သူတို့က မင်းထက်ပိုပြီးကံကောင်းရမှာလဲ။ကံကောင်းချင်းကောင်းရင် မင်းက ပိုကံကောင်းတာပဲ။မင်းတို့ကို interview လုပ်တဲ့ သုံးယောက်ထဲမှာ အဖွဲ့ဝင်တစ်ယောက်က ငါ့သူငယ်ချင်းလေ”

“သူတို့လည်း ကျွန်တော့လို ပိုင်ရာဆိုင်ရာ ရှိလို့နေမှာပေါ့”

“ထားပါတော့။အဲဒါဆိုလည်း အတူတူကောင်းတာပဲလေ။အခွင့်အရေး အတူတူရတာပဲလေ။မင်းက အခွင့်အရေးမရတာ မဟုတ်ဘူး။ရတဲ့အခွင့်အရေးကို မဆုပ်ကိုင်နိုင်တာ။ရတဲ့အခွင့်အရေးနဲ့ မထိုက်တန်တာ”

“လုပ်ပြီ။ကိုကိုတို့ကတော့”

“မင်းကို ငါကြိုပြောတယ်လေ။ငါ့သူငယ်ချင်း အလုပ်လုပ်နေတဲ့ ကုမ္ပဏီက ဝန်ထမ်းအသစ် ခေါ်မယ်လို့။ကွန်ပျူတာတို့၊ speaking တို့ သင်တန်းတွေ တက်ထားပါလို့။ဒါကလည်း အခုမှပြောတာ မဟုတ်ဘူး။မင်းဘွဲ့ရပြီးကတည်းက တဖွဖွပြောခဲ့တာ”

“ကျွန်တော်က အဲဒီလိုမထင်မိဘူးလေ”

“ကိုယ်တိုင် အတွေ့အကြုံမရှိသေးလို့ မသိတာ မဆန်းပါဘူး။ဆန်းတာက အတွေ့အကြုံရှိတဲ့သူရဲ့ ပြောစကားကို မလိုက်နာတာပဲ။အခု အရွေးခံရတဲ့ နှစ်ယောက်က ကွန်ပျူတာအခြေခံ တတ်ထားတယ်လေ။မင်းကျန်ခဲ့တာ ဘာဆန်းလဲ။အခုမှတော့ feel ဖြစ်မနေနဲ့။ဒီအတွေ့အကြုံကိုယူပြီး နောက်တစ်ခါ ကံကောင်းအောင်လုပ်။နောက်ရမယ့် အခွင့်အရေးအတွက် ကြိုတင်ပြင်ဆင်ထားပေတော့”

ညီအစ်ကိဖြစ်ဟန်တူသော လူငယ်နှစ်ယောက် လက်ဖက်ရည်သောက်ရင်း ပေါက်ပေါက်ကွဲကွဲ ပြောနေကြတာပါ။သူတို့နှစ်ယောက်၏ အသံကို တစ်ဆိုင်လုံး ကြားနိုင်ပါသည်။

ကျွန်တော် လက်ဖက်ရည်ဆိုင်ထဲက ထွက်လာတော့၊ ကျွန်တော့စိတ်က လက်ဖက်ရည်ဆိုင်ထဲမှာ မကျန်ခဲ့ဘဲ သူတို့နှစ်ယောက်ပြောသည့် အကြောင်းအရာလေးနှင့်အတူ `အခွင့်အရေး´ ဆိုသည့် စကားလုံးလေးက ကျွန်တော်နှင့်အတူ လိုက်ပါလာခဲ့သည်။

အခွင့်အရေးဆိုတာကို လူတိုင်း မက်မောတတ်ကြပါသည်။သာမန်အခြေအနေထက် အနည်းငယ် (သို့မဟုတ်) များစွာ ခြားနားလျက် လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ခံစားပိုင်ခွင့် ပိုမိုရရှိခြင်းဟာ အခွင့်အရေးရရှိခြင်းပင် ဖြစ်သည်။

ကလေးငယ်တွေကိုပဲကြည့်ပါ။အခြားကလေးတွေ မုန့်တစ်ခုစီရလျှင် သူလည်းရချင်သည်။ဖြစ်နိုင်လျှင် နှစ်ခု၊ သုံးခု လိုချင်သည်။ညီအစ်ကိုမောင်နှမတွေကြားထဲမှာ သူက မုန့်ဖိုးပိုလိုချင်သည်။မိဘများ၏ ဂရုစိုက်ယုယမှုကို ပို၍ခံယူချင်သည်။

ပညာသင်ယူနေသော ကျောင်းသားလူငယ်များဆိုလျှင်လည်း သင်ခန်းစာနည်းနည်းသာ လေ့လာကျက်မှတ်ပြီး၊ အမှတ်ကောင်းကောင်း လိုချင်ကြသည်။သူတို့ ကျက်ထား၊ မှတ်ထားသမျှ သင်ခန်းစာတွေ စာမေးပွဲမေးခွန်းမှာ အကုန်ပါစေချင်သည်။

လုပ်ငန်းခွင် ဝင်တော့မည်ဆိုလျှင်လည်း interview မှာ အရွေးခံချင်ကြသည်။ဝန်ထမ်းရွေးချယ်မည့် အဖွဲ့ဝင်လူကြီးများနှင့် သိကျွမ်းရင်းနှီးချင်သည်။interview မှာ မေးမည့်မေးခွန်းကို ကြိုသိချင်သည်။လုပ်ငန်းခွင်ထဲ ရောက်ပြန်တော့ သက်သက်သာသာ လုပ်ကိုင်ပြီး၊ ဖြစ်နိုင်လျှင် အပိုဝင်ငွေရသည့် ဌာနမျိုးမှာ လုပ်ချင်ကြပြန်သည်။ရာထူးတိုးချင်ကြသည်။
နိုင်ငံခြားသွားဖို့ ရွေးချယ်ခံရသည့် ဝန်ထမ်းစာရင်းတွင် ပါဝင်စေချင်ကြသည်။

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး အဖွဲ့အစည်းများတွင်လည်း လုပ်ပိုင်ခွင့်ရှိသော EC အဖွဲ့ဝင်များ ဖြစ်ချင်ကြသည်။ဖြစ်နိုင်လျှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး နေရာကို ရချင်ကြသည်။

အခွင့်အရေးကို မျှော်လင့်စောင့်စားသူတွေ များလှ၏။ယနေ့ခေတ်အခါတွင် အခွင့်အရေးကို မျှော်လင့်စောင့်စား မနေတော့ဘဲ အခွင့်အရေး မရ ရအောင် ဖန်တီးကြိုးစားသူတွေ များလာလေပြီ။အခွင့်အရေးလိုချင်သူတွေ များပြားသော်လည်း၊ ထိုအခွင့်အရေးနှင့် တကယ်ထိုက်တန်သည့် အရည်အချင်းများရှိလာအောင် ဖြည့်ဆည်းပြင်ဆင်သူကား အလွန်နည်းပါးလှပေသည်။

ခန့်မှန်းမေးခွန်း spot လိုက်သော ကျောင်းသားများကိုကြည့်ပါ။လေ့ကျင့်သင့်သည့် ကျောင်းစာများကို မလေကျင့်ထားသောကြောင့် spot တိုးလျှင် စာမေးပွဲအောင်၍၊ spot မတိုးလျှင် စာမေးပွဲကျလေသည်။တစ်နှစ်လုံး အချိန်ကုန်ခံ ကျောင်းတက်လာခဲ့သော ကျောင်းသားတစ်ယောက်သည် spot မတိုး၍ စာမေးပွဲကျရှုံးရသည့် အဖြစ်ကား အလွန်နှမြောဖို့ ကောင်းလှပါသည်။

လေ့ကျင့်သင့်သည့် သင်ခန်းစာများကို အကုန်အစင် လေ့ကျင့်ထားသည့် ကျောင်းသားကား spot တိုးသည်ဖြစ်စေ၊ မတိုးသည်ဖြစ်စေ စာမေးပွဲကို မုချအောင်မြင်ကြသည်။spot တိုးခဲ့လျှင်တော့ ဂုဏ်ထူးသေချာပေါက်ထွက်၍ အမှတ်လည်းပိုကောင်းမည်ဖြစ်၏။Spot တိုးခြင်း၊ မတိုးခြင်းက မသေချာမရေရာဘဲ သင်ခန်းစာများကို ကြိုတင်၍ ကျေကျေညက်ညက် ကျက်မှတ်လေ့ကျင့်ထားခြင်းသည်သာ ရေရာသေချာကြောင်း သိနိုင်ပါသည်။

Interview ဖြေမည့်သူများအနေနှင့်လည်း၊ မိမိ၏ ကျွမ်းကျင်ဘာသာရပ်နှင့် သက်ဆိုင်သော သင်ခန်းစာများ၊ ဗဟုသုတများ၊ အတွေးအခေါ် အယူအဆများကို ပြန်လည်လေ့ကျင့်ထားရပေမည်။လုပ်ငန်းနှင့် ပတ်သက်သည့် အချက်အလက်များ၊ ဗဟုသုတများကို ကြိုတင်လေ့လာ၊ လေ့ကျင့်ထားရမည်။လုပ်ငန်းတိုင်းတွင် မရှိမဖြစ်အသုံးပြုလေ့ရှိသော ကွန်ပျူတာကဲ့သို့ ပညာရပ်များကိုလည်း သင်ယူလေ့ကျင့်ထားသင့်သည်။ထိုသို့ ကြိုတင်၍ ပြင်ဆင်လေ့ကျင့်ထားမှသာ မိမိကိုယ်မိမိ ယုံကြည်စိတ် (self-confidence) ရှိပြီး interview ကိုလည်း အဆင်ပြေစွာ ဖြေဆိုအောင်မြင်နိုင်မည် ဖြစ်သည်။

အခွင့်အရေးတစ်ခုကို တကယ်ရလိုလျှင် ထိုအခွင့်အရေးနှင့် ထိုက်တန်အောင် ကြိုတင်ပြင်ဆင်ထားသင့်၏။သို့မှသာ ရလာသော အခွင့်အရေးကို လက်မလွတ်တမ်း ဆုပ်ကိုင်နိုင်ပြီး၊ ရရှိလာမည့်နေရာတွင်လည်း ကာလကြာရှည် ရပ်တည်သွားနိုင်မည် ဖြစ်သည်။လုပ်ငန်းအသိုင်းအဝိုင်းရှိ လူများကိုလည်း ကောင်းစွာအကျိုးပြုနိုင်ပေလိမ့်မည်။

တကယ်တော့ အခွင့်အရေးဆိုတာ ဘယ်အချိန်ရမည် မသိသော၊ ရချင်မှလည်း ရတတ်သော၊ ထပ်ခါထပ်ခါလည်း ရတတ်သော၊ မသေချာမရေရာသည့် မျှော်လင့်ချက်တစ်ခု ဖြစ်သည်။သို့သော်လည်း တန်ဖိုးကြီးပါသည်။တန်ခိုးလည်းကြီးပါသည်။

ထို့ကြောင့်လည်း လူတွေက အခွင့်အရေးကို မျှော်နေကြခြင်း ဖြစ်သည်။အခွင့်အရေးတစ်ခါ ရပြီးလျှင်လည်း နောက်ထပ် နောက်ထပ် များစွာရချင်ပြန်သည်။

Opportunity touches a person at least once in his lifetime.

လူတစ်ယောက်ဟာ ဘဝတစ်သက်တာမှာ အနည်းဆုံး တစ်ခါတော့ အခွင့်အရေးရတတ်သည်ဟု ဆိုကြသည်။တချို့ကျတော့ ဘဝတစ်သက်တာမှာ အနည်းဆုံးသုံးကြိမ် အခွင့်အရေးရတတ်သည်ဟု ဆိုကြပြန်သည်။

အဘယ်မျှ ဒုက္ခဆင်းရဲခံစားနေရသည် ဖြစ်ပါစေ၊ တစ်နည်းနည်းနှင့်တော့ အခွင့်အရေးရလာမှာပဲဟု မျှော်လင့်နေတတ်ကြသည်။အခွင့်အရေးကို လူတိုင်းမျှော်လင့်တတ်သော်လည်း ရရှိလာသော အခွင့်အရေးနှင့် ထိုက်တန်သူကား ရှားပါးလှ၏။

ကျွန်တော်နှင့် ရင်းနှီးသော လူငယ်တစ်ယောက် ရှိပါသည်။သူ့အဖေက ရုံးတစ်ရုံးမှာ ဒါရိုက်တာတစ်ယောက်ပါ။ထိုလူငယ်အတွက် သူ့အဖေရုံးမှာ ဝင်ရောက်လုပ်ကိုင်ဖို့ အခွင့်အရေးက အသေအချာရှိနေပါပြီ။အချိန်ပိုင်းလေးတစ်ခုလောက် ခဏစောင့်လိုက်လျှင် အလုပ်တစ်နေရာ ရပြီပေါ့။သို့သော် ထိုလူငယ်လေး အလုပ်မရပါ။သူက ဆယ်တန်းမအောင်ထားသောကြောင့် ဖြစ်ပါသည်။သူ့အဖေက သူ့အတွက် အလုပ်ရလျှင်ပြီးရောဆိုပြီး လုံခြုံရေးဝန်ထမ်း၊ ရုံးအကူဝန်ထမ်း အဖြစ်လည်း မခန့်ထားခဲ့ပါ။သားသမီးကြောင့် မိဘသိက္ခာကျမည်ဟု စဉ်းစားခဲ့သောကြောင့်ပါ။

တကယ်တမ်း ဆန်းစစ်ကြည့်လျှင်၊အ ခွင့်အရေးရဖို့ထက် ရလာသော အခွင့်အရေးနှင့် ထိုက်တန်သည့် အရည်အချင်းရှိဖို့က ပို၍အရေးကြီးသည်ကို တွေ့ရ၏။

အခွင့်အရေးကောင်းကြောင့် ရရှိလာသော နေရာသည် သာမန်နေရာ နိမ့်နိမ့်ဆိုလျှင် တော်သေးသည်။အမြင့်ဆုံးနေရာမျိုးဖြစ်ပြီး ထိုနေရာနှင့် ထိုက်တန်သော အရည်အချင်းကလည်း မရှိလျှင် ပြဿနာအကြီးကြီး ဖြစ်ပေလိမ့်မည်။

သို့ဖြစ်၍ လူငယ်များအနေနှင့်၊ အခွင့်အရေးကို ရအောင်ယူ၍ ထိုအခွင့်အရေးနှင့် ထိုက်တန်အောင်လည်း ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းနှင့် လူကြီးများအနေနှင့်လည်း ရရှိထားသော အခွင့်အရေးနှင့် ထိုက်တန်အောင် ပြုပြင်မွမ်းမံသင့်၍ မပြုပြင်နိုင်လျှင်လည်း မိမိနှင့် မထိုက်တန်သော အခွင့်အရေးကို စွန့်လွှတ်ပြီး ထိုက်တန်သူအတွက် မုဒိတာပွားသင့်ပါကြောင်း။

ရိုက်မောင်း
ဒီဇင်ဘာ - ၆

( Zawgyi )

“ခုမွ feel ေတြ စြတ္တက္မေနနဲ႔၊ ဘာမွလုပ္လို႔မရေတာ့ဘူး”

“ဟာ...ကိုကိုကလည္းဗ်ာ၊ ကိုယ့္ညီကို ႏွစ္သိမ့္မေပးဘဲ ႏွိပ္ကြပ္ဖို႔ပဲ စဥ္းစားေနတယ္”

“ဘာလို႔ႏွစ္သိမ့္ေပးရမွာလဲ။ငါမေျပာဘူးလား။ႀကိဳတင္ျပင္ဆင္ထားပါလို႔”

“မဆိုင္ပါဘူး ကိုကိုရာ။အခုရသြားတဲ့ ႏွစ္ေယာက္ကလည္း ကြၽန္ေတာ့လို B.Com ဘြဲ႕ ရထားတာပဲဟာ။သူတို႔က ကံေကာင္းသြားလို႔ပါ”

“ဘာလို႔ သူတို႔က မင္းထက္ပိုၿပီးကံေကာင္းရမွာလဲ။ကံေကာင္းခ်င္းေကာင္းရင္ မင္းက ပိုကံေကာင္းတာပဲ။မင္းတို႔ကို interview လုပ္တဲ့ သုံးေယာက္ထဲမွာ အဖြဲ႕ဝင္တစ္ေယာက္က ငါ့သူငယ္ခ်င္းေလ”

“သူတို႔လည္း ကြၽန္ေတာ့လို ပိုင္ရာဆိုင္ရာ ရွိလို႔ေနမွာေပါ့”

“ထားပါေတာ့။အဲဒါဆိုလည္း အတူတူေကာင္းတာပဲေလ။အခြင့္အေရး အတူတူရတာပဲေလ။မင္းက အခြင့္အေရးမရတာ မဟုတ္ဘူး။ရတဲ့အခြင့္အေရးကို မဆုပ္ကိုင္ႏိုင္တာ။ရတဲ့အခြင့္အေရးနဲ႔ မထိုက္တန္တာ”

“လုပ္ၿပီ။ကိုကိုတို႔ကေတာ့”

“မင္းကို ငါႀကိဳေျပာတယ္ေလ။ငါ့သူငယ္ခ်င္း အလုပ္လုပ္ေနတဲ့ ကုမၸဏီက ဝန္ထမ္းအသစ္ ေခၚမယ္လို႔။ကြန္ပ်ဴတာတို႔၊ speaking တို႔ သင္တန္းေတြ တက္ထားပါလို႔။ဒါကလည္း အခုမွေျပာတာ မဟုတ္ဘူး။မင္းဘြဲ႕ရၿပီးကတည္းက တဖြဖြေျပာခဲ့တာ”

“ကြၽန္ေတာ္က အဲဒီလိုမထင္မိဘူးေလ”

“ကိုယ္တိုင္ အေတြ႕အႀကဳံမရွိေသးလို႔ မသိတာ မဆန္းပါဘူး။ဆန္းတာက အေတြ႕အႀကဳံရွိတဲ့သူရဲ႕ ေျပာစကားကို မလိုက္နာတာပဲ။အခု အေ႐ြးခံရတဲ့ ႏွစ္ေယာက္က ကြန္ပ်ဴတာအေျခခံ တတ္ထားတယ္ေလ။မင္းက်န္ခဲ့တာ ဘာဆန္းလဲ။အခုမွေတာ့ feel ျဖစ္မေနနဲ႔။ဒီအေတြ႕အႀကဳံကိုယူၿပီး ေနာက္တစ္ခါ ကံေကာင္းေအာင္လုပ္။ေနာက္ရမယ့္ အခြင့္အေရးအတြက္ ႀကိဳတင္ျပင္ဆင္ထားေပေတာ့”

ညီအစ္ကိျဖစ္ဟန္တူေသာ လူငယ္ႏွစ္ေယာက္ လက္ဖက္ရည္ေသာက္ရင္း ေပါက္ေပါက္ကြဲကြဲ ေျပာေနၾကတာပါ။သူတို႔ႏွစ္ေယာက္၏ အသံကို တစ္ဆိုင္လုံး ၾကားႏိုင္ပါသည္။

ကြၽန္ေတာ္ လက္ဖက္ရည္ဆိုင္ထဲက ထြက္လာေတာ့၊ ကြၽန္ေတာ့စိတ္က လက္ဖက္ရည္ဆိုင္ထဲမွာ မက်န္ခဲ့ဘဲ သူတို႔ႏွစ္ေယာက္ေျပာသည့္ အေၾကာင္းအရာေလးႏွင့္အတူ `အခြင့္အေရး´ ဆိုသည့္ စကားလုံးေလးက ကြၽန္ေတာ္ႏွင့္အတူ လိုက္ပါလာခဲ့သည္။

အခြင့္အေရးဆိုတာကို လူတိုင္း မက္ေမာတတ္ၾကပါသည္။သာမန္အေျခအေနထက္ အနည္းငယ္ (သို႔မဟုတ္) မ်ားစြာ ျခားနားလ်က္ လုပ္ပိုင္ခြင့္၊ ေျပာပိုင္ခြင့္၊ ခံစားပိုင္ခြင့္ ပိုမိုရရွိျခင္းဟာ အခြင့္အေရးရရွိျခင္းပင္ ျဖစ္သည္။

ကေလးငယ္ေတြကိုပဲၾကည့္ပါ။အျခားကေလးေတြ မုန႔္တစ္ခုစီရလွ်င္ သူလည္းရခ်င္သည္။ျဖစ္ႏိုင္လွ်င္ ႏွစ္ခု၊ သုံးခု လိုခ်င္သည္။ညီအစ္ကိုေမာင္ႏွမေတြၾကားထဲမွာ သူက မုန႔္ဖိုးပိုလိုခ်င္သည္။မိဘမ်ား၏ ဂ႐ုစိုက္ယုယမႈကို ပို၍ခံယူခ်င္သည္။

ပညာသင္ယူေနေသာ ေက်ာင္းသားလူငယ္မ်ားဆိုလွ်င္လည္း သင္ခန္းစာနည္းနည္းသာ ေလ့လာက်က္မွတ္ၿပီး၊ အမွတ္ေကာင္းေကာင္း လိုခ်င္ၾကသည္။သူတို႔ က်က္ထား၊ မွတ္ထားသမွ် သင္ခန္းစာေတြ စာေမးပြဲေမးခြန္းမွာ အကုန္ပါေစခ်င္သည္။

လုပ္ငန္းခြင္ ဝင္ေတာ့မည္ဆိုလွ်င္လည္း interview မွာ အေ႐ြးခံခ်င္ၾကသည္။ဝန္ထမ္းေ႐ြးခ်ယ္မည့္ အဖြဲ႕ဝင္လူႀကီးမ်ားႏွင့္ သိကြၽမ္းရင္းႏွီးခ်င္သည္။interview မွာ ေမးမည့္ေမးခြန္းကို ႀကိဳသိခ်င္သည္။လုပ္ငန္းခြင္ထဲ ေရာက္ျပန္ေတာ့ သက္သက္သာသာ လုပ္ကိုင္ၿပီး၊ ျဖစ္ႏိုင္လွ်င္ အပိုဝင္ေငြရသည့္ ဌာနမ်ိဳးမွာ လုပ္ခ်င္ၾကျပန္သည္။ရာထူးတိုးခ်င္ၾကသည္။
ႏိုင္ငံျခားသြားဖို႔ ေ႐ြးခ်ယ္ခံရသည့္ ဝန္ထမ္းစာရင္းတြင္ ပါဝင္ေစခ်င္ၾကသည္။

လူမႈေရး၊ စီးပြားေရး၊ ႏိုင္ငံေရး၊ ဘာသာေရး အဖြဲ႕အစည္းမ်ားတြင္လည္း လုပ္ပိုင္ခြင့္ရွိေသာ EC အဖြဲ႕ဝင္မ်ား ျဖစ္ခ်င္ၾကသည္။ျဖစ္ႏိုင္လွ်င္ ဥကၠ႒၊ အတြင္းေရးမႉး ေနရာကို ရခ်င္ၾကသည္။

အခြင့္အေရးကို ေမွ်ာ္လင့္ေစာင့္စားသူေတြ မ်ားလွ၏။ယေန႔ေခတ္အခါတြင္ အခြင့္အေရးကို ေမွ်ာ္လင့္ေစာင့္စား မေနေတာ့ဘဲ အခြင့္အေရး မရ ရေအာင္ ဖန္တီးႀကိဳးစားသူေတြ မ်ားလာေလၿပီ။အခြင့္အေရးလိုခ်င္သူေတြ မ်ားျပားေသာ္လည္း၊ ထိုအခြင့္အေရးႏွင့္ တကယ္ထိုက္တန္သည့္ အရည္အခ်င္းမ်ားရွိလာေအာင္ ျဖည့္ဆည္းျပင္ဆင္သူကား အလြန္နည္းပါးလွေပသည္။

ခန႔္မွန္းေမးခြန္း spot လိုက္ေသာ ေက်ာင္းသားမ်ားကိုၾကည့္ပါ။ေလ့က်င့္သင့္သည့္ ေက်ာင္းစာမ်ားကို မေလက်င့္ထားေသာေၾကာင့္ spot တိုးလွ်င္ စာေမးပြဲေအာင္၍၊ spot မတိုးလွ်င္ စာေမးပြဲက်ေလသည္။တစ္ႏွစ္လုံး အခ်ိန္ကုန္ခံ ေက်ာင္းတက္လာခဲ့ေသာ ေက်ာင္းသားတစ္ေယာက္သည္ spot မတိုး၍ စာေမးပြဲက်ရႈံးရသည့္ အျဖစ္ကား အလြန္ႏွေျမာဖို႔ ေကာင္းလွပါသည္။

ေလ့က်င့္သင့္သည့္ သင္ခန္းစာမ်ားကို အကုန္အစင္ ေလ့က်င့္ထားသည့္ ေက်ာင္းသားကား spot တိုးသည္ျဖစ္ေစ၊ မတိုးသည္ျဖစ္ေစ စာေမးပြဲကို မုခ်ေအာင္ျမင္ၾကသည္။spot တိုးခဲ့လွ်င္ေတာ့ ဂုဏ္ထူးေသခ်ာေပါက္ထြက္၍ အမွတ္လည္းပိုေကာင္းမည္ျဖစ္၏။Spot တိုးျခင္း၊ မတိုးျခင္းက မေသခ်ာမေရရာဘဲ သင္ခန္းစာမ်ားကို ႀကိဳတင္၍ ေက်ေက်ညက္ညက္ က်က္မွတ္ေလ့က်င့္ထားျခင္းသည္သာ ေရရာေသခ်ာေၾကာင္း သိႏိုင္ပါသည္။

Interview ေျဖမည့္သူမ်ားအေနႏွင့္လည္း၊ မိမိ၏ ကြၽမ္းက်င္ဘာသာရပ္ႏွင့္ သက္ဆိုင္ေသာ သင္ခန္းစာမ်ား၊ ဗဟုသုတမ်ား၊ အေတြးအေခၚ အယူအဆမ်ားကို ျပန္လည္ေလ့က်င့္ထားရေပမည္။လုပ္ငန္းႏွင့္ ပတ္သက္သည့္ အခ်က္အလက္မ်ား၊ ဗဟုသုတမ်ားကို ႀကိဳတင္ေလ့လာ၊ ေလ့က်င့္ထားရမည္။လုပ္ငန္းတိုင္းတြင္ မရွိမျဖစ္အသုံးျပဳေလ့ရွိေသာ ကြန္ပ်ဴတာကဲ့သို႔ ပညာရပ္မ်ားကိုလည္း သင္ယူေလ့က်င့္ထားသင့္သည္။ထိုသို႔ ႀကိဳတင္၍ ျပင္ဆင္ေလ့က်င့္ထားမွသာ မိမိကိုယ္မိမိ ယုံၾကည္စိတ္ (self-confidence) ရွိၿပီး interview ကိုလည္း အဆင္ေျပစြာ ေျဖဆိုေအာင္ျမင္ႏိုင္မည္ ျဖစ္သည္။

အခြင့္အေရးတစ္ခုကို တကယ္ရလိုလွ်င္ ထိုအခြင့္အေရးႏွင့္ ထိုက္တန္ေအာင္ ႀကိဳတင္ျပင္ဆင္ထားသင့္၏။သို႔မွသာ ရလာေသာ အခြင့္အေရးကို လက္မလြတ္တမ္း ဆုပ္ကိုင္ႏိုင္ၿပီး၊ ရရွိလာမည့္ေနရာတြင္လည္း ကာလၾကာရွည္ ရပ္တည္သြားႏိုင္မည္ ျဖစ္သည္။လုပ္ငန္းအသိုင္းအဝိုင္းရွိ လူမ်ားကိုလည္း ေကာင္းစြာအက်ိဳးျပဳႏိုင္ေပလိမ့္မည္။

တကယ္ေတာ့ အခြင့္အေရးဆိုတာ ဘယ္အခ်ိန္ရမည္ မသိေသာ၊ ရခ်င္မွလည္း ရတတ္ေသာ၊ ထပ္ခါထပ္ခါလည္း ရတတ္ေသာ၊ မေသခ်ာမေရရာသည့္ ေမွ်ာ္လင့္ခ်က္တစ္ခု ျဖစ္သည္။သို႔ေသာ္လည္း တန္ဖိုးႀကီးပါသည္။တန္ခိုးလည္းႀကီးပါသည္။

ထို႔ေၾကာင့္လည္း လူေတြက အခြင့္အေရးကို ေမွ်ာ္ေနၾကျခင္း ျဖစ္သည္။အခြင့္အေရးတစ္ခါ ရၿပီးလွ်င္လည္း ေနာက္ထပ္ ေနာက္ထပ္ မ်ားစြာရခ်င္ျပန္သည္။

Opportunity touches a person at least once in his lifetime.

လူတစ္ေယာက္ဟာ ဘဝတစ္သက္တာမွာ အနည္းဆုံး တစ္ခါေတာ့ အခြင့္အေရးရတတ္သည္ဟု ဆိုၾကသည္။တခ်ိဳ႕က်ေတာ့ ဘဝတစ္သက္တာမွာ အနည္းဆုံးသုံးႀကိမ္ အခြင့္အေရးရတတ္သည္ဟု ဆိုၾကျပန္သည္။

အဘယ္မွ် ဒုကၡဆင္းရဲခံစားေနရသည္ ျဖစ္ပါေစ၊ တစ္နည္းနည္းႏွင့္ေတာ့ အခြင့္အေရးရလာမွာပဲဟု ေမွ်ာ္လင့္ေနတတ္ၾကသည္။အခြင့္အေရးကို လူတိုင္းေမွ်ာ္လင့္တတ္ေသာ္လည္း ရရွိလာေသာ အခြင့္အေရးႏွင့္ ထိုက္တန္သူကား ရွားပါးလွ၏။

ကြၽန္ေတာ္ႏွင့္ ရင္းႏွီးေသာ လူငယ္တစ္ေယာက္ ရွိပါသည္။သူ႔အေဖက ႐ုံးတစ္႐ုံးမွာ ဒါ႐ိုက္တာတစ္ေယာက္ပါ။ထိုလူငယ္အတြက္ သူ႔အေဖ႐ုံးမွာ ဝင္ေရာက္လုပ္ကိုင္ဖို႔ အခြင့္အေရးက အေသအခ်ာရွိေနပါၿပီ။အခ်ိန္ပိုင္းေလးတစ္ခုေလာက္ ခဏေစာင့္လိုက္လွ်င္ အလုပ္တစ္ေနရာ ရၿပီေပါ့။သို႔ေသာ္ ထိုလူငယ္ေလး အလုပ္မရပါ။သူက ဆယ္တန္းမေအာင္ထားေသာေၾကာင့္ ျဖစ္ပါသည္။သူ႔အေဖက သူ႔အတြက္ အလုပ္ရလွ်င္ၿပီးေရာဆိုၿပီး လုံၿခဳံေရးဝန္ထမ္း၊ ႐ုံးအကူဝန္ထမ္း အျဖစ္လည္း မခန႔္ထားခဲ့ပါ။သားသမီးေၾကာင့္ မိဘသိကၡာက်မည္ဟု စဥ္းစားခဲ့ေသာေၾကာင့္ပါ။

တကယ္တမ္း ဆန္းစစ္ၾကည့္လွ်င္၊အ ခြင့္အေရးရဖို႔ထက္ ရလာေသာ အခြင့္အေရးႏွင့္ ထိုက္တန္သည့္ အရည္အခ်င္းရွိဖို႔က ပို၍အေရးႀကီးသည္ကို ေတြ႕ရ၏။

အခြင့္အေရးေကာင္းေၾကာင့္ ရရွိလာေသာ ေနရာသည္ သာမန္ေနရာ နိမ့္နိမ့္ဆိုလွ်င္ ေတာ္ေသးသည္။အျမင့္ဆုံးေနရာမ်ိဳးျဖစ္ၿပီး ထိုေနရာႏွင့္ ထိုက္တန္ေသာ အရည္အခ်င္းကလည္း မရွိလွ်င္ ျပႆနာအႀကီးႀကီး ျဖစ္ေပလိမ့္မည္။

သို႔ျဖစ္၍ လူငယ္မ်ားအေနႏွင့္၊ အခြင့္အေရးကို ရေအာင္ယူ၍ ထိုအခြင့္အေရးႏွင့္ ထိုက္တန္ေအာင္လည္း ႀကိဳတင္ျပင္ဆင္ထားသင့္ေၾကာင္းႏွင့္ လူႀကီးမ်ားအေနႏွင့္လည္း ရရွိထားေသာ အခြင့္အေရးႏွင့္ ထိုက္တန္ေအာင္ ျပဳျပင္မြမ္းမံသင့္၍ မျပဳျပင္ႏိုင္လွ်င္လည္း မိမိႏွင့္ မထိုက္တန္ေသာ အခြင့္အေရးကို စြန႔္လႊတ္ၿပီး ထိုက္တန္သူအတြက္ မုဒိတာပြားသင့္ပါေၾကာင္း။

႐ိုက္ေမာင္း
ဒီဇင္ဘာ - ၆