【 ဆောင်းပါး 】 “အစိုးရသစ် ပထမရက်ပေါင်း ၁၀၀ နှင့် စာမျက်နှာသစ်နိဒါန်း”

【 ဆောင်းပါး 】 “အစိုးရသစ် ပထမရက်ပေါင်း ၁၀၀ နှင့် စာမျက်နှာသစ်နိဒါန်း”

“ခေါင်းဆောင်တစ်ဦးဟာ စွမ်းဆောင်မှုနဲ့ပတ်သက်လို့ သူ့လူတွေအပေါ်မှာ အားထားမယ်ဆိုရင် အကောင်းဆုံးလက်ရွေးစင်တွေကို ရွေးထုတ်ပါ။လေ့ကျင့်သင်ကြားပေးပါ။ပြီးတော့ အားပေးပါ။သူတို့မှာ အမှားရှိနေသေးရင် ပိုမိုထိရောက်ပြတ်သားတဲ့ လမ်းညွှန်မှုကိုပေးပါ။ဒါနဲ့တောင် ဆက်ပြီးမှားနေမယ်၊ အဆင်မပြေဖြစ်နေမယ်ဆိုရင် သူတို့စိတ်ဓာတ်ကို မြှင့်တင်ပေးပြီး ရှေ့ဆက်လုပ်ဆောင်ပါစေ။နိုင်ငံတစ်နိုင်ငံအတွက် အစိုးရအဖွဲ့ အတွေ့အကြုံမကြွယ်သေးသမျှ ထိရောက်တဲ့ စွမ်းဆောင်မှုကို တွေ့မြင်ရဦးမှာမဟုတ်ဘူး” 
 
ဒေါ်နယ်ရမ်းစဖဲလ် (အမေရိကန် ကာကွယ်ရေးဝန်ကြီးဟောင်း)
 
နိုင်ငံအတွက် မဲဆန္ဒရှင်ပြည်သူလူထုက လိုလိုလားလား ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ်ရဲ့ အရည်အချင်းနဲ့ စွမ်းဆောင်မှုကို စတင်အကဲခတ်တဲ့ကာလပဲဖြစ်ပါတယ်။ရက်ပေါင်း ၁၀၀ ကာလမှာ ရွေးကောက်တင်မြှောက်ခံ သမ္မတကဦးဆောင်ပြီး သူရွေးချယ်ထားတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့အတူ အရင်အစိုးရနဲ့ ဘယ်လိုမတူကွဲပြားခြားနားတဲ့ စွမ်းဆောင်မှုတွေနဲ့ စတင်ပုံဖော်လာမလဲဆိုတာကို မျှော်လင့်နေကြတာဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကမ္ဘာအရှေ့နဲ့ အနောက်မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေကနေ နိုင်ငံရေးအခင်းအကျင်းသစ် ဖြစ်ပေါ်လာနိုင်တဲ့ အစိုးရသစ်နှစ်ရပ် ပေါ်ပေါက်လာမယ့်အနေအထားကို တွေ့ကြရပြီးဖြစ်ပါတယ်။ကမ္ဘာအနောက်ဘက်ခြမ်းက အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်ပါတီက ဂျိုးဘိုင်ဒင် ဦးဆာင်လာမယ့် အစိုးရသစ်နဲ့ ကမ္ဘာအရှေ့ဘက်ခြမ်းက မြန်မာနိုင်ငံမှာ အဟောင်းဆိုပေမဲ့ အသွင်သစ်အဖြစ် ပြောင်းလဲလာမယ့် NLD အစိုးရသစ်တို့ကို တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။
 
လတ်တလော နိုင်ငံရေးအခင်းအကျင်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ရွေးကောက်တင်မြှောက်ခံ သမ္မတဖြစ်လာမယ့် ဂျိုးဘိုင်ဒင်ကတော့ သူ့အစိုးရအဖွဲ့မှာ ပါဝင်လာမယ့် အစိုးရအဖွဲ့ဝင်တွေကို လျာထားသတ်မှတ်မှုပြုလာတာကို တွေ့ကြရပါတယ်။ဘိုင်ဒင် က သူ့ရဲ့အစိုးရအဖွဲ့ကို ဘယ်လိုအကောင်းဆုံးစုဖွဲ့ထားတယ်ဆိုတာကို ပြောဖို့စောနေသေးပေမဲ့ များမကြာမီမှာ လုပ်ပိုင်ခွင့်အာဏာရရှိလာမယ့် သူ့အစိုးရရဲ့ မူဝါဒလမ်းစဉ်တွေကိုတော့ လက်ရှိသမ္မတအစိုးရအဖွဲ့နဲ့ မတူခြားနားတဲ့ မူဝါဒလမ်းစဉ်နဲ့ လျှောက်လှမ်းသွားမယ့် အရိပ်လက္ခဏာတွေကို ထုတ်ဖော်ပြသလာခဲ့ပါတယ်။
 
ဒါဆိုရင် ဂျိုးဘိုင်ဒင် ဦးဆောင်တဲ့ အစိုးရရဲ့ ပထမရက်ပေါင်း ၁၀၀ မှာ ဘယ်လိုအခင်းအကျင်းတွေကိုတွေ့ရမလဲ။နိုင်ငံရဲ့ဆုတ်ယုတ်မှေးမှိန်နေတဲ့ ပုံရိပ်ကို ဘိုင်ဒင် ဦးဆောင်တဲ့ အစိုးရသစ်က ဘယ်လိုကြည်လင်ပြတ်သားအောင် ပုံဖော်လာမလဲ။အထူးသဖြင့် နိုင်ငံစီးပွားရေး၊ လူမျိုးရေးတရားမျှတမှု၊ ပညာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု စတဲ့ အခင်းအကျင်းတွေကို မဲဆွယ်စည်းရုံးလှုံ့ဆော်စဉ်ကာလက ပေးထားတဲ့ ကတိတွေနဲ့အညီ ဘယ်လို အကောင်းဆုံး ပုံဖော်သွားမလဲဆိုတာကလည်း စောင့်ကြည့်ချင်စရာပဲဖြစ်ပါတယ်။
 
လတ်တလောအနေအထားအရ နိုင်ငံရဲ့ အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု ပြဿနာဟာ ဘိုင်ဒင်အစိုးရရဲ့ ပထမရက်ပေါင်း ၁၀၀ မှာ အဓိက ဦးစားပေးဆောင်ရွက်ရမယ့် အနေအထားမှာရှိနေပါတယ်။ဘာကြောင့်လဲဆိုရင် လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ရောဂါက အမေရိကအပေါ် ဆိုးဆိုးရွားရွား ဖိစီးနှိပ်စက်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၇ သန်းကျော်ရှိပြီး သေဆုံးသူ သုံးသိန်းကျော်ရှိနေတာကလည်း ဘိုင်ဒင် အစိုးရသစ်အတွက် ရက်ပေါင်း ၁၀၀ ကာလအတွင်း ကပ်ရောဂါအရေးကိစ္စကို ပထမဦးစားပေးအဖြစ် ရင်ဆိုင်ဖြေရှင်းသွားရမှာဖြစ်ပါတယ်။ဒါကြောင့်လည်း သူသာ အိမ်ဖြူတော်ရောက်လာခဲ့ရင် အမေရိကန်နိုင်ငံသားအားလုံး အခမဲ့ ကပ်ရောဂါကာကွယ်ဆေးထိုးနှံခွင့် ရရှိရေးအတွက် အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ သုံးစွဲသွားဖို့ စီစဉ်ထားပြီးဖြစ်ပါတယ်။
 
နောက်တစ်ခုက ကပ်ရောဂါကြောင့် အမေရိကန်ပြည်ထောင်စုရဲ့ စီးပွားရေးလေးအီတုန့်ဆိုင်းနေမှုနဲ့ အလုပ်လက်မဲ့နှုန်းမြင့်တက်နေမှု ပြဿနာတွေရှိနေတဲ့ အနေအထားကလည်း ကပ်ဘေးအလွန် နိုင်ငံစီးပွားရေး ပုံမှန်ပြန်လည်ရောက်ရှိရေးဟာ ဘိုင်ဒင် အစိုးရသစ်အတွက် အဓိကဦးစားပေးဖြစ်လာပါလိမ့်မယ်။ဒါကြောင့်လည်း စီးပွားရေးနယ်ပယ်ကဏ္ဍမှာ ပမာဏကြီးမားစွာ ရင်းနှီးမြှုပ်နှံသွားမှာဖြစ်ပြီး အလုပ်အကိုင်နေရာ ၅ သန်း ဖန်တီးပေးနိုင်ဖို့ ဘိုင်ဒင် အစိုးရသစ်က မျှော်လင့်နေတာဖြစ်ပါတယ်။
 
ဒါတင်မကသေးဘဲ ဘိုင်ဒင်အစိုးရဟာ ထရမ့်အစိုးရလက်ထက်က ဆက်ဆံရေး အဆင်မချောမွေ့ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ပြန်လည်ပူးပေါင်းသွားဖို့ စီစဉ်ထားသလို ထရမ့်ကြောင့် မျက်နှာမလှခဲ့ရတဲ့ ၂၀၁၅ ပါရီသဘောတူညီမှုမှာ ပြန်လည်ပါဝင်ပြီး အဖတ်ဆယ်ဖို့ အသင့်ပြင်ဆင်နေပြီဖြစ်ပါတယ်။
 
ဆိုရရင် ဘိုင်ဒင် အစိုးရသစ်ဟာ ထရမ့်အစိုးရနဲ့ မတူကွဲပြားတဲ့ မူဝါဒအပြောင်းအလဲတွေနဲ့အတူ သူ့အစိုးရအဖွဲ့ရက်ပေါင်း ၁၀၀ ကာလ စီမံဆောင်ရွက်မှုတွေကနေ မဲဆန္ဒရှင်ပြည်သူတွေအတွက် ဘယ်လောက်အထိ အားရကျေနပ်စေမလဲဆိုတဲ့ အဖြေကိုတော့ မကြာခင်မှာ မျက်ဝါးထင်ထင်တွေ့ကြရတော့မှာဖြစ်ပါတယ်။
 
အဲဒီလိုပဲ ကမ္ဘာအရှေ့ဘက်က မြန်မာနိုင်ငံမှာဆိုရင်လည်း ရွေးကောက်ပွဲအနိုင်ရ NLD ပါတီအနေနဲ့ သူ့ရဲ့ အစိုးရဒုတိယသက်တမ်းကာလအတွက် ပြင်ဆင်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။ NLD အနေနဲ့ ပထမ သက်တမ်းကာလက အစိုးရအဖွဲ့နဲ့ မတူခြားနားတဲ့ အစိုးရတစ်ရပ်ကို ဘယ်လိုပြင်ဆင်ဖွဲ့စည်းလာမလဲဆိုတာကတော့ များမကြာမီအတွင်းမှာ တွေ့မြင်ကြရတော့မှာဖြစ်ပါတယ်။
 
လက်ရှိအချိန်အထိတော့ NLD က သူ့ရဲ့အစိုးရအဖွဲ့အစည်း အမည်စာရင်းကို ရိပ်ဖမ်းသံဖမ်းတောင် ထုတ်ဖော်ပြောကြားခြင်းမရှိသေးတာကိုကြည့်ရင် ၂၀၁၆ ခုနှစ်ကနဲ့ မတူတဲ့ အစိုးရသစ် ပေါ်ပေါက်လာရေးကို ခေါင်းအေးအေးနဲ့ ဆုံးဖြတ်ရွေးချယ်နေတယ်လို့ ယူဆရပါတယ်။
 
တကယ်တမ်းပြောရရင် ၂၀၁၆ ခုနှစ်က NLD အစိုးရဟာ တကယ့်ကို အသစ်စက်စက်အစိုးရလို့ ဆိုရလောက်အောင် အတွေ့အကြုံနုနယ်လွန်းတဲ့ အစိုးရအဖြစ် ပွဲထွက်လာတာကို တွေ့ကြရပြီးဖြစ်ပါတယ်။ဒါတောင် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က အဲဒီတုန်းက အစိုးရအဖွဲ့မှာ အရင်အစိုးရတုန်းက အတွေ့အကြုံရှိပြီးသား လူဟောင်းအချို့ကို အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်နဲ့ ပါဝင်စေခဲ့ပါတယ်။ဒါပေမဲ့ မျှော်လင့် ထားခြင်းမရှိတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ခဲ့ရသလို အတွေ့အကြုံနုနယ်တဲ့ အစိုးရအဖွဲ့ဝင်အများစုကြောင့် နိုင်ငံရေးရာ စီမံအုပ်ချုပ်အပိုင်းမှာ လျော့ရဲအားနည်းသလို ရှိခဲ့တယ်လို့ ဆိုရမှာပါ။
 
၂၀၁၆ ခုနှစ်က NLD အစိုးရသစ်ရဲ့ ရက်ပေါင်း ၁၀၀ ခရီးကို ပြန်ပြောင်းရှုကြည့်မယ်ဆိုရင် ထင်သလောက် ခရီးမပေါက်ခဲ့ဘူးလို့ ဆိုရမှာပါ။ခရီးမပေါက်နိုင်တဲ့အကြောင်းကလည်း ရှိပါတယ်။အဲဒီအချိန်အခါတုန်းက NLD အစိုးရ လျှောက်ခဲ့ရတဲ့ လမ်းက ဖြောင့်ဖြောင့်ဖြူးဖြူးမဟုတ်ဘဲ ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ရှုပ်ထွေးနေတဲ့လမ်းကို ခုတ်ထွင်ရှင်းလင်းပြီး သွားနေရတာဖြစ်တဲ့အတွက် ခရီးမတွင်နိုင်သလိုဖြစ်နေခဲ့ရတယ်လို့ ဆိုရမှာပါ။
 
တကယ်တော့ NLD အစိုးရအနေနဲ့ ခေတ်ဟောင်း စနစ်ဟောင်းက ကာလရှည်ကြာစုပုံနေတဲ့ ပြဿနာ အရှုပ်အထွေးတွေကြားထဲကနေ နိုင်ငံတည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေးပုံဖော်နိုင်ဖို့ မနိုင်မနင်းနဲ့ ကြိုးပမ်းနေရတယ်လို့ ဆိုရမှာပါ။ဆိုရရင် NLD အစိုးရဟာ အဲဒီအချိန်တုန်းက တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ပုံမဖော်နိုင်ခဲ့ဘူး၊ နှစ်ကာလအတန်ကြာ အမြစ်တွယ်နေတဲ့ မူးယစ်ဆေးဝါးပြဿနာတွေမှာ ပြတ်ပြတ်သားသား ချေမှုန်းနိုင်ခဲ့ခြင်းမရှိဘူး။အရိုးစွဲနေတဲ့ ဗျူရိုကရေစီ ယန္တရားအတိုင်း လည်ပတ်နေတဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ သွင်ပြင်လက္ခဏာကို ထိရောက်တဲ့ ပြုပြင်ပြောင်းလဲမှု မပြုနိုင်သေးသလို အဂတိလိုက်စားမှုနဲ့ အခွန်စည်းကြပ်မှုလို အရေးကိစ္စတွေမှာ လက်ရှိအချိန်အထိ ထိရောက်တဲ့ ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးနိုင်ခြင်းမရှိသေးဘူးလို့ ဆိုရမှာပါ။
 
ဒါတင်မကသေးပါဘူး။ ၂၀၁၆ ခုနှစ် NLD အစိုးရအတွက် ဒီနေ့အချိန်အထိ စိန်ခေါ်မှုအဖြစ် ဆက်လက်ရှိနေသေးတာကတော့ လယ်ယာလုပ်ငန်း ကဏ္ဍ ပြုပြင်ပြောင်းလဲရေးနဲ့ ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးတို့ပဲဖြစ်ပါတယ်။တစ်ချိန်တစ်ခါက နိုင်ငံရဲ့ အဓိကအားထားရတဲ့ လုပ်ငန်းအဖြစ်ကနေ အဆင့်လျော့ကျလာခဲ့တဲ့ လယ်ယာလုပ်ငန်းကဏ္ဍကို အဆင့်မြှင့်တင်ပြီး ခေတ်မီတိုးတက်လာရေးက အရေးပါနေသလို အနာဂတ်လူငယ်အရင်းအမြစ်အတွက် ထိရောက်တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုတွေ ပြုနိုင်ဖို့ကလည်း အရေးပါတဲ့စိန်ခေါ်မှုအဖြစ် ရှိနေတာဖြစ်ပါတယ်။
 
တကယ်တမ်းပြောရရင် ၂၀၁၆ ခုနှစ်က NLD အစိုးရသစ်နဲ့ပတ်သက်လို့ နိုင်ငံရေးယဉ်ကျေးမှုသုတေသနပညာရှင် Hans-Bernd Zollner က “အစိုးရသစ်အနေနဲ့ တကယ့်ကို ခက်ခဲတဲ့ စိန်ခေါ်မှုအတွင်းကို ရောက်ရှိနေတာဖြစ်တယ်။ရက်ပေါင်း ၁၀၀ ဆိုတာ ဒီလိုကြီးမားတဲ့ လုပ်ငန်းတာဝန်တစ်ခုအတွက် လုံလောက်တဲ့အချိန်တော့ မဟုတ်ဘူး” လို့ ဆိုခဲ့သလို ၂၀၁၆ ခုနှစ် NLD အစိုးရဟာ ကြီးမားတဲ့ စိန်ခေါ်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ဘာပဲဖြစ်ဖြစ် အဲဒီတုန်းက နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပတ်သက်လို့ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ရင်ထဲမှာ ဘဝင်မကျသလိုရှိခဲ့ပေမဲ့လဲ NLD အစိုးရရဲ့ အပြည့်အဝမဟုတ်တဲ့ လုပ်ပိုင်ခွင့်ကြောင့်လို့ ဖြေတွေးပေးပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဒီမိုကရေစီ ကာကွယ်ပွဲအဖြစ် NLD ကိုပဲ ထပ်မံပုံအော မဲပေးခဲ့ကြတယ်လို့ ဆိုရမှာပါ။
 
ဆိုရရင် NLD အနေနဲ့ ၂၀၂၁ ခုနှစ် အစိုးရဒုတိယသက်တမ်းကာလမှာ မဖြစ်မနေဆိုသလို စိန်ခေါ်မှုများစွာကို ဆက်လက်ရင်ဆိုင်ရဦးမယ်လို့ ယူဆရမှာဖြစ်ပြီး ၂၀၂၁ ခုနှစ် NLD အစိုးရသစ်အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းစစ် အဆုံးသတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ကပ်ရောဂါအလွန် နိုင်ငံစီပွားရေး နာလန်ပြန်ထူလာရေး စတဲ့ မဖြစ်မနေရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ဘယ်လိုအန်တုကျော်ဖြတ်နိုင်ဖို့ ကြိုးပမ်းသွားမလဲဆိုတာကို ဆင်ခြင်သုံးသပ်မိရင်း အဆုံးသတ်လိုက်ရပါတယ်။
 
မြင့်နောင်မိုး
ဒီဇင်ဘာ - ၃၁
 
( Zawgyi )
 
“ေခါင္းေဆာင္တစ္ဦးဟာ စြမ္းေဆာင္မႈနဲ႔ပတ္သက္လို႔ သူ႔လူေတြအေပၚမွာ အားထားမယ္ဆိုရင္ အေကာင္းဆုံးလက္ေ႐ြးစင္ေတြကို ေ႐ြးထုတ္ပါ။ေလ့က်င့္သင္ၾကားေပးပါ။ၿပီးေတာ့ အားေပးပါ။သူတို႔မွာ အမွားရွိေနေသးရင္ ပိုမိုထိေရာက္ျပတ္သားတဲ့ လမ္းၫႊန္မႈကိုေပးပါ။ဒါနဲ႔ေတာင္ ဆက္ၿပီးမွားေနမယ္၊ အဆင္မေျပျဖစ္ေနမယ္ဆိုရင္ သူတို႔စိတ္ဓာတ္ကို ျမႇင့္တင္ေပးၿပီး ေရွ႕ဆက္လုပ္ေဆာင္ပါေစ။ႏိုင္ငံတစ္ႏိုင္ငံအတြက္ အစိုးရအဖြဲ႕ အေတြ႕အႀကဳံမႂကြယ္ေသးသမွ် ထိေရာက္တဲ့ စြမ္းေဆာင္မႈကို ေတြ႕ျမင္ရဦးမွာမဟုတ္ဘူး”
 
ေဒၚနယ္ရမ္းစဖဲလ္ (အေမရိကန္ ကာကြယ္ေရးဝန္ႀကီးေဟာင္း)
 
ႏိုင္ငံအတြက္ မဲဆႏၵရွင္ျပည္သူလူထုက လိုလိုလားလား ေ႐ြးေကာက္တင္ေျမႇာက္လိုက္တဲ့ အစိုးရသစ္ရဲ႕ အရည္အခ်င္းနဲ႔ စြမ္းေဆာင္မႈကို စတင္အကဲခတ္တဲ့ကာလပဲျဖစ္ပါတယ္။ရက္ေပါင္း ၁၀၀ ကာလမွာ ေ႐ြးေကာက္တင္ေျမႇာက္ခံ သမၼတကဦးေဆာင္ၿပီး သူေ႐ြးခ်ယ္ထားတဲ့ အစိုးရအဖြဲ႕ဝင္ေတြနဲ႔အတူ အရင္အစိုးရနဲ႔ ဘယ္လိုမတူကြဲျပားျခားနားတဲ့ စြမ္းေဆာင္မႈေတြနဲ႔ စတင္ပုံေဖာ္လာမလဲဆိုတာကို ေမွ်ာ္လင့္ေနၾကတာျဖစ္ပါတယ္။
 
ၿပီးခဲ့တဲ့ ႏိုဝင္ဘာလအတြင္း ကမာၻအေရွ႕နဲ႔ အေနာက္မွာ က်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲေတြကေန ႏိုင္ငံေရးအခင္းအက်င္းသစ္ ျဖစ္ေပၚလာႏိုင္တဲ့ အစိုးရသစ္ႏွစ္ရပ္ ေပၚေပါက္လာမယ့္အေနအထားကို ေတြ႕ၾကရၿပီးျဖစ္ပါတယ္။ကမာၻအေနာက္ဘက္ျခမ္းက အေမရိကန္ျပည္ေထာင္စုမွာ ဒီမိုကရက္ပါတီက ဂ်ိဳးဘိုင္ဒင္ ဦးဆာင္လာမယ့္ အစိုးရသစ္နဲ႔ ကမာၻအေရွ႕ဘက္ျခမ္းက ျမန္မာႏိုင္ငံမွာ အေဟာင္းဆိုေပမဲ့ အသြင္သစ္အျဖစ္ ေျပာင္းလဲလာမယ့္ NLD အစိုးရသစ္တို႔ကို ေတြ႕ျမင္ၾကရေတာ့မွာျဖစ္ပါတယ္။
 
လတ္တေလာ ႏိုင္ငံေရးအခင္းအက်င္းေတြအရ အေမရိကန္ျပည္ေထာင္စုမွာ ေ႐ြးေကာက္တင္ေျမႇာက္ခံ သမၼတျဖစ္လာမယ့္ ဂ်ိဳးဘိုင္ဒင္ကေတာ့ သူ႔အစိုးရအဖြဲ႕မွာ ပါဝင္လာမယ့္ အစိုးရအဖြဲ႕ဝင္ေတြကို လ်ာထားသတ္မွတ္မႈျပဳလာတာကို ေတြ႕ၾကရပါတယ္။ဘိုင္ဒင္ က သူ႔ရဲ႕အစိုးရအဖြဲ႕ကို ဘယ္လိုအေကာင္းဆုံးစုဖြဲ႕ထားတယ္ဆိုတာကို ေျပာဖို႔ေစာေနေသးေပမဲ့ မ်ားမၾကာမီမွာ လုပ္ပိုင္ခြင့္အာဏာရရွိလာမယ့္ သူ႔အစိုးရရဲ႕ မူဝါဒလမ္းစဥ္ေတြကိုေတာ့ လက္ရွိသမၼတအစိုးရအဖြဲ႕နဲ႔ မတူျခားနားတဲ့ မူဝါဒလမ္းစဥ္နဲ႔ ေလွ်ာက္လွမ္းသြားမယ့္ အရိပ္လကၡဏာေတြကို ထုတ္ေဖာ္ျပသလာခဲ့ပါတယ္။
 
ဒါဆိုရင္ ဂ်ိဳးဘိုင္ဒင္ ဦးေဆာင္တဲ့ အစိုးရရဲ႕ ပထမရက္ေပါင္း ၁၀၀ မွာ ဘယ္လိုအခင္းအက်င္းေတြကိုေတြ႕ရမလဲ။ႏိုင္ငံရဲ႕ဆုတ္ယုတ္ေမွးမွိန္ေနတဲ့ ပုံရိပ္ကို ဘိုင္ဒင္ ဦးေဆာင္တဲ့ အစိုးရသစ္က ဘယ္လိုၾကည္လင္ျပတ္သားေအာင္ ပုံေဖာ္လာမလဲ။အထူးသျဖင့္ ႏိုင္ငံစီးပြားေရး၊ လူမ်ိဳးေရးတရားမွ်တမႈ၊ ပညာေရးနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈ စတဲ့ အခင္းအက်င္းေတြကို မဲဆြယ္စည္း႐ုံးလႈံ႕ေဆာ္စဥ္ကာလက ေပးထားတဲ့ ကတိေတြနဲ႔အညီ ဘယ္လို အေကာင္းဆုံး ပုံေဖာ္သြားမလဲဆိုတာကလည္း ေစာင့္ၾကည့္ခ်င္စရာပဲျဖစ္ပါတယ္။
 
လတ္တေလာအေနအထားအရ ႏိုင္ငံရဲ႕ အမ်ားျပည္သူက်န္းမာေရးေစာင့္ေရွာက္မႈ ျပႆနာဟာ ဘိုင္ဒင္အစိုးရရဲ႕ ပထမရက္ေပါင္း ၁၀၀ မွာ အဓိက ဦးစားေပးေဆာင္႐ြက္ရမယ့္ အေနအထားမွာရွိေနပါတယ္။ဘာေၾကာင့္လဲဆိုရင္ လက္ရွိ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ကပ္ေရာဂါက အေမရိကအေပၚ ဆိုးဆိုး႐ြား႐ြား ဖိစီးႏွိပ္စက္ေနတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။အေမရိကန္ျပည္ေထာင္စုမွာ ဗိုင္းရပ္စ္ကူးစက္ခံရသူေပါင္း ၁၇ သန္းေက်ာ္ရွိၿပီး ေသဆုံးသူ သုံးသိန္းေက်ာ္ရွိေနတာကလည္း ဘိုင္ဒင္ အစိုးရသစ္အတြက္ ရက္ေပါင္း ၁၀၀ ကာလအတြင္း ကပ္ေရာဂါအေရးကိစၥကို ပထမဦးစားေပးအျဖစ္ ရင္ဆိုင္ေျဖရွင္းသြားရမွာျဖစ္ပါတယ္။ဒါေၾကာင့္လည္း သူသာ အိမ္ျဖဴေတာ္ေရာက္လာခဲ့ရင္ အေမရိကန္ႏိုင္ငံသားအားလုံး အခမဲ့ ကပ္ေရာဂါကာကြယ္ေဆးထိုးႏွံခြင့္ ရရွိေရးအတြက္ အေမရိကန္ေဒၚလာ ၂၅ ဘီလ်ံ သုံးစြဲသြားဖို႔ စီစဥ္ထားၿပီးျဖစ္ပါတယ္။
 
ေနာက္တစ္ခုက ကပ္ေရာဂါေၾကာင့္ အေမရိကန္ျပည္ေထာင္စုရဲ႕ စီးပြားေရးေလးအီတုန႔္ဆိုင္းေနမႈနဲ႔ အလုပ္လက္မဲ့ႏႈန္းျမင့္တက္ေနမႈ ျပႆနာေတြရွိေနတဲ့ အေနအထားကလည္း ကပ္ေဘးအလြန္ ႏိုင္ငံစီးပြားေရး ပုံမွန္ျပန္လည္ေရာက္ရွိေရးဟာ ဘိုင္ဒင္ အစိုးရသစ္အတြက္ အဓိကဦးစားေပးျဖစ္လာပါလိမ့္မယ္။ဒါေၾကာင့္လည္း စီးပြားေရးနယ္ပယ္က႑မွာ ပမာဏႀကီးမားစြာ ရင္းႏွီးျမႇဳပ္ႏွံသြားမွာျဖစ္ၿပီး အလုပ္အကိုင္ေနရာ ၅ သန္း ဖန္တီးေပးႏိုင္ဖို႔ ဘိုင္ဒင္ အစိုးရသစ္က ေမွ်ာ္လင့္ေနတာျဖစ္ပါတယ္။
 
ဒါတင္မကေသးဘဲ ဘိုင္ဒင္အစိုးရဟာ ထရမ့္အစိုးရလက္ထက္က ဆက္ဆံေရး အဆင္မေခ်ာေမြ႕ခဲ့တဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) နဲ႔ ျပန္လည္ပူးေပါင္းသြားဖို႔ စီစဥ္ထားသလို ထရမ့္ေၾကာင့္ မ်က္ႏွာမလွခဲ့ရတဲ့ ၂၀၁၅ ပါရီသေဘာတူညီမႈမွာ ျပန္လည္ပါဝင္ၿပီး အဖတ္ဆယ္ဖို႔ အသင့္ျပင္ဆင္ေနၿပီျဖစ္ပါတယ္။
 
ဆိုရရင္ ဘိုင္ဒင္ အစိုးရသစ္ဟာ ထရမ့္အစိုးရနဲ႔ မတူကြဲျပားတဲ့ မူဝါဒအေျပာင္းအလဲေတြနဲ႔အတူ သူ႔အစိုးရအဖြဲ႕ရက္ေပါင္း ၁၀၀ ကာလ စီမံေဆာင္႐ြက္မႈေတြကေန မဲဆႏၵရွင္ျပည္သူေတြအတြက္ ဘယ္ေလာက္အထိ အားရေက်နပ္ေစမလဲဆိုတဲ့ အေျဖကိုေတာ့ မၾကာခင္မွာ မ်က္ဝါးထင္ထင္ေတြ႕ၾကရေတာ့မွာျဖစ္ပါတယ္။
 
အဲဒီလိုပဲ ကမာၻအေရွ႕ဘက္က ျမန္မာႏိုင္ငံမွာဆိုရင္လည္း ေ႐ြးေကာက္ပြဲအႏိုင္ရ NLD ပါတီအေနနဲ႔ သူ႔ရဲ႕ အစိုးရဒုတိယသက္တမ္းကာလအတြက္ ျပင္ဆင္ေနၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။ NLD အေနနဲ႔ ပထမ သက္တမ္းကာလက အစိုးရအဖြဲ႕နဲ႔ မတူျခားနားတဲ့ အစိုးရတစ္ရပ္ကို ဘယ္လိုျပင္ဆင္ဖြဲ႕စည္းလာမလဲဆိုတာကေတာ့ မ်ားမၾကာမီအတြင္းမွာ ေတြ႕ျမင္ၾကရေတာ့မွာျဖစ္ပါတယ္။
 
လက္ရွိအခ်ိန္အထိေတာ့ NLD က သူ႔ရဲ႕အစိုးရအဖြဲ႕အစည္း အမည္စာရင္းကို ရိပ္ဖမ္းသံဖမ္းေတာင္ ထုတ္ေဖာ္ေျပာၾကားျခင္းမရွိေသးတာကိုၾကည့္ရင္ ၂၀၁၆ ခုႏွစ္ကနဲ႔ မတူတဲ့ အစိုးရသစ္ ေပၚေပါက္လာေရးကို ေခါင္းေအးေအးနဲ႔ ဆုံးျဖတ္ေ႐ြးခ်ယ္ေနတယ္လို႔ ယူဆရပါတယ္။
 
တကယ္တမ္းေျပာရရင္ ၂၀၁၆ ခုႏွစ္က NLD အစိုးရဟာ တကယ့္ကို အသစ္စက္စက္အစိုးရလို႔ ဆိုရေလာက္ေအာင္ အေတြ႕အႀကဳံႏုနယ္လြန္းတဲ့ အစိုးရအျဖစ္ ပြဲထြက္လာတာကို ေတြ႕ၾကရၿပီးျဖစ္ပါတယ္။ဒါေတာင္ NLD ပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က အဲဒီတုန္းက အစိုးရအဖြဲ႕မွာ အရင္အစိုးရတုန္းက အေတြ႕အႀကဳံရွိၿပီးသား လူေဟာင္းအခ်ိဳ႕ကို အမ်ိဳးသားရင္ၾကားေစ့ေရး ဦးတည္ခ်က္နဲ႔ ပါဝင္ေစခဲ့ပါတယ္။ဒါေပမဲ့ ေမွ်ာ္လင့္ ထားျခင္းမရွိတဲ့ အခက္အခဲေတြ၊ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ခဲ့ရသလို အေတြ႕အႀကဳံႏုနယ္တဲ့ အစိုးရအဖြဲ႕ဝင္အမ်ားစုေၾကာင့္ ႏိုင္ငံေရးရာ စီမံအုပ္ခ်ဳပ္အပိုင္းမွာ ေလ်ာ့ရဲအားနည္းသလို ရွိခဲ့တယ္လို႔ ဆိုရမွာပါ။
 
၂၀၁၆ ခုႏွစ္က NLD အစိုးရသစ္ရဲ႕ ရက္ေပါင္း ၁၀၀ ခရီးကို ျပန္ေျပာင္းရႈၾကည့္မယ္ဆိုရင္ ထင္သေလာက္ ခရီးမေပါက္ခဲ့ဘူးလို႔ ဆိုရမွာပါ။ခရီးမေပါက္ႏိုင္တဲ့အေၾကာင္းကလည္း ရွိပါတယ္။အဲဒီအခ်ိန္အခါတုန္းက NLD အစိုးရ ေလွ်ာက္ခဲ့ရတဲ့ လမ္းက ေျဖာင့္ေျဖာင့္ျဖဴးျဖဴးမဟုတ္ဘဲ ၿခဳံႏြယ္ပိတ္ေပါင္းေတြနဲ႔ ရႈပ္ေထြးေနတဲ့လမ္းကို ခုတ္ထြင္ရွင္းလင္းၿပီး သြားေနရတာျဖစ္တဲ့အတြက္ ခရီးမတြင္ႏိုင္သလိုျဖစ္ေနခဲ့ရတယ္လို႔ ဆိုရမွာပါ။
 
တကယ္ေတာ့ NLD အစိုးရအေနနဲ႔ ေခတ္ေဟာင္း စနစ္ေဟာင္းက ကာလရွည္ၾကာစုပုံေနတဲ့ ျပႆနာ အရႈပ္အေထြးေတြၾကားထဲကေန ႏိုင္ငံတည္ၿငိမ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ဦးစားေပးပုံေဖာ္ႏိုင္ဖို႔ မႏိုင္မနင္းနဲ႔ ႀကိဳးပမ္းေနရတယ္လို႔ ဆိုရမွာပါ။ဆိုရရင္ NLD အစိုးရဟာ အဲဒီအခ်ိန္တုန္းက တရားဥပေဒစိုးမိုးေရးကို ထိထိေရာက္ေရာက္ ပုံမေဖာ္ႏိုင္ခဲ့ဘူး၊ ႏွစ္ကာလအတန္ၾကာ အျမစ္တြယ္ေနတဲ့ မူးယစ္ေဆးဝါးျပႆနာေတြမွာ ျပတ္ျပတ္သားသား ေခ်မႈန္းႏိုင္ခဲ့ျခင္းမရွိဘူး။အ႐ိုးစြဲေနတဲ့ ဗ်ဴ႐ိုကေရစီ ယႏၲရားအတိုင္း လည္ပတ္ေနတဲ့ ဌာနဆိုင္ရာအဖြဲ႕ အစည္းေတြရဲ႕ သြင္ျပင္လကၡဏာကို ထိေရာက္တဲ့ ျပဳျပင္ေျပာင္းလဲမႈ မျပဳႏိုင္ေသးသလို အဂတိလိုက္စားမႈနဲ႔ အခြန္စည္းၾကပ္မႈလို အေရးကိစၥေတြမွာ လက္ရွိအခ်ိန္အထိ ထိေရာက္တဲ့ ေျပာင္းလဲမႈေတြကို ေဖာ္ေဆာင္ေပးႏိုင္ျခင္းမရွိေသးဘူးလို႔ ဆိုရမွာပါ။
 
ဒါတင္မကေသးပါဘူး။ ၂၀၁၆ ခုႏွစ္ NLD အစိုးရအတြက္ ဒီေန႔အခ်ိန္အထိ စိန္ေခၚမႈအျဖစ္ ဆက္လက္ရွိေနေသးတာကေတာ့ လယ္ယာလုပ္ငန္း က႑ ျပဳျပင္ေျပာင္းလဲေရးနဲ႔ ပညာေရးက႑ ျပဳျပင္ေျပာင္းလဲေရးတို႔ပဲျဖစ္ပါတယ္။တစ္ခ်ိန္တစ္ခါက ႏိုင္ငံရဲ႕ အဓိကအားထားရတဲ့ လုပ္ငန္းအျဖစ္ကေန အဆင့္ေလ်ာ့က်လာခဲ့တဲ့ လယ္ယာလုပ္ငန္းက႑ကို အဆင့္ျမႇင့္တင္ၿပီး ေခတ္မီတိုးတက္လာေရးက အေရးပါေနသလို အနာဂတ္လူငယ္အရင္းအျမစ္အတြက္ ထိေရာက္တဲ့ ပညာေရးျပဳျပင္ေျပာင္းလဲမႈေတြ ျပဳႏိုင္ဖို႔ကလည္း အေရးပါတဲ့စိန္ေခၚမႈအျဖစ္ ရွိေနတာျဖစ္ပါတယ္။
 
တကယ္တမ္းေျပာရရင္ ၂၀၁၆ ခုႏွစ္က NLD အစိုးရသစ္နဲ႔ပတ္သက္လို႔ ႏိုင္ငံေရးယဥ္ေက်းမႈသုေတသနပညာရွင္ Hans-Bernd Zollner က “အစိုးရသစ္အေနနဲ႔ တကယ့္ကို ခက္ခဲတဲ့ စိန္ေခၚမႈအတြင္းကို ေရာက္ရွိေနတာျဖစ္တယ္။ရက္ေပါင္း ၁၀၀ ဆိုတာ ဒီလိုႀကီးမားတဲ့ လုပ္ငန္းတာဝန္တစ္ခုအတြက္ လုံေလာက္တဲ့အခ်ိန္ေတာ့ မဟုတ္ဘူး” လို႔ ဆိုခဲ့သလို ၂၀၁၆ ခုႏွစ္ NLD အစိုးရဟာ ႀကီးမားတဲ့ စိန္ေခၚမႈနဲ႔ ရင္ဆိုင္ခဲ့ရတာပါ။ဘာပဲျဖစ္ျဖစ္ အဲဒီတုန္းက ႏိုင္ငံေရးအခင္းအက်င္းေတြနဲ႔ပတ္သက္လို႔ မဲဆႏၵရွင္ျပည္သူေတြရဲ႕ ရင္ထဲမွာ ဘဝင္မက်သလိုရွိခဲ့ေပမဲ့လဲ NLD အစိုးရရဲ႕ အျပည့္အဝမဟုတ္တဲ့ လုပ္ပိုင္ခြင့္ေၾကာင့္လို႔ ေျဖေတြးေပးၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဒီမိုကေရစီ ကာကြယ္ပြဲအျဖစ္ NLD ကိုပဲ ထပ္မံပုံေအာ မဲေပးခဲ့ၾကတယ္လို႔ ဆိုရမွာပါ။
 
ဆိုရရင္ NLD အေနနဲ႔ ၂၀၂၁ ခုႏွစ္ အစိုးရဒုတိယသက္တမ္းကာလမွာ မျဖစ္မေနဆိုသလို စိန္ေခၚမႈမ်ားစြာကို ဆက္လက္ရင္ဆိုင္ရဦးမယ္လို႔ ယူဆရမွာျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ NLD အစိုးရသစ္အေနနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရး၊ ျပည္တြင္းစစ္ အဆုံးသတ္ေရး၊ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရး၊ ကပ္ေရာဂါအလြန္ ႏိုင္ငံစီပြားေရး နာလန္ျပန္ထူလာေရး စတဲ့ မျဖစ္မေနရင္ဆိုင္ရမယ့္ စိန္ေခၚမႈေတြကို ဘယ္လိုအန္တုေက်ာ္ျဖတ္ႏိုင္ဖို႔ ႀကိဳးပမ္းသြားမလဲဆိုတာကို ဆင္ျခင္သုံးသပ္မိရင္း အဆုံးသတ္လိုက္ရပါတယ္။
 
ျမင့္ေနာင္မိုး
ဒီဇင္ဘာ - ၃၁