【 ဆောင်းပါး 】 “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို ပြင်ဆင်မှု (၁)”

【 ဆောင်းပါး 】 “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၂၀၂၀ ရွေးကောက်ပွဲအကြို ပြင်ဆင်မှု (၁)”

ငါးနှစ်တစ်ကြိမ် ပြန်ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလလောက်မှာ ပြန်ကျင်းပနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။၂၀၁၉ ဒီဇင်ဘာလမှာစဖြစ်ခဲ့တဲ့ ကိုဗစ်-၁၉ ကူးစက်မြန်ဗိုင်းရပ်စ်ပိုး ရောဂါကပ်ကြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဖြစ်ပွားခဲ့မှုကြောင့် မြန်မာနိုင်ငံကိုလည်း ကူးစက်ခံခဲ့ရပါတယ်။ဒီ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ကြီးကြောင့် ကမ္ဘာ့နိုင်ငံတွေလို မြန်မာပြည်မှာလည်း တိုင်းပြည်ရဲ့အထွေထွေလည်ပတ်မှုယန္တရားတွေ ရပ်ဆိုင်းခဲ့ရသလို၊ တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးတွေကို ထိခိုက်မှုတွေဖြစ်ခဲ့ရတယ်။
တိုင်းပြည်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေကြုံတွေ့ခဲ့ကြရတယ်။

တိုင်းပြည်တိုင်းမှာ နိုင်ငံအလိုက်၊ ဒေသအလိုက်၊ မြို့အလိုက်၊ ရပ်ကွက်ကျေးရွာတွေအလိုက် လော့ခ်ဒေါင်းချပြီး ကိုဗစ်ရောဂါမကူးစက်နိုင်အောင် ကာကွယ်တားဆီးခဲ့ရတယ်။စက်ရုံအလုပ်ရုံတွေ၊ ဈေးတွေ၊ စူပါမတ်ကက်တွေ စားသောက်ဆိုင်တွေ ပိတ်ထားခဲ့ရတယ်။လူစုလူဝေးမပြုလုပ်ရ၊ အိမ်အပြင်မထွက်ရဆိုတဲ့ ဒေသန္တရအမိန့်တွေ ထုတ်ပြန်တားဆီးခဲ့ရတယ်။ဒီအခြေအနေကြောင့် မြန်မာပြည်မှာကျင်းပရတော့မယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ပါ့မလားလို့တောင် စိုးရိမ်နေခဲ့ရတယ်။ကိုဗစ်-၁၉ ရောဂါကြီးရဲ့ ကူးစက်မှုတွေကို မတားဆီးနိုင်သေးဘူးဆိုပေမယ့်၊ အခုဆို ကိုဗစ်-၁၉ ကို ကာကွယ်တားဆီးဖို့ တားမြစ်ချက်တွေကို တဖြေးဖြေးပြန်ဖြေလျှော့လာရပြီ။စက်ရုံတွေအလုပ်ရုံတွေ၊ ဈေးတွေ၊ စူပါမတ်ကက်တွေ၊ စားသောက်ဆိုင်တွေ ကန့်သတ်ချက်တွေနဲ့ ပြန်ဖွင့်ခွင့်ပေးနေကြပါပြီ။အစိုးရကျောင်းတွေကိုလည်း ပြန်ဖွင့်တော့မယ်လို့ အစိုးရကကြေညာထားပါတယ်။

ဒီလို ကိုဗစ်-၁၉ ရောဂါဆိုးကြီးကို ကာကွယ်ဖို့ တားမြစ်ချက်တွေ ပြန်ဖြေလျှော့လိုက်တဲ့အချိန်မှာ ပါတီစုံအထွေထွေရွေးကောက်ပွဲကျင်းပရေးကော်မရှင်က ၂၀၂၀ နိုဝင်ဘာလမှာ ပြန်ကျင်းပဖို့ကြေညာခဲ့ပါတယ်။၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေရဲ့ ကြိုတင်ပြင်ဆင်မှုတွေကို စတင်လုပ်ဆောင်နေကြပါပြီ။ဒီလိုနိုင်ငံရေးပါတီတွေရဲ့ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း အောက်ခြေအဆင့်မြို့နယ်တွေရဲ့ လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ မူဝါဒတစ်ခုကို အရင်ချမှတ်လိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ဝင်ပြိုင်ကြမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်နိုင်ဖို့ မြို့မိမြို့ဖ (၅) ဦးကို အရင်ရွေးချယ်တင်မြှောက်ဖို့ ဗဟိုအမှုဆောင်ကော်မတီက ကြေညာချက်ထွက်လာခဲ့ပါတယ်။
အဲဒီကြေညာချက်ထဲမှာ

- သက်ဆိုင်ရာဒေသအတွင်း နှစ်ရှည်နေထိုင်ခဲ့သူ။

- အများပြည်သူ ယုံကြည်လေးစားမှုခံရပြီး ဦးဆောင်မှုပေးနိုင်သူ။

- ဒီမိုကရေစီအရေးကို အစဉ်တစိုက်အားပေးထောက်ခံကူညီသူ။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိခိုက်နစ်နာစေမည့်လုပ်ရပ်များမှ ကင်းရှင်းသူ၊ အဖွဲ့ချုပ်အကျိုးစီးပွားကို လိုလားသူ။

- ဒေသ၏ သာရေးနာရေး၊ လူမှုရေးများတွင် စေတနာအလျောက်အကျိုးဆောင်ပေးသူ။

- နိုင်ငံရေးအသိအမြင်ကြွယ်ဝသူ ………ဆိုတဲ့ အချက်တွေပါခဲ့တယ်။အဲဒီကြေညာချက်မှာပါတဲ့ မြို့မိမြို့ဖဆိုသူတွေ ရွေးချယ်မှုနဲ့ပတ်သက်ပြီး ဝေဖန်ချက်တွေထွက်လာခဲ့ပါတယ်။

ဒီကြေညာချက်ဟာ မြို့နယ်တစ်မြို့နယ်လုံးနဲ့မဆိုင်ပေမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီက မြို့မိမြို့ဖဆိုတဲ့ အသုံးအနှုန်းကြောင့်ဖြစ်ပါတယ်။ဒီလိုအသုံးအနှုန်းဟာ မြို့နယ်ပြည်သူတွေကို စည်းရုံးဆွဲဆောင်ချင်တာကို တွေ့ရပါတယ်။တစ်မြို့နယ်လုံးနဲ့သက်ဆိုင်တဲ့ မြို့မိမြို့ဖတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်ကော်မတီက ရွေးချယ်မတင်မြှောက်နိုင်ပါဘူး။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်အတည်ပြုပေးဖို့အတွက်ဆိုရင် သက်ဆိုင်ရာ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ နာယကများဆိုပြီး သုံးနှုန်းခဲ့မယ်ဆိုရင် ဒီလိုဝေဖန်ချက်တွေ ထွက်လာခဲ့မှာမဟုတ်ပါဘူး။

မြို့နယ်အလုပ်အမှုဆောင်ကော်မတီတွေမှာလည်း အုပ်စုတွေကွဲနေကြတာကို တွေ့နေရပါတယ်။ဒီလိုမြို့နယ်အလုပ်အမှုဆောင်ကော်မတီတွေက ကိုယ့်အုပ်စုဝင်တွေ လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ဖို့ ကိုယ့်ဘက်ပါမယ့်သူတွေကို မြို့မိမြို့ဖတင်မြှောက်မှုတွေ ရှိလာနိုင်ပါတယ်။
ဒီလိုအခြေအနေမျိုးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုက မသိနိုင်ပါဘူး။ပြောမယ်ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင်လူကြီးတွေ တွေးခေါ်မှုအားနည်းတာ တွေ့ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောက်ခြေအဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်တဲ့နေရာမှာလည်း လိုအပ်ချက်တွေရှိနေပါတယ်။မြို့နယ်အလုပ်အမှုဆောင်အဖွဲ့က လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို ပဏာမရွေးချယ်ပြီးမှ ရွေးချယ်တင်မြှောက်ထားတဲ့ မြို့မိမြို့ဖတွေက ပြန်လည်စိစစ်ပြီး အတည်ပြုရပါလိမ့်မယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့မိမြို့ဖတွေက မြို့နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အတည်ပြုပြီးရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းပြည်နယ် အလုပ်အမှုဆောင်ကော်မတီကို ဆက်လက်တင်ပေးရမယ်။

အခုဒီလိုမဟုတ်ပဲ မြို့နယ်အဆင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်ရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့မိမြို့ဖ - ၅ ဦး၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်အမှုဆောင် - ၁၄ ဦး၊ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်လုပ်ငန်းအဖွဲ့ဝင် - ၂ ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသမီးအဖွဲ့ဝင် - ၂ ဦး စုစုပေါင်း ၁၈ ဦးက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် တစ်မဲ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် တစ်မဲ၊ တိုင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်လောင်း ၂ ဦးအတွက် ၂ မဲပေးပြီး ရွေးချယ်အတည်ပြုရမယ်လို့ ပြောပါတယ်။ဒီလိုအနေအထားဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်ကော်မတီက ရွေးချယ်တင်မြှောက်ထားတဲ့ မြို့မိမြို့ဖ ၅ ဦးဟာ ကြေညာချက်မှာပါတဲ့ လွှတ်တော်အသီးသီးရဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်ရေးအတွက် အုပ်စုဖွဲ့ခြင်းမရှိဘဲ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ရွေးချယ်နိုင်ရန်ဆိုတဲ့ သတ်မှတ်ချက်နဲ့မညီနိုင်တော့ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့မိမြို့ဖ ၅ ဦးဟာ မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင်တွေ၊ လူငယ်လုပ်ငန်းအဖွဲ့ဝင်တွေ၊ အမျိုးသမီးအဖွဲ့ဝင်တွေနဲ့ ပါဝါတူဖြစ်နေပါတယ်။ဒီလို လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ မဲတစ်မဲပေးရဖို့အတွက် မြို့မိမြို့ဖအမည်ပေးပြီး ထူးထူးခြားခြားကြေညာချက်ထုတ်ပြီး ရွေးချယ်တင်မြှောက်စရာ မလိုအပ်ပါဘူး။

နောက်တစ်ချက်က မြို့နယ်အဆင့် ပဏာမရွေးချယ်ရာမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၁ ဦးနဲ့ တိုင်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၂ ဦးကို မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင်တွေ ရွေးချယ်နိုင်ပေမယ့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရိုင်ကော်မတီက ရွေးချယ်သင့်ပါတယ်။အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟာ တစ်မြို့နယ်ထဲကို ကိုယ်စားမပြုပါဘူး။ခရိုင်အတွင်း မြို့နယ်တွေကို ကိုယ်စားပြုရတဲ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပုံမှာ ဗဟို၊ တိုင်းပြည်နယ်၊ ခရိုင်၊ မြို့နယ် ကော်မတီတွေနဲ့ ဖွဲ့စည်းထားရတာပါ။အခုရွေးချယ်မှုမှာ ခရိုင်ကော်မတီက လုပ်ဆောင်မှုပျောက်နေပါတယ်။

အခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ မြို့နယ်၊ တိုင်း၊ ဗဟိုအဆင့်သုံးဆင့်ရဲ့ ရွေးချယ်အတည်ပြုမှ ၂၀၂၀ ရွေးကောက်ပွဲကို ဝင်ပြိုင်ခွင့်ရနိုင်မှာပါ။၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ သက်ဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ်အလုပ်အမှုဆောင်ကော်မတီကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်ခွင့်ပေးထားခဲ့တယ်။မြို့နယ်အလုပ်အမှုဆောင်ကော်မတီတွေက ကိုယ်နဲ့နီးစပ်ရာ၊ ကိုယ့်အုပ်စုထဲက လူတွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဗဟိုကိုတင်ပေးလိုက်တယ်။
မြို့နယ်အလုပ်အမှုဆောင်က ရွေးချယ်ပေးလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို မြို့နယ်ပြည်သူတွေက တစ်ခါမှမကြားဖူးတဲ့လူတွေ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ဖြစ်သွားကြတယ်။ပြည်သူတွေရဲ့ မကျေနပ်မှုအသံတွေ မြို့နယ်အတော်များများမှာ ဆူပွက်နေကြတယ်။

အခု ဒီလို ပြည်သူတွေမကျေနပ်ဖြစ်ခဲ့တာကို ပြန်လည်ပြင်ဆင်တဲ့အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့မိမြို့ဖတွေရွေးချယ်တင်မြှောက်ပြီး လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို သေသေချာချာစိစစ်ပြီး အတည်ပြုဖို့အတွက်ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့် တစ်မြို့နယ်လုံးနဲ့သက်ဆိုင်တဲ့ မြို့မိမြို့ဖတွေ နာမည်တပ်လိုက်တာရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မြို့မိမြို့ဖတွေကို လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုမှာ တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝမပေးခဲ့တာတွေကိုကြည့်ရင် လုပ်ဆောင်ချက်တွေမှားနေတာကို မြင်ရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အောက်ခြေမြို့နယ်အဆင့် လွှတ်တော်အသီးသီးအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှု ဘယ်လောက်မှန်နိုင်မလဲဆိုတာ စောင့်ကြည့်ရပါလိမ့်ဦးမယ်။

မြတ်လှိုင်း
ဇွန် - ၁၇

( Zawgyi )

ငါးႏွစ္တစ္ႀကိမ္ ျပန္က်င္းပမယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီးကို ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလေလာက္မွာ ျပန္က်င္းပႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကပါတယ္။၂၀၁၉ ဒီဇင္ဘာလမွာစျဖစ္ခဲ့တဲ့ ကိုဗစ္-၁၉ ကူးစက္ျမန္ဗိုင္းရပ္စ္ပိုး ေရာဂါကပ္ႀကီး ကမာၻ႔ႏိုင္ငံအသီးသီးမွာ ျဖစ္ပြားခဲ့မႈေၾကာင့္ ျမန္မာႏိုင္ငံကိုလည္း ကူးစက္ခံခဲ့ရပါတယ္။ဒီ ကိုဗစ္-၁၉ ကမာၻ႔ကပ္ႀကီးေၾကာင့္ ကမာၻ႔ႏိုင္ငံေတြလို ျမန္မာျပည္မွာလည္း တိုင္းျပည္ရဲ႕အေထြေထြလည္ပတ္မႈယႏၲရားေတြ ရပ္ဆိုင္းခဲ့ရသလို၊ တိုင္းျပည္ရဲ႕ စီးပြားေရး၊ လူမႈေရး၊ လမ္းပန္းဆက္သြယ္ေရးေတြကို ထိခိုက္မႈေတြျဖစ္ခဲ့ရတယ္။
တိုင္းျပည္ေတြမွာ ပ်က္စီးဆုံးရႈံးမႈေတြႀကဳံေတြ႕ခဲ့ၾကရတယ္။

တိုင္းျပည္တိုင္းမွာ ႏိုင္ငံအလိုက္၊ ေဒသအလိုက္၊ ၿမိဳ႕အလိုက္၊ ရပ္ကြက္ေက်း႐ြာေတြအလိုက္ ေလာ့ခ္ေဒါင္းခ်ၿပီး ကိုဗစ္ေရာဂါမကူးစက္ႏိုင္ေအာင္ ကာကြယ္တားဆီးခဲ့ရတယ္။စက္႐ုံအလုပ္႐ုံေတြ၊ ေဈးေတြ၊ စူပါမတ္ကက္ေတြ စားေသာက္ဆိုင္ေတြ ပိတ္ထားခဲ့ရတယ္။လူစုလူေဝးမျပဳလုပ္ရ၊ အိမ္အျပင္မထြက္ရဆိုတဲ့ ေဒသႏၲရအမိန႔္ေတြ ထုတ္ျပန္တားဆီးခဲ့ရတယ္။ဒီအေျခအေနေၾကာင့္ ျမန္မာျပည္မွာက်င္းပရေတာ့မယ့္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ပါ့မလားလို႔ေတာင္ စိုးရိမ္ေနခဲ့ရတယ္။ကိုဗစ္-၁၉ ေရာဂါႀကီးရဲ႕ ကူးစက္မႈေတြကို မတားဆီးႏိုင္ေသးဘူးဆိုေပမယ့္၊ အခုဆို ကိုဗစ္-၁၉ ကို ကာကြယ္တားဆီးဖို႔ တားျမစ္ခ်က္ေတြကို တေျဖးေျဖးျပန္ေျဖေလွ်ာ့လာရၿပီ။စက္႐ုံေတြအလုပ္႐ုံေတြ၊ ေဈးေတြ၊ စူပါမတ္ကက္ေတြ၊ စားေသာက္ဆိုင္ေတြ ကန႔္သတ္ခ်က္ေတြနဲ႔ ျပန္ဖြင့္ခြင့္ေပးေနၾကပါၿပီ။အစိုးရေက်ာင္းေတြကိုလည္း ျပန္ဖြင့္ေတာ့မယ္လို႔ အစိုးရကေၾကညာထားပါတယ္။

ဒီလို ကိုဗစ္-၁၉ ေရာဂါဆိုးႀကီးကို ကာကြယ္ဖို႔ တားျမစ္ခ်က္ေတြ ျပန္ေျဖေလွ်ာ့လိုက္တဲ့အခ်ိန္မွာ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲက်င္းပေရးေကာ္မရွင္က ၂၀၂၀ ႏိုဝင္ဘာလမွာ ျပန္က်င္းပဖို႔ေၾကညာခဲ့ပါတယ္။၂၀၂၀ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကို ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမယ့္ ႏိုင္ငံေရးပါတီေတြရဲ႕ ႀကိဳတင္ျပင္ဆင္မႈေတြကို စတင္လုပ္ေဆာင္ေနၾကပါၿပီ။ဒီလိုႏိုင္ငံေရးပါတီေတြရဲ႕ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္မယ့္ အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔လည္း ေအာက္ေျခအဆင့္ၿမိဳ႕နယ္ေတြရဲ႕ လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ဖို႔ မူဝါဒတစ္ခုကို အရင္ခ်မွတ္လိုက္ပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ဝင္ၿပိဳင္ၾကမယ့္ ျပည္သူ႔လႊတ္ေတာ္၊ အမ်ိဳးသားလႊတ္ေတာ္၊ တိုင္းနဲ႔ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္ႏိုင္ဖို႔ ၿမိဳ႕မိၿမိဳ႕ဖ (၅) ဦးကို အရင္ေ႐ြးခ်ယ္တင္ေျမႇာက္ဖို႔ ဗဟိုအမႈေဆာင္ေကာ္မတီက ေၾကညာခ်က္ထြက္လာခဲ့ပါတယ္။
အဲဒီေၾကညာခ်က္ထဲမွာ

- သက္ဆိုင္ရာေဒသအတြင္း ႏွစ္ရွည္ေနထိုင္ခဲ့သူ။

- အမ်ားျပည္သူ ယုံၾကည္ေလးစားမႈခံရၿပီး ဦးေဆာင္မႈေပးႏိုင္သူ။

- ဒီမိုကေရစီအေရးကို အစဥ္တစိုက္အားေပးေထာက္ခံကူညီသူ။

- အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ထိခိုက္နစ္နာေစမည့္လုပ္ရပ္မ်ားမွ ကင္းရွင္းသူ၊ အဖြဲ႕ခ်ဳပ္အက်ိဳးစီးပြားကို လိုလားသူ။

- ေဒသ၏ သာေရးနာေရး၊ လူမႈေရးမ်ားတြင္ ေစတနာအေလ်ာက္အက်ိဳးေဆာင္ေပးသူ။

- ႏိုင္ငံေရးအသိအျမင္ႂကြယ္ဝသူ ………ဆိုတဲ့ အခ်က္ေတြပါခဲ့တယ္။အဲဒီေၾကညာခ်က္မွာပါတဲ့ ၿမိဳ႕မိၿမိဳ႕ဖဆိုသူေတြ ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ေဝဖန္ခ်က္ေတြထြက္လာခဲ့ပါတယ္။

ဒီေၾကညာခ်က္ဟာ ၿမိဳ႕နယ္တစ္ၿမိဳ႕နယ္လုံးနဲ႔မဆိုင္ေပမယ့္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဗဟိုအလုပ္အမႈေဆာင္ေကာ္မတီက ၿမိဳ႕မိၿမိဳ႕ဖဆိုတဲ့ အသုံးအႏႈန္းေၾကာင့္ျဖစ္ပါတယ္။ဒီလိုအသုံးအႏႈန္းဟာ ၿမိဳ႕နယ္ျပည္သူေတြကို စည္း႐ုံးဆြဲေဆာင္ခ်င္တာကို ေတြ႕ရပါတယ္။တစ္ၿမိဳ႕နယ္လုံးနဲ႔သက္ဆိုင္တဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီက ေ႐ြးခ်ယ္မတင္ေျမႇာက္ႏိုင္ပါဘူး။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေန ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ဝင္ၿပိဳင္ၾကမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေ႐ြးခ်ယ္အတည္ျပဳေပးဖို႔အတြက္ဆိုရင္ သက္ဆိုင္ရာ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ နာယကမ်ားဆိုၿပီး သုံးႏႈန္းခဲ့မယ္ဆိုရင္ ဒီလိုေဝဖန္ခ်က္ေတြ ထြက္လာခဲ့မွာမဟုတ္ပါဘူး။

ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီေတြမွာလည္း အုပ္စုေတြကြဲေနၾကတာကို ေတြ႕ေနရပါတယ္။ဒီလိုၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီေတြက ကိုယ့္အုပ္စုဝင္ေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းျဖစ္ဖို႔ ကိုယ့္ဘက္ပါမယ့္သူေတြကို ၿမိဳ႕မိၿမိဳ႕ဖတင္ေျမႇာက္မႈေတြ ရွိလာႏိုင္ပါတယ္။
ဒီလိုအေျခအေနမ်ိဳးကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုက မသိႏိုင္ပါဘူး။ေျပာမယ္ဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ဗဟိုအလုပ္အမႈေဆာင္လူႀကီးေတြ ေတြးေခၚမႈအားနည္းတာ ေတြ႕ရပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ေအာက္ေျခအဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္တဲ့ေနရာမွာလည္း လိုအပ္ခ်က္ေတြရွိေနပါတယ္။ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕က လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ပဏာမေ႐ြးခ်ယ္ၿပီးမွ ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြက ျပန္လည္စိစစ္ၿပီး အတည္ျပဳရပါလိမ့္မယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕မိၿမိဳ႕ဖေတြက ၿမိဳ႕နယ္အဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို အတည္ျပဳၿပီးရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ တိုင္းျပည္နယ္ အလုပ္အမႈေဆာင္ေကာ္မတီကို ဆက္လက္တင္ေပးရမယ္။

အခုဒီလိုမဟုတ္ပဲ ၿမိဳ႕နယ္အဆင့္ လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္ရာမွာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕မိၿမိဳ႕ဖ - ၅ ဦး၊ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အလုပ္အမႈေဆာင္ - ၁၄ ဦး၊ ၿမိဳ႕နယ္အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လူငယ္လုပ္ငန္းအဖြဲ႕ဝင္ - ၂ ဦး၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အမ်ိဳးသမီးအဖြဲ႕ဝင္ - ၂ ဦး စုစုေပါင္း ၁၈ ဦးက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းတစ္ဦးအတြက္ တစ္မဲ၊ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းတစ္ဦးအတြက္ တစ္မဲ၊ တိုင္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၂ ဦးအတြက္ ၂ မဲေပးၿပီး ေ႐ြးခ်ယ္အတည္ျပဳရမယ္လို႔ ေျပာပါတယ္။ဒီလိုအေနအထားဆိုရင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီက ေ႐ြးခ်ယ္တင္ေျမႇာက္ထားတဲ့ ၿမိဳ႕မိၿမိဳ႕ဖ ၅ ဦးဟာ ေၾကညာခ်က္မွာပါတဲ့ လႊတ္ေတာ္အသီးသီးရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ ေ႐ြးခ်ယ္ႏိုင္ေရးအတြက္ အုပ္စုဖြဲ႕ျခင္းမရွိဘဲ တာဝန္ယူမႈ တာဝန္ခံမႈနဲ႔ ေ႐ြးခ်ယ္ႏိုင္ရန္ဆိုတဲ့ သတ္မွတ္ခ်က္နဲ႔မညီႏိုင္ေတာ့ပါဘူး။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕မိၿမိဳ႕ဖ ၅ ဦးဟာ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ ေကာ္မတီဝင္ေတြ၊ လူငယ္လုပ္ငန္းအဖြဲ႕ဝင္ေတြ၊ အမ်ိဳးသမီးအဖြဲ႕ဝင္ေတြနဲ႔ ပါဝါတူျဖစ္ေနပါတယ္။ဒီလို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္ရာမွာ မဲတစ္မဲေပးရဖို႔အတြက္ ၿမိဳ႕မိၿမိဳ႕ဖအမည္ေပးၿပီး ထူးထူးျခားျခားေၾကညာခ်က္ထုတ္ၿပီး ေ႐ြးခ်ယ္တင္ေျမႇာက္စရာ မလိုအပ္ပါဘူး။

ေနာက္တစ္ခ်က္က ၿမိဳ႕နယ္အဆင့္ ပဏာမေ႐ြးခ်ယ္ရာမွာ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း ၁ ဦးနဲ႔ တိုင္းျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ၂ ဦးကို ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီဝင္ေတြ ေ႐ြးခ်ယ္ႏိုင္ေပမယ့္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ခ႐ိုင္ေကာ္မတီက ေ႐ြးခ်ယ္သင့္ပါတယ္။အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဟာ တစ္ၿမိဳ႕နယ္ထဲကို ကိုယ္စားမျပဳပါဘူး။ခ႐ိုင္အတြင္း ၿမိဳ႕နယ္ေတြကို ကိုယ္စားျပဳရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဖြဲ႕စည္းပုံမွာ ဗဟို၊ တိုင္းျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ ေကာ္မတီေတြနဲ႔ ဖြဲ႕စည္းထားရတာပါ။အခုေ႐ြးခ်ယ္မႈမွာ ခ႐ိုင္ေကာ္မတီက လုပ္ေဆာင္မႈေပ်ာက္ေနပါတယ္။

အခုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈမွာ ၿမိဳ႕နယ္၊ တိုင္း၊ ဗဟိုအဆင့္သုံးဆင့္ရဲ႕ ေ႐ြးခ်ယ္အတည္ျပဳမွ ၂၀၂၀ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ခြင့္ရႏိုင္မွာပါ။၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲကို ဝင္ၿပိဳင္ဖို႔ သက္ဆိုင္ရာ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္ခြင့္ေပးထားခဲ့တယ္။ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေကာ္မတီေတြက ကိုယ္နဲ႔နီးစပ္ရာ၊ ကိုယ့္အုပ္စုထဲက လူေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ဗဟိုကိုတင္ေပးလိုက္တယ္။
ၿမိဳ႕နယ္အလုပ္အမႈေဆာင္က ေ႐ြးခ်ယ္ေပးလိုက္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ၿမိဳ႕နယ္ျပည္သူေတြက တစ္ခါမွမၾကားဖူးတဲ့လူေတြ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ျဖစ္သြားၾကတယ္။ျပည္သူေတြရဲ႕ မေက်နပ္မႈအသံေတြ ၿမိဳ႕နယ္အေတာ္မ်ားမ်ားမွာ ဆူပြက္ေနၾကတယ္။

အခု ဒီလို ျပည္သူေတြမေက်နပ္ျဖစ္ခဲ့တာကို ျပန္လည္ျပင္ဆင္တဲ့အေနနဲ႔ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၿမိဳ႕မိၿမိဳ႕ဖေတြေ႐ြးခ်ယ္တင္ေျမႇာက္ၿပီး လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို ေသေသခ်ာခ်ာစိစစ္ၿပီး အတည္ျပဳဖို႔အတြက္ျဖစ္ပါလိမ့္မယ္။
ဒါေပမယ့္ တစ္ၿမိဳ႕နယ္လုံးနဲ႔သက္ဆိုင္တဲ့ ၿမိဳ႕မိၿမိဳ႕ဖေတြ နာမည္တပ္လိုက္တာေရာ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ၿမိဳ႕မိၿမိဳ႕ဖေတြကို လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈမွာ တာဝန္ယူမႈ တာဝန္ခံမႈ အျပည့္အဝမေပးခဲ့တာေတြကိုၾကည့္ရင္ လုပ္ေဆာင္ခ်က္ေတြမွားေနတာကို ျမင္ရပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ ေအာက္ေျခၿမိဳ႕နယ္အဆင့္ လႊတ္ေတာ္အသီးသီးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြ ေ႐ြးခ်ယ္မႈ ဘယ္ေလာက္မွန္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရပါလိမ့္ဦးမယ္။

ျမတ္လႈိင္း
ဇြန္ - ၁၇