【 ဆောင်းပါး 】 “၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး အရှုပ်တော်ပုံကြီး”

【 ဆောင်းပါး 】 “၂၀၀၈ ခြေ/ဥ ပြင်ဆင်ရေး အရှုပ်တော်ပုံကြီး”

ပြောမယ်ဆိုရင် မြန်မာနိုင်ငံမှာ ရှင်းလို့မရတဲ့ ပြဿနာတွေ အများကြီးရှိနေပါတယ်။ဒီပြဿနာတွေ အားလုံးဟာ စစ်အာဏာရှင်ခေတ်က ဖန်တီးထားခဲ့တာပါ။အင်အယ်ဒီပါတီ အာဏာရလာတဲ့အချိန်မှာ ဒီပြဿနာတွေက အာဏာရ အင်အယ်ဒီအစိုးရအတွက် ထိပ်တိုက်ရင်ဆိုင် ဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ်လာပါတယ်။ဖြေရှင်းရခက်ခဲတဲ့ စိန်ခေါ်မှုတွေအောက်မှာ အာဏာရ အင်အယ်ဒီအစိုးရအတွက် တိုင်းပြည်တည်ဆောက်ရေး လုပ်ငန်းတွေဟာ ရှေ့မဆက်နိုင်အောင် ရပ်တန့်နေခဲ့ပါတယ်။မြန်မာပြည် အရှေ့မြောက်ပိုင်း (ရခိုင်ပြည်နယ်) က ဘင်္ဂလီပြဿနာတွေကြောင့်လည်း အာဏာရ အင်အယ်ဒီအစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဂုဏ်သိက္ခာတွေဟာ နိုင်ငံတကာ မျက်နှာစာအလယ်မှာ ကျဆင်းခဲ့ရပါတယ်။မြန်မာပြည် မြောက်ဖျားက မြစ်ဆုံအရေးကြောင့်လည်း ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့ ယုံကြည်အားကိုးမှုတွေ ကျဆင်းနေရပါတယ်။နှစ်ပေါင်းခုနှစ်ဆယ်ကြာ ပြည်တွင်းစစ်ကို ငြိမ်းသတ်နိုင်လိမ့်မယ်လို့ ပြည်သူတွေ အပါအဝင် တိုင်းရင်းသားလူမျိုးစုရဲ့ အားကိုးယုံကြည်ထားမှုကလည်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ကျင်းပတဲ့ (၂၁) ရာစု ပင်လုံငြိမ်းချမ်းရေး မအောင်မြင်မှုကြောင့်လည်း ဂုဏ်သိက္ခာကျဆင်းနေရပါတယ်။အရေးအကြီးဆုံးဖြစ်တဲ့ ပြည်သူတွေရဲ့ စားဝတ်နေရေး ခက်ခဲကြပ်တည်းနေမှုကို မဖြေရှင်းနိုင်တာက ပိုဆိုးတဲ့ ပြဿနာပါပဲ။

ဒီအာဏာရ အင်အယ်ဒီအစိုးရ ရင်ဆိုင်နေရတဲ့ ပြဿနာတွေ အတော်များများရဲ့ အရင်းအမြစ်ကို ကြည့်လိုက်ရင်၊ စစ်အာဏာရှင်ခေတ်မှာ ဖန်တီးရေးဆွဲပြီး ပြဋ္ဌာန်းထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်ပေါ်နေတာကို တွေ့ရမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့်လည်း အင်အယ်ဒီအစိုးရဟာ တိုင်းပြည်အုပ်ချုပ်ရေး အာဏာအကုန်မရပါဘူး။အရပ်သား ဒီမိုကရေစီ အာဏာရအစိုးရခေါ်ဖို့ ခက်ခဲပါတယ်။ဒီအင်အယ်ဒီအစိုးရအတွက် ရှေ့ဆက်ပြီး တိုင်းပြည်ဆည်ဆောက်ရေး လုပ်ငန်းတွေ မလုပ်ဆောင်နိုင်အောင် ဟန့်တားထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်မှ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်တာကို တွေ့ရပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက်လည်း မလွယ်ကူဘူးဆိုတာ သိနေခဲ့ပြီးပါပြီ။၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးကို တားဆီးပိတ်ပင်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မ ၅၉ (စ) ရဲ့ စာတစ်ကြောင်းကိုပြင်ဖို့ အလွန်ခက်ခဲတာကို သိခဲ့ကြပါတယ်။

စစ်အာဏာရှင်ခေတ်မှာ ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူကာ အတည်ဖြစ်အောင် ပြဋ္ဌာန်းထားခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ၊ နိုင်ငံရေးနောက်ကွယ်ကနေ မြန်မာတစ်ပြည်လုံးကို ဆက်လက်ကိုင်တွယ်ထားနိုင်ဖို့အတွက်ရယ်၊ ရွေးကောက်ပွဲနဲ့ တက်လာမယ့် အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို သမ္မတမဖြစ်အောင် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု သက်သက်ပါပဲ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက တိုင်းရင်းသား ပြည်သူတွေကို အကျိုးစီးပွားဖြစ်နိုင်မယ့်၊ အကာအကွယ်ပေးနိုင်မယ့် အခြေခံဥပဒေ မဟုတ်ပါဘူး။အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သမ္မတဖြစ်ဖို့ ဆက်မကြိုးစားတော့ပဲ လက်လျှော့လိုက်ပေမယ့်၊ စစ်အာဏာရှင်စနစ်ကို ဆက်လက်အကာအကွယ်ပေးဖို့အတွက် ပြင်ဆင်ရ အလွန်ခက်ခဲအောင် ရေးဆွဲထားတာက ရွေးကောက်ပွဲနဲ့ အနိုင်ရလာတဲ့ အရပ်သား ဒီမိုကရေစီအစိုးရကို တိုင်းပြည်အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးအပိုင်းတွေမှာ မပါဝင်နိုင်အောင် ဖြစ်ပါတယ်။အနာဂတ် မြန်မာ့နိုင်ငံရေးမှာ တပ်မတော်က ဦးဆောင်မှုကဏ္ဍမှာ အမြဲပါဝင်နိုင်ရေးက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ အဓိကကျပါတယ်။
ဒီတိုင်းပြည်တစ်ခုလုံးအတွက် အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးတွေဟာ အလွန်အရေးကြီးတဲ့ အပိုင်းတွေပါ။

အလွန် အင်မတန်အရေးကြီးတဲ့ ကိစ္စတွေမှန်သမျှကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ မပြင်ဆင်နိုင်အောင်လို့ ရေးဆွဲထားပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အရေးကြီးတာက ပြည်ထောင်စုလွှတ်တော် ကဏ္ဍပါ။ဒီပြည်ထောင်စုလွှတ်တော် အပိုင်းမှာလည်း ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းသာ ပေးထားပြီး၊ တပ်ပိုင်းကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားပါတယ်။အဲဒီလို တပ်ပိုင်းကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ထည့်သွင်းထားတာက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အရေးကြီးတဲ့ ပုဒ်မတွေကို ပြင်ဆင်လိုရင် ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ ရာခိုင်နှုန်းကျော်ရဲ့ သဘောတူထောက်ခံမှုပါမှ ပြင်ဆင်နိုင်အောင် အတွက်ပါ။ဒီအရေးကြီးပုဒ်မတွေကို ပြည်ထောင်စုလွှတ်တော်မှာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုရပြီးမှ ပြည်သူ့ဆန္ဒခံယူပွဲမှာ မဲပေးသူဦးရေ ထက်ဝက်ကျော် ထောက်ခံဆန္ဒမဲပေးမှ ပြင်ဆင်တဲ့ ပုဒ်မတွေ အတည်ဖြစ်လာမှာပါ။ဒါတွေဖြစ်လာဖို့အတွက်ကလည်း မလွယ်ကူပါဘူး။

ဒီလို၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်ထောင်စုလွှတ်တော် ကဏ္ဍကနေ ပြင်ဆင်နိုင်ဖို့ မဖြစ်နိုင်တာကိုသိပြီး၊ အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဘက်ကနေ ပြင်ဆင်နိုင်မလားထင်ပြီး၊ (၂၁) ရာစု ပင်လုံညီလာခံအဖြစ် အမည်ပြောင်းပြီး ကြိုးစားခဲ့ပါတယ်။(၂၁) ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ပါဝင်နိုင်ဖို့၊ တစ်ပြည်လုံး အပစ်ရပ်စဲမှု သဘောတူစာချုပ် (NCA) က အခက်အခဲအဖြစ် တားဆီးထားတာ တွေ့ရပါတယ်။ပြောမယ်ဆိုရင် (၂၁) ရာစု ပင်လုံညီလာခံဘက်ကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့ အလွန်ခက်ခဲနေတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပြည်ထောင်စုလွှတ်တော်ဘက်ကနေ ပြင်ဆင်နိုင်ရေး စတင်ခြေလှမ်းလိုက်ပါပြီ။

အင်အယ်ဒီပါတီ အာဏာရ လွှတ်တော်သုံးနှစ်ကြာမှ လွှတ်တော်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အသံစထွက်လာတာကို ဝေဖန်နေကြတဲ့သူတွေ ရှိနေပါတယ်။ဝေဖန်ထောက်ပြသူတွေအနေနဲ့လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အင်အယ်ဒီပါတီ အာဏာမရခင်ကတည်းက ပြင်ဆင်ဖို့လိုလားပြီး တိုက်တွန်းခဲ့သူတွေ ဖြစ်ပါတယ်။အခုအချိန်ကာလအနေနဲ့ အလွန်နောက်ကျပြီးမှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်သမျှ ပြင်ဆင်နိုင်အောင် စတင်ခြေလှမ်းတာကိုတော့ သဘောမတူသူ မရှိပါဘူး။တိုင်းရင်းသားပါတီတွေရော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အလွန်အရေးပါတဲ့ တပ်မတော်ကပါ ပြင်ဆင်ဖို့ သဘောတူထားကြပါတယ်။

ဒါပေမယ့်၊ ၂၀၀၈ ဖွဲ့စည်းပုံထဲမှာ ပါဝင်နေတဲ့ အခန်း (၁၂) ပုဒ်မ ၄၃၆ (က) မှာ ပြဋ္ဌာန်းထားတဲ့ "ဤဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း (၁) ပုဒ်မ ၁ မှ ၄၈ ထိ။အခန်း (၂) ပုဒ်မ ၄၉ မှ ၅၆ ထိ။အခန်း (၃) ပုဒ်မ ၅၉၊ ၆၀။အခန်း (၄) ပုဒ်မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။အခန်း (၅) ပုဒ်မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။အခန်း (၆) ပုဒ်မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။အခန်း (၁၁) ပုဒ်မ ၄၁၀ မှ ၄၃၂ ထိ။အခန်း (၁၂) ပုဒ်မ ၄၃၆" တွေကို ပြင်ဆင်နိုင်ဖို့အတွက် အခုလက်ရှိအခြေအနေမှာ မဖြစ်နိုင်သေးပါဘူး။ဒီဖော်ပြပါအခန်းတွေထဲမှာ ပါဝင်နေတဲ့ ပုဒ်မတွေအပြင် လွှတ်တော်မှာ ပြင်ဆင်နိုင်တဲ့ ပုဒ်မတွေကို ပြင်ဆင်နိုင်ဖို့ ကြိုးစားရမှာပါ။ဒီနေရာမှာလည်း အခက်အခဲဖြစ်နေမှာပါ။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေက ၄၃၆ (ခ) မှာ ပြဋ္ဌာန်းထားတာက "ပုဒ်မခွဲ (က) တွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်များမှအပ၊ အခြားပြဋ္ဌာန်းချက်များကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်" ဆိုတဲ့ အချက်ဟာ အာဏာရ အင်အယ်ဒီလွှတ်တော်အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။ဒီပြဋ္ဌာန်းချက်ဟာ အာဏာရ အင်အယ်ဒီပါတီမှ မဟုတ်ပါဘူး။ဘယ်ပါတီပဲအနိုင်ရရ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ချင်တယ်ဆိုရင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံး ထောက်ခံဆန္ဒမဲအပြင် တပ်မတော်သား ကိုယ်စားလှယ်တစ်ယောက်ကပါ ထောက်ခံမဲပေးဖို့ လိုအပ်ပါတယ်။

အခုနိုင်ငံရေးအခြေအနေမှာ အာဏာရ အင်အယ်ဒီပါတီနဲ့ အတိုက်အခံဖြစ်သွားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ တစ်စုတစ်စည်းထဲ သဘောထား ရှိမနေပါဘူး။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း၊ ပူးပေါင်းကော်မတီတစ်ရပ် ဖွဲ့ဖို့အတွက် အင်အယ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အရေးကြီးအဆို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းတာတောင် တပ်မတော်ကိုယ်စားလှယ်တွေနဲ့အတူ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်း တင်သွင်းလာရင် ပြည်ထောင်စုလွှတ်တော်အနေနဲ့ လက်ခံဆွေးနွေးမယ်ဆိုတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်အများစုနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း ပူးပေါင်းကော်မတီကို အတည်ပြုလိုက်ပေမယ့်၊ သတ်မှတ်ထားတဲ့ ပူးပေါင်းကော်မတီ ၄၅ ဦးထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေ အမည်စာရင်း မပါဝင်သေးတဲ့အပြင်၊ တပ်မတော်ကိုယ်စားလှယ်များ၊ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များ၊ တိုင်းရင်းသားပါတီ ကိုယ်စားလှယ် ၁၄၃ ဦး ပါဝင်ပြီး ပြည်ထောင်စုလွှတ်တော်ကို အခြေခံဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး ပြင်ဆင်ရေး တင်သွင်းလာပါတယ်။ပြည်ထောင်စုလွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ ၂၀ ရာခိုင်နှုန်း တင်သွင်းရင် ဆွေးနွေးရမယ်ဆိုတဲ့ အချက်ကို ကိုင်ပြီးတင်သွင်းလာတာပါ။

အခုပြည်ထောင်စုလွှတ်တော်မှာ အင်အယ်ဒီ လွှတ်တော်ကိုယ်စားလှယ်အများစု ဦးဆောင်တဲ့ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ပူးပေါင်းကော်မတီနဲ့ အတိုက်အခံ ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး အဖွဲ့နှစ်ဖွဲ့ရှိနေပါပြီ။အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ရေးဆွဲတဲ့ အဖွဲ့နှစ်ဖွဲ့မှာ တူညီတဲ့ ပြင်ဆင်ရေးဆွဲမှု ဥပဒေတွေ ပါလာခဲ့ရင်တော့၊ အဲဒီဥပဒေပုဒ်မတွေဟာ ပြင်ဆင်နိုင်ပါလိမ့်မယ်။အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ရေးဆွဲမယ့် အဖွဲ့နှစ်ဖွဲ့စလုံးက အခြေခံဥပဒေ အခန်း (၄၃၆) (ခ) အရ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံဆန္ဒမဲကို ရပါလိမ့်မယ်။

အခုအခြေအနေမှာတော့ ပြည်ထောင်စုလွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေးမူကြမ်း ရေးဆွဲရေး အဆင့်မှာ ကွဲပြားနေပါတယ်။၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကလည်း ရှုပ်ထွေးနေပြီး၊ ပြင်ဆင်ရေး အလွန်ခက်ခဲအောင်နဲ့ ပြင်ဆင်ရေးအတွက် အာဏာရပါတီ၊ အတိုက်အခံပါတီတွေ၊ တိုင်းရင်းသားပါတီတွေရဲ့ သဘောထားကွဲပြားမှုတွေနဲ့ ရှုပ်ထွေးစေပါတယ်။ပြောမယ်ဆိုရင် အောင်မြင်မှုနည်းပါးနေတဲ့ အာဏာရ အင်အယ်ဒီပါတီအတွက်ရော၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားနေတဲ့ ပြည်သူတွေအတွက်ပါ အင်မတန်ရှုပ်ထွေးနေတဲ့ နိုင်ငံရေးအကြပ်အတည်းကို ရင်ဆိုင်နေရပါပြီ။

မြတ်လှိုင်း
ဖေဖော်ဝါရီ - ၂၀

( Zawgyi )

ေျပာမယ္ဆိုရင္ ျမန္မာႏိုင္ငံမွာ ရွင္းလို႔မရတဲ့ ျပႆနာေတြ အမ်ားႀကီးရွိေနပါတယ္။ဒီျပႆနာေတြ အားလုံးဟာ စစ္အာဏာရွင္ေခတ္က ဖန္တီးထားခဲ့တာပါ။အင္အယ္ဒီပါတီ အာဏာရလာတဲ့အခ်ိန္မွာ ဒီျပႆနာေတြက အာဏာရ အင္အယ္ဒီအစိုးရအတြက္ ထိပ္တိုက္ရင္ဆိုင္ ေျဖရွင္းရမယ့္ ျပႆနာေတြ ျဖစ္လာပါတယ္။ေျဖရွင္းရခက္ခဲတဲ့ စိန္ေခၚမႈေတြေအာက္မွာ အာဏာရ အင္အယ္ဒီအစိုးရအတြက္ တိုင္းျပည္တည္ေဆာက္ေရး လုပ္ငန္းေတြဟာ ေရွ႕မဆက္ႏိုင္ေအာင္ ရပ္တန႔္ေနခဲ့ပါတယ္။ျမန္မာျပည္ အေရွ႕ေျမာက္ပိုင္း (ရခိုင္ျပည္နယ္) က ဘဂၤလီျပႆနာေတြေၾကာင့္လည္း အာဏာရ အင္အယ္ဒီအစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ ဂုဏ္သိကၡာေတြဟာ ႏိုင္ငံတကာ မ်က္ႏွာစာအလယ္မွာ က်ဆင္းခဲ့ရပါတယ္။ျမန္မာျပည္ ေျမာက္ဖ်ားက ျမစ္ဆုံအေရးေၾကာင့္လည္း ျပည္တြင္းမွာရွိတဲ့ တိုင္းရင္းသားျပည္သူေတြရဲ႕ ယုံၾကည္အားကိုးမႈေတြ က်ဆင္းေနရပါတယ္။ႏွစ္ေပါင္းခုႏွစ္ဆယ္ၾကာ ျပည္တြင္းစစ္ကို ၿငိမ္းသတ္ႏိုင္လိမ့္မယ္လို႔ ျပည္သူေတြ အပါအဝင္ တိုင္းရင္းသားလူမ်ိဳးစုရဲ႕ အားကိုးယုံၾကည္ထားမႈကလည္း ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္က်င္းပတဲ့ (၂၁) ရာစု ပင္လုံၿငိမ္းခ်မ္းေရး မေအာင္ျမင္မႈေၾကာင့္လည္း ဂုဏ္သိကၡာက်ဆင္းေနရပါတယ္။အေရးအႀကီးဆုံးျဖစ္တဲ့ ျပည္သူေတြရဲ႕ စားဝတ္ေနေရး ခက္ခဲၾကပ္တည္းေနမႈကို မေျဖရွင္းႏိုင္တာက ပိုဆိုးတဲ့ ျပႆနာပါပဲ။

ဒီအာဏာရ အင္အယ္ဒီအစိုးရ ရင္ဆိုင္ေနရတဲ့ ျပႆနာေတြ အေတာ္မ်ားမ်ားရဲ႕ အရင္းအျမစ္ကို ၾကည့္လိုက္ရင္၊ စစ္အာဏာရွင္ေခတ္မွာ ဖန္တီးေရးဆြဲၿပီး ျပ႒ာန္းထားခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေၾကာင့္ ျဖစ္ေပၚေနတာကို ေတြ႕ရမွာပါ။ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒေၾကာင့္လည္း အင္အယ္ဒီအစိုးရဟာ တိုင္းျပည္အုပ္ခ်ဳပ္ေရး အာဏာအကုန္မရပါဘူး။အရပ္သား ဒီမိုကေရစီ အာဏာရအစိုးရေခၚဖို႔ ခက္ခဲပါတယ္။ဒီအင္အယ္ဒီအစိုးရအတြက္ ေရွ႕ဆက္ၿပီး တိုင္းျပည္ဆည္ေဆာက္ေရး လုပ္ငန္းေတြ မလုပ္ေဆာင္ႏိုင္ေအာင္ ဟန႔္တားထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ေရးဆြဲႏိုင္မွ ျမန္မာႏိုင္ငံဟာ ဒီမိုကေရစီ ဖက္ဒရယ္ျပည္ေထာင္စုကို တည္ေဆာက္ႏိုင္တာကို ေတြ႕ရပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ဖို႔အတြက္လည္း မလြယ္ကူဘူးဆိုတာ သိေနခဲ့ၿပီးပါၿပီ။၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရခဲ့တဲ့ အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတျဖစ္ႏိုင္ေရးကို တားဆီးပိတ္ပင္ထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒပါ ပုဒ္မ ၅၉ (စ) ရဲ႕ စာတစ္ေၾကာင္းကိုျပင္ဖို႔ အလြန္ခက္ခဲတာကို သိခဲ့ၾကပါတယ္။

စစ္အာဏာရွင္ေခတ္မွာ ေရးဆြဲၿပီး ျပည္သူ႔ဆႏၵခံယူကာ အတည္ျဖစ္ေအာင္ ျပ႒ာန္းထားခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒဟာ၊ ႏိုင္ငံေရးေနာက္ကြယ္ကေန ျမန္မာတစ္ျပည္လုံးကို ဆက္လက္ကိုင္တြယ္ထားႏိုင္ဖို႔အတြက္ရယ္၊ ေ႐ြးေကာက္ပြဲနဲ႔ တက္လာမယ့္ အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ ကို သမၼတမျဖစ္ေအာင္ ေရးဆြဲထားတဲ့ ဖြဲ႕စည္းပုံ အေျခခံဥပေဒတစ္ခု သက္သက္ပါပဲ။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက တိုင္းရင္းသား ျပည္သူေတြကို အက်ိဳးစီးပြားျဖစ္ႏိုင္မယ့္၊ အကာအကြယ္ေပးႏိုင္မယ့္ အေျခခံဥပေဒ မဟုတ္ပါဘူး။အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ သမၼတျဖစ္ဖို႔ ဆက္မႀကိဳးစားေတာ့ပဲ လက္ေလွ်ာ့လိုက္ေပမယ့္၊ စစ္အာဏာရွင္စနစ္ကို ဆက္လက္အကာအကြယ္ေပးဖို႔အတြက္ ျပင္ဆင္ရ အလြန္ခက္ခဲေအာင္ ေရးဆြဲထားတာက ေ႐ြးေကာက္ပြဲနဲ႔ အႏိုင္ရလာတဲ့ အရပ္သား ဒီမိုကေရစီအစိုးရကို တိုင္းျပည္အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးအပိုင္းေတြမွာ မပါဝင္ႏိုင္ေအာင္ ျဖစ္ပါတယ္။အနာဂတ္ ျမန္မာ့ႏိုင္ငံေရးမွာ တပ္မေတာ္က ဦးေဆာင္မႈက႑မွာ အၿမဲပါဝင္ႏိုင္ေရးက ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒမွာ အဓိကက်ပါတယ္။
ဒီတိုင္းျပည္တစ္ခုလုံးအတြက္ အုပ္ခ်ဳပ္ေရး၊ ကာကြယ္ေရး၊ နယ္စပ္ေရးေတြဟာ အလြန္အေရးႀကီးတဲ့ အပိုင္းေတြပါ။

အလြန္ အင္မတန္အေရးႀကီးတဲ့ ကိစၥေတြမွန္သမွ်ကို ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒထဲမွာ မျပင္ဆင္ႏိုင္ေအာင္လို႔ ေရးဆြဲထားပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔အတြက္ အေရးႀကီးတာက ျပည္ေထာင္စုလႊတ္ေတာ္ က႑ပါ။ဒီျပည္ေထာင္စုလႊတ္ေတာ္ အပိုင္းမွာလည္း ေ႐ြးေကာက္ခံကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းသာ ေပးထားၿပီး၊ တပ္ပိုင္းကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ထည့္သြင္းထားပါတယ္။အဲဒီလို တပ္ပိုင္းကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း ထည့္သြင္းထားတာက ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒထဲက အေရးႀကီးတဲ့ ပုဒ္မေတြကို ျပင္ဆင္လိုရင္ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ ၇၅ ရာခိုင္ႏႈန္းေက်ာ္ရဲ႕ သေဘာတူေထာက္ခံမႈပါမွ ျပင္ဆင္ႏိုင္ေအာင္ အတြက္ပါ။ဒီအေရးႀကီးပုဒ္မေတြကို ျပည္ေထာင္စုလႊတ္ေတာ္မွာ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံမႈရၿပီးမွ ျပည္သူ႔ဆႏၵခံယူပြဲမွာ မဲေပးသူဦးေရ ထက္ဝက္ေက်ာ္ ေထာက္ခံဆႏၵမဲေပးမွ ျပင္ဆင္တဲ့ ပုဒ္မေတြ အတည္ျဖစ္လာမွာပါ။ဒါေတြျဖစ္လာဖို႔အတြက္ကလည္း မလြယ္ကူပါဘူး။

ဒီလို၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပည္ေထာင္စုလႊတ္ေတာ္ က႑ကေန ျပင္ဆင္ႏိုင္ဖို႔ မျဖစ္ႏိုင္တာကိုသိၿပီး၊ အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံဘက္ကေန ျပင္ဆင္ႏိုင္မလားထင္ၿပီး၊ (၂၁) ရာစု ပင္လုံညီလာခံအျဖစ္ အမည္ေျပာင္းၿပီး ႀကိဳးစားခဲ့ပါတယ္။(၂၁) ရာစု ပင္လုံၿငိမ္းခ်မ္းေရးညီလာခံကလည္း တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြ ပါဝင္ႏိုင္ဖို႔၊ တစ္ျပည္လုံး အပစ္ရပ္စဲမႈ သေဘာတူစာခ်ဳပ္ (NCA) က အခက္အခဲအျဖစ္ တားဆီးထားတာ ေတြ႕ရပါတယ္။ေျပာမယ္ဆိုရင္ (၂၁) ရာစု ပင္လုံညီလာခံဘက္ကလည္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ႏိုင္ဖို႔ အလြန္ခက္ခဲေနတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ျပည္ေထာင္စုလႊတ္ေတာ္ဘက္ကေန ျပင္ဆင္ႏိုင္ေရး စတင္ေျခလွမ္းလိုက္ပါၿပီ။

အင္အယ္ဒီပါတီ အာဏာရ လႊတ္ေတာ္သုံးႏွစ္ၾကာမွ လႊတ္ေတာ္က ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရး အသံစထြက္လာတာကို ေဝဖန္ေနၾကတဲ့သူေတြ ရွိေနပါတယ္။ေဝဖန္ေထာက္ျပသူေတြအေနနဲ႔လည္း ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို အင္အယ္ဒီပါတီ အာဏာမရခင္ကတည္းက ျပင္ဆင္ဖို႔လိုလားၿပီး တိုက္တြန္းခဲ့သူေတြ ျဖစ္ပါတယ္။အခုအခ်ိန္ကာလအေနနဲ႔ အလြန္ေနာက္က်ၿပီးမွ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ႏိုင္သမွ် ျပင္ဆင္ႏိုင္ေအာင္ စတင္ေျခလွမ္းတာကိုေတာ့ သေဘာမတူသူ မရွိပါဘူး။တိုင္းရင္းသားပါတီေတြေရာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ႏိုင္ေရးအတြက္ အလြန္အေရးပါတဲ့ တပ္မေတာ္ကပါ ျပင္ဆင္ဖို႔ သေဘာတူထားၾကပါတယ္။

ဒါေပမယ့္၊ ၂၀၀၈ ဖြဲ႕စည္းပုံထဲမွာ ပါဝင္ေနတဲ့ အခန္း (၁၂) ပုဒ္မ ၄၃၆ (က) မွာ ျပ႒ာန္းထားတဲ့ "ဤဖြဲ႕စည္းပုံ အေျခခံဥပေဒ၏ အခန္း (၁) ပုဒ္မ ၁ မွ ၄၈ ထိ။အခန္း (၂) ပုဒ္မ ၄၉ မွ ၅၆ ထိ။အခန္း (၃) ပုဒ္မ ၅၉၊ ၆၀။အခန္း (၄) ပုဒ္မ ၇၄၊ ၁၀၉၊ ၁၄၁၊ ၁၆၁။အခန္း (၅) ပုဒ္မ ၂၀၀၊ ၂၀၁၊ ၂၄၈၊ ၂၇၆။အခန္း (၆) ပုဒ္မ ၂၉၃၊ ၂၉၄၊ ၃၀၅၊ ၃၁၄၊ ၃၂၀။အခန္း (၁၁) ပုဒ္မ ၄၁၀ မွ ၄၃၂ ထိ။အခန္း (၁၂) ပုဒ္မ ၄၃၆" ေတြကို ျပင္ဆင္ႏိုင္ဖို႔အတြက္ အခုလက္ရွိအေျခအေနမွာ မျဖစ္ႏိုင္ေသးပါဘူး။ဒီေဖာ္ျပပါအခန္းေတြထဲမွာ ပါဝင္ေနတဲ့ ပုဒ္မေတြအျပင္ လႊတ္ေတာ္မွာ ျပင္ဆင္ႏိုင္တဲ့ ပုဒ္မေတြကို ျပင္ဆင္ႏိုင္ဖို႔ ႀကိဳးစားရမွာပါ။ဒီေနရာမွာလည္း အခက္အခဲျဖစ္ေနမွာပါ။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒက ၄၃၆ (ခ) မွာ ျပ႒ာန္းထားတာက "ပုဒ္မခြဲ (က) တြင္ ေဖာ္ျပထားသည့္ ျပ႒ာန္းခ်က္မ်ားမွအပ၊ အျခားျပ႒ာန္းခ်က္မ်ားကို ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္အားလုံး၏ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲျဖင့္သာ ျပင္ဆင္ရမည္" ဆိုတဲ့ အခ်က္ဟာ အာဏာရ အင္အယ္ဒီလႊတ္ေတာ္အတြက္ စိန္ေခၚမႈႀကီးတစ္ခု ျဖစ္ေနပါတယ္။ဒီျပ႒ာန္းခ်က္ဟာ အာဏာရ အင္အယ္ဒီပါတီမွ မဟုတ္ပါဘူး။ဘယ္ပါတီပဲအႏိုင္ရရ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကို ျပင္ဆင္ခ်င္တယ္ဆိုရင္ ေ႐ြးေကာက္ခံ လႊတ္ေတာ္ကိုယ္စားလွယ္ေတြအားလုံး ေထာက္ခံဆႏၵမဲအျပင္ တပ္မေတာ္သား ကိုယ္စားလွယ္တစ္ေယာက္ကပါ ေထာက္ခံမဲေပးဖို႔ လိုအပ္ပါတယ္။

အခုႏိုင္ငံေရးအေျခအေနမွာ အာဏာရ အင္အယ္ဒီပါတီနဲ႔ အတိုက္အခံျဖစ္သြားတဲ့ ႀကံ့ခိုင္ေရးပါတီက ကိုယ္စားလွယ္ေတြ၊ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြအေနနဲ႔ တစ္စုတစ္စည္းထဲ သေဘာထား ရွိမေနပါဘူး။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပင္ဆင္ေရးမူၾကမ္း၊ ပူးေပါင္းေကာ္မတီတစ္ရပ္ ဖြဲ႕ဖို႔အတြက္ အင္အယ္ဒီပါတီ လႊတ္ေတာ္ကိုယ္စားလွယ္အေနနဲ႔ အေရးႀကီးအဆို ျပည္ေထာင္စုလႊတ္ေတာ္မွာ တင္သြင္းတာေတာင္ တပ္မေတာ္ကိုယ္စားလွယ္ေတြနဲ႔အတူ အတိုက္အခံ ႀကံ့ခိုင္ေရးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ကန႔္ကြက္ခဲ့ပါတယ္။

ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ စုစုေပါင္းရဲ႕ ၂၀ ရာခိုင္ႏႈန္း တင္သြင္းလာရင္ ျပည္ေထာင္စုလႊတ္ေတာ္အေနနဲ႔ လက္ခံေဆြးေႏြးမယ္ဆိုတဲ့ အဆင့္မွာပဲ ရွိပါေသးတယ္။အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစုနဲ႔ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ မူၾကမ္း ပူးေပါင္းေကာ္မတီကို အတည္ျပဳလိုက္ေပမယ့္၊ သတ္မွတ္ထားတဲ့ ပူးေပါင္းေကာ္မတီ ၄၅ ဦးထဲမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြနဲ႔ ႀကံ့ခိုင္ေရးပါတီ ကိုယ္စားလွယ္ေတြ အမည္စာရင္း မပါဝင္ေသးတဲ့အျပင္၊ တပ္မေတာ္ကိုယ္စားလွယ္မ်ား၊ ႀကံ့ခိုင္ေရးပါတီကိုယ္စားလွယ္မ်ား၊ တိုင္းရင္းသားပါတီ ကိုယ္စားလွယ္ ၁၄၃ ဦး ပါဝင္ၿပီး ျပည္ေထာင္စုလႊတ္ေတာ္ကို အေျခခံဥပေဒမူၾကမ္းနဲ႔ ပတ္သက္ၿပီး ျပင္ဆင္ေရး တင္သြင္းလာပါတယ္။ျပည္ေထာင္စုလႊတ္ေတာ္မွာ ၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒ ျပ႒ာန္းခ်က္ပါ ၂၀ ရာခိုင္ႏႈန္း တင္သြင္းရင္ ေဆြးေႏြးရမယ္ဆိုတဲ့ အခ်က္ကို ကိုင္ၿပီးတင္သြင္းလာတာပါ။

အခုျပည္ေထာင္စုလႊတ္ေတာ္မွာ အင္အယ္ဒီ လႊတ္ေတာ္ကိုယ္စားလွယ္အမ်ားစု ဦးေဆာင္တဲ့ အေျခခံဥပေဒ ျပင္ဆင္ေရးမူၾကမ္း ပူးေပါင္းေကာ္မတီနဲ႔ အတိုက္အခံ ႀကံ့ခိုင္ေရးပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ အေျခခံ ဥပေဒမူၾကမ္း ေရးဆြဲေရး အဖြဲ႕ႏွစ္ဖြဲ႕ရွိေနပါၿပီ။အေျခခံဥပေဒ ျပင္ဆင္ေရးမူၾကမ္း ေရးဆြဲတဲ့ အဖြဲ႕ႏွစ္ဖြဲ႕မွာ တူညီတဲ့ ျပင္ဆင္ေရးဆြဲမႈ ဥပေဒေတြ ပါလာခဲ့ရင္ေတာ့၊ အဲဒီဥပေဒပုဒ္မေတြဟာ ျပင္ဆင္ႏိုင္ပါလိမ့္မယ္။အေျခခံဥပေဒ ျပင္ဆင္ေရးမူၾကမ္း ေရးဆြဲမယ့္ အဖြဲ႕ႏွစ္ဖြဲ႕စလုံးက အေျခခံဥပေဒ အခန္း (၄၃၆) (ခ) အရ ျပည္ေထာင္စုလႊတ္ေတာ္မွာ လႊတ္ေတာ္ကိုယ္စားလွယ္ ၇၅ ရာခိုင္ႏႈန္းေက်ာ္ ေထာက္ခံဆႏၵမဲကို ရပါလိမ့္မယ္။

အခုအေျခအေနမွာေတာ့ ျပည္ေထာင္စုလႊတ္ေတာ္ထဲမွာ အေျခခံဥပေဒ ျပင္ဆင္ေရးမူၾကမ္း ေရးဆြဲေရး အဆင့္မွာ ကြဲျပားေနပါတယ္။၂၀၀၈ ဖြဲ႕စည္းပုံ အေျခခံဥပေဒကလည္း ရႈပ္ေထြးေနၿပီး၊ ျပင္ဆင္ေရး အလြန္ခက္ခဲေအာင္နဲ႔ ျပင္ဆင္ေရးအတြက္ အာဏာရပါတီ၊ အတိုက္အခံပါတီေတြ၊ တိုင္းရင္းသားပါတီေတြရဲ႕ သေဘာထားကြဲျပားမႈေတြနဲ႔ ရႈပ္ေထြးေစပါတယ္။ေျပာမယ္ဆိုရင္ ေအာင္ျမင္မႈနည္းပါးေနတဲ့ အာဏာရ အင္အယ္ဒီပါတီအတြက္ေရာ၊ အေျခခံဥပေဒ ျပင္ဆင္ေရးကို လိုလားေနတဲ့ ျပည္သူေတြအတြက္ပါ အင္မတန္ရႈပ္ေထြးေနတဲ့ ႏိုင္ငံေရးအၾကပ္အတည္းကို ရင္ဆိုင္ေနရပါၿပီ။

ျမတ္လႈိင္း
ေဖေဖာ္ဝါရီ - ၂၀