【 ဆောင်းပါး 】 “၂၀၂၀ နဲ့ အင်အယ်ဒီအပြောင်းအလဲ ကံကြမ္မာ”

【 ဆောင်းပါး 】 “၂၀၂၀ နဲ့ အင်အယ်ဒီအပြောင်းအလဲ ကံကြမ္မာ”

၂၀၂၀ခုနှစ်ထဲကိုရောက်လာခဲ့တာသုံးလနီးပါးရှိနေပါပြီ။၂၀၂၀ခုနှစ်ဟာမြန်မာပြည်အတွက် တိုင်းရင်း သားပြည်သူတွေပိုပြီးစိတ် ဝင်စားတဲ့နှစ်လို့ပြောရမှာပါ။၅နှစ်တစ်ကြိမ်ကျင်းပပြုလုပ်နေတဲ့ပါတီစုံအထွေေထွေ ရွေးကောက်ပွဲကြီး ဟာနောက်ငါးနှစ်အတွက်ပြန်ကျင်းပ ရတော့မယ့်နှစ်ဖြစ်နေပါတယ်။အခုပြန်ကျင်းပရတော့ မယ့်ပါတီစုံအထွေထ ွေရွေးကောက်ပွဲကြီးကနေမြန်မာပြည်ကံကြမ္မာအပြောင်းအလဲကိုဖြစ်နိုင်ကောင်း ဖြစ်နိုင် ပါလိမ့်မယ်။ နိုင်ငံသူနိုင်ငံသားတိုင်းဟာတိုင်းပြည်နိုင်ငံေရးကိုစိတ်ပါဝင်စားနေကြရပါလိမ့်မယ်။

၂၀၁၅ခုနှစ်ပါတီစုံအထွေထွေေရွးကောက်ပွဲကိုတိုင်းရင်းသားပြည်သူတွေအထူးစိတ်ပါဝင်စားခဲ့ကြပါတယ်။အဲဒီလိုတိုင်းရင်းသားပြည်သူတွေအလေးထားစိတ်ပါဝင်စားခဲ့တာကြောင့်လည်းစစ်အာဏာရှင်ဝါဒနိဂုံးချုပ်သွားခဲ့ရတာပါ။ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ တစ်ခုကိုစတင်ဆောင်ရွက်နိုင်မယ့်စစ်အာဏာရှင်စနစ်ကိုအဓိက အတိုက်အခံလုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတိုင်းရင်းသားပြည် သူတွေဆန္ဒမဲပေးပြီးထောက်ခံကြောင်း ကိုပြသနိုင်ခဲ့ကြပါတယ်။

တိုင်းရင်းသားပြည်သူတွေ မျှော်မှန်းတဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတစ်ခုကို အစပြုနိုင်ခဲ့သလား

၂၀၁၅ခုနှစ် ပါတီစုံဒီမိုကေရစီအေထွထွေရွေးကောက်ပွဲမှာစစ်အာဏာရှင်ဝါဒကိုအဓိက အတိုက်အခံပြု လုပ်ခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာပြိုင်ဘက်စစ်အာဏာရှင်ပုံပြောင်းပါတီကြီးဖြစ်တဲ့ပြည်ခိုင်ဖြိုးပါတီကိုအပြတ်အသတ်အနိုင်ရခဲ့ပြီးလွှတ်တော်အရပ်ရပ်ကိုဦးဆောင်ခေါ်ယူခွင့်ရခဲ့ပါတယ်။လွှတ်တော်တွေကိုဦးဆောင် ခေါ်ယူခွင့်ရခဲ့သလို၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရတစ်ရပ်ကိုလည်းတစ်ပါတီထဲလွတ်လပ်စွာဖွဲ့စည်းနိုင်ခွင့်ရခဲ့ပါတယ်။မြန်မာပြည်အတွက်နိုင်ငံေရးအပြောင်းအလဲကိုဖန်တီးနိုင်ခွင့်ရသွားခဲ့တာကိုအားလုံးအ သိပဲဖြစ်ပါ တယ်။

မြန်မာနိုင်ငံရဲ့နိုင်ငံရေးအပြောင်းအလဲလုပ်ပိုင်ခွင့်ရခဲ့တာကိုအဓိကထားပြီးတိုင်းရင်းသားပြည်သူတွေမျှော်လင့်နေတဲ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကိုစတင်နိုင်ခွင့်ရခဲ့ပေမယ့်၊ဒီမိုကရေစီအသွင်ကူးပြောင်းလဲရေးကိုအာဏာရပါတီကြီးဖြစ်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကမစွမ်းဆောင်နိုင်ခဲ့ပါဘူး။ဒီလိုမြန်မာနိုင်ငံရေးမှာဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလကိုအစပြုမဖော်ဆောင်ခဲ့တဲ့အတွက်စစ်အာဏာရှင်စနစ်ဟာဆက်လက်တည်ရှိနေပြီးတိုင်းရင်းသားပြည်သူတွေအတွက်ဒီမိုကရေစီစနစ်ရဲ့အခြေခံအခွင့်အရေးတွေဆုံးရှုံးနေရဆဲဖြစ်နေပါတယ်။တိုင်းရင်းသားပြည်သူတွေမျှော်လင့်ခဲ့သလိုဒီမိုကရေစီအသွင်ကူးပြောင်းရေးအစမပြုနိုင်ခဲ့တဲ့အာဏာရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကိုစိတ်ပျက်သွားတာတွေတွေ့နေရပါတယ်။

မအောင်မြင်ခဲ့တဲ့ အဓိကရည်မှန်းချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့၂၀၁၅ပါတီစုံအထွေထွေရွေးကောက်ပွဲအနိုင်ရခဲ့ရင်အဓိကပြုလုပ်မယ့်ရည်မှန်းချက်တွေကိုတိုင်းရင်းသားပြည်သူတွေကိုအတိအလင်းပြောခဲ့ပါတယ်။တိုင်းရင်းသားပြည်သူတွေအဓိကကြုံတွေ့နေခဲ့ရတဲ့စားဝတ်နေရေးကြပ်တည်းမှုကိုဖြေရှင်းပေးဖို့ကိုအဓိကမထားခဲ့တာတွေ့ရပါတယ်။အမျိုးသား ပြန်လည်သင့်မြတ်ရေး(ရင်ကြားစေ့ရေး)၊ပြည်တွင်းငြိမ်းချမ်းရေးတွေကိုအဓိကထားခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက်ရင်ကြားစေ့ရေးကိုဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်။အခုဆို ရင်အမျိုးဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသက်တမ်းနောက်ဆုံးကာလကိုရောက်ပါတော့မယ်။ဖြတ်သန်းခဲ့တဲ့အာဏာရ ပါတီအတွက်ရင်ကြားစေ့ရေးကိုပီပြင်အောင်အကောင် အထည်မဖော်ဆောင်နိုင်ခဲ့ပါဘူး။

တိုင်းရင်းသား ပြည်သူ တွေ၊အစိုးရ၊တပ်မတော်ကြားမှာရင်ကြားမစေ့နိုင်ခဲ့တဲ့အပြင်ရင်ကြားပိုကွဲသွားရတဲ့အခြေအနေတွေတွေ့မြင်နေရပါတယ်။နိုင်ငံရေးလေ့လာအကဲခတ်တဲ့သူတွေ၊မီဒီယာတွေကထောက်ပြေ၀ဖန်နေခဲ့တာကတော့ရင်ကြားစေ့ရေးဦးတည်ရည်မှန်းချက်လွဲမှားနေလို့ဆိုပြီးပြောဆိုနေကြပါတယ်။

နောက်အဓိကဦးတည်ရည်မှန်းချက်ဖြစ်တဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်၂၁(ရာစု)ပင်လုံငြိမ်းချမ်းရေးညီလာခံကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကဦးဆောင်ခေါ်ယူကျင်းပခဲ့ပါတယ်။ဒီ၂၁(ရာစု)ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးကလည်းအခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရရဲ့နောက်ဆုံးကာလအထိအောင်မြင်အောင်မဆောင်ရွက်နိုင်သေးပဲရပ်တန့်နေပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရငါးနှစ် သက်တမ်းအတွင်းမှာဆက်လက်ကျင်းပမယ့်၂၁(ရာစု)ပင်လုံညီလာခံမှာလည်းအခက်အခဲတွေအများအပြားတွေ့ နိုင်ဦးမှာပါ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ပါတီတွင်း) အပြောင်းအလဲ

၂၀၂၀ခုနှစ်ထဲကိုရောက်လာတဲ့အချိန်ဟာပါတီစုံအထွေထွေရွေးကောက်ပွဲကိုနီးလာခဲ့တဲ့အချိန်ကာလ လည်းဖြစ်ပါတယ်။ပါတီစုံအထွေထွေရွေးကောက်ပွဲမှာဝင်ပြိုင်ကြမယ့်နိုင်ငံရေးပါတီတွေလည်းပြင်ဆင်မှုတွေပြုလုပ်နေကြပါပြီ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ပြင်ဆင်မှုတစ်ခုလို့ပြောရမလား။အမျိုးသားဒီမိုကေရစီအဖွဲ့ချုပ်ရဲ့ပါတီပြောရေးဆိုခွင့်ရှိသူကိုပြောင်းလဲသတ်မှတ်လိုက်တာတွေ့ရပါတယ်။

အခုလိုပါတီစုံအထွေထွေရွေးကောက်ပွဲနီးလာတဲ့အချိန်မှာရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီတွေအတွက်ပါတီပြောရေးဆိုခွင့်ရှိသူတွေကအင်မတန်အရေးပါသလိုအရေးကြီးပါတယ်။အဲဒီလိုအလွန်အရေးပါပြီးအရေးကြီးတဲ့ပါတီပြောရေးဆိုခွင့်နေရာအပြောင်းအလဲကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပြုလုပ်လိုက်တဲ့နေရာမှာဝေဖန်ပြောဆိုမှုတွေအများအပြားထွက်လာပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဒေါက်တာမျိုးညွှန့်ကိုပါတီပြောရေးဆိုခွင့်ရှိသူတာဝန်မှရပ်စဲလိုက်ပြီး၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ-၂တာဝန်ယူထား တဲ့ဒေါက်တာဇော်မြင့်မောင်တစ်ဦးထဲကိုပါတီပြောရေးဆိုခွင့်ရှိသူအဖြစ်သတ်မှတ်ပေးလိုက်တာပဲဖြစ်ပါတယ်။

ပြောမယ်ဆိုရင်ဒေါက်တာဇော်ြမင့်မောင်ဟာမန္တလေးတိုင်းဒေသကြီး၀န်ကြီးချုပ်တာဝန်ယူနေရသလို၊သွေးကင်ဆာ ရောဂါခံစားနေရပြီးပြည်ပနိုင်ငံကိုမကြာခဏသွားရောက်ပြီးဆေးကုသမှုခံနေရပါတယ်။ဒေါက်တာဇော်မြင့်မောင်တစ်ဦးထဲကိုပါတီရဲ့ပြောရေးဆိုခွင့်တာဝန်ပေးလိုက်တာကိုသုံးသပ်ကြည့်မယ်ဆိုရင်အာဏာရအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ရဲ့၂၀၂၀ရွေးကောက်ပွဲအကြိုပြင်ဆင်မှုတွေကိုပြည်သူတွေကိုဖုံးကွယ်ထားချင်တဲ့ပုံစံသက်ရောက်နေပါတယ်။

ဒီအပြောင်းအလဲကိုကြည့်မယ်ဆိုရင် အင်မတန်မှားယွင်းနေပါလိမ့်မယ်။နိုင်ငံရေးပါတီတစ်ခုဟာ ရွေး ကောက်ပွဲ နီးလာတဲ့အချိန်မှာပါတီရဲ့ရွေးကောက်ပွဲအကြိုပြင်ဆင်မှုတွေကိုပြည်သူတွေကိုအချိန်နဲ့ တပြေးညီ အသိပေး နေရမယ့်အချိန်ဖြစ်ပါတယ်။
၂၀၁၅ရွေးကောက်ပွဲလွှတ်တော်ကိုယ်စားလှယ်လောင်း

ရွေးချယ်မှုအမှားပြင်ဆင်ခြင်း

၂၀၁၅ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါဝင်ယှဉ်ပြိုင်အနိုင်ရဖို့မြို့နယ်အားလုံးမှာရွေး ကောက်ပွဲကိုယ်စားလှယ်လောင်းတွေရွေးချယ်ခဲ့ပါတယ်။ဒီလိုရွေးချယ်မှုမှာမြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ ကိုရွေးချယ်ခွင့်ပေးအပ်ခဲ့ပါတယ်။မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေကအရည်အချင်းရှိပြီးထက်မြက်တဲ့ကိုယ်စားလှယ်လောင်းတွေ၊မြို့နယ်ပြည်သူတွေကလေးစားကြည်ညိုပြီးသြဇာရှိတဲ့လူတွေကိုရွေးချယ်နိုင်ခဲ့ရင်တော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုအားပေးေထာက်ခံကြတဲ့ပြည်သူတွေကျေနပ်အားရကြမှာပါ။မြို့နယ်အလုပ်အမှု ဆောင်အဖွဲ့တွေကနီးစပ်ရာလူတွေကိုလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ရွေးချယ်လိုက်ကြတဲ့အချိန်မှာ ပြည်သူတွေမကျေနပ်သံတွေဆူညံခဲ့ပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ရဲ့မေတ္တာရပ်ခံစကားကြောင့်အနိုင်ရခဲ့တာကိုဘယ်သူမှမငြင်းနိုင်ပါဘူး။လူကိုမကြည့်နဲ့ပါတီအလံကိုပဲကြည့်ပြီး ပြည်သူတွေမဲပေးခဲ့ကြပါတယ်။ဒီအမှားက ငါးနှစ်သက် တမ်းကြာပြည်သူတွေအကျိုးဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၅ခုနှစ်ရွေးကောက်ပွဲမှာလွှတ်ေတာ်ကိုယ်စားလှယ်ရွေးချယ်မှုအမှားကြီးကိုပြန်ပြုပြင်နိုင်ဖို့အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ဗဟို ကနေ”လူကိုကြည့်ပါ”ဆိုပြီးပြောဆိုသံထွက်လာခဲ့သလို၊မြို့မိမြို့ဖေတွရဲ့ထောက်ခံမှု နဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေရွေးချယ်မယ်လို့တရားဝင်ပြောဆိုလာပါတယ်။ အပေါ်ယံကြည့်ရင် တော့ကောင်းမွန်တဲ့ရွေးချယ်ဆုံးဖြတ်မှုပါဘဲ။

ဒါပေမယ့်လွှတ်တော်ကိုယ်စားလှယ်လောင်းကိုထောက်ခံပေးမယ့်မြို့မြိမို့ဖတွေကိုလည်းပြည်သူတွေကအသိအမှတ်ပြုဖို့လိုအပ်ပါလိမ့်မယ်။တချို့မြို့နယ်တွေမှာပြည်သူတွေမသိပဲမြို့မိမြို့ဖဖြစ်နေသူတွေကို တွေ့နေရပါ တယ်။ဒီမြို့မိမြို့ဖတွေကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မြို့နယ်အလုပ်အမှုဆောင်တွေကနီးစပ်ရာရွေးချယ်ထားလိုက်တာပါ။အမှန်တကယ်ဆိုရင်မြို့နယ်တိုင်းမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကနေဆင်းပြီးပြည်သူတွေရဲ့ မြို့မိမြို့ဖရွေးချယ်တင်မြှောက်မှုကိုပထမအနေနဲ့လုပ်ဆောင်သင့်ပါတယ်။မြို့နယ်ပြည်သူတွေကသဘောတူတင်မြှောက်လိုက်တဲ့မြို့မိမြို့ဖတွေကရွေးကောက်ပွဲဝင်မယ့်ကိုယ်စားလှယ်လောင်းတွေကိုထောက်ခံမှုပေးမှာမို့ နယ် ပြည်သူတွေကျေနပ်နိုင်ကြမှာပါ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရွေးချယ်လိုက်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေလည်းအရည်အချင်းရှိပြီးထက်မြက်တဲ့လူတော်လူကောင်းတွေဖြစ်နိုင်ပါလိမ့်မယ်။

၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်ကနဲ့ မတူညီတော့တဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်နယ်ခရီးစဉ်

အခု၂၀၂၀ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်နေတဲ့ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်တွေကိုဆင်းနေတာတွေ့နေရပါတယ်။ ၂၀၁၅မတိုင်ခင်ကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်း ဆောင်အနေနဲ့ရွေးကောက်ပွဲအောင်နိုင်မှုခရီးစဉ်ဆိုပြီး အတိအလင်းပြောနိုင်ခဲ့ပေမယ့်၊အခုပြည်သူတွေ့ဆုံပွဲ အဖြစ် နဲ့ သာပြောနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသားပြည်သူတွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ယုံ ကြည်မှု၊ မျှော်လင့်မှုတွေကျဆင်းနေပါပြီ။ဒီပြောင်းလဲမှုဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက်အဓိက ပြောင်းလဲမှုဖြစ်လာပါလိမ့်မယ်။

မြတ်လှိုင်း
မတ် - ၁၄

( Zawgyi )

၂၀၂၀ခုႏွစ္ထဲကိုေရာက္လာခဲ့တာသုံးလနီးပါးရွိေနပါၿပီ။၂၀၂၀ခုႏွစ္ဟာျမန္မာျပည္အတြက္ တိုင္းရင္း သားျပည္သူေတြပိုၿပီးစိတ္ ဝင္စားတဲ့ႏွစ္လို႔ေျပာရမွာပါ။၅ႏွစ္တစ္ႀကိမ္က်င္းပျပဳလုပ္ေနတဲ့ပါတီစုံအေထြေေထြ ေ႐ြးေကာက္ပြဲႀကီး ဟာေနာက္ငါးႏွစ္အတြက္ျပန္က်င္းပ ရေတာ့မယ့္ႏွစ္ျဖစ္ေနပါတယ္။အခုျပန္က်င္းပရေတာ့ မယ့္ပါတီစုံအေထြထ ြေေ႐ြးေကာက္ပြဲႀကီးကေနျမန္မာျပည္ကံၾကမၼာအေျပာင္းအလဲကိုျဖစ္ႏိုင္ေကာင္း ျဖစ္ႏိုင္ ပါလိမ့္မယ္။ ႏိုင္ငံသူႏိုင္ငံသားတိုင္းဟာတိုင္းျပည္ႏိုင္ငံေရးကိုစိတ္ပါဝင္စားေနၾကရပါလိမ့္မယ္။

၂၀၁၅ခုႏွစ္ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုတိုင္းရင္းသားျပည္သူေတြအထူးစိတ္ပါဝင္စားခဲ့ၾကပါတယ္။အဲဒီလိုတိုင္းရင္းသားျပည္သူေတြအေလးထားစိတ္ပါဝင္စားခဲ့တာေၾကာင့္လည္းစစ္အာဏာရွင္ဝါဒနိဂုံးခ်ဳပ္သြားခဲ့ရတာပါ။ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလ တစ္ခုကိုစတင္ေဆာင္႐ြက္ႏိုင္မယ့္စစ္အာဏာရွင္စနစ္ကိုအဓိက အတိုက္အခံလုပ္ခဲ့တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုတိုင္းရင္းသားျပည္ သူေတြဆႏၵမဲေပးၿပီးေထာက္ခံေၾကာင္း ကိုျပသႏိုင္ခဲ့ၾကပါတယ္။

တိုင္းရင္းသားျပည္သူေတြ ေမွ်ာ္မွန္းတဲ့ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကာလတစ္ခုကို အစျပဳႏိုင္ခဲ့သလား

၂၀၁၅ခုႏွစ္ ပါတီစုံဒီမိုေကရစီေအထြေထြေ႐ြးေကာက္ပြဲမွာစစ္အာဏာရွင္ဝါဒကိုအဓိက အတိုက္အခံျပဳ လုပ္ခဲ့တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဟာၿပိဳင္ဘက္စစ္အာဏာရွင္ပုံေျပာင္းပါတီႀကီးျဖစ္တဲ့ျပည္ခိုင္ၿဖိဳးပါတီကိုအျပတ္အသတ္အႏိုင္ရခဲ့ၿပီးလႊတ္ေတာ္အရပ္ရပ္ကိုဦးေဆာင္ေခၚယူခြင့္ရခဲ့ပါတယ္။လႊတ္ေတာ္ေတြကိုဦးေဆာင္ ေခၚယူခြင့္ရခဲ့သလို၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရတစ္ရပ္ကိုလည္းတစ္ပါတီထဲလြတ္လပ္စြာဖြဲ႕စည္းႏိုင္ခြင့္ရခဲ့ပါတယ္။ျမန္မာျပည္အတြက္ႏိုင္ငံေရးအေျပာင္းအလဲကိုဖန္တီးႏိုင္ခြင့္ရသြားခဲ့တာကိုအားလုံးအ သိပဲျဖစ္ပါ တယ္။

ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးအေျပာင္းအလဲလုပ္ပိုင္ခြင့္ရခဲ့တာကိုအဓိကထားၿပီးတိုင္းရင္းသားျပည္သူေတြေမွ်ာ္လင့္ေနတဲ့ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလကိုစတင္ႏိုင္ခြင့္ရခဲ့ေပမယ့္၊ဒီမိုကေရစီအသြင္ကူးေျပာင္းလဲေရးကိုအာဏာရပါတီႀကီးျဖစ္တဲ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကမစြမ္းေဆာင္ႏိုင္ခဲ့ပါဘူး။ဒီလိုျမန္မာႏိုင္ငံေရးမွာဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလကိုအစျပဳမေဖာ္ေဆာင္ခဲ့တဲ့အတြက္စစ္အာဏာရွင္စနစ္ဟာဆက္လက္တည္ရွိေနၿပီးတိုင္းရင္းသားျပည္သူေတြအတြက္ဒီမိုကေရစီစနစ္ရဲ႕အေျခခံအခြင့္အေရးေတြဆုံးရႈံးေနရဆဲျဖစ္ေနပါတယ္။တိုင္းရင္းသားျပည္သူေတြေမွ်ာ္လင့္ခဲ့သလိုဒီမိုကေရစီအသြင္ကူးေျပာင္းေရးအစမျပဳႏိုင္ခဲ့တဲ့အာဏာရအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကိုစိတ္ပ်က္သြားတာေတြေတြ႕ေနရပါတယ္။

မေအာင္ျမင္ခဲ့တဲ့ အဓိကရည္မွန္းခ်က္မ်ား

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အေနနဲ႔၂၀၁၅ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲအႏိုင္ရခဲ့ရင္အဓိကျပဳလုပ္မယ့္ရည္မွန္းခ်က္ေတြကိုတိုင္းရင္းသားျပည္သူေတြကိုအတိအလင္းေျပာခဲ့ပါတယ္။တိုင္းရင္းသားျပည္သူေတြအဓိကႀကဳံေတြ႕ေနခဲ့ရတဲ့စားဝတ္ေနေရးၾကပ္တည္းမႈကိုေျဖရွင္းေပးဖို႔ကိုအဓိကမထားခဲ့တာေတြ႕ရပါတယ္။အမ်ိဳးသား ျပန္လည္သင့္ျမတ္ေရး(ရင္ၾကားေစ့ေရး)၊ျပည္တြင္းၿငိမ္းခ်မ္းေရးေတြကိုအဓိကထားခဲ့ပါတယ္။

အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးအတြက္ရင္ၾကားေစ့ေရးကိုေဆာင္႐ြက္ခဲ့တာကိုေတြ႕ရပါတယ္။အခုဆို ရင္အမ်ိဳးဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရသက္တမ္းေနာက္ဆုံးကာလကိုေရာက္ပါေတာ့မယ္။ျဖတ္သန္းခဲ့တဲ့အာဏာရ ပါတီအတြက္ရင္ၾကားေစ့ေရးကိုပီျပင္ေအာင္အေကာင္ အထည္မေဖာ္ေဆာင္ႏိုင္ခဲ့ပါဘူး။

တိုင္းရင္းသား ျပည္သူ ေတြ၊အစိုးရ၊တပ္မေတာ္ၾကားမွာရင္ၾကားမေစ့ႏိုင္ခဲ့တဲ့အျပင္ရင္ၾကားပိုကြဲသြားရတဲ့အေျခအေနေတြေတြ႕ျမင္ေနရပါတယ္။ႏိုင္ငံေရးေလ့လာအကဲခတ္တဲ့သူေတြ၊မီဒီယာေတြကေထာက္ေျပ၀ဖန္ေနခဲ့တာကေတာ့ရင္ၾကားေစ့ေရးဦးတည္ရည္မွန္းခ်က္လြဲမွားေနလို႔ဆိုၿပီးေျပာဆိုေနၾကပါတယ္။

ေနာက္အဓိကဦးတည္ရည္မွန္းခ်က္ျဖစ္တဲ့ျပည္တြင္းၿငိမ္းခ်မ္းေရးအတြက္၂၁(ရာစု)ပင္လုံၿငိမ္းခ်မ္းေရးညီလာခံကိုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ကဦးေဆာင္ေခၚယူက်င္းပခဲ့ပါတယ္။ဒီ၂၁(ရာစု)ပင္လုံၿငိမ္းခ်မ္းေရးညီလာခံႀကီးကလည္းအခုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရရဲ႕ေနာက္ဆုံးကာလအထိေအာင္ျမင္ေအာင္မေဆာင္႐ြက္ႏိုင္ေသးပဲရပ္တန႔္ေနပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္အစိုးရငါးႏွစ္ သက္တမ္းအတြင္းမွာဆက္လက္က်င္းပမယ့္၂၁(ရာစု)ပင္လုံညီလာခံမွာလည္းအခက္အခဲေတြအမ်ားအျပားေတြ႕ ႏိုင္ဦးမွာပါ။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (ပါတီတြင္း) အေျပာင္းအလဲ

၂၀၂၀ခုႏွစ္ထဲကိုေရာက္လာတဲ့အခ်ိန္ဟာပါတီစုံအေထြေထြေ႐ြးေကာက္ပြဲကိုနီးလာခဲ့တဲ့အခ်ိန္ကာလ လည္းျဖစ္ပါတယ္။ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲမွာဝင္ၿပိဳင္ၾကမယ့္ႏိုင္ငံေရးပါတီေတြလည္းျပင္ဆင္မႈေတြျပဳလုပ္ေနၾကပါၿပီ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ရဲ႕ျပင္ဆင္မႈတစ္ခုလို႔ေျပာရမလား။အမ်ိဳးသားဒီမိုေကရစီအဖြဲ႕ခ်ဳပ္ရဲ႕ပါတီေျပာေရးဆိုခြင့္ရွိသူကိုေျပာင္းလဲသတ္မွတ္လိုက္တာေတြ႕ရပါတယ္။

အခုလိုပါတီစုံအေထြေထြေ႐ြးေကာက္ပြဲနီးလာတဲ့အခ်ိန္မွာေ႐ြးေကာက္ပြဲဝင္ႏိုင္ငံေရးပါတီေတြအတြက္ပါတီေျပာေရးဆိုခြင့္ရွိသူေတြကအင္မတန္အေရးပါသလိုအေရးႀကီးပါတယ္။အဲဒီလိုအလြန္အေရးပါၿပီးအေရးႀကီးတဲ့ပါတီေျပာေရးဆိုခြင့္ေနရာအေျပာင္းအလဲကိုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီကျပဳလုပ္လိုက္တဲ့ေနရာမွာေဝဖန္ေျပာဆိုမႈေတြအမ်ားအျပားထြက္လာပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေဒါက္တာမ်ိဳးၫႊန႔္ကိုပါတီေျပာေရးဆိုခြင့္ရွိသူတာဝန္မွရပ္စဲလိုက္ၿပီး၊အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဒုဥကၠ႒-၂တာဝန္ယူထား တဲ့ေဒါက္တာေဇာ္ျမင့္ေမာင္တစ္ဦးထဲကိုပါတီေျပာေရးဆိုခြင့္ရွိသူအျဖစ္သတ္မွတ္ေပးလိုက္တာပဲျဖစ္ပါတယ္။

ေျပာမယ္ဆိုရင္ေဒါက္တာေဇာ္ျမင့္ေမာင္ဟာမႏၲေလးတိုင္းေဒသႀကီး၀န္ႀကီးခ်ဳပ္တာဝန္ယူေနရသလို၊ေသြးကင္ဆာ ေရာဂါခံစားေနရၿပီးျပည္ပႏိုင္ငံကိုမၾကာခဏသြားေရာက္ၿပီးေဆးကုသမႈခံေနရပါတယ္။ေဒါက္တာေဇာ္ျမင့္ေမာင္တစ္ဦးထဲကိုပါတီရဲ႕ေျပာေရးဆိုခြင့္တာဝန္ေပးလိုက္တာကိုသုံးသပ္ၾကည့္မယ္ဆိုရင္အာဏာရအမ်ိဳးသားဒီမိုက ေရစီအဖြဲ႕ခ်ဳပ္ရဲ႕၂၀၂၀ေ႐ြးေကာက္ပြဲအႀကိဳျပင္ဆင္မႈေတြကိုျပည္သူေတြကိုဖုံးကြယ္ထားခ်င္တဲ့ပုံစံသက္ေရာက္ေနပါတယ္။

ဒီအေျပာင္းအလဲကိုၾကည့္မယ္ဆိုရင္ အင္မတန္မွားယြင္းေနပါလိမ့္မယ္။ႏိုင္ငံေရးပါတီတစ္ခုဟာ ေ႐ြး ေကာက္ပြဲ နီးလာတဲ့အခ်ိန္မွာပါတီရဲ႕ေ႐ြးေကာက္ပြဲအႀကိဳျပင္ဆင္မႈေတြကိုျပည္သူေတြကိုအခ်ိန္နဲ႔ တေျပးညီ အသိေပး ေနရမယ့္အခ်ိန္ျဖစ္ပါတယ္။
၂၀၁၅ေ႐ြးေကာက္ပြဲလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္း

ေ႐ြးခ်ယ္မႈအမွားျပင္ဆင္ျခင္း

၂၀၁၅ေ႐ြးေကာက္ပြဲမွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါဝင္ယွဥ္ၿပိဳင္အႏိုင္ရဖို႔ၿမိဳ႕နယ္အားလုံးမွာေ႐ြး ေကာက္ပြဲကိုယ္စားလွယ္ေလာင္းေတြေ႐ြးခ်ယ္ခဲ့ပါတယ္။ဒီလိုေ႐ြးခ်ယ္မႈမွာၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြ ကိုေ႐ြးခ်ယ္ခြင့္ေပးအပ္ခဲ့ပါတယ္။ၿမိဳ႕နယ္အလုပ္အမႈေဆာင္အဖြဲ႕ေတြကအရည္အခ်င္းရွိၿပီးထက္ျမက္တဲ့ကိုယ္စားလွယ္ေလာင္းေတြ၊ၿမိဳ႕နယ္ျပည္သူေတြကေလးစားၾကည္ညိဳၿပီးၾသဇာရွိတဲ့လူေတြကိုေ႐ြးခ်ယ္ႏိုင္ခဲ့ရင္ေတာ့အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကိုအားေပးေထာက္ခံၾကတဲ့ျပည္သူေတြေက်နပ္အားရၾကမွာပါ။ၿမိဳ႕နယ္အလုပ္အမႈ ေဆာင္အဖြဲ႕ေတြကနီးစပ္ရာလူေတြကိုလႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္နဲ႔ေ႐ြးခ်ယ္လိုက္ၾကတဲ့အခ်ိန္မွာ ျပည္သူေတြမေက်နပ္သံေတြဆူညံခဲ့ပါတယ္။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ေခါင္းေဆာင္ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ေမတၱာရပ္ခံစကားေၾကာင့္အႏိုင္ရခဲ့တာကိုဘယ္သူမွမျငင္းႏိုင္ပါဘူး။လူကိုမၾကည့္နဲ႔ပါတီအလံကိုပဲၾကည့္ၿပီး ျပည္သူေတြမဲေပးခဲ့ၾကပါတယ္။ဒီအမွားက ငါးႏွစ္သက္ တမ္းၾကာျပည္သူေတြအက်ိဳးဆုံးရႈံးခဲ့ရပါတယ္။

၂၀၁၅ခုႏွစ္ေ႐ြးေကာက္ပြဲမွာလႊတ္ေတာ္ကိုယ္စားလွယ္ေ႐ြးခ်ယ္မႈအမွားႀကီးကိုျပန္ျပဳျပင္ႏိုင္ဖို႔အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟို ကေန”လူကိုၾကည့္ပါ”ဆိုၿပီးေျပာဆိုသံထြက္လာခဲ့သလို၊ၿမိဳ႕မိၿမိဳ႕ေဖတြရဲ႕ေထာက္ခံမႈ နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေလာင္းေတြေ႐ြးခ်ယ္မယ္လို႔တရားဝင္ေျပာဆိုလာပါတယ္။ အေပၚယံၾကည့္ရင္ ေတာ့ေကာင္းမြန္တဲ့ေ႐ြးခ်ယ္ဆုံးျဖတ္မႈပါဘဲ။

ဒါေပမယ့္လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းကိုေထာက္ခံေပးမယ့္ၿမိဳ႕ၿမိမို႔ဖေတြကိုလည္းျပည္သူေတြကအသိအမွတ္ျပဳဖို႔လိုအပ္ပါလိမ့္မယ္။တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာျပည္သူေတြမသိပဲၿမိဳ႕မိၿမိဳ႕ဖျဖစ္ေနသူေတြကို ေတြ႕ေနရပါ တယ္။ဒီၿမိဳ႕မိၿမိဳ႕ဖေတြကိုအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ၿမိဳ႕နယ္အလုပ္အမႈေဆာင္ေတြကနီးစပ္ရာေ႐ြးခ်ယ္ထားလိုက္တာပါ။အမွန္တကယ္ဆိုရင္ၿမိဳ႕နယ္တိုင္းမွာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ဗဟိုကေနဆင္းၿပီးျပည္သူေတြရဲ႕ ၿမိဳ႕မိၿမိဳ႕ဖေ႐ြးခ်ယ္တင္ေျမႇာက္မႈကိုပထမအေနနဲ႔လုပ္ေဆာင္သင့္ပါတယ္။ၿမိဳ႕နယ္ျပည္သူေတြကသေဘာတူတင္ေျမႇာက္လိုက္တဲ့ၿမိဳ႕မိၿမိဳ႕ဖေတြကေ႐ြးေကာက္ပြဲဝင္မယ့္ကိုယ္စားလွယ္ေလာင္းေတြကိုေထာက္ခံမႈေပးမွာမို႔ နယ္ ျပည္သူေတြေက်နပ္ႏိုင္ၾကမွာပါ။အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ကေ႐ြးခ်ယ္လိုက္တဲ့လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္းအရည္အခ်င္းရွိၿပီးထက္ျမက္တဲ့လူေတာ္လူေကာင္းေတြျဖစ္ႏိုင္ပါလိမ့္မယ္။

၂၀၁၅ ေ႐ြးေကာက္ပြဲမတိုင္ခင္ကနဲ႔ မတူညီေတာ့တဲ့ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ျပည္နယ္ခရီးစဥ္

အခု၂၀၂၀ေ႐ြးေကာက္ပြဲနီးလာတဲ့အခ်ိန္မွာႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ျဖစ္ေနတဲ့ေဒၚေအာင္ဆန္းစုၾကည္ ျပည္နယ္ေတြကိုဆင္းေနတာေတြ႕ေနရပါတယ္။ ၂၀၁၅မတိုင္ခင္ကအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေခါင္း ေဆာင္အေနနဲ႔ေ႐ြးေကာက္ပြဲေအာင္ႏိုင္မႈခရီးစဥ္ဆိုၿပီး အတိအလင္းေျပာႏိုင္ခဲ့ေပမယ့္၊အခုျပည္သူေတြ႕ဆုံပြဲ အျဖစ္ နဲ႔ သာေျပာႏိုင္ပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ တိုင္းရင္းသားျပည္သူေတြဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚမွာ ယုံ ၾကည္မႈ၊ ေမွ်ာ္လင့္မႈေတြက်ဆင္းေနပါၿပီ။ဒီေျပာင္းလဲမႈဟာအမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အတြက္အဓိက ေျပာင္းလဲမႈျဖစ္လာပါလိမ့္မယ္။

ျမတ္လႈိင္း
မတ္ - ၁၄