【 ဆောင်းပါး 】 “၂၀၂၀ ရွေးကောက်ပွဲနှင့် ကူးစက်မှုများပြားလာသည့် ကိုဗစ်- ၁၉”

【 ဆောင်းပါး 】 “၂၀၂၀ ရွေးကောက်ပွဲနှင့် ကူးစက်မှုများပြားလာသည့် ကိုဗစ်- ၁၉”

၂၀၂၀ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားမှုများဖြင့် ပြည့်လျှမ်းနေသည့်နှစ်ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ်တည်ထောင်ခြင်း နှစ်တစ်ရာပြည့်မည့်နှစ်။မြန်မာ့ရုပ်ရှင်သက်တမ်း ရာပြည့်မည့်နှစ်။ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် တာဝန်ထမ်းခဲ့ပြီး တစ်ဘက်တွင်လည်း တိုက်စိုး ကလောင်အမည်ဖြင့် တိုင်းပြည်တာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့သည့် ဦးသန်းထွတ် ရာပြည့်မည့်နှစ်။ ၂၀၂၀ ပါတီစုံရွေးကောက်ပွဲ ကျင်းပရမည့်နှစ်။ဤသို့သော ထူးခြားမှုများဖြင့်ပြည့်နေသည့် ၂၀၂၀ နှစ်ဦးစ၍  တစ်နှစ်တာပတ်လုံး ဆိုင်ရာဆိုင်ရာလုပ်ငန်းများလုပ်ဆောင်ရန် အရှိန်ယူလှုပ်ရှားခဲ့ကြပါသည်။

ရန်ကုန်တက္ကသိုလ် ရာပြည့်ဂုဏ်ပြုအစီအစဉ်များကို ၂၀၁၉ ဒီဇင်ဘာ ၂ ရက်နေ့မှစ၍၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်နေ့ထိ ခြိမ့်ခြိမ့်သဲကျင်းပမည်ဖြစ်ပါသည်။ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲစတင်သည့် အခမ်းအနားကို ၂၀၁၉ ဒီဇင်ဘာ ၂ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါသည်။ထို့နည်းတူ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အတွက် ရုပ်ရှင်လောကသားများနှင့် တာဝန်ရှိသူများ လက်တွဲလျက် စတင်ဆောင်ရွက်လာကြပါသည်။ရန်ကုန်တက္ကသိုလ်ရာပြည့်နှင့် ရုပ်ရှင်ရာပြည့်ပွဲများကဲ့သို့ လူသိမများသော်လည်း၊ စာပေပညာရှင်၊ စာကြည့်တိုက်ပညာရှင်တစ်ဦးဖြစ်ပြီး ယဉ်ကျေးမှုဗိမာန်ဦးစီးဌာနတွင် ညွှန်ကြားရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့သူ ဦးသန်းထွတ် (စာရေးဆရာတိုက်စိုး) ၏ ၂၀.၉.၂၀၂၀ ရက်နေ့တွင်ကျရောက်မည့် ရာပြည့်မွေးနေ့ပွဲကို ကျင်းပရန် ဆရာတိုက်စိုး၏ တပည့်တပန်းများ၊ စာပေမိတ်ဆွေများနှင့် မိသားစုက ကျင်းပပြုလုပ်မည့်အစီအစဉ်များကို ၂၀၂၀ နှစ်ဆန်းမှစ၍ ချမှတ်လုပ်ဆောင်ခဲ့ကြပါသည်။နိုင်ငံတော်ပိုင်းဆိုင်ရာတွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို စတင်လုပ်ကိုင်လျက် ရွေးကောက်ပွဲဝင်ကြမည့် ပါတီများလည်း လှုပ်ရှားလာကြပြီဖြစ်ပါသည်။

သို့သော် ၂၀၁၉ ဒီဇင်ဘာမှစ၍ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါမှာ အချိန်တိုအတွင်း ကမ္ဘာနေရာအနှံ့အပြားသို့ ကူးစက်ခဲ့ပါသည်။ရောဂါဖြစ်ပွား၍ ၃ လခန့်အကြာ (၁၂. ၃.၂၀၂၀) ရက်နေ့တွင် ကမ္ဘာကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာခဲ့ရပါသည်။ထို့နောက် ရောဂါနာမည်ကို ကိုဗစ်-၁၉ ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကင်ပွန်းတပ်ပေးလိုက်ပါသည်။ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကူးစက်ခံထားရသူ ၂ ဦးကို (၂၂.၃.၂၀၂၀) တွင်၊ မြန်မာ့မြေပေါ်၌ စတင်တွေ့ရခြင်းကြောင့် လာအိုနှင့် မြန်မာတွင် ကိုဗစ်ကူးစက်မှုမရှိသေးဆိုသော စာရင်းကို မြန်မာကျောခိုင်းခဲ့ရပေသည်။အစိုးရက စနစ်တကျကြပ်မတ်ပြီး ကြောက်လန့်နေကြသော မြန်မာလူထုဘက်ကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းများကိုလိုက်နာကြ၍ ရောဂါကူးစက်ခံရသူ ၃၀၀ ကျော်ပြီးနောက် ပြည်တွင်းကူးစက်မှု ရပ်တန့်သွားပါသည်။ပြည်တွင်းကူးစက်မှု တစ်လကျော်လာချိန်တွင် ကိုဗစ်ပထမလှိုင်းကို ကျော်နိုင်ပြီဟု အစိုးရနှင့်လူထု တစ်ဆင့်အသက်ရှူချောင်သွားကြပါသည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် အစိုးရပိုင်းတာဝန်ရှိသူများက ကိုဗစ်ပထမလှိုင်းကို ဖြတ်ကျော်နိုင်ပြီဖြစ်‌သော်လည်း ကိုဗစ်ရောဂါရှိနေဆဲဖြစ်၍ စည်းကမ်းလိုက်နာနေထိုင်ကြရန် ဆော်ဩမြဲ ဆော်ဩကြပါသည်။သို့ သော် မြန်မာဓလေ့က စည်းကမ်းလိုက်နာနေထိုင်ရသည့်ဘဝတွင် နေသားမကျသူကများပြားပြီး နေရိုးနေစဉ် စိတ်လွတ်ကိုယ်လွတ်နေတတ်ကြသူက အများစုဖြစ်ပါသည်။ကိုဗစ်ရောဂါ ပြည်တွင်းတွင်ကူးစက်မှု တစ်လကျော်ရပ်တန့်နေရာမှ (၁၆.၈.၂၀၂၀) ရက်နေ့တွင် စစ်တွေ၌ ရောဂါကူးစက်ခံထားရသူ ၂ ဦးပေါ်ထွက်လာပါသည်။ထိုနေ့မှစ၍  ယနေ့ထိ (၂၃ .၉.၂၀၂၀)၊ ပြည်တွင်း ကိုဗစ်ရောဂါကူးစက်ခံရသည့် လူနာသစ်များ နေ့စဉ်ရှိလာပါသည်။  

တစ်နေ့တည်းတွင် ကိုဗစ်ရောဂါကူးစက်ခံရသူ ၅၀၀ ကျော် စစ်ဆေးတွေ့ရှိသည့် ရက်မျိုးရှိလာပြီး ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတွင် တွေ့ရှိထားသည့် ကူးစက်ခံလူနာဦးရေထက် မြန်မာက တစ်လအတွင်းကျော်တက်လျက် အာဆီယံနိုင်ငံများအနက် ကိုဗစ်ကူးစက်မှုများပြားလာသည့် နိုင်ငံဖြစ်လာပါသည်။မြန်မာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် မြန်မာထက်စောပြီး ကိုဗစ်-၁၉ ကူးစက်မှုဖြစ်ပွားခဲ့ရုံသာမက၊ ကူးစက်နှုန်း မြန်မာထက်များပြားသော်လည်း ကူးစက်ခံရသူ ၃၅၁၁ ယောက်သာ ရှိခဲ့ပါသည်။ထို့ပြင် ထိုင်းနိုင်ငံ၌ ပြည်တွင်း ကိုဗစ်ရောဂါကူးစက်မှု ရပ်တန့်နေသည်မှာ ၆ လကျော်ခဲ့ပြီဖြစ်ပါသည်။မြန်မာကား ကိုဗစ်ရောဂါကူးစက်မှု နေ့စဉ်ရက်ဆက်တွေ့လာချိန်သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကျင်းပရန် နီးလာချိန်နှင့် တိုက်ဆိုင်နေပါသည်။သို့ဖြင့် မြန်မာလူထု၊ နိုင်ငံရေးပါတီများနှင့် အစိုးရအတွက် တပြိုင်နက်စိန်ခေါ်မှု ၂ ရပ်ကို ရင်ဆိုင်ကြရပြီဖြစ်ပါသည်။

တိုးမြင့်လာသော ကိုဗစ်ရောဂါကူးစက်မှုကြောင့် ရွေးကောက်ပွဲကိုရွှေ့ဆိုင်းရန် တောင်းဆိုကြသည့် နိုင်ငံရေးပါတီတချို့ရှိလာသော်လည်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ရက်ရွှေ့မည်၊ မရွှေ့ဆိုသည့် အဖြေကို အောက်တိုဘာ လလယ်ရောက်မှ ကြေညာမည်ဟုဆိုပါသည်။ကိုဗစ်ရောဂါဖြစ်ပွားနေသည့်ကြားမှ တောင်ကိုရီးယားနိုင်ငံသည် (၁၅.၄.၂၀၂၀) ရက်နေ့တွင် ရွေးကောက်ပွဲကျင်းပခဲ့ပါသည်။ထို့အတူ သီရိလင်္ကာနိုင်ငံကလည်း သူ့နိုင်ငံ ကိုဗစ်ရောဂါကူးစက်မှုဖြစ်ပွားနေသည့်ကြားမှာပင် ရွေးကောက်ပွဲကို (၅.၈.၂၀၂၀) ရက်နေ့က ကျင်းပခဲ့ပါသည်။တောင်ကိုရီးယားနိုင်ငံသည် ရောဂါဖြစ်ပွားနေသည့်ကြားမှာပင် ရွေးကောက်ပွဲကျင်းပခဲ့သည်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝသည့် နိုင်ငံဖြစ်၍ မထောင်းတာပေ။သီရိလင်္ကာနိုင်ငံ၏ စီးပွားရေးအခြေအနေကား မြန်မာနှင့် လွန်စွာမကွာဟလှပေ။

ထို့ကြောင့် မြန်မာနိုင်ငံအစိုးရအနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားနေဆဲမှာပင် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲကို အောင်အောင်မြင်မြင်ကျင်းပနိုင်မည့် နည်းလမ်းများရှိသည်ဟု တာဝန်ယူနိုင်ပါက ရွေးကောက်ပွဲကို ရက်မရွှေ့ဆိုင်းသင့်ပါ။အကယ်၍ ကိုဗစ်ရောဂါဖြစ်ပွားနေခြင်းကို ထိန်းချုပ်နိုင်မှုအားနည်း၍ဖြစ်စေ၊ အကြောင်းကြောင်းကြောင့် ကိုဗစ်ရောဂါကို မထိန်းချုပ်နိုင်ခဲ့ပါက၊ နိုင်ငံတော်အစိုးရသည် ပြည်သူကိုမျက်နှာမူသည့် အစိုးရဖြစ်သည့်အားလျော်စွာ၊ ရွေးကောက်ပွဲကိုရွှေ့ဆိုင်းမည်ဟု ယုံကြည်ပါသည်။အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် တခြားဌာနဆိုင်ရာအားလုံးက မိမိတို့တာဝန်ကို မိမိကျေပွန်လျက်၊ ပြည်သူဘက်ကလည်း လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို  တိတိကျကျလိုက်နာကြမည်ဆိုပါက၊ ရွေးကောက်ပွဲမတိုင်မီ ကိုဗစ်ရောဂါဆိုးကြီးကို ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

ကိုဗစ်ရောဂါဆိုးကြီးအား ထိန်းချုပ်နိုင်ပြီး ရွေးကောက်ပွဲကို မူလသတ်မှတ်ထားသည့်အတိုင်း ကျင်းပနိုင်ပါက မြန်မာနိုင်ငံသည် သားရွှေအိုးထမ်းကိန်း ကြုံရမည်ဖြစ်ပါသည်။မြန်မာလူထုနှင့် အစိုးရတို့ သားရွှေအိုးထမ်းကိန်း မုချကြုံကြရပါစေသတည်း။

ခင်နှင်းဦး
စက်တင်ဘာ - ၂၃

( Zawgyi )

၂၀၂၀ ခုႏွစ္သည္ ျမန္မာႏိုင္ငံအတြက္ ထူးျခားမႈမ်ားျဖင့္ ျပည့္လွ်မ္းေနသည့္ႏွစ္ျဖစ္ပါသည္။ရန္ကုန္တကၠသိုလ္တည္ေထာင္ျခင္း ႏွစ္တစ္ရာျပည့္မည့္ႏွစ္။ျမန္မာ့႐ုပ္ရွင္သက္တမ္း ရာျပည့္မည့္ႏွစ္။ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ယဥ္ေက်းမႈဗိမာန္ဦးစီးဌာန၏ ၫႊန္ၾကားေရးမႉးခ်ဳပ္ တာဝန္ထမ္းခဲ့ၿပီး တစ္ဘက္တြင္လည္း တိုက္စိုး ကေလာင္အမည္ျဖင့္ တိုင္းျပည္တာဝန္ကို ေက်ပြန္စြာထမ္း႐ြက္ခဲ့သည့္ ဦးသန္းထြတ္ ရာျပည့္မည့္ႏွစ္။ ၂၀၂၀ ပါတီစုံေ႐ြးေကာက္ပြဲ က်င္းပရမည့္ႏွစ္။ဤသို႔ေသာ ထူးျခားမႈမ်ားျဖင့္ျပည့္ေနသည့္ ၂၀၂၀ ႏွစ္ဦးစ၍  တစ္ႏွစ္တာပတ္လုံး ဆိုင္ရာဆိုင္ရာလုပ္ငန္းမ်ားလုပ္ေဆာင္ရန္ အရွိန္ယူလႈပ္ရွားခဲ့ၾကပါသည္။

ရန္ကုန္တကၠသိုလ္ ရာျပည့္ဂုဏ္ျပဳအစီအစဥ္မ်ားကို ၂၀၁၉ ဒီဇင္ဘာ ၂ ရက္ေန႔မွစ၍၂၀၂၀ ျပည့္ႏွစ္ ဒီဇင္ဘာ ၁ ရက္ေန႔ထိ ၿခိမ့္ၿခိမ့္သဲက်င္းပမည္ျဖစ္ပါသည္။ရန္ကုန္တကၠသိုလ္ ရာျပည့္ပြဲစတင္သည့္ အခမ္းအနားကို ၂၀၁၉ ဒီဇင္ဘာ ၂ ရက္ေန႔တြင္ ႏိုင္ငံေတာ္၏အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္ဖြင့္လွစ္ေပးခဲ့ပါသည္။ထို႔နည္းတူ ျမန္မာ့႐ုပ္ရွင္ႏွစ္တစ္ရာျပည့္အတြက္ ႐ုပ္ရွင္ေလာကသားမ်ားႏွင့္ တာဝန္ရွိသူမ်ား လက္တြဲလ်က္ စတင္ေဆာင္႐ြက္လာၾကပါသည္။ရန္ကုန္တကၠသိုလ္ရာျပည့္ႏွင့္ ႐ုပ္ရွင္ရာျပည့္ပြဲမ်ားကဲ့သို႔ လူသိမမ်ားေသာ္လည္း၊ စာေပပညာရွင္၊ စာၾကည့္တိုက္ပညာရွင္တစ္ဦးျဖစ္ၿပီး ယဥ္ေက်းမႈဗိမာန္ဦးစီးဌာနတြင္ ၫႊန္ၾကားေရးမႉးခ်ဳပ္တာဝန္ကို ထမ္းေဆာင္ခဲ့သူ ဦးသန္းထြတ္ (စာေရးဆရာတိုက္စိုး) ၏ ၂၀.၉.၂၀၂၀ ရက္ေန႔တြင္က်ေရာက္မည့္ ရာျပည့္ေမြးေန႔ပြဲကို က်င္းပရန္ ဆရာတိုက္စိုး၏ တပည့္တပန္းမ်ား၊ စာေပမိတ္ေဆြမ်ားႏွင့္ မိသားစုက က်င္းပျပဳလုပ္မည့္အစီအစဥ္မ်ားကို ၂၀၂၀ ႏွစ္ဆန္းမွစ၍ ခ်မွတ္လုပ္ေဆာင္ခဲ့ၾကပါသည္။ႏိုင္ငံေတာ္ပိုင္းဆိုင္ရာတြင္မူ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ၂၀၂၀ ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းမ်ားကို စတင္လုပ္ကိုင္လ်က္ ေ႐ြးေကာက္ပြဲဝင္ၾကမည့္ ပါတီမ်ားလည္း လႈပ္ရွားလာၾကၿပီျဖစ္ပါသည္။

သို႔ေသာ္ ၂၀၁၉ ဒီဇင္ဘာမွစ၍ တ႐ုတ္ႏိုင္ငံ၊ ဝူဟန္ၿမိဳ႕တြင္ ျဖစ္ပြားခဲ့သည့္ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါမွာ အခ်ိန္တိုအတြင္း ကမာၻေနရာအႏွံ႔အျပားသို႔ ကူးစက္ခဲ့ပါသည္။ေရာဂါျဖစ္ပြား၍ ၃ လခန႔္အၾကာ (၁၂. ၃.၂၀၂၀) ရက္ေန႔တြင္ ကမာၻကပ္ေရာဂါအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေၾကညာခဲ့ရပါသည္။ထို႔ေနာက္ ေရာဂါနာမည္ကို ကိုဗစ္-၁၉ ဟု ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီးက ကင္ပြန္းတပ္ေပးလိုက္ပါသည္။ကိုဗစ္-၁၉ ေရာဂါဆိုးႀကီး ကူးစက္ခံထားရသူ ၂ ဦးကို (၂၂.၃.၂၀၂၀) တြင္၊ ျမန္မာ့ေျမေပၚ၌ စတင္ေတြ႕ရျခင္းေၾကာင့္ လာအိုႏွင့္ ျမန္မာတြင္ ကိုဗစ္ကူးစက္မႈမရွိေသးဆိုေသာ စာရင္းကို ျမန္မာေက်ာခိုင္းခဲ့ရေပသည္။အစိုးရက စနစ္တက်ၾကပ္မတ္ၿပီး ေၾကာက္လန႔္ေနၾကေသာ ျမန္မာလူထုဘက္ကလည္း က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားသည့္ စည္းကမ္းမ်ားကိုလိုက္နာၾက၍ ေရာဂါကူးစက္ခံရသူ ၃၀၀ ေက်ာ္ၿပီးေနာက္ ျပည္တြင္းကူးစက္မႈ ရပ္တန႔္သြားပါသည္။ျပည္တြင္းကူးစက္မႈ တစ္လေက်ာ္လာခ်ိန္တြင္ ကိုဗစ္ပထမလႈိင္းကို ေက်ာ္ႏိုင္ၿပီဟု အစိုးရႏွင့္လူထု တစ္ဆင့္အသက္ရႉေခ်ာင္သြားၾကပါသည္။

က်န္းမာေရးဝန္ႀကီးဌာနႏွင့္ အစိုးရပိုင္းတာဝန္ရွိသူမ်ားက ကိုဗစ္ပထမလႈိင္းကို ျဖတ္ေက်ာ္ႏိုင္ၿပီျဖစ္‌ေသာ္လည္း ကိုဗစ္ေရာဂါရွိေနဆဲျဖစ္၍ စည္းကမ္းလိုက္နာေနထိုင္ၾကရန္ ေဆာ္ဩၿမဲ ေဆာ္ဩၾကပါသည္။သို႔ ေသာ္ ျမန္မာဓေလ့က စည္းကမ္းလိုက္နာေနထိုင္ရသည့္ဘဝတြင္ ေနသားမက်သူကမ်ားျပားၿပီး ေန႐ိုးေနစဥ္ စိတ္လြတ္ကိုယ္လြတ္ေနတတ္ၾကသူက အမ်ားစုျဖစ္ပါသည္။ကိုဗစ္ေရာဂါ ျပည္တြင္းတြင္ကူးစက္မႈ တစ္လေက်ာ္ရပ္တန႔္ေနရာမွ (၁၆.၈.၂၀၂၀) ရက္ေန႔တြင္ စစ္ေတြ၌ ေရာဂါကူးစက္ခံထားရသူ ၂ ဦးေပၚထြက္လာပါသည္။ထိုေန႔မွစ၍  ယေန႔ထိ (၂၃ .၉.၂၀၂၀)၊ ျပည္တြင္း ကိုဗစ္ေရာဂါကူးစက္ခံရသည့္ လူနာသစ္မ်ား ေန႔စဥ္ရွိလာပါသည္။  

တစ္ေန႔တည္းတြင္ ကိုဗစ္ေရာဂါကူးစက္ခံရသူ ၅၀၀ ေက်ာ္ စစ္ေဆးေတြ႕ရွိသည့္ ရက္မ်ိဳးရွိလာၿပီး ဗီယက္နမ္ႏိုင္ငံႏွင့္ ထိုင္းႏိုင္ငံတြင္ ေတြ႕ရွိထားသည့္ ကူးစက္ခံလူနာဦးေရထက္ ျမန္မာက တစ္လအတြင္းေက်ာ္တက္လ်က္ အာဆီယံႏိုင္ငံမ်ားအနက္ ကိုဗစ္ကူးစက္မႈမ်ားျပားလာသည့္ ႏိုင္ငံျဖစ္လာပါသည္။ျမန္မာ အိမ္နီးခ်င္း ထိုင္းႏိုင္ငံတြင္ ျမန္မာထက္ေစာၿပီး ကိုဗစ္-၁၉ ကူးစက္မႈျဖစ္ပြားခဲ့႐ုံသာမက၊ ကူးစက္ႏႈန္း ျမန္မာထက္မ်ားျပားေသာ္လည္း ကူးစက္ခံရသူ ၃၅၁၁ ေယာက္သာ ရွိခဲ့ပါသည္။ထို႔ျပင္ ထိုင္းႏိုင္ငံ၌ ျပည္တြင္း ကိုဗစ္ေရာဂါကူးစက္မႈ ရပ္တန႔္ေနသည္မွာ ၆ လေက်ာ္ခဲ့ၿပီျဖစ္ပါသည္။ျမန္မာကား ကိုဗစ္ေရာဂါကူးစက္မႈ ေန႔စဥ္ရက္ဆက္ေတြ႕လာခ်ိန္သည္ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲက်င္းပရန္ နီးလာခ်ိန္ႏွင့္ တိုက္ဆိုင္ေနပါသည္။သို႔ျဖင့္ ျမန္မာလူထု၊ ႏိုင္ငံေရးပါတီမ်ားႏွင့္ အစိုးရအတြက္ တၿပိဳင္နက္စိန္ေခၚမႈ ၂ ရပ္ကို ရင္ဆိုင္ၾကရၿပီျဖစ္ပါသည္။

တိုးျမင့္လာေသာ ကိုဗစ္ေရာဂါကူးစက္မႈေၾကာင့္ ေ႐ြးေကာက္ပြဲကိုေ႐ႊ႕ဆိုင္းရန္ ေတာင္းဆိုၾကသည့္ ႏိုင္ငံေရးပါတီတခ်ိဳ႕ရွိလာေသာ္လည္း၊ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္က ေ႐ြးေကာက္ပြဲ ရက္ေ႐ႊ႕မည္၊ မေ႐ႊ႕ဆိုသည့္ အေျဖကို ေအာက္တိုဘာ လလယ္ေရာက္မွ ေၾကညာမည္ဟုဆိုပါသည္။ကိုဗစ္ေရာဂါျဖစ္ပြားေနသည့္ၾကားမွ ေတာင္ကိုရီးယားႏိုင္ငံသည္ (၁၅.၄.၂၀၂၀) ရက္ေန႔တြင္ ေ႐ြးေကာက္ပြဲက်င္းပခဲ့ပါသည္။ထို႔အတူ သီရိလကၤာႏိုင္ငံကလည္း သူ႔ႏိုင္ငံ ကိုဗစ္ေရာဂါကူးစက္မႈျဖစ္ပြားေနသည့္ၾကားမွာပင္ ေ႐ြးေကာက္ပြဲကို (၅.၈.၂၀၂၀) ရက္ေန႔က က်င္းပခဲ့ပါသည္။ေတာင္ကိုရီးယားႏိုင္ငံသည္ ေရာဂါျဖစ္ပြားေနသည့္ၾကားမွာပင္ ေ႐ြးေကာက္ပြဲက်င္းပခဲ့သည္မွာ ဖြံ႕ၿဖိဳးတိုးတက္ၿပီး ခ်မ္းသာႂကြယ္ဝသည့္ ႏိုင္ငံျဖစ္၍ မေထာင္းတာေပ။သီရိလကၤာႏိုင္ငံ၏ စီးပြားေရးအေျခအေနကား ျမန္မာႏွင့္ လြန္စြာမကြာဟလွေပ။

ထို႔ေၾကာင့္ ျမန္မာႏိုင္ငံအစိုးရအေနျဖင့္ ကိုဗစ္ေရာဂါျဖစ္ပြားေနဆဲမွာပင္ ၂၀၂၀ ပါတီစုံ အေထြေထြေ႐ြးေကာက္ပြဲကို ေအာင္ေအာင္ျမင္ျမင္က်င္းပႏိုင္မည့္ နည္းလမ္းမ်ားရွိသည္ဟု တာဝန္ယူႏိုင္ပါက ေ႐ြးေကာက္ပြဲကို ရက္မေ႐ႊ႕ဆိုင္းသင့္ပါ။အကယ္၍ ကိုဗစ္ေရာဂါျဖစ္ပြားေနျခင္းကို ထိန္းခ်ဳပ္ႏိုင္မႈအားနည္း၍ျဖစ္ေစ၊ အေၾကာင္းေၾကာင္းေၾကာင့္ ကိုဗစ္ေရာဂါကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပါက၊ ႏိုင္ငံေတာ္အစိုးရသည္ ျပည္သူကိုမ်က္ႏွာမူသည့္ အစိုးရျဖစ္သည့္အားေလ်ာ္စြာ၊ ေ႐ြးေကာက္ပြဲကိုေ႐ႊ႕ဆိုင္းမည္ဟု ယုံၾကည္ပါသည္။အစိုးရ၊ က်န္းမာေရးဝန္ႀကီးဌာနႏွင့္ တျခားဌာနဆိုင္ရာအားလုံးက မိမိတို႔တာဝန္ကို မိမိေက်ပြန္လ်က္၊ ျပည္သူဘက္ကလည္း လိုက္နာရမည့္ က်န္းမာေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားကို  တိတိက်က်လိုက္နာၾကမည္ဆိုပါက၊ ေ႐ြးေကာက္ပြဲမတိုင္မီ ကိုဗစ္ေရာဂါဆိုးႀကီးကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ပါသည္။

ကိုဗစ္ေရာဂါဆိုးႀကီးအား ထိန္းခ်ဳပ္ႏိုင္ၿပီး ေ႐ြးေကာက္ပြဲကို မူလသတ္မွတ္ထားသည့္အတိုင္း က်င္းပႏိုင္ပါက ျမန္မာႏိုင္ငံသည္ သားေ႐ႊအိုးထမ္းကိန္း ႀကဳံရမည္ျဖစ္ပါသည္။ျမန္မာလူထုႏွင့္ အစိုးရတို႔ သားေ႐ႊအိုးထမ္းကိန္း မုခ်ႀကဳံၾကရပါေစသတည္း။

ခင္ႏွင္းဦး
စက္တင္ဘာ - ၂၃