【 ဆောင်းပါး 】 “၂၀၂၀ ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်ပြည်သူတို့၏ အခန်းကဏ္ဍ”

【 ဆောင်းပါး 】 “၂၀၂၀ ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်ပြည်သူတို့၏ အခန်းကဏ္ဍ”

၂၀၂၀ ရွေးကောက်ပွဲကျရင် မဲထည့်ချင်မှထည့်တော့မယ်ဆိုတဲ့ ကျွန်တော်မိတ်ဆွေတစ်ဦးရဲ့အပြောကြောင့် အလွန်အံ့အားတသင့်ဖြစ်ခဲ့ရတယ်။နေပါဦး … ဘာကြောင့်မဲမထည့်ချင်ရတာလဲလို့ မေးလိုက်တော့၊ စိတ်ကုန်သွားလို့တဲ့။ဘာကြောင့်စိတ်ကုန်သွားတာလဲဆိုတော့ မျှော်လင့်ထားတဲ့အပြောင်းအလဲတွေ မဖြစ်လာလို့တဲ့။

တကယ်တော့ ကျွန်တော့်မိတ်ဆွေက နိုင်ငံရေးသမားတစ်ဦးမဟုတ်ဘူးဆိုပေမဲ့ တစ်ချိန်တုန်းကတော့ ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာရေးကို အလွန်စိတ်အားထက်သန်ခဲ့ဗူးတဲ့ နိုင်ငံသားတစ်ဦးဖြစ်ပါတယ်။ကျွန်တော်တို့ဟာ နှစ်ပေါင်း ၆၀ နီးပါးလောက် တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အစိုးရလက်အောက်မှာ နေထိုင်ခဲ့ရသူတွေဖြစ်တယ်။အဲဒီအချိန်ကာလတစ်လျှောက်လုံး ကျွန်တော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု ဆုတ်ယုတ်ကျဆင်းခဲ့ပြီး အရှေ့တောင်အာရှက အချို့သောနိုင်ငံတွေထက်တောင် လူနေမှုအဆင့်အတန်းနိမ့်ကျခဲ့ရတယ်။
အထူးသဖြင့် နှစ်ပေါင်း ၆၀ ကျော်လောက် နိုင်ငံရေးတည်ငြိမ်မှုကင်းမဲ့ခဲ့တဲ့အဖြစ်ကလည်း နိုင်ငံရဲ့စီးပွားရေး ဖြစ်ထွန်းတိုးတက်အောင်လုပ်ဆောင်ဖို့ ပျက်ကွက်သလိုဖြစ်ခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်ကနေစပြီး ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာတဲ့ ဒီမိုကရေစီဆိုတဲ့အသံဟာ ကျွန်တော်တို့နိုင်ငံသားတွေအတွက် နိုင်ငံရေးစနစ်အပြောင်းအလဲ မျှော်လင့်ချက်ဖြစ်လာခဲ့ရတယ်။ဒီမိုကရေစီစနစ်က နှစ်ပေါင်း ၆၀ လောက် အာဏာရှင်ဆန်ဆန် စိုးမိုးအုပ်ချုပ်မှုအောက်က လွတ်မြောက်ဖို့လမ်းစအဖြစ် လက်ခံယုံကြည်လာခဲ့ကြတယ်။ဒါကြောင့်လည်း ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ နိုင်ငံသားအားလုံးအတွက် နိုင်ငံရေးစနစ်အပြောင်းအလဲကို ဆောင်ကြဉ်းပေးနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်လာခဲ့တယ်။၂၀၁၅ ရွေးကောက်ပွဲမှာ ဒီမိုကရေစီလိုလားတဲ့ နိုင်ငံသားအားလုံးနီးပါးလောက်က အပြောင်းအလဲအတွက် သူတို့ဆန္ဒတွေကို ဖော်ထုတ်နိုင်ခဲ့ကြတဲ့အတွက် ကျွန်တော်တို့နိုင်ငံမှာ ဒီမိုကရေစီရောင်နီသန်းလာခဲ့တယ်။

ဒါပေမဲ့ … နောက်ဆုံးတော့ ကျွန်တော်တို့ရရှိလိုက်တဲ့ ဒီမိုကရေစီက အပြည့်မဟုတ်တဲ့ တစ်ဝက်တစ်ပျက် (half full) ဒီမိုကရေစီလို့ ဆိုရမှာဖြစ်တယ်။ဒါတင်မကသေးဘဲ အာဏာရရှိလာပြီးတဲ့နောက် အင်န်အယ်လ်ဒီအစိုးရရဲ့ ပထမဦးစားပေးလုပ်ငန်းစဉ်တွေထဲက ပြည်တွင်းစစ်ချုပ်ငြိမ်းရေးဆိုတာ ကမ်းမမြင်လမ်းမမြင်အနေအထားမှာရှိနေသေးသလို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာကလည်း မရေရာမသေချာတဲ့ အနေအထားမှာပဲရှိနေသေးတာဖြစ်တယ်။ကျွန်တော်တို့နိုင်ငံရဲ့ အဆိုးဆုံးအနေအထားတွေထဲမှာ နောက်ထပ်ရှုမြင်မိတာကတော့ လက်နက်ကိုင်ဆန့်ကျင်သူတွေရဲ့ အကြမ်းဖက်ဆန့်ကျင် တုံ့ပြန်မှုပြုနေတာတွေအပြင် သဘောထားအမြင်ကွဲလွဲသူတွေနဲ့ ကန့်လန့်တိုက်ဆန့်ကျင်အားပြိုင်မှုပြုနေတဲ့ အနေအထားတွေဟာ အမျိုးသားပြန်၏လည်သင့်မြတ်ရေးကို တစ်စထက်တစ်စ ပိုမိုအလှမ်းကွာဝေးစေခဲ့တယ်လို့ ဆိုရမှာဖြစ်တယ်။

ဒီလိုအနေအထားတွေ အကြောင်းစုံပေါင်းဆုံလာချိန်မှာတော့ ၂၀၁၅ ရွေးကောက်ပွဲကနေ မဲဆန္ဒရှင်တွေ တက်တက်ကြွကြွနဲ့ဖော်ဆောင်ခဲ့ကြတဲ့ အပြောင်းအလဲဆိုတာ အစိုးရသက်တမ်း ၅ နှစ်သာပြည့်သွားတယ်။အားရစရာကောင်းလှတဲ့ အပြောင်းအလဲကို မတွေးခဲ့မမြင်ခဲ့ကြရဘူးဆိုတဲ့ အသံတွေကို ထွက်ပေါ်လာစေခဲ့တယ်။အခုဆိုရင် ၂၀၂၀ ရွေးကောက်ပွဲအချိန်ကာလကို ရောက်ရှိလာတော့မှာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူတွေအတွက် သူတို့လိုလားတဲ့အပြောင်းအလဲ ပြတ်ပြတ်သားသား ဖြစ်ပေါ်လာရေးအတွက် နောက်ထပ်အခွင့်အလမ်းလည်း ဖြစ်တယ်လို့ဆိုရမှာပါ။

ဒါပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲနဲ့ အနေအထားချင်းခြားနားနေမှာဖြစ်တယ်။ဆိုရရင် ၂၀၂၀ ရွေးကောက်ပွဲဟာ အင်န်အယ်လ်ဒီ (NLD) နဲ့ ယူအက်စ်ဒီပီ (USDP) တို့လို အင်အားကြီးပါတီနှစ်ခုရဲ့ အားပြိုင်ပွဲသက်သက်အဖြစ် ရှိနေတော့မှာမဟုတ်ပါဘူး။ဘာကြောင့်လဲဆိုရင် ဒီနေ့အချိန်အခါမှာ တရားဝင်ပါတီပေါင်း ၁၀၀ နီးပါးရှိနေပြီဖြစ်တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၅ ရွေးကောက်ပွဲထက် ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ် ရှိနေမှာဖြစ်တယ်။အလားတူဆိုသလို ၂၀၂၀ ရွေးကောက်ပွဲနဲ့ပတ်သက်ရင် ညွန့်ပေါင်းအစိုးရလို နိုင်ငံရေးအပြောင်းအလဲတွေရှိလာနိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေ ထွက်ပေါ်နေတာကိုလည်း တွေ့ရ ပါတယ်။

နိုင်ငံရေးလေ့လာအကဲခေတ်သူတွေကတော့ တစ်ပါတီတည်းက အာဏာရလူထားတာဟာ လက်ရှိမြန်မာနိုင်ငံရဲ့ နိုင်ငံရေးအနေအထားအရ နိုင်ငံအနာဂတ်အလားအလာဟာ အကောင်းဘက်ကိုရွေးဖို့ ခက်ခဲကြမ်းတမ်းနေဦးမယ်လို့ သုံးသပ်ကြတယ်။အချို့ကျတော့လည်း ညွန့်ပေါင်းအစိုးရဆိုတာ မြန်မာနိုင်ငံရဲ့ အတိတ်နိုင်ငံရေးသမိုင်းစာမျက်နှာပေါ်က အတွေ့အကြုံတွေအရ အမျိုးသားစည်းလုံးညီညွတ်ရေးထက် အကွဲအပြဲဘက်ဆီကိုသာ ပိုမိုဦးတည်စေတယ်လို့ ခန့်မှန်းသုံးသပ်ကြတယ်။

ဒါတွေအားလုံးဟာ ထင်မြင်ချက်သက်သက်လို့ဆိုပေမဲ့ ၂၀၂၀ ရွေးကောက်ပွဲစာမျက်နှာသစ်အတွက် မဖြစ်မနေထည့်သွင်းစဉ်းစားရမယ့် အချက်တွေပဲဖြစ်ပါတယ်။တကယ်တော့ ကျွန်တော်တို့နိုင်ငံဟာ တစ်ပါတီအာဏာရှင်စနစ်နဲ့ စစ်အစိုးရလက်အောက်မှာ နှစ်ပေါင်း ၆၀ လောက် နေသားကျလာခဲ့တဲ့အတွက် အတွေးဟောင်း အမြင်ဟောင်း အမူအကျင့်ဟောင်းတွေကနေ လုံးလုံးလျားလျား လွတ်ကင်းနေခြင်းရှိမနေသေးဘူးလို့ ဆိုရမှာပါ။မဲဆန္ဒရှင် ပြည်သူလူထုအတော်များများကိုယ်၌က အပြောင်းအလဲဆိုပြီး တဖွဖွရွတ်နေပေမဲ့ အတွေးအမြင်စနစ်ဟောင်းအတွင်းကနေ ရုန်းထွက်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုရမှာပါ။

ဒါပေမဲ့ မဲဆန္ဒရှင် ပြည်သူလူထုရဲ့ရင်ထဲမှာ အစစ်အမှန်ရှိနေတဲ့ဆန္ဒက အပြောင်းအလဲပါ။ဒီမိုကရေစီအပြည့်အဝကျင့်သုံးတဲ့နိုင်ငံကို တွေ့မြင်ချင်ကြတာပါ။ဒါကြောင့်လည်း ၂၀၂၀ ရွေးကောက်ပွဲဟာ မဲဆန္ဒရှင်ပြည်သူလူထုက သူတို့ရင်ထဲကဆန္ဒနဲ့ ထပ်တူကျအောင် မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့အတွက် ရရှိထားတဲ့အခွင့်အလမ်းပဲဖြစ်ပါတယ်။ဆိုရရင် ၂၀၂၀ ရွေးကောက်ပွဲဟာ မိမိတို့နိုင်ငံလျှောက်လှမ်းနေတဲ့ ဒီမိုကရေစီခရီးလမ်းမှာ ပန်းတိုင်ရှိရာအရောက်လှမ်းနိုင်ဖို့အတွက် နောက်တစ်ဆင့်ခြေလှမ်းလည်းဖြစ်ပါတယ်။ဒီလိုလျှောက်လှမ်းရမယ့် ခြေလှမ်းတိုင်းမှာ အတိတ်သမိုင်းက ကျွန်တော်တို့နိုင်ငံရဲ့ မအောင်မြင်တဲ့ဇာတ်လမ်းတွေကို သင်ခန်းစာအဖြစ်ရှုမြင်နိုင်ကြမယ်ဆိုရင် ၂၀၂၀ ဟာ မဲဆန္ဒရှင်ပြည်သူလူထုအတွက် မဖြစ်မနေပါဝင်ဆင်နွှဲရမယ့် ရွေးကောက်ပွဲပဲဖြစ်ပါတယ်။

ဆိုရရင် ၂၀၂၀ ရွေးကောက်ပွဲကနေ မိမိတို့နိုင်ငံကို ဘယ်လောက်အထိ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆောင်ကြဉ်းပေးနိုင်မလဲ။မိမိတို့နိုင်ငံ လမ်းကြောင်းမှန်ပေါ်ရောက်ရှိရေးအတွက် မဲဆန္ဒရှင်ပြည်သူလူထုကသာ မှန်မှန်ကန်ကန်ဆုံးဖြတ်ရွေးချယ်ပေးသွားမယ်လို့လည်း ထင်မြင်ယူဆမိပါတယ်။

မြင့်နောင်မိုး
ဇူလိုင် - ၂၅

( Zawgyi )

၂၀၂၀ ေ႐ြးေကာက္ပြဲက်ရင္ မဲထည့္ခ်င္မွထည့္ေတာ့မယ္ဆိုတဲ့ ကြၽန္ေတာ္မိတ္ေဆြတစ္ဦးရဲ႕အေျပာေၾကာင့္ အလြန္အံ့အားတသင့္ျဖစ္ခဲ့ရတယ္။ေနပါဦး … ဘာေၾကာင့္မဲမထည့္ခ်င္ရတာလဲလို႔ ေမးလိုက္ေတာ့၊ စိတ္ကုန္သြားလို႔တဲ့။ဘာေၾကာင့္စိတ္ကုန္သြားတာလဲဆိုေတာ့ ေမွ်ာ္လင့္ထားတဲ့အေျပာင္းအလဲေတြ မျဖစ္လာလို႔တဲ့။

တကယ္ေတာ့ ကြၽန္ေတာ့္မိတ္ေဆြက ႏိုင္ငံေရးသမားတစ္ဦးမဟုတ္ဘူးဆိုေပမဲ့ တစ္ခ်ိန္တုန္းကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ႏိုင္ငံေရးအေျပာင္းအလဲျဖစ္ေပၚလာေရးကို အလြန္စိတ္အားထက္သန္ခဲ့ဗူးတဲ့ ႏိုင္ငံသားတစ္ဦးျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ဟာ ႏွစ္ေပါင္း ၆၀ နီးပါးေလာက္ တစ္ပါတီအာဏာရွင္စနစ္နဲ႔ စစ္အစိုးရလက္ေအာက္မွာ ေနထိုင္ခဲ့ရသူေတြျဖစ္တယ္။အဲဒီအခ်ိန္ကာလတစ္ေလွ်ာက္လုံး ကြၽန္ေတာ္တို႔ႏိုင္ငံဟာ ဖြံ႕ၿဖိဳးတိုးတက္မႈ ဆုတ္ယုတ္က်ဆင္းခဲ့ၿပီး အေရွ႕ေတာင္အာရွက အခ်ိဳ႕ေသာႏိုင္ငံေတြထက္ေတာင္ လူေနမႈအဆင့္အတန္းနိမ့္က်ခဲ့ရတယ္။
အထူးသျဖင့္ ႏွစ္ေပါင္း ၆၀ ေက်ာ္ေလာက္ ႏိုင္ငံေရးတည္ၿငိမ္မႈကင္းမဲ့ခဲ့တဲ့အျဖစ္ကလည္း ႏိုင္ငံရဲ႕စီးပြားေရး ျဖစ္ထြန္းတိုးတက္ေအာင္လုပ္ေဆာင္ဖို႔ ပ်က္ကြက္သလိုျဖစ္ခဲ့ရပါတယ္။

၁၉၈၈ ခုႏွစ္ကေနစၿပီး က်ယ္က်ယ္ေလာင္ေလာင္ေပၚထြက္လာတဲ့ ဒီမိုကေရစီဆိုတဲ့အသံဟာ ကြၽန္ေတာ္တို႔ႏိုင္ငံသားေတြအတြက္ ႏိုင္ငံေရးစနစ္အေျပာင္းအလဲ ေမွ်ာ္လင့္ခ်က္ျဖစ္လာခဲ့ရတယ္။ဒီမိုကေရစီစနစ္က ႏွစ္ေပါင္း ၆၀ ေလာက္ အာဏာရွင္ဆန္ဆန္ စိုးမိုးအုပ္ခ်ဳပ္မႈေအာက္က လြတ္ေျမာက္ဖို႔လမ္းစအျဖစ္ လက္ခံယုံၾကည္လာခဲ့ၾကတယ္။ဒါေၾကာင့္လည္း ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲဟာ ႏိုင္ငံသားအားလုံးအတြက္ ႏိုင္ငံေရးစနစ္အေျပာင္းအလဲကို ေဆာင္ၾကဥ္းေပးႏိုင္မယ့္ အခြင့္အလမ္းတစ္ခုျဖစ္လာခဲ့တယ္။၂၀၁၅ ေ႐ြးေကာက္ပြဲမွာ ဒီမိုကေရစီလိုလားတဲ့ ႏိုင္ငံသားအားလုံးနီးပါးေလာက္က အေျပာင္းအလဲအတြက္ သူတို႔ဆႏၵေတြကို ေဖာ္ထုတ္ႏိုင္ခဲ့ၾကတဲ့အတြက္ ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ဒီမိုကေရစီေရာင္နီသန္းလာခဲ့တယ္။

ဒါေပမဲ့ … ေနာက္ဆုံးေတာ့ ကြၽန္ေတာ္တို႔ရရွိလိုက္တဲ့ ဒီမိုကေရစီက အျပည့္မဟုတ္တဲ့ တစ္ဝက္တစ္ပ်က္ (half full) ဒီမိုကေရစီလို႔ ဆိုရမွာျဖစ္တယ္။ဒါတင္မကေသးဘဲ အာဏာရရွိလာၿပီးတဲ့ေနာက္ အင္န္အယ္လ္ဒီအစိုးရရဲ႕ ပထမဦးစားေပးလုပ္ငန္းစဥ္ေတြထဲက ျပည္တြင္းစစ္ခ်ဳပ္ၿငိမ္းေရးဆိုတာ ကမ္းမျမင္လမ္းမျမင္အေနအထားမွာရွိေနေသးသလို ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ဆင္ေရးဆိုတာကလည္း မေရရာမေသခ်ာတဲ့ အေနအထားမွာပဲရွိေနေသးတာျဖစ္တယ္။ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ အဆိုးဆုံးအေနအထားေတြထဲမွာ ေနာက္ထပ္ရႈျမင္မိတာကေတာ့ လက္နက္ကိုင္ဆန႔္က်င္သူေတြရဲ႕ အၾကမ္းဖက္ဆန႔္က်င္ တုံ႔ျပန္မႈျပဳေနတာေတြအျပင္ သေဘာထားအျမင္ကြဲလြဲသူေတြနဲ႔ ကန႔္လန္႔တိုက္ဆန႔္က်င္အားၿပိဳင္မႈျပဳေနတဲ့ အေနအထားေတြဟာ အမ်ိဳးသားျပန္၏လည္သင့္ျမတ္ေရးကို တစ္စထက္တစ္စ ပိုမိုအလွမ္းကြာေဝးေစခဲ့တယ္လို႔ ဆိုရမွာျဖစ္တယ္။

ဒီလိုအေနအထားေတြ အေၾကာင္းစုံေပါင္းဆုံလာခ်ိန္မွာေတာ့ ၂၀၁၅ ေ႐ြးေကာက္ပြဲကေန မဲဆႏၵရွင္ေတြ တက္တက္ႂကြႂကြနဲ႔ေဖာ္ေဆာင္ခဲ့ၾကတဲ့ အေျပာင္းအလဲဆိုတာ အစိုးရသက္တမ္း ၅ ႏွစ္သာျပည့္သြားတယ္။အားရစရာေကာင္းလွတဲ့ အေျပာင္းအလဲကို မေတြးခဲ့မျမင္ခဲ့ၾကရဘူးဆိုတဲ့ အသံေတြကို ထြက္ေပၚလာေစခဲ့တယ္။အခုဆိုရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲအခ်ိန္ကာလကို ေရာက္ရွိလာေတာ့မွာျဖစ္တယ္။ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ မဲဆႏၵရွင္ျပည္သူေတြအတြက္ သူတို႔လိုလားတဲ့အေျပာင္းအလဲ ျပတ္ျပတ္သားသား ျဖစ္ေပၚလာေရးအတြက္ ေနာက္ထပ္အခြင့္အလမ္းလည္း ျဖစ္တယ္လို႔ဆိုရမွာပါ။

ဒါေပမဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲနဲ႔ အေနအထားခ်င္းျခားနားေနမွာျဖစ္တယ္။ဆိုရရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ အင္န္အယ္လ္ဒီ (NLD) နဲ႔ ယူအက္စ္ဒီပီ (USDP) တို႔လို အင္အားႀကီးပါတီႏွစ္ခုရဲ႕ အားၿပိဳင္ပြဲသက္သက္အျဖစ္ ရွိေနေတာ့မွာမဟုတ္ပါဘူး။ဘာေၾကာင့္လဲဆိုရင္ ဒီေန႔အခ်ိန္အခါမွာ တရားဝင္ပါတီေပါင္း ၁၀၀ နီးပါးရွိေနၿပီျဖစ္တဲ့အတြက္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ ၂၀၁၅ ေ႐ြးေကာက္ပြဲထက္ ၿပိဳင္ဆိုင္မႈပိုမိုျပင္းထန္လာဖြယ္ ရွိေနမွာျဖစ္တယ္။အလားတူဆိုသလို ၂၀၂၀ ေ႐ြးေကာက္ပြဲနဲ႔ပတ္သက္ရင္ ၫြန႔္ေပါင္းအစိုးရလို ႏိုင္ငံေရးအေျပာင္းအလဲေတြရွိလာႏိုင္တယ္ဆိုတဲ့ ထင္ျမင္ယူဆခ်က္ေတြ ထြက္ေပၚေနတာကိုလည္း ေတြ႕ရ ပါတယ္။

ႏိုင္ငံေရးေလ့လာအကဲေခတ္သူေတြကေတာ့ တစ္ပါတီတည္းက အာဏာရလူထားတာဟာ လက္ရွိျမန္မာႏိုင္ငံရဲ႕ ႏိုင္ငံေရးအေနအထားအရ ႏိုင္ငံအနာဂတ္အလားအလာဟာ အေကာင္းဘက္ကိုေ႐ြးဖို႔ ခက္ခဲၾကမ္းတမ္းေနဦးမယ္လို႔ သုံးသပ္ၾကတယ္။အခ်ိဳ႕က်ေတာ့လည္း ၫြန႔္ေပါင္းအစိုးရဆိုတာ ျမန္မာႏိုင္ငံရဲ႕ အတိတ္ႏိုင္ငံေရးသမိုင္းစာမ်က္ႏွာေပၚက အေတြ႕အႀကဳံေတြအရ အမ်ိဳးသားစည္းလုံးညီၫြတ္ေရးထက္ အကြဲအၿပဲဘက္ဆီကိုသာ ပိုမိုဦးတည္ေစတယ္လို႔ ခန႔္မွန္းသုံးသပ္ၾကတယ္။

ဒါေတြအားလုံးဟာ ထင္ျမင္ခ်က္သက္သက္လို႔ဆိုေပမဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲစာမ်က္ႏွာသစ္အတြက္ မျဖစ္မေနထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြပဲျဖစ္ပါတယ္။တကယ္ေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ တစ္ပါတီအာဏာရွင္စနစ္နဲ႔ စစ္အစိုးရလက္ေအာက္မွာ ႏွစ္ေပါင္း ၆၀ ေလာက္ ေနသားက်လာခဲ့တဲ့အတြက္ အေတြးေဟာင္း အျမင္ေဟာင္း အမူအက်င့္ေဟာင္းေတြကေန လုံးလုံးလ်ားလ်ား လြတ္ကင္းေနျခင္းရွိမေနေသးဘူးလို႔ ဆိုရမွာပါ။မဲဆႏၵရွင္ ျပည္သူလူထုအေတာ္မ်ားမ်ားကိုယ္၌က အေျပာင္းအလဲဆိုၿပီး တဖြဖြ႐ြတ္ေနေပမဲ့ အေတြးအျမင္စနစ္ေဟာင္းအတြင္းကေန ႐ုန္းထြက္ႏိုင္ျခင္းမရွိေသးဘူးလို႔ ဆိုရမွာပါ။

ဒါေပမဲ့ မဲဆႏၵရွင္ ျပည္သူလူထုရဲ႕ရင္ထဲမွာ အစစ္အမွန္ရွိေနတဲ့ဆႏၵက အေျပာင္းအလဲပါ။ဒီမိုကေရစီအျပည့္အဝက်င့္သုံးတဲ့ႏိုင္ငံကို ေတြ႕ျမင္ခ်င္ၾကတာပါ။ဒါေၾကာင့္လည္း ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ မဲဆႏၵရွင္ျပည္သူလူထုက သူတို႔ရင္ထဲကဆႏၵနဲ႔ ထပ္တူက်ေအာင္ မွန္မွန္ကန္ကန္ေ႐ြးခ်ယ္ႏိုင္ဖို႔အတြက္ ရရွိထားတဲ့အခြင့္အလမ္းပဲျဖစ္ပါတယ္။ဆိုရရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ မိမိတို႔ႏိုင္ငံေလွ်ာက္လွမ္းေနတဲ့ ဒီမိုကေရစီခရီးလမ္းမွာ ပန္းတိုင္ရွိရာအေရာက္လွမ္းႏိုင္ဖို႔အတြက္ ေနာက္တစ္ဆင့္ေျခလွမ္းလည္းျဖစ္ပါတယ္။ဒီလိုေလွ်ာက္လွမ္းရမယ့္ ေျခလွမ္းတိုင္းမွာ အတိတ္သမိုင္းက ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ မေအာင္ျမင္တဲ့ဇာတ္လမ္းေတြကို သင္ခန္းစာအျဖစ္ရႈျမင္ႏိုင္ၾကမယ္ဆိုရင္ ၂၀၂၀ ဟာ မဲဆႏၵရွင္ျပည္သူလူထုအတြက္ မျဖစ္မေနပါဝင္ဆင္ႏႊဲရမယ့္ ေ႐ြးေကာက္ပြဲပဲျဖစ္ပါတယ္။

ဆိုရရင္ ၂၀၂၀ ေ႐ြးေကာက္ပြဲကေန မိမိတို႔ႏိုင္ငံကို ဘယ္ေလာက္အထိ လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ေဆာင္ၾကဥ္းေပးႏိုင္မလဲ။မိမိတို႔ႏိုင္ငံ လမ္းေၾကာင္းမွန္ေပၚေရာက္ရွိေရးအတြက္ မဲဆႏၵရွင္ျပည္သူလူထုကသာ မွန္မွန္ကန္ကန္ဆုံးျဖတ္ေ႐ြးခ်ယ္ေပးသြားမယ္လို႔လည္း ထင္ျမင္ယူဆမိပါတယ္။

ျမင့္ေနာင္မိုး
ဇူလိုင္ - ၂၅