【 ဆောင်းပါး 】 “ တစ်ယောက်တည်း….ချမ်းသာသူများ ”

“သားကြီးရယ် မင်းရဲ့ Handset ကအကောင်းချည်းရှိသေးတဲ့ဟာ။ဘာလို့အသစ်ဝယ်ရမှာလဲ”
 “ကျွန်တော့် handset က ဖုန်းပြောလို့ပဲရတဲ့ဟာ။ကျန်တာဘာမှလုပ်လို့ရတာမဟုတ်ဘူး”
 “ဖုန်းပြောလို့ရရင်ပြီးတာပဲမဟုတ်လား။ပြီးတော့ဂိမ်းတွေ၊အင်တာနက်တွေလည်းရနေတာပဲဟာ”
 “ဟာအမေကလည်း၊မသိဘဲစွတ်ပြောနေပြန်ပြီ။အင်တာနက်မှသိပ်မမိတာ။ဂိမ်းကောင်းကောင်း လည်းထည့်လို့မရဘူး”
 “အမေတို့မှာအကုန်အကျတွေများနေတယ်လေ။မင်းအခုသုံးနေတဲ့ဖုန်းကိုပဲကြည့်။ Handset ချည်းပဲက နှစ်သိန်းခွဲပေးရ တယ်။ ငွေဖြည့်ကတ်အတွက်လည်း ငါးထောင်၊ငါးထောင်နဲ့ တစ်လကို တစ် သောင်းခွဲ၊ နှစ်သောင်း ပေးရတယ်။ ဒီကြားထဲ မင်းမို့လို့ထပ်တောင်းရက်တယ်”
           
 
“အမေ့ handset က သုံးစားလို့မရတော့ဘူးဗျ။ကဲ ကဲ-အပိုတွေပြောမနေနဲ့၊ မဝယ်ပေးချင် လည်း နေ။ကျွန်တော်လည်း အလုပ်မသွား တော့ဘူး”
“ဟဲ့-့handset ဖိုးပိုက်ဆံမပေးတာနဲ့  အလုပ်မသွားတာဘာဆိုင်လို့လဲ”
“ကျွန်တော်ဆယ်တန်းတက်နေတာမဟုတ်ဘူးဗျ။ တက္ကသိုလ်တက်နေတာ။သူများhandset တွေက အပျံစားတွေ။လူရှေ့ သူ ရှေ့မှာ ကိုယ့်ဖုန်းအစုတ်အပြတ်ကို ထုတ်တောင်မကိုင်ရဲဘူး”
“ကဲ-ကဲ ငါပဲအရှုံးပေးပါတယ်။ပြော-မင်း handset က ဘယ်လောက်တဲ့လဲ”
 “လေးသိန်းခွဲထဲပါ”
 “ဘာ-လေးသိန်းခွဲ ဟုတ်လား။ကောင်းတယ်။ကောင်းတယ်။မိသားစု ငါးယောက်ရှိတယ်။ကျန်တဲ့ လူတွေ ကတော့အငတ်ငတ် အပြတ်ပြတ် နဲ့ခြစ်ခြုတ်စားသောက်နေရပြီး မင်းတစ်ယောက်ထဲ ကွက်ပြီး ချမ်းသာနေ-သိလား”
  ကောင်လေးက ကုမ္ပဏီတစ်ခုမှာ စလုပ်နေခါစ ။သူကအကြီးဆုံး။သူ့အောက်မှာ ညီတစ် ယောက်။ ညီမတစ်ယောက်ရှိ သည်။ညီကကိုးတန်း၊ညီမလေးကခုနစ်တန်း။အဖေဖြစ်သူက ကုန်တင်ကားမောင်း သည်။အမေဖြစ်သူက  သူတို့အိမ်ရှေ့ တွင်မုန့်ဟင်းခါးရောင်းသည်။
 
ကျွန်တော်ကသူတို့ဆိုင်မှာမကြာခဏ မုန့်ဟင်းခါးစားဖြစ်သည်။မုန့်စားရင်း သူတို့သားအမိတွေ စကားပြောတာ၊ရန်ဖြစ်တာ တွေ ကို မြင်နေ၊ကြားနေကျဖြစ်သည်။ 
ကောင်လေးက သူ့အမေပြောလည်းပြောစရာပါ။မိသားစုမျက်နှာကိုမကြည့်။ သူဖြစ်ချင်တာ၊ သူလို ချင်တာ ပဲဇွတ်တိုးပြောတတ်၊တောင်းဆိုတတ်၏။သားအမိတွေ မည်သို့ပင်တစ်ယောက်တစ်ခွန်းပြောကြသော် လည်း နောက်ဆုံးမှာတော့ သူ့အလိုကိုလိုက်လျောရသည်သာ ချည်းဖြစ်သည်။
 
သူ့အမေပြောသည့်အတိုင်းပင်။မိသားစုထဲမှာ သူတစ်ယောက်တည်းကွက်၍ချမ်းသာနေသူဖြစ်သည်။
တချို့ကသည်လိုပါပဲ။မိဘဆီက အနုနည်းနှင့်ဖြစ်စေ၊အကြမ်းနည်းနှင့်ဖြစ်စေ၊ သူတို့လိုချင် တာရှိလို့ ကတော့ မိဘမျက်နှာရဲရဲကြည့်၍၊ရဲရဲတောင်းတတ်ကြပါသည်။
သူတို့လေးတွေဟာ အရွယ်ရောက်လာပြီ။အတွေ့အကြုံဗဟုသုတတွေလည်း များလာပြီ။ အတတ် ပညာအနေနှင့်လည်း တက္ကသိုလ်ပညာရပ်တွေဆည်းပူးကာလုပ်ငန်းသို့လည်းဝင်နေပြီ။ 
သို့သော် မိဘများ၏ပိုက်ဆံရှာရသည့်ဒုက္ခ၊မလောက်ငှ၍စိတ်သောကရောက်ရသည့် ဒုက္ခများကို မတွေး။ငါတစ်ကိုယ်ကောင်းဆန်နေပါလား၊ ငါပိုက်ဆံရှာပြီး မိဘကို၀အောင်မလုပ်ကျွေးနိုင်ခင် ငါ့အတွက် ကုန်ကျစရိတ် သက်သာအောင်ခြိုးခြံသင့်  ပါလားဟူသည့်အတွေးမျိုးဝင်မလာဘဲ ၊မိမိလိုချင်တာ ရချင်ရ ၊မရလျှင် ကျန်လူတွေကိုပြဿနာရှာမည်ဟုသာတွေးနေတတ်ကြ၏။
 
 မြန်မာစကားပုံထဲ ‘ဘယ်သူသေသေ၊ငတေမာပြီးရော’ဆိုသည့်စကားပုံရှိပါသည်။
ဆိုသည်က တစ်လောကလုံးမှာရှိသည့်ဘယ်သူတွေသေသေ ပြဿနာမရှိပါ။အရေးကြီးတာက ‘ငတေ’ ကျန်းကျန်းမာမာရှိနေဖို့ပါ။
ယခုလည်းတစ်လောကလုံးမှာရှိသည့်ဘယ်သူတွေဘယ်လိုစားရစားရကိစ္စမရှိ။တောင်းစားစား၊ခိုးစားစား၊လုစားစားကိစ္စမရှိ။ကိစ္စရှိတာက သူတို့(တစ်ကိုယ်ကောင်းသမားတွေ)ချမ်းသာဖို့သာဖြစ်သည်။
လူတစ်ယောက်သည် ချမ်းသာချင်စိတ်လွန်ကဲလာလျှင် တစ်ကိုယ်ကောင်းဆန် လာတတ်၏။ ပုံမှန် အရည်အချင်းနှင့်ချမ်းသာဖို့မလွယ်သည့်အခါများ၊ချမ်းသာနိုင်သော်လည်း အချိန်ကာလတစ်ခုကို စောင့်ရဦး မည့်အခါမျိုးတွင် စိတ်ရှည်ရှည်မထားနိုင်တော့။အဆင့်ဆင့်သွားရမည့်သဘာဝကို လက်မခံ ချင်တော့။
 
သည်တွင် တရားသဖြင့်လုပ်ရမည့်ကိစ္စမှာ မတရားမှုတွေပါလာသည်။
           
မိမိချမ်းသာဖို့အတွက် အခြားသူများထံမှ ငွေကြေးပစ္စည်းဥစ္စာကို လိမ်ယူကြသည်။ခိုးယူ ကြသည်။ လုယက်ယူကြသည်။
အရက်၊ဆေးခြောက်၊ဘိန်း အစရှိသော မူးယစ်ဆေးဝါးများကိုထုတ်လုပ်၍ လူတွေကိုဖြားယောင်း သွေးဆောင်လာသည်။ ထိုလူတွေ စာရိတ္တပျက်မှာ၊စိတ်ဓါတ်ပျော့ညံ့သွားမှာ၊ကျန်းမာရေး ထိခိုက်မှာ၊စီးပွား ပျက်မှာ၊ လူကိုယ်တိုင်ပျက်စီးသွားမှာသူတို့အရေးမလုပ်။သူတို့သိတာ တစ်ခုပဲရှိသည်။သူတို့ချမ်းသာဖို့။
 
စားသောက်ကုန်တွေမှာ ဆိုးဆေးတွေသုံးလာသည်။ဟင်းခတ်မှုန့်ကဲ့သို့ စားသောက်ကုန်မျိုးဆိုလျှင် အတုတွေဖန်တီးကြသည်။ကျန်းမာရေးအတွက် ဆရာဝန်များ၊ဆေးပညာရှင်များက အချိန်ကုန်၊ငွေကုန်၊လူ အပင်ပန်းခံပြီး စေတနာနှင့်ပညာပေါင်းစပ်ထုတ်လုပ်ထားသည့်ဆေးဝါးမျိုးကိုလည်း အတုအပဖန်တီးထုတ် လုပ်ပြီး ပုံမှားရိုက်ရောင်းချကြသည်။ကျန်လူများ၏အသက်အန္တရာယ်ကိုလျစ်လျူရှု၍ သူတို့တစ်ဦးတစ် ယောက်ချမ်းသာဖို့ကိုသာ အာရုံထားကြလေသည်။
လောကမှာ တစ်ကိုယ်ကောင်းဆန်သည့် ‘ငတေ’ များ ဆိုးသွမ်းနေပါသည်။ဘယ်သူဘာဖြစ်ဖြစ် ‘ငတေ’ မာဖို့သာအဓိကဟု ခံယူထားကြလေပြီ။
           
အချို့ခံယူချက်ပြင်းသော ‘ငတေ’ များကတော့ သက်မဲ့ပစ္စည်းအရောင်းအဝယ်ကို စိတ်မဝင်စားကြပဲ သက်ရှိလူသားများကို အရောင်းအဝယ်လုပ်လာသည်။ကလေးငယ်များကို ခိုး၊အရွယ်ရောက်ပြီး အမျိုး သား၊အမျိုးသမီးကောင်းလေးများကို အနုနည်း၊အကြမ်းနည်း ပရိယာယ်အမျိုးမျိုးနှင့်ဆွဲဆောင်သိမ်းသွင်းပြီး နိုင်ငံခြားသို့ရောင်းချသည်အထိ အသိစိတ်တွေ ပျောက်လာကြသည်။
           
ဒီလိုပဲနေရာတိုင်းတွင် ‘ငတေ’များရှိသည်။မိမိရောက်ရှိနေသောနေရာသည် မြင့်မြတ်သောနေရာ (Noble position) ဟု ဂုဏ်ယူ မစဉ်းစားဘဲ မြင့်မားသောနေရာ (High position) ဟု မာနနှင့် စဉ်းစားကြ သည်။
ဒီလိုလူတွေကThe poorer the public are, the richer they are. (လူထုဆင်းရဲလေလေ၊ သူတို့ချမ်း သာ လေလေ) စနစ်ကိုကျင့်သုံးသည့် ‘မဟာငတေကြီး’ မျိုးဖြစ်၏။
တကယ်တော့ တစ်ယောက်တည်းချမ်းသာနေသူတွေမှာရှိတာက အာဏာနှင့်ငွေပါ။သူတို့မှာမရှိ တာ က ကိုယ်ကျင့်တရားနှင့် လူထုကြည်ညိုမှုပါ။သူတို့ခန္ဓာကိုယ်ကြီးက အမြင်ဆုံးမှာပဲနေနေ၊တာဝတိံသာကိုပဲ အလည်သွားသွား၊သူတို့စိတ်ဓာတ်၊သူတို့ကိုယ်ကျင့်တရား၊သူတို့ဂုဏ်သိက္ခာက အိမ်အောက်မှာ၊ အနိမ့်ဆုံးမှာ ၊ အဝီစိမှာပါ။
 
ဒီလိုလူတွေနှင့်ပြောင်းပြန် ကိုယ်တိုင်အဆင်းရဲခံပြီး လူထုတစ်ရပ်လုံးချမ်းသာအောင် ဆောင်ရွက် တတ်သော သူရဲကောင်းပုဂ္ဂိုလ်ထူးများလည်း ရှိပါသည်။
နှစ်ဆယ်ရာစုမြန်မာနိုင်ငံမှာပြည်သူအတွက်အသက်ပေးရဲသော၊တကယ်လည်းပေးခဲ့သောOne for All ခေါင်းဆောင်မျိုး အမှန်တကယ်ရှိခဲ့ပါသည်။ပညာရေး၊လူမှုရေး၊နိုင်ငံရေး၊စစ်ရေး၊စာပေဗဟုသုတ  နှံ့စပ် ကျွမ်း ကျင်သည့် အပြင် မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်အပြည့်အဝရှိပါသည်။အများချမ်းသာရေးအတွက် ဘာမ ဆိုပေးရဲသော သူရဲကောင်း အာဇာနည်စိတ်လည်းအခိုင်အမာရှိပါသည်။
 
ထို့ကြောင့်လည်း သူလုပ်ခဲ့သလောက် မြန်မာနိုင်ငံ၊မြန်မာလူမျိုးတို့ ကောင်းကျိုးချမ်းသာရခဲ့ပါသည်။ ကမ္ဘာ့အလည်မှာ မြန်မာ ဟုသိစေ၊မြင်စေ၊ထင်ရှားစေခဲ့ပါသည်။သူသေသွားသည့်တိုင်၊သူ့အရှိန်အဝါ၊သူ့သြဇာ၊ သူ့စေတနာက ပြည်တွင်းရောပြည်ပပါ ပျံ့နှံ့နေပါသေးသည်။
လူထု၏ဘဝတွေ၊အသက်တွေကိုရင်းပြီး၊နင်းပြီး၊လူထုကိုဆင်းရဲတွင်းနက်စေပြီး မိမိတစ်ယောက် တည်း ချမ်းသာချင် သူ၊မိမိတစ်ယောက်အတွက်လူထု၏ဘဝတွေပေးဆပ်စေခဲ့သူ၊ရန်သူနဲ့တွေ့တော့ပန်းလို အလှပေး၊ရနံ့ပေး၊မျက်နှာချိုသွေးကာလူထုနှင့်တွေ့တော့ သောကတွေ၊လောဘတွေ၊ဒေါသ တွေနှင့်မီးလို ပူပြင်းနေသောသူ All for One ခေါင်းဆောင်မျိုးနှင့်လူထု၏ဘဝတွေ၊အသက်တွေကို ရင်ဘတ်ထဲထည့်၊ပခုံး ပေါ် ထမ်း၊ခေါင်းပေါ်ရွက်လျက် မိမိ၏အသက်၊ဘဝနှင့်အတ္တကို စွန့်လွှတ်နိုင်သူ၊လူထုနှင့်တွေ့တော့ ပန်လို လန်း ဆန်းမွှေးပျံ့စေခဲ့ပြီး၊ရန်သူနှင့်တွေ့တော့ မျိုးချစ်စိတ်၊နိုင်ငံချစ်စိတ်၊သူ့ကျွန်မခံစိတ်များနှင့် မီးလိုပူပြင်း စေသောသူ One for All ခေါင်းဆောင်မျိုးကို ယှဉ်ကြည့်လျှင် ကွာခြားချက်အနှစ်သာရကိုတွေ့နိုင်ပါသည်။
           
ဘယ်လိုပြောပြော၊ဘယ်လိုထောက်ပြပြ ‘ငတေ’ တို့ကတော့ ရှက်ရကောင်းမှန်းမသိ အောင် မျက်နှာ ပြောင်ပြောင်နှင့် နှုတ်မဆွံ့၊လက်မရွံ့၊ခြေမတွန့်၊သတိမကွန့်ဘဲ ပြောမြဲပြော၊လုပ်မြဲလုပ်။ လျှောက်မြဲလျှောက်၊ ကြံစည်မြဲကြံစည် နိုင်ကြလေသည်။
မှားမှန်းသိပါလျက်နှင့် မိမိရရှိမည့် စည်းစိမ်၊ရရှိခဲ့ပြီးသည့်စည်းစိမ်တို့ကို မက်မက်မောမော စွဲလမ်း နေသူများကား ဓားသွားထက်မှပျားရည်စက်ကို မစွန့်နိုင်၊မခွာရက် မြတ်မြတ်နိုးနိုးလျှက်နေကြသူများနှင့် တူလှပေ၏။
ပူမှန်းသိလျက်နှင့်မီးရှိရာသို့ ဇွတ်တိုးနေသော ပိုးဖလံများနှင့် တူလှပေ၏။ဇာတ်ခုံပေါ်မှာ ကခုန် နေရင်း ပုဆိုးကျွတ် နေပါလျက်နှင့် ပုဆိုးကိုကောက်မဝတ်ဘဲ ဆက်၍ကခုန်နေသော မင်းသားနှင့် တူ လှပေ၏။
'ငတေမာပြီးရော’ လူစားများသည် ကျွတ်နေသောပုဆိုးကိုကောက်ယူ၍ အရှက်လုံအောင်မဝတ်ဘဲ မရှက်မကြောက် ဆက်လျှောက်နေကြလေသည်။
           
တကယ်တော့ တစ်ယောက်တည်းချမ်းသာလိုသူများသည် မိသားစုနှင့်အတူရှိမနေသင့်ပါ။ ရပ်ကွက်၊ မြို့၊ရွာ၊နိုင်ငံအတွင်းမှလည်း ရှိမနေသင့်ပါ။သူ၏တစ်ကိုယ်ကောင်းဆန်မှုက မိသားစုကိုသာမက၊ ရပ်ကွက်၊ မြို့၊ရွာ၊နိုင်ငံနှင့်ကမ္ဘာကိုပင် ပျက်စီးသွားစေနိုင်ပါသည်။
 သာမန်မိသားစုဝင်၊သာမန်နိုင်ငံသားများသည်ပင် တစ်ယောက်တည်းချမ်းသာလိုစိတ် ထား၍မရပါ။ လူထုကိုခေါင်းဆောင်ရမည့်သူများအနေနှင့်ဆိုလျှင် ပို၍ပင် အတ္တစိတ်ကိုဖျောက်သင့်ပါသေးသည်။
 အထူးသဖြင့် မြန်မာလူထုအနေနှင့် မိမိတစ်ကိုယ်တည်းချမ်းသာမှုကိုမကြည့်၊လူထုအကျိုးကိုကြည့်၍ ယနေ့ မြန်မာနိုင်ငံကို သူ့ကျွန်ဘဝမှ လွတ်အောင်ကိုယ်ကျိုးစွန့်ခဲ့သော ‘ဗိုလ်ချုပ်’ နှင့် ပြည်သူ့အကျိုးကို မကြည့်၊ တစ်ကိုယ်တည်း ချမ်းသာမှုကိုကြည့်၍ သူတွေကို ယှဉ်ကြည့်ပါ။
 
ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့မြေမှာရော၊ကမ္ဘာ့မြေမှာပါ မရှိတော့ပါ။သို့သော်လည်း သူတို့၏နာမည် ဂုဏ် သတင်း ကတော့ အခိုင်အမာရှိနေဆဲပါ။ သူတို့လုပ်ခဲ့သည့် အကျိုးကို လူထုအားလုံး စံနေရဆဲ။
နိုင်ငံတကာကိုကြည့်မည်ဆိုလျှင် လူထုချမ်းသာရေးကိုကြည့်ခဲ့သောခေါင်းဆောင်များ၏ သားသမီး များက မိမိတို့အရည်အချင်းရှိသလောက် သမိုင်းဟောင်းကိုလည်းရဲရဲဝံ့ဝံ့ဖေါ်ထုတ်နိုင်ပါသည်။ သမိုင်းသစ်ကို လည်း ရဲရဲဝံ့ဝံ့ ရေးထိုးဖန်တီးနိုင်ပါသည်။
တစ်ယောက်တည်းချမ်းသာရေးကိုကြည့်ခဲ့သော တချို့သော သူများ၏သားသမီးများကတော့ မိမိတို့ မှာ အရည်အချင်းရှိနေလျှင်တောင်မှ သမိုင်းဟောင်းကိုလည်းမဖေါ်ထုတ်ရဲပါ။သမိုင်းသစ်ကိုလည်း မဖန်တီး ရဲကြပါ။
သည်တော့-- ကျွန်တော်တို့အားလုံး စဉ်းစားဆုံးဖြတ်ရမှာက---
တစ်ယောက်တည်းချမ်းသာနေသင့်သလား။
တစ်ယောက်တည်းချမ်းသာချင်သေးလား။
 
 
 ရိုက်မောင်း 
 
( Zawgyi  )
 
 “သားႀကီးရယ္ မင္းရဲ႕ Handset ကအေကာင္းခ်ည္းရွိေသးတဲ့ဟာ။ဘာလို႔အသစ္ဝယ္ရမွာလဲ”
 “ကြၽန္ေတာ့္ handset က ဖုန္းေျပာလို႔ပဲရတဲ့ဟာ။က်န္တာဘာမွလုပ္လို႔ရတာမဟုတ္ဘူး”
 “ဖုန္းေျပာလို႔ရရင္ၿပီးတာပဲမဟုတ္လား။ၿပီးေတာ့ဂိမ္းေတြ၊အင္တာနက္ေတြလည္းရေနတာပဲဟာ”
 “ဟာအေမကလည္း၊မသိဘဲစြတ္ေျပာေနျပန္ၿပီ။အင္တာနက္မွသိပ္မမိတာ။ဂိမ္းေကာင္းေကာင္း လည္းထည့္လို႔မရဘူး”
 “အေမတို႔မွာအကုန္အက်ေတြမ်ားေနတယ္ေလ။မင္းအခုသုံးေနတဲ့ဖုန္းကိုပဲၾကည့္။ Handset ခ်ည္းပဲက ႏွစ္သိန္းခြဲေပးရ တယ္။ ေငြျဖည့္ကတ္အတြက္လည္း ငါးေထာင္၊ငါးေထာင္နဲ႔ တစ္လကို တစ္ ေသာင္းခြဲ၊ ႏွစ္ေသာင္း ေပးရတယ္။ ဒီၾကားထဲ မင္းမို႔လို႔ထပ္ေတာင္းရက္တယ္”
           
 
“အေမ့ handset က သုံးစားလို႔မရေတာ့ဘူးဗ်။ကဲ ကဲ-အပိုေတြေျပာမေနနဲ႔၊ မဝယ္ေပးခ်င္ လည္း ေန။ကြၽန္ေတာ္လည္း အလုပ္မသြား ေတာ့ဘူး”
“ဟဲ့-့handset ဖိုးပိုက္ဆံမေပးတာနဲ႔  အလုပ္မသြားတာဘာဆိုင္လို႔လဲ”
“ကြၽန္ေတာ္ဆယ္တန္းတက္ေနတာမဟုတ္ဘူးဗ်။ တကၠသိုလ္တက္ေနတာ။သူမ်ားhandset ေတြက အပ်ံစားေတြ။လူေရွ႕ သူ ေရွ႕မွာ ကိုယ့္ဖုန္းအစုတ္အျပတ္ကို ထုတ္ေတာင္မကိုင္ရဲဘူး”
“ကဲ-ကဲ ငါပဲအရႈံးေပးပါတယ္။ေျပာ-မင္း handset က ဘယ္ေလာက္တဲ့လဲ”
 “ေလးသိန္းခြဲထဲပါ”
 “ဘာ-ေလးသိန္းခြဲ ဟုတ္လား။ေကာင္းတယ္။ေကာင္းတယ္။မိသားစု ငါးေယာက္ရွိတယ္။က်န္တဲ့ လူေတြ ကေတာ့အငတ္ငတ္ အျပတ္ျပတ္ နဲ႔ျခစ္ျခဳတ္စားေသာက္ေနရၿပီး မင္းတစ္ေယာက္ထဲ ကြက္ၿပီး ခ်မ္းသာေန-သိလား”
  ေကာင္ေလးက ကုမၸဏီတစ္ခုမွာ စလုပ္ေနခါစ ။သူကအႀကီးဆုံး။သူ႔ေအာက္မွာ ညီတစ္ ေယာက္။ ညီမတစ္ေယာက္ရွိ သည္။ညီကကိုးတန္း၊ညီမေလးကခုနစ္တန္း။အေဖျဖစ္သူက ကုန္တင္ကားေမာင္း သည္။အေမျဖစ္သူက  သူတို႔အိမ္ေရွ႕ တြင္မုန႔္ဟင္းခါးေရာင္းသည္။
 
ကြၽန္ေတာ္ကသူတို႔ဆိုင္မွာမၾကာခဏ မုန႔္ဟင္းခါးစားျဖစ္သည္။မုန႔္စားရင္း သူတို႔သားအမိေတြ စကားေျပာတာ၊ရန္ျဖစ္တာ ေတြ ကို ျမင္ေန၊ၾကားေနက်ျဖစ္သည္။ 
ေကာင္ေလးက သူ႔အေမေျပာလည္းေျပာစရာပါ။မိသားစုမ်က္ႏွာကိုမၾကည့္။ သူျဖစ္ခ်င္တာ၊ သူလို ခ်င္တာ ပဲဇြတ္တိုးေျပာတတ္၊ေတာင္းဆိုတတ္၏။သားအမိေတြ မည္သို႔ပင္တစ္ေယာက္တစ္ခြန္းေျပာၾကေသာ္ လည္း ေနာက္ဆုံးမွာေတာ့ သူ႔အလိုကိုလိုက္ေလ်ာရသည္သာ ခ်ည္းျဖစ္သည္။
 
သူ႔အေမေျပာသည့္အတိုင္းပင္။မိသားစုထဲမွာ သူတစ္ေယာက္တည္းကြက္၍ခ်မ္းသာေနသူျဖစ္သည္။
တခ်ိဳ႕ကသည္လိုပါပဲ။မိဘဆီက အႏုနည္းႏွင့္ျဖစ္ေစ၊အၾကမ္းနည္းႏွင့္ျဖစ္ေစ၊ သူတို႔လိုခ်င္ တာရွိလို႔ ကေတာ့ မိဘမ်က္ႏွာရဲရဲၾကည့္၍၊ရဲရဲေတာင္းတတ္ၾကပါသည္။
သူတို႔ေလးေတြဟာ အ႐ြယ္ေရာက္လာၿပီ။အေတြ႕အႀကဳံဗဟုသုတေတြလည္း မ်ားလာၿပီ။ အတတ္ ပညာအေနႏွင့္လည္း တကၠသိုလ္ပညာရပ္ေတြဆည္းပူးကာလုပ္ငန္းသို႔လည္းဝင္ေနၿပီ။ 
သို႔ေသာ္ မိဘမ်ား၏ပိုက္ဆံရွာရသည့္ဒုကၡ၊မေလာက္ငွ၍စိတ္ေသာကေရာက္ရသည့္ ဒုကၡမ်ားကို မေတြး။ငါတစ္ကိုယ္ေကာင္းဆန္ေနပါလား၊ ငါပိုက္ဆံရွာၿပီး မိဘကို၀ေအာင္မလုပ္ေကြၽးႏိုင္ခင္ ငါ့အတြက္ ကုန္က်စရိတ္ သက္သာေအာင္ၿခိဳးၿခံသင့္  ပါလားဟူသည့္အေတြးမ်ိဳးဝင္မလာဘဲ ၊မိမိလိုခ်င္တာ ရခ်င္ရ ၊မရလွ်င္ က်န္လူေတြကိုျပႆနာရွာမည္ဟုသာေတြးေနတတ္ၾက၏။
 
 ျမန္မာစကားပုံထဲ ‘ဘယ္သူေသေသ၊ငေတမာၿပီးေရာ’ဆိုသည့္စကားပုံရွိပါသည္။
ဆိုသည္က တစ္ေလာကလုံးမွာရွိသည့္ဘယ္သူေတြေသေသ ျပႆနာမရွိပါ။အေရးႀကီးတာက ‘ငေတ’ က်န္းက်န္းမာမာရွိေနဖို႔ပါ။
ယခုလည္းတစ္ေလာကလုံးမွာရွိသည့္ဘယ္သူေတြဘယ္လိုစားရစားရကိစၥမရွိ။ေတာင္းစားစား၊ခိုးစားစား၊လုစားစားကိစၥမရွိ။ကိစၥရွိတာက သူတို႔(တစ္ကိုယ္ေကာင္းသမားေတြ)ခ်မ္းသာဖို႔သာျဖစ္သည္။
လူတစ္ေယာက္သည္ ခ်မ္းသာခ်င္စိတ္လြန္ကဲလာလွ်င္ တစ္ကိုယ္ေကာင္းဆန္ လာတတ္၏။ ပုံမွန္ အရည္အခ်င္းႏွင့္ခ်မ္းသာဖို႔မလြယ္သည့္အခါမ်ား၊ခ်မ္းသာႏိုင္ေသာ္လည္း အခ်ိန္ကာလတစ္ခုကို ေစာင့္ရဦး မည့္အခါမ်ိဳးတြင္ စိတ္ရွည္ရွည္မထားႏိုင္ေတာ့။အဆင့္ဆင့္သြားရမည့္သဘာဝကို လက္မခံ ခ်င္ေတာ့။
 
သည္တြင္ တရားသျဖင့္လုပ္ရမည့္ကိစၥမွာ မတရားမႈေတြပါလာသည္။
           
မိမိခ်မ္းသာဖို႔အတြက္ အျခားသူမ်ားထံမွ ေငြေၾကးပစၥည္းဥစၥာကို လိမ္ယူၾကသည္။ခိုးယူ ၾကသည္။ လုယက္ယူၾကသည္။
အရက္၊ေဆးေျခာက္၊ဘိန္း အစရွိေသာ မူးယစ္ေဆးဝါးမ်ားကိုထုတ္လုပ္၍ လူေတြကိုျဖားေယာင္း ေသြးေဆာင္လာသည္။ ထိုလူေတြ စာရိတၱပ်က္မွာ၊စိတ္ဓါတ္ေပ်ာ့ညံ့သြားမွာ၊က်န္းမာေရး ထိခိုက္မွာ၊စီးပြား ပ်က္မွာ၊ လူကိုယ္တိုင္ပ်က္စီးသြားမွာသူတို႔အေရးမလုပ္။သူတို႔သိတာ တစ္ခုပဲရွိသည္။သူတို႔ခ်မ္းသာဖို႔။
 
စားေသာက္ကုန္ေတြမွာ ဆိုးေဆးေတြသုံးလာသည္။ဟင္းခတ္မႈန႔္ကဲ့သို႔ စားေသာက္ကုန္မ်ိဳးဆိုလွ်င္ အတုေတြဖန္တီးၾကသည္။က်န္းမာေရးအတြက္ ဆရာဝန္မ်ား၊ေဆးပညာရွင္မ်ားက အခ်ိန္ကုန္၊ေငြကုန္၊လူ အပင္ပန္းခံၿပီး ေစတနာႏွင့္ပညာေပါင္းစပ္ထုတ္လုပ္ထားသည့္ေဆးဝါးမ်ိဳးကိုလည္း အတုအပဖန္တီးထုတ္ လုပ္ၿပီး ပုံမွား႐ိုက္ေရာင္းခ်ၾကသည္။က်န္လူမ်ား၏အသက္အႏၲရာယ္ကိုလ်စ္လ်ဴရႈ၍ သူတို႔တစ္ဦးတစ္ ေယာက္ခ်မ္းသာဖို႔ကိုသာ အာ႐ုံထားၾကေလသည္။
ေလာကမွာ တစ္ကိုယ္ေကာင္းဆန္သည့္ ‘ငေတ’ မ်ား ဆိုးသြမ္းေနပါသည္။ဘယ္သူဘာျဖစ္ျဖစ္ ‘ငေတ’ မာဖို႔သာအဓိကဟု ခံယူထားၾကေလၿပီ။
           
အခ်ိဳ႕ခံယူခ်က္ျပင္းေသာ ‘ငေတ’ မ်ားကေတာ့ သက္မဲ့ပစၥည္းအေရာင္းအဝယ္ကို စိတ္မဝင္စားၾကပဲ သက္ရွိလူသားမ်ားကို အေရာင္းအဝယ္လုပ္လာသည္။ကေလးငယ္မ်ားကို ခိုး၊အ႐ြယ္ေရာက္ၿပီး အမ်ိဳး သား၊အမ်ိဳးသမီးေကာင္းေလးမ်ားကို အႏုနည္း၊အၾကမ္းနည္း ပရိယာယ္အမ်ိဳးမ်ိဳးႏွင့္ဆြဲေဆာင္သိမ္းသြင္းၿပီး ႏိုင္ငံျခားသို႔ေရာင္းခ်သည္အထိ အသိစိတ္ေတြ ေပ်ာက္လာၾကသည္။
           
ဒီလိုပဲေနရာတိုင္းတြင္ ‘ငေတ’မ်ားရွိသည္။မိမိေရာက္ရွိေနေသာေနရာသည္ ျမင့္ျမတ္ေသာေနရာ (Noble position) ဟု ဂုဏ္ယူ မစဥ္းစားဘဲ ျမင့္မားေသာေနရာ (High position) ဟု မာနႏွင့္ စဥ္းစားၾက သည္။
ဒီလိုလူေတြကThe poorer the public are, the richer they are. (လူထုဆင္းရဲေလေလ၊ သူတို႔ခ်မ္း သာ ေလေလ) စနစ္ကိုက်င့္သုံးသည့္ ‘မဟာငေတႀကီး’ မ်ိဳးျဖစ္၏။
တကယ္ေတာ့ တစ္ေယာက္တည္းခ်မ္းသာေနသူေတြမွာရွိတာက အာဏာႏွင့္ေငြပါ။သူတို႔မွာမရွိ တာ က ကိုယ္က်င့္တရားႏွင့္ လူထုၾကည္ညိဳမႈပါ။သူတို႔ခႏၶာကိုယ္ႀကီးက အျမင္ဆုံးမွာပဲေနေန၊တာဝတႎသာကိုပဲ အလည္သြားသြား၊သူတို႔စိတ္ဓာတ္၊သူတို႔ကိုယ္က်င့္တရား၊သူတို႔ဂုဏ္သိကၡာက အိမ္ေအာက္မွာ၊ အနိမ့္ဆုံးမွာ ၊ အဝီစိမွာပါ။
 
ဒီလိုလူေတြႏွင့္ေျပာင္းျပန္ ကိုယ္တိုင္အဆင္းရဲခံၿပီး လူထုတစ္ရပ္လုံးခ်မ္းသာေအာင္ ေဆာင္႐ြက္ တတ္ေသာ သူရဲေကာင္းပုဂၢိဳလ္ထူးမ်ားလည္း ရွိပါသည္။
ႏွစ္ဆယ္ရာစုျမန္မာႏိုင္ငံမွာျပည္သူအတြက္အသက္ေပးရဲေသာ၊တကယ္လည္းေပးခဲ့ေသာOne for All ေခါင္းေဆာင္မ်ိဳး အမွန္တကယ္ရွိခဲ့ပါသည္။ပညာေရး၊လူမႈေရး၊ႏိုင္ငံေရး၊စစ္ေရး၊စာေပဗဟုသုတ  ႏွံ႔စပ္ ကြၽမ္း က်င္သည့္ အျပင္ မ်ိဳးခ်စ္စိတ္၊ႏိုင္ငံခ်စ္စိတ္အျပည့္အဝရွိပါသည္။အမ်ားခ်မ္းသာေရးအတြက္ ဘာမ ဆိုေပးရဲေသာ သူရဲေကာင္း အာဇာနည္စိတ္လည္းအခိုင္အမာရွိပါသည္။
 
ထို႔ေၾကာင့္လည္း သူလုပ္ခဲ့သေလာက္ ျမန္မာႏိုင္ငံ၊ျမန္မာလူမ်ိဳးတို႔ ေကာင္းက်ိဳးခ်မ္းသာရခဲ့ပါသည္။ ကမာၻ႔အလည္မွာ ျမန္မာ ဟုသိေစ၊ျမင္ေစ၊ထင္ရွားေစခဲ့ပါသည္။သူေသသြားသည့္တိုင္၊သူ႔အရွိန္အဝါ၊သူ႔ၾသဇာ၊ သူ႔ေစတနာက ျပည္တြင္းေရာျပည္ပပါ ပ်ံ႕ႏွံ႔ေနပါေသးသည္။
လူထု၏ဘဝေတြ၊အသက္ေတြကိုရင္းၿပီး၊နင္းၿပီး၊လူထုကိုဆင္းရဲတြင္းနက္ေစၿပီး မိမိတစ္ေယာက္ တည္း ခ်မ္းသာခ်င္ သူ၊မိမိတစ္ေယာက္အတြက္လူထု၏ဘဝေတြေပးဆပ္ေစခဲ့သူ၊ရန္သူနဲ႔ေတြ႕ေတာ့ပန္းလို အလွေပး၊ရနံ႔ေပး၊မ်က္ႏွာခ်ိဳေသြးကာလူထုႏွင့္ေတြ႕ေတာ့ ေသာကေတြ၊ေလာဘေတြ၊ေဒါသ ေတြႏွင့္မီးလို ပူျပင္းေနေသာသူ All for One ေခါင္းေဆာင္မ်ိဳးႏွင့္လူထု၏ဘဝေတြ၊အသက္ေတြကို ရင္ဘတ္ထဲထည့္၊ပခုံး ေပၚ ထမ္း၊ေခါင္းေပၚ႐ြက္လ်က္ မိမိ၏အသက္၊ဘဝႏွင့္အတၱကို စြန႔္လႊတ္ႏိုင္သူ၊လူထုႏွင့္ေတြ႕ေတာ့ ပန္လို လန္း ဆန္းေမႊးပ်ံ႕ေစခဲ့ၿပီး၊ရန္သူႏွင့္ေတြ႕ေတာ့ မ်ိဳးခ်စ္စိတ္၊ႏိုင္ငံခ်စ္စိတ္၊သူ႔ကြၽန္မခံစိတ္မ်ားႏွင့္ မီးလိုပူျပင္း ေစေသာသူ One for All ေခါင္းေဆာင္မ်ိဳးကို ယွဥ္ၾကည့္လွ်င္ ကြာျခားခ်က္အႏွစ္သာရကိုေတြ႕ႏိုင္ပါသည္။
           
ဘယ္လိုေျပာေျပာ၊ဘယ္လိုေထာက္ျပျပ ‘ငေတ’ တို႔ကေတာ့ ရွက္ရေကာင္းမွန္းမသိ ေအာင္ မ်က္ႏွာ ေျပာင္ေျပာင္ႏွင့္ ႏႈတ္မဆြံ႕၊လက္မ႐ြံ႕၊ေျခမတြန႔္၊သတိမကြန႔္ဘဲ ေျပာၿမဲေျပာ၊လုပ္ၿမဲလုပ္။ ေလွ်ာက္ၿမဲေလွ်ာက္၊ ႀကံစည္ၿမဲႀကံစည္ ႏိုင္ၾကေလသည္။
မွားမွန္းသိပါလ်က္ႏွင့္ မိမိရရွိမည့္ စည္းစိမ္၊ရရွိခဲ့ၿပီးသည့္စည္းစိမ္တို႔ကို မက္မက္ေမာေမာ စြဲလမ္း ေနသူမ်ားကား ဓားသြားထက္မွပ်ားရည္စက္ကို မစြန႔္ႏိုင္၊မခြာရက္ ျမတ္ျမတ္ႏိုးႏိုးလွ်က္ေနၾကသူမ်ားႏွင့္ တူလွေပ၏။
ပူမွန္းသိလ်က္ႏွင့္မီးရွိရာသို႔ ဇြတ္တိုးေနေသာ ပိုးဖလံမ်ားႏွင့္ တူလွေပ၏။ဇာတ္ခုံေပၚမွာ ကခုန္ ေနရင္း ပုဆိုးကြၽတ္ ေနပါလ်က္ႏွင့္ ပုဆိုးကိုေကာက္မဝတ္ဘဲ ဆက္၍ကခုန္ေနေသာ မင္းသားႏွင့္ တူ လွေပ၏။
'ငေတမာၿပီးေရာ’ လူစားမ်ားသည္ ကြၽတ္ေနေသာပုဆိုးကိုေကာက္ယူ၍ အရွက္လုံေအာင္မဝတ္ဘဲ မရွက္မေၾကာက္ ဆက္ေလွ်ာက္ေနၾကေလသည္။
           
တကယ္ေတာ့ တစ္ေယာက္တည္းခ်မ္းသာလိုသူမ်ားသည္ မိသားစုႏွင့္အတူရွိမေနသင့္ပါ။ ရပ္ကြက္၊ ၿမိဳ႕၊႐ြာ၊ႏိုင္ငံအတြင္းမွလည္း ရွိမေနသင့္ပါ။သူ၏တစ္ကိုယ္ေကာင္းဆန္မႈက မိသားစုကိုသာမက၊ ရပ္ကြက္၊ ၿမိဳ႕၊႐ြာ၊ႏိုင္ငံႏွင့္ကမာၻကိုပင္ ပ်က္စီးသြားေစႏိုင္ပါသည္။
 သာမန္မိသားစုဝင္၊သာမန္ႏိုင္ငံသားမ်ားသည္ပင္ တစ္ေယာက္တည္းခ်မ္းသာလိုစိတ္ ထား၍မရပါ။ လူထုကိုေခါင္းေဆာင္ရမည့္သူမ်ားအေနႏွင့္ဆိုလွ်င္ ပို၍ပင္ အတၱစိတ္ကိုေဖ်ာက္သင့္ပါေသးသည္။
 အထူးသျဖင့္ ျမန္မာလူထုအေနႏွင့္ မိမိတစ္ကိုယ္တည္းခ်မ္းသာမႈကိုမၾကည့္၊လူထုအက်ိဳးကိုၾကည့္၍ ယေန႔ ျမန္မာႏိုင္ငံကို သူ႔ကြၽန္ဘဝမွ လြတ္ေအာင္ကိုယ္က်ိဳးစြန႔္ခဲ့ေသာ ‘ဗိုလ္ခ်ဳပ္’ ႏွင့္ ျပည္သူ႔အက်ိဳးကို မၾကည့္၊ တစ္ကိုယ္တည္း ခ်မ္းသာမႈကိုၾကည့္၍ သူေတြကို ယွဥ္ၾကည့္ပါ။
 
ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ျမန္မာ့ေျမမွာေရာ၊ကမာၻ႔ေျမမွာပါ မရွိေတာ့ပါ။သို႔ေသာ္လည္း သူတို႔၏နာမည္ ဂုဏ္ သတင္း ကေတာ့ အခိုင္အမာရွိေနဆဲပါ။ သူတို႔လုပ္ခဲ့သည့္ အက်ိဳးကို လူထုအားလုံး စံေနရဆဲ။
ႏိုင္ငံတကာကိုၾကည့္မည္ဆိုလွ်င္ လူထုခ်မ္းသာေရးကိုၾကည့္ခဲ့ေသာေခါင္းေဆာင္မ်ား၏ သားသမီး မ်ားက မိမိတို႔အရည္အခ်င္းရွိသေလာက္ သမိုင္းေဟာင္းကိုလည္းရဲရဲဝံ့ဝံ့ေဖၚထုတ္ႏိုင္ပါသည္။ သမိုင္းသစ္ကို လည္း ရဲရဲဝံ့ဝံ့ ေရးထိုးဖန္တီးႏိုင္ပါသည္။
တစ္ေယာက္တည္းခ်မ္းသာေရးကိုၾကည့္ခဲ့ေသာ တခ်ိဳ႕ေသာ သူမ်ား၏သားသမီးမ်ားကေတာ့ မိမိတို႔ မွာ အရည္အခ်င္းရွိေနလွ်င္ေတာင္မွ သမိုင္းေဟာင္းကိုလည္းမေဖၚထုတ္ရဲပါ။သမိုင္းသစ္ကိုလည္း မဖန္တီး ရဲၾကပါ။
သည္ေတာ့-- ကြၽန္ေတာ္တို႔အားလုံး စဥ္းစားဆုံးျဖတ္ရမွာက---
တစ္ေယာက္တည္းခ်မ္းသာေနသင့္သလား။
တစ္ေယာက္တည္းခ်မ္းသာခ်င္ေသးလား။
 
 
 ႐ိုက္ေမာင္း