【 ဆောင်းပါး 】 PPE ဝတ်စုံနဲ့ ကိုဗစ်ရွေးကောက်ပွဲ

【 ဆောင်းပါး 】 PPE ဝတ်စုံနဲ့ ကိုဗစ်ရွေးကောက်ပွဲ

အခုဆိုရင် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီး ကျင်းပဖို့ ရက်ပိုင်းသာလိုပါတော့တယ်။ဒီရွေးကောက်ပွဲကြီးဟာ အင်မတန်မှ ထူးခြားချက်တွေနဲ့ မှတ်တမ်းဝင်ပါလိမ့်မယ်။ရွေးကောက်ပွဲကျင်းပမယ့်နေ့ဟာလည်း ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်နှံ့မှု အရှိန်တက်နေတဲ့အချိန် ဖြစ်ပါလိမ့်မယ်။ရန်ကုန်တိုင်းမြို့နယ်တွေအကုန်လုံး (ကိုကိုးကျွန်းမပါ)၊ တခြားတိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်တွေတော်တော်များများ ဟုမ်းစတေး ချထားရတဲ့ အခြေအနေဖြစ်နေပါလိမ့်မယ်။တစ်အိမ် တစ်ယောက်သာ အိမ်အပြင်ကိုထွက်နေကြရပါတယ်။အခုအခြေအနေမှာ ရွေးကောက်ပွဲ မဲရုံကိုသွားပြီး မဲဆန္ဒပေးရမှာလည်း အင်မတန်အခက်အခဲရှိနေတဲ့ အခြေအနေဖြစ်ပါတယ်။

မဲရုံတွေမှာ တာဝန်ကျနေတဲ့ ဝန်ထမ်းတွေကိုယ်တိုင်လည်း ကိုဗစ်-၁၉ ကူးစက်ရောဂါကို ကာကွယ်နိုင်ဖို့အတွက် PPE ဝတ်စုံတွေဝတ်ပြီး တစ်နေ့လုံးနေကြရမယ့် အခြေအနေဟာလည်း မလွယ်ကူလှတဲ့ အခြေအနေတစ်ခုပါ။ကိုဗစ်-၁၉ ကာလမှာ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်တွေကလည်း ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အတားအဆီးဖြစ်နေပါလိမ့်မယ်။

တစ်နိုင်ငံလုံးကျင်းပမယ့် ရွေးကောက်ပွဲမှာ အစိုးရသတင်းဌာနတွေအပြင်၊ ပုဂ္ဂလိကသတင်းဌာနတွေ သတင်းယူ၊ သတင်းထုတ်ပြန်ဖို့ အရေးကြီးပါတယ်။အခု ကိုဗစ်ကာလမှာ မြို့နယ်ကျော်ပြီး သတင်းထောက်တွေ သတင်းမယူရတဲ့ ဒေသန္တရအမိန့်တွေ ပြဋ္ဌာန်းထားတာရှိနေပါတယ်။ဒီအချိန်မှာ ပုဂ္ဂလိကသတင်းဌာနတွေ၊ ရွေးကောက်ပွဲ တရားမျှတမှုကို စောင့်ကြည့်ကြမယ့် လူမှုရေးအသင်းအဖွဲ့တွေအတွက်လည်း အခက်အခဲဖြစ်နေပါလိမ့်မယ်။အင်မတန် အခက်အခဲအကြပ်အတည်းများတဲ့ ကိုဗစ်ရွေးကောက်ပွဲဖြစ်နေတာ ထူးခြားတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲနှစ်ကြိမ် ကျင်းပခဲ့ပြီးပါပြီ။အဲဒီရွေးကောက်ပွဲနှစ်ကြိမ်စလုံးမှာလည်း ထူးခြားချက်တွေရှိခဲ့ပါတယ်။ပြန်ကြည့်မယ်ဆိုရင်။မြန်မာနိုင်ငံအတွက် စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲပေးလိုက်တဲ့အချိန်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်တွေ အရပ်ဝတ်ပြောင်းပြီး အရပ်သားအစိုးရအဖြစ် တက်လာပြီးနောက် ဒုတိယသက်တမ်းမှာတက်လာတဲ့ အရပ်သားအစိုးရဖြစ်ပါတယ်။အခုဆိုရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ အရပ်သားဒုတိယအစိုးရသက်တမ်း ငါးနှစ်ပြည့်တော့မှာပါ။ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာတော့ အထွေထွေရွေးကောက်ပွဲကို ပြန်ကျင်းပပြုလုပ်ပေးပြီး တတိယမြောက် အရပ်သားအစိုးရကို ရွေးချယ်ရပါတော့မယ်။ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကာလကို စတင်ခဲ့ကတည်းက မြန်မာ့နိုင်ငံရေးမှာ ထူးခြားတဲ့ဖြစ်ရပ်တွေရှိခဲ့ပါတယ်။

ပထမ အထွေထွေရွေးကောက်ပွဲ ကျင်းပတဲ့အချိန်မှာ ပြည်သူတွေ အလစ်အငိုက်ခံလိုက်ရတယ်လို့ သတ်မှတ်ချင်ပါတယ်။ပြည်သူတွေရဲ့ အကြောက်တရားကို ဖိနင်းထားတဲ့အပြင် လိမ်လည်မှုတွေ၊ နည်းပရိယာယ်တွေ အကုန်ကျင့်သုံးပြီး စစ်အစိုးရအာဏာကို စစ်အာဏာရှင်ပုံပြောင်း အရပ်သားအစိုးရအဖြစ် တိုင်းပြည်အာဏာကို ဆက်ယူထားနိုင်အောင် လုပ်ခဲ့တယ်။ပြည်သူတွေက အကြောက်တရားတွေနဲ့ အလစ်အငိုက်ခံလိုက်ရပါတယ်။

ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာမယ့် အထွေထွေရွေးကောက်ပွဲမှာလည်း ထူးခြားတဲ့ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။ပြည်သူအများစုဟာ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD ပါတီကို ထောက်ခံအားပေးချင်ပေမယ့်၊ ပါတီရဲ့ ဦးဆောင်မှုအမှားကြောင့် NLD ပါတီကနေ အရွေးချယ်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မယုံကြည်ဘူးဖြစ်သွားခဲ့တယ်။အင်အယ်ဒီပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပါတီရဲ့အမှားကို အချိန်မီသိသွားပြီး "လူကိုမကြည့်ပဲ ပါတီတံဆိပ်ကိုကြည့်ပြီး မဲပေးကြပါ" လို့ ပြည်သူတိုင်းရင်းသားတွေကို မေတ္တာရပ်ခံခဲ့ရတယ်။ဒီ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို အလေးထားခဲ့ပြီး NLD ပါတီကနေ ဝင်ရောက်အရွေးချယ်ခံမယ့် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပုဂ္ဂိုလ်ရေးတွေကိုမကြည့်ပဲ NLD ပါတီ တံဆိပ်ကိုကြည့်ပြီး မဲပေးခဲ့ကြတယ်။

တိုင်းရင်းသားဒေသတွေမှာလည်း တိုင်းရင်းသားပါတီတွေက တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းတွေထက် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့ကြတယ်။ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ကို ယုံကြည်ခဲ့ကြလို့ပါ။ဒေါ်အောင်ဆန်းစုကြည်သာ အစိုးရဖွဲ့နိုင်ခဲ့ရင် ပြည်တွင်းစစ် ကြာရှည်စွာဖြစ်နေတဲ့ တိုင်းရင်းသားပြည်နယ်ဒေသတွေမှာ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်ခဲ့ကြတာပါ။အဲ့ဒါအပြင် လူတန်းစားခွဲခြားခံနေရတာတွေ၊ စီးပွားရေး လူမှုရေး နိမ့်ကျနေခဲ့ရတာတွေအတွက်လည်း မျှော်လင့်ချက်ထားခဲ့ကြတာပါ။ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ထူးခြားတဲ့ဖြစ်ရပ်က လူပုဂ္ဂိုလ်တစ်ဦးအပေါ်မှာ ယုံကြည်စိတ်လွန်ကဲခဲ့တဲ့ အခြေအနေပါ။

အခုလာမယ့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာတော့၊ ၂၀၁၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ အကြောက်တရားကိုဖိနင်းပြီး ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို လိမ်လည်မယူနိုင်တော့သလို။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာလို လူပုဂ္ဂိုလ်တစ်ဦးကို အယုံကြည်လွန်ကဲစိတ်တွေလည်း ပြည်သူတွေမှာ လျော့ပါးလာပါပြီ။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ အလွန်မှာတော့ ၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန်ကာလမှာ လွှတ်တော်အသီးသီးကို စစ်အာဏာရှင် ဗိုလ်ချုပ်ဟောင်းတွေ ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေ မကြီးစိုးနိုင်တော့ပါဘူး။

အဲဒီလို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်တွေလည်း မကြီးစိုးနိုင်ဖို့လည်း အခြေအနေလျော့ပါးနေပါပြီ။ ၂၀၁၀ ခုနှစ် ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်တွေ အင်အားကြီးသွားတဲ့အချိန်မှာ လွှတ်တော်အတိုက်အခံအင်အား မရှိလောက်အောင် ချိနဲ့သွားခဲ့ရတယ်။ ၂၀၁၅ ခုနှစ် NLD လွှတ်တော်ကိုယ်စားလှယ်တွေ အင်အားကြီးတဲ့အချိန်မှာလည်း အတိုက်အခံအင်အားနည်းပါးခဲ့ရပါတယ်။အမှန်တကယ်ဆို လွှတ်တော်မှာ အနိုင်ရပါတီအင်အားရှိသလို၊ အတိုက်အခံအင်အားလည်းရှိနေရမှာပါ။ဒါမှ အာဏာရပါတီ၊ အာဏာရလွှတ်တော်၊ အာဏာရအစိုးရကို အတိုက်အခံပါတီတွေက ထိန်းညှိနိုင်ပါလိမ့်မယ်။ဒီအကြောင်းတွေကို ဘာဖြစ်လို့ပြောနေရသလဲ၊ ဘာကြောင့်ပြောနိုင်သလဲဆိုရင်၊ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေတွေကို ကြည့်လိုက်ရင် သိသာနေမှာပါ။အာဏာရ NLD ပါတီ ထိပ်တန်းခေါင်းဆောင်တွေကတော့ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၂၀၁၅ ခုနှစ်ကလို အနိုင်ရပြီး NLD ပါတီ တစ်ပါတီထဲ အစိုးရဖွဲ့နိုင်လိမ့်မယ်လို့ ယုံကြည်နေကြ တယ်။ဒါကိုလည်း မငြင်းချင်ပါဘူး။အင်အားကြီးပါတီကြီးတွေက သူတို့အနိုင်ရမယ်လို့ ယုံကြည်နေကြမှာပါပဲ။ဒါပေမယ့်၊ တစ်ခုပြန်စဉ်းစားကြည့်ဖို့ လိုအပ်တာအမှန်ပါပဲ။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ (၅၉) ရာခိုင်နှုန်းပဲ အနိုင်ရခဲ့တာ။ (၅၀) ရာခိုင်နှုန်းကျော်လို့ NLD ပါတီအနေနဲ့ လွတ်လပ်စွာ တစ်ပါတီထဲ အစိုးရဖွဲ့နိုင်ခဲ့တာပါ။အဲဒီလို ပြည်မမှာမကပဲ ပြည်နယ်တွေမှာ အနိုင်ရတာကလည်း တိုင်းရင်းသားပြည်သူတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်မျှော်လင့်ခဲ့ကြတာရယ်၊ တိုင်းရင်းသား လူမျိုးတစ်မျိုးထဲမှာ ပါတီတွေကွဲပြားနေတာရယ်ကြောင့် ဖြစ်ပါတယ်။အခုအချိန်မှာ တိုင်းရင်းသားလူမျိုးစု ပါတီကွဲတွေ အချင်းချင်းပြန်ညှိနှိုင်းပြီး ပူးပေါင်းနေကြပါပြီ။
တိုင်းရင်းသားပြည်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ NLD ပါတီကိုပါ ယုံကြည်မျှော်လင့်မှုတွေ ပါးလျလာခဲ့တာကို တွေ့နေရပါတယ်။ဒါတွေကလည်းပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီမံခန့်ခွဲမှုအားနည်းတာရယ်၊ ပြည်နယ်တွေမှာရှိတဲ့ NLD ပါတီခေါင်းဆောင်တွေ အရည်အချင်းအားနည်းတာတွေကြောင့် ဖြစ်ပေါ်ခဲ့ရတာတွေဖြစ်ပါတယ်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေက (၁၀) ရာခိုင်နှုန်းထက် နည်းပါးစွာ အနိုင်ရခဲ့ပေမယ့်၊ ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၈ ခုနှစ် ကြားဖြတ်ရေးကောက်ပွဲ ရလဒ်တွေကိုကြည့်ရင် တိုင်းရင်းသား ပြည်နယ်တွေမှာ အနိုင်ရများခဲ့တာကို တွေ့ရမှာပါ။
တိုင်းရင်းသားပြည်သူတွေကလည်း သူတို့လူမျိုးစုပါတီတွေ အချင်းချင်းပူးပေါင်းလိုက်တာကို ထောက်ခံထားကြပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရခဲ့တာထက် (၂) ဆလောက် ပိုအနိုင်ရခဲ့ရင် လွှတ်တော်ထဲမှာ အနည်းဆုံးအခြေအနေအရ အတိုက်အခံဖြစ်လာနိုင်ပါတယ်။
အာဏာရ အင်အယ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တွေကတော့ တိုင်းရင်းသားပါတီတွေကို မိတ်ဖက်ပါတီအဖြစ် မဖွဲ့ပါဘူးလို့ အတိအလင်းပြောဆိုထားပါတယ်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အင်အယ်ဒီပါတီနဲ့ လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီတွေ ထောက်ခံပူးပေါင်းခဲ့ကြပါတယ်။ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအလွန် လွှတ်တော်မှာတော့ တိုင်းရင်းသားပါတီတွေက NLD ပါတီနဲ့ မပူးပေါင်းနိုင်တော့ပါဘူး။

လက်ရှိအချိန်မှာ တိုင်းရင်းသားပါတီတွေက ၂၀၂၀ အထွေထွေရွေးကာက်ပွဲအတွက် အဓိကထားပြင်ဆင်နေခဲ့ကြသလို၊ အတိုက်အခံပါတီဖြစ်နေတဲ့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့လည်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ (၆) ရာခိုင်နှုန်း အနိုင်ရခဲ့တာ အလွန်နည်းပါးတာကြောင့်၊ ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြန်စည်းရုံးရေးဆင်းပြီး ပြင်ဆင်နေခဲ့ပါတယ်။ပြောမယ်ဆိုရင် ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ငွေအင်အားကြီးမားမှုကို အသုံးပြုပြီး ပြည်မက ကျေးလက်တွေကို အဓိကထားစည်းရုံးသွားနေတာကို တွေ့မြင်နေခဲ့ရပါတယ်။ပြည်ခိုင်ဖြိုးပါတီအတွက် အဓိကအားထားနေတာကတော့ လွှတ်တော်မှာ (၂၅) ရာခိုင်နှုန်းရှိနေတဲ့ တပ်မတော်သား ကိုယ်စားလှယ်အင်အားစုနဲ့ ပူးပေါင်းဖို့ ရည်ရွယ်နေတာပါ။

အဲ့ဒီအချိန်မှာ တိုင်းရင်းသားပါတီတွေရဲ့ အင်အားဟာ အဓိကျနေပါလိမ့်မယ်။တိုင်းရင်းသားပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ အနိုင်ရာခိုင်နှုန်း (၂၅) ရာခိုင်နှုန်းကျော်ခဲ့ရင်၊ NLD ပါတီဟာ အာဏာရပါတီ မဖြစ်နိုင်တော့ပါဘူး။ NLD ပါတီတစ်ခုထဲလည်း အစိုးရမဖွဲ့နိုင်ပါဘူး။

နောက် အင်မတန်စိတ်ဝင်စားစရာကောင်းလာတာက တပ်မတော်ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အနေအထားဖြစ်ပါတယ်။တိုင်းရင်းသားပါတီခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးနီးကပ်လာနေတာတွေကို တွေ့နေခဲ့ရပါတယ်။နောက်တစ်ချက်က တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက "ကာချုပ်အနေနဲ့ ပင်စင်ယူပြီးခဲ့ရင် နိုင်ငံရေးလမ်းကို ဆက်လျှောက်လှမ်းပါလိမ့်မယ်" လို့ ထုတ်ဖော်ပြောခဲ့တာကို သတိပြုမိပါလိမ့်မယ်။ကာချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ လွှတ်တော်ထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ရှိနေပြီးဖြစ်ပါတယ်။အကယ်၍ ကာချုပ်အနေနဲ့ နိုင်ငံရေးလမ်းကို ဆက်လျှောက်လှမ်းမယ်ဆိုတဲ့ ရည်ရွယ်ချက်ထားတာမှန်ခဲ့ရင် ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီတွေရဲ့ အင်အားကို ရယူသွားနိုင်ပါလိမ့်မယ်။တိုင်းရင်းသားပါတီတွေအနေနဲ့ (၂၅) ရာခိုင်နှုန်းကျော် နိုင်သွားခဲ့ရင် ပြည်ခိုင်ဖြိုးပါတီအင်အားကိုမယူပဲ လွှတ်တော်ထဲမှာ အင်အားတစ်ဝက်ကျော်နဲ့ အစိုးရဖွဲ့သွားနိုင်ပါတယ်။အကယ်၍ ဒီလိုအနေအထားဖြစ်ခဲ့မယ်ဆိုရင်လည်း ထူးခြားချက်တစ်ခုဖြစ်သွားပါလိမ့်မယ်။

အခုအခြေအနေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနေနဲ့ အဓိကထားယှဉ်ပြိုင်ရမှာက တိုင်းရင်းသားပါတီတွေပါပဲ။အခုအခြေအနေအရ တိုင်းရင်းသားပြည်နယ်အချို့မှာရှိတဲ့ မဲဆန္ဒနယ်တွေကို ရွေးကောက်ပွဲမကျင်းပနိုင်တော့ကြောင်းကို ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။ဒီအချက်ကလည်း ၂၀၂၀ ရွေးကောက်ပွဲမှာ ထူးခြားတဲ့အချက်တစ်ခု ဖြစ်နေပါတယ်။

အာဏာရ NLD ပါတီအနေနဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ (၅၀) ရာခိုင်နှုန်းအထက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေ အနိုင်ရဖို့ အဓိကထားယှဉ်ပြိုင်ရမှာဖြစ်သလို၊ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီတွေက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် (၂၅) ရာခိုင်နှုန်း ရရှိအောင် အဓိကထားရမှာပါ။ဒီအခြေအနေအပေါ်မှာ မူတည်ပြီး မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေ ပြောင်းလဲလာနိုင်ပါလိမ့်မယ်။ပြောရမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကံကြမ္မာကို ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲ ရလဒ်က ဆုံးဖြတ်သွားပါလိမ့်မယ်။ဒီလို မြန်မာနိုင်ငံရဲ့အခြေအနေကို ပြောင်းလဲနိုင်မယ့် ရွေးကောက်ပွဲကတော့ အင်မတန်ထူးခြားတဲ့ အချက်တစ်ခုအဖြစ် မှတ်တမ်းတင်ထားရပါတော့မယ်။

မြတ်လှိုင်း
အောက်တိုဘာ - ၂၄

( Zawgyi )

အခုဆိုရင္ ပါတီစုံအေထြေထြေ႐ြးေကာက္ပြဲႀကီး က်င္းပဖို႔ ရက္ပိုင္းသာလိုပါေတာ့တယ္။ဒီေ႐ြးေကာက္ပြဲႀကီးဟာ အင္မတန္မွ ထူးျခားခ်က္ေတြနဲ႔ မွတ္တမ္းဝင္ပါလိမ့္မယ္။ေ႐ြးေကာက္ပြဲက်င္းပမယ့္ေန႔ဟာလည္း ကိုဗစ္-၁၉ ကူးစက္ေရာဂါ ကူးစက္ျပန႔္ႏွံ႔မႈ အရွိန္တက္ေနတဲ့အခ်ိန္ ျဖစ္ပါလိမ့္မယ္။ရန္ကုန္တိုင္းၿမိဳ႕နယ္ေတြအကုန္လုံး (ကိုကိုးကြၽန္းမပါ)၊ တျခားတိုင္းနဲ႔ ျပည္နယ္ေတြက ၿမိဳ႕နယ္ေတြေတာ္ေတာ္မ်ားမ်ား ဟုမ္းစေတး ခ်ထားရတဲ့ အေျခအေနျဖစ္ေနပါလိမ့္မယ္။တစ္အိမ္ တစ္ေယာက္သာ အိမ္အျပင္ကိုထြက္ေနၾကရပါတယ္။အခုအေျခအေနမွာ ေ႐ြးေကာက္ပြဲ မဲ႐ုံကိုသြားၿပီး မဲဆႏၵေပးရမွာလည္း အင္မတန္အခက္အခဲရွိေနတဲ့ အေျခအေနျဖစ္ပါတယ္။

မဲ႐ုံေတြမွာ တာဝန္က်ေနတဲ့ ဝန္ထမ္းေတြကိုယ္တိုင္လည္း ကိုဗစ္-၁၉ ကူးစက္ေရာဂါကို ကာကြယ္ႏိုင္ဖို႔အတြက္ PPE ဝတ္စုံေတြဝတ္ၿပီး တစ္ေန႔လုံးေနၾကရမယ့္ အေျခအေနဟာလည္း မလြယ္ကူလွတဲ့ အေျခအေနတစ္ခုပါ။ကိုဗစ္-၁၉ ကာလမွာ သက္ဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕ေတြက ထုတ္ျပန္ထားတဲ့ ေဒသႏၲရအမိန႔္ေတြကလည္း ေ႐ြးေကာက္ပြဲႀကီး ေအာင္ျမင္စြာက်င္းပႏိုင္ေရးအတြက္ အတားအဆီးျဖစ္ေနပါလိမ့္မယ္။

တစ္ႏိုင္ငံလုံးက်င္းပမယ့္ ေ႐ြးေကာက္ပြဲမွာ အစိုးရသတင္းဌာနေတြအျပင္၊ ပုဂၢလိကသတင္းဌာနေတြ သတင္းယူ၊ သတင္းထုတ္ျပန္ဖို႔ အေရးႀကီးပါတယ္။အခု ကိုဗစ္ကာလမွာ ၿမိဳ႕နယ္ေက်ာ္ၿပီး သတင္းေထာက္ေတြ သတင္းမယူရတဲ့ ေဒသႏၲရအမိန႔္ေတြ ျပ႒ာန္းထားတာရွိေနပါတယ္။ဒီအခ်ိန္မွာ ပုဂၢလိကသတင္းဌာနေတြ၊ ေ႐ြးေကာက္ပြဲ တရားမွ်တမႈကို ေစာင့္ၾကည့္ၾကမယ့္ လူမႈေရးအသင္းအဖြဲ႕ေတြအတြက္လည္း အခက္အခဲျဖစ္ေနပါလိမ့္မယ္။အင္မတန္ အခက္အခဲအၾကပ္အတည္းမ်ားတဲ့ ကိုဗစ္ေ႐ြးေကာက္ပြဲျဖစ္ေနတာ ထူးျခားတဲ့အခ်က္တစ္ခု ျဖစ္ေနပါတယ္။

ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေ႐ြးေကာက္ပြဲႏွစ္ႀကိမ္ က်င္းပခဲ့ၿပီးပါၿပီ။အဲဒီေ႐ြးေကာက္ပြဲႏွစ္ႀကိမ္စလုံးမွာလည္း ထူးျခားခ်က္ေတြရွိခဲ့ပါတယ္။ျပန္ၾကည့္မယ္ဆိုရင္။ျမန္မာႏိုင္ငံအတြက္ စစ္အာဏာရွင္စနစ္ကေန ဒီမိုကေရစီစနစ္ကို ေျပာင္းလဲေပးလိုက္တဲ့အခ်ိန္မွာ စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ေတြ အရပ္ဝတ္ေျပာင္းၿပီး အရပ္သားအစိုးရအျဖစ္ တက္လာၿပီးေနာက္ ဒုတိယသက္တမ္းမွာတက္လာတဲ့ အရပ္သားအစိုးရျဖစ္ပါတယ္။အခုဆိုရင္ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလ အရပ္သားဒုတိယအစိုးရသက္တမ္း ငါးႏွစ္ျပည့္ေတာ့မွာပါ။ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္ေန႔မွာေတာ့ အေထြေထြေ႐ြးေကာက္ပြဲကို ျပန္က်င္းပျပဳလုပ္ေပးၿပီး တတိယေျမာက္ အရပ္သားအစိုးရကို ေ႐ြးခ်ယ္ရပါေတာ့မယ္။ဒီမိုကေရစီစနစ္ အသြင္ကူးေျပာင္းေရးကာလကို စတင္ခဲ့ကတည္းက ျမန္မာ့ႏိုင္ငံေရးမွာ ထူးျခားတဲ့ျဖစ္ရပ္ေတြရွိခဲ့ပါတယ္။

ပထမ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပတဲ့အခ်ိန္မွာ ျပည္သူေတြ အလစ္အငိုက္ခံလိုက္ရတယ္လို႔ သတ္မွတ္ခ်င္ပါတယ္။ျပည္သူေတြရဲ႕ အေၾကာက္တရားကို ဖိနင္းထားတဲ့အျပင္ လိမ္လည္မႈေတြ၊ နည္းပရိယာယ္ေတြ အကုန္က်င့္သုံးၿပီး စစ္အစိုးရအာဏာကို စစ္အာဏာရွင္ပုံေျပာင္း အရပ္သားအစိုးရအျဖစ္ တိုင္းျပည္အာဏာကို ဆက္ယူထားႏိုင္ေအာင္ လုပ္ခဲ့တယ္။ျပည္သူေတြက အေၾကာက္တရားေတြနဲ႔ အလစ္အငိုက္ခံလိုက္ရပါတယ္။

ဒီမိုကေရစီ အတိုက္အခံေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရတက္လာမယ့္ အေထြေထြေ႐ြးေကာက္ပြဲမွာလည္း ထူးျခားတဲ့ျဖစ္စဥ္တစ္ခု ျဖစ္ခဲ့ပါတယ္။ျပည္သူအမ်ားစုဟာ ေဒၚေအာင္ဆန္းစုၾကည္ ေခါင္းေဆာင္တဲ့ NLD ပါတီကို ေထာက္ခံအားေပးခ်င္ေပမယ့္၊ ပါတီရဲ႕ ဦးေဆာင္မႈအမွားေၾကာင့္ NLD ပါတီကေန အေ႐ြးခ်ယ္ခံမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မယုံၾကည္ဘူးျဖစ္သြားခဲ့တယ္။အင္အယ္ဒီပါတီ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ က ပါတီရဲ႕အမွားကို အခ်ိန္မီသိသြားၿပီး "လူကိုမၾကည့္ပဲ ပါတီတံဆိပ္ကိုၾကည့္ၿပီး မဲေပးၾကပါ" လို႔ ျပည္သူတိုင္းရင္းသားေတြကို ေမတၱာရပ္ခံခဲ့ရတယ္။ဒီ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေမတၱာရပ္ခံခ်က္ကို အေလးထားခဲ့ၿပီး NLD ပါတီကေန ဝင္ေရာက္အေ႐ြးခ်ယ္ခံမယ့္ လႊတ္ေတာ္ကိုယ္စားလွယ္ေတြရဲ႕ ပုဂၢိဳလ္ေရးေတြကိုမၾကည့္ပဲ NLD ပါတီ တံဆိပ္ကိုၾကည့္ၿပီး မဲေပးခဲ့ၾကတယ္။

တိုင္းရင္းသားေဒသေတြမွာလည္း တိုင္းရင္းသားပါတီေတြက တိုင္းရင္းသား လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြထက္ NLD ပါတီ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြကို မဲေပးခဲ့ၾကတယ္။ဒါကလည္း ေဒၚေအာင္ဆန္းစုၾကည္ ကို ယုံၾကည္ခဲ့ၾကလို႔ပါ။ေဒၚေအာင္ဆန္းစုၾကည္သာ အစိုးရဖြဲ႕ႏိုင္ခဲ့ရင္ ျပည္တြင္းစစ္ ၾကာရွည္စြာျဖစ္ေနတဲ့ တိုင္းရင္းသားျပည္နယ္ေဒသေတြမွာ ၿငိမ္းခ်မ္းေရးကို ေဖာ္ေဆာင္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ၾကတာပါ။အဲ့ဒါအျပင္ လူတန္းစားခြဲျခားခံေနရတာေတြ၊ စီးပြားေရး လူမႈေရး နိမ့္က်ေနခဲ့ရတာေတြအတြက္လည္း ေမွ်ာ္လင့္ခ်က္ထားခဲ့ၾကတာပါ။ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ ထူးျခားတဲ့ျဖစ္ရပ္က လူပုဂၢိဳလ္တစ္ဦးအေပၚမွာ ယုံၾကည္စိတ္လြန္ကဲခဲ့တဲ့ အေျခအေနပါ။

အခုလာမယ့္ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့၊ ၂၀၁၀ အေထြေထြေ႐ြးေကာက္ပြဲမွာ ျပည္သူေတြရဲ႕ အေၾကာက္တရားကိုဖိနင္းၿပီး ျပည္သူေတြရဲ႕ ဆႏၵမဲေတြကို လိမ္လည္မယူႏိုင္ေတာ့သလို။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာလို လူပုဂၢိဳလ္တစ္ဦးကို အယုံၾကည္လြန္ကဲစိတ္ေတြလည္း ျပည္သူေတြမွာ ေလ်ာ့ပါးလာပါၿပီ။ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ အလြန္မွာေတာ့ ၂၀၁၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအလြန္ကာလမွာ လႊတ္ေတာ္အသီးသီးကို စစ္အာဏာရွင္ ဗိုလ္ခ်ဳပ္ေဟာင္းေတြ ဦးေဆာင္တဲ့ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္ေတြ မႀကီးစိုးႏိုင္ေတာ့ပါဘူး။

အဲဒီလို ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအလြန္ကာလမွာ ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္တဲ့ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြလည္း မႀကီးစိုးႏိုင္ဖို႔လည္း အေျခအေနေလ်ာ့ပါးေနပါၿပီ။ ၂၀၁၀ ခုႏွစ္ ျပည္ခိုင္ၿဖိဳးလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အင္အားႀကီးသြားတဲ့အခ်ိန္မွာ လႊတ္ေတာ္အတိုက္အခံအင္အား မရွိေလာက္ေအာင္ ခ်ိနဲ႔သြားခဲ့ရတယ္။ ၂၀၁၅ ခုႏွစ္ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အင္အားႀကီးတဲ့အခ်ိန္မွာလည္း အတိုက္အခံအင္အားနည္းပါးခဲ့ရပါတယ္။အမွန္တကယ္ဆို လႊတ္ေတာ္မွာ အႏိုင္ရပါတီအင္အားရွိသလို၊ အတိုက္အခံအင္အားလည္းရွိေနရမွာပါ။ဒါမွ အာဏာရပါတီ၊ အာဏာရလႊတ္ေတာ္၊ အာဏာရအစိုးရကို အတိုက္အခံပါတီေတြက ထိန္းညႇိႏိုင္ပါလိမ့္မယ္။ဒီအေၾကာင္းေတြကို ဘာျဖစ္လို႔ေျပာေနရသလဲ၊ ဘာေၾကာင့္ေျပာႏိုင္သလဲဆိုရင္၊ လက္ရွိ ျမန္မာ့ႏိုင္ငံေရးအေျခအေနေတြကို ၾကည့္လိုက္ရင္ သိသာေနမွာပါ။အာဏာရ NLD ပါတီ ထိပ္တန္းေခါင္းေဆာင္ေတြကေတာ့ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ ၂၀၁၅ ခုႏွစ္ကလို အႏိုင္ရၿပီး NLD ပါတီ တစ္ပါတီထဲ အစိုးရဖြဲ႕ႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနၾက တယ္။ဒါကိုလည္း မျငင္းခ်င္ပါဘူး။အင္အားႀကီးပါတီႀကီးေတြက သူတို႔အႏိုင္ရမယ္လို႔ ယုံၾကည္ေနၾကမွာပါပဲ။ဒါေပမယ့္၊ တစ္ခုျပန္စဥ္းစားၾကည့္ဖို႔ လိုအပ္တာအမွန္ပါပဲ။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ NLD ပါတီအေနနဲ႔ (၅၉) ရာခိုင္ႏႈန္းပဲ အႏိုင္ရခဲ့တာ။ (၅၀) ရာခိုင္ႏႈန္းေက်ာ္လို႔ NLD ပါတီအေနနဲ႔ လြတ္လပ္စြာ တစ္ပါတီထဲ အစိုးရဖြဲ႕ႏိုင္ခဲ့တာပါ။အဲဒီလို ျပည္မမွာမကပဲ ျပည္နယ္ေတြမွာ အႏိုင္ရတာကလည္း တိုင္းရင္းသားျပည္သူေတြအေနနဲ႔ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ယုံၾကည္ေမွ်ာ္လင့္ခဲ့ၾကတာရယ္၊ တိုင္းရင္းသား လူမ်ိဳးတစ္မ်ိဳးထဲမွာ ပါတီေတြကြဲျပားေနတာရယ္ေၾကာင့္ ျဖစ္ပါတယ္။အခုအခ်ိန္မွာ တိုင္းရင္းသားလူမ်ိဳးစု ပါတီကြဲေတြ အခ်င္းခ်င္းျပန္ညႇိႏႈိင္းၿပီး ပူးေပါင္းေနၾကပါၿပီ။
တိုင္းရင္းသားျပည္သူေတြကလည္း ေဒၚေအာင္ဆန္းစုၾကည္ကိုေရာ၊ NLD ပါတီကိုပါ ယုံၾကည္ေမွ်ာ္လင့္မႈေတြ ပါးလ်လာခဲ့တာကို ေတြ႕ေနရပါတယ္။ဒါေတြကလည္းပါတီေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ စီမံခန႔္ခြဲမႈအားနည္းတာရယ္၊ ျပည္နယ္ေတြမွာရွိတဲ့ NLD ပါတီေခါင္းေဆာင္ေတြ အရည္အခ်င္းအားနည္းတာေတြေၾကာင့္ ျဖစ္ေပၚခဲ့ရတာေတြျဖစ္ပါတယ္။

၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြက (၁၀) ရာခိုင္ႏႈန္းထက္ နည္းပါးစြာ အႏိုင္ရခဲ့ေပမယ့္၊ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲနဲ႔ ၂၀၁၈ ခုႏွစ္ ၾကားျဖတ္ေရးေကာက္ပြဲ ရလဒ္ေတြကိုၾကည့္ရင္ တိုင္းရင္းသား ျပည္နယ္ေတြမွာ အႏိုင္ရမ်ားခဲ့တာကို ေတြ႕ရမွာပါ။
တိုင္းရင္းသားျပည္သူေတြကလည္း သူတို႔လူမ်ိဳးစုပါတီေတြ အခ်င္းခ်င္းပူးေပါင္းလိုက္တာကို ေထာက္ခံထားၾကပါတယ္။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြ အႏိုင္ရခဲ့တာထက္ (၂) ဆေလာက္ ပိုအႏိုင္ရခဲ့ရင္ လႊတ္ေတာ္ထဲမွာ အနည္းဆုံးအေျခအေနအရ အတိုက္အခံျဖစ္လာႏိုင္ပါတယ္။
အာဏာရ အင္အယ္ဒီပါတီ ထိပ္တန္းေခါင္းေဆာင္ေတြကေတာ့ တိုင္းရင္းသားပါတီေတြကို မိတ္ဖက္ပါတီအျဖစ္ မဖြဲ႕ပါဘူးလို႔ အတိအလင္းေျပာဆိုထားပါတယ္။ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အႏိုင္ရရွိခဲ့တဲ့ အင္အယ္ဒီပါတီနဲ႔ လႊတ္ေတာ္ထဲမွာ တိုင္းရင္းသားပါတီေတြ ေထာက္ခံပူးေပါင္းခဲ့ၾကပါတယ္။ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအလြန္ လႊတ္ေတာ္မွာေတာ့ တိုင္းရင္းသားပါတီေတြက NLD ပါတီနဲ႔ မပူးေပါင္းႏိုင္ေတာ့ပါဘူး။

လက္ရွိအခ်ိန္မွာ တိုင္းရင္းသားပါတီေတြက ၂၀၂၀ အေထြေထြေ႐ြးကာက္ပြဲအတြက္ အဓိကထားျပင္ဆင္ေနခဲ့ၾကသလို၊ အတိုက္အခံပါတီျဖစ္ေနတဲ့ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔လည္း ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ (၆) ရာခိုင္ႏႈန္း အႏိုင္ရခဲ့တာ အလြန္နည္းပါးတာေၾကာင့္၊ ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲအတြက္ ျပန္စည္း႐ုံးေရးဆင္းၿပီး ျပင္ဆင္ေနခဲ့ပါတယ္။ေျပာမယ္ဆိုရင္ ျပည္ခိုင္ၿဖိဳးပါတီအေနနဲ႔ ေငြအင္အားႀကီးမားမႈကို အသုံးျပဳၿပီး ျပည္မက ေက်းလက္ေတြကို အဓိကထားစည္း႐ုံးသြားေနတာကို ေတြ႕ျမင္ေနခဲ့ရပါတယ္။ျပည္ခိုင္ၿဖိဳးပါတီအတြက္ အဓိကအားထားေနတာကေတာ့ လႊတ္ေတာ္မွာ (၂၅) ရာခိုင္ႏႈန္းရွိေနတဲ့ တပ္မေတာ္သား ကိုယ္စားလွယ္အင္အားစုနဲ႔ ပူးေပါင္းဖို႔ ရည္႐ြယ္ေနတာပါ။

အဲ့ဒီအခ်ိန္မွာ တိုင္းရင္းသားပါတီေတြရဲ႕ အင္အားဟာ အဓိက်ေနပါလိမ့္မယ္။တိုင္းရင္းသားပါတီေတြနဲ႔ ျပည္ခိုင္ၿဖိဳးပါတီရဲ႕ အႏိုင္ရာခိုင္ႏႈန္း (၂၅) ရာခိုင္ႏႈန္းေက်ာ္ခဲ့ရင္၊ NLD ပါတီဟာ အာဏာရပါတီ မျဖစ္ႏိုင္ေတာ့ပါဘူး။ NLD ပါတီတစ္ခုထဲလည္း အစိုးရမဖြဲ႕ႏိုင္ပါဘူး။

ေနာက္ အင္မတန္စိတ္ဝင္စားစရာေကာင္းလာတာက တပ္မေတာ္ကာခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ရဲ႕ အေနအထားျဖစ္ပါတယ္။တိုင္းရင္းသားပါတီေခါင္းေဆာင္ေတြ၊ ဘာသာေရးေခါင္းေဆာင္ေတြနဲ႔ ဆက္ဆံေရးနီးကပ္လာေနတာေတြကို ေတြ႕ေနခဲ့ရပါတယ္။ေနာက္တစ္ခ်က္က တပ္မေတာ္သတင္းမွန္ထုတ္ျပန္ေရးအဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူက "ကာခ်ဳပ္အေနနဲ႔ ပင္စင္ယူၿပီးခဲ့ရင္ ႏိုင္ငံေရးလမ္းကို ဆက္ေလွ်ာက္လွမ္းပါလိမ့္မယ္" လို႔ ထုတ္ေဖာ္ေျပာခဲ့တာကို သတိျပဳမိပါလိမ့္မယ္။ကာခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အေနနဲ႔ လႊတ္ေတာ္ထဲမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ (၂၅) ရာခိုင္ႏႈန္း ရွိေနၿပီးျဖစ္ပါတယ္။အကယ္၍ ကာခ်ဳပ္အေနနဲ႔ ႏိုင္ငံေရးလမ္းကို ဆက္ေလွ်ာက္လွမ္းမယ္ဆိုတဲ့ ရည္႐ြယ္ခ်က္ထားတာမွန္ခဲ့ရင္ ျပည္ခိုင္ၿဖိဳးပါတီနဲ႔ တိုင္းရင္းသားပါတီေတြရဲ႕ အင္အားကို ရယူသြားႏိုင္ပါလိမ့္မယ္။တိုင္းရင္းသားပါတီေတြအေနနဲ႔ (၂၅) ရာခိုင္ႏႈန္းေက်ာ္ ႏိုင္သြားခဲ့ရင္ ျပည္ခိုင္ၿဖိဳးပါတီအင္အားကိုမယူပဲ လႊတ္ေတာ္ထဲမွာ အင္အားတစ္ဝက္ေက်ာ္နဲ႔ အစိုးရဖြဲ႕သြားႏိုင္ပါတယ္။အကယ္၍ ဒီလိုအေနအထားျဖစ္ခဲ့မယ္ဆိုရင္လည္း ထူးျခားခ်က္တစ္ခုျဖစ္သြားပါလိမ့္မယ္။

အခုအေျခအေနဟာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ NLD ပါတီအေနနဲ႔ အဓိကထားယွဥ္ၿပိဳင္ရမွာက တိုင္းရင္းသားပါတီေတြပါပဲ။အခုအေျခအေနအရ တိုင္းရင္းသားျပည္နယ္အခ်ိဳ႕မွာရွိတဲ့ မဲဆႏၵနယ္ေတြကို ေ႐ြးေကာက္ပြဲမက်င္းပႏိုင္ေတာ့ေၾကာင္းကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ေၾကညာလိုက္ပါတယ္။ဒီအခ်က္ကလည္း ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ ထူးျခားတဲ့အခ်က္တစ္ခု ျဖစ္ေနပါတယ္။

အာဏာရ NLD ပါတီအေနနဲ႔ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲမွာ (၅၀) ရာခိုင္ႏႈန္းအထက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ေတြ အႏိုင္ရဖို႔ အဓိကထားယွဥ္ၿပိဳင္ရမွာျဖစ္သလို၊ ျပည္ခိုင္ၿဖိဳးနဲ႔ တိုင္းရင္းသားပါတီေတြက ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္ မဲဆႏၵနယ္ (၂၅) ရာခိုင္ႏႈန္း ရရွိေအာင္ အဓိကထားရမွာပါ။ဒီအေျခအေနအေပၚမွာ မူတည္ၿပီး ျမန္မာျပည္ရဲ႕ ႏိုင္ငံေရးအေျခအေန ေျပာင္းလဲလာႏိုင္ပါလိမ့္မယ္။ေျပာရမယ္ဆိုရင္ ျမန္မာႏိုင္ငံရဲ႕ ကံၾကမၼာကို ၂၀၂၀ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ရလဒ္က ဆုံးျဖတ္သြားပါလိမ့္မယ္။ဒီလို ျမန္မာႏိုင္ငံရဲ႕အေျခအေနကို ေျပာင္းလဲႏိုင္မယ့္ ေ႐ြးေကာက္ပြဲကေတာ့ အင္မတန္ထူးျခားတဲ့ အခ်က္တစ္ခုအျဖစ္ မွတ္တမ္းတင္ထားရပါေတာ့မယ္။

ျမတ္လႈိင္း
ေအာက္တိုဘာ - ၂၄