【 တစ်ပတ်အတွင်းနိုင်ငံတကာ သတင်းသုံးသပ်ချက် 】 တော်လှန်ရေးလှိုင်း တစ်ကျော့ပြန်ချိန်

 【 တစ်ပတ်အတွင်းနိုင်ငံတကာ သတင်းသုံးသပ်ချက် 】 တော်လှန်ရေးလှိုင်း တစ်ကျော့ပြန်ချိန်

ယခုရက်သတ္တပတ်သတင်းတွေထဲ သိထားစရာဖြစ်ခဲ့တာက ကမ္ဘာအနှံ့မှာဖြစ်နေတဲ့ ဆန္ဒပြမှုသတင်း တွေပါ။ ဒီထဲမှာ လောင်စာဆီ အကြပ် အတည်း ကနေ  လွတ်လပ်ရေးတောင်းတဲ့ အထိ ပါဝင်သလို အာရှတိုက် က အင်ဒိုနီးရှား၊ဟောင်ကောင်ကနေ  တောင်အမေရိကတိုက် အီကွေဒေါ ထိ ၊ဥရောပက စကော့တလန်အထိ ဆန္ဒပြတောင်းဆိုမှုတွေ ကျယ်ပြန်ခဲ့ပါတယ်။ ဒီလို နိုင်ငံရေးလှုပ်ရှားမှုတွေအပြင် အမေရိကန်မှာ ထရမ့်ကို စွဲချက်တင်ဖို့ ကြိုးစားနေတဲ့ သတင်းတွေ ၊ တရုတ်စစ်ရေးပြအခမ်းအနားကြောင့် ကမ္ဘာစစ်ရေးအင်အားမှာ ဘယ်လို ပြောင်းလဲတွက် ချက် လာရသလဲဆိုတဲ့ သတင်းတွေကလည်း ယခုရက်သတ္တပတ်ရဲ့ စိတ်ဝင်စား စရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေ အပြင် ယခုရက်သတ္တပတ်မှာ  ထိုင်ဝမ်မှာ တံတား တစ်စင်းကျိုးကျလို့ လူ ၆ ဦးသေဆုံး ကာ ၁၀ ဦးဒဏ်ရာရခဲ့တဲ့ သတင်း၊ မီးလောင်ကျွမ်းမှုဖြစ် ပွားပြီးနောက်ပိုင်း ဂရိအစိုးရကလက်စ်ဘော့စ်ကျွန်းက ရွှေ့ပြောင်းအခြေချနေထိုင်သူထောင်ပေါင်းများစွာကို တူရကီကို ပြန်ပို့ဖို့ ဆန္ဒရှိတယ်လို့ ပြောလိုက်တဲ့ သတင်း၊ နယ်သာလန်မှာ လယ်သမားတွေက အဝေးပြေးလမ်းများ ပေါ်၌ လယ်ထွန်စက်များကို နှေးကွေးစွာ မောင်း နှင်ပြီးနိုင်ငံရေးသမားတွေကို ဆန္ဒပြခဲ့တဲ့ သတင်း၊ဗင်နီဇွဲလားရဲ့ကြွေးမြီတွေနဲ့ ပတ်သက်ပြီး  ရုရှားသမ္မတ ပူတင်နှင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုတို့ မော်စကိုမှာ ဆွေးနွေးခဲ့တဲ့ သတင်း၊ယခုနှစ် ထဲ အာဖရိကနိုင်ငံများမှ တစ်ဆင့် မြေထဲပင်လယ်ကိုဖြတ်သန်းကာ ဥရောပ နိုင်ငံများသို့ သွားရောက်ရန် ကြိုးပမ်းသူ ၁ဝဝဝကျော်ခန့် သေဆုံးခဲ့တဲ့ သတင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကြမ်းတစ်ရပ်အတည်မပြုပေးတဲ့ အတွက် ပီရူးသမ္မတနဲ့ လွှတ်တော်ကြားတင်းမာမှုမြင့်တက်လာတဲ့ သတင်း၊ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဥရောပ သမဂ္ဂမှ ခွဲထွက်ရေး အတွက် နောက်ဆုံးအဆိုပြုချက်ကို တင်သွင်းခဲ့တဲ့ သတင်း၊ Airbusကိုတရားမဝင် ထောက် ပံ့ကြေးပေးမှုနဲ့အမေရိကန်က အီးယူကို ကန်ဒေါ်လာ ၇ဒသမ ၅ဘီလျံတန်ဖိုးသွင်းကုန်ခွန်ကောက်ခံမယ် သတင်း တွေလည်း ယခုရက်သတ္တပတ်မှာ ဖြစ်ခဲ့ပါတယ်။

အမေရိကန်ကို အငိုက်သင့်စေတဲ့ တရုတ်စစ်ရေးပြအခမ်းအနား

ကမ္ဘာ့စစ်ရေးအခြေအနေက ဒုတိယကမ္ဘာစစ်မတိုင်ခင် စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်တဲ့ အနေအထားကို သမ္မတ ထရမ့် လက်ထက် မှာ ရောက်လာခဲ့ပါတယ်။ ဒီဘက်နှစ်ပိုင်း အီရန်၊မြောက်ကိုရီးယား၊အိန္ဒိယ ဘက်မှာ လက်နက်သစ်တွေ တောက်လျှောက်ထွက်လာခဲ့သလို ရုရှားဘက်မှာလည်း S-500 လို လေကြောင်း ကာကွယ်ရေးစနစ်သစ်ကို စမ်းသပ်နေတာ တွေ့ရပါတယ်။ အမေရိကန်အတွက် F-35 A လို ခေတ်လွန်တိုက် လေယာဉ် ကို တခမ်းတနားပွဲထုတ်နေချိန်မှာ ဒီလေယာဉ်ကို ပစ်ချဖို့ ရုရှားဘက်က စီစဉ်ပြီးနေတဲ့ အထိကို လက်နက်တွေ တီထွင်မှုက စစ်အေးခေတ်ကထက် ပိုအားကောင်းနေတာကို တွေ့ရပါတယ်။

စစ်အေးခေတ်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုနဲ့ ဆိုဗီယက်ရုရှားဦးဆောင်တဲ့ ဝါဆောစစ် အုပ်စုကြား လက်နက်ပြိုင်ဆိုင်မှုသာ အဓိကရှိခဲ့ပေမယ့် ယခုချိန်မှာတော့  တရုတ်နဲ့ အိန္ဒိယ၊အီရန်နဲ့ မြောက် ကိုရီးယားလို့ စစ်ရေးတည်ဆောက်နေတဲ့ နိုင်ငံတွေရှိတဲ့ အတွက် ယနေ့ စစ်လက်နက်ပြိုင်ဆိုင်မှုက အမေရိ ကန်နဲ့ ရုရှားနှစ်နိုင်ငံထဲ ပြိုင်ပွဲ မဟုတ်တော့ပါဘူး။

အောက်တိုဘာ ၁ ရက်က ပြုလုပ်တဲ့ တရုတ်နိုင်ငံရဲ့ နှစ် ၇၀ ပြည့် အမျိုးသားနေ့ အခမ်းအနားမှာ စစ်ရေးပြအခမ်းအနားကို ထည့်သွင်းပြ တဲ့ အတွက် ကမ္ဘာတစ်ဝန်းက တရုတ်နိုင်ငံရဲ့ စစ်လက်နက်အခြေ အနေကို စောင့်ကြည့်တဲ့ စစ်ရေးသုတေသီတွေ နဲ့ အမေရိကန်ဘက်က တရုတ်စစ်ရေးအခြေအနေကို စောင့် ကြည့်သူတွေအတွက် သတိထားစရာတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုအခြေအနေကို သတိထား စောင့်ကြည့် တာ ဒေသ တွင်းပြိုင်ဘက်နိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေက ပိုပါလိမ့်မယ်။

အဆိုပါ စစ်ရေးအခမ်းအနားက တရုတ်နိုင်ငံထူထောင်တဲ့ နှစ် ၇၀ ပြည့်အခမ်းအနားနဲ့တွဲပြီး ကျင်းပ ခဲ့တာဖြစ်ပြီး  တရုတ်ဘက် အသေ အချာ ကိုပြင်ဆင်ခဲ့တာ တွေ့ရပါတယ်။ စစ်အင်အား တစ်သောင်းခွဲ ၊မစ် ဆိုင်းအမျိုးစားသစ်တွေ၊ လက်နက်အမျိုးအစား သစ်တွေ ကို ဒီအခမ်းအနားမှာ ပွဲထုတ်ခဲ့သလို  အမေရိကန်က စသတိထားမိတဲ့ နည်းပညာသစ် 5G ကွန်ရက်ကို အသုံးပြုကာ တိုက်ရိုက်ထုတ်လွှင့်မှု ကိုလည်း ကမ္ဘာကို ပြ ခဲ့ပါတယ်။

စစ်ရေးပြပွဲမှာ Dongfeng-41(DF-41) တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်အပြင် အသံထက်အလွန်မြန် DF-17 ပဲ့ထိန်းဒုံးကျည်နှင့် အသံထက်မြန်မောင်း သူမဲ့ လေယာဉ်၊ရေအောက်သွားမောင်းသူမဲ့ ယာဉ်တွေလည်း ပါဝင် ပြသခဲ့ပါတယ်။ ဒီထဲမှာ အသံထက်အလွန်မြန် DF-17 ပဲ့ထိန်း ဒုံးကျည်က အမေရိကန်နဲ့ ရုရှားတို့အနေနဲ့ စမ်းသပ်ဆဲသာရှိပါသေးတယ်။ ဒီအခမ်းအနားမှာ တရုတ်သမ္မတ ရှီကျင့်ဖိန်က မည်သည့် အင်အား ကမှ မိမိတို့နိုင်ငံ ကို တုန်လှုပ်အောင် မလုပ်ဆောင်နိုင်ဘူူးဆိုပြီး နိုင်ငံတကာကို ရည်ညွှန်းကာပြောခဲ့ပါတယ်။ ဒါအပြင် “တရုတ် ပြည် သူတွေနဲ့ တရုတ်နိုင်ငံရဲ့ တိုးတက်မှုကို ဘယ်အင်အားကမှ ရပ်တန့်အောင် လုပ်ဆောင်နိုင်မှာ မဟုတ် ပါဘူး”လို့ပြောခဲ့ပါတယ်။

ယခုစစ်ရေးပြအခမ်းအနားကနေ တရုတ်အနေနဲ့ ကုန်သွယ်ရေးစစ်ဖြစ်နေတဲ့ အမေရိကန်ကို ဘယ် လောက်ထိ စစ်ရေးအရ လိုက်မီနေပြီလဲ ဆိုတာနဲ့တချို့နေရာတွေမှာ ဘယ်လောက်တောင် အသာရနေပြီ လဲ ဆိုတာကို ပြလိုက်တာပဲဖြစ်ပါတယ်။ တရုတ်ဘက်က တော့ ဒီအချက် ကိုငြင်းပေမယ့် ကမ္ဘာစစ်ရေးအကဲခတ် သူတွေကတော့ တရုတ်အနေနဲ့ ဒီအခမ်းအနားကနေ ကမ္ဘာ့အင်အားကြီးနိုင်ငံနေရာ ရယူဖို့ အသင့်ဖြစ်နေ ပြီဆိုတာ ကမ္ဘာနဲ့ အမေရိကန်အပါအဝင် အနောက်အုပ်စုကိုသတိပေးလိုက်တာလို့ ယူဆထားကြပါတယ်။

ရုရှားကတော့ တရုတ်စစ်ရေးပြအခမ်းအနားအပြီးမှာ တရုတ်ဘက်က တည်ဆောက်ခဲ့တဲ့ တိုက်ချင်း ပစ်ဒုံးကျည်ပစ်လွှတ်ရာမှာ ခြေရာခံ စနစ် တည်ဆောက်ရာမှာ တရုတ်ကို ကူညီခဲ့တယ်ဆိုပြီး ရုရှားသမ္မတပူတင် ကိုယ်တိုင်ပြောခဲ့တာ ရှိပါတယ်။ဒီလိုကူညီမှုအတွက် အငြင်းပွားမှုတွေ ရှိပေမယ့် တရုတ်ဘက်က တရားဝင်တုံ ပြန်ငြင်းဆိုတာမရှိတဲ့ အတွက် တရုတ်နဲ့ ရုရှားကြား စစ်ရေးနည်းပညာတွေမှာ ပိုမိုနီးကပ်စွာ ပူေးပါင်းဆောင် ရွက်နေတာ အသေအချာပဲမို့  အမေရိကန်နဲ့ အနောက်အုပ်စုအတွက် သတိထားစောင့်ကြည့်အခြေအနေ ဖြစ် လာပါတယ်။

ဒီအခြေအနေကြောင့်လည်း  အမေရိကန်ဘက်က တရုတ်ဘက်က ်စစ်ရေးပြအခမ်းအနားပြုလုပ်နေ ချိန်မှာ ရေပြင်လျှပ်ပြေး ခရုဇ်မစ် ဆိုင်း ဒုံးကျည် အမျိုးအစားသစ်ကိုအမေရိကန်စစ်သင်္ဘော USS Gabrielle Giffords ကနေစမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။ဒါဟာ အမေရိကန် အနေနဲ့ မျှခြေတစ်ခုကို ဖန်တီးတာလို့်ဆိုပေမယ့် ပညာရှင်တွေက ရေရှည်မှာ အမေရိကန် စစ်တပ်ကို စိန်ခေါ်နိုင်လောက်တဲ့ အခြေအနေေ ရာက်လာမှာ လို့ဆိုပြီး ပင်တဂွန်အနေနဲ့ မဟာဗျူဟာတွေနဲ့ ရေရှည်စီမံချက်တွေကို ပြန်ဆွဲဖို့ အကြံပေးချက်တွေ ထွက်လာခဲ့ ပါတယ်။

ဒီလိုအခင်းအကျင်းတွေကြောင့် လက်နက်ပြိုင်ပွဲတွေ ၊စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်တာတွေ စတဲ့ ခေတ်သစ်စစ်အေးတိုက်ပွဲက ပြန်စတော့ မယ့်အခြေအနေရှိလား၊  ဒီစစ်ရေးပြပွဲကြောင့် အမေရိကန် ဘက် က တရုတ်နဲ့ ဖြစ်နေတဲ့ ကုန်သွယ်ရေး စစ်ပွဲမှာ ဘယ်လို ပြင်ဆင်မှုတွေဖြစ် လာမလဲ ၊အလျောပေးမှုတွေ မြင်ရမလား  ဒီထက်ပဲ ဆိုးလာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ယခုရက်သတ္တပတ်အာရှမှာ ဖြစ်ခဲ့တဲ့ သတင်းတွေထဲက  မြောက်ကိုရီးယား ရေငုပ်သင်္ဘော တစ်စင်း ကနေ ဒုံးကျည်ပစ်လွှတ်စမ်းသပ်ခဲ့တဲ့ သတင်း၊ထိုင်းဘုရင်က စစ်တပ် တပ်ဖွဲ့နှစ်ဖွဲ့ကို နန်းတော် တိုက်ရိုက် ကွပ်ကဲမှုအောက် လွှဲပြောင်းလိုက်တဲ့ သတင်း၊လေတပ်မှ အက်ဖ်-၁၅ အမျိုးအစား ဂျက်တိုက်လေယာဉ်တစ်စင်း နှစ်နိုင်ငံအငြင်းပွားနေတဲ့ ကျွန်းပေါ်ကနေ ဖြတ်ပျံခဲ့တဲ့ သတင်း၊ဂျပန်နိုင်ငံ နာဂါဆာ ကီမြို့ သွားရောက် မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ခရီးစဉ်အတွင်း နျူကလီးယားလက်နက် များ အပြီးတိုင်ဖျက်သိမ်းရေးတောင်းဆို မယ့် သတင်းတွေထဲ အဆိုပါသတင်းတွေက သတိထားစောင့်ကြည့်ရမယ့် သတင်းတွေ ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေးလှိုင်းလုံး တစ်ကျော့ပြန်လာနေပြီလား

ကမ္ဘာတစ်လွှားလူထုပါဝင်တဲ့ ဆန္ဒပြမှုတွေက တစ်နေရာမဟုတ် တစ်နေရာ ဖြစ်နေခဲ့ရာမှာ ယခုရက် သတ္တပတ် ထဲ အီရတ်နဲ့ အီကွေဒိုမှာ ဖြစ်နေတဲ့ ဆန္ဒထုတ်ဖော်မှုတွေက အဆိုးဝါးဆုံးအနေ အထားဖြစ်ခဲ့ပါတယ်။ တောင်အမေရိကနိုင်ငံတစ်နိုင်ဖြစ်တဲ့အီကွေဒေါမှာ လောင်စာ ဆီ အမတော်ကြေး ထောက်ပံ့မှုရပ်ဆိုင်းဖို့ အစိုးရ က ဆုံးဖြတ်လိုက်တာကနေ စလိုက်တဲ့ ဆန္ဒပြမှုတွေက အီကွေဒေါနိုင်ငံ
တစ်ဝန်း ဆန္ဒပြအကြမ်း ဖက်မှုတွေ ဖြစ်ခဲ့ တဲ့အတွက် မထိန်းနိုင် မသိမ်းနိုင်ဖြစ်ခဲ့လို့ အရေးပေါ်အခြေအနေတစ်ရပ်ကို သမ္မတက ပြဋ္ဌာန်းခဲ့ရပါတယ်။ ဆန္ဒ ပြပွဲတွေမှာ ဆန္ဒပြသမားတွေနဲ့ရဲတွေအကြားအပြန်အလှန်တိုက်ခိုက်မှုတွေလည်း ဖြစ်ပေါ် ပြီးအခြေအနေတွေ တင်းမာနေလို့  အစိုးရက မနည်းထိန်းနေ ရပါတယ်။

အီရတ်မှာလည်း ကျဆင်းနေတဲ့ စီးပွားရေးကြောင့် မြို့တော် ဘဂ္ဂဒက်နဲ့ အီရတ်တောင်ပိုင်း နယ်မြေ တွေမှာ စီးပွားရေးပြုပြင်ပြောင်းလဲ ပေးရေး နဲ့အဂတိလိုက်စားမှုအဆုံးသတ်ရေးတောင်းဆိုတဲ့ဆန္ဒပြပွဲတွေ အောက်တိုဘာ ၁ ရက်ကစပြီး ဖြစ်နေခဲ့တာပါ။ ဆန္ဒပြသူတွေက လေဆိပ်နဲ့ အများပြည်သူနေရာတွေကို ဝင် ရောက်ဖို့ကြိုးစားလို့ဆိုပြီး လုံခြုံရေးတွေ အကြမ်းဖက်နှိမ်နှင်းခဲ့ပါတယ်။

အီရတ်ဝန်ကြီးချုပ်ကတော့ ဆန္ဒပြ သူတွေကိုကျည်ဆံတွေကို သုံးပြီး မဖြိုခွင်းဖို့ အမိန့်ပေးထားပေမယ့် လုံခြုံရေးတာဝန်ရှိသူတွေက မလိုက်နာ ခဲ့တဲ့အတွက် ရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက်က တစ်ရာနီးပါးရှိလာခဲ့ပါတယ်။အစိုးရဘက်က ဘဂ္ဂ ဒက်မှာ  အောက်တိုဘာ ၃ ရက်ကစပြီး  အချိန်အကန့်အသတ်မရှိ အပြင်မထွက်ရ ကာဖျူးအမိန့်ကို ထုတ်ပြန်ခဲ့ ပါတယ်။ဒါဟာ လူပုဂ္ဂိုလ် တစ်ဦး ချင်းနဲ့ယာဉ်တွေအားလုံးသွားလာခွင့် လုံးဝမရှိပိတ်ပင် လိုက်တာ ဖြစ်သလို ဆိုရှယ်မီဒီယာနဲ့အင်တာနက်လိုင်းတွေကိုပါ ပိတ်ခဲ့ရတဲ့ အထိ အခြေအနေက ဆိုးဝါးနေပါတယ်။

ဆန္ဒပြသူတွေက အလုပ်လက်မဲ့လူငယ်တွေနဲ့ ဆင်းရဲသူတွေ၊ကျောင်းသားတွေ ပါတယ်ဆိုပါတယ်။ ထွက် လာတဲ့ သတင်းတွေအရ အီရတ်မှာ လူထုထောက်ခံမှုရတဲ့ ဒု-ဗိုလ်ချုပ်ကြီးတစ်ဦးကိုရာထူး လျော့ချ လိုက် တာနဲ့လည်း သက်ဆိုင်တယ်ဆိုပါတယ်။ဒီအတွက် အထွေထွေ လိုအပ် ချက်တွေ စုပေါင်းကာ ဆန္ဒပြမှုတွေ ဖြစ် လာတဲ့အတွက် အီရတ်မှာ အစိုးရပြုတ်ကျတဲ့ အထိဖြစ်လာအောင် ဆန္ဒပြမှုတွေက ပြင်းထန်လာမလား ဆိုတာ စောင့်ကြည့်ရမှာပါ။

အရှေ့အလယ်ပိုင်းမှာ ဒီလို ဖြစ်နေသလို အရှေ့တောင်အာရှက အင်ဒိုနီးရှားနိုင်ငံမှာလည်း   ပြုပြင် ပြောင်းလဲမှုများကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ နိုင်ငံတစ်ဝန်း ဖြစ်ပေါ်ခဲ့လို့ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးပုဂ္ဂိုလ်တွေ အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ခဲ့ပြီး ကျောင်းသား တွေအပါအဝင် ဖမ်းဆီး ထိန်းသိမ်းထားတဲ့ သူ ၅၀၀ ကျော်ထိ ရှိခဲ့ပါ တယ်။ ဒါဟာ ဆူဟာတိုပြုတ်ကျပြီးနောက်ပိုင်း အပြင်းထန်ဆုံး လူထုဆန္ဒပြပွဲပါဘဲ။ ဟောင် ကောင်မှာ ဖြစ်နေတဲ့ လနဲ့ချီပြီး ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေကတော့ အောက်တိုဘာ၁ ရက်မှာ အဆိုးဆုံးဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ကို ဆန္ဒပြတဲ့ သူ တွေက ဓာတ်ဆီ ပုလင်းတွေ နဲ့ အရာဝတ္တူတွေနဲ့ ပစ်ပေါက်တာတွေ လုပ်ခဲ့တဲ့အတွက် ရဲတပ်ဖွဲဝင် ၂၅ ဦး ဒဏ်ရာ ရကာ လူ ၁၈၀ ခန့်ဖမ်းဆီးခဲ့ပါတယ်။ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလန်း ကတော့ ဆန္ဒပြသူတွေ မျက် နှာဖုံးတပ်ထားတာကို တားမြစ်တဲ့ ဥပဒေကို ပြဋ္ဌာန်းလိုက်တာ တွေ့ရပါတယ်။

ကမ္ဘာတစ်ဝန်း လူမှုရေး၊စီးပွားရေးနဲ့ ကမ္ဘာချိန်ခွင်လျှာအင်အားပြောင်းလဲမှုနဲ့ အတူ  နိုင်ငံရေးလူပ်ရှား မှုတွေ ဖြစ်နေတဲ့ အတွက် ဒီလိုဖြစ်ရပ်တွေ ကနေ ဘာတွေ ဖြစ်လာမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါ တယ်။

အဆိုပါ သတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲ အာဖဂန်မြောက်ပိုင်း ဘာလ်ကတ်ပြည်နယ် ရဲတပ် ဖွဲဌာနချုပ်ကို တာလီဘန် စစ်သွေး ကြွများ ဝင်ရောက်တိုက်ခိုက်သဖြင့် အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၁ ဦးသေ ဆုံး ခဲ့တဲ့ သတင်း၊မာလီနိုင်ငံ အလယ်ပိုင်းစစ် အခြေစိုက် စခန်း နှစ်ခုကို စစ်သွေးကြွများဝင်တိုက်ခိုက်လို့ မာလီ စစ် သား ၂၅ ဦးကျဆုံးကာ ၆၀ ကျော် ပျောက် ဆုံးနေတဲ့ သတင်း၊အိန္ဒိယနိုင်ငံ အနောက် ဘန်ဂေါပြည်နယ် မှာ ဝင် ရောက်နေတဲ့ တရားမဝင်ရွှေ့ ပြောင်းအခြေချ သူ၁ဒသမ ၉ သန်းကို နှင်ထုတ်မယ့်သတိထားစရာ သတင်း တွေလဲ ဖြစ်ခဲ့ပါ တယ်။

ယိုယွင်းလာတဲ့ သဘာဝဂေဟစနစ်

ယခုရက်ပိုင်းအတွင်း ကမ္ဘာတစ်ဝန်းရာသီဥတုဆိုင်ရာပြဿနာတွေနဲ့ကြုံခဲ့ရပါတယ်။ အရှေ့တောင် အာ ရှမှာ မုတ်သုံက ဆုတ်ခွာနေပြီ ဆိုပေမယ့် တောင်အာရှဒေသဖြစ်တဲ့ အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းနေလို့  ဒေသတစ်ဝန်းရှိ နေအိမ်တွေ၊ဆေးရုံတွေနဲ့ စာသင်ကျောင်း တွေမှာ ရေကြီးခဲ့လို့ သေဆုံးသူက ၁၄၀ နီးပါးရှိ လာ ပါတယ်။ဒီလိုရေကြီးမှုတွေက အိန္ဒိယနိုင်ငံ ဥတ္တာပရာဒေ့ရှ်ပြည်နယ်နဲ့ ဘီဟာပြည်နယ် တွေမှာ မိုးအကြီးအကျယ် ရွာသွန်းနေတာပါ။ ဘီဟာပြည်နယ်မှာဆိုရင် လူတွေက သွားတာလာရာမှာ လှေကို သုံးရတဲ့ အထိရေကြီးခဲ့ တာပါ။ မှတ်တမ်းတွေအရ ဒီလိုရေကြီးမှုက ၁၉၉၄ နောက်ပိုင်း အဆိုးဝါးဆုံးလို့ ဆိုပါတယ်။

အာရှအရှေ့ဖျားဖြစ်တဲ့ တောင်ကိုရီးယားမှာတော့ တိုင်ဖွန်းမုန်တိုင်းမိုင်တက်ဂ် ယခုတစ်ပတ်မှာ ဝင်ရောက်တိုက်ခတ်ခဲ့ ပါတယ်။ အောက်တိုဘာ၂ ရက် ညပိုင်းက တောင်ကိုရီးယားနိုင်ငံတောင်ပိုင်း ဒေသတွေမှာ တိုက်ခတ်ခဲ့ပြီး ရုတ်တရက် ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှု တွေ ဖြစ်ပေါ်ခဲ့လို့ အနည်းဆုံး လူ ၉ ဦးသေဆုံးကာ လူ အများအပြားပျောက်ဆုံးခဲ့ပါတယ်။ မုန်တိုင်းကြောင့် တောင်ပိုင်းဒေသတွေမှာ နေအိမ်အလုံး၁၀၀ ကျော်လောက် ရေလွှမ်းမိုးခံလိုက်ရပြီး မိသားစုပေါင်း၁,၅၀၀ ခန့် နေအိမ်တွေကိုစွန့်ခွာခဲ့ရပါတယ်။

ဒီလိုရေကြီးမှုတွေဖြစ်ခဲ့သလို ယခုရက်သတ္တပတ်ထဲမှာဘဲ ချီလီနဲ့ မာတာဝီမှာ ငလျင်တွေ လှုပ်ခတ် ခဲ့ပါ တယ်။ဒါဟာ သတိထားစရာပါ။ ဒီထပ်ပို သတိထားစရာက ကိတ်ဗာဒီဆိုတဲ့နိုင်ငံတစ်ခုမှာ သူနိုင်ငံကမ်းခြေမှာ လင်းပိုင်၁၆၃ ကောင်လာရောက်ကမ်းတင်နေလို့ အထိတ် တလန့်ဖြစ် ခဲ့ပါ တယ်။ လင်းပိုင်တွေကို အလျင်အမြန် ရေထဲပြန်ချခဲ့ပေမယ့် အကောင် ၁၀၀ ကျော်သေခဲ့ပါတယ်။ဒီအဖြစ်အပျက်က ပင်လယ်သမုဒ္ဒရာထဲမှာ လူသား တွေမသိနိုင်သေးတဲ့ လျှို့ဝှက်ဖြစ်ပျက်မှုတွေ ရှိနေသလားဆိုတာ သတိထားစရာဖြစ်လာနေပါတယ်။

မြေအောက်နဲ့ရေအောက်မှာ ဖြစ်ပျက်နေသလို ကမ္ဘာလေထုမှာလည်း ပြဿနာရှိနေပါတယ်။ မီးခိုးနဲ့ လေထုညစ်ညမ်းမှု ပြဿနာ ရင်ဆိုင်နေ ရတဲ့ ဗန်ကောက်ကတော့ သူမြို့တော်ကို တခြားရွှေ့ဖို့စဉ်းစားရတဲ့အထိ ဖြစ်နေပါတယ်။မကြာခဏ လေထုညစ်ညမ်းမှု ရင်ဆိုင်နေရတဲ့ ဗန်ကောက်အဖို့ ဒီအစီအစဉ်က ပင်လယ်ရေ မျက် နှာပြင်မြင့်တက်လာတဲ့ အတွက် ရောက်ဖို့များနေတဲ့ ဂျကာတာလိုဘဲ မကြာခင် ရွှေ့ရမယ့်အနေအထားပါဘဲ။

သဘာဝဘေးထက် လူလုပ်ဘေးတွေကြောင့် ပိုပျက်စီးလာတဲ့ သဘာဝကို ကာကွယ်ဖု့ိ တချို့နိုင်ငံ တွေ ဘက်က ပြင်ဆင်မှုတွေ လုပ်ခဲ့တာရှိပါ တယ်။တောင်ကိုရီးယားကတော့  ဒီဇင်ဘာလမှ မတ်လအတွင်း ဆိုးလ်မြို့ နှင့် မြို့ငယ်လေးများရှိ လမ်းမတွေမှာ ဒီဇယ်သုံးကားတွေ သုံးစွဲတာကို တားမြစ်ခဲ့ပြီး ကျောက်မီးသွေးစက်ရုံ ၂၇ ရုံကို လေထုညစ်ညမ်းမှုသက်သာအောင် ပိတ်သိမ်းမယ်ဆိုပါ တယ်။အိန္ဒိယကတော့ တောင်ကိုရီးယားနဲ့ ပြောင်း ပြန် တစ်ခါသုံးပလတ်စတစ်ပစ္စည်းများ ပိတ်ပင်မဲ့ အစီအစဉ်ကို ခေတ္တဆိုင်းငံ လိုက်ပါတယ်။ ဒါဟာ ပတ်ဝန်း ကျင် ညစ်ညမ်းမှုကို တိုက်ဖျက်ရေးအတွက် အိန္ဒိယအမျိုးသားခေါင်း ဆောင် မဟတ္တမဂန္ဒီ မွေးဖွားသော နှစ် (၁၅၀) ပြည့်နေ့ဖြစ်သော အောက်တိုဘာ ၂ ရက်တွင် တစ်ခါသုံး ပလတ်စတစ်ပစ္စည်း ခြောက်မျိုးကို ပိတ်ပင်ရန် စီစဉ်ခဲ့ တာပါ။

လောလောဆယ်မှာတော့ လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အကျိုး စီးပွားကို တွက်ဆဟန်တူပါတယ်။ ဒါကြောင့် ချက်ချင်း မလုပ် ဆောင်သေး ဘဲ တစ်ဆင့်ခြင်းလုပ်မယ်ဆိုပါတယ်။အိန္ဒိယလိုဘဲ အင်ဒိုနီးရှားကလည်း  ကိုမိုဒိုဖွတ်နဂါးကြီးတွေရှိရာ နိုင်ငံအရှေ့ပိုင်း ကျွန်းကို ခရီးသည်တွေလာရောက်ခွင့် ပိတ်သိမ်းဖို့ အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။

သူ့အကြောင်းပြချက်ကတော့ ယင်းကျွန်းမှာရှားပါးကိုမိုဒိုဖွတ်နဂါးကြီးတွေရဲ့ကောင်ရေဟာ လက်ရှိမှာ တည်ငြိမ်နေပြီး မျိုးသုဉ်း အန္တရာယ်လည်း မရှိတဲ့အတွက် ပြောင်းရတာလို့ ဆိုပါတယ်။ သတင်းကောင်း တစ်ခုကတော့ သြစတြေးလျအာဏာ ပိုင်တွေကတော့ ယခုရက်သတ္တပတ်ထဲမှာဘဲ  သားပိုက်ကောင်များကို ကားနဲ့ လိုက်တိုက်သတ်တဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ငါးနှစ်ချမှတ် ဖွယ်ရှိနေတာပါဘဲ။ သေချာတာက နိုင်ငံတွေ အနေနဲ့ စီးပွားရေးကို ပထမဦးစားပေးထားကာ မဖြစ်မနေမှ သဘာဝပတ်ဝန်းကျင်ကို ဦးစားပေးကြတဲ့ အတွက် ဆက်လက်ပြီး သဘာဝဂေဟစနစ် က စိန်ခေါ်မှုတွေ ရှိနေဦးမှာဖြစ်ပါတယ်။

ကွန်ဂရက်မှာ စစ်ဆေးခံရဖို့ များသွားတဲ့ ထရမ့်

ယခုရက်သတ္တပတ်သတင်းတွေထဲက အမေရိကန်ဆိုင်ရာသတင်းတွေထဲမှာ အားလုံးစောင့်ကြည့်တဲ့ သတင်းရှိခဲ့ပါတယ်။ ဒါက ယခင်ဒုသမ္မတ ဂျိုးဘိုင်ဒင်တို့ သားအဖကို အဂတိလိုက်စားမှုရှိမရှိ စစ်ဆေးဖို့ ယူက ရိန်းသမ္မတကို ဖုန်းဆက်ပြောခဲ့တာကနေ စခဲ့တဲ့ ထရမ့်ရဲ့ လက်လွတ် စပယ် လုပ်ရပ်ကြောင့် ဒီမိုကရက်တစ် တွေအတွက် အခွင့်ကောင်းဖြစ်လာတဲ့ သတင်းပါဘဲ။

ယခင်ရက်သတ္တပတ်ကတည်းက အဆိုပါပြဿနာ အစပျိုးခဲ့တာဖြစ်ပြီး ယခုရက်ပိုင်းမှာ ကွန်ဂရက် ဘက်က လှုပ်ရှားမှုတွေက ပိုမိုမြန်ဆန် အားကောင်းလာခဲ့ပါတယ်။ ယခုရက်ပိုင်းမှာ ဒီမိုကရက်တွေ ကြီးစိုးတဲ့ အမေရိကန်အောက်လွှတ်တော် အဖွဲ့များက သမ္မတထရမ့်ကို စွပ်စွဲပြစ် တင်ဖြုတ်ချ ဖို့အတွက် စုံစမ်းစစ်ဆေး မှုအဖြစ် ယူကရိန်းနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ်ကိုခေါ်ယူမေးမြန်းခဲ့ပါတယ်။

ဒီလိုမေးမြန်းနေချိန်မှာ ထရမ့်က သူမှုအတိုင်း ထပ်ပြီးရှေ့တိုးကာ ယူကရိန်းနဲ့ တရုတ်အာဏာပိုင် တွေကို ဒု-သမ္မတဟောင်းဂျိုးဘိုင်ဒင်နှင့် သားဖြစ်သူတို့ရဲ့ စီးပွားရေးတွေ စုံစမ်းစစ်ဆေးပေးဖို့ တောင်း ဆိုခဲ့ပါတယ်။ ထရမ့်အနေနဲ့ လာမယ့် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ အဓိကပြိုင် ဘက်ဖြစ်လာနိုင်တဲ့ ဘိုင်ဒင်ကို ယခုကတည်းက တိုက်ခိုက်ထားတဲ့အနေနဲ့ နောက်ကြောင်းလိုက် စုံစမ်းစစ်ဆေးဖို့ယူကရိန်းသမ္မတကိုအမေရိကန် သမ္မတတစ်ယောက်ရဲ့ အခွင့်အာဏာသုံးပြီး ဖိအားပေးဖုန်းဆက်တောင်းဆိုတာကနေ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတကို ရာထူးက ဖယ်ရှားနိုင်ဖို့ ကွန်ဂရက်လွှတ်တော်က စုံစမ်းစစ်ဆေးမယ့် စတုတ္ထမြောက် သမ္မတ ဖြစ်လာခဲ့တဲ့ ဖြစ်ရပ်ကို ရင်ဆိုင်လိုက်ရတာပါ။ အမေရိကန်သမိုင်းမှာတော့ သမ္မတ တစ်ဦးအပေါ် အရေးယူဖို့ ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်ဟာ ရှုပ်ထွေးလေ့ရှိပြီး၊ အန္တရာယ်များသလို နောက်ဆုံး ရလဒ်ကလည်း ခန့်မှန်းရခက်ပါတယ်။

ထရမ့်က သူကို စွပ်စွဲပြစ်တင်တဲ့ လုပ်ငန်းစဉ်ဦးဆောင်နေတဲ့ ဒီမိုကရက်တစ် အောက်လွှတ် တော် စုံစမ်းစစ်ဆေးရေး ကော်မတီဥက္ကဋ္ဌ အဒမ်ရှစ် ကို နိုင်ငံတော်ပုန်ကန်မှုကျူးလွန်မှုနဲ့ တရားစွဲဖို့ အောက်တိုဘာ ၂ ရက်က တောင်းဆိုခဲ့ပါတယ်။ ဒီအရှုပ်အထွေးက ၂၀၂၀ ရွေးကောက်ပွဲအကြို အားပြိုင်မှုနဲ့ ပြိုင်ဘက်ဖြစ်လာ နိုင် တဲ့ သူတွေကို ရွေးကောက်ပွဲလမ်းကြောင်းကနေ ဖယ်ရှားတာဖြစ်လို့ ဘယ်သူအနိုင်ရမလဲဆိုတာ မသိနိုင် သေး ပါဘူး။

ဒီသတင်းတွေက ယခုရက်သတ္တပတ်မှာဖြစ်ခဲ့တဲ့ အမေရိကန်နဲ့ ဥရောပသတင်းတွေထဲက သတင်း တွေဖြစ်တဲ့ ပါရီရှိပြင်သစ်ရဲဌာနချုပ်မှာ ဝန်ထမ်းတစ်ဦးက လုံခြုံရေးအေဂျင့်တွေကိုဓားကိုင်တိုက်ခိုက်လို့ လေးဦး သေဆုံးခဲ့တဲ့သတင်း၊ ဝါရှင်တန်ပြည်နယ်ဗန်ကူးဗားမြို့ အငြိမ်းစား အိမ်ရာ မှာ ပစ်ခတ်မှုဖြစ်လို့ လူတစ်ဦးသေဆုံး ခဲ့တဲ့ သတင်း၊ မက္ကဆီကိုနှင့်ထိစပ်နေတဲ့ နယ်စက်ကဝင်လာသူတွေကို  ခြောထောက် ပစ်ခတ် ဖမ်းဆီးဖို့ သမ္မတ ထရမ့်က အကြံပြုခဲ့တဲ့ သတင်း၊အမေရိကန်နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်စဖို့ တာလီဘန်နဲ့ အာဖဂန်အစိုးရ က တောင်းဆို လိုက်တဲ့ သတင်း၊ ဆိုမာလီယာရှိ အမေရိကန်စစ်အခြေစိုက်စခန်းများအား အင်အားသုံး တိုက် ခိုက် ခံရတဲ့ သတင်း၊ အမေရိကန်အစိုးရအတွက် သူလျှိုလုပ်ပေးခဲ့တဲ့ သူတစ်ယောက်ကိုအီရန်က သေဒဏ် ချခဲ့တဲ့ သတင်းတွေထဲ စိတ်ဝင်တစားစောင့်ကြည့်ရဦးမယ့် သတင်းတွေ ဖြစ်ခဲ့တယ် ဆိုတာ တင်ပြရင်း ယခု တစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက် 

(  Zawgyi  )

 ယခုရက္သတၱပတ္သတင္းေတြထဲ သိထားစရာျဖစ္ခဲ့တာက ကမာၻအႏွံ႔မွာျဖစ္ေနတဲ့ ဆႏၵျပမႈသတင္း ေတြပါ။ ဒီထဲမွာ ေလာင္စာဆီ အၾကပ္ အတည္း ကေန  လြတ္လပ္ေရးေတာင္းတဲ့ အထိ ပါဝင္သလို အာရွတိုက္ က အင္ဒိုနီးရွား၊ေဟာင္ေကာင္ကေန  ေတာင္အေမရိကတိုက္ အီေကြေဒါ ထိ ၊ဥေရာပက စေကာ့တလန္အထိ ဆႏၵျပေတာင္းဆိုမႈေတြ က်ယ္ျပန္ခဲ့ပါတယ္။ ဒီလို ႏိုင္ငံေရးလႈပ္ရွားမႈေတြအျပင္ အေမရိကန္မွာ ထရမ့္ကို စြဲခ်က္တင္ဖို႔ ႀကိဳးစားေနတဲ့ သတင္းေတြ ၊ တ႐ုတ္စစ္ေရးျပအခမ္းအနားေၾကာင့္ ကမာၻစစ္ေရးအင္အားမွာ ဘယ္လို ေျပာင္းလဲတြက္ ခ်က္ လာရသလဲဆိုတဲ့ သတင္းေတြကလည္း ယခုရက္သတၱပတ္ရဲ႕ စိတ္ဝင္စား စရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြ အျပင္ ယခုရက္သတၱပတ္မွာ  ထိုင္ဝမ္မွာ တံတား တစ္စင္းက်ိဳးက်လို႔ လူ ၆ ဦးေသဆုံး ကာ ၁၀ ဦးဒဏ္ရာရခဲ့တဲ့ သတင္း၊ မီးေလာင္ကြၽမ္းမႈျဖစ္ ပြားၿပီးေနာက္ပိုင္း ဂရိအစိုးရကလက္စ္ေဘာ့စ္ကြၽန္းက ေ႐ႊ႕ေျပာင္းအေျခခ်ေနထိုင္သူေထာင္ေပါင္းမ်ားစြာကို တူရကီကို ျပန္ပို႔ဖို႔ ဆႏၵရွိတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ နယ္သာလန္မွာ လယ္သမားေတြက အေဝးေျပးလမ္းမ်ား ေပၚ၌ လယ္ထြန္စက္မ်ားကို ေႏွးေကြးစြာ ေမာင္း ႏွင္ၿပီးႏိုင္ငံေရးသမားေတြကို ဆႏၵျပခဲ့တဲ့ သတင္း၊ဗင္နီဇြဲလားရဲ႕ေႂကြးၿမီေတြနဲ႔ ပတ္သက္ၿပီး  ႐ုရွားသမၼတ ပူတင္ႏွင့္ ဗင္နီဇြဲလားသမၼတ မာဒူ႐ိုတို႔ ေမာ္စကိုမွာ ေဆြးေႏြးခဲ့တဲ့ သတင္း၊ယခုႏွစ္ ထဲ အာဖရိကႏိုင္ငံမ်ားမွ တစ္ဆင့္ ေျမထဲပင္လယ္ကိုျဖတ္သန္းကာ ဥေရာပ ႏိုင္ငံမ်ားသို႔ သြားေရာက္ရန္ ႀကိဳးပမ္းသူ ၁ဝဝဝေက်ာ္ခန႔္ ေသဆုံးခဲ့တဲ့ သတင္း၊ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒၾကမ္းတစ္ရပ္အတည္မျပဳေပးတဲ့ အတြက္ ပီ႐ူးသမၼတနဲ႔ လႊတ္ေတာ္ၾကားတင္းမာမႈျမင့္တက္လာတဲ့ သတင္း၊ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဘာရစ္ဂြၽန္ဆင္က ဥေရာပ သမဂၢမွ ခြဲထြက္ေရး အတြက္ ေနာက္ဆုံးအဆိုျပဳခ်က္ကို တင္သြင္းခဲ့တဲ့ သတင္း၊ Airbusကိုတရားမဝင္ ေထာက္ ပံ့ေၾကးေပးမႈနဲ႔အေမရိကန္က အီးယူကို ကန္ေဒၚလာ ၇ဒသမ ၅ဘီလ်ံတန္ဖိုးသြင္းကုန္ခြန္ေကာက္ခံမယ္ သတင္း ေတြလည္း ယခုရက္သတၱပတ္မွာ ျဖစ္ခဲ့ပါတယ္။

အေမရိကန္ကို အငိုက္သင့္ေစတဲ့ တ႐ုတ္စစ္ေရးျပအခမ္းအနား

ကမာၻ႔စစ္ေရးအေျခအေနက ဒုတိယကမာၻစစ္မတိုင္ခင္ စစ္လက္နက္အၿပိဳင္အဆိုင္တပ္ဆင္တဲ့ အေနအထားကို သမၼတ ထရမ့္ လက္ထက္ မွာ ေရာက္လာခဲ့ပါတယ္။ ဒီဘက္ႏွစ္ပိုင္း အီရန္၊ေျမာက္ကိုရီးယား၊အိႏၵိယ ဘက္မွာ လက္နက္သစ္ေတြ ေတာက္ေလွ်ာက္ထြက္လာခဲ့သလို ႐ုရွားဘက္မွာလည္း S-500 လို ေလေၾကာင္း ကာကြယ္ေရးစနစ္သစ္ကို စမ္းသပ္ေနတာ ေတြ႕ရပါတယ္။ အေမရိကန္အတြက္ F-35 A လို ေခတ္လြန္တိုက္ ေလယာဥ္ ကို တခမ္းတနားပြဲထုတ္ေနခ်ိန္မွာ ဒီေလယာဥ္ကို ပစ္ခ်ဖို႔ ႐ုရွားဘက္က စီစဥ္ၿပီးေနတဲ့ အထိကို လက္နက္ေတြ တီထြင္မႈက စစ္ေအးေခတ္ကထက္ ပိုအားေကာင္းေနတာကို ေတြ႕ရပါတယ္။

စစ္ေအးေခတ္မွာ အေမရိကန္ဦးေဆာင္တဲ့ ေနတိုးအုပ္စုနဲ႔ ဆိုဗီယက္႐ုရွားဦးေဆာင္တဲ့ ဝါေဆာစစ္ အုပ္စုၾကား လက္နက္ၿပိဳင္ဆိုင္မႈသာ အဓိကရွိခဲ့ေပမယ့္ ယခုခ်ိန္မွာေတာ့  တ႐ုတ္နဲ႔ အိႏၵိယ၊အီရန္နဲ႔ ေျမာက္ ကိုရီးယားလို႔ စစ္ေရးတည္ေဆာက္ေနတဲ့ ႏိုင္ငံေတြရွိတဲ့ အတြက္ ယေန႔ စစ္လက္နက္ၿပိဳင္ဆိုင္မႈက အေမရိ ကန္နဲ႔ ႐ုရွားႏွစ္ႏိုင္ငံထဲ ၿပိဳင္ပြဲ မဟုတ္ေတာ့ပါဘူး။

ေအာက္တိုဘာ ၁ ရက္က ျပဳလုပ္တဲ့ တ႐ုတ္ႏိုင္ငံရဲ႕ ႏွစ္ ၇၀ ျပည့္ အမ်ိဳးသားေန႔ အခမ္းအနားမွာ စစ္ေရးျပအခမ္းအနားကို ထည့္သြင္းျပ တဲ့ အတြက္ ကမာၻတစ္ဝန္းက တ႐ုတ္ႏိုင္ငံရဲ႕ စစ္လက္နက္အေျခ အေနကို ေစာင့္ၾကည့္တဲ့ စစ္ေရးသုေတသီေတြ နဲ႔ အေမရိကန္ဘက္က တ႐ုတ္စစ္ေရးအေျခအေနကို ေစာင့္ ၾကည့္သူေတြအတြက္ သတိထားစရာေတြ ျဖစ္ခဲ့ပါတယ္။ ဒီလိုအေျခအေနကို သတိထား ေစာင့္ၾကည့္ တာ ေဒသ တြင္းၿပိဳင္ဘက္ႏိုင္ငံေတြနဲ႔ အာဆီယံႏိုင္ငံေတြက ပိုပါလိမ့္မယ္။

အဆိုပါ စစ္ေရးအခမ္းအနားက တ႐ုတ္ႏိုင္ငံထူေထာင္တဲ့ ႏွစ္ ၇၀ ျပည့္အခမ္းအနားနဲ႔တြဲၿပီး က်င္းပ ခဲ့တာျဖစ္ၿပီး  တ႐ုတ္ဘက္ အေသ အခ်ာ ကိုျပင္ဆင္ခဲ့တာ ေတြ႕ရပါတယ္။ စစ္အင္အား တစ္ေသာင္းခြဲ ၊မစ္ ဆိုင္းအမ်ိဳးစားသစ္ေတြ၊ လက္နက္အမ်ိဳးအစား သစ္ေတြ ကို ဒီအခမ္းအနားမွာ ပြဲထုတ္ခဲ့သလို  အေမရိကန္က စသတိထားမိတဲ့ နည္းပညာသစ္ 5G ကြန္ရက္ကို အသုံးျပဳကာ တိုက္႐ိုက္ထုတ္လႊင့္မႈ ကိုလည္း ကမာၻကို ျပ ခဲ့ပါတယ္။

စစ္ေရးျပပြဲမွာ Dongfeng-41(DF-41) တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္အျပင္ အသံထက္အလြန္ျမန္ DF-17 ပဲ့ထိန္းဒုံးက်ည္ႏွင့္ အသံထက္ျမန္ေမာင္း သူမဲ့ ေလယာဥ္၊ေရေအာက္သြားေမာင္းသူမဲ့ ယာဥ္ေတြလည္း ပါဝင္ ျပသခဲ့ပါတယ္။ ဒီထဲမွာ အသံထက္အလြန္ျမန္ DF-17 ပဲ့ထိန္း ဒုံးက်ည္က အေမရိကန္နဲ႔ ႐ုရွားတို႔အေနနဲ႔ စမ္းသပ္ဆဲသာရွိပါေသးတယ္။ ဒီအခမ္းအနားမွာ တ႐ုတ္သမၼတ ရွီက်င့္ဖိန္က မည္သည့္ အင္အား ကမွ မိမိတို႔ႏိုင္ငံ ကို တုန္လႈပ္ေအာင္ မလုပ္ေဆာင္ႏိုင္ဘူူးဆိုၿပီး ႏိုင္ငံတကာကို ရည္ၫႊန္းကာေျပာခဲ့ပါတယ္။ ဒါအျပင္ “တ႐ုတ္ ျပည္ သူေတြနဲ႔ တ႐ုတ္ႏိုင္ငံရဲ႕ တိုးတက္မႈကို ဘယ္အင္အားကမွ ရပ္တန႔္ေအာင္ လုပ္ေဆာင္ႏိုင္မွာ မဟုတ္ ပါဘူး”လို႔ေျပာခဲ့ပါတယ္။

ယခုစစ္ေရးျပအခမ္းအနားကေန တ႐ုတ္အေနနဲ႔ ကုန္သြယ္ေရးစစ္ျဖစ္ေနတဲ့ အေမရိကန္ကို ဘယ္ ေလာက္ထိ စစ္ေရးအရ လိုက္မီေနၿပီလဲ ဆိုတာနဲ႔တခ်ိဳ႕ေနရာေတြမွာ ဘယ္ေလာက္ေတာင္ အသာရေနၿပီ လဲ ဆိုတာကို ျပလိုက္တာပဲျဖစ္ပါတယ္။ တ႐ုတ္ဘက္က ေတာ့ ဒီအခ်က္ ကိုျငင္းေပမယ့္ ကမာၻစစ္ေရးအကဲခတ္ သူေတြကေတာ့ တ႐ုတ္အေနနဲ႔ ဒီအခမ္းအနားကေန ကမာၻ႔အင္အားႀကီးႏိုင္ငံေနရာ ရယူဖို႔ အသင့္ျဖစ္ေန ၿပီဆိုတာ ကမာၻနဲ႔ အေမရိကန္အပါအဝင္ အေနာက္အုပ္စုကိုသတိေပးလိုက္တာလို႔ ယူဆထားၾကပါတယ္။

႐ုရွားကေတာ့ တ႐ုတ္စစ္ေရးျပအခမ္းအနားအၿပီးမွာ တ႐ုတ္ဘက္က တည္ေဆာက္ခဲ့တဲ့ တိုက္ခ်င္း ပစ္ဒုံးက်ည္ပစ္လႊတ္ရာမွာ ေျခရာခံ စနစ္ တည္ေဆာက္ရာမွာ တ႐ုတ္ကို ကူညီခဲ့တယ္ဆိုၿပီး ႐ုရွားသမၼတပူတင္ ကိုယ္တိုင္ေျပာခဲ့တာ ရွိပါတယ္။ဒီလိုကူညီမႈအတြက္ အျငင္းပြားမႈေတြ ရွိေပမယ့္ တ႐ုတ္ဘက္က တရားဝင္တုံ ျပန္ျငင္းဆိုတာမရွိတဲ့ အတြက္ တ႐ုတ္နဲ႔ ႐ုရွားၾကား စစ္ေရးနည္းပညာေတြမွာ ပိုမိုနီးကပ္စြာ ပူေးပါင္းေဆာင္ ႐ြက္ေနတာ အေသအခ်ာပဲမို႔  အေမရိကန္နဲ႔ အေနာက္အုပ္စုအတြက္ သတိထားေစာင့္ၾကည့္အေျခအေန ျဖစ္ လာပါတယ္။

ဒီအေျခအေနေၾကာင့္လည္း  အေမရိကန္ဘက္က တ႐ုတ္ဘက္က ္စစ္ေရးျပအခမ္းအနားျပဳလုပ္ေန ခ်ိန္မွာ ေရျပင္လွ်ပ္ေျပး ခ႐ုဇ္မစ္ ဆိုင္း ဒုံးက်ည္ အမ်ိဳးအစားသစ္ကိုအေမရိကန္စစ္သေဘၤာ USS Gabrielle Giffords ကေနစမ္းသပ္ပစ္လႊတ္ခဲ့ပါတယ္။ဒါဟာ အေမရိကန္ အေနနဲ႔ မွ်ေျခတစ္ခုကို ဖန္တီးတာလို႔္ဆိုေပမယ့္ ပညာရွင္ေတြက ေရရွည္မွာ အေမရိကန္ စစ္တပ္ကို စိန္ေခၚႏိုင္ေလာက္တဲ့ အေျခအေနေ ရာက္လာမွာ လို႔ဆိုၿပီး ပင္တဂြန္အေနနဲ႔ မဟာဗ်ဴဟာေတြနဲ႔ ေရရွည္စီမံခ်က္ေတြကို ျပန္ဆြဲဖို႔ အႀကံေပးခ်က္ေတြ ထြက္လာခဲ့ ပါတယ္။

ဒီလိုအခင္းအက်င္းေတြေၾကာင့္ လက္နက္ၿပိဳင္ပြဲေတြ ၊စစ္လက္နက္အၿပိဳင္အဆိုင္တပ္ဆင္တာေတြ စတဲ့ ေခတ္သစ္စစ္ေအးတိုက္ပြဲက ျပန္စေတာ့ မယ့္အေျခအေနရွိလား၊  ဒီစစ္ေရးျပပြဲေၾကာင့္ အေမရိကန္ ဘက္ က တ႐ုတ္နဲ႔ ျဖစ္ေနတဲ့ ကုန္သြယ္ေရး စစ္ပြဲမွာ ဘယ္လို ျပင္ဆင္မႈေတြျဖစ္ လာမလဲ ၊အေလ်ာေပးမႈေတြ ျမင္ရမလား  ဒီထက္ပဲ ဆိုးလာမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာပါ။

ယခုရက္သတၱပတ္အာရွမွာ ျဖစ္ခဲ့တဲ့ သတင္းေတြထဲက  ေျမာက္ကိုရီးယား ေရငုပ္သေဘၤာ တစ္စင္း ကေန ဒုံးက်ည္ပစ္လႊတ္စမ္းသပ္ခဲ့တဲ့ သတင္း၊ထိုင္းဘုရင္က စစ္တပ္ တပ္ဖြဲ႕ႏွစ္ဖြဲ႕ကို နန္းေတာ္ တိုက္႐ိုက္ ကြပ္ကဲမႈေအာက္ လႊဲေျပာင္းလိုက္တဲ့ သတင္း၊ေလတပ္မွ အက္ဖ္-၁၅ အမ်ိဳးအစား ဂ်က္တိုက္ေလယာဥ္တစ္စင္း ႏွစ္ႏိုင္ငံအျငင္းပြားေနတဲ့ ကြၽန္းေပၚကေန ျဖတ္ပ်ံခဲ့တဲ့ သတင္း၊ဂ်ပန္ႏိုင္ငံ နာဂါဆာ ကီၿမိဳ႕ သြားေရာက္ မယ့္ ပုပ္ရဟန္းမင္းႀကီး ဖရန္စစ္ရဲ႕ ခရီးစဥ္အတြင္း န်ဴကလီးယားလက္နက္ မ်ား အၿပီးတိုင္ဖ်က္သိမ္းေရးေတာင္းဆို မယ့္ သတင္းေတြထဲ အဆိုပါသတင္းေတြက သတိထားေစာင့္ၾကည့္ရမယ့္ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ႏိုင္ငံေရးလႈိင္းလုံး တစ္ေက်ာ့ျပန္လာေနၿပီလား

ကမာၻတစ္လႊားလူထုပါဝင္တဲ့ ဆႏၵျပမႈေတြက တစ္ေနရာမဟုတ္ တစ္ေနရာ ျဖစ္ေနခဲ့ရာမွာ ယခုရက္ သတၱပတ္ ထဲ အီရတ္နဲ႔ အီေကြဒိုမွာ ျဖစ္ေနတဲ့ ဆႏၵထုတ္ေဖာ္မႈေတြက အဆိုးဝါးဆုံးအေန အထားျဖစ္ခဲ့ပါတယ္။ ေတာင္အေမရိကႏိုင္ငံတစ္ႏိုင္ျဖစ္တဲ့အီေကြေဒါမွာ ေလာင္စာ ဆီ အမေတာ္ေၾကး ေထာက္ပံ့မႈရပ္ဆိုင္းဖို႔ အစိုးရ က ဆုံးျဖတ္လိုက္တာကေန စလိုက္တဲ့ ဆႏၵျပမႈေတြက အီေကြေဒါႏိုင္ငံ
တစ္ဝန္း ဆႏၵျပအၾကမ္း ဖက္မႈေတြ ျဖစ္ခဲ့ တဲ့အတြက္ မထိန္းႏိုင္ မသိမ္းႏိုင္ျဖစ္ခဲ့လို႔ အေရးေပၚအေျခအေနတစ္ရပ္ကို သမၼတက ျပ႒ာန္းခဲ့ရပါတယ္။ ဆႏၵ ျပပြဲေတြမွာ ဆႏၵျပသမားေတြနဲ႔ရဲေတြအၾကားအျပန္အလွန္တိုက္ခိုက္မႈေတြလည္း ျဖစ္ေပၚ ၿပီးအေျခအေနေတြ တင္းမာေနလို႔  အစိုးရက မနည္းထိန္းေန ရပါတယ္။

အီရတ္မွာလည္း က်ဆင္းေနတဲ့ စီးပြားေရးေၾကာင့္ ၿမိဳ႕ေတာ္ ဘဂၢဒက္နဲ႔ အီရတ္ေတာင္ပိုင္း နယ္ေျမ ေတြမွာ စီးပြားေရးျပဳျပင္ေျပာင္းလဲ ေပးေရး နဲ႔အဂတိလိုက္စားမႈအဆုံးသတ္ေရးေတာင္းဆိုတဲ့ဆႏၵျပပြဲေတြ ေအာက္တိုဘာ ၁ ရက္ကစၿပီး ျဖစ္ေနခဲ့တာပါ။ ဆႏၵျပသူေတြက ေလဆိပ္နဲ႔ အမ်ားျပည္သူေနရာေတြကို ဝင္ ေရာက္ဖို႔ႀကိဳးစားလို႔ဆိုၿပီး လုံၿခဳံေရးေတြ အၾကမ္းဖက္ႏွိမ္ႏွင္းခဲ့ပါတယ္။

အီရတ္ဝန္ႀကီးခ်ဳပ္ကေတာ့ ဆႏၵျပ သူေတြကိုက်ည္ဆံေတြကို သုံးၿပီး မၿဖိဳခြင္းဖို႔ အမိန႔္ေပးထားေပမယ့္ လုံၿခဳံေရးတာဝန္ရွိသူေတြက မလိုက္နာ ခဲ့တဲ့အတြက္ ရက္ပိုင္းအတြင္း ေသဆုံးသူအေရအတြက္က တစ္ရာနီးပါးရွိလာခဲ့ပါတယ္။အစိုးရဘက္က ဘဂၢ ဒက္မွာ  ေအာက္တိုဘာ ၃ ရက္ကစၿပီး  အခ်ိန္အကန႔္အသတ္မရွိ အျပင္မထြက္ရ ကာဖ်ဴးအမိန႔္ကို ထုတ္ျပန္ခဲ့ ပါတယ္။ဒါဟာ လူပုဂၢိဳလ္ တစ္ဦး ခ်င္းနဲ႔ယာဥ္ေတြအားလုံးသြားလာခြင့္ လုံးဝမရွိပိတ္ပင္ လိုက္တာ ျဖစ္သလို ဆိုရွယ္မီဒီယာနဲ႔အင္တာနက္လိုင္းေတြကိုပါ ပိတ္ခဲ့ရတဲ့ အထိ အေျခအေနက ဆိုးဝါးေနပါတယ္။

ဆႏၵျပသူေတြက အလုပ္လက္မဲ့လူငယ္ေတြနဲ႔ ဆင္းရဲသူေတြ၊ေက်ာင္းသားေတြ ပါတယ္ဆိုပါတယ္။ ထြက္ လာတဲ့ သတင္းေတြအရ အီရတ္မွာ လူထုေထာက္ခံမႈရတဲ့ ဒု-ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးကိုရာထူး ေလ်ာ့ခ် လိုက္ တာနဲ႔လည္း သက္ဆိုင္တယ္ဆိုပါတယ္။ဒီအတြက္ အေထြေထြ လိုအပ္ ခ်က္ေတြ စုေပါင္းကာ ဆႏၵျပမႈေတြ ျဖစ္ လာတဲ့အတြက္ အီရတ္မွာ အစိုးရျပဳတ္က်တဲ့ အထိျဖစ္လာေအာင္ ဆႏၵျပမႈေတြက ျပင္းထန္လာမလား ဆိုတာ ေစာင့္ၾကည့္ရမွာပါ။

အေရွ႕အလယ္ပိုင္းမွာ ဒီလို ျဖစ္ေနသလို အေရွ႕ေတာင္အာရွက အင္ဒိုနီးရွားႏိုင္ငံမွာလည္း   ျပဳျပင္ ေျပာင္းလဲမႈမ်ားကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ႏိုင္ငံတစ္ဝန္း ျဖစ္ေပၚခဲ့လို႔ ဆႏၵျပသူေတြနဲ႔ လုံၿခဳံေရးပုဂၢိဳလ္ေတြ အၾကား ထိပ္တိုက္ရင္ဆိုင္မႈေတြ ျဖစ္ခဲ့ၿပီး ေက်ာင္းသား ေတြအပါအဝင္ ဖမ္းဆီး ထိန္းသိမ္းထားတဲ့ သူ ၅၀၀ ေက်ာ္ထိ ရွိခဲ့ပါ တယ္။ ဒါဟာ ဆူဟာတိုျပဳတ္က်ၿပီးေနာက္ပိုင္း အျပင္းထန္ဆုံး လူထုဆႏၵျပပြဲပါဘဲ။ ေဟာင္ ေကာင္မွာ ျဖစ္ေနတဲ့ လနဲ႔ခ်ီၿပီး ျဖစ္ခဲ့တဲ့ ဆႏၵျပပြဲေတြကေတာ့ ေအာက္တိုဘာ၁ ရက္မွာ အဆိုးဆုံးျဖစ္ခဲ့ၿပီး ရဲတပ္ဖြဲ႕ကို ဆႏၵျပတဲ့ သူ ေတြက ဓာတ္ဆီ ပုလင္းေတြ နဲ႔ အရာဝတၱဴေတြနဲ႔ ပစ္ေပါက္တာေတြ လုပ္ခဲ့တဲ့အတြက္ ရဲတပ္ဖြဲဝင္ ၂၅ ဦး ဒဏ္ရာ ရကာ လူ ၁၈၀ ခန႔္ဖမ္းဆီးခဲ့ပါတယ္။ေဟာင္ေကာင္ အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလန္း ကေတာ့ ဆႏၵျပသူေတြ မ်က္ ႏွာဖုံးတပ္ထားတာကို တားျမစ္တဲ့ ဥပေဒကို ျပ႒ာန္းလိုက္တာ ေတြ႕ရပါတယ္။

ကမာၻတစ္ဝန္း လူမႈေရး၊စီးပြားေရးနဲ႔ ကမာၻခ်ိန္ခြင္လွ်ာအင္အားေျပာင္းလဲမႈနဲ႔ အတူ  ႏိုင္ငံေရးလူပ္ရွား မႈေတြ ျဖစ္ေနတဲ့ အတြက္ ဒီလိုျဖစ္ရပ္ေတြ ကေန ဘာေတြ ျဖစ္လာမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါ တယ္။

အဆိုပါ သတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲ အာဖဂန္ေျမာက္ပိုင္း ဘာလ္ကတ္ျပည္နယ္ ရဲတပ္ ဖြဲဌာနခ်ဳပ္ကို တာလီဘန္ စစ္ေသြး ႂကြမ်ား ဝင္ေရာက္တိုက္ခိုက္သျဖင့္ အနည္းဆုံး ရဲတပ္ဖြဲ႕ဝင္ ၁၁ ဦးေသ ဆုံး ခဲ့တဲ့ သတင္း၊မာလီႏိုင္ငံ အလယ္ပိုင္းစစ္ အေျခစိုက္ စခန္း ႏွစ္ခုကို စစ္ေသြးႂကြမ်ားဝင္တိုက္ခိုက္လို႔ မာလီ စစ္ သား ၂၅ ဦးက်ဆုံးကာ ၆၀ ေက်ာ္ ေပ်ာက္ ဆုံးေနတဲ့ သတင္း၊အိႏၵိယႏိုင္ငံ အေနာက္ ဘန္ေဂါျပည္နယ္ မွာ ဝင္ ေရာက္ေနတဲ့ တရားမဝင္ေ႐ႊ႕ ေျပာင္းအေျခခ် သူ၁ဒသမ ၉ သန္းကို ႏွင္ထုတ္မယ့္သတိထားစရာ သတင္း ေတြလဲ ျဖစ္ခဲ့ပါ တယ္။

ယိုယြင္းလာတဲ့ သဘာဝေဂဟစနစ္

ယခုရက္ပိုင္းအတြင္း ကမာၻတစ္ဝန္းရာသီဥတုဆိုင္ရာျပႆနာေတြနဲ႔ႀကဳံခဲ့ရပါတယ္။ အေရွ႕ေတာင္ အာ ရွမွာ မုတ္သုံက ဆုတ္ခြာေနၿပီ ဆိုေပမယ့္ ေတာင္အာရွေဒသျဖစ္တဲ့ အိႏၵိယမွာ မိုးသည္းထန္စြာ႐ြာသြန္းေနလို႔  ေဒသတစ္ဝန္းရွိ ေနအိမ္ေတြ၊ေဆး႐ုံေတြနဲ႔ စာသင္ေက်ာင္း ေတြမွာ ေရႀကီးခဲ့လို႔ ေသဆုံးသူက ၁၄၀ နီးပါးရွိ လာ ပါတယ္။ဒီလိုေရႀကီးမႈေတြက အိႏၵိယႏိုင္ငံ ဥတၱာပရာေဒ့ရွ္ျပည္နယ္နဲ႔ ဘီဟာျပည္နယ္ ေတြမွာ မိုးအႀကီးအက်ယ္ ႐ြာသြန္းေနတာပါ။ ဘီဟာျပည္နယ္မွာဆိုရင္ လူေတြက သြားတာလာရာမွာ ေလွကို သုံးရတဲ့ အထိေရႀကီးခဲ့ တာပါ။ မွတ္တမ္းေတြအရ ဒီလိုေရႀကီးမႈက ၁၉၉၄ ေနာက္ပိုင္း အဆိုးဝါးဆုံးလို႔ ဆိုပါတယ္။

အာရွအေရွ႕ဖ်ားျဖစ္တဲ့ ေတာင္ကိုရီးယားမွာေတာ့ တိုင္ဖြန္းမုန္တိုင္းမိုင္တက္ဂ္ ယခုတစ္ပတ္မွာ ဝင္ေရာက္တိုက္ခတ္ခဲ့ ပါတယ္။ ေအာက္တိုဘာ၂ ရက္ ညပိုင္းက ေတာင္ကိုရီးယားႏိုင္ငံေတာင္ပိုင္း ေဒသေတြမွာ တိုက္ခတ္ခဲ့ၿပီး ႐ုတ္တရက္ ေရလႊမ္းမိုးမႈေတြ၊ ေျမၿပိဳမႈ ေတြ ျဖစ္ေပၚခဲ့လို႔ အနည္းဆုံး လူ ၉ ဦးေသဆုံးကာ လူ အမ်ားအျပားေပ်ာက္ဆုံးခဲ့ပါတယ္။ မုန္တိုင္းေၾကာင့္ ေတာင္ပိုင္းေဒသေတြမွာ ေနအိမ္အလုံး၁၀၀ ေက်ာ္ေလာက္ ေရလႊမ္းမိုးခံလိုက္ရၿပီး မိသားစုေပါင္း၁,၅၀၀ ခန႔္ ေနအိမ္ေတြကိုစြန႔္ခြာခဲ့ရပါတယ္။

ဒီလိုေရႀကီးမႈေတြျဖစ္ခဲ့သလို ယခုရက္သတၱပတ္ထဲမွာဘဲ ခ်ီလီနဲ႔ မာတာဝီမွာ ငလ်င္ေတြ လႈပ္ခတ္ ခဲ့ပါ တယ္။ဒါဟာ သတိထားစရာပါ။ ဒီထပ္ပို သတိထားစရာက ကိတ္ဗာဒီဆိုတဲ့ႏိုင္ငံတစ္ခုမွာ သူႏိုင္ငံကမ္းေျခမွာ လင္းပိုင္၁၆၃ ေကာင္လာေရာက္ကမ္းတင္ေနလို႔ အထိတ္ တလန႔္ျဖစ္ ခဲ့ပါ တယ္။ လင္းပိုင္ေတြကို အလ်င္အျမန္ ေရထဲျပန္ခ်ခဲ့ေပမယ့္ အေကာင္ ၁၀၀ ေက်ာ္ေသခဲ့ပါတယ္။ဒီအျဖစ္အပ်က္က ပင္လယ္သမုဒၵရာထဲမွာ လူသား ေတြမသိႏိုင္ေသးတဲ့ လွ်ိဳ႕ဝွက္ျဖစ္ပ်က္မႈေတြ ရွိေနသလားဆိုတာ သတိထားစရာျဖစ္လာေနပါတယ္။

ေျမေအာက္နဲ႔ေရေအာက္မွာ ျဖစ္ပ်က္ေနသလို ကမာၻေလထုမွာလည္း ျပႆနာရွိေနပါတယ္။ မီးခိုးနဲ႔ ေလထုညစ္ညမ္းမႈ ျပႆနာ ရင္ဆိုင္ေန ရတဲ့ ဗန္ေကာက္ကေတာ့ သူၿမိဳ႕ေတာ္ကို တျခားေ႐ႊ႕ဖို႔စဥ္းစားရတဲ့အထိ ျဖစ္ေနပါတယ္။မၾကာခဏ ေလထုညစ္ညမ္းမႈ ရင္ဆိုင္ေနရတဲ့ ဗန္ေကာက္အဖို႔ ဒီအစီအစဥ္က ပင္လယ္ေရ မ်က္ ႏွာျပင္ျမင့္တက္လာတဲ့ အတြက္ ေရာက္ဖို႔မ်ားေနတဲ့ ဂ်ကာတာလိုဘဲ မၾကာခင္ ေ႐ႊ႕ရမယ့္အေနအထားပါဘဲ။

သဘာဝေဘးထက္ လူလုပ္ေဘးေတြေၾကာင့္ ပိုပ်က္စီးလာတဲ့ သဘာဝကို ကာကြယ္ဖု႔ိ တခ်ိဳ႕ႏိုင္ငံ ေတြ ဘက္က ျပင္ဆင္မႈေတြ လုပ္ခဲ့တာရွိပါ တယ္။ေတာင္ကိုရီးယားကေတာ့  ဒီဇင္ဘာလမွ မတ္လအတြင္း ဆိုးလ္ၿမိဳ႕ ႏွင့္ ၿမိဳ႕ငယ္ေလးမ်ားရွိ လမ္းမေတြမွာ ဒီဇယ္သုံးကားေတြ သုံးစြဲတာကို တားျမစ္ခဲ့ၿပီး ေက်ာက္မီးေသြးစက္႐ုံ ၂၇ ႐ုံကို ေလထုညစ္ညမ္းမႈသက္သာေအာင္ ပိတ္သိမ္းမယ္ဆိုပါ တယ္။အိႏၵိယကေတာ့ ေတာင္ကိုရီးယားနဲ႔ ေျပာင္း ျပန္ တစ္ခါသုံးပလတ္စတစ္ပစၥည္းမ်ား ပိတ္ပင္မဲ့ အစီအစဥ္ကို ေခတၱဆိုင္းငံ လိုက္ပါတယ္။ ဒါဟာ ပတ္ဝန္း က်င္ ညစ္ညမ္းမႈကို တိုက္ဖ်က္ေရးအတြက္ အိႏၵိယအမ်ိဳးသားေခါင္း ေဆာင္ မဟတၱမဂႏၵီ ေမြးဖြားေသာ ႏွစ္ (၁၅၀) ျပည့္ေန႔ျဖစ္ေသာ ေအာက္တိုဘာ ၂ ရက္တြင္ တစ္ခါသုံး ပလတ္စတစ္ပစၥည္း ေျခာက္မ်ိဳးကို ပိတ္ပင္ရန္ စီစဥ္ခဲ့ တာပါ။

ေလာေလာဆယ္မွာေတာ့ လုပ္ငန္းရွင္ေတြနဲ႔ အလုပ္သမားေတြ အက်ိဳး စီးပြားကို တြက္ဆဟန္တူပါတယ္။ ဒါေၾကာင့္ ခ်က္ခ်င္း မလုပ္ ေဆာင္ေသး ဘဲ တစ္ဆင့္ျခင္းလုပ္မယ္ဆိုပါတယ္။အိႏၵိယလိုဘဲ အင္ဒိုနီးရွားကလည္း  ကိုမိုဒိုဖြတ္နဂါးႀကီးေတြရွိရာ ႏိုင္ငံအေရွ႕ပိုင္း ကြၽန္းကို ခရီးသည္ေတြလာေရာက္ခြင့္ ပိတ္သိမ္းဖို႔ အစီအစဥ္ကို ဖ်က္သိမ္းခဲ့ပါတယ္။

သူ႔အေၾကာင္းျပခ်က္ကေတာ့ ယင္းကြၽန္းမွာရွားပါးကိုမိုဒိုဖြတ္နဂါးႀကီးေတြရဲ႕ေကာင္ေရဟာ လက္ရွိမွာ တည္ၿငိမ္ေနၿပီး မ်ိဳးသုဥ္း အႏၲရာယ္လည္း မရွိတဲ့အတြက္ ေျပာင္းရတာလို႔ ဆိုပါတယ္။ သတင္းေကာင္း တစ္ခုကေတာ့ ၾသစေၾတးလ်အာဏာ ပိုင္ေတြကေတာ့ ယခုရက္သတၱပတ္ထဲမွာဘဲ  သားပိုက္ေကာင္မ်ားကို ကားနဲ႔ လိုက္တိုက္သတ္တဲ့ အမ်ိဳးသားတစ္ဦးကို ေထာင္ဒဏ္ ငါးႏွစ္ခ်မွတ္ ဖြယ္ရွိေနတာပါဘဲ။ ေသခ်ာတာက ႏိုင္ငံေတြ အေနနဲ႔ စီးပြားေရးကို ပထမဦးစားေပးထားကာ မျဖစ္မေနမွ သဘာဝပတ္ဝန္းက်င္ကို ဦးစားေပးၾကတဲ့ အတြက္ ဆက္လက္ၿပီး သဘာဝေဂဟစနစ္ က စိန္ေခၚမႈေတြ ရွိေနဦးမွာျဖစ္ပါတယ္။

ကြန္ဂရက္မွာ စစ္ေဆးခံရဖို႔ မ်ားသြားတဲ့ ထရမ့္

ယခုရက္သတၱပတ္သတင္းေတြထဲက အေမရိကန္ဆိုင္ရာသတင္းေတြထဲမွာ အားလုံးေစာင့္ၾကည့္တဲ့ သတင္းရွိခဲ့ပါတယ္။ ဒါက ယခင္ဒုသမၼတ ဂ်ိဳးဘိုင္ဒင္တို႔ သားအဖကို အဂတိလိုက္စားမႈရွိမရွိ စစ္ေဆးဖို႔ ယူက ရိန္းသမၼတကို ဖုန္းဆက္ေျပာခဲ့တာကေန စခဲ့တဲ့ ထရမ့္ရဲ႕ လက္လြတ္ စပယ္ လုပ္ရပ္ေၾကာင့္ ဒီမိုကရက္တစ္ ေတြအတြက္ အခြင့္ေကာင္းျဖစ္လာတဲ့ သတင္းပါဘဲ။

ယခင္ရက္သတၱပတ္ကတည္းက အဆိုပါျပႆနာ အစပ်ိဳးခဲ့တာျဖစ္ၿပီး ယခုရက္ပိုင္းမွာ ကြန္ဂရက္ ဘက္က လႈပ္ရွားမႈေတြက ပိုမိုျမန္ဆန္ အားေကာင္းလာခဲ့ပါတယ္။ ယခုရက္ပိုင္းမွာ ဒီမိုကရက္ေတြ ႀကီးစိုးတဲ့ အေမရိကန္ေအာက္လႊတ္ေတာ္ အဖြဲ႕မ်ားက သမၼတထရမ့္ကို စြပ္စြဲျပစ္ တင္ျဖဳတ္ခ် ဖို႔အတြက္ စုံစမ္းစစ္ေဆး မႈအျဖစ္ ယူကရိန္းႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ကိုေခၚယူေမးျမန္းခဲ့ပါတယ္။

ဒီလိုေမးျမန္းေနခ်ိန္မွာ ထရမ့္က သူမႈအတိုင္း ထပ္ၿပီးေရွ႕တိုးကာ ယူကရိန္းနဲ႔ တ႐ုတ္အာဏာပိုင္ ေတြကို ဒု-သမၼတေဟာင္းဂ်ိဳးဘိုင္ဒင္ႏွင့္ သားျဖစ္သူတို႔ရဲ႕ စီးပြားေရးေတြ စုံစမ္းစစ္ေဆးေပးဖို႔ ေတာင္း ဆိုခဲ့ပါတယ္။ ထရမ့္အေနနဲ႔ လာမယ့္ ၂၀၂၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ အဓိကၿပိဳင္ ဘက္ျဖစ္လာႏိုင္တဲ့ ဘိုင္ဒင္ကို ယခုကတည္းက တိုက္ခိုက္ထားတဲ့အေနနဲ႔ ေနာက္ေၾကာင္းလိုက္ စုံစမ္းစစ္ေဆးဖို႔ယူကရိန္းသမၼတကိုအေမရိကန္ သမၼတတစ္ေယာက္ရဲ႕ အခြင့္အာဏာသုံးၿပီး ဖိအားေပးဖုန္းဆက္ေတာင္းဆိုတာကေန အေမရိကန္ ဖြဲ႕စည္းပုံ အေျခခံဥပေဒအရ သမၼတကို ရာထူးက ဖယ္ရွားႏိုင္ဖို႔ ကြန္ဂရက္လႊတ္ေတာ္က စုံစမ္းစစ္ေဆးမယ့္ စတုတၳေျမာက္ သမၼတ ျဖစ္လာခဲ့တဲ့ ျဖစ္ရပ္ကို ရင္ဆိုင္လိုက္ရတာပါ။ အေမရိကန္သမိုင္းမွာေတာ့ သမၼတ တစ္ဦးအေပၚ အေရးယူဖို႔ ႀကိဳးပမ္းတဲ့ လုပ္ငန္းစဥ္ဟာ ရႈပ္ေထြးေလ့ရွိၿပီး၊ အႏၲရာယ္မ်ားသလို ေနာက္ဆုံး ရလဒ္ကလည္း ခန႔္မွန္းရခက္ပါတယ္။

ထရမ့္က သူကို စြပ္စြဲျပစ္တင္တဲ့ လုပ္ငန္းစဥ္ဦးေဆာင္ေနတဲ့ ဒီမိုကရက္တစ္ ေအာက္လႊတ္ ေတာ္ စုံစမ္းစစ္ေဆးေရး ေကာ္မတီဥကၠ႒ အဒမ္ရွစ္ ကို ႏိုင္ငံေတာ္ပုန္ကန္မႈက်ဴးလြန္မႈနဲ႔ တရားစြဲဖို႔ ေအာက္တိုဘာ ၂ ရက္က ေတာင္းဆိုခဲ့ပါတယ္။ ဒီအရႈပ္အေထြးက ၂၀၂၀ ေ႐ြးေကာက္ပြဲအႀကိဳ အားၿပိဳင္မႈနဲ႔ ၿပိဳင္ဘက္ျဖစ္လာ ႏိုင္ တဲ့ သူေတြကို ေ႐ြးေကာက္ပြဲလမ္းေၾကာင္းကေန ဖယ္ရွားတာျဖစ္လို႔ ဘယ္သူအႏိုင္ရမလဲဆိုတာ မသိႏိုင္ ေသး ပါဘူး။

ဒီသတင္းေတြက ယခုရက္သတၱပတ္မွာျဖစ္ခဲ့တဲ့ အေမရိကန္နဲ႔ ဥေရာပသတင္းေတြထဲက သတင္း ေတြျဖစ္တဲ့ ပါရီရွိျပင္သစ္ရဲဌာနခ်ဳပ္မွာ ဝန္ထမ္းတစ္ဦးက လုံၿခဳံေရးေအဂ်င့္ေတြကိုဓားကိုင္တိုက္ခိုက္လို႔ ေလးဦး ေသဆုံးခဲ့တဲ့သတင္း၊ ဝါရွင္တန္ျပည္နယ္ဗန္ကူးဗားၿမိဳ႕ အၿငိမ္းစား အိမ္ရာ မွာ ပစ္ခတ္မႈျဖစ္လို႔ လူတစ္ဦးေသဆုံး ခဲ့တဲ့ သတင္း၊ မကၠဆီကိုႏွင့္ထိစပ္ေနတဲ့ နယ္စက္ကဝင္လာသူေတြကို  ေျခာေထာက္ ပစ္ခတ္ ဖမ္းဆီးဖို႔ သမၼတ ထရမ့္က အႀကံျပဳခဲ့တဲ့ သတင္း၊အေမရိကန္နဲ႔ ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ ျပန္စဖို႔ တာလီဘန္နဲ႔ အာဖဂန္အစိုးရ က ေတာင္းဆို လိုက္တဲ့ သတင္း၊ ဆိုမာလီယာရွိ အေမရိကန္စစ္အေျခစိုက္စခန္းမ်ားအား အင္အားသုံး တိုက္ ခိုက္ ခံရတဲ့ သတင္း၊ အေမရိကန္အစိုးရအတြက္ သူလွ်ိဳလုပ္ေပးခဲ့တဲ့ သူတစ္ေယာက္ကိုအီရန္က ေသဒဏ္ ခ်ခဲ့တဲ့ သတင္းေတြထဲ စိတ္ဝင္တစားေစာင့္ၾကည့္ရဦးမယ့္ သတင္းေတြ ျဖစ္ခဲ့တယ္ ဆိုတာ တင္ျပရင္း ယခု တစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္