【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားထိုးစစ် ယူကရိန်းကို သိမ်းနိုင်ဖို့ ဖြစ်နိုင်မလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】ရုရှားထိုးစစ်  ယူကရိန်းကို သိမ်းနိုင်ဖို့ ဖြစ်နိုင်မလား

ယခုရက်သတ္တပတ်အတွင်း ဖြစ်ခဲ့တဲ့ သတင်းတွေကို သီရိလင်္ကာမှာဖြစ်ခဲ့တဲ့ တိုင်းပြည်ထဲကနေ သမ္မတ ထွက်ပြေးသွားရတဲ့ ဖြစ်ရပ်က လွှမ်းမိုးသွားခဲ့ပါတယ်။ ဒီသီရိလင်္ကာပြဿနာဟာ နိုင်ငံတကာကို ရှော့ခ်ရစေခဲ့တယ် ဆိုပေမယ့် ယူကရိန်းမှာ‌ ယခုတစ်ဖန် အရှိန်ပြန်မြင့်တက်လာနေတဲ့ စစ်ပွဲကလည်း အရပ်သားတွေသေကြေမှု ကြောင့် ကြောက်စရာလန့်စရာ ဖြစ်လာခဲ့ပါတယ်။ ဒီတစ်ပတ် သတိပြုစရာဖြစ်ခဲ့တဲ့ ယူကရိန်းမှာ ရုရှားရဲ့ ကျူး ကျော်စစ် ပြန်အရှိန်မြင့်တက်လာမှုဟာ လက်ရှိ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ အားပြိုင်မှုတွေနဲ့ ဆက်စပ်နေတာမို့လို အတော်လေး အန္တရာယ်ကြီးပြီး ပိုပြင်းထန်လာနိုင်ခြေများနေတာမို့ စောင့်ကြည့်ရတော့မယ့် အခြေအနေဆိုက် ရောက်လာခဲ့ပါတယ်။  

ဒီလို စစ်မက်ဆိုင်ရာ သတင်းတွေကြောင့် ယခုတစ်ပတ်သတင်းတွေထဲက ကမ္ဘာ့တစ်ဝန်း ကူးစက်မှု ပြန် လည်ပြင်းထန်လာတဲ့ ကိုဗစ်မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဆက်သစ် ဗိုင်းရပ်စ်သတင်းတွေ၊ တစတစကူးစက်မှုများ လာတဲ့ မျောက်ကျောက်ရောဂါသတင်း တွေ ၊ ဂျပန်နိုင်ငံ ဖူကူရှီးမားနူစက်ရုံမတော်တဆမှုအတွက် တိုကျိုလျှပ်စစ်ဓာတ် အား ကုမ္ပဏီကို ဒေါ်လာ ၉၇ ဘီ လီယံ ဒဏ်ကြေးချခဲ့တာတွေ၊ ဥရောပတလွှားအပူလှိုင်းကျရောက်မှုကြောင့် တော မီးအကြီးအကျယ်လောင်ကျွမ်း နေတာတွေ၊ တန်ဇန်းနီးယားမှာ အမျိုးအမည်မသိအဖျားရောဂါကြောင့် လူသေ ဆုံး မှုရှိခဲ့တာတွေ၊ ဟေတီမှာ အကြမ်းဖက်မှုတွေကြောင့် တစ်ပတ်အတွင်း လူ ၉၀ နီးပါး သေဆုံးခဲ့ရတာတွေ၊ ပါကစ္စ တန်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကရာချိမှာ ရေကြီးရေလျှံမှု ဖြစ်ပွားနေတာတွေ၊ ကိုဗစ်ကူးစက်မှုတွေ ကြောင့် လူ၃ သိန်းကျော် နေထိုင်တဲ့ ၀ူကောင်းမြို့ကို တရုတ်အာဏာပိုင်တွေက လောခ်ဒေါင်းချခဲ့တာတွေ၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့အကြီး အကဲက လာမည့်နှစ်မှာ စားနပ်ရိက္ခာအကျပ်အတည်းပိုဆိုးရွားလာနိုင်တယ်ဆိုပြီး သတိ ပေးခဲ့တာတွေ စတဲ့ သတင်းတွေက သတိပြုမိမှုနည်းပါးခဲ့ပါတယ်။

ဒီတစ်ပတ်မှာ သတိပြုစရာဖြစ်ခဲ့တဲ့ ယူကရိန်းကို ရုရှားရဲ့ တကျော့ပြန်စစ်က ယခင်တစ်ခါနဲ့ မတူသလို စကာစမှာဘဲ အတော်လေးပြင်းထန်နေလို့ အရပ်သားသေဆုံးမှုမြင့်တက်နေသလို လက်နက်တွေကလည်း အမေရိ ကန်နဲ့ အနောက်အုပ်စုက ထောက်ပံ့ထားတဲ့ လက်နက်တွေပါလာပြီ ဖြစ်လို့ စစ်ရေးချိန်ခွင်လျှာက အချိန်မရွေး ပြောင်းလဲနိုင်နေလို့ ဒီတစ်ပတ်မှာ ယူကရိန်းစစ်နဲ့ ပတ်သက်ပြီး အနောက်အုပ်စုအခင်းအကျင်းနဲ့ ရုရှားဘက်က အီရန်လိုနိုင်ငံကတောင် အကူအညီတောင်းနေမှုတွေကို အလေးထားဖော်ပြချင်ပါတယ်။

ရုရှားထိုးစစ်ပြန်စတဲ့ အခြေအနေ

ယူကရိန်းစစ်က ရှေ့တစ်ပတ်တနင်္ဂနွေဆိုရင် ၅ လပြည့်ပါပြီ။ ဒီငါးလတာကာလအတွင်း ယူကရိန်း တောင်ပိုင်းနယ်မြေတွေကို ရုရှားကထိန်းချုပ်ထားတယ်ဆိုပေမယ့် ဇူလိုင် ၁၂ ရက်မှာ ယူကရိန်းဘက်က တာ ဝေးပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ဒီလို ပစ်ခတ်တာဟာ အမေရိကန်ထောက်ပံ့ထားတဲ့ ဟိုင်းမားစ်ဒုံးကျည် စနစ်နဲ့ ပစ်ခတ်တာဖြစ်လို့  ရုရှားရဲ့ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကို ချိုးဖောက်ပြီး ခါဆန်ဒေသက နိုဗာကာ ကောဗ့်ကာမြိုက လက်နက်သို့လှောင်ရုံကို ထိပြီး ရုရှားတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့ပါတယ်။ ဒါဟာ ယူကရိန်း အရှေ့ပိုင်း ဒွန်းနက်စ်ဒေသနဲ့ လူဟန်ခ်ဒေသပါဝင်တဲ့ လူးဟန်ခ့်ဒေသကို ထိန်းချုပ်ထားနိုင်တဲ့ ရုရှားတပ် တွေ အ တွက် ကြီးမားတဲ့ခြိမ်းခြောက်မှု ဖြစ်လာခဲ့ပါတယ်။

ရုရှားတပ်တွေက လက်ရှိမှာ ဒွန်းနက်စ်နဲ့ ဒွန်းဘက်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ဖို့ ယူကရိန်းအရှေ့ပိုင်း ဒေသတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် ယူကရိန်းအရှေ့ပိုင်းမှာ အပြင်းအထန်ထိုးစစ်ဆင်နွဲနေတာပါ။ ဒီလိုဆင် နွဲနေတာနဲ့ပတ်သက်ပြီး ယူကရိန်းစစ်ဘက်က ဇူလိုင် ၁၁ ရက်ကတည်း သတိပေးခဲ့တာပါ။ ဒီလို သတိပေးနေချိန် ကတည်းက ရုရှားကပစ်လွှတ်နေတဲ့ ဒုံးကျည်တွေက ယူကရိန်းရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ခါကိဗ့်က လူနေအ ဆောက် အအုံတွေ ထိမှန်လို့  အရပ်သား ၄၀ နီးပါးသေဆုံးခဲ့ပါတယ်။ ဒီလို စစ်ရေးအရှိန်မြင့်တင်တာဟာ ဥရောပ နိုင်ငံတွေက ရုရှားကနေ သဘာ၀ဓာတ်ငွေ့ ယူတာကို သိသိသာသာ လျော့ချဖို့ ပြင်ဆင်နေတဲ့ အနေအထားမှာ ပိုပြင်းထန်လာတာဖြစ်လို့ ရုရှားအနေနဲ့ ဥရောပရဲ့ ပိတ်ဆို့မှု့က အထိနာနေလို့ ယူကရိန်းကို ဖိနေတာလားဆိုတာ တွက်ဆစရာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကလည်း ကနေဒါသံအမတ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကခေါ်ပြီး  သဘာ၀ဓာတ် ငွေ့ တင်ပို့တဲ့ ပိုက်လိုင်းမှာ သုံးရသည့် စက်ပစ္စည်းတစ်မျိုး ကနေဒါက ပိတ်ဆို့ထားတာကို ကန့် ကွက်ခဲ့တာကိုတွေ့ရတဲ့အတွက် ဥရောပကနေ ရုရှားရဲ့ ရေနံသဘာ၀ဓာတ်ငွေ့ ကို မတင်သွင်းရင် ရုရှားစီးပွားရေး ပြို လဲမယ်ဆိုတဲ့ အနောက်အုပ်စုတွက်ဆမှုက မှန်ကန်နေတဲ့သဘောပါဘဲ။

ဒီတစ်တပတ်မှာ အိမ်ဖြူတော်က ထုတ်ပြန်မှုတစ်ခုက ရုရှားရဲ့လက်ရှိအခြေအနေကို ထင်ဟပ်စေခဲ့ ပါ တယ်။ ဇူလိုင် ၁၁ ရက်မှာ အိမ်ဖြူတော် အထူးအရာရှိ ဂျိတ်ဆူလီဗန်က အီရန်ကနေ ရုရှားကို တိုက်ခိုက်ရေးဒရုန်း တွေ ရာနဲ့ချီပြီး ရုရှားကို ပေးပို့ဖို့ ပြင်ဆင်နေတယ်ဆိုပြီး ပြောခဲ့တာပါ။ ဒီလို ပြောဆိုမှုတွေကို ပုံမှန်အားဖြင့် ငြင်း ဆိုလေ့ရှိတဲ့ အီရန်ဟာ ဒီကိစ္စမှာ ငြင်းဆိုခြင်းမပြုဘဲ နောက်ပိုင်းမှာ ရုရှားသမ္မတပူတင်ရဲ့ တီဟီရန်ခရီးစဉ်ထွက် လာတဲ့အတွက် ဒီကိစ္စဟာ ရုရှားစစ်တပ်မှာ ဘယ်လောက်ထိ လက်နက်ခဲယမ်းလိုအပ်ချက်ကြီးမားနေတယ်ဆိုတာ ပေါ်လွင်လာစေခဲ့ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းစစ်အပေါ် ဘယ်လောက်ထိ သဘောထားနေသလဲဆိုတာ ဇူလိုင် ၁၁ ရက်မှာ လက် မှတ်ထိုးခဲ့တဲ့ ယူကရိန်းနိုင်ငံသားတွေကို ရုရှားနိုင်ငံသားအဖြစ်ခံယူခွင့်ပေးတဲ့ အစီအစဉ်ကို ကြည့်မယ်ဆိုရင် သိနိုင် မယ်ထင်ပါတယ်။  ပူတင်အနေနဲ့ ယူကရိန်းတစ်နိုင်ငံလုံးကို သိမ်းယူဖို့ ဆန္ဒရှိနေဆဲဆိုတာကို ဒီအချက်က ပြနေသ လို ဒီအတွက် ယခုထိုးစစ်ဟာ ဒီထက်ပိုပြီး ပြင်းထန်လာနိုင်ဖွယ်လည်းရှိနေခဲ့ပါတယ်။ ဒါပေမယ့် ပူတင်ရဲ့ဆန္ဒဟာ အနောက်အုပ်စုရဲ့ လက် နက်ထောက်ပံ့မှုတွေကြောင့် အောင်မြင်ဖို့မလွယ်သလို ဒီတစ်ပတ်မှာ အမေရိကန်က ထောက်ပံ့တဲ့ ဟိုင်းမားစ် ဒုံး ကျည်တွေကြောင့် ရုရှားရဲ့ ထိုးစစ်ဟာနှောင့်နှေးခဲ့ရပြီး ယူကရိန်းမြို့တွေကို အဝေး ကနေ ဒုံးကျည်ပစ်လွှတ်ဖျက် ဆီးနေတာကိုသာ တွင်တွင် လုပ်နေရတာကို တွေ့ရပါတယ်။

အမေရိကန်ဖိအား ဘာကိုရည်ရွယ်နေသလဲ

ရုရှားသမ္မတပူတင် အီရန်ကို ဇူလိုင် ၁၉ ရက် မလာခင်မှာ အမေရိကန်သမ္မတဘိုင်ဒင်ရဲ့ ခရီးစဉ်အတွင်း အစ္စရေးနဲ့ လုံခြုံရေး သဘောတူညီချက်တွေက ရုရှားကို ဒရုန်းတွေ ရာနဲ့ချီပြီးပို့ပေးမယ်ပြောခဲ့တဲ့ အီရန်ကို ဖိအား ပိုစေခဲ့ပါတယ်။ ဘိုင်ဒင်ရဲ့ အရှေ့အလယ်ပိုင်း ခရီးစဉ်ဟာ ပုံမှန်အားဖြင့် ရုရှားစစ်ကြောင့် ဖြစ်လာတဲ့ လောင်စာဆီ လိုအပ်ချက်ကို လတ်တလောဖြေရှင်းနိုင်ဖို့ အ တွက် သွားနေတယ် ဆိုပေ မယ့် အရှေ့အလယ်ပိုင်းမှာ အီရန်ရဲ့ နူက လီးယားစီမံကိန်းက လက်နက်ထုတ်လုနီးပါး ဖြစ်လာနေတာကြောင့် ဒါဟာလည်း အရေးကြီးတဲ့ အရေး ဖြစ်နေပါ တယ်။ အစ္စရေးဝန်ကြီးချုပ်နဲ့ ချုပ်ဆိုခဲ့တဲ့ သ ဘောတူစာချုပ်မှာဆိုရင် အီရန်ရဲ့ နူကလီယားလက်နက်ရရှိရေး အိပ် မက်ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ်ဖျက်ဆီးဖို့ ကတိကဝတ်ကို အစ္စရေးကို ပေးခဲ့ပါတယ်။ ဒါဟာ အီရန်အတွက်တော့  အတော် အထိနာစေမယ့် ကတိကဝတ်ပါဘဲ။

အစ္စရေးရဲ့ဝင်ရောက်တိုက်ခိုက်မှုကြောင့်  ပျက်စီးခဲ့ရတဲ့ အီရန်အနေနဲ့ နူကလီးယားဗုံးပိုင်ဆိုင်ရေး ရည် မှန်းချက်ဟာ ယခုတစ်ခါ အမေရိကန်ကြောင့် ထပ်ပျက်ဆီးရတော့မယ့်အခြေအနေ ရောက်သွားခဲ့ပါတယ်။ ဒါ ကြောင့်လည်း အီရန်ဘက် က အမေရိကန်ကို ဒီလိုဖျက်ဆီးရင် တန်ရာတန်ကြေးပေးရမယ်ဆိုပြီး ပြန်ခြိမ်းခြောက် ခဲ့ပါတယ်။ ဒါပေမယ့် လက် ရှိ အခြေအနေအရ ဆိုရင် အီရန်အဖို့ အမေရိကန်တကယ်လုပ်မယ်ဆိုရင် ဘယ်လိုမှ တားဆီးနိုင်စွမ်းမရှိနိုင်ဘူးလို့ နိုင်ငံတကာ စစ်သုတေသီတွေက ဆိုထားပါတယ်။ အမေရိကန်က လည်း နောက်ဆုံး နေမှသာ စစ်အင်အားအသုံးပြုမယ်လို့ ဆိုထားတဲ့အတွက် အီရန်အနေနဲ့ပြင်ဆင်ချိန်ရတဲ့ အနေအထားပါဘဲ။ ဒါပေ မယ့် ဘယ်လိုပြင်ဆင်မှာလဲ ဆိုတာ မေးခွန်းထုတ်စရာပါ။  

လက်ရှိမှာ ယူကရိန်းကို ဆင်နွဲနေတဲ့ ရုရှားထိုးစစ်က ဘယ်အခြေဆိုက်နေသလဲဆိုတာ ကြည့်ဖို့လိုပါ တယ်။ ယူကရိန်းအရှေ့ပိုင်းမှာ ရုရှားတပ်တွေကို ယူကရိန်းက ပစ်မှတ်တိကျတဲ့ ဟီမားစ်ဒုံးကျည်တွေ သုံးပြီး စပစ် လာခဲ့တဲ့အတွက် အရေးပါတဲ့ စစ်မြေပြင်တွေမှာ ယူကရိန်းတပ်ဖွဲတွေရဲ့ စွမ်းရည်မြင့်တက်လာစေလို့ စစ်ပွဲ ဟန် ချက်က ပြောင်းလဲသွားခဲ့ပါတယ်။ သတင်းတွေအရဆိုရင် ဇွန်လလယ်ကစပြီး ဟီမားစ်ဒုံးကျည်တွေကြောင့် ရှေ့ တန်းစခန်းနောက်က ရုရှားသိုလှောင်ရုံနဲ့ ကွပ်ကဲရေး စခန်း ၂၀ ကျော်ထိခိုက်ခဲ့တယ်ဆိုပါတယ်။ ဒီအကျိုးဆက်က ယူကရိန်းထိုးစစ်တွေအရှိန်ကိုလျော့ကျစေတာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရုရှားက အရပ်ဘက်ပစ်မှတ်တွေကို အဝေးကနေ အမြှောက်တွေ တာလတ်ပစ်ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတာ လျော့တော့ မလျော့သွားခဲ့ပါဘူး။ ဇူလိုင် ၁၄ ရက်မှာဆိုရင်  ယူကရိန်းအလယ်ပိုင်းက ဗင်ညက်ရှား မြို့ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့လို့ ကလေး ၃ ဦးအပါအဝင် အနည်းဆုံး၂၃ ဦး သေဆုံးခဲ့ပါတယ်။ ဒီလိုပစ်ခတ် နေ တာဟာ ရုရှားတပ်တွေက သူတို့ကိုပြန်မပစ်အောင် ယူကရိန်းနူကလီးယားဓာတ်အားပေးစက်ရုံတွေထဲကနေ ပစ် နေတာလို့ ယူကရိန်းဘက်က ထုတ်ပြန်ခဲ့ပါတယ်။ ထုတ်ပြန်ချက်တွေမှာတော့ ဥရောပအကြီးဆုံး နူကလီးယား ဓာတ်အားပေးစက်ရုံ ဇာပိုရစ်ရှားကနေ ပစ်နေတာဆိုပြီး ယူကရိန်းအဏုမြူစွမ်းအင်အေဂျင်စီက ဆိုထားပါတယ်။ ရုရှားအနေနဲ့ စစ်ကို စစ်လိုမတိုက်ဘဲ အရပ်သားတွေကို ဓားစာခံလုပ်တာတွေ၊ မြို့ကို စိစိညှက်ညှက်ကြေ အောင် ဖျက်ဆီးတာတွေ ၊ အရပ်သားတွေကို အစုလိုက်အပုံလိုက် သတ်တာတွေကြောင့် ခေတ်သစ်မှာ အတော်ကို ရက် စက်ကြမ်းကြုတ်တဲ့ နည်းနဲ့ စစ်ကိုဆင်နွဲနေတာတွေ့ရပါတယ်။ ဒါဟာ လူသမိုင်းမှာ အတော်ကိုဆိုးဝါးတဲ့မှတ် တမ်း တစ်ခုပါဘဲ။

ဇူလိုင် ၁၆ ရက်မှာ ရုရှားဒုံးကျည်အတော်များများ ယူကရိန်းမြို့ကြီးတွေကို ကျရောက်ခဲ့လို့ လူနေအ ဆောက်အဦးတွေ ပျက်ဆီးခဲ့သလို အရပ်သားသေဆုံးမှုတွေ မြင့်တက်ခဲ့ပါတယ်။ဒွန်ဘတ်စ်‌ဒေသက ဒီနီပရိုမှာ ရုရှားမစ်ဇိုင်းတွေကြောင့် ထိခိုက်သေဆုံးမှုတွေ များခဲ့ပါတယ်။ ဒါပေမယ့် မြေပြင်တိုက်ပွဲတွေမှာ ရုရှားတပ်ဖွဲ့တွေ တုံနှေးနေတာကို တွေ့ရမှာ ဖြစ်သလို သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့ပိုင်းမှာ အရပ်သားတွေကို နှင်ထုတ် နေ တာတွေ၊ ယူကရိန်းကလေးငယ်တွေကိုမွေးစားဖို့လုပ်နေတာတွေ၊ မိဘမဲ့ကလေးဂေဟာတွေကို ပြန်ပေးဆွဲနေ တာတွေကြောင့် အမေရိကန်ဘက်က ရပ်တန့်ဖို့ တောင်းဆိုခဲ့တာကိုတွေ့ရတာလည်းရှိခဲ့ပါတယ်။ 

ယူကရိန်းစစ်ဟာ ရုရှားအတွက် ကြာလေ ပြန်ရုန်းထွက်ဖို့ ခဲယဉ်းလာနေသလို ယူကရိန်းစစ်ထဲ ရုရှားတပ် ဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုက ဥရောပနိုင်ငံတွေနဲ့ ရုရှားကို ပြန်လက်ခံဖို့ ခက်ခဲ့သွားပြီ ဖြစ်သလို ရန်/ငါပြတ် စေတဲ့အထိ ဖြစ်စေခဲ့လို ယူကရိန်စစ်အလွန် ဥရောပအခင်းအကျင်းက ပြောင်းလဲသွားဖို့ ရှိနေပါတယ်။

မင်းထက်