【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲနှင့် အာရှစစ်ရေးတင်းမာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်းသုံးသပ်ချက် 】 ကိုဗစ်ကာကွယ်ဆေးပြိုင်ပွဲနှင့် အာရှစစ်ရေးတင်းမာမှု

ကမ္ဘာတစ်ဝန်း လူသိန်းနဲ့ ချီကာ သေဆုံးရတဲ့  ကိုဗစ် ၁၉  ကူးစက်ရောဂါကို ကာကွယ်မယ့် ဆေးဝါး တွေအပြိုင်အဆိုင်ထုတ်လုပ်နေတဲ့ သတင်းက ယခုရက်သတ္တပတ်သတင်းများထဲ စိတ်ဝင်စားစရာ အကောင်းဆုံး သတင်း ဖြစ်ခဲ့ပြီး ထုတ်နေတဲ့ ဆေးတွေက လုံခြုံ စိတ်ချရကြောင်း ပထမဆုံးအတည်ပြုနိုင်တဲ့ ဆေးက ဈေးကွက် ကို အုပ်စီးမှာဖြစ်သလို  ထုတ်လုပ်တဲ့နိုင်ငံအနေနဲ့လည်း နိုင်ငံတကာမှာ ဩဇာအာဏာတက်လာခဲ့စရာရှိနေတဲ့ အ တွက် ကမ္ဘာတစ်ဝန်းက ဒီဆေးသတင်းကို စောင့်ကြည့်နေခဲ့ကြပါတယ်။ ဒီလိုသတင်းအပြင် ယခုရက်သတ္တပတ် မှာ  တစတစစစ်ရေးတင်းမာမှုမြင့် တက်လာတဲ့  အမေရိကန်နဲ့ တရုတ်၊တရုတ်နဲ့အိန္ဒိယတို့၏ စစ်ရေးလှုပ်ရှားမှုသတင်း တွေပါဘဲ။ အဆိုပါ သတင်းများအပြင် သဘာဝဘေးဆိုင်ရာသတင်းများကလည်း နိုင်ငံတကာသတင်း စောင့် ဖတ်သူများကို သတိထားမိစေခဲ့ပါတယ်။

ဒီထဲကမှ နိုင်ငံကြီးတွေပါဝင်နေတဲ့ ကိုရိုနာဗိုင်းရပ်ကာကွယ်ဆေးထုတ်လုပ်မှုနဲ့ နောက်ခံ အကြောင်းအရာ သတင်းတွေကို ပထမဆုံးတင်ဆက်ခြင်ပါတယ်။

ကာကွယ်ဆေးလား၊ ဩဇာအာဏာလွှမ်းမိုးမှုအသစ်လား

ကမ္ဘာတစ်လွှား လူဦးရေ ၂၆ သန်းခွဲနီးပါး ကူးစက်နေပြီး သေဆုံးသူ ၉ သိန်းနီးပါးကပ်လာတဲ့ ကိုရိုနာ ဗိုင်း ရပ်ကူးစက်ပြန့်ပွားမှုဟာ လပေါင်း ဆယ်လနီးပါးရှိလာတဲ့ အခါ ကမ္ဘာနိုင်ငံငယ်တွေမဆိုထားနဲ့ နိုင်ငံကြီး တွေကိုပါ ပြိုလဲလုမတတ် ဖြစ်လာစေခဲ့ပါတယ်။ အထူးသဖြင့် စီးပွားရေးအရ လည်ပတ်လို့မရအောင် လူတွေကို ထိန်းချုပ် ကန့်သတ်မှုတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပစ်ရတာတွေကြောင့် ကမ္ဘာနိုင်ငံတွေမှာ ပင်မစီးပွားရေးလုပ်ငန်းတွေ ထိခိုက်ယိုင်နဲ့ကာ အလုပ်လက်မဲ့ဦးရေက တစ်ဟုန်ထိုးတက်လာခဲ့သလို နိုင်ငံရေးအရပါမတည်မငြိမ်မှုတွေဖြစ်လာ ခဲ့တဲ့အတွက် အစိုးရက ကန့်သတ်ပိတ်ဆို့မှုတွေကို ပြန်လျော့ရတဲ့အခါ ကူးစက်မှုက ပြန်လည်ဖြစ်ပွားမှုပြန်ဆိုးရွား လာခဲ့တဲ့အတွက် နိုင်ငံတိုင်းနီးပါး လုံးလည်ချာလည်လိုက်ကာ အချို့ နိုင်ငံတွေမှာ ဗိုင်းရပ်ဘေးကြောင့် အစိုးရအ ပြောင်းအလဲတွေ ဖြစ်ခဲ့တာတွေ၊ဖြစ်လုနီးပါး ဖြစ်ပေါ်နေတာတွေ ဖြစ်ခဲ့ပါတယ်။ ဒီလိုအကြပ်အတည်းတွေအတွက် တစ်ခုတည်းသော ထွက်ပေါက်က ဗိုင်းရပ်ကိုကာကွယ်နိုင်တဲ့ ကုသကာကွယ်ဆေးပေါ်ထွက်လာဖို့ဘဲ ဖြစ်ပါ တယ်။

ဗိုင်းရပ်စတင်ဖြစ်ကတည်းက ဒီဗိုင်းရပ်ကို ကုသကာကွယ်ဖို့ လုပ်နေခဲ့တာမှာ ယခုအခါ နိုင်ငံကြီးတွေ ဖြစ် တဲ့ အမေရိကန်၊ရုရှား၊တရုတ်၊ ဗြိတိန်၊ပြင်သစ်စတဲ့ နိုင်ငံတွေက ထုတ်လုပ်စမ်းသပ်နေတဲ့ ဆေးအချို့က နောက်ဆုံး အဆင့်ကို ရောက်လာသလို ကြီးမားလွန်းတဲ့ ကုသကာကွယ်ဆေးစျေးကွက်ကို စောစောထုတ်နိုင်တဲ့ ဆေးက စျေး ကွက်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်မှာဖြစ်တဲ့ အတွက် တက်သုတ်ရိုက်လုပ်ကိုင်နေသလို ကမ္ဘာကျန်း မာရေးအဖွဲ့ကလည်း မြန်ဆန်မှုဦးစားပေးပြီး ထုတ်လာခဲ့ရင် ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သတိပြုဖို့ မပြတ်သတိပေးနေ တာကိုတွေ့ရပါတယ်။ ဒီအတွက် သြဂုတ် ၃၁ ရက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆေးဝါးများကို အပြည့် အဝလက်တွေ့စမ်းသပ်မှု မပြီးစီးဘဲ အတည်ပြုချက်မပေးဖို့နဲ့ အလွန်တရာ ပေါ့ပေါ့တန်တန်လုပ်ဆောင်ရသည့် အရာမျိုး မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အစောပိုင်းက ရုရှားကနေ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုးကို လူဖြင့် စမ်းသပ်မှု နှစ်လနီးပါးသာ လုပ် ခဲ့ပြီး ယင်းဆေးကို ယခုလအတွင်း တရားဝင်စည်းမျဉ်းဆိုင်ရာ အတည်ပြုချက်ထုတ်ပေးခဲ့တဲ့အတွက် ယင်းဆေးရဲ့ ဘေးကင်းစိတ်ချရမှု၊ အစွမ်းထက်ထိရောက်မှုနှင့်ပတ်သက်၍ အနောက်နိုင်ငံ ပညာရှင်များထံမှ မေးခွန်းထုတ် မှုများ ပေါ်ထွက်ခဲ့ပါတယ်။ အမေရိကန်ကလည်း ရွေးကောက်ပွဲနဲ့ ပြည်တွင်းကူးစက်မှုအသေ အပျောက်မြင့် တက် ခဲ့တဲ့ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို စမ်းသပ်မှုအားလုံး မပြီးခင် ဆောလျင်စွာ အရေးပေါ် အတည်ပြုချက် ထုတ်ပေးကောင်းပေးနိုင်တယ်ဆိုပြီး ပြောခဲ့တာရှိခဲ့ပါတယ်။ ဒီအတွက် ဆေးအမြန်ရလိုမှုနဲ့ အကျိုးအမြတ်ကြီး မားလွန်းတဲ့  ကာကွယ်ဆေးထုတ်လုပ်မှုကို  ခုန်ပျံကျော်လွှား အဆင့်တွေကျော်ပြီး စမ်းသပ်ဖြတ်သန်းမှုတွေ လုပ်ခဲ့မယ်ဆိုရင် ဆေးကြောင့် ရတဲ့ကောင်းကျိုးထက် ဆေးကြောင့်ရတဲ့ဆိုးကျိုးက ပိုများလာမှာကို ကျန်းမာရေး ပညာရှင်တွေက စိုးရိမ်နေကြတာပါ။

အထူးသဖြင့် ယခုကာကွယ်ဆေးက ကမ္ဘာ့နိုင်ငံရေးအရလည်း အရေးပါနေခဲ့ပါတယ်။ လာမည့်နိုဝင် ဘာ လမှာ ကျင်းပမယ့် အမေရိကန်ရွေးကောက်ပွဲမတိုင်မီ  ဒီကာကွယ်ဆေးပေါ်ထွက်လာဖို့က လက်ရှိအမေရိကန် သမ္မတ ထရမ့်အ တွက် သေရေးရှင်ရေးလဲ ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ကူးစက်ပြန့်ပွားမှုအများဆုံးနဲ့ သေဆုံးမှု အမြင့်ဆုံးဖြစ်နေတဲ့ နိုင်ငံလည်းဖြစ်တဲ့ အတွက် ဒီဆေးဝါးကိုသာရခဲ့မယ်၊စောစောအသုံးပြုုနိုင်ခဲ့မယ်ဆိုရင်  ထရမ့် အတွက် လူ ကြိုက်များမှုကျဆင်းနေတဲ့ သူရဲ့နိုင်ငံရေးမှာပါ ပြန်လည်ကောင်းမွန်လာနိုင်သလို တစ်ဖန်ပြန် လည် ရွေးကောက် ခံရနိုင်ခြေလည်းမြင့်တက်လာမှာ သေချာနေပါတယ်။ ဒီလိုအခြေအနေတွေရှိတဲ့ အတွက် အမေရိကန် သမ္မတ ရွေးကောက်ပွဲမတိုင်မီ နှစ်ရက်အလို နိုဝင်ဘာလ ၁ ရက်နေ့အရောက် Covid-19 ကာကွယ်ဆေးကို ပြည် နယ်တွေမှာဖြန့်ဝေဖို့ စီစဉ်ထား တယ်ဆိုပြီး စက်တင်ဘာ ၃ ရက်ကပြောခဲ့တာဖြစ်ပါတယ်။ ဒီအတွက် ကာကွယ် ဆေးဖြန့်ဝေရေးလုပ်မယ့် စင်တာ တွေကို အသင့်ဖြစ်ဖို့ ပြည်နယ်အစိုးရတွေကို အမေရိကန်ကူးစက် ရောဂါကာ ကွယ်ရေးဌာန( CDC) အကူအညီ တောင်းခံခဲ့တာကို တွေ့ရပါတယ်။  

ကမ္ဘာတစ်ဝန်း လက်ရှိမှာ နောက်ဆုံးအဆင့် Phase- 3 ရောက်နေတဲ့ ကာကွယ်ဆေး  ၉ မျိုးရှိပြီး ကန့် သတ် သုံးစွဲနေတဲ့ ဆေးက ၃ မျိုးထိရှိနေပါပြီ။ ဒီထဲမှာ အနောက်အုပ်စုက ဆေးတွေပါဝင်ပါတယ်။ Moderna Inc ၊ AstraZeneca Plc နှင့် Pfizer Inc အပါအဝင် ဆေးဝါးကုမ္ပဏီတွေက ထုတ်တဲ့ကာကွယ်ဆေးတွေက အတော်လေး ခရီးရောက်နေပြီး တချို့က စမ်းသပ်မှုတွေမှာ ရလဒ်ကောင်းတွေ ထွက်နေသလို တချို့တွေက အထူးခွင့်ပြုချက်နဲ့ စစ်တပ်နဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ သုံးနေ တာတွေ ရှိ နေပြီဖြစ်ပါတယ်။ ဒီထဲမှာ INOVIO'S INO-4800၊ MODERNA'S MRNA-1273၊CANSINO’S AD5-NCOV၊THE OXFORD VACCINE၊SINOVAC’S PICOVACCတွေက Phase 3 ထိရောက်နေပြီး ရုရှားထုတ်၊ တရုတ်ထုတ်နဲ့ remdesivir ဆေးတွေက ကန့်သတ်သုံးတဲ့ အဆင့် ရောက် နေပါပြီ။ အမေရိကန်က ကမ္ဘာကပ်ရော ဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို ကာကွယ်နိုင်တဲ့ ဆေးဝါးထုတ် လုပ်ရေးမှာ ဘီလျံနဲ့ ချီ ရင်းနှီးမြုပ်နှံထားပြီး ထွက်လာတဲ့ ဆေးဝါးတွေကို အကုန်သိမ်းကျူံးဝယ်ယူဖို့ ကိုပါ စီစဉ် ထားတယ်ဆိုတဲ့ သတင်းတွေ အစောပိုင်းမှာ ထွက်လာခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီသတင်းတွေကို ငြင်းခဲ့ပေမယ့် ကမ္ဘာကျန်းမာရေးအဖွဲ့ WHOနဲ့ ပူးတွဲလုပ်ဆောင်မှုတွေ လုပ်ဖို့မရှိသလို တရုတ်ကိုမျက်နှာသာပေးတဲ့ ကမ္ဘာကျန်း မာရေးအဖွဲ့ရဲ့ ကာကွယ်ဆေးအစီအစဉ်ထဲမှာလည်း  မပါဘူးလို့ ပြတ်ပြတ်သားသားငြင်းခဲ့တာ ရှိပါတယ်။

လတ်တလောအရ နိုဝင်ဘာ ၁ ရက်နေ့မှာ အမေရိကန်တစ်ဝန်းဖြန်မယ့် ကိုရိုနာ ကုသကာကွယ်ဆေးက ဘယ်ဆေးဖြစ်နိုင်မလဲဆိုတာကို ကမ္ဘာနိုင်ငံတွေက စိတ်ဝင်စားနေသလို အပြိုင်ထုတ်နေတဲ့ ဆေးကုမ္ပဏီတွေဖြစ် တဲ့ တရုတ်၊ရုရှားအတွက်လည်း ဒီသတင်းထွက်ပေါ်လာမှုက သူတို့အတွက် စျေးကွက်နောက်ကျမှုအပြင် ကာကွယ်ဆေးကြောင့် ရလာနိုင်တဲ့ နိုင်ငံရေးဩဇာ အာဏာပါ လက်လွတ်နိုင်ရတဲ့အတွက် ကာကွယ်ဆေးအတွက် ပြိုင်ဆိုင်မှုက ပြင်းထန်လာဖွယ်ရှိလာပါတယ်။ ဒါကြောင့်လည်း WHOက ကုသကာကွယ်ဆေးကို နည်းမှန်အတိုင်း ထုတ်ကြဖို့ ၊ စိတ်ချယုံကြည်ရတဲ့ အဆင့်ရောက်မှ သုံးစွဲခွင့်ပြုဖို့ ဆော်ဩသတိပေးနေခဲ့တာဖြစ်ပါတယ်။ လူပေါင်း ၁၈၀ ၀၀၀ ထက်မနည်း သေဆုံးစေခဲ့သော ကိုဗစ်-၁၉ ရောဂါကို တားဆီးရန်အတွက် ကာကွယ်ဆေးထုတ်လုပ်ရန် ဘီလျံပေါင်းများစွာသုံးစွဲမည်ဟု ကတိပြုခဲ့တဲ့ သမ္မတဒေါ်နယ်ထရမ့်အတွက်  ရွေးကောက်ပွဲမှာ ပြန်လည်အနိုင်ရဖို့ ကုသကာကွယ်ဆေးက အရေးကြီးတဲ့အတွက် ပုံမှန်ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းစဉ်တွေကို ကျော်လွှားပြီး ဆေး သုံးစွဲဖို့ ဒီထက်စောပြီး ခွင့်ပြုဖို့ ဖိအားပေးလာနိုင်ခြေရှိနေပါတယ်။ ဒီဆေးသာစောစောသုံးခွင့်ရမယ်၊ ဆိုးကျိုးမရှိဘဲ ကူးစက်ကပ်ရောဂါဖြစ်ပွားမှု သိသိသာသာလျော့ချနိုင်ခဲ့မယ်ဆိုရင် စာတိုက်ကနေ မေးလ်စနစ်နဲ့ မဲထည့်ရမယ့် စနစ်ကိုပါ ပြန်လည်ပြင်ဆင်လာနိုင်မှာဖြစ်လို့ သူအတွက် အသာရနိုင်ခြေရှိတဲ့ လူကိုယ်တိုင်တိုက်ရိုက်မဲထည့်ကြ ရမယ့် အခွင့်အရေးကို ဘာဖြစ်ဖြစ်လက်လွတ်ခံဖွယ်မမြင်ပါဘူး။

အစဉ်အလာအားဖြင့် ကာကွယ်ဆေးတစ်ခုအတွက် သုတေသနပြုရန် ကြာချိန် ၁၀ နှစ်မှ ၁၅ နှစ်အတွင်း ရှိပြီး ပုံမှန်အားဖြင့် ကာကွယ်ဆေးထုတ်လုပ်မှုလုပ်ငန်းစဉ်က နှစ်ပေါင်းများစွာ ကြာမြင့်သလို အန္တရာယ် မရှိ ကြောင်း အတည်ပြုချက်ရဖို့ လူပေါင်းသောင်းနဲ့ချီပြီးပါဝင်စမ်းသပ်ကာ  လပေါင်းများစွာ ဆိုးကျိုးရှိ/မရှိ စောင့် ကြည့် ရတာပါ။ လက်ရှိမှာ COVID-19 ရောဂါ ကာကွယ်ဆေး ထုတ်လုပ်မှုအတွက် ခန့်မှန်းခြေအားဖြင့် ၁၈ လခန့် ကြာနိုင်တယ်လို့ ဆိုခဲ့ပေမယ့် ၁၂ လတောင်မကြာသေးတဲ့ အချိန်မှာထွက်ပေါ်လာနိုင်ခြေများတဲ့ ယခုကာကွယ် ဆေးဖော်ထုတ်မှုက ဆေးသမိုင်းကြောင်း တစ်လျှောက် အမြန်ဆန်ဆုံး ကာကွယ်ဆေး ထုတ်လုပ်မှုပါဘဲ။

လက်ရှိမှာ အမေရိကန်က နိုဝင်ဘာ ၁ ရက်မှာ စသုံးမယ့် ကာကွယ်ဆေးက Moderna ရဲ့ mRNA ကာ ကွယ်ဆေးဖြစ်ဖို့များ နေသလို တရုတ်ကလည်း သူထုတ်တဲ့ ကာကွယ်ဆေး Sinovaxကို သုံးဖို့ နိုင်ငံအချို့ကို ကမ်း လှမ်းမှုတွေရှိနေသလို ရုရှားကလည်း သူနိုင်ငံထုတ် ကာကွယ်ဆေးကို တချို့အဖွဲ့အစည်းတွေမှာ စသုံးခွင့်ပြုနေတဲ့ အတွက် ကိုဗစ် ကာကွယ်ဆေးအတွက် အမေရိကန်နဲ့ အနောက်အုပ်စုက တစ်ဘက် ၊ ရုရှားနဲ့တရုတ်ဘက်က တစ်ဘက်ပွဲမှာ ဘယ်ကာကွယ်ဆေးက ပန်းအရင်ဝင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းသလဲ ဗိုင်းရပ်ကြောင့် နှစ်နဲ့ချီပြိုလဲမယ် စီးပွားရေးတွေက ကာကွယ်ဆေးကြောင့် ပြန်နိုးထအသက်ဝင်လာမလားဆိုတာ မျှော်လင့် စရာပါ။

အမေရိကန်မှာသာ ဆေးကိုစသုံးခဲ့လို့ ဘာမှ ထူးထူးခြားခြားဆိုးကျိုးမဖြစ်လာခဲ့ရင် အနောက်အုပ်စု ဆေး က ပိုစိတ်ချရတယ်ဆိုတဲ့ ဆေးလောကမှာ ပုံရိပ်ကောင်းရှိတဲ့အတွက် အနောက်အုပ်စုဆေးက စျေးကွက်ကိုသိမ်း မယ့် အလားအလာကို   တရုတ်နဲ့ ရုရှားထည့်မတွက်ဘဲနေမှာမဟုတ်ပါဘူး။ ဆေးနဲ့အတူရရှိမယ့် ကမ္ဘာနိုင်ငံရေး ဩဇာ အာဏာကိုလည်း လက်လွတ်ခံရမှာဖြစ်လို့ နိုဝင်ဘာ ၁ ရက်မတိုင်မီ တရုတ်နဲ့ ရုရှားဘက်က ကိုဗစ် ၁၉ ကာကွယ်ဆေးစျေးကွက်ထဲ ဝင်လာနိုင်ခြေများနေပါတယ်။ ဒီခန့်မန်းချက် ဖြစ်နိုင်မဖြစ်နိုင် စောင့်ကြည့်ရမှာပါ။

လတ်တလောမှာတော့ ကူးစက်မှုတွေက မြင့်တက်နေသလို အာရှဒေသတွင်းက အင်ဒိုမှာပို၍ ကူးစက် လွယ်သော သန္ဓေပြောင်း ကိုရိုနာဗိုင်းရပ်စ်သစ်တွေ့ရှိနေရလို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ ဆက် လက်မြင့် တက်နေဆဲ ဆိုတာကို ပြည်သူတွေကို သတိပေးတဲ့အနေနဲ့ ရောဂါအကာအကွယ်ဝတ်စုံတွေ ဝတ်ထားတဲ့ တာဝန် ရှိသူတွေ ခေါင်းတလားအလွတ်တွေကို ကားနဲ့ သယ်ပြီး ဂျကာတာမြို့တွင်း လမ်းတွေမှာ လှည့် လည်ပြသနေ ခဲ့ရ တဲ့အထိ တောင် ဖြစ်နေပါတယ်။ ပြင်သစ်နဲ့ ဂျာမန်မှာတော့  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ပြဋ္ဌာန်း တဲ့ နှာခေါင်းစည်း မဖြစ် မနေ တပ်ရမယ့် စည်းမျဉ်းကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီရက်ထဲမှာဘဲ ဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်ဆိုလဲ နိုင်ငံထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေလို့ ဆေးရုံ၊ဆေးခန်းဝန်ဆောင်မှုများ ထပ်မံ တိုးချဲ့နေရပါတယ်။ အိန္ဒိယဆိုရင် ကူးစက်ခံရသူ ၄ သန်းနီးပါး၊ သေဆုံးသူ ၈ သောင်းကျော်အ ထိဖြစ်နေတာ ပါ။ ဒီလိုဖြစ်ပွားမှုမြင့်တက်နေလို့ ဒီသုံးနိုင်ငံဖြစ်တဲ့ အင်ဒို၊ဖိလစ် ပိုင်၊အိန္ဒိယနိုင်ငံက လာသူတွေကို မလေးရှားဆိုရင် အဝင်တောင်မခံတော့တဲ့ အထိဖြစ်နေပါတယ်။

ဒါပေမယ် ကူးစက်မှုများတဲ့ ပါကစ္စတန်မှာတော့ ရောဂါကူးစက်မှု ထူးထူးခြားခြား လျော့ကျလာသလို တချို့နိုင်ငံတွေမှာတော့ ကျောင်းတွေ ပြန်ဖွင့်နိုင်တဲ့ အထိအခြေအနေတွေ တိုးတက်နေ ပါတယ်။ နယူးဇီလန် နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အော့ကလန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လော့ခ်ဒေါင်း ချမှတ်ထားခဲ့ရတာကို ရုတ် သိမ်းခဲ့သလို ခုနစ်လအတွင်း ပထမဆုံးအကြိမ်အနေနဲ့ မြို့တွင်းမှာ ရှိတဲ့ စာသင်ကျောင်းအားလုံး ပြန်ဖွင့်ခဲ့ပါတယ်။ ကူးစက်မှု ပထမဆုံး စတင်ပေါ်ပေါက်ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့မှာ စာသင်ကျောင်းတွေ အားလုံးကို စက်တင်ဘာ ၁ ရက်ကစလို့ ပြန်လည်ဖွင့်လှစ်ခဲ့သလို စက်တင်ဘာ ၃ ရက်မှာ နိုင်ငံ ၈ နိုင်ငံနဲ့ လေကြောင်း ပြေးဆွဲ မှု ပြန်စခဲ့ပါတယ်။ ဗီယက်နမ်လဲ ဒီလထဲ ပြန်စဖို့လုပ်နေသလို အောက်တိုဘာမှာ နိုင်ငံခြား ဧည့်သည်များအား လက်ခံရေးအတွက် ဖူးခက်ကမ်းခြေဖွင့်ဖို့လည်း ထိုင်းကလည်း စိုင်းပြင်းနေပါတယ်။ ကောင်းတာရှိသလို ဆိုးတာ ရှိတဲ့အတွက် ဆေးတွေထွက်လာခဲ့ရင် ကမ္ဘာတစ်ဝန်းကျန်းမာရေးအတွက် စိတ်အေးရမယ်ဆိုပေမယ့် ဆေးတွေ ကုန်ကျစရိတ်ကလည်း ကမ္ဘာတတိယနိုင်ငံတွေမတတ်နိုင်တဲ့အတွက် ဆေးထုတ်နဲ့နိုင်ငံကြီးတွေကို ဆေးအတွက် ဘာတွေ ပေးဆက်ရဦးမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

အာရှစစ်ရေးတင်းမာမှု

ဩဂုတ် ၂၉ ရက်က တရုတ်-အိန္ဒိယနယ်စပ်က အငြင်းပွားဖွယ် ဟိမဝန္တာနယ်စပ်မှာ အိန္ဒိယနယ်စပ်အထူး တပ်ဖွဲ့နှင့်တရုတ်တပ်ဖွဲ့ဝင်တွေ ပဋိပက္ခထပ်မံ ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ပွားမှုမှာ အိန္ဒိယဘက် မှ တိဗက်အနွယ်ဝင် စစ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။ဒါဟာ ဇွန်လက ဖြစ်ပွားခဲ့သော ရန်ပွဲ၌ အိန္ဒိယစစ်သား ၂၀ ဦးသေဆုံးခဲ့ပြီးနောက် ၎င်းနယ်စပ်မှာ ထပ်မံ အိန္ဒိယဘက်မှ ကျဆုံးခဲ့တာပါ။စနေနှင့်တနင်္လာနေ့မှာ နှစ်ဘက်အကြား လာဒက်ဒေသပိုင် နက် အရေးနှင့်ပတ်သက်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်စွပ်စွဲပြစ်တင်ကာ ပဋိပက္ခဖြစ်ပွားခဲ့တာပါ။ အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနကတော့ နပ်စပ်၏ လက်ရှိအခြေအနေကို ပြောင်းလဲရန် ရန်စသောစစ်ရေး လှုပ်ရှားမှု တော့ တရုတ်ဘက်က လုပ်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ တရုတ်ဘက်ကလည်း တနင်္လာ‌နေ့က အိန္ဒိယတပ်တွေရဲ့ လှုပ်ရှားမှုက တရုတ်၏ ပိုင်နက်ဆိုင်ရာအချုပ်အခြာကို ဆိုးဆိုးရွားရွား ချိုးဖောက်နေတယ်ဆိုပြီး အိန္ဒိယတပ်ဖွဲ့ များကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့တာပါ။အိန္ဒိယမီဒီယာတွေမှာတော့ Pangong Tso ရေကန်ဝန်းကျင်မှ တောင် ကုန်းများကို တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များက ရယူရန် ကြိုးပမ်းခဲ့တာကို တားဆီးနိုင်ခဲ့ တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီလို ဖြစ်ရပ်က အာရှရဲ့ လူဦးရေအကြီးမားဆုံးနဲ့ နူကလီယားလက်နက်ပိုင်ဆိုင်တဲ့ နိုင်ငံကြီးနှစ်နိုင်ငံ အ ကြားကာလရှည် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ နယ်စပ်ပြဿနာရဲ့နောက်ဆုံးအခြေအနေပါ။ ဒီပြဿနာကြောင့် ဇွန်လက နှစ်နိုင်ငံအကြားစစ်ဖြစ်လုနီးပါးဖြစ်ခဲ့ရတာပါ။ လက်ရှိမှာ အိန္ဒိယအဖို့ ကိုရိုနာဗိုင်းရပ်ဘေးကို ဆိုးဆိုးရွား ရွားခံစားထိခိုက်နေသလို တရုတ်အဖို့လည်း အနောက်အုပ်စု၊ အမေရိကန်တို့နဲ့ နိုင်ငံရေးရော စစ်ရေးမှာပါ တင်းမာ မှုမြင့်တက်နေတဲ့ အချိန်ပါ။နှစ်နိုင်ငံစလုံး လက်ရှိပြဿနာကို အာရုံစိုက်နိုင်တဲ့ အခြေအနေမရှိပါဘူး။

အစဉ်တစ်စိုက် သူပိုင်နက်အဖြစ် သဘောထားတဲ့ တိုင်ပေကို ချက်သမ္မတနိုင်ငံရဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က  သြဂုတ် ၃၀ ရက်က သွားရောက်ခဲ့လို့ တရုတ်ဘက်က ဒေါသ ထွက်ခဲ့ပါတယ်။ ဒီမတိုင်မီ အမေရိကန် အစိုးရအဖွဲ့ဝင် ကျန်းမာရေးဝန်ကြီး အဲလက်ဇ် အေဇားက တိုင်ပေကို သွားရောက်ခဲ့လို့ မပြေလည်မှုတွေရှိနေချိန်မှာ နှစ်ပတ်အတွင်း တိုင်ပေကို ဒုတိယမြောက် ပြည်ပနိုင်ငံ အဆင့်မြင့် ပုဂ္ဂိုလ်အဖွဲ့တစ်ဖွဲ့ရဲ့ လာရောက်မှု့ကတော့ တရုတ်အတွက် အခံရခက်စေပါတယ်။ တရုတ်ဘက်ကတော့ ဒီလို လာရောက်ခဲ့တာတွေကို ပြည်တွင်းရေးဝင်ရောက်စွက်ဖက်မှု၊ စက်ဆုပ်ဖွယ် လုပ်ရပ်တစ်ခုအဖြစ် ပြစ်တင်ခဲ့ပါ တယ်။ ချက်အထက်လွှတ်တော်ဥက္ကဋ္ဌကိုတော့ ဒီလိုသွားရောက်ခဲ့တဲ့အတွက် ကြီးမားစွာ ပေးဆပ်ရမယ်ဆိုပြီး တရုတ်ဘက်က ပြောခဲ့ပါတယ်။

အမေရိကန်က ဒီရက်ထဲမှာဘဲ သူရဲ့ သံတမန်တွေကို မကြာခင်က တရုတ်ဘက်က ကန့်သတ်ခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ တရုတ်သံတမန်တွေ အမေရိကန်တက္ကသိုလ်တွေကို သွားမယ်ဆိုရင်၊  သွားရောက်ခြင်းမပြုမီနှင့် သံရုံးပြင်ပတွင် လူ ၅၀ နှင့်အထက် ပါဝင်သော ယဉ်ကျေးမှုအခမ်းအနားများ မလုပ်ဆောင်မီ နိုင်ငံခြားရေး ဝန်ကြီး ဌာနထံမှ ခွင့်ပြုချက်ရယူရမယ်ဆိုပြီး အမေရိကန်ဘက်က တရုတ်သံတမန်များအပေါ်ကန့်သတ်အသစ်ချမှတ်ခဲ့ပါ တယ်။

ထရမ့်လက်ထက်မှာ ဆိုးရွားလာတဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးက လတ်တလောမှာ အဆိုးရွား ဆုံး အဆင့်ကိုရောက်နေပါတယ်။ ကုန်သွယ်ရေးစစ်ပွဲ နှစ်နိုင်ငံအကြားဆင်နွဲနေတဲ့ အချိန်မှာ အချိန်ကိုက်ဖြစ်လာတဲ့ ကိုရိုနာဗိုင်းရပ်ဘေး ကြောင့်လည်း တင်းမာမှုက ပိုပြင်းထန်လာခဲ့ပါတယ်။ အထူးသဖြင့် စတင်ဖြစ်ပွားတဲ့ တရုတ် နိုင်ငံမှာ ကူးစက်မှုနဲ့ သေဆုံးနူန်းက မပြောပလောက်ရုံသာရှိပေမယ့် အမေရိကန်မှာတော့ ကူးစက်သူ ၆ သန်း ကျော် သေဆုံးသူ ၂ သိန်းနီးပါးရှိလာခဲ့မှုအတွက် အမေရိကန်ဘက်က တရုတ်ဘက်ကို အမြဲတစေ အပြစ်တင် လက်ညှိုးထိုးခဲ့ပါတယ်။ဒီအတွက်လည်း တရုတ်ဘက်က အမေရိကန်သမ္မတနဲ့ အစိုးရအဖွဲ့ရဲ့ ပေါဆကိုင်တွယ်မှုကို ထောက်ပြလေ့ရှိသလို အငြင်းပွားမှုတွေ၊တရားစွဲမှုတွေ၊လျော်ကြေးတောင်းမှုတွေရှိခဲ့ပါတယ်။  ပြီးခဲ့တဲ့ ရက်တွေမှာ တောင်တရုတ်ပင်လယ်အတွင်းက တရုတ်စစ်ရေးလေ့ကျင့်နေတဲ့ နေရာကို အမေရိကန်ဘက်က U 2 သူလျိုလေ ယာဉ်ကို ဖြတ်ပျံစေခဲ့တာကနေ စစ်ရေးတင်းမာမှုဖြစ်ပြီး တရုတ်ဘက်က အမေရိကန်လေယာဉ်တင် သင်္ဘော နှစ်စင်း ရှိနေတဲ့ တောင်တရုတ်ပင်လယ်ထဲ လေယာဉ်တင် သင်္ဘောဖျက်ဒုံးကျည်တွေဖြစ်တဲ့ တာလတ်ပစ် DF-26 DF-21 တွေကို ပစ်ခတ်ခဲ့တာပါ။ ဒီလိုပစ်ခတ်လို့ နှစ်နိုင်ငံ စစ်ရေးတင်းမာခဲ့သလို တောင်တရုတ်ပင်လယ်ထဲ အမေရိကန်ဘက်က စစ်သင်္ဘောအုပ်စုတွေ ဝင်လာ ခဲ့သလို အခြေအနေတွေက ပေါက်ကွဲမှုဖြစ်မတတ် အခြေ အနေအထိရောက်ခဲ့ပါတယ်။

အခြားတဘက်မှာလည်း တရုတ်ရဲ့အစဉ်အလာပြိုင်ဘက် ဂျပန်မှာ ကာလရှည်ဝန်ကြီး ချုပ်ရှင်ဇိုအာဘေး ကျန်းမာရေးကြောင့် ရာထူးကနေနူတ်ထွက်ခဲ့တဲ့အတွက် ခေါင်းဆောင်အပြောင်းအလဲကကို တရုတ်ဘက်က စောင့်ကြည့်နေရတဲ့ အခြေအနေရှိနေပါတယ်။ လက်ရှိမှာ အနားယူမယ့် ရှင်ဇိုအာဘေးနေရာကို ဆက်ခံမယ် သူ ရွေးပွဲမှာ ဂျပန်ကာကွယ်ရေးဝန်ကြီးက ဦးဆောင်နေတဲ့အတွက် တစ်ချိန်က အာရှစစ်အင်အားကြီး ဂျပန်မှာ သဘောထားတင်းမာသူတွေ ဦးဆောင်မယ့်အခြေအနေဖြစ်နေပြီး ဖြစ်လာခဲ့ရင် ဂျပန်ရဲ့ ဖြစ်လာနိုင်တဲ့ စစ်ရေး တိုးချဲ့ တည်ဆောက်မှု အခြေအနေသစ်တွေကြောင့် အာရှဒေသအတွင်း တင်းမာမှုတွေ က အရှိန်မြင့်တက် လာမ လားဆိုတာ စောင့်ကြည့်ချင်စရာပါ။

ယခုသတင်းများအပြင် လူတစ်ဦးကျောပိုး ဂျက်အင်ဂျင်ဖြင့်လော့စ်အိန်ဂျလိစ် လေဆိပ် အနီးပျံဝဲနေလို့ လေယာဉ်မှုးများကသတင်းပေးပို့ခဲ့ရတဲ့ သတင်း၊ ဂျပန်ဝန်ကြီးချုပ်သစ်ဖြစ်လာဖို့ အာဏာရ ပါတီ ခေါင်းဆောင် ရွေးပွဲထဲ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှီဟီဒဲ ဆူဂါပါဝင်လာတဲ့ သတင်း၊ ရုရှားအစိုးရအပေါ် ဝေဖန်သူ အတိုက်အခံခေါင်းဆောင် နိုင်ငံရေးသမား အလက်ဇီ နာဗယ်လ်နီ ကို ဓာတုအဆိပ်ခတ်လုပ်ကြံခဲ့တာလို့ ဂျာမနီ ဝန်ကြီးချုပ် အိန်ဂျလာ မာကယ်လ်က ထုတ်ဖော်ပြောလိုက်တဲ့ သတင်း၊ Facebook က ရုရှားက အမေရိကန်နှင့် ဗြိတိန်ရှိ လက်ဝဲဝါဒီ မဲဆန္ဒရှင်များကို ပစ်မှတ်ထားပြီး ရုရှားသြဇာလွှမ်းမိုးရေး ကမ်းပိန်းကိုလုပ်ခဲ့ တယ်လို့ ဖော်ထုတ်ခဲ့တဲ့ သတင်း၊လက်ဘနွန်ဆန္ဒပြပွဲအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေကို ရိုက်နှက်ခဲ့လို့ ဆန္ဒပြသူတွေ ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်း၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီအစိုးရလက်ထက်က နှိပ်စက်ညှဉ်းပန်းမှုတွေကို အဓိကလုပ်ဆောင်ခဲ့သူခမာနီ အကျဉ်းထောင် အကြီးအကဲအသက် ၇၇ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တဲ့သတင်း၊ထိုင်းပါလီမန်မှာ ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရဖို့ ဆွေးနွေးတော့မယ်သတင်း၊ ကိုရိုနာဗိုင်း ရပ်စ်ကပ်ရောဂါကြောင့် အိုလံပစ်မီးရှူးတိုင် တိုကျို အိုလံပစ်ပြတိုက်မှာ ဆက်လက်ပြသထားမယ် သတင်း၊ ဂျပန်တိုယိုတာကုမ္ပဏီက ခေတ်ရှေ့ပြေး ကားပျံကို အများပြည်သူ မြင်ကွင်းရှေ့ လေးမိနစ်ကြာ အောင်မြင်စွာ စမ်းသပ်ပျံသန်း ပြခဲ့တဲ့ သတင်း၊အိန္ဒိယနိုင်ငံတွင် အလေးအမြတ်ထားသော တံတားတစ်စင်းပေါ် အဝတ်မဲ့ဗလာဖြင့် ကိုယ့်ကိုယ်ကို ဗီဒီယိုရိုက်၍ ဖမ်းဆီးခံရသည့် ပြင်သစ်အမျိုးသမီးက တနင်္ဂနွေနေ့တွင် ပြန်တောင်းပန်ခဲ့ရတဲ့ သတင်းတွေနဲ့ ယခုရက်သတ္တပတ်သတင်းတွေက စိတ်ဝင်စားစရာကောင်းနေခဲ့ပါတယ်။

မင်းထက်
စက်တင်ဘာ - ၄

( Zawgyi )

ကမာၻတစ္ဝန္း လူသိန္းနဲ႔ ခ်ီကာ ေသဆုံးရတဲ့  ကိုဗစ္ ၁၉  ကူးစက္ေရာဂါကို ကာကြယ္မယ့္ ေဆးဝါး ေတြအၿပိဳင္အဆိုင္ထုတ္လုပ္ေနတဲ့ သတင္းက ယခုရက္သတၱပတ္သတင္းမ်ားထဲ စိတ္ဝင္စားစရာ အေကာင္းဆုံး သတင္း ျဖစ္ခဲ့ၿပီး ထုတ္ေနတဲ့ ေဆးေတြက လုံၿခဳံ စိတ္ခ်ရေၾကာင္း ပထမဆုံးအတည္ျပဳႏိုင္တဲ့ ေဆးက ေဈးကြက္ ကို အုပ္စီးမွာျဖစ္သလို  ထုတ္လုပ္တဲ့ႏိုင္ငံအေနနဲ႔လည္း ႏိုင္ငံတကာမွာ ဩဇာအာဏာတက္လာခဲ့စရာရွိေနတဲ့ အ တြက္ ကမာၻတစ္ဝန္းက ဒီေဆးသတင္းကို ေစာင့္ၾကည့္ေနခဲ့ၾကပါတယ္။ ဒီလိုသတင္းအျပင္ ယခုရက္သတၱပတ္ မွာ  တစတစစစ္ေရးတင္းမာမႈျမင့္ တက္လာတဲ့  အေမရိကန္နဲ႔ တ႐ုတ္၊တ႐ုတ္နဲ႔အိႏၵိယတို႔၏ စစ္ေရးလႈပ္ရွားမႈသတင္း ေတြပါဘဲ။ အဆိုပါ သတင္းမ်ားအျပင္ သဘာဝေဘးဆိုင္ရာသတင္းမ်ားကလည္း ႏိုင္ငံတကာသတင္း ေစာင့္ ဖတ္သူမ်ားကို သတိထားမိေစခဲ့ပါတယ္။

ဒီထဲကမွ ႏိုင္ငံႀကီးေတြပါဝင္ေနတဲ့ ကို႐ိုနာဗိုင္းရပ္ကာကြယ္ေဆးထုတ္လုပ္မႈနဲ႔ ေနာက္ခံ အေၾကာင္းအရာ သတင္းေတြကို ပထမဆုံးတင္ဆက္ျခင္ပါတယ္။

ကာကြယ္ေဆးလား၊ ဩဇာအာဏာလႊမ္းမိုးမႈအသစ္လား

ကမာၻတစ္လႊား လူဦးေရ ၂၆ သန္းခြဲနီးပါး ကူးစက္ေနၿပီး ေသဆုံးသူ ၉ သိန္းနီးပါးကပ္လာတဲ့ ကို႐ိုနာ ဗိုင္း ရပ္ကူးစက္ျပန႔္ပြားမႈဟာ လေပါင္း ဆယ္လနီးပါးရွိလာတဲ့ အခါ ကမာၻႏိုင္ငံငယ္ေတြမဆိုထားနဲ႔ ႏိုင္ငံႀကီး ေတြကိုပါ ၿပိဳလဲလုမတတ္ ျဖစ္လာေစခဲ့ပါတယ္။ အထူးသျဖင့္ စီးပြားေရးအရ လည္ပတ္လို႔မရေအာင္ လူေတြကို ထိန္းခ်ဳပ္ ကန႔္သတ္မႈေတြ၊ စီးပြားေရးလုပ္ငန္းေတြ ပိတ္ပစ္ရတာေတြေၾကာင့္ ကမာၻႏိုင္ငံေတြမွာ ပင္မစီးပြားေရးလုပ္ငန္းေတြ ထိခိုက္ယိုင္နဲ႔ကာ အလုပ္လက္မဲ့ဦးေရက တစ္ဟုန္ထိုးတက္လာခဲ့သလို ႏိုင္ငံေရးအရပါမတည္မၿငိမ္မႈေတြျဖစ္လာ ခဲ့တဲ့အတြက္ အစိုးရက ကန႔္သတ္ပိတ္ဆို႔မႈေတြကို ျပန္ေလ်ာ့ရတဲ့အခါ ကူးစက္မႈက ျပန္လည္ျဖစ္ပြားမႈျပန္ဆိုး႐ြား လာခဲ့တဲ့အတြက္ ႏိုင္ငံတိုင္းနီးပါး လုံးလည္ခ်ာလည္လိုက္ကာ အခ်ိဳ႕ ႏိုင္ငံေတြမွာ ဗိုင္းရပ္ေဘးေၾကာင့္ အစိုးရအ ေျပာင္းအလဲေတြ ျဖစ္ခဲ့တာေတြ၊ျဖစ္လုနီးပါး ျဖစ္ေပၚေနတာေတြ ျဖစ္ခဲ့ပါတယ္။ ဒီလိုအၾကပ္အတည္းေတြအတြက္ တစ္ခုတည္းေသာ ထြက္ေပါက္က ဗိုင္းရပ္ကိုကာကြယ္ႏိုင္တဲ့ ကုသကာကြယ္ေဆးေပၚထြက္လာဖို႔ဘဲ ျဖစ္ပါ တယ္။

ဗိုင္းရပ္စတင္ျဖစ္ကတည္းက ဒီဗိုင္းရပ္ကို ကုသကာကြယ္ဖို႔ လုပ္ေနခဲ့တာမွာ ယခုအခါ ႏိုင္ငံႀကီးေတြ ျဖစ္ တဲ့ အေမရိကန္၊႐ုရွား၊တ႐ုတ္၊ ၿဗိတိန္၊ျပင္သစ္စတဲ့ ႏိုင္ငံေတြက ထုတ္လုပ္စမ္းသပ္ေနတဲ့ ေဆးအခ်ိဳ႕က ေနာက္ဆုံး အဆင့္ကို ေရာက္လာသလို ႀကီးမားလြန္းတဲ့ ကုသကာကြယ္ေဆးေစ်းကြက္ကို ေစာေစာထုတ္ႏိုင္တဲ့ ေဆးက ေစ်း ကြက္ကိုလႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္မွာျဖစ္တဲ့ အတြက္ တက္သုတ္႐ိုက္လုပ္ကိုင္ေနသလို ကမာၻက်န္း မာေရးအဖြဲ႕ကလည္း ျမန္ဆန္မႈဦးစားေပးၿပီး ထုတ္လာခဲ့ရင္ ျဖစ္လာႏိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြကို သတိျပဳဖို႔ မျပတ္သတိေပးေန တာကိုေတြ႕ရပါတယ္။ ဒီအတြက္ ၾသဂုတ္ ၃၁ ရက္မွာ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က ေဆးဝါးမ်ားကို အျပည့္ အဝလက္ေတြ႕စမ္းသပ္မႈ မၿပီးစီးဘဲ အတည္ျပဳခ်က္မေပးဖို႔နဲ႔ အလြန္တရာ ေပါ့ေပါ့တန္တန္လုပ္ေဆာင္ရသည့္ အရာမ်ိဳး မဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

အေစာပိုင္းက ႐ုရွားကေန ကိုဗစ္-၁၉ ကာကြယ္ေဆးတစ္မ်ိဳးကို လူျဖင့္ စမ္းသပ္မႈ ႏွစ္လနီးပါးသာ လုပ္ ခဲ့ၿပီး ယင္းေဆးကို ယခုလအတြင္း တရားဝင္စည္းမ်ဥ္းဆိုင္ရာ အတည္ျပဳခ်က္ထုတ္ေပးခဲ့တဲ့အတြက္ ယင္းေဆးရဲ႕ ေဘးကင္းစိတ္ခ်ရမႈ၊ အစြမ္းထက္ထိေရာက္မႈႏွင့္ပတ္သက္၍ အေနာက္ႏိုင္ငံ ပညာရွင္မ်ားထံမွ ေမးခြန္းထုတ္ မႈမ်ား ေပၚထြက္ခဲ့ပါတယ္။ အေမရိကန္ကလည္း ေ႐ြးေကာက္ပြဲနဲ႔ ျပည္တြင္းကူးစက္မႈအေသ အေပ်ာက္ျမင့္ တက္ ခဲ့တဲ့ အတြက္ ကိုဗစ္-၁၉ ကာကြယ္ေဆးကို စမ္းသပ္မႈအားလုံး မၿပီးခင္ ေဆာလ်င္စြာ အေရးေပၚ အတည္ျပဳခ်က္ ထုတ္ေပးေကာင္းေပးႏိုင္တယ္ဆိုၿပီး ေျပာခဲ့တာရွိခဲ့ပါတယ္။ ဒီအတြက္ ေဆးအျမန္ရလိုမႈနဲ႔ အက်ိဳးအျမတ္ႀကီး မားလြန္းတဲ့  ကာကြယ္ေဆးထုတ္လုပ္မႈကို  ခုန္ပ်ံေက်ာ္လႊား အဆင့္ေတြေက်ာ္ၿပီး စမ္းသပ္ျဖတ္သန္းမႈေတြ လုပ္ခဲ့မယ္ဆိုရင္ ေဆးေၾကာင့္ ရတဲ့ေကာင္းက်ိဳးထက္ ေဆးေၾကာင့္ရတဲ့ဆိုးက်ိဳးက ပိုမ်ားလာမွာကို က်န္းမာေရး ပညာရွင္ေတြက စိုးရိမ္ေနၾကတာပါ။

အထူးသျဖင့္ ယခုကာကြယ္ေဆးက ကမာၻ႔ႏိုင္ငံေရးအရလည္း အေရးပါေနခဲ့ပါတယ္။ လာမည့္ႏိုဝင္ ဘာ လမွာ က်င္းပမယ့္ အေမရိကန္ေ႐ြးေကာက္ပြဲမတိုင္မီ  ဒီကာကြယ္ေဆးေပၚထြက္လာဖို႔က လက္ရွိအေမရိကန္ သမၼတ ထရမ့္အ တြက္ ေသေရးရွင္ေရးလဲ ျဖစ္ေနပါတယ္။ ကမာၻေပၚမွာ ကူးစက္ျပန႔္ပြားမႈအမ်ားဆုံးနဲ႔ ေသဆုံးမႈ အျမင့္ဆုံးျဖစ္ေနတဲ့ ႏိုင္ငံလည္းျဖစ္တဲ့ အတြက္ ဒီေဆးဝါးကိုသာရခဲ့မယ္၊ေစာေစာအသုံးျပဳုႏိုင္ခဲ့မယ္ဆိုရင္  ထရမ့္ အတြက္ လူ ႀကိဳက္မ်ားမႈက်ဆင္းေနတဲ့ သူရဲ႕ႏိုင္ငံေရးမွာပါ ျပန္လည္ေကာင္းမြန္လာႏိုင္သလို တစ္ဖန္ျပန္ လည္ ေ႐ြးေကာက္ ခံရႏိုင္ေျခလည္းျမင့္တက္လာမွာ ေသခ်ာေနပါတယ္။ ဒီလိုအေျခအေနေတြရွိတဲ့ အတြက္ အေမရိကန္ သမၼတ ေ႐ြးေကာက္ပြဲမတိုင္မီ ႏွစ္ရက္အလို ႏိုဝင္ဘာလ ၁ ရက္ေန႔အေရာက္ Covid-19 ကာကြယ္ေဆးကို ျပည္ နယ္ေတြမွာျဖန႔္ေဝဖို႔ စီစဥ္ထား တယ္ဆိုၿပီး စက္တင္ဘာ ၃ ရက္ကေျပာခဲ့တာျဖစ္ပါတယ္။ ဒီအတြက္ ကာကြယ္ ေဆးျဖန႔္ေဝေရးလုပ္မယ့္ စင္တာ ေတြကို အသင့္ျဖစ္ဖို႔ ျပည္နယ္အစိုးရေတြကို အေမရိကန္ကူးစက္ ေရာဂါကာ ကြယ္ေရးဌာန( CDC) အကူအညီ ေတာင္းခံခဲ့တာကို ေတြ႕ရပါတယ္။  

ကမာၻတစ္ဝန္း လက္ရွိမွာ ေနာက္ဆုံးအဆင့္ Phase- 3 ေရာက္ေနတဲ့ ကာကြယ္ေဆး  ၉ မ်ိဳးရွိၿပီး ကန႔္ သတ္ သုံးစြဲေနတဲ့ ေဆးက ၃ မ်ိဳးထိရွိေနပါၿပီ။ ဒီထဲမွာ အေနာက္အုပ္စုက ေဆးေတြပါဝင္ပါတယ္။ Moderna Inc ၊ AstraZeneca Plc ႏွင့္ Pfizer Inc အပါအဝင္ ေဆးဝါးကုမၸဏီေတြက ထုတ္တဲ့ကာကြယ္ေဆးေတြက အေတာ္ေလး ခရီးေရာက္ေနၿပီး တခ်ိဳ႕က စမ္းသပ္မႈေတြမွာ ရလဒ္ေကာင္းေတြ ထြက္ေနသလို တခ်ိဳ႕ေတြက အထူးခြင့္ျပဳခ်က္နဲ႔ စစ္တပ္နဲ႔ က်န္းမာေရးဝန္ထမ္းေတြမွာ သုံးေန တာေတြ ရွိ ေနၿပီျဖစ္ပါတယ္။ ဒီထဲမွာ INOVIO'S INO-4800၊ MODERNA'S MRNA-1273၊CANSINO’S AD5-NCOV၊THE OXFORD VACCINE၊SINOVAC’S PICOVACCေတြက Phase 3 ထိေရာက္ေနၿပီး ႐ုရွားထုတ္၊ တ႐ုတ္ထုတ္နဲ႔ remdesivir ေဆးေတြက ကန႔္သတ္သုံးတဲ့ အဆင့္ ေရာက္ ေနပါၿပီ။ အေမရိကန္က ကမာၻကပ္ေရာ ဂါျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္ကူးစက္မႈကို ကာကြယ္ႏိုင္တဲ့ ေဆးဝါးထုတ္ လုပ္ေရးမွာ ဘီလ်ံနဲ႔ ခ်ီ ရင္းႏွီးျမဳပ္ႏွံထားၿပီး ထြက္လာတဲ့ ေဆးဝါးေတြကို အကုန္သိမ္းက်ဴံးဝယ္ယူဖို႔ ကိုပါ စီစဥ္ ထားတယ္ဆိုတဲ့ သတင္းေတြ အေစာပိုင္းမွာ ထြက္လာခဲ့ပါတယ္။ ေနာက္ပိုင္းမွာ ဒီသတင္းေတြကို ျငင္းခဲ့ေပမယ့္ ကမာၻက်န္းမာေရးအဖြဲ႕ WHOနဲ႔ ပူးတြဲလုပ္ေဆာင္မႈေတြ လုပ္ဖို႔မရွိသလို တ႐ုတ္ကိုမ်က္ႏွာသာေပးတဲ့ ကမာၻက်န္း မာေရးအဖြဲ႕ရဲ႕ ကာကြယ္ေဆးအစီအစဥ္ထဲမွာလည္း  မပါဘူးလို႔ ျပတ္ျပတ္သားသားျငင္းခဲ့တာ ရွိပါတယ္။

လတ္တေလာအရ ႏိုဝင္ဘာ ၁ ရက္ေန႔မွာ အေမရိကန္တစ္ဝန္းျဖန္မယ့္ ကို႐ိုနာ ကုသကာကြယ္ေဆးက ဘယ္ေဆးျဖစ္ႏိုင္မလဲဆိုတာကို ကမာၻႏိုင္ငံေတြက စိတ္ဝင္စားေနသလို အၿပိဳင္ထုတ္ေနတဲ့ ေဆးကုမၸဏီေတြျဖစ္ တဲ့ တ႐ုတ္၊႐ုရွားအတြက္လည္း ဒီသတင္းထြက္ေပၚလာမႈက သူတို႔အတြက္ ေစ်းကြက္ေနာက္က်မႈအျပင္ ကာကြယ္ေဆးေၾကာင့္ ရလာႏိုင္တဲ့ ႏိုင္ငံေရးဩဇာ အာဏာပါ လက္လြတ္ႏိုင္ရတဲ့အတြက္ ကာကြယ္ေဆးအတြက္ ၿပိဳင္ဆိုင္မႈက ျပင္းထန္လာဖြယ္ရွိလာပါတယ္။ ဒါေၾကာင့္လည္း WHOက ကုသကာကြယ္ေဆးကို နည္းမွန္အတိုင္း ထုတ္ၾကဖို႔ ၊ စိတ္ခ်ယုံၾကည္ရတဲ့ အဆင့္ေရာက္မွ သုံးစြဲခြင့္ျပဳဖို႔ ေဆာ္ဩသတိေပးေနခဲ့တာျဖစ္ပါတယ္။ လူေပါင္း ၁၈၀ ၀၀၀ ထက္မနည္း ေသဆုံးေစခဲ့ေသာ ကိုဗစ္-၁၉ ေရာဂါကို တားဆီးရန္အတြက္ ကာကြယ္ေဆးထုတ္လုပ္ရန္ ဘီလ်ံေပါင္းမ်ားစြာသုံးစြဲမည္ဟု ကတိျပဳခဲ့တဲ့ သမၼတေဒၚနယ္ထရမ့္အတြက္  ေ႐ြးေကာက္ပြဲမွာ ျပန္လည္အႏိုင္ရဖို႔ ကုသကာကြယ္ေဆးက အေရးႀကီးတဲ့အတြက္ ပုံမွန္ေဆးဝါးထုတ္လုပ္မႈလုပ္ငန္းစဥ္ေတြကို ေက်ာ္လႊားၿပီး ေဆး သုံးစြဲဖို႔ ဒီထက္ေစာၿပီး ခြင့္ျပဳဖို႔ ဖိအားေပးလာႏိုင္ေျခရွိေနပါတယ္။ ဒီေဆးသာေစာေစာသုံးခြင့္ရမယ္၊ ဆိုးက်ိဳးမရွိဘဲ ကူးစက္ကပ္ေရာဂါျဖစ္ပြားမႈ သိသိသာသာေလ်ာ့ခ်ႏိုင္ခဲ့မယ္ဆိုရင္ စာတိုက္ကေန ေမးလ္စနစ္နဲ႔ မဲထည့္ရမယ့္ စနစ္ကိုပါ ျပန္လည္ျပင္ဆင္လာႏိုင္မွာျဖစ္လို႔ သူအတြက္ အသာရႏိုင္ေျခရွိတဲ့ လူကိုယ္တိုင္တိုက္႐ိုက္မဲထည့္ၾက ရမယ့္ အခြင့္အေရးကို ဘာျဖစ္ျဖစ္လက္လြတ္ခံဖြယ္မျမင္ပါဘူး။

အစဥ္အလာအားျဖင့္ ကာကြယ္ေဆးတစ္ခုအတြက္ သုေတသနျပဳရန္ ၾကာခ်ိန္ ၁၀ ႏွစ္မွ ၁၅ ႏွစ္အတြင္း ရွိၿပီး ပုံမွန္အားျဖင့္ ကာကြယ္ေဆးထုတ္လုပ္မႈလုပ္ငန္းစဥ္က ႏွစ္ေပါင္းမ်ားစြာ ၾကာျမင့္သလို အႏၲရာယ္ မရွိ ေၾကာင္း အတည္ျပဳခ်က္ရဖို႔ လူေပါင္းေသာင္းနဲ႔ခ်ီၿပီးပါဝင္စမ္းသပ္ကာ  လေပါင္းမ်ားစြာ ဆိုးက်ိဳးရွိ/မရွိ ေစာင့္ ၾကည့္ ရတာပါ။ လက္ရွိမွာ COVID-19 ေရာဂါ ကာကြယ္ေဆး ထုတ္လုပ္မႈအတြက္ ခန႔္မွန္းေျခအားျဖင့္ ၁၈ လခန႔္ ၾကာႏိုင္တယ္လို႔ ဆိုခဲ့ေပမယ့္ ၁၂ လေတာင္မၾကာေသးတဲ့ အခ်ိန္မွာထြက္ေပၚလာႏိုင္ေျခမ်ားတဲ့ ယခုကာကြယ္ ေဆးေဖာ္ထုတ္မႈက ေဆးသမိုင္းေၾကာင္း တစ္ေလွ်ာက္ အျမန္ဆန္ဆုံး ကာကြယ္ေဆး ထုတ္လုပ္မႈပါဘဲ။

လက္ရွိမွာ အေမရိကန္က ႏိုဝင္ဘာ ၁ ရက္မွာ စသုံးမယ့္ ကာကြယ္ေဆးက Moderna ရဲ႕ mRNA ကာ ကြယ္ေဆးျဖစ္ဖို႔မ်ား ေနသလို တ႐ုတ္ကလည္း သူထုတ္တဲ့ ကာကြယ္ေဆး Sinovaxကို သုံးဖို႔ ႏိုင္ငံအခ်ိဳ႕ကို ကမ္း လွမ္းမႈေတြရွိေနသလို ႐ုရွားကလည္း သူႏိုင္ငံထုတ္ ကာကြယ္ေဆးကို တခ်ိဳ႕အဖြဲ႕အစည္းေတြမွာ စသုံးခြင့္ျပဳေနတဲ့ အတြက္ ကိုဗစ္ ကာကြယ္ေဆးအတြက္ အေမရိကန္နဲ႔ အေနာက္အုပ္စုက တစ္ဘက္ ၊ ႐ုရွားနဲ႔တ႐ုတ္ဘက္က တစ္ဘက္ပြဲမွာ ဘယ္ကာကြယ္ေဆးက ပန္းအရင္ဝင္မလဲဆိုတာ စိတ္ဝင္စားဖို႔ ေကာင္းသလဲ ဗိုင္းရပ္ေၾကာင့္ ႏွစ္နဲ႔ခ်ီၿပိဳလဲမယ္ စီးပြားေရးေတြက ကာကြယ္ေဆးေၾကာင့္ ျပန္ႏိုးထအသက္ဝင္လာမလားဆိုတာ ေမွ်ာ္လင့္ စရာပါ။

အေမရိကန္မွာသာ ေဆးကိုစသုံးခဲ့လို႔ ဘာမွ ထူးထူးျခားျခားဆိုးက်ိဳးမျဖစ္လာခဲ့ရင္ အေနာက္အုပ္စု ေဆး က ပိုစိတ္ခ်ရတယ္ဆိုတဲ့ ေဆးေလာကမွာ ပုံရိပ္ေကာင္းရွိတဲ့အတြက္ အေနာက္အုပ္စုေဆးက ေစ်းကြက္ကိုသိမ္း မယ့္ အလားအလာကို   တ႐ုတ္နဲ႔ ႐ုရွားထည့္မတြက္ဘဲေနမွာမဟုတ္ပါဘူး။ ေဆးနဲ႔အတူရရွိမယ့္ ကမာၻႏိုင္ငံေရး ဩဇာ အာဏာကိုလည္း လက္လြတ္ခံရမွာျဖစ္လို႔ ႏိုဝင္ဘာ ၁ ရက္မတိုင္မီ တ႐ုတ္နဲ႔ ႐ုရွားဘက္က ကိုဗစ္ ၁၉ ကာကြယ္ေဆးေစ်းကြက္ထဲ ဝင္လာႏိုင္ေျခမ်ားေနပါတယ္။ ဒီခန႔္မန္းခ်က္ ျဖစ္ႏိုင္မျဖစ္ႏိုင္ ေစာင့္ၾကည့္ရမွာပါ။

လတ္တေလာမွာေတာ့ ကူးစက္မႈေတြက ျမင့္တက္ေနသလို အာရွေဒသတြင္းက အင္ဒိုမွာပို၍ ကူးစက္ လြယ္ေသာ သေႏၶေျပာင္း ကို႐ိုနာဗိုင္းရပ္စ္သစ္ေတြ႕ရွိေနရလို႔ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ဆက္ လက္ျမင့္ တက္ေနဆဲ ဆိုတာကို ျပည္သူေတြကို သတိေပးတဲ့အေနနဲ႔ ေရာဂါအကာအကြယ္ဝတ္စုံေတြ ဝတ္ထားတဲ့ တာဝန္ ရွိသူေတြ ေခါင္းတလားအလြတ္ေတြကို ကားနဲ႔ သယ္ၿပီး ဂ်ကာတာၿမိဳ႕တြင္း လမ္းေတြမွာ လွည့္ လည္ျပသေန ခဲ့ရ တဲ့အထိ ေတာင္ ျဖစ္ေနပါတယ္။ ျပင္သစ္နဲ႔ ဂ်ာမန္မွာေတာ့  ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ဖို႔ ျပ႒ာန္း တဲ့ ႏွာေခါင္းစည္း မျဖစ္ မေန တပ္ရမယ့္ စည္းမ်ဥ္းကိုဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ဒီရက္ထဲမွာဘဲ ျဖစ္ခဲ့ပါတယ္။ ဖိလစ္ပိုင္ဆိုလဲ ႏိုင္ငံထဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္လာေနလို႔ ေဆး႐ုံ၊ေဆးခန္းဝန္ေဆာင္မႈမ်ား ထပ္မံ တိုးခ်ဲ႕ေနရပါတယ္။ အိႏၵိယဆိုရင္ ကူးစက္ခံရသူ ၄ သန္းနီးပါး၊ ေသဆုံးသူ ၈ ေသာင္းေက်ာ္အ ထိျဖစ္ေနတာ ပါ။ ဒီလိုျဖစ္ပြားမႈျမင့္တက္ေနလို႔ ဒီသုံးႏိုင္ငံျဖစ္တဲ့ အင္ဒို၊ဖိလစ္ ပိုင္၊အိႏၵိယႏိုင္ငံက လာသူေတြကို မေလးရွားဆိုရင္ အဝင္ေတာင္မခံေတာ့တဲ့ အထိျဖစ္ေနပါတယ္။

ဒါေပမယ္ ကူးစက္မႈမ်ားတဲ့ ပါကစၥတန္မွာေတာ့ ေရာဂါကူးစက္မႈ ထူးထူးျခားျခား ေလ်ာ့က်လာသလို တခ်ိဳ႕ႏိုင္ငံေတြမွာေတာ့ ေက်ာင္းေတြ ျပန္ဖြင့္ႏိုင္တဲ့ အထိအေျခအေနေတြ တိုးတက္ေန ပါတယ္။ နယူးဇီလန္ ႏိုင္ငံရဲ႕ အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ေအာ့ကလန္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေလာ့ခ္ေဒါင္း ခ်မွတ္ထားခဲ့ရတာကို ႐ုတ္ သိမ္းခဲ့သလို ခုနစ္လအတြင္း ပထမဆုံးအႀကိမ္အေနနဲ႔ ၿမိဳ႕တြင္းမွာ ရွိတဲ့ စာသင္ေက်ာင္းအားလုံး ျပန္ဖြင့္ခဲ့ပါတယ္။ ကူးစက္မႈ ပထမဆုံး စတင္ေပၚေပါက္ခဲ့တဲ့ တ႐ုတ္ႏိုင္ငံအလယ္ပိုင္း ဝူဟန္ၿမိဳ႕မွာ စာသင္ေက်ာင္းေတြ အားလုံးကို စက္တင္ဘာ ၁ ရက္ကစလို႔ ျပန္လည္ဖြင့္လွစ္ခဲ့သလို စက္တင္ဘာ ၃ ရက္မွာ ႏိုင္ငံ ၈ ႏိုင္ငံနဲ႔ ေလေၾကာင္း ေျပးဆြဲ မႈ ျပန္စခဲ့ပါတယ္။ ဗီယက္နမ္လဲ ဒီလထဲ ျပန္စဖို႔လုပ္ေနသလို ေအာက္တိုဘာမွာ ႏိုင္ငံျခား ဧည့္သည္မ်ားအား လက္ခံေရးအတြက္ ဖူးခက္ကမ္းေျခဖြင့္ဖို႔လည္း ထိုင္းကလည္း စိုင္းျပင္းေနပါတယ္။ ေကာင္းတာရွိသလို ဆိုးတာ ရွိတဲ့အတြက္ ေဆးေတြထြက္လာခဲ့ရင္ ကမာၻတစ္ဝန္းက်န္းမာေရးအတြက္ စိတ္ေအးရမယ္ဆိုေပမယ့္ ေဆးေတြ ကုန္က်စရိတ္ကလည္း ကမာၻတတိယႏိုင္ငံေတြမတတ္ႏိုင္တဲ့အတြက္ ေဆးထုတ္နဲ႔ႏိုင္ငံႀကီးေတြကို ေဆးအတြက္ ဘာေတြ ေပးဆက္ရဦးမလဲဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

အာရွစစ္ေရးတင္းမာမႈ

ဩဂုတ္ ၂၉ ရက္က တ႐ုတ္-အိႏၵိယနယ္စပ္က အျငင္းပြားဖြယ္ ဟိမဝႏၲာနယ္စပ္မွာ အိႏၵိယနယ္စပ္အထူး တပ္ဖြဲ႕ႏွင့္တ႐ုတ္တပ္ဖြဲ႕ဝင္ေတြ ပဋိပကၡထပ္မံ ျဖစ္ပြားခဲ့ပါတယ္။ ဒီျဖစ္ပြားမႈမွာ အိႏၵိယဘက္ မွ တိဗက္အႏြယ္ဝင္ စစ္သားတစ္ဦးေသဆုံးခဲ့ပါတယ္။ဒါဟာ ဇြန္လက ျဖစ္ပြားခဲ့ေသာ ရန္ပြဲ၌ အိႏၵိယစစ္သား ၂၀ ဦးေသဆုံးခဲ့ၿပီးေနာက္ ၎နယ္စပ္မွာ ထပ္မံ အိႏၵိယဘက္မွ က်ဆုံးခဲ့တာပါ။စေနႏွင့္တနလၤာေန႔မွာ ႏွစ္ဘက္အၾကား လာဒက္ေဒသပိုင္ နက္ အေရးႏွင့္ပတ္သက္ၿပီး တစ္ဖက္ႏွင့္တစ္ဖက္ အျပန္အလွန္စြပ္စြဲျပစ္တင္ကာ ပဋိပကၡျဖစ္ပြားခဲ့တာပါ။ အိႏၵိယ ကာကြယ္ေရးဝန္ႀကီးဌာနကေတာ့ နပ္စပ္၏ လက္ရွိအေျခအေနကို ေျပာင္းလဲရန္ ရန္စေသာစစ္ေရး လႈပ္ရွားမႈ ေတာ့ တ႐ုတ္ဘက္က လုပ္ခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။ တ႐ုတ္ဘက္ကလည္း တနလၤာ‌ေန႔က အိႏၵိယတပ္ေတြရဲ႕ လႈပ္ရွားမႈက တ႐ုတ္၏ ပိုင္နက္ဆိုင္ရာအခ်ဳပ္အျခာကို ဆိုးဆိုး႐ြား႐ြား ခ်ိဳးေဖာက္ေနတယ္ဆိုၿပီး အိႏၵိယတပ္ဖြဲ႕ မ်ားကို ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့တာပါ။အိႏၵိယမီဒီယာေတြမွာေတာ့ Pangong Tso ေရကန္ဝန္းက်င္မွ ေတာင္ ကုန္းမ်ားကို တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္ဖြဲ႕ဝင္မ်ားက ရယူရန္ ႀကိဳးပမ္းခဲ့တာကို တားဆီးႏိုင္ခဲ့ တယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

ဒီလို ျဖစ္ရပ္က အာရွရဲ႕ လူဦးေရအႀကီးမားဆုံးနဲ႔ ႏူကလီယားလက္နက္ပိုင္ဆိုင္တဲ့ ႏိုင္ငံႀကီးႏွစ္ႏိုင္ငံ အ ၾကားကာလရွည္ လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ နယ္စပ္ျပႆနာရဲ႕ေနာက္ဆုံးအေျခအေနပါ။ ဒီျပႆနာေၾကာင့္ ဇြန္လက ႏွစ္ႏိုင္ငံအၾကားစစ္ျဖစ္လုနီးပါးျဖစ္ခဲ့ရတာပါ။ လက္ရွိမွာ အိႏၵိယအဖို႔ ကို႐ိုနာဗိုင္းရပ္ေဘးကို ဆိုးဆိုး႐ြား ႐ြားခံစားထိခိုက္ေနသလို တ႐ုတ္အဖို႔လည္း အေနာက္အုပ္စု၊ အေမရိကန္တို႔နဲ႔ ႏိုင္ငံေရးေရာ စစ္ေရးမွာပါ တင္းမာ မႈျမင့္တက္ေနတဲ့ အခ်ိန္ပါ။ႏွစ္ႏိုင္ငံစလုံး လက္ရွိျပႆနာကို အာ႐ုံစိုက္ႏိုင္တဲ့ အေျခအေနမရွိပါဘူး။

အစဥ္တစ္စိုက္ သူပိုင္နက္အျဖစ္ သေဘာထားတဲ့ တိုင္ေပကို ခ်က္သမၼတႏိုင္ငံရဲ႕ အထက္လႊတ္ေတာ္ ဥကၠ႒ ဦးေဆာင္တဲ့ ကိုယ္စားလွယ္အဖြဲ႕တစ္ဖြဲ႕က  ၾသဂုတ္ ၃၀ ရက္က သြားေရာက္ခဲ့လို႔ တ႐ုတ္ဘက္က ေဒါသ ထြက္ခဲ့ပါတယ္။ ဒီမတိုင္မီ အေမရိကန္ အစိုးရအဖြဲ႕ဝင္ က်န္းမာေရးဝန္ႀကီး အဲလက္ဇ္ ေအဇားက တိုင္ေပကို သြားေရာက္ခဲ့လို႔ မေျပလည္မႈေတြရွိေနခ်ိန္မွာ ႏွစ္ပတ္အတြင္း တိုင္ေပကို ဒုတိယေျမာက္ ျပည္ပႏိုင္ငံ အဆင့္ျမင့္ ပုဂၢိဳလ္အဖြဲ႕တစ္ဖြဲ႕ရဲ႕ လာေရာက္မႈ႕ကေတာ့ တ႐ုတ္အတြက္ အခံရခက္ေစပါတယ္။ တ႐ုတ္ဘက္ကေတာ့ ဒီလို လာေရာက္ခဲ့တာေတြကို ျပည္တြင္းေရးဝင္ေရာက္စြက္ဖက္မႈ၊ စက္ဆုပ္ဖြယ္ လုပ္ရပ္တစ္ခုအျဖစ္ ျပစ္တင္ခဲ့ပါ တယ္။ ခ်က္အထက္လႊတ္ေတာ္ဥကၠ႒ကိုေတာ့ ဒီလိုသြားေရာက္ခဲ့တဲ့အတြက္ ႀကီးမားစြာ ေပးဆပ္ရမယ္ဆိုၿပီး တ႐ုတ္ဘက္က ေျပာခဲ့ပါတယ္။

အေမရိကန္က ဒီရက္ထဲမွာဘဲ သူရဲ႕ သံတမန္ေတြကို မၾကာခင္က တ႐ုတ္ဘက္က ကန႔္သတ္ခဲ့တာကို တုံ႔ျပန္တဲ့အေနနဲ႔ တ႐ုတ္သံတမန္ေတြ အေမရိကန္တကၠသိုလ္ေတြကို သြားမယ္ဆိုရင္၊  သြားေရာက္ျခင္းမျပဳမီႏွင့္ သံ႐ုံးျပင္ပတြင္ လူ ၅၀ ႏွင့္အထက္ ပါဝင္ေသာ ယဥ္ေက်းမႈအခမ္းအနားမ်ား မလုပ္ေဆာင္မီ ႏိုင္ငံျခားေရး ဝန္ႀကီး ဌာနထံမွ ခြင့္ျပဳခ်က္ရယူရမယ္ဆိုၿပီး အေမရိကန္ဘက္က တ႐ုတ္သံတမန္မ်ားအေပၚကန႔္သတ္အသစ္ခ်မွတ္ခဲ့ပါ တယ္။

ထရမ့္လက္ထက္မွာ ဆိုး႐ြားလာတဲ့ အေမရိကန္-တ႐ုတ္ဆက္ဆံေရးက လတ္တေလာမွာ အဆိုး႐ြား ဆုံး အဆင့္ကိုေရာက္ေနပါတယ္။ ကုန္သြယ္ေရးစစ္ပြဲ ႏွစ္ႏိုင္ငံအၾကားဆင္ႏြဲေနတဲ့ အခ်ိန္မွာ အခ်ိန္ကိုက္ျဖစ္လာတဲ့ ကို႐ိုနာဗိုင္းရပ္ေဘး ေၾကာင့္လည္း တင္းမာမႈက ပိုျပင္းထန္လာခဲ့ပါတယ္။ အထူးသျဖင့္ စတင္ျဖစ္ပြားတဲ့ တ႐ုတ္ ႏိုင္ငံမွာ ကူးစက္မႈနဲ႔ ေသဆုံးႏူန္းက မေျပာပေလာက္႐ုံသာရွိေပမယ့္ အေမရိကန္မွာေတာ့ ကူးစက္သူ ၆ သန္း ေက်ာ္ ေသဆုံးသူ ၂ သိန္းနီးပါးရွိလာခဲ့မႈအတြက္ အေမရိကန္ဘက္က တ႐ုတ္ဘက္ကို အၿမဲတေစ အျပစ္တင္ လက္ညႇိဳးထိုးခဲ့ပါတယ္။ဒီအတြက္လည္း တ႐ုတ္ဘက္က အေမရိကန္သမၼတနဲ႔ အစိုးရအဖြဲ႕ရဲ႕ ေပါဆကိုင္တြယ္မႈကို ေထာက္ျပေလ့ရွိသလို အျငင္းပြားမႈေတြ၊တရားစြဲမႈေတြ၊ေလ်ာ္ေၾကးေတာင္းမႈေတြရွိခဲ့ပါတယ္။  ၿပီးခဲ့တဲ့ ရက္ေတြမွာ ေတာင္တ႐ုတ္ပင္လယ္အတြင္းက တ႐ုတ္စစ္ေရးေလ့က်င့္ေနတဲ့ ေနရာကို အေမရိကန္ဘက္က U 2 သူလ်ိဳေလ ယာဥ္ကို ျဖတ္ပ်ံေစခဲ့တာကေန စစ္ေရးတင္းမာမႈျဖစ္ၿပီး တ႐ုတ္ဘက္က အေမရိကန္ေလယာဥ္တင္ သေဘၤာ ႏွစ္စင္း ရွိေနတဲ့ ေတာင္တ႐ုတ္ပင္လယ္ထဲ ေလယာဥ္တင္ သေဘၤာဖ်က္ဒုံးက်ည္ေတြျဖစ္တဲ့ တာလတ္ပစ္ DF-26 DF-21 ေတြကို ပစ္ခတ္ခဲ့တာပါ။ ဒီလိုပစ္ခတ္လို႔ ႏွစ္ႏိုင္ငံ စစ္ေရးတင္းမာခဲ့သလို ေတာင္တ႐ုတ္ပင္လယ္ထဲ အေမရိကန္ဘက္က စစ္သေဘၤာအုပ္စုေတြ ဝင္လာ ခဲ့သလို အေျခအေနေတြက ေပါက္ကြဲမႈျဖစ္မတတ္ အေျခ အေနအထိေရာက္ခဲ့ပါတယ္။

အျခားတဘက္မွာလည္း တ႐ုတ္ရဲ႕အစဥ္အလာၿပိဳင္ဘက္ ဂ်ပန္မွာ ကာလရွည္ဝန္ႀကီး ခ်ဳပ္ရွင္ဇိုအာေဘး က်န္းမာေရးေၾကာင့္ ရာထူးကေနႏူတ္ထြက္ခဲ့တဲ့အတြက္ ေခါင္းေဆာင္အေျပာင္းအလဲကကို တ႐ုတ္ဘက္က ေစာင့္ၾကည့္ေနရတဲ့ အေျခအေနရွိေနပါတယ္။ လက္ရွိမွာ အနားယူမယ့္ ရွင္ဇိုအာေဘးေနရာကို ဆက္ခံမယ္ သူ ေ႐ြးပြဲမွာ ဂ်ပန္ကာကြယ္ေရးဝန္ႀကီးက ဦးေဆာင္ေနတဲ့အတြက္ တစ္ခ်ိန္က အာရွစစ္အင္အားႀကီး ဂ်ပန္မွာ သေဘာထားတင္းမာသူေတြ ဦးေဆာင္မယ့္အေျခအေနျဖစ္ေနၿပီး ျဖစ္လာခဲ့ရင္ ဂ်ပန္ရဲ႕ ျဖစ္လာႏိုင္တဲ့ စစ္ေရး တိုးခ်ဲ႕ တည္ေဆာက္မႈ အေျခအေနသစ္ေတြေၾကာင့္ အာရွေဒသအတြင္း တင္းမာမႈေတြ က အရွိန္ျမင့္တက္ လာမ လားဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ယခုသတင္းမ်ားအျပင္ လူတစ္ဦးေက်ာပိုး ဂ်က္အင္ဂ်င္ျဖင့္ေလာ့စ္အိန္ဂ်လိစ္ ေလဆိပ္ အနီးပ်ံဝဲေနလို႔ ေလယာဥ္မႈးမ်ားကသတင္းေပးပို႔ခဲ့ရတဲ့ သတင္း၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္သစ္ျဖစ္လာဖို႔ အာဏာရ ပါတီ ေခါင္းေဆာင္ ေ႐ြးပြဲထဲ ဂ်ပန္အစိုးရအဖြဲ႕ အတြင္းဝန္ခ်ဳပ္ ယိုရွီဟီဒဲ ဆူဂါပါဝင္လာတဲ့ သတင္း၊ ႐ုရွားအစိုးရအေပၚ ေဝဖန္သူ အတိုက္အခံေခါင္းေဆာင္ ႏိုင္ငံေရးသမား အလက္ဇီ နာဗယ္လ္နီ ကို ဓာတုအဆိပ္ခတ္လုပ္ႀကံခဲ့တာလို႔ ဂ်ာမနီ ဝန္ႀကီးခ်ဳပ္ အိန္ဂ်လာ မာကယ္လ္က ထုတ္ေဖာ္ေျပာလိုက္တဲ့ သတင္း၊ Facebook က ႐ုရွားက အေမရိကန္ႏွင့္ ၿဗိတိန္ရွိ လက္ဝဲဝါဒီ မဲဆႏၵရွင္မ်ားကို ပစ္မွတ္ထားၿပီး ႐ုရွားၾသဇာလႊမ္းမိုးေရး ကမ္းပိန္းကိုလုပ္ခဲ့ တယ္လို႔ ေဖာ္ထုတ္ခဲ့တဲ့ သတင္း၊လက္ဘႏြန္ဆႏၵျပပြဲအတြင္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက ဆႏၵျပသူေတြကို ႐ိုက္ႏွက္ခဲ့လို႔ ဆႏၵျပသူေတြ ထိခိုက္ဒဏ္ရာရခဲ့တဲ့သတင္း၊ လူမ်ိဳးတုံးသတ္ျဖတ္မႈေတြ က်ဴးလြန္ခဲ့တဲ့ ခမာနီအစိုးရလက္ထက္က ႏွိပ္စက္ညႇဥ္းပန္းမႈေတြကို အဓိကလုပ္ေဆာင္ခဲ့သူခမာနီ အက်ဥ္းေထာင္ အႀကီးအကဲအသက္ ၇၇ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့တဲ့သတင္း၊ထိုင္းပါလီမန္မွာ ေဆးေျခာက္တရားဝင္သုံးစြဲခြင့္ရဖို႔ ေဆြးေႏြးေတာ့မယ္သတင္း၊ ကို႐ိုနာဗိုင္း ရပ္စ္ကပ္ေရာဂါေၾကာင့္ အိုလံပစ္မီးရႉးတိုင္ တိုက်ိဳ အိုလံပစ္ျပတိုက္မွာ ဆက္လက္ျပသထားမယ္ သတင္း၊ ဂ်ပန္တိုယိုတာကုမၸဏီက ေခတ္ေရွ႕ေျပး ကားပ်ံကို အမ်ားျပည္သူ ျမင္ကြင္းေရွ႕ ေလးမိနစ္ၾကာ ေအာင္ျမင္စြာ စမ္းသပ္ပ်ံသန္း ျပခဲ့တဲ့ သတင္း၊အိႏၵိယႏိုင္ငံတြင္ အေလးအျမတ္ထားေသာ တံတားတစ္စင္းေပၚ အဝတ္မဲ့ဗလာျဖင့္ ကိုယ့္ကိုယ္ကို ဗီဒီယို႐ိုက္၍ ဖမ္းဆီးခံရသည့္ ျပင္သစ္အမ်ိဳးသမီးက တနဂၤေႏြေန႔တြင္ ျပန္ေတာင္းပန္ခဲ့ရတဲ့ သတင္းေတြနဲ႔ ယခုရက္သတၱပတ္သတင္းေတြက စိတ္ဝင္စားစရာေကာင္းေနခဲ့ပါတယ္။

မင္းထက္
စက္တင္ဘာ - ၄