【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ရောဂါအတွက် နောက်ဆုံးတိုက်ပွဲ ဘယ်လောက်ထိကြာရှည်မလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကပ်ရောဂါအတွက် နောက်ဆုံးတိုက်ပွဲ ဘယ်လောက်ထိကြာရှည်မလဲ

ကာကွယ်ဆေးသတင်းတွေကြောင့် တစ်ကမ္ဘာလုံးလှုပ်လှုပ်ရွရွနဲ့ ယခုရက်သတ္တပတ်အတွင်း လန်းဆန်းတက်ကြွနေပါတယ်။နိုင်ငံတိုင်းက ကိုဗစ်ကပ်ဘေးအလွန်ကာလအတွက် စီမံနေကြသလို တစ်ဘက်မှာလည်း ကာကွယ်ဆေးပေါ်လာတဲ့အတွက် ပေါ့ဆမှုတွေရှိလာမှာကို စိုးရမ်နေကြပါတယ်။တစ်ဘက်မှာလဲ အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုတွေ  ပြန်လည်မြင့်တက်လာခဲ့သလို ကမ္ဘာ့အရေးတွေကလည်း စိတ်ဝင်စားဖွယ်ကောင်းနေခဲ့ပါတယ်။

လကမ္ဘာအပေါ် တရုတ်က အလံစိုက်နိုင်တဲ့ ဒုတိယနိုင်ငံဖြစ်လာတာ၊ အရှေ့အလယ်ပိုင်းဒေသမှာ တအုံ့တနွေးနွေးဖြစ်နေတဲ့  စစ်မက်အရေးတွေနဲ့ ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်က သတင်းဖတ်သူတွေအတွက် တင်ပြချင်စရာတွေများနေပါတယ်။

ဒီထဲကနေ သတိထားမိခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးသတင်းနဲ့ ဘိုင်ဒင်လက်ထက် တရုတ်-အမေရိကန် ဆက်ဆံရေးက စောင်ကြည့်လာစရာရှိတဲ့ သတင်းတွေဖြစ်နေလို့ ဒီသတင်းနှစ်ပုဒ်ကို ယခုတစ်ပတ်မှာ တင်ပြလိုက်ရပါတယ်။

လူသားကမ္ဘာရဲ့ အထိအခိုက်အများဆုံး ကပ်ရောဂါတိုက်ပွဲ

မျှော်လင့်ထားတဲ့အတိိုင်း အမေရိကန်ဆေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီဆေးကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက တရားဝင်ကာကွယ်ဆေးအဖြစ် စတင်ပေါ်ထွက်လာခဲ့ပါပြီ။ဒါဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ စဖြစ်ခဲ့တဲ့‌ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်း လူ၁၀ သန်းကျော် သတ်ဖြတ်ခဲ့ပြီးနောက်မှာ ပေါ်ထွက်လာတာဖြစ်လို့ ကွယ်လွန်ခဲ့ရတဲ့သူတွေအတွက် ကြေကွဲစရာပါ။ဒီဆေးအပါအဝင် ဆက်တိုက်ထွက်ရှိလာနိုင်တဲ့ ကာကွယ်ဆေးတွေက ယခုထိ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကူးစက်သတ်ဖြတ်လို့ကောင်းနေတဲ့ ကပ်ရောဂါရဲ့ အဆုံးသတ်ဖြစ်မလားဆိုတာသိဖို့ အချိန်တစ်ခုယူရဦးမှာဖြစ်ပါတယ်။ဒါပေမယ့် ဘာဆေးဝါးတစ်ခုမှ ကိုယ်ချစ်တဲ့ခင်တဲ့သူတွေအတွက် ကာကွယ်ပေးနိုင်မယ့်ဆေးဝါးမရှိဘဲ တစ်နှစ်လောက် လည်စင်းခံနေရတဲ့ အနေအထားကနေ ကာကွယ်ဆေးတစ်ခုအဖြစ် အားကိုးစရာ လောက်လောက်လားလားထွက်လာတာနဲ့တင် ကမ္ဘာအတွက် ကျေနပ်စရာပါ။

ဒီဆေးကို ဗြိတိန်က ဒီဇင်ဘာ ၈ ရက်ကစပြီး အစောဆုံး စတင်ကာ တရားဝင်သုံးခဲ့ပါတယ်။အပူချိန် အနုတ် ၇၀ နဲ့ ၈၀ ဒီဂရီစင်တီဂရိတ်မှာ ထားရှိရတဲ့ နှစ်ခါတိတိထိုးရတဲ့ ဒီဆေးရဲ့အလားအလာ၊ အထူးသဖြင့် ဆိုးကျိုးသက်ရောက်မှုကို တစ်ကမ္ဘာလုံးကစောင့်ကြည့်နေသလို ဗြိတိန်အတွက်လည်း လမ်းသစ်ကိုဖောက်ရတဲ့ နိုင်ငံဖြစ်တဲ့အတွက် အလွန်ဘဲအန္တရာယ်ကြီးတဲ့ အနေအထားပါဘဲ။

ဗြိတိန်နိုင်ငံဟာ COVID-19 ကာကွယ်ဆေးကို အနောက်နိုင်ငံများထဲ ပထမဆုံး အများပြည်သူအတွက်အသုံးပြုသော နိုင်ငံဖြစ်ပြီး Pfizer ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဒီဇင်ဘာ ၈ ရက်က အင်္ဂလန်၊ စကော့တလန်၊ ဝေလနှင့် မြောက်အိုင်ယာလန်ရှိ ဆေးရုံပေါင်း ၇၀ မှာ လူထောင်ပေါင်းများစွာကို ထိုးနှံပေးခဲ့တာပါ။

ယခုအချိန်အထိ အတည်ပြုထားသည့် Pfizer ကာကွယ်ဆေး ၈ သိန်းကို ဆေးရုံတက်နေပြီးဖြစ်သည့် အသက် ၈၀ ကျော်သူများအတွက် ထိုးပေးနေပြီး ပြင်ပလူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဂေဟာ ဝန်ထမ်းများကို ထိုးပေးရန် စီစဉ်ထားကာ လာမည့်အပတ်မှာ ထိခိုက်လွယ်ဆုံးသူ ၂၅ သန်းကို ထိုးပေးဖို့ Pfizer ကာကွယ်ဆေး ဒုတိယအသုတ်ကို လက်ခံရရှိမှာဖြစ်ပါတယ်။

ဒီဇင်ဘာ ၈ ရက် (အင်္ဂါနေ့) ဟာ ကမ္ဘာ့ကာကွယ်ဆေးလောကအတွက် ကြီးမားတဲ့ သမိုင်းမှတ်တိုင်ထက်ပိုခဲ့ပြီး လူသားတွေအတွက်လည်း ကပ်ရောဂါဘေးကို အချိန်တိုအတွင်း ကာကွယ်နိုင်ဖို့ အသည်းအသန်ရုန်းကန်မှုရဲ့ရလဒ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရခြင်းဘဲဖြစ်ပါတယ်။ယခုထိ ဒီဆေးနဲ့ပတ်သက်ရင် အကောင်းဘက်က ရှုမြင်တာတွေသာရှိပြီး ထူးထူးခြားခြားဆိုလို လူနှစ်ယောက်မှာသာ ဓာတ်မတည့်တဲ့ ဘေးထွက်ဆိုးကျိုး တုံ့ပြန်မှုတွေကို တွေ့ခဲ့ရပါတယ်။

ထုတ်ပြန်ချက်တွေမှာတော့ ဒီဘေးထွက်ဆိုးကျိုးဆိုတာထက် ဒီဆေးကို ပြင်းထန်သော ဓာတ်မတည့်ရောဂါရှိသူတွေကိုမထိုးဖို့ အကြံပြုထားခဲ့တာကို တွေ့ရပါတယ်။ပထမဆုံးကာကွယ်ဆေးထိုးတဲ့ရက်မှာဘဲ တွေ့ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးက ကျန်းမာရေးလုပ်သားနှစ်ဦးမှာဖြစ်ခဲ့ပြီး ထိုနှစ်ဦးမှာ ပြင်းထန်ပြီး ဓာတ်မတည့်တဲ့ရောဂါရှိတဲ့အတွက် နောက်တစ်ရက်မှာဘဲ ဗြိတိန်နိုင်ငံ အမျိုးသားကျန်းမာရေးဌာန NHS က ကာကွယ်ဆေး၊ ဆေးဝါးနဲ့ အစားအစာတွေမှာ Anaphylaxis ဓာတ်မတည့်မှု ရာဇဝင်ရှိသူ ဘယ်သူမှ အခုကာကွယ်ဆေးကို မထိုးနှံသင့်ဘူးလို့  သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုပြဿနာကလွဲပြီး ယခုထိ ဘာပြဿနာမှ ကြီးကြီးမားမား မကြားရသေးပါဘူး။

ဒီဆေးရဲ့ရလဒ်ကို နိုင်ငံတကာနည်းတူ အမေရိကန်ကလည်း စောင့်ကြည့်နေတာဖြစ်ပြီး အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့ (FDA) ရဲ့ အတည်ပြုချက်ရဖို့ Pfizer နဲ့အတူ Moderna ၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့က စောင့်နေကြပါတယ်။တစ်ကယ်တော့ ယခုကာကွယ်ဆေးတွေက အခြေအနေလိုအပ်ချက်အရ အရေးပေါ်အသုံးပြုခွင့်ဆိုပြီး သုံးနေကြတာဖြစ်ပါတယ်။ပုံမှန်တိုင်းဆို အန္တရာယ်ကင်းတဲ့ ကာကွယ်ဆေးရဖို့  အချိန်ယူရဦးမှာပါ။ရုရှားထုတ် sputnik ဆိုရင် ကမ္ဘာပေါ်မှာ အစောဆုံးသုံးဖို့ ပြည်တွင်းမှာခွင့်ပြုခဲ့ပေမယ့် ရုရှားရဲ့ကူးစက်မှုနူန်းက ပြင်းထန်နေတာကိုကြည့်ရင် သူလည်း တင်းပြည့်ကျပ်ပြည့် စစ်ဆေးမှုမပြီးသေးလို့ အပြည့်အ၀မသုံးသေးတာလို့ ယူဆရမယ့်အခြေအနေပါ။ဒီကာကွယ်ဆေး ရုရှားပြင်ပကိုထွက်မလာသေးဘဲ သူနဲ့ပုလဲနံသင့်တဲ့ နိုင်ငံတွေမှာသာ စမ်းသပ်နေဆဲကိုကြည့်ရင် စိတ်ချယုံကြည်မှုက WHO စံနူန်းကို မီပါ့မလားဆိုတာ သံသယဖြစ်စရာပါ။တရုတ်ဆိုရင်လည်း အစောပိုင်းကတည်းက အရေးပေါ်သုံးခွင့်ယူပြီး ပြည်တွင်းမှာသုံးနေပေမယ့် ကူးစက်မှုမြင့်မားတဲ့ ဘရာဇီးနဲ့ တခြားနိုင်ငံတွေမှာ လူနဲ့စမ်းသပ်ရတဲ့ တတိယအဆင့်ကို လုပ်နေရတုန်းပါ။ဒီဇင်ဘာ ၉ ရက်ကတော့ ယူအေအီးလို့ခေါ်တဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံမှာတော့ တရုတ်ထုတ် Sinovac က ဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်စွမ်း ၈၆ ရာခိုင်နူန်းထိရှိပြီး ယူအေအီးမှာသုံးဖို့ အတည်ပြုချက်ပေးခဲ့တာကို တွေ့ခဲ့ရပါတယ်။

အနောက်နိုင်ငံတွေနဲ့အပြိုင် ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုထဲ ပါဝင်နိုင်ဖို့  တရုတ်ကပြင်ဆင်နေတာတွေရှိပါတယ်။မကြာမီက ပြည်တွင်းက တရုတ်ပြည်သူ သန်း ၁၄၀၀ ကျော်အတွက် ဒီလအတွင်း ကာကွယ်ဆေးထိုးပေးဖို့ ဒေသဆိုင်ရာအစိုးရတွေကို ပြင်ဆင်ခိုင်းနေသလို တရုတ်ဆေးကုမ္ပဏီ  Sinopharm ထုတ် ကာကွယ်ဆေးကိုလည်း ဈေးကွက်ဖြန့်နိုင်ရေးအတွက် နောက်ဆုံးအဆင့် စစ်ဆေးမှုခံယူမှုတွေရှိနေပါတယ်။

ဒါပေမယ့် ဒီဆေးတွေကို ကမ္ဘာ့စျေးကွက်ဖြစ်တဲ့ အမေရိကန်နဲ့ ဥရောပအပါအဝင် အနောက်နိုင်ငံစျေးကွက်ကို ဝင်တိုးဖို့ဆိုရင် တင်းကျပ်တဲ့စစ်ဆေးမှုနဲ့ ဘေးအန္တရာယ်ကင်းမှု စံချိန်စံညွှန်းတွေကြောင့် ခက်ခဲနိုင်ပါတယ်။ဆေးတွေကိုတော့ အရေးပေါ်အသုံးချဖို့ ခွင့်ပြုထားတာရှိသလို ရုရှား၊ အီဂျစ်နဲ့ မက္ကဆီကိုအပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း တစ်ဒါဇင်ကျော်မှာလည်း နောက်ဆုံးအဆင့်ကို စမ်းသပ်နေတာတွေရှိပါတယ်။ရလဒ်တွေက ထွက်နေပေမယ့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူပါဘူး။ဥပမာအားဖြင့် ယူအေအီးမှာ တရုတ်ထုတ် Sinopharm က ဗိုင်းရပ်စ်ကို ခုခံကာကွယ်နိုင်စွမ်း ၈၆ ရာခိုင်နူန်းရှိတယ်ဆိုပေမယ့် အင်ဒိုမှာတော့ Sinovac က ရာခိုင်နူန်း ၉၀ ကာကွယ်ပေးနိုင်တယ်ဆိုပြီး ရလဒ်ထွက်ခဲ့တာရှိပါတယ်။ဒီထဲမှာ စျေးကွက်ထဲအလားအလာကောင်းနေတာ Sinovac ပါဘဲ။

လက်ရှိမှာ တရုတ်ဆေးကုမ္ပဏီ Sinopharm ထုတ် ကာကွယ်ဆေးကို ယူအေအီး၊ အီဂျစ်၊ ဂျော်ဒန်၊ ပီရူး၊ အာဂျင်တီးနား စတဲ့ နိုင်ငံ ၁၀ ခုမှာ အစမ်းသပ်ခံသူ ၆၀,၀၀၀ နဲ့ စမ်းသပ်နေပြီး  Sinovacထုတ် ကာကွယ်ဆေးကို ဘရာဇီး၊ တူရကီနဲ့ အင်ဒိုနီးရှားမှာ စမ်းသပ်နေတာပါ။တရုတ်စစ်တပ်မှာ အရေးပေါ်စမ်းသပ်သုံးစွဲနေတဲ့ CanSino ဆေးကို ရုရှား၊ ပါကစ္စတန်နဲ့ မက္ကဆီကိုမှာ စမ်းသပ်နေပြီး Anhui Zhifei Longcom Biologic Pharmacy Co ထုတ် ကာကွယ်ဆေးကိုတော့ တရုတ်ပြည်တွင်းမှာပဲ နောက်ဆုံးအဆင့် စမ်းသပ်နေပါတယ်။

ဒီဆေးပြိုင်ပွဲထဲ မပါပေမယ့် ကမ္ဘာဆေးဝါးထုတ်လုပ်မှုစက်ရုံလို့ခေါ်ကြတဲ့ အိန္ဒိယကတော့ ပြည်တွင်းက ဆေးကုမ္ပဏီနှစ်ခုကနေ ကာကွယ်ဆေးအတွက် အရေးပေါ်အသုံးပြုမှုအတွက် ခွင့်ပြုပေးဖို့ လျှောက်ထားတာကို ဒီရက်ထဲ သတင်းတွေမှာ တွေ့ရပါတယ်။ဒီကုမ္ပဏီက ပြည်တွင်းက ကြီးမားတဲ့စျေးကွက်ကိုရယူနိုင်ဖို့ အဓိကထားဟန်တူပါတယ်။လက်ရှိမှာ အိန္ဒိယက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ကမ္ဘာပေါ်မှာ ဒုတိယအများဆုံးဖြစ်သလို လူဦးရေအရလည်း ကမ္ဘာ့ဒုတိယအများဆုံး နိုင်ငံကြီးပါ။ဒါကြောင့်မို့ ကြီးမားတဲ့စျေးကွက်နှစ်ခုဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယမှာ တရုတ်စျေးကွက်ကိုတော့ ဝင်ဖို့မလွယ်တဲ့အတွက် အိန္ဒိယစျေးကွက်က ဆေးကုမ္ပဏီတွေ ပစ်မှတ်ဖြစ်လာဖို့ သေချာနေပါတယ်။မကြာခင်ကပြုလုပ်တဲ့ အိန္ဒိယအစိုးရ ကျန်းမာရေးသတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ဆေးသုံးခုကို မကြာခင်လိုင်စင်ထုတ်ပေးဖွယ်ရှိတယ်လို့ ပြောခဲ့ပြီး ဒီထဲမှာ Pfizer က အိန္ဒိယမှာ လိုင်စင်လျှောက်ထားကြောင်းသိရပြီး ကျန် ၂ ခုက  အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့နဲ့ တွဲလုပ်နေတဲ့ Covishield နဲ့ ဟိုက်ဒရာဘတ်အခြေစိုက် ဘိုင်အိုတက်က ထုတ်လုပ်တဲ့ ပြည်တွင်းဖြစ်ကာကွယ်ဆေး Covaxin တို့ ဖြစ်လာဖွယ်ရှိနေပါတယ်။

လက်ရှိမှာ ကာကွယ်ဆေးထဲ Pfizer က ရလဒ်တွေကောင်းနေသလို ဒီဇင်ဘာ ၉ ရက်မှာ အစ္စရေးကိုတင်ပို့နေသလို အမေရိကန်နဲ့ ကနေဒါကလည်း ဒီဇင်ဘာ ၁၀ ရက်မှာ အသုံးပြုခွင့်ကို ပေးလိုက်ပြီဖြစ်တဲ့အတွက် ဆေးရရှိဖို့ နိုင်ငံတိုင်းအတွက် ဖိအားဖြစ်လာသဖွယ်ရှိနေပါတယ်။အနောက်အုပ်စုဝင်တွေနဲ့ နှီးနွယ်တဲ့ နိုင်ငံတွေမှာတော့ Pfizer ၊ Modena ၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် AstraZeneca တို့နဲ့ တွဲလုပ်နေတဲ့ Covishield တို့ကို အဓိကအားထားပြီး ကာကွယ်ဆေးရဖို့ မျှော်လင့်ထားသလို ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ အနောက်အုပ်စုနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေကတော့ တရုတ်ထုတ်ကာကွယ်ဆေးနဲ့ ရုရှားထုတ်ကာကွယ်ဆေးကိုသာ မျှော်လင့်နေကြတာကို တွေ့ရပါတယ်။ဒီရက်ထဲမှာဆိုရင် ယခုထိ ရလဒ်ပိုင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုမရှိတဲ့ ရုရှားထုတ် Sputunik V ကို ရုရှားကနေ အလုံးရေ ၁၀ သန်းရရှိဖို့ အာဂျင်တီးနားဘက်က သဘောတူစာချုပ်ခဲ့တာကို တွေ့ရပါတယ်။ခက်တာက နိုင်ငံတိုင်းက ဆေးကုမ္ပဏီတိုင်းကနေ ကာကွယ်ဆေးရဖို့ စာချုပ်တွေ ချုပ်ဆိုထားတဲ့အတွက် အဆိုပါနိုင်ငံတွေမှာ ဆေးတွေပိုလျှံလာဖွယ်ရှိနေပြီး ဖွံဖြိုးဆဲနိုင်ငံတွေနဲ့ တတိယကမ္ဘာနိုင်ငံတွေမှာ ဆေးရဖို့ အချိန်ကာလနှစ်ပေါက်အောင် ဆက်စောင့်နေရဦးမယ့် အခြေအနေပါဘဲ။

ဒီလိုနိုင်ငံတွေမှာ ကူးစက်မှုက ယခုထိမြင့်တက်နေသလို ကူးစက်သူအများစုရှိနေတာပါ။ယခုဆိုရင် ကိုဗစ်လှိုင်းက တတိယလှိုင်းဆီ ဦးတည်နေလို့ တောင်ကိုရီးယားဆိုရင် အသဲအသန်ပြင်ဆင်နေရသလို ပြင်သစ်ဆိုရင်လည်း ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးညတွေမှာ ညမထွက်ရအမိန့် ဆက်ရှိနေဦးမယ်ဆိုပြီး ဝန်ကြီးချုပ်ကိုယ်တိုင် ပြောထားတာရှိပါတယ်။တခြားကမ္ဘာ့နိုင်ငံတွေမှာလည်း ကူးစက်မှုက တကျော့ပြန်ပြန်လည်မြင့်တက်လာနေလို့ ပြင်ဆင်မှုတွေ တင်းကျပ်မှုတွေ လုပ်နေရသလို ကာလရှည်ပိတ်ဆို့မှုတွေ‌ကြောင့် လူထုက ပြန်လည်ဆန့်ကျင်ဆန္ဒပြတာတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြိုလဲကုန်တာကြောင့် အလုပ်လက်မဲ့နူန်း ထိုးတက်လာတာတွေ‌ကြောင့် ကာကွယ်ဆေးက နိုင်ငံတိုင်းအတွက် အရေးကြီးတဲ့အနေအထားတစ်ခုကို ရောက်နေပါပြီ။

ကပ်ရောဂါနဲ့ ကာကွယ်ဆေးရဲ့ ပြင်းထန်တဲ့ နောက်ဆုံးတိုက်ပွဲမှာ ကာကွယ်ဆေးရဖို့ အချိန်ကြာလေ လူ့အသက်သေဆုံးမှုကမြင့်လေမို့လို့ ကာကွယ်ဆေးလုံလောက်တဲ့အထိ မရသေးခင်မှာ လူ့အသက်ဘယ်လောက်ဆုံးရှုံးမလဲ၊ ကူးစက်မှုက ကာကွယ်ဆေးလုံလုံလောက်လောက်မရခင်မှာဘဲ ကပ်ရောဂါသဘောသဘာ၀အရ ပျက်ပြယ်အရှိန်လျော့သွားမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဘိုင်ဒင်လက်ထက် တရုတ်နဲ့ ဆက်ဆံရေး ဘာတွေဖြစ်လာနိုင်သလဲ

ပြီးခဲ့တဲ့ တနင်္လာနေ့က ဆိုင်းမဆင့်ဗုံမဆင့်ဆိုသလို တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ က အမေရိကန်နဲ့ပတ်သက်ပြီး ပြောခဲ့ပါတယ်။ဘေကျင်းနဲ့ ဝါရှင်တန်ကြား အဆင့်တိုင်းအတွက် တွေ့ဆုံဆွေးနွေးမှု စတင်သင့်ကြောင်း ပြောခဲ့တာပါ။ဝမ်ယိ က အမေရိကန်-တရုတ် စီးပွားရေးကောင်စီ ဒါရိုက်တာဘုတ်အဖွဲ့ အစည်းအဝေးမှာ ပြောခဲ့တာဖြစ်ပြီး မည်သည့်အရေးကိစ္စကိုမဆို ဆွေးနွေးရေးစားပွဲမှာ ဆွေးနွေးနိုင်တယ်။ပြီးတော့ မဟာဗျူဟာမြောက် ရေရှည်အရေးကိစ္စတွေကို ဆက်လက်ဆွေးနွေးနိုင်တယ်၊ တရုတ်ဘက်ကတော့ ဆွေးနွေးဖို့ အမြဲအဆင်သင့်ပဲဆိုပြီး ပြောခဲ့ပါတယ်။

ဒါဟာ ဒီဇင်ဘာ ၆ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အမေရိကန် လက်လီရင်းနှီးမြှုပ်နှံသူများကမသိဘဲ ရင်းနှီးမြှုပ်နှံနေတဲ့ အရပ်ဘက်နှင့် စစ်ဘက်ထုတ်လုပ်မှုများတွင် ပါဝင်နေတဲ့ တရုတ်ကုမ္ပဏီ ၈၀ ကျော်စာရင်းကို ထုတ်ပြန်အပြီးမှာ ဒီလိုစကားမျိုး ထွက်လာခဲ့တာပါ။နောက်လာမယ့် ဘိုင်ဒင်ရဲ့ သက်တမ်းမှာ အမေရိကန်-တရုတ် ဆက်ဆံရေးက လက်ရှိတင်းမာနေမှုထက် လျော့ကျသွားဖွယ်ရှိတယ်ဆိုတဲ့ ခန့်မှန်းမှုတွေက အားလျော့လာချိန်မှာ ဘေကျင်းဘက်က ဒီလိုမျိုးအသံပစ်လာတာပါ။လက်ရှိမှာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး ဘေကျင်းနဲ့ ဝါရှင်တန်ကြား တင်းမာမှုက မြင့်တက်နေဆဲဖြစ်ပြီး အထူးသဖြင့်‌ ထိုင်ဝမ်ကို နောက်ဆုံးပေါ်လက်နက်တွေ ဘီလျံနဲ့ချီပြီး ဆက်တိုက်ရောင်းချပေးတာတွေက ဘေကျင်းကို ဒေါသထွက်စေခဲ့ပါတယ်။ယခုနှစ်အတွင်း အမေရိကန်က ထိုင်ဝမ်ကို ၆ ကြိမ်မြောက် လက်နက်ရောင်းချမှုအဖြစ် ဒေါ်လာ သန်း၂၈၀ တန် အစီအစဉ်ကို ဒီရက်ထဲမှာဘဲ ကြေညာခဲ့ပါတယ်။ဒါဟာ ထိုင်ဝမ်ကို မပေါင်းစည်းရသေးတဲ့ ပြည်နယ်တစ်ခုအဖြစ် သဘောထားတဲ့ ဘေကျင်းအတွက် မခံနိုင်စရာပါ။ထိုင်ဝမ် ပိုတောင့်တင်းလာလေ ပြည်မနဲ့ပေါင်းစည်းရေးက ပိုခက်ခဲလာလေဖြစ်မှာ အမှန်ပါဘဲ။တရုတ်အတွက် ထရမ့်အုပ်ချုပ်မှု နောက်ဆုံးရက်သတ္တပတ်တွေမှာ ဆက်တိုက်ဆိုသလို ထိပ်တိုက်တွေ့ဆုံရေးလမ်းကြောင်းအပေါ် ဆွဲတင်နေလာခဲ့တဲ့အတွက် ဘေကျင်းအတွက် ဘိုင်ဒင်လက်ထက်မှာ ပြဿနာတွေနဲ့ ဆက်လက်လုံးထွေးနေမယ့်အနေအထား ရှိနေပါတယ်။

လက်ရှိမှာဘဲ ထရမ့်အစိုးရအဖွဲ့က ဟောင်ကောင်လွှတ်တော်အမတ်တွေကို ထုတ်ပယ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံသားတချို့ကို  အမေရိကန်ဘက်က ပြည်ဝင်ခွင့်တားဆီးပိတ်ပင်မှုတွေ ချမှတ်ခဲ့ပါတယ်။ဒီလိုပိတ်ပင်မှုကြောင့် တရုတ်နိုင်ငံသားတချို့နဲ့ ဟောင်ကောင်အစိုးရအရာရှိတွေ အမေရိကန် ဘဏ္ဍာရေးစနစ်နဲ့ ပတ်သက်ခွင့်လဲ မရှိတော့ပါဘူး။ဒါကို တရုတ်ဘက်က ပြန်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူတွေကို ဟောင်ကောင်နဲ့ မကာအိုကို ဗီဇာမပါဘဲဝင်ခွင့်ကို ယာယီပိတ်ခဲ့ပါတယ်။ဒါ့အပြင် အမေရိကန်အက်ပလီကေးရှင်း Trip Advisor အပါအဝင် အက်ပလီကေးရှင်းအချို့ကို တရုတ်အက်ပလီကေးရှင်းစတိုးကနေ ဖယ်ရှားခဲ့ပါတယ်။ဒါဟာ တခြားနိုင်ငံတွေအတွက် ကြီးမားတဲ့ပြဿနာလို့ဆိုနိုင်ပေမယ့် ကုန်သွယ်ရေးစစ်ကနေ တောင်တရုတ်ပင်လယ်အထိ တင်းမာမှုတွေ တစ်ပုံကြီးရှိနေတဲ့ တရုတ်နဲ့ အမေရိကန် နိုင်ငံကြီးနှစ်ခုအတွက်ကတော့ ဒီလိုပြဿနာတွေက ဒုနဲ့ဒေးပါ။

ဘိုင်ဒင်လက်ထက် တရုတ်-အမေရိကန် ဆက်ဆံရေးက ထရမ့်လက်ထက်ကထက် ပိုကောင်းလာနိုင်မလားဆိုတာ မှန်းဆလို့မရပေမယ့် တရုတ်ဘက်က ပိုတင်းမာလာနိုင်တဲ့ အခြေအနေအတွက် ပြင်ဆင်မှုတွေ လုပ်လာနေပါပြီ။ဒီအတွက် ထရမ့်အလွန် တရုတ်-အမေရိကန် ဆက်ဆံရေးက စိတ်ဝင်စားစရာကောင်းလာမှာဖြစ်သလို ကပ်ရောဂါအလွန် ကမ္ဘာ့အရေးတွေမှာ အမေရိကန်က တရုတ်နဲ့ အပြိုင် ခေါင်းဆောင်နေရာကို ပြန်လုလာတော့မလားဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒီလို စောင့်ကြည့်ရမယ့် သတင်းတွေအပြင် ယခုရက်ထဲမှာ နောက်ထပ်ထူးတဲ့ သတင်းတွေကတော့ အီရတ်မြောက်ပိုင်း ကာ့ဒ်အုပ်ချုပ်တဲ့ ဆူလေမန်နီယပြည်နယ်မှာ လစာပေးတာနောက်ကျတာ၊ အကျင့်ပျက်ခြစားနေတာတွေကြောင့်  ဆန္ဒပြမှုတွေ ဆက်ဖြစ်နေခဲ့တဲ့သတင်း၊ ပဋိပက္ခအတွင်း လူထောင်ချီသေဆုံးရမှုနဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာစွာ လွတ်လွတ်လပ်လပ် စစ်ဆေးခွင့်ရရေးအတွက် နိုင်ငံတကာတောင်းဆိုမှုကို အီသီယိုပီးယားအစိုးရက ငြင်းပယ်လိုက်တဲ့သတင်း၊ ဗိုင်းရပ်စ်ကူးစက်မှုများနေတဲ့ကြားက ရွှေ့ဆိုင်းထားရတဲ့ ဒေသဆိုင်ရာရွေးကောက်ပွဲတွေကို အင်ဒိုနီးရှားအာဏာပိုင်တွေက ကျင်းပလိုက်တဲ့သတင်းတွေ၊ ပဋိပက္ခနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ရောက်ရှိလာတဲ့ အီဂျစ်သမ္မတ စီစီ ကို ပြင်သစ်ဝန်ကြီးချုပ်က ကြိုဆိုခဲ့တဲ့သတင်း၊ အာဂျင်တီးနား ဂန္ထဝင်ကစားသမားကြီး မာရာဒိုနာရဲ့ ရုပ်ပုံကို အာဂျင်တီးနားငွေစက္ကူတွေမှာ ရိုက်နှိပ်ဂုဏ်ပြုဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့‌သတင်း၊ အသစ်ပြဋ္ဌာန်းထားတဲ့ အိန္ဒိယအစိုးရရဲ့ စိုက်ပျိုးရေးဥပဒေကို အိန္ဒိယလယ်သမားတွေ ဆက်တိုက်ဆန္ဒပြနေတဲ့သတင်း၊ ထူးဆန်းတဲ့ သတ္ထူတိုင်ကြီးတစ်ခုကို  ဗြိတိန်နိုင်ငံနဲ့ နယ်သာလန်မှာ ထပ်တွေ့ခဲ့တဲ့သတင်း၊ အစ္စရေးမှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုတွေ  ဆက်လက်ဖြစ်ပွားနေတဲ့သတင်း၊ အမေရိကန် အောက်လွှတ်တော်က ဆေးခြောက်သုံးစွဲတာကို ရာဇဝတ်မှုမမြောက်ဘူးလို့ မဲခွဲဆုံးဖြတ်လိုက်တဲ့သတင်း၊ ကိုဗစ်-၁၉ အကူအညီဖြန့်ဖြူးရေးမှာ လာဘ်စားမှုနဲ့ အင်ဒိုနီးရှား လူမှုရေးဝန်ကြီးကို တရားစွဲအရေးယူလိုက်တဲ့သတင်း၊ တိုကျိုမှာ  ၂၀၃၀ ပြည့်နှစ်ကစပြီး ဓာတ်ဆီကားသစ်ရောင်းချမှုကို ပိတ်တော့မယ့်သတင်း၊ တရုတ်နိုင်ငံ ချုံကင်းမြို့က ကျောက်မီးသွေးတွင်းတစ်တွင်းမှာ ကာဗွန်မိုနောက်ဆိုက်ကြောင့် မတော်တဆမှုတစ်ခုဖြစ်ပွားလို့  ၁၈ ဦး သေဆုံးခဲ့တဲ့သတင်း စတဲ့သတင်းတွေလည်း ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဒီဇင်ဘာ - ၁၁

( Zawgyi )

ကာကြယ္ေဆးသတင္းေတြေၾကာင့္ တစ္ကမာၻလုံးလႈပ္လႈပ္႐ြ႐ြနဲ႔ ယခုရက္သတၱပတ္အတြင္း လန္းဆန္းတက္ႂကြေနပါတယ္။ႏိုင္ငံတိုင္းက ကိုဗစ္ကပ္ေဘးအလြန္ကာလအတြက္ စီမံေနၾကသလို တစ္ဘက္မွာလည္း ကာကြယ္ေဆးေပၚလာတဲ့အတြက္ ေပါ့ဆမႈေတြရွိလာမွာကို စိုးရမ္ေနၾကပါတယ္။တစ္ဘက္မွာလဲ အေမရိကန္ႏွင့္ တ႐ုတ္အၾကား တင္းမာမႈေတြ  ျပန္လည္ျမင့္တက္လာခဲ့သလို ကမာၻ႔အေရးေတြကလည္း စိတ္ဝင္စားဖြယ္ေကာင္းေနခဲ့ပါတယ္။

လကမာၻအေပၚ တ႐ုတ္က အလံစိုက္ႏိုင္တဲ့ ဒုတိယႏိုင္ငံျဖစ္လာတာ၊ အေရွ႕အလယ္ပိုင္းေဒသမွာ တအုံ႔တေႏြးေႏြးျဖစ္ေနတဲ့  စစ္မက္အေရးေတြနဲ႔ ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္က သတင္းဖတ္သူေတြအတြက္ တင္ျပခ်င္စရာေတြမ်ားေနပါတယ္။

ဒီထဲကေန သတိထားမိခဲ့တဲ့ ကိုဗစ္ကာကြယ္ေဆးသတင္းနဲ႔ ဘိုင္ဒင္လက္ထက္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးက ေစာင္ၾကည့္လာစရာရွိတဲ့ သတင္းေတြျဖစ္ေနလို႔ ဒီသတင္းႏွစ္ပုဒ္ကို ယခုတစ္ပတ္မွာ တင္ျပလိုက္ရပါတယ္။

လူသားကမာၻရဲ႕ အထိအခိုက္အမ်ားဆုံး ကပ္ေရာဂါတိုက္ပြဲ

ေမွ်ာ္လင့္ထားတဲ့အတိိုင္း အေမရိကန္ေဆးကုမၸဏီ Pfizer နဲ႔ ဂ်ာမနီေဆးကုမၸဏီ BioNTech တို႔ ပူးတြဲထုတ္တဲ့ ကိုဗစ္-၁၉ ကာကြယ္ေဆးက တရားဝင္ကာကြယ္ေဆးအျဖစ္ စတင္ေပၚထြက္လာခဲ့ပါၿပီ။ဒါဟာ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလမွာ စျဖစ္ခဲ့တဲ့‌ ကို႐ိုနာဗိုင္းရပ္စ္ ကမာၻတစ္ဝန္း လူ၁၀ သန္းေက်ာ္ သတ္ျဖတ္ခဲ့ၿပီးေနာက္မွာ ေပၚထြက္လာတာျဖစ္လို႔ ကြယ္လြန္ခဲ့ရတဲ့သူေတြအတြက္ ေၾကကြဲစရာပါ။ဒီေဆးအပါအဝင္ ဆက္တိုက္ထြက္ရွိလာႏိုင္တဲ့ ကာကြယ္ေဆးေတြက ယခုထိ အရွိန္အဟုန္ေကာင္းေကာင္းနဲ႔ ကူးစက္သတ္ျဖတ္လို႔ေကာင္းေနတဲ့ ကပ္ေရာဂါရဲ႕ အဆုံးသတ္ျဖစ္မလားဆိုတာသိဖို႔ အခ်ိန္တစ္ခုယူရဦးမွာျဖစ္ပါတယ္။ဒါေပမယ့္ ဘာေဆးဝါးတစ္ခုမွ ကိုယ္ခ်စ္တဲ့ခင္တဲ့သူေတြအတြက္ ကာကြယ္ေပးႏိုင္မယ့္ေဆးဝါးမရွိဘဲ တစ္ႏွစ္ေလာက္ လည္စင္းခံေနရတဲ့ အေနအထားကေန ကာကြယ္ေဆးတစ္ခုအျဖစ္ အားကိုးစရာ ေလာက္ေလာက္လားလားထြက္လာတာနဲ႔တင္ ကမာၻအတြက္ ေက်နပ္စရာပါ။

ဒီေဆးကို ၿဗိတိန္က ဒီဇင္ဘာ ၈ ရက္ကစၿပီး အေစာဆုံး စတင္ကာ တရားဝင္သုံးခဲ့ပါတယ္။အပူခ်ိန္ အႏုတ္ ၇၀ နဲ႔ ၈၀ ဒီဂရီစင္တီဂရိတ္မွာ ထားရွိရတဲ့ ႏွစ္ခါတိတိထိုးရတဲ့ ဒီေဆးရဲ႕အလားအလာ၊ အထူးသျဖင့္ ဆိုးက်ိဳးသက္ေရာက္မႈကို တစ္ကမာၻလုံးကေစာင့္ၾကည့္ေနသလို ၿဗိတိန္အတြက္လည္း လမ္းသစ္ကိုေဖာက္ရတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ အလြန္ဘဲအႏၲရာယ္ႀကီးတဲ့ အေနအထားပါဘဲ။

ၿဗိတိန္ႏိုင္ငံဟာ COVID-19 ကာကြယ္ေဆးကို အေနာက္ႏိုင္ငံမ်ားထဲ ပထမဆုံး အမ်ားျပည္သူအတြက္အသုံးျပဳေသာ ႏိုင္ငံျဖစ္ၿပီး Pfizer ကာကြယ္ေဆး ပထမအႀကိမ္ထိုးႏွံျခင္းကို ဒီဇင္ဘာ ၈ ရက္က အဂၤလန္၊ စေကာ့တလန္၊ ေဝလႏွင့္ ေျမာက္အိုင္ယာလန္ရွိ ေဆး႐ုံေပါင္း ၇၀ မွာ လူေထာင္ေပါင္းမ်ားစြာကို ထိုးႏွံေပးခဲ့တာပါ။

ယခုအခ်ိန္အထိ အတည္ျပဳထားသည့္ Pfizer ကာကြယ္ေဆး ၈ သိန္းကို ေဆး႐ုံတက္ေနၿပီးျဖစ္သည့္ အသက္ ၈၀ ေက်ာ္သူမ်ားအတြက္ ထိုးေပးေနၿပီး ျပင္ပလူနာမ်ားႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈေဂဟာ ဝန္ထမ္းမ်ားကို ထိုးေပးရန္ စီစဥ္ထားကာ လာမည့္အပတ္မွာ ထိခိုက္လြယ္ဆုံးသူ ၂၅ သန္းကို ထိုးေပးဖို႔ Pfizer ကာကြယ္ေဆး ဒုတိယအသုတ္ကို လက္ခံရရွိမွာျဖစ္ပါတယ္။

ဒီဇင္ဘာ ၈ ရက္ (အဂၤါေန႔) ဟာ ကမာၻ႔ကာကြယ္ေဆးေလာကအတြက္ ႀကီးမားတဲ့ သမိုင္းမွတ္တိုင္ထက္ပိုခဲ့ၿပီး လူသားေတြအတြက္လည္း ကပ္ေရာဂါေဘးကို အခ်ိန္တိုအတြင္း ကာကြယ္ႏိုင္ဖို႔ အသည္းအသန္႐ုန္းကန္မႈရဲ႕ရလဒ္ကို မ်က္ဝါးထင္ထင္ ျမင္ေတြ႕ရျခင္းဘဲျဖစ္ပါတယ္။ယခုထိ ဒီေဆးနဲ႔ပတ္သက္ရင္ အေကာင္းဘက္က ရႈျမင္တာေတြသာရွိၿပီး ထူးထူးျခားျခားဆိုလို လူႏွစ္ေယာက္မွာသာ ဓာတ္မတည့္တဲ့ ေဘးထြက္ဆိုးက်ိဳး တုံ႔ျပန္မႈေတြကို ေတြ႕ခဲ့ရပါတယ္။

ထုတ္ျပန္ခ်က္ေတြမွာေတာ့ ဒီေဘးထြက္ဆိုးက်ိဳးဆိုတာထက္ ဒီေဆးကို ျပင္းထန္ေသာ ဓာတ္မတည့္ေရာဂါရွိသူေတြကိုမထိုးဖို႔ အႀကံျပဳထားခဲ့တာကို ေတြ႕ရပါတယ္။ပထမဆုံးကာကြယ္ေဆးထိုးတဲ့ရက္မွာဘဲ ေတြ႕ခဲ့ရတဲ့ ေဘးထြက္ဆိုးက်ိဳးက က်န္းမာေရးလုပ္သားႏွစ္ဦးမွာျဖစ္ခဲ့ၿပီး ထိုႏွစ္ဦးမွာ ျပင္းထန္ၿပီး ဓာတ္မတည့္တဲ့ေရာဂါရွိတဲ့အတြက္ ေနာက္တစ္ရက္မွာဘဲ ၿဗိတိန္ႏိုင္ငံ အမ်ိဳးသားက်န္းမာေရးဌာန NHS က ကာကြယ္ေဆး၊ ေဆးဝါးနဲ႔ အစားအစာေတြမွာ Anaphylaxis ဓာတ္မတည့္မႈ ရာဇဝင္ရွိသူ ဘယ္သူမွ အခုကာကြယ္ေဆးကို မထိုးႏွံသင့္ဘူးလို႔  သတိေပးခ်က္ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုျပႆနာကလြဲၿပီး ယခုထိ ဘာျပႆနာမွ ႀကီးႀကီးမားမား မၾကားရေသးပါဘူး။

ဒီေဆးရဲ႕ရလဒ္ကို ႏိုင္ငံတကာနည္းတူ အေမရိကန္ကလည္း ေစာင့္ၾကည့္ေနတာျဖစ္ၿပီး အေမရိကန္ အစားအစာႏွင့္ ေဆးဝါးကြပ္ကဲေရးအဖြဲ႕ (FDA) ရဲ႕ အတည္ျပဳခ်က္ရဖို႔ Pfizer နဲ႔အတူ Moderna ၊ ေအာက္စဖို႔ဒ္တကၠသိုလ္ႏွင့္ AstraZeneca တို႔က ေစာင့္ေနၾကပါတယ္။တစ္ကယ္ေတာ့ ယခုကာကြယ္ေဆးေတြက အေျခအေနလိုအပ္ခ်က္အရ အေရးေပၚအသုံးျပဳခြင့္ဆိုၿပီး သုံးေနၾကတာျဖစ္ပါတယ္။ပုံမွန္တိုင္းဆို အႏၲရာယ္ကင္းတဲ့ ကာကြယ္ေဆးရဖို႔  အခ်ိန္ယူရဦးမွာပါ။႐ုရွားထုတ္ sputnik ဆိုရင္ ကမာၻေပၚမွာ အေစာဆုံးသုံးဖို႔ ျပည္တြင္းမွာခြင့္ျပဳခဲ့ေပမယ့္ ႐ုရွားရဲ႕ကူးစက္မႈႏူန္းက ျပင္းထန္ေနတာကိုၾကည့္ရင္ သူလည္း တင္းျပည့္က်ပ္ျပည့္ စစ္ေဆးမႈမၿပီးေသးလို႔ အျပည့္အ၀မသုံးေသးတာလို႔ ယူဆရမယ့္အေျခအေနပါ။ဒီကာကြယ္ေဆး ႐ုရွားျပင္ပကိုထြက္မလာေသးဘဲ သူနဲ႔ပုလဲနံသင့္တဲ့ ႏိုင္ငံေတြမွာသာ စမ္းသပ္ေနဆဲကိုၾကည့္ရင္ စိတ္ခ်ယုံၾကည္မႈက WHO စံႏူန္းကို မီပါ့မလားဆိုတာ သံသယျဖစ္စရာပါ။တ႐ုတ္ဆိုရင္လည္း အေစာပိုင္းကတည္းက အေရးေပၚသုံးခြင့္ယူၿပီး ျပည္တြင္းမွာသုံးေနေပမယ့္ ကူးစက္မႈျမင့္မားတဲ့ ဘရာဇီးနဲ႔ တျခားႏိုင္ငံေတြမွာ လူနဲ႔စမ္းသပ္ရတဲ့ တတိယအဆင့္ကို လုပ္ေနရတုန္းပါ။ဒီဇင္ဘာ ၉ ရက္ကေတာ့ ယူေအအီးလို႔ေခၚတဲ့ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စုႏိုင္ငံမွာေတာ့ တ႐ုတ္ထုတ္ Sinovac က ဗိုင္းရပ္စ္ကို ခုခံကာကြယ္ႏိုင္စြမ္း ၈၆ ရာခိုင္ႏူန္းထိရွိၿပီး ယူေအအီးမွာသုံးဖို႔ အတည္ျပဳခ်က္ေပးခဲ့တာကို ေတြ႕ခဲ့ရပါတယ္။

အေနာက္ႏိုင္ငံေတြနဲ႔အၿပိဳင္ ကိုဗစ္ကာကြယ္ေဆးထုတ္လုပ္မႈထဲ ပါဝင္ႏိုင္ဖို႔  တ႐ုတ္ကျပင္ဆင္ေနတာေတြရွိပါတယ္။မၾကာမီက ျပည္တြင္းက တ႐ုတ္ျပည္သူ သန္း ၁၄၀၀ ေက်ာ္အတြက္ ဒီလအတြင္း ကာကြယ္ေဆးထိုးေပးဖို႔ ေဒသဆိုင္ရာအစိုးရေတြကို ျပင္ဆင္ခိုင္းေနသလို တ႐ုတ္ေဆးကုမၸဏီ  Sinopharm ထုတ္ ကာကြယ္ေဆးကိုလည္း ေဈးကြက္ျဖန္႔ႏိုင္ေရးအတြက္ ေနာက္ဆုံးအဆင့္ စစ္ေဆးမႈခံယူမႈေတြရွိေနပါတယ္။

ဒါေပမယ့္ ဒီေဆးေတြကို ကမာၻ႔ေစ်းကြက္ျဖစ္တဲ့ အေမရိကန္နဲ႔ ဥေရာပအပါအဝင္ အေနာက္ႏိုင္ငံေစ်းကြက္ကို ဝင္တိုးဖို႔ဆိုရင္ တင္းက်ပ္တဲ့စစ္ေဆးမႈနဲ႔ ေဘးအႏၲရာယ္ကင္းမႈ စံခ်ိန္စံၫႊန္းေတြေၾကာင့္ ခက္ခဲႏိုင္ပါတယ္။ေဆးေတြကိုေတာ့ အေရးေပၚအသုံးခ်ဖို႔ ခြင့္ျပဳထားတာရွိသလို ႐ုရွား၊ အီဂ်စ္နဲ႔ မကၠဆီကိုအပါအဝင္ ကမာၻ႔ႏိုင္ငံေပါင္း တစ္ဒါဇင္ေက်ာ္မွာလည္း ေနာက္ဆုံးအဆင့္ကို စမ္းသပ္ေနတာေတြရွိပါတယ္။ရလဒ္ေတြက ထြက္ေနေပမယ့္ တစ္ႏိုင္ငံနဲ႔ တစ္ႏိုင္ငံ မတူပါဘူး။ဥပမာအားျဖင့္ ယူေအအီးမွာ တ႐ုတ္ထုတ္ Sinopharm က ဗိုင္းရပ္စ္ကို ခုခံကာကြယ္ႏိုင္စြမ္း ၈၆ ရာခိုင္ႏူန္းရွိတယ္ဆိုေပမယ့္ အင္ဒိုမွာေတာ့ Sinovac က ရာခိုင္ႏူန္း ၉၀ ကာကြယ္ေပးႏိုင္တယ္ဆိုၿပီး ရလဒ္ထြက္ခဲ့တာရွိပါတယ္။ဒီထဲမွာ ေစ်းကြက္ထဲအလားအလာေကာင္းေနတာ Sinovac ပါဘဲ။

လက္ရွိမွာ တ႐ုတ္ေဆးကုမၸဏီ Sinopharm ထုတ္ ကာကြယ္ေဆးကို ယူေအအီး၊ အီဂ်စ္၊ ေဂ်ာ္ဒန္၊ ပီ႐ူး၊ အာဂ်င္တီးနား စတဲ့ ႏိုင္ငံ ၁၀ ခုမွာ အစမ္းသပ္ခံသူ ၆၀,၀၀၀ နဲ႔ စမ္းသပ္ေနၿပီး  Sinovacထုတ္ ကာကြယ္ေဆးကို ဘရာဇီး၊ တူရကီနဲ႔ အင္ဒိုနီးရွားမွာ စမ္းသပ္ေနတာပါ။တ႐ုတ္စစ္တပ္မွာ အေရးေပၚစမ္းသပ္သုံးစြဲေနတဲ့ CanSino ေဆးကို ႐ုရွား၊ ပါကစၥတန္နဲ႔ မကၠဆီကိုမွာ စမ္းသပ္ေနၿပီး Anhui Zhifei Longcom Biologic Pharmacy Co ထုတ္ ကာကြယ္ေဆးကိုေတာ့ တ႐ုတ္ျပည္တြင္းမွာပဲ ေနာက္ဆုံးအဆင့္ စမ္းသပ္ေနပါတယ္။

ဒီေဆးၿပိဳင္ပြဲထဲ မပါေပမယ့္ ကမာၻေဆးဝါးထုတ္လုပ္မႈစက္႐ုံလို႔ေခၚၾကတဲ့ အိႏၵိယကေတာ့ ျပည္တြင္းက ေဆးကုမၸဏီႏွစ္ခုကေန ကာကြယ္ေဆးအတြက္ အေရးေပၚအသုံးျပဳမႈအတြက္ ခြင့္ျပဳေပးဖို႔ ေလွ်ာက္ထားတာကို ဒီရက္ထဲ သတင္းေတြမွာ ေတြ႕ရပါတယ္။ဒီကုမၸဏီက ျပည္တြင္းက ႀကီးမားတဲ့ေစ်းကြက္ကိုရယူႏိုင္ဖို႔ အဓိကထားဟန္တူပါတယ္။လက္ရွိမွာ အိႏၵိယက ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈ ကမာၻေပၚမွာ ဒုတိယအမ်ားဆုံးျဖစ္သလို လူဦးေရအရလည္း ကမာၻ႔ဒုတိယအမ်ားဆုံး ႏိုင္ငံႀကီးပါ။ဒါေၾကာင့္မို႔ ႀကီးမားတဲ့ေစ်းကြက္ႏွစ္ခုျဖစ္တဲ့ တ႐ုတ္နဲ႔ အိႏၵိယမွာ တ႐ုတ္ေစ်းကြက္ကိုေတာ့ ဝင္ဖို႔မလြယ္တဲ့အတြက္ အိႏၵိယေစ်းကြက္က ေဆးကုမၸဏီေတြ ပစ္မွတ္ျဖစ္လာဖို႔ ေသခ်ာေနပါတယ္။မၾကာခင္ကျပဳလုပ္တဲ့ အိႏၵိယအစိုးရ က်န္းမာေရးသတင္းစာရွင္းလင္းပြဲမွာ ကာကြယ္ေဆးသုံးခုကို မၾကာခင္လိုင္စင္ထုတ္ေပးဖြယ္ရွိတယ္လို႔ ေျပာခဲ့ၿပီး ဒီထဲမွာ Pfizer က အိႏၵိယမွာ လိုင္စင္ေလွ်ာက္ထားေၾကာင္းသိရၿပီး က်န္ ၂ ခုက  ေအာက္စဖို႔ဒ္တကၠသိုလ္ႏွင့္ AstraZeneca တို႔နဲ႔ တြဲလုပ္ေနတဲ့ Covishield နဲ႔ ဟိုက္ဒရာဘတ္အေျခစိုက္ ဘိုင္အိုတက္က ထုတ္လုပ္တဲ့ ျပည္တြင္းျဖစ္ကာကြယ္ေဆး Covaxin တို႔ ျဖစ္လာဖြယ္ရွိေနပါတယ္။

လက္ရွိမွာ ကာကြယ္ေဆးထဲ Pfizer က ရလဒ္ေတြေကာင္းေနသလို ဒီဇင္ဘာ ၉ ရက္မွာ အစၥေရးကိုတင္ပို႔ေနသလို အေမရိကန္နဲ႔ ကေနဒါကလည္း ဒီဇင္ဘာ ၁၀ ရက္မွာ အသုံးျပဳခြင့္ကို ေပးလိုက္ၿပီျဖစ္တဲ့အတြက္ ေဆးရရွိဖို႔ ႏိုင္ငံတိုင္းအတြက္ ဖိအားျဖစ္လာသဖြယ္ရွိေနပါတယ္။အေနာက္အုပ္စုဝင္ေတြနဲ႔ ႏွီးႏြယ္တဲ့ ႏိုင္ငံေတြမွာေတာ့ Pfizer ၊ Modena ၊ ေအာက္စဖို႔ဒ္တကၠသိုလ္ႏွင့္ AstraZeneca တို႔နဲ႔ တြဲလုပ္ေနတဲ့ Covishield တို႔ကို အဓိကအားထားၿပီး ကာကြယ္ေဆးရဖို႔ ေမွ်ာ္လင့္ထားသလို ဖြံ႕ၿဖိဳးဆဲႏိုင္ငံေတြနဲ႔ အေနာက္အုပ္စုနဲ႔ အဆင္မေျပတဲ့ ႏိုင္ငံေတြကေတာ့ တ႐ုတ္ထုတ္ကာကြယ္ေဆးနဲ႔ ႐ုရွားထုတ္ကာကြယ္ေဆးကိုသာ ေမွ်ာ္လင့္ေနၾကတာကို ေတြ႕ရပါတယ္။ဒီရက္ထဲမွာဆိုရင္ ယခုထိ ရလဒ္ပိုင္းဆိုင္ရာ ပြင့္လင္းျမင္သာမႈမရွိတဲ့ ႐ုရွားထုတ္ Sputunik V ကို ႐ုရွားကေန အလုံးေရ ၁၀ သန္းရရွိဖို႔ အာဂ်င္တီးနားဘက္က သေဘာတူစာခ်ဳပ္ခဲ့တာကို ေတြ႕ရပါတယ္။ခက္တာက ႏိုင္ငံတိုင္းက ေဆးကုမၸဏီတိုင္းကေန ကာကြယ္ေဆးရဖို႔ စာခ်ဳပ္ေတြ ခ်ဳပ္ဆိုထားတဲ့အတြက္ အဆိုပါႏိုင္ငံေတြမွာ ေဆးေတြပိုလွ်ံလာဖြယ္ရွိေနၿပီး ဖြံၿဖိဳးဆဲႏိုင္ငံေတြနဲ႔ တတိယကမာၻႏိုင္ငံေတြမွာ ေဆးရဖို႔ အခ်ိန္ကာလႏွစ္ေပါက္ေအာင္ ဆက္ေစာင့္ေနရဦးမယ့္ အေျခအေနပါဘဲ။

ဒီလိုႏိုင္ငံေတြမွာ ကူးစက္မႈက ယခုထိျမင့္တက္ေနသလို ကူးစက္သူအမ်ားစုရွိေနတာပါ။ယခုဆိုရင္ ကိုဗစ္လႈိင္းက တတိယလႈိင္းဆီ ဦးတည္ေနလို႔ ေတာင္ကိုရီးယားဆိုရင္ အသဲအသန္ျပင္ဆင္ေနရသလို ျပင္သစ္ဆိုရင္လည္း ခရစၥမတ္ကာလနဲ႔ ႏွစ္သစ္ကူးညေတြမွာ ညမထြက္ရအမိန႔္ ဆက္ရွိေနဦးမယ္ဆိုၿပီး ဝန္ႀကီးခ်ဳပ္ကိုယ္တိုင္ ေျပာထားတာရွိပါတယ္။တျခားကမာၻ႔ႏိုင္ငံေတြမွာလည္း ကူးစက္မႈက တေက်ာ့ျပန္ျပန္လည္ျမင့္တက္လာေနလို႔ ျပင္ဆင္မႈေတြ တင္းက်ပ္မႈေတြ လုပ္ေနရသလို ကာလရွည္ပိတ္ဆို႔မႈေတြ‌ေၾကာင့္ လူထုက ျပန္လည္ဆန႔္က်င္ဆႏၵျပတာေတြ၊ စီးပြားေရးလုပ္ငန္းေတြ ၿပိဳလဲကုန္တာေၾကာင့္ အလုပ္လက္မဲ့ႏူန္း ထိုးတက္လာတာေတြ‌ေၾကာင့္ ကာကြယ္ေဆးက ႏိုင္ငံတိုင္းအတြက္ အေရးႀကီးတဲ့အေနအထားတစ္ခုကို ေရာက္ေနပါၿပီ။

ကပ္ေရာဂါနဲ႔ ကာကြယ္ေဆးရဲ႕ ျပင္းထန္တဲ့ ေနာက္ဆုံးတိုက္ပြဲမွာ ကာကြယ္ေဆးရဖို႔ အခ်ိန္ၾကာေလ လူ႔အသက္ေသဆုံးမႈကျမင့္ေလမို႔လို႔ ကာကြယ္ေဆးလုံေလာက္တဲ့အထိ မရေသးခင္မွာ လူ႔အသက္ဘယ္ေလာက္ဆုံးရႈံးမလဲ၊ ကူးစက္မႈက ကာကြယ္ေဆးလုံလုံေလာက္ေလာက္မရခင္မွာဘဲ ကပ္ေရာဂါသေဘာသဘာ၀အရ ပ်က္ျပယ္အရွိန္ေလ်ာ့သြားမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဘိုင္ဒင္လက္ထက္ တ႐ုတ္နဲ႔ ဆက္ဆံေရး ဘာေတြျဖစ္လာႏိုင္သလဲ

ၿပီးခဲ့တဲ့ တနလၤာေန႔က ဆိုင္းမဆင့္ဗုံမဆင့္ဆိုသလို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိ က အေမရိကန္နဲ႔ပတ္သက္ၿပီး ေျပာခဲ့ပါတယ္။ေဘက်င္းနဲ႔ ဝါရွင္တန္ၾကား အဆင့္တိုင္းအတြက္ ေတြ႕ဆုံေဆြးေႏြးမႈ စတင္သင့္ေၾကာင္း ေျပာခဲ့တာပါ။ဝမ္ယိ က အေမရိကန္-တ႐ုတ္ စီးပြားေရးေကာင္စီ ဒါ႐ိုက္တာဘုတ္အဖြဲ႕ အစည္းအေဝးမွာ ေျပာခဲ့တာျဖစ္ၿပီး မည္သည့္အေရးကိစၥကိုမဆို ေဆြးေႏြးေရးစားပြဲမွာ ေဆြးေႏြးႏိုင္တယ္။ၿပီးေတာ့ မဟာဗ်ဴဟာေျမာက္ ေရရွည္အေရးကိစၥေတြကို ဆက္လက္ေဆြးေႏြးႏိုင္တယ္၊ တ႐ုတ္ဘက္ကေတာ့ ေဆြးေႏြးဖို႔ အၿမဲအဆင္သင့္ပဲဆိုၿပီး ေျပာခဲ့ပါတယ္။

ဒါဟာ ဒီဇင္ဘာ ၆ ရက္က အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက အေမရိကန္ လက္လီရင္းႏွီးျမႇဳပ္ႏွံသူမ်ားကမသိဘဲ ရင္းႏွီးျမႇဳပ္ႏွံေနတဲ့ အရပ္ဘက္ႏွင့္ စစ္ဘက္ထုတ္လုပ္မႈမ်ားတြင္ ပါဝင္ေနတဲ့ တ႐ုတ္ကုမၸဏီ ၈၀ ေက်ာ္စာရင္းကို ထုတ္ျပန္အၿပီးမွာ ဒီလိုစကားမ်ိဳး ထြက္လာခဲ့တာပါ။ေနာက္လာမယ့္ ဘိုင္ဒင္ရဲ႕ သက္တမ္းမွာ အေမရိကန္-တ႐ုတ္ ဆက္ဆံေရးက လက္ရွိတင္းမာေနမႈထက္ ေလ်ာ့က်သြားဖြယ္ရွိတယ္ဆိုတဲ့ ခန႔္မွန္းမႈေတြက အားေလ်ာ့လာခ်ိန္မွာ ေဘက်င္းဘက္က ဒီလိုမ်ိဳးအသံပစ္လာတာပါ။လက္ရွိမွာ ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး ေဘက်င္းနဲ႔ ဝါရွင္တန္ၾကား တင္းမာမႈက ျမင့္တက္ေနဆဲျဖစ္ၿပီး အထူးသျဖင့္‌ ထိုင္ဝမ္ကို ေနာက္ဆုံးေပၚလက္နက္ေတြ ဘီလ်ံနဲ႔ခ်ီၿပီး ဆက္တိုက္ေရာင္းခ်ေပးတာေတြက ေဘက်င္းကို ေဒါသထြက္ေစခဲ့ပါတယ္။ယခုႏွစ္အတြင္း အေမရိကန္က ထိုင္ဝမ္ကို ၆ ႀကိမ္ေျမာက္ လက္နက္ေရာင္းခ်မႈအျဖစ္ ေဒၚလာ သန္း၂၈၀ တန္ အစီအစဥ္ကို ဒီရက္ထဲမွာဘဲ ေၾကညာခဲ့ပါတယ္။ဒါဟာ ထိုင္ဝမ္ကို မေပါင္းစည္းရေသးတဲ့ ျပည္နယ္တစ္ခုအျဖစ္ သေဘာထားတဲ့ ေဘက်င္းအတြက္ မခံႏိုင္စရာပါ။ထိုင္ဝမ္ ပိုေတာင့္တင္းလာေလ ျပည္မနဲ႔ေပါင္းစည္းေရးက ပိုခက္ခဲလာေလျဖစ္မွာ အမွန္ပါဘဲ။တ႐ုတ္အတြက္ ထရမ့္အုပ္ခ်ဳပ္မႈ ေနာက္ဆုံးရက္သတၱပတ္ေတြမွာ ဆက္တိုက္ဆိုသလို ထိပ္တိုက္ေတြ႕ဆုံေရးလမ္းေၾကာင္းအေပၚ ဆြဲတင္ေနလာခဲ့တဲ့အတြက္ ေဘက်င္းအတြက္ ဘိုင္ဒင္လက္ထက္မွာ ျပႆနာေတြနဲ႔ ဆက္လက္လုံးေထြးေနမယ့္အေနအထား ရွိေနပါတယ္။

လက္ရွိမွာဘဲ ထရမ့္အစိုးရအဖြဲ႕က ေဟာင္ေကာင္လႊတ္ေတာ္အမတ္ေတြကို ထုတ္ပယ္ခဲ့တဲ့ကိစၥနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕ကို  အေမရိကန္ဘက္က ျပည္ဝင္ခြင့္တားဆီးပိတ္ပင္မႈေတြ ခ်မွတ္ခဲ့ပါတယ္။ဒီလိုပိတ္ပင္မႈေၾကာင့္ တ႐ုတ္ႏိုင္ငံသားတခ်ိဳ႕နဲ႔ ေဟာင္ေကာင္အစိုးရအရာရွိေတြ အေမရိကန္ ဘ႑ာေရးစနစ္နဲ႔ ပတ္သက္ခြင့္လဲ မရွိေတာ့ပါဘူး။ဒါကို တ႐ုတ္ဘက္က ျပန္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္သံတမန္ ႏိုင္ငံကူးလက္မွတ္ ကိုင္ေဆာင္သူေတြကို ေဟာင္ေကာင္နဲ႔ မကာအိုကို ဗီဇာမပါဘဲဝင္ခြင့္ကို ယာယီပိတ္ခဲ့ပါတယ္။ဒါ့အျပင္ အေမရိကန္အက္ပလီေကးရွင္း Trip Advisor အပါအဝင္ အက္ပလီေကးရွင္းအခ်ိဳ႕ကို တ႐ုတ္အက္ပလီေကးရွင္းစတိုးကေန ဖယ္ရွားခဲ့ပါတယ္။ဒါဟာ တျခားႏိုင္ငံေတြအတြက္ ႀကီးမားတဲ့ျပႆနာလို႔ဆိုႏိုင္ေပမယ့္ ကုန္သြယ္ေရးစစ္ကေန ေတာင္တ႐ုတ္ပင္လယ္အထိ တင္းမာမႈေတြ တစ္ပုံႀကီးရွိေနတဲ့ တ႐ုတ္နဲ႔ အေမရိကန္ ႏိုင္ငံႀကီးႏွစ္ခုအတြက္ကေတာ့ ဒီလိုျပႆနာေတြက ဒုနဲ႔ေဒးပါ။

ဘိုင္ဒင္လက္ထက္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးက ထရမ့္လက္ထက္ကထက္ ပိုေကာင္းလာႏိုင္မလားဆိုတာ မွန္းဆလို႔မရေပမယ့္ တ႐ုတ္ဘက္က ပိုတင္းမာလာႏိုင္တဲ့ အေျခအေနအတြက္ ျပင္ဆင္မႈေတြ လုပ္လာေနပါၿပီ။ဒီအတြက္ ထရမ့္အလြန္ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးက စိတ္ဝင္စားစရာေကာင္းလာမွာျဖစ္သလို ကပ္ေရာဂါအလြန္ ကမာၻ႔အေရးေတြမွာ အေမရိကန္က တ႐ုတ္နဲ႔ အၿပိဳင္ ေခါင္းေဆာင္ေနရာကို ျပန္လုလာေတာ့မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ဒီလို ေစာင့္ၾကည့္ရမယ့္ သတင္းေတြအျပင္ ယခုရက္ထဲမွာ ေနာက္ထပ္ထူးတဲ့ သတင္းေတြကေတာ့ အီရတ္ေျမာက္ပိုင္း ကာ့ဒ္အုပ္ခ်ဳပ္တဲ့ ဆူေလမန္နီယျပည္နယ္မွာ လစာေပးတာေနာက္က်တာ၊ အက်င့္ပ်က္ျခစားေနတာေတြေၾကာင့္  ဆႏၵျပမႈေတြ ဆက္ျဖစ္ေနခဲ့တဲ့သတင္း၊ ပဋိပကၡအတြင္း လူေထာင္ခ်ီေသဆုံးရမႈနဲ႔ပတ္သက္လို႔ ပြင့္လင္းျမင္သာစြာ လြတ္လြတ္လပ္လပ္ စစ္ေဆးခြင့္ရေရးအတြက္ ႏိုင္ငံတကာေတာင္းဆိုမႈကို အီသီယိုပီးယားအစိုးရက ျငင္းပယ္လိုက္တဲ့သတင္း၊ ဗိုင္းရပ္စ္ကူးစက္မႈမ်ားေနတဲ့ၾကားက ေ႐ႊ႕ဆိုင္းထားရတဲ့ ေဒသဆိုင္ရာေ႐ြးေကာက္ပြဲေတြကို အင္ဒိုနီးရွားအာဏာပိုင္ေတြက က်င္းပလိုက္တဲ့သတင္းေတြ၊ ပဋိပကၡနဲ႔ ေဒသတြင္းဆိုင္ရာ ကိစၥရပ္ေတြကို ေဆြးေႏြးဖို႔ေရာက္ရွိလာတဲ့ အီဂ်စ္သမၼတ စီစီ ကို ျပင္သစ္ဝန္ႀကီးခ်ဳပ္က ႀကိဳဆိုခဲ့တဲ့သတင္း၊ အာဂ်င္တီးနား ဂႏၴဝင္ကစားသမားႀကီး မာရာဒိုနာရဲ႕ ႐ုပ္ပုံကို အာဂ်င္တီးနားေငြစကၠဴေတြမွာ ႐ိုက္ႏွိပ္ဂုဏ္ျပဳဖို႔ လႊတ္ေတာ္မွာ အဆိုတင္သြင္းခဲ့တဲ့‌သတင္း၊ အသစ္ျပ႒ာန္းထားတဲ့ အိႏၵိယအစိုးရရဲ႕ စိုက္ပ်ိဳးေရးဥပေဒကို အိႏၵိယလယ္သမားေတြ ဆက္တိုက္ဆႏၵျပေနတဲ့သတင္း၊ ထူးဆန္းတဲ့ သတၳဴတိုင္ႀကီးတစ္ခုကို  ၿဗိတိန္ႏိုင္ငံနဲ႔ နယ္သာလန္မွာ ထပ္ေတြ႕ခဲ့တဲ့သတင္း၊ အစၥေရးမွာ အစိုးရဆန႔္က်င္ေရး ဆႏၵျပမႈေတြ  ဆက္လက္ျဖစ္ပြားေနတဲ့သတင္း၊ အေမရိကန္ ေအာက္လႊတ္ေတာ္က ေဆးေျခာက္သုံးစြဲတာကို ရာဇဝတ္မႈမေျမာက္ဘူးလို႔ မဲခြဲဆုံးျဖတ္လိုက္တဲ့သတင္း၊ ကိုဗစ္-၁၉ အကူအညီျဖန႔္ျဖဴးေရးမွာ လာဘ္စားမႈနဲ႔ အင္ဒိုနီးရွား လူမႈေရးဝန္ႀကီးကို တရားစြဲအေရးယူလိုက္တဲ့သတင္း၊ တိုက်ိဳမွာ  ၂၀၃၀ ျပည့္ႏွစ္ကစၿပီး ဓာတ္ဆီကားသစ္ေရာင္းခ်မႈကို ပိတ္ေတာ့မယ့္သတင္း၊ တ႐ုတ္ႏိုင္ငံ ခ်ဳံကင္းၿမိဳ႕က ေက်ာက္မီးေသြးတြင္းတစ္တြင္းမွာ ကာဗြန္မိုေနာက္ဆိုက္ေၾကာင့္ မေတာ္တဆမႈတစ္ခုျဖစ္ပြားလို႔  ၁၈ ဦး ေသဆုံးခဲ့တဲ့သတင္း စတဲ့သတင္းေတြလည္း ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဒီဇင္ဘာ - ၁၁