【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအရှုပ်တော်ပုံစပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအရှုပ်တော်ပုံစပြီလား

ယခုရက်သတ္တပတ်အတွင်း စောင့်ဖတ်ခဲ့ရတဲ့ သတင်းတွေထဲမှာ ရုရှားကထုတ်လိုက်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးသတင်းက ကမ္ဘာ့နိုင်ငံပေါင်းများစွာက ပြည်သူတွေအတွက် စိတ်အားတက်စရာဖြစ်ခဲ့ပါတယ်။ဆေးနဲ့ပတ်သက်ပြီး အပြန်အလှန်ငြင်းခုံမှုတွေရှိလာပေမယ့် ယခုလပိုင်းမှာဘဲ ကာကွယ်ဆေးက ဆက်တိုက်ထွက်လာဖွယ်ရှိနေတဲ့အတွက် သတင်းကောင်းတွေကြားရဖွယ်ရှိနေပါတယ်။

ဒီလိုသတင်းကောင်းရှိသလို စိတ်ပျက်စရာသတင်းတွေလည်းရှိပါတယ်။ကမ္ဘာတစ်ဝန်း ကပ်ဘေးတစ်ကျော့ပြန် ပြင်းထန်လာတဲ့သတင်း၊ ကမ္ဘာတစ်ဝန်း သဘာ၀ဘေးသတင်းတွေ၊ ရေကြီးမှုကြောင့် သေကြေဖြစ်ပျက်တဲ့သတင်းတွေ၊ စိတ်ဝင်စားဖွယ်ရာ ပေါက်ကွဲမှုကို တာဝန်ယူပြီးနုတ်ထွက်ခဲ့တဲ့ လက်ဘနွန်ဝန်ကြီးချုပ်ရဲ့ သတင်းတွေနဲ့အတူ အမေရိကန်သမ္မတ သတင်းစာရှင်းလင်းပွဲလုပ်နေချိန်မှာ ပစ်ခတ်မှုဖြစ်လို့ သမ္မတတိမ်းရှောင်ခဲ့ ရတဲ့ သတင်းကလည်း စိတ်ဝင်စားဖွယ်ရာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေထဲကနေ ကမ္ဘာတစ်ဝန်းစောင့်စားနေကြတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထွက်ပေါ်လာတဲ့သတင်းကို ပထမဆုံးဖော်ပြချင်ပါတယ်။

ရုရှားကာကွယ်ဆေးက တစ်ကယ်ထိရောက်ပါ့မလား

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု သန်း ၂၀ ကျော်လာချိန်တွင် ရုရှားနိုင်ငံက ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း ကောက်ခါငင်ခါ ကြေညာလိုက်ပါတယ်။ဒီလိုထုတ်ပြန်လိုက်တဲ့အတွက် အစောပိုင်းက ကာကွယ်ဆေးနဲ့ပတ်သက်ပြီး ရုရှားဘက်က တောက်လျှောက်ပြောလာခဲ့တဲ့  ထုတ်ပြန်ချက်တွေက ယခုအခါမှာ ပြန်ပြီး နောက်ကြောင်းပြန်လိုက်ဖို့လိုပါတယ်။ဒီနေရာမှာ ကာကွယ်ဆေးထုတ်တဲ့ဖြစ်စဉ်ကို သိထားဖို့လိုသလို ဘာကြောင့် ဒီဆေးအပေါ် မယုံမကြည်ဖြစ်နေရသလဲဆိုတာကို နားလည်မှာဖြစ်ပါတယ်။

ကာကွယ်ဆေးတစ်မျိုးထုတ်လုပ်တဲ့ ဖြစ်စဉ်မှာ အဆင့် ၃ ဆင့်နဲ့ စမ်းသပ်ရတာဖြစ်ပြီး အဆင့်လိုက်ပါဝင်ရတဲ့ စေတနာ့ဝန်ထမ်း ဆေးစမ်းသပ်ခံတွေ အမြောက်အမြားသုံးရပါတယ်။တစ်ဆင့်ခြင်းစီမှာ အချိန်ကာလသတ်မှတ်ချက်နဲ့ ဘေးကင်းတဲ့အဆင့်ကိုရောက်ဖို့ လူကောအချိန်ပါသုံးရတဲ့အတွက် ဘယ်လောက်ဘဲမြန်ပါစေ ကူးစက်ရောဂါကိုစသိတဲ့ ဒီဇင်ဘာလကနေစပြီး ယခုထိဆိုရင် ၈ လသာရှိပါသေးတယ်။ကာကွယ်ဆေးအတွက် နောက်ဆုံးအဆင့်စမ်းသပ်ရာမှာ အချိန်က အနည်းဆုံး ၃ လ၊ ၆ လကနေ နှစ်သက်တမ်းကာလအထိရှိတဲ့အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အစောဆုံး လာမည့်ဇန်နဝါရီတောင် မသေချာသေးဘူးလို့ ပြောခဲ့တာဖြစ်ပါတယ်။

ဆေးဝါးဖော်စပ်ရာမှာ ရှာဖွေရာမှာ နာမည်ရှိတဲ့ ပြင်သစ်၊ ဂျာမနီ၊ အင်္ဂလန် စတဲ့နိုင်ငံတွေကတောင် ယခုထိ လူနဲ့စမ်းသပ်တဲ့ တတိယအဆင့်ကို လူအနည်းဆုံး ငါးထောင်ကနေ သောင်းဂဏန်းအထိ စမ်းသပ်နေရဆဲပါ။ဒါကြောင့် ရုရှားကနေ ယခုလ ၁၁ ရက်မှာ ဆေးသုံးလို့ရပြီဆိုပြီး မှတ်ပုံတင်တာတွေလုပ်ခဲ့တဲ့အတွက် တစ်ကမ္ဘာလုံး အံ့အားသင့်ခဲ့ရသလို ဒီဆေးတစ်ကယ်သာစွမ်းခဲ့ရင်ဆိုတဲ့ ယူဆချက်တွေကြောင့် ကမ္ဘာ့စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေးအပါအဝင် နယ်ပယ်ပေါင်းများစွာမှာ လှုပ်ခတ်မှုရှိခဲ့ပါတယ်။ရုရှားထုတ်ပြန်ချက်တွေမှာတော့ အဆင့်-၃ စမ်းသပ်ခြင်းကို ဩဂုတ် ၁၂ ရက်တွင် စတင်ဖွယ်ရှိပြီး ကာကွယ်ဆေးထုတ်လုပ်မှုကို စက်တင်ဘာလမှစကာထုတ်လုပ်နိုင်ရန် မျှော်မှန်းထားတယ်လို့ဆိုတဲ့အတွက် လအနည်းငယ်ကြာမြင့်ပြီး လူထောင်ပေါင်းများစွာပါဝင်ရတဲ့ ကာကွယ်ဆေးစမ်းသပ်မှု အဆင့်-၃ ကို လူအနည်းငယ်နဲ့ အချိန်အနည်းငယ်သာသုံးပြီး မစမ်းသပ်သေးခင် အလောတကြီးအသုံးပြုခြင်းက ကာကွယ်ဆေးရဲ့ရလဒ်တွေ ပြောင်းနိုင်တယ်လို့ သိပ္ပံပညာရှင်များက ရုရှားကို သတိပေးထားပါတယ်။

ကမ္ဘာ့စတုတ္ထအများဆုံး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့်နိုင်ငံဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၈၉၀၀၀၀ ရှိတဲ့ ရုရှားနိုင်ငံအဖို့ ကာကွယ်ဆေးက သေရေးရှင်ရေးပမာ အရေးပါနေပါတယ်။ကာကွယ်ဆေးသာ အရင်ထုတ်နိုင်ခဲ့ရင် ကမ္ဘာတစ်ဝန်း ဆေးရောင်းချခြင်းကနေရလာမယ့် အကျိုးအမြတ်နဲ့ ဂုဏ်သိက္ခာ၊ နိုင်ငံရေးအကျိုးအမြတ် စတဲ့ တစ်ချက်ခုတ် သုံးချက်ပြတ်ဆိုသလို အခွင့်အရေးကြောင့်  ဆေးထုတ်လုပ်မှုလမ်းစဉ်အတိုင်းမသွားဘဲ ခုန်ကျော်မှာကို ကုလက အတော်လေးစိုးရိမ်နေတဲ့ သဘောပါဘဲ။ဒီကြားထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို လက်မြှောက်ခဲ့ရတဲ့ ဖိလစ်ပိုင်ကလည်း  ဒီဆေးကိုရဖို့ကြိုးစားနေပြီး သူ့နိုင်ငံမှာလာစမ်းသပ်ဖို့ ဖိတ်ခေါ်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဖိလစ်ပိုင်တွင် သြဂုတ်လအတွင်းစမ်းသပ်ရန် အသင့်ဖြစ်နေတယ်လို့ ပြောခဲ့ပါတယ်။

နောက်ပိုင်းမှာ ဆေးထုတ်လုပ်မည့်နေ့ရက်ကအစ အတိအကျထွက်လာခဲ့ပါတယ်။ရုရှား ကျန်းမာရေးဝန်ကြီး မီခေးလ်မူရာရှ်ကို က ဩဂုတ် ၁၂ မှာ လာမည့်ရက်သတ္တပတ်နှစ်ပတ်ကစပြီး COVID-19 ကာကွယ်ဆေးကို စတင်ထုတ်လုပ်တော့မယ်ဆိုပြီး ပြောခဲ့ပါတယ်။

Gamaleya ကူးစက်ရောဂါနှင့် အဏုဇီဝဗေဒဆိုင်ရာစင်တာမှ ဖော်ထုတ်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး Sputnik V ရဲ့ ထိရောက်မှု ရှိ/မရှိမှုအပေါ် အထူးသဖြင့် အမေရိကန်လို ဂျာမနီလို နိုင်ငံတွေက အတော်လေးကိုစိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောခဲ့တာရှိပါတယ်။အမေရိကန်နိုင်ငံ ကျန်းမာရေးနှင့် လူသားရေးရာဝန်ဆောင်မှု ဝန်ကြီး အဲလက်စ် အက်ဇာ က ဆိုရင် ဒီဆေးနဲ့ပတ်သက်ပြီး စမ်းသပ်စဉ်က ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ လများစွာကြာမြင့်တဲ့ ကာကွယ်ဆေး တတိယအဆင့်စမ်းသပ်မှုများမှာ ယခုမှစတင်ရုံသာရှိသေးကြောင်းပြောခဲ့သလို နာမည်ကျော် ကူးစက်ရောဂါပညာရှင် ဖော်စီ က Sputnik V ကာကွယ်ဆေးဟာ စံချိန်မီတယ်ဆိုသည့်အချက်ကို သံသယရှိကြောင်း ထုတ်ပြောခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။

ဂျာမနီ ကျန်းမာရေးဝန်ကြီးကတော့ ဆေးစောစောရတာကို ဝမ်းသာပေမယ့် ဒီဆေးက လုံလုံလောက်လောက် မစမ်းသပ်ရသေးတာကို ပြောခဲ့သလို “အရမ်းစောပြီး လူသန်းထောင်ချီမဟုတ်ရင်တောင်မှ သန်းနဲ့ချီပြီး ကာကွယ်ဆေးထိုးမယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ဆေးကမှားယွင်းတယ်လို့ သက်သေပြရင် အနာဂါတ်ကာကွယ်ဆေးတွေကို လူတွေက လက်ခံတော့မှာမဟုတ်ဘူး” လို့ သတိပေးခဲ့ပါတယ်။ရှရှားသမ္မတ ပူတင်ကတော့ ဗိုင်းရပ်ကာကွယ်ဆေး Sputnik V နဲ့ ပတ်သက်ပြီး ရဲရဲအာမခံနေသလို သူ၏သမီးများအနက် တစ်ယောက်ကို ထိုဆေးထိုးပေးပြီး နေကောင်းနေကြောင်းကိုလည်း ပြောခဲ့ပါတယ်။နောက်ဆုံးအဆင့်စမ်းသပ်မှုကို ဇွန် ၁၈ ရက်မှာ စတင်ခဲ့ပြီး ဆေးရုံနှစ်ရုံမှာ လူ ၃၈ ဦးနဲ့ စမ်းသပ်ခဲ့တဲ့ ဒီဆေးက လူတွေအပေါ် ဘယ်လောက်ထိအားထားရာဖြစ်မလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။နိုင်ငံတိုင်းကတော့ ရုရှားကထုတ်တဲ့ ဒီဆေးကို လိုချင်နေကြသလို အနောက်အုပ်စုကတော့ ပြင်သစ်နဲ့ အင်္ဂလန်၊ ဂျာမနီက ထုတ်မယ့်ဆေးတွေကိုသာ အာရုံစိုက်နေကြပါတယ်။ရုရှားကတော့ အကျိုးအမြတ်ကြီးမားတဲ့ ဒီကာကွယ်ဆေးနာမည်ကို အာကာသယှဉ်ပြိုင်မှုမှာ အနိုင်ရခဲ့တဲ့ Sputnik အာကာသယာဉ်ကို အစွဲပြုပြီးပေးခဲ့ပေမယ့် ဒီတစ်ခါပြိုင်ပွဲက ကာကွယ်ဆေးဖြစ်ပြီး စောရုံနှင့်မရဘဲ ဆေးသုံးစွဲသူတွေ ဆိုးကျိုးမဖြစ်စေဖို့၊ အခြားထိခိုက်မှုတွေမဖြစ်ဖို့က အဓိကဖြစ်တဲ့အတွက် လူတွေကို အလေးထားလေ့မရှိတဲ့ အာဏာရှင်နိုင်ငံကဆေးက ဘယ်လောက်ထိရောက်မလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကပ်ဘေးတွေနဲ့ သဘာ၀ဘေး

ဒီရက်ပိုင်းမှာ သဘာ၀ဘေးဖြစ်ကာ ရေကြီးရေလွှမ်းမှုက ပိုပြီးအားကောင်းလာပါတယ်။အာရှတောင်ပိုင်းဖြစ်တဲ့ ပါကစ္စတန်နိုင်ငံတွင် မုတ်သုံမိုးကြောင့် ရေကြီးမှုတွေ၊ မိုးသည်းထန်စွာရွာသွန်းမှုတွေကြောင့် သုံးရက်တာကာလအတွင်း ၆၄ ဦးထက်မနည်း သေဆုံးခဲ့ရသလို တံတားလေးစင်းနှင့် နေအိမ် ၃၀၀ ကျော် ပျက်စီးသွားတဲ့အထိ ထိခိုက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်သတ္တပတ်တွေတုန်းက အတော်လေးဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ရတဲ့ တရုတ်ပြည်မှာဆိုရင်လည်း ယခုရက်တွေမှာ ယခုနှစ်၏ ဆဋ္ဌမမြောက် တိုင်ဖွန်းမုန်တိုင်း မက်ခလာ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် နိုင်ငံအရှေ့ပိုင်း ဖူကျန်းပြည်နယ်မှာ ရထားအချို့ကို ပြေးဆွဲမှုရပ်ထားခဲ့ရပြီး ပြည်ပသို့ထွက်ခွာမည့် လေကြောင်းခရီးစဉ် ၅၁ ခုကို ဖျက်သိမ်းခဲ့ရပါတယ်။မုန်တိုင်းကြောင့် ပင်လယ်ထဲရောက်နေတဲ့ ငါးဖမ်းသင်္ဘောအစင်းရေ ၅၆၀၀ ကျော် ဆိပ်ကမ်းသို့ ပြန်ကပ်ခဲ့ရပါတယ်။

လက်ရှိမှာ သဘာ၀ဘေးက ကမ္ဘာအနှံ့ဖြစ်နေတာပါ။တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားမှာဆိုရင် ရေကြီးမှုတွေ ဆက်တိုက်ဖြစ်လာနေပြီး မြောက်ကိုရီးယားမှာဆိုရင် ရေကြီးမှုကြောင့် ၂၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးခဲ့ပါတယ်။တောင်ကိုရီးယားမှာလည်း ၄၆ ရက်ကြာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့်  မြစ်ရေကြီးကာ လူ ၃၀ ကျော်သေဆုံးပြီး ၁၂ ဦးပျောက်ဆုံးခဲ့ပါတယ်။ဒါက အာရှမှာဖြစ်တဲ့အထဲက အချို့ပါ။ယခုထိ ဘင်္ဂလားဒေ့ရှ်မှာ ရေမကျသေးသလို အိန္ဒိယမှာလည်း အာသံရေဘေးက စိုးရိမ်ဖွယ်ရာအခြေအနေပါဘဲ။တောင်အာဖရိကမှာရှိတဲ့ ဆူဒန်အရှေ့ပိုင်းမှာ ရေကြီးမှုကြောင့် ယခုရက်ပိုင်းမှာ လူ ၆ ဦးသေဆုံးခဲ့ရပါတယ်။အင်္ဂလန်က ဘာမင်ဂမ်မှာ ရေကြီးနေသလို အမေရိကန်မှာလည်း ရေကြီးမှုကိုခံနေရပါတယ်။

လက်ရှိမှာ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်အနီးမှာ တောမီးလောင်တာက အရှိန်ပြင်းလာလို့ နေအိမ်ထောင်ဂဏန်းနီးပါးက မိသားစုတွေကို အလျင်အမြန်ရွှေ့ပြောင်းရတဲ့အထိ ဖြစ်နေပါတယ်။တောမီးလောင်ကျွမ်းမှု အရှိန်ပြင်းလွန်းတဲ့အတွက် ၃ နာရီအတွင်း ဧက ၅၀ ကနေ ဧကတစ်သောင်းထိ လောင်ကျွမ်းခဲ့ပါတယ်။တောမီးအပြင် ယခုရက်ထဲမှာ အာရှက မီးတောင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ဆူမတြားက ဆီနာဘွန်မီးတောင် ပေါက်ကွဲခဲ့ရာမှာ ချော်ရည်ပူတွေဆင်းနိုင်တဲ့အန္တရာယ်၊ မီးခိုးတွေအန္တရာယ်တွေကြောင့် ဒေသခံတွေကို သတိပေးရတာတွေ လုပ်ထားရပါတယ်။လက်ရှိမှာ လေကြောင်းပျံသန်းမှုတွေကို မီးတောင်ပတ်ဝန်းကျင်မှာ ပိတ်ထားရတဲ့အထိပါဘဲ။

မီးတောင်ပေါက်တာနဲ့ ငလျင်က ဆက်စပ်နေပါတယ်။ယခုရက်ထဲမှာဘဲ တန်ဇန်းနီးယားဆိုတဲ့ အာဖရိကနိုင်ငံတစ်ခုမှာ နိုင်ငံသမိုင်းမှာမရှိခဲ့တဲ့ ပြင်းအား ၅ ဒသမ ၉ အဆင့်နဲ့ ငလျင်တစ်ခုလှုပ်ခဲ့တာရှိပါတယ်။ဇောက်တိမ်ငလျင်ဖြစ်လို့ ဒီဒေသမှာ အပျက်အစီးတွေရှိနိုင်လို့ အာဏာပိုင်တွေ စိုးရိမ်ခဲ့ကြပါတယ်။မီးတောင်နဲ့မဆိုင်သလို လှုပ်ရှားနေတဲ့ ကျောက်ချပ်ထုတွေနဲ့ ဝေးရာဖြစ်တဲ့ ဒီနေရာမှာ ပြင်းအား ၆ နီးနီးရှိနေတဲ့အတွက် ဘူမိဗေဒပညာရှင်တွေအတွက် ယခုလှုပ်ခတ်မှုက ဆက်လေ့လာစရာဖြစ်ခဲ့ပါတယ်။တန်ဇန်းနီးယားလိုဘဲ ယခုရက်ထဲမှာ အမေရိကန်နိုင်ငံတောင်ပိုင်း မြောက်ကာရိုလိုင်းနားပြည်နယ်က အယ်လီဂါနီဒေသမှာ ဩဂုတ် ၉ ရက် နံနက်ပိုင်းက ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ပါသေးတယ်။လှုပ်ခတ်ခဲ့မှုကြောင့် အဆောက်အအုံ ၁၀၀ ကျော် ပျက်စီးခဲ့ရသလို ဒဏ်ရာရရှိသူအနည်းအကျဉ်းရှိခဲ့ပါတယ်။

ရေကြီးတာတွေ၊ မြေငလျင်တွေ၊ မီးတောင်ပေါက်တာတွေတင်မကပါဘူး။ယခုရက်ထဲမှာ ကျိုင်းကောင်ပြဿနာကလည်း ရှိခဲ့ပါတယ်။အိန္ဒိယနိုင်ငံ ပြည်နယ်ပေါင်း ၁၀ ခုမှာ ဧပြီလမှ မေလအတွင်း မြေယာပေါင်း ၅၂၂၈၉၇ ဟက်တာကို ကျိုင်းကောင်ကျခဲ့လို့ တိုက်ဖျက်နေရဆဲပါ။ပြဿနာတွေနဲ့ ကမ္ဘာအတွက် ယခုရက်သတ္တပတ်က စိုးရိမ်စရာအသေအပျောက်တွေနဲ့ သဘာ၀ဘေးက သတိထားစရာဖြစ်ခဲ့ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားသတင်းတွေထဲက စင်ကာပူဝန်ကြီးချုပ်ဟောင်း လီကွမ်ယုရဲ့ မြေးကို စင်ကာပူတရားစီရင်ရေးကို မေးခွန်းထုတ်ခဲ့တဲ့အတွက် တရားရုံးချုပ်က ဒဏ်ရိုက်ခဲ့တဲ့သတင်း၊ တာလီဘန် စစ်သွေးကြွအကျဉ်းသား ၄၀၀ အား ပြန်လည်လွှတ်ပေးဖို့အမိန့်ကို အာဖဂန်နစ္စတန်သမ္မတ အာရှတ်ဂါနီ က လက်မှတ်ရေးထိုးပေးခဲ့တဲ့သတင်း၊ ပီနန် ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းနဲ့ပတ်သက်ပြီး မလေးရှား ဘဏ္ဍာရေးဝန်ကြီးဟောင်း လင်ဂွမ်အန်း ကို အာဏာအလွဲသုံးစားမှုဖြင့် စွဲချက်တင်လိုက်တဲ့သတင်း၊ ကူးစက်ကပ်ရောဂါကြောင့် လေကြောင်းပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့ရလို့ တစ်လအတွင်း ဘိုအင်း ၇၃၇ လေယာဉ်အမှာစာ ၄၃ စောင် ဖျက်သိမ်းခံခဲ့ရတဲ့သတင်း၊ ပဋိပက္ခဖြစ်ပွားမှုကြောင့် ဘဲလာရပ်စ် အတိုက်အခံ နိုင်ငံရေးသမား လစ်သူရေးနီးယားကို ရောက်ရှိလာတဲ့သတင်း၊ လက်ဘနွန်ပြည်သူများအား ယူရို သန်း ၂၅၀ ကျော် ထောက်ပံ့ရန် ကမ္ဘာ့ခေါင်းဆောင်များ ကတိပြုခဲ့တဲ့သတင်း၊ ဘေရွတ်ပေါက်ကွဲမှုအပေါ် တာဝန်ယူတဲ့အနေနဲ့ လက်ဘနွန်ဝန်ကြီးချုပ် အစိုးရအဖွဲ့တာဝန်ကနေ နုတ်ထွက်ခဲ့တဲ့သတင်း၊ ရုရှားသမ္မတ ဗလာဒီမာပူတင် ကို အမေရိကန်နိုင်ငံ၌ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးတက်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဖိတ်ကြားမယ့်သတင်း စတဲ့ စိတ်ဝင်စားဖွယ်ရာသတင်းတွေ ဖြစ်ခဲ့ပါကြောင်း............။

မင်းထက်
သြဂုတ် - ၁၄

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ေစာင့္ဖတ္ခဲ့ရတဲ့ သတင္းေတြထဲမွာ ႐ုရွားကထုတ္လိုက္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးသတင္းက ကမာၻ႔ႏိုင္ငံေပါင္းမ်ားစြာက ျပည္သူေတြအတြက္ စိတ္အားတက္စရာျဖစ္ခဲ့ပါတယ္။ေဆးနဲ႔ပတ္သက္ၿပီး အျပန္အလွန္ျငင္းခုံမႈေတြရွိလာေပမယ့္ ယခုလပိုင္းမွာဘဲ ကာကြယ္ေဆးက ဆက္တိုက္ထြက္လာဖြယ္ရွိေနတဲ့အတြက္ သတင္းေကာင္းေတြၾကားရဖြယ္ရွိေနပါတယ္။

ဒီလိုသတင္းေကာင္းရွိသလို စိတ္ပ်က္စရာသတင္းေတြလည္းရွိပါတယ္။ကမာၻတစ္ဝန္း ကပ္ေဘးတစ္ေက်ာ့ျပန္ ျပင္းထန္လာတဲ့သတင္း၊ ကမာၻတစ္ဝန္း သဘာ၀ေဘးသတင္းေတြ၊ ေရႀကီးမႈေၾကာင့္ ေသေၾကျဖစ္ပ်က္တဲ့သတင္းေတြ၊ စိတ္ဝင္စားဖြယ္ရာ ေပါက္ကြဲမႈကို တာဝန္ယူၿပီးႏုတ္ထြက္ခဲ့တဲ့ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ရဲ႕ သတင္းေတြနဲ႔အတူ အေမရိကန္သမၼတ သတင္းစာရွင္းလင္းပြဲလုပ္ေနခ်ိန္မွာ ပစ္ခတ္မႈျဖစ္လို႔ သမၼတတိမ္းေရွာင္ခဲ့ ရတဲ့ သတင္းကလည္း စိတ္ဝင္စားဖြယ္ရာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြထဲကေန ကမာၻတစ္ဝန္းေစာင့္စားေနၾကတဲ့ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး ထြက္ေပၚလာတဲ့သတင္းကို ပထမဆုံးေဖာ္ျပခ်င္ပါတယ္။

႐ုရွားကာကြယ္ေဆးက တစ္ကယ္ထိေရာက္ပါ့မလား

ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ သန္း ၂၀ ေက်ာ္လာခ်ိန္တြင္ ႐ုရွားႏိုင္ငံက ကမာၻ႔ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို စမ္းသပ္ထုတ္လုပ္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေကာက္ခါငင္ခါ ေၾကညာလိုက္ပါတယ္။ဒီလိုထုတ္ျပန္လိုက္တဲ့အတြက္ အေစာပိုင္းက ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး ႐ုရွားဘက္က ေတာက္ေလွ်ာက္ေျပာလာခဲ့တဲ့  ထုတ္ျပန္ခ်က္ေတြက ယခုအခါမွာ ျပန္ၿပီး ေနာက္ေၾကာင္းျပန္လိုက္ဖို႔လိုပါတယ္။ဒီေနရာမွာ ကာကြယ္ေဆးထုတ္တဲ့ျဖစ္စဥ္ကို သိထားဖို႔လိုသလို ဘာေၾကာင့္ ဒီေဆးအေပၚ မယုံမၾကည္ျဖစ္ေနရသလဲဆိုတာကို နားလည္မွာျဖစ္ပါတယ္။

ကာကြယ္ေဆးတစ္မ်ိဳးထုတ္လုပ္တဲ့ ျဖစ္စဥ္မွာ အဆင့္ ၃ ဆင့္နဲ႔ စမ္းသပ္ရတာျဖစ္ၿပီး အဆင့္လိုက္ပါဝင္ရတဲ့ ေစတနာ့ဝန္ထမ္း ေဆးစမ္းသပ္ခံေတြ အေျမာက္အျမားသုံးရပါတယ္။တစ္ဆင့္ျခင္းစီမွာ အခ်ိန္ကာလသတ္မွတ္ခ်က္နဲ႔ ေဘးကင္းတဲ့အဆင့္ကိုေရာက္ဖို႔ လူေကာအခ်ိန္ပါသုံးရတဲ့အတြက္ ဘယ္ေလာက္ဘဲျမန္ပါေစ ကူးစက္ေရာဂါကိုစသိတဲ့ ဒီဇင္ဘာလကေနစၿပီး ယခုထိဆိုရင္ ၈ လသာရွိပါေသးတယ္။ကာကြယ္ေဆးအတြက္ ေနာက္ဆုံးအဆင့္စမ္းသပ္ရာမွာ အခ်ိန္က အနည္းဆုံး ၃ လ၊ ၆ လကေန ႏွစ္သက္တမ္းကာလအထိရွိတဲ့အတြက္ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္က အေစာဆုံး လာမည့္ဇန္နဝါရီေတာင္ မေသခ်ာေသးဘူးလို႔ ေျပာခဲ့တာျဖစ္ပါတယ္။

ေဆးဝါးေဖာ္စပ္ရာမွာ ရွာေဖြရာမွာ နာမည္ရွိတဲ့ ျပင္သစ္၊ ဂ်ာမနီ၊ အဂၤလန္ စတဲ့ႏိုင္ငံေတြကေတာင္ ယခုထိ လူနဲ႔စမ္းသပ္တဲ့ တတိယအဆင့္ကို လူအနည္းဆုံး ငါးေထာင္ကေန ေသာင္းဂဏန္းအထိ စမ္းသပ္ေနရဆဲပါ။ဒါေၾကာင့္ ႐ုရွားကေန ယခုလ ၁၁ ရက္မွာ ေဆးသုံးလို႔ရၿပီဆိုၿပီး မွတ္ပုံတင္တာေတြလုပ္ခဲ့တဲ့အတြက္ တစ္ကမာၻလုံး အံ့အားသင့္ခဲ့ရသလို ဒီေဆးတစ္ကယ္သာစြမ္းခဲ့ရင္ဆိုတဲ့ ယူဆခ်က္ေတြေၾကာင့္ ကမာၻ႔စီးပြားေရး၊ ႏိုင္ငံေရးနဲ႔ လူမႈေရးအပါအဝင္ နယ္ပယ္ေပါင္းမ်ားစြာမွာ လႈပ္ခတ္မႈရွိခဲ့ပါတယ္။႐ုရွားထုတ္ျပန္ခ်က္ေတြမွာေတာ့ အဆင့္-၃ စမ္းသပ္ျခင္းကို ဩဂုတ္ ၁၂ ရက္တြင္ စတင္ဖြယ္ရွိၿပီး ကာကြယ္ေဆးထုတ္လုပ္မႈကို စက္တင္ဘာလမွစကာထုတ္လုပ္ႏိုင္ရန္ ေမွ်ာ္မွန္းထားတယ္လို႔ဆိုတဲ့အတြက္ လအနည္းငယ္ၾကာျမင့္ၿပီး လူေထာင္ေပါင္းမ်ားစြာပါဝင္ရတဲ့ ကာကြယ္ေဆးစမ္းသပ္မႈ အဆင့္-၃ ကို လူအနည္းငယ္နဲ႔ အခ်ိန္အနည္းငယ္သာသုံးၿပီး မစမ္းသပ္ေသးခင္ အေလာတႀကီးအသုံးျပဳျခင္းက ကာကြယ္ေဆးရဲ႕ရလဒ္ေတြ ေျပာင္းႏိုင္တယ္လို႔ သိပၸံပညာရွင္မ်ားက ႐ုရွားကို သတိေပးထားပါတယ္။

ကမာၻ႔စတုတၳအမ်ားဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည့္ႏိုင္ငံျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၈၉၀၀၀၀ ရွိတဲ့ ႐ုရွားႏိုင္ငံအဖို႔ ကာကြယ္ေဆးက ေသေရးရွင္ေရးပမာ အေရးပါေနပါတယ္။ကာကြယ္ေဆးသာ အရင္ထုတ္ႏိုင္ခဲ့ရင္ ကမာၻတစ္ဝန္း ေဆးေရာင္းခ်ျခင္းကေနရလာမယ့္ အက်ိဳးအျမတ္နဲ႔ ဂုဏ္သိကၡာ၊ ႏိုင္ငံေရးအက်ိဳးအျမတ္ စတဲ့ တစ္ခ်က္ခုတ္ သုံးခ်က္ျပတ္ဆိုသလို အခြင့္အေရးေၾကာင့္  ေဆးထုတ္လုပ္မႈလမ္းစဥ္အတိုင္းမသြားဘဲ ခုန္ေက်ာ္မွာကို ကုလက အေတာ္ေလးစိုးရိမ္ေနတဲ့ သေဘာပါဘဲ။ဒီၾကားထဲ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကို လက္ေျမႇာက္ခဲ့ရတဲ့ ဖိလစ္ပိုင္ကလည္း  ဒီေဆးကိုရဖို႔ႀကိဳးစားေနၿပီး သူ႔ႏိုင္ငံမွာလာစမ္းသပ္ဖို႔ ဖိတ္ေခၚခဲ့သလို ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးကို ဖိလစ္ပိုင္တြင္ ၾသဂုတ္လအတြင္းစမ္းသပ္ရန္ အသင့္ျဖစ္ေနတယ္လို႔ ေျပာခဲ့ပါတယ္။

ေနာက္ပိုင္းမွာ ေဆးထုတ္လုပ္မည့္ေန႔ရက္ကအစ အတိအက်ထြက္လာခဲ့ပါတယ္။႐ုရွား က်န္းမာေရးဝန္ႀကီး မီေခးလ္မူရာရွ္ကို က ဩဂုတ္ ၁၂ မွာ လာမည့္ရက္သတၱပတ္ႏွစ္ပတ္ကစၿပီး COVID-19 ကာကြယ္ေဆးကို စတင္ထုတ္လုပ္ေတာ့မယ္ဆိုၿပီး ေျပာခဲ့ပါတယ္။

Gamaleya ကူးစက္ေရာဂါႏွင့္ အဏုဇီဝေဗဒဆိုင္ရာစင္တာမွ ေဖာ္ထုတ္ခဲ့တဲ့ ကမာၻ႔ပထမဆုံး ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆး Sputnik V ရဲ႕ ထိေရာက္မႈ ရွိ/မရွိမႈအေပၚ အထူးသျဖင့္ အေမရိကန္လို ဂ်ာမနီလို ႏိုင္ငံေတြက အေတာ္ေလးကိုစိုးရိမ္တဲ့အေၾကာင္း ထုတ္ေဖာ္ေျပာခဲ့တာရွိပါတယ္။အေမရိကန္ႏိုင္ငံ က်န္းမာေရးႏွင့္ လူသားေရးရာဝန္ေဆာင္မႈ ဝန္ႀကီး အဲလက္စ္ အက္ဇာ က ဆိုရင္ ဒီေဆးနဲ႔ပတ္သက္ၿပီး စမ္းသပ္စဥ္က ပြင့္လင္းျမင္သာမႈမရွိေၾကာင္း၊ လမ်ားစြာၾကာျမင့္တဲ့ ကာကြယ္ေဆး တတိယအဆင့္စမ္းသပ္မႈမ်ားမွာ ယခုမွစတင္႐ုံသာရွိေသးေၾကာင္းေျပာခဲ့သလို နာမည္ေက်ာ္ ကူးစက္ေရာဂါပညာရွင္ ေဖာ္စီ က Sputnik V ကာကြယ္ေဆးဟာ စံခ်ိန္မီတယ္ဆိုသည့္အခ်က္ကို သံသယရွိေၾကာင္း ထုတ္ေျပာခဲ့ရတဲ့အထိျဖစ္ခဲ့ပါတယ္။

ဂ်ာမနီ က်န္းမာေရးဝန္ႀကီးကေတာ့ ေဆးေစာေစာရတာကို ဝမ္းသာေပမယ့္ ဒီေဆးက လုံလုံေလာက္ေလာက္ မစမ္းသပ္ရေသးတာကို ေျပာခဲ့သလို “အရမ္းေစာၿပီး လူသန္းေထာင္ခ်ီမဟုတ္ရင္ေတာင္မွ သန္းနဲ႔ခ်ီၿပီး ကာကြယ္ေဆးထိုးမယ္ဆိုရင္ အႏၲရာယ္ရွိႏိုင္တယ္။ေဆးကမွားယြင္းတယ္လို႔ သက္ေသျပရင္ အနာဂါတ္ကာကြယ္ေဆးေတြကို လူေတြက လက္ခံေတာ့မွာမဟုတ္ဘူး” လို႔ သတိေပးခဲ့ပါတယ္။ရွရွားသမၼတ ပူတင္ကေတာ့ ဗိုင္းရပ္ကာကြယ္ေဆး Sputnik V နဲ႔ ပတ္သက္ၿပီး ရဲရဲအာမခံေနသလို သူ၏သမီးမ်ားအနက္ တစ္ေယာက္ကို ထိုေဆးထိုးေပးၿပီး ေနေကာင္းေနေၾကာင္းကိုလည္း ေျပာခဲ့ပါတယ္။ေနာက္ဆုံးအဆင့္စမ္းသပ္မႈကို ဇြန္ ၁၈ ရက္မွာ စတင္ခဲ့ၿပီး ေဆး႐ုံႏွစ္႐ုံမွာ လူ ၃၈ ဦးနဲ႔ စမ္းသပ္ခဲ့တဲ့ ဒီေဆးက လူေတြအေပၚ ဘယ္ေလာက္ထိအားထားရာျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။ႏိုင္ငံတိုင္းကေတာ့ ႐ုရွားကထုတ္တဲ့ ဒီေဆးကို လိုခ်င္ေနၾကသလို အေနာက္အုပ္စုကေတာ့ ျပင္သစ္နဲ႔ အဂၤလန္၊ ဂ်ာမနီက ထုတ္မယ့္ေဆးေတြကိုသာ အာ႐ုံစိုက္ေနၾကပါတယ္။႐ုရွားကေတာ့ အက်ိဳးအျမတ္ႀကီးမားတဲ့ ဒီကာကြယ္ေဆးနာမည္ကို အာကာသယွဥ္ၿပိဳင္မႈမွာ အႏိုင္ရခဲ့တဲ့ Sputnik အာကာသယာဥ္ကို အစြဲျပဳၿပီးေပးခဲ့ေပမယ့္ ဒီတစ္ခါၿပိဳင္ပြဲက ကာကြယ္ေဆးျဖစ္ၿပီး ေစာ႐ုံႏွင့္မရဘဲ ေဆးသုံးစြဲသူေတြ ဆိုးက်ိဳးမျဖစ္ေစဖို႔၊ အျခားထိခိုက္မႈေတြမျဖစ္ဖို႔က အဓိကျဖစ္တဲ့အတြက္ လူေတြကို အေလးထားေလ့မရွိတဲ့ အာဏာရွင္ႏိုင္ငံကေဆးက ဘယ္ေလာက္ထိေရာက္မလဲဆိုတာ ဆက္လက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ကပ္ေဘးေတြနဲ႔ သဘာ၀ေဘး

ဒီရက္ပိုင္းမွာ သဘာ၀ေဘးျဖစ္ကာ ေရႀကီးေရလႊမ္းမႈက ပိုၿပီးအားေကာင္းလာပါတယ္။အာရွေတာင္ပိုင္းျဖစ္တဲ့ ပါကစၥတန္ႏိုင္ငံတြင္ မုတ္သုံမိုးေၾကာင့္ ေရႀကီးမႈေတြ၊ မိုးသည္းထန္စြာ႐ြာသြန္းမႈေတြေၾကာင့္ သုံးရက္တာကာလအတြင္း ၆၄ ဦးထက္မနည္း ေသဆုံးခဲ့ရသလို တံတားေလးစင္းႏွင့္ ေနအိမ္ ၃၀၀ ေက်ာ္ ပ်က္စီးသြားတဲ့အထိ ထိခိုက္ခဲ့ပါတယ္။
ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြတုန္းက အေတာ္ေလးဆိုးဆိုး႐ြား႐ြား ထိခိုက္ပ်က္စီးခဲ့ရတဲ့ တ႐ုတ္ျပည္မွာဆိုရင္လည္း ယခုရက္ေတြမွာ ယခုႏွစ္၏ ဆ႒မေျမာက္ တိုင္ဖြန္းမုန္တိုင္း မက္ခလာ ဝင္ေရာက္တိုက္ခတ္ခဲ့တဲ့အတြက္ ႏိုင္ငံအေရွ႕ပိုင္း ဖူက်န္းျပည္နယ္မွာ ရထားအခ်ိဳ႕ကို ေျပးဆြဲမႈရပ္ထားခဲ့ရၿပီး ျပည္ပသို႔ထြက္ခြာမည့္ ေလေၾကာင္းခရီးစဥ္ ၅၁ ခုကို ဖ်က္သိမ္းခဲ့ရပါတယ္။မုန္တိုင္းေၾကာင့္ ပင္လယ္ထဲေရာက္ေနတဲ့ ငါးဖမ္းသေဘၤာအစင္းေရ ၅၆၀၀ ေက်ာ္ ဆိပ္ကမ္းသို႔ ျပန္ကပ္ခဲ့ရပါတယ္။

လက္ရွိမွာ သဘာ၀ေဘးက ကမာၻအႏွံ႔ျဖစ္ေနတာပါ။ေတာင္ကိုရီးယားနဲ႔ ေျမာက္ကိုရီးယားမွာဆိုရင္ ေရႀကီးမႈေတြ ဆက္တိုက္ျဖစ္လာေနၿပီး ေျမာက္ကိုရီးယားမွာဆိုရင္ ေရႀကီးမႈေၾကာင့္ ၂၂ ဦးေသဆုံးၿပီး ၄ ဦးေပ်ာက္ဆုံးခဲ့ပါတယ္။ေတာင္ကိုရီးယားမွာလည္း ၄၆ ရက္ၾကာ မိုးဆက္တိုက္႐ြာသြန္းမႈေၾကာင့္  ျမစ္ေရႀကီးကာ လူ ၃၀ ေက်ာ္ေသဆုံးၿပီး ၁၂ ဦးေပ်ာက္ဆုံးခဲ့ပါတယ္။ဒါက အာရွမွာျဖစ္တဲ့အထဲက အခ်ိဳ႕ပါ။ယခုထိ ဘဂၤလားေဒ့ရွ္မွာ ေရမက်ေသးသလို အိႏၵိယမွာလည္း အာသံေရေဘးက စိုးရိမ္ဖြယ္ရာအေျခအေနပါဘဲ။ေတာင္အာဖရိကမွာရွိတဲ့ ဆူဒန္အေရွ႕ပိုင္းမွာ ေရႀကီးမႈေၾကာင့္ ယခုရက္ပိုင္းမွာ လူ ၆ ဦးေသဆုံးခဲ့ရပါတယ္။အဂၤလန္က ဘာမင္ဂမ္မွာ ေရႀကီးေနသလို အေမရိကန္မွာလည္း ေရႀကီးမႈကိုခံေနရပါတယ္။

လက္ရွိမွာ အေမရိကန္ႏိုင္ငံ ေလာ့စ္အိန္ဂ်လိစ္အနီးမွာ ေတာမီးေလာင္တာက အရွိန္ျပင္းလာလို႔ ေနအိမ္ေထာင္ဂဏန္းနီးပါးက မိသားစုေတြကို အလ်င္အျမန္ေ႐ႊ႕ေျပာင္းရတဲ့အထိ ျဖစ္ေနပါတယ္။ေတာမီးေလာင္ကြၽမ္းမႈ အရွိန္ျပင္းလြန္းတဲ့အတြက္ ၃ နာရီအတြင္း ဧက ၅၀ ကေန ဧကတစ္ေသာင္းထိ ေလာင္ကြၽမ္းခဲ့ပါတယ္။ေတာမီးအျပင္ ယခုရက္ထဲမွာ အာရွက မီးေတာင္ႏိုင္ငံျဖစ္တဲ့ အင္ဒိုနီးရွားမွာ မီးေတာင္ေပါက္ကြဲမႈေတြ ျဖစ္ခဲ့ပါတယ္။ဆူမၾတားက ဆီနာဘြန္မီးေတာင္ ေပါက္ကြဲခဲ့ရာမွာ ေခ်ာ္ရည္ပူေတြဆင္းႏိုင္တဲ့အႏၲရာယ္၊ မီးခိုးေတြအႏၲရာယ္ေတြေၾကာင့္ ေဒသခံေတြကို သတိေပးရတာေတြ လုပ္ထားရပါတယ္။လက္ရွိမွာ ေလေၾကာင္းပ်ံသန္းမႈေတြကို မီးေတာင္ပတ္ဝန္းက်င္မွာ ပိတ္ထားရတဲ့အထိပါဘဲ။

မီးေတာင္ေပါက္တာနဲ႔ ငလ်င္က ဆက္စပ္ေနပါတယ္။ယခုရက္ထဲမွာဘဲ တန္ဇန္းနီးယားဆိုတဲ့ အာဖရိကႏိုင္ငံတစ္ခုမွာ ႏိုင္ငံသမိုင္းမွာမရွိခဲ့တဲ့ ျပင္းအား ၅ ဒသမ ၉ အဆင့္နဲ႔ ငလ်င္တစ္ခုလႈပ္ခဲ့တာရွိပါတယ္။ေဇာက္တိမ္ငလ်င္ျဖစ္လို႔ ဒီေဒသမွာ အပ်က္အစီးေတြရွိႏိုင္လို႔ အာဏာပိုင္ေတြ စိုးရိမ္ခဲ့ၾကပါတယ္။မီးေတာင္နဲ႔မဆိုင္သလို လႈပ္ရွားေနတဲ့ ေက်ာက္ခ်ပ္ထုေတြနဲ႔ ေဝးရာျဖစ္တဲ့ ဒီေနရာမွာ ျပင္းအား ၆ နီးနီးရွိေနတဲ့အတြက္ ဘူမိေဗဒပညာရွင္ေတြအတြက္ ယခုလႈပ္ခတ္မႈက ဆက္ေလ့လာစရာျဖစ္ခဲ့ပါတယ္။တန္ဇန္းနီးယားလိုဘဲ ယခုရက္ထဲမွာ အေမရိကန္ႏိုင္ငံေတာင္ပိုင္း ေျမာက္ကာ႐ိုလိုင္းနားျပည္နယ္က အယ္လီဂါနီေဒသမွာ ဩဂုတ္ ၉ ရက္ နံနက္ပိုင္းက ၅ ဒသမ ၁ အဆင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့ပါေသးတယ္။လႈပ္ခတ္ခဲ့မႈေၾကာင့္ အေဆာက္အအုံ ၁၀၀ ေက်ာ္ ပ်က္စီးခဲ့ရသလို ဒဏ္ရာရရွိသူအနည္းအက်ဥ္းရွိခဲ့ပါတယ္။

ေရႀကီးတာေတြ၊ ေျမငလ်င္ေတြ၊ မီးေတာင္ေပါက္တာေတြတင္မကပါဘူး။ယခုရက္ထဲမွာ က်ိဳင္းေကာင္ျပႆနာကလည္း ရွိခဲ့ပါတယ္။အိႏၵိယႏိုင္ငံ ျပည္နယ္ေပါင္း ၁၀ ခုမွာ ဧၿပီလမွ ေမလအတြင္း ေျမယာေပါင္း ၅၂၂၈၉၇ ဟက္တာကို က်ိဳင္းေကာင္က်ခဲ့လို႔ တိုက္ဖ်က္ေနရဆဲပါ။ျပႆနာေတြနဲ႔ ကမာၻအတြက္ ယခုရက္သတၱပတ္က စိုးရိမ္စရာအေသအေပ်ာက္ေတြနဲ႔ သဘာ၀ေဘးက သတိထားစရာျဖစ္ခဲ့ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားသတင္းေတြထဲက စင္ကာပူဝန္ႀကီးခ်ဳပ္ေဟာင္း လီကြမ္ယုရဲ႕ ေျမးကို စင္ကာပူတရားစီရင္ေရးကို ေမးခြန္းထုတ္ခဲ့တဲ့အတြက္ တရား႐ုံးခ်ဳပ္က ဒဏ္႐ိုက္ခဲ့တဲ့သတင္း၊ တာလီဘန္ စစ္ေသြးႂကြအက်ဥ္းသား ၄၀၀ အား ျပန္လည္လႊတ္ေပးဖို႔အမိန႔္ကို အာဖဂန္နစၥတန္သမၼတ အာရွတ္ဂါနီ က လက္မွတ္ေရးထိုးေပးခဲ့တဲ့သတင္း၊ ပီနန္ ေရေအာက္ဥမင္လိုဏ္ေခါင္းစီမံကိန္းနဲ႔ပတ္သက္ၿပီး မေလးရွား ဘ႑ာေရးဝန္ႀကီးေဟာင္း လင္ဂြမ္အန္း ကို အာဏာအလြဲသုံးစားမႈျဖင့္ စြဲခ်က္တင္လိုက္တဲ့သတင္း၊ ကူးစက္ကပ္ေရာဂါေၾကာင့္ ေလေၾကာင္းပ်ံသန္းမႈေတြ ရပ္ဆိုင္းခဲ့ရလို႔ တစ္လအတြင္း ဘိုအင္း ၇၃၇ ေလယာဥ္အမွာစာ ၄၃ ေစာင္ ဖ်က္သိမ္းခံခဲ့ရတဲ့သတင္း၊ ပဋိပကၡျဖစ္ပြားမႈေၾကာင့္ ဘဲလာရပ္စ္ အတိုက္အခံ ႏိုင္ငံေရးသမား လစ္သူေရးနီးယားကို ေရာက္ရွိလာတဲ့သတင္း၊ လက္ဘႏြန္ျပည္သူမ်ားအား ယူ႐ို သန္း ၂၅၀ ေက်ာ္ ေထာက္ပံ့ရန္ ကမာၻ႔ေခါင္းေဆာင္မ်ား ကတိျပဳခဲ့တဲ့သတင္း၊ ေဘ႐ြတ္ေပါက္ကြဲမႈအေပၚ တာဝန္ယူတဲ့အေနနဲ႔ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ အစိုးရအဖြဲ႕တာဝန္ကေန ႏုတ္ထြက္ခဲ့တဲ့သတင္း၊ ႐ုရွားသမၼတ ဗလာဒီမာပူတင္ ကို အေမရိကန္ႏိုင္ငံ၌က်င္းပမည့္ G7 ထိပ္သီးအစည္းအေဝးတက္ဖို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ဖိတ္ၾကားမယ့္သတင္း စတဲ့ စိတ္ဝင္စားဖြယ္ရာသတင္းေတြ ျဖစ္ခဲ့ပါေၾကာင္း............။

မင္းထက္
ၾသဂုတ္ - ၁၄