【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ခေါင်းဆောင်မဲ့ စစ်သွေးကြွအန္တရာယ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ခေါင်းဆောင်မဲ့ စစ်သွေးကြွအန္တရာယ်

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတင်းဖတ်သူတွေအတွက် စိတ်ဝင်စားဖွယ်ရာ သတင်းတွေ ရှိခဲ့ပါတယ်။ယခုရက်ထဲမှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ တရုတ်ဝန်ကြီးချုပ် လီခချန် က တောင်တရုတ်ပင်လယ်အရေးမှာ အာဆီယံနိုင်ငံတွေနဲ့ လက်တွဲလုပ်ရန် တရုတ်နိုင်ငံက အသင့်ရှိတယ်လို့ ပြောလိုက်တဲ့သတင်း၊ အယ်ဆာဗေးဒိုးနိုင်ငံက ဗင်နီဇွဲလားသံတမန်တွေကို ၄၈ နာရီအတွင်း ထွက်ခွာရန် နှင်ထုတ်လိုက်တဲ့သတင်း၊ အာဖဂန်မှာ မိုင်းပေါက်ကွဲလို့ ကျောင်းသား ၉ ဦး သေဆုံးခဲ့တဲ့သတင်း၊ မာလီမှာ စစ်စခန်းတစ်ခု တိုက်ခိုက်ခံရလို့ စစ်သား ၅၃ ဦး သေဆုံးခဲ့တဲ့သတင်း၊ စကော့တလန် လွတ်လပ်ရေးအတွက် ဆန္ဒပြခဲ့တဲ့သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေအပြင် စောင့်ကြည့်ရမယ့် သတင်းတွေလည်း ရှိခဲ့ပါတယ်။ဒါက အိုင်အက်စ်ခေါင်းဆောင် ကျဆုံးပြီးနောက်မှာ ဖြစ်လာမယ့် အိုင်အက်စ်တပ်ဖွဲ့ အခင်းအကျင်း၊ ပင်လယ်ရေအောက် နစ်မြုပ်မယ့် အာရှမြို့ကြီးတွေ၊ ကမ္ဘာတစ်လွှား ဒီရေမြင့်လာတဲ့ နိုင်ငံရေးလှုပ်ရှားမှု သတင်းတွေပါဘဲ။

ခေါင်းဆောင်မဲ့ အိုင်အက်စ်အန္တရာယ်

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ အားလုံးစိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ သတင်းက အိုင်အက်စ်လို့ခေါ်တဲ့ အစ္စလာမ်မ္မစ်နိုင်ငံတော်အဖွဲ့ရဲ့ ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရတဲ့အတွက် အနာဂတ်မှာ သတ်ဖြတ်ရာမှာ ကြမ်းကြုတ်လွန်းတဲ့ အိုင်အက်စ်အဖွဲ့ကို ဘယ်သူကဦးဆောင်မလဲ ဆိုတာကိုပါဘဲ။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် အဘူဘာကာ ဘဂ္ဂဒါဒီ ကို သုတ်သင်နိုင်ခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့် က ကြေငြာပြီးနောက်မှာ ဘဂ္ဂဒါဒီ နေရာကို ဘယ်သူဆက်ခံမလဲဆိုတာ မေးခွန်းတွေ ထွက်လာခဲ့ပါတယ်။အမေရိကန်ကတော့ ဘဂ္ဂဒါဒီ နောက်ကို နှစ်ပေါင်းများစွာ လိုက်နေခဲ့တာမှာ ဆီးရီးယားမြောက်ပိုင်းက ကာ့ဒ်တွေ အကူအညီနဲ့ ခြေရာခံခဲ့ပြီးနောက်မှာ ရှင်းလင်းနိုင်ခဲ့တာပါ။အမေရိကန်တပ်ဖွဲ့များကြောင့် မလွတ်နိုင်တဲ့အဆုံး လှိုဏ်ဂူထဲမှာ ကိုယ့်ကိုကိုယ် ဖောက်ခွဲအဆုံးစီရင်ခဲ့တဲ့ ဘဂ္ဂဒါဒီရဲ့ ရုပ်အလောင်းကို အမေရိကန်တပ်တွေက ပင်လယ်ရေအောက်မှာ သင်္ဂြိုလ်ခဲ့ပါတယ်။ဒီနောက်မှာတော့ ဒီလိုကျယ်ပြန့်တဲ့ ကွန်ရက်ရှိတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို ဘယ်သူက ဆက်လက်ကြိုးကိုင်မလဲဆိုတာ ကမ္ဘာကြီးအတွက် စိုးရိမ်စရာဖြစ်လာခဲ့ပါတယ်။

အာဖရိကကနေ အာရှအထိ၊ ဥရောပကနေ ရုရှားအထိ လက်တံရှည်လွန်းတဲ့ အိုင်အက်စ် စစ်သွေးကြွတွေကို နှိမ်နှင်းနေရတာဟာ ခေတ်သစ်မှာ နိုင်ငံအများစု ဆင်နွှဲနေရတဲ့ စစ်ပွဲပါ။အမေရိကန်အတွက် ဒီလိုနှိမ်နှင်းနိုင်ခဲ့တဲ့အတွက် နိုင်ငံတကာမှာ ဆီးရီးယားအရေးကြောင့် ထိခိုက်နေတဲ့ သူ့ပုံရိပ်ကို ပြန်လည်မြှင့်တင်နိုင်ခဲ့သလို ပြည်တွင်းမှာလည်း ယိုင်နဲ့နဲ့ သူ့နိုင်ငံရေးအနေအထားနဲ့ လာမည့် သမ္မတရွေးကောက်ပွဲမှာ ထပ်မံရွေးကောက်ခံရဖို့အတွက်ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်စပါ ကတော့ အမေရိကန်၏ အဓိကရည်မှန်းချက်မှာ အိုင်အက်စ်အဖွဲ့ကို ဖြိုခွင်းရန်ဖြစ်တဲ့အတွက် ယခုအခြေအနေက ကျေနပ်စရာပါ။ဒါပေမယ့် နိုင်ငံတကာက အိုင်အက်စ်အဖွဲ့ဘက်က ဘယ်လိုတုံ့ပြန်လာမလဲဆိုတာနဲ့ အိုင်အက်စ်အဖွဲ့ နောက်လိုက်များ၏ လက်စားချေတိုက်ခိုက်မှုများကြောင့် အသင့်အနေအထားရှိရန် လိုအပ်နေတယ်လို့ ကမ္ဘာ့နိုင်ငံအချို့က သတိပေးထားပါတယ်။

အမေရိကန် ကာကွယ်ရေးတာဝန်ရှိသူတွေကတော့ အိုင်အက်စ် စစ်သွေးကြွအုပ်စုတွေက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို  သတိထားစောင့်ကြည့်နေတယ် ဆိုပါတယ်။သတင်းတွေအရ လာမည့်လထဲ အိုင်အက်စ်အဖွဲ့ အကြွင်းအကျန်တွေကို ဖယ်ရှားရာမှာ ပူးပေါင်းဆောင်ရွက်မှု ရရှိရေးအတွက် နိုင်ငံတကာအစည်းအဝေးတစ်ရပ် ကျင်းပဖို့ အမေရိကန်အစိုးရက စီစဉ်နေတယ် ဆိုပါတယ်။အိုင်အက်စ်အဖွဲ့ကတော့ ဘဂ္ဂဒါဒီ ကို သုတ်သင်ခဲ့ကြောင်း အမေရိကန်ဘက်က ကြေညာပြီး သုံးရက်အကြာမှသာ အိုင်အက်စ်အဖွဲ့ ခေါင်းဆောင် ကျဆုံးခဲ့တယ်ဆိုတာကို အတည်ပြုခဲ့ပါတယ်။ရုရှားဘက်ကတော့ ဒါဟာ အမေရိကန်ရဲ့ ဆင်လုံးလို့ သံသယရှိနေတယ်ဆိုတာကို ထုတ်ဖာ်ပြောဆိုခဲ့တာတွေရှိပါတယ်။

အောက်တိုဘာ ၃၁ ရက်မှာ  အိုင်အက်စ်အဖွဲ့က ၎င်းတို့၏ မီဒီယာတစ်ခုဖြစ်တဲ့ အယ်လ်ဖာကန်ကနေ ကျဆုံးသွားတဲ့ အဘူဘာကာ ဘဂ္ဂဒါဒီ နေရာကို ဆက်ခံမယ့် ခေါင်းဆောင်သစ် အမည်ကို ထုတ်ပြန်ခဲ့ပါတယ်။ဘဂ္ဂဒါဒီ နေရာ ဆက်ခံမယ့်သူက အဘူအီဘရာဟင် အယ်ဟာရှီမီအယ်ကွာရာရှီပါ။၎င်းနဲ့ပတ်သက်ပြီး အချက်အလက်တွေ မသိရသေးပေမယ့် အမေရိကန်သမ္မတ ထရမ့် ကတော့ ဒီလိုနာမည်ထွက်လာပြီး နောက်ပိုင်းမှာ ဒီခေါင်းဆောင်သစ်အကြောင်းကို သိတယ်လို့ တွစ်တာမှာ ရေးခဲ့ပါတယ်။

အမေရိကန်ရဲ့ အာရှအလယ်ပိုင်းမှာ အဓိကအတိုက်အခံဖြစ်တဲ့ အီရန်ကတော့ အိုင်အက်စ်ခေါင်းဆောင် သေဆုံးသွားပြီဖြစ်တဲ့အတွက် အမေရိကန်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဝင်ရောက်စွက်ဖက်နေတာကို အဆုံးသတ်သင့်ပြီလို့ ပြောခဲ့ပါတယ်။အီရန်က အရှေ့အလယ်ပိုင်းမှာ ရုရှား ကျောထောက်နောက်ခံနဲ့ အတော်လေး စစ်ရေးတောင့်တင်းလာတာကို ယခုနှစ်ပိုင်းမှာ တွေ့ရပါတယ်။ဒီလိုတောင့်တင်းလာတဲ့အတွက်လည်း အမေရိကန်ကို တုဖက်ပြိုင်တဲ့အထိ ဖြစ်လာတဲ့အတွက် ဒေသတွင်း အမေရိကန်ရဲ့ စစ်ရေးမဟာမိတ် အစ္စရေးက အီရန်ကို တောက်လျှောက်စောင့်ကြည့်နေရတဲ့ အခြေအနေပါ။အောက်တိုဘာ ၂၈ ရက်က အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနျူချင် နဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု တွေ့ရာမှာ ဒေသတွင်း အီရန်ရဲ့ ခြိမ်းခြောက်မှုအပေါ် အမေရိကန်ကို သတိပေးခဲ့ပါတယ်။

ဆီးရီးယားနဲ့ အီရတ်ကို ခြေကုပ်ယူထားတဲ့ အိုင်အက်စ်ခေါင်းဆောင် သေဆုံးလို့  အခြေအနေက အကောင်းဘက်ကို မျှော်လင့်လို့ရပေမယ့် တူရကီ ကျူးကျော်မှုကို ရင်ဆိုင်နေရတဲ့ ဆီးရီးယားမှာတော့  အခြေအနေက သေဆုံးမှုတွေ၊ စစ်ပွဲတွေနဲ့ လုံးထွေးနေဆဲပါ။အောက်တိုဘာ ၂၉ ရက်မှာ ကာ့ဒ်တပ်ဖွဲ့တွေ နေရာကို အစား၀င်လာတဲ့ ဆီးရီးယားတပ်ဖွဲ့တွေနဲ့ တူရကီတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ရက်စ်အယ်လ်အင် နယ်စပ်မြို့အနီးမှာဖြစ်တဲ့ အဆိုပါတိုက်ပွဲမှာ ဆီးရီးယားတပ်ဖွဲ့ဝင်ခြောက်ဦး သေဆုံးခဲ့ပါတယ်။အီရတ်မှာတော့ ဝန်ကြီးချုပ် ဖယ်ရှားရေးအတွက် နိုင်ငံတစ်ဝန်း ဆန္ဒပြနေရာမှာ အနည်းဆုံး လူ ၂၅၀ သေဆုံးခဲ့ကာ ထောင်နဲ့ချီပြီး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။စီးပွားရေးအခက်အခဲများနှင့် အကျင့်ပျက်ခြစားမှုအပေါ် မကျေနပ်မှုကြောင့် ဖြစ်ပေါ်လာသော လူထုဆန္ဒပြပွဲတွေကြောင့် အီရတ်တစ်နိုင်ငံလုံး မငြိမ်မသက်ဖြစ်နေတာမှာ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရမ်နေရတဲ့ အနေအထားပါ။

အိုင်အက်စ်တွေဘက်က ခေါင်းဆောင်သုတ်သင်ခံရတဲ့အတွက် ငြိမ်နေမှာတော့ မဟုတ်ပါဘူး။ပြန်တုံ့ပြန်မှုတွေရှိလာမှာ အသေအချာပါဘဲ။ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လောက်သေကြေမှုတွေ ရှိလာမလဲ၊ ဒါမှမဟုတ် အိုင်အက်စ်အဖွဲ့ အင်အားယုတ်လျော့ပြီး ပျောက်ကွယ်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ငလျင်နှင့် ရေအောက်နစ်မြုပ်မယ့် အန္တရာယ်

မကြာမီက နယူးဂျာစီပြည်နယ် အခြေစိုက်သည့် သိပ္ပံအဖွဲ့အစည်းတစ်ခုဖြစ်သော Climate Central ကနေ ထုတ်ပြန်မှုတစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ဒီထုတ်ပြန်မှုမှာ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုကြောင့် ထိခိုက်နိုင်တဲ့ ဒေသတွေကို ထုတ်ပြန်ခဲ့ရာမှာ ကမ္ဘာ့ကမ်းရိုးတန်းတစ်လျှောက်တွင် နေထိုင်သော လူပေါင်း သန်း ၃၀၀ သည် ၂၀၅၀ ပြည့်နှစ်တွင် ရေလွှမ်းမိုးမှု ခံစားရဖွယ်ရှိနေတယ်လို့ဆိုပြီး လူနေထူထပ်တဲ့ အာရှက မွန်ဘိုင်း၊ ရှန်ဟိုင်းနဲ ဘန်ကောက်မြို့တွေပါ ပင်လယ်ရေအောက်ရောက်မယ့် အန္တရာယ်ကို ရင်ဆိုင်ရဖွယ်ရှိနေတယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ဒီ သန်း ၃၀၀ ထဲမှာ အာရှက ၂၃၇ သန်းထိ ထိခိုက်နိုင်တယ် ဆိုပါတယ်။ဒီလိုထုတ်ပြန်မှုက ပထမတစ်ခါ ခန့်မှန်းတာထက် သက်ရောက်မှု သုံးဆပိုများလာခဲ့ပါတယ်။ဒါတောင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ဖန်လုံအိမ်အာနိသင်ရှိတဲ့ ဓာတ်ငွေ့ထုတ်လွှင့်မှုကို မလျှော့ချနိုင်ခဲ့ရင် ဒီထက်ပိုပြီး ၂၁၀၀ ခုနှစ်မှာ သန်း ၆၃၀ ထိခိုက်ခံစားရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ယခင်က ကမ္ဘာမြို့တွေ ပင်လယ်ရေအောက် ရောက်မယ်ဆိုတာ ဖြစ်နိုင်ချေနည်းတဲ့ ခန့်မှန်းမှုတွေပါ။နောက်ပိုင်းမှာတော့ ဒါဟာ ပင်လယ်ကမ်းရိုးတန်းမှာရှိတဲ့ လူဦးရေ သန်းနဲ့ချီနေထိုင်တဲ့ မြို့ကြီးတွေ ရင်ဆိုင်ရတော့မယ့် ပြဿနာဖြစ်လာခဲ့ပါတယ်။ယခုနှစ်ထဲမှာဘဲ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာမြို့နဲ့ ဘန်ကောက်မြို့တွေကို မြို့ရွှေ့ဖို့အတွက် သတင်းတွေထွက်လာခဲ့ပါပြီ။ကုလအတွင်းရေးမှူးချုပ်ကလည်း ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချဖို့အတွက်  ကျောက်မီးသွေးသုံးစက်ရုံတွေ လျှော့ချဖို့ တိုက်တွန်းခဲ့ပါတယ်။

လက်ရှိမှာ ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အာရှနိုင်ငံတွေမှာ သဘာ၀ဘေးဒဏ်ကို အလူးအလဲခံနေရပါတယ်။ယခုရက်သတ္တပတ်ထဲမှာဘဲ ဖိလစ်ပိုင်နိုင်ငံ မင်နာဒါအိုကျွန်းမှာ သုံးရက်အတွင်း အင်အား ရစ်ချ်တာစကေး ၆ အထက် အဆင့်ရှိ ငလျင်နှစ်ခု လှုပ်ခဲ့ပါတယ်။အောက်တိုဘာ ၂၉ ရက်က ဖိလစ်ပိုင် တောင်ပိုင်း မင်နာဒါအိုကျွန်းမှာ အင်အား ရစ်ချ်တာစကေး ၆ ဒသမ ၆ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့လို့ လူ ၆ ဦးသေဆုံးကာ ၅၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။အောက်တိုဘာ ၃၁ ရက်က ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိ အားပြင်းငလျင် ထပ်မံလှုပ်ခတ်ခဲ့ရာမှာ ငါးဦးသေဆုံးခဲ့ပါတယ်။

အာရှမှာ ငလျင်လှုပ်နေပေမယ့် အာဖရိကမှာတော့ ပြင်းထန်တဲ့ မိုးရွာချမှုကြောင့် ရေကြီးမှုတွေဖြစ်ကာ လူသေဆုံးမှုတွေ ရှိနေပါတယ်။ကင်မရွန်းနိုင်ငံ အနောက်ပိုင်းတွင် သည်းထန်သော မိုးများကြောင့် ဖြစ်ပေါ်ခဲ့သော မြေပြိုမှုတစ်ခုအတွင်း လူ ၄၂ ဦး ထက်မနည်း သေဆုံးခဲ့ရာမှာ ကလေး ၂၆ ဦး ပါဝင်ခဲ့ပါတယ်။တိုင်ဖွန်းမုန်တိုင်းနှစ်ခုကို ဆက်တိုက်ခံခဲရတဲ့ ဂျပန်မှာတော့ မိုးသည်းထန်စွာ ဆက်ရွာသွန်းနေလို့ တမံကျိုးတာ မပြင်နိုင်သေးဘဲ ‌ဒေသခံတွေကို သတိထားနေထိုင်ဖို့ သတိပေးနေရပါတယ်။မုန်တိုင်းနှစ်ခုဘေးကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံခန့်နှင့် ညီမျှသည့် ယန်း ၁၇၀ ဘီလျံကျော် ထိခိုက်ခဲ့တဲ့ ဂျပန်အဖို့ ပြန်လည်နလံထူဖို့ လုပ်နေရဆဲပါ။

အာရှနိုင်ငံတွေဖြစ်သလို အာဆီယံနိုင်ငံတွေဖြစ်တဲ့ မဲခေါင်မြစ်နိုင်ငံတွေမှာတော့ မဲခေါင်မြစ်ရေအမှတ်က စိုးရိမ်ဖွယ်ရာကောင်းတဲ့ ရေအမှတ်တစ်ခုထိ ကျဆင်းလာခဲ့လို့ မြစ်အတွင်း ရေလမ်းကြောင်း အပိုင်းနေရာအများအပြား တစ်လျှောက်မှာလည်း ယခုအခါ သဲသောင်ကျွန်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။မဲခေါင်မြစ်ရဲ့ မြစ်လက်တက်တွေလည်း ခြောက်ခန်းလာနေတဲ့ဘေးကို ရင်ဆိုင်နေရတယ် ဆိုပါတယ်။

အာရှမှာ ရေကြီး၊ မိုးသည်း၊ မြေငလျင်တွေနဲ့ နပမ်းလုံးနေရစဉ်မှာ အမေရိကမှာတော့ တောမီးကြောင့် အခက်ပွေနေပါတယ်။အမေရိကန်နဲ့ မက္ကဆီကိုမှာ လောင်နေတဲ့ တောမီးကြောင့် ဒေသခံတွေကို အလျင်အမြန်ရွှေ့နေရသလို လောင်ကျွမ်းတဲ့ ဟက်တာကလည်း သောင်းဂဏန်းနား ကပ်လာပါပြီ။လေတိုက်နှုန်း တစ်နာရီ ၁၂၉ ကီလိုမီတာရှိ အန္တရာယ်ရှိသည့် လေပြင်းတွေကြောင့်‌ မီးငြိမ်းသတ်ဖို့ အခက်တွေ့နေသလို လျင်မြန်တဲ့တောမီးကြောင့် လူအသေအပျောက်လည်း ရှိခဲ့ပါတယ်။မီးများကြောင့် ပြည်နယ်တစ်ဝန်း အရေးပေါ်အခြေအနေ ကြေညာထားရပါတယ်။

ဆန္ဒပြမှုတွေနဲ့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲ

ယခုရက်သတ္တပတ်ထဲ သတင်းတွေထဲမှာ ရွေးကောက်ပွဲသတင်းတွေရှိသလို ဗြိတိန်က မပြီးသေးတဲ့ အီးယူက ခွဲထွက်ခွင့် သတင်းတွေကလည်း တဖြည်းဖြည်း စိတ်ဝင်စားစရာကောင်းလာခဲ့ပါတယ်။အရှေ့အလယ်ပိုင်းက  အာရပ်နိုင်ငံတွေဖြစ်တဲ့ လက်ဘနွန်မှာ အစိုးရနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက အကျင့်ပျက်ခြစားမှုများကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံတစ်နှံ့တပြားမှာ ဆန္ဒပြပွဲတွေ ဖြစ်လာရတာပါ။ဒီလိုဆန္ဒပြမှုတွေကြောင့် ကာလကြာရှည် လက်ဘနွန် ပြည်တွင်းစစ်အပြီး ဖွဲ့စည်းလာတဲ့ အစိုးရသက်တမ်းတစ်လျှောက်  နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်လာခဲ့ပါတယ်။

ယာဉ်ပိုင်ရှင်များက ကားများဖြင့် လမ်းမများကိုပိတ်ရန် နှိုးဆော်မှုများကို အောက်တိုဘာ ၂၇ ရက်က လူမှုကွန်ရက်မီဒီယာပေါ်မှတစ်ဆင့် ပြုလုပ်ခဲ့ကာ အောက်တိုဘာ ၂၈ ရက်မှာတော့ ဆန္ဒပြသူများက တောင်-မြောက် အဝေးပြေးကားလမ်းမကြီး အပါအဝင် အဓိကလမ်းများကို ပိတ်ဆို့ရန် ကြိုးစားခဲ့ကြပါတယ်။ရှီးဟိုက်မွတ်စလင် ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ဒေါသထွက်နေတဲ့ လူတစ်စုက အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ ဖွင့်ထားတဲ့ သပိတ်စခန်းတစ်ခုကို တိုက်ခိုက်ဖျက်ဆီးတာတွေ ဖြစ်ခဲ့ပါတယ်။နိုင်ငံတဝန်းမကြုံစဖူး ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပေါ်ခဲ့တဲ့အတွက် လက်ရှိ လက်ဘနွန်ဝန်ကြီးချုပ် နုတ်ထွက်ခဲ့ရပါတယ်။

တာလီဘန်တွေ ကြီးစိုးတဲ့ အာဖဂန်မှာတော့ ရွေးကောက်ပွဲရလဒ်တွေကို လာမယ့် နိုဝင်ဘာ ၁၄ ရက်မှာ ကြေညာဖို့ စီစဉ်နေပါတယ်။လက်ရှိသမ္မတ အာရှက်ဖ်ဂါနီ နဲ့ ကိုယ်စားလှယ်လောင်း ၁၀ ဦးကျော်တို့ ပါဝင်ယှဉ်ပြိုင် ရွေးကောက်ခံခဲ့ကြတဲ့ ဒီရွေးကောက်ပွဲမှာ ဘယ်သူနိုင်မယ်ဆိုတာ မသိရသေးပေမယ့် ရွေးကောက်ပွဲ ကာလတစ်ခုလုံး တာလီဘန်တွေက အမျိုးမျိုးနှောင့်ယှက်မှုတွေကြားထဲကနေ မဲပေးခဲ့ရတာပါ။မဲမသမာမှုတွေ လုပ်နိုင်လို့ ဇီ၀နည်းပညာသုံးပြီး မဲဆန္ဒရှင်တွေကို စိစစ်ခဲ့ရတာပါ။ဘယ်သူနိုင်သည်ဖြစ်စေ မတည်ငြိမ်တဲ့ အာဖဂန်ကို ပြန်တည်ဆောက်ရမှာမို့ ခက်ခဲ့တဲ့အခြေအနေနဲ့ ရင်ဆိုင်ရမှာ အသေအချာပါဘဲ။ဒီကြားထဲ အမေရိကန်တပ်တွေ ထွက်သွားဖို့ရှိတဲ့အတွက် ပြည်တွင်းလုံခြုံရေး အခြေအနေက အစိုးရတပ်စခန်းတွေကိုတောင် အိုင်အက်စ်တွေ၊ တာလီဘန်တွေက လာတိုက်တာခံနေရတဲ့ အခြေအနေပါ။ရွေးကောက်ပွဲမှာနိုင်ခဲ့တဲ့ သမ္မတဖြစ်လာမယ့်သူအဖို့ ဘာတွေလုပ်နိုင်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အာရှနိုင်ငံတွေနဲ့မတူတဲ့ အခြေအနေတစ်ခုကတော့ တောင်အမေရိကနိုင်ငံတွေမှာ ဖြစ်နေပါတယ်။ဒါက ဗင်နီဇွဲလားမှာ သမ္မတက အတင်းအကျပ် အာဏာကို ကုပ်တွယ်နေပေမယ့် အာဂျင်တီးနားမှာတော့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတက မဲအရေအတွက်အနည်းငယ်နဲ့ ရှုံးခဲ့ရာမှာ အဲဒီအရှုံးကို လက်ရှိသမ္မတက လက်ခံခဲ့ပါတယ်။ဒါ့အပြင် ပြိုင်ဘက်ဖြစ်သူကိုလည်း ဝမ်းမြောက်ကြောင်း စကားပြောခဲ့ပါတယ်။ဒီလိုအပြုအမူနဲ့ အလေ့အကျင့်က ကောင်းတဲ့အလေ့အကျင့်ပါဘဲ။အနိုင်ရတဲ့ အာဂျင်တီးနားရဲ့ သမ္မတသစ်ဖြစ်လာတော့မယ့်သူကလည်း ရာထူးကနေ ထွက်ခွာရတော့မယ့် လက်ရှိသမ္မတနဲ့ တတ်နိုင်သမျှ အစစအရာရာ ပူးပေါင်းဆောင်ရွက်သွားမယ်လို ဆိုတဲ့အတွက် အဆိုပါနိုင်ငံတွေမှာ နိုင်ငံရေးတည်ငြိမ်တယ်ဆိုတာ ခေါင်းဆောင်တွေရဲ့ သဘောထားပြည့်၀မှုက အဓိကဖြစ်နေတာကို တွေ့ရပါတယ်။အာဂျင်တီးနားနဲ့ကပ်လျှက် ချီလီမှာတော့ အစိုးရဝန်ကြီးအဖွဲ့သစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းလိုက်ပေမယ့် အဓိကရုဏ်းတွေ ဆက်ဖြစ်နေဆဲပါ။သယံဇာတကြွယ်၀တဲ့ အဆိုပါနိုင်ငံမှာ လူမှုနဲ့ စီးပွားရေးဆိုင်ရာ တန်းတူညီမျှမှုမရှိလို့ ဆန္ဒပြပွဲတွေ ဖြစ်နေရတာဖြစ်ပြီး ဆန္ဒပြပွဲတွေအတွင်း အနည်းဆုံး လူ ၂၀ ဦးလောက်လည်း သေဆုံးထားခဲ့ရပြီး ဖြစ်ပါတယ်။ဆန္ဒပြသူတွေဘက်ကတော့ သမ္မတနုတ်ထွက်ရေးကိုသာ တောင်းဆိုကြပါတယ်။

မက္ကဆီကိုမှာတော့ သမ္မတများအား ပြစ်မှုအများအပြားအတွက် ဖမ်းဆီးခွင့်ပြုသော အဆိုပြုချက်တစ်ရပ်ကို အတည်ပြုလိုက်ပါပြီ။လက်ရှိဥပဒေအရ နိုင်ငံတော်သစ္စာဖောက်မှုအတွက်သာ ဖမ်းဆီးနိုင်တဲ့ မက္ကဆီကိုမှာ ယခုလို သမ္မတများကို ဖမ်းဆီးခွင့်ပေးလိုက်တဲ့အတွက် မူးယစ်ဂိုဏ်းတွေ အားကောင်းတဲ့ မက္ကဆီကိုမှာ သမ္မတလုပ်ရတဲ့သူတွေ ဘာတွေဖြစ်လာဦးမလဲဆိုတာ စိတ်လှုပ်ရှားစရာပါဘဲ။

ဝန်ကြီးချုပ်နှစ်ဦးကို ဖြုတ်ချခဲ့တဲ့ ဗြိတိန်ရဲ့ အီးယူကနေ ထွက်ခွာခွင့်အရေးက လက်ရှိဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ကိုလည်း မရှုနိုင်မကယ်နိုင် ဖြစ်စေခဲ့ပါတယ်။ဒီအတွက် ယခုရက်သတ္တပတ်ထဲမှာ လက်ရှိဝန်ကြီးချုပ်က အခြေခံကျတဲ့ လုပ်ဆောင်မှုကို လုပ်ခဲ့ပါတယ်။ဒါက ရွေးကောက်ပွဲကျင်းပရေးကိုပါ။ပါလီမန်မှာ အမြဲကန့်ကွက်မှုတွေနဲ့ ပြုတ်ကျနေတဲ့ အီးယူကနေ ထွက်ခွာခွင့်ကို အခြေခံကျကျ ဘောရစ်ဂျွန်ဆင် က ဆောင်ရွက်ခဲ့တာပါ။ဒီလိုဆောင်ရွက်တာကို လွှတ်တော်အမတ်များက ထောက်ခံပြီးနောက် ဗြိတိန်အစိုးရက ဒီဇင်ဘာ ၁၂ ရက်တွင် ရွေးကောက်ပွဲကျင်းပရန် သတ်မှတ်ခဲ့သလို အီးယူကလည်း လာမည့်နှစ် ဇန်နဝါရီအထိ ရွှေ့ဆိုင်းပေးလိုက်တဲ့အတွက် လက်ရှိဝန်ကြီးချုပ်ရဲ့ ပါတီသာ အနိုင်ရခဲ့ရင် အီးယူကနေ ဗြိတိန်ထွက်ခွာခွင့်က ပိုပြီးချောမွေ့လာဖို့ များလာမှာဖြစ်ပါတယ်။

လာမည့် ဒီဇင်ဘာရွေးကောက်ပွဲမှာ ဗြိတိန်ဝန်ကြီးချုပ် ပြန်ရွေးကောက် ခံရ/မခံရ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
နို၀င်ဘာ - ၄

( Zawgyi )

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ သတင္းဖတ္သူေတြအတြက္ စိတ္ဝင္စားဖြယ္ရာ သတင္းေတြ ရွိခဲ့ပါတယ္။ယခုရက္ထဲမွာ က်င္းပခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္ဝန္ႀကီးခ်ဳပ္ လီခခ်န္ က ေတာင္တ႐ုတ္ပင္လယ္အေရးမွာ အာဆီယံႏိုင္ငံေတြနဲ႔ လက္တြဲလုပ္ရန္ တ႐ုတ္ႏိုင္ငံက အသင့္ရွိတယ္လို႔ ေျပာလိုက္တဲ့သတင္း၊ အယ္ဆာေဗးဒိုးႏိုင္ငံက ဗင္နီဇြဲလားသံတမန္ေတြကို ၄၈ နာရီအတြင္း ထြက္ခြာရန္ ႏွင္ထုတ္လိုက္တဲ့သတင္း၊ အာဖဂန္မွာ မိုင္းေပါက္ကြဲလို႔ ေက်ာင္းသား ၉ ဦး ေသဆုံးခဲ့တဲ့သတင္း၊ မာလီမွာ စစ္စခန္းတစ္ခု တိုက္ခိုက္ခံရလို႔ စစ္သား ၅၃ ဦး ေသဆုံးခဲ့တဲ့သတင္း၊ စေကာ့တလန္ လြတ္လပ္ေရးအတြက္ ဆႏၵျပခဲ့တဲ့သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြအျပင္ ေစာင့္ၾကည့္ရမယ့္ သတင္းေတြလည္း ရွိခဲ့ပါတယ္။ဒါက အိုင္အက္စ္ေခါင္းေဆာင္ က်ဆုံးၿပီးေနာက္မွာ ျဖစ္လာမယ့္ အိုင္အက္စ္တပ္ဖြဲ႕ အခင္းအက်င္း၊ ပင္လယ္ေရေအာက္ နစ္ျမဳပ္မယ့္ အာရွၿမိဳ႕ႀကီးေတြ၊ ကမာၻတစ္လႊား ဒီေရျမင့္လာတဲ့ ႏိုင္ငံေရးလႈပ္ရွားမႈ သတင္းေတြပါဘဲ။

ေခါင္းေဆာင္မဲ့ အိုင္အက္စ္အႏၲရာယ္

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ အားလုံးစိတ္ဝင္တစား ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းက အိုင္အက္စ္လို႔ေခၚတဲ့ အစၥလာမ္မၼစ္ႏိုင္ငံေတာ္အဖြဲ႕ရဲ႕ ေခါင္းေဆာင္ သတ္ျဖတ္ခံလိုက္ရတဲ့အတြက္ အနာဂတ္မွာ သတ္ျဖတ္ရာမွာ ၾကမ္းၾကဳတ္လြန္းတဲ့ အိုင္အက္စ္အဖြဲ႕ကို ဘယ္သူကဦးေဆာင္မလဲ ဆိုတာကိုပါဘဲ။

ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၇ ရက္က အိုင္အက္စ္အဖြဲ႕ ေခါင္းေဆာင္ အဘူဘာကာ ဘဂၢဒါဒီ ကို သုတ္သင္ႏိုင္ခဲ့ေၾကာင္း အေမရိကန္သမၼတ ထရမ့္ က ေၾကျငာၿပီးေနာက္မွာ ဘဂၢဒါဒီ ေနရာကို ဘယ္သူဆက္ခံမလဲဆိုတာ ေမးခြန္းေတြ ထြက္လာခဲ့ပါတယ္။အေမရိကန္ကေတာ့ ဘဂၢဒါဒီ ေနာက္ကို ႏွစ္ေပါင္းမ်ားစြာ လိုက္ေနခဲ့တာမွာ ဆီးရီးယားေျမာက္ပိုင္းက ကာ့ဒ္ေတြ အကူအညီနဲ႔ ေျခရာခံခဲ့ၿပီးေနာက္မွာ ရွင္းလင္းႏိုင္ခဲ့တာပါ။အေမရိကန္တပ္ဖြဲ႕မ်ားေၾကာင့္ မလြတ္ႏိုင္တဲ့အဆုံး လႈိဏ္ဂူထဲမွာ ကိုယ့္ကိုကိုယ္ ေဖာက္ခြဲအဆုံးစီရင္ခဲ့တဲ့ ဘဂၢဒါဒီရဲ႕ ႐ုပ္အေလာင္းကို အေမရိကန္တပ္ေတြက ပင္လယ္ေရေအာက္မွာ သၿဂႋဳလ္ခဲ့ပါတယ္။ဒီေနာက္မွာေတာ့ ဒီလိုက်ယ္ျပန္႔တဲ့ ကြန္ရက္ရွိတဲ့ အိုင္အက္စ္ စစ္ေသြးႂကြေတြကို ဘယ္သူက ဆက္လက္ႀကိဳးကိုင္မလဲဆိုတာ ကမာၻႀကီးအတြက္ စိုးရိမ္စရာျဖစ္လာခဲ့ပါတယ္။

အာဖရိကကေန အာရွအထိ၊ ဥေရာပကေန ႐ုရွားအထိ လက္တံရွည္လြန္းတဲ့ အိုင္အက္စ္ စစ္ေသြးႂကြေတြကို ႏွိမ္ႏွင္းေနရတာဟာ ေခတ္သစ္မွာ ႏိုင္ငံအမ်ားစု ဆင္ႏႊဲေနရတဲ့ စစ္ပြဲပါ။အေမရိကန္အတြက္ ဒီလိုႏွိမ္ႏွင္းႏိုင္ခဲ့တဲ့အတြက္ ႏိုင္ငံတကာမွာ ဆီးရီးယားအေရးေၾကာင့္ ထိခိုက္ေနတဲ့ သူ႔ပုံရိပ္ကို ျပန္လည္ျမႇင့္တင္ႏိုင္ခဲ့သလို ျပည္တြင္းမွာလည္း ယိုင္နဲ႔နဲ႔ သူ႔ႏိုင္ငံေရးအေနအထားနဲ႔ လာမည့္ သမၼတေ႐ြးေကာက္ပြဲမွာ ထပ္မံေ႐ြးေကာက္ခံရဖို႔အတြက္ပါ အေျခအေနေကာင္းသြားခဲ့ပါတယ္။အေမရိကန္ ကာကြယ္ေရးဝန္ႀကီး အက္စပါ ကေတာ့ အေမရိကန္၏ အဓိကရည္မွန္းခ်က္မွာ အိုင္အက္စ္အဖြဲ႕ကို ၿဖိဳခြင္းရန္ျဖစ္တဲ့အတြက္ ယခုအေျခအေနက ေက်နပ္စရာပါ။ဒါေပမယ့္ ႏိုင္ငံတကာက အိုင္အက္စ္အဖြဲ႕ဘက္က ဘယ္လိုတုံ႔ျပန္လာမလဲဆိုတာနဲ႔ အိုင္အက္စ္အဖြဲ႕ ေနာက္လိုက္မ်ား၏ လက္စားေခ်တိုက္ခိုက္မႈမ်ားေၾကာင့္ အသင့္အေနအထားရွိရန္ လိုအပ္ေနတယ္လို႔ ကမာၻ႔ႏိုင္ငံအခ်ိဳ႕က သတိေပးထားပါတယ္။

အေမရိကန္ ကာကြယ္ေရးတာဝန္ရွိသူေတြကေတာ့ အိုင္အက္စ္ စစ္ေသြးႂကြအုပ္စုေတြက ဘယ္လိုတုံ႔ျပန္မလဲဆိုတာကို  သတိထားေစာင့္ၾကည့္ေနတယ္ ဆိုပါတယ္။သတင္းေတြအရ လာမည့္လထဲ အိုင္အက္စ္အဖြဲ႕ အႂကြင္းအက်န္ေတြကို ဖယ္ရွားရာမွာ ပူးေပါင္းေဆာင္႐ြက္မႈ ရရွိေရးအတြက္ ႏိုင္ငံတကာအစည္းအေဝးတစ္ရပ္ က်င္းပဖို႔ အေမရိကန္အစိုးရက စီစဥ္ေနတယ္ ဆိုပါတယ္။အိုင္အက္စ္အဖြဲ႕ကေတာ့ ဘဂၢဒါဒီ ကို သုတ္သင္ခဲ့ေၾကာင္း အေမရိကန္ဘက္က ေၾကညာၿပီး သုံးရက္အၾကာမွသာ အိုင္အက္စ္အဖြဲ႕ ေခါင္းေဆာင္ က်ဆုံးခဲ့တယ္ဆိုတာကို အတည္ျပဳခဲ့ပါတယ္။႐ုရွားဘက္ကေတာ့ ဒါဟာ အေမရိကန္ရဲ႕ ဆင္လုံးလို႔ သံသယရွိေနတယ္ဆိုတာကို ထုတ္ဖာ္ေျပာဆိုခဲ့တာေတြရွိပါတယ္။

ေအာက္တိုဘာ ၃၁ ရက္မွာ  အိုင္အက္စ္အဖြဲ႕က ၎တို႔၏ မီဒီယာတစ္ခုျဖစ္တဲ့ အယ္လ္ဖာကန္ကေန က်ဆုံးသြားတဲ့ အဘူဘာကာ ဘဂၢဒါဒီ ေနရာကို ဆက္ခံမယ့္ ေခါင္းေဆာင္သစ္ အမည္ကို ထုတ္ျပန္ခဲ့ပါတယ္။ဘဂၢဒါဒီ ေနရာ ဆက္ခံမယ့္သူက အဘူအီဘရာဟင္ အယ္ဟာရွီမီအယ္ကြာရာရွီပါ။၎နဲ႔ပတ္သက္ၿပီး အခ်က္အလက္ေတြ မသိရေသးေပမယ့္ အေမရိကန္သမၼတ ထရမ့္ ကေတာ့ ဒီလိုနာမည္ထြက္လာၿပီး ေနာက္ပိုင္းမွာ ဒီေခါင္းေဆာင္သစ္အေၾကာင္းကို သိတယ္လို႔ တြစ္တာမွာ ေရးခဲ့ပါတယ္။

အေမရိကန္ရဲ႕ အာရွအလယ္ပိုင္းမွာ အဓိကအတိုက္အခံျဖစ္တဲ့ အီရန္ကေတာ့ အိုင္အက္စ္ေခါင္းေဆာင္ ေသဆုံးသြားၿပီျဖစ္တဲ့အတြက္ အေမရိကန္အေနနဲ႔ အေရွ႕အလယ္ပိုင္းေဒသမွာ ဝင္ေရာက္စြက္ဖက္ေနတာကို အဆုံးသတ္သင့္ၿပီလို႔ ေျပာခဲ့ပါတယ္။အီရန္က အေရွ႕အလယ္ပိုင္းမွာ ႐ုရွား ေက်ာေထာက္ေနာက္ခံနဲ႔ အေတာ္ေလး စစ္ေရးေတာင့္တင္းလာတာကို ယခုႏွစ္ပိုင္းမွာ ေတြ႕ရပါတယ္။ဒီလိုေတာင့္တင္းလာတဲ့အတြက္လည္း အေမရိကန္ကို တုဖက္ၿပိဳင္တဲ့အထိ ျဖစ္လာတဲ့အတြက္ ေဒသတြင္း အေမရိကန္ရဲ႕ စစ္ေရးမဟာမိတ္ အစၥေရးက အီရန္ကို ေတာက္ေလွ်ာက္ေစာင့္ၾကည့္ေနရတဲ့ အေျခအေနပါ။ေအာက္တိုဘာ ၂၈ ရက္က အေမရိကန္ ဘ႑ာေရးဝန္ႀကီး စတီဗင္မန်ဴခ်င္ နဲ႔ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု ေတြ႕ရာမွာ ေဒသတြင္း အီရန္ရဲ႕ ၿခိမ္းေျခာက္မႈအေပၚ အေမရိကန္ကို သတိေပးခဲ့ပါတယ္။

ဆီးရီးယားနဲ႔ အီရတ္ကို ေျခကုပ္ယူထားတဲ့ အိုင္အက္စ္ေခါင္းေဆာင္ ေသဆုံးလို႔  အေျခအေနက အေကာင္းဘက္ကို ေမွ်ာ္လင့္လို႔ရေပမယ့္ တူရကီ က်ဴးေက်ာ္မႈကို ရင္ဆိုင္ေနရတဲ့ ဆီးရီးယားမွာေတာ့  အေျခအေနက ေသဆုံးမႈေတြ၊ စစ္ပြဲေတြနဲ႔ လုံးေထြးေနဆဲပါ။ေအာက္တိုဘာ ၂၉ ရက္မွာ ကာ့ဒ္တပ္ဖြဲ႕ေတြ ေနရာကို အစား၀င္လာတဲ့ ဆီးရီးယားတပ္ဖြဲ႕ေတြနဲ႔ တူရကီတပ္ဖြဲ႕ေတြၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ရက္စ္အယ္လ္အင္ နယ္စပ္ၿမိဳ႕အနီးမွာျဖစ္တဲ့ အဆိုပါတိုက္ပြဲမွာ ဆီးရီးယားတပ္ဖြဲ႕ဝင္ေျခာက္ဦး ေသဆုံးခဲ့ပါတယ္။အီရတ္မွာေတာ့ ဝန္ႀကီးခ်ဳပ္ ဖယ္ရွားေရးအတြက္ ႏိုင္ငံတစ္ဝန္း ဆႏၵျပေနရာမွာ အနည္းဆုံး လူ ၂၅၀ ေသဆုံးခဲ့ကာ ေထာင္နဲ႔ခ်ီၿပီး ထိခိုက္ဒဏ္ရာ ရခဲ့ပါတယ္။စီးပြားေရးအခက္အခဲမ်ားႏွင့္ အက်င့္ပ်က္ျခစားမႈအေပၚ မေက်နပ္မႈေၾကာင့္ ျဖစ္ေပၚလာေသာ လူထုဆႏၵျပပြဲေတြေၾကာင့္ အီရတ္တစ္ႏိုင္ငံလုံး မၿငိမ္မသက္ျဖစ္ေနတာမွာ အၾကမ္းဖက္မႈေတြ ျဖစ္လာမွာကို စိုးရမ္ေနရတဲ့ အေနအထားပါ။

အိုင္အက္စ္ေတြဘက္က ေခါင္းေဆာင္သုတ္သင္ခံရတဲ့အတြက္ ၿငိမ္ေနမွာေတာ့ မဟုတ္ပါဘူး။ျပန္တုံ႔ျပန္မႈေတြရွိလာမွာ အေသအခ်ာပါဘဲ။ဘယ္လိုတုံ႔ျပန္မလဲ၊ ဘယ္ေလာက္ေသေၾကမႈေတြ ရွိလာမလဲ၊ ဒါမွမဟုတ္ အိုင္အက္စ္အဖြဲ႕ အင္အားယုတ္ေလ်ာ့ၿပီး ေပ်ာက္ကြယ္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ငလ်င္ႏွင့္ ေရေအာက္နစ္ျမဳပ္မယ့္ အႏၲရာယ္

မၾကာမီက နယူးဂ်ာစီျပည္နယ္ အေျခစိုက္သည့္ သိပၸံအဖြဲ႕အစည္းတစ္ခုျဖစ္ေသာ Climate Central ကေန ထုတ္ျပန္မႈတစ္ခုကို ထုတ္ျပန္ခဲ့ပါတယ္။ဒီထုတ္ျပန္မႈမွာ ပင္လယ္ေရမ်က္ႏွာျပင္ ျမင့္တက္မႈေၾကာင့္ ထိခိုက္ႏိုင္တဲ့ ေဒသေတြကို ထုတ္ျပန္ခဲ့ရာမွာ ကမာၻ႔ကမ္း႐ိုးတန္းတစ္ေလွ်ာက္တြင္ ေနထိုင္ေသာ လူေပါင္း သန္း ၃၀၀ သည္ ၂၀၅၀ ျပည့္ႏွစ္တြင္ ေရလႊမ္းမိုးမႈ ခံစားရဖြယ္ရွိေနတယ္လို႔ဆိုၿပီး လူေနထူထပ္တဲ့ အာရွက မြန္ဘိုင္း၊ ရွန္ဟိုင္းနဲ ဘန္ေကာက္ၿမိဳ႕ေတြပါ ပင္လယ္ေရေအာက္ေရာက္မယ့္ အႏၲရာယ္ကို ရင္ဆိုင္ရဖြယ္ရွိေနတယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာပါ။ဒီ သန္း ၃၀၀ ထဲမွာ အာရွက ၂၃၇ သန္းထိ ထိခိုက္ႏိုင္တယ္ ဆိုပါတယ္။ဒီလိုထုတ္ျပန္မႈက ပထမတစ္ခါ ခန႔္မွန္းတာထက္ သက္ေရာက္မႈ သုံးဆပိုမ်ားလာခဲ့ပါတယ္။ဒါေတာင္ ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ဖန္လုံအိမ္အာနိသင္ရွိတဲ့ ဓာတ္ေငြ႕ထုတ္လႊင့္မႈကို မေလွ်ာ့ခ်ႏိုင္ခဲ့ရင္ ဒီထက္ပိုၿပီး ၂၁၀၀ ခုႏွစ္မွာ သန္း ၆၃၀ ထိခိုက္ခံစားရမယ္လို႔ ခန႔္မွန္းခဲ့ပါတယ္။

ယခင္က ကမာၻၿမိဳ႕ေတြ ပင္လယ္ေရေအာက္ ေရာက္မယ္ဆိုတာ ျဖစ္ႏိုင္ေခ်နည္းတဲ့ ခန႔္မွန္းမႈေတြပါ။ေနာက္ပိုင္းမွာေတာ့ ဒါဟာ ပင္လယ္ကမ္း႐ိုးတန္းမွာရွိတဲ့ လူဦးေရ သန္းနဲ႔ခ်ီေနထိုင္တဲ့ ၿမိဳ႕ႀကီးေတြ ရင္ဆိုင္ရေတာ့မယ့္ ျပႆနာျဖစ္လာခဲ့ပါတယ္။ယခုႏွစ္ထဲမွာဘဲ အင္ဒိုနီးရွားႏိုင္ငံက ဂ်ကာတာၿမိဳ႕နဲ႔ ဘန္ေကာက္ၿမိဳ႕ေတြကို ၿမိဳ႕ေ႐ႊ႕ဖို႔အတြက္ သတင္းေတြထြက္လာခဲ့ပါၿပီ။ကုလအတြင္းေရးမႉးခ်ဳပ္ကလည္း ဖန္လုံအိမ္ဓာတ္ေငြ႕ ေလွ်ာ့ခ်ဖို႔အတြက္  ေက်ာက္မီးေသြးသုံးစက္႐ုံေတြ ေလွ်ာ့ခ်ဖို႔ တိုက္တြန္းခဲ့ပါတယ္။

လက္ရွိမွာ ကမာၻ႔ႏိုင္ငံေတြ အထူးသျဖင့္ အာရွႏိုင္ငံေတြမွာ သဘာ၀ေဘးဒဏ္ကို အလူးအလဲခံေနရပါတယ္။ယခုရက္သတၱပတ္ထဲမွာဘဲ ဖိလစ္ပိုင္ႏိုင္ငံ မင္နာဒါအိုကြၽန္းမွာ သုံးရက္အတြင္း အင္အား ရစ္ခ်္တာစေကး ၆ အထက္ အဆင့္ရွိ ငလ်င္ႏွစ္ခု လႈပ္ခဲ့ပါတယ္။ေအာက္တိုဘာ ၂၉ ရက္က ဖိလစ္ပိုင္ ေတာင္ပိုင္း မင္နာဒါအိုကြၽန္းမွာ အင္အား ရစ္ခ်္တာစေကး ၆ ဒသမ ၆ အဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့လို႔ လူ ၆ ဦးေသဆုံးကာ ၅၀ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။ေအာက္တိုဘာ ၃၁ ရက္က ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္းမွာ ျပင္းအား ၆ ဒသမ ၅ အဆင့္ရွိ အားျပင္းငလ်င္ ထပ္မံလႈပ္ခတ္ခဲ့ရာမွာ ငါးဦးေသဆုံးခဲ့ပါတယ္။

အာရွမွာ ငလ်င္လႈပ္ေနေပမယ့္ အာဖရိကမွာေတာ့ ျပင္းထန္တဲ့ မိုး႐ြာခ်မႈေၾကာင့္ ေရႀကီးမႈေတြျဖစ္ကာ လူေသဆုံးမႈေတြ ရွိေနပါတယ္။ကင္မ႐ြန္းႏိုင္ငံ အေနာက္ပိုင္းတြင္ သည္းထန္ေသာ မိုးမ်ားေၾကာင့္ ျဖစ္ေပၚခဲ့ေသာ ေျမၿပိဳမႈတစ္ခုအတြင္း လူ ၄၂ ဦး ထက္မနည္း ေသဆုံးခဲ့ရာမွာ ကေလး ၂၆ ဦး ပါဝင္ခဲ့ပါတယ္။တိုင္ဖြန္းမုန္တိုင္းႏွစ္ခုကို ဆက္တိုက္ခံခဲရတဲ့ ဂ်ပန္မွာေတာ့ မိုးသည္းထန္စြာ ဆက္႐ြာသြန္းေနလို႔ တမံက်ိဳးတာ မျပင္ႏိုင္ေသးဘဲ ‌ေဒသခံေတြကို သတိထားေနထိုင္ဖို႔ သတိေပးေနရပါတယ္။မုန္တိုင္းႏွစ္ခုေဘးေၾကာင့္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံခန္႔ႏွင့္ ညီမွ်သည့္ ယန္း ၁၇၀ ဘီလ်ံေက်ာ္ ထိခိုက္ခဲ့တဲ့ ဂ်ပန္အဖို႔ ျပန္လည္နလံထူဖို႔ လုပ္ေနရဆဲပါ။

အာရွႏိုင္ငံေတြျဖစ္သလို အာဆီယံႏိုင္ငံေတြျဖစ္တဲ့ မဲေခါင္ျမစ္ႏိုင္ငံေတြမွာေတာ့ မဲေခါင္ျမစ္ေရအမွတ္က စိုးရိမ္ဖြယ္ရာေကာင္းတဲ့ ေရအမွတ္တစ္ခုထိ က်ဆင္းလာခဲ့လို႔ ျမစ္အတြင္း ေရလမ္းေၾကာင္း အပိုင္းေနရာအမ်ားအျပား တစ္ေလွ်ာက္မွာလည္း ယခုအခါ သဲေသာင္ကြၽန္းေတြ ထြက္ေပၚလာခဲ့ပါတယ္။မဲေခါင္ျမစ္ရဲ႕ ျမစ္လက္တက္ေတြလည္း ေျခာက္ခန္းလာေနတဲ့ေဘးကို ရင္ဆိုင္ေနရတယ္ ဆိုပါတယ္။

အာရွမွာ ေရႀကီး၊ မိုးသည္း၊ ေျမငလ်င္ေတြနဲ႔ နပမ္းလုံးေနရစဥ္မွာ အေမရိကမွာေတာ့ ေတာမီးေၾကာင့္ အခက္ေပြေနပါတယ္။အေမရိကန္နဲ႔ မကၠဆီကိုမွာ ေလာင္ေနတဲ့ ေတာမီးေၾကာင့္ ေဒသခံေတြကို အလ်င္အျမန္ေ႐ႊ႕ေနရသလို ေလာင္ကြၽမ္းတဲ့ ဟက္တာကလည္း ေသာင္းဂဏန္းနား ကပ္လာပါၿပီ။ေလတိုက္ႏႈန္း တစ္နာရီ ၁၂၉ ကီလိုမီတာရွိ အႏၲရာယ္ရွိသည့္ ေလျပင္းေတြေၾကာင့္‌ မီးၿငိမ္းသတ္ဖို႔ အခက္ေတြ႕ေနသလို လ်င္ျမန္တဲ့ေတာမီးေၾကာင့္ လူအေသအေပ်ာက္လည္း ရွိခဲ့ပါတယ္။မီးမ်ားေၾကာင့္ ျပည္နယ္တစ္ဝန္း အေရးေပၚအေျခအေန ေၾကညာထားရပါတယ္။

ဆႏၵျပမႈေတြနဲ႔ ကမာၻ႔ႏိုင္ငံေရး အေျပာင္းအလဲ

ယခုရက္သတၱပတ္ထဲ သတင္းေတြထဲမွာ ေ႐ြးေကာက္ပြဲသတင္းေတြရွိသလို ၿဗိတိန္က မၿပီးေသးတဲ့ အီးယူက ခြဲထြက္ခြင့္ သတင္းေတြကလည္း တျဖည္းျဖည္း စိတ္ဝင္စားစရာေကာင္းလာခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းက  အာရပ္ႏိုင္ငံေတြျဖစ္တဲ့ လက္ဘႏြန္မွာ အစိုးရနဲ႔ ႏိုင္ငံေရးအသိုင္းအဝိုင္းက အက်င့္ပ်က္ျခစားမႈမ်ားကို ဆန႔္က်င္တဲ့အေနနဲ႔ ႏိုင္ငံတစ္ႏွံ႔တျပားမွာ ဆႏၵျပပြဲေတြ ျဖစ္လာရတာပါ။ဒီလိုဆႏၵျပမႈေတြေၾကာင့္ ကာလၾကာရွည္ လက္ဘႏြန္ ျပည္တြင္းစစ္အၿပီး ဖြဲ႕စည္းလာတဲ့ အစိုးရသက္တမ္းတစ္ေလွ်ာက္  ႏိုင္ငံေရးမတည္ၿငိမ္မႈေတြ ျဖစ္လာခဲ့ပါတယ္။

ယာဥ္ပိုင္ရွင္မ်ားက ကားမ်ားျဖင့္ လမ္းမမ်ားကိုပိတ္ရန္ ႏႈိးေဆာ္မႈမ်ားကို ေအာက္တိုဘာ ၂၇ ရက္က လူမႈကြန္ရက္မီဒီယာေပၚမွတစ္ဆင့္ ျပဳလုပ္ခဲ့ကာ ေအာက္တိုဘာ ၂၈ ရက္မွာေတာ့ ဆႏၵျပသူမ်ားက ေတာင္-ေျမာက္ အေဝးေျပးကားလမ္းမႀကီး အပါအဝင္ အဓိကလမ္းမ်ားကို ပိတ္ဆို႔ရန္ ႀကိဳးစားခဲ့ၾကပါတယ္။ရွီးဟိုက္မြတ္စလင္ ဟစ္ဇ္ဘိုလာအဖြဲ႕နဲ႔ ေဒါသထြက္ေနတဲ့ လူတစ္စုက အစိုးရဆန႔္က်င္ေရး ဆႏၵျပသူမ်ား ဖြင့္ထားတဲ့ သပိတ္စခန္းတစ္ခုကို တိုက္ခိုက္ဖ်က္ဆီးတာေတြ ျဖစ္ခဲ့ပါတယ္။ႏိုင္ငံတဝန္းမႀကဳံစဖူး ဆႏၵျပပြဲမ်ား အႀကီးအက်ယ္ ျဖစ္ေပၚခဲ့တဲ့အတြက္ လက္ရွိ လက္ဘႏြန္ဝန္ႀကီးခ်ဳပ္ ႏုတ္ထြက္ခဲ့ရပါတယ္။

တာလီဘန္ေတြ ႀကီးစိုးတဲ့ အာဖဂန္မွာေတာ့ ေ႐ြးေကာက္ပြဲရလဒ္ေတြကို လာမယ့္ ႏိုဝင္ဘာ ၁၄ ရက္မွာ ေၾကညာဖို႔ စီစဥ္ေနပါတယ္။လက္ရွိသမၼတ အာရွက္ဖ္ဂါနီ နဲ႔ ကိုယ္စားလွယ္ေလာင္း ၁၀ ဦးေက်ာ္တို႔ ပါဝင္ယွဥ္ၿပိဳင္ ေ႐ြးေကာက္ခံခဲ့ၾကတဲ့ ဒီေ႐ြးေကာက္ပြဲမွာ ဘယ္သူႏိုင္မယ္ဆိုတာ မသိရေသးေပမယ့္ ေ႐ြးေကာက္ပြဲ ကာလတစ္ခုလုံး တာလီဘန္ေတြက အမ်ိဳးမ်ိဳးေႏွာင့္ယွက္မႈေတြၾကားထဲကေန မဲေပးခဲ့ရတာပါ။မဲမသမာမႈေတြ လုပ္ႏိုင္လို႔ ဇီ၀နည္းပညာသုံးၿပီး မဲဆႏၵရွင္ေတြကို စိစစ္ခဲ့ရတာပါ။ဘယ္သူႏိုင္သည္ျဖစ္ေစ မတည္ၿငိမ္တဲ့ အာဖဂန္ကို ျပန္တည္ေဆာက္ရမွာမို႔ ခက္ခဲ့တဲ့အေျခအေနနဲ႔ ရင္ဆိုင္ရမွာ အေသအခ်ာပါဘဲ။ဒီၾကားထဲ အေမရိကန္တပ္ေတြ ထြက္သြားဖို႔ရွိတဲ့အတြက္ ျပည္တြင္းလုံၿခဳံေရး အေျခအေနက အစိုးရတပ္စခန္းေတြကိုေတာင္ အိုင္အက္စ္ေတြ၊ တာလီဘန္ေတြက လာတိုက္တာခံေနရတဲ့ အေျခအေနပါ။ေ႐ြးေကာက္ပြဲမွာႏိုင္ခဲ့တဲ့ သမၼတျဖစ္လာမယ့္သူအဖို႔ ဘာေတြလုပ္ႏိုင္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အာရွႏိုင္ငံေတြနဲ႔မတူတဲ့ အေျခအေနတစ္ခုကေတာ့ ေတာင္အေမရိကႏိုင္ငံေတြမွာ ျဖစ္ေနပါတယ္။ဒါက ဗင္နီဇြဲလားမွာ သမၼတက အတင္းအက်ပ္ အာဏာကို ကုပ္တြယ္ေနေပမယ့္ အာဂ်င္တီးနားမွာေတာ့ သမၼတေ႐ြးေကာက္ပြဲမွာ လက္ရွိသမၼတက မဲအေရအတြက္အနည္းငယ္နဲ႔ ရႈံးခဲ့ရာမွာ အဲဒီအရႈံးကို လက္ရွိသမၼတက လက္ခံခဲ့ပါတယ္။ဒါ့အျပင္ ၿပိဳင္ဘက္ျဖစ္သူကိုလည္း ဝမ္းေျမာက္ေၾကာင္း စကားေျပာခဲ့ပါတယ္။ဒီလိုအျပဳအမူနဲ႔ အေလ့အက်င့္က ေကာင္းတဲ့အေလ့အက်င့္ပါဘဲ။အႏိုင္ရတဲ့ အာဂ်င္တီးနားရဲ႕ သမၼတသစ္ျဖစ္လာေတာ့မယ့္သူကလည္း ရာထူးကေန ထြက္ခြာရေတာ့မယ့္ လက္ရွိသမၼတနဲ႔ တတ္ႏိုင္သမွ် အစစအရာရာ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို ဆိုတဲ့အတြက္ အဆိုပါႏိုင္ငံေတြမွာ ႏိုင္ငံေရးတည္ၿငိမ္တယ္ဆိုတာ ေခါင္းေဆာင္ေတြရဲ႕ သေဘာထားျပည့္၀မႈက အဓိကျဖစ္ေနတာကို ေတြ႕ရပါတယ္။အာဂ်င္တီးနားနဲ႔ကပ္လွ်က္ ခ်ီလီမွာေတာ့ အစိုးရဝန္ႀကီးအဖြဲ႕သစ္ ျပန္လည္ျပင္ဆင္ ဖြဲ႕စည္းလိုက္ေပမယ့္ အဓိက႐ုဏ္းေတြ ဆက္ျဖစ္ေနဆဲပါ။သယံဇာတႂကြယ္၀တဲ့ အဆိုပါႏိုင္ငံမွာ လူမႈနဲ႔ စီးပြားေရးဆိုင္ရာ တန္းတူညီမွ်မႈမရွိလို႔ ဆႏၵျပပြဲေတြ ျဖစ္ေနရတာျဖစ္ၿပီး ဆႏၵျပပြဲေတြအတြင္း အနည္းဆုံး လူ ၂၀ ဦးေလာက္လည္း ေသဆုံးထားခဲ့ရၿပီး ျဖစ္ပါတယ္။ဆႏၵျပသူေတြဘက္ကေတာ့ သမၼတႏုတ္ထြက္ေရးကိုသာ ေတာင္းဆိုၾကပါတယ္။

မကၠဆီကိုမွာေတာ့ သမၼတမ်ားအား ျပစ္မႈအမ်ားအျပားအတြက္ ဖမ္းဆီးခြင့္ျပဳေသာ အဆိုျပဳခ်က္တစ္ရပ္ကို အတည္ျပဳလိုက္ပါၿပီ။လက္ရွိဥပေဒအရ ႏိုင္ငံေတာ္သစၥာေဖာက္မႈအတြက္သာ ဖမ္းဆီးႏိုင္တဲ့ မကၠဆီကိုမွာ ယခုလို သမၼတမ်ားကို ဖမ္းဆီးခြင့္ေပးလိုက္တဲ့အတြက္ မူးယစ္ဂိုဏ္းေတြ အားေကာင္းတဲ့ မကၠဆီကိုမွာ သမၼတလုပ္ရတဲ့သူေတြ ဘာေတြျဖစ္လာဦးမလဲဆိုတာ စိတ္လႈပ္ရွားစရာပါဘဲ။

ဝန္ႀကီးခ်ဳပ္ႏွစ္ဦးကို ျဖဳတ္ခ်ခဲ့တဲ့ ၿဗိတိန္ရဲ႕ အီးယူကေန ထြက္ခြာခြင့္အေရးက လက္ရွိဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ ကိုလည္း မရႈႏိုင္မကယ္ႏိုင္ ျဖစ္ေစခဲ့ပါတယ္။ဒီအတြက္ ယခုရက္သတၱပတ္ထဲမွာ လက္ရွိဝန္ႀကီးခ်ဳပ္က အေျခခံက်တဲ့ လုပ္ေဆာင္မႈကို လုပ္ခဲ့ပါတယ္။ဒါက ေ႐ြးေကာက္ပြဲက်င္းပေရးကိုပါ။ပါလီမန္မွာ အၿမဲကန႔္ကြက္မႈေတြနဲ႔ ျပဳတ္က်ေနတဲ့ အီးယူကေန ထြက္ခြာခြင့္ကို အေျခခံက်က် ေဘာရစ္ဂြၽန္ဆင္ က ေဆာင္႐ြက္ခဲ့တာပါ။ဒီလိုေဆာင္႐ြက္တာကို လႊတ္ေတာ္အမတ္မ်ားက ေထာက္ခံၿပီးေနာက္ ၿဗိတိန္အစိုးရက ဒီဇင္ဘာ ၁၂ ရက္တြင္ ေ႐ြးေကာက္ပြဲက်င္းပရန္ သတ္မွတ္ခဲ့သလို အီးယူကလည္း လာမည့္ႏွစ္ ဇန္နဝါရီအထိ ေ႐ႊ႕ဆိုင္းေပးလိုက္တဲ့အတြက္ လက္ရွိဝန္ႀကီးခ်ဳပ္ရဲ႕ ပါတီသာ အႏိုင္ရခဲ့ရင္ အီးယူကေန ၿဗိတိန္ထြက္ခြာခြင့္က ပိုၿပီးေခ်ာေမြ႕လာဖို႔ မ်ားလာမွာျဖစ္ပါတယ္။

လာမည့္ ဒီဇင္ဘာေ႐ြးေကာက္ပြဲမွာ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ျပန္ေ႐ြးေကာက္ ခံရ/မခံရ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ႏို၀င္ဘာ - ၄