【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်တလင်းဖြစ်နေတဲ့ အာရှ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 စစ်တလင်းဖြစ်နေတဲ့ အာရှ

ယခုတစ်ပတ် သတင်းတွေထဲ အာရှဘက်က ပါကစ္စတန်-အိန္ဒိယ စစ်ရေးတင်းမာမှု သတင်းတွေ၊ ဆီးရီးယားမှာ အိုင်အက်စ်တွေကို အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ကာတ့်တပ်တွေက မီးကုန်ယမ်းကုန် ထိုးစစ်ဆင်နေတာတွေ၊ အစ္စရေးနဲ့ ဟားမတ်စ်ကြား အပြန်အလှန်တိုက်ခိုက်မှုတွေ၊ အာဖဂန်မှာ အသေခံဗုံးခွဲမှုတွေ လုပ်ကြံသတ်ဖြတ်မှုတွေနဲ့ မြောက်ကိုရီးယားက အမေရိကန်နဲ့ ဆွေးနွေးတာ မအောင်မြင်လို့ နျူကလီးယားဒုံးကျည် ပြန်စမ်းသပ်ပစ်လွှတ်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေက ကမ္ဘာ့သတင်းစာမျက်နှာတွေကို ယခုရက်သတ္တပတ် သိမ်းပိုက်ခဲ့ပါတယ်။

IS နိဂုံးနှင့် အာရှ နျူကလီယားစစ်ပွဲအရေး

အိန္ဒိယနဲ့ ပါကစ္စတန်ကြား ဖြစ်ခဲ့တဲ့ပြဿနာ ပြေအေးမှုမရသေးခင်မှာ အမေရိကန် ကျောထောက်နောက်ခံပေးထားတဲ့ ကာ့တ်တပ်ဖွဲ့တွေက IS တွေ နောက်ဆုံးရှိတဲ့ နေရာဖြစ်တဲ့ ဘာဂွတ်ဇ်ဒေသကို အပြင်းအထန် ထိုးစစ်ဆင်နွှဲနေပါတယ်။ဒီလိုထိုးစစ်ဆင်နွှဲနေတဲ့အတွက် အဆိုပါနေရာဒေသက အရပ်သားတွေ အလုံးလိုက်အရင်းလိုက် ထွက်ခွာလာလို့ စစ်ဆင်နေမှုကို ခေတ္တရပ်ခဲ့ကာ ကယ်ထုတ်နေရပါတယ်။

ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းရှိ ဘာဂွတ်ဇ်ဒေသရှိ အိုင်အက်စ်တွေကို  ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) တွေက သီတင်းပတ်များစွာ ဝိုင်းရံံပိတ်ဆို့ထားရာမှာ အိုင်အက်စ် တိုက်ခိုက်ရေးသမားတွေရဲ့ ဇနီးတွေနဲ့ ကလေးတွေပါဝင်တဲ့ အရပ်သားတွေက နောက်ဆုံးပေးထားတဲ့ ရက်ကျော်လွန်တဲ့အထိ ထွက်ခွာနေတဲ့အတွက် စစ်ဆင်နေမှုကို ထိုးရပ်ခဲ့ရတာပါ။

ဘာဂွတ်ဇ်ဒေသထဲမှာရှိတဲ့ အိုင်အက်စ်တွေကတော့ အမေရိကန် ဦးဆောင်တပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကို ဟန့်တားနိုင်ရေးအတွက် ကားဗုံးဖောက်ခွဲမှုများ ပြုလုပ်နေသလို လူသားဒိုင်းတွေကိုလည်း အသုံးပြုနေတဲ့အတွက် SDF တပ်ဖွဲ့တွေက‘လူကာဒိုင်း’ တွေအဖြစ် ဖမ်းဆီးထားတဲ့ အရပ်သားတွေကို ကယ်ထုတ်ခဲ့ပါတယ်။မတ် ၅ ရက်က ဘာဂွတ်ဇ်ဒေသမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး နိုင်ငံတကာတပ်ဖွဲ့တွေက လေကြောင်းကနေလည်း ထိုးစစ်ဆင်ခဲ့တဲ့အတွက် အိုင်အက်စ်အဖွဲ့ ထိန်းချုပ်ထားတဲ့ နေရာတွေမှာ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှု ရုပ်သံတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဆီးရီးယားနဲ့ ဆက်စပ်နေတဲ့ ဂါဇာဒေသမှာတော့ အစ္စရေးက မတ် ၇ ရက်ကစပြီး လေကြောင်းကနေ တိုက်ခိုက်နေပါတယ်။မတ် ၆ ရက်က ဖောက်ခွဲရေးပစ္စည်းတွေပါတဲ့ မိုးပျံပူဖောင်းတစ်လုံးနဲ့ ဒုံးကျည်တစ်စင်းကို ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပိုင်နက် နယ်မြေအတွင်းမှ အစ္စရေးတောင်ပိုင်းကို ပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအနည်းငယ်အကြာမှာ အစ္စရေးလေတပ်မှ ဂျက်တိုက်လေယာဉ်များက ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ ဟားမားစ်အဖွဲ့၏ ပစ်မှတ်များကို စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က ဂါဇာကမ်းမြောင်ဒေသ နယ်စပ်တစ်လျှောက် အခြေအနေမတည်ငြိမ်အောင် ဟားမားစ်အဖွဲ့က ဆက်လက်လုပ်ဆောင်နေရင် စစ်ရေးအရ ပြင်းထန်စွာ အရေးယူတုံ့ပြန်ရမယ်လို့ ပြောခဲ့ပါတယ်။အိုင်အက်စ်တွေ မပေါ်ခင် တစ်စခန်းထခဲ့တဲ့ တာလီဘန်တွေရှိရာ အာဖဂန်မှာတော့ အသေခံဗုံးခွဲမှုတွေနဲ့ မြိုင်ဆိုင်နေဆဲပါ။

မတ် ၈ ရက်က သမ္မတလောင်းတွေနဲ့ သမ္မတဟောင်း ဟာမစ်ကာဇိုင်း ရဲ့ စီအီးအိုတို့ တက်ရောက်နေတဲ့ ကဘူးလ်က အခမ်းအနားတစ်ခုကို လူတစ်စုက သေနတ်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူတစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီရက်မှာဘဲ အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်းရှိ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုကို အသေခံဗုံးခွဲတိုက်ခိုက်လို့ လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ဒီလိုတိုက်ခိုက်မှုတွေအတွက် IS ရော၊ တာလီဘန်တွေပါ ဘယ်သူ့လက်ချက်ဆိုတာ ဝန်မခံထားသေးပါဘူး။

နှစ်နိုင်ငံ နယ်စပ်မြို့မှာ သွားနေတဲ့ ကွန်ဗွိုင်းကို အသေခံတိုက်ခဲ့ရာကနေ စခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် အပြန်အလှန်တိုက်ခိုက်မှုက ယခုထိ အရှိန်ရနေဆဲဖြစ်ပြီး တစ်ဖက်နဲ့ တစ်ဖက် ရန်စောင်နေဆဲပါ။မတ် ၅ ရက်က ကက်ရှ်မီးယားဒေသရှိ ထိန်းချုပ်ရေးမျဉ်း (အယ်လ်အိုစီ) မျဉ်းတစ်ဖက်တစ်ချက်စီက ကင်းစခန်းတွေအချင်းချင်း အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ပါတယ်။
ဒါဟာ ကက်ရှ်မီးယားမြို့တော် ဆရီနာဂါ၏ အရှေ့တောင်ဘက် ကီလို မီတာ ၁၈၀ အကွာရှိ ပွန့်ချ်ဒေသမှာ ဖြစ်ခဲ့တာပါ။မတ် ၅ ရက် အစောပိုင်းကလည်း ရာ့ချ်အိုယူရီဒေသနှင့် ဘေးချင်းကပ် နောင်ရှီရာဒေသမှာလည်း အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပါသေးတယ်။လူအသေအပျောက် မရှိပေမယ့် ဒီဖြစ်စဉ်တွေက ဒေသတွင်းနိုင်ငံတွေကို နျူကလီးယား ခြောက်အိမ်မက်ကို မက်စေပါတယ်။

ဒီမတိုင်ခင် မတ် ၄ ရက်က အိန္ဒိယနယ်စပ်မှာ ထောက်လှမ်းပျံသန်းနေတဲ့ ပါကစ္စတန် စစ်ဘက်ဒရုန်းတစ်စီးကို အိန္ဒိယတပ်ဖွဲ့တွေက ပစ်ချခဲ့သလို ပါကစ္စတန်ကလည်း သူ့ရေပိုင်နက်ထဲဝင်လာတဲ့ အိန္ဒိယရေငုပ်သဘောၤကို မောင်းထုတ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။ဒါပေမယ့် အိန္ဒိယဘက်ကတော့ ဒါသတင်းမှားဆိုပြီး ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုလိပ်ခဲတည်းလည်း အခြေအနေမှာ အသက် (၁၅) နှစ်အရွယ် အမျိုးသားတစ်ဦးက ဂျမူးနှင့် ကက်ရှ်မီးယားပြည်နယ်ရှိ ဘတ်စ်ကားမှတ်တိုင်တစ်ခုမှာ လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့လို့ လူနှစ်ဦး သေဆုံးခဲ့ပါတယ်။

ဒေသတွင်းရှိ နှစ်ဘက်ပြည်သူများကြား မုန်းတီးစိတ်ပြင်းထန်နေတဲ့ ကတ်ရှ်မီးယားဒေသမှာ ဘာတွေဆက်ဖြစ်လာဦးမလဲ၊ တောင်အာရှစစ်မီးက ဘယ်အထိရောက်လာနိုင်မလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရကို ပြန်ခံတွယ်တဲ့ တရုတ်ဖုန်းကုမ္ပဏီ ဟာဝေး

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက တရုတ် ဟာဝေးကုမ္ပဏီက ဘဏ္ဍာရေးအရာရှိချုပ်ကို ကနေဒါအာဏာပိုင်တွေက အမေရိကန်က အီရန်အပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်တယ်ဆိုတဲ့ သံသယနဲ့ ကနေဒါနိုင်ငံ ဗန်ကူးပါးလေဆိပ်မှာ ဖမ်းဆီးခဲ့တာပါ။အမေရိကန် တောင်းဆိုမှုကြောင့် အဆု်ပါ တရုတ်ဖုန်းကုမ္ပဏီ အရာရှိချုပ်ကို  အမေရိကန်ဆီ လွှဲပြောင်းပေးဖို့ ကနေဒါဘက်က စီစဉ်ခဲ့ပါတယ်။

ဒီပြဿနာကြောင့် ကနေဒါနဲ့ အမေရိကန်ကြား သံတမန်ဆက်ဆံရေး ဆိုးရွားခဲ့ရသလို တရုတ်ဘက်ကလည်း ကနေဒါနိုင်ငံသားအချို့ကို ဥပဒေချိုးဖောက်မှုတွေနဲ့ ထိန်းသိမ်းကာ တုံ့ြ့ပန်ခဲ့ပါတယ်။ယခု ဟာဝေးကုမ္ပဏီက ဘဏ္ဍာရေးအရာရှိချုပ် မန်ဝမ်ကျိ ကို ကနေဒါတရားရေးဌာနက အမေရိကန်နိုင်ငံဆီ လက်လွှဲပေးဖို့ လုပ်ဆောင်လာရာမှာ မန်ဝမ်ကျိ ဘက်က ကနေဒါအာဏာပိုင်တွေကို ပြန်တရားစွဲခဲ့ပါတယ်။မန်ဝမ်ကျိ ရဲ့ ရှေ့နေက  မန်ဝမ်ကျိ ကို ဖမ်းဆီးရာမှာ အကောက်ခွန်အရာရှိတွေက သုံးနာရီ မေးမြန်းစစ်ဆေးခဲ့မှု ထောက်ပြကာ မရိုးမဖြောင့်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စွဲချက်တင်ခဲ့တာ ဖြစ်ပါတယ်။တရုတ်အစိုးရကတော့ အမေရိကန်နဲ့ ကနေဒါ နှစ်နိုင်ငံစလုံး  တရုတ်နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေတဲ့အတွက် မန်ဝန်ကျိ ကို ဖမ်းဝရမ်းထုတ်ထားတာကို ချက်ချင်းရုပ်သိမ်းပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဟွာဝေးကုမ္ပဏီဘက်ကလည်း တန်ပြန်အနေနဲ့  သူ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို  အမေရိကန်ဌာနတွေမှာ သုံးစွဲဖို့ တားမြစ်တဲ့ အမေရိကန်အစိုးရကို တရားစွဲခဲ့ပါတယ်။ဒီလိုတရားစွဲတာကို တရုတ်အစိုးရဘက်ကလည်း တရားဝင်ထောက်ခံခဲ့ပါတယ်။

ဒီလိုနိုင်ငံနဲ့ချီပြီး တရားစွဲတာတွေ ဖြစ်နေသလို စိတ်မကောင်းစရာတွေလည်း ဖြစ်ခဲ့တာ ရှိပါတယ်။မတ် ၁၀ ရက် နံနက်ပိုင်းက အီသီယိုးပီးယား လေကြောင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ်တစ်စင်း ပျက်ကျခဲ့ပါတယ်။လေဆိပ်ကနေထွက်ပြီး မိနစ်ပိုင်းအကြာမှာ လေယာဉ်ပျက်ကျခဲ့တာပါ။လေယာဉ်ပေါ်မှာ အမူထမ်းတွေ အပါအဝင် ၁၅၇ ယောက်ပါပြီး အကုန်လုံး သေဆုံးဖွယ်ရှိတဲ့အတွက် အီသီယိုးပီးယားအတွက် ကြေကွဲစရာ နေ့ရက်တစ်ရက်ပါ။ဘယ်နေရာမှာ ပျက်ကျခဲ့သလဲဆိုတာ အတိအကျမသိရသေးဘဲ အနီးစပ်ဆုံးနေရာကိုသာ ခန့်မှန်းရှာဖွေနေသလို သေဆုံးသူအရေအတွက်လည်း မသိရသေးပါဘူး။

ဟောင်ကောင်ရဲ့ နာမည်ကျော် နှစ်ထပ်ဘတ်စ်ကားတစ်စီးကတော့ ရပ်ထားတဲ့ကားကို ဝင်တိုက်လို့ မီးလောင်ပြီး နှစ်ဦးသေဆုံးကာ ၁၅ ဦးဒဏ်ရာရခဲ့တယ်ဆိုပါတယ်။ဖိလစ်ပိုင်နိုင်ငံ ကွီဇွန်မြို့ ဘာရမ်ဂေးဆန်အန် တိုနီယိုအရပ်မှာတော့ မီးအကြီးအကျယ် လောင်ကျွမ်းမှုဖြစ်လို့ အိမ်ခြေအတော်များများ ဆုံးရှုံးခဲ့ရတယ် ဆိုပါတယ်။    

ဒီလိုသတင်းတွေထဲ ယခုတစ်ပတ်ထဲ စိတ်ဝင်စားစရာ အကောင်းဆုံးကတော့ နောက်ဆက်တွဲသတင်းတွေ မသိရသေးတဲ့ အီသီယိုးပီးယား လေယာဉ်ပျက်ကျမှုဖြစ်ပြီး ပါသွားတဲ့ ခရီးသည်တွေထဲက ဘယ်သူများ မသေဘဲကျန်ခဲ့မလဲ၊ ဘာကြောင့်ပျက်ကျရသလဲဆိုတာနဲ့ အမေရိကန်ကို တရားစွဲလိုက်တဲ့ တရုတ်နည်းပညာကုမ္ပဏီ အမှုအခြေအနေ သတင်းတွေက ကမ္ဘာကို တစ်နည်းတစ်ဖုံ ဆက်စောင့်ကြည့်ခိုင်းခဲ့ပါတယ်။

ဒုံးကျည်နဲ့ စားနပ်ရိက္ခာ အကွက်ဟောင်း

ပထမဆုံးပြောချင်တာက ဒီလို ဒုံးပျံနဲ့ခြိမ်းခြောက်တဲ့ အဖြစ်မျိုး ဆင်တူဖြစ်ရပ်တွေ မြောက်ကိုရီးယားရဲ့ သံတမန်ဗျူဟာမှာ ထပ်တလဲလဲ သုံးခဲ့ဖူးတယ် ဆိုတာပါ။လက်ရှိမှာ မြောက်ကိုရီးယားနိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ်လုပ်မှုနှုန်းဟာ မနှစ်က စံချိန်တင်ကျဆင်းခဲ့တဲ့အတွက် ယခုနှစ်မှာ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးကို အသည်းအသန် ကြိုးစားနေရပြီး ရေရှည် စားနပ်ရိက္ခာ ပြတ်လပ်မှု ပြဿနာကိုလည်း ရင်ဆိုင်နေရပါတယ်။စားနပ်ရိက္ခာ ထုတ်လုပ်မှု ဆိုးဆိုးဝါးဝါး ကျဆင်းခဲ့လို့ နိုင်ငံလူဦးရေ ၄၃ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ ပြည်သူ ၁၀ ဒဿမ ၉ သန်း အကူအညီတွေ လိုအပ်မှာ ဖြစ်ပါတယ်။ဒီအခြေအနေမှာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျူံအန် က ထရမ့် နဲ့ တွေ့ဆုံခဲ့တာပါ။တွေ့ဆုံခဲ့ပေမယ် ကင်မ်ဂျူံအမ် လိုတဲ့ ပိတ်ဆို့မှုတွေကို တောင်းဆိုလို့ ထရမ့် ဘက်က ဆွေးနွေးတာကို ရပ်ခဲ့ပါတယ်။

ဒီနောက်မှာ မြောက်ကိုရီးယားဘက်က ဒီလိုအခင်းအကျင်းတွေ ထွက်ပေါ်လာတာပါ။မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအမ် နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့ရဲ့ ဆွေးနွေးပွဲ မအောင်မမြင်ဖြစ်ပြီးနောက် နှစ်ရက်အကြာမှာ  ဂြိုဟ်တုဓာတ်ပုံတွေကနေတစ်ဆင့် ပြုံယမ်းမြို့အနီးရှိ စက်ရုံတစ်ခုမှာ လှုပ်ရှားမှုပုံရိပ်တွေကို တွေ့လာရတာပါ။ပဲ့ထိန်းဒုံးကျည်များနှင့် ဒုံးကျည်အများစုကို စုစည်းတပ်ဆင် ထုတ်လုပ်တဲ့ ဆာနမ်ဒေါင်ဒေသမှာ ကားကြီးတွေက မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည် (သို့မဟုတ်) ဒုံးပျံယာဉ်တစ်ခုကို လွှတ်တင်ဖို့ နေရာရွှေ့ပြောင်းရန် သွားလာလုပ်ဆောင်နေတယ်လို့ သုံးသပ်ခဲ့ကြတာပါ။အတိအကျမဟုတ်သေးပေမယ့် မကြာခင်က မြောက်ကိုရီးယား၏ အဓိကဒုံးပျံလွှတ်တင်တဲ့ ဆိုဟေးဒေသဒုံးလွှတ်စင်ကို ပြန်လည်တည်ဆောက်နေတယ်ဆိုတဲ့ သတင်းတွေက ဒီမတိုင်ခင် ထွက်နေတဲ့အတွက် ဆက်စပ်သုံးသပ်ပြီး မြောက်ကိုရီးယားအနေနဲ့ ဒုံးကျည် (သို့မဟုတ်) ဂြိုဟ်တုတစ်လုံး လွှတ်တင်ရန် ပြင်ဆင်နေတယ်ဆိုပြီး ကောက်ချက်ဆွဲခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကတော့ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားအနေနဲ့ လက်နက်စမ်းသပ်မှုများ ပြန်လည်စတင်မယ်ဆိုရင်ပါက ၎င်းအနေနဲ့ စိတ်ပျက်မိမယ်လို့ ပြောခဲ့ပါတယ်။ထရမ့် အနေနဲ့ ကိုရီးယားကျွန်းဆွယ် နျူကလီးယားလက်နက် ကင်းစင်ရေးအတွက် မဟာမိတ် တောင်ကိုရီးယားနဲ့ နှစ်စဉ်ပြုလုပ်တဲ့ ပူးတွဲစစ်ဆင်ရေးကိုတောင် ကုန်ကျစရိတ်များလို့ဆိုပြီး လျော့ချပေးခဲ့ပါတယ်။

ထရမ့် အနေနဲ့ အကျပ်ကိုင်တာတွေမှာ ကိုယ့်ထက်ပိုကျွမ်းကျင်တဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေကို ဘယ်လို ကိုယ့်လိုဘပြည့်အောင် စွမ်းဆောင်နိုင်မလဲ၊ ဒါမှမဟုတ် အရင်ကလိုဘဲ နျူကလီးယားလက်နက် စမ်းသပ်မယ်ပြပြီး သူလိုအပ်နေတဲ့ စားနပ်ရိက္ခာကို ရှာဖွေနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ရှုပ်ထွေးနေဆဲ ဗင်နီဇွဲလားအရေး

အမေရိကန်အတွက် အာရှမှာ တရုတ်၊ ဆီးရီးယား၊ မြောက်ကိုရီးယားနဲ့ လုံးထွေးနေရသလို တောင်အမေရိကမှာလည်း ဗင်နီဇွဲလားပြဿနာထဲ ဝင်စွက်ဖက် ပါဝင်နေပါတယ်။ဗင်နီဇွဲလားသမ္မတ မာဒူရို ဦးဆောင်တဲ့ အစိုးရအဖွဲ့ကို ဖြုတ်ချဖို့ အတိုက်အခံ ကြားဖြတ်သမ္မတ ဂျူအန်ဂွိုက်ဒို က ကြိုးပမ်းနေရာမှာ နိုင်ငံတော်တရားရုံးချုပ်က ချမှတ်ထားတဲ့ ခရီးသွားလာခွင့် ပိတ်ဆို့မှုကို မသိကျိုးကျွံပြုကာ အမေရိကန်ရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို သွားရောက်ယူဆောင်နိုင်ရေးအတွက် ကိုလံဘီယာဆီ ဆယ်ရက်တာ ရောက်ခဲ့ပါတယ်။

ဂျူအန်ဂွိုက်ဒို အနေနဲ့ ဗင်နီဇွဲလားစစ်တပ်ရဲ့ နယ်စပ်ပိတ်ဆို့ထားမှုကြောင့် အကူအညီတွေ နိုင်ငံထဲ သွင်းမယူလာနိုင်ခဲ့ပါဘူး။ဂျူအန်ဂွိုက်ဒို ရဲ့ အိမ်အပြန်ခရီးကို အမေရိကန်နှင့် တခြားသံရုံးများမှ သံအရာရှိတွေက လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့သလို ဖမ်းဆီးခံရနိုင်ခြေ များတဲ့အတွက်လည်း အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ် က ဂွိုက်ဒို ရဲ့ ဘေးကင်းလုံခြုံရေးအတွက် သမ္မတ မာဒူရို ကို သတိပေးခဲ့ပါတယ်။လေဆိပ်မှာ နိုင်ငံတကာ သံတမန်တွေ၊ မီဒီယာတွေနဲ့ ထောက်ခံသူတွေက ဂျူအန်ဂွိုက်ဒို ကို မဖမ်းဆီးနိုင်ရန် ကာကွယ်ပြီး တရားဟောမယ့်နေရာအထိ ခေါ်ဆောင်သွားခဲ့ပါတယ်။အဆိုပါ တရားပွဲမှာ ဂျူအန်ဂွိုက်ဒို က သမ္မတ မာဒူရို ကို ဖြုတ်ချနိုင်ရေးအတွက် ဆန္ဒပြချီတက်စုဝေးမှုအသစ် လုပ်ဆောင်သွားဖို့ လှုံ့ဆော်ခဲ့ပါတယ်။ဒါ့အပြင် အစိုးရဝန်ထမ်းတွေကိုလည်း သပိတ်မှောက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

မာဒူရို ဦးဆောင်တဲ့ ဗင်နီဇွဲလားအစိုးရကတော့ အဆိုပါနေ့မှာဘဲ တခြားနေရာမှာ ကျင်းပတဲ့ ပွဲတစ်ခုကို တက်ခဲ့သလို အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုက်ဒို ကို ကြိုဆိုခဲ့တဲ့ ဂျာမန်သံအမတ်ကြီးဖြစ်သူ ဒန်နီရယ် ခရီနာ ကို နှစ်ရက်အတွင်း ဗင်နီဇွဲလားနိုင်ငံ မှ ထွက်ခွာသွားရန် နှင်ထုတ်ခဲ့ပါတယ်။ဒီအတွက် ဥရောပနိုင်ငံတွေက ဘယ်လိုတုံ့ပြန်မလဲ၊ ဗင်နီဇွဲလားအစိုးရက သူ့ပြည်တွင်းရေးကို ဝင်စွက်တဲ့ အမေရိကန်နဲ့ ဥရောပက ဖိအားကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

ဒီသတင်းနှစ်ပုဒ်က ယခုတစ်ပတ် ကမ္ဘာတလွှား နိုင်ငံရေးသတင်းတွေဖြစ်တဲ့ ရွေးကောက်ပွဲနီးမှ ထိုင်းတော်ဝင်မင်းသမီးကို ဝန်ကြီးချုပ်အဖြစ် အဆိုတင်သွင်းခဲ့တဲ့ အဓိကအတိုက်အခံပါတီကို ထိုင်းနိုင်ငံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက ဖျက်သိမ်းလိုက်တဲ့ သတင်း၊ လွှတ်တော်ထဲ အမျိုးသမီးအမတ်များ ပါဝင်မှု ရာခိုင်နှုန်းမှာ ဂျပန်နိုင်ငံက အနည်းဆုံးဖြစ်နေတဲ့ သတင်း၊ ပိတ်ဆို့အရေးယူမှုနဲ့ ပတ်သက်ပြီး အမေရိကန်နှင့် ညှိနှိုင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ အီရန်သမ္မတက ပြောခဲ့တဲ့ သတင်း၊ အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်က အိန္ဒိယနှင့် တူရကီနိုင်ငံတို့၏ အကောက်ခွန်သက်သာခွင့်ကို ဖျက်သိမ်းရန် စီစဉ်နေတယ်လို့ ပြောလိုက်တဲ့ သတင်း၊ အဂတိလိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးခံရတဲ့ သမ္မတဟောင်း လီမြောင်ဘတ် ကို တောင်ကိုရီးယား တရားရုံးတစ်ရုံးက အာမခံပေးခဲ့တဲ့ သတင်းတွေထဲ ဆက်လက်စောင့်ကြည့်ရဦးမယ့် သတင်းဖြစ်ခဲ့ပါတယ်။

ဟိုတယ်မှာမိရင် ကြိမ်ဒဏ်

အများစုစိတ်ဝင်စားကြတဲ့ သတင်းတွေထဲမှာ ထူးထူးဆန်းဆန်းအဖြစ်တွေ၊ အပြုအမူတွေကို လူတွေက သတိထားတာများကြပါတယ်။အဆောက်အဦးတစ်ခုလုံး မီးလောင်ရင် အကုန်လုံး မီးသင့်ပြာကျသွားတာ များပါတယ်။အထူးသဖြင့် မီးလောင်လွယ်တဲ့ စက္ကူဆိုရင် ပြောစရတောင် မလိုပါဘူး။

ဒါပေမယ့် အမေရိကန်နိုင်ငံ အနောက်ဗာဂျီးနီးယားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ မီးလောင်မှုကတော့ ဆန်းကြယ်ပါတယ်။မတ် ၆ ရက်က အနောက်ဗာဂျီးနီးယားပြည်နယ် ဂရန့်ဗျူးအရပ်က Freedom Ministries Church ဘုရားကျောင်းကို မီးအကြီးအကျယ် လောင်ကျွမ်းခဲ့ပေမယ့် သမ္မာကျမ်းစာ စာအုပ်ပုံကတော့ တစ်အုပ်တစ်လေတောင် မီးမခဘဲ အကောင်းအတိုင်း ကျန်ရစ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်က ခရစ်ယာန်အသိုင်းအဝိုင်းမှာရော၊ မီးသတ်လောကမှာပါ ထူးဆန်းတဲ့ ကိစ္စတစ်ခုပါ။

ရှေးရိုးစွဲ အစ္စလာမ်ဝါဒီတွေ အားကောင်းတဲ့ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်က လူငယ်စုံတွဲတွေအတွက်ကတော့ ရှေးရိုးစွဲဘာသာအယူဝါဒ ပြင်းတာကြောင့် အခက်တွေ့နေပြီ ဖြစ်ပါတယ်။ဆူမတြားကျွန်းက အာချေးပြည်နယ်ဟာ လောင်းကစား၊ အရက်နဲ့ လိင်တူဆက်ဆံတာတွေ အပါအဝင် အပြစ်အတော်များများကို ကြိမ်ဒဏ်အပြစ်ပေးလေ့ရှိတဲ့ ဒေသပါ။ အာချေးပြည်နယ်ဟာဆိုရင် အစ္စလာမ္မစ်ဥပဒေ ပြဌာန်းရာ တစ်ခုတည်း သော ပြည်နယ်လည်းဖြစ်တဲ့အတွက် ဟိုတယ်တစ်လုံးကို ပြီးခဲ့တဲ့နှစ်က ဝင်စီးရာမှာ လာတည်းတဲ့ စုံတွဲခြောက်တွဲကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး လက်ထပ်ထားခြင်းမရှိဘဲ အတူတူတွေ့ရတဲ့ စုံတွဲတွေကို တစ်ဦးချင်းစီ ကြိမ်ဒဏ်ခုနှစ်ချက်စီကနေ ၂၅ ချက်ထိ အသီးသီးရိုက်နှက်ခဲ့ပါတယ်။ဒီလို လူအများရှေ့ ကြိမ်ဒဏ်အပြစ်မပေးခင်မှာလည်း ဒီစုံတွဲခြောက်တွဲကို အကျဉ်းထောင်ထဲ လအတန်ကြာ အကျဉ်းချခဲ့ပါတယ်။

ကျန်းမာရေးမှာတော့ ထူးထူးဆန်းဆန်း အားတက်စရာတွေ ဒီတစ်ပတ်မှာ ဖြစ်ခဲ့တာရှိပါတယ်။အားလုံးလန့်နေတဲ့ အေအိုင်ဒီအက်စ်ရောဂါ ကုထုံးအတွက် HIV ကူးစက်မှုကို ခုခံနိုင်စွမ်းရှိ ရှားပါးမျိုးဗီဇရှိတဲ့ အလှူရှင်တစ်ဦးထံကနေ ရိုးတွင်းခြင်ဆီ (Stem Cells) အစားထိုးကုသမှု ခံယူထားတဲ့ ဗြိတိန်အမျိုးသားတစ်ဦးဟာ ကမ္ဘာ့ဒုတိယမြောက်  HIV ရောဂါ ပျောက်ဆုံးသူဖြစ်လာခဲ့ပါတယ်။ဒီဖြစ်စဉ်ကြောင့် AIDS ကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်လိမ့်မယ်ဆိုတဲ့ သိပ္ပံပညာရှင်တွေရဲ့အယူအဆ ပိုအားကောင်းလာခဲ့ပါတယ်။၂၀၀၇ ခုနှစ်လောက်ကလည်း Timothy Brown အမည်ရ အမေရိကန် အမျိုးသားတစ်ဦး ယခုလိုကုသမှုနဲ့ AIDS ရောဂါ လုံးဝပျောက်ကင်းခဲ့ပါတယ်။

သိပ္ပံနဲ့ အသုံးချနယ်ပယ်မှာတော့ တရုတ် ဆင်ဟွာသတင်းဌာနက သတင်းကြေညာသူအဖြစ် ဉာဏ်ရည်တု (AI) ထည့်သွင်းထားသော 'Xin Xiaomeng' အမည်ရှိ  လူအရွယ်အစားရှိ စက်ရုပ်တစ်ရုပ်ကို မတ်လ ၃ ရက်က စတင်အသုံးပြုခဲ့ပါတယ်။မလေးရှားနိုင်ငံ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ပေကျင်းသို့ ပျံသန်းစဉ် ၂၀၁၄ ခုနှစ် မတ် ၈ ရက်က ထူးထူးဆန်းဆန်း ပျောက်ဆုံးခဲ့တဲ့ MH-370 လေယာဉ်ကို ပြန်ရှာဖို့ မလေးရှားနိုင်ငံက ဒီရက်သတ္တပတ်ထဲမှာ ကြေညာခဲ့ပါတယ်။

ယခုတစ်ပတ် သတင်းတွေထဲမှာ သတိထားစရာ သတင်းတွေ ရှိခဲ့ပါတယ်။သဘာဝဘေး သတင်းတွေဖြစ်တဲ့ အမေရိကန် တောင်ပိုင်း အလာဘားမားပြည်နယ်ကို လေဆင်နှာမောင်း ဝင်တိုက်လို့ လူ ၁၄ ဦး သေဆုံးကာ အိမ့်ခြေအမြောက်အများ ပျက်ဆီးခဲ့တဲ့ သတင်း၊ သြစတြေးလျ တောင်ပိုင်း တက်စ်မာနီးယားနဲ့ ဗစ်တိုးရီးယားပြည်နယ်တွေမှာ လောင်နေတဲ့ တောမီးတွေ ငြှိမ်းသတ်ခဲ့တဲ့ သတင်း၊ လေထုညစ်ညမ်းမှု မြင့်တက်တာ ဖြေရှင်းဖို့ တောင်ကိုရီးယားမှာ လေယာဉ်တစ်စီးနဲ့  မိုးတိမ်အတုတွေ ဖန်တီးခဲ့တဲ့ သတင်း၊ အမေဇုန်တောအတွင်း တရားမဝင် သတ္တုတူးဖော်မှုများကို တားဆီးပိတ်ပင်ဖို့ စစ်အခြေစိုက်စခန်းတစ်ခုကို ပီရူးစစ်တပ်က ဖွင့်ခဲ့တဲ့ သတင်း၊ ဟောင်ကောင် - မနီလာသို့ လေကြောင်းခရီးနဲ့ လိုက်လာတဲ ခရီးသည်ရဲ့ အိတ်တွေထဲက ပင်လယ်လိပ်အရှင် ၁၅၀ဝ ကျော် တွေ့ရှိခဲ့တဲ့ သတင်း၊ ဂျပန်မှာ ကုတို့ရေယာဉ်တစ်စင်း ပင်လယ်ထဲက ရေသတ္တဝါတစ်ကောင်နဲ့ သွားတိုက်မိလို့  ရေယာဉ်ပျက်စီးကာ လူထိခိုက်မှုတွေ ရှိခဲ့တဲ့ သတင်းတွေထဲ  သတိထားစရာ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
မတ် - ၁၁

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ အာရွဘက္က ပါကစၥတန္-အိႏၵိယ စစ္ေရးတင္းမာမႈ သတင္းေတြ၊ ဆီးရီးယားမွာ အိုင္အက္စ္ေတြကို အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ကာတ့္တပ္ေတြက မီးကုန္ယမ္းကုန္ ထိုးစစ္ဆင္ေနတာေတြ၊ အစၥေရးနဲ႔ ဟားမတ္စ္ၾကား အျပန္အလွန္တိုက္ခိုက္မႈေတြ၊ အာဖဂန္မွာ အေသခံဗုံးခြဲမႈေတြ လုပ္ႀကံသတ္ျဖတ္မႈေတြနဲ႔ ေျမာက္ကိုရီးယားက အေမရိကန္နဲ႔ ေဆြးေႏြးတာ မေအာင္ျမင္လို႔ န်ဴကလီးယားဒုံးက်ည္ ျပန္စမ္းသပ္ပစ္လႊတ္ဖို႔ ျပင္ဆင္ေနတဲ့ သတင္းေတြက ကမာၻ႔သတင္းစာမ်က္ႏွာေတြကို ယခုရက္သတၱပတ္ သိမ္းပိုက္ခဲ့ပါတယ္။

IS နိဂုံးႏွင့္ အာရွ န်ဴကလီယားစစ္ပြဲအေရး

အိႏၵိယနဲ႔ ပါကစၥတန္ၾကား ျဖစ္ခဲ့တဲ့ျပႆနာ ေျပေအးမႈမရေသးခင္မွာ အေမရိကန္ ေက်ာေထာက္ေနာက္ခံေပးထားတဲ့ ကာ့တ္တပ္ဖြဲ႕ေတြက IS ေတြ ေနာက္ဆုံးရွိတဲ့ ေနရာျဖစ္တဲ့ ဘာဂြတ္ဇ္ေဒသကို အျပင္းအထန္ ထိုးစစ္ဆင္ႏႊဲေနပါတယ္။ဒီလိုထိုးစစ္ဆင္ႏႊဲေနတဲ့အတြက္ အဆိုပါေနရာေဒသက အရပ္သားေတြ အလုံးလိုက္အရင္းလိုက္ ထြက္ခြာလာလို႔ စစ္ဆင္ေနမႈကို ေခတၱရပ္ခဲ့ကာ ကယ္ထုတ္ေနရပါတယ္။

ဆီးရီးယားႏိုင္ငံ အေရွ႕ပိုင္းရွိ ဘာဂြတ္ဇ္ေဒသရွိ အိုင္အက္စ္ေတြကို  ဆီးရီးယားဒီမိုကရက္တစ္တပ္ဖြဲ႕ (SDF) ေတြက သီတင္းပတ္မ်ားစြာ ဝိုင္းရံံပိတ္ဆို႔ထားရာမွာ အိုင္အက္စ္ တိုက္ခိုက္ေရးသမားေတြရဲ႕ ဇနီးေတြနဲ႔ ကေလးေတြပါဝင္တဲ့ အရပ္သားေတြက ေနာက္ဆုံးေပးထားတဲ့ ရက္ေက်ာ္လြန္တဲ့အထိ ထြက္ခြာေနတဲ့အတြက္ စစ္ဆင္ေနမႈကို ထိုးရပ္ခဲ့ရတာပါ။

ဘာဂြတ္ဇ္ေဒသထဲမွာရွိတဲ့ အိုင္အက္စ္ေတြကေတာ့ အေမရိကန္ ဦးေဆာင္တပ္ဖြဲ႕ဝင္မ်ား၏ ထိုးစစ္ကို ဟန႔္တားႏိုင္ေရးအတြက္ ကားဗုံးေဖာက္ခြဲမႈမ်ား ျပဳလုပ္ေနသလို လူသားဒိုင္းေတြကိုလည္း အသုံးျပဳေနတဲ့အတြက္ SDF တပ္ဖြဲ႕ေတြက‘လူကာဒိုင္း’ ေတြအျဖစ္ ဖမ္းဆီးထားတဲ့ အရပ္သားေတြကို ကယ္ထုတ္ခဲ့ပါတယ္။မတ္ ၅ ရက္က ဘာဂြတ္ဇ္ေဒသမွာ တိုက္ပြဲေတြ ျပင္းထန္ခဲ့ၿပီး ႏိုင္ငံတကာတပ္ဖြဲ႕ေတြက ေလေၾကာင္းကေနလည္း ထိုးစစ္ဆင္ခဲ့တဲ့အတြက္ အိုင္အက္စ္အဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ ေနရာေတြမွာ ျပင္းျပင္းထန္ထန္ တိုက္ခိုက္မႈ ႐ုပ္သံေတြ ထြက္ေပၚလာခဲ့ပါတယ္။

ဆီးရီးယားနဲ႔ ဆက္စပ္ေနတဲ့ ဂါဇာေဒသမွာေတာ့ အစၥေရးက မတ္ ၇ ရက္ကစၿပီး ေလေၾကာင္းကေန တိုက္ခိုက္ေနပါတယ္။မတ္ ၆ ရက္က ေဖာက္ခြဲေရးပစၥည္းေတြပါတဲ့ မိုးပ်ံပူေဖာင္းတစ္လုံးနဲ႔ ဒုံးက်ည္တစ္စင္းကို ဂါဇာကမ္းေျမာင္ေဒသရွိ ပါလက္စတိုင္းပိုင္နက္ နယ္ေျမအတြင္းမွ အစၥေရးေတာင္ပိုင္းကို ပစ္လႊတ္ခဲ့ၿပီး နာရီပိုင္းအနည္းငယ္အၾကာမွာ အစၥေရးေလတပ္မွ ဂ်က္တိုက္ေလယာဥ္မ်ားက ဂါဇာကမ္းေျမာင္ေဒသအတြင္းရွိ ဟားမားစ္အဖြဲ႕၏ ပစ္မွတ္မ်ားကို စီးနင္းတိုက္ခိုက္ခဲ့တာပါ။

ဒါ့အျပင္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟု က ဂါဇာကမ္းေျမာင္ေဒသ နယ္စပ္တစ္ေလွ်ာက္ အေျခအေနမတည္ၿငိမ္ေအာင္ ဟားမားစ္အဖြဲ႕က ဆက္လက္လုပ္ေဆာင္ေနရင္ စစ္ေရးအရ ျပင္းထန္စြာ အေရးယူတုံ႔ျပန္ရမယ္လို႔ ေျပာခဲ့ပါတယ္။အိုင္အက္စ္ေတြ မေပၚခင္ တစ္စခန္းထခဲ့တဲ့ တာလီဘန္ေတြရွိရာ အာဖဂန္မွာေတာ့ အေသခံဗုံးခြဲမႈေတြနဲ႔ ၿမိဳင္ဆိုင္ေနဆဲပါ။

မတ္ ၈ ရက္က သမၼတေလာင္းေတြနဲ႔ သမၼတေဟာင္း ဟာမစ္ကာဇိုင္း ရဲ႕ စီအီးအိုတို႔ တက္ေရာက္ေနတဲ့ ကဘူးလ္က အခမ္းအနားတစ္ခုကို လူတစ္စုက ေသနတ္ေတြနဲ႔ ပစ္ခတ္ခဲ့လို႔ လူတစ္ဦးထက္မနည္း ေသဆုံးခဲ့ၿပီး ၁၆ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။အဲဒီရက္မွာဘဲ အာဖဂန္နစၥတန္ႏိုင္ငံ အေရွ႕ပိုင္းရွိ ေဆာက္လုပ္ေရးကုမၸဏီတစ္ခုကို အေသခံဗုံးခြဲတိုက္ခိုက္လို႔ လူ ၁၆ ဦးထက္မနည္း ေသဆုံးခဲ့ပါတယ္။ဒီလိုတိုက္ခိုက္မႈေတြအတြက္ IS ေရာ၊ တာလီဘန္ေတြပါ ဘယ္သူ႔လက္ခ်က္ဆိုတာ ဝန္မခံထားေသးပါဘူး။

ႏွစ္ႏိုင္ငံ နယ္စပ္ၿမိဳ႕မွာ သြားေနတဲ့ ကြန္ဗြိဳင္းကို အေသခံတိုက္ခဲ့ရာကေန စခဲ့တဲ့ အိႏၵိယ-ပါကစၥတန္ အျပန္အလွန္တိုက္ခိုက္မႈက ယခုထိ အရွိန္ရေနဆဲျဖစ္ၿပီး တစ္ဖက္နဲ႔ တစ္ဖက္ ရန္ေစာင္ေနဆဲပါ။မတ္ ၅ ရက္က ကက္ရွ္မီးယားေဒသရွိ ထိန္းခ်ဳပ္ေရးမ်ဥ္း (အယ္လ္အိုစီ) မ်ဥ္းတစ္ဖက္တစ္ခ်က္စီက ကင္းစခန္းေတြအခ်င္းခ်င္း အျပန္အလွန္ပစ္ခတ္မႈေတြ ျဖစ္ခဲ့ပါတယ္။
ဒါဟာ ကက္ရွ္မီးယားၿမိဳ႕ေတာ္ ဆရီနာဂါ၏ အေရွ႕ေတာင္ဘက္ ကီလို မီတာ ၁၈၀ အကြာရွိ ပြန႔္ခ်္ေဒသမွာ ျဖစ္ခဲ့တာပါ။မတ္ ၅ ရက္ အေစာပိုင္းကလည္း ရာ့ခ်္အိုယူရီေဒသႏွင့္ ေဘးခ်င္းကပ္ ေနာင္ရွီရာေဒသမွာလည္း အျပန္အလွန္ပစ္ခတ္မႈမ်ား ျဖစ္ပြားခဲ့ပါေသးတယ္။လူအေသအေပ်ာက္ မရွိေပမယ့္ ဒီျဖစ္စဥ္ေတြက ေဒသတြင္းႏိုင္ငံေတြကို န်ဴကလီးယား ေျခာက္အိမ္မက္ကို မက္ေစပါတယ္။

ဒီမတိုင္ခင္ မတ္ ၄ ရက္က အိႏၵိယနယ္စပ္မွာ ေထာက္လွမ္းပ်ံသန္းေနတဲ့ ပါကစၥတန္ စစ္ဘက္ဒ႐ုန္းတစ္စီးကို အိႏၵိယတပ္ဖြဲ႕ေတြက ပစ္ခ်ခဲ့သလို ပါကစၥတန္ကလည္း သူ႔ေရပိုင္နက္ထဲဝင္လာတဲ့ အိႏၵိယေရငုပ္သေဘာကႋု ေမာင္းထုတ္ႏိုင္ခဲ့တယ္လို႔ ေၾကညာခဲ့ပါတယ္။ဒါေပမယ့္ အိႏၵိယဘက္ကေတာ့ ဒါသတင္းမွားဆိုၿပီး ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုလိပ္ခဲတည္းလည္း အေျခအေနမွာ အသက္ (၁၅) ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ဂ်မူးႏွင့္ ကက္ရွ္မီးယားျပည္နယ္ရွိ ဘတ္စ္ကားမွတ္တိုင္တစ္ခုမွာ လက္ပစ္ဗုံးနဲ႔ တိုက္ခိုက္ခဲ့လို႔ လူႏွစ္ဦး ေသဆုံးခဲ့ပါတယ္။

ေဒသတြင္းရွိ ႏွစ္ဘက္ျပည္သူမ်ားၾကား မုန္းတီးစိတ္ျပင္းထန္ေနတဲ့ ကတ္ရွ္မီးယားေဒသမွာ ဘာေတြဆက္ျဖစ္လာဦးမလဲ၊ ေတာင္အာရွစစ္မီးက ဘယ္အထိေရာက္လာႏိုင္မလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

အေမရိကန္အစိုးရကို ျပန္ခံတြယ္တဲ့ တ႐ုတ္ဖုန္းကုမၸဏီ ဟာေဝး

ၿပီးခဲ့တဲ့ ႏွစ္ကုန္ပိုင္းက တ႐ုတ္ ဟာေဝးကုမၸဏီက ဘ႑ာေရးအရာရွိခ်ဳပ္ကို ကေနဒါအာဏာပိုင္ေတြက အေမရိကန္က အီရန္အေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္ပိတ္ဆို႔မႈေတြကို ခ်ိဳးေဖာက္တယ္ဆိုတဲ့ သံသယနဲ႔ ကေနဒါႏိုင္ငံ ဗန္ကူးပါးေလဆိပ္မွာ ဖမ္းဆီးခဲ့တာပါ။အေမရိကန္ ေတာင္းဆိုမႈေၾကာင့္ အဆု္ပါ တ႐ုတ္ဖုန္းကုမၸဏီ အရာရွိခ်ဳပ္ကို  အေမရိကန္ဆီ လႊဲေျပာင္းေပးဖို႔ ကေနဒါဘက္က စီစဥ္ခဲ့ပါတယ္။

ဒီျပႆနာေၾကာင့္ ကေနဒါနဲ႔ အေမရိကန္ၾကား သံတမန္ဆက္ဆံေရး ဆိုး႐ြားခဲ့ရသလို တ႐ုတ္ဘက္ကလည္း ကေနဒါႏိုင္ငံသားအခ်ိဳ႕ကို ဥပေဒခ်ိဳးေဖာက္မႈေတြနဲ႔ ထိန္းသိမ္းကာ တုံ႔ျ့ပန္ခဲ့ပါတယ္။ယခု ဟာေဝးကုမၸဏီက ဘ႑ာေရးအရာရွိခ်ဳပ္ မန္ဝမ္က်ိ ကို ကေနဒါတရားေရးဌာနက အေမရိကန္ႏိုင္ငံဆီ လက္လႊဲေပးဖို႔ လုပ္ေဆာင္လာရာမွာ မန္ဝမ္က်ိ ဘက္က ကေနဒါအာဏာပိုင္ေတြကို ျပန္တရားစြဲခဲ့ပါတယ္။မန္ဝမ္က်ိ ရဲ႕ ေရွ႕ေနက  မန္ဝမ္က်ိ ကို ဖမ္းဆီးရာမွာ အေကာက္ခြန္အရာရွိေတြက သုံးနာရီ ေမးျမန္းစစ္ေဆးခဲ့မႈ ေထာက္ျပကာ မ႐ိုးမေျဖာင့္တဲ့ လုပ္ရပ္ျဖစ္တယ္လို႔ စြဲခ်က္တင္ခဲ့တာ ျဖစ္ပါတယ္။တ႐ုတ္အစိုးရကေတာ့ အေမရိကန္နဲ႔ ကေနဒါ ႏွစ္ႏိုင္ငံစလုံး  တ႐ုတ္ႏိုင္ငံသားေတြရဲ႕ အခြင့္အေရးကို ျပင္းျပင္းထန္ထန္ ခ်ိဳးေဖာက္ေနတဲ့အတြက္ မန္ဝန္က်ိ ကို ဖမ္းဝရမ္းထုတ္ထားတာကို ခ်က္ခ်င္း႐ုပ္သိမ္းၿပီး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။

ဟြာေဝးကုမၸဏီဘက္ကလည္း တန္ျပန္အေနနဲ႔  သူ႔ထုတ္ကုန္ေတြနဲ႔ ဝန္ေဆာင္မႈေတြကို  အေမရိကန္ဌာနေတြမွာ သုံးစြဲဖို႔ တားျမစ္တဲ့ အေမရိကန္အစိုးရကို တရားစြဲခဲ့ပါတယ္။ဒီလိုတရားစြဲတာကို တ႐ုတ္အစိုးရဘက္ကလည္း တရားဝင္ေထာက္ခံခဲ့ပါတယ္။

ဒီလိုႏိုင္ငံနဲ႔ခ်ီၿပီး တရားစြဲတာေတြ ျဖစ္ေနသလို စိတ္မေကာင္းစရာေတြလည္း ျဖစ္ခဲ့တာ ရွိပါတယ္။မတ္ ၁၀ ရက္ နံနက္ပိုင္းက အီသီယိုးပီးယား ေလေၾကာင္းပိုင္ ဘိုးရင္း ၇၃၇ ေလယာဥ္တစ္စင္း ပ်က္က်ခဲ့ပါတယ္။ေလဆိပ္ကေနထြက္ၿပီး မိနစ္ပိုင္းအၾကာမွာ ေလယာဥ္ပ်က္က်ခဲ့တာပါ။ေလယာဥ္ေပၚမွာ အမူထမ္းေတြ အပါအဝင္ ၁၅၇ ေယာက္ပါၿပီး အကုန္လုံး ေသဆုံးဖြယ္ရွိတဲ့အတြက္ အီသီယိုးပီးယားအတြက္ ေၾကကြဲစရာ ေန႔ရက္တစ္ရက္ပါ။ဘယ္ေနရာမွာ ပ်က္က်ခဲ့သလဲဆိုတာ အတိအက်မသိရေသးဘဲ အနီးစပ္ဆုံးေနရာကိုသာ ခန႔္မွန္းရွာေဖြေနသလို ေသဆုံးသူအေရအတြက္လည္း မသိရေသးပါဘူး။

ေဟာင္ေကာင္ရဲ႕ နာမည္ေက်ာ္ ႏွစ္ထပ္ဘတ္စ္ကားတစ္စီးကေတာ့ ရပ္ထားတဲ့ကားကို ဝင္တိုက္လို႔ မီးေလာင္ၿပီး ႏွစ္ဦးေသဆုံးကာ ၁၅ ဦးဒဏ္ရာရခဲ့တယ္ဆိုပါတယ္။ဖိလစ္ပိုင္ႏိုင္ငံ ကြီဇြန္ၿမိဳ႕ ဘာရမ္ေဂးဆန္အန္ တိုနီယိုအရပ္မွာေတာ့ မီးအႀကီးအက်ယ္ ေလာင္ကြၽမ္းမႈျဖစ္လို႔ အိမ္ေျခအေတာ္မ်ားမ်ား ဆုံးရႈံးခဲ့ရတယ္ ဆိုပါတယ္။    

ဒီလိုသတင္းေတြထဲ ယခုတစ္ပတ္ထဲ စိတ္ဝင္စားစရာ အေကာင္းဆုံးကေတာ့ ေနာက္ဆက္တြဲသတင္းေတြ မသိရေသးတဲ့ အီသီယိုးပီးယား ေလယာဥ္ပ်က္က်မႈျဖစ္ၿပီး ပါသြားတဲ့ ခရီးသည္ေတြထဲက ဘယ္သူမ်ား မေသဘဲက်န္ခဲ့မလဲ၊ ဘာေၾကာင့္ပ်က္က်ရသလဲဆိုတာနဲ႔ အေမရိကန္ကို တရားစြဲလိုက္တဲ့ တ႐ုတ္နည္းပညာကုမၸဏီ အမႈအေျခအေန သတင္းေတြက ကမာၻကို တစ္နည္းတစ္ဖုံ ဆက္ေစာင့္ၾကည့္ခိုင္းခဲ့ပါတယ္။

ဒုံးက်ည္နဲ႔ စားနပ္ရိကၡာ အကြက္ေဟာင္း

ပထမဆုံးေျပာခ်င္တာက ဒီလို ဒုံးပ်ံနဲ႔ၿခိမ္းေျခာက္တဲ့ အျဖစ္မ်ိဳး ဆင္တူျဖစ္ရပ္ေတြ ေျမာက္ကိုရီးယားရဲ႕ သံတမန္ဗ်ဴဟာမွာ ထပ္တလဲလဲ သုံးခဲ့ဖူးတယ္ ဆိုတာပါ။လက္ရွိမွာ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ စားနပ္ရိကၡာ ထုတ္လုပ္မႈႏႈန္းဟာ မႏွစ္က စံခ်ိန္တင္က်ဆင္းခဲ့တဲ့အတြက္ ယခုႏွစ္မွာ ျပည္တြင္းစားနပ္ရိကၡာ ဖူလုံေရးကို အသည္းအသန္ ႀကိဳးစားေနရၿပီး ေရရွည္ စားနပ္ရိကၡာ ျပတ္လပ္မႈ ျပႆနာကိုလည္း ရင္ဆိုင္ေနရပါတယ္။စားနပ္ရိကၡာ ထုတ္လုပ္မႈ ဆိုးဆိုးဝါးဝါး က်ဆင္းခဲ့လို႔ ႏိုင္ငံလူဦးေရ ၄၃ ရာခိုင္ႏႈန္းနဲ႔ ညီမွ်တဲ့ ျပည္သူ ၁၀ ဒႆမ ၉ သန္း အကူအညီေတြ လိုအပ္မွာ ျဖစ္ပါတယ္။ဒီအေျခအေနမွာ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဴံအန္ က ထရမ့္ နဲ႔ ေတြ႕ဆုံခဲ့တာပါ။ေတြ႕ဆုံခဲ့ေပမယ္ ကင္မ္ဂ်ဴံအမ္ လိုတဲ့ ပိတ္ဆို႔မႈေတြကို ေတာင္းဆိုလို႔ ထရမ့္ ဘက္က ေဆြးေႏြးတာကို ရပ္ခဲ့ပါတယ္။

ဒီေနာက္မွာ ေျမာက္ကိုရီးယားဘက္က ဒီလိုအခင္းအက်င္းေတြ ထြက္ေပၚလာတာပါ။ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္ဂ်ဳံအမ္ နဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ တို႔ရဲ႕ ေဆြးေႏြးပြဲ မေအာင္မျမင္ျဖစ္ၿပီးေနာက္ ႏွစ္ရက္အၾကာမွာ  ၿဂိဳဟ္တုဓာတ္ပုံေတြကေနတစ္ဆင့္ ၿပဳံယမ္းၿမိဳ႕အနီးရွိ စက္႐ုံတစ္ခုမွာ လႈပ္ရွားမႈပုံရိပ္ေတြကို ေတြ႕လာရတာပါ။ပဲ့ထိန္းဒုံးက်ည္မ်ားႏွင့္ ဒုံးက်ည္အမ်ားစုကို စုစည္းတပ္ဆင္ ထုတ္လုပ္တဲ့ ဆာနမ္ေဒါင္ေဒသမွာ ကားႀကီးေတြက ေျမာက္ကိုရီးယားအေနနဲ႔ ဒုံးက်ည္ (သို႔မဟုတ္) ဒုံးပ်ံယာဥ္တစ္ခုကို လႊတ္တင္ဖို႔ ေနရာေ႐ႊ႕ေျပာင္းရန္ သြားလာလုပ္ေဆာင္ေနတယ္လို႔ သုံးသပ္ခဲ့ၾကတာပါ။အတိအက်မဟုတ္ေသးေပမယ့္ မၾကာခင္က ေျမာက္ကိုရီးယား၏ အဓိကဒုံးပ်ံလႊတ္တင္တဲ့ ဆိုေဟးေဒသဒုံးလႊတ္စင္ကို ျပန္လည္တည္ေဆာက္ေနတယ္ဆိုတဲ့ သတင္းေတြက ဒီမတိုင္ခင္ ထြက္ေနတဲ့အတြက္ ဆက္စပ္သုံးသပ္ၿပီး ေျမာက္ကိုရီးယားအေနနဲ႔ ဒုံးက်ည္ (သို႔မဟုတ္) ၿဂိဳဟ္တုတစ္လုံး လႊတ္တင္ရန္ ျပင္ဆင္ေနတယ္ဆိုၿပီး ေကာက္ခ်က္ဆြဲခဲ့တာ ျဖစ္ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ကေတာ့ ဒီလိုသတင္းေတြ ထြက္ေပၚလာတာနဲ႔ ပတ္သက္ၿပီး ေျမာက္ကိုရီးယားအေနနဲ႔ လက္နက္စမ္းသပ္မႈမ်ား ျပန္လည္စတင္မယ္ဆိုရင္ပါက ၎အေနနဲ႔ စိတ္ပ်က္မိမယ္လို႔ ေျပာခဲ့ပါတယ္။ထရမ့္ အေနနဲ႔ ကိုရီးယားကြၽန္းဆြယ္ န်ဴကလီးယားလက္နက္ ကင္းစင္ေရးအတြက္ မဟာမိတ္ ေတာင္ကိုရီးယားနဲ႔ ႏွစ္စဥ္ျပဳလုပ္တဲ့ ပူးတြဲစစ္ဆင္ေရးကိုေတာင္ ကုန္က်စရိတ္မ်ားလို႔ဆိုၿပီး ေလ်ာ့ခ်ေပးခဲ့ပါတယ္။

ထရမ့္ အေနနဲ႔ အက်ပ္ကိုင္တာေတြမွာ ကိုယ့္ထက္ပိုကြၽမ္းက်င္တဲ့ ေျမာက္ကိုရီးယား ေခါင္းေဆာင္ေတြကို ဘယ္လို ကိုယ့္လိုဘျပည့္ေအာင္ စြမ္းေဆာင္ႏိုင္မလဲ၊ ဒါမွမဟုတ္ အရင္ကလိုဘဲ န်ဴကလီးယားလက္နက္ စမ္းသပ္မယ္ျပၿပီး သူလိုအပ္ေနတဲ့ စားနပ္ရိကၡာကို ရွာေဖြႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ရႈပ္ေထြးေနဆဲ ဗင္နီဇြဲလားအေရး

အေမရိကန္အတြက္ အာရွမွာ တ႐ုတ္၊ ဆီးရီးယား၊ ေျမာက္ကိုရီးယားနဲ႔ လုံးေထြးေနရသလို ေတာင္အေမရိကမွာလည္း ဗင္နီဇြဲလားျပႆနာထဲ ဝင္စြက္ဖက္ ပါဝင္ေနပါတယ္။ဗင္နီဇြဲလားသမၼတ မာဒူ႐ို ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ကို ျဖဳတ္ခ်ဖို႔ အတိုက္အခံ ၾကားျဖတ္သမၼတ ဂ်ဴအန္ဂြိဳက္ဒို က ႀကိဳးပမ္းေနရာမွာ ႏိုင္ငံေတာ္တရား႐ုံးခ်ဳပ္က ခ်မွတ္ထားတဲ့ ခရီးသြားလာခြင့္ ပိတ္ဆို႔မႈကို မသိက်ိဳးကြၽံျပဳကာ အေမရိကန္ရဲ႕ လူသားခ်င္း စာနာေထာက္ထားေရး အကူအညီေတြကို သြားေရာက္ယူေဆာင္ႏိုင္ေရးအတြက္ ကိုလံဘီယာဆီ ဆယ္ရက္တာ ေရာက္ခဲ့ပါတယ္။

ဂ်ဴအန္ဂြိဳက္ဒို အေနနဲ႔ ဗင္နီဇြဲလားစစ္တပ္ရဲ႕ နယ္စပ္ပိတ္ဆို႔ထားမႈေၾကာင့္ အကူအညီေတြ ႏိုင္ငံထဲ သြင္းမယူလာႏိုင္ခဲ့ပါဘူး။ဂ်ဴအန္ဂြိဳက္ဒို ရဲ႕ အိမ္အျပန္ခရီးကို အေမရိကန္ႏွင့္ တျခားသံ႐ုံးမ်ားမွ သံအရာရွိေတြက ေလဆိပ္မွာ သြားေရာက္ႀကိဳဆိုခဲ့သလို ဖမ္းဆီးခံရႏိုင္ေျခ မ်ားတဲ့အတြက္လည္း အေမရိကန္ ဒု-သမၼတ မိုက္ပန႔္စ္ က ဂြိဳက္ဒို ရဲ႕ ေဘးကင္းလုံၿခဳံေရးအတြက္ သမၼတ မာဒူ႐ို ကို သတိေပးခဲ့ပါတယ္။ေလဆိပ္မွာ ႏိုင္ငံတကာ သံတမန္ေတြ၊ မီဒီယာေတြနဲ႔ ေထာက္ခံသူေတြက ဂ်ဴအန္ဂြိဳက္ဒို ကို မဖမ္းဆီးႏိုင္ရန္ ကာကြယ္ၿပီး တရားေဟာမယ့္ေနရာအထိ ေခၚေဆာင္သြားခဲ့ပါတယ္။အဆိုပါ တရားပြဲမွာ ဂ်ဴအန္ဂြိဳက္ဒို က သမၼတ မာဒူ႐ို ကို ျဖဳတ္ခ်ႏိုင္ေရးအတြက္ ဆႏၵျပခ်ီတက္စုေဝးမႈအသစ္ လုပ္ေဆာင္သြားဖို႔ လႈံ႕ေဆာ္ခဲ့ပါတယ္။ဒါ့အျပင္ အစိုးရဝန္ထမ္းေတြကိုလည္း သပိတ္ေမွာက္ဖို႔ တိုက္တြန္းခဲ့ပါတယ္။

မာဒူ႐ို ဦးေဆာင္တဲ့ ဗင္နီဇြဲလားအစိုးရကေတာ့ အဆိုပါေန႔မွာဘဲ တျခားေနရာမွာ က်င္းပတဲ့ ပြဲတစ္ခုကို တက္ခဲ့သလို အတိုက္အခံေခါင္းေဆာင္ ဂ်ဴအန္ဂြိဳက္ဒို ကို ႀကိဳဆိုခဲ့တဲ့ ဂ်ာမန္သံအမတ္ႀကီးျဖစ္သူ ဒန္နီရယ္ ခရီနာ ကို ႏွစ္ရက္အတြင္း ဗင္နီဇြဲလားႏိုင္ငံ မွ ထြက္ခြာသြားရန္ ႏွင္ထုတ္ခဲ့ပါတယ္။ဒီအတြက္ ဥေရာပႏိုင္ငံေတြက ဘယ္လိုတုံ႔ျပန္မလဲ၊ ဗင္နီဇြဲလားအစိုးရက သူ႔ျပည္တြင္းေရးကို ဝင္စြက္တဲ့ အေမရိကန္နဲ႔ ဥေရာပက ဖိအားကို ဘယ္လိုတုံ႔ျပန္မလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

ဒီသတင္းႏွစ္ပုဒ္က ယခုတစ္ပတ္ ကမာၻတလႊား ႏိုင္ငံေရးသတင္းေတြျဖစ္တဲ့ ေ႐ြးေကာက္ပြဲနီးမွ ထိုင္းေတာ္ဝင္မင္းသမီးကို ဝန္ႀကီးခ်ဳပ္အျဖစ္ အဆိုတင္သြင္းခဲ့တဲ့ အဓိကအတိုက္အခံပါတီကို ထိုင္းႏိုင္ငံ အေျခခံဥပေဒဆိုင္ရာ တရား႐ုံးက ဖ်က္သိမ္းလိုက္တဲ့ သတင္း၊ လႊတ္ေတာ္ထဲ အမ်ိဳးသမီးအမတ္မ်ား ပါဝင္မႈ ရာခိုင္ႏႈန္းမွာ ဂ်ပန္ႏိုင္ငံက အနည္းဆုံးျဖစ္ေနတဲ့ သတင္း၊ ပိတ္ဆို႔အေရးယူမႈနဲ႔ ပတ္သက္ၿပီး အေမရိကန္ႏွင့္ ညႇိႏႈိင္းေဆြးေႏြးမွာ မဟုတ္ဘူးလို႔ အီရန္သမၼတက ေျပာခဲ့တဲ့ သတင္း၊ အေမရိကန္ ကုန္သြယ္ေရး ကိုယ္စားလွယ္က အိႏၵိယႏွင့္ တူရကီႏိုင္ငံတို႔၏ အေကာက္ခြန္သက္သာခြင့္ကို ဖ်က္သိမ္းရန္ စီစဥ္ေနတယ္လို႔ ေျပာလိုက္တဲ့ သတင္း၊ အဂတိလိုက္စားမႈ စြဲခ်က္မ်ားျဖင့္ ဖမ္းဆီးခံရတဲ့ သမၼတေဟာင္း လီေျမာင္ဘတ္ ကို ေတာင္ကိုရီးယား တရား႐ုံးတစ္႐ုံးက အာမခံေပးခဲ့တဲ့ သတင္းေတြထဲ ဆက္လက္ေစာင့္ၾကည့္ရဦးမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

ဟိုတယ္မွာမိရင္ ႀကိမ္ဒဏ္

အမ်ားစုစိတ္ဝင္စားၾကတဲ့ သတင္းေတြထဲမွာ ထူးထူးဆန္းဆန္းအျဖစ္ေတြ၊ အျပဳအမူေတြကို လူေတြက သတိထားတာမ်ားၾကပါတယ္။အေဆာက္အဦးတစ္ခုလုံး မီးေလာင္ရင္ အကုန္လုံး မီးသင့္ျပာက်သြားတာ မ်ားပါတယ္။အထူးသျဖင့္ မီးေလာင္လြယ္တဲ့ စကၠဴဆိုရင္ ေျပာစရေတာင္ မလိုပါဘူး။

ဒါေပမယ့္ အေမရိကန္ႏိုင္ငံ အေနာက္ဗာဂ်ီးနီးယားျပည္နယ္မွာ ျဖစ္ခဲ့တဲ့ မီးေလာင္မႈကေတာ့ ဆန္းၾကယ္ပါတယ္။မတ္ ၆ ရက္က အေနာက္ဗာဂ်ီးနီးယားျပည္နယ္ ဂရန႔္ဗ်ဴးအရပ္က Freedom Ministries Church ဘုရားေက်ာင္းကို မီးအႀကီးအက်ယ္ ေလာင္ကြၽမ္းခဲ့ေပမယ့္ သမၼာက်မ္းစာ စာအုပ္ပုံကေတာ့ တစ္အုပ္တစ္ေလေတာင္ မီးမခဘဲ အေကာင္းအတိုင္း က်န္ရစ္ခဲ့ပါတယ္။
ဒီျဖစ္ရပ္က ခရစ္ယာန္အသိုင္းအဝိုင္းမွာေရာ၊ မီးသတ္ေလာကမွာပါ ထူးဆန္းတဲ့ ကိစၥတစ္ခုပါ။

ေရွး႐ိုးစြဲ အစၥလာမ္ဝါဒီေတြ အားေကာင္းတဲ့ အင္ဒိုနီးရွားႏိုင္ငံ အာေခ်းျပည္နယ္က လူငယ္စုံတြဲေတြအတြက္ကေတာ့ ေရွး႐ိုးစြဲဘာသာအယူဝါဒ ျပင္းတာေၾကာင့္ အခက္ေတြ႕ေနၿပီ ျဖစ္ပါတယ္။ဆူမၾတားကြၽန္းက အာေခ်းျပည္နယ္ဟာ ေလာင္းကစား၊ အရက္နဲ႔ လိင္တူဆက္ဆံတာေတြ အပါအဝင္ အျပစ္အေတာ္မ်ားမ်ားကို ႀကိမ္ဒဏ္အျပစ္ေပးေလ့ရွိတဲ့ ေဒသပါ။ အာေခ်းျပည္နယ္ဟာဆိုရင္ အစၥလာမၼစ္ဥပေဒ ျပဌာန္းရာ တစ္ခုတည္း ေသာ ျပည္နယ္လည္းျဖစ္တဲ့အတြက္ ဟိုတယ္တစ္လုံးကို ၿပီးခဲ့တဲ့ႏွစ္က ဝင္စီးရာမွာ လာတည္းတဲ့ စုံတြဲေျခာက္တြဲကို ဖမ္းဆီးထိန္းသိမ္းခဲ့ၿပီး လက္ထပ္ထားျခင္းမရွိဘဲ အတူတူေတြ႕ရတဲ့ စုံတြဲေတြကို တစ္ဦးခ်င္းစီ ႀကိမ္ဒဏ္ခုႏွစ္ခ်က္စီကေန ၂၅ ခ်က္ထိ အသီးသီး႐ိုက္ႏွက္ခဲ့ပါတယ္။ဒီလို လူအမ်ားေရွ႕ ႀကိမ္ဒဏ္အျပစ္မေပးခင္မွာလည္း ဒီစုံတြဲေျခာက္တြဲကို အက်ဥ္းေထာင္ထဲ လအတန္ၾကာ အက်ဥ္းခ်ခဲ့ပါတယ္။

က်န္းမာေရးမွာေတာ့ ထူးထူးဆန္းဆန္း အားတက္စရာေတြ ဒီတစ္ပတ္မွာ ျဖစ္ခဲ့တာရွိပါတယ္။အားလုံးလန႔္ေနတဲ့ ေအအိုင္ဒီအက္စ္ေရာဂါ ကုထုံးအတြက္ HIV ကူးစက္မႈကို ခုခံႏိုင္စြမ္းရွိ ရွားပါးမ်ိဳးဗီဇရွိတဲ့ အလႉရွင္တစ္ဦးထံကေန ႐ိုးတြင္းျခင္ဆီ (Stem Cells) အစားထိုးကုသမႈ ခံယူထားတဲ့ ၿဗိတိန္အမ်ိဳးသားတစ္ဦးဟာ ကမာၻ႔ဒုတိယေျမာက္  HIV ေရာဂါ ေပ်ာက္ဆုံးသူျဖစ္လာခဲ့ပါတယ္။ဒီျဖစ္စဥ္ေၾကာင့္ AIDS ကို လုံးဝေပ်ာက္ကင္းေအာင္ ကုသေပးႏိုင္လိမ့္မယ္ဆိုတဲ့ သိပၸံပညာရွင္ေတြရဲ႕အယူအဆ ပိုအားေကာင္းလာခဲ့ပါတယ္။၂၀၀၇ ခုႏွစ္ေလာက္ကလည္း Timothy Brown အမည္ရ အေမရိကန္ အမ်ိဳးသားတစ္ဦး ယခုလိုကုသမႈနဲ႔ AIDS ေရာဂါ လုံးဝေပ်ာက္ကင္းခဲ့ပါတယ္။

သိပၸံနဲ႔ အသုံးခ်နယ္ပယ္မွာေတာ့ တ႐ုတ္ ဆင္ဟြာသတင္းဌာနက သတင္းေၾကညာသူအျဖစ္ ဉာဏ္ရည္တု (AI) ထည့္သြင္းထားေသာ 'Xin Xiaomeng' အမည္ရွိ  လူအ႐ြယ္အစားရွိ စက္႐ုပ္တစ္႐ုပ္ကို မတ္လ ၃ ရက္က စတင္အသုံးျပဳခဲ့ပါတယ္။မေလးရွားႏိုင္ငံ ကြာလာလမ္ပူမွ တ႐ုတ္ႏိုင္ငံ ေပက်င္းသို႔ ပ်ံသန္းစဥ္ ၂၀၁၄ ခုႏွစ္ မတ္ ၈ ရက္က ထူးထူးဆန္းဆန္း ေပ်ာက္ဆုံးခဲ့တဲ့ MH-370 ေလယာဥ္ကို ျပန္ရွာဖို႔ မေလးရွားႏိုင္ငံက ဒီရက္သတၱပတ္ထဲမွာ ေၾကညာခဲ့ပါတယ္။

ယခုတစ္ပတ္ သတင္းေတြထဲမွာ သတိထားစရာ သတင္းေတြ ရွိခဲ့ပါတယ္။သဘာဝေဘး သတင္းေတြျဖစ္တဲ့ အေမရိကန္ ေတာင္ပိုင္း အလာဘားမားျပည္နယ္ကို ေလဆင္ႏွာေမာင္း ဝင္တိုက္လို႔ လူ ၁၄ ဦး ေသဆုံးကာ အိမ့္ေျခအေျမာက္အမ်ား ပ်က္ဆီးခဲ့တဲ့ သတင္း၊ ၾသစေၾတးလ် ေတာင္ပိုင္း တက္စ္မာနီးယားနဲ႔ ဗစ္တိုးရီးယားျပည္နယ္ေတြမွာ ေလာင္ေနတဲ့ ေတာမီးေတြ ျငႇိမ္းသတ္ခဲ့တဲ့ သတင္း၊ ေလထုညစ္ညမ္းမႈ ျမင့္တက္တာ ေျဖရွင္းဖို႔ ေတာင္ကိုရီးယားမွာ ေလယာဥ္တစ္စီးနဲ႔  မိုးတိမ္အတုေတြ ဖန္တီးခဲ့တဲ့ သတင္း၊ အေမဇုန္ေတာအတြင္း တရားမဝင္ သတၱဳတူးေဖာ္မႈမ်ားကို တားဆီးပိတ္ပင္ဖို႔ စစ္အေျခစိုက္စခန္းတစ္ခုကို ပီ႐ူးစစ္တပ္က ဖြင့္ခဲ့တဲ့ သတင္း၊ ေဟာင္ေကာင္ - မနီလာသို႔ ေလေၾကာင္းခရီးနဲ႔ လိုက္လာတဲ ခရီးသည္ရဲ႕ အိတ္ေတြထဲက ပင္လယ္လိပ္အရွင္ ၁၅၀ဝ ေက်ာ္ ေတြ႕ရွိခဲ့တဲ့ သတင္း၊ ဂ်ပန္မွာ ကုတို႔ေရယာဥ္တစ္စင္း ပင္လယ္ထဲက ေရသတၱဝါတစ္ေကာင္နဲ႔ သြားတိုက္မိလို႔  ေရယာဥ္ပ်က္စီးကာ လူထိခိုက္မႈေတြ ရွိခဲ့တဲ့ သတင္းေတြထဲ  သတိထားစရာ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
မတ္ - ၁၁