【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တောင်ပင်လယ်အရှုပ်အထွေးနဲ့ စစ်ရေးတည်ဆောက်မှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 တောင်ပင်လယ်အရှုပ်အထွေးနဲ့ စစ်ရေးတည်ဆောက်မှု

ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ သတိထားစရာဖြစ်ခဲ့တာက သဘာ၀ဘေးသတင်းတွေပါ။ဒီသတင်းနဲ့အပြိုင် အခြားစိတ်ဝင်စားစရာသတင်းဖြစ်လာတာက ဒုတိယအကျော့ပြန်စလာတဲ့ ကိုရိုနာဗိုင်းရပ်စ်သတင်းတွေ၊ လတ်တလော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာ တောင်ပင်လယ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အကြား ပြိုင်ဆိုင်မှုတွေ၊ အပြန်အလှန်အရေးယူပိတ်ဆို့မှုသတင်းတွေ၊ စစ်ရေးတည်ဆောက်မှုသတင်းတွေ  စတာတွေက ယခုရက်သတ္တပတ် နိုင်ငံတကာအရေးစိတ်ဝင်စားသူတွေကို စိတ်ဝင်စားစေခဲ့ပါတယ်။

ပြင်းထန်လာတဲ့ ကိုဗစ်ဒုတိယလှိုင်း

ဆိုင်းမဆင့်ဗုံမဆင့်ရောက်လာခဲ့တဲ့ ကိုဗစ်-၁၉ လို့ ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မြန်ရောဂါဟာ ယခုအချိန်ထိ ကမ္ဘာမြေကနေ ဆုတ်ခွာပျောက်ကွယ်ဖို့မရှိသလို အရှည်သဖြင့်ရှိနေနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားခဲ့ပါတယ်။ဒါပေမယ့် နိုင်ငံတိုင်းကတော့ ကိုဗစ်-၁၉ ကင်းစင်တဲ့အချိန်မှာ လုပ်ငန်းတွေမပြိုလဲအောင် ကူးစက်မှုအလျင်းကြီးမရှိသေးချိန်ကတည်းက လုပ်ငန်းတွေပြန်စခွင့်ပေးနေတာ၊ လုပ်ငန်းနဲ့ ဖျော်ဖြေရေးတွေ စားသောက်ဆိုင်တွေ ပြန်ဖွင့်ခွင့်ပေးတာတွေလုပ်နေခဲ့တဲ့အတွက် WHO လို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီလိုကျန်းမာရေးဘေးကို ပေါ့ဆတဲ့အတွက် တကျော့ပြန်ဖြစ်လာနိုင်တဲ့ဘေးကို တောက်လျှောက်သတိပေးခဲ့ပါတယ်။

ယခုရက်ထဲမှာဘဲ ဥရောပမှာ အသေအပျောက်အများဆုံး စာရင်းဝင်ခဲ့တဲ့ ဗြိတိန်မှာ ကိုဗစ်-၁၉ တကျော့ပြန် ပြန်ဖြစ်လာနိုင်တာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိလာခဲ့ပါတယ်။ပြင်းထန်တဲ့ ဆောင်းရာသီရှိတဲ့ ဗြိတိန်မှာ လာမယ့်ဆောင်းရာသီအတွင်း တကျော့ပြန် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်နိုင်တဲ့ အလားအလာရှိနေပြီး အချိန်ကိုးလအတွင်း လူပေါင်းတစ်သိန်းနှစ်သောင်းအထိ သေဆုံးနိုင်တယ်ဆိုပြီး သတိပေးထားပါတယ်။
လာမည့်ဆောင်းရာသီ အချိန်ကိုးလအတွင်း လူတွေ ပြင်ပမှာနေထိုင်မှုအပေါ်မူတည်ပြီး တွက်ထားတာဆိုပေမယ့် ဒါက တစ်ကယ်ဖြစ်လာနိုင်တာလို့ ကျန်းမာရေးပညာရှင်တွေက သတိပေးခဲ့တာပါ။

တစ်ကယ်လည်း ကူးစက်ရောဂါဘေးက ကြောက်စရာလန့်စရာအခြေအနေဘဲ ရှိပါသေးတယ်။ဇူလိုင် ၁၇ ရက်က WHO ကနေ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ ဆင့်ကဲကူးစက်မှုက နာရီပေါင်း ၁၀၀ အတွင်း ကူးစက်မှုတစ်သန်းအထိရှိခဲ့တဲ့အတွက် ထိတ်လန့်စရာဖြစ်ခဲ့ပါတယ်။ဒီကြားထဲ အီရန်သမ္မတ ရိုဟာနီ က စနေနေ့မှာပြောခဲ့တဲ့စကားက ထိတ်စရာလန့်စရာပါ။အီရန်ပြည်သူ ၂၅ သန်းက ကူးစက်ခံထားရနိုင်တယ်ဆိုပြီး နောက်ထပ် ၃၅ သန်းက ကူးစက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေတယ်လို့ ပြောခဲ့တဲ့အတွက် ကမ္ဘာတစ်ဝန်း ကြောက်စရာလန့်စရာအခြေအနေကို ရောက်တော့မလားဆိုပြီး ထိတ်လန့်စရာဖြစ်လာခဲ့ပါတယ်။
လက်ရှိမှာ ကမ္ဘာတစ်ဝန်းကူးစက်ခံထားရတဲ့သူဦးရေက ၁၄ သန်းကျော်နေပြီဖြစ်သလို သေဆုံးသူအရေအတွက်ကလည်း ၆ သိန်းနီးပါးရှိနေတာပါ။သတိထားစရာအခြေအနေကလည်း ရှိနေပါတယ်။

ဒီထဲကအများစုက အမေရိကန်မှာဖြစ်နေတာပါ။ကူးစက်ခံရသူ ၁၄ သန်းအနက် ၃ ဒသမ ၆ သန်းက အမေရိကန်မှာဖြစ်ပြီး သေဆုံးသူ ၆ သိန်းကျော်အနက် တစ်သိန်းလေးသောင်းကျော်က အမေရိကန်ကပါ။လက်ရှိမှာ အိန္ဒိယနိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ တစ်သန်းကျော်လာပြီး သေဆုံးသူ နှစ်သောင်းခွဲကျော်အထိ တက်လာပါတယ်။ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဖြစ်သူ အရေအတွက်မကျသေးသလို ပထမလှိုင်းက အရှိန်အဟုန်ကောင်းကောင်းနဲ့လည်ပတ်နေဆဲ မပြီးသေးတဲ့အချိန်မှာပဲ ကိုဗစ်ဒုတိယလှိုင်းက စတင်စပြုနေပါပြီ။အထူးသဖြင့် ကိုဗစ်-၁၉ ဖြစ်ကာစမှာ လော့ခ်ဒေါင်းချစဉ်မှာ အခြေအနေကိုထိန်းနိုင်ခဲ့ပေမယ့် စီးပွားရေးအရ ပြိုလဲလာနိုင်တဲ့အတွက် လောခ့်ဒေါင်းတွေကို ပြန်လည်ဖွင့်ရာကနေ ကူးစက်မှုတွေထိန်းမနိုင်ဖြစ်ပြီး ကူးစက်ခံရသူအရေအတွက်က ဆောင့်တက်လာခဲ့တာပါ။

ဒီလိုအဖြစ်က အိန္ဒိယမှာဖြစ်ခဲ့တာပါ။ကမ္ဘာပေါ်မှာ အတင်းကျပ်ဆုံး Lockdown ချမှတ်ခဲ့သည့် အိန္ဒိယမှာ ဧရာမစီးပွားရေးထိခိုက်မှုကို လျော့ပါးစေရန် လောခ့်ဒေါင်းချထားတာတွေကို တဖြည်းဖြည်းလျှော့ချ ပြန်ဖြည်အပြီးမှာ ကူးစက်မှုပြန်ဆိုးလာတဲ့အတွက်  လော့ခ်ဒေါင်းပြန်ချခဲ့ရပါတယ်။မွမ်ဘိုင်း၊ နယူးဒေလီနဲ့ ဘန်ဂလိုမြို့တွေမှာ လော့ခ်ဒေါင်းပြန်ချခဲ့ရပါတယ်။လူဦးရေ ၁၂၅ သန်းနီးပါးရှိတဲ့ မြောက်ပိုင်း ဘီဟာပြည်နယ်မှာလည်း ကူးစက်မှုထိန်းမရဖြစ်နေလို့ ဇူလိုင် ၁၆ ရက်မှစပြီး ၁၅ ရက် လော့ခ်ဒေါင်းပြန်ချခဲ့ရပါတယ်။ဒါဟာ  အိန္ဒိယတစ်ခုတည်းမဟုတ်ပါဘူး။အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ  ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတိုးလာပြီး ဆေးရုံတက်ရောက်ရမှုနှုန်း မြင့်တက်နေလို့ ဇူလိုင် ၁၃ ရက်ကစပြီး ဘားများ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ တိရစ္ဆာန်ရုံများနှင့် ပြတိုက်များကိုပိတ်ထားဖို့ ပြည်နယ်အုပ်ချုပ်ရေးမှူးက ညွှန်ကြားခဲ့ပါတယ်။ဒီလို စာသင်ကျောင်းတွေပြန်ဖွင့်တာကို  အရီဇိုးနားပြည်နယ်မှာ ကားနဲ့ဆန္ဒပြတာတွေ ဖြစ်ခဲ့တာရှိပါတယ်။  WHO ဘက်ကလည်း ဒီလိုဆန္ဒစောပြီး လော့ခ်ဒေါင်းပြန်ဖွင့်တာတွေနဲ့ပတ်သက်ပြီး မကြာခဏဆိုသလို သတိပေးတာတွေရှိခဲ့ပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ညွှန်ချုပ် တက်ဒရို့စ် က သတ်မှတ်ချက်တွေကို ဖိဖိစီးစီးလိုက်နာဖို့၊ မလိုက်နာဘဲ ပေါ့ဆရင် ကမ္ဘာတစ်ဝန်းတွင် ပို၍ဆိုးရွားလာနိုင်ဖွယ်ရှိတယ်ဆိုပြီး ဇူလိုင် ၁၃ ရက်က သတိပေးခဲ့ပါတယ်။
ကျန်းမာရေးပညာရှင်တွေစိုးရိမ်နေတာ ဥရောပရဲ့ ဆောင်းရာသီကာလကိုပါ။ဆောင်းရာသီကာလမှာ ဥရောပကလူတွေက ပြင်ပမှာပိုနေကြပါတယ်။ဒီလိုသဘောသဘာ၀ကြောင့်လည်း ဗြိတိန် Academy of Medical Sciences AMS မှ ပါမောက္ခက လာမည့် ဆောင်းရာသီမှာ အသေအဆုံးများတဲ့ COVID-19 ဒုတိယလှိုင်း ဗြိတိန်ခံရနိုင်တယ်လို့ သတိပေးထားပြီး ဆောင်းရာသီအချိန်ကိုးလအတွင်း လူ ၁၂၀၀၀၀ အထိ သေဆုံးနိုင်တယ်ဆိုပြီး သတိပေးချက်တွေထွက်ခဲ့တာပါ။ဗြိတိန်မှာ ကိုဗစ်ပထမလှိုင်းဖြစ်တဲ့ ယခုကာလမှာတောင် ကူးစက်ခံရသူ သုံးသိန်းနီးပါး၊ သေဆုံးသူ လေးသောင်းခွဲကျော်ခဲ့တဲ့အတွက် ဒုတိယအကြိမ်က ကျန်းမာရေးပညာရှင်တွေအတွက် ပိုစိုးရိမ်စရာဖြစ်နေတာပါ။ကမ္ဘာ့လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှားမှာလဲ ကူးစက်နှုန်းတွေမြင့်တက်ပေမယ် အင်ဒိုသမ္မတက သြဂုတ် (သို့မဟုတ်) စက်တင်ဘာတွင် အထွတ်အထိပ်ရောက်ရှိမယ်ဆိုပြီး သတိထားနေပါတယ်။လက်ရှိမှာ အင်ဒိုက ကူးစက်သူ ၈ သောင်းကျော်၊ သေဆုံးသူတစ်သောင်းခွဲဘဲရှိနေတာပါ။

ဒီလို ကိုဗစ်-၁၉ ဒုတိယလှိုင်းလာမှာ စိုးတဲ့ အတွက် ပြင်ဆင်ဖို့ သတိထားနေကြသလို ကိုဗစ် ကာကွယ်ကုသဆေးပေါ်ထွက်ဖို့ တက်သုတ်ရိုက်လုပ်နေကြရာမှာ  သတင်းကောင်းတွေ ယခုရက်သတ္တပတ်ထဲမှာ ထွက်လာခဲ့တာတွေရှိပါတယ်။ယခုရက်သတ္တပတ် ဇူလိုင် ၁၃ မှာ ကာကွယ်ဆေးနဲ့ပတ်သက်ပြီး သတင်းအစအနတောင်မထွက်ခဲ့တဲ့ ရုရှားဘက်ကနေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုကို အပြီးအစီးလုပ်ဆောင်ခဲ့ပြီးပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီဆေးကို ရုရှားရှိ Gamalei Institute ကထုတ်ပြီး လူများအတွက် ဘေးကင်းလုံခြုံမှု ရှိ/မရှိ စစ်ဆေးရန် လေ့လာမှုလုပ်ဆောင်ခဲ့ရာမှာ အောင်မြင်စွာပြီးဆုံးသွားပြီဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ဒီဆေးမတိုင်ခင် အောက်စဖို့ဒ်မှထုတ်သည့် ကာကွယ်ဆေး AstraZeneca ကလည်း စမ်းသပ်မှုအဆင့်သုံးဖြစ်တဲ့ လက်တွေ့စမ်းသပ်မှု လုပ်ဆောင်နေတုန်းပါ။အမေရိကန် ဇီဝနည်းပညာကုမ္ပဏီ Moderna ထုတ် COVID-19 ကာကွယ်ဆေးကလည်း အခြေအနေကောင်းတွေ ထွက်နေပါတယ်။

ဒီလိုအားတက်စရာ သတင်းတွေနဲ့အတူ ရုရှားအစိုးရ ကျောထောက်နောက်ခံပြု ဟက်ကာများက COVID-19 ကာကွယ်ဆေး ဒေတာအချက်အလက်တွေကို ခိုးယူရန် ကြိုးပမ်းနေတယ်ဆိုပြီး ဗြိတိန်၏ အမျိုးသားဆိုက်ဘာ လုံခြုံရေးစင်တာ (NCSC) က ထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်၊ တရုတ်၊ ဂျပန်နှင့် အာဖရိကမှာရှိတဲ့ သုတေသနတွေကို ပစ်မှတ်ထားနေလို့ သတိပေးခဲ့ပါတယ်။ဒီလို ဗြိတိန်ဘက်က စွပ်စွဲချက်တွေကို ရုရှားအစိုးရဘက်က ပယ်ချခဲ့တဲ့အတွက် အငြင်းပွားနေဆဲပါ။လော‌လောဆယ် ကူးစက်မှု‌မြင့်မားနေတဲ့ အမေရိကန်မှာတော့ သမ္မတကိုယ်တိုင် နှာခေါင်းစည်းတွေတပ်ပြီး ကာကွယ်နေသလို အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် တားဆီးကာကွယ်ရေးစင်တာ CDC ကလည်း အမေရိကန်ပြည်သူအားလုံးအနေဖြင့် နှာခေါင်းစည်း ဝတ်ဆင်ကြရင် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်တယ်ဆိုပြီး ပြောထားပါတယ်။ WHO က တော့ နိုင်ငံတွေအများစုက စီးပွားရေးကို ဦးစားပေးပြီး လမ်းမှားကိုလိုက်နေကြတယ်လို့ သတိပေးခဲ့ကာ အလောတကြီး ကျောင်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ ပြန်မဖွင့်ဖို့ သတိပေးခဲ့တာတွေရှိပါတယ်။ကိုရိုနာဗိုင်းရပ်စ် ဘယ်လောက်ထိပြင်းထန်သလဲဆိုတာ  ယနေ့မြင်တွေ့ရပေမယ့် ပေါ့ဆတဲ့ခေါင်းဆောင်တွေ ပေါ့ဆတဲ့နိုင်ငံတွေကြောင့် ဘယ်လောက်ထိ အသက်တွေ ဆုံးရှုံးရဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

အမေရိကန်-တရုတ် နိုင်ငံရေးတင်းမာမှု

ယခုရက်သတ္တပတ်အတွင်း တရုတ်နဲ့ ဂျပန်၊ တောင်ကိုရီးယားအပြင် အာဆီယံနိုင်ငံတွေထိစပ်နေတဲ့ တောင်တရုတ်ပင်လယ်နဲ့ အရှေ့ပစိဖိတ်ဒေသတွင်းမှာ အခြေအနေတွေ ပြောင်းလဲမှုတွေ ရှိလာခဲ့ပါတယ်။ဒီရက်သတ္တပတ်အတွင်းမှာဘဲ တောင်တရုတ်ပင်လယ်အတွင်း တရုတ်တို့၏ တောင်းဆိုမှုများအားလုံးနီးပါးကို ငြင်းပယ်လိုက်တဲ့ အတွက် အငြင်းပွားလျက်ရှိသည့် ပင်လယ်ရေကြောင်းဧရိယာအတွင်း တင်းမာမှုများ မြင့်တက်လာခဲ့ပါတယ်။ယခုကဲ့သို့ အမေရိကန်၏ မကြုံစဖူးထုတ်ပြန်ချက်က တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရဲ့ တရုတ်ကိုထိပ်တိုက်တွေ့ဖို့ ကြိုးစားလာမှုအဖြစ် နိုင်ငံရေးလေ့လာသုံးသပ်သူတွက ဆိုပါတယ်။အမေရိကန်ကတော့ မဟာမိတ် အရှေ့တောင်အာရှနိုင်ငံများ အကျိုးစီးပွားအတွက် ကာကွယ်ပေးဖို့ အခွင့်အရေးလို့ဆိုသလို အငြင်းပွားဖွယ် နယ်မြေပိုင်ဆိုင်မှုများအပေါ် နောင်တွင် တရုတ်က လှုပ်ရှားမှုများပြုလုပ်လာရင် အမေရိကန်က ပိုမိုဝင်ရောက်စွက်ဖက်လာဖွယ်ရှိတာကို အရိပ်အယောင်ပြလိုက်တာ ဖြစ်ပါတယ်။ဒီရက်ထဲမှာဘဲ ဇူလိုင် ၁၄ ရက်က အမေရိကန်ဘက်ကနေ ဟောင်ကောင်အမျိုးသားလုံခြုံရေးဥပဒေမှာ ပါဝင်တဲ့ တရုတ်အရာရှိများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများကို ဒဏ်ခတ်ပိတ်ဆို့မှုကို ထရမ့် က လက်မှတ်ထိုးခဲ့ပါတယ်။တရုတ်ဘက်ကလည်း တန်ပြန်ပြီး အမေရိကန် လေယာဉ်နှင့် ကာကွယ်ရေးကန်ထရိုက်တာ Lockheed Martin ကုမ္ပဏီကို ပိတ်ဆို့အရေးယူမည်ဆိုပြီး ဇူလိုင် ၁၄ ရက်မှာဘဲ ထုတ်ပြန်ခဲ့ပါတယ်။အပြန်အလှန်အရေးယူမှုတွေနဲ့ တင်းမာမှုက အမေရိကန်နဲ့ တရုတ်အကြား အရှိန်မြင့်လာသလို ဒေသတွင်းနိုင်ငံတွေအတွက်လည်းသတိထားစရာ ဖြစ်လာခဲ့ပါတယ်။

ထူးခြားမှုတစ်ခုက အဆိုပါတင်းမာမှုထဲ ဒေသတွင်းနိုင်ငံတွေ ပါဝင်လာနိုင်မှုက ဒေသတွင်းတည်ငြိမ်မှုကို ဆိုးရွားစေတာပဲဖြစ်ပါတယ်။ဒီလိုပါလာခဲ့ရင် ဒေသတွင်း စစ်လက်နက်အပြိုင်အဆိုင်တပ်ဆင်လာနိုင်မှု အန္တရာယ်က မတည်ငြိမ်တဲ့ အာရှဒေသကို စစ်မက်ထဲထိုးထည့်လိုက်သလို ဖြစ်လာမယ့်အခြေအနေကို တစ်စထက်တစ်စတိုးလာနိုင်တာပဲဖြစ်ပါတယ်။ယခုလဲ အခြေအနေက ထူးလာခဲ့ပါတယ်။အမေရိကန်ရဲ့ မဟာမိတ်ဖြစ် တဲ့ ဂျပန်က ယခုရက်သတ္တပတ်ထဲမှာဘဲ ရဟတ်ယာဉ်တင် ဖျက်သင်္ဘောကို လေယာဉ်တင်သင်္ဘောအဖြစ် ပြောင်းလဲနေတဲ့လုပ်ငန်းစဉ်တွေ စတင်နေပြီဆိုတဲ့ သတင်းတွေထွက်လာခဲ့တာကပါဘဲ။ဂျပန်ဆိုတာ လေယာဉ်တင်သင်္ဘောကို လွန်ခဲ့တဲ့ ၁၉၄၅ ခုနှစ်ကတည်းက ထုတ်လုပ်ပိုင်ဆိုင်ခဲ့တဲ့ နိုင်ငံပါ။မနေ့တစ်နေ့ကမှ ပိုင်တဲ့နိုင်ငံ မဟုတ်ပါဘူး။အာရှမှာ တစ်ချ်ိန်က အမေရိကန်ကို တိုက်ခဲ့ပြီး နျူကလီးယားဗုံးကြောင့်သာ အမေရိကန်ကို လက်နက်ချခဲ့တဲ့ နိုင်ငံပါ။ဒုတိယကမ္ဘာစစ်မှာ စစ်ရှုံးလို့သာ လက်နက်ဖြုတ်သိမ်းခွင့်နဲ့ စစ်တပ်တည်ဆောက်ခွင့်မရခဲ့လို့ သာ အာရှစစ်အင်အားကြီးအရာကနေ လျော့ ကျခဲ့တာပါ။ဒီလို စစ်နဲ့ပတ်သက်ရင် “ဇ” ရှိတဲ့ ဂျပန်လိုနိုင်ငံက ယခင်လို လေယာဉ်တင်သင်္ဘောတွေ ပြန်တည်ဆောက်လာတာ ဒေသတွင်းနိုင်ငံတွေအတွက် ခေါင်းနပမ်းကြီးစရာပါ။အထူးသဖြင့် တရုတ်အတွက် ပိုပြီးသတိထားစရာပါဘဲ။

အရှေ့ပစိဖိတ်ဒေသတွင်း အစဉ်အလာပြိုင်ဘက် တရုတ်က အင်အားကြီးလာပြီး ဩဇာအာဏာဖြန့်ကျက်လာတဲ့အခါ၊လေယာဉ်တင်သင်္ဘော ရှန်ဒေါင်း တည်ဆောက်ပြီးစီးတဲ့အခါ ဂျပန်အနေနဲ့ သူ့ရဲ့ ဖယ်ထားရတဲ့ စစ်အင်အားတည်ဆောက်ရေးကို ပြန်စဉ်းစားလာပုံရပါတယ်။ဒီအတွက် အကြောင်းပြချက်အဖြစ် တရုတ်ရဲ့ ဒေသ တွင်းရန်ကိုပါဘဲ။လေယာဉ်တင်သင်္ဘောတည်ဆောက်ရေးနည်းပညာနဲ့ ရေယာဉ်တည်ဆောက်မှုမှာ အမေရိကန်တောင် သတိထားရတဲ့ ဂျပန်ရဲ့ တည်ဆောက်မှုက အာရှဒေသတွင်း စစ်ရေးတင်းမာမှုနဲ့ စစ်မီးတောက်ပြန်တောက်လာနိုင်တဲ့  အနေအထားကို လက်ယပ်ခေါ်သလိုဖြစ်မှာကို အာရှဒေသတွင်းနိုင်ငံတွေက အသေအလဲ စိုးရိမ်ကြပါတယ်။အထူးသဖြင့် ဂျပန်သိမ်းပိုက်တာကို ခံခဲ့ရဘူးတဲ့ နိုင်ငံတွေဆိုရင် ဂျပန်ရဲ့ စစ်ရေးတည်ဆောက်မှုက စိုးရိမ်စရာ အနေအထားပါ။လက်ရှိမှာ ဂျပန်ရေကြောင်းကိုယ်ပိုင်ကာကွယ်ရေးတပ် (JMSDF) ရဲ့ အနေအထားက တရုတ်၊ ရုရှားနှင့် အမေရိကန်ပြီးရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက်အကြီးဆုံးရေတပ်ဖြစ်သလို လက်ရှိ  ရဟတ်ယာဉ်တင်သင်္ဘော Izumo နှင့် Kaga တို့ကို ယိုကိုဟားမားရှိ Japan Maritime United Isogo သင်္ဘောကျင်းမှာ လေယာဉ်တင်သ‌‌ေင်္ဘာအဖြစ် ပြောင်းပြီးခဲ့ရင် ပစိဖိတ်ဒေသတွင်း အခင်းအကျင်းက အပြောင်းအလဲကြီး ကြီးမားမားဖြစ်လာမှာ သေချာနေပါတယ်။သေချာတာက ဂျပန်ရေတပ်က တရုတ်ကိုကျော်တက်လာခဲ့မှာ သေချာနေပါတယ်။ဒီအခါ တရုတ်ဘက်က ဒီအတိုင်းနေမှာမဟုတ်သလို ဂျပန်နဲ့ အစဉ်အလာရန်ဘက် ရုရှားကလည်း ဒီပြိုင်ပွဲထဲဝင်ပါလာမှာ သေချာနေပါတယ်။ဒီအခြေအနေက အာရှအရှေ့ဖျားဒေသဟာ စစ်ဖြစ်ဖို့ တည်းတည်းလေးသာကျန်တော့တဲ့အတွက် စပရတ်လီကျွန်းစု၊ ထိုင်ဝမ်ကျွန်း၊ ဟောင်ကောင် စတဲ့ တင်းမာနေတဲ့ ပြဿနာတွေကြောင့် ဘာတွေဖြစ်လာမလဲဆိုတာ ရင်ထိတ်စရာပါဘဲ။ဒီအတွက် ရှေ့လျှောက် အရှေ့ဖျားပစိဖိတ်နဲ့ တောင်တရုတ်ပင်လယ်အခင်းအကျင်းကို မျက်ခြေမပြတ်ကြည့်နေရတော့မှာ ဖြစ်ပါတယ်။

ယခုလိုသတင်းတွေအပြင် အရှေ့ဥရောပက ပထမဆုံးဒီမိုကရေစီအစိုးရဖြစ်ခဲ့တဲ့ ပိုလန်မှာ ယခုလထဲကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ယာယိမ်းဝါဒီတစ်ဦးဖြစ်တဲ့ အင်ဒရူးဒူဒါနဲ့ သူ့ပါတီ (PiS) တို့ အနိုင်ရခဲ့တဲ့သတင်း၊ ပစိဖိတ်ကမ်းခြေရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းဖြစ်သည့် ဆန်ဒီဂိုမှာ ဆိုက်ကပ်ထားတဲ့ Wasp အတန်းအစားရေငုပ်သင်္ဘောတိုက်ခိုက်ရေးစစ်သင်္ဘော USS Bonhomme Richard မှာ မတော်တဆဖြစ်မီးလောင်လို့ သင်္ဘောသားများနှင့် အရပ်သား ဒါဇင်နှင့်ချီကာ ထိခိုက်ဒဏ်ရာရရတဲ့သတင်း၊အင်ဒိုနီးရှားမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ပမာဏ ၄၄၂ ဂစ်ဂါဝပ်ကို ၂၀၅၀ မှာ ရယူသုံးစွဲဖို့ ရည်မှန်းချက်ထားတဲ့သတင်း၊ ဆီးရီးယား အနောက်မြောက်ပိုင်း အီဒလစ်မှာ လက်ဖြစ်ဗုံးတစ်လုံးပေါက်ကွဲလို့ ရုရှားတပ်ဖွဲဝင် ၃ ဦးနဲ့ တူရကီတပ်ဖွဲ့ဝင် ဒါဇင်နဲချီပြီး ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်း၊ ဆော်ဒီ ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ယီမင်ကိုလေကြောင်းကနေ တိုက်စစ်ဆင်ရာမှာ ကလေး ၇ ဦးအပါအဝင် အရပ်သား၉ ဦး သေဆုံးခဲ့တဲ့သတင်း၊ နိုင်ငံခြား ကျောင်းသား၊သူများကို နိုင်ငံမှ အတင်းအကျပ်နှင်ထုတ်မည့် အစီအစဉ်ကို အမေရိကန်အစိုးရက ပြန်ရုတ်သိမ်းလိုက်တဲ့သတင်း၊ အထင်ကရ တွစ်တာအကောင့် တော်တော်များများ အဟက်ခံရတဲ့သတင်း၊ ၂၁၀၀ ပြည့်နှစ်မှာ ကမ္ဘာ့လူဦးရေဟာ ကုလသမဂ္ဂ ခန့်မှန်းထားသည်ထက် ၂ ဘီလျံလျော့နည်းပြီး ၈ ဒသမ ၈ ဘီလီယံ ရှိလိမ့်မယ်ဆိုတဲ့သတင်း၊ ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် ဝန်ကြီး ၃ ဦး ရာထူးမှနုတ်ထွက်တဲ့သတင်း စတဲ့ သတိထားမိစရာ နိုင်ငံတကာသတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာ သတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇူလိုင် - ၂၀

( Zawgyi )

ယခုရက္ပိုင္းအတြင္းျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ သတိထားစရာျဖစ္ခဲ့တာက သဘာ၀ေဘးသတင္းေတြပါ။ဒီသတင္းနဲ႔အၿပိဳင္ အျခားစိတ္ဝင္စားစရာသတင္းျဖစ္လာတာက ဒုတိယအေက်ာ့ျပန္စလာတဲ့ ကို႐ိုနာဗိုင္းရပ္စ္သတင္းေတြ၊ လတ္တေလာ ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္းမွာ ေတာင္ပင္လယ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္အၾကား ၿပိဳင္ဆိုင္မႈေတြ၊ အျပန္အလွန္အေရးယူပိတ္ဆို႔မႈသတင္းေတြ၊ စစ္ေရးတည္ေဆာက္မႈသတင္းေတြ  စတာေတြက ယခုရက္သတၱပတ္ ႏိုင္ငံတကာအေရးစိတ္ဝင္စားသူေတြကို စိတ္ဝင္စားေစခဲ့ပါတယ္။

ျပင္းထန္လာတဲ့ ကိုဗစ္ဒုတိယလႈိင္း

ဆိုင္းမဆင့္ဗုံမဆင့္ေရာက္လာခဲ့တဲ့ ကိုဗစ္-၁၉ လို႔ ေခၚတဲ့ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျမန္ေရာဂါဟာ ယခုအခ်ိန္ထိ ကမာၻေျမကေန ဆုတ္ခြာေပ်ာက္ကြယ္ဖို႔မရွိသလို အရွည္သျဖင့္ရွိေနႏိုင္တယ္လို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးထားခဲ့ပါတယ္။ဒါေပမယ့္ ႏိုင္ငံတိုင္းကေတာ့ ကိုဗစ္-၁၉ ကင္းစင္တဲ့အခ်ိန္မွာ လုပ္ငန္းေတြမၿပိဳလဲေအာင္ ကူးစက္မႈအလ်င္းႀကီးမရွိေသးခ်ိန္ကတည္းက လုပ္ငန္းေတြျပန္စခြင့္ေပးေနတာ၊ လုပ္ငန္းနဲ႔ ေဖ်ာ္ေျဖေရးေတြ စားေသာက္ဆိုင္ေတြ ျပန္ဖြင့္ခြင့္ေပးတာေတြလုပ္ေနခဲ့တဲ့အတြက္ WHO လို ကမာၻ႔က်န္းမာေရးအဖြဲ႕ကေတာ့ ဒီလိုက်န္းမာေရးေဘးကို ေပါ့ဆတဲ့အတြက္ တေက်ာ့ျပန္ျဖစ္လာႏိုင္တဲ့ေဘးကို ေတာက္ေလွ်ာက္သတိေပးခဲ့ပါတယ္။

ယခုရက္ထဲမွာဘဲ ဥေရာပမွာ အေသအေပ်ာက္အမ်ားဆုံး စာရင္းဝင္ခဲ့တဲ့ ၿဗိတိန္မွာ ကိုဗစ္-၁၉ တေက်ာ့ျပန္ ျပန္ျဖစ္လာႏိုင္တာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြရွိလာခဲ့ပါတယ္။ျပင္းထန္တဲ့ ေဆာင္းရာသီရွိတဲ့ ၿဗိတိန္မွာ လာမယ့္ေဆာင္းရာသီအတြင္း တေက်ာ့ျပန္ ကိုဗစ္-၁၉ ကူးစက္ေရာဂါျဖစ္ႏိုင္တဲ့ အလားအလာရွိေနၿပီး အခ်ိန္ကိုးလအတြင္း လူေပါင္းတစ္သိန္းႏွစ္ေသာင္းအထိ ေသဆုံးႏိုင္တယ္ဆိုၿပီး သတိေပးထားပါတယ္။
လာမည့္ေဆာင္းရာသီ အခ်ိန္ကိုးလအတြင္း လူေတြ ျပင္ပမွာေနထိုင္မႈအေပၚမူတည္ၿပီး တြက္ထားတာဆိုေပမယ့္ ဒါက တစ္ကယ္ျဖစ္လာႏိုင္တာလို႔ က်န္းမာေရးပညာရွင္ေတြက သတိေပးခဲ့တာပါ။

တစ္ကယ္လည္း ကူးစက္ေရာဂါေဘးက ေၾကာက္စရာလန႔္စရာအေျခအေနဘဲ ရွိပါေသးတယ္။ဇူလိုင္ ၁၇ ရက္က WHO ကေန ထုတ္ျပန္ခ်က္အရ ကမာၻတစ္ဝန္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဟာ ဆင့္ကဲကူးစက္မႈက နာရီေပါင္း ၁၀၀ အတြင္း ကူးစက္မႈတစ္သန္းအထိရွိခဲ့တဲ့အတြက္ ထိတ္လန႔္စရာျဖစ္ခဲ့ပါတယ္။ဒီၾကားထဲ အီရန္သမၼတ ႐ိုဟာနီ က စေနေန႔မွာေျပာခဲ့တဲ့စကားက ထိတ္စရာလန႔္စရာပါ။အီရန္ျပည္သူ ၂၅ သန္းက ကူးစက္ခံထားရႏိုင္တယ္ဆိုၿပီး ေနာက္ထပ္ ၃၅ သန္းက ကူးစက္ခံရႏိုင္တဲ့ အႏၲရာယ္ရွိေနတယ္လို႔ ေျပာခဲ့တဲ့အတြက္ ကမာၻတစ္ဝန္း ေၾကာက္စရာလန႔္စရာအေျခအေနကို ေရာက္ေတာ့မလားဆိုၿပီး ထိတ္လန႔္စရာျဖစ္လာခဲ့ပါတယ္။
လက္ရွိမွာ ကမာၻတစ္ဝန္းကူးစက္ခံထားရတဲ့သူဦးေရက ၁၄ သန္းေက်ာ္ေနၿပီျဖစ္သလို ေသဆုံးသူအေရအတြက္ကလည္း ၆ သိန္းနီးပါးရွိေနတာပါ။သတိထားစရာအေျခအေနကလည္း ရွိေနပါတယ္။

ဒီထဲကအမ်ားစုက အေမရိကန္မွာျဖစ္ေနတာပါ။ကူးစက္ခံရသူ ၁၄ သန္းအနက္ ၃ ဒသမ ၆ သန္းက အေမရိကန္မွာျဖစ္ၿပီး ေသဆုံးသူ ၆ သိန္းေက်ာ္အနက္ တစ္သိန္းေလးေသာင္းေက်ာ္က အေမရိကန္ကပါ။လက္ရွိမွာ အိႏၵိယႏိုင္ငံတစ္ဝန္း ကိုဗစ္-၁၉ ကူးစက္ခံရသူ တစ္သန္းေက်ာ္လာၿပီး ေသဆုံးသူ ႏွစ္ေသာင္းခြဲေက်ာ္အထိ တက္လာပါတယ္။ကမာၻတစ္ဝန္း ကိုဗစ္-၁၉ ျဖစ္သူ အေရအတြက္မက်ေသးသလို ပထမလႈိင္းက အရွိန္အဟုန္ေကာင္းေကာင္းနဲ႔လည္ပတ္ေနဆဲ မၿပီးေသးတဲ့အခ်ိန္မွာပဲ ကိုဗစ္ဒုတိယလႈိင္းက စတင္စျပဳေနပါၿပီ။အထူးသျဖင့္ ကိုဗစ္-၁၉ ျဖစ္ကာစမွာ ေလာ့ခ္ေဒါင္းခ်စဥ္မွာ အေျခအေနကိုထိန္းႏိုင္ခဲ့ေပမယ့္ စီးပြားေရးအရ ၿပိဳလဲလာႏိုင္တဲ့အတြက္ ေလာခ့္ေဒါင္းေတြကို ျပန္လည္ဖြင့္ရာကေန ကူးစက္မႈေတြထိန္းမႏိုင္ျဖစ္ၿပီး ကူးစက္ခံရသူအေရအတြက္က ေဆာင့္တက္လာခဲ့တာပါ။

ဒီလိုအျဖစ္က အိႏၵိယမွာျဖစ္ခဲ့တာပါ။ကမာၻေပၚမွာ အတင္းက်ပ္ဆုံး Lockdown ခ်မွတ္ခဲ့သည့္ အိႏၵိယမွာ ဧရာမစီးပြားေရးထိခိုက္မႈကို ေလ်ာ့ပါးေစရန္ ေလာခ့္ေဒါင္းခ်ထားတာေတြကို တျဖည္းျဖည္းေလွ်ာ့ခ် ျပန္ျဖည္အၿပီးမွာ ကူးစက္မႈျပန္ဆိုးလာတဲ့အတြက္  ေလာ့ခ္ေဒါင္းျပန္ခ်ခဲ့ရပါတယ္။မြမ္ဘိုင္း၊ နယူးေဒလီနဲ႔ ဘန္ဂလိုၿမိဳ႕ေတြမွာ ေလာ့ခ္ေဒါင္းျပန္ခ်ခဲ့ရပါတယ္။လူဦးေရ ၁၂၅ သန္းနီးပါးရွိတဲ့ ေျမာက္ပိုင္း ဘီဟာျပည္နယ္မွာလည္း ကူးစက္မႈထိန္းမရျဖစ္ေနလို႔ ဇူလိုင္ ၁၆ ရက္မွစၿပီး ၁၅ ရက္ ေလာ့ခ္ေဒါင္းျပန္ခ်ခဲ့ရပါတယ္။ဒါဟာ  အိႏၵိယတစ္ခုတည္းမဟုတ္ပါဘူး။အေမရိကန္ျပည္ေထာင္စု ကယ္လီဖိုးနီးယားျပည္နယ္မွာ  ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူတိုးလာၿပီး ေဆး႐ုံတက္ေရာက္ရမႈႏႈန္း ျမင့္တက္ေနလို႔ ဇူလိုင္ ၁၃ ရက္ကစၿပီး ဘားမ်ား၊ စားေသာက္ဆိုင္မ်ား၊ ႐ုပ္ရွင္႐ုံမ်ား၊ တိရစာၦန္႐ုံမ်ားႏွင့္ ျပတိုက္မ်ားကိုပိတ္ထားဖို႔ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉးက ၫႊန္ၾကားခဲ့ပါတယ္။ဒီလို စာသင္ေက်ာင္းေတြျပန္ဖြင့္တာကို  အရီဇိုးနားျပည္နယ္မွာ ကားနဲ႔ဆႏၵျပတာေတြ ျဖစ္ခဲ့တာရွိပါတယ္။  WHO ဘက္ကလည္း ဒီလိုဆႏၵေစာၿပီး ေလာ့ခ္ေဒါင္းျပန္ဖြင့္တာေတြနဲ႔ပတ္သက္ၿပီး မၾကာခဏဆိုသလို သတိေပးတာေတြရွိခဲ့ပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ၫႊန္ခ်ဳပ္ တက္ဒ႐ို႕စ္ က သတ္မွတ္ခ်က္ေတြကို ဖိဖိစီးစီးလိုက္နာဖို႔၊ မလိုက္နာဘဲ ေပါ့ဆရင္ ကမာၻတစ္ဝန္းတြင္ ပို၍ဆိုး႐ြားလာႏိုင္ဖြယ္ရွိတယ္ဆိုၿပီး ဇူလိုင္ ၁၃ ရက္က သတိေပးခဲ့ပါတယ္။
က်န္းမာေရးပညာရွင္ေတြစိုးရိမ္ေနတာ ဥေရာပရဲ႕ ေဆာင္းရာသီကာလကိုပါ။ေဆာင္းရာသီကာလမွာ ဥေရာပကလူေတြက ျပင္ပမွာပိုေနၾကပါတယ္။ဒီလိုသေဘာသဘာ၀ေၾကာင့္လည္း ၿဗိတိန္ Academy of Medical Sciences AMS မွ ပါေမာကၡက လာမည့္ ေဆာင္းရာသီမွာ အေသအဆုံးမ်ားတဲ့ COVID-19 ဒုတိယလႈိင္း ၿဗိတိန္ခံရႏိုင္တယ္လို႔ သတိေပးထားၿပီး ေဆာင္းရာသီအခ်ိန္ကိုးလအတြင္း လူ ၁၂၀၀၀၀ အထိ ေသဆုံးႏိုင္တယ္ဆိုၿပီး သတိေပးခ်က္ေတြထြက္ခဲ့တာပါ။ၿဗိတိန္မွာ ကိုဗစ္ပထမလႈိင္းျဖစ္တဲ့ ယခုကာလမွာေတာင္ ကူးစက္ခံရသူ သုံးသိန္းနီးပါး၊ ေသဆုံးသူ ေလးေသာင္းခြဲေက်ာ္ခဲ့တဲ့အတြက္ ဒုတိယအႀကိမ္က က်န္းမာေရးပညာရွင္ေတြအတြက္ ပိုစိုးရိမ္စရာျဖစ္ေနတာပါ။ကမာၻ႔လူဦးေရအမ်ားဆုံးျဖစ္တဲ့ အင္ဒိုနီးရွားမွာလဲ ကူးစက္ႏႈန္းေတြျမင့္တက္ေပမယ္ အင္ဒိုသမၼတက ၾသဂုတ္ (သို႔မဟုတ္) စက္တင္ဘာတြင္ အထြတ္အထိပ္ေရာက္ရွိမယ္ဆိုၿပီး သတိထားေနပါတယ္။လက္ရွိမွာ အင္ဒိုက ကူးစက္သူ ၈ ေသာင္းေက်ာ္၊ ေသဆုံးသူတစ္ေသာင္းခြဲဘဲရွိေနတာပါ။

ဒီလို ကိုဗစ္-၁၉ ဒုတိယလႈိင္းလာမွာ စိုးတဲ့ အတြက္ ျပင္ဆင္ဖို႔ သတိထားေနၾကသလို ကိုဗစ္ ကာကြယ္ကုသေဆးေပၚထြက္ဖို႔ တက္သုတ္႐ိုက္လုပ္ေနၾကရာမွာ  သတင္းေကာင္းေတြ ယခုရက္သတၱပတ္ထဲမွာ ထြက္လာခဲ့တာေတြရွိပါတယ္။ယခုရက္သတၱပတ္ ဇူလိုင္ ၁၃ မွာ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး သတင္းအစအနေတာင္မထြက္ခဲ့တဲ့ ႐ုရွားဘက္ကေန ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈကို အၿပီးအစီးလုပ္ေဆာင္ခဲ့ၿပီးၿပီလို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒီေဆးကို ႐ုရွားရွိ Gamalei Institute ကထုတ္ၿပီး လူမ်ားအတြက္ ေဘးကင္းလုံၿခဳံမႈ ရွိ/မရွိ စစ္ေဆးရန္ ေလ့လာမႈလုပ္ေဆာင္ခဲ့ရာမွာ ေအာင္ျမင္စြာၿပီးဆုံးသြားၿပီျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။ဒီေဆးမတိုင္ခင္ ေအာက္စဖို႔ဒ္မွထုတ္သည့္ ကာကြယ္ေဆး AstraZeneca ကလည္း စမ္းသပ္မႈအဆင့္သုံးျဖစ္တဲ့ လက္ေတြ႕စမ္းသပ္မႈ လုပ္ေဆာင္ေနတုန္းပါ။အေမရိကန္ ဇီဝနည္းပညာကုမၸဏီ Moderna ထုတ္ COVID-19 ကာကြယ္ေဆးကလည္း အေျခအေနေကာင္းေတြ ထြက္ေနပါတယ္။

ဒီလိုအားတက္စရာ သတင္းေတြနဲ႔အတူ ႐ုရွားအစိုးရ ေက်ာေထာက္ေနာက္ခံျပဳ ဟက္ကာမ်ားက COVID-19 ကာကြယ္ေဆး ေဒတာအခ်က္အလက္ေတြကို ခိုးယူရန္ ႀကိဳးပမ္းေနတယ္ဆိုၿပီး ၿဗိတိန္၏ အမ်ိဳးသားဆိုက္ဘာ လုံၿခဳံေရးစင္တာ (NCSC) က ထုတ္ျပန္ခဲ့ပါတယ္။အေမရိကန္၊ တ႐ုတ္၊ ဂ်ပန္ႏွင့္ အာဖရိကမွာရွိတဲ့ သုေတသနေတြကို ပစ္မွတ္ထားေနလို႔ သတိေပးခဲ့ပါတယ္။ဒီလို ၿဗိတိန္ဘက္က စြပ္စြဲခ်က္ေတြကို ႐ုရွားအစိုးရဘက္က ပယ္ခ်ခဲ့တဲ့အတြက္ အျငင္းပြားေနဆဲပါ။ေလာ‌ေလာဆယ္ ကူးစက္မႈ‌ျမင့္မားေနတဲ့ အေမရိကန္မွာေတာ့ သမၼတကိုယ္တိုင္ ႏွာေခါင္းစည္းေတြတပ္ၿပီး ကာကြယ္ေနသလို အေမရိကန္ ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ တားဆီးကာကြယ္ေရးစင္တာ CDC ကလည္း အေမရိကန္ျပည္သူအားလုံးအေနျဖင့္ ႏွာေခါင္းစည္း ဝတ္ဆင္ၾကရင္ ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ႏိုင္တယ္ဆိုၿပီး ေျပာထားပါတယ္။ WHO က ေတာ့ ႏိုင္ငံေတြအမ်ားစုက စီးပြားေရးကို ဦးစားေပးၿပီး လမ္းမွားကိုလိုက္ေနၾကတယ္လို႔ သတိေပးခဲ့ကာ အေလာတႀကီး ေက်ာင္းေတြ၊ စီးပြားေရးလုပ္ငန္းေတြ ျပန္မဖြင့္ဖို႔ သတိေပးခဲ့တာေတြရွိပါတယ္။ကို႐ိုနာဗိုင္းရပ္စ္ ဘယ္ေလာက္ထိျပင္းထန္သလဲဆိုတာ  ယေန႔ျမင္ေတြ႕ရေပမယ့္ ေပါ့ဆတဲ့ေခါင္းေဆာင္ေတြ ေပါ့ဆတဲ့ႏိုင္ငံေတြေၾကာင့္ ဘယ္ေလာက္ထိ အသက္ေတြ ဆုံးရႈံးရဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

အေမရိကန္-တ႐ုတ္ ႏိုင္ငံေရးတင္းမာမႈ

ယခုရက္သတၱပတ္အတြင္း တ႐ုတ္နဲ႔ ဂ်ပန္၊ ေတာင္ကိုရီးယားအျပင္ အာဆီယံႏိုင္ငံေတြထိစပ္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္နဲ႔ အေရွ႕ပစိဖိတ္ေဒသတြင္းမွာ အေျခအေနေတြ ေျပာင္းလဲမႈေတြ ရွိလာခဲ့ပါတယ္။ဒီရက္သတၱပတ္အတြင္းမွာဘဲ ေတာင္တ႐ုတ္ပင္လယ္အတြင္း တ႐ုတ္တို႔၏ ေတာင္းဆိုမႈမ်ားအားလုံးနီးပါးကို ျငင္းပယ္လိုက္တဲ့ အတြက္ အျငင္းပြားလ်က္ရွိသည့္ ပင္လယ္ေရေၾကာင္းဧရိယာအတြင္း တင္းမာမႈမ်ား ျမင့္တက္လာခဲ့ပါတယ္။ယခုကဲ့သို႔ အေမရိကန္၏ မႀကဳံစဖူးထုတ္ျပန္ခ်က္က ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ရဲ႕ တ႐ုတ္ကိုထိပ္တိုက္ေတြ႕ဖို႔ ႀကိဳးစားလာမႈအျဖစ္ ႏိုင္ငံေရးေလ့လာသုံးသပ္သူတြက ဆိုပါတယ္။အေမရိကန္ကေတာ့ မဟာမိတ္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ား အက်ိဳးစီးပြားအတြက္ ကာကြယ္ေပးဖို႔ အခြင့္အေရးလို႔ဆိုသလို အျငင္းပြားဖြယ္ နယ္ေျမပိုင္ဆိုင္မႈမ်ားအေပၚ ေနာင္တြင္ တ႐ုတ္က လႈပ္ရွားမႈမ်ားျပဳလုပ္လာရင္ အေမရိကန္က ပိုမိုဝင္ေရာက္စြက္ဖက္လာဖြယ္ရွိတာကို အရိပ္အေယာင္ျပလိုက္တာ ျဖစ္ပါတယ္။ဒီရက္ထဲမွာဘဲ ဇူလိုင္ ၁၄ ရက္က အေမရိကန္ဘက္ကေန ေဟာင္ေကာင္အမ်ိဳးသားလုံၿခဳံေရးဥပေဒမွာ ပါဝင္တဲ့ တ႐ုတ္အရာရွိမ်ားႏွင့္ ဘ႑ာေရးအဖြဲ႕အစည္းမ်ားကို ဒဏ္ခတ္ပိတ္ဆို႔မႈကို ထရမ့္ က လက္မွတ္ထိုးခဲ့ပါတယ္။တ႐ုတ္ဘက္ကလည္း တန္ျပန္ၿပီး အေမရိကန္ ေလယာဥ္ႏွင့္ ကာကြယ္ေရးကန္ထ႐ိုက္တာ Lockheed Martin ကုမၸဏီကို ပိတ္ဆို႔အေရးယူမည္ဆိုၿပီး ဇူလိုင္ ၁၄ ရက္မွာဘဲ ထုတ္ျပန္ခဲ့ပါတယ္။အျပန္အလွန္အေရးယူမႈေတြနဲ႔ တင္းမာမႈက အေမရိကန္နဲ႔ တ႐ုတ္အၾကား အရွိန္ျမင့္လာသလို ေဒသတြင္းႏိုင္ငံေတြအတြက္လည္းသတိထားစရာ ျဖစ္လာခဲ့ပါတယ္။

ထူးျခားမႈတစ္ခုက အဆိုပါတင္းမာမႈထဲ ေဒသတြင္းႏိုင္ငံေတြ ပါဝင္လာႏိုင္မႈက ေဒသတြင္းတည္ၿငိမ္မႈကို ဆိုး႐ြားေစတာပဲျဖစ္ပါတယ္။ဒီလိုပါလာခဲ့ရင္ ေဒသတြင္း စစ္လက္နက္အၿပိဳင္အဆိုင္တပ္ဆင္လာႏိုင္မႈ အႏၲရာယ္က မတည္ၿငိမ္တဲ့ အာရွေဒသကို စစ္မက္ထဲထိုးထည့္လိုက္သလို ျဖစ္လာမယ့္အေျခအေနကို တစ္စထက္တစ္စတိုးလာႏိုင္တာပဲျဖစ္ပါတယ္။ယခုလဲ အေျခအေနက ထူးလာခဲ့ပါတယ္။အေမရိကန္ရဲ႕ မဟာမိတ္ျဖစ္ တဲ့ ဂ်ပန္က ယခုရက္သတၱပတ္ထဲမွာဘဲ ရဟတ္ယာဥ္တင္ ဖ်က္သေဘၤာကို ေလယာဥ္တင္သေဘၤာအျဖစ္ ေျပာင္းလဲေနတဲ့လုပ္ငန္းစဥ္ေတြ စတင္ေနၿပီဆိုတဲ့ သတင္းေတြထြက္လာခဲ့တာကပါဘဲ။ဂ်ပန္ဆိုတာ ေလယာဥ္တင္သေဘၤာကို လြန္ခဲ့တဲ့ ၁၉၄၅ ခုႏွစ္ကတည္းက ထုတ္လုပ္ပိုင္ဆိုင္ခဲ့တဲ့ ႏိုင္ငံပါ။မေန႔တစ္ေန႔ကမွ ပိုင္တဲ့ႏိုင္ငံ မဟုတ္ပါဘူး။အာရွမွာ တစ္ခ်္ိန္က အေမရိကန္ကို တိုက္ခဲ့ၿပီး န်ဴကလီးယားဗုံးေၾကာင့္သာ အေမရိကန္ကို လက္နက္ခ်ခဲ့တဲ့ ႏိုင္ငံပါ။ဒုတိယကမာၻစစ္မွာ စစ္ရႈံးလို႔သာ လက္နက္ျဖဳတ္သိမ္းခြင့္နဲ႔ စစ္တပ္တည္ေဆာက္ခြင့္မရခဲ့လို႔ သာ အာရွစစ္အင္အားႀကီးအရာကေန ေလ်ာ့ က်ခဲ့တာပါ။ဒီလို စစ္နဲ႔ပတ္သက္ရင္ “ဇ” ရွိတဲ့ ဂ်ပန္လိုႏိုင္ငံက ယခင္လို ေလယာဥ္တင္သေဘၤာေတြ ျပန္တည္ေဆာက္လာတာ ေဒသတြင္းႏိုင္ငံေတြအတြက္ ေခါင္းနပမ္းႀကီးစရာပါ။အထူးသျဖင့္ တ႐ုတ္အတြက္ ပိုၿပီးသတိထားစရာပါဘဲ။

အေရွ႕ပစိဖိတ္ေဒသတြင္း အစဥ္အလာၿပိဳင္ဘက္ တ႐ုတ္က အင္အားႀကီးလာၿပီး ဩဇာအာဏာျဖန႔္က်က္လာတဲ့အခါ၊ေလယာဥ္တင္သေဘၤာ ရွန္ေဒါင္း တည္ေဆာက္ၿပီးစီးတဲ့အခါ ဂ်ပန္အေနနဲ႔ သူ႔ရဲ႕ ဖယ္ထားရတဲ့ စစ္အင္အားတည္ေဆာက္ေရးကို ျပန္စဥ္းစားလာပုံရပါတယ္။ဒီအတြက္ အေၾကာင္းျပခ်က္အျဖစ္ တ႐ုတ္ရဲ႕ ေဒသ တြင္းရန္ကိုပါဘဲ။ေလယာဥ္တင္သေဘၤာတည္ေဆာက္ေရးနည္းပညာနဲ႔ ေရယာဥ္တည္ေဆာက္မႈမွာ အေမရိကန္ေတာင္ သတိထားရတဲ့ ဂ်ပန္ရဲ႕ တည္ေဆာက္မႈက အာရွေဒသတြင္း စစ္ေရးတင္းမာမႈနဲ႔ စစ္မီးေတာက္ျပန္ေတာက္လာႏိုင္တဲ့  အေနအထားကို လက္ယပ္ေခၚသလိုျဖစ္မွာကို အာရွေဒသတြင္းႏိုင္ငံေတြက အေသအလဲ စိုးရိမ္ၾကပါတယ္။အထူးသျဖင့္ ဂ်ပန္သိမ္းပိုက္တာကို ခံခဲ့ရဘူးတဲ့ ႏိုင္ငံေတြဆိုရင္ ဂ်ပန္ရဲ႕ စစ္ေရးတည္ေဆာက္မႈက စိုးရိမ္စရာ အေနအထားပါ။လက္ရွိမွာ ဂ်ပန္ေရေၾကာင္းကိုယ္ပိုင္ကာကြယ္ေရးတပ္ (JMSDF) ရဲ႕ အေနအထားက တ႐ုတ္၊ ႐ုရွားႏွင့္ အေမရိကန္ၿပီးရင္ ကမာၻေပၚမွာ စတုတၳေျမာက္အႀကီးဆုံးေရတပ္ျဖစ္သလို လက္ရွိ  ရဟတ္ယာဥ္တင္သေဘၤာ Izumo ႏွင့္ Kaga တို႔ကို ယိုကိုဟားမားရွိ Japan Maritime United Isogo သေဘၤာက်င္းမွာ ေလယာဥ္တင္သ‌‌ေဘၤာအျဖစ္ ေျပာင္းၿပီးခဲ့ရင္ ပစိဖိတ္ေဒသတြင္း အခင္းအက်င္းက အေျပာင္းအလဲႀကီး ႀကီးမားမားျဖစ္လာမွာ ေသခ်ာေနပါတယ္။ေသခ်ာတာက ဂ်ပန္ေရတပ္က တ႐ုတ္ကိုေက်ာ္တက္လာခဲ့မွာ ေသခ်ာေနပါတယ္။ဒီအခါ တ႐ုတ္ဘက္က ဒီအတိုင္းေနမွာမဟုတ္သလို ဂ်ပန္နဲ႔ အစဥ္အလာရန္ဘက္ ႐ုရွားကလည္း ဒီၿပိဳင္ပြဲထဲဝင္ပါလာမွာ ေသခ်ာေနပါတယ္။ဒီအေျခအေနက အာရွအေရွ႕ဖ်ားေဒသဟာ စစ္ျဖစ္ဖို႔ တည္းတည္းေလးသာက်န္ေတာ့တဲ့အတြက္ စပရတ္လီကြၽန္းစု၊ ထိုင္ဝမ္ကြၽန္း၊ ေဟာင္ေကာင္ စတဲ့ တင္းမာေနတဲ့ ျပႆနာေတြေၾကာင့္ ဘာေတြျဖစ္လာမလဲဆိုတာ ရင္ထိတ္စရာပါဘဲ။ဒီအတြက္ ေရွ႕ေလွ်ာက္ အေရွ႕ဖ်ားပစိဖိတ္နဲ႔ ေတာင္တ႐ုတ္ပင္လယ္အခင္းအက်င္းကို မ်က္ေျခမျပတ္ၾကည့္ေနရေတာ့မွာ ျဖစ္ပါတယ္။

ယခုလိုသတင္းေတြအျပင္ အေရွ႕ဥေရာပက ပထမဆုံးဒီမိုကေရစီအစိုးရျဖစ္ခဲ့တဲ့ ပိုလန္မွာ ယခုလထဲက်င္းပခဲ့တဲ့ ေ႐ြးေကာက္ပြဲမွာ လက္ယာယိမ္းဝါဒီတစ္ဦးျဖစ္တဲ့ အင္ဒ႐ူးဒူဒါနဲ႔ သူ႔ပါတီ (PiS) တို႔ အႏိုင္ရခဲ့တဲ့သတင္း၊ ပစိဖိတ္ကမ္းေျခရွိ အေမရိကန္ေရတပ္အေျခစိုက္စခန္းျဖစ္သည့္ ဆန္ဒီဂိုမွာ ဆိုက္ကပ္ထားတဲ့ Wasp အတန္းအစားေရငုပ္သေဘၤာတိုက္ခိုက္ေရးစစ္သေဘၤာ USS Bonhomme Richard မွာ မေတာ္တဆျဖစ္မီးေလာင္လို႔ သေဘၤာသားမ်ားႏွင့္ အရပ္သား ဒါဇင္ႏွင့္ခ်ီကာ ထိခိုက္ဒဏ္ရာရရတဲ့သတင္း၊အင္ဒိုနီးရွားမွာ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္ပမာဏ ၄၄၂ ဂစ္ဂါဝပ္ကို ၂၀၅၀ မွာ ရယူသုံးစြဲဖို႔ ရည္မွန္းခ်က္ထားတဲ့သတင္း၊ ဆီးရီးယား အေနာက္ေျမာက္ပိုင္း အီဒလစ္မွာ လက္ျဖစ္ဗုံးတစ္လုံးေပါက္ကြဲလို႔ ႐ုရွားတပ္ဖြဲဝင္ ၃ ဦးနဲ႔ တူရကီတပ္ဖြဲ႕ဝင္ ဒါဇင္နဲခ်ီၿပီး ထိခိုက္ဒဏ္ရာရခဲ့တဲ့သတင္း၊ ေဆာ္ဒီ ဦးေဆာင္သည့္ ၫြန႔္ေပါင္းတပ္ဖြဲ႕က ယီမင္ကိုေလေၾကာင္းကေန တိုက္စစ္ဆင္ရာမွာ ကေလး ၇ ဦးအပါအဝင္ အရပ္သား၉ ဦး ေသဆုံးခဲ့တဲ့သတင္း၊ ႏိုင္ငံျခား ေက်ာင္းသား၊သူမ်ားကို ႏိုင္ငံမွ အတင္းအက်ပ္ႏွင္ထုတ္မည့္ အစီအစဥ္ကို အေမရိကန္အစိုးရက ျပန္႐ုတ္သိမ္းလိုက္တဲ့သတင္း၊ အထင္ကရ တြစ္တာအေကာင့္ ေတာ္ေတာ္မ်ားမ်ား အဟက္ခံရတဲ့သတင္း၊ ၂၁၀၀ ျပည့္ႏွစ္မွာ ကမာၻ႔လူဦးေရဟာ ကုလသမဂၢ ခန႔္မွန္းထားသည္ထက္ ၂ ဘီလ်ံေလ်ာ့နည္းၿပီး ၈ ဒသမ ၈ ဘီလီယံ ရွိလိမ့္မယ္ဆိုတဲ့သတင္း၊ ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီး ၃ ဦး ရာထူးမွႏုတ္ထြက္တဲ့သတင္း စတဲ့ သတိထားမိစရာ ႏိုင္ငံတကာသတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာ သတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇူလိုင္ - ၂၀