【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်ဘေးနဲ့ ကပ်ဘေး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့်ဘေးနဲ့ ကပ်ဘေး

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာမီဒီယာတွေမှာ headline သတင်းအဖြစ် နေရာယူခဲ့တဲ့ သတင်းတွေက ၀ူဟန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့သတင်းတွေ၊ အရှေ့အလယ်ပိုင်းမှာ ထရမ့် တင်ပြတဲ့ အရှေ့အလယ်ပိုင်းအစီအစဉ်ကြောင့် ပါလက်စတိုင်းနဲ့ အစ္စရေးကြား ပဋိပက္ခပိုမြင့်မားလာတဲ့ သတင်းတွေနဲ့ ထိုင်းမှာဖြစ်ခဲ့တဲ့ တပ်ကြပ်ကြီးတစ်ဦး ပစ်ခတ်လို့ လူ ၂၀ ကျော် သေဆုံးခဲ့ရတဲ့ သတင်းတွေပဲဖြစ်ပါတယ်။

ဒီလိုသတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သတင်းတွေလဲ ယခုရက်သတ္တပတ်မှာ ရှိခဲ့ပါတယ်။ဒါတွေက ကမ္ဘာ့စစ်လက်နက်စျေးကွက်ကို အိန္ဒိယက လာမယ့် ၅ နှစ်အတွင်း ဒေါ်လာ ၅ ဘီလျံဖိုး စစ်လက်နက်တင်ပို့ရောင်းချဖို့ ပြင်ဆင်နေတာ၊ ယူကရိန်းပါလီမန်မှာ မြေယာပြုပြင်ပြောင်းလဲရေး ဥပဒေမူကြမ်း အခြေအတင်ဆွေးနွေးရင်း လွှတ်တော်အမတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာ၊ အာကာသမှာ ရက်ပေါင်း ၃၂၈ ရက်ကြာ စံချိန်တင်နေထိုင်ခဲ့တဲ့ အမေရိကန်အမျိုးသမီး အာကာသယာဉ်မှူး ခရစ္စတီးနားကို့စ် ကမ္ဘာမြေဆီ ဘေးကင်းစွာနဲ့ ပြန်လည်ဆင်းသက်နိုင်ခဲ့တာ၊ အီတလီ မြောက်ပိုင်းမှာ အမြန်ရထားလမ်းချော်လို့ နှစ်ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရခဲ့တာ၊ တူရကီနိုင်ငံ အရှေ့ပိုင်းမှာ နှင်းထုပြိုလို့ ကယ်ဆယ်ရေးလုပ်နေစဉ် နှင်းထူထပ်ပြိုကျလို့ လူ ၄၀ ကျော် သေဆုံးခဲ့တာ၊ တူရကီမှာဘဲ ခရီးသည်တင်လေယာဉ်တစ်စင်း ပြေးလမ်းချော်ပြီး လေယာဉ်အပိုင်းပိုင်းကျိုးခဲ့လို့ လူ ၃ ဦး သေဆုံးခဲ့တာ၊ နယူးဇီလန်နိုင်ငံ တောင်ပိုင်းကျွန်းမှာ ရေကြီးလို့ ပြည်သူထောင်ပေါင်းများစွာ ဘေးလွတ်ရာထွက်ပြေးခဲ့ရတာ၊ ဆိုမာလီယာနိုင်ငံမှာ အီသီယိုးပီးယားကနေ ဝင်လာတဲ့ ကျိုင်းကောင်တွေ ကျူးကျော်သောင်းကျန်းနေလို့ အစိုးရက အရေးပေါ်အခြေအနေ ကြေငြာခဲ့ရတာ၊ အာဖရိကတိုက်မှာဘဲ တန်ဇန်နီးယားနိုင်ငံ မြောက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းမှာ လူအုပ်ပြိုမှုဖြစ်ပြီး လူ ၂၀ သေဆုံးခဲ့တာ စတဲ့ စိတ်ဝင်စားဖွယ်သတင်းတွေလဲ ဖြစ်ပျက်ခဲ့ပါတယ်။

ဒီထဲက ပထမဆုံးအနေနဲ့ အမေရိကန်သမ္မတ ထရမ့် တင်ပြခဲ့တဲ့ အရှေ့အလယ်ပိုင်းအစီအစဉ်ကြောင့် အစ္စလာမ်ကမ္ဘာဖြစ်တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ပထမဆုံးတင်ပြပေးမှာ ဖြစ်ပါတယ်။

ထရမ့် ခင်းကျင်းတဲ့ အရှေ့အလယ်ပိုင်း အခင်းအကျင်း

ယခုရက်သတ္တပတ်ထဲ သတင်းတွေက မတည်မငြိမ်သတင်းတွေများသလို သတိထားရတဲ့သတင်းတွေလည်း ရှိပါတယ်။ဒီထဲမှာ ထူးတဲ့သတင်းတွေက အရှေ့အလယ်ပိုင်းမှာ ထင်ရှားတဲ့ အယ်ကေဒါးခေါင်းဆောင်တစ်ဦးကို အမေရိကန်ဘက်က ထပ်ပြီးသုတ်သင်ခဲ့တဲ့သတင်းနဲ့  ထရမ့်ရဲ့ အရှေ့အလယ်ပိုင်း အစီအစဉ်ကြောင့် ဂျေရုဆလင် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်းနဲ့ အစ္စရေးစစ်သားတွေကြား ထိပ်တိုက်တွေ့မှုတွေဖြစ်ခဲ့တဲ့ သတင်းတွေပါဘဲ။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အမေရိကန်ပြည်ထောင်စုက ရေတပ်အခြေစိုက်စခန်းတစ်ခုမှာ တိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တာကို သတိထားမိမယ် ထင်ပါတယ်။ဖြစ်ခဲ့တာ ဒီဇင်ဘာ ၆ ရက်ကပါ။အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပန်ဆာကိုလာ ရေတပ်အခြေစိုက်စခန်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး ဒီမှာသင်တန်းလာတက်နေတဲ့ ဆော်ဒီနိုင်ငံသားတစ်ယောက်က ပစ္စတိုသေနတ်နဲ့ စာသင်အဆောက်အအုံအတွင်းက အထပ်နှစ်ထပ်မှာ လိုက်လံပစ်ခဲ့ရာမှာ လူ ၃ ယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်တစ်ခုပါ။ဒီပစ်ခတ်မှုကို ကျူးလွန်သူက ဆော်ဒီလေတပ်က ဒုဗိုလ်အဆင့်ရှိ မိုဟာမက်ဆာအိအယ်ရှာရန်နီ ဆိုသူပါ။နောက်ပိုင်းမှာ သူ့ကို ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယီမင်နိုင်ငံရှိ အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ခေါင်းဆောင်ဖြစ်သူ အယ်လ်ရီမီ က ဒီလိုတိုက်ခိုက်မှုက သူတို့စီစဉ်တာဆိုပြီး မကြာခင်ကဝန်ခံခဲ့ပါတယ်။ဒီလိုဝန်ခံခဲ့တာဟာ သူ့အတွက်သေဒဏ်ကို သူပြန်စီရင်လိုက်သလိုပါဘဲ။ဒီလိုသူဦးဆောင်တဲ့ ဂျီဟတ်အုပ်စုဖြစ်တဲ့ အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) က သူတို့လက်ချက်ဖြစ်ကြောင်း ကြောငြာချက်ထုတ်ပြီး ရက်ပိုင်းအကြာမှာဘဲ အမေရိကန်က သုတ်သင်ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်။အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာတော့ ယီမင်ရှိ အယ်လ်ကိုင်ဒါအဖွဲ့ ခေါင်းဆောင်ကို ယီမင်မှာ လုပ်ခဲ့တဲ့ အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆေးရေးတစ်ခုမှာ အောင်မြင်စွာသုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီး ထုတ်ပြန်ခဲ့တာပါ။ဒီထုတ်ပြန်ချက်ထဲမှာ AQAP အဖွဲ့ကို ကမ္ဘာတစ်ဝန်းလှုပ်ရှားနေတဲ့ အစွန်းရောက် ဂျီဟတ်အဖွဲ့အစည်းတွေအနက် အန္တရာယ်အရှိဆုံးအဖွဲ့အဖြစ် အမေရိကန်အစိုးရက ရှုမြင်ထားတယ်ဆိုတာကို ဖော်ပြခဲ့သလို သူ့ကိုသုတ်သင်နိုင်ခဲ့တဲ့ အယ်လ်ကိုင်ဒါအဖွဲ့ရဲ့ လှုပ်ရှားမှုတွေကို ဆုတ်ယုတ်သွားစေခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတွက် ယီမင်က ဂျီဟတ်ဝါဒီတွေအတွက်ကတော့ ဒါဟာ အမေရိကန် အကျိုးစီးပွားကို တိုက်ခိုက်ဖို့အတွက် ခိုင်လုံတဲ့စေ့ဆော်မှုပါဘဲ။ဒါတွင်မကပါဘူး ကမ္ဘာအရပ်ရပ်က အစ္စလာမ်အစွန်းရောက်တွေအတွက်လည်း အမေရိကန်ကို အငြိုးမီးထပ်လောင်စေအောင် ပစ်ထည့်လိုက်တဲ့ လောင်စာတစ်ခုဖြစ်ခဲ့တဲ့အတွက် မကြာခင်မှာ ဂျီဟတ်တွေဘက်က ဘာတွေတုံ့ပြန်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။

အရှေ့အလယ်ပိုင်းရဲ့ မငြိမ်းအေးတဲ့ အခြေအနေက အမေရိကန်က အီရန်ဗိုလ်ချုပ်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာ၊ ယီမင်က အယ်လ်ကိုင်ဒါအဖွဲ့ (AQAP) ခေါင်းဆောင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာတွေကြောင့် မငြိမ်းအေးတဲ့ အခြေအနေမှာ ထရမ့် တင်ပြခဲ့တဲ့ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးအစီအစဉ်က တစ်ကယ့်ကိုပြဿနာရှာတဲ့ အစီအစဉ်အဖြစ် နိုင်ငံအတော်များများက ယူဆလာကြပါပြီ။

ဘာသာနှစ်ခုကြား အငြင်းပွားနေတဲ့ နယ်မြေထဲက ဟီဘရွန်းမြို့မှာ ပါလက်စတိုင်းတွေနဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့မှုတွေ ဖေဖော်ဝါရီ ၇ ရက်က ဖြစ်ပွားရာမှာ ပါလက်စတိုင်း ဆယ်ကျော်သက်တစ်ဦး သေဆုံးခဲ့ပါတယ်။ဖေဖေါ်ဝါရီ ၆ ရက်မှာ ပါလက်စတိုင်းဘက်က ဂျေရုဆလင်မှာ ကားတစ်စီးနဲ့ လိုက်တိုက်လို့ အစ္စရေးတပ်ဖွဲ့ဝင် ၁၂ ဦး ဒဏ်ရာရခဲ့သလို ဖေဖော်ဝါရီ ၅ ရက်မှာ ပါလက်စတိုင်း လူငယ်တစ်ဦး၊ ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းမှာ အသက် ၁၉ နှစ် ပါလက်စတိုင်း လူငယ်တစ်ဦး အစ္စရေးတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့ပါတယ်။ဒါဟာ ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ထုတ်ပြန်ခဲ့တဲ့ ငြိမ်းချမ်းရေးအဆိုပြုချက်နောက်မှာ အနောက်ဖက်ကမ်းမြောင် ဒေသတစ်ခုလုံး ဆန္ဒပြမှုတွေဖြစ်လာအပြီး နောက်ဆက်တွဲတွေပါ။

ဖေဖေါ်ဝါရီ ၆ ရက်က ဂျေရုဆလင်မြို့ဟောင်းမှာ အာရပ်အစ္စရေးတစ်ဦး ပစ်သတ်ခံရလို့ သေဆုံးခဲ့ပြီးနောက်မှာ ပါလက်စတိုင်းတွေနဲ့ ထိပ်တိုက်တွေ့မှုတွေ ပြင်းထန်လာတာကြောင့် အစ္စရေးနယ်စပ် လုံခြုံရေးအင်အားကို တိုးချဲ့ချထားခဲ့ရပါတယ်။အမေရိကန်သမ္မတ တင်ပြတဲ့ ယခုအစီအစဉ်က အလုပ်မဖြစ်ဘဲ ပိုပြီးအမုန်းပိုလာသလို ပါလက်စတိုင်းဘက်ကတော့ ဒီအစီအစဉ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့အနေနဲ့ အစ္စရေး၊ အမေရိကန်နိုင်ငံတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ကြောင်း ဖေဖေါ်ဝါရီ ၂ ရက်ကတည်းက ကြေညာခဲ့ပါတယ်။အာရပ်နိုင်ငံတွေမှာလည်း ဒီအစီအစဉ်ကို ကန့်ကွက်ကြောင်း ဆန္ဒပြပွဲတွေဖြစ်လာခဲ့ရသလို ဥရောပသမဂ္ဂကတော့ အစ္စရေးရဲ့ ကျူးကျော်ထားတဲ့ နယ်မြေတွေကို အစ္စရေးပိုင်နက်အဖြစ် သတ်မှတ်မယ့် ဒီအစီအစဉ်ကို လက်မခံဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။ဒီလိုအခြေအနေတွေက ထရမ့်အတွက် သိပ်ကောင်းတဲ့အလားအလာတော့ မဟုတ်ပါဘူး။ဒါပေမယ့် အမေရိကန်ပြည်တွင်းမှာတော့  မကြာခင်က သူ့ကိုစွပ်စွဲပြစ်တင်မယ့် အခြေအနေတစ်ခုကို ကျော်နိုင်ခဲ့တဲ့အတွက် အခြေနေကောင်းနေပါတယ်။ဖေဖေါ်ဝါရီ ၅ ရက်က အမေရိကန် ဆီးနိတ်လွှတ်တော်မှာ ဒီမိုကရက်တစ် အမတ်တွေဘက်က ၂၀၂၀ ရွေးကောက်ပွဲမှာ အသာရနိုင်ဖို့အတွက် ယူကရိန်းဆီကနေ အကူအညီ တရားမဝင်ရယူဖို့ ကြိုးပမ်းမှုနဲ့ ထရမ့် ကို ရာထူးကနေ ဖြုတ်ချနိုင်ရေး ကြိုးပမ်းခဲ့ကြပေမယ့် မဲခွဲခဲ့ကြရာမှာ ရီပတ်ဘလစ်ကန် အမတ်တွေ ထိန်းချုပ်ထားတဲ့ ဆီးနိတ်က ထောက်ခံမဲ ၅၂ မဲ၊ ကန့်ကွက်မဲ ၄၈ မဲနဲ့ ထရမ့် ကို အပြစ်မရှိဘူးလို့ ဆုံးဖြတ်အတည်ပြုနိုင်ခဲ့လို့ ထရမ့်အတွက် အခက်အခဲကနေ ကျော်လွှားနိုင်ခဲ့ပါပြီ။

ဒီအတွက် ထရမ့်အနေနဲ့  အရှေ့အလယ်ပိုင်းနဲ့ အီရန်၊ အာရှက တရုတ်ပြဿနာတွေမှာ ပိုပြီးလှုပ်ရှား ကစားလာမှာကို တွေ့လာရမလားဆိုတာ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ဗိုင်းရပ်စ် ထိန်းချုပ်ဖို့ နည်းလမ်းမြင်တွေ့ရတော့မလား

ကူးစက်ဖြစ်ပွားချိန် တစ်လနီးပါးအချိန်ကိုကပ်လာတဲ့ ဝူဟန် ကိုရိုနာဗိုင်းရပ်စ် ပြဿနာက ယခုအခါ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာကနေ ကမ္ဘာ့စီးပွားရေးကို ထိခိုက်လာနိုင်မယ့် လက္ခဏာတွေ ပြသလာနေပြီဖြစ်ပါတယ်။ယခုရက်ထဲမှာ ဒီဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်က ဖေဖေါ်ဝါရီ ၉ ရက် စာရင်းအရဆိုရင် သေဆုံးသူ ၈၀၃ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ ၃၆၆၉၃ ဦးထိ ရှိလာပြီဖြစ်သလို ကမ္ဘာတစ်ဝန်းမှာဆိုရင် နိုင်ငံပေါင်း ၂၄ နိုင်ငံကို ပျံ့နှံ့ကူးစက်နေပြီ ဖြစ်ပါတယ်။

ဒီရောဂါက အစောဆုံးအနေနဲ့  နိုင်ငံတကာခရီးသွားလုပ်ငန်းကို ဆိုးရွားစွာထိခိုက်ခဲ့ပါတယ်။ WHO က နိုင်ငံပေါင်း ၂၂ နိုင်ငံကို တရုတ်နဲ့ဆိုင်ရာ သတိပေးချက်တွေ ထုတ်ခဲ့တဲ့အတွက် ကမ္ဘာ့ကုန်သွယ်မှုမှာ အကြီးဆုံးဖြစ်နေတဲ့ တရုတ်ကုန်သွယ်မှု ထိခိုက်လာနိုင်ခြေများနေပါတယ်။ဒါ့အပြင် ကမ္ဘာတစ်ဝန်းမှာ ဒီရောဂါပိုးကြောင့် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ထွန်းစပြုလာတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေက ဆိုးဝါးတဲ့ ဒီအပြုအမူမျိုးကို လက်မခံကြောင်း ပြောနေရပါတယ်။ဒါက ဒီဗိုင်းရပ်စ်ကြောင့်ဖြစ်လာတဲ့ သက်ရောက်မှုတွေပါ။

ဗိုင်းရပ်စ် စတင်ပြန့်ပွားခဲ့တဲ့ တရုတ်ပြည်မှာလည်း အစောပိုင်းက မြွေကနေစခဲ့တယ်လို့ မှန်းဆခဲ့ပေမယ့် နောက်ပိုင်းမှာ လင်းနို့ကနေ စခဲ့တယ်ဆိုတာကို ဖော်ထုတ်ခဲ့ပါတယ်။ဒီနောက်မှာ လက်ခံဗိုင်းရပ်စ်အတွက် လက်ခံသတ္တဝါတစ်ကောင် ရှိရမယ်ဆိုပြီး ခန့်မှန်းမှုတွေရှိရာမှာ အိမ်မွေးတိရိစ္ဆာန်တွေကို မှန်းဆခဲ့လို့ တရုတ်ပြည်မှာ အိမ်မွေးတိရစ္ဆာန်တွေကနေတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်မှာ စိုးရိမ်ကြောက်လန့်မှုတွေ ရှိလာခဲ့ပါတယ်။ဒီအကျိုးဆက်ကြောင့် အိမ်မွေးတိရစ္ဆာန်တွေကို စွန့်ပစ်တာတွေအထိ ဖြစ်လာခဲ့ပါတယ်။

ယခုရက်သတ္တပတ်အတွင်းမှာတော့ လက်ခံသတ္တဝါက ထင်သလိုမဟုတ်ဘဲ သင်းခွေချပ်တွေလို့ ဆိုပါတယ်။ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် တရုတ်နိုင်ငံမှာ စားသောက်ဆိုင်တွေ ကုန်စုံဆိုင်တွေမှာ အွန်လိုင်းကနေမှာပြီး လိုက်ပို့တဲ့လုပ်ငန်းက အဓိကဖြစ်လာပါတယ်။တချို့မြို့တွေမှာ  တစ်အိမ်ထောင်ကို နှစ်ရက်သာ ကုန်ပစ္စည်းဝယ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ထိန်းချုပ်မှုတွေ လုပ်ခဲ့ပေမယ့် ရောဂါက ပျံ့နှံ့ဆဲပါ။မွေးဖွားကာစ ရက် ၃၀ သာရှိသေးတဲ့ ကလေးငယ်တောင် ကူးစက်ခံခဲ့ရပါတယ်။စင်ကာပူမှာတော့ လူအသေအပျောက်စ ရှိလာခဲ့တဲ့အတွက် ကြောက်လန့်ပြီး လူသုံးကုန်ပစ္စည်းတွေ စုဆောင်းဝယ်ယူခဲ့ကြလို့ ကုန်ပစ္စည်းတွေ ပြတ်လပ်ခဲ့သလို ဟောင်ကောင်မှာတော့ အိမ်သာသုံးစက္ကူတွေ ကုန်ပြီဆိုတဲ့ ကောလာဟလကြောင့် အိမ်သာသုံးစက္ကူတွေကို အလုအယက်ဝယ်ကြတာတွေ ဖြစ်လာခဲ့ပါတယ်။

တစ်ကယ်က ကမ္ဘာမှာပြတ်လပ်နေတဲ့ အရေးပါတဲ့ပစ္စည်းက ရောဂါကာကွယ်ရေးအတွက် အရေးပါတဲ့ Mask တွေပါ။ WHO ညွှန်ချုပ်က Mask တွေ ပြတ်လပ်နေပြီလို့ သတိပေးခဲ့ပါတယ်။ပုံမှန်ထက် နှစ်ဆကျော်စျေး ပေးနေရတဲ့ mask တွေကို စျေးချိုချိုနဲ့ ထုတ်ပေးသူတွေကို ချီးကျူးခဲ့ပါတယ်။ဗိုင်းရပ်စ်ကြောင့် လူသန်း ၆၀ နီးပါးကို နေအိမ်ထဲ တားမြစ်ထားရချိန်မှာ ကိုရိုနာဗိုင်းရပ်စ်ရှိလို့ ဂျပန်နိုင်ငံဆိပ်ကမ်းမှာ ရပ်တန့်ထားရတဲ့ လူပေါင်း  ၃၇၁၁ ဦး လိုက်ပါလာတဲ့ ဂျပန်အပျော်စီးသင်္ဘော Diamond Princess ကိစ္စကလည်း စိုးရိမ်စရာပါ။လက်ရှိခရီးသည် ၂၇၃ ဦးကို စစ်ဆေးပြီးတဲ့အခါမှာ ကူးစက်ခံရသူ ၆၁ ဦး ရှိနေပါတယ်။ဒီအတွက် အကုန်စစ်ပြီးရင် ဘယ်နှစ်ယောက်တောင် ရောဂါကူးစက်ခံရမလဲဆိုတာ မသိသေးပါဘူး။ရင်လေးစရာ အခြေအနေပါ။

ဒီလိုစိုးရိမ်စိတ်ပျက်စရာတွေရှိပေမယ့် တောင်ကိုရီးယားက ခရစ်ယာန်ဘုရားကျောင်းတစ်ခုမှာတော့ ဖေဖော်ဝါရီ ၇ ရက်က ဗိုင်းရပ်စ်ကူးစက်နေမှု ထိတ်လန့်စိတ်ကိုအံတုပြီး ထောင်နဲ့ချီတဲ့စုံတွဲတွေ စုပေါင်းပြီး မင်္ဂလာလက်ထပ်ပွဲတစ်ခုကို ကျင်းပခဲ့ပါတယ်။အခမ်းအနားမှာ စုံတွဲတွေက နှာခေါင်းစည်းတွေတပ်လျက်သား လက်ထပ်ခဲ့ကြသလို တက်ရောက်လာတဲ့သူတွေကိုလည်း နှာခေါင်းစည်း (Mask) တွေ ပေးဝေခဲ့ကြပါတယ်။ဒီဗိုင်းရပ်ကူးစက်မှုက ကမ္ဘာ့ပြဿနာဖြစ်လာတဲ့အတွက် အဲဒီဖေဖေါ်ဝါရီ ၇ ရက်မှာဘဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က တရုတ်သမ္မတ ရှီကျင့်ဖိန် ကို ဖုန်းဆက်ကာ ကိုရိုနာဗိုင်းရပ်စ်အရေး ဆွေးနွေးခဲ့ကြပါတယ်။ဒါဟာ မကြာခင်က တွစ်တာကနေတစ်ဆင့် တရုတ်လိုအပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ရေးပစ္စည်းတွေ ကူညီမယ်လို့ ပြောခဲ့အပြီး တွေ့တာပါ။ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အွန်လိုင်းပေါ်မှာ  သတင်းတွေ ဆက်တိုက်တက်နေတာတွေရှိပါတယ်။ဒီထဲမှာ မဟုတ်တာရှိသလို ဟုတ်တာလည်းရှိပါတယ်။မဟုတ်တာများတဲ့အတွက် WHO ဘက်က သတင်းမှားတွေက ရောဂါတိုက်ဖျက်ရေးကို ချိနဲ့စေတယ်ဆိုပြီး ပြောခဲ့ရတဲ့အထိပါဘဲ။ဒီလိုသတင်းမှားတွေကြောင့် အများပြည်သူကြား ထိန်လန့်စေတဲ့အတွက် သက်ဆိုင်ရာနိုင်ငံတွေက တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရာမှာ ယခုရက်သတ္တပတ်ထဲမှာ အင်ဒိုနီးရှားမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းမှားလွှင့်တဲ့ အမျိုးသမီးနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။အလျင်အမြန် ပျံ့နှံ့ဖြစ်ပွားနေတဲ့ ကိုရိုဗိုင်းနာရပ်စ် တိုက်ဖျက်ရေးအတွက် အမေရိကန်နိုင်ငံဟာ တရုတ်နဲ့ အခြားဖြစ်ပွားရာနိုင်ငံတွေကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ လှူဒါန်းခဲ့ပါတယ်။ယခုရက်ထဲမှာဘဲ ကိုရိုနာဗိုင်းရပ်စ်အကြောင်း အစောဆုံးသတိပေးခဲ့တဲ့ ဆရာဝန်ဖြစ်တဲ့ မျက်စိအထူးကုဆရာဝန် လီဝန်လျှံ ဒီရောဂါနဲ့ပဲ သေဆုံးခဲ့ပါတယ်။ဒီအတွက် တရုတ်ပြည်သုံး လူမှုကွန်ရက် ဝီဘိုမှာ ဆရာဝန်ကို အရေးယူမှုပြုလုပ်ခဲ့တဲ့သူတွေအပေါ် အရေးယူဖို့ ပြစ်တင်တောင်းဆိုမှုတွေ လုပ်ခဲ့ကြပါတယ်။

ဒီအတွက် တရုတ်ဗဟိုအစိုးရက ဖေဖေါ်ဝါရီ ၇ ရက်မှာ စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ဒါဟာ ဗဟိုချုပ်ကိုင်မှုများတာလား၊ နေရာတကာမှာ အပေါ်ဖားအောက်ဖိတွေကြောင့် မဖြစ်သင့်တာ ဖြစ်ခဲ့ရတာလား ဆိုတာကို ဖော်ထုတ်နိုင်ပေမယ့် အရေးယူမှု ရှိ/မရှိ ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။

အာရှမှာ အမြစ်တွယ်နေတဲ့ အထက်အရာရှိဆို မျက်နှာကောင်းရချင်တဲ့စိတ်က ကြောက်စရာပါ။အဖြစ်မှန်ကို တင်ပြရမှာထက် ကိုယ်ထိမှာ၊ အပြစ်တင်ခံရမှာ၊ ရာထူးထိခိုက်မှာကိုစိုးပြီး ကိုယ်ထက်တော်တဲ့ကိုယ်ထက် ပိုသတိထားမိတဲ့သူတွေကို အသိအမှတ်ပြုပေးရမှာစိုးတဲ့စိတ်ကြောင့် ကမ္ဘာ့ရာဇဝင်မှာ မသေသင့်ဘဲ၊ မရှုံးသင့်ဘဲတိုက်ပွဲတွေ အများကြီးရှိခဲ့ပါတယ်။ဒီမျက်စိဆရာဝန် လီဝန်လျှံကိစ္စမှာ တာဝန်ယူမှုတာဝန်ခံမှုတွေ ဘာတွေဖြစ်လာမလဲ၊ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ပါ့မလား၊ နောက်ထပ် လူအသေအပျောက် ဘယ်လောက်ထိရှိလာမလဲဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်
ဖေဖော်ဝါရီ - ၁၀

( Zawgyi )

ယခုရက္သတၱပတ္အတြင္း ႏိုင္ငံတကာမီဒီယာေတြမွာ headline သတင္းအျဖစ္ ေနရာယူခဲ့တဲ့ သတင္းေတြက ၀ူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့သတင္းေတြ၊ အေရွ႕အလယ္ပိုင္းမွာ ထရမ့္ တင္ျပတဲ့ အေရွ႕အလယ္ပိုင္းအစီအစဥ္ေၾကာင့္ ပါလက္စတိုင္းနဲ႔ အစၥေရးၾကား ပဋိပကၡပိုျမင့္မားလာတဲ့ သတင္းေတြနဲ႔ ထိုင္းမွာျဖစ္ခဲ့တဲ့ တပ္ၾကပ္ႀကီးတစ္ဦး ပစ္ခတ္လို႔ လူ ၂၀ ေက်ာ္ ေသဆုံးခဲ့ရတဲ့ သတင္းေတြပဲျဖစ္ပါတယ္။

ဒီလိုသတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သတင္းေတြလဲ ယခုရက္သတၱပတ္မွာ ရွိခဲ့ပါတယ္။ဒါေတြက ကမာၻ႔စစ္လက္နက္ေစ်းကြက္ကို အိႏၵိယက လာမယ့္ ၅ ႏွစ္အတြင္း ေဒၚလာ ၅ ဘီလ်ံဖိုး စစ္လက္နက္တင္ပို႔ေရာင္းခ်ဖို႔ ျပင္ဆင္ေနတာ၊ ယူကရိန္းပါလီမန္မွာ ေျမယာျပဳျပင္ေျပာင္းလဲေရး ဥပေဒမူၾကမ္း အေျခအတင္ေဆြးေႏြးရင္း လႊတ္ေတာ္အမတ္ေတြ ခိုက္ရန္ျဖစ္ပြားခဲ့ၾကတာ၊ အာကာသမွာ ရက္ေပါင္း ၃၂၈ ရက္ၾကာ စံခ်ိန္တင္ေနထိုင္ခဲ့တဲ့ အေမရိကန္အမ်ိဳးသမီး အာကာသယာဥ္မႉး ခရစၥတီးနားကို႔စ္ ကမာၻေျမဆီ ေဘးကင္းစြာနဲ႔ ျပန္လည္ဆင္းသက္ႏိုင္ခဲ့တာ၊ အီတလီ ေျမာက္ပိုင္းမွာ အျမန္ရထားလမ္းေခ်ာ္လို႔ ႏွစ္ဦးေသဆုံးၿပီး ၂၅ ဦး ဒဏ္ရာရခဲ့တာ၊ တူရကီႏိုင္ငံ အေရွ႕ပိုင္းမွာ ႏွင္းထုၿပိဳလို႔ ကယ္ဆယ္ေရးလုပ္ေနစဥ္ ႏွင္းထူထပ္ၿပိဳက်လို႔ လူ ၄၀ ေက်ာ္ ေသဆုံးခဲ့တာ၊ တူရကီမွာဘဲ ခရီးသည္တင္ေလယာဥ္တစ္စင္း ေျပးလမ္းေခ်ာ္ၿပီး ေလယာဥ္အပိုင္းပိုင္းက်ိဳးခဲ့လို႔ လူ ၃ ဦး ေသဆုံးခဲ့တာ၊ နယူးဇီလန္ႏိုင္ငံ ေတာင္ပိုင္းကြၽန္းမွာ ေရႀကီးလို႔ ျပည္သူေထာင္ေပါင္းမ်ားစြာ ေဘးလြတ္ရာထြက္ေျပးခဲ့ရတာ၊ ဆိုမာလီယာႏိုင္ငံမွာ အီသီယိုးပီးယားကေန ဝင္လာတဲ့ က်ိဳင္းေကာင္ေတြ က်ဴးေက်ာ္ေသာင္းက်န္းေနလို႔ အစိုးရက အေရးေပၚအေျခအေန ေၾကျငာခဲ့ရတာ၊ အာဖရိကတိုက္မွာဘဲ တန္ဇန္နီးယားႏိုင္ငံ ေျမာက္ပိုင္းက ခရစ္ယာန္ဘုရားေက်ာင္းမွာ လူအုပ္ၿပိဳမႈျဖစ္ၿပီး လူ ၂၀ ေသဆုံးခဲ့တာ စတဲ့ စိတ္ဝင္စားဖြယ္သတင္းေတြလဲ ျဖစ္ပ်က္ခဲ့ပါတယ္။

ဒီထဲက ပထမဆုံးအေနနဲ႔ အေမရိကန္သမၼတ ထရမ့္ တင္ျပခဲ့တဲ့ အေရွ႕အလယ္ပိုင္းအစီအစဥ္ေၾကာင့္ အစၥလာမ္ကမာၻျဖစ္တဲ့ အေရွ႕အလယ္ပိုင္းေဒသမွာ ဘာေတြျဖစ္ပ်က္ေနလဲဆိုတာကို ပထမဆုံးတင္ျပေပးမွာ ျဖစ္ပါတယ္။

ထရမ့္ ခင္းက်င္းတဲ့ အေရွ႕အလယ္ပိုင္း အခင္းအက်င္း

ယခုရက္သတၱပတ္ထဲ သတင္းေတြက မတည္မၿငိမ္သတင္းေတြမ်ားသလို သတိထားရတဲ့သတင္းေတြလည္း ရွိပါတယ္။ဒီထဲမွာ ထူးတဲ့သတင္းေတြက အေရွ႕အလယ္ပိုင္းမွာ ထင္ရွားတဲ့ အယ္ေကဒါးေခါင္းေဆာင္တစ္ဦးကို အေမရိကန္ဘက္က ထပ္ၿပီးသုတ္သင္ခဲ့တဲ့သတင္းနဲ႔  ထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္း အစီအစဥ္ေၾကာင့္ ေဂ်႐ုဆလင္ အေနာက္ဘက္ကမ္းမွာ ပါလက္စတိုင္းနဲ႔ အစၥေရးစစ္သားေတြၾကား ထိပ္တိုက္ေတြ႕မႈေတြျဖစ္ခဲ့တဲ့ သတင္းေတြပါဘဲ။

ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလတုန္းက အေမရိကန္ျပည္ေထာင္စုက ေရတပ္အေျခစိုက္စခန္းတစ္ခုမွာ တိုက္ခိုက္မႈတစ္ခုျဖစ္ခဲ့တာကို သတိထားမိမယ္ ထင္ပါတယ္။ျဖစ္ခဲ့တာ ဒီဇင္ဘာ ၆ ရက္ကပါ။အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္ ပန္ဆာကိုလာ ေရတပ္အေျခစိုက္စခန္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး ဒီမွာသင္တန္းလာတက္ေနတဲ့ ေဆာ္ဒီႏိုင္ငံသားတစ္ေယာက္က ပစၥတိုေသနတ္နဲ႔ စာသင္အေဆာက္အအုံအတြင္းက အထပ္ႏွစ္ထပ္မွာ လိုက္လံပစ္ခဲ့ရာမွာ လူ ၃ ေယာက္ ေသဆုံးၿပီး ၈ ေယာက္ ဒဏ္ရာရခဲ့တဲ့ ျဖစ္စဥ္တစ္ခုပါ။ဒီပစ္ခတ္မႈကို က်ဴးလြန္သူက ေဆာ္ဒီေလတပ္က ဒုဗိုလ္အဆင့္ရွိ မိုဟာမက္ဆာအိအယ္ရွာရန္နီ ဆိုသူပါ။ေနာက္ပိုင္းမွာ သူ႔ကို ရဲတပ္ဖြဲ႕က ပစ္သတ္ခဲ့ပါတယ္။

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ယီမင္ႏိုင္ငံရွိ အယ္လ္ကိုင္ဒါအဖြဲ႕ (AQAP) ေခါင္းေဆာင္ျဖစ္သူ အယ္လ္ရီမီ က ဒီလိုတိုက္ခိုက္မႈက သူတို႔စီစဥ္တာဆိုၿပီး မၾကာခင္ကဝန္ခံခဲ့ပါတယ္။ဒီလိုဝန္ခံခဲ့တာဟာ သူ႔အတြက္ေသဒဏ္ကို သူျပန္စီရင္လိုက္သလိုပါဘဲ။ဒီလိုသူဦးေဆာင္တဲ့ ဂ်ီဟတ္အုပ္စုျဖစ္တဲ့ အယ္လ္ကိုင္ဒါအဖြဲ႕ (AQAP) က သူတို႔လက္ခ်က္ျဖစ္ေၾကာင္း ေၾကာျငာခ်က္ထုတ္ၿပီး ရက္ပိုင္းအၾကာမွာဘဲ အေမရိကန္က သုတ္သင္ရွင္းလင္းလိုက္တာ ျဖစ္ပါတယ္။အိမ္ျဖဴေတာ္က ထုတ္ျပန္တဲ့ ထုတ္ျပန္ခ်က္မွာေတာ့ ယီမင္ရွိ အယ္လ္ကိုင္ဒါအဖြဲ႕ ေခါင္းေဆာင္ကို ယီမင္မွာ လုပ္ခဲ့တဲ့ အၾကမ္းဖက္မႈႏွိမ္နင္းေရး စစ္ေဆးေရးတစ္ခုမွာ ေအာင္ျမင္စြာသုတ္သင္ရွင္းလင္းႏိုင္ခဲ့တယ္ဆိုၿပီး ထုတ္ျပန္ခဲ့တာပါ။ဒီထုတ္ျပန္ခ်က္ထဲမွာ AQAP အဖြဲ႕ကို ကမာၻတစ္ဝန္းလႈပ္ရွားေနတဲ့ အစြန္းေရာက္ ဂ်ီဟတ္အဖြဲ႕အစည္းေတြအနက္ အႏၲရာယ္အရွိဆုံးအဖြဲ႕အျဖစ္ အေမရိကန္အစိုးရက ရႈျမင္ထားတယ္ဆိုတာကို ေဖာ္ျပခဲ့သလို သူ႔ကိုသုတ္သင္ႏိုင္ခဲ့တဲ့ အယ္လ္ကိုင္ဒါအဖြဲ႕ရဲ႕ လႈပ္ရွားမႈေတြကို ဆုတ္ယုတ္သြားေစခဲ့တယ္လို႔ ထုတ္ျပန္ခဲ့ပါတယ္။

ဒီအတြက္ ယီမင္က ဂ်ီဟတ္ဝါဒီေတြအတြက္ကေတာ့ ဒါဟာ အေမရိကန္ အက်ိဳးစီးပြားကို တိုက္ခိုက္ဖို႔အတြက္ ခိုင္လုံတဲ့ေစ့ေဆာ္မႈပါဘဲ။ဒါတြင္မကပါဘူး ကမာၻအရပ္ရပ္က အစၥလာမ္အစြန္းေရာက္ေတြအတြက္လည္း အေမရိကန္ကို အၿငိဳးမီးထပ္ေလာင္ေစေအာင္ ပစ္ထည့္လိုက္တဲ့ ေလာင္စာတစ္ခုျဖစ္ခဲ့တဲ့အတြက္ မၾကာခင္မွာ ဂ်ီဟတ္ေတြဘက္က ဘာေတြတုံ႔ျပန္လာဦးမလဲဆိုတာ စိတ္ဝင္စားစရာပါ။

အေရွ႕အလယ္ပိုင္းရဲ႕ မၿငိမ္းေအးတဲ့ အေျခအေနက အေမရိကန္က အီရန္ဗိုလ္ခ်ဳပ္ကို လုပ္ႀကံသတ္ျဖတ္ခဲ့တာ၊ ယီမင္က အယ္လ္ကိုင္ဒါအဖြဲ႕ (AQAP) ေခါင္းေဆာင္ကို လုပ္ႀကံသတ္ျဖတ္ခဲ့တာေတြေၾကာင့္ မၿငိမ္းေအးတဲ့ အေျခအေနမွာ ထရမ့္ တင္ျပခဲ့တဲ့ အေရွ႕အလယ္ပိုင္း ၿငိမ္းခ်မ္းေရးအစီအစဥ္က တစ္ကယ့္ကိုျပႆနာရွာတဲ့ အစီအစဥ္အျဖစ္ ႏိုင္ငံအေတာ္မ်ားမ်ားက ယူဆလာၾကပါၿပီ။

ဘာသာႏွစ္ခုၾကား အျငင္းပြားေနတဲ့ နယ္ေျမထဲက ဟီဘ႐ြန္းၿမိဳ႕မွာ ပါလက္စတိုင္းေတြနဲ႔ အစၥေရးတပ္ဖြဲ႕ဝင္ေတြၾကား ထိပ္တိုက္ေတြ႕မႈေတြ ေဖေဖာ္ဝါရီ ၇ ရက္က ျဖစ္ပြားရာမွာ ပါလက္စတိုင္း ဆယ္ေက်ာ္သက္တစ္ဦး ေသဆုံးခဲ့ပါတယ္။ေဖေဖၚဝါရီ ၆ ရက္မွာ ပါလက္စတိုင္းဘက္က ေဂ်႐ုဆလင္မွာ ကားတစ္စီးနဲ႔ လိုက္တိုက္လို႔ အစၥေရးတပ္ဖြဲ႕ဝင္ ၁၂ ဦး ဒဏ္ရာရခဲ့သလို ေဖေဖာ္ဝါရီ ၅ ရက္မွာ ပါလက္စတိုင္း လူငယ္တစ္ဦး၊ ေဖေဖာ္ဝါရီ ၆ ရက္ နံနက္ပိုင္းမွာ အသက္ ၁၉ ႏွစ္ ပါလက္စတိုင္း လူငယ္တစ္ဦး အစၥေရးတပ္ဖြဲ႕ဝင္ေတြက ပစ္သတ္ခဲ့ပါတယ္။ဒါဟာ ၿပီးခဲ့တဲ့သီတင္းပတ္က အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ ထုတ္ျပန္ခဲ့တဲ့ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ေနာက္မွာ အေနာက္ဖက္ကမ္းေျမာင္ ေဒသတစ္ခုလုံး ဆႏၵျပမႈေတြျဖစ္လာအၿပီး ေနာက္ဆက္တြဲေတြပါ။

ေဖေဖၚဝါရီ ၆ ရက္က ေဂ်႐ုဆလင္ၿမိဳ႕ေဟာင္းမွာ အာရပ္အစၥေရးတစ္ဦး ပစ္သတ္ခံရလို႔ ေသဆုံးခဲ့ၿပီးေနာက္မွာ ပါလက္စတိုင္းေတြနဲ႔ ထိပ္တိုက္ေတြ႕မႈေတြ ျပင္းထန္လာတာေၾကာင့္ အစၥေရးနယ္စပ္ လုံၿခဳံေရးအင္အားကို တိုးခ်ဲ႕ခ်ထားခဲ့ရပါတယ္။အေမရိကန္သမၼတ တင္ျပတဲ့ ယခုအစီအစဥ္က အလုပ္မျဖစ္ဘဲ ပိုၿပီးအမုန္းပိုလာသလို ပါလက္စတိုင္းဘက္ကေတာ့ ဒီအစီအစဥ္ကို ျပတ္ျပတ္သားသား ဆန႔္က်င္တဲ့အေနနဲ႔ အစၥေရး၊ အေမရိကန္ႏိုင္ငံေတြနဲ႔ အဆက္အသြယ္ ျဖတ္ေတာက္ေၾကာင္း ေဖေဖၚဝါရီ ၂ ရက္ကတည္းက ေၾကညာခဲ့ပါတယ္။အာရပ္ႏိုင္ငံေတြမွာလည္း ဒီအစီအစဥ္ကို ကန႔္ကြက္ေၾကာင္း ဆႏၵျပပြဲေတြျဖစ္လာခဲ့ရသလို ဥေရာပသမဂၢကေတာ့ အစၥေရးရဲ႕ က်ဴးေက်ာ္ထားတဲ့ နယ္ေျမေတြကို အစၥေရးပိုင္နက္အျဖစ္ သတ္မွတ္မယ့္ ဒီအစီအစဥ္ကို လက္မခံဘူးလို႔ ထုတ္ျပန္ခဲ့ပါတယ္။ဒီလိုအေျခအေနေတြက ထရမ့္အတြက္ သိပ္ေကာင္းတဲ့အလားအလာေတာ့ မဟုတ္ပါဘူး။ဒါေပမယ့္ အေမရိကန္ျပည္တြင္းမွာေတာ့  မၾကာခင္က သူ႔ကိုစြပ္စြဲျပစ္တင္မယ့္ အေျခအေနတစ္ခုကို ေက်ာ္ႏိုင္ခဲ့တဲ့အတြက္ အေျခေနေကာင္းေနပါတယ္။ေဖေဖၚဝါရီ ၅ ရက္က အေမရိကန္ ဆီးနိတ္လႊတ္ေတာ္မွာ ဒီမိုကရက္တစ္ အမတ္ေတြဘက္က ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အသာရႏိုင္ဖို႔အတြက္ ယူကရိန္းဆီကေန အကူအညီ တရားမဝင္ရယူဖို႔ ႀကိဳးပမ္းမႈနဲ႔ ထရမ့္ ကို ရာထူးကေန ျဖဳတ္ခ်ႏိုင္ေရး ႀကိဳးပမ္းခဲ့ၾကေပမယ့္ မဲခြဲခဲ့ၾကရာမွာ ရီပတ္ဘလစ္ကန္ အမတ္ေတြ ထိန္းခ်ဳပ္ထားတဲ့ ဆီးနိတ္က ေထာက္ခံမဲ ၅၂ မဲ၊ ကန႔္ကြက္မဲ ၄၈ မဲနဲ႔ ထရမ့္ ကို အျပစ္မရွိဘူးလို႔ ဆုံးျဖတ္အတည္ျပဳႏိုင္ခဲ့လို႔ ထရမ့္အတြက္ အခက္အခဲကေန ေက်ာ္လႊားႏိုင္ခဲ့ပါၿပီ။

ဒီအတြက္ ထရမ့္အေနနဲ႔  အေရွ႕အလယ္ပိုင္းနဲ႔ အီရန္၊ အာရွက တ႐ုတ္ျပႆနာေတြမွာ ပိုၿပီးလႈပ္ရွား ကစားလာမွာကို ေတြ႕လာရမလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ ထိန္းခ်ဳပ္ဖို႔ နည္းလမ္းျမင္ေတြ႕ရေတာ့မလား

ကူးစက္ျဖစ္ပြားခ်ိန္ တစ္လနီးပါးအခ်ိန္ကိုကပ္လာတဲ့ ဝူဟန္ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာက ယခုအခါ ကမာၻလုံးဆိုင္ရာ က်န္းမာေရးျပႆနာကေန ကမာၻ႔စီးပြားေရးကို ထိခိုက္လာႏိုင္မယ့္ လကၡဏာေတြ ျပသလာေနၿပီျဖစ္ပါတယ္။ယခုရက္ထဲမွာ ဒီဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူအေရအတြက္က ေဖေဖၚဝါရီ ၉ ရက္ စာရင္းအရဆိုရင္ ေသဆုံးသူ ၈၀၃ ဦးရွိခဲ့ၿပီး ကူးစက္ခံရသူ ၃၆၆၉၃ ဦးထိ ရွိလာၿပီျဖစ္သလို ကမာၻတစ္ဝန္းမွာဆိုရင္ ႏိုင္ငံေပါင္း ၂၄ ႏိုင္ငံကို ပ်ံ႕ႏွံ႔ကူးစက္ေနၿပီ ျဖစ္ပါတယ္။

ဒီေရာဂါက အေစာဆုံးအေနနဲ႔  ႏိုင္ငံတကာခရီးသြားလုပ္ငန္းကို ဆိုး႐ြားစြာထိခိုက္ခဲ့ပါတယ္။ WHO က ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံကို တ႐ုတ္နဲ႔ဆိုင္ရာ သတိေပးခ်က္ေတြ ထုတ္ခဲ့တဲ့အတြက္ ကမာၻ႔ကုန္သြယ္မႈမွာ အႀကီးဆုံးျဖစ္ေနတဲ့ တ႐ုတ္ကုန္သြယ္မႈ ထိခိုက္လာႏိုင္ေျခမ်ားေနပါတယ္။ဒါ့အျပင္ ကမာၻတစ္ဝန္းမွာ ဒီေရာဂါပိုးေၾကာင့္ ခြဲျခားဆက္ဆံမႈေတြ ျဖစ္ထြန္းစျပဳလာတဲ့အတြက္ ႏိုင္ငံေခါင္းေဆာင္ေတြက ဆိုးဝါးတဲ့ ဒီအျပဳအမူမ်ိဳးကို လက္မခံေၾကာင္း ေျပာေနရပါတယ္။ဒါက ဒီဗိုင္းရပ္စ္ေၾကာင့္ျဖစ္လာတဲ့ သက္ေရာက္မႈေတြပါ။

ဗိုင္းရပ္စ္ စတင္ျပန႔္ပြားခဲ့တဲ့ တ႐ုတ္ျပည္မွာလည္း အေစာပိုင္းက ေႁမြကေနစခဲ့တယ္လို႔ မွန္းဆခဲ့ေပမယ့္ ေနာက္ပိုင္းမွာ လင္းႏို႔ကေန စခဲ့တယ္ဆိုတာကို ေဖာ္ထုတ္ခဲ့ပါတယ္။ဒီေနာက္မွာ လက္ခံဗိုင္းရပ္စ္အတြက္ လက္ခံသတၱဝါတစ္ေကာင္ ရွိရမယ္ဆိုၿပီး ခန႔္မွန္းမႈေတြရွိရာမွာ အိမ္ေမြးတိရိစာၦန္ေတြကို မွန္းဆခဲ့လို႔ တ႐ုတ္ျပည္မွာ အိမ္ေမြးတိရစာၦန္ေတြကေနတစ္ဆင့္ ဗိုင္းရပ္စ္ကူးစက္မွာ စိုးရိမ္ေၾကာက္လန႔္မႈေတြ ရွိလာခဲ့ပါတယ္။ဒီအက်ိဳးဆက္ေၾကာင့္ အိမ္ေမြးတိရစာၦန္ေတြကို စြန႔္ပစ္တာေတြအထိ ျဖစ္လာခဲ့ပါတယ္။

ယခုရက္သတၱပတ္အတြင္းမွာေတာ့ လက္ခံသတၱဝါက ထင္သလိုမဟုတ္ဘဲ သင္းေခြခ်ပ္ေတြလို႔ ဆိုပါတယ္။ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ စားေသာက္ဆိုင္ေတြ ကုန္စုံဆိုင္ေတြမွာ အြန္လိုင္းကေနမွာၿပီး လိုက္ပို႔တဲ့လုပ္ငန္းက အဓိကျဖစ္လာပါတယ္။တခ်ိဳ႕ၿမိဳ႕ေတြမွာ  တစ္အိမ္ေထာင္ကို ႏွစ္ရက္သာ ကုန္ပစၥည္းဝယ္ဖို႔ ခြင့္ျပဳခဲ့ပါတယ္။ထိန္းခ်ဳပ္မႈေတြ လုပ္ခဲ့ေပမယ့္ ေရာဂါက ပ်ံ႕ႏွံ႔ဆဲပါ။ေမြးဖြားကာစ ရက္ ၃၀ သာရွိေသးတဲ့ ကေလးငယ္ေတာင္ ကူးစက္ခံခဲ့ရပါတယ္။စင္ကာပူမွာေတာ့ လူအေသအေပ်ာက္စ ရွိလာခဲ့တဲ့အတြက္ ေၾကာက္လန႔္ၿပီး လူသုံးကုန္ပစၥည္းေတြ စုေဆာင္းဝယ္ယူခဲ့ၾကလို႔ ကုန္ပစၥည္းေတြ ျပတ္လပ္ခဲ့သလို ေဟာင္ေကာင္မွာေတာ့ အိမ္သာသုံးစကၠဴေတြ ကုန္ၿပီဆိုတဲ့ ေကာလာဟလေၾကာင့္ အိမ္သာသုံးစကၠဴေတြကို အလုအယက္ဝယ္ၾကတာေတြ ျဖစ္လာခဲ့ပါတယ္။

တစ္ကယ္က ကမာၻမွာျပတ္လပ္ေနတဲ့ အေရးပါတဲ့ပစၥည္းက ေရာဂါကာကြယ္ေရးအတြက္ အေရးပါတဲ့ Mask ေတြပါ။ WHO ၫႊန္ခ်ဳပ္က Mask ေတြ ျပတ္လပ္ေနၿပီလို႔ သတိေပးခဲ့ပါတယ္။ပုံမွန္ထက္ ႏွစ္ဆေက်ာ္ေစ်း ေပးေနရတဲ့ mask ေတြကို ေစ်းခ်ိဳခ်ိဳနဲ႔ ထုတ္ေပးသူေတြကို ခ်ီးက်ဴးခဲ့ပါတယ္။ဗိုင္းရပ္စ္ေၾကာင့္ လူသန္း ၆၀ နီးပါးကို ေနအိမ္ထဲ တားျမစ္ထားရခ်ိန္မွာ ကို႐ိုနာဗိုင္းရပ္စ္ရွိလို႔ ဂ်ပန္ႏိုင္ငံဆိပ္ကမ္းမွာ ရပ္တန႔္ထားရတဲ့ လူေပါင္း  ၃၇၁၁ ဦး လိုက္ပါလာတဲ့ ဂ်ပန္အေပ်ာ္စီးသေဘၤာ Diamond Princess ကိစၥကလည္း စိုးရိမ္စရာပါ။လက္ရွိခရီးသည္ ၂၇၃ ဦးကို စစ္ေဆးၿပီးတဲ့အခါမွာ ကူးစက္ခံရသူ ၆၁ ဦး ရွိေနပါတယ္။ဒီအတြက္ အကုန္စစ္ၿပီးရင္ ဘယ္ႏွစ္ေယာက္ေတာင္ ေရာဂါကူးစက္ခံရမလဲဆိုတာ မသိေသးပါဘူး။ရင္ေလးစရာ အေျခအေနပါ။

ဒီလိုစိုးရိမ္စိတ္ပ်က္စရာေတြရွိေပမယ့္ ေတာင္ကိုရီးယားက ခရစ္ယာန္ဘုရားေက်ာင္းတစ္ခုမွာေတာ့ ေဖေဖာ္ဝါရီ ၇ ရက္က ဗိုင္းရပ္စ္ကူးစက္ေနမႈ ထိတ္လန႔္စိတ္ကိုအံတုၿပီး ေထာင္နဲ႔ခ်ီတဲ့စုံတြဲေတြ စုေပါင္းၿပီး မဂၤလာလက္ထပ္ပြဲတစ္ခုကို က်င္းပခဲ့ပါတယ္။အခမ္းအနားမွာ စုံတြဲေတြက ႏွာေခါင္းစည္းေတြတပ္လ်က္သား လက္ထပ္ခဲ့ၾကသလို တက္ေရာက္လာတဲ့သူေတြကိုလည္း ႏွာေခါင္းစည္း (Mask) ေတြ ေပးေဝခဲ့ၾကပါတယ္။ဒီဗိုင္းရပ္ကူးစက္မႈက ကမာၻ႔ျပႆနာျဖစ္လာတဲ့အတြက္ အဲဒီေဖေဖၚဝါရီ ၇ ရက္မွာဘဲ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ က တ႐ုတ္သမၼတ ရွီက်င့္ဖိန္ ကို ဖုန္းဆက္ကာ ကို႐ိုနာဗိုင္းရပ္စ္အေရး ေဆြးေႏြးခဲ့ၾကပါတယ္။ဒါဟာ မၾကာခင္က တြစ္တာကေနတစ္ဆင့္ တ႐ုတ္လိုအပ္တဲ့ ဗိုင္းရပ္စ္ကာကြယ္ေရးပစၥည္းေတြ ကူညီမယ္လို႔ ေျပာခဲ့အၿပီး ေတြ႕တာပါ။ဒါ့အျပင္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ အြန္လိုင္းေပၚမွာ  သတင္းေတြ ဆက္တိုက္တက္ေနတာေတြရွိပါတယ္။ဒီထဲမွာ မဟုတ္တာရွိသလို ဟုတ္တာလည္းရွိပါတယ္။မဟုတ္တာမ်ားတဲ့အတြက္ WHO ဘက္က သတင္းမွားေတြက ေရာဂါတိုက္ဖ်က္ေရးကို ခ်ိနဲ႔ေစတယ္ဆိုၿပီး ေျပာခဲ့ရတဲ့အထိပါဘဲ။ဒီလိုသတင္းမွားေတြေၾကာင့္ အမ်ားျပည္သူၾကား ထိန္လန႔္ေစတဲ့အတြက္ သက္ဆိုင္ရာႏိုင္ငံေတြက တင္းတင္းၾကပ္ၾကပ္ကိုင္တြယ္ရာမွာ ယခုရက္သတၱပတ္ထဲမွာ အင္ဒိုနီးရွားမွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္တဲ့ သတင္းမွားလႊင့္တဲ့ အမ်ိဳးသမီးႏွစ္ဦးကို ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။အလ်င္အျမန္ ပ်ံ႕ႏွံ႔ျဖစ္ပြားေနတဲ့ ကို႐ိုဗိုင္းနာရပ္စ္ တိုက္ဖ်က္ေရးအတြက္ အေမရိကန္ႏိုင္ငံဟာ တ႐ုတ္နဲ႔ အျခားျဖစ္ပြားရာႏိုင္ငံေတြကို အေမရိကန္ေဒၚလာ သန္း ၁၀၀ လႉဒါန္းခဲ့ပါတယ္။ယခုရက္ထဲမွာဘဲ ကို႐ိုနာဗိုင္းရပ္စ္အေၾကာင္း အေစာဆုံးသတိေပးခဲ့တဲ့ ဆရာဝန္ျဖစ္တဲ့ မ်က္စိအထူးကုဆရာဝန္ လီဝန္လွ်ံ ဒီေရာဂါနဲ႔ပဲ ေသဆုံးခဲ့ပါတယ္။ဒီအတြက္ တ႐ုတ္ျပည္သုံး လူမႈကြန္ရက္ ဝီဘိုမွာ ဆရာဝန္ကို အေရးယူမႈျပဳလုပ္ခဲ့တဲ့သူေတြအေပၚ အေရးယူဖို႔ ျပစ္တင္ေတာင္းဆိုမႈေတြ လုပ္ခဲ့ၾကပါတယ္။

ဒီအတြက္ တ႐ုတ္ဗဟိုအစိုးရက ေဖေဖၚဝါရီ ၇ ရက္မွာ စုံစမ္းစစ္ေဆးမႈေတြလုပ္ဖို႔ စုံစမ္းစစ္ေဆးေရးအဖြဲ႕ကို ေစလႊတ္ခဲ့ပါတယ္။ဒါဟာ ဗဟိုခ်ဳပ္ကိုင္မႈမ်ားတာလား၊ ေနရာတကာမွာ အေပၚဖားေအာက္ဖိေတြေၾကာင့္ မျဖစ္သင့္တာ ျဖစ္ခဲ့ရတာလား ဆိုတာကို ေဖာ္ထုတ္ႏိုင္ေပမယ့္ အေရးယူမႈ ရွိ/မရွိ ဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။

အာရွမွာ အျမစ္တြယ္ေနတဲ့ အထက္အရာရွိဆို မ်က္ႏွာေကာင္းရခ်င္တဲ့စိတ္က ေၾကာက္စရာပါ။အျဖစ္မွန္ကို တင္ျပရမွာထက္ ကိုယ္ထိမွာ၊ အျပစ္တင္ခံရမွာ၊ ရာထူးထိခိုက္မွာကိုစိုးၿပီး ကိုယ္ထက္ေတာ္တဲ့ကိုယ္ထက္ ပိုသတိထားမိတဲ့သူေတြကို အသိအမွတ္ျပဳေပးရမွာစိုးတဲ့စိတ္ေၾကာင့္ ကမာၻ႔ရာဇဝင္မွာ မေသသင့္ဘဲ၊ မရႈံးသင့္ဘဲတိုက္ပြဲေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ဒီမ်က္စိဆရာဝန္ လီဝန္လွ်ံကိစၥမွာ တာဝန္ယူမႈတာဝန္ခံမႈေတြ ဘာေတြျဖစ္လာမလဲ၊ ဒီဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ပါ့မလား၊ ေနာက္ထပ္ လူအေသအေပ်ာက္ ဘယ္ေလာက္ထိရွိလာမလဲဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲရပ္တန႔္လိုက္ခ်င္ပါတယ္။

မင္းထက္
ေဖေဖာ္ဝါရီ - ၁၀