【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် လက်ကျန်သက်တမ်းမှာ ဘာတွေမီးမွှေးနိုင်သလဲ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ထရမ့် လက်ကျန်သက်တမ်းမှာ ဘာတွေမီးမွှေးနိုင်သလဲ

ယခုရက်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ သတိထားမိခဲ့တဲ့သတင်းတွေ အတော်လေးဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းတွေထဲမှာ ကိုဗစ်-၁၉ ကုသဆေး သတင်းတွေ၊ နိုင်ငံတကာမှာဖြစ်နေတဲ့ စစ်မက်သတင်းတွေနဲ့ အမေရိကန်နိုင်ငံရေးအကျပ်အတည်း သတင်းတွေက သတိထားစရာဖြစ်ခဲ့ပါတယ်။ဒီလိုသတင်းတွေအပြင် တခြားသတင်းအချို့ကိုလည်း သတိထားမိခဲ့တာရှိပါတယ်။အီသီယိုးပီးယားမှာ ခွဲထွက်ရေးအဖွဲ့က ပြည်တွင်းကိုကျော်လွန်ပြီး အိမ်နီးချင်း အီရီထရီးယားနိုင်ငံ မြို့တော် လေဆိပ်ကိုပစ်ခတ်ခဲ့လို့ စစ်ပွဲကျယ်ပြန့်လာတဲ့သတင်း၊ အီဂျစ်မှာ နှစ်၂၅၀၀ ကျော် သက်တမ်းရှိတဲ့ ခေါင်းတလား ၁၀၀ ကျော်ရှိတဲ့ ရှေးဟောင်းသိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တဲ့သတင်း၊ ဘင်္ဂလားဒေ့ရှ် ရေတပ်မှာ တရုတ်ထုတ် ခေတ်မီစစ်သင်္ဘောငါးစင်း တပ်တော်ဝင်ခဲ့တဲ့သတင်း၊ တိုင်ပေနှင့် အပြန်အလှန်ဆက်သွယ်မှု သို့မဟုတ် အဆက်အသွယ်များကို ရပ်တန့်ရန် တရုတ်ကတောင်းဆိုခဲ့တဲ့သတင်း၊ SpaceX က အာကာသယာဉ်မှူးလေးဦးကို Crew Dragon “Resilience” ဒုံးပျံဖြင့် နိုင်ငံတကာအာကာသယာဉ်စခန်းဆီ ပို့လွှတ်တင်နိုင်ခဲ့တဲ့သတင်း၊ တရုတ်တောင်ပိုင်းက မြစ်တစ်စင်းထဲ ပြုတ်ကျခဲ့တဲ့ ကျောင်းသူကို ဆင်းကယ်ပေးခဲ့တဲ့ ဗြိတိန်သံတမန်တစ်ဦးကို တရုတ်အစိုးရက ချီးကျူးခဲ့တဲ့သတင်း၊ အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ဆူမားတြားပြည်နယ် မှာ  အင်အားရစ်ချ်တာစကေး (၆.၃) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့သတင်း၊ မက္ကဆီကို ကာကွယ်ရေးဝန်ကြီးဟောင်း ဗိုလ်ချုပ်ကြီး ဆယ်ဗေးဒိုး ဆီယင်ဖွေဂိုး Salvador Cienfuegos ကို မူးယစ်ဆေးမှောင်ခိုမှု၊ ငွေမည်းခဝါချမှုတွေနဲ့ အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးတရားစွဲထားရာကနေ တရားဝင်လွှတ်ပေးလိုက်တဲ့ သတင်းတွေကလည်း သတိထားဖတ်မိခဲ့တဲ့ သတင်းတွေပါ။
ဒီထဲက ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းကို သက်ရောက်နိုင်တဲ့ အမေရိကန် သမ္မတရာထူးအပြောင်းအလဲ တင်းမာမှုသတင်းကို ပထမဆုံးတင်ပြချင်ပါတယ်။

အမေရိကန် နိုင်ငံရေးအကျပ်အတည်း

လက်ရှိ အမေရိကန်နိုင်ငံရေးပြဿနာက ဘာတစ်ခုမှ မှန်းလို့မရသေးတဲ့ အနေအထားပါ။ပြီးခဲ့တဲ့ စနေနေ့ကဆိုရင် ထရမ့် ကို ထောက်ခံတဲ့သူတွေ ဝါရှင်တန်ဒီစီအထိ တက်လာခဲ့လို ထရမ့် ကို ဆန့်ကျင်တဲ့သူတွေနဲ့ ထိပ်တိုက်တွေ့ပြီး လူငယ်တစ်ယောက် ဓားထိုးခံရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒါ့အပြင် လက်နက်ကိုင်အရပ်သားတွေကပါ လမ်းတစ်ဖက်တစ်ချက်ကနေ စောင့်ကြည့်နေခဲ့လို့ ရဲတပ်ဖွဲ့က လူစုခွဲရတာတွေ၊ ထိန်းသိမ်းရတာတွေအထိ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ပြီးခဲ့တဲ့ရွေးကောက်ပွဲရလဒ်ကို လက်မခံတဲ့ပြဿနာပါဘဲ။

ဒါဟာ နိုင်ငံကိုမတည်မငြိမ်ဖြစ်စေတဲ့အတွက် နိုင်ငံရဲ့လုံခြုံရေးမှာ အရေးပါတဲ့နေရာမှာ တာဝန်ယူခဲ့ကြတဲ့  အမျိုးသားလုံခြုံရေးအရာရှိဟောင်း ၁၅၀ ကျော်က လက်ရှိသမ္မတ ထရမ့် ကို ရွေးကောက်ပွဲရလဒ်ကို လက်ခံဖို့၊ ဘိုင်ဒင် အနိုင်ရတာကို လက်ခံပေးဖို့ တောင်းဆိုခဲ့ရတဲ့အထိပါဘဲ။ဘိုင်ဒင်အနေနဲ့ သမ္မတသစ်ဖြစ်လာမယ့်သူဖြစ်လို့ နေ့စဉ် လုံခြုံရေးအစီရင်ခံစာတွေ သိရှိဖို့ လတ်တလောမှာ လိုနေပါတယ်။ဒါပေမယ့် ထရမ့် ဩဇာအာဏာကို နာခံနေရတဲ့ အုပ်ချုပ်ရေးအဖွဲ့က ဘိုင်ဒင်ဆီကို နေ့စဉ်လုံခြုံရေးအစီရင်ခံစာကို မပေးပို့လို့ ဒါဟာကြာရှည်မှာ နိုင်ငံအတွက် လုံခြုံရေးအရ ထိခိုက်ဆိုးရွားနိုင်တဲ့ကိစ္စဖြစ်နေလို့ အမျိုးသားလုံခြုံရေးအရာရှိဟောင်းတွေက ထရမ့် ကို ယခုလိုတိုက်တွန်းခဲ့တာဖြစ်ပါတယ်။

ထရမ့်အနေနဲ့ ဘယ်လိုရွေးကောက်ပွဲရလဒ်ကို ငြင်းဆန် ငြင်းဆန် အချိန်ကြာလာတာနဲ့အမျှ ဘိုင်ဒင်ဘက်က အားသာလာနေပါတယ်။အစောပိုင်းက ရီပတ်ဘလီကင်အများစုက ထရမ့်ဘက်ကို ယိမ်းပေမယ့် နောက်ပိုင်းမှာ ဘိုင်ဒန် ကို နောက်တက်မယ့်သမ္မတအဖြစ် သဘောထားဆက်ဆံသင့်တာကို ပြခဲ့ပါတယ်။ထရမ့်တားခဲ့တဲ့ နေ့စဉ်လုံခြုံရေးအကျဉ်းချုံးတင်ပြမှုကို ရီပတ်ဘလီကင်ဘက်က ထင်ရှားတဲ့သူတွေကိုယ်တိုင်က ဘိုင်ဒန် ကို ပေးပို့ရင်လည်း ပြဿနာမရှိဘူးလို့ ပြောခဲ့တဲ့အတွက် ဒါဟာ ရွေးကောက်ပွဲပါရလဒ်ကို ဖယ်ရှားလို့မရဘူးဆိုတာ ပြလိုက်သလိုပါဘဲ။

ထရမ့်အနေနဲ့ အိမ်ဖြူတော်ကနေထွက်ခွာဖို့ဆိုတာ သူ့အတွက် ခက်ခဲတဲ့အရေးပါဘဲ။စိတ်ထင်ရာလုပ်တတ်တဲ့ စရိုက်ရှိတဲ့ ထရမ့် ကို ရွေးကောက်မိခဲ့တဲ့ ပြီးခဲ့တဲ့ ၅ နှစ်တာအတွင်း အမေရိကန်အနေနဲ့ မဟာဗျူဟာကျတဲ့ အနေအထားကနေ ဆုတ်ခွာခဲ့ရသလို ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းမှာလည်း ဩဇာတိက္ကမရှိတဲ့ နေရာကနေ ဖယ်ပေးခဲ့သလိုဖြစ်ခဲ့ရပါတယ်။ထင်ရာလုပ်တတ်တဲ့ ဒေါသကြီးတတ်တဲ့ ထရမ့်ရဲ့ စရိုက်က ယခုလိုရှုံးနိမ့်တဲ့အခါ အထင်အရှားပေါ်လာခဲ့ပါတယ်။ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ခဲ့တဲ့ ထရမ့်ဟာ ယခုရက်သတ္တပတ်မှာ ရွေးကောက်ပွဲမှာ သူအစဉ်တစ်စိုက်စွပ်စွဲခဲ့တဲ့ မဲမသမာမှုရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေကို ပယ်ချခဲ့တဲ့ ရွေးကောက်ပွဲလုံခြုံရေးအရာရှိကို အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

ရွေးကောက်ပွဲ လုံခြုံရေးအရာရှိ ခရစ် ကရက်ဘ်စ်အဖို့ ဒါဟာကြိုမျှော်လင့်ပြီးသားလို့ ပြောခဲ့ပါတယ်။

ထရမ့်အနေနဲ့ သူပြောခဲ့တဲ့စကားအတိုင်းဆိုရင် နောက်ထပ်ထုတ်ပယ်ခံရမယ့်သူဟာ ကူးစက်ရောဂါဆိုင်ရာပညာရှင် ဒေါက်တာဖော်စီဖြစ်ဖို့ သေချာနေပါတယ်။ထရမ့်အနေနဲ့ ကာကွယ်ဆေးကို ရွေးကောက်ပွဲမတိုင်ခင် ရရှိနိုင်မယ်ဆိုပြီး မဲဆန္ဒရှင်တွေကို ကတိပေးခဲ့ပေမယ့် ဖော်စီနဲ့ WHO က ကာကွယ်ဆေးလုပ်ငန်းစဉ်တွေကို အတိအကျလိုက်နာဖို့ မလောဖို့ အတန်တန်သတိပေးခဲ့သလိုအမေရိကန် FDA ကိုလည်း ခွင့်ပြုချက်ပေးရာမှာ ထရမ့်အစိုးရရဲ့ ဖိအားပေးမှာကို ကြိုသတိပေးခဲ့တဲ့အတွက် ထရမ့်အနေနဲ့ ဖော်စီအပေါ် အတော်လေးကို မကျေလည်ဟန်တူပါတယ်။ဒါပေမယ့် ထုံးတမ်းစဉ်အတိုင်းဆိုရင် ထရမ့်အတွက် ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုဘဲငြင်းဆန်နေသည်ဖြစ်စေ နိုင်ငံတည်ငြိမ်ရေးအတွက် နောက်ဆုံးမှာ ရီပတ်ဘလီကင်တွေအနေနဲ့ လက်ခံပေးရမှာဖြစ်လို့ ထရမ့်အတွက် လက်ကျန်သက်တမ်းအချိန်က နည်းနေပါပြီ။

ထရမ့်အနေနဲ့ ဒီလက်ကျန်ကာလအတွင်းမှာ သူပြောခဲ့တဲ့အတိုင်း အရှေ့အလယ်ပိုင်းက တပ်တွေရုတ်သိမ်းဖို့ အစီအစဉ်ကို ဆက်လုပ်ခဲ့ပြီး ခေတ္တကာကွယ်ရေးဝန်ကြီးက ဒီအစီအစဉ်ကို ယခုရက်ထဲမှာ ကြေညာခဲ့ပါတယ်။ဒါဟာ ထရမ့်အနေနဲ့ နောက်ဆုံးအချိန်ထိ သူ့လုပ်ပိုင်ခွင့်အတိုင်း ဖက်တွယ်အသုံးချခဲ့တာဖြစ်ပါတယ်။ဒီလုပ်ရပ်ကို သူ့ပါတီဝင်တွေနဲ့ မဟာမိတ်နိုင်ငံတွေက သိပ်သဘောမကျသလို တပ်များကို အလျှင်စလိုရုတ်သိမ်းနေတာ အကြမ်းဖက်သမားတွေကို ပြန်ခေါင်းထောင်လာစေဖို့ အခွင့်အရေးပေးနေသလိုဖြစ်တဲ့အတွက် အန္တရာယ်ရှိတယ်ဆိုပြီး သတိပေးကြပါတယ်။ထရမ့်အနေနဲ့ ဘိုင်ဒင် ကို မဖြစ်မနေအာဏာလွှဲပေးခဲ့ရရင်တောင် တပ်ရုတ်သိမ်းပြီး ၅ ရက်မှ လွှဲပေးရမှာဖြစ်တဲ့အတွက် ဘိုင်ဒင်အနေနဲ့ ဘာမှလုပ်ခွင့်ရှိခဲ့မှာမဟုတ်ပါဘူး။ဒီလိုတပ်ရုတ်သိမ်းတဲ့ အစီအမံကို ရီပတ်ဗလစ်ကန်ခေါင်းဆောင်တွေနဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ်တို့က ပြတ်ပြတ်သားသား ဝေဖန်ခဲ့ပါတယ်။အထူးသဖြင့် အာဖဂန်ရှိ အမေရိကန်တပ်တွေကို သိပ်စောပြီးရုတ်သိမ်းလိုက်ရင် နေတိုးအဖွဲ့အတွက် ပေးဆပ်မှုကြီးမားလိမ့်မယ်လို့ နေတိုးအဖွဲ့က ပြောခဲ့ပါတယ်။

ထရမ့်လို သမ္မတမျိုးက အမေရိကန်သမိုင်းမှာ အတော်လေးကို အန္တရာယ်ကြီးတဲ့သမ္မတထဲမှာ ပါပါတယ်။ထရမ့် ရာထူးကနေ လက်လွှတ်ခါနီး ထွက်လာတဲ့သတင်းတွေအရဆိုရင် ကမ္ဘာအနေနဲ့ အန္တရာယ်ကြီးတဲ့စစ်ကို ကပ်လွတ်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ ထရမ့်အနေနဲ့ ရွေးကောက်ပွဲရလဒ်ပျက်ပြယ်ဖို့သာ အားထုတ်နေတာတွေ့ရပြီး ရှုံးနိမ့်ခဲ့ရတဲ့ ဝစ္စကွန်ဆင်ပြည်နယ်က ဒီမိုကရက်တွေကို အထောက်ခံဆုံး အကြီးဆုံးခရိုင်နှစ်ခုမှာ မဲပြန်ရေဖို့ ကုန်ကျစရိတ် ဒေါ်လာ ၃ သန်း ကိုတောင် ထုတ်ပေးခဲ့ပြီးပါပြီ။ဒီပြည်နယ်က မဲရလဒ်ရေတွက်ရာမှာ ကနဦးက ထရမ့် က ဦးဆောင်နေခဲ့ပေမယ့် နောက်ပိုင်းမှာ ဒီမိုကရက်တစ်တွေက အနိုင်ရခဲ့တာပါ။ဒီလိုလုပ်ဆောင်တဲ့ ရည်ရွယ်ချက်က လက်ရှိသက်တမ်းကို အငြင်းပွားမှုတွေနဲ့ ဆွဲဆန့်နေချင်တာလားဆိုတာ စဉ်းစားရခက်စရာပါ။ဒါ့အပြင် ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ထရမ့် က အီရန်ကိုတိုက်ခိုက်ဖို့ နည်းလမ်းကို ထိပ်တန်းလုံခြုံရေးအရာရှိများ အစည်းအဝေးမှာ တောင်းခဲ့တယ် ဆိုပါတယ်။နောက်ပိုင်းမှ ဒီအကြံကိုရုပ်သိမ်းခဲ့တာ ဆိုပါတယ်။တစ်ခုထူးနေတာက ထရမ့်ရဲ့ အရင်းအခြာ မဟာမိတ် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယို က နိုင်ငံတကာအသိအမှတ်မပြုတဲ့ အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းကို သွားရောက်ခဲ့ဖို့ စီစဉ်နေတာရှိပါတယ်။ဒီလိုလုပ်ရင် ကမ္ဘာ့နိုင်ငံတွေ အထူးသဖြင့် အမေရိကန်ရဲ့ အရှေ့အလယ်ပိုင်းက အာရပ်မိတ်ဆွေတွေ ဒေါသူပုန်ထစရာပါ။ထရမ့်အနေနဲ့ ဒါဟာ နောက်ဆုံးမို့လို့ လုပ်ချင်ရာလုပ်နေတာလား၊ နောက်ဆက်ခံမယ့် ဘိုင်ဒင် အခက်တွေ့အောင် လုပ်နေတာလားဆိုတာ စဉ်းစားချင်စရာပါ။

ထရမ့်ရဲ့ လုပ်ရပ်တွေက သိပ်ပြီးတော့ မူမှန်တဲ့လက္ခဏာတော့ မရှိတော့ပါဘူး။ဇန်နဝါရီ ၂၀ မှ ဘိုင်ဒင် ကို အာဏာမလွှဲခင် ထရမ့် ဘာတွေ ထင်ရာလုပ်ဦးမလဲဆိုတာ တစ်ကမ္ဘာလုံး ရင်တမမဆက်စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

ကုသဆေးနဲ့ ရာသီဥတုကပ်ဘေး

ကပ်ရောဂါကြောင့် ကမ္ဘာတစ်လွှား သေဆုံးသူဦးရေ သန်းချီရှိလာတဲ့အချိန်မှာ ကမ္ဘာ့ပြည်သူတွေအတွက် ကာကွယ်ဆေးမျှော်လင့်ချက်က ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။ဒီရက်ပိုင်းအတွင်း တတိယအဆင့် လူနဲ့စမ်းသပ်နေတဲ့ Pfizer ထုတ်ဆေးရဲ့ ရလဒ်တွေကို ထုတ်ပြန်ခဲ့သလို ဆက်တိုက်ဆိုသလိုဘဲ Moderna ၊ အောက်စဖို့ဒ်နဲ့ Astra Zeneca တို့ကပါ  တတိယအဆင့်ရလဒ်တွေကို ထုတ်ပြန်ခဲ့တဲ့အတွက် ကာကွယ်ဆေးက လက်တစ်ကမ်းထိရောက်လာခဲ့ပါတယ်။ဆေးတွေမှာ Pfizer ဆေးက ထိရောက်မှုရာခိုင်နှုန်း ၉၀ ရာခိုင်နှုန်းကျော်၊ Moderna က ထိရောက်မှု ၉၅ ရာခိုင်နှုန်း၊ Sputnik V ကာကွယ်ဆေးက အာနိသင်ထက်မြက်မှု ၉၂ ရာခိုင်နှုန်းဆီရှိကြောင်း ထုတ်ပြန်ခဲ့ကြတာကို တွေ့ရပါတယ်။

လက်တစ်ကမ်းထိရောက်လာသည့် ဆေးထဲတွင် အထိရောက်နိုင်ဆုံးဖြစ်သည့်ဆေးက ခန့်မှန်းရခက်နေဆဲဖြစ်ပါတယ်။အထူးသဖြင့် ဆေးများကိုသိုလှောင်ရာမှာ ဖြစ်လာနိုင်သည့် အပူချိန်နှင့် သယ်ယူပို့ဆောင်ရေးက ပြဿနာတစ်ခုအဖြစ်ရှိနေပါတယ်။အစောပိုင်းရလဒ်ကောင်း ထုတ်ပြန်နိုင်ခဲ့သည့် Pfizerထုတ်ဆေးမှာ အနုတ် ၇၅ ဒီဂရီ ဆဲလ်ဆီးရပ်စ် အပူချိန်မှာ ထားဖို့လိုသဖြင့် အတော်လေးခက်ခဲနေခဲ့ကာ အထူးပြုလုပ်ထားသည့် အအေးခန်းများဖြင့် ဆေးကိုသယ်ယူရန် လိုနေသော်လည်း နောက်ပိုင်း Moderna ဆေးက အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်ဆီးရပ်စ်သာ လိုခဲ့သဖြင့် သာမန်သုံးရေခဲသေတ္တာဖြင့် ထည့်ဆောင်သိုမှီးလို့ရသဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်သည့်ဆေးက Modena ဖြစ်လာမလားဆိုသည့် မျှော်လင့်ချက်ထွက်လာခဲ့ပါတယ်။

ကာကွယ်ဆေးရလဒ်ကောင်းများကြောင့် ကမ္ဘာအနေဖြင့် ယခင်လို နေထိုင်သွားလာခွင့်ရတော့မည်ဆိုတဲ့ ယူဆချက်တွေ ထွက်လာခဲ့သလို ကာကွယ်ဆေးလုပွဲဖြစ်လာနိုင်သည့် အရိပ်ယောင်များလည်း ထွက်လာခဲ့ပါတယ်။တစ်နှစ်မျှမပြည့်မီ ကာလတိုအတွင်း ရောဂါဆိုးကြီးတစ်ခုကို ထိုမျှလောက် ထိထိရောက်ရောက် ကာကွယ်နိုင်သည့် ကာကွယ်ဆေးများ တီထွင်နိုင်ခြင်းသည် အံ့ဩချီးကျူးစရာ ဆေးပညာမှတ်တိုင်သစ်ဆိုနိုင်သော်လည်း တစ်ဖက်တွင် အကျိုးအမြတ်ကြီးမားလှသည့် ထိုဆေးစျေးကွက်အတွက် လက်ဦးမှုရယူကာ ကုန်စင်အောင်စစ်ဆေးခြင်းမရှိသည့် ဆေးကို ခွင့်ပြုချက်ပြုခဲ့ပါက နောက်ဆက်တွဲဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးဘေးကိုပါ ထည့်တွက်သတိထားမှုတွေ ရှိလာပါတယ်။

အထူးသဖြင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က ကာကွယ်ဆေးပေါ်ထွက်လာရင်တောင် ယခုလက်ရှိ mask တပ်ခြင်းကဲ့သို့ ခပ်ခွာခွာနေခြင်းကဲ့သို့သော နေထိုင်မှုကို ဆက်လက်ကျင့်သုံးနေရဦးမည်ဖြစ်ပြီး ကာကွယ်ဆေးမှာ လာမည့်နှစ် ပထမလေးလမှသာ ကျယ်ကျယ်ပြန်ပြန့် လက်လှမ်းမီလာနိုင်တယ်လို့ သတိပေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

ကာကွယ်ဆေးသတင်းနှင့်အတူ အီးယူနှင့်ချမ်းသာသည့် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများက အဆိုပါ Pfizer နှင့် Moderna မှ သန်းရာနှင့်ချီသည့် ဆေးပမာဏကိုဝယ်ယူရန် ကြိုစာချုပ်ချုပ်ဆိုထားခဲ့သဖြင့် နောက်နှစ်သုံးလေးလအထိ ဆေးရရန်က မလွယ်ကူနိုင်သည့်အနေအထား ရှိနေပါတယ်။အထူးသဖြင့် ဆင်းရဲသည့်နိုင်ငံအများစုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံများမှာ ကာကွယ်ဆေးရရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ဦးဆောင်သည့် ကမ္ဘာ့နိုင်ငံအများအပြား စုပေါင်းပါဝင်သည့်  Covax ဆိုသည့် စီမံကိန်းကိုသာ အားထားရဖွယ်အခြေအနေလည်း ဖြစ်နေပါတယ်။

အထူးသဖြင့် Covax ဆိုသည့် စီမံကိန်းထဲပါဝင်သည့် တရုတ်နိုင်ငံမှာ နောက်ဆုံးအဆင့်စမ်းသပ်နေသည့် ကာကွယ်ဆေး လေးငါးခြောက်မျိုးထဲပါဝင်သည့် SinoVac ကုမ္ပဏီက တီထွင်သည့် CoronaVac ဆေးဝါးက နိုင်ငံပေါင်း ၆ နိုင်ငံတွင် စမ်းသပ်နေရာ ရလဒ်ကောင်းတွေထွက်နေသလို အောင်မြင်ပါက ကိုဗစ်ကာကွယ်ဆေးစျေးကွက်ကို စျေးချိုချိုဖြင့် ဖြန့်ဖြူးနိုင်သည့်အနေအထားရှိနေသဖြင့် နိုင်ငံအများစုအတွက် လက်လှမ်းမီစရာဖြစ်လာနိုင်ခြေရှိနေပါတယ်။

လက်ရှိမှာ ရုရှားထုတ် ကိုဗစ်ကာကွယ်ဆေး Sputnik V COVID-19 ကာကွယ်ဆေးကို WHO ၏ အရေးပေါ်အသုံးပြုခွင့်စာရင်းတွင် ပါဝင်ရေး လျှောက်ထားဖို့လုပ်နေသလို ဒီဆေး ၁၀ သန်းကို ဗင်နီဇွဲလားအစိုးရကလည်း ဝယ်ယူဖို့ မီးစိမ်းပြထားပါတယ်။ Pfizer ကုမ္ပဏီဆိုရင် COVID-19 ကာကွယ်ဆေးထိုးခြင်း ရှေ့ပြေးအစီအစဉ်ကို အမေရိကန်ပြည်နယ်လေးခုမှာ မကြာခင်စတင်တော့မှာဖြစ်ပါတယ်။တခြားတစ်ဖက်မှာလည်း ကာကွယ်ဆေး သတင်းကောင်းများကြောင့် မပေါ့လျော့ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးနေပြီး ကာကွယ်ဆေးတစ်မျိုးမျိုး ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်ရေးက အချိန်လိုသေးတယ်ဆိုတာကို သတိပေးနေပါတယ်။

ကမ္ဘာတလွှား ယခုလက်ရှိမှာ ကူးစက်ကပ်ရောဂါကူးစက်မှုက ပြန်လည်မြင့်တက်လာနေပါတယ်။တချို့ဥရောပနိုင်ငံတွေဆိုရင် လော့ခ်ဒေါင်းပြန်ချနေရတဲ့အထိဖြစ်နေပြီး တချို့နိုင်ငံတွေမှာ အသွားအလာပိတ်ဆို့ရတာတွေအထိ ဖြစ်နေပါတယ်။ဒီလိုပြန်လည်လော့ခ်ဒေါင်းချတာတွေ၊ ကူးစက်ကပ်ရောဂါ ကြာရှည်နေတာတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထပ်ပြိုလဲလာတဲ့အတွက် တချို့နိုင်ငံတွေမှာ တင်းကျပ်တဲ့ ဒီစည်းမျည်းတွေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုတွေ ဖြစ်ခဲ့တာတွေအထိ ရှိလာပါတယ်။ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ကန့်သတ်ချက်တွေကို လူအချို့က ဆန့်ကျင်ဆန္ဒပြကြလို့ ရဲတွေက မီးသတ်ပိုက်သုံးနှိမ်နင်းခဲ့ပြီး အချို့ကိုဖမ်းဆီးခဲ့ရပါတယ်။ချက်နိုင်ငံမြို့တော် ပရဂ်မှာဆိုရင်လည်း အရေးပေါ်အခြေအနေ သက်တမ်းထပ်တိုးမယ့် အစိုးရရဲ့အစီအစဉ်ကို မကျေနပ်လို့ ကန့်ကွက်ဆန္ဒပြကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။

ပုံမှန်အားဖြင့် ရောဂါအသစ်တစ်မျိုး ပေါ်ပေါက်လာသည့်အခါတိုင်း ကာကွယ်ဆေးဖော်စပ်ရန် လေးနှစ်မှ ၁၀ နှစ်မျှထိ အချိန်ယူရလေ့ရှိတဲ့ အစဉ်အလာကိုချိုးဖောက်ပြီး တစ်နှစ်မျှအတွင်း ကာကွယ်ဆေးအောင်မြင်သည့်လမ်းကြောင်း  ပေါ်လာတဲ့အခြေအနေဖြစ်နေပေမယ့် လူတွေကို လနဲ့ချီပြီး တစ်နှစ်နီးပါးပိတ်ဆို့ထားခဲ့မှုက ယခုအခါပြဿနာဖြစ်လာနေပါပြီ။

မကြာမီရက်ပိုင်းအတွင်း လက်တွေ့သုံးစွဲရန် အသိအမှတ်ပြုသည့် ကာကွယ်ဆေးများ ဆက်တိုက်ထွက်ပေါ်လာဖွယ်ရှိနေပေမယ့် ဗိုင်းရပ်စ်ကြောင့် ပြိုလဲခဲ့တဲ့ စီးပွားရေးနဲ့ ပြိုကျခဲ့တဲ့ လူတစ်ဦးနဲ့တစ်ဦး ပေါင်းသင်းဆက်ဆံရေးကတော့ ကာကွယ်ဆေးတွေကြောင့် ပြန်လည်ဖြစ်ထွန်းလာမလားကတော့ ဆက်စောင့်ကြည့်နေရဦးမည့် အနေအထားဆိုတာတင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
နိုဝင်ဘာ - ၂၀

( Zawgyi )

ယခုရက္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ သတိထားမိခဲ့တဲ့သတင္းေတြ အေတာ္ေလးျဖစ္ခဲ့ပါတယ္။ဒီလိုသတင္းေတြထဲမွာ ကိုဗစ္-၁၉ ကုသေဆး သတင္းေတြ၊ ႏိုင္ငံတကာမွာျဖစ္ေနတဲ့ စစ္မက္သတင္းေတြနဲ႔ အေမရိကန္ႏိုင္ငံေရးအက်ပ္အတည္း သတင္းေတြက သတိထားစရာျဖစ္ခဲ့ပါတယ္။ဒီလိုသတင္းေတြအျပင္ တျခားသတင္းအခ်ိဳ႕ကိုလည္း သတိထားမိခဲ့တာရွိပါတယ္။အီသီယိုးပီးယားမွာ ခြဲထြက္ေရးအဖြဲ႕က ျပည္တြင္းကိုေက်ာ္လြန္ၿပီး အိမ္နီးခ်င္း အီရီထရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ ေလဆိပ္ကိုပစ္ခတ္ခဲ့လို႔ စစ္ပြဲက်ယ္ျပန႔္လာတဲ့သတင္း၊ အီဂ်စ္မွာ ႏွစ္၂၅၀၀ ေက်ာ္ သက္တမ္းရွိတဲ့ ေခါင္းတလား ၁၀၀ ေက်ာ္ရွိတဲ့ ေရွးေဟာင္းသိုက္တစ္ခုကို ရွာေဖြေတြ႕ရွိခဲ့တဲ့သတင္း၊ ဘဂၤလားေဒ့ရွ္ ေရတပ္မွာ တ႐ုတ္ထုတ္ ေခတ္မီစစ္သေဘၤာငါးစင္း တပ္ေတာ္ဝင္ခဲ့တဲ့သတင္း၊ တိုင္ေပႏွင့္ အျပန္အလွန္ဆက္သြယ္မႈ သို႔မဟုတ္ အဆက္အသြယ္မ်ားကို ရပ္တန႔္ရန္ တ႐ုတ္ကေတာင္းဆိုခဲ့တဲ့သတင္း၊ SpaceX က အာကာသယာဥ္မႉးေလးဦးကို Crew Dragon “Resilience” ဒုံးပ်ံျဖင့္ ႏိုင္ငံတကာအာကာသယာဥ္စခန္းဆီ ပို႔လႊတ္တင္ႏိုင္ခဲ့တဲ့သတင္း၊ တ႐ုတ္ေတာင္ပိုင္းက ျမစ္တစ္စင္းထဲ ျပဳတ္က်ခဲ့တဲ့ ေက်ာင္းသူကို ဆင္းကယ္ေပးခဲ့တဲ့ ၿဗိတိန္သံတမန္တစ္ဦးကို တ႐ုတ္အစိုးရက ခ်ီးက်ဴးခဲ့တဲ့သတင္း၊ အင္ဒိုနီးရွားႏိုင္ငံ အေနာက္ပိုင္း ဆူမားၾတားျပည္နယ္ မွာ  အင္အားရစ္ခ်္တာစေကး (၆.၃) အဆင့္ရွိ ေျမငလ်င္တစ္ခု လႈပ္ခတ္ခဲ့တဲ့သတင္း၊ မကၠဆီကို ကာကြယ္ေရးဝန္ႀကီးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ဆယ္ေဗးဒိုး ဆီယင္ေဖြဂိုး Salvador Cienfuegos ကို မူးယစ္ေဆးေမွာင္ခိုမႈ၊ ေငြမည္းခဝါခ်မႈေတြနဲ႔ အေမရိကန္အာဏာပိုင္ေတြက ဖမ္းဆီးတရားစြဲထားရာကေန တရားဝင္လႊတ္ေပးလိုက္တဲ့ သတင္းေတြကလည္း သတိထားဖတ္မိခဲ့တဲ့ သတင္းေတြပါ။
ဒီထဲက ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္းကို သက္ေရာက္ႏိုင္တဲ့ အေမရိကန္ သမၼတရာထူးအေျပာင္းအလဲ တင္းမာမႈသတင္းကို ပထမဆုံးတင္ျပခ်င္ပါတယ္။

အေမရိကန္ ႏိုင္ငံေရးအက်ပ္အတည္း

လက္ရွိ အေမရိကန္ႏိုင္ငံေရးျပႆနာက ဘာတစ္ခုမွ မွန္းလို႔မရေသးတဲ့ အေနအထားပါ။ၿပီးခဲ့တဲ့ စေနေန႔ကဆိုရင္ ထရမ့္ ကို ေထာက္ခံတဲ့သူေတြ ဝါရွင္တန္ဒီစီအထိ တက္လာခဲ့လို ထရမ့္ ကို ဆန႔္က်င္တဲ့သူေတြနဲ႔ ထိပ္တိုက္ေတြ႕ၿပီး လူငယ္တစ္ေယာက္ ဓားထိုးခံရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ဒါ့အျပင္ လက္နက္ကိုင္အရပ္သားေတြကပါ လမ္းတစ္ဖက္တစ္ခ်က္ကေန ေစာင့္ၾကည့္ေနခဲ့လို႔ ရဲတပ္ဖြဲ႕က လူစုခြဲရတာေတြ၊ ထိန္းသိမ္းရတာေတြအထိ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ ၿပီးခဲ့တဲ့ေ႐ြးေကာက္ပြဲရလဒ္ကို လက္မခံတဲ့ျပႆနာပါဘဲ။

ဒါဟာ ႏိုင္ငံကိုမတည္မၿငိမ္ျဖစ္ေစတဲ့အတြက္ ႏိုင္ငံရဲ႕လုံၿခဳံေရးမွာ အေရးပါတဲ့ေနရာမွာ တာဝန္ယူခဲ့ၾကတဲ့  အမ်ိဳးသားလုံၿခဳံေရးအရာရွိေဟာင္း ၁၅၀ ေက်ာ္က လက္ရွိသမၼတ ထရမ့္ ကို ေ႐ြးေကာက္ပြဲရလဒ္ကို လက္ခံဖို႔၊ ဘိုင္ဒင္ အႏိုင္ရတာကို လက္ခံေပးဖို႔ ေတာင္းဆိုခဲ့ရတဲ့အထိပါဘဲ။ဘိုင္ဒင္အေနနဲ႔ သမၼတသစ္ျဖစ္လာမယ့္သူျဖစ္လို႔ ေန႔စဥ္ လုံၿခဳံေရးအစီရင္ခံစာေတြ သိရွိဖို႔ လတ္တေလာမွာ လိုေနပါတယ္။ဒါေပမယ့္ ထရမ့္ ဩဇာအာဏာကို နာခံေနရတဲ့ အုပ္ခ်ဳပ္ေရးအဖြဲ႕က ဘိုင္ဒင္ဆီကို ေန႔စဥ္လုံၿခဳံေရးအစီရင္ခံစာကို မေပးပို႔လို႔ ဒါဟာၾကာရွည္မွာ ႏိုင္ငံအတြက္ လုံၿခဳံေရးအရ ထိခိုက္ဆိုး႐ြားႏိုင္တဲ့ကိစၥျဖစ္ေနလို႔ အမ်ိဳးသားလုံၿခဳံေရးအရာရွိေဟာင္းေတြက ထရမ့္ ကို ယခုလိုတိုက္တြန္းခဲ့တာျဖစ္ပါတယ္။

ထရမ့္အေနနဲ႔ ဘယ္လိုေ႐ြးေကာက္ပြဲရလဒ္ကို ျငင္းဆန္ ျငင္းဆန္ အခ်ိန္ၾကာလာတာနဲ႔အမွ် ဘိုင္ဒင္ဘက္က အားသာလာေနပါတယ္။အေစာပိုင္းက ရီပတ္ဘလီကင္အမ်ားစုက ထရမ့္ဘက္ကို ယိမ္းေပမယ့္ ေနာက္ပိုင္းမွာ ဘိုင္ဒန္ ကို ေနာက္တက္မယ့္သမၼတအျဖစ္ သေဘာထားဆက္ဆံသင့္တာကို ျပခဲ့ပါတယ္။ထရမ့္တားခဲ့တဲ့ ေန႔စဥ္လုံၿခဳံေရးအက်ဥ္းခ်ဳံးတင္ျပမႈကို ရီပတ္ဘလီကင္ဘက္က ထင္ရွားတဲ့သူေတြကိုယ္တိုင္က ဘိုင္ဒန္ ကို ေပးပို႔ရင္လည္း ျပႆနာမရွိဘူးလို႔ ေျပာခဲ့တဲ့အတြက္ ဒါဟာ ေ႐ြးေကာက္ပြဲပါရလဒ္ကို ဖယ္ရွားလို႔မရဘူးဆိုတာ ျပလိုက္သလိုပါဘဲ။

ထရမ့္အေနနဲ႔ အိမ္ျဖဴေတာ္ကေနထြက္ခြာဖို႔ဆိုတာ သူ႔အတြက္ ခက္ခဲတဲ့အေရးပါဘဲ။စိတ္ထင္ရာလုပ္တတ္တဲ့ စ႐ိုက္ရွိတဲ့ ထရမ့္ ကို ေ႐ြးေကာက္မိခဲ့တဲ့ ၿပီးခဲ့တဲ့ ၅ ႏွစ္တာအတြင္း အေမရိကန္အေနနဲ႔ မဟာဗ်ဴဟာက်တဲ့ အေနအထားကေန ဆုတ္ခြာခဲ့ရသလို ကမာၻ႔ႏိုင္ငံေရးအခင္းအက်င္းမွာလည္း ဩဇာတိကၠမရွိတဲ့ ေနရာကေန ဖယ္ေပးခဲ့သလိုျဖစ္ခဲ့ရပါတယ္။ထင္ရာလုပ္တတ္တဲ့ ေဒါသႀကီးတတ္တဲ့ ထရမ့္ရဲ႕ စ႐ိုက္က ယခုလိုရႈံးနိမ့္တဲ့အခါ အထင္အရွားေပၚလာခဲ့ပါတယ္။ၿပီးခဲ့တဲ့ ရက္သတၱပတ္က ကာကြယ္ေရးဝန္ႀကီးကို ထုတ္ပယ္ခဲ့တဲ့ ထရမ့္ဟာ ယခုရက္သတၱပတ္မွာ ေ႐ြးေကာက္ပြဲမွာ သူအစဥ္တစ္စိုက္စြပ္စြဲခဲ့တဲ့ မဲမသမာမႈရွိတယ္ဆိုတဲ့ ေျပာဆိုခ်က္ေတြကို ပယ္ခ်ခဲ့တဲ့ ေ႐ြးေကာက္ပြဲလုံၿခဳံေရးအရာရွိကို အလုပ္ကေန ထုတ္ပယ္ခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲ လုံၿခဳံေရးအရာရွိ ခရစ္ ကရက္ဘ္စ္အဖို႔ ဒါဟာႀကိဳေမွ်ာ္လင့္ၿပီးသားလို႔ ေျပာခဲ့ပါတယ္။

ထရမ့္အေနနဲ႔ သူေျပာခဲ့တဲ့စကားအတိုင္းဆိုရင္ ေနာက္ထပ္ထုတ္ပယ္ခံရမယ့္သူဟာ ကူးစက္ေရာဂါဆိုင္ရာပညာရွင္ ေဒါက္တာေဖာ္စီျဖစ္ဖို႔ ေသခ်ာေနပါတယ္။ထရမ့္အေနနဲ႔ ကာကြယ္ေဆးကို ေ႐ြးေကာက္ပြဲမတိုင္ခင္ ရရွိႏိုင္မယ္ဆိုၿပီး မဲဆႏၵရွင္ေတြကို ကတိေပးခဲ့ေပမယ့္ ေဖာ္စီနဲ႔ WHO က ကာကြယ္ေဆးလုပ္ငန္းစဥ္ေတြကို အတိအက်လိုက္နာဖို႔ မေလာဖို႔ အတန္တန္သတိေပးခဲ့သလိုအေမရိကန္ FDA ကိုလည္း ခြင့္ျပဳခ်က္ေပးရာမွာ ထရမ့္အစိုးရရဲ႕ ဖိအားေပးမွာကို ႀကိဳသတိေပးခဲ့တဲ့အတြက္ ထရမ့္အေနနဲ႔ ေဖာ္စီအေပၚ အေတာ္ေလးကို မေက်လည္ဟန္တူပါတယ္။ဒါေပမယ့္ ထုံးတမ္းစဥ္အတိုင္းဆိုရင္ ထရမ့္အတြက္ ေ႐ြးေကာက္ပြဲရလဒ္ကို ဘယ္လိုဘဲျငင္းဆန္ေနသည္ျဖစ္ေစ ႏိုင္ငံတည္ၿငိမ္ေရးအတြက္ ေနာက္ဆုံးမွာ ရီပတ္ဘလီကင္ေတြအေနနဲ႔ လက္ခံေပးရမွာျဖစ္လို႔ ထရမ့္အတြက္ လက္က်န္သက္တမ္းအခ်ိန္က နည္းေနပါၿပီ။

ထရမ့္အေနနဲ႔ ဒီလက္က်န္ကာလအတြင္းမွာ သူေျပာခဲ့တဲ့အတိုင္း အေရွ႕အလယ္ပိုင္းက တပ္ေတြ႐ုတ္သိမ္းဖို႔ အစီအစဥ္ကို ဆက္လုပ္ခဲ့ၿပီး ေခတၱကာကြယ္ေရးဝန္ႀကီးက ဒီအစီအစဥ္ကို ယခုရက္ထဲမွာ ေၾကညာခဲ့ပါတယ္။ဒါဟာ ထရမ့္အေနနဲ႔ ေနာက္ဆုံးအခ်ိန္ထိ သူ႔လုပ္ပိုင္ခြင့္အတိုင္း ဖက္တြယ္အသုံးခ်ခဲ့တာျဖစ္ပါတယ္။ဒီလုပ္ရပ္ကို သူ႔ပါတီဝင္ေတြနဲ႔ မဟာမိတ္ႏိုင္ငံေတြက သိပ္သေဘာမက်သလို တပ္မ်ားကို အလွ်င္စလို႐ုတ္သိမ္းေနတာ အၾကမ္းဖက္သမားေတြကို ျပန္ေခါင္းေထာင္လာေစဖို႔ အခြင့္အေရးေပးေနသလိုျဖစ္တဲ့အတြက္ အႏၲရာယ္ရွိတယ္ဆိုၿပီး သတိေပးၾကပါတယ္။ထရမ့္အေနနဲ႔ ဘိုင္ဒင္ ကို မျဖစ္မေနအာဏာလႊဲေပးခဲ့ရရင္ေတာင္ တပ္႐ုတ္သိမ္းၿပီး ၅ ရက္မွ လႊဲေပးရမွာျဖစ္တဲ့အတြက္ ဘိုင္ဒင္အေနနဲ႔ ဘာမွလုပ္ခြင့္ရွိခဲ့မွာမဟုတ္ပါဘူး။ဒီလိုတပ္႐ုတ္သိမ္းတဲ့ အစီအမံကို ရီပတ္ဗလစ္ကန္ေခါင္းေဆာင္ေတြနဲ႔ ေနတိုးအဖြဲ႕ အတြင္းေရးမႉးခ်ဳပ္တို႔က ျပတ္ျပတ္သားသား ေဝဖန္ခဲ့ပါတယ္။အထူးသျဖင့္ အာဖဂန္ရွိ အေမရိကန္တပ္ေတြကို သိပ္ေစာၿပီး႐ုတ္သိမ္းလိုက္ရင္ ေနတိုးအဖြဲ႕အတြက္ ေပးဆပ္မႈႀကီးမားလိမ့္မယ္လို႔ ေနတိုးအဖြဲ႕က ေျပာခဲ့ပါတယ္။

ထရမ့္လို သမၼတမ်ိဳးက အေမရိကန္သမိုင္းမွာ အေတာ္ေလးကို အႏၲရာယ္ႀကီးတဲ့သမၼတထဲမွာ ပါပါတယ္။ထရမ့္ ရာထူးကေန လက္လႊတ္ခါနီး ထြက္လာတဲ့သတင္းေတြအရဆိုရင္ ကမာၻအေနနဲ႔ အႏၲရာယ္ႀကီးတဲ့စစ္ကို ကပ္လြတ္ခဲ့တာျဖစ္ပါတယ္။လက္ရွိမွာ ထရမ့္အေနနဲ႔ ေ႐ြးေကာက္ပြဲရလဒ္ပ်က္ျပယ္ဖို႔သာ အားထုတ္ေနတာေတြ႕ရၿပီး ရႈံးနိမ့္ခဲ့ရတဲ့ ဝစၥကြန္ဆင္ျပည္နယ္က ဒီမိုကရက္ေတြကို အေထာက္ခံဆုံး အႀကီးဆုံးခ႐ိုင္ႏွစ္ခုမွာ မဲျပန္ေရဖို႔ ကုန္က်စရိတ္ ေဒၚလာ ၃ သန္း ကိုေတာင္ ထုတ္ေပးခဲ့ၿပီးပါၿပီ။ဒီျပည္နယ္က မဲရလဒ္ေရတြက္ရာမွာ ကနဦးက ထရမ့္ က ဦးေဆာင္ေနခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဒီမိုကရက္တစ္ေတြက အႏိုင္ရခဲ့တာပါ။ဒီလိုလုပ္ေဆာင္တဲ့ ရည္႐ြယ္ခ်က္က လက္ရွိသက္တမ္းကို အျငင္းပြားမႈေတြနဲ႔ ဆြဲဆန္႔ေနခ်င္တာလားဆိုတာ စဥ္းစားရခက္စရာပါ။ဒါ့အျပင္ ၿပီးခဲ့တဲ့ရက္သတၱပတ္မွာ ထရမ့္ က အီရန္ကိုတိုက္ခိုက္ဖို႔ နည္းလမ္းကို ထိပ္တန္းလုံၿခဳံေရးအရာရွိမ်ား အစည္းအေဝးမွာ ေတာင္းခဲ့တယ္ ဆိုပါတယ္။ေနာက္ပိုင္းမွ ဒီအႀကံကို႐ုပ္သိမ္းခဲ့တာ ဆိုပါတယ္။တစ္ခုထူးေနတာက ထရမ့္ရဲ႕ အရင္းအျခာ မဟာမိတ္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပီယို က ႏိုင္ငံတကာအသိအမွတ္မျပဳတဲ့ အစၥေရးသိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းကို သြားေရာက္ခဲ့ဖို႔ စီစဥ္ေနတာရွိပါတယ္။ဒီလိုလုပ္ရင္ ကမာၻ႔ႏိုင္ငံေတြ အထူးသျဖင့္ အေမရိကန္ရဲ႕ အေရွ႕အလယ္ပိုင္းက အာရပ္မိတ္ေဆြေတြ ေဒါသူပုန္ထစရာပါ။ထရမ့္အေနနဲ႔ ဒါဟာ ေနာက္ဆုံးမို႔လို႔ လုပ္ခ်င္ရာလုပ္ေနတာလား၊ ေနာက္ဆက္ခံမယ့္ ဘိုင္ဒင္ အခက္ေတြ႕ေအာင္ လုပ္ေနတာလားဆိုတာ စဥ္းစားခ်င္စရာပါ။

ထရမ့္ရဲ႕ လုပ္ရပ္ေတြက သိပ္ၿပီးေတာ့ မူမွန္တဲ့လကၡဏာေတာ့ မရွိေတာ့ပါဘူး။ဇန္နဝါရီ ၂၀ မွ ဘိုင္ဒင္ ကို အာဏာမလႊဲခင္ ထရမ့္ ဘာေတြ ထင္ရာလုပ္ဦးမလဲဆိုတာ တစ္ကမာၻလုံး ရင္တမမဆက္ေစာင့္ၾကည့္ရေတာ့မွာျဖစ္ပါတယ္။

ကုသေဆးနဲ႔ ရာသီဥတုကပ္ေဘး

ကပ္ေရာဂါေၾကာင့္ ကမာၻတစ္လႊား ေသဆုံးသူဦးေရ သန္းခ်ီရွိလာတဲ့အခ်ိန္မွာ ကမာၻ႔ျပည္သူေတြအတြက္ ကာကြယ္ေဆးေမွ်ာ္လင့္ခ်က္က ဆက္တိုက္ထြက္ေပၚလာခဲ့ပါတယ္။ဒီရက္ပိုင္းအတြင္း တတိယအဆင့္ လူနဲ႔စမ္းသပ္ေနတဲ့ Pfizer ထုတ္ေဆးရဲ႕ ရလဒ္ေတြကို ထုတ္ျပန္ခဲ့သလို ဆက္တိုက္ဆိုသလိုဘဲ Moderna ၊ ေအာက္စဖို႔ဒ္နဲ႔ Astra Zeneca တို႔ကပါ  တတိယအဆင့္ရလဒ္ေတြကို ထုတ္ျပန္ခဲ့တဲ့အတြက္ ကာကြယ္ေဆးက လက္တစ္ကမ္းထိေရာက္လာခဲ့ပါတယ္။ေဆးေတြမွာ Pfizer ေဆးက ထိေရာက္မႈရာခိုင္ႏႈန္း ၉၀ ရာခိုင္ႏႈန္းေက်ာ္၊ Moderna က ထိေရာက္မႈ ၉၅ ရာခိုင္ႏႈန္း၊ Sputnik V ကာကြယ္ေဆးက အာနိသင္ထက္ျမက္မႈ ၉၂ ရာခိုင္ႏႈန္းဆီရွိေၾကာင္း ထုတ္ျပန္ခဲ့ၾကတာကို ေတြ႕ရပါတယ္။

လက္တစ္ကမ္းထိေရာက္လာသည့္ ေဆးထဲတြင္ အထိေရာက္ႏိုင္ဆုံးျဖစ္သည့္ေဆးက ခန႔္မွန္းရခက္ေနဆဲျဖစ္ပါတယ္။အထူးသျဖင့္ ေဆးမ်ားကိုသိုေလွာင္ရာမွာ ျဖစ္လာႏိုင္သည့္ အပူခ်ိန္ႏွင့္ သယ္ယူပို႔ေဆာင္ေရးက ျပႆနာတစ္ခုအျဖစ္ရွိေနပါတယ္။အေစာပိုင္းရလဒ္ေကာင္း ထုတ္ျပန္ႏိုင္ခဲ့သည့္ Pfizerထုတ္ေဆးမွာ အႏုတ္ ၇၅ ဒီဂရီ ဆဲလ္ဆီးရပ္စ္ အပူခ်ိန္မွာ ထားဖို႔လိုသျဖင့္ အေတာ္ေလးခက္ခဲေနခဲ့ကာ အထူးျပဳလုပ္ထားသည့္ အေအးခန္းမ်ားျဖင့္ ေဆးကိုသယ္ယူရန္ လိုေနေသာ္လည္း ေနာက္ပိုင္း Moderna ေဆးက အပူခ်ိန္ အႏုတ္ ၂၀ ဒီဂရီဆဲလ္ဆီးရပ္စ္သာ လိုခဲ့သျဖင့္ သာမန္သုံးေရခဲေသတၱာျဖင့္ ထည့္ေဆာင္သိုမွီးလို႔ရသျဖင့္ က်ယ္က်ယ္ျပန႔္ျပန႔္ျဖန္႔ျဖဴးႏိုင္သည့္ေဆးက Modena ျဖစ္လာမလားဆိုသည့္ ေမွ်ာ္လင့္ခ်က္ထြက္လာခဲ့ပါတယ္။

ကာကြယ္ေဆးရလဒ္ေကာင္းမ်ားေၾကာင့္ ကမာၻအေနျဖင့္ ယခင္လို ေနထိုင္သြားလာခြင့္ရေတာ့မည္ဆိုတဲ့ ယူဆခ်က္ေတြ ထြက္လာခဲ့သလို ကာကြယ္ေဆးလုပြဲျဖစ္လာႏိုင္သည့္ အရိပ္ေယာင္မ်ားလည္း ထြက္လာခဲ့ပါတယ္။တစ္ႏွစ္မွ်မျပည့္မီ ကာလတိုအတြင္း ေရာဂါဆိုးႀကီးတစ္ခုကို ထိုမွ်ေလာက္ ထိထိေရာက္ေရာက္ ကာကြယ္ႏိုင္သည့္ ကာကြယ္ေဆးမ်ား တီထြင္ႏိုင္ျခင္းသည္ အံ့ဩခ်ီးက်ဴးစရာ ေဆးပညာမွတ္တိုင္သစ္ဆိုႏိုင္ေသာ္လည္း တစ္ဖက္တြင္ အက်ိဳးအျမတ္ႀကီးမားလွသည့္ ထိုေဆးေစ်းကြက္အတြက္ လက္ဦးမႈရယူကာ ကုန္စင္ေအာင္စစ္ေဆးျခင္းမရွိသည့္ ေဆးကို ခြင့္ျပဳခ်က္ျပဳခဲ့ပါက ေနာက္ဆက္တြဲျဖစ္လာႏိုင္သည့္ ေဘးထြက္ဆိုးက်ိဳးေဘးကိုပါ ထည့္တြက္သတိထားမႈေတြ ရွိလာပါတယ္။

အထူးသျဖင့္  ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) က ကာကြယ္ေဆးေပၚထြက္လာရင္ေတာင္ ယခုလက္ရွိ mask တပ္ျခင္းကဲ့သို႔ ခပ္ခြာခြာေနျခင္းကဲ့သို႔ေသာ ေနထိုင္မႈကို ဆက္လက္က်င့္သုံးေနရဦးမည္ျဖစ္ၿပီး ကာကြယ္ေဆးမွာ လာမည့္ႏွစ္ ပထမေလးလမွသာ က်ယ္က်ယ္ျပန္ျပန႔္ လက္လွမ္းမီလာႏိုင္တယ္လို႔ သတိေပးခဲ့တာေတြလည္းရွိခဲ့ပါတယ္။

ကာကြယ္ေဆးသတင္းႏွင့္အတူ အီးယူႏွင့္ခ်မ္းသာသည့္ စက္မႈဖြံ႕ၿဖိဳးၿပီးႏိုင္ငံမ်ားက အဆိုပါ Pfizer ႏွင့္ Moderna မွ သန္းရာႏွင့္ခ်ီသည့္ ေဆးပမာဏကိုဝယ္ယူရန္ ႀကိဳစာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့သျဖင့္ ေနာက္ႏွစ္သုံးေလးလအထိ ေဆးရရန္က မလြယ္ကူႏိုင္သည့္အေနအထား ရွိေနပါတယ္။အထူးသျဖင့္ ဆင္းရဲသည့္ႏိုင္ငံအမ်ားစုႏွင့္ ဖြံ႕ၿဖိဳးမႈနိမ့္က်သည့္ ႏိုင္ငံမ်ားမွာ ကာကြယ္ေဆးရရွိရန္ ကမာၻ႔က်န္းမာေရးအဖြဲ႕ႀကီး (WHO) ဦးေဆာင္သည့္ ကမာၻ႔ႏိုင္ငံအမ်ားအျပား စုေပါင္းပါဝင္သည့္  Covax ဆိုသည့္ စီမံကိန္းကိုသာ အားထားရဖြယ္အေျခအေနလည္း ျဖစ္ေနပါတယ္။

အထူးသျဖင့္ Covax ဆိုသည့္ စီမံကိန္းထဲပါဝင္သည့္ တ႐ုတ္ႏိုင္ငံမွာ ေနာက္ဆုံးအဆင့္စမ္းသပ္ေနသည့္ ကာကြယ္ေဆး ေလးငါးေျခာက္မ်ိဳးထဲပါဝင္သည့္ SinoVac ကုမၸဏီက တီထြင္သည့္ CoronaVac ေဆးဝါးက ႏိုင္ငံေပါင္း ၆ ႏိုင္ငံတြင္ စမ္းသပ္ေနရာ ရလဒ္ေကာင္းေတြထြက္ေနသလို ေအာင္ျမင္ပါက ကိုဗစ္ကာကြယ္ေဆးေစ်းကြက္ကို ေစ်းခ်ိဳခ်ိဳျဖင့္ ျဖန႔္ျဖဴးႏိုင္သည့္အေနအထားရွိေနသျဖင့္ ႏိုင္ငံအမ်ားစုအတြက္ လက္လွမ္းမီစရာျဖစ္လာႏိုင္ေျခရွိေနပါတယ္။

လက္ရွိမွာ ႐ုရွားထုတ္ ကိုဗစ္ကာကြယ္ေဆး Sputnik V COVID-19 ကာကြယ္ေဆးကို WHO ၏ အေရးေပၚအသုံးျပဳခြင့္စာရင္းတြင္ ပါဝင္ေရး ေလွ်ာက္ထားဖို႔လုပ္ေနသလို ဒီေဆး ၁၀ သန္းကို ဗင္နီဇြဲလားအစိုးရကလည္း ဝယ္ယူဖို႔ မီးစိမ္းျပထားပါတယ္။ Pfizer ကုမၸဏီဆိုရင္ COVID-19 ကာကြယ္ေဆးထိုးျခင္း ေရွ႕ေျပးအစီအစဥ္ကို အေမရိကန္ျပည္နယ္ေလးခုမွာ မၾကာခင္စတင္ေတာ့မွာျဖစ္ပါတယ္။တျခားတစ္ဖက္မွာလည္း ကာကြယ္ေဆး သတင္းေကာင္းမ်ားေၾကာင့္ မေပါ့ေလ်ာ့ၾကဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) က သတိေပးေနၿပီး ကာကြယ္ေဆးတစ္မ်ိဳးမ်ိဳး က်ယ္က်ယ္ျပန႔္ျပန႔္ရရွိႏိုင္ေရးက အခ်ိန္လိုေသးတယ္ဆိုတာကို သတိေပးေနပါတယ္။

ကမာၻတလႊား ယခုလက္ရွိမွာ ကူးစက္ကပ္ေရာဂါကူးစက္မႈက ျပန္လည္ျမင့္တက္လာေနပါတယ္။တခ်ိဳ႕ဥေရာပႏိုင္ငံေတြဆိုရင္ ေလာ့ခ္ေဒါင္းျပန္ခ်ေနရတဲ့အထိျဖစ္ေနၿပီး တခ်ိဳ႕ႏိုင္ငံေတြမွာ အသြားအလာပိတ္ဆို႔ရတာေတြအထိ ျဖစ္ေနပါတယ္။ဒီလိုျပန္လည္ေလာ့ခ္ေဒါင္းခ်တာေတြ၊ ကူးစက္ကပ္ေရာဂါ ၾကာရွည္ေနတာေတြေၾကာင့္ စီးပြားေရးလုပ္ငန္းေတြ ထပ္ၿပိဳလဲလာတဲ့အတြက္ တခ်ိဳ႕ႏိုင္ငံေတြမွာ တင္းက်ပ္တဲ့ ဒီစည္းမ်ည္းေတြကို ဆန႔္က်င္တဲ့လႈပ္ရွားမႈေတြ ျဖစ္ခဲ့တာေတြအထိ ရွိလာပါတယ္။ဂ်ာမနီႏိုင္ငံ ဘာလင္ၿမိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ကန႔္သတ္ခ်က္ေတြကို လူအခ်ိဳ႕က ဆန႔္က်င္ဆႏၵျပၾကလို႔ ရဲေတြက မီးသတ္ပိုက္သုံးႏွိမ္နင္းခဲ့ၿပီး အခ်ိဳ႕ကိုဖမ္းဆီးခဲ့ရပါတယ္။ခ်က္ႏိုင္ငံၿမိဳ႕ေတာ္ ပရဂ္မွာဆိုရင္လည္း အေရးေပၚအေျခအေန သက္တမ္းထပ္တိုးမယ့္ အစိုးရရဲ႕အစီအစဥ္ကို မေက်နပ္လို႔ ကန႔္ကြက္ဆႏၵျပၾကတဲ့အထိ ျဖစ္ခဲ့ပါတယ္။

ပုံမွန္အားျဖင့္ ေရာဂါအသစ္တစ္မ်ိဳး ေပၚေပါက္လာသည့္အခါတိုင္း ကာကြယ္ေဆးေဖာ္စပ္ရန္ ေလးႏွစ္မွ ၁၀ ႏွစ္မွ်ထိ အခ်ိန္ယူရေလ့ရွိတဲ့ အစဥ္အလာကိုခ်ိဳးေဖာက္ၿပီး တစ္ႏွစ္မွ်အတြင္း ကာကြယ္ေဆးေအာင္ျမင္သည့္လမ္းေၾကာင္း  ေပၚလာတဲ့အေျခအေနျဖစ္ေနေပမယ့္ လူေတြကို လနဲ႔ခ်ီၿပီး တစ္ႏွစ္နီးပါးပိတ္ဆို႔ထားခဲ့မႈက ယခုအခါျပႆနာျဖစ္လာေနပါၿပီ။

မၾကာမီရက္ပိုင္းအတြင္း လက္ေတြ႕သုံးစြဲရန္ အသိအမွတ္ျပဳသည့္ ကာကြယ္ေဆးမ်ား ဆက္တိုက္ထြက္ေပၚလာဖြယ္ရွိေနေပမယ့္ ဗိုင္းရပ္စ္ေၾကာင့္ ၿပိဳလဲခဲ့တဲ့ စီးပြားေရးနဲ႔ ၿပိဳက်ခဲ့တဲ့ လူတစ္ဦးနဲ႔တစ္ဦး ေပါင္းသင္းဆက္ဆံေရးကေတာ့ ကာကြယ္ေဆးေတြေၾကာင့္ ျပန္လည္ျဖစ္ထြန္းလာမလားကေတာ့ ဆက္ေစာင့္ၾကည့္ေနရဦးမည့္ အေနအထားဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ႏိုဝင္ဘာ - ၂၀