【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုတိယပင်လယ်ကွေ့စစ်ပွဲ စတော့မလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုတိယပင်လယ်ကွေ့စစ်ပွဲ စတော့မလား

ယခုတစ်ပတ် သတင်းတွေထဲ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထိပ်တန်းဖြစ်ခဲ့တဲ့ သတင်းက ပင်လယ်ကွေ့က ဟော်မုဇ်ရေလက်ကြားမှာ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ သတင်းပါ။ဒီလိုတိုက်ခိုက်ခံရမှုက အီရန်ကို တိုက်ခိုက်ဖို့ပြင်နေတဲ့ အမေရိကန်အတွက် ချက်ကောင်းပါဘဲ။ဒီအတွက် ကမ္ဘာတစ်ဝန်းမှာ အကျိုးသက်ရောက်မှုတွေရှိသလို ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

ဒီသတင်းနဲ့ အပြိုင် တရုတ်နဲ့ အမေရိကန်ကြားက ကုန်သွယ်ရေးတင်းမာမှု နောက်ဆုံးအခြေအနေ သတင်းတွေ၊ ကမ္ဘာတစ်လွှားအကြမ်းဖက်သတ်ဖြတ်မှုသတင်းတွေကလည်း ယခုတစ်ပတ်သတင်းတွေဖြစ်တဲ့  အိန္ဒိယက မကြာမီကာလမှာ  ကမ္ဘာဂြိုဟ် ပတ်လမ်းထဲ ကိုယ်ပိုင် အာကာသယာဉ်စခန်း လွှတ်တင်ဖို့ ရည်မှန်း ထားတယ်လို့ ထုတ်ပြန်ခဲ့တဲ့သတင်း ၊ ဗီယက်နမ်ကားထုတ်လုပ် ရေးကုမ္ပဏီ VinFast က  ပထမဆုံးထုတ်ကား တွေ ဈေးကွက်ထဲ စတင်ရောင်းချတော့မယ်သတင်း၊ မလေးရှား ကိုရောက်နေတဲ့ ပလတ်စတစ် စွန့်ပစ်အမှိုက် တွေ ပြန်ယူဖို့ အစီအစဉ်မရှိဘူးလို့ ကနေဒါအစိုးရကပြောလိုက်တဲ့ သတင်း၊အမေရိကန်နိုင်ငံ ကျင်းပတဲ့ လိင်တူ စုံမက်သူချီတက်ပွဲမှာအမျိုးသားတစ်ဦးသေနတ် တစ်လက် ကိုင် မြှောက်ခဲ့လို့ ဝရုန်းသုန်းကားဖြစ်ကာ လူခုနစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တဲ့ သတင်း၊ ကင်မ်ဂျူံအန်းရဲ့ ဖအေတူ မအေကွဲ အကို ကမ်မ်ဂျူံနမ်ဟာ စီအိုင်အေ CIA သ တင်းပေးတစ်ဦးလို့  Wall Street ဂျာနယ်က ဖော်ပြခဲ့တဲ့ သတင်းတွေကို ကျော်ဖြတ်ပြီး စာဖတ်သူအများစုကို စိတ်ဝင်စားမှု ပိုများစေခဲ့ပါတယ်။

အီရန် စမယ့် ဒုတိယပင်လယ်ကွေ့စစ်ပွဲ

အမေရိကန်စစ်သင်္ဘောတွေ ရောက်နေပြီး အီရန်နဲ့အမေရိကန် တင်းမာမှု အမြင့်ဆုံးရောက်နေတဲ့ အချိန်မှာ အိုမန်ပင်လယ်ကွေ့ထဲက ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံလိုက်ရပါတယ်။ဇွန် ၁၃ ရက်နေ့က ဖြစ်တဲ့ ဖြစ်စဉ်မှာ ဂျပန်ပိုင် ရေနံတင်သင်္ဘောတစ်စင်းနဲ့ နော်ဝေ ကုမ္ပဏီတစ်ခုပိုင် သင်္ဘောတစ်စင်း တိုက်ခိုက် ခံရပြီး ပေါက်ကွဲမီးလောင်မှုခဲ့တာပါ။ သဘောၤတစ်စင်းဖြစ်တဲ့  Front Altair သင်္ဘောကတော့ မီးလောင်နေခဲ့ပြီး ရေယာဉ်အမှုထမ်းတွေကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။

သင်္ဘောအမှုထမ်းတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သင်္ဘောတွေကတော့ ရေပြင်မှာမျောနေသလို တစ် စင်းကတော့ ရေယာဉ်မှာ အမှုထမ်းတွေ မပါခဲ့ပါဘူး။ ဒီလို တိုက်ခိုက်ခံရတဲ့ အတွက် ဒါဟာ သင်္ဘောတွေ ဘက် ကတော့ တော်ပီဒိုနဲ့ ပစ်ခတ်ခံရတာလို့ ယူဆခဲ့တာလည်း ရှိပါတယ်။ဂျပန်ရေနံတင်သင်္ဘောဘက်ကတော့ လေထဲ ပျံလာတဲ့ အရာဝတ္တူတွေထိမှန်ပြီး သင်္ဘောပျက်စီးခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လက ယင်းဒေသမှာ သင်္ဘောလေးစင်း တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတော့ ဆော်ဒီအာရေဗျနဲ့ အမေ ရိကန်တို့က အီရန်အပေါ် အပြစ်ဖို့ခဲ့ပေမယ့် အီရန်ဘက်က ပြန်လည် ခုခံငြင်းဆန်ထားခဲ့ပါတယ်။ယခုဖြစ်တဲ့ ဖြစ်စဉ်မှာတော့ ဗြိတိန် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ဌာနနဲ့ ဘာရိန်း အခြေစိုက် အမေရိကန် ရေတပ်တို့ က တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ အသုံးပြုသွားတဲ့ လက်နက်အမျိုးအစားနဲ့ကို စုံစမ်းစစ်ဆေးနေပြီလို့ ပြောသွားပါတယ်။

ဇွန် ၁၄ ရက်မှာတော့ ပျက်စီးခဲ့တဲ့ ဂျပန်ရေနံတင်သင်္ဘောကနေ မပေါက် ကွဲသေးတဲ့ မိုင်းတစ်ခု ကို အီရန် တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဖယ်ရှားနေပုံကို ဗီဒီယိုတစ်ခုကို အမေရိကန်စစ် ဘက်က ထုတ်ပြ ခဲ့ပါ တယ်။ ယင်းမိုင်းတိုက်ခိုက်မှုများ၏ နောက်ကွယ်တွင် အီရန်ရှိနေတယ်လို့  အမေရိကန်ဘက်က စွပ်စွဲခဲ့ ပေမယ့် အီရန်ဘက်ကတော့ ထုံးစံအတိုင်း ငြင်းဆန်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ပက်သက်ပြီး ဝါရှင်တန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကျူးလွန်သူလက်သည်တရားခံက အီရန်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး မိုက်ပွန်ပီယိုက စွပ်စွဲခဲ့ပြီး မဟာမိတ်တွေကို ကာကွယ်ပေးသွားမှာဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒါအပြင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှာ တင်ပြသွားမယ်လို့လည်း ပြောခဲ့ပါတယ်။

ဒီလိုစွပ်စွဲချက်ကို အီရန်ဘက်က အခြေအမြစ် မရှိဘူးဆိုပြီးတော့ ငြင်းဆန်ခဲ့ပါတယ်။ ဥရောပသမဂ္ဂက တော့ အမေရိကန်နဲ့ အီရန်ကို အပြန်အလှန်ချုပ်ထိန်းကြဖို့ တိုက်တွန်းထားပါတယ်။ယခုဖြစ်စဉ်က အီရန်နဲ့အ မေရိကန်ကြား ပြေအေးဖို့ ကြားဝင်ဆောင်ရွက်မယ်ဆိုပြီး တီဟီရန်ကို ဇွန်၁၂ ရက်က သွားခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် အာဘေးအတွက် သူရဲ့သံတမန်ခရီးစဉ်ကို အနှောင့်အယှက်ကြီးကြီးမားမားဖြစ်စေတဲ့ ကိစ္စပါဘဲ။ အမေရိကန် သမ္မတဒေါ်နယ်ထရန့် ဂျပန်နိုင်ငံကို  အလည်လာရောက်ပြီးမကြာခင် ပေါ်ထွက်လာတဲ့ ဂျပန်ဝန်ကြီးချုပ်ရဲ့ အီရန်ခရီးစဉ်အပေါ် အများက အကောင်းဘက်က ရှုမြင်ထားချိန်မှာ ယခုလိုတိုက်ခိုက်ခံရမှုထဲ ဂျပန်ရေနံတင် သင်္ဘောပါဝင်လာမှုက တိုက်ဆိုင်မှုလား၊ဒီထက်ပိုသလားဆိုတာစောင့်ကြည့်ရမှာပါ။

ထုံးစံအတိုင်းဒီတိုက်ခိုက်မှုတွေက အီရန်ကျောထောက်နောက်ခံ ဟူသီသူပုန်တွေလက်ချက်ဆိုတာ သေချာခဲ့ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ ခန့်မှန်းလို့မရသေးပါဘူး။ အမေရိကန်ကလည်း အီရန်ဆိုတာသေချာ ရင် သူကို မထီမဲမြင်လုပ်တဲ့ လုပ်ရပ်အတွက် အလျော့ပေးဖွယ်မမြင်တဲ့အတွက် ပင်လယ်ကွေမှာ စစ်မီးတောက် တာကို မြင်တွေ့ရဖို့ များနေပါတယ်။

ဒီသတင်းက ယခုတစ်ပတ်အမေရိကန်ဆိုင်ရာသတင်းတွေဖြစ်တဲ့ လွှတ်တော်၏ ဆင့်ခေါ်မှုကို အာခံတဲ့ သမ္မတထရန့်အစိုးရအဖွဲ့ဝင် များကိုတရားစွဲဆိုဖို့ အမေရိကန်အောက်လွှတ်တော်က ခွင့်ြ့ပူလိုက်တဲ့ သတင်း၊ရေနံထုတ်လုပ်မှု လျှော့ချထားခြင်းကို အိုပက်အဖွဲ့(OPEC)က ဆက်လက် သက်တမ်းတိုးဖွယ်ရှိတဲ့ သတင်း၊  ဘာရိန်းနိုင်ငံမှာ  ပြုလုပ်မယ့်အမေရိကန်ဦးဆောင်တဲ့ ညီလာခံကို အီဂျစ်၊ ဂျော်ဒန်နှင့် မော်ရိုကိုတို့ တက်ရောက်မယ့်သတင်းတွေထဲ ထူးထူးခြားခြားစောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ချက်ကောင်းစောင့်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲ

အမေရိကန်နဲ့ တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲ အလားအလာက တန့်နေပေမယ့် မကြာခင် ဂျပန်မှာ ကျင်းပမယ့် G-20 အစည်းအဝေးမှာ တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတတို့ တွေ့ဖြစ်ဖို့ရှိနေပါတယ်။ ဂျပန်မှာ ဇွန်လကုန်ကျင်းပမယ့် ဒီအစည်းအဝေးမှာ အဓိကဆွေးနွေးစရာဖြစ်လာမယ့် အကြောင်းအရာကကုန်သွယ်ရေး စစ်ပွဲပါဘဲ။

ဒီအစည်းအဝေး အကြိုကျင်းပတဲ့ G-20 အုပ်စုဘဏ္ဍဍာရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးတွေကို ကြိုတင်ကျင်းပနေပြီဖြစ်သလို ဒီအစည်းအဝေးမှာ သက်ဆိုင်ရာနိုင်ငံတွေကဘဏ္ဍာရေးဝန်ကြီးတွေ၊ ဗဟိုဘဏ် အကြီးအကဲတွေ ၊ ဘဏ္ဍာရေးဆိုင်ရာအဆင့်မြင့် ဘဏ္ဍာရေးမူဝါဒချမှတ်သူတွေတက်ရောက်ခဲ့ပါတယ်။ ဒီအစည်း အဝေးမှာ တရုတ်နဲ့ အမေရိကန် သမ္မတနှစ်ဦးတွေကဆုံမှုနဲ့ ပက်သက်ပြီးမဆွေးနွေးသေးတဲ့အတွက် အမေရိကန်သမ္မတနဲ့ တရုတ်သမ္မတ ဒီအစည်းအဝေးမှာ တွေ့ဖြစ်ပါ့မလားဆိုတဲ့ ခန့်မှန်းမှုတွေ ထွက်လာခဲ့ပါ တယ်။ဒါပေမယ့် တက်ရောက်လာတဲ့ အဆင့်မြင့် ဘဏ္ဍာရေးမူဝါဒချမှတ်သူတွေကတော့ ကုန်သွယ်ရေးတင်း မာမှုပိုအရှိန်မြင့် ဆိုးရွားလာနေတာကကမ္ဘာ့စီးပွားရေးတစ်ခုလုံးအပေါ် အန္တရာယ်တွေ ကျရောက်စေတယ်လို့် လက်ခံထားခဲ့ကြပါတယ်။

ထရန့်ဘက် ဇွန်လကုန်ကျင်းပမည့် ယင်းထိပ်သီးအစည်းအဝေးပွဲမှာ တရုတ်သမ္မတရှီကျင့်ဖိန်နဲ့ တွေ့ဆုံဆွေးနွေး ရန် အသင့်ရှိနေတယ်လို့ ထရန့်ဘက်ကပြောခဲ့ပေမယ့် တရုတ်အစိုးရဘက်ကတော့ ဘာမှ မပြောခဲ့ပါဘူး။ဒါပေမယ့် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးညှိနှိုင်းမှုများအတွက် လမ်းဖွင့်ထားတယ်လို့ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနကပြောခဲ့တာတော့ ရှိပါတယ်။သမ္မတနှစ်ဦးကပြီးခဲ့တဲ့ နှစ်က ဗျူနိုအေးရိ့စ် ထိပ်သီးတွေ့ဆုံပွဲနောက်ပိုင်းကတည်းကတွေ့ဆုံမှုမရှိသေးပါဘူး။

ဇွန်လ ၁၀ ရက်မှာတော့ သမ္မတထရမ့်က G-20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတရှီကျင်းဖိန့်နဲ့ ကုန်သွယ် ရေးဆွေးနွေးမှုတွင် တိုးတက်မှုရရှိအောင် မလုပ်နိုင်ရင် တရုတ်သွင်းကုန်တွေကိုထပ်မံပြီး အခွန်တိုးကောက်မယ်လို့ ပြောခဲ့ပါတယ်။ဒီအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူဂန် ရှောင်းက “ ကုန်သွယ်ရေးစစ်ပွဲမှာ တရုတ်မပါချင်ဘူး။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မကြောက်ပါဘူး” လို့ပြောခဲ့ပါတယ်။

တရုတ်မှာအမေရိကန်မုန်းတီးရေးတွေကတော့ အာရှထုံးစံအတိုင်း စတင်နေပါပြီ။ယခုရက်သတ္တပတ်ထဲရှန်ဟိုင်းမှာပြုလုပ်တဲ့ စားသုံးသူအီလက်ထရွန်နစ် ကုန်စည်ပြပွဲ(အာရှ )ဆိုတဲ့ နည်းပညာပြပွဲတစ်ခုမှာတူဖြင့် ထုရိုက်နိုင်သောဒေါ်နယ်ထရန့် အရုပ်တစ်ရုပ် ကိုထားပြီး ပြပွဲလာသူတွေက အကြွေစေ့ထည့်ပြီး ထုနှက်ရိုက် ခတ်ခဲ့ပါတယ်။ဒီနေရာမှာ ပြပွဲလာသူတွေနဲ့ စည်ကားနေခဲ့ပါတယ်။ ယခုရက်သတ္တပတ်ထဲမှာဘဲအမေရိကန်ကုမ္ပဏီ ၆၀၀ ကျော်ကသမ္မတ ဒေါ်နယ် ထရမ့်ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး စာထဲမှာ အခွန်တိုးမြှင့်ခြင်းကအမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများကိုထိခိုက်စေလို့ တရုတ်နဲ့ ကုန်သွယ်ရေးအငြင်းပွားမှုကို ဖြေရှင်းရန် တိုက်တွန်းထားခဲ့ပါတယ်။

ဒီလိုအမေရိကန်ဘက်ကကုန်သွယ်ရေးစစ်ပွဲမှာထိခိုက်မှုတွေကိုစာရေးတောင်းဆိုတာတွေဖြစ်နေပေမယ့် တရုတ်ဘက်ကတော့ ငြိမ်ချက်သားကောင်းနေပါတယ်။ တာဂျစ်ကစ္စတန်နိုင်ငံ မြို့ တော်ဒူရှန်ဘီကိုရောက်နေတဲ့ တရုတ်သမ္မတကိုရုှရှားသမ္မတပူတင်ကဇွန် ၁၆ ရက်ကကျရောက်တဲ့ ရှီကျင့်ဖိန်မွေးနေ့အဖြစ် ရေခဲမုန့် လက်ဆောင်ပေးခဲ့ပြီးရှီကျင့်ဖိန့်က လက်ဖက်ရည်ပြန်ပေးခဲ့ပါတယ်။ အဆိုပါရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ညီလာခံမှာ တရုတ်သမ္မတကတူရကီသမ္မတ အန်ဒိုဂန်၊ကာတာ စော်ဘွားတို့နဲ့တွေပြီးOBORနဲ့ ကုန်သွယ်မှု တိုးတက်ဖို့ ဆွေးနွေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။ ဒီရှန်ဟိုင်းညီလာခံမှာတရုတ်AIIBကနေBRIမှာပါတဲ့ နိုင်ငံတွေရဲ့ အခြေခံအဆောက်အဦးတွေ အတွက် ချေးငွေထုတ်ချေးနိုင်ဖို့လည်းဆွေးနွေးခဲ့တာတွေလည်းရှိခဲ့ပါတယ်။

တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ အဓိကဇာတ်ကောင်ဖြစ်လာခဲ့တဲ့ HUAWEIကတော့ မကြာခင် googleအပါအဝင် လူမှုကွန်ရက်ဖြစ်တဲ့ facebook အပါအဝင် googleကနေထောက်ပံ့ထားတဲ့ စနစ်တွေကို လက်လွတ်ရတော့မှာကို ကာမိစေဖို့ မကြာမီမှာအမေရိကန် Android Operating System(OS) နေရာတွင် အစားထိုးသုံးမယ့် ကိုယ်ပိုင် (OS)Hongmengကိုမိတ်ဆက်ဖို့ ရှိနေတယ်ဆိုပါတယ်။သတင်းတွေအရတော့ ဟွာဝေးက ၎င်းတို့ကိုယ်ပိုင် OS အတွက် နိုင်ငံများစွာမှာကုန်အမှတ်တံဆိပ် ခွင့်ပြုချက်လျှောက်ထားပြီလို့ ကုလသမဂ္ဂ ကမ္ဘာ့အသိဉာဏ်ဆိုင်ရာ ပိုင်ဆိုင်မှုအဖွဲ့မှ စာရင်းတွေမှာဖော်ပြခဲ့ပါတယ်။

ဟွာဝေးနဲ့ တရုတ်ဆိုတာ ခွဲမရတဲ့ အတွက် ဟွာဝေးဘက်က ခပ်မာမာတုံပြန်ခဲ့သလိုလာမယ့် G-20 အစည်းအဝေးမှာ ဘာတွေ ဖြစ်လာဦးမလဲထရမ့်နဲ့ ရှီကျင်းဖိန် ဘယ်သူကအလျော့ပေးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အကာအကွယ်မဲ့တဲ့ ကမ္ဘာတစ်ဝန်း ကလေးငယ်တွေ

ယခုတစ်ပတ်သတင်းတွေထဲ အများစိတ်ဝင်စားစရာ သတင်းအချို့ ရှိခဲ့ပါတယ်။ဒီထဲမှာ အာဖရိကတိုက် မှာလူမျိုးစုသတ်ဖြတ်မှုတွေထဲ ကလေးငယ်တွေပါ ဓားစာခံဖြစ်ရတာ အတော်လေးဆိုးဝါးတဲ့ ကိစ္စပါဘဲ။အာဖရိက တိုက် နိုင်ငံတစ်ခုဖြစ်တဲ့ မာလီမှာ  တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့က လူ ၁၀၀ ခန့်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ရာမှာ ဒီထဲ ကလေးငယ် ၂၄ ဦးပါခဲ့ပါတယ်။ ဒါဟာ အဆိုးဝါးဆုံးကိစ္စပါဘဲ။

ပြီးခဲ့တဲ့ အပတ်က ဒိုဂွန်လူမျိုးများတွေရဲ့ ဆိုဘာနီဒါကျေးရွာကို ပြိုင်ဘက် ဖူလာနီလူမျိုးစု လက်နက် ကိုင်တွေက စီးနင်းတိုက်ခိုက်ခဲ့ရာမှာ လူ ၉၅ ဦးထက် မနည်း သတ်ဖြတ်ပြီး နေအိမ်များ ကို မီးရှို့ဖျက်ဆီးခဲ့တာ ပါ။ သတ်ဖြတ်ခံရတဲ့ ထဲမှာ ကလေးတွေပါဝင်ပြီးနောက်ကျောကနေ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။မာလီမှာ လူမျိုးစုတွေကြား အပြန်အလှန်သတ်ဖြတ်မှုတွေ ဖြစ်နေရာမှာ မတ်လတုန်းက ဖူလာနီလူမျိုး ၁၅၀ ကျော်ကို သတ်ဖြတ်ခံရလို့ မာလီသမိုင်းမှာ အဆိုးဆုံးသွေးချောင်းစီးမှုဖြစ်ခဲ့ပါတယ်။

ကမ္ဘာတစ်ဝန်းအသတ်ခံရတဲ့ အသတ်ခံရမှုတွေမှာ ဖြစ်နေဆဲပါ။ အထူးသဖြင့် ဘာသာရေးနဲ့ လူမျိုး ရေး မုန်းတီးတဲ့ အဖြစ်တွေကြောင့် သတ်ဖြတ်မှုတွေက ပိုများပါတယ်။ဒီအမုန်းတရားတွေကြောင့် ကလေး ငယ်တွေ ကိုပါ သတ်ဖြတ်တာက အတော်လေးကို တိရစ္ဆာန်သာသာအသိပါဘဲ။ ဆူဒန်နိုင်ငံ ဒါဖာဒေသမှာလဲ  ဇွန် ၁၀ ရက်က Jan-jaweed ပြည်သူ့စစ်တွေ Deleij ကျေးရွာဈေးမှာ ပစ်ခတ်ခဲ့လု့ိ လူ ၁၁ ဦး သေဆုံးပြီး ၂၀ ခန့်ဒဏ် ရာရရှိခဲ့သလို နေအိမ် ၁၀၀ ကျော် မီးရှို့ခံခဲ့ရပါတယ်။

အီသီယိုးပီးယားမှာလဲ ယခုထိ လူမျိုးစု တွေ တင်းမာမှုတွေကြောင့် လူပေါင်း တစ်သန်းကျော် ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးရတာ အခုမှ ပြန် နေရဆဲပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ထုတ်ပြန်တဲ့ အထဲမှာ စစ်မက်ဇုန်တွေမှာ နေထိုင်သူငါးဦးလျှင် တစ်ဦး စိတ်ဒဏ်ရာ အလွန်ဖိစီးမှု များ၊ စိတ်အတက်အကျမြန်ခြင်း တို့ ဖြစ်ပေါ်နေတယ်လို့ ထုတ်ပြန်ခဲ့ တာရှိပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ် သတင်းတွေဖြစ်တဲ့ ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်းမှာ ဘတ်စ်ကာ း တစ်စီး အရှိန်မထိန်းနိုင်ဘဲ အခြား ကားအများအပြားကို ဝင်တိုက်ခဲ့မိလို့ အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့တဲ့ သတင်း၊ အမေရိကန်နိုင်ငံ နယူးယောက်ရှိ ထရမ့်တာဝါအနီး မိုးမျှော်တိုက်ပေါ်ဆင်းသက်တဲ့ ရဟတ်ယာဉ်ပျက် ကျ လို့ ရဟတ်ယာဉ်မှူးသေဆုံးခဲ့တဲ့ သတင်း၊ဆယ်ကျော်သက်ကျောင်းသူလေး တဦး အဓမ္မကျင့်ခံရပြီးတိုင်လို့ မီးရှို့သတ်ဖြတ်ခံရမှုမှာ တာဝန်မကင်းတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အကြီးတန်း ရဲအရာရှိတစ်ဦး ကို အရေးယူထား တဲ့ သတင်း၊ ရေတွင်းထဲ လေးရက်ကြာ ပိတ်မိခဲ့ကာ သေဆုံးခဲ့တဲ့ အသက် (၂)နှစ်အရွယ် အိန္ဒိယကလေးငယ် ကြောင့် အိန္ဒိယတစ်ဝန်းမှာ ဆန္ဒပြပွဲဖြစ်ခဲ့တဲ့ သတင်း၊ ယူကရိန်းနိုင်ငံက စိတ်ကျန်းမာရေးဆေးရုံမှာ မီးလောင်မှု ဖြစ်ပြီး လူ ခြောက်ဦး သေဆုံးခဲ့တဲ့ သတင်း၊လူ ၅၁ ဦး သေဆုံးခဲ့တဲ့ နယူး ဇီလန်ခရစ်ချာ့ချ်မြို့ဗလီပစ်ခတ် တိုက်ခိုက် မှုကျူးလွန်သူက သူမှာ အပြစ်မရှိဘူးလို့ တရားရုံးမှာထွက်ဆိုခဲ့တဲ့ သတင်း၊ အာဖဂန်နစ္စတန်နိုင်ငံ ဂါဇနီမြို့ရှိ ရှေးဟောင်းမျှော်စင် တစ်ခု ပြိုကျခဲ့တဲ့ သတင်း၊ တရုတ်နိုင်ငံတောင်ပိုင်းနဲ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားလို့ လူ ၆၁ ဦးထက်မနည်း သေဆုံးကာ လူ ၃၅၆,၀၀၀ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရတဲ့ သတင်းတွေထဲ လူစိတ်ဝင်စားမှုပိုခဲ့တဲ့ သတင်းဖြစ်ခဲ့ပါတယ်။

ပြန်စလာတဲ့ ရုရှား-အမေရိကန် အားပြိုင်မှု

မကြာမီက ရုရှားဘက်က အမေရိကန်လေပိုင်နက်ထဲ ဝင်လို့ဆိုပြီး အမေရိကန်တိုက်လေယာဉ်တွေက မောင်းထုတ်ရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာခဲ့တာကိုတွေ့ရပါတယ်။ အထူးသဖြင့် ဆီးရီးယားမှာ အမေရိကန်နဲ့ ရုရှား အားပြိုင်မှုက သိသာခဲ့သလို ရုရှားဘက်က အသာရလာတာကိုတွေ့ရပါတယ်။တခြားသော နေရာဖြစ်တဲ့ တူရကီမှာ ရုရှားရဲ့ လေကြောင်းကာကွယ်ရေးစနစ် S-400 နဲ့ အမေရိကန်ရဲ့ ခေတ်လွန် F-35 တွေ ကိစ္စမှာ တူရကီက ရုရှားဘက်ကို ဇောင်းပေးခဲ့တဲ့အတွက် ကမ္ဘာစစ်ရေးချိန်ခွင်လျှာမှာ ရုရှားဘက် အရင်လိုမဟုတ် တော့ဘဲ ပြန်ခေါင်းထောင်လာတာကိုတွေ့ရပါတယ်။

စစ်ရေးတစ်ခုသာမဟုတ်ပါဘူး။နိုင်ငံတကာရေးတွေမှာလည်း ရုရှားရဲ့ သြဇာအာဏာက အရှေ့အ လယ်ပိုင်းလို့ ဆူပွက်နေတဲ့ ကမ္ဘာစစ်မက်နေရာမှာလည်း သိသိသာသာတက်လာခဲ့ပါတယ်။
ဗင်နီဇွဲလားသမ္မတ ဘာကြောင့် တစ်တိုင်းပြည်လုံးမလိုလားတဲ့ ကြားက ခပ်မာမာရပ်တည်နေနိုင်သလဲ ဆိုတာကိုကြည့်ရင် ဗင်နီဇွဲ လားအစိုးရနောက်မှာ ရုရှားရပ်တည်နေတာကိုတွေ့ရမှာပါ။

ဒီအခြေအနေမှာ အမေရိကန်က ရုရှားကို တန်ပြန်ဖို့ အနေနဲ့  ပိုလန်နိုင်ငံထဲ အမေရိ ကန် စစ်သည် တပ်ဖွဲ့ဝင် ၁,ဝဝဝ ကျော် ထပ်မံစေလွှတ်တပ်ချပေးသွားမယ်ဆိုပြီး ထုတ်ဖော်ပြောခဲ့ပါတယ်။ ဇွန် ၁၂ ရက်က  ပိုလန်သမ္မတနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်က ပြောခဲ့တာပါ။ နဂို ကတည်းက ပိုလန်မှာ အမေရိကန်စစ်သားက ၅၀၀၀ ခန့်ရှိနေတဲ့ အတွက် ပိုလန်ဘက်က ကျေးဇူးတင် တယ်လို့ ပြောခဲ့ပါတယ်။ဒီမတိုင်ခင် ဇွန် ၁၁ ရက်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက နေတိုးအဖွဲ့ဝင် နိုင်ငံ ဖြစ်ဖို့  ကြိုးစားနေတဲ့ ဂျော်ဂျီယာနိုင်ငံကို ကူညီမယ်လို့ ပြောခဲ့တာရှိပါတယ်။ပွန်ပီယိုကတော့ ဒါဟာ ရုရှားရဲ့ နိုင် ထက်စီးနင်း ပြုကျင့်မှုကနေ ဂျော်ဂျီယာနိုင်ငံရဲ့ ကာကွယ်ရေးအသင့်ရှိဖို့ စီမံကိန်းကို မိမိတို့စစ်တပ်က ကူညီပံ့ပိုး ပေးရတာလို့ ဆိုခဲ့ပါတယ်။

ယူကရိန်းပိုင် ခရိုင်းမီးယားကို သိမ်းပိုက်ခဲ့တဲ့ ရုရှားကို ယူကရိန်းက ခရိုင်းမီးယားဝန်းကျင်က ကမ်းရိုး တန်းရေပြင် ဖြတ်သန်းအသုံးပြုခွင့် ရရှိရေးနဲ့ ပတ်သက်ပြီး ကမ္ဘာ့သက်တမ်းအရင့်ဆုံးတရားစီရင်ရေး ခုံရုံးဖြစ်တဲ့ နယ်သာလန်နိုင်ငံ သည်ဟိတ်က အမြဲတမ်း ခုံသမာဓိရုံး PCA ကို အမှုတင်ခဲ့ပါတယ်။ ဒါကို ရုရှားဘက်က ဇွန်၁၀ ရက်က ကန့်ကွက်ခဲ့သလို ယူကရိန်းကလည်း ဇွန် ၁၁ ရက်မှာ ရုရှားကို ကမ္ဘာ့ပင်လယ်သမုဒ္ဒရာဆိုင်ရာ နိုင်ငံတ ကာ ဥပဒေအပေါ် လုံးလုံး လေးစားမှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ရုရှားဘက်က ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်း ကာ့ရှ်ရေလက်ကြားအနီး ခုတ်မောင်း လာတဲ့ ယူကရိန်းရေတပ်သင်္ဘော သုံးစင်းကို ပစ်ခတ်ဖမ်းဆီးပြီး သင်္ဘော သား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထားပါတယ်။ဒီဖြစ်စဉ်အတွက် သည်ဟိဂ်တရားရုံးက ဘယ်လို ဆုံးဖြတ်ချက် ချမလဲ ဆိုတာကိုစောင့်ကြည့်ရဦးမှာပါ။ တရားရုံးက ရုရှားရဲ့ ဖိအားကို ကြံကြံခံပြီး ဘယ်လို စီရင်ချက်ချမလဲ ၊ရုရှားကရော သည်ဟိဂ်တရားရုံးဆုံးဖြတ်ချက်ကိုနာခံပါမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီတစ်ပတ်ထဲ သည်လိုသတင်းတွေအပြင် ရုရှားမှာ မူးယစ်ဆေး ဝါးရောင်းဝယ်မှုနဲ့ စွဲချက်တင်ခံရတဲ့ ရုရှားဂျာနယ်လစ်တစ် ဦး ပြန်လည်လွတ်မြောက်လာတဲ့ သတင်း၊ ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်နေရာ အတွက် အဆိုတင်ခံရတဲ့ သူဆယ်ဦးစာရင်းကိုအတည်ပြုခဲ့တဲ့ သတင်း၊ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာဆန်းဒါးစ် ဇွန်လကုန်မှာ ရထူးကနူတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားခဲ့တဲ့သတင်း ၊ဆွစ်ဇာလန်မှာ အမျိုးသမီးများက တန်းတူအခွင့်အရေးရရှိရေး အတွက် ဆန္ဒပြခဲ့တဲ့သတင်း၊ ဗင်နီဇွဲလားနဲ့ ကိုလံဘီယာနိုင်ငံ ကြား  နယ်စပ်ဖြတ်သန်းဂိတ်တွေကို သုံးလကျော် ပိတ်ထားခဲ့ရာကနေ ဗင်နီဇွဲလားဘက်က ပြန်လည်ဖွင့်လှစ် ပေးခဲ့တဲ့ သတင်းတွေထဲ စောင့်ကြည့်ရတဲ့ သတင်းဖြစ်ခဲ့တယ်ဆိုတာတင်ပြရင်း ယခုရက်သတ္တပတ်နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲရပ်လိုက်ချင်ပါတယ်။

မင်းထက်
ဇွန် - ၁၇

( Zawgyi )

ယခုတစ္ပတ္ သတင္းေတြထဲ ႏိုင္ငံတကာ သတင္းမီဒီယာေတြမွာ ထိပ္တန္းျဖစ္ခဲ့တဲ့ သတင္းက ပင္လယ္ေကြ႕က ေဟာ္မုဇ္ေရလက္ၾကားမွာ ေရနံတင္သေဘၤာေတြ တိုက္ခိုက္ခံရတဲ့ သတင္းပါ။ဒီလိုတိုက္ခိုက္ခံရမႈက အီရန္ကို တိုက္ခိုက္ဖို႔ျပင္ေနတဲ့ အေမရိကန္အတြက္ ခ်က္ေကာင္းပါဘဲ။ဒီအတြက္ ကမာၻတစ္ဝန္းမွာ အက်ိဳးသက္ေရာက္မႈေတြရွိသလို ဘာေတြဆက္ျဖစ္လာမလဲဆိုတာ ရင္တမမနဲ႔ ေစာင့္ၾကည့္ရတဲ့အထိ ျဖစ္ခဲ့ရပါတယ္။

ဒီသတင္းနဲ႔ အၿပိဳင္ တ႐ုတ္နဲ႔ အေမရိကန္ၾကားက ကုန္သြယ္ေရးတင္းမာမႈ ေနာက္ဆုံးအေျခအေန သတင္းေတြ၊ ကမာၻတစ္လႊားအၾကမ္းဖက္သတ္ျဖတ္မႈသတင္းေတြကလည္း ယခုတစ္ပတ္သတင္းေတြျဖစ္တဲ့  အိႏၵိယက မၾကာမီကာလမွာ  ကမာၻၿဂိဳဟ္ ပတ္လမ္းထဲ ကိုယ္ပိုင္ အာကာသယာဥ္စခန္း လႊတ္တင္ဖို႔ ရည္မွန္း ထားတယ္လို႔ ထုတ္ျပန္ခဲ့တဲ့သတင္း ၊ ဗီယက္နမ္ကားထုတ္လုပ္ ေရးကုမၸဏီ VinFast က  ပထမဆုံးထုတ္ကား ေတြ ေဈးကြက္ထဲ စတင္ေရာင္းခ်ေတာ့မယ္သတင္း၊ မေလးရွား ကိုေရာက္ေနတဲ့ ပလတ္စတစ္ စြန႔္ပစ္အမႈိက္ ေတြ ျပန္ယူဖို႔ အစီအစဥ္မရွိဘူးလို႔ ကေနဒါအစိုးရကေျပာလိုက္တဲ့ သတင္း၊အေမရိကန္ႏိုင္ငံ က်င္းပတဲ့ လိင္တူ စုံမက္သူခ်ီတက္ပြဲမွာအမ်ိဳးသားတစ္ဦးေသနတ္ တစ္လက္ ကိုင္ ေျမႇာက္ခဲ့လို႔ ဝ႐ုန္းသုန္းကားျဖစ္ကာ လူခုနစ္ဦး ထိခိုက္ဒဏ္ရာရခဲ့တဲ့ သတင္း၊ ကင္မ္ဂ်ဴံအန္းရဲ႕ ဖေအတူ မေအကြဲ အကို ကမ္မ္ဂ်ဴံနမ္ဟာ စီအိုင္ေအ CIA သ တင္းေပးတစ္ဦးလို႔  Wall Street ဂ်ာနယ္က ေဖာ္ျပခဲ့တဲ့ သတင္းေတြကို ေက်ာ္ျဖတ္ၿပီး စာဖတ္သူအမ်ားစုကို စိတ္ဝင္စားမႈ ပိုမ်ားေစခဲ့ပါတယ္။

အီရန္ စမယ့္ ဒုတိယပင္လယ္ေကြ႕စစ္ပြဲ

အေမရိကန္စစ္သေဘၤာေတြ ေရာက္ေနၿပီး အီရန္နဲ႔အေမရိကန္ တင္းမာမႈ အျမင့္ဆုံးေရာက္ေနတဲ့ အခ်ိန္မွာ အိုမန္ပင္လယ္ေကြ႕ထဲက ေရနံတင္သေဘၤာႏွစ္စင္း တိုက္ခိုက္ခံလိုက္ရပါတယ္။ဇြန္ ၁၃ ရက္ေန႔က ျဖစ္တဲ့ ျဖစ္စဥ္မွာ ဂ်ပန္ပိုင္ ေရနံတင္သေဘၤာတစ္စင္းနဲ႔ ေနာ္ေဝ ကုမၸဏီတစ္ခုပိုင္ သေဘၤာတစ္စင္း တိုက္ခိုက္ ခံရၿပီး ေပါက္ကြဲမီးေလာင္မႈခဲ့တာပါ။ သေဘာတၤစ္စင္းျဖစ္တဲ့  Front Altair သေဘၤာကေတာ့ မီးေလာင္ေနခဲ့ၿပီး ေရယာဥ္အမႈထမ္းေတြကိုေတာ့ ကယ္တင္ႏိုင္ခဲ့ပါတယ္။

သေဘၤာအမႈထမ္းေတြကို ကယ္တင္ႏိုင္ခဲ့ေပမယ့္ သေဘၤာေတြကေတာ့ ေရျပင္မွာေမ်ာေနသလို တစ္ စင္းကေတာ့ ေရယာဥ္မွာ အမႈထမ္းေတြ မပါခဲ့ပါဘူး။ ဒီလို တိုက္ခိုက္ခံရတဲ့ အတြက္ ဒါဟာ သေဘၤာေတြ ဘက္ ကေတာ့ ေတာ္ပီဒိုနဲ႔ ပစ္ခတ္ခံရတာလို႔ ယူဆခဲ့တာလည္း ရွိပါတယ္။ဂ်ပန္ေရနံတင္သေဘၤာဘက္ကေတာ့ ေလထဲ ပ်ံလာတဲ့ အရာဝတၱဴေတြထိမွန္ၿပီး သေဘၤာပ်က္စီးခဲ့တာလို႔ ဆိုပါတယ္။
ၿပီးခဲ့တဲ့လက ယင္းေဒသမွာ သေဘၤာေလးစင္း တိုက္ခိုက္ခံရမႈျဖစ္စဥ္မွာေတာ့ ေဆာ္ဒီအာေရဗ်နဲ႔ အေမ ရိကန္တို႔က အီရန္အေပၚ အျပစ္ဖို႔ခဲ့ေပမယ့္ အီရန္ဘက္က ျပန္လည္ ခုခံျငင္းဆန္ထားခဲ့ပါတယ္။ယခုျဖစ္တဲ့ ျဖစ္စဥ္မွာေတာ့ ၿဗိတိန္ ပင္လယ္ေရေၾကာင္း ကုန္သြယ္မႈ ဌာနနဲ႔ ဘာရိန္း အေျခစိုက္ အေမရိကန္ ေရတပ္တို႔ က တိုက္ခိုက္ခံရမႈျဖစ္စဥ္မွာ အသုံးျပဳသြားတဲ့ လက္နက္အမ်ိဳးအစားနဲ႔ကို စုံစမ္းစစ္ေဆးေနၿပီလို႔ ေျပာသြားပါတယ္။

ဇြန္ ၁၄ ရက္မွာေတာ့ ပ်က္စီးခဲ့တဲ့ ဂ်ပန္ေရနံတင္သေဘၤာကေန မေပါက္ ကြဲေသးတဲ့ မိုင္းတစ္ခု ကို အီရန္ ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕က ဖယ္ရွားေနပုံကို ဗီဒီယိုတစ္ခုကို အေမရိကန္စစ္ ဘက္က ထုတ္ျပ ခဲ့ပါ တယ္။ ယင္းမိုင္းတိုက္ခိုက္မႈမ်ား၏ ေနာက္ကြယ္တြင္ အီရန္ရွိေနတယ္လို႔  အေမရိကန္ဘက္က စြပ္စြဲခဲ့ ေပမယ့္ အီရန္ဘက္ကေတာ့ ထုံးစံအတိုင္း ျငင္းဆန္ခဲ့ပါတယ္။
ဒီတိုက္ခိုက္မႈနဲ႔ပက္သက္ၿပီး ဝါရွင္တန္မွာ ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ က်ဴးလြန္သူလက္သည္တရားခံက အီရန္ျဖစ္တယ္လို႔ အေမရိကန္ ႏိုင္ငံျခား ေရး ဝန္ႀကီး မိုက္ပြန္ပီယိုက စြပ္စြဲခဲ့ၿပီး မဟာမိတ္ေတြကို ကာကြယ္ေပးသြားမွာျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ဒါအျပင္ ကုလသမဂၢ လုံၿခဳံေရး ေကာင္စီမွာ တင္ျပသြားမယ္လို႔လည္း ေျပာခဲ့ပါတယ္။

ဒီလိုစြပ္စြဲခ်က္ကို အီရန္ဘက္က အေျခအျမစ္ မရွိဘူးဆိုၿပီးေတာ့ ျငင္းဆန္ခဲ့ပါတယ္။ ဥေရာပသမဂၢက ေတာ့ အေမရိကန္နဲ႔ အီရန္ကို အျပန္အလွန္ခ်ဳပ္ထိန္းၾကဖို႔ တိုက္တြန္းထားပါတယ္။ယခုျဖစ္စဥ္က အီရန္နဲ႔အ ေမရိကန္ၾကား ေျပေအးဖို႔ ၾကားဝင္ေဆာင္႐ြက္မယ္ဆိုၿပီး တီဟီရန္ကို ဇြန္၁၂ ရက္က သြားခဲ့တဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ အာေဘးအတြက္ သူရဲ႕သံတမန္ခရီးစဥ္ကို အေႏွာင့္အယွက္ႀကီးႀကီးမားမားျဖစ္ေစတဲ့ ကိစၥပါဘဲ။ အေမရိကန္ သမၼတေဒၚနယ္ထရန႔္ ဂ်ပန္ႏိုင္ငံကို  အလည္လာေရာက္ၿပီးမၾကာခင္ ေပၚထြက္လာတဲ့ ဂ်ပန္ဝန္ႀကီးခ်ဳပ္ရဲ႕ အီရန္ခရီးစဥ္အေပၚ အမ်ားက အေကာင္းဘက္က ရႈျမင္ထားခ်ိန္မွာ ယခုလိုတိုက္ခိုက္ခံရမႈထဲ ဂ်ပန္ေရနံတင္ သေဘၤာပါဝင္လာမႈက တိုက္ဆိုင္မႈလား၊ဒီထက္ပိုသလားဆိုတာေစာင့္ၾကည့္ရမွာပါ။

ထုံးစံအတိုင္းဒီတိုက္ခိုက္မႈေတြက အီရန္ေက်ာေထာက္ေနာက္ခံ ဟူသီသူပုန္ေတြလက္ခ်က္ဆိုတာ ေသခ်ာခဲ့ရင္ ဘာေတြ ျဖစ္လာမလဲ ဆိုတာ ခန႔္မွန္းလို႔မရေသးပါဘူး။ အေမရိကန္ကလည္း အီရန္ဆိုတာေသခ်ာ ရင္ သူကို မထီမဲျမင္လုပ္တဲ့ လုပ္ရပ္အတြက္ အေလ်ာ့ေပးဖြယ္မျမင္တဲ့အတြက္ ပင္လယ္ေကြမွာ စစ္မီးေတာက္ တာကို ျမင္ေတြ႕ရဖို႔ မ်ားေနပါတယ္။

ဒီသတင္းက ယခုတစ္ပတ္အေမရိကန္ဆိုင္ရာသတင္းေတြျဖစ္တဲ့ လႊတ္ေတာ္၏ ဆင့္ေခၚမႈကို အာခံတဲ့ သမၼတထရန႔္အစိုးရအဖြဲ႕ဝင္ မ်ားကိုတရားစြဲဆိုဖို႔ အေမရိကန္ေအာက္လႊတ္ေတာ္က ခြင့္ျ့ပူလိုက္တဲ့ သတင္း၊ေရနံထုတ္လုပ္မႈ ေလွ်ာ့ခ်ထားျခင္းကို အိုပက္အဖြဲ႕(OPEC)က ဆက္လက္ သက္တမ္းတိုးဖြယ္ရွိတဲ့ သတင္း၊  ဘာရိန္းႏိုင္ငံမွာ  ျပဳလုပ္မယ့္အေမရိကန္ဦးေဆာင္တဲ့ ညီလာခံကို အီဂ်စ္၊ ေဂ်ာ္ဒန္ႏွင့္ ေမာ္႐ိုကိုတို႔ တက္ေရာက္မယ့္သတင္းေတြထဲ ထူးထူးျခားျခားေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ခ်က္ေကာင္းေစာင့္ေနတဲ့ ကုန္သြယ္ေရးစစ္ပြဲ

အေမရိကန္နဲ႔ တ႐ုတ္ၾကား ကုန္သြယ္ေရးစစ္ပြဲ အလားအလာက တန႔္ေနေပမယ့္ မၾကာခင္ ဂ်ပန္မွာ က်င္းပမယ့္ G-20 အစည္းအေဝးမွာ တ႐ုတ္သမၼတနဲ႔ အေမရိကန္သမၼတတို႔ ေတြ႕ျဖစ္ဖို႔ရွိေနပါတယ္။ ဂ်ပန္မွာ ဇြန္လကုန္က်င္းပမယ့္ ဒီအစည္းအေဝးမွာ အဓိကေဆြးေႏြးစရာျဖစ္လာမယ့္ အေၾကာင္းအရာကကုန္သြယ္ေရး စစ္ပြဲပါဘဲ။

ဒီအစည္းအေဝး အႀကိဳက်င္းပတဲ့ G-20 အုပ္စုဘ႑ဍာေရးဆိုင္ရာ ထိပ္သီးအစည္းအေဝးေတြကို ႀကိဳတင္က်င္းပေနၿပီျဖစ္သလို ဒီအစည္းအေဝးမွာ သက္ဆိုင္ရာႏိုင္ငံေတြကဘ႑ာေရးဝန္ႀကီးေတြ၊ ဗဟိုဘဏ္ အႀကီးအကဲေတြ ၊ ဘ႑ာေရးဆိုင္ရာအဆင့္ျမင့္ ဘ႑ာေရးမူဝါဒခ်မွတ္သူေတြတက္ေရာက္ခဲ့ပါတယ္။ ဒီအစည္း အေဝးမွာ တ႐ုတ္နဲ႔ အေမရိကန္ သမၼတႏွစ္ဦးေတြကဆုံမႈနဲ႔ ပက္သက္ၿပီးမေဆြးေႏြးေသးတဲ့အတြက္ အေမရိကန္သမၼတနဲ႔ တ႐ုတ္သမၼတ ဒီအစည္းအေဝးမွာ ေတြ႕ျဖစ္ပါ့မလားဆိုတဲ့ ခန႔္မွန္းမႈေတြ ထြက္လာခဲ့ပါ တယ္။ဒါေပမယ့္ တက္ေရာက္လာတဲ့ အဆင့္ျမင့္ ဘ႑ာေရးမူဝါဒခ်မွတ္သူေတြကေတာ့ ကုန္သြယ္ေရးတင္း မာမႈပိုအရွိန္ျမင့္ ဆိုး႐ြားလာေနတာကကမာၻ႔စီးပြားေရးတစ္ခုလုံးအေပၚ အႏၲရာယ္ေတြ က်ေရာက္ေစတယ္လို႔္ လက္ခံထားခဲ့ၾကပါတယ္။

ထရန႔္ဘက္ ဇြန္လကုန္က်င္းပမည့္ ယင္းထိပ္သီးအစည္းအေဝးပြဲမွာ တ႐ုတ္သမၼတရွီက်င့္ဖိန္နဲ႔ ေတြ႕ဆုံေဆြးေႏြး ရန္ အသင့္ရွိေနတယ္လို႔ ထရန႔္ဘက္ကေျပာခဲ့ေပမယ့္ တ႐ုတ္အစိုးရဘက္ကေတာ့ ဘာမွ မေျပာခဲ့ပါဘူး။ဒါေပမယ့္ အေမရိကန္ႏွင့္ ကုန္သြယ္ေရးေဆြးေႏြးညႇိႏႈိင္းမႈမ်ားအတြက္ လမ္းဖြင့္ထားတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ ႀကီးဌာနကေျပာခဲ့တာေတာ့ ရွိပါတယ္။သမၼတႏွစ္ဦးကၿပီးခဲ့တဲ့ ႏွစ္က ဗ်ဴႏိုေအးရိ႕စ္ ထိပ္သီးေတြ႕ဆုံပြဲေနာက္ပိုင္းကတည္းကေတြ႕ဆုံမႈမရွိေသးပါဘူး။

ဇြန္လ ၁၀ ရက္မွာေတာ့ သမၼတထရမ့္က G-20 ထိပ္သီးအစည္းအေဝးမွာ တ႐ုတ္သမၼတရွီက်င္းဖိန႔္နဲ႔ ကုန္သြယ္ ေရးေဆြးေႏြးမႈတြင္ တိုးတက္မႈရရွိေအာင္ မလုပ္ႏိုင္ရင္ တ႐ုတ္သြင္းကုန္ေတြကိုထပ္မံၿပီး အခြန္တိုးေကာက္မယ္လို႔ ေျပာခဲ့ပါတယ္။ဒီအေပၚ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူဂန္ ေရွာင္းက “ ကုန္သြယ္ေရးစစ္ပြဲမွာ တ႐ုတ္မပါခ်င္ဘူး။ ဒါေပမဲ့ ဘယ္သူ႔ကိုမွ မေၾကာက္ပါဘူး” လို႔ေျပာခဲ့ပါတယ္။

တ႐ုတ္မွာအေမရိကန္မုန္းတီးေရးေတြကေတာ့ အာရွထုံးစံအတိုင္း စတင္ေနပါၿပီ။ယခုရက္သတၱပတ္ထဲရွန္ဟိုင္းမွာျပဳလုပ္တဲ့ စားသုံးသူအီလက္ထ႐ြန္နစ္ ကုန္စည္ျပပြဲ(အာရွ )ဆိုတဲ့ နည္းပညာျပပြဲတစ္ခုမွာတူျဖင့္ ထု႐ိုက္ႏိုင္ေသာေဒၚနယ္ထရန႔္ အ႐ုပ္တစ္႐ုပ္ ကိုထားၿပီး ျပပြဲလာသူေတြက အေႂကြေစ့ထည့္ၿပီး ထုႏွက္႐ိုက္ ခတ္ခဲ့ပါတယ္။ဒီေနရာမွာ ျပပြဲလာသူေတြနဲ႔ စည္ကားေနခဲ့ပါတယ္။ ယခုရက္သတၱပတ္ထဲမွာဘဲအေမရိကန္ကုမၸဏီ ၆၀၀ ေက်ာ္ကသမၼတ ေဒၚနယ္ ထရမ့္ထံသို႔ စာတစ္ေစာင္ေပးပို႔ခဲ့ၿပီး စာထဲမွာ အခြန္တိုးျမႇင့္ျခင္းကအေမရိကန္စီးပြားေရးလုပ္ငန္းမ်ားႏွင့္ စားသုံးသူမ်ားကိုထိခိုက္ေစလို႔ တ႐ုတ္နဲ႔ ကုန္သြယ္ေရးအျငင္းပြားမႈကို ေျဖရွင္းရန္ တိုက္တြန္းထားခဲ့ပါတယ္။

ဒီလိုအေမရိကန္ဘက္ကကုန္သြယ္ေရးစစ္ပြဲမွာထိခိုက္မႈေတြကိုစာေရးေတာင္းဆိုတာေတြျဖစ္ေနေပမယ့္ တ႐ုတ္ဘက္ကေတာ့ ၿငိမ္ခ်က္သားေကာင္းေနပါတယ္။ တာဂ်စ္ကစၥတန္ႏိုင္ငံ ၿမိဳ႕ ေတာ္ဒူရွန္ဘီကိုေရာက္ေနတဲ့ တ႐ုတ္သမၼတကို႐ုွရွားသမၼတပူတင္ကဇြန္ ၁၆ ရက္ကက်ေရာက္တဲ့ ရွီက်င့္ဖိန္ေမြးေန႔အျဖစ္ ေရခဲမုန႔္ လက္ေဆာင္ေပးခဲ့ၿပီးရွီက်င့္ဖိန႔္က လက္ဖက္ရည္ျပန္ေပးခဲ့ပါတယ္။ အဆိုပါရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္မႈ ညီလာခံမွာ တ႐ုတ္သမၼတကတူရကီသမၼတ အန္ဒိုဂန္၊ကာတာ ေစာ္ဘြားတို႔နဲ႔ေတြၿပီးOBORနဲ႔ ကုန္သြယ္မႈ တိုးတက္ဖို႔ ေဆြးေႏြးခဲ့တာေတြလည္းရွိခဲ့ပါတယ္။ ဒီရွန္ဟိုင္းညီလာခံမွာတ႐ုတ္AIIBကေနBRIမွာပါတဲ့ ႏိုင္ငံေတြရဲ႕ အေျခခံအေဆာက္အဦးေတြ အတြက္ ေခ်းေငြထုတ္ေခ်းႏိုင္ဖို႔လည္းေဆြးေႏြးခဲ့တာေတြလည္းရွိခဲ့ပါတယ္။

တ႐ုတ္-အေမရိကန္ ကုန္သြယ္ေရးစစ္ပြဲမွာ အဓိကဇာတ္ေကာင္ျဖစ္လာခဲ့တဲ့ HUAWEIကေတာ့ မၾကာခင္ googleအပါအဝင္ လူမႈကြန္ရက္ျဖစ္တဲ့ facebook အပါအဝင္ googleကေနေထာက္ပံ့ထားတဲ့ စနစ္ေတြကို လက္လြတ္ရေတာ့မွာကို ကာမိေစဖို႔ မၾကာမီမွာအေမရိကန္ Android Operating System(OS) ေနရာတြင္ အစားထိုးသုံးမယ့္ ကိုယ္ပိုင္ (OS)Hongmengကိုမိတ္ဆက္ဖို႔ ရွိေနတယ္ဆိုပါတယ္။သတင္းေတြအရေတာ့ ဟြာေဝးက ၎တို႔ကိုယ္ပိုင္ OS အတြက္ ႏိုင္ငံမ်ားစြာမွာကုန္အမွတ္တံဆိပ္ ခြင့္ျပဳခ်က္ေလွ်ာက္ထားၿပီလို႔ ကုလသမဂၢ ကမာၻ႔အသိဉာဏ္ဆိုင္ရာ ပိုင္ဆိုင္မႈအဖြဲ႕မွ စာရင္းေတြမွာေဖာ္ျပခဲ့ပါတယ္။

ဟြာေဝးနဲ႔ တ႐ုတ္ဆိုတာ ခြဲမရတဲ့ အတြက္ ဟြာေဝးဘက္က ခပ္မာမာတုံျပန္ခဲ့သလိုလာမယ့္ G-20 အစည္းအေဝးမွာ ဘာေတြ ျဖစ္လာဦးမလဲထရမ့္နဲ႔ ရွီက်င္းဖိန္ ဘယ္သူကအေလ်ာ့ေပးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အကာအကြယ္မဲ့တဲ့ ကမာၻတစ္ဝန္း ကေလးငယ္ေတြ

ယခုတစ္ပတ္သတင္းေတြထဲ အမ်ားစိတ္ဝင္စားစရာ သတင္းအခ်ိဳ႕ ရွိခဲ့ပါတယ္။ဒီထဲမွာ အာဖရိကတိုက္ မွာလူမ်ိဳးစုသတ္ျဖတ္မႈေတြထဲ ကေလးငယ္ေတြပါ ဓားစာခံျဖစ္ရတာ အေတာ္ေလးဆိုးဝါးတဲ့ ကိစၥပါဘဲ။အာဖရိက တိုက္ ႏိုင္ငံတစ္ခုျဖစ္တဲ့ မာလီမွာ  တိုင္းရင္းသားလက္နက္ကိုင္တစ္ဖြဲ႕က လူ ၁၀၀ ခန႔္ကို အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခဲ့ရာမွာ ဒီထဲ ကေလးငယ္ ၂၄ ဦးပါခဲ့ပါတယ္။ ဒါဟာ အဆိုးဝါးဆုံးကိစၥပါဘဲ။

ၿပီးခဲ့တဲ့ အပတ္က ဒိုဂြန္လူမ်ိဳးမ်ားေတြရဲ႕ ဆိုဘာနီဒါေက်း႐ြာကို ၿပိဳင္ဘက္ ဖူလာနီလူမ်ိဳးစု လက္နက္ ကိုင္ေတြက စီးနင္းတိုက္ခိုက္ခဲ့ရာမွာ လူ ၉၅ ဦးထက္ မနည္း သတ္ျဖတ္ၿပီး ေနအိမ္မ်ား ကို မီးရႈိ႕ဖ်က္ဆီးခဲ့တာ ပါ။ သတ္ျဖတ္ခံရတဲ့ ထဲမွာ ကေလးေတြပါဝင္ၿပီးေနာက္ေက်ာကေန ပစ္သတ္ခဲ့တာလို႔ ဆိုပါတယ္။မာလီမွာ လူမ်ိဳးစုေတြၾကား အျပန္အလွန္သတ္ျဖတ္မႈေတြ ျဖစ္ေနရာမွာ မတ္လတုန္းက ဖူလာနီလူမ်ိဳး ၁၅၀ ေက်ာ္ကို သတ္ျဖတ္ခံရလို႔ မာလီသမိုင္းမွာ အဆိုးဆုံးေသြးေခ်ာင္းစီးမႈျဖစ္ခဲ့ပါတယ္။

ကမာၻတစ္ဝန္းအသတ္ခံရတဲ့ အသတ္ခံရမႈေတြမွာ ျဖစ္ေနဆဲပါ။ အထူးသျဖင့္ ဘာသာေရးနဲ႔ လူမ်ိဳး ေရး မုန္းတီးတဲ့ အျဖစ္ေတြေၾကာင့္ သတ္ျဖတ္မႈေတြက ပိုမ်ားပါတယ္။ဒီအမုန္းတရားေတြေၾကာင့္ ကေလး ငယ္ေတြ ကိုပါ သတ္ျဖတ္တာက အေတာ္ေလးကို တိရစာၦန္သာသာအသိပါဘဲ။ ဆူဒန္ႏိုင္ငံ ဒါဖာေဒသမွာလဲ  ဇြန္ ၁၀ ရက္က Jan-jaweed ျပည္သူ႔စစ္ေတြ Deleij ေက်း႐ြာေဈးမွာ ပစ္ခတ္ခဲ့လု႔ိ လူ ၁၁ ဦး ေသဆုံးၿပီး ၂၀ ခန႔္ဒဏ္ ရာရရွိခဲ့သလို ေနအိမ္ ၁၀၀ ေက်ာ္ မီးရႈိ႕ခံခဲ့ရပါတယ္။

အီသီယိုးပီးယားမွာလဲ ယခုထိ လူမ်ိဳးစု ေတြ တင္းမာမႈေတြေၾကာင့္ လူေပါင္း တစ္သန္းေက်ာ္ ထက္မနည္း ေနရပ္စြန႔္ခြာထြက္ေျပးရတာ အခုမွ ျပန္ ေနရဆဲပါ။

ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO)က ထုတ္ျပန္တဲ့ အထဲမွာ စစ္မက္ဇုန္ေတြမွာ ေနထိုင္သူငါးဦးလွ်င္ တစ္ဦး စိတ္ဒဏ္ရာ အလြန္ဖိစီးမႈ မ်ား၊ စိတ္အတက္အက်ျမန္ျခင္း တို႔ ျဖစ္ေပၚေနတယ္လို႔ ထုတ္ျပန္ခဲ့ တာရွိပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ သတင္းေတြျဖစ္တဲ့ ဘရာဇီးႏိုင္ငံ အေရွ႕ေတာင္ပိုင္းမွာ ဘတ္စ္ကာ း တစ္စီး အရွိန္မထိန္းႏိုင္ဘဲ အျခား ကားအမ်ားအျပားကို ဝင္တိုက္ခဲ့မိလို႔ အနည္းဆုံး လူ ၁၇ ဦး ေသဆုံးခဲ့တဲ့ သတင္း၊ အေမရိကန္ႏိုင္ငံ နယူးေယာက္ရွိ ထရမ့္တာဝါအနီး မိုးေမွ်ာ္တိုက္ေပၚဆင္းသက္တဲ့ ရဟတ္ယာဥ္ပ်က္ က် လို႔ ရဟတ္ယာဥ္မႉးေသဆုံးခဲ့တဲ့ သတင္း၊ဆယ္ေက်ာ္သက္ေက်ာင္းသူေလး တဦး အဓမၼက်င့္ခံရၿပီးတိုင္လို႔ မီးရႈိ႕သတ္ျဖတ္ခံရမႈမွာ တာဝန္မကင္းတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ အႀကီးတန္း ရဲအရာရွိတစ္ဦး ကို အေရးယူထား တဲ့ သတင္း၊ ေရတြင္းထဲ ေလးရက္ၾကာ ပိတ္မိခဲ့ကာ ေသဆုံးခဲ့တဲ့ အသက္ (၂)ႏွစ္အ႐ြယ္ အိႏၵိယကေလးငယ္ ေၾကာင့္ အိႏၵိယတစ္ဝန္းမွာ ဆႏၵျပပြဲျဖစ္ခဲ့တဲ့ သတင္း၊ ယူကရိန္းႏိုင္ငံက စိတ္က်န္းမာေရးေဆး႐ုံမွာ မီးေလာင္မႈ ျဖစ္ၿပီး လူ ေျခာက္ဦး ေသဆုံးခဲ့တဲ့ သတင္း၊လူ ၅၁ ဦး ေသဆုံးခဲ့တဲ့ နယူး ဇီလန္ခရစ္ခ်ာ့ခ်္ၿမိဳ႕ဗလီပစ္ခတ္ တိုက္ခိုက္ မႈက်ဴးလြန္သူက သူမွာ အျပစ္မရွိဘူးလို႔ တရား႐ုံးမွာထြက္ဆိုခဲ့တဲ့ သတင္း၊ အာဖဂန္နစၥတန္ႏိုင္ငံ ဂါဇနီၿမိဳ႕ရွိ ေရွးေဟာင္းေမွ်ာ္စင္ တစ္ခု ၿပိဳက်ခဲ့တဲ့ သတင္း၊ တ႐ုတ္ႏိုင္ငံေတာင္ပိုင္းနဲ႔ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားလို႔ လူ ၆၁ ဦးထက္မနည္း ေသဆုံးကာ လူ ၃၅၆,၀၀၀ ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးခဲ့ရတဲ့ သတင္းေတြထဲ လူစိတ္ဝင္စားမႈပိုခဲ့တဲ့ သတင္းျဖစ္ခဲ့ပါတယ္။

ျပန္စလာတဲ့ ႐ုရွား-အေမရိကန္ အားၿပိဳင္မႈ

မၾကာမီက ႐ုရွားဘက္က အေမရိကန္ေလပိုင္နက္ထဲ ဝင္လို႔ဆိုၿပီး အေမရိကန္တိုက္ေလယာဥ္ေတြက ေမာင္းထုတ္ရတဲ့ ျဖစ္စဥ္ေတြ ျဖစ္လာခဲ့တာကိုေတြ႕ရပါတယ္။ အထူးသျဖင့္ ဆီးရီးယားမွာ အေမရိကန္နဲ႔ ႐ုရွား အားၿပိဳင္မႈက သိသာခဲ့သလို ႐ုရွားဘက္က အသာရလာတာကိုေတြ႕ရပါတယ္။တျခားေသာ ေနရာျဖစ္တဲ့ တူရကီမွာ ႐ုရွားရဲ႕ ေလေၾကာင္းကာကြယ္ေရးစနစ္ S-400 နဲ႔ အေမရိကန္ရဲ႕ ေခတ္လြန္ F-35 ေတြ ကိစၥမွာ တူရကီက ႐ုရွားဘက္ကို ေဇာင္းေပးခဲ့တဲ့အတြက္ ကမာၻစစ္ေရးခ်ိန္ခြင္လွ်ာမွာ ႐ုရွားဘက္ အရင္လိုမဟုတ္ ေတာ့ဘဲ ျပန္ေခါင္းေထာင္လာတာကိုေတြ႕ရပါတယ္။

စစ္ေရးတစ္ခုသာမဟုတ္ပါဘူး။ႏိုင္ငံတကာေရးေတြမွာလည္း ႐ုရွားရဲ႕ ၾသဇာအာဏာက အေရွ႕အ လယ္ပိုင္းလို႔ ဆူပြက္ေနတဲ့ ကမာၻစစ္မက္ေနရာမွာလည္း သိသိသာသာတက္လာခဲ့ပါတယ္။
ဗင္နီဇြဲလားသမၼတ ဘာေၾကာင့္ တစ္တိုင္းျပည္လုံးမလိုလားတဲ့ ၾကားက ခပ္မာမာရပ္တည္ေနႏိုင္သလဲ ဆိုတာကိုၾကည့္ရင္ ဗင္နီဇြဲ လားအစိုးရေနာက္မွာ ႐ုရွားရပ္တည္ေနတာကိုေတြ႕ရမွာပါ။

ဒီအေျခအေနမွာ အေမရိကန္က ႐ုရွားကို တန္ျပန္ဖို႔ အေနနဲ႔  ပိုလန္ႏိုင္ငံထဲ အေမရိ ကန္ စစ္သည္ တပ္ဖြဲ႕ဝင္ ၁,ဝဝဝ ေက်ာ္ ထပ္မံေစလႊတ္တပ္ခ်ေပးသြားမယ္ဆိုၿပီး ထုတ္ေဖာ္ေျပာခဲ့ပါတယ္။ ဇြန္ ၁၂ ရက္က  ပိုလန္သမၼတနဲ႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္တို႔ သတင္းစာရွင္းလင္းပြဲမွာ ထရမ့္က ေျပာခဲ့တာပါ။ နဂို ကတည္းက ပိုလန္မွာ အေမရိကန္စစ္သားက ၅၀၀၀ ခန႔္ရွိေနတဲ့ အတြက္ ပိုလန္ဘက္က ေက်းဇူးတင္ တယ္လို႔ ေျပာခဲ့ပါတယ္။ဒီမတိုင္ခင္ ဇြန္ ၁၁ ရက္က အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး ပြန္ပီယိုက ေနတိုးအဖြဲ႕ဝင္ ႏိုင္ငံ ျဖစ္ဖို႔  ႀကိဳးစားေနတဲ့ ေဂ်ာ္ဂ်ီယာႏိုင္ငံကို ကူညီမယ္လို႔ ေျပာခဲ့တာရွိပါတယ္။ပြန္ပီယိုကေတာ့ ဒါဟာ ႐ုရွားရဲ႕ ႏိုင္ ထက္စီးနင္း ျပဳက်င့္မႈကေန ေဂ်ာ္ဂ်ီယာႏိုင္ငံရဲ႕ ကာကြယ္ေရးအသင့္ရွိဖို႔ စီမံကိန္းကို မိမိတို႔စစ္တပ္က ကူညီပံ့ပိုး ေပးရတာလို႔ ဆိုခဲ့ပါတယ္။

ယူကရိန္းပိုင္ ခ႐ိုင္းမီးယားကို သိမ္းပိုက္ခဲ့တဲ့ ႐ုရွားကို ယူကရိန္းက ခ႐ိုင္းမီးယားဝန္းက်င္က ကမ္း႐ိုး တန္းေရျပင္ ျဖတ္သန္းအသုံးျပဳခြင့္ ရရွိေရးနဲ႔ ပတ္သက္ၿပီး ကမာၻ႔သက္တမ္းအရင့္ဆုံးတရားစီရင္ေရး ခုံ႐ုံးျဖစ္တဲ့ နယ္သာလန္ႏိုင္ငံ သည္ဟိတ္က အၿမဲတမ္း ခုံသမာဓိ႐ုံး PCA ကို အမႈတင္ခဲ့ပါတယ္။ ဒါကို ႐ုရွားဘက္က ဇြန္၁၀ ရက္က ကန႔္ကြက္ခဲ့သလို ယူကရိန္းကလည္း ဇြန္ ၁၁ ရက္မွာ ႐ုရွားကို ကမာၻ႔ပင္လယ္သမုဒၵရာဆိုင္ရာ ႏိုင္ငံတ ကာ ဥပေဒအေပၚ လုံးလုံး ေလးစားမႈ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။႐ုရွားဘက္က ၿပီးခဲ့တဲ့ႏွစ္ ႏိုဝင္ဘာလအတြင္း ကာ့ရွ္ေရလက္ၾကားအနီး ခုတ္ေမာင္း လာတဲ့ ယူကရိန္းေရတပ္သေဘၤာ သုံးစင္းကို ပစ္ခတ္ဖမ္းဆီးၿပီး သေဘၤာ သား ဒါဇင္ေပါင္းမ်ားစြာကို ဖမ္းဆီးထားပါတယ္။ဒီျဖစ္စဥ္အတြက္ သည္ဟိဂ္တရား႐ုံးက ဘယ္လို ဆုံးျဖတ္ခ်က္ ခ်မလဲ ဆိုတာကိုေစာင့္ၾကည့္ရဦးမွာပါ။ တရား႐ုံးက ႐ုရွားရဲ႕ ဖိအားကို ႀကံႀကံခံၿပီး ဘယ္လို စီရင္ခ်က္ခ်မလဲ ၊႐ုရွားကေရာ သည္ဟိဂ္တရား႐ုံးဆုံးျဖတ္ခ်က္ကိုနာခံပါမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီတစ္ပတ္ထဲ သည္လိုသတင္းေတြအျပင္ ႐ုရွားမွာ မူးယစ္ေဆး ဝါးေရာင္းဝယ္မႈနဲ႔ စြဲခ်က္တင္ခံရတဲ့ ႐ုရွားဂ်ာနယ္လစ္တစ္ ဦး ျပန္လည္လြတ္ေျမာက္လာတဲ့ သတင္း၊ ကြန္ဆာေဗးတစ္ ပါတီေခါင္းေဆာင္ေနရာ အတြက္ အဆိုတင္ခံရတဲ့ သူဆယ္ဦးစာရင္းကိုအတည္ျပဳခဲ့တဲ့ သတင္း၊ အိမ္ျဖဴေတာ္ ေျပာေရးဆိုခြင့္ရွိသူ အမ်ိဳးသမီး ဆာရာဆန္းဒါးစ္ ဇြန္လကုန္မွာ ရထူးကႏူတ္ထြက္မယ္လို႔ သမၼတ ေဒၚနယ္ထရန႔္က ေျပာၾကားခဲ့တဲ့သတင္း ၊ဆြစ္ဇာလန္မွာ အမ်ိဳးသမီးမ်ားက တန္းတူအခြင့္အေရးရရွိေရး အတြက္ ဆႏၵျပခဲ့တဲ့သတင္း၊ ဗင္နီဇြဲလားနဲ႔ ကိုလံဘီယာႏိုင္ငံ ၾကား  နယ္စပ္ျဖတ္သန္းဂိတ္ေတြကို သုံးလေက်ာ္ ပိတ္ထားခဲ့ရာကေန ဗင္နီဇြဲလားဘက္က ျပန္လည္ဖြင့္လွစ္ ေပးခဲ့တဲ့ သတင္းေတြထဲ ေစာင့္ၾကည့္ရတဲ့ သတင္းျဖစ္ခဲ့တယ္ဆိုတာတင္ျပရင္း ယခုရက္သတၱပတ္ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇြန္ - ၁၇