【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုံးကျည်ဖြန့်ချမယ့် အမေရိကန်ကြောင့် အာရှစစ်ပြင်နေရပြီလား

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဒုံးကျည်ဖြန့်ချမယ့် အမေရိကန်ကြောင့် အာရှစစ်ပြင်နေရပြီလား

ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာ သတင်းအချို့က သတိထားစရာ ဖြစ်ခဲ့ပါတယ်။ပါကစ္စတန်နဲ့ အိန္ဒိယကြား ဖြစ်နေတဲ့ ကတ်ရှ်မီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဖျက်သိမ်းလိုက်တဲ့ ပြဿနာက ယခုတစ်ပတ်မှာ ကုလသမဂ္ဂထိ ရောက်လာခဲ့သလို အမေရိကန်က အာရှမှာ တိုက်ချင်းပစ်ဒုံးပျံတွေ ချထားဖို့ပြင်နေတာကြောင့် အာရှမှာဖြစ်နေတဲ့ လက်နက်ပြင်ဆင်မှုဟာ စစ်ပြင်ဆင်မှုလုပ်နေသလို  ဖြစ်လာပါတယ်။ဒီလို အာရှမှာဖြစ်နေသလို ကမ္ဘာတစ်လွှားမှာဖြစ်နေဆဲ အကြမ်းဖက်သတ်ဖြတ် ဗုံးခွဲမှုတွေကလည်း ယခင်လို အားကောင်းနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းတွေက ယခုတစ်ပတ်ဖြစ်ခဲ့တဲ့ သတင်းတွေထဲက ဆင်းရဲသူ ထောင်ပေါင်းများစွာရဲ့ အမြဲတမ်း နေထိုင်ခွင့်တောင်းခံမှုကို ငြင်းပယ်နိုင်တဲ့ ဥပဒေသစ်ကို အမေရိကန်အစိုးရက ပြဋ္ဌာန်းလိုက်တဲ့သတင်း၊ အမေရိကန်သမ္မတနဲ့ ဗြိတိန်ဝန်ကြီးချုပ်သစ်တို့ ဖုန်းဆက်ပြီး ကုန်သွယ်ရေးနဲ့ လုံခြုံရေး အပါအဝင် ကမ္ဘာ့ရေးရာကို ဆွေးနွေးခဲ့တဲ့သတင်း၊ ရုရှား တီယူ-၉၅ အမျိုးအစား မဟာဗျူဟာ ဗုံးကြဲလေယာဉ်နှစ်စင်း ဘာရင့်၊ နော်ဝေနှင့် မြောက်ပင်လယ်တို့မှာ ကင်းလှည့်ပျံသန်းခဲ့တဲ့သတင်း၊ အမေရိကန်လွှတ်တော် အမျိုးသမီးအမတ်နှစ်ဦးကို သမ္မတ ထရမ့် မေတ္တာရပ်ခံချက်ကြောင့် အစ္စရေးအစိုးရက ပြည်ဝင်ခွင့်မပေးခဲ့တဲ့ သတင်းတွေထဲ ထူးထူးခြားခြား စောင့်ဖတ်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ကုလရောက် ကတ်ရှ်မီးယားအရေး

အိန္ဒိယနဲ့ ပါကစ္စတန် ခွဲထွက်ချိန်ကတည်းကဖြစ်ခဲ့တဲ့ အငြင်းပွားနယ်မြေ ကက်ရှ်မီးယားအရေးက ယခုနှစ်ဆန်းပိုင်းမှာဖြစ်ခဲ့တဲ့ အိန္ဒိယလုံခြုံရေးတပ်ဖွဲ့တွေကို ပါကစ္စတန် အခြေစိုက် စစ်သွေးကြွတွေက တိုက်ခိုက်လို့ အလုံးအရင်းနဲ့ ကျဆုံးခဲ့ရအပြီးမှာ ပြန်လည်ပြီး အခြေအနေတင်းမာခဲ့သလို ကန့်သတ်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပါတယ်။

နျူကလီးယားလက်နက်ပိုင်တဲ့ နိုင်ငံတွေဖြစ်နေကြတဲ့အတွက် နိုင်ငံတကာက အငြင်းပွားမှုကို ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ ဆော်သြကြသလို ဒီထက်ပိုပြီး တင်းမာမှုတွေ မကျယ်ပြန့်လာဖို့လည်း စောင့်ကြည့်နေရ၊ ဖျောင်းဖျနေရတဲ့ အနေအထားပါ။မကြာသေးခင်က အိန္ဒိယဘက်ကနေ သူပိုင်တဲ့ ကိတ်ရှ်မီးယားဒေသမှာ ပေးထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ်ကို ပယ်ဖျက်ခဲ့သလို ကတ်ရှ်မီးယား အကြီးအကဲတွေကိုလည်း ထိန်းသိမ်းခဲ့ပါတယ်။ဒါ့အပြင် ကတ်ရှ်မီးယားဒေသထဲ အခြားဒေသက လူတွေ လာရောက်အခြေချ နေထိုင်ခွင့်ကို တားဆီးထားတဲ့ ဥပဒေကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။
အထူးသဖြင့် ဒီဒေသရဲ့ အင်တာနက်သုံးစွဲမှုကို ကန့်သတ်ပိတ်ပင်ခဲ့တာပါ။

ဒီလိုအခွင့်အာဏာ ပြန်ရုတ်သိမ်းတဲ့အပေါ် အိန္ဒိယဘက်က အကြောင်းပြရာမှာ ဒီလိုအခွင့်အရေးပေးထားတဲ့အပေါ် ပါကစ္စတန်အစိုးရက အခွင့်အရေးယူ အသုံးချကာ အိန္ဒိယနိုင်ငံကို  လုံခြုံရေးခြိမ်းခြောက်မှုတွေ လုပ်ဆောင်လို့ဆိုပြီး စွပ်စွဲခဲ့ပါတယ်။ဒီလိုလုပ်ဆောင်လုပ်တဲ့အတွက် ကတ်ရှ်မီးယားဒေသခံတွေဘက်က ကန့်ကွက်ဆန္ဒပြမှုတွေရှိခဲ့သလို ပါကစ္စတန်အစိုးရက အိန္ဒိယအစိုးရ၏ လုပ်ရပ်သည် ကက်ရှ်မီးယားဒေသနေ ပြည်သူများ၏ လူ့အခွင့်အရေးကို ဖောက်ဖျက်ရာရောက်ပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေတယ်ဆိုပြီး ထကန့်ကွက်ခဲ့ပါတယ်။
တရုတ်ကလည်း ပါကစ္စတန်နဲ့အတူ  ကန့်ကွက်ခဲ့ပါတယ်။ဒီအတွက် ပါကစ္စတန်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အရေးပေါ်အစည်းအဝေးခေါ်ပြီး အိန္ဒိယရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ဒီလိုပြဿနာဖြစ်တဲ့အတွက် ကုလအတွင်းရေးမှူးချုပ်က နှစ်ဘက်လုံးကို ဖြောင်းဖျခဲ့ပါတယ်။

ဒီနောက်မှာ ကတ်ရှ်မီးယားဒေသမှာ ဆန္ဒပြပွဲတွေဖြစ်ခဲ့သလို အိန္ဒယလုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးတွေ သုံးရတဲ့အထိဖြစ်ခဲ့ကာ ညမထွက်ရ အမိန့်ကိုပါ ထုတ်ပြန်ခဲ့ရပါတယ်။သြဂုတ် ၁၄ ရက် နောက်မှာတော့ အိန္ဒိယဗဟိုအစိုးရဘက်က ကန့်သတ်မှုတွေ ပြန်လည်ဖြေလျှော့ပေးမယ်လို့ ပြောခဲ့ပေမယ့် အင်တာနက် လိုင်းတွေ ဖြတ်တောက်ထားဆဲပါဘဲ။ကတ်ရှ်မီးယားအရေးနဲ့ ပတ်သက်ပြီး သြဂုတ် ၁၇ ရက်မှာ ကုလလုံခြုံရေးကောင်စီမှာ ကာယကံရှင် အိန္ဒိယနဲ့ ပါကစ္စတန် မပါဝင်ဘဲ တံခါးပိတ်အစည်းအဝေးလုပ်ခဲ့ပါတယ်။ဒါပေမယ့် ဘာမှမယ်မယ်ရရ မထုတ်ပြန်ခဲ့ပါဘူး။

ကုလ အိန္ဒိယအမြဲတမ်းကိုယ်စားလှယ်ကတော့ ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အခွင့်အာဏာ ပြန်ရုတ်သိမ်းတာဟာ အိန္ဒိယရဲ့ ပြည်တွင်းရေးသာဖြစ်ပြီး ပြည်ပက ပါဝင်ရန်မလိုဘူးလို့ ပြောခဲ့ပါတယ်။ပါကစ္စတန်ဘက်ကတော့ ကတ်ရှ်မီးယားမှာ ယခင်အတိုင်း အခွင့်အာဏာရဖို့ နိုင်ငံရေးနည်းလမ်းကို အပြည့်အဝအသုံးချဖို့ အသင့်ရှိနေသလို အိန္ဒိယဘက်ကလည်း ထပ်အဖြစ်ခံမှာမဟုတ်ဘဲ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ဖို့ ကြိုးစားမှာ သေချာနေပါတယ်။ဒီအတွက် ကတ်ရှ်မီးယားမှာ နောက်ထပ် ဒေသတွင်း ကန့်သတ်စစ်ပွဲဖြစ်လာဖို့ အလားအလာ များနေပါတယ်။ဘာတွေဖြစ်လာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု သတင်းတွေထဲက ချဒ်နိုင်ငံ အနောက်ပိုင်းဒေသမှာ အသေခံဗုံးခွဲသမား အမျိုးသမီးတစ်ဦးက ဗုံးခွဲတိုက်ခိုက်လို့ လူခြောက်ဦး သေဆုံးခဲ့တဲ့သတင်း၊ ဘန်ကောက်မြို့ နေရာအနှံ့ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှ သံသယရှိသူလေးဦးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းထုတ်ခဲ့တဲ့သတင်း၊ ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဒေသရှိ ဘာသာရေးကျောင်းတစ်ခုမှာ ဗုံးတစ်လုံးပေါက်ကွဲလို့ အနည်းဆုံး လူငါးဦးသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့တဲ့သတင်း၊ အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်မှာ သင်္ဘောတစ်စင်း မီးလောင်လို့ ကလေးငယ်နှစ်ဦး အပါအဝင် လူခုနစ်ဦး သေဆုံးခဲ့ပြီး လေးဦးပျောက်ဆုံးခဲ့တဲ့သတင်း၊ အမေရိကန်နိုင်ငံ ဖီလာဒဲဖီးယားမြို့မှာဖြစ်ခဲ့တဲ့ သေနတ်ပစ်ခတ်မှုအတွင်း ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ မလေးရှား အပန်းဖြေစခန်းကနေ ပျောက်ဆုံးခဲ့တဲ့ အိုင်ယာလန် ဆယ်ကျော်သက် မိန်းကလေးတစ်ဦးကို တောအုပ်တစ်နေရာမှာ ဝတ်လစ်စလစ် သေဆုံးနေတာကို တွေ့တဲ့သတင်းတွေထဲ ထူးထူးခြားခြား ဆက်စောင့်ကြည့်ရမယ့် သတင်းဖြစ်ခဲ့ပါတယ်။

မလျော့ဘဲ ပြဿနာတိုးလာတဲ့ အာရှရေနံမြေ

ကမ္ဘာတစ်ဝန်း အကြမ်းဖက်မှုတွေ ဆက်တိုးပြီးဖြစ်နေတဲ့အတွက် တချို့နိုင်ငံတွေက သူတို့အကျိုးစီးပွား ကာကွယ်ရန်အလို့ငှာ စစ်တပ်တွေ၊ ရေတပ်သင်္ဘောတွေကို စေလွှတ်မှုတွေ ရှိပါတယ်။ဒီတစ်ပတ်ထဲမှာလည်း တောင်ကိုရီးယားက ပင်လယ်ဓားပြတွေ ကြီးစိုးနေတဲ့ ဆိုမာလီယာကမ်းလွန်ရှိ အေဒင်ပင်လယ်ကွေ့ကို တောင်ကိုရီးယားစစ်သည် ၃၀၀ ကို စေလွှတ်ခဲ့သလို အီရန်နဲ့ အမေရိကန်ကြား ပြဿနာတက်နေတဲ့ ဟော်မုဇ်ရေလက်ကြားကိုပါ  တာဝန်ပေးခဲ့တာ တွေ့ရပါတယ်။

မကြာသေးခင်က အီရန် ရေနံတင်သင်္ဘောကို ဖမ်းဆီးထားဖို့ ဂျီဘရော်လ်တာ အာဏာပိုင်တွေက ရေနံတင်သင်္ဘောကို ပြန်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ဒါကို မလွှတ်ဖို့ အမေရိကန်က တောင်းဆိုခဲ့ပေမယ့် ဂျီဘရော်လ်တာ အာဏာပိုင်တွေက ငြင်းခဲ့ပါတယ်။ဒီလိုငြင်းတဲ့အတွက် အီရန် ရေနံတင်သင်္ဘော Grace 1 (Adrian Darya 1) ကို အမေရိကန် တရားရေးဌာနက ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ယင်းသင်္ဘောကို ပြန်လည်ဖမ်းဆီးဖို့ အမေရိကန်တို့က ၁၁ နာရီကြာ ကြိုးပမ်းခဲ့ပေမယ့် တင်းကျပ်မှုမရှိတဲ့ အီးယူကန့်သတ်မှုတွေကြောင့် သြဂုတ် ၁၈ ရက် ညသန်းကောင်ယံ မတိုင်မီမှာ ဒေါ်လာ သန်း ၁၃၀ တန်ဖိုးရှိ ရေနံစိမ်းအပေါ့များ တင်ဆောင်ထားတဲ့ အီရန် ရေနံတင်သင်္ဘောဟာ မော်ရိုကိုနိုင်ငံနှင့် အိုင်ဘာရီယန်ကျွန်းဆွယ် တောင်ဘက်စွန်းတို့ကို ပိုင်းခြားထားတဲ့ နိုင်ငံတကာ ရေလမ်းကြောင်းအတိုင်း ထွက်သွားနိုင်ခဲ့ပါတယ်။

အမေရိကန်ကတော့ ဒီရေနံတွေဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုအတွက်လို့ စွပ်စွဲထားတဲ့အတွက် ဘယ်လိုဆက်တားဆီးမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။အီရန်ကလဲ ယခုရက်သတ္တပတ်ထဲမှာ သဲကန္တာရမှာ သုံးနိုင်တဲ့ Aras-2 ဟု အမည်ပေးထားသော ပြည်တွင်းဖြစ် စစ်ဘက်သုံး သံချပ်ကာယာဉ်ကို ထုတ်ပြပြီး အမေရိကန်ကို အင်အားပြခဲ့ပါတယ်။အမေရိကန်ဘက်ကတော့ အီရန် ပတ်ချာလည် နိုင်ငံတွေမှာ တိုက်လေယာဉ်တွေ လေယာဉ်တင်သင်္ဘောတွေ စေလွှတ်ထားတဲ့အတွက် ရေနံတင်သင်္ဘောကနေ စစ်မီးစတောက်လာနိုင်မလားဆိုတာ စိတ်လှုပ်ရှားစရာပါ။

ဒီလို ရေနံပြဿနာနဲ့ ရှုပ်ထွေးနေတဲ့ အရှေ့အလယ်ပိုင်းမှာ အစ္စရေး-ပါလက်စတိုင်း၊ ဆီးရီးယား-တူရကီ ပြဿနာတွေကလည်း ယခုရက်သတ္တပတ်မှာ ဖြစ်မြဲအတိုင်း ဆက်ဖြစ်ခဲ့ပါတယ်။

ယခုသြဂုတ် ၁၆ ရက်မှာ ပါလက်စတိုင်းတွေ အပတ်စဉ်ပြုလုပ်နေတဲ့ အစ္စရေးဆန့်ကျင်ရေး အပတ်စဉ်ဆန္ဒပြမှုက အမှတ်စဉ် ၇၀ ပြည့်မြောက်ခဲ့သလို ဂါဇာကို ချီတက်တဲ့အခါ အစ္စရေးတပ်ဖွဲ့ဝင်များနဲ့ ပါလက်စတိုင်းကြား ပဋိပက္ခများဖြစ်ပွားခဲ့လို့  လူပေါင်း ၆၃ ဦး  ဒဏ်ရာရရှိခဲ့ပါတယ်။အဲဒီရက်မှာဘဲ  အစ္စရေးနိုင်ငံ တောင်ဘက်ပိုင်း ဒေသတွေကို ဂါဇာဘက်ကနေ ဒုံးကျည်တွေ ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။သြဂုတ် ၁၇ ရက်မှာတော့ အစ္စရေးလေတပ် ဂျက်တိုက်လေယာဉ်တွေက ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ  စစ်သွေးကြွအုပ်စုတွေရဲ့ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွေကို ပြန်စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားမှာတော့ ယခုရက်သတ္တပတ်ထဲမှာ ဆီးရီးယားအစိုးရတပ်က စစ်လေယာဉ်တစ်စီးကို အီဒလစ်မှာ သူပုန်တွေက ပစ်ချခဲ့ပါတယ်။ဆီးရီးယား မြောက်ပိုင်း တူရကီနယ်စပ်အနီးရှိ ကာဒစ်မြို့တစ်ခုမှာ သြဂုတ် ၁၈ ရက်က ကားဗုံးပေါက်ကွဲလို့ တစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရခဲ့ပါတယ်။ဒီလိုအခြေအနေတွေကြောင့် တူရကီဘက်က အမေရိကန် ဖော်ဆောင်ပေးမယ်ပြောတဲ့ လုံခြုံစိတ်ချရသည့်ဇုန် တည်ထောင်ရေး နှောင့်နှေးနေတာကို သည်းမခံနိုင်တော့ဘူးဆိုပြီး တူရကီ နိုင်ငံခြားရေးဝန်ကြီးက သြဂုတ် ၁၅ ရက်က ပြောခဲ့တာရှိပါတယ်။တူရကီအနေနဲ့ ဆီးရီးယားဘက်မှာ ထိုးစစ်ဆင်နေတာတွေ ရှိပါတယ်။ဒီအတွက် ဆီးရီးယား ပြည်တွင်းစစ်က အစိုးရတပ်တွေဘက်က သာနေတာကနေ ဘာတွေပြန်ချိုးကွေ့တာတွေ ဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာပါ။

အမေရိကန်တပ်တွေ ပြန်ဆုတ်ခွာဖို့ တာလီဘန်နဲ့ စေ့စပ်ဆွေးနွေးနေတာ အတော်လေးခရီးပေါက်နေပြီဖြစ်တဲ့ အာဖဂန်မှာ သြဂုတ် ၁၇ ရက်က မင်္ဂလာဆောင်တစ်ခုကို ပစ်မှတ်ထားကာ ဗုံးခွဲတိုက်ခိုက်ခဲ့လို့ လူ ၆၃ ဦးသေဆုံးပြီး ၁၈၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ဒါဟာ အမေရိကန်အတွက် စေ့စပ်ဆွေးနွေးနေရာမှာ တာလီဘန်တွေဘက်က ထပ်ပြီး သူတို့ရဲ့အင်အားကိုပြပြီး အမေရိကန်အလွန် အာဖဂန်မှာ တာလီဘန်တွေရဲ့ အခန်းကဏ္ဍ ဘယ်လောက်ထိပေးရမလဲဆိုတာကို ဆွဲထုတ်ပြနေတာလို့ သုံးသပ်သူတွေက ဆိုပါတယ်။အနောက်အုပ်စု အသိအမှတ်ပြု ကဘူးလ်အစိုးရ အမေရိကန်အလွန် အာဖဂန်ကို တာလီဘန်တွေမပါဘဲ ထိန်းကျောင်း အုပ်ချုပ်နိုင်ပါ့မလားဆိုတာ သံသယရှိစရာပါ။

ဒီသတင်းအပြင် ယခုတစ်ပတ်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတဲ့  အိန္ဒိယနိုင်ငံ တောင်ပိုင်း ကိုချီဆိပ်ကမ်းကို ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဒုံးလက်နက် တပ်ဆင်ထားတဲ့ ဂျပန်ဖျက်သင်္ဘော "ဂျေအက်စ်ဆာဇာနာမီ" ရောက်ရှိခဲ့တဲ့သတင်း၊ အင်အားပြင်းထန်သည့်   အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ခရိုဆာ ဂျပန်ကို ဝင်တိုက်ခတ်ခဲ့တဲ့သတင်း၊ တောမီးလောင်မှု ၅ဝ ကျော်ကို ၂၄ နာရီအတွင်း ငြှိမ်းသတ်နိုင်ကြောင်း ရုရှား တောမီးငြှိမ်းသတ်ရေး လေကြောင်းဌာနက ထုတ်ပြန်ခဲ့တဲ့သတင်း၊ ဂျကာတာအား ဘော်နီယိုကျွန်းပေါ်ရှိ ကာလီမန်တန်ဒေသကို ပြောင်းရွှေ့ဖို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို က ပါလီမန်မှာ ပြောလိုက်တဲ့သတင်း၊ မိုးခေါင်မှုကိုဖြေရှင်းဖို့ ထိုင်းနိုင်ငံမှာ  မိုးတိမ်ဖန်တီးမှုလုပ်ငန်းများ စတင်တဲ့သတင်း၊ ကမ္ဘာလုံးဆိုင်ရာ မှတ်တမ်းများအရ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ ကမ္ဘာ့အပူပြင်းဆုံးလဖြစ်ခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

အမေရိကန်ရဲ့ တာလတ်ပစ်ဒုံးနဲ့စမယ့် အာရှလက်နက်ပြိုင်ပွဲ

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲက အရှိန်တက်လိုက် ပြန်ကျလိုက် ဖြစ်နေသလို အာရှမှာ အမေရိကန် ကစားနေတဲ့ စစ်ရေးကစားပွဲထဲ မြောက်ကိုရီးယား၊ တရုတ်နဲ့ တောင်ကိုရီးယား အပါအဝင် ဂျပန်ကပါ လိုက်ပါနေရတာ ဒီတစ်ပတ်မှာ ပိုပြီးစိတ်ဝင်စားစရာ ကောင်းလာခဲ့ပါတယ်။

အမေရိကန်ဘက်ကနေ ဘီလျံ ၃၀၀ ဖို့ အခွန်တွေကောက်တာ ဒီဇင်ဘာ ၁၅ ရက်ထိ မရွှေ့ခင်မှာ တရုတ်စီးပွားရေးအဖွဲ့နဲ့ အမေရိကန် ကုန်သွယ်ရေးအဖွဲ့ ဩဂုတ် ၁၃ ရက် ညနေပိုင်းက တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဆွေးနွေးရာမှာ အသစ်ချမှတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး တရုတ်ဘက်က လေးလေးနက်နက် တင်ပြတောင်းဆိုခဲ့ပါတယ်။ဒါ့အပြင် တရုတ်ဘက်က တရုတ်ယွမ်ငွေကို တန်ဖိုးချခဲ့တာတွေလည်း လုပ်ခဲ့ပါတယ်။ဒီအတွက် အမေရိကန်ဘက်က ဒါဟာ တရုတ်က ငွေကြေးကစားတာဆိုပြီး စွပ်စွဲမှုတွေလည်း ရှိခဲ့ပါတယ်။ဒီနောက်မှာ တရုတ်ဘက်ကသွင်းတဲ့ စမတ်ဖုန်းတွေ၊ ဗီဒီယိုဂိမ်းတွေ၊ အိုင်တီပစ္စည်းတွေအပေါ် ကောက်ယူမယ့် အခွန်သစ်နူန်းကို ဒီဇင်ဘာ ၁၅ ထိ ထရမ့် က ရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် အမေရိကန်ဘက်က တထစ်ချင်း အတိုးအလျှော့ကစားတဲ့ ကုန်သွယ်ရေးစစ်ပွဲကိုအကြောင်း သိနေတဲ့ ဂျပန်တွေကတော့ တရုတ်ပြည်ထဲမှာရှိနေတဲ့ သူတို့လုပ်ငန်းတွေကို တရုတ်အိမ်နီးနားချင်း အရှေ့တောင်အာရှ နိုင်ငံတွေဆီ ပြောင်းရွှေ့တာတွေ လုပ်နေပါပြီ။သုံးသပ်သူတွေ အဆိုအရ တရုတ်ပြည်ထဲကနေထွက်တဲ့ ဂျပန်ကုမ္ပဏီတွေ ပိုများမယ်လို့ ခန့်မှန်းထားပါတယ်။အမေရိကန်အနေနဲ့ အာရှကနေ ခေါင်းထောင်ပြီး သူ့ကို ပခုံးချင်းယှဉ်လာနိုင်တဲ့ တရုတ်ကို အဘက်ဘက်က ပိတ်ဆို့ဖို့လုပ်နေတာမှာ နိုင်ငံရေးကလည်း ကဏ္ဍတစ်ရပ်အဖြစ် ပါဝင်နေပါတယ်။

လောလောဆယ်မှာ အကျဉ်းသား လွှဲပြောင်းတာကနေ ထိန်းမရသိမ်းမရထိဖြစ်နေတဲ့ ဟောင်ကောင် ပြဿနာကြောင့်  တချို့နိုင်ငံတွေက ဟောင်ကောင်ရောက် သူတို့နိုင်ငံသားတွေကို အရေးအကြောင်းဆို ကယ်ထုတ်ဖို့တွေအထိ စီစဉ်လာရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ဒီပြဿနာအပေါ် ဗြိတိန်၊ အီးယူ၊ ကနေဒါ၊ အမေရိကန်ဘက်က ထုတ်ပြန်ချက်တွေ ထုတ်တာရှိခဲ့လို့ တရုတ်ဘက်ကလည်း ပြည်တွင်းရေး ဝင်မစွက်ဖို့ ပြင်းပြင်းထန်ထန် သတိပေးရတာတွေလည်း ရှိခဲ့ပါတယ်။

ယခုရက်သတ္တပတ် သြဂုတ် ၁၆ ရက်က အမေရိကန်ဘက်က သမ္မတ ထရမ့် က ဟောင်ကောင်အရေးနှင့် ပတ်သက်ပြီး မကြာမီကာလမှာ တရုတ်သမ္မတနဲ့ ဖုန်းဖြင့်ပြောဆိုဆွေးနွေးခွင့် ရမယ်လို့ ပြောခဲ့တာရှိပါတယ်။ဒါ့အပြင် သူ့အနေနဲ့ ဆန္ဒပြမှုတွေအပေါ် အကြမ်းဖက်ဖြိုခွင်းတာကို မမြင်လိုဘူးလို့ ပြောခဲ့သလို သမ္မတရှီ အနေနဲ့ ဆန္ဒပြသူတွေနဲ့ ဆယ်ငါးမိနစ်လောက်တွေ့ရင် ပြဿနာပြေလည်နိုင်လောက်တယ်လို့ ပြောခဲ့ပါတယ်။  

ဒီလိုမပြောခင်မှာ အမေရိကန် တာဝန်ရှိသူတစ်ဦးက အာရှဒေသရှိ မဟာမိတ်နိုင်ငံများမှာ တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်ထားရှိရန်  ဆွေးနွေးသွားဖို့ရှိတယ်လို့ ယခုရက်သတ္တပတ်ထဲမှာ ထုတ်ဖော်ပြောခဲ့တာ ရှိပါတယ်။ဒါဟာ ရုရှား၊ တရုတ်နဲ့ အာရှဒေသ နိုင်ငံအချို့အတွက် သတိထားစရာ သတင်းပါ။အမေရိကန်ဘက်ကတော့ ရုရှားချုပ်ဆိုထားသော လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် သက်တမ်းကုန်တဲ့အတွက်လို့ အကြောင်းပြပါတယ်။ဒါပေမယ့် အမေရိကန် ရည်ရွယ်တာက ရုရှားနဲ့ ၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ထက် ပိုကျယ်ပြန်တဲ့ တရုတ် အပါအဝင် နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ နိုင်ငံတွေပါတဲ့ စာချုပ်မျိုး ချုပ်နိုင်အောင် ကြိုးစားနေတာပါ။ဒီအစီအစဉ်ကို ထုတ်ပြောခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးကတော့ တရုတ်နိုင်ငံ၏ နျူကလီးယားဒုံးလက်နက် ဖွံ့ဖြိုးမှုအစီအစဉ်က ပွင့်လင်းမြင်သာမှုမရှိလို့ ပါလာစေချင်တယ်ဆိုပေမယ့် တရုတ်ဘက်ကတော့ ငြင်းဆိုထားပါတယ်။

အမေရိကန်ရဲ့ တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်ထားရှိမယ့် အစီအစဉ်မှာ ဂျပန်၊ တောင်ကိုရီးယားနဲ့  ဩစတြေးလျက  သဘောတူနိုင်ဖွယ် ရှိနေပေမယ့် ဖိလစ်ပိုင်ကတော့ အစောပိုင်းကတည်းက ငြင်းဆိုခဲ့ပါတယ်။အမေရိကန်နဲ့ ရန်ဘက် မြောက်ကိုရီးယားကတော့ တောင်ကိုရီးယားနိုင်ငံထဲ တာလတ်ပစ် ဒုံးကျည်များ ဖြန့်ကြက်တာနဲ့ စစ်အေးခေတ်သစ် တစ်ခုကို စတင်စေသလို ဒေသတွင်း လက်နက်အပြိုင် တပ်ဆင်မှုကိုလည်း မြင့်တက်စေလိမ့်မယ့်လို့ သတိပေးခဲ့ပါတယ်။

အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကြောင့် ဖြစ်နေတဲ့ မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေကို လျော့ချဖို့ ကြိုးစားနေရချိန်မှာ ယခုလို အမေရိကန်ရဲ့ အစီအစဉ် ထွက်ပေါ်လာတာ တောင်ကိုရီးယားအတွက် ခက်ခဲစေခဲ့ပါတယ်။တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်း ကတော့ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် မြောက်ကိုရီးယားနဲ့ ငြိမ်းချမ်းတဲ့ စီးပွားရေးတည်ဆောက်နိုင်မယ်လို့ ပြောခဲ့တာ ရှိပါတယ်။ဒီလိုရှိပေမယ့် မြောက်ကိုရီးယားဘက်ကတော့ ယခုရက်သတ္တပတ်ထဲမှာဘဲ အမျိုးအမည်မသိရသော တာတိုပစ် ဒုံးကျည်နှစ်စင်းကို အရှေ့ဘက်ကမ်းရိုးတန်းကနေ  ပစ်လွှတ်စမ်းသပ်ခဲ့ပါတယ်။

အမေရိကန်အနေနဲ့ အာရှကို ပစ်မှတ်ထားနေသလို ထရမ့် လက်ထက် အမေရိကန်ရဲ့ ပေါ်လစီကလည်း မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆိုသလို ဖြစ်နေပါတယ်။ဒီအတွက် ကမ္ဘာ့စီးပွားရေး၊ အာရှရေးရာ၊ အကြမ်းဖက်မှု စတာတွေမှာ အမေရိကန်ဘက်က လှုပ်ရှားမှုတစ်ခုတိုင်းက ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်နေတဲ့အတွက် ယခုလို တာတိုပစ် ဒုံးကျည်တွေ ဖြန့်ကြက်တာကနေ အာရှစစ်ရေးချိန်ခွင်လျှာ ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ချင်စရာပါ။

ဒီသတင်းက အမေရိကန်နိုင်ငံ ဘော်စတွန်မြို့မှာ တရုတ်ထုတ် မြေအောက်ရထားတွဲသစ်တွေ စတင်ပြေးဆွဲတဲ့သတင်း၊ ဆန္ဒပြမှှုများကြောင့် ပိတ်ခဲ့တဲ့ ဟောင်ကောင်လေဆိပ်ကို ပြန်ဖွင့်လိုက်တဲ့သတင်း၊ ဟောင်ကောင်မှာ ဆူပူဆန္ဒပြမှုတွေ ဆိုးရွားလာရင် ထိုင်းနိုင်ငံသားတွေ ကယ်ထုတ်ဖို့ ထိုင်းစစ်ဘက်က လေယာဉ်နှစ်စင်း အသင့်ပြင်ထားတဲ့သတင်း၊ ယူကရိန်း ဆိပ်ကမ်းမြို့ အိုဒက်ဆာမြို့ှမှာ ဟိုတယ်တစ်လုံး မီးလောင်လို့ ရှစ်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့တဲ့သတင်း၊ အဲယားဘတ်စ် လေယာဉ်တစ်စင်း ငှက်တွေဝင်တိုက်လို့ မော်စကိုမြို့အနီး ပြောင်းခင်းထဲ အရေးပေါ်ဆင်းသက်လို့ လူ ၂၀ ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ မက္ကဆီကို လယ်ယာမြေဖွံ့ဖြိုးတိုးတက်ရေးနှင့် မြို့ပြစီမံကိန်း ဝန်ကြီးဟောင်း ကို အကျင်ပျက်ခြစားမှုနဲ့ ဖမ်းဆီးခဲ့တဲ့သတင်းတွေထဲ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုတစ်ပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
သြဂုတ် - ၁၉

( Zawgyi )

ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာ သတင္းအခ်ိဳ႕က သတိထားစရာ ျဖစ္ခဲ့ပါတယ္။ပါကစၥတန္နဲ႔ အိႏၵိယၾကား ျဖစ္ေနတဲ့ ကတ္ရွ္မီးယား ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ ဖ်က္သိမ္းလိုက္တဲ့ ျပႆနာက ယခုတစ္ပတ္မွာ ကုလသမဂၢထိ ေရာက္လာခဲ့သလို အေမရိကန္က အာရွမွာ တိုက္ခ်င္းပစ္ဒုံးပ်ံေတြ ခ်ထားဖို႔ျပင္ေနတာေၾကာင့္ အာရွမွာျဖစ္ေနတဲ့ လက္နက္ျပင္ဆင္မႈဟာ စစ္ျပင္ဆင္မႈလုပ္ေနသလို  ျဖစ္လာပါတယ္။ဒီလို အာရွမွာျဖစ္ေနသလို ကမာၻတစ္လႊားမွာျဖစ္ေနဆဲ အၾကမ္းဖက္သတ္ျဖတ္ ဗုံးခြဲမႈေတြကလည္း ယခင္လို အားေကာင္းေနဆဲ ျဖစ္ပါတယ္။

ဒီသတင္းေတြက ယခုတစ္ပတ္ျဖစ္ခဲ့တဲ့ သတင္းေတြထဲက ဆင္းရဲသူ ေထာင္ေပါင္းမ်ားစြာရဲ႕ အၿမဲတမ္း ေနထိုင္ခြင့္ေတာင္းခံမႈကို ျငင္းပယ္ႏိုင္တဲ့ ဥပေဒသစ္ကို အေမရိကန္အစိုးရက ျပ႒ာန္းလိုက္တဲ့သတင္း၊ အေမရိကန္သမၼတနဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္သစ္တို႔ ဖုန္းဆက္ၿပီး ကုန္သြယ္ေရးနဲ႔ လုံၿခဳံေရး အပါအဝင္ ကမာၻ႔ေရးရာကို ေဆြးေႏြးခဲ့တဲ့သတင္း၊ ႐ုရွား တီယူ-၉၅ အမ်ိဳးအစား မဟာဗ်ဴဟာ ဗုံးႀကဲေလယာဥ္ႏွစ္စင္း ဘာရင့္၊ ေနာ္ေဝႏွင့္ ေျမာက္ပင္လယ္တို႔မွာ ကင္းလွည့္ပ်ံသန္းခဲ့တဲ့သတင္း၊ အေမရိကန္လႊတ္ေတာ္ အမ်ိဳးသမီးအမတ္ႏွစ္ဦးကို သမၼတ ထရမ့္ ေမတၱာရပ္ခံခ်က္ေၾကာင့္ အစၥေရးအစိုးရက ျပည္ဝင္ခြင့္မေပးခဲ့တဲ့ သတင္းေတြထဲ ထူးထူးျခားျခား ေစာင့္ဖတ္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ကုလေရာက္ ကတ္ရွ္မီးယားအေရး

အိႏၵိယနဲ႔ ပါကစၥတန္ ခြဲထြက္ခ်ိန္ကတည္းကျဖစ္ခဲ့တဲ့ အျငင္းပြားနယ္ေျမ ကက္ရွ္မီးယားအေရးက ယခုႏွစ္ဆန္းပိုင္းမွာျဖစ္ခဲ့တဲ့ အိႏၵိယလုံၿခဳံေရးတပ္ဖြဲ႕ေတြကို ပါကစၥတန္ အေျခစိုက္ စစ္ေသြးႂကြေတြက တိုက္ခိုက္လို႔ အလုံးအရင္းနဲ႔ က်ဆုံးခဲ့ရအၿပီးမွာ ျပန္လည္ၿပီး အေျခအေနတင္းမာခဲ့သလို ကန႔္သတ္တိုက္ခိုက္မႈေတြ ျဖစ္ခဲ့ပါတယ္။

န်ဴကလီးယားလက္နက္ပိုင္တဲ့ ႏိုင္ငံေတြျဖစ္ေနၾကတဲ့အတြက္ ႏိုင္ငံတကာက အျငင္းပြားမႈကို ထိန္းထိန္းသိမ္းသိမ္းလုပ္ၾကဖို႔ ေဆာ္ၾသၾကသလို ဒီထက္ပိုၿပီး တင္းမာမႈေတြ မက်ယ္ျပန႔္လာဖို႔လည္း ေစာင့္ၾကည့္ေနရ၊ ေဖ်ာင္းဖ်ေနရတဲ့ အေနအထားပါ။မၾကာေသးခင္က အိႏၵိယဘက္ကေန သူပိုင္တဲ့ ကိတ္ရွ္မီးယားေဒသမွာ ေပးထားတဲ့ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသအျဖစ္ကို ပယ္ဖ်က္ခဲ့သလို ကတ္ရွ္မီးယား အႀကီးအကဲေတြကိုလည္း ထိန္းသိမ္းခဲ့ပါတယ္။ဒါ့အျပင္ ကတ္ရွ္မီးယားေဒသထဲ အျခားေဒသက လူေတြ လာေရာက္အေျခခ် ေနထိုင္ခြင့္ကို တားဆီးထားတဲ့ ဥပေဒကိုလည္း ပယ္ဖ်က္ခဲ့ပါတယ္။
အထူးသျဖင့္ ဒီေဒသရဲ႕ အင္တာနက္သုံးစြဲမႈကို ကန႔္သတ္ပိတ္ပင္ခဲ့တာပါ။

ဒီလိုအခြင့္အာဏာ ျပန္႐ုတ္သိမ္းတဲ့အေပၚ အိႏၵိယဘက္က အေၾကာင္းျပရာမွာ ဒီလိုအခြင့္အေရးေပးထားတဲ့အေပၚ ပါကစၥတန္အစိုးရက အခြင့္အေရးယူ အသုံးခ်ကာ အိႏၵိယႏိုင္ငံကို  လုံၿခဳံေရးၿခိမ္းေျခာက္မႈေတြ လုပ္ေဆာင္လို႔ဆိုၿပီး စြပ္စြဲခဲ့ပါတယ္။ဒီလိုလုပ္ေဆာင္လုပ္တဲ့အတြက္ ကတ္ရွ္မီးယားေဒသခံေတြဘက္က ကန႔္ကြက္ဆႏၵျပမႈေတြရွိခဲ့သလို ပါကစၥတန္အစိုးရက အိႏၵိယအစိုးရ၏ လုပ္ရပ္သည္ ကက္ရွ္မီးယားေဒသေန ျပည္သူမ်ား၏ လူ႔အခြင့္အေရးကို ေဖာက္ဖ်က္ရာေရာက္ၿပီး ေဒသတြင္း တည္ၿငိမ္ေအးခ်မ္းေရးကို ထိခိုက္ေစတယ္ဆိုၿပီး ထကန႔္ကြက္ခဲ့ပါတယ္။
တ႐ုတ္ကလည္း ပါကစၥတန္နဲ႔အတူ  ကန႔္ကြက္ခဲ့ပါတယ္။ဒီအတြက္ ပါကစၥတန္က ကုလသမဂၢ လုံၿခဳံေရးေကာင္စီကို အေရးေပၚအစည္းအေဝးေခၚၿပီး အိႏၵိယရဲ႕ ဆုံးျဖတ္ခ်က္ကို ျပင္ဆင္ေပးဖို႔ ေတာင္းဆိုခဲ့ပါတယ္။ဒီလိုျပႆနာျဖစ္တဲ့အတြက္ ကုလအတြင္းေရးမႉးခ်ဳပ္က ႏွစ္ဘက္လုံးကို ေျဖာင္းဖ်ခဲ့ပါတယ္။

ဒီေနာက္မွာ ကတ္ရွ္မီးယားေဒသမွာ ဆႏၵျပပြဲေတြျဖစ္ခဲ့သလို အိႏၵယလုံၿခဳံေရးတပ္ဖြဲ႕ေတြက မ်က္ရည္ယိုဗုံးေတြ သုံးရတဲ့အထိျဖစ္ခဲ့ကာ ညမထြက္ရ အမိန႔္ကိုပါ ထုတ္ျပန္ခဲ့ရပါတယ္။ၾသဂုတ္ ၁၄ ရက္ ေနာက္မွာေတာ့ အိႏၵိယဗဟိုအစိုးရဘက္က ကန႔္သတ္မႈေတြ ျပန္လည္ေျဖေလွ်ာ့ေပးမယ္လို႔ ေျပာခဲ့ေပမယ့္ အင္တာနက္ လိုင္းေတြ ျဖတ္ေတာက္ထားဆဲပါဘဲ။ကတ္ရွ္မီးယားအေရးနဲ႔ ပတ္သက္ၿပီး ၾသဂုတ္ ၁၇ ရက္မွာ ကုလလုံၿခဳံေရးေကာင္စီမွာ ကာယကံရွင္ အိႏၵိယနဲ႔ ပါကစၥတန္ မပါဝင္ဘဲ တံခါးပိတ္အစည္းအေဝးလုပ္ခဲ့ပါတယ္။ဒါေပမယ့္ ဘာမွမယ္မယ္ရရ မထုတ္ျပန္ခဲ့ပါဘူး။

ကုလ အိႏၵိယအၿမဲတမ္းကိုယ္စားလွယ္ကေတာ့ ဒီလို ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ အခြင့္အာဏာ ျပန္႐ုတ္သိမ္းတာဟာ အိႏၵိယရဲ႕ ျပည္တြင္းေရးသာျဖစ္ၿပီး ျပည္ပက ပါဝင္ရန္မလိုဘူးလို႔ ေျပာခဲ့ပါတယ္။ပါကစၥတန္ဘက္ကေတာ့ ကတ္ရွ္မီးယားမွာ ယခင္အတိုင္း အခြင့္အာဏာရဖို႔ ႏိုင္ငံေရးနည္းလမ္းကို အျပည့္အဝအသုံးခ်ဖို႔ အသင့္ရွိေနသလို အိႏၵိယဘက္ကလည္း ထပ္အျဖစ္ခံမွာမဟုတ္ဘဲ ဗဟိုအစိုးရက တိုက္႐ိုက္အုပ္ခ်ဳပ္ဖို႔ ႀကိဳးစားမွာ ေသခ်ာေနပါတယ္။ဒီအတြက္ ကတ္ရွ္မီးယားမွာ ေနာက္ထပ္ ေဒသတြင္း ကန႔္သတ္စစ္ပြဲျဖစ္လာဖို႔ အလားအလာ မ်ားေနပါတယ္။ဘာေတြျဖစ္လာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ အၾကမ္းဖက္မႈ သတင္းေတြထဲက ခ်ဒ္ႏိုင္ငံ အေနာက္ပိုင္းေဒသမွာ အေသခံဗုံးခြဲသမား အမ်ိဳးသမီးတစ္ဦးက ဗုံးခြဲတိုက္ခိုက္လို႔ လူေျခာက္ဦး ေသဆုံးခဲ့တဲ့သတင္း၊ ဘန္ေကာက္ၿမိဳ႕ ေနရာအႏွံ႔ျဖစ္ပြားခဲ့တဲ့ ဗုံးေပါက္ကြဲမႈမွ သံသယရွိသူေလးဦးကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဝရမ္းထုတ္ခဲ့တဲ့သတင္း၊ ပါကစၥတန္ႏိုင္ငံ အေနာက္ေတာင္ဘက္ ေဒသရွိ ဘာသာေရးေက်ာင္းတစ္ခုမွာ ဗုံးတစ္လုံးေပါက္ကြဲလို႔ အနည္းဆုံး လူငါးဦးေသဆုံးကာ အမ်ားအျပား ထိခိုက္ဒဏ္ရာရခဲ့တဲ့သတင္း၊ အင္ဒိုနီးရွား ကမ္းလြန္ပင္လယ္မွာ သေဘၤာတစ္စင္း မီးေလာင္လို႔ ကေလးငယ္ႏွစ္ဦး အပါအဝင္ လူခုနစ္ဦး ေသဆုံးခဲ့ၿပီး ေလးဦးေပ်ာက္ဆုံးခဲ့တဲ့သတင္း၊ အေမရိကန္ႏိုင္ငံ ဖီလာဒဲဖီးယားၿမိဳ႕မွာျဖစ္ခဲ့တဲ့ ေသနတ္ပစ္ခတ္မႈအတြင္း ရဲတပ္ဖြဲ႕ဝင္ေျခာက္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ မေလးရွား အပန္းေျဖစခန္းကေန ေပ်ာက္ဆုံးခဲ့တဲ့ အိုင္ယာလန္ ဆယ္ေက်ာ္သက္ မိန္းကေလးတစ္ဦးကို ေတာအုပ္တစ္ေနရာမွာ ဝတ္လစ္စလစ္ ေသဆုံးေနတာကို ေတြ႕တဲ့သတင္းေတြထဲ ထူးထူးျခားျခား ဆက္ေစာင့္ၾကည့္ရမယ့္ သတင္းျဖစ္ခဲ့ပါတယ္။

မေလ်ာ့ဘဲ ျပႆနာတိုးလာတဲ့ အာရွေရနံေျမ

ကမာၻတစ္ဝန္း အၾကမ္းဖက္မႈေတြ ဆက္တိုးၿပီးျဖစ္ေနတဲ့အတြက္ တခ်ိဳ႕ႏိုင္ငံေတြက သူတို႔အက်ိဳးစီးပြား ကာကြယ္ရန္အလို႔ငွာ စစ္တပ္ေတြ၊ ေရတပ္သေဘၤာေတြကို ေစလႊတ္မႈေတြ ရွိပါတယ္။ဒီတစ္ပတ္ထဲမွာလည္း ေတာင္ကိုရီးယားက ပင္လယ္ဓားျပေတြ ႀကီးစိုးေနတဲ့ ဆိုမာလီယာကမ္းလြန္ရွိ ေအဒင္ပင္လယ္ေကြ႕ကို ေတာင္ကိုရီးယားစစ္သည္ ၃၀၀ ကို ေစလႊတ္ခဲ့သလို အီရန္နဲ႔ အေမရိကန္ၾကား ျပႆနာတက္ေနတဲ့ ေဟာ္မုဇ္ေရလက္ၾကားကိုပါ  တာဝန္ေပးခဲ့တာ ေတြ႕ရပါတယ္။

မၾကာေသးခင္က အီရန္ ေရနံတင္သေဘၤာကို ဖမ္းဆီးထားဖို႔ ဂ်ီဘေရာ္လ္တာ အာဏာပိုင္ေတြက ေရနံတင္သေဘၤာကို ျပန္လႊတ္ဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ဒါကို မလႊတ္ဖို႔ အေမရိကန္က ေတာင္းဆိုခဲ့ေပမယ့္ ဂ်ီဘေရာ္လ္တာ အာဏာပိုင္ေတြက ျငင္းခဲ့ပါတယ္။ဒီလိုျငင္းတဲ့အတြက္ အီရန္ ေရနံတင္သေဘၤာ Grace 1 (Adrian Darya 1) ကို အေမရိကန္ တရားေရးဌာနက ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။ယင္းသေဘၤာကို ျပန္လည္ဖမ္းဆီးဖို႔ အေမရိကန္တို႔က ၁၁ နာရီၾကာ ႀကိဳးပမ္းခဲ့ေပမယ့္ တင္းက်ပ္မႈမရွိတဲ့ အီးယူကန႔္သတ္မႈေတြေၾကာင့္ ၾသဂုတ္ ၁၈ ရက္ ညသန္းေကာင္ယံ မတိုင္မီမွာ ေဒၚလာ သန္း ၁၃၀ တန္ဖိုးရွိ ေရနံစိမ္းအေပါ့မ်ား တင္ေဆာင္ထားတဲ့ အီရန္ ေရနံတင္သေဘၤာဟာ ေမာ္႐ိုကိုႏိုင္ငံႏွင့္ အိုင္ဘာရီယန္ကြၽန္းဆြယ္ ေတာင္ဘက္စြန္းတို႔ကို ပိုင္းျခားထားတဲ့ ႏိုင္ငံတကာ ေရလမ္းေၾကာင္းအတိုင္း ထြက္သြားႏိုင္ခဲ့ပါတယ္။

အေမရိကန္ကေတာ့ ဒီေရနံေတြဟာ အၾကမ္းဖက္ အဖြဲ႕အစည္းတစ္ခုအတြက္လို႔ စြပ္စြဲထားတဲ့အတြက္ ဘယ္လိုဆက္တားဆီးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။အီရန္ကလဲ ယခုရက္သတၱပတ္ထဲမွာ သဲကႏၲာရမွာ သုံးႏိုင္တဲ့ Aras-2 ဟု အမည္ေပးထားေသာ ျပည္တြင္းျဖစ္ စစ္ဘက္သုံး သံခ်ပ္ကာယာဥ္ကို ထုတ္ျပၿပီး အေမရိကန္ကို အင္အားျပခဲ့ပါတယ္။အေမရိကန္ဘက္ကေတာ့ အီရန္ ပတ္ခ်ာလည္ ႏိုင္ငံေတြမွာ တိုက္ေလယာဥ္ေတြ ေလယာဥ္တင္သေဘၤာေတြ ေစလႊတ္ထားတဲ့အတြက္ ေရနံတင္သေဘၤာကေန စစ္မီးစေတာက္လာႏိုင္မလားဆိုတာ စိတ္လႈပ္ရွားစရာပါ။

ဒီလို ေရနံျပႆနာနဲ႔ ရႈပ္ေထြးေနတဲ့ အေရွ႕အလယ္ပိုင္းမွာ အစၥေရး-ပါလက္စတိုင္း၊ ဆီးရီးယား-တူရကီ ျပႆနာေတြကလည္း ယခုရက္သတၱပတ္မွာ ျဖစ္ၿမဲအတိုင္း ဆက္ျဖစ္ခဲ့ပါတယ္။

ယခုၾသဂုတ္ ၁၆ ရက္မွာ ပါလက္စတိုင္းေတြ အပတ္စဥ္ျပဳလုပ္ေနတဲ့ အစၥေရးဆန႔္က်င္ေရး အပတ္စဥ္ဆႏၵျပမႈက အမွတ္စဥ္ ၇၀ ျပည့္ေျမာက္ခဲ့သလို ဂါဇာကို ခ်ီတက္တဲ့အခါ အစၥေရးတပ္ဖြဲ႕ဝင္မ်ားနဲ႔ ပါလက္စတိုင္းၾကား ပဋိပကၡမ်ားျဖစ္ပြားခဲ့လို႔  လူေပါင္း ၆၃ ဦး  ဒဏ္ရာရရွိခဲ့ပါတယ္။အဲဒီရက္မွာဘဲ  အစၥေရးႏိုင္ငံ ေတာင္ဘက္ပိုင္း ေဒသေတြကို ဂါဇာဘက္ကေန ဒုံးက်ည္ေတြ ပစ္လႊတ္တိုက္ခိုက္ခဲ့ပါတယ္။ၾသဂုတ္ ၁၇ ရက္မွာေတာ့ အစၥေရးေလတပ္ ဂ်က္တိုက္ေလယာဥ္ေတြက ဂါဇာကမ္းေျမာင္ေဒသအတြင္းရွိ  စစ္ေသြးႂကြအုပ္စုေတြရဲ႕ စစ္ဘက္ဆိုင္ရာ အေဆာက္အအုံေတြကို ျပန္စီးနင္းတိုက္ခိုက္ခဲ့ပါတယ္။

ျပည္တြင္းစစ္ျဖစ္ေနတဲ့ ဆီးရီးယားမွာေတာ့ ယခုရက္သတၱပတ္ထဲမွာ ဆီးရီးယားအစိုးရတပ္က စစ္ေလယာဥ္တစ္စီးကို အီဒလစ္မွာ သူပုန္ေတြက ပစ္ခ်ခဲ့ပါတယ္။ဆီးရီးယား ေျမာက္ပိုင္း တူရကီနယ္စပ္အနီးရွိ ကာဒစ္ၿမိဳ႕တစ္ခုမွာ ၾသဂုတ္ ၁၈ ရက္က ကားဗုံးေပါက္ကြဲလို႔ တစ္ဦးေသၿပီး ႏွစ္ဦးဒဏ္ရာရခဲ့ပါတယ္။ဒီလိုအေျခအေနေတြေၾကာင့္ တူရကီဘက္က အေမရိကန္ ေဖာ္ေဆာင္ေပးမယ္ေျပာတဲ့ လုံၿခဳံစိတ္ခ်ရသည့္ဇုန္ တည္ေထာင္ေရး ေႏွာင့္ေႏွးေနတာကို သည္းမခံႏိုင္ေတာ့ဘူးဆိုၿပီး တူရကီ ႏိုင္ငံျခားေရးဝန္ႀကီးက ၾသဂုတ္ ၁၅ ရက္က ေျပာခဲ့တာရွိပါတယ္။တူရကီအေနနဲ႔ ဆီးရီးယားဘက္မွာ ထိုးစစ္ဆင္ေနတာေတြ ရွိပါတယ္။ဒီအတြက္ ဆီးရီးယား ျပည္တြင္းစစ္က အစိုးရတပ္ေတြဘက္က သာေနတာကေန ဘာေတြျပန္ခ်ိဳးေကြ႕တာေတြ ျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာပါ။

အေမရိကန္တပ္ေတြ ျပန္ဆုတ္ခြာဖို႔ တာလီဘန္နဲ႔ ေစ့စပ္ေဆြးေႏြးေနတာ အေတာ္ေလးခရီးေပါက္ေနၿပီျဖစ္တဲ့ အာဖဂန္မွာ ၾသဂုတ္ ၁၇ ရက္က မဂၤလာေဆာင္တစ္ခုကို ပစ္မွတ္ထားကာ ဗုံးခြဲတိုက္ခိုက္ခဲ့လို႔ လူ ၆၃ ဦးေသဆုံးၿပီး ၁၈၂ ဦးဒဏ္ရာရရွိခဲ့ပါတယ္။ဒါဟာ အေမရိကန္အတြက္ ေစ့စပ္ေဆြးေႏြးေနရာမွာ တာလီဘန္ေတြဘက္က ထပ္ၿပီး သူတို႔ရဲ႕အင္အားကိုျပၿပီး အေမရိကန္အလြန္ အာဖဂန္မွာ တာလီဘန္ေတြရဲ႕ အခန္းက႑ ဘယ္ေလာက္ထိေပးရမလဲဆိုတာကို ဆြဲထုတ္ျပေနတာလို႔ သုံးသပ္သူေတြက ဆိုပါတယ္။အေနာက္အုပ္စု အသိအမွတ္ျပဳ ကဘူးလ္အစိုးရ အေမရိကန္အလြန္ အာဖဂန္ကို တာလီဘန္ေတြမပါဘဲ ထိန္းေက်ာင္း အုပ္ခ်ဳပ္ႏိုင္ပါ့မလားဆိုတာ သံသယရွိစရာပါ။

ဒီသတင္းအျပင္ ယခုတစ္ပတ္ထဲမွာ စိတ္ဝင္စားဖို႔ေကာင္းတဲ့  အိႏၵိယႏိုင္ငံ ေတာင္ပိုင္း ကိုခ်ီဆိပ္ကမ္းကို ခ်စ္ၾကည္ေရးခရီးစဥ္အျဖစ္ ဒုံးလက္နက္ တပ္ဆင္ထားတဲ့ ဂ်ပန္ဖ်က္သေဘၤာ "ေဂ်အက္စ္ဆာဇာနာမီ" ေရာက္ရွိခဲ့တဲ့သတင္း၊ အင္အားျပင္းထန္သည့္   အပူပိုင္းဆိုင္ကလုန္းမုန္တိုင္း ခ႐ိုဆာ ဂ်ပန္ကို ဝင္တိုက္ခတ္ခဲ့တဲ့သတင္း၊ ေတာမီးေလာင္မႈ ၅ဝ ေက်ာ္ကို ၂၄ နာရီအတြင္း ျငႇိမ္းသတ္ႏိုင္ေၾကာင္း ႐ုရွား ေတာမီးျငႇိမ္းသတ္ေရး ေလေၾကာင္းဌာနက ထုတ္ျပန္ခဲ့တဲ့သတင္း၊ ဂ်ကာတာအား ေဘာ္နီယိုကြၽန္းေပၚရွိ ကာလီမန္တန္ေဒသကို ေျပာင္းေ႐ႊ႕ဖို႔ အင္ဒိုနီးရွားသမၼတ ဂ်ိဳကိုဝီဒိုဒို က ပါလီမန္မွာ ေျပာလိုက္တဲ့သတင္း၊ မိုးေခါင္မႈကိုေျဖရွင္းဖို႔ ထိုင္းႏိုင္ငံမွာ  မိုးတိမ္ဖန္တီးမႈလုပ္ငန္းမ်ား စတင္တဲ့သတင္း၊ ကမာၻလုံးဆိုင္ရာ မွတ္တမ္းမ်ားအရ ၂၀၁၉ ခုႏွစ္ ဇူလိုင္လမွာ ကမာၻ႔အပူျပင္းဆုံးလျဖစ္ခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

အေမရိကန္ရဲ႕ တာလတ္ပစ္ဒုံးနဲ႔စမယ့္ အာရွလက္နက္ၿပိဳင္ပြဲ

တ႐ုတ္နဲ႔ အေမရိကန္ၾကား ကုန္သြယ္ေရးစစ္ပြဲက အရွိန္တက္လိုက္ ျပန္က်လိုက္ ျဖစ္ေနသလို အာရွမွာ အေမရိကန္ ကစားေနတဲ့ စစ္ေရးကစားပြဲထဲ ေျမာက္ကိုရီးယား၊ တ႐ုတ္နဲ႔ ေတာင္ကိုရီးယား အပါအဝင္ ဂ်ပန္ကပါ လိုက္ပါေနရတာ ဒီတစ္ပတ္မွာ ပိုၿပီးစိတ္ဝင္စားစရာ ေကာင္းလာခဲ့ပါတယ္။

အေမရိကန္ဘက္ကေန ဘီလ်ံ ၃၀၀ ဖို႔ အခြန္ေတြေကာက္တာ ဒီဇင္ဘာ ၁၅ ရက္ထိ မေ႐ႊ႕ခင္မွာ တ႐ုတ္စီးပြားေရးအဖြဲ႕နဲ႔ အေမရိကန္ ကုန္သြယ္ေရးအဖြဲ႕ ဩဂုတ္ ၁၃ ရက္ ညေနပိုင္းက တယ္လီဖုန္းနဲ႔ ဆက္သြယ္ေဆြးေႏြးခဲ့ၾကပါတယ္။ဒီလိုေဆြးေႏြးရာမွာ အသစ္ခ်မွတ္တဲ့ ကုန္ပစၥည္းေတြနဲ႔ ပတ္သက္ၿပီး တ႐ုတ္ဘက္က ေလးေလးနက္နက္ တင္ျပေတာင္းဆိုခဲ့ပါတယ္။ဒါ့အျပင္ တ႐ုတ္ဘက္က တ႐ုတ္ယြမ္ေငြကို တန္ဖိုးခ်ခဲ့တာေတြလည္း လုပ္ခဲ့ပါတယ္။ဒီအတြက္ အေမရိကန္ဘက္က ဒါဟာ တ႐ုတ္က ေငြေၾကးကစားတာဆိုၿပီး စြပ္စြဲမႈေတြလည္း ရွိခဲ့ပါတယ္။ဒီေနာက္မွာ တ႐ုတ္ဘက္ကသြင္းတဲ့ စမတ္ဖုန္းေတြ၊ ဗီဒီယိုဂိမ္းေတြ၊ အိုင္တီပစၥည္းေတြအေပၚ ေကာက္ယူမယ့္ အခြန္သစ္ႏူန္းကို ဒီဇင္ဘာ ၁၅ ထိ ထရမ့္ က ေ႐ႊ႕ခဲ့ပါတယ္။

ဒါေပမယ့္ အေမရိကန္ဘက္က တထစ္ခ်င္း အတိုးအေလွ်ာ့ကစားတဲ့ ကုန္သြယ္ေရးစစ္ပြဲကိုအေၾကာင္း သိေနတဲ့ ဂ်ပန္ေတြကေတာ့ တ႐ုတ္ျပည္ထဲမွာရွိေနတဲ့ သူတို႔လုပ္ငန္းေတြကို တ႐ုတ္အိမ္နီးနားခ်င္း အေရွ႕ေတာင္အာရွ ႏိုင္ငံေတြဆီ ေျပာင္းေ႐ႊ႕တာေတြ လုပ္ေနပါၿပီ။သုံးသပ္သူေတြ အဆိုအရ တ႐ုတ္ျပည္ထဲကေနထြက္တဲ့ ဂ်ပန္ကုမၸဏီေတြ ပိုမ်ားမယ္လို႔ ခန႔္မွန္းထားပါတယ္။အေမရိကန္အေနနဲ႔ အာရွကေန ေခါင္းေထာင္ၿပီး သူ႔ကို ပခုံးခ်င္းယွဥ္လာႏိုင္တဲ့ တ႐ုတ္ကို အဘက္ဘက္က ပိတ္ဆို႔ဖို႔လုပ္ေနတာမွာ ႏိုင္ငံေရးကလည္း က႑တစ္ရပ္အျဖစ္ ပါဝင္ေနပါတယ္။

ေလာေလာဆယ္မွာ အက်ဥ္းသား လႊဲေျပာင္းတာကေန ထိန္းမရသိမ္းမရထိျဖစ္ေနတဲ့ ေဟာင္ေကာင္ ျပႆနာေၾကာင့္  တခ်ိဳ႕ႏိုင္ငံေတြက ေဟာင္ေကာင္ေရာက္ သူတို႔ႏိုင္ငံသားေတြကို အေရးအေၾကာင္းဆို ကယ္ထုတ္ဖို႔ေတြအထိ စီစဥ္လာရတဲ့အထိ ျဖစ္ခဲ့ပါတယ္။ဒီျပႆနာအေပၚ ၿဗိတိန္၊ အီးယူ၊ ကေနဒါ၊ အေမရိကန္ဘက္က ထုတ္ျပန္ခ်က္ေတြ ထုတ္တာရွိခဲ့လို႔ တ႐ုတ္ဘက္ကလည္း ျပည္တြင္းေရး ဝင္မစြက္ဖို႔ ျပင္းျပင္းထန္ထန္ သတိေပးရတာေတြလည္း ရွိခဲ့ပါတယ္။

ယခုရက္သတၱပတ္ ၾသဂုတ္ ၁၆ ရက္က အေမရိကန္ဘက္က သမၼတ ထရမ့္ က ေဟာင္ေကာင္အေရးႏွင့္ ပတ္သက္ၿပီး မၾကာမီကာလမွာ တ႐ုတ္သမၼတနဲ႔ ဖုန္းျဖင့္ေျပာဆိုေဆြးေႏြးခြင့္ ရမယ္လို႔ ေျပာခဲ့တာရွိပါတယ္။ဒါ့အျပင္ သူ႔အေနနဲ႔ ဆႏၵျပမႈေတြအေပၚ အၾကမ္းဖက္ၿဖိဳခြင္းတာကို မျမင္လိုဘူးလို႔ ေျပာခဲ့သလို သမၼတရွီ အေနနဲ႔ ဆႏၵျပသူေတြနဲ႔ ဆယ္ငါးမိနစ္ေလာက္ေတြ႕ရင္ ျပႆနာေျပလည္ႏိုင္ေလာက္တယ္လို႔ ေျပာခဲ့ပါတယ္။  

ဒီလိုမေျပာခင္မွာ အေမရိကန္ တာဝန္ရွိသူတစ္ဦးက အာရွေဒသရွိ မဟာမိတ္ႏိုင္ငံမ်ားမွာ တာလတ္ပစ္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္ထားရွိရန္  ေဆြးေႏြးသြားဖို႔ရွိတယ္လို႔ ယခုရက္သတၱပတ္ထဲမွာ ထုတ္ေဖာ္ေျပာခဲ့တာ ရွိပါတယ္။ဒါဟာ ႐ုရွား၊ တ႐ုတ္နဲ႔ အာရွေဒသ ႏိုင္ငံအခ်ိဳ႕အတြက္ သတိထားစရာ သတင္းပါ။အေမရိကန္ဘက္ကေတာ့ ႐ုရွားခ်ဳပ္ဆိုထားေသာ လက္နက္ထိန္းခ်ဳပ္ေရး သေဘာတူစာခ်ဳပ္ သက္တမ္းကုန္တဲ့အတြက္လို႔ အေၾကာင္းျပပါတယ္။ဒါေပမယ့္ အေမရိကန္ ရည္႐ြယ္တာက ႐ုရွားနဲ႔ ၁၉၈၇ ခုႏွစ္က ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ထက္ ပိုက်ယ္ျပန္တဲ့ တ႐ုတ္ အပါအဝင္ န်ဴကလီးယားလက္နက္ ပိုင္ဆိုင္တဲ့ ႏိုင္ငံေတြပါတဲ့ စာခ်ဳပ္မ်ိဳး ခ်ဳပ္ႏိုင္ေအာင္ ႀကိဳးစားေနတာပါ။ဒီအစီအစဥ္ကို ထုတ္ေျပာခဲ့တဲ့ အေမရိကန္ လက္ေထာက္ႏိုင္ငံျခားေရးဝန္ႀကီးကေတာ့ တ႐ုတ္ႏိုင္ငံ၏ န်ဴကလီးယားဒုံးလက္နက္ ဖြံ႕ၿဖိဳးမႈအစီအစဥ္က ပြင့္လင္းျမင္သာမႈမရွိလို႔ ပါလာေစခ်င္တယ္ဆိုေပမယ့္ တ႐ုတ္ဘက္ကေတာ့ ျငင္းဆိုထားပါတယ္။

အေမရိကန္ရဲ႕ တာလတ္ပစ္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္ထားရွိမယ့္ အစီအစဥ္မွာ ဂ်ပန္၊ ေတာင္ကိုရီးယားနဲ႔  ဩစေၾတးလ်က  သေဘာတူႏိုင္ဖြယ္ ရွိေနေပမယ့္ ဖိလစ္ပိုင္ကေတာ့ အေစာပိုင္းကတည္းက ျငင္းဆိုခဲ့ပါတယ္။အေမရိကန္နဲ႔ ရန္ဘက္ ေျမာက္ကိုရီးယားကေတာ့ ေတာင္ကိုရီးယားႏိုင္ငံထဲ တာလတ္ပစ္ ဒုံးက်ည္မ်ား ျဖန႔္ၾကက္တာနဲ႔ စစ္ေအးေခတ္သစ္ တစ္ခုကို စတင္ေစသလို ေဒသတြင္း လက္နက္အၿပိဳင္ တပ္ဆင္မႈကိုလည္း ျမင့္တက္ေစလိမ့္မယ့္လို႔ သတိေပးခဲ့ပါတယ္။

အေမရိကန္နဲ႔ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြေၾကာင့္ ျဖစ္ေနတဲ့ ေျမာက္ကိုရီးယားနဲ႔ တင္းမာမႈေတြကို ေလ်ာ့ခ်ဖို႔ ႀကိဳးစားေနရခ်ိန္မွာ ယခုလို အေမရိကန္ရဲ႕ အစီအစဥ္ ထြက္ေပၚလာတာ ေတာင္ကိုရီးယားအတြက္ ခက္ခဲေစခဲ့ပါတယ္။ေတာင္ကိုရီးယားသမၼတ မြန္းေဂ်အင္း ကေတာ့ ေတြ႕ဆုံေဆြးေႏြးမႈေတြကတစ္ဆင့္ ေျမာက္ကိုရီးယားနဲ႔ ၿငိမ္းခ်မ္းတဲ့ စီးပြားေရးတည္ေဆာက္ႏိုင္မယ္လို႔ ေျပာခဲ့တာ ရွိပါတယ္။ဒီလိုရွိေပမယ့္ ေျမာက္ကိုရီးယားဘက္ကေတာ့ ယခုရက္သတၱပတ္ထဲမွာဘဲ အမ်ိဳးအမည္မသိရေသာ တာတိုပစ္ ဒုံးက်ည္ႏွစ္စင္းကို အေရွ႕ဘက္ကမ္း႐ိုးတန္းကေန  ပစ္လႊတ္စမ္းသပ္ခဲ့ပါတယ္။

အေမရိကန္အေနနဲ႔ အာရွကို ပစ္မွတ္ထားေနသလို ထရမ့္ လက္ထက္ အေမရိကန္ရဲ႕ ေပၚလစီကလည္း မီးစတစ္ဖက္ ေရမႈတ္တစ္ဖက္ဆိုသလို ျဖစ္ေနပါတယ္။ဒီအတြက္ ကမာၻ႔စီးပြားေရး၊ အာရွေရးရာ၊ အၾကမ္းဖက္မႈ စတာေတြမွာ အေမရိကန္ဘက္က လႈပ္ရွားမႈတစ္ခုတိုင္းက ႀကီးမားတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္ေနတဲ့အတြက္ ယခုလို တာတိုပစ္ ဒုံးက်ည္ေတြ ျဖန႔္ၾကက္တာကေန အာရွစစ္ေရးခ်ိန္ခြင္လွ်ာ ဘယ္လိုျဖစ္လာမလဲဆိုတာ ေစာင့္ၾကည့္ခ်င္စရာပါ။

ဒီသတင္းက အေမရိကန္ႏိုင္ငံ ေဘာ္စတြန္ၿမိဳ႕မွာ တ႐ုတ္ထုတ္ ေျမေအာက္ရထားတြဲသစ္ေတြ စတင္ေျပးဆြဲတဲ့သတင္း၊ ဆႏၵျပမွႈမ်ားေၾကာင့္ ပိတ္ခဲ့တဲ့ ေဟာင္ေကာင္ေလဆိပ္ကို ျပန္ဖြင့္လိုက္တဲ့သတင္း၊ ေဟာင္ေကာင္မွာ ဆူပူဆႏၵျပမႈေတြ ဆိုး႐ြားလာရင္ ထိုင္းႏိုင္ငံသားေတြ ကယ္ထုတ္ဖို႔ ထိုင္းစစ္ဘက္က ေလယာဥ္ႏွစ္စင္း အသင့္ျပင္ထားတဲ့သတင္း၊ ယူကရိန္း ဆိပ္ကမ္းၿမိဳ႕ အိုဒက္ဆာၿမိဳ႕ွမွာ ဟိုတယ္တစ္လုံး မီးေလာင္လို႔ ရွစ္ဦးေသဆုံးၿပီး ၁၀ ဦးဒဏ္ရာရရွိခဲ့တဲ့သတင္း၊ အဲယားဘတ္စ္ ေလယာဥ္တစ္စင္း ငွက္ေတြဝင္တိုက္လို႔ ေမာ္စကိုၿမိဳ႕အနီး ေျပာင္းခင္းထဲ အေရးေပၚဆင္းသက္လို႔ လူ ၂၀ ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ မကၠဆီကို လယ္ယာေျမဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ ၿမိဳ႕ျပစီမံကိန္း ဝန္ႀကီးေဟာင္း ကို အက်င္ပ်က္ျခစားမႈနဲ႔ ဖမ္းဆီးခဲ့တဲ့သတင္းေတြထဲ စိတ္ဝင္စားစရာ အေကာင္းဆုံးျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုတစ္ပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ၾသဂုတ္ - ၁၉