【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နီးကပ်လာတဲ့ ကမ္ဘာစစ်ကြီး

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 နီးကပ်လာတဲ့ ကမ္ဘာစစ်ကြီး

ယခုရက်သတ္တပတ်အတွင်းဖြစ်ခဲ့တဲ့ နိုင်ငံတကာသတင်းတွေထဲမှာအများစောင့်ကြည့်နေတာ အီရန်ထိပ် တန်းစစ်ဘက်အကြီးအကဲကို အမေရိကန်က သတ်ဖြတ်လိုက်တဲ့ အတွက် စစ်ဖြစ်ဖို့ နီးစပ်လာတဲ့ သတင်းတွေ၊ တူရကီက လစ်ဗျားကို တပ်တွေပို့ဖို့လုပ်နေတဲ့ သတင်းတွေနဲ့ ဩစတြေးလျှတောမီးလောင်ကျွမ်းမှုက ထိန်းချုပ်ဖို့ ပိုခက်ခဲလာတဲ့ သတင်းတွေက အများစု စောင့်ကြည့်ခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ကမ္ဘာစစ်ကို ဘယ်သူလက်ယပ်ခေါ်နေသလဲ

အရှုပ်ထွေးဆုံးနဲ့ ကမ္ဘာအတွက် စိတ်လှုပ်ရှားစရာ အဖြစ်တွေက ယခုရက်သတ္တပတ်ထဲမှာ ဆက်တိုက် ဖြစ်ခဲ့ပါတယ်။ အမေရိကန်ဦးဆောင်တဲ့ ညွှန်ပေါင်းအဖွဲ့က လေကြောင်းကနေ အီရန်ကျော ထောက်နောက် ခံပြု ထားသော စစ်သွေးကြွ အဖွဲ့တစ်ဖွဲကို တိုက်ခိုက်စီးနင်းခဲ့ရာမှာ စစ်သွေးကြွ တိုက်ခိုက်ရေးသမား ၂၅ ဦးသေဆုံးခဲ့ ပါတယ်။ ဒီနောက်မှာတော့ အီရတ်တောင်ပိုင်း ဘာဆရာမြို့မှာ ကျောင်းသားတွေက အီရတ်နိုင်ငံရေးကို ဝင်စွက် ဖက်နေတဲ့ အမေရိကန်နှင့်အီရန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေ ဒီဇင်ဘာ ၃၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

အီရတ်မြေပေါ်မှာ လာဖြစ်နေတဲ့ အမေရိကန်နှင့် အီရန်တို့ တင်းမာမှုက တဖြည်းဖြည်းတိုးလာတဲ့ အတွက် ဒါဟာမတည်ငြိမ်တဲ့ အီရတ်အတွက် စိုးရိမ်စရာပါ။ အီရတ်မြေပေါ်မှာ အီရန်နဲ့ အမေရိကန်စစ်ဖြစ်မှာကို အီရတ်ပြည်သူတွေက စိုးရိမ်နေတာပါ။ အဲဒီရက်ပိုင်းမှာ အီရန်လိုလားတဲ့ အဖွဲ့တွေကို အမေရိကန်က ဆီးရီးယား မှာကော အီရတ်မှာပါ တိုက်ခိုက်ခဲ့ပါတယ်။ ဒါဟာ ဒီဇင်ဘာ ၂၅ ရက် က အီရတ်စစ်စခန်းတစ်ခုမှာ အမေရိကန် ကန်ထရိုက် တာတစ်ဦး သတ်ဖြတ်ခံရမှုနဲ့ ဒီဇင်ဘာ ၂၇ ရက်က ဘဂ္ဂဒက်မြို့ မြောက်ပိုင်း ကာကက်ရှိ K1 အီရတ်စစ်စခန်း တိုက်ခိုက်ခံရမှုမှာ အမေရိကန်ဝန်ထမ်းနှင့် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင် လေးဦးထိခိုက် ဒဏ်ရာ ရခဲ့တဲ့ အတွက် လက်တုံပြန်ခဲ့တာပါ။ အမေရိကန်က အီရတ်မှာ လှုပ်ရှားနေတဲ့ အီရန်တော်လှန်ရေးအစောင့် တပ် ဖွဲ့ရဲ့ ပြည်ပအဖွဲ့ ကတ်တပ်ဖွဲ့တွေကို သတိထားနေတာ ကြာပါပြီ။

ဒီလိုတိုက်ခိုက်ပြီးနောက်နှစ်ရက် ဒီဇင်ဘာ ၃၁ရက်မှာ ဒေါသထွက်နေကြသော ဆန္ဒပြသူ ရာပေါင်းများစွာ က ဘဂ္ဂဒက် ဂရင်းဇုန်ရှိ စစ်ဆေးရေးစခန်းများကို ဖြတ်ကျော်ပြီး အီရတ် မှ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းရေး ၊ သြဇာကြီးသော အီရန်ဗိုလ်ချုပ်ကြီး ကာဆင်ဆို လေမန်နီအား သစ္စာခံရေးတို့ကို တောင်းဆိုပြီး “အမေရိကန် သေဆုံးကြ” ကြွေးကြော်ကာ အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းကာ မီးရှို့မှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီလို ရုတ် တရက်စီးနင်းခံရတဲ့အတွက် အမေရိကန် တာဝန်ရှိသူများက အံ့သြ၊ ဒေါသထွက်ခဲ့ကာ ဘဂ္ဂဒက်သံရုံး တိုက်ခိုက် ခံရမှုအတွက် အီရန်အစိုးရကို ထရန့်ကို အပြစ်တင်ခဲ့ပြီး အမေရိကန်များ အသတ်ခံရလျှင် အပြစ် ပေးခံရမယ်ဆိုပြီး သတိပေးခဲ့ပါတယ်။ ဒီလို အမေရိကန်ကို ဆန့်ကျင်ဆန္ဒပြမှုတွင် အီရန်က နောက်ကွယ်မှ ကြိုးကိုင်သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့တဲ့ အတွက် အီရန်က ငြင်းဆန်သော်လည်း နောက်ပိုင်း ထွက် လာတဲ့ သတင်းတွေအရ ဒီစီးနင်းမှုကို အီရန်က ကျောထောက်နောက်ခံ ပေးထားသော ဟာရှိအယ်ရှာဘိ ပြည်သူ့ စစ်အုပ်စု၏ ဒုတိယခေါင်းဆောင် ဖြစ်သော မူဟန်ဒီက ဦးစီးတယ်ဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဘဂ္ဂဒက်ရှိ အမေရိကန်သံရုံးကို စီးနင်းဝင် ရောက်တဲ့ အတွက် တန်ဖိုးကြီးကြီးမားမား ပေးဆပ်ရမယ်လို့ သတိပေးခဲ့ရာမှာ အီရန်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် က ရန်သူကို ထိပ်တိုက်ရင်ဆိုင်ရန် အဆင်သင့်ပင်ဖြစ်ကြောင်းပြောခဲ့ပါတယ်။ဒီနောက်မှာ အမေရိကန်ဘက်က ဘဂ္ဂဒက်သံရုံးကို အင်အား ဖြည့်တင်း ရေးအတွက် ကူဝိတ်နိုင်ငံရှိ အမေရိကန် မရိန်း တပ်များကို ခေါ်ယူကာ သံရုံးတွင် အင်အား ဖြည့် တပ်ဖြန့်ထားခဲ့ပါတယ်။ဒီလို သံရုံးစီးနင်းမှုအတွက် အမေရိကန်အာဏာပိုင်တွေ ဒေါသအပြင်း အထန် ထွက်ခဲ့ကာ တွစ်တာမှာ ထရမ့်က “အီရန်အနေနဲ့ တန်ဖိုးကြီးကြီး ပေးရလိမ့်မယ်။ ဒါဟာ သတိပေးတဲ့ အဆင့်မဟုတ်ဘူး။ ခြိမ်းခြောက်တာ ဖြစ်တယ်” လို့ ရေးသားခဲ့ပါတယ်။

ဒီနောက်မှာ အဖြစ်အပျက်တွေက ဆက်တိုက်ဆိုသလို ဖြစ်လာခဲ့ပါတယ်။ ဘဂ္ဂဒက်လေဆိပ်အနီးဆင်နွဲတဲ့ အမေရိကန်ရဲ့ လေကြောင်းစစ်ဆင်နွှဲမှု အတွင်း အီရန်၏ စစ်တပ်အကြီးအကဲ တစ်ဦးဖြစ်သူ ဗိုလ်ချုပ် ကာဆန်ဆူ လီမနီကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ၎င်းဟာ အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သလို ကဒ်အထူး လျှို့ဝှက်တပ်ဖွဲ့၏ ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ဒီလို သတ်ဖြတ်တာဟာ ဒီဇင်ဘာ ၂၅ ရက် က သတ်ဖြတ်ခံလိုက်ရတဲ့ အမေရိကန်ကန်ထရိုက်တာတစ်ဦးအတွက်ဆိုသလို အကြမ်းဖက်မှုတွေကို ရပ်တန့်လို တဲ့ အတွက်လို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် အရှေ့အလယ်ပိုင်းဒေသအရှေ့အလယ်ပိုင်းဒေသမှာ တန်ခိုးထွားတဲ့ အီရန်ရဲ့ စစ်တပ်အကြီး အကဲ ဗိုလ်ချုပ် ကာဆန်ဆူလီမနီ သေဆုံးသွားတဲ့ အတွက် တင်းမာမှုများ မြင့်တက်လာသလို အီရန်ဘက်က လက်တုံပြန်လုပ်ဆောင်လာမှာကိုစိုးရိမ်ပူပန်မှုတွေ တိုးတက်လာခဲ့ပါတယ်။ ဒီလို အီရန်ထိပ်တန်းစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ဦးကိုသတ်ဖြတ်ခဲ့တဲ့ အမေရိကန်လုပ်ရပ်အတွက် ထောက်ခံမှုတွေရှိသလို ပြစ်တင်မှုတွေရှိခဲ့ ပါတယ်။ အီရတ် အမတ်တစ်ဦးကတော့ ဆူလီမနီသေဆုံးခြင်းက သူလုပ်ခဲ့တဲ့အပြစ်အတွက်ခံရတာ ထိုက်တန် တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန် ဒုတိယသမ္မတဟောင်း ဒီမိုကရက်တစ် ခေါင်းဆောင် ဂျိုးဘိုင်ဒန်ကတော့ ထရမ့်အနေနဲ့ မီးအတွင်းသို့ဒိုင်းနမိုက် ပစ်ထည့်သည့်လုပ်ရပ်ကိုလုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီးအရှေ့ အလယ်ပိုင်း ဒေသ၌ စစ်ပွဲတစ်ပွဲအား ဖန် တီးခဲ့ခြင်းဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

တင်းမာမှုတွေနဲ့ စစ်ဖြစ်လာမယ့်အခြေအနေတွေကြောင့် ဘဂ္ဂဒက်ရှိ အမေရိ ကန်သံရုံးက တိုက်ခိုက် သတ်ဖြတ်ပြီး နောက်တစ်ရက် ဇန်နဝါရီ ၃ ရက်မှာ ဘဂ္ဂဒက်ရှိ အမေရိ ကန်သံရုံးကနေ အီရတ်ရှိအမေရိကန်နိုင်ငံ သားများကို နိုင်ငံ အတွင်းမှချက်ချင်းထွက်ခွာကြရန်တိုက်တွန်းခဲ့ပါတယ်။ အမေရိကန် အနေဖြင့် အီရတ်ကို ခရီးသွားရန် အန္တရာယ်ရှိသောအခြေအနေ အဆင့် ၄ အဖြစ် သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ခရီးသွား လာခြင်းမပြု ရန်ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို အီရန်ထိပ်တန်းဗိုလ်ချုပ်ကို သတ်ခဲ့ပြီးနောက်ပိုင်းမှာ သေဆုံးမှုက အီရတ်မြေ ပေါ်တွင် အီရန်နှင့်အမေရိကန်အကြား စစ်ပွဲ ဖြစ်ပွားမည်ကို အစိုးရိမ်ကြီး စိုးရိမ်နေကြ ရသလို ဆိုလေမာနီ သေဆုံးမှုအတွက် ပြင်းပြင်းထန်ထန် တုံ့ပြန်လက်စားချေမည်ဆိုပြီး အီရန်ဥသျှောင် အယာတိုလာ အလီခါ မေနီကပြောခဲ့ပါတယ်။ ဒီနောက်မှာ ကမ္ဘာ့ရေနံစျေးတွေ တက်ကုန်ပါတယ်။

တစ်ကမ္ဘာလုံးက အီရန်ဘက်က လက်တုံပြန်လာရင် အမေရိကန်အနေနဲ့ စစ်ကိုရှောင်လွှဲရဖွယ်မရှိတဲ့ အတွက် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ သူတို့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ယူတာတွေ လုပ်လာခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် တရုတ်နဲ့ အိန္ဒိယက နှစ်ဘက်စလုံးကို နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြရန် တိုက်တွန်းခဲ့ပါတယ်။

အမေရိကန်နိုင်ငံသားများ သို့မဟုတ် အမေရိကန်ပိုင်ဆိုင်မှုများအပေါ် အီရန်တို့က စတင်တိုက် ခိုက် လာရင် အီရန်နိုင်ငံထဲ တည်နေရာ ၅၂ ခုကို ပစ်မှတ်ထားပြီး ပြန်လည်တိုက်ခိုက်သွားမည်ဆိုပြီး ပြောခဲပါတယ်။ ဒါအပြင် လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် ဗိုလ်ချုပ် ဈာပနရုပ်သံထုတ်လွှင့်ရာမှာ အီရန်အာဏာပိုင်များက အမေ ရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ခေါင်းကို ရယူခဲ့ရင် ဒေါ်လာသန်း ၈၀ ဆုကြေးပေး မယ်ဆိုပြီး ဆုကြေး ထုတ်ခဲ့ ပါတယ်။ ဒီလိုတင်းမာလာမှုက ပိုပြီးပြင်းထန်လာခဲ့တဲ့ အတွက် စစ်ပွဲနူတ်ခမ်းကိုကပ်လာခဲ့ပါပြီ။စစ်သာဖြစ်မယ်ဆို နူကလီးယားလက်နက်သုံးလာဖွယ်ရှိတဲ့ အတွက် ကမ္ဘာအတွက် မရည်ရွယ်ဘဲ တတိယကမ္ဘာစစ်ကိုကြုံ လာရ တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ တိုးလာခဲ့ပါတယ်။

နောက်ရက်တွေမှာ ဒီတင်းမာမှုကို လက်တွေ စစ်မြေပြင်ထိရောက်လာမလား၊ နှစ်ဘက်စလုံးက ကိုယ်ရှိန် သတ်မလားဆိုတာ ရင်တမမ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။

ဒီလို သတင်းတွေအပြင် အရေးပေါ်ဆင်းသက်ရန် ကြိုးပမ်းနေစဉ်ရဟတ်ယာဉ်ပျက်ကျလို့ တရုတ် (တိုင်ပေ) ကာကွယ်ရေး ဦးစီးချုပ်သေဆုံးခဲ့တဲ့ သတင်း၊ ကနေဒါမှာပိုကီမွန်ဂိမ်းကစားတဲ့ သူတွေ က လုံခြုံရေး အရတားမြစ်ထားတဲ့နေရာတွေကိုဝင်ရောက်လို့ စစ်ဘက်လုံခြုံရေးကျိုးပေါက်ခဲ့တဲ့သတင်း၊ ကမ္ဘောဒီးယား တောင် ပိုင်းမှာဆောက်လက်စအဆောက်အအုံတစ်ခုပြိုကျလို့ လူ ၂၄ ဦးထိသေဆုံးခဲ့ရတဲ့ သတင်း၊ဘဏ္ဍာရေး မလျော်မ ကန် ပြုမှုစွပ်စွဲချက်များအတွက် အာမခံနှင့် တရားရင်ဆိုင်နေရတဲ့ နစ်ဆန်းအမှုဆောင်ချုပ် ဂိုဆင် လက်ဘနွန်သို့ ထွက်ပြေးလွတ်မြောက်သွားတဲ့ သတင်း၊ဆန္ဒပြပွဲများလများစွာကြာဖြစ်ပေါ်ခဲ့တဲ့ ဟောင်ကောင်ရဲ့ အထူးတရုတ် သံတမန် ဝမ်ကျီမင်းကို တရုတ်အစိုးရကရာထူးမှ ထုတ်ပယ်ပြီးရှန်ဇီပြည်နယ် ကွန်မြူနစ်ပါတီအတွင်းရေးမှူး လော်ဟွေနင်နဲ့ အစားထိုးခဲ့တဲ့ သတင်း၊ဗင်နီဇွဲလားသမ္မတနီကိုးလပ်စ်မာဒူရိုကိုထောက်ပံ့ပေးမှုအတွက် ကျူးဘားကာကွယ်ရေးဝန်ကြီးကိုအမေရိကန်မှ အရေးယူပိတ်ဆို့မှုလုပ်ဆောင်ခဲ့တဲ့ သတင်း၊ မြောက်ကိုရီးယားက မဟာဗျူဟာ လက်နက်သစ် တစ်မျိုးကို မကြာမီ ထုတ်ပြသွားမည်ဟု ခြိမ်းခြောက်လိုက်တဲ့ သတင်းတွေလည်းဖြစ်ခဲ့ပါသေးတယ်။

အရှေ့အလယ်ပိုင်းမှာ အမေရိကန်နေရာကို ယူလာတဲ့ တူရကီ

အရှေ့အလယ်ပိုင်းမှာ ယခုနောက်ပိုင်း တန်ခိုးထွားလာတာ တူရကီပါ။ တဖြည်းဖြည်း အိမ်နီးချင်းနိုင်ငံ တွေ သာမကဒေသတွင်းအရေးတွေမှာတူရကီရဲ့ အခန်းကဏ္ဍကကြီးမားလာခဲ့ပါတယ်။ OIC လို့ခေါ်တဲ့ အစ္စလာမ်ညီ ညွတ်ရေးကောင်စီမှာယခင်ကဆော်ဒီနဲ့ အပြိုင် ခေါင်းဆောင်နေရာကိုလုနေခဲ့ပေမယ့် နောက်ပိုင်းမှာဆော်ဒီက အပြောင်းအလဲတွေ၊ သတင်းစာစသမားခါရှိုးဂျီကိုတူရကီမှာလာသတ်ခဲ့တာတွေကြောင့် ဆော်ဒီရဲ့ အစ္စလာမ် ကမ္ဘာမှာတွင်ကျယ်မှုဟာမှေးမှန်ခဲ့ပြီးတူရကီကတစ်နိုင်ငံထဲပြိုင်ဘက်မရှိဖြစ်လာခဲ့ပါတယ်။

တူရကီအနေနဲ့ ဒေသတွင်းမှာယခင်အတိတ်ကလိုအော်တိုမန်အင်ပါယာပြန်ထူထောင်ဖို့ အိမ်မက် ရှိခဲ့ ပုံရပါတယ်။ ဒါကြောင့်လည်းဒေသတွင်းမှာစစ်ရေးအင်အားအကောင်းဆုံးဖြစ်အောင် ထူထောင်ခဲ့သလို အမေရိ ကန်လောင်းရပ်အောက်ကနေခွဲထွက်ပြီးတစ်သီးတစ်ခြားရပ်တည်ဖို့ ကြိုးစားနေတာကိုပြီးခဲ့တဲ့ ရုရှားဆီကနေ အမေရိကန်တားနေတဲ့ကြားကဒုံးခွင်းစနစ် ဝယ်တာကိုကြည့်ရင် သိနိုင်ပါတယ်။ဒီလို တူရကီဒေသတွင်းဩဇာ အာဏာကြီးလာဖို့ အပြောင်းအလဲဖြစ်လာခဲ့တာကထရမ့်ရဲ့ အရှေ့အလယ်ပိုင်းကနေတပ်ရုတ် သိမ်းရေး မူဝါဒအပြောင်းအလဲကြောင့် ပါဘဲ။

မကြာခင်ကဆီးရီးယားကိုတူရကီတပ်တွေဝင်ကျူးကျော်ခဲ့ရာမှာနိုင်ငံတကာက ဝိုင်းကန့်ကွက်တဲ့ အ တွက် အကန့်အသတ်နဲ့ သာတူရကီတွေကျူးကျော်ပြီးနယ်စပ်တစ်လျှောက် ကဒ်နယ်မြေအချို့မှာ သာတပ်ဆွဲခွင့် ရခဲ့ ပါတယ်။ ယခုထိဒီနေရာတွေမှာဒေသခံကဒ်တပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်သလိုထိခိုက်သေဆုံးမှုတွေ အကြမ်း ဖက်တိုက်ခိုက်မှုတွေကိုကြုံနေရဆဲပါ။

ယခုရက်ပိုင်းမှာတူရကီပါလီမန်ကလစ်ဗျားရှိကုလသမဂ္ဂကျောထောက်နောက်ခံပြုပေးထားသောအစိုးရကိုကူညီဖို့အကြောင်းပြချက်နဲ့ လစ်ဗျားသို့ တပ်သားများစေလွှတ်တပ်စွဲရေးအတွက် တူရကီပါလီမန်မှ တရား ဝင်ခွင့်ပြုခဲ့ပါတယ်။ အာဏာရှင်ကဒါဖီကိုသတ်ဖြတ်ခဲ့ပြီးနောက်မှာပြိုင်ဘက် အုပ်စုတွေကြားအကြီး အကျယ် တိုက် ခိုက်မှုတွေကြောင့် လစ်ဗျားမှာမတည်မငြိမ်ဖြစ်နေတာ ၂၀၁၁ ခုနှစ်ကတည်းကပါ။ တူရကီပါလီမန် မှာ ထောက် ခံမဲ ၃၂၅-၁၈၄ ဖြင့် သဘောတူခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကကြည့်ရင်ဖိတ်ခါ်လို့ သွားရတယ်ဆိုတဲ့ ပုံစံပေါက် နေပေမယ့် လစ်ဗျားအပါအဝင် ဒေသတွင်းမှာတူရကီရဲ့ ဩဇာအာဏာဖြန့်ကျက်ဖို့ အတွက် မခေါ်လဲသွားဖို့ နဂိုကတည်းရှိနေတဲ့ အစီအစဉ်ကိုတရားဝင်ဖြစ်အောင် လုပ်ပေးတဲ့ သဘောပါဘဲ။

လစ်ဗျားမှာစစ်အုပ်စုနှစ်ခုဖြစ်တဲ့ လစ်ဗျားစစ်ဘုရင် ခါလီဖာဟက်ဖ်တာဦးဆောင်တဲ့ လစ်ဗျားအမျိုးသား တပ်မတော်နဲ့ ထရီပိုလီတွင် အခြေစိုက်သောဝန်ကြီးချုပ်ဖာရက်ဇ်ဆာရာဂျီကြားဧပြီလကတည်း ကတိုက်ပွဲ တွေ ဖြစ်နေတာမှာထရီပိုလီဘက်ကအရေးနိမ့်စပြုလာတဲ့ အတွက် အာဏာတည်မြဲရေးအတွက် ထရိပိုလီအစိုးရ ကပြည်ပတပ်တွေကိုဖိတ်ခေါ်ခဲ့တာပါ။နောက်တစ်ခုကလစ်ဗျားရှိတူရကီ၏အကျိုးစီးပွားကိုကာကွယ်ပေးဖို့ အတွက် လည်းအရေးတကြီးရှိနေပါတယ်။ ဒါကြောင့် တူရကီအနေနဲ့ ဒီအခွင့်အရေးကိုလက် လွတ်မခံဘဲ လစ်ဗျားမှာတပ်အခြေစိုက်ဖို့ ဖြစ်လာတာပါ။ အစောပိုင်းကတည်းကတူရကီ သမ္မတအာဒိုဂန်က ဒီတပ် ချထားမှုကအရှေ့ဘက် မြေထဲပင်လယ်ဒေသနှင့်လစ်ဗျားရှိတူရကီအကျိုးစီးပွားတွေအတွက် အရေးကြီးတယ် ဆိုပြီးပြောထားတာရှိပါတယ်။

တူရကီရဲ့ ဒီလိုကျူးကျော်မှုကိုလစ်ဗျားစစ်ဘုရင် ခါလီဖာဟက်ဖ်တာကလက်မခံဘဲလစ်ဗျားပြည်သူတွေ ကို လက်နက်ကိုင်တွန်းလှန်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။ တူရကီ၏ ဒေသတွင်းပြိုင်ဘက်များဖြစ်ကြသော ဆော်ဒီ အာရေဗျ၊ အီဂျစ်နှင့် ယူအေအီးတို့ကအကူအညီပေးနေတဲ့ ဟက်ဖ်တာကအော်တိုမန် အင်ပါယာ၏ ပြည်နယ် ဟောင်း ဖြစ်တဲ့ လစ်ဗျားကို ပြန်လည်ထိန်းချုပ်ရန် လိုလားနေတဲ့ တူရကီ၏စစ်ရေးအရကြား ဝင်စွက်ဖက်နိုင် သည့်အလားအလာကိုမိမိတို့၏နယ်မြေနှင့် ဂုဏ်သိက္ခာကိုကာကွယ်ရန်အတွက် လစ်ဗျားပြည်သူများတဲ့ စစ်သား များနှင့် အရပ်သားများအားလုံးလက်နက်စွဲကိုင်ကြရန် တိုက်တွန်းခဲ့ပါတယ်။

တူရကီဘက်ကဒီလိုဒေသတွင်းဩဇာလွှမ်းမိုးဖို့ တရွေ့ရွေ့လုပ်နေသလိုအစ္စရေးပါဝင်တဲ့ ဥရောပကိုပို့မယ့် သဘာ၀ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းမှာလည်းဝင်စွက်ဖက်ဖို့ လုပ်ခဲ့ပါတယ်။ အစ္စရေးနှင့် ဆိုက်ပရပ်စ်တို့က ထိန်း ချုပ်ထားသောကမ်းလွန်ဓာတ်ငွေ့သိုက်တွေကနေကီလိုမီတာ ၂၀၀၀ (မိုင် ၁၂၀၀) ရှည် လျားတဲ့ ပိုက်လိုင်းကနေ တစ်ဆင့် ဥရောပသို့ ဓာတ်ငွေ့များပို့ရန်ဂရိ၊ ဆိုက်ပရပ်စ်နှင့် အစ္စရေးတို့ကဒီရက်ပိုင်းမှာလက်မှတ်ထိုးခဲ့ တာပါ။ ဒီပိုက်လိုင်းကနေတစ်နှစ်လျှင် ဓာတ်ငွေ့ကုဗမီတာကိုးနှင့် ၁၂ ဘီလျံအကြားကိုဂရိသို့ ပို့ပေးနိုင်မှာဖြစ်ပြီး ဂရိမှ တစ်ဆင့် အီတလီနှင့် အခြားဥရောပအရှေ့တောင်ပိုင်းနိုင်ငံများသို့ ပို့ပေးမည်ဖြစ်တဲ့ ဧရာမအကျိုးအမြတ်များမယ့် ဒီစီမံကိန်းကိုတူရကီကကန့်ကွက်ပြစ်တင်ခဲ့ပါတယ်။ တူရကီကပိုက်လိုင်းစာချုပ်ဟာတူရကီနဲ့ ဆိုက်ပရပ်စ်မြောက် ပိုင်းတူရကီသမ္မတနိုင်ငံဖြစ်တဲ့ (TRNC) တို့ အားအထီးကျန်အောင် လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုပြီးကန့်ကွက်ခဲ့ ကာ မြေထဲပင်လယ်မှာကမ်းရိုးတန်းအရှည်ဆုံးဖြစ်တဲ့ တူရကီကိုဘေးဖယ်ထားတဲ့ အောင်မြင်မှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အသစ်တွေ့ရှိတဲ့ အရှေ့မြေထဲပင်လယ်ထဲကဧရာမဓာတ်ငွေ့သိုက်ကိုအပိုင်စီးနိုင်ဖို့ တူရကီကမကြာခင် ကလစ်ဗျားနဲ့ပူးတွဲထုတ်လုပ်ဖို့ သဘောတူညီချက်ရယူခဲ့တာပါ။ယူရိုခြောက်ဘီလျံ (ဒေါ်လာ ၆.၇ ဘီလျံ) ဒီပိုက် လိုင်း စီမံကိန်းသာအကောင်အထည်ပေါ်လာခဲ့ရင် စွမ်းအင်အပေါ် ရုရှားအပေါ်မှီခိုနေရမှုကိုလျော့ချနိုင်မှာဖြစ်တဲ့ အတွက် ဥရောပမှာရုရှားရဲ့ ဩဇာအာဏာကိုကန့်သတ်သလိုဖြစ်မှာအမှန်ပါဘဲ။ လတ်တလောမှာရုရှားအနေနဲ့ သူအကျိုးစီးပွားကိုထိနိုင်တဲ့ ဒီပိုက်လိုင်းအပေါ် မှတ်ချက်တစ်ခုမှ မပေးပေမယ့် နောက်ကွယ်မှာရုရှားနဲ့ တူရကီ ကြား စစ်ရေးအရနက်နက်ရှိုင်းရှိုင်းဆက်နွယ်မှုတွေရှိနေပြီးတစ်ချိန်ကတူရကီရဲ့ အော်တိုမန် အင်ပါယာကိုပြန် ထူထောင်ဖို့ အတွက် ထောက်ခံပေးသလိုဖြစ်နေတဲ့ ရုရှားကြောင့် တူရကီရှိရာဒေသတွင်းဘာတွေ ဆက်ဖြစ်လာဦး မလဲဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ကမ္ဘာအတွက် ပြဿနာရှိလာတဲ့ ဩစတြေးလျှတောမီး

ဩစတြေးလျှမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှစတင် လောင်ကျွမ်းခဲ့တဲ့တောမီးကြောင့် သစ်တော ဧရိယာပေါင်း ဟက်တာ ၆ သန်းကျော် ဆုံးရှုံးခဲ့ပြီလို့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပါ တယ်။ဒီ အကျယ်အဝန်းက ဘယ်လ်ဂျီယံနိုင်ငံ၏ အကျယ်အဝန်းထက်လည်း ၂ ဆခန့် ပိုမိုများပြားခဲ့ပါတယ်။ ယခင်နွေရာ သီက ဘရာဇီးနိုင်ငံ အမေဇုန်တော လောင်ကျွမ်းမှု ဟက်တာ ၃ သန်းထက် ၂ ဆခန့် ပိုမိုများပြားခဲ့ပါတယ်။

ဒီလိုလောင်တဲ့မီးကြောင့် လေထုထဲ မီးလောင်ကျွမ်းမှုကနေ ထွက်လာတဲ့ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူ ထားတာကြောင့် တောမီးလောင်ကျွမ်းမှုက ဆက်လက် ကြီးမားလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိပါ တယ်။ ဒီအခြေအနေက စိုးရိမ်ရတဲ့ အနေအထားပါ။ ယခုဆယ်စုနှစ်ထဲမှာ ဆက်တိုက်ဆိုသလို ပမာဏကြီးတဲ့ တောမီးလောင်တာတွေ ဖြစ်ခဲ့ပါတယ်။ ဟက်တာ ၃ သန်းလောင်ကျွမ်းခဲ့တဲ့ ဘရာဇီးနိုင်ငံ အမေဇုန်တောမီးလောင် ကျွမ်းမှုကြောင့် တောင်အမေရိကတိုက်၏ ဂေဟစနစ်ကို ထိခိုက်စေခဲ့ပါတယ်။ ဩစတြေးလျှတောမီးကြောင့် တစ် နိုင်ငံလုံးတွင် အပူချိန် မြင့်တက်မှုများ ဖြစ်ပေါ်လာသလို ဒေသအချို့တွင် နေအိမ်များကို စွန့်ခွာကာ ပင်လယ် ကမ်းခြေဒေသများသို့ သွားရောက်၍ ယာယီနေထိုင်မှု များ ပြုလုပ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။နယူးဆောက် ဝေးပြည် နယ်နှင့် ဗစ်တိုးရီးယားပြည်နယ် အတွင်းဖြစ်တဲ့ ဒေသနှစ်ခု၌ တောမီးကြောင့် အိမ်ခြေ ၁၂ဝဝ ပျက်စီးခဲ့ကာ သေဆုံးသူ ၂၃ဦး ထက်မနည်း ရှိခဲ့တယ်ဆိုပါတယ်။

ဒီလိုစိုးရိမ်ဖွယ်ရာ အခြေအနေတွေကြောင့် တောမီးလောင်တဲ့ ဒေသမှာ ပိတ်မိနေတဲ့ ဒေသခံတွေ ကယ် ဆယ်ရေးကို ဩစတြေးလျှ စစ်တပ်က ဝင်ကယ်ထုတ်ရတာတွေ ဖြစ်လာခဲ့ပါတယ်။တောမီးလောင်မှု မထိန်းချုပ် နိုင်တော့တဲ့ နယူးဆောက်ဝေးပြည်နယ်မှာ အရေးပေါ်အခြေအနေ ကြေညာခဲ့ရသလို အမေရိကန်နှင့် ကနေဒါ မီးသတ်အဖွဲ့ဝင်များထံမှ အကူအညီတောင်းရတာတွေ ရှိခဲ့ပါတယ်။ သြစတြေးလျအရှေ့တောင်ပိုင်း ပင်လယ် ကမ်းခြေမြို့တွေမှာ တောမီးလောင်မှုက မြို့ထဲထိဖြစ်လာတဲ့ အတွက် ထောင်နှင့်ချီသည့် အားလပ်ရက် ခရီးသွား သူများနဲ့ ဒေသခံတွေ ကမ်းခြေများသို့ ထွက်ပြေးခဲ့ရပါတယ်။

ဒီလိုတောမီးလောင်မှုကြောင့် ကမ္ဘာကြီးပူနွေးလာမှု ဖြစ်လာမှာကို စိုးရိမ်မှုတွေက ပိုတက်လာခဲ့ပါတယ်။ ယနေ့အချိန်မှာ ကမ္ဘာကြီးပူနွေးလာမှုကြောင့် တစ်ကမ္ဘာလုံးရှိ နှင်းဖုံးတောင်တန်းများနှင့် ရေခဲနေသည့်တောင် တန်းများပေါ်ရှိ ရေခဲ များနှင့် ရေအိုင်များ အရည်ပျော်မည့်အခြေအနေဖြစ်ပေါ်စေရန် တွန်းအား ပေးလျက်ရှိသလို လတ်တလောမှာ အာရှတိုက် ရှိ ရေခဲဖုံးတောင်တန်းတစ်ခုဖြစ်သော ဟိမဝန္တာတောင် တန်းများပေါ်ရှိ ရေအိုင် ၅ဝဝဝခန့်မှ ရေခဲများ အရည်ပျော်ဖွယ်ရှိနေတဲ့ အခြေအနေကိုရောက်နေပါတယ်။

တောမီးလောင်တာတွေက ကမ္ဘာကြီးပူနွေးမှုဖြစ်စဉ်ကိုတွန်းအားပေးနေတာ အမှန်ပါဘဲ။ ဒါပေမယ့် ကမ္ဘာ့ တချို့နေရာတွေမှာ ရေကြီးမှု၊မိုးသည်းထန်မှုနဲ့ မုန်တိုင်းတိုက်ခတ်မှုတွေက ဖြစ်နေဆဲပါ။ ဒီဇင်ဘာ ၃၁ ရက် ညနေ ခင်းက အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကမ်းပါး ကျိုးပေါက် ခဲ့ပြီးနောက် ရေအမြင့် လေးမီတာ (၁၃ ပေ) ထိမြင့်တက်ခဲ့သလို မြေပြိုမှုများဖြစ်ပွားခဲ့တဲ့ အတွက် ဒေသခံ အများ အပြား သေဆုံးခဲ့ရတဲ့ အထိ အခြေအနေဆိုးခဲ့ပါတယ်။ စာရင်းတွေအရ လူပေါင်း ၃၀ နီးပါးသေဆုံးကာ ဒါဇင်ပေါင်း များစွာပျောက်ဆုံးခဲ့ပါတယ်။

ဒီလိုအခြေအနေတွေကြောင့် နိုင်ငံတကာခေါင်းဆောင်တွေက ကမ္ဘာကြီး ပူနွေးလာမှုကို သတိထားနေကြ ပါတယ်။ ဒါကြောင့်လည်း ပြီးခဲ့တဲ့နှစ်က တိုင်ဖွန်းမုန်တိုင်းတွေဆက်တိုက်ဝင်လို့ အထိနာခဲတဲ့ ဂျပန်နိုင်ငံမှာဆိုရင် ယခု ၂၀၂၀ ပြည့်နှစ်ကို သဘာဝ ဘေးအန္တရာယ်ကင်းစင်သော နှစ်တစ်နှစ်ဖြစ်လာရန် မျှော်လင့် တယ်ဆိုပြီး ဂျပန် ဧကရာဇ်သစ် နာရူဟီတိုက ၎င်းရဲ့ နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်ပြောခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကမ္ဘာစီး ပွား ရေးနဲ့ စစ်ရေးအင်အားကြီးနိုင်ငံတွေကတော့ သဘာ၀ဂေဟစနစ်နဲ့ ပတ်ဝန်းကျင် ယိုယွင်းမှုကို ထိခိုက်စေတဲ့ အလွန်အကျွံစွမ်းအင် သုံးစွဲမှုတွေ၊ ထုတ်ယူမှုတွေကို လျော့ချဖို့ မမြင်သေးပါဘူး။

ဒီလို သတိထားစရာ သတင်းတွေအပြင် တခြားစိတ်ဝင်စားဖွယ်ရာ သိသင့်တဲ့ သတင်းတွေ ဖြစ်တဲ့ ဂျာမနီနိုင်ငံ အနောက်မြောက်ပိုင်းမှာ ရှိ တိရစ္ဆာန်ရုံထဲကို နှစ်သစ်ကူးအကြို မီးပုံးပျံတစ်ခု ရှိ တိရစ္ဆာန်ရုံထဲကို ကျရောက်မီးလောင်လို့ မျောက်ကောင်ရေ ၃၀ ခန့် သေဆုံးသွားခဲ့တဲ့ သတင်း၊မျက်စိဖြင့် မမြင်နိုင်သော ပလတ်စတစ်အမှုန့်များသည် သောက်သုံး ရေများနှင့် ရေထွက်ကုန်များမှတစ်ဆင့် လူသားများ၏ ခန္ဓာကိုယ် အတွင်းသို့ ရောက်ရှိမှုအခြေအနေမှာ ပိုမိုမြင့်တက်လာနေတယ်လို့ ဥရောပသိပ္ပံပညာရှင်တွေက သတိပေးခဲ့တဲ့ သတင်း၊ ပလတ် စတစ်သုံးစွဲမှုပိတ်ပင်ရာမှာ အခက်အခဲအချို့ရင်ဆိုင်နေရပေမယ့် ဆက်လုပ်မယ်လို့ မက္ကဆီကို အစိုးရက ပြောလိုက်တဲ့ သတင်းတွေလည်းရှိခဲ့တဲ့အတွက် လာမည့် ရက်သတ္တပတ်မှာ သဘာ၀ပတ်ဝန်းကျင် နဲ့ပတ်သက်ပြီး ဘာတွေ မျှော်လင့်စရာရှိလာဦးမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်တန့်လိုက်ချင်ပါတယ်။

မင်းထက်
ဇန်နဝါရီ - ၆

( Zawgyi )

ယခုရက္သတၱပတ္အတြင္းျဖစ္ခဲ့တဲ့ ႏိုင္ငံတကာသတင္းေတြထဲမွာအမ်ားေစာင့္ၾကည့္ေနတာ အီရန္ထိပ္ တန္းစစ္ဘက္အႀကီးအကဲကို အေမရိကန္က သတ္ျဖတ္လိုက္တဲ့ အတြက္ စစ္ျဖစ္ဖို႔ နီးစပ္လာတဲ့ သတင္းေတြ၊ တူရကီက လစ္ဗ်ားကို တပ္ေတြပို႔ဖို႔လုပ္ေနတဲ့ သတင္းေတြနဲ႔ ဩစေၾတးလွ်ေတာမီးေလာင္ကြၽမ္းမႈက ထိန္းခ်ဳပ္ဖို႔ ပိုခက္ခဲလာတဲ့ သတင္းေတြက အမ်ားစု ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ကမာၻစစ္ကို ဘယ္သူလက္ယပ္ေခၚေနသလဲ

အရႈပ္ေထြးဆုံးနဲ႔ ကမာၻအတြက္ စိတ္လႈပ္ရွားစရာ အျဖစ္ေတြက ယခုရက္သတၱပတ္ထဲမွာ ဆက္တိုက္ ျဖစ္ခဲ့ပါတယ္။ အေမရိကန္ဦးေဆာင္တဲ့ ၫႊန္ေပါင္းအဖြဲ႕က ေလေၾကာင္းကေန အီရန္ေက်ာ ေထာက္ေနာက္ ခံျပဳ ထားေသာ စစ္ေသြးႂကြ အဖြဲ႕တစ္ဖြဲကို တိုက္ခိုက္စီးနင္းခဲ့ရာမွာ စစ္ေသြးႂကြ တိုက္ခိုက္ေရးသမား ၂၅ ဦးေသဆုံးခဲ့ ပါတယ္။ ဒီေနာက္မွာေတာ့ အီရတ္ေတာင္ပိုင္း ဘာဆရာၿမိဳ႕မွာ ေက်ာင္းသားေတြက အီရတ္ႏိုင္ငံေရးကို ဝင္စြက္ ဖက္ေနတဲ့ အေမရိကန္ႏွင့္အီရန္ကို ဆန႔္က်င္တဲ့ ဆႏၵျပမႈေတြ ဒီဇင္ဘာ ၃၁ ရက္က ျပဳလုပ္ခဲ့ပါတယ္။

အီရတ္ေျမေပၚမွာ လာျဖစ္ေနတဲ့ အေမရိကန္ႏွင့္ အီရန္တို႔ တင္းမာမႈက တျဖည္းျဖည္းတိုးလာတဲ့ အတြက္ ဒါဟာမတည္ၿငိမ္တဲ့ အီရတ္အတြက္ စိုးရိမ္စရာပါ။ အီရတ္ေျမေပၚမွာ အီရန္နဲ႔ အေမရိကန္စစ္ျဖစ္မွာကို အီရတ္ျပည္သူေတြက စိုးရိမ္ေနတာပါ။ အဲဒီရက္ပိုင္းမွာ အီရန္လိုလားတဲ့ အဖြဲ႕ေတြကို အေမရိကန္က ဆီးရီးယား မွာေကာ အီရတ္မွာပါ တိုက္ခိုက္ခဲ့ပါတယ္။ ဒါဟာ ဒီဇင္ဘာ ၂၅ ရက္ က အီရတ္စစ္စခန္းတစ္ခုမွာ အေမရိကန္ ကန္ထ႐ိုက္ တာတစ္ဦး သတ္ျဖတ္ခံရမႈနဲ႔ ဒီဇင္ဘာ ၂၇ ရက္က ဘဂၢဒက္ၿမိဳ႕ ေျမာက္ပိုင္း ကာကက္ရွိ K1 အီရတ္စစ္စခန္း တိုက္ခိုက္ခံရမႈမွာ အေမရိကန္ဝန္ထမ္းႏွင့္ အီရတ္လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ေလးဦးထိခိုက္ ဒဏ္ရာ ရခဲ့တဲ့ အတြက္ လက္တုံျပန္ခဲ့တာပါ။ အေမရိကန္က အီရတ္မွာ လႈပ္ရွားေနတဲ့ အီရန္ေတာ္လွန္ေရးအေစာင့္ တပ္ ဖြဲ႕ရဲ႕ ျပည္ပအဖြဲ႕ ကတ္တပ္ဖြဲ႕ေတြကို သတိထားေနတာ ၾကာပါၿပီ။

ဒီလိုတိုက္ခိုက္ၿပီးေနာက္ႏွစ္ရက္ ဒီဇင္ဘာ ၃၁ရက္မွာ ေဒါသထြက္ေနၾကေသာ ဆႏၵျပသူ ရာေပါင္းမ်ားစြာ က ဘဂၢဒက္ ဂရင္းဇုန္ရွိ စစ္ေဆးေရးစခန္းမ်ားကို ျဖတ္ေက်ာ္ၿပီး အီရတ္ မွ အေမရိကန္တပ္ဖြဲ႕မ်ား ႐ုပ္သိမ္းေရး ၊ ၾသဇာႀကီးေသာ အီရန္ဗိုလ္ခ်ဳပ္ႀကီး ကာဆင္ဆို ေလမန္နီအား သစၥာခံေရးတို႔ကို ေတာင္းဆိုၿပီး “အေမရိကန္ ေသဆုံးၾက” ေႂကြးေၾကာ္ကာ အေမရိကန္သံ႐ုံးကို ဝင္ေရာက္စီးနင္းကာ မီးရႈိ႕မႈမ်ား ျပဳလုပ္ခဲ့ပါတယ္။ ဒီလို ႐ုတ္ တရက္စီးနင္းခံရတဲ့အတြက္ အေမရိကန္ တာဝန္ရွိသူမ်ားက အံ့ၾသ၊ ေဒါသထြက္ခဲ့ကာ ဘဂၢဒက္သံ႐ုံး တိုက္ခိုက္ ခံရမႈအတြက္ အီရန္အစိုးရကို ထရန႔္ကို အျပစ္တင္ခဲ့ၿပီး အေမရိကန္မ်ား အသတ္ခံရလွ်င္ အျပစ္ ေပးခံရမယ္ဆိုၿပီး သတိေပးခဲ့ပါတယ္။ ဒီလို အေမရိကန္ကို ဆန႔္က်င္ဆႏၵျပမႈတြင္ အီရန္က ေနာက္ကြယ္မွ ႀကိဳးကိုင္သည္ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့တဲ့ အတြက္ အီရန္က ျငင္းဆန္ေသာ္လည္း ေနာက္ပိုင္း ထြက္ လာတဲ့ သတင္းေတြအရ ဒီစီးနင္းမႈကို အီရန္က ေက်ာေထာက္ေနာက္ခံ ေပးထားေသာ ဟာရွိအယ္ရွာဘိ ျပည္သူ႔ စစ္အုပ္စု၏ ဒုတိယေခါင္းေဆာင္ ျဖစ္ေသာ မူဟန္ဒီက ဦးစီးတယ္ဆိုတာ ထြက္ေပၚလာခဲ့ပါတယ္။

အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ဘဂၢဒက္ရွိ အေမရိကန္သံ႐ုံးကို စီးနင္းဝင္ ေရာက္တဲ့ အတြက္ တန္ဖိုးႀကီးႀကီးမားမား ေပးဆပ္ရမယ္လို႔ သတိေပးခဲ့ရာမွာ အီရန္တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ က ရန္သူကို ထိပ္တိုက္ရင္ဆိုင္ရန္ အဆင္သင့္ပင္ျဖစ္ေၾကာင္းေျပာခဲ့ပါတယ္။ဒီေနာက္မွာ အေမရိကန္ဘက္က ဘဂၢဒက္သံ႐ုံးကို အင္အား ျဖည့္တင္း ေရးအတြက္ ကူဝိတ္ႏိုင္ငံရွိ အေမရိကန္ မရိန္း တပ္မ်ားကို ေခၚယူကာ သံ႐ုံးတြင္ အင္အား ျဖည့္ တပ္ျဖန႔္ထားခဲ့ပါတယ္။ဒီလို သံ႐ုံးစီးနင္းမႈအတြက္ အေမရိကန္အာဏာပိုင္ေတြ ေဒါသအျပင္း အထန္ ထြက္ခဲ့ကာ တြစ္တာမွာ ထရမ့္က “အီရန္အေနနဲ႔ တန္ဖိုးႀကီးႀကီး ေပးရလိမ့္မယ္။ ဒါဟာ သတိေပးတဲ့ အဆင့္မဟုတ္ဘူး။ ၿခိမ္းေျခာက္တာ ျဖစ္တယ္” လို႔ ေရးသားခဲ့ပါတယ္။

ဒီေနာက္မွာ အျဖစ္အပ်က္ေတြက ဆက္တိုက္ဆိုသလို ျဖစ္လာခဲ့ပါတယ္။ ဘဂၢဒက္ေလဆိပ္အနီးဆင္ႏြဲတဲ့ အေမရိကန္ရဲ႕ ေလေၾကာင္းစစ္ဆင္ႏႊဲမႈ အတြင္း အီရန္၏ စစ္တပ္အႀကီးအကဲ တစ္ဦးျဖစ္သူ ဗိုလ္ခ်ဳပ္ ကာဆန္ဆူ လီမနီကို သတ္ျဖတ္ႏိုင္ခဲ့ပါတယ္။ ၎ဟာ အီရန္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕၏ ေခါင္းေဆာင္တစ္ဦးျဖစ္သလို ကဒ္အထူး လွ်ိဳ႕ဝွက္တပ္ဖြဲ႕၏ ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။ဒီလို သတ္ျဖတ္တာဟာ ဒီဇင္ဘာ ၂၅ ရက္ က သတ္ျဖတ္ခံလိုက္ရတဲ့ အေမရိကန္ကန္ထ႐ိုက္တာတစ္ဦးအတြက္ဆိုသလို အၾကမ္းဖက္မႈေတြကို ရပ္တန႔္လို တဲ့ အတြက္လို႔ ေျပာခဲ့ပါတယ္။

ဒါေပမယ့္ အေရွ႕အလယ္ပိုင္းေဒသအေရွ႕အလယ္ပိုင္းေဒသမွာ တန္ခိုးထြားတဲ့ အီရန္ရဲ႕ စစ္တပ္အႀကီး အကဲ ဗိုလ္ခ်ဳပ္ ကာဆန္ဆူလီမနီ ေသဆုံးသြားတဲ့ အတြက္ တင္းမာမႈမ်ား ျမင့္တက္လာသလို အီရန္ဘက္က လက္တုံျပန္လုပ္ေဆာင္လာမွာကိုစိုးရိမ္ပူပန္မႈေတြ တိုးတက္လာခဲ့ပါတယ္။ ဒီလို အီရန္ထိပ္တန္းစစ္ဘက္ဆိုင္ရာ ေခါင္းေဆာင္တစ္ဦးကိုသတ္ျဖတ္ခဲ့တဲ့ အေမရိကန္လုပ္ရပ္အတြက္ ေထာက္ခံမႈေတြရွိသလို ျပစ္တင္မႈေတြရွိခဲ့ ပါတယ္။ အီရတ္ အမတ္တစ္ဦးကေတာ့ ဆူလီမနီေသဆုံးျခင္းက သူလုပ္ခဲ့တဲ့အျပစ္အတြက္ခံရတာ ထိုက္တန္ တယ္လို႔ ေျပာခဲ့ပါတယ္။ အေမရိကန္ ဒုတိယသမၼတေဟာင္း ဒီမိုကရက္တစ္ ေခါင္းေဆာင္ ဂ်ိဳးဘိုင္ဒန္ကေတာ့ ထရမ့္အေနနဲ႔ မီးအတြင္းသို႔ဒိုင္းနမိုက္ ပစ္ထည့္သည့္လုပ္ရပ္ကိုလုပ္ေဆာင္ခဲ့ျခင္း ျဖစ္ၿပီးအေရွ႕ အလယ္ပိုင္း ေဒသ၌ စစ္ပြဲတစ္ပြဲအား ဖန္ တီးခဲ့ျခင္းျဖစ္တယ္လို႔ ေျပာခဲ့ပါတယ္။

တင္းမာမႈေတြနဲ႔ စစ္ျဖစ္လာမယ့္အေျခအေနေတြေၾကာင့္ ဘဂၢဒက္ရွိ အေမရိ ကန္သံ႐ုံးက တိုက္ခိုက္ သတ္ျဖတ္ၿပီး ေနာက္တစ္ရက္ ဇန္နဝါရီ ၃ ရက္မွာ ဘဂၢဒက္ရွိ အေမရိ ကန္သံ႐ုံးကေန အီရတ္ရွိအေမရိကန္ႏိုင္ငံ သားမ်ားကို ႏိုင္ငံ အတြင္းမွခ်က္ခ်င္းထြက္ခြာၾကရန္တိုက္တြန္းခဲ့ပါတယ္။ အေမရိကန္ အေနျဖင့္ အီရတ္ကို ခရီးသြားရန္ အႏၲရာယ္ရွိေသာအေျခအေန အဆင့္ ၄ အျဖစ္ သတ္မွတ္ထုတ္ျပန္ခဲ့ၿပီး ခရီးသြား လာျခင္းမျပဳ ရန္ထုတ္ျပန္ခဲ့ပါတယ္။ ဒီလို အီရန္ထိပ္တန္းဗိုလ္ခ်ဳပ္ကို သတ္ခဲ့ၿပီးေနာက္ပိုင္းမွာ ေသဆုံးမႈက အီရတ္ေျမ ေပၚတြင္ အီရန္ႏွင့္အေမရိကန္အၾကား စစ္ပြဲ ျဖစ္ပြားမည္ကို အစိုးရိမ္ႀကီး စိုးရိမ္ေနၾက ရသလို ဆိုေလမာနီ ေသဆုံးမႈအတြက္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္လက္စားေခ်မည္ဆိုၿပီး အီရန္ဥေသွ်ာင္ အယာတိုလာ အလီခါ ေမနီကေျပာခဲ့ပါတယ္။ ဒီေနာက္မွာ ကမာၻ႔ေရနံေစ်းေတြ တက္ကုန္ပါတယ္။

တစ္ကမာၻလုံးက အီရန္ဘက္က လက္တုံျပန္လာရင္ အေမရိကန္အေနနဲ႔ စစ္ကိုေရွာင္လႊဲရဖြယ္မရွိတဲ့ အတြက္ အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ သူတို႔ ႏိုင္ငံသားေတြကို ျပန္လည္ေခၚယူတာေတြ လုပ္လာခဲ့ပါတယ္။ ဒီလိုအေျခအေနေတြေၾကာင့္ တ႐ုတ္နဲ႔ အိႏၵိယက ႏွစ္ဘက္စလုံးကို ႏွစ္ဖက္စလုံး ထိန္းထိန္းသိမ္းသိမ္း လုပ္ၾကရန္ တိုက္တြန္းခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံသားမ်ား သို႔မဟုတ္ အေမရိကန္ပိုင္ဆိုင္မႈမ်ားအေပၚ အီရန္တို႔က စတင္တိုက္ ခိုက္ လာရင္ အီရန္ႏိုင္ငံထဲ တည္ေနရာ ၅၂ ခုကို ပစ္မွတ္ထားၿပီး ျပန္လည္တိုက္ခိုက္သြားမည္ဆိုၿပီး ေျပာခဲပါတယ္။ ဒါအျပင္ လုပ္ႀကံ သတ္ျဖတ္ခံခဲ့ရသည့္ ဗိုလ္ခ်ဳပ္ ဈာပန႐ုပ္သံထုတ္လႊင့္ရာမွာ အီရန္အာဏာပိုင္မ်ားက အေမ ရိကန္ သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ေခါင္းကို ရယူခဲ့ရင္ ေဒၚလာသန္း ၈၀ ဆုေၾကးေပး မယ္ဆိုၿပီး ဆုေၾကး ထုတ္ခဲ့ ပါတယ္။ ဒီလိုတင္းမာလာမႈက ပိုၿပီးျပင္းထန္လာခဲ့တဲ့ အတြက္ စစ္ပြဲႏူတ္ခမ္းကိုကပ္လာခဲ့ပါၿပီ။စစ္သာျဖစ္မယ္ဆို ႏူကလီးယားလက္နက္သုံးလာဖြယ္ရွိတဲ့ အတြက္ ကမာၻအတြက္ မရည္႐ြယ္ဘဲ တတိယကမာၻစစ္ကိုႀကဳံ လာရ ေတာ့မလားဆိုတဲ့ စိုးရိမ္မႈေတြ တိုးလာခဲ့ပါတယ္။

ေနာက္ရက္ေတြမွာ ဒီတင္းမာမႈကို လက္ေတြ စစ္ေျမျပင္ထိေရာက္လာမလား၊ ႏွစ္ဘက္စလုံးက ကိုယ္ရွိန္ သတ္မလားဆိုတာ ရင္တမမ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။

ဒီလို သတင္းေတြအျပင္ အေရးေပၚဆင္းသက္ရန္ ႀကိဳးပမ္းေနစဥ္ရဟတ္ယာဥ္ပ်က္က်လို႔ တ႐ုတ္ (တိုင္ေပ) ကာကြယ္ေရး ဦးစီးခ်ဳပ္ေသဆုံးခဲ့တဲ့ သတင္း၊ ကေနဒါမွာပိုကီမြန္ဂိမ္းကစားတဲ့ သူေတြ က လုံၿခဳံေရး အရတားျမစ္ထားတဲ့ေနရာေတြကိုဝင္ေရာက္လို႔ စစ္ဘက္လုံၿခဳံေရးက်ိဳးေပါက္ခဲ့တဲ့သတင္း၊ ကေမာၻဒီးယား ေတာင္ ပိုင္းမွာေဆာက္လက္စအေဆာက္အအုံတစ္ခုၿပိဳက်လို႔ လူ ၂၄ ဦးထိေသဆုံးခဲ့ရတဲ့ သတင္း၊ဘ႑ာေရး မေလ်ာ္မ ကန္ ျပဳမႈစြပ္စြဲခ်က္မ်ားအတြက္ အာမခံႏွင့္ တရားရင္ဆိုင္ေနရတဲ့ နစ္ဆန္းအမႈေဆာင္ခ်ဳပ္ ဂိုဆင္ လက္ဘႏြန္သို႔ ထြက္ေျပးလြတ္ေျမာက္သြားတဲ့ သတင္း၊ဆႏၵျပပြဲမ်ားလမ်ားစြာၾကာျဖစ္ေပၚခဲ့တဲ့ ေဟာင္ေကာင္ရဲ႕ အထူးတ႐ုတ္ သံတမန္ ဝမ္က်ီမင္းကို တ႐ုတ္အစိုးရကရာထူးမွ ထုတ္ပယ္ၿပီးရွန္ဇီျပည္နယ္ ကြန္ျမဴနစ္ပါတီအတြင္းေရးမႉး ေလာ္ေဟြနင္နဲ႔ အစားထိုးခဲ့တဲ့ သတင္း၊ဗင္နီဇြဲလားသမၼတနီကိုးလပ္စ္မာဒူ႐ိုကိုေထာက္ပံ့ေပးမႈအတြက္ က်ဴးဘားကာကြယ္ေရးဝန္ႀကီးကိုအေမရိကန္မွ အေရးယူပိတ္ဆို႔မႈလုပ္ေဆာင္ခဲ့တဲ့ သတင္း၊ ေျမာက္ကိုရီးယားက မဟာဗ်ဴဟာ လက္နက္သစ္ တစ္မ်ိဳးကို မၾကာမီ ထုတ္ျပသြားမည္ဟု ၿခိမ္းေျခာက္လိုက္တဲ့ သတင္းေတြလည္းျဖစ္ခဲ့ပါေသးတယ္။

အေရွ႕အလယ္ပိုင္းမွာ အေမရိကန္ေနရာကို ယူလာတဲ့ တူရကီ

အေရွ႕အလယ္ပိုင္းမွာ ယခုေနာက္ပိုင္း တန္ခိုးထြားလာတာ တူရကီပါ။ တျဖည္းျဖည္း အိမ္နီးခ်င္းႏိုင္ငံ ေတြ သာမကေဒသတြင္းအေရးေတြမွာတူရကီရဲ႕ အခန္းက႑ကႀကီးမားလာခဲ့ပါတယ္။ OIC လို႔ေခၚတဲ့ အစၥလာမ္ညီ ၫြတ္ေရးေကာင္စီမွာယခင္ကေဆာ္ဒီနဲ႔ အၿပိဳင္ ေခါင္းေဆာင္ေနရာကိုလုေနခဲ့ေပမယ့္ ေနာက္ပိုင္းမွာေဆာ္ဒီက အေျပာင္းအလဲေတြ၊ သတင္းစာစသမားခါရႈိးဂ်ီကိုတူရကီမွာလာသတ္ခဲ့တာေတြေၾကာင့္ ေဆာ္ဒီရဲ႕ အစၥလာမ္ ကမာၻမွာတြင္က်ယ္မႈဟာေမွးမွန္ခဲ့ၿပီးတူရကီကတစ္ႏိုင္ငံထဲၿပိဳင္ဘက္မရွိျဖစ္လာခဲ့ပါတယ္။

တူရကီအေနနဲ႔ ေဒသတြင္းမွာယခင္အတိတ္ကလိုေအာ္တိုမန္အင္ပါယာျပန္ထူေထာင္ဖို႔ အိမ္မက္ ရွိခဲ့ ပုံရပါတယ္။ ဒါေၾကာင့္လည္းေဒသတြင္းမွာစစ္ေရးအင္အားအေကာင္းဆုံးျဖစ္ေအာင္ ထူေထာင္ခဲ့သလို အေမရိ ကန္ေလာင္းရပ္ေအာက္ကေနခြဲထြက္ၿပီးတစ္သီးတစ္ျခားရပ္တည္ဖို႔ ႀကိဳးစားေနတာကိုၿပီးခဲ့တဲ့ ႐ုရွားဆီကေန အေမရိကန္တားေနတဲ့ၾကားကဒုံးခြင္းစနစ္ ဝယ္တာကိုၾကည့္ရင္ သိႏိုင္ပါတယ္။ဒီလို တူရကီေဒသတြင္းဩဇာ အာဏာႀကီးလာဖို႔ အေျပာင္းအလဲျဖစ္လာခဲ့တာကထရမ့္ရဲ႕ အေရွ႕အလယ္ပိုင္းကေနတပ္႐ုတ္ သိမ္းေရး မူဝါဒအေျပာင္းအလဲေၾကာင့္ ပါဘဲ။

မၾကာခင္ကဆီးရီးယားကိုတူရကီတပ္ေတြဝင္က်ဴးေက်ာ္ခဲ့ရာမွာႏိုင္ငံတကာက ဝိုင္းကန႔္ကြက္တဲ့ အ တြက္ အကန႔္အသတ္နဲ႔ သာတူရကီေတြက်ဴးေက်ာ္ၿပီးနယ္စပ္တစ္ေလွ်ာက္ ကဒ္နယ္ေျမအခ်ိဳ႕မွာ သာတပ္ဆြဲခြင့္ ရခဲ့ ပါတယ္။ ယခုထိဒီေနရာေတြမွာေဒသခံကဒ္တပ္ေတြနဲ႔ တိုက္ပြဲေတြျဖစ္ေနဆဲျဖစ္သလိုထိခိုက္ေသဆုံးမႈေတြ အၾကမ္း ဖက္တိုက္ခိုက္မႈေတြကိုႀကဳံေနရဆဲပါ။

ယခုရက္ပိုင္းမွာတူရကီပါလီမန္ကလစ္ဗ်ားရွိကုလသမဂၢေက်ာေထာက္ေနာက္ခံျပဳေပးထားေသာအစိုးရကိုကူညီဖို႔အေၾကာင္းျပခ်က္နဲ႔ လစ္ဗ်ားသို႔ တပ္သားမ်ားေစလႊတ္တပ္စြဲေရးအတြက္ တူရကီပါလီမန္မွ တရား ဝင္ခြင့္ျပဳခဲ့ပါတယ္။ အာဏာရွင္ကဒါဖီကိုသတ္ျဖတ္ခဲ့ၿပီးေနာက္မွာၿပိဳင္ဘက္ အုပ္စုေတြၾကားအႀကီး အက်ယ္ တိုက္ ခိုက္မႈေတြေၾကာင့္ လစ္ဗ်ားမွာမတည္မၿငိမ္ျဖစ္ေနတာ ၂၀၁၁ ခုႏွစ္ကတည္းကပါ။ တူရကီပါလီမန္ မွာ ေထာက္ ခံမဲ ၃၂၅-၁၈၄ ျဖင့္ သေဘာတူခဲ့တဲ့ ဒီဆုံးျဖတ္ခ်က္ကၾကည့္ရင္ဖိတ္ခၚလို႔ သြားရတယ္ဆိုတဲ့ ပုံစံေပါက္ ေနေပမယ့္ လစ္ဗ်ားအပါအဝင္ ေဒသတြင္းမွာတူရကီရဲ႕ ဩဇာအာဏာျဖန႔္က်က္ဖို႔ အတြက္ မေခၚလဲသြားဖို႔ နဂိုကတည္းရွိေနတဲ့ အစီအစဥ္ကိုတရားဝင္ျဖစ္ေအာင္ လုပ္ေပးတဲ့ သေဘာပါဘဲ။

လစ္ဗ်ားမွာစစ္အုပ္စုႏွစ္ခုျဖစ္တဲ့ လစ္ဗ်ားစစ္ဘုရင္ ခါလီဖာဟက္ဖ္တာဦးေဆာင္တဲ့ လစ္ဗ်ားအမ်ိဳးသား တပ္မေတာ္နဲ႔ ထရီပိုလီတြင္ အေျခစိုက္ေသာဝန္ႀကီးခ်ဳပ္ဖာရက္ဇ္ဆာရာဂ်ီၾကားဧၿပီလကတည္း ကတိုက္ပြဲ ေတြ ျဖစ္ေနတာမွာထရီပိုလီဘက္ကအေရးနိမ့္စျပဳလာတဲ့ အတြက္ အာဏာတည္ၿမဲေရးအတြက္ ထရိပိုလီအစိုးရ ကျပည္ပတပ္ေတြကိုဖိတ္ေခၚခဲ့တာပါ။ေနာက္တစ္ခုကလစ္ဗ်ားရွိတူရကီ၏အက်ိဳးစီးပြားကိုကာကြယ္ေပးဖို႔ အတြက္ လည္းအေရးတႀကီးရွိေနပါတယ္။ ဒါေၾကာင့္ တူရကီအေနနဲ႔ ဒီအခြင့္အေရးကိုလက္ လြတ္မခံဘဲ လစ္ဗ်ားမွာတပ္အေျခစိုက္ဖို႔ ျဖစ္လာတာပါ။ အေစာပိုင္းကတည္းကတူရကီ သမၼတအာဒိုဂန္က ဒီတပ္ ခ်ထားမႈကအေရွ႕ဘက္ ေျမထဲပင္လယ္ေဒသႏွင့္လစ္ဗ်ားရွိတူရကီအက်ိဳးစီးပြားေတြအတြက္ အေရးႀကီးတယ္ ဆိုၿပီးေျပာထားတာရွိပါတယ္။

တူရကီရဲ႕ ဒီလိုက်ဴးေက်ာ္မႈကိုလစ္ဗ်ားစစ္ဘုရင္ ခါလီဖာဟက္ဖ္တာကလက္မခံဘဲလစ္ဗ်ားျပည္သူေတြ ကို လက္နက္ကိုင္တြန္းလွန္ၾကဖို႔ တိုက္တြန္းခဲ့ပါတယ္။ တူရကီ၏ ေဒသတြင္းၿပိဳင္ဘက္မ်ားျဖစ္ၾကေသာ ေဆာ္ဒီ အာေရဗ်၊ အီဂ်စ္ႏွင့္ ယူေအအီးတို႔ကအကူအညီေပးေနတဲ့ ဟက္ဖ္တာကေအာ္တိုမန္ အင္ပါယာ၏ ျပည္နယ္ ေဟာင္း ျဖစ္တဲ့ လစ္ဗ်ားကို ျပန္လည္ထိန္းခ်ဳပ္ရန္ လိုလားေနတဲ့ တူရကီ၏စစ္ေရးအရၾကား ဝင္စြက္ဖက္ႏိုင္ သည့္အလားအလာကိုမိမိတို႔၏နယ္ေျမႏွင့္ ဂုဏ္သိကၡာကိုကာကြယ္ရန္အတြက္ လစ္ဗ်ားျပည္သူမ်ားတဲ့ စစ္သား မ်ားႏွင့္ အရပ္သားမ်ားအားလုံးလက္နက္စြဲကိုင္ၾကရန္ တိုက္တြန္းခဲ့ပါတယ္။

တူရကီဘက္ကဒီလိုေဒသတြင္းဩဇာလႊမ္းမိုးဖို႔ တေ႐ြ႕ေ႐ြ႕လုပ္ေနသလိုအစၥေရးပါဝင္တဲ့ ဥေရာပကိုပို႔မယ့္ သဘာ၀ဓာတ္ေငြ႕ပိုက္လိုင္း စီမံကိန္းမွာလည္းဝင္စြက္ဖက္ဖို႔ လုပ္ခဲ့ပါတယ္။ အစၥေရးႏွင့္ ဆိုက္ပရပ္စ္တို႔က ထိန္း ခ်ဳပ္ထားေသာကမ္းလြန္ဓာတ္ေငြ႕သိုက္ေတြကေနကီလိုမီတာ ၂၀၀၀ (မိုင္ ၁၂၀၀) ရွည္ လ်ားတဲ့ ပိုက္လိုင္းကေန တစ္ဆင့္ ဥေရာပသို႔ ဓာတ္ေငြ႕မ်ားပို႔ရန္ဂရိ၊ ဆိုက္ပရပ္စ္ႏွင့္ အစၥေရးတို႔ကဒီရက္ပိုင္းမွာလက္မွတ္ထိုးခဲ့ တာပါ။ ဒီပိုက္လိုင္းကေနတစ္ႏွစ္လွ်င္ ဓာတ္ေငြ႕ကုဗမီတာကိုးႏွင့္ ၁၂ ဘီလ်ံအၾကားကိုဂရိသို႔ ပို႔ေပးႏိုင္မွာျဖစ္ၿပီး ဂရိမွ တစ္ဆင့္ အီတလီႏွင့္ အျခားဥေရာပအေရွ႕ေတာင္ပိုင္းႏိုင္ငံမ်ားသို႔ ပို႔ေပးမည္ျဖစ္တဲ့ ဧရာမအက်ိဳးအျမတ္မ်ားမယ့္ ဒီစီမံကိန္းကိုတူရကီကကန႔္ကြက္ျပစ္တင္ခဲ့ပါတယ္။ တူရကီကပိုက္လိုင္းစာခ်ဳပ္ဟာတူရကီနဲ႔ ဆိုက္ပရပ္စ္ေျမာက္ ပိုင္းတူရကီသမၼတႏိုင္ငံျဖစ္တဲ့ (TRNC) တို႔ အားအထီးက်န္ေအာင္ လုပ္ေဆာင္ျခင္းျဖစ္တယ္ဆိုၿပီးကန႔္ကြက္ခဲ့ ကာ ေျမထဲပင္လယ္မွာကမ္း႐ိုးတန္းအရွည္ဆုံးျဖစ္တဲ့ တူရကီကိုေဘးဖယ္ထားတဲ့ ေအာင္ျမင္မွာမဟုတ္ဘူးလို႔ ေျပာခဲ့ပါတယ္။

အသစ္ေတြ႕ရွိတဲ့ အေရွ႕ေျမထဲပင္လယ္ထဲကဧရာမဓာတ္ေငြ႕သိုက္ကိုအပိုင္စီးႏိုင္ဖို႔ တူရကီကမၾကာခင္ ကလစ္ဗ်ားနဲ႔ပူးတြဲထုတ္လုပ္ဖို႔ သေဘာတူညီခ်က္ရယူခဲ့တာပါ။ယူ႐ိုေျခာက္ဘီလ်ံ (ေဒၚလာ ၆.၇ ဘီလ်ံ) ဒီပိုက္ လိုင္း စီမံကိန္းသာအေကာင္အထည္ေပၚလာခဲ့ရင္ စြမ္းအင္အေပၚ ႐ုရွားအေပၚမွီခိုေနရမႈကိုေလ်ာ့ခ်ႏိုင္မွာျဖစ္တဲ့ အတြက္ ဥေရာပမွာ႐ုရွားရဲ႕ ဩဇာအာဏာကိုကန႔္သတ္သလိုျဖစ္မွာအမွန္ပါဘဲ။ လတ္တေလာမွာ႐ုရွားအေနနဲ႔ သူအက်ိဳးစီးပြားကိုထိႏိုင္တဲ့ ဒီပိုက္လိုင္းအေပၚ မွတ္ခ်က္တစ္ခုမွ မေပးေပမယ့္ ေနာက္ကြယ္မွာ႐ုရွားနဲ႔ တူရကီ ၾကား စစ္ေရးအရနက္နက္ရႈိင္းရႈိင္းဆက္ႏြယ္မႈေတြရွိေနၿပီးတစ္ခ်ိန္ကတူရကီရဲ႕ ေအာ္တိုမန္ အင္ပါယာကိုျပန္ ထူေထာင္ဖို႔ အတြက္ ေထာက္ခံေပးသလိုျဖစ္ေနတဲ့ ႐ုရွားေၾကာင့္ တူရကီရွိရာေဒသတြင္းဘာေတြ ဆက္ျဖစ္လာဦး မလဲဆိုတာေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

ကမာၻအတြက္ ျပႆနာရွိလာတဲ့ ဩစေၾတးလွ်ေတာမီး

ဩစေၾတးလွ်မွာ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလမွစတင္ ေလာင္ကြၽမ္းခဲ့တဲ့ေတာမီးေၾကာင့္ သစ္ေတာ ဧရိယာေပါင္း ဟက္တာ ၆ သန္းေက်ာ္ ဆုံးရႈံးခဲ့ၿပီလို႔ သက္ဆိုင္ရာအဖြဲ႕အစည္းေတြက ထုတ္ျပန္ခဲ့ပါ တယ္။ဒီ အက်ယ္အဝန္းက ဘယ္လ္ဂ်ီယံႏိုင္ငံ၏ အက်ယ္အဝန္းထက္လည္း ၂ ဆခန႔္ ပိုမိုမ်ားျပားခဲ့ပါတယ္။ ယခင္ေႏြရာ သီက ဘရာဇီးႏိုင္ငံ အေမဇုန္ေတာ ေလာင္ကြၽမ္းမႈ ဟက္တာ ၃ သန္းထက္ ၂ ဆခန႔္ ပိုမိုမ်ားျပားခဲ့ပါတယ္။

ဒီလိုေလာင္တဲ့မီးေၾကာင့္ ေလထုထဲ မီးေလာင္ကြၽမ္းမႈကေန ထြက္လာတဲ့ ကာဗြန္ဓာတ္ေငြ႕ေတြကို စုပ္ယူ ထားတာေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈက ဆက္လက္ ႀကီးမားလာႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြလည္း ရွိပါ တယ္။ ဒီအေျခအေနက စိုးရိမ္ရတဲ့ အေနအထားပါ။ ယခုဆယ္စုႏွစ္ထဲမွာ ဆက္တိုက္ဆိုသလို ပမာဏႀကီးတဲ့ ေတာမီးေလာင္တာေတြ ျဖစ္ခဲ့ပါတယ္။ ဟက္တာ ၃ သန္းေလာင္ကြၽမ္းခဲ့တဲ့ ဘရာဇီးႏိုင္ငံ အေမဇုန္ေတာမီးေလာင္ ကြၽမ္းမႈေၾကာင့္ ေတာင္အေမရိကတိုက္၏ ေဂဟစနစ္ကို ထိခိုက္ေစခဲ့ပါတယ္။ ဩစေၾတးလွ်ေတာမီးေၾကာင့္ တစ္ ႏိုင္ငံလုံးတြင္ အပူခ်ိန္ ျမင့္တက္မႈမ်ား ျဖစ္ေပၚလာသလို ေဒသအခ်ိဳ႕တြင္ ေနအိမ္မ်ားကို စြန႔္ခြာကာ ပင္လယ္ ကမ္းေျခေဒသမ်ားသို႔ သြားေရာက္၍ ယာယီေနထိုင္မႈ မ်ား ျပဳလုပ္ခဲ့ရတာေတြ ရွိခဲ့ပါတယ္။နယူးေဆာက္ ေဝးျပည္ နယ္ႏွင့္ ဗစ္တိုးရီးယားျပည္နယ္ အတြင္းျဖစ္တဲ့ ေဒသႏွစ္ခု၌ ေတာမီးေၾကာင့္ အိမ္ေျခ ၁၂ဝဝ ပ်က္စီးခဲ့ကာ ေသဆုံးသူ ၂၃ဦး ထက္မနည္း ရွိခဲ့တယ္ဆိုပါတယ္။

ဒီလိုစိုးရိမ္ဖြယ္ရာ အေျခအေနေတြေၾကာင့္ ေတာမီးေလာင္တဲ့ ေဒသမွာ ပိတ္မိေနတဲ့ ေဒသခံေတြ ကယ္ ဆယ္ေရးကို ဩစေၾတးလွ် စစ္တပ္က ဝင္ကယ္ထုတ္ရတာေတြ ျဖစ္လာခဲ့ပါတယ္။ေတာမီးေလာင္မႈ မထိန္းခ်ဳပ္ ႏိုင္ေတာ့တဲ့ နယူးေဆာက္ေဝးျပည္နယ္မွာ အေရးေပၚအေျခအေန ေၾကညာခဲ့ရသလို အေမရိကန္ႏွင့္ ကေနဒါ မီးသတ္အဖြဲ႕ဝင္မ်ားထံမွ အကူအညီေတာင္းရတာေတြ ရွိခဲ့ပါတယ္။ ၾသစေၾတးလ်အေရွ႕ေတာင္ပိုင္း ပင္လယ္ ကမ္းေျခၿမိဳ႕ေတြမွာ ေတာမီးေလာင္မႈက ၿမိဳ႕ထဲထိျဖစ္လာတဲ့ အတြက္ ေထာင္ႏွင့္ခ်ီသည့္ အားလပ္ရက္ ခရီးသြား သူမ်ားနဲ႔ ေဒသခံေတြ ကမ္းေျခမ်ားသို႔ ထြက္ေျပးခဲ့ရပါတယ္။

ဒီလိုေတာမီးေလာင္မႈေၾကာင့္ ကမာၻႀကီးပူေႏြးလာမႈ ျဖစ္လာမွာကို စိုးရိမ္မႈေတြက ပိုတက္လာခဲ့ပါတယ္။ ယေန႔အခ်ိန္မွာ ကမာၻႀကီးပူေႏြးလာမႈေၾကာင့္ တစ္ကမာၻလုံးရွိ ႏွင္းဖုံးေတာင္တန္းမ်ားႏွင့္ ေရခဲေနသည့္ေတာင္ တန္းမ်ားေပၚရွိ ေရခဲ မ်ားႏွင့္ ေရအိုင္မ်ား အရည္ေပ်ာ္မည့္အေျခအေနျဖစ္ေပၚေစရန္ တြန္းအား ေပးလ်က္ရွိသလို လတ္တေလာမွာ အာရွတိုက္ ရွိ ေရခဲဖုံးေတာင္တန္းတစ္ခုျဖစ္ေသာ ဟိမဝႏၲာေတာင္ တန္းမ်ားေပၚရွိ ေရအိုင္ ၅ဝဝဝခန႔္မွ ေရခဲမ်ား အရည္ေပ်ာ္ဖြယ္ရွိေနတဲ့ အေျခအေနကိုေရာက္ေနပါတယ္။

ေတာမီးေလာင္တာေတြက ကမာၻႀကီးပူေႏြးမႈျဖစ္စဥ္ကိုတြန္းအားေပးေနတာ အမွန္ပါဘဲ။ ဒါေပမယ့္ ကမာၻ႔ တခ်ိဳ႕ေနရာေတြမွာ ေရႀကီးမႈ၊မိုးသည္းထန္မႈနဲ႔ မုန္တိုင္းတိုက္ခတ္မႈေတြက ျဖစ္ေနဆဲပါ။ ဒီဇင္ဘာ ၃၁ ရက္ ညေန ခင္းက အင္ဒိုနီးရွားႏိုင္ငံၿမိဳ႕ေတာ္ ဂ်ကာတာမွာ မိုးသည္းထန္စြာ ႐ြာသြန္းမႈေၾကာင့္ ျမစ္ကမ္းပါး က်ိဳးေပါက္ ခဲ့ၿပီးေနာက္ ေရအျမင့္ ေလးမီတာ (၁၃ ေပ) ထိျမင့္တက္ခဲ့သလို ေျမၿပိဳမႈမ်ားျဖစ္ပြားခဲ့တဲ့ အတြက္ ေဒသခံ အမ်ား အျပား ေသဆုံးခဲ့ရတဲ့ အထိ အေျခအေနဆိုးခဲ့ပါတယ္။ စာရင္းေတြအရ လူေပါင္း ၃၀ နီးပါးေသဆုံးကာ ဒါဇင္ေပါင္း မ်ားစြာေပ်ာက္ဆုံးခဲ့ပါတယ္။

ဒီလိုအေျခအေနေတြေၾကာင့္ ႏိုင္ငံတကာေခါင္းေဆာင္ေတြက ကမာၻႀကီး ပူေႏြးလာမႈကို သတိထားေနၾက ပါတယ္။ ဒါေၾကာင့္လည္း ၿပီးခဲ့တဲ့ႏွစ္က တိုင္ဖြန္းမုန္တိုင္းေတြဆက္တိုက္ဝင္လို႔ အထိနာခဲတဲ့ ဂ်ပန္ႏိုင္ငံမွာဆိုရင္ ယခု ၂၀၂၀ ျပည့္ႏွစ္ကို သဘာဝ ေဘးအႏၲရာယ္ကင္းစင္ေသာ ႏွစ္တစ္ႏွစ္ျဖစ္လာရန္ ေမွ်ာ္လင့္ တယ္ဆိုၿပီး ဂ်ပန္ ဧကရာဇ္သစ္ နာ႐ူဟီတိုက ၎ရဲ႕ ႏွစ္သစ္ကူး မိန႔္ခြန္းမွာ ထည့္ေျပာခဲ့ရတဲ့ အထိျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကမာၻစီး ပြား ေရးနဲ႔ စစ္ေရးအင္အားႀကီးႏိုင္ငံေတြကေတာ့ သဘာ၀ေဂဟစနစ္နဲ႔ ပတ္ဝန္းက်င္ ယိုယြင္းမႈကို ထိခိုက္ေစတဲ့ အလြန္အကြၽံစြမ္းအင္ သုံးစြဲမႈေတြ၊ ထုတ္ယူမႈေတြကို ေလ်ာ့ခ်ဖို႔ မျမင္ေသးပါဘူး။

ဒီလို သတိထားစရာ သတင္းေတြအျပင္ တျခားစိတ္ဝင္စားဖြယ္ရာ သိသင့္တဲ့ သတင္းေတြ ျဖစ္တဲ့ ဂ်ာမနီႏိုင္ငံ အေနာက္ေျမာက္ပိုင္းမွာ ရွိ တိရစာၦန္႐ုံထဲကို ႏွစ္သစ္ကူးအႀကိဳ မီးပုံးပ်ံတစ္ခု ရွိ တိရစာၦန္႐ုံထဲကို က်ေရာက္မီးေလာင္လို႔ ေမ်ာက္ေကာင္ေရ ၃၀ ခန႔္ ေသဆုံးသြားခဲ့တဲ့ သတင္း၊မ်က္စိျဖင့္ မျမင္ႏိုင္ေသာ ပလတ္စတစ္အမႈန႔္မ်ားသည္ ေသာက္သုံး ေရမ်ားႏွင့္ ေရထြက္ကုန္မ်ားမွတစ္ဆင့္ လူသားမ်ား၏ ခႏၶာကိုယ္ အတြင္းသို႔ ေရာက္ရွိမႈအေျခအေနမွာ ပိုမိုျမင့္တက္လာေနတယ္လို႔ ဥေရာပသိပၸံပညာရွင္ေတြက သတိေပးခဲ့တဲ့ သတင္း၊ ပလတ္ စတစ္သုံးစြဲမႈပိတ္ပင္ရာမွာ အခက္အခဲအခ်ိဳ႕ရင္ဆိုင္ေနရေပမယ့္ ဆက္လုပ္မယ္လို႔ မကၠဆီကို အစိုးရက ေျပာလိုက္တဲ့ သတင္းေတြလည္းရွိခဲ့တဲ့အတြက္ လာမည့္ ရက္သတၱပတ္မွာ သဘာ၀ပတ္ဝန္းက်င္ နဲ႔ပတ္သက္ၿပီး ဘာေတြ ေမွ်ာ္လင့္စရာရွိလာဦးမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္တန႔္လိုက္ခ်င္ပါတယ္။

မင္းထက္
ဇန္နဝါရီ - ၆