【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့စစ်ပွဲနဲ့ ဆန္ဒပြမှုတွေ

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့စစ်ပွဲနဲ့ ဆန္ဒပြမှုတွေ

ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ သတင်းတွေထဲမှာ ဆီးရီးယားမြောက်ပိုင်းမှာ ဆင်နွှဲနေတဲ့ တူရကီထိုးစစ်သတင်းတွေ၊ သဘာ၀ဘေးသတင်းတွေ၊ ကမ္ဘာတစ်ဝန်းဖြစ်နေတဲ့ ဆန္ဒပြတဲ့သတင်းတွေက နိုင်ငံတကာသတင်းဌာနတွေမှာ ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။

ဒီသတင်းတွေအပြင် အမေရိကန်က ဥရောပသမဂ္ဂမှ ကုန်ပစ္စည်းအချို့ကို ထပ်မံအခွန်စည်းကြပ်မှုများ ပြုလုပ်လိုက်တဲ့သတင်းတွေ၊ အယ်လ်ဆာဗေဒို၊ ဂွါတီမာလာနှင့် ဟွန်ဒူးရပ်စ်တို့သို့ ငွေကြေးထောက်ပံ့မှုကို ပြန်လည်စတင်မည်ဟု အမေရိကန်နိုင်ငံက ပြောကြားလိုက်တဲ့သတင်းတွေ၊ ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန် နုတ်ထွက်ရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက်တစ်ရပ် ရရှိခဲ့တဲ့သတင်းတွေ၊ ဂျပန်ဧကရာဇ် နာရူဟီတို၏ နန်းတက်ပွဲ စီတန်းလှည့်လည်ခြင်း အခမ်းအနားကို နိုဝင်ဘာ ၁ဝ ရက်ထိ ရွှေ့ပြောင်းရန် ဆုံးဖြတ်လိုက်တဲ့ သတင်းတွေလည်း ယခုရက်သတ္တပတ်မှာ စိတ်ဝင်စားစရာကောင်းခဲ့ပါတယ်။

နိုင်ငံစုံ ကန့်ကွက်ပေမယ့် ရှေ့တိုးခဲ့တဲ့ တူရကီ

ယခုရက်သတ္တပတ်ထဲ ကမ္ဘာတစ်ဝန်း စောင့်ကြည့်ခဲ့ရတဲ့ သတင်းတစ်ပုဒ်ကတော့ ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်တွေကို တူရကီက သူ့နိုင်ငံထဲက ခွဲထွက်သူပုန်တွေနဲ့ အဆက်အသွယ်ရှိနေတယ်ဆိုပြီး လုံခြုံရေးအကြောင်းပြကာ ဆင်နွှဲခဲ့တဲ့ ကျူးကျော်ရေးစစ်ပါဘဲ။ဒီလိုစစ်ဆင်ရေးဆင်နွှဲတာကို ကမ္ဘာနဲ့အဝန်း ကန့်ကွက်ခဲ့ကြသလို ဆန္ဒပြမှုတွေလည်း ဖြစ်ခဲ့ပါတယ်။ယခုရက်သတ္တပတ် ကမ္ဘာ့သတင်းစာတွေမှာ ထိပ်တန်းနေရာယူခဲ့တာက ဒီစစ်သတင်းတွေနဲ့ အကျအဆုံးသတင်းတွေပါဘဲ။

ဆီးရီးယားမြောက်ပိုင်းကို တူရကီတွေ ကျူးကျော်လာတဲ့အတွက် ယခင်က ရန်ဘက်ဖြစ်ခဲ့တဲ့ ဆီးရီးယားအစိုးရတပ်နဲ့ ကာဒ်ပြည်သူ့စစ်တွေကြား ယာယီပူးပေါင်းပြီး တူရကီထိုးစစ်ကို ခုခံဖို့ သဘောတူခဲ့ပါတယ်။အောက်တိုဘာ ၁၃ ရက်မှာ ကာဒ်ပြည်သူ့စစ်အဖွဲ့က လူမှုကွန်ရက်ကနေ ဒီသဘောတူညီချက်ကို ထုတ်ပြန်ပြီး ဆီးရီးယားအစိုးရပိုင် သတင်းဌာနကလည်း တူရကီ၏ စစ်ရေးကျူးကျော်မှုကို တန်ပြန်ရင်ဆိုင်ရန် အစိုးရတပ်ဖွဲ့ဝင်များကို ဆီးရီးယားမြောက်ပိုင်း စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် ရုရှားနဲ့ပေါင်းပြီး တူရကီထိုးစစ်ကို ရင်ဆိုင်တုံ့ပြန်ဖို့ အာဆတ်အစိုးရက စီစဉ်နေတဲ့ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဆီးရီးယားမြောက်ပိုင်းကနေ တပ်တွေရုတ်ခဲ့တဲ့ အမေရိကန်အစိုးရကတော့ တူရကီရဲ့ စစ်ရေးကျူးကျော်မှုကို တုံ့ပြန်အရေးယူတဲ့အနေနဲ့ အောက်တိုဘာ ၁၄ ရက်မှာ တူရကီအပေါ် အရေးယူပိတ်ဆို့မှုများ ချမှတ်သည့် အမိန့်ထုတ်ပြန်ချက်တစ်ရပ်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနေ့မှာဘဲ အမေရိကန်သမ္မတ ထရမ့် က တူရကီသမ္မတကို ဆီးရီးယားရှိ ကာ့ဒ်ပြည်သူ့စစ်များအား တိုက်ခိုက်နေမှုကို အမြန်ဆုံးရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ဒီလိုတိုက်ခိုက်နေစဉ်မှာ တူရကီသမ္မတ အာဒိုဂန် ကို ရုရှားသမ္မတ ပူတင် က ရုရှားကိုလာရောက်ဖို့ ခေါ်ခဲ့ပါတယ်။တူရကီသမ္မတနဲ့ ပူတင် ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးမှုမှာ တူရကီတိုက်စစ်ကြောင့် အကြမ်းဖက်သမားတွေ တခြားနိုင်ငံကို ရောက်ကုန်မှာ စိုးရိမ်တယ်ဆိုတာကို ပူတင် က ထောက်ပြခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်က အဇာဘိုင်ဂျန်နိုင်ငံရှိ ဘာကူမြို့မှာ ကျင်းပတဲ့ ဒေသဆိုင်ရာညီလာခံမှာ သမ္မတ အာဒိုဂန် က ရည်မှန်းချက်များ မအောင်မြင်မချင်း ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်စစ်သွေးကြွများအား တူရကီ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်တန့်မည်မဟုတ်ဘူးလို့ ပြောခဲ့သလို ထိုးစစ်ရပ်တန့်ရန် နိုင်ငံတကာဖိအားပေးမှုကို ငြင်းပယ်ခဲ့ပါတယ်။
ရုရှားကတော့ တူရကီထိုးစစ်ကို ကန့်သတ်ဖို့ ပြောခဲ့ပါတယ်။

ဒီနောက်မှာ ရုရှားဘက်က ဆီးရီးယားအရေး လှုပ်ရှားမှုတွေက ပိုသွက်လက်လာခဲ့ပါတယ်။ရုရှား နိုင်ငံခြားရေးဝန်ကြီးက ဆီးရီးယားနဲ့ တူရကီကြား ပြေလည်အောင် ညှိနိူင်းပေးချင်တယ်ဆိုတဲ့ စကားတွေ ထွက်လာခဲ့ပါတယ်။ဒါဟာလည်း ရုရှားတပ်တွေက ဆီးရီးယားမြောက်ပိုင်း အဓိကမြို့ဖြစ်တဲ့ မန်ဘစ်မှာ ဆီးရီးယားအစိုးရတပ်တွေနဲ့အတူ ကင်းလှည့်တာတွေရှိတဲ့အတွက် ဒါဟာ နှစ်ဘက်စလုံးအတွက် အခက်အခဲပါ။ရုရှားက အမေရိကန်လိုမဟုတ်ဘဲ လက်တွေ့ကျပါတယ်။ အောက်တိုဘာ ၁၅ ရက်ကဖြစ်တဲ့ တိုက်ပွဲမှာ ဆီးရီးယားတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် တူရကီတပ်ဖွဲ့ဝင်နှစ်ဦး ကျဆုံးခဲ့တာလည်း ရှိပါတယ်။အောက်တိုဘာ ၁၇ ရက်မှာ တူရကီတပ်တွေက လေကြောင်းကနေ ဆီးရီးယား နယ်စပ်မြို့ Ras al-Ain ကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အမေရိကန်ဘက်ကတော့ ဆီးရီးယားစစ်ပွဲကို ရပ်ဆိုင်းဖို့ ကြိုးစားတဲ့အနေနဲ့ အောက်တိုဘာ ၁၅ ရက်ကတည်းက တူရကီကို လာရောက်ပြီး သမ္မတ အာဒိုဂန် နဲ့ ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။အောက်တိုဘာ ၁၈ ရက်မှာ တူရကီသမ္မတ အာဒိုဂန် နဲ့ အမေရိကန် ဒု-သမ္မတ မိုက်ပန့်စ် တို့ တွေ့ဆုံဆွေးနွေးအပြီး ဆီးရီးယားမြောက်ပိုင်းမှာ တူရကီက ထိုးစစ်ရပ်ဖို့ သဘောတူခဲ့ပါတယ်။ဒီသဘောတူညီချက်မှာ တိုက်ခိုက်မှုအားလုံးကို ငါးရက်တာရပ်ပြီး ဘေးကင်းဇုန်အဖြစ် သတ်မှတ်ထားရာ ဧရိယာတွေကနေ ကာ့ဒ်တပ်ဖွဲ့တွေ ရုပ်သိမ်းဖို့နဲ့ ဒါကို အမေရိကန်ဘက်က ကူညီဆောင်ရွက်ဖို့ သဘောတူခဲ့ပါတယ်။ဒါဟာ ကာဒ်တပ်ဖွဲ့တွေ ဆုတ်ခွာဖို့ တူရကီက ထိုးစစ်ကို ခေတ္တရပ်ဆိုင်းမယ်လို့ ဆိုပါတယ်။

စစ်ပွဲအတွင်းမှာ ဆီးရီးယားမြောက်ပိုင်းရှိ ကီလိုမီတာ တစ်ထောင်ကျော်ကို တူရကီတပ်တွေက သိမ်းပိုက်ခဲ့သလို အရပ်သားတွေ အပါအဝင် လူတစ်ရာကျော် သေဆုံးခဲ့ပါတယ်။ဒီအတောအတွင်း ကာဒ့်ပြည်သူ သုံးသိန်းကျော် ရွှေ့ပြောင်းခဲ့ရပါတယ်။ဒီနေရာမှာ တူရကီတွေက သူ့နိုင်ငံထဲ ဆီးရီးယားစစ်ဘေးဒုက္ခသည် သုံးသန်းကျော်ကို နေရာပြန်လည်ချထားမယ် ဆိုပါတယ်။ဒီလို safe zone သတ်မှတ်ပြီး နေရာချထားတဲ့ကိစ္စ နောက်ကွယ်မှာ ဘာတွေရှိမလဲ၊ အပစ်ရပ်ထားတဲ့ ကာလတိုအတွင်း ကာ့ဒ်ပြည်သူ့စစ်တွေက တစ်ကယ်ကော ထွက်ခွာပါ့မလား၊ ဒါမှမဟုတ် ဘယ်လိုစစ်ပြင်မလဲနဲ့ ဒီစစ်ပွဲကနေ ဒေသတွင်းနိုင်ငံတွေ ပါဝင်တဲ့ စစ်ပွဲဆီကို ဦးတည်သွားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဒီသတင်းက ယခုရက်သတ္တပတ်ထဲဖြစ်ခဲ့တဲ့ အခြားသတင်းတွေဖြစ်တဲ့ ပင်လယ်နီဒေသအတွင်း အီရန် ရေနံတင်သင်္ဘောတစ်စင်း တိုက်ခိုက်ခံရမှုအတွက် ပြင်းထန်စွာတုံ့ပြန်မယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံဌာနက ထုတ်လွှင့်ခဲ့တဲ့သတင်း၊ စပိန်ကို ရွှေ့ပြောင်းအခြေချဖို့ လာတဲ့သူတွေကို မော်ရိုကို ရေတပ်က မြေထဲပင်လယ်အတွင်းမှ ကယ်ဆယ်ရရှိခဲ့တဲ့သတင်း၊ အာဖဂန်နစ္စတန် နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း၌ အာဖဂန်လုံခြုံရေးတပ်ဖွဲ့များက စစ်သွေးကြွဦးရေ ၅၀ ကျော်ကို ချေမှုန်းသုတ်သင်နိုင်ခဲ့တဲ့သတင်း၊ ဆော်ဒီအာရေဗျနိုင်ငံသို့ ရုရှားသမ္မတ ပူတင် ချစ်ကြည်ရေးခရီး သွားရောက်ခဲ့တဲ့သတင်း၊ ပိတ်ဆို့မှုများအားလုံးကို အမေရိကန်က ဖြေလျှော့ပေးရင် နျူကလီးယားဆွေးနွေးပွဲများ ပြန်လည်စတင်ရန် အသင့်ရှိတယ်လို့ အီရန်နိုင်ငံသမ္မတ ရိုဟာနီ က ပြောလိုက်တဲ့သတင်း၊ ရုရှားမြောက်ပိုင်း ကန့်သတ်နေရာမှာ အမေရိကန် သံအမတ်သုံးဦးကို ဖမ်းဆီးရမိခဲ့လို့ ရုရှားဘက်က ကန့်ကွက်ခဲ့တဲ့ သတင်းတွေ ဖြစ်ခဲ့ပါတယ်။

ပဋိပက္ခနဲ့ အာရှသဘာ၀ဘေး

ယခုရက်သတ္တပတ် သတင်းတွေထဲမှာ သတိထားစရာရှိခဲ့တာက ဂျပန်မှာ ဝင်ခဲ့တဲ့ မုန်တိုင်းနဲ့အတူ သေဆုံးမှုသတင်းတွေ၊ အာရှမှာ ဆက်တိုက်လှုပ်ခတ်ခဲ့တဲ့ ငလျင်သတင်းတွေပါဘဲ။ဂျပန် အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသသို့ ဟာဂီဘစ် ဝင်ရောက်မွှေနှောက် တိုက်ခတ်ခဲ့ပြီးနောက်မှာ ရေကြီးခြင်းတွေဖြစ်ခဲ့ပြီး သေဆုံးသူ ၇၇ ဦး ရှိခဲ့ပါတယ်။မုန်တိုင်းကြောင့် အိမ်ထောင်စုပေါင်းများစွာ ရေနှင့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ပြီး အိမ်ပေါင်း ၃၃၀ဝဝ ခန့် ရေကြီးနစ်မြုပ်ခဲ့ကာ ၁၅ ဦး ပျောက်ဆုံးပြီး လူ ၂၀ဝ ကျော် ဒဏ်ရာရခဲ့ပါတယ်။

ဒီမုန်တိုင်းကို ဂျပန်အစိုးရက သတိထားကိုင်တွယ်ခဲ့ပြီး မုန်တိုင်းအတွက် ရန်ပုံငွေချပေးခဲ့သလို ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့ ကမ်းခြေစောင့်တပ်ဖွဲ့နှင့် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ဝင် ၁၁၀ဝ၀ဝ ခန့်က ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်ပြည့်ဆောင်ရွက်ခဲ့ကာ တုံ့ပြန်ခဲ့ပါတယ်။ဒီလို သဘာ၀ဘေးကို ဂျပန်မှာ ရင်ဆိုင်နေရစဉ်မှာ အာရှက နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံမှာ ပြင်းအားကြီးငလျင် လှုပ်ခတ်ခဲ့ပါတယ်။အောက်တိုဘာ ၁၆ ရက် ဒေသစံတော်ချိန် ည ၇ နာရီ ၃၇ မိနစ်က ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာယိုကျွန်းမှာ အင်အား ၆ ဒသမ ၄ အဆင့်ရှိ ငလျင်လှုပ်ခဲ့ပါတယ်။

ငလျင်က မင်ဒါနာယိုကျွန်းကို ဦးတည်လှုပ်ခတ်ခဲ့ပြီး မြေအောက်အနက် အကွာအဝေး ၁၄ ကီလိုမီတာခန့်အထိ ငလျင်ပြင်းအား သက်ရောက်ခဲ့လို့ အနီးနားရှိ မြို့ကြီးနှစ်မြို့မှာပါ လှုပ်ခတ်ခဲ့ပါတယ်။ငလျင်က ကုန်းမြေပေါ်မှာ လှုပ်ခတ်ခဲတဲ့အတွက်  ဆူနာမီရေလှိုင်းအန္တရာယ် စိုးရိမ်မှုမရှိလို့ သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ဇောက်တိမ်ငလျင်ကြောင့် အထပ်မြင့်အဆောက်အအုံများမှ အရာဝတ္ထုအကျိုးအပဲ့များ ပြုတ်ကျလာခဲ့သလို လူရာပေါင်းများစွာ အထပ်မြင့်တွေကနေ ပြေးထွက်လာရတာတွေ ရှိပါတယ်။နောက်ဆုံးသတင်းတွေအရ လူ ၆ ဦးသေဆုံးကာ ၉၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ဒီလို အာရှမှာဖြစ်နေသလို ကမ္ဘာတစ်ဝန်း တောမီးတွေ လောင်နေခဲ့ပါတယ်။

တောင်အမေရိကမှာ အမေဇုံတောနဲ့ ကာလီဖိုးနီးယား တောမီးလောင်တာတွေကနေ အင်ဒိုနီးရှား တောမီးလောင်တာတွေထိ ဖြစ်နေရာမှာ နာမည်ကျော် အင်ဒိုတောမီးက ပတ်ဝန်းကျင် နိုင်ငံတွေကို ထိခိုက်လို့ သတိပေးမှုတွေ ဖြစ်နေပါတယ်။ပြည်နယ်ခြောက်ခုမှာ မီးလောင်နေသည့် သို့မဟုတ် မီးလောင်နိုင်တဲ့ နေရာပေါင်း ၁၅၄၇ ခု ဖြစ်ပေါ်ခဲ့လို့ မီးလောင်မှုများ ပိုမိုဖြစ်ပေါ်နေလျက်ရှိပြီး လေထုအရည်အသွေး ပိုမိုဆိုးရွားလာခြင်းကြောင့် ပြည်နယ်များစွာရှိ စာသင်ကျောင်းများကိုလည်း ပိတ်ထားရတဲ့ အခြေအနေပါ။

အာရှမှာ ဒီလိုသဘာ၀ဘေးတွေ ဖြစ်နေသလို နိုင်ငံရေးဆိုင်ရာ ပဋိပက္ခတွေ အများကြီးဖြစ်ခဲ့ပါတယ်။အင်ဒိုနီးရှား အစိုးရဝန်ကြီးတစ်ဦးကို အိုင်အက်စ် စစ်သွေးကြွအုပ်စုနှင့် ဆက်နွှယ်သည့် စစ်သွေးကြွအုပ်စုဝင်နှစ်ဦးက ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သံသယရှိသူ ၂၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကိုဝီဒိုဒို၏ ဒုတိယမြောက် သမ္မတသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကို လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား ၃၁၀ဝ၀ ကို တပ်ဖြန့်ချထားဖို့ ရှိနေပါတယ်။

ဒီလိုသတင်းတွေအပြင် တရုတ်နိုင်ငံ တောင်ပိုင်း ဓာတုစက်ရုံတစ်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ လူလေးဦးသေဆုံးပြီး အခြားသူခြောက်ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်း၊ ဂျပန်ကင်းလှည့်ရေယာဉ်နှင့် မြောက်ကိုရီးယား ငါးဖမ်းသင်္ဘောတို့ တိုက်ခဲ့မှုမှာ မြောက်ကိုရီးယားဘက်က လျော်ကြေးငွေ တောင်းဆိုတာကို ဂျပန်ဘက်က ငြင်းဆိုခဲ့တဲ့သတင်း၊ မြောက်ကိုရီးယားနိုင်ငံ အမြင့်ဆုံးတောင်ပေါ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန် မြင်းစီးနေတဲ့ပုံကို ထုတ်ပြန်ခဲ့တဲ့သတင်း၊ ထိုင်းတော်ဝင်မိသားစု၏ လုံခြုံရေးအဖွဲ့အတွင်း တပ်ရင်းတပ်မနှစ်ခုအား လွှဲပြောင်းပေးခဲ့ခြင်းကို အတိုက်အခံ လွှတ်တော်အမတ်များက ဆန့်ကျင်ကန့်ကွက်ခဲ့တဲ့သတင်း၊ အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားမှာ တိုက်ခိုက်မှုဖြစ်ပွားတဲ့အတွက် လူသုံးဦး သေဆုံးခဲ့တဲ့သတင်း၊ ဆော်ဒီအာရေဗျနိုင်ငံ မီဒီနာမြို့တော်အနီး ဘတ်စ်ကားတစ်စီးနှင့် ယာဉ်ကြီးတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ရာ နိုင်ငံခြားသား ၃၅ ဦး သေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့တဲ့ သတင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

ပြင်းထန်အရှိန်မြင့်လာတဲ့ ကမ္ဘာတစ်လွှား ဆန္ဒပြမှုများ

ယခုရက်သတ္တပတ်သတင်းတွေထဲမှာ စောင့်ကြည့်ခဲ့ရတဲ့ နောက်ထပ်သတင်းကတော့ ဆန္ဒပြမှုသတင်းတွေပါဘဲ။အီကွေဒေါလို တောင်အမေရိကနိုင်ငံကနေ နယ်သာလန်၊ စပိန် စတဲ့ ဥရောပနိုင်ငံတွေထိ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေက ဒုနဲ့ဒေးပါဘဲ။

အီကွေဒေါမှာ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကနေ ချေးငွေ အမေရိကန်ဒေါ်လာ ၄ ဒသ မ ၂ ဘီလျံရဖို့  အီကွေဒေါအစိုးရက ခြိုးခြံချွေတာရေး အစီအစဉ်တစ်ခုအဖြစ် အောက်တိုဘာ ၁ ရက်ကနေစပြီး ဓာတ်ဆီနှင့် ဒီဇယ်ဈေးနှုန်းများ၊ အများပြည်သူယာဉ်စီးခများ တိုးမြှင့်သည့် သမ္မတအမိန့်ကြောင့် အောက်တိုဘာ ၃ ရက်မှ ၁၃ ရက်အထိ အီကွေဒေါနိုင်ငံ၌ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့ရာမှာ ဆန္ဒပြပွဲများကြောင့် ခြောက်ဦးသေဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃၄၀ ဦးရှိခဲ့ပြီး အချို့က စိုးရိမ်ရတဲ့အခြေအနေပါ။ဆန္ဒပြသူ ၁၁၉၂ ဦးကို အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ဆန့်ကျင်ဆန္ဒပြမှုများကြောင့် ဆုံးရှုံးနစ်နာရမှုမှာ ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ ရှိတယ် ဆိုပါတယ်။

အာဏာပိုင်တွေနဲ့ ဆန္ဒပြခေါင်းဆောင်တွေ တွေ့ဆုံပြီး ပြည်သူအများစု တတ်နိုင်တဲ့ လောင်စာဆီဈေးနှုန်း သတ်မှတ်မယ့် အစီအစဉ်သစ်တစ်ခု လုပ်ဆောင်ဖို့ အစိုးရတာဝန်ရှိသူများနှင့် ဆန္ဒပြခေါင်းဆောင်များက သဘောတူခဲ့ပြီးနောက်မှာ အီကွေဒေါသမ္မတ လီနင်မိုရန်နို က အမိန့်ကိုရုပ်သိမ်းဖို့ သဘောတူခဲ့ပါတယ်။

စပိန်နိုင်ငံ ဘာစီလိုနာမှာ အောက်တိုဘာ ၁၄ ရက်က ကာတာလိုးနီးယားဒေသ ခွဲထွက်ရေးအတွက် လှုပ်ရှားခဲ့ကြတဲ့ ကတ်တလန်ခေါင်းဆောင် ၁၂ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့ပြီးနောက်မှာ ထောင်နှင့်ချီတဲ့ ဆန္ဒပြပြည်သူများက ခြောက်ရက်အတွင်း ရဲများ၊ အဆောက်အဦးများနဲ့ ကားတွေကို ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်း၊ မီးတုတ်များဖြင့် မီးရှို့ခြင်းတို့ ပြုလုပ်ခဲ့ကြလို့ ဒေသတွင်းအခြေအနေက ဆိုးရွားလာခဲ့ပါတယ်။စပိန်နိုင်ငံအတွင်းမှ ခွဲထွက်ရန် ကြိုးပမ်းနေသော ကာတာလန်ဒေသရှိ ခွဲထွက်ရေးလှုပ်ရှားမှုများကို လုံခြုံရေးအင်အား အသုံးပြုကာ တားဆီးမည်ဟု စပိန် ပြည်ထဲရေးဝန်ကြီးက ပြောခဲ့ပါတယ်။

ဘာစီလိုနာနှင့် အခြား ကတ်တလန်မြို့တွေမှာ ဆန္ဒပြပြည်သူများနှင့် ရဲတပ်ဖွဲ့တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုအတွင်း အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ခြောက်ရက်ကြာ ဖြစ်ပွားပြီးနောက် အတိုက်အခံခေါင်းဆောင်များက စပိန်အစိုးရနဲ့ ဆွေးနွေးပွဲအသစ် ပြန်လုပ်ဖို့ ဆန္ဒရှိနေပါတယ်။
အဓိကအချက်ဖြစ်တဲ့ ခွဲထွက်ခွင့်ကို ရယူဖို့ ဆန္ဒခံယူပွဲလုပ်ဖို့က အတိုက်အခံတွေဘက်က တောင်းဆိုမှုဖြစ်သလို စပိန်အစိုးရဘက်က ခွင့်ပြုဖွယ်မရှိတဲ့အတွက် ဒီပြဿနာကို ဒီထက်ပိုပြင်းထန်လာမှာကို တွေ့ရဖွယ်ရှိနေပါတယ်။နယ်သာလန်နိုင်ငံမှာတော့ လယ်သမားတွေက အမ်စတာဒမ်နှင့် ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းများပေါ်တွင် ထွန်စက်များ တန်းစီရပ်နားပြီး အစိုးရကို ဆန္ဒပြနေကြပါတယ်။

အာရှမှာလဲ ဟောင်ကောင်ပြဿနာက မပြီးပြတ်သေးသလို  အောက်တိုဘာ ၁၆ ရက်က ပြုလုပ်တဲ့ ဟောင်ကောင် ပါလီမန်လွှတ်တော် အစည်းအဝေးကိုလည်း တစ်ပိုင်းတစ်စ ရပ်တန့်ခဲ့ရပါတယ်။ဒါ့အပြင် ဟောင်ကောင် ပါလီမန်လွှတ်တော် အဆောက်အအုံအပြင်ဘက်မှာ တက်ကြွလှုပ်ရှားသူများက ချီတက်စုဝေးခဲ့ကြပါတယ်။အရှေ့အလယ်ပိုင်းဖြစ်တဲ့ လက်ဘနွန်မှာလည်း ကုန်ဈေးနှုန်းမြင့်တက်မှုနှင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်လာတဲ့အတွက် အပြောင်းအလဲပြုလုပ်ရန် ဆန္ဒပြသူများက ဘေရွတ်မြို့ရှိ အစိုးရရုံးများကို ဝိုင်းပတ်ပိတ်ဆို့ကာ ဆန္ဒပြလျက်ရှိသည့်အပြင် လမ်းများမှာ ကားတာယာတွေကို မီးရှို့ပြီး  ပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကြပါတယ်။အီရတ်နိုင်ငံမှာတော့ ယခုလဆန်းပိုင်းကတည်းက ဖြစ်ပွားခဲ့တဲ့ လက်ရှိအစိုးရအဖွဲ့ နုတ်ထွက်ပေးရန် တောင်းဆိုသော ဆန္ဒပြမှုများကြောင့် သေဆုံးသူ ၁ဝ၀ ကျော်နှင့် ဒဏ်ရာရရှိသူ ၆ဝဝဝ ကျော်ခန့် ရှိနေပြီဖြစ်ပါတယ်။

ဒီလိုဆန္ဒပြမှုသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ တောင်ကိုရီးယားအခြေစိုက် Dark အမည်ရှိ ဝက်ဘ်ဆိုက်ကို စစ်ဆေးပြီး တစ်ကမ္ဘာလုံးရှိ လူပေါင်းတစ်ရာကျော်ကို ဖမ်းဆီးခဲ့တဲ့သတင်း၊ တူရကီဘက်မှ ရွှေ့ပြောင်းအခြေချသူများ နယ်စပ်ကို ရောက်ရှိလာပါက စစ်အင်အားသုံးပြီး ဟန်ဂေရီက တားဆီးမယ့်သတင်း၊ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပို ရဲ့ သားကို ဖမ်းမိပြီး ပြင်းထန်တဲ့တိုက်ပွဲတွေကြောင့်  ပြန်လွှတ်ပေးခဲ့ရတဲ့ သတင်းတွေ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာသတင်း သုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။

မင်းထက်
အောက်တိုဘာ - ၂၁

( Zawgyi )

ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ သတင္းေတြထဲမွာ ဆီးရီးယားေျမာက္ပိုင္းမွာ ဆင္ႏႊဲေနတဲ့ တူရကီထိုးစစ္သတင္းေတြ၊ သဘာ၀ေဘးသတင္းေတြ၊ ကမာၻတစ္ဝန္းျဖစ္ေနတဲ့ ဆႏၵျပတဲ့သတင္းေတြက ႏိုင္ငံတကာသတင္းဌာနေတြမွာ ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။

ဒီသတင္းေတြအျပင္ အေမရိကန္က ဥေရာပသမဂၢမွ ကုန္ပစၥည္းအခ်ိဳ႕ကို ထပ္မံအခြန္စည္းၾကပ္မႈမ်ား ျပဳလုပ္လိုက္တဲ့သတင္းေတြ၊ အယ္လ္ဆာေဗဒို၊ ဂြါတီမာလာႏွင့္ ဟြန္ဒူးရပ္စ္တို႔သို႔ ေငြေၾကးေထာက္ပံ့မႈကို ျပန္လည္စတင္မည္ဟု အေမရိကန္ႏိုင္ငံက ေျပာၾကားလိုက္တဲ့သတင္းေတြ၊ ဥေရာပသမဂၢ (အီးယူ) မွ ၿဗိတိန္ ႏုတ္ထြက္ေရးႏွင့္ စပ္လ်ဥ္း၍ သေဘာတူညီခ်က္တစ္ရပ္ ရရွိခဲ့တဲ့သတင္းေတြ၊ ဂ်ပန္ဧကရာဇ္ နာ႐ူဟီတို၏ နန္းတက္ပြဲ စီတန္းလွည့္လည္ျခင္း အခမ္းအနားကို ႏိုဝင္ဘာ ၁ဝ ရက္ထိ ေ႐ႊ႕ေျပာင္းရန္ ဆုံးျဖတ္လိုက္တဲ့ သတင္းေတြလည္း ယခုရက္သတၱပတ္မွာ စိတ္ဝင္စားစရာေကာင္းခဲ့ပါတယ္။

ႏိုင္ငံစုံ ကန႔္ကြက္ေပမယ့္ ေရွ႕တိုးခဲ့တဲ့ တူရကီ

ယခုရက္သတၱပတ္ထဲ ကမာၻတစ္ဝန္း ေစာင့္ၾကည့္ခဲ့ရတဲ့ သတင္းတစ္ပုဒ္ကေတာ့ ဆီးရီးယားေျမာက္ပိုင္းရွိ ကာ့ဒ္ေတြကို တူရကီက သူ႔ႏိုင္ငံထဲက ခြဲထြက္သူပုန္ေတြနဲ႔ အဆက္အသြယ္ရွိေနတယ္ဆိုၿပီး လုံၿခဳံေရးအေၾကာင္းျပကာ ဆင္ႏႊဲခဲ့တဲ့ က်ဴးေက်ာ္ေရးစစ္ပါဘဲ။ဒီလိုစစ္ဆင္ေရးဆင္ႏႊဲတာကို ကမာၻနဲ႔အဝန္း ကန႔္ကြက္ခဲ့ၾကသလို ဆႏၵျပမႈေတြလည္း ျဖစ္ခဲ့ပါတယ္။ယခုရက္သတၱပတ္ ကမာၻ႔သတင္းစာေတြမွာ ထိပ္တန္းေနရာယူခဲ့တာက ဒီစစ္သတင္းေတြနဲ႔ အက်အဆုံးသတင္းေတြပါဘဲ။

ဆီးရီးယားေျမာက္ပိုင္းကို တူရကီေတြ က်ဴးေက်ာ္လာတဲ့အတြက္ ယခင္က ရန္ဘက္ျဖစ္ခဲ့တဲ့ ဆီးရီးယားအစိုးရတပ္နဲ႔ ကာဒ္ျပည္သူ႔စစ္ေတြၾကား ယာယီပူးေပါင္းၿပီး တူရကီထိုးစစ္ကို ခုခံဖို႔ သေဘာတူခဲ့ပါတယ္။ေအာက္တိုဘာ ၁၃ ရက္မွာ ကာဒ္ျပည္သူ႔စစ္အဖြဲ႕က လူမႈကြန္ရက္ကေန ဒီသေဘာတူညီခ်က္ကို ထုတ္ျပန္ၿပီး ဆီးရီးယားအစိုးရပိုင္ သတင္းဌာနကလည္း တူရကီ၏ စစ္ေရးက်ဴးေက်ာ္မႈကို တန္ျပန္ရင္ဆိုင္ရန္ အစိုးရတပ္ဖြဲ႕ဝင္မ်ားကို ဆီးရီးယားေျမာက္ပိုင္း ေစလႊတ္ခဲ့ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ ႐ုရွားနဲ႔ေပါင္းၿပီး တူရကီထိုးစစ္ကို ရင္ဆိုင္တုံ႔ျပန္ဖို႔ အာဆတ္အစိုးရက စီစဥ္ေနတဲ့ဆိုတဲ့ သတင္းေတြလည္း ထြက္ေပၚလာခဲ့ပါတယ္။

ဆီးရီးယားေျမာက္ပိုင္းကေန တပ္ေတြ႐ုတ္ခဲ့တဲ့ အေမရိကန္အစိုးရကေတာ့ တူရကီရဲ႕ စစ္ေရးက်ဴးေက်ာ္မႈကို တုံ႔ျပန္အေရးယူတဲ့အေနနဲ႔ ေအာက္တိုဘာ ၁၄ ရက္မွာ တူရကီအေပၚ အေရးယူပိတ္ဆို႔မႈမ်ား ခ်မွတ္သည့္ အမိန္႔ထုတ္ျပန္ခ်က္တစ္ရပ္ကို လက္မွတ္ေရးထိုး ထုတ္ျပန္ခဲ့ပါတယ္။အဲ့ဒီေန႔မွာဘဲ အေမရိကန္သမၼတ ထရမ့္ က တူရကီသမၼတကို ဆီးရီးယားရွိ ကာ့ဒ္ျပည္သူ႔စစ္မ်ားအား တိုက္ခိုက္ေနမႈကို အျမန္ဆုံးရပ္တန္႔ဖို႔ ေတာင္းဆိုခဲ့ပါတယ္။ဒီလိုတိုက္ခိုက္ေနစဥ္မွာ တူရကီသမၼတ အာဒိုဂန္ ကို ႐ုရွားသမၼတ ပူတင္ က ႐ုရွားကိုလာေရာက္ဖို႔ ေခၚခဲ့ပါတယ္။တူရကီသမၼတနဲ႔ ပူတင္ ဖုန္းနဲ႔ ဆက္သြယ္ေဆြးေႏြးမႈမွာ တူရကီတိုက္စစ္ေၾကာင့္ အၾကမ္းဖက္သမားေတြ တျခားႏိုင္ငံကို ေရာက္ကုန္မွာ စိုးရိမ္တယ္ဆိုတာကို ပူတင္ က ေထာက္ျပခဲ့ပါတယ္။

ေအာက္တိုဘာ ၁၅ ရက္က အဇာဘိုင္ဂ်န္ႏိုင္ငံရွိ ဘာကူၿမိဳ႕မွာ က်င္းပတဲ့ ေဒသဆိုင္ရာညီလာခံမွာ သမၼတ အာဒိုဂန္ က ရည္မွန္းခ်က္မ်ား မေအာင္ျမင္မခ်င္း ဆီးရီးယားေျမာက္ပိုင္းရွိ ကာ့ဒ္စစ္ေသြးႂကြမ်ားအား တူရကီ၏ ထိုးစစ္ဆင္တိုက္ခိုက္မႈကို ရပ္တန္႔မည္မဟုတ္ဘူးလို႔ ေျပာခဲ့သလို ထိုးစစ္ရပ္တန႔္ရန္ ႏိုင္ငံတကာဖိအားေပးမႈကို ျငင္းပယ္ခဲ့ပါတယ္။
႐ုရွားကေတာ့ တူရကီထိုးစစ္ကို ကန႔္သတ္ဖို႔ ေျပာခဲ့ပါတယ္။

ဒီေနာက္မွာ ႐ုရွားဘက္က ဆီးရီးယားအေရး လႈပ္ရွားမႈေတြက ပိုသြက္လက္လာခဲ့ပါတယ္။႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီးက ဆီးရီးယားနဲ႔ တူရကီၾကား ေျပလည္ေအာင္ ညႇိႏိူင္းေပးခ်င္တယ္ဆိုတဲ့ စကားေတြ ထြက္လာခဲ့ပါတယ္။ဒါဟာလည္း ႐ုရွားတပ္ေတြက ဆီးရီးယားေျမာက္ပိုင္း အဓိကၿမိဳ႕ျဖစ္တဲ့ မန္ဘစ္မွာ ဆီးရီးယားအစိုးရတပ္ေတြနဲ႔အတူ ကင္းလွည့္တာေတြရွိတဲ့အတြက္ ဒါဟာ ႏွစ္ဘက္စလုံးအတြက္ အခက္အခဲပါ။႐ုရွားက အေမရိကန္လိုမဟုတ္ဘဲ လက္ေတြ႕က်ပါတယ္။ ေအာက္တိုဘာ ၁၅ ရက္ကျဖစ္တဲ့ တိုက္ပြဲမွာ ဆီးရီးယားတပ္ဖြဲ႕ရဲ႕ တိုက္ခိုက္မႈေၾကာင့္ တူရကီတပ္ဖြဲ႕ဝင္ႏွစ္ဦး က်ဆုံးခဲ့တာလည္း ရွိပါတယ္။ေအာက္တိုဘာ ၁၇ ရက္မွာ တူရကီတပ္ေတြက ေလေၾကာင္းကေန ဆီးရီးယား နယ္စပ္ၿမိဳ႕ Ras al-Ain ကို ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

အေမရိကန္ဘက္ကေတာ့ ဆီးရီးယားစစ္ပြဲကို ရပ္ဆိုင္းဖို႔ ႀကိဳးစားတဲ့အေနနဲ႔ ေအာက္တိုဘာ ၁၅ ရက္ကတည္းက တူရကီကို လာေရာက္ၿပီး သမၼတ အာဒိုဂန္ နဲ႔ ေဆြးေႏြးဖို႔ ႀကိဳးစားခဲ့ပါတယ္။ေအာက္တိုဘာ ၁၈ ရက္မွာ တူရကီသမၼတ အာဒိုဂန္ နဲ႔ အေမရိကန္ ဒု-သမၼတ မိုက္ပန္႔စ္ တို႔ ေတြ႕ဆုံေဆြးေႏြးအၿပီး ဆီးရီးယားေျမာက္ပိုင္းမွာ တူရကီက ထိုးစစ္ရပ္ဖို႔ သေဘာတူခဲ့ပါတယ္။ဒီသေဘာတူညီခ်က္မွာ တိုက္ခိုက္မႈအားလုံးကို ငါးရက္တာရပ္ၿပီး ေဘးကင္းဇုန္အျဖစ္ သတ္မွတ္ထားရာ ဧရိယာေတြကေန ကာ့ဒ္တပ္ဖြဲ႕ေတြ ႐ုပ္သိမ္းဖို႔နဲ႔ ဒါကို အေမရိကန္ဘက္က ကူညီေဆာင္႐ြက္ဖို႔ သေဘာတူခဲ့ပါတယ္။ဒါဟာ ကာဒ္တပ္ဖြဲ႕ေတြ ဆုတ္ခြာဖို႔ တူရကီက ထိုးစစ္ကို ေခတၱရပ္ဆိုင္းမယ္လို႔ ဆိုပါတယ္။

စစ္ပြဲအတြင္းမွာ ဆီးရီးယားေျမာက္ပိုင္းရွိ ကီလိုမီတာ တစ္ေထာင္ေက်ာ္ကို တူရကီတပ္ေတြက သိမ္းပိုက္ခဲ့သလို အရပ္သားေတြ အပါအဝင္ လူတစ္ရာေက်ာ္ ေသဆုံးခဲ့ပါတယ္။ဒီအေတာအတြင္း ကာဒ့္ျပည္သူ သုံးသိန္းေက်ာ္ ေ႐ႊ႕ေျပာင္းခဲ့ရပါတယ္။ဒီေနရာမွာ တူရကီေတြက သူ႔ႏိုင္ငံထဲ ဆီးရီးယားစစ္ေဘးဒုကၡသည္ သုံးသန္းေက်ာ္ကို ေနရာျပန္လည္ခ်ထားမယ္ ဆိုပါတယ္။ဒီလို safe zone သတ္မွတ္ၿပီး ေနရာခ်ထားတဲ့ကိစၥ ေနာက္ကြယ္မွာ ဘာေတြရွိမလဲ၊ အပစ္ရပ္ထားတဲ့ ကာလတိုအတြင္း ကာ့ဒ္ျပည္သူ႔စစ္ေတြက တစ္ကယ္ေကာ ထြက္ခြာပါ့မလား၊ ဒါမွမဟုတ္ ဘယ္လိုစစ္ျပင္မလဲနဲ႔ ဒီစစ္ပြဲကေန ေဒသတြင္းႏိုင္ငံေတြ ပါဝင္တဲ့ စစ္ပြဲဆီကို ဦးတည္သြားမလားဆိုတာ ေစာင့္ၾကည့္ရမွာပါ။

ဒီသတင္းက ယခုရက္သတၱပတ္ထဲျဖစ္ခဲ့တဲ့ အျခားသတင္းေတြျဖစ္တဲ့ ပင္လယ္နီေဒသအတြင္း အီရန္ ေရနံတင္သေဘၤာတစ္စင္း တိုက္ခိုက္ခံရမႈအတြက္ ျပင္းထန္စြာတုံ႔ျပန္မယ္လို႔ အီရန္ႏိုင္ငံပိုင္ ႐ုပ္သံဌာနက ထုတ္လႊင့္ခဲ့တဲ့သတင္း၊ စပိန္ကို ေ႐ႊ႕ေျပာင္းအေျခခ်ဖို႔ လာတဲ့သူေတြကို ေမာ္႐ိုကို ေရတပ္က ေျမထဲပင္လယ္အတြင္းမွ ကယ္ဆယ္ရရွိခဲ့တဲ့သတင္း၊ အာဖဂန္နစၥတန္ ႏိုင္ငံတစ္ဝန္း ၂၄ နာရီအတြင္း၌ အာဖဂန္လုံၿခဳံေရးတပ္ဖြဲ႕မ်ားက စစ္ေသြးႂကြဦးေရ ၅၀ ေက်ာ္ကို ေခ်မႈန္းသုတ္သင္ႏိုင္ခဲ့တဲ့သတင္း၊ ေဆာ္ဒီအာေရဗ်ႏိုင္ငံသို႔ ႐ုရွားသမၼတ ပူတင္ ခ်စ္ၾကည္ေရးခရီး သြားေရာက္ခဲ့တဲ့သတင္း၊ ပိတ္ဆို႔မႈမ်ားအားလုံးကို အေမရိကန္က ေျဖေလွ်ာ့ေပးရင္ န်ဴကလီးယားေဆြးေႏြးပြဲမ်ား ျပန္လည္စတင္ရန္ အသင့္ရွိတယ္လို႔ အီရန္ႏိုင္ငံသမၼတ ႐ိုဟာနီ က ေျပာလိုက္တဲ့သတင္း၊ ႐ုရွားေျမာက္ပိုင္း ကန္႔သတ္ေနရာမွာ အေမရိကန္ သံအမတ္သုံးဦးကို ဖမ္းဆီးရမိခဲ့လို႔ ႐ုရွားဘက္က ကန႔္ကြက္ခဲ့တဲ့ သတင္းေတြ ျဖစ္ခဲ့ပါတယ္။

ပဋိပကၡနဲ႔ အာရွသဘာ၀ေဘး

ယခုရက္သတၱပတ္ သတင္းေတြထဲမွာ သတိထားစရာရွိခဲ့တာက ဂ်ပန္မွာ ဝင္ခဲ့တဲ့ မုန္တိုင္းနဲ႔အတူ ေသဆုံးမႈသတင္းေတြ၊ အာရွမွာ ဆက္တိုက္လႈပ္ခတ္ခဲ့တဲ့ ငလ်င္သတင္းေတြပါဘဲ။ဂ်ပန္ အလယ္ပိုင္းႏွင့္ အေရွ႕ပိုင္းေဒသသို႔ ဟာဂီဘစ္ ဝင္ေရာက္ေမႊေႏွာက္ တိုက္ခတ္ခဲ့ၿပီးေနာက္မွာ ေရႀကီးျခင္းေတြျဖစ္ခဲ့ၿပီး ေသဆုံးသူ ၇၇ ဦး ရွိခဲ့ပါတယ္။မုန္တိုင္းေၾကာင့္ အိမ္ေထာင္စုေပါင္းမ်ားစြာ ေရႏွင့္ လွ်ပ္စစ္မီး ျပတ္ေတာက္ခဲ့ၿပီး အိမ္ေပါင္း ၃၃၀ဝဝ ခန္႔ ေရႀကီးနစ္ျမဳပ္ခဲ့ကာ ၁၅ ဦး ေပ်ာက္ဆုံးၿပီး လူ ၂၀ဝ ေက်ာ္ ဒဏ္ရာရခဲ့ပါတယ္။

ဒီမုန္တိုင္းကို ဂ်ပန္အစိုးရက သတိထားကိုင္တြယ္ခဲ့ၿပီး မုန္တိုင္းအတြက္ ရန္ပုံေငြခ်ေပးခဲ့သလို ရဲတပ္ဖြဲ႕ မီးသတ္တပ္ဖြဲ႕ ကမ္းေျခေစာင့္တပ္ဖြဲ႕ႏွင့္ ကိုယ္ပိုင္ကာကြယ္ေရး တပ္ဖြဲ႕ဝင္ ၁၁၀ဝ၀ဝ ခန္႔က ရွာေဖြေရးႏွင့္ ကယ္ဆယ္ေရး လုပ္ငန္းေတြကို အခ်ိန္ျပည့္ေဆာင္႐ြက္ခဲ့ကာ တုံ႔ျပန္ခဲ့ပါတယ္။ဒီလို သဘာ၀ေဘးကို ဂ်ပန္မွာ ရင္ဆိုင္ေနရစဥ္မွာ အာရွက ႏိုင္ငံတစ္ခုျဖစ္တဲ့ ဖိလစ္ပိုင္ႏိုင္ငံမွာ ျပင္းအားႀကီးငလ်င္ လႈပ္ခတ္ခဲ့ပါတယ္။ေအာက္တိုဘာ ၁၆ ရက္ ေဒသစံေတာ္ခ်ိန္ ည ၇ နာရီ ၃၇ မိနစ္က ဖိလစ္ပိုင္ႏိုင္ငံေတာင္ပိုင္း မင္ဒါနာယိုကြၽန္းမွာ အင္အား ၆ ဒသမ ၄ အဆင့္ရွိ ငလ်င္လႈပ္ခဲ့ပါတယ္။

ငလ်င္က မင္ဒါနာယိုကြၽန္းကို ဦးတည္လႈပ္ခတ္ခဲ့ၿပီး ေျမေအာက္အနက္ အကြာအေဝး ၁၄ ကီလိုမီတာခန္႔အထိ ငလ်င္ျပင္းအား သက္ေရာက္ခဲ့လို႔ အနီးနားရွိ ၿမိဳ႕ႀကီးႏွစ္ၿမိဳ႕မွာပါ လႈပ္ခတ္ခဲ့ပါတယ္။ငလ်င္က ကုန္းေျမေပၚမွာ လႈပ္ခတ္ခဲတဲ့အတြက္  ဆူနာမီေရလႈိင္းအႏၲရာယ္ စိုးရိမ္မႈမရွိလို႔ သတိေပးခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ေဇာက္တိမ္ငလ်င္ေၾကာင့္ အထပ္ျမင့္အေဆာက္အအုံမ်ားမွ အရာဝတၳဳအက်ိဳးအပဲ့မ်ား ျပဳတ္က်လာခဲ့သလို လူရာေပါင္းမ်ားစြာ အထပ္ျမင့္ေတြကေန ေျပးထြက္လာရတာေတြ ရွိပါတယ္။ေနာက္ဆုံးသတင္းေတြအရ လူ ၆ ဦးေသဆုံးကာ ၉၃ ဦး ထိခိုက္ဒဏ္ရာရခဲ့ပါတယ္။ဒီလို အာရွမွာျဖစ္ေနသလို ကမာၻတစ္ဝန္း ေတာမီးေတြ ေလာင္ေနခဲ့ပါတယ္။

ေတာင္အေမရိကမွာ အေမဇုံေတာနဲ႔ ကာလီဖိုးနီးယား ေတာမီးေလာင္တာေတြကေန အင္ဒိုနီးရွား ေတာမီးေလာင္တာေတြထိ ျဖစ္ေနရာမွာ နာမည္ေက်ာ္ အင္ဒိုေတာမီးက ပတ္ဝန္းက်င္ ႏိုင္ငံေတြကို ထိခိုက္လို႔ သတိေပးမႈေတြ ျဖစ္ေနပါတယ္။ျပည္နယ္ေျခာက္ခုမွာ မီးေလာင္ေနသည့္ သို႔မဟုတ္ မီးေလာင္ႏိုင္တဲ့ ေနရာေပါင္း ၁၅၄၇ ခု ျဖစ္ေပၚခဲ့လို႔ မီးေလာင္မႈမ်ား ပိုမိုျဖစ္ေပၚေနလ်က္ရွိၿပီး ေလထုအရည္အေသြး ပိုမိုဆိုး႐ြားလာျခင္းေၾကာင့္ ျပည္နယ္မ်ားစြာရွိ စာသင္ေက်ာင္းမ်ားကိုလည္း ပိတ္ထားရတဲ့ အေျခအေနပါ။

အာရွမွာ ဒီလိုသဘာ၀ေဘးေတြ ျဖစ္ေနသလို ႏိုင္ငံေရးဆိုင္ရာ ပဋိပကၡေတြ အမ်ားႀကီးျဖစ္ခဲ့ပါတယ္။အင္ဒိုနီးရွား အစိုးရဝန္ႀကီးတစ္ဦးကို အိုင္အက္စ္ စစ္ေသြးႂကြအုပ္စုႏွင့္ ဆက္ႏႊယ္သည့္ စစ္ေသြးႂကြအုပ္စုဝင္ႏွစ္ဦးက ဓားျဖင့္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ သံသယရွိသူ ၂၀ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းထားခဲ့ၿပီး အင္ဒိုနီးရွားႏိုင္ငံ သမၼတ ဂ်ိဳကိုဝီဒိုဒို၏ ဒုတိယေျမာက္ သမၼတသက္တမ္း က်မ္းသစၥာက်ိန္ဆိုပြဲ အခမ္းအနားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္အင္အား ၃၁၀ဝ၀ ကို တပ္ျဖန္႔ခ်ထားဖို႔ ရွိေနပါတယ္။

ဒီလိုသတင္းေတြအျပင္ တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္း ဓာတုစက္႐ုံတစ္႐ုံမွာ ေပါက္ကြဲမႈျဖစ္ပြားလို႔ လူေလးဦးေသဆုံးၿပီး အျခားသူေျခာက္ဦး ဒဏ္ရာရရွိခဲ့တဲ့သတင္း၊ ဂ်ပန္ကင္းလွည့္ေရယာဥ္ႏွင့္ ေျမာက္ကိုရီးယား ငါးဖမ္းသေဘၤာတို႔ တိုက္ခဲ့မႈမွာ ေျမာက္ကိုရီးယားဘက္က ေလ်ာ္ေၾကးေငြ ေတာင္းဆိုတာကို ဂ်ပန္ဘက္က ျငင္းဆိုခဲ့တဲ့သတင္း၊ ေျမာက္ကိုရီးယားႏိုင္ငံ အျမင့္ဆုံးေတာင္ေပၚ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္ ျမင္းစီးေနတဲ့ပုံကို ထုတ္ျပန္ခဲ့တဲ့သတင္း၊ ထိုင္းေတာ္ဝင္မိသားစု၏ လုံၿခဳံေရးအဖြဲ႕အတြင္း တပ္ရင္းတပ္မႏွစ္ခုအား လႊဲေျပာင္းေပးခဲ့ျခင္းကို အတိုက္အခံ လႊတ္ေတာ္အမတ္မ်ားက ဆန္႔က်င္ကန္႔ကြက္ခဲ့တဲ့သတင္း၊ အိႏၵိယ ထိန္းခ်ဳပ္ရာ ကက္ရွ္မီးယားမွာ တိုက္ခိုက္မႈျဖစ္ပြားတဲ့အတြက္ လူသုံးဦး ေသဆုံးခဲ့တဲ့သတင္း၊ ေဆာ္ဒီအာေရဗ်ႏိုင္ငံ မီဒီနာၿမိဳ႕ေတာ္အနီး ဘတ္စ္ကားတစ္စီးႏွင့္ ယာဥ္ႀကီးတစ္စီးတို႔ ေခါင္းခ်င္းဆိုင္တိုက္မိခဲ့ရာ ႏိုင္ငံျခားသား ၃၅ ဦး ေသဆုံးၿပီး ေလးဦးဒဏ္ရာရရွိခဲ့တဲ့ သတင္းေတြလည္း ျဖစ္ခဲ့ပါတယ္။

ျပင္းထန္အရွိန္ျမင့္လာတဲ့ ကမာၻတစ္လႊား ဆႏၵျပမႈမ်ား

ယခုရက္သတၱပတ္သတင္းေတြထဲမွာ ေစာင့္ၾကည့္ခဲ့ရတဲ့ ေနာက္ထပ္သတင္းကေတာ့ ဆႏၵျပမႈသတင္းေတြပါဘဲ။အီေကြေဒါလို ေတာင္အေမရိကႏိုင္ငံကေန နယ္သာလန္၊ စပိန္ စတဲ့ ဥေရာပႏိုင္ငံေတြထိ ႏိုင္ငံေရးမတည္မၿငိမ္ျဖစ္မႈေတြက ဒုနဲ႔ေဒးပါဘဲ။

အီေကြေဒါမွာ အျပည္ျပည္ဆိုင္ရာ ေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF) ကေန ေခ်းေငြ အေမရိကန္ေဒၚလာ ၄ ဒသ မ ၂ ဘီလ်ံရဖို႔  အီေကြေဒါအစိုးရက ၿခိဳးၿခံေခြၽတာေရး အစီအစဥ္တစ္ခုအျဖစ္ ေအာက္တိုဘာ ၁ ရက္ကေနစၿပီး ဓာတ္ဆီႏွင့္ ဒီဇယ္ေဈးႏႈန္းမ်ား၊ အမ်ားျပည္သူယာဥ္စီးခမ်ား တိုးျမႇင့္သည့္ သမၼတအမိန္႔ေၾကာင့္ ေအာက္တိုဘာ ၃ ရက္မွ ၁၃ ရက္အထိ အီေကြေဒါႏိုင္ငံ၌ ဆႏၵေဖာ္ထုတ္မႈမ်ား ျဖစ္ပြားခဲ့ရာမွာ ဆႏၵျပပြဲမ်ားေၾကာင့္ ေျခာက္ဦးေသဆုံးခဲ့ကာ ဒဏ္ရာရသူ ၁၃၄၀ ဦးရွိခဲ့ၿပီး အခ်ိဳ႕က စိုးရိမ္ရတဲ့အေျခအေနပါ။ဆႏၵျပသူ ၁၁၉၂ ဦးကို အစိုးရက ဖမ္းဆီးထိန္းသိမ္းခဲ့ပါတယ္။ဆန္႔က်င္ဆႏၵျပမႈမ်ားေၾကာင့္ ဆုံးရႈံးနစ္နာရမႈမွာ ခန္႔မွန္းေျခအားျဖင့္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံ ရွိတယ္ ဆိုပါတယ္။

အာဏာပိုင္ေတြနဲ႔ ဆႏၵျပေခါင္းေဆာင္ေတြ ေတြ႕ဆုံၿပီး ျပည္သူအမ်ားစု တတ္ႏိုင္တဲ့ ေလာင္စာဆီေဈးႏႈန္း သတ္မွတ္မယ့္ အစီအစဥ္သစ္တစ္ခု လုပ္ေဆာင္ဖို႔ အစိုးရတာဝန္ရွိသူမ်ားႏွင့္ ဆႏၵျပေခါင္းေဆာင္မ်ားက သေဘာတူခဲ့ၿပီးေနာက္မွာ အီေကြေဒါသမၼတ လီနင္မိုရန္ႏို က အမိန္႔ကို႐ုပ္သိမ္းဖို႔ သေဘာတူခဲ့ပါတယ္။

စပိန္ႏိုင္ငံ ဘာစီလိုနာမွာ ေအာက္တိုဘာ ၁၄ ရက္က ကာတာလိုးနီးယားေဒသ ခြဲထြက္ေရးအတြက္ လႈပ္ရွားခဲ့ၾကတဲ့ ကတ္တလန္ေခါင္းေဆာင္ ၁၂ ဦးကို ေထာင္ဒဏ္အသီးသီး ခ်မွတ္ခဲ့ၿပီးေနာက္မွာ ေထာင္ႏွင့္ခ်ီတဲ့ ဆႏၵျပျပည္သူမ်ားက ေျခာက္ရက္အတြင္း ရဲမ်ား၊ အေဆာက္အဦးမ်ားနဲ႔ ကားေတြကို ေက်ာက္တုံးမ်ားျဖင့္ ပစ္ေပါက္ျခင္း၊ မီးတုတ္မ်ားျဖင့္ မီးရႈိ႕ျခင္းတို႔ ျပဳလုပ္ခဲ့ၾကလို႔ ေဒသတြင္းအေျခအေနက ဆိုး႐ြားလာခဲ့ပါတယ္။စပိန္ႏိုင္ငံအတြင္းမွ ခြဲထြက္ရန္ ႀကိဳးပမ္းေနေသာ ကာတာလန္ေဒသရွိ ခြဲထြက္ေရးလႈပ္ရွားမႈမ်ားကို လုံၿခဳံေရးအင္အား အသုံးျပဳကာ တားဆီးမည္ဟု စပိန္ ျပည္ထဲေရးဝန္ႀကီးက ေျပာခဲ့ပါတယ္။

ဘာစီလိုနာႏွင့္ အျခား ကတ္တလန္ၿမိဳ႕ေတြမွာ ဆႏၵျပျပည္သူမ်ားႏွင့္ ရဲတပ္ဖြဲ႕တို႔အၾကား ႐ုန္းရင္းဆန္ခတ္ ျဖစ္ပြားခဲ့မႈအတြင္း အမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး အမ်ားအျပား ဖမ္းဆီးထိန္းသိမ္းခံခဲ့ရပါတယ္။ေျခာက္ရက္ၾကာ ျဖစ္ပြားၿပီးေနာက္ အတိုက္အခံေခါင္းေဆာင္မ်ားက စပိန္အစိုးရနဲ႔ ေဆြးေႏြးပြဲအသစ္ ျပန္လုပ္ဖို႔ ဆႏၵရွိေနပါတယ္။အဓိကအခ်က္ျဖစ္တဲ့ ခြဲထြက္ခြင့္ကို ရယူဖို႔ ဆႏၵခံယူပြဲလုပ္ဖို႔က အတိုက္အခံေတြဘက္က ေတာင္းဆိုမႈျဖစ္သလို စပိန္အစိုးရဘက္က ခြင့္ျပဳဖြယ္မရွိတဲ့အတြက္ ဒီျပႆနာကို ဒီထက္ပိုျပင္းထန္လာမွာကို ေတြ႕ရဖြယ္ရွိေနပါတယ္။နယ္သာလန္ႏိုင္ငံမွာေတာ့ လယ္သမားေတြက အမ္စတာဒမ္ႏွင့္ ဆက္သြယ္ထားတဲ့ အေဝးေျပးလမ္းမ်ားေပၚတြင္ ထြန္စက္မ်ား တန္းစီရပ္နားၿပီး အစိုးရကို ဆႏၵျပေနၾကပါတယ္။

အာရွမွာလဲ ေဟာင္ေကာင္ျပႆနာက မၿပီးျပတ္ေသးသလို  ေအာက္တိုဘာ ၁၆ ရက္က ျပဳလုပ္တဲ့ ေဟာင္ေကာင္ ပါလီမန္လႊတ္ေတာ္ အစည္းအေဝးကိုလည္း တစ္ပိုင္းတစ္စ ရပ္တန႔္ခဲ့ရပါတယ္။ဒါ့အျပင္ ေဟာင္ေကာင္ ပါလီမန္လႊတ္ေတာ္ အေဆာက္အအုံအျပင္ဘက္မွာ တက္ႂကြလႈပ္ရွားသူမ်ားက ခ်ီတက္စုေဝးခဲ့ၾကပါတယ္။အေရွ႕အလယ္ပိုင္းျဖစ္တဲ့ လက္ဘႏြန္မွာလည္း ကုန္ေဈးႏႈန္းျမင့္တက္မႈႏွင့္ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္လာတဲ့အတြက္ အေျပာင္းအလဲျပဳလုပ္ရန္ ဆႏၵျပသူမ်ားက ေဘ႐ြတ္ၿမိဳ႕ရွိ အစိုးရ႐ုံးမ်ားကို ဝိုင္းပတ္ပိတ္ဆို႔ကာ ဆႏၵျပလ်က္ရွိသည့္အျပင္ လမ္းမ်ားမွာ ကားတာယာေတြကို မီးရႈိ႕ၿပီး  ပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ၾကပါတယ္။အီရတ္ႏိုင္ငံမွာေတာ့ ယခုလဆန္းပိုင္းကတည္းက ျဖစ္ပြားခဲ့တဲ့ လက္ရွိအစိုးရအဖြဲ႕ ႏုတ္ထြက္ေပးရန္ ေတာင္းဆိုေသာ ဆႏၵျပမႈမ်ားေၾကာင့္ ေသဆုံးသူ ၁ဝ၀ ေက်ာ္ႏွင့္ ဒဏ္ရာရရွိသူ ၆ဝဝဝ ေက်ာ္ခန္႔ ရွိေနၿပီျဖစ္ပါတယ္။

ဒီလိုဆႏၵျပမႈသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ ေတာင္ကိုရီးယားအေျခစိုက္ Dark အမည္ရွိ ဝက္ဘ္ဆိုက္ကို စစ္ေဆးၿပီး တစ္ကမာၻလုံးရွိ လူေပါင္းတစ္ရာေက်ာ္ကို ဖမ္းဆီးခဲ့တဲ့သတင္း၊ တူရကီဘက္မွ ေ႐ႊ႕ေျပာင္းအေျခခ်သူမ်ား နယ္စပ္ကို ေရာက္ရွိလာပါက စစ္အင္အားသုံးၿပီး ဟန္ေဂရီက တားဆီးမယ့္သတင္း၊ နာမည္ဆိုးနဲ႔ ေက်ာ္ၾကားခဲ့တဲ့ မကၠဆီကို မူးယစ္ရာဇာ အယ္လ္ခ်ာပို ရဲ႕ သားကို ဖမ္းမိၿပီး ျပင္းထန္တဲ့တိုက္ပြဲေတြေၾကာင့္  ျပန္လႊတ္ေပးခဲ့ရတဲ့ သတင္းေတြ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာသတင္း သုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။

မင္းထက္
ေအာက္တိုဘာ - ၂၁