【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့ ဒုတိယလှိုင်းနှင့် ရန်သူများအကြား မဟာမိတ်ဖွဲ့ခြင်း

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ပြင်းထန်လာတဲ့ ဒုတိယလှိုင်းနှင့် ရန်သူများအကြား မဟာမိတ်ဖွဲ့ခြင်း

ယခုရက်သတ္တပတ်အတွင်း နိုင်ငံတကာသတင်းတွေထဲမှာ စိတ်ဝင်စားစရာသတင်းတွေ ဖြစ်ခဲ့ပါတယ်။အထူးသဖြင့် ကျန်းမာရေးဆိုင်ရာကပ်ဘေးဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်း အရှိန်ပြင်းထန်လာမှုနဲ့ မာလီစစ်အာဏာသိမ်းမှု၊ ထိုင်းဆန္ဒပြမှုသတင်းတွေ၊ အစ္စရေးနဲ့ ယူအေအီးပုံမှန် သံတမန်ဆက်သွယ်မှုထူထောင်ခဲ့တဲ့အတွက် အရှေ့အလယ်ပိုင်းတစ်ခွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သတင်းတွေနဲ့ နိုင်ငံတကာက စော့ကြည့်နေရတဲ့ တရုတ်-အမေရိကန် တင်းမာမှုအခြေအနေ သတင်းတွေက ယခုရက်သတ္တပတ်ရဲ့ စောင့်ကြည့်ခဲ့ရတဲ့သတင်းတွေ ဖြစ်ခဲ့ပါတယ်။
 
စောင့်ကြည့်နေရဆဲ နိုင်ငံတကာတင်းမာမှုများ
 
ဝါရှင်တန်၏ ထိပ်တန်းလက်နက်ထိန်းချုပ်ရေး စေ့စပ်ညှိနှိုင်းရေးမှူးကို Nikkei သတင်းဌာနက အင်တာဗျူးတစ်ခု ယခုရက်ထဲမှာပြုလုပ်ခဲ့ရာမှာ အမေရိကန်နိုင်ငံအနေနဲ့ အာရှရှိ မဟာမိတ်နိုင်ငံများနဲ့ တာလတ်ပစ်ဒုံးကျည်များ တပ်ဖြန့်ရေးကို ဆွေးနွေးနေတယ်ဆိုတဲ့အတွက် အရှိန်လျော့ကျလာတဲ့ တရုတ်-အမေရိကန် တင်းမာမှုက ပြန်လည်အရှိန်တင်လာဖို့ ဖြစ်လာခဲ့ပါတယ်။အမေရိကန်အနေနဲ့ တရုတ်ကို ကာလရှည်ထိန်းချုပ်ထားနိုင်ဖို့ စဉ်းစားပြီးဆိုတာကို ဒီဆွေးနွေးနေမှုတွေက ပြနေတဲ့အတွက် တရုတ်နိုင်ငံပတ်လည်က နိုင်ငံတွေအတွက် ဒါဟာပြဿနာတစ်ခုပါဘဲ။ 
 
အမေရိကန်အနေနဲ့ တရုတ်ရဲ့ခြိမ်းခြောက်မှုကို ဝန်းရံပိတ်ဆို့တဲ့နည်းနဲ့ တန်ပြန်ဖို့ဆိုတာ အမေရိကန်မဟာမိတ် တရုတ်ပတ်ဝန်းကျင်က အာရှနိုင်ငံတွေအတွက် ပြဿနာပါ။အမေရိကန်အတွက် ဒီလိုတာလတ်ပစ်ဒုံးကျည်များ တပ်ဖြန့်ရေး ဆွေးနွေးနေရတာကလဲ တရုတ်မှာ ခန့်မှန်းထားတာထက်ပိုနိုင်တဲ့ နျူကလီးယားလက်နက် အရေအတွက်ကြောင့်ပါဘဲ။အထူးသဖြင့် အမေရိကန်က အာရှအရှေ့ဖျားဒေသမှာ ကီလိုမီတာ ၁၀၀၀ အကွာအဝေးအထိ ပစ်ခတ်နိုင်တဲ့ နျူကလီးယားမဟုတ်သော တာလတ်ပစ် မြေပြင်ပစ် ခရုဇ်ဒုံးကျည်များကို တပ်ဖြန့်ထားနေချင်တာပါ။ဒီနေရာမှာ အမေရိကန်အနေနဲ့ အာရှအရှေ့ဖျားက မဟာမိတ် ဂျပန်နဲ့ တောင်ကိုရီးယား၊ ထိုင်ဝမ်တို့မှာ အဓိကခြေစိုက်ထားချင်နေတာဖြစ်ပြီး အရှေ့တောင်အာရှက ထိုင်းလိုနိုင်ငံတွေအထိ ဖြန့်ချထားခြင်းအားဖြင့် အင်အားကြီးတရုတ်ကို ဟန့်တားထားခြင်တာပါ။ဒီအတွက်လည်း တရုတ်ဘက်က ကန့်ကွက်နေတဲ့ကြားထဲကနေ ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၆၂ ဘီလီယံတန်ဖိုးရှိ F-16 တိုက်လေယာဉ်များ ဝယ်ယူခွင့်ကို ယခုရက်ထဲမှာဘဲ သဘောတူညီချက်ပေးခဲ့တာကိုလည်း တွေ့ရပါတယ်။
 
ဒါ့အပြင် တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတွေကနေ တီထွင်ထုတ်လုပ်လာတဲ့ ခေတ်မီဒုံးလက်နက်တွေကိုလည်း ခြေရာခံစူးစမ်းနိုင်ဖို့ ကမ္ဘာပတ်လမ်းကြောင်း အနိမ့်ပိုင်းမှာ အသေးစားဂြိုဟ်တုကွန်ရက်တစ်ခုကို ဖြန့်ကြက်ထားဖို့ အမေရိကန်နဲ့ ဂျပန်က စီစဉ်နေပါသေးတယ်။ဒီအစီအစဉ်က အမေရိကန်ဒေါ်လာ ကိုးဘီလီယံကျော်အထိ ကုန်ကျနိုင်ပြီး ယခုနှစ်လယ်မှာ လုပ်ငန်းစတင်အကောင်အထည်ဖော်တော့မှာပါ။ 
 
ဒီအသေးစားဂြိုဟ်တုကွန်ရက်ထဲမှာ အနီအောက်ရောင်ခြည် အာရုံခံကိရိယာပေါင်း ၂၀၀ တပ်ထားသည့် အသေးစားဂြိုဟ်တုပေါင်း ၁၀၀၀ ကျော်ကိုလွှတ်တင်ရန် လျာထားပြီး အသေးစားဂြိုဟ်တုတစ်လုံးအတွက် ကုန်ကျစရိတ်မှာ ဒေါ်လာငါးသန်းဝန်းကျင်ထိ ရှိတယ်ဆိုပါတယ်။ဒီလိုကြီးမားပြီး ကုန်ကျစရိတ်ကြီးမားတဲ့ကွန်ရက်ကို လုပ်ဆောင်ရတာလဲ အမေရိကန်မှာ အကြောင်းတရားရှိပါတယ်။လက်ရှိ တရုတ်မှာ ဂျပန်ထိပစ်လွှတ်နိုင်သော တာလတ်ပစ်ဒုံးကျည်ပေါင်း ၂၀၀၀ ခန့်ရှိသလို နျူကလီးယားထိပ်ဖူး ရာပေါင်းများစွာ ပိုင်ဆိုင်ထားတယ်လို့ ယုံကြည်ထားပြီး နောက်ဆယ်စုနှစ်မှာ အခုအရေအတွက်ထက် နှစ်ဆကျော်ရှိလာနိုင်တယ်ဆိုပြီး အမေရိကန်နဲ့ ဂျပန်တို့က တွက်ဆထားသလို တခြားတစ်ခုက အနာဂတ်မှာပိုင်ဆိုင်ဖို့ အပြိုင်အဆိုင်ကြိုးစားနေတဲ့ တရုတ်၊ ရုရှားနှင့် မြောက်ကိုရီးယား နိုင်ငံတွေက ထုတ်လုပ်တီထွင်လာမယ့် ပင်လယ်ရေမျက်နှာပြင် အမြင့် အနိမ့်ပိုင်းကနေ ပျံသန်းနိုင်တဲ့ မြန်နှုန်းမြင့်ဒုံးကျည်တွေကို ထောက်လှမ်းနိုင်ဖို့ပါဘဲ။
 
လက်ရှိမှာ သမာရိုးကျဒုံးကျည်တွေကို ဆန်းပြားကွဲထွက်စွာ မြောက်ကိုရီးယားက စမ်းသပ်ပြနေသလို ရုရှားနဲ့ တရုတ်ဘက်မှာလည်း ယခင်ကထက် ပိုခေတ်မီတဲ့ ဟိုက်ပါဆောနစ်အသံထက်မြန်တဲ့ဒုံးတွေကို တည်ဆောက်စမ်းသပ်တဲ့ အဆင့်ကနေ တပ်ဆင်တဲ့အထိ ရောက်လာပြီဖြစ်လို့ အမေရိကန်နဲ့ အနောက်အုပ်စုအတွက် စိုးရိမ်စရာပါ။ရုရှားအပြင် တရုတ်ဘက်ကလည်း အမေရိကန်ရဲ့အင်အားကို ကာပြန်ဖို့ အာဖရိကအထိ စစ်ရေးတိုးချဲ့တည်ဆောက်နေတာတွေ ရှိတယ်ဆိုပါတယ်။၂၀၁၃ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ အာဖရိက ဦးချိုဒေသမှာရှိတဲ့ ဂျီဘူတီနိုင်ငံမှာ ရှိပြီးသား တရုတ်ရေတပ်အခြေစိုက်စခန်းကို ယခုနှစ်ပိုင်းမှာ တိုးချဲ့နေတယ်ဆိုပြီး အမေရိကန်ဘက်က သံသယရှိနေလို့ စောင့်ကြည့်တာတွေရှိပါတယ်။ 
 
ဟောင်ကောင် တိုင်ဝမ် ပြဿနာအပြင် ကုန်သွယ်ရေးနဲ့ ဗိုင်းရပ်စ်ပြဿနာတွေကြောင့် လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အမေရိကန်နဲ့ တရုတ်အကြားမှာ နှစ်ဘက်လုံးက တင်းမာမှုလျော့ကျအောင် လုပ်နေတာတွေလည်းရှိပါတယ်။ယခုရက်ထဲမှာ အမေရိကန်နဲ့ တရုတ်ကြား ပြေးဆွဲနေတဲ့ လေကြောင်းလိုင်းနှစ်လိုင်းကို အမေရိကန်သယ်ယူပို့ဆောင်ရေးဌာနက တစ်ပတ်ကို ခရီးစဉ်ရှစ်ကြိမ်အထိ တိုးချဲ့ပြေးဆွဲဖို့ ခွင့်ပြုခဲ့ပါတယ်။ဒီလိုပြေးဆွဲမှုကြောင့် နှစ်နိုင်ငံအကြား အပတ်စဉ် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ပြေးဆွဲနိုင်ခဲ့မှာ ဟိုဘက် ဒီဘက်မှာ ဗိုင်းရပ်စ်ဖြစ်ကတည်းက ပိတ်မိနေတဲ့ နှစ်ဘက်နိုင်ငံသားတွေနဲ့ အခြားကိစ္စတွေပါ အတော်လေးအဆင်ပြေနိုင်မယ့် အနေအထားပါ။ဒီအတွက် ဆွေးနွေးပွဲတွေပြန်စဖြစ်မလားဆိုတဲ့ မှန်းဆမှုတွေလည်းရှိနေခဲ့သလို တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မကြာခင် အမေရိကန်နဲ့ တရုတ် ဆွေးနွေးပွဲတွေ ပြန်စလာစရာရှိတယ်ဆိုတဲ့အတွက် ဘာတွေဖြစ်လာနိုင်မလဲဆိုတာ စောင်ကြည့်ရဦးမှာဖြစ်ပါတယ်။
 
ပြင်းထန်လာတဲ့ ဒုတိယလှိုင်း 
 
ယခုရက်ထဲ သတင်းတွေထဲမှာ သတိထားမိတာက ဗိုင်းရပ်စ်ကူးစက်မှုနူန်းက ယခင်ကထက် တောက်လျှောက်တက်လာတာကိုပါဘဲ။
အချိန်တန်ရင် ပျောက်ကွယ်သွားမယ်လို့ထင်ထားကြတဲ့ ဗိုင်းရပ်စ်က မျိုးကွဲတွေဖြစ်လာသလို ကူးစက်မှုကလည်း ယခင်ထက် ဆယ်ဆမြန်လာခဲ့တဲ့အတွက် ဥရောပ၊ အာရှနဲ့ အမေရိကမှာ ကူးစက်မှုနူန်းကလျော့မကျလာဘဲ ပိုပြီးတိုးပွားလာခဲ့ပါတယ်။လက်ရှိမှာ တစ်ကမ္ဘာလုံး ကူးစက်ခံရသူ ၂၃ သန်းနီးပါးရှိနေခဲ့ပြီး သေဆုံးသူ ၈ သိန်းနီးပါးရှိလာခဲ့တဲ့အတွက် ဗိုင်းရပ်စ်ကူးစက်မှုက ကြောက်စရာလန့်စရာအခြေအနေ ဖြစ်လာပါတယ်။ 
 
အင်ဒိုနီးရှားမှာဆိုရင် မြင့်တက်လာတဲ့ ပင်လယ်ရေမျက်နှာကြောင့် မဖြစ်မနေရွှေ့ပြောင်းဖို့လုပ်မယ့် မြို့တော်ဂျကာတာကို ဘော်နီယိုကျွန်းသို့ ရွှေ့ပြောင်းရေးကို ဆိုင်းငံ့ထားရတဲ့အထိပါဘဲ။ဒီတစ်ပတ်ထဲမှာဘဲ ဒီစီမံကိန်းကို ကိုင်ထားတဲ့ အင်ဒိုစီမံဝန်ကြီးက ကူးစက်ကပ်ရောဂါဘေးကြောင့် လာမည့် ၂၀၂၂ ဒါမှမဟုတ် ၂၀၂၃ အထိ ရွှေ့ပြောင်းရဖွယ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
စာရင်းတွေအရဆိုရင် ဩဂုတ် ၂၁ ရက် နံနက်ပိုင်းအထိ ကူးစက်ခံရသူ တစ်သိန်းခွဲနီးပါးထိရှိနေသလို သေဆုံးသူကလည်း ခြောက်ထောင့်ငါးရာနီးပါးရှိနေတာပါ။အာရှမှာဆိုရင် ကူးစက်ရောဂါကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရတာ အိန္ဒိယပါ။လူဦးရေ ၁.၄ ဘီလျံရှိသော အိန္ဒိယသည် ကမ္ဘာပေါ်တွင် လူဦးရေဒုတိယအများဆုံးနိုင်ငံဖြစ်နေပြီး ရောဂါပိုးကူးစက်ခံရသူအရေအတွက် ၃ သန်းနားကပ် လာပြီဖြစ်သလို တစ်ရက်အတွင်းကူးစက်မှုကလည်း ခုနှစ်သောင်းအထိရှိခဲ့သလို အမေရိကန်၊ ဘရာဇီး၊ မက္ကဆီကိုပြီးရင် သေဆုံးသူအရေအတွက်မှာ စတုတ္ထမြောက်အများဆုံးနိုင်ငံဖြစ်လာပါတယ်။လက်ရှိမှာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အိန္ဒိယမှာ ငါးသောင်းခွဲရှိနေပါတယ်။                          
 
မတ်လနှောင်းပိုင်းက အိန္ဒိယနိုင်ငံအနှံ့ Lockdown ချခြင်းကို ဆောင်ရွက်ခဲ့ပေမယ့် မေလတွင် Lockdown ကို စတင်ဖြေလျှော့ပေးခဲ့ရာကနေ ကူးစက်မှုက ထိန်းမနိုင်သိမ်းမရဖြစ်ခဲ့တာပါ။တစ်ခုရှိတာက အိန္ဒိယမှာ ကူးစက်မှုစစ်ဆေးနူန်းကမြင့်ပြီး တစ်ရက်ကို လူ ၉ သိန်းထိစစ်ဆေးနေရာမှာ ယခုထိ ကူးစက်ရောဂါ ရှိ/မရှိ စစ်ဆေးပြီးသူ ၃ သန်းအထိ စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
ဒီလိုကူးစက်နေပေမယ်လည်း စီးပွားရေးက အရေးကြီးနေတဲ့အတွက် နယူးဒေလီတွင် အပတ်စဉ်ဖွင့်လှစ်သော ဈေးများနှင့် ဟိုတယ်များကိုပြန်ဖွင့်ဖို့ အာဏာပိုင်တွေက ညွှန်ကြားထားသလို လုပ်ငန်းအချို့လည်း ပြန်လည်လုပ်ကိုင်စပြုနေပါတယ်။
 
နိုင်ငံတွေအဖို့ ကြာရှည်လာတဲ့ ဗိုင်းရပ်စ်ကူးစက်မှုကို တုံ့ပြန်ရာမှာ ပြည်တွင်းစီးပွားရေးပြိုလဲမှာကိုလဲ စိုးရိမ်နေရတဲ့အတွက် သတိထားကိုင်တွယ်နေရပါတယ်။ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်ခဲ့ခြင်းကြောင့် အချို့နိုင်ငံများမှာ ကန့်သတ်ထိန်းချုပ်မှုများ ပြန်လည်မြင့်တက်ခဲ့ရသလို ကာကွယ်ဆေးရရှိရန် ကြိုးပမ်းမှုကိုလည်း အရှိန်မြှင့်ခဲ့ကြပါတယ်။ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာသော နိုင်ငံတွေထဲမှာ ယခင်က ဗိုင်းရပ်စ်ကိုထိန်းချုပ်ထားနိုင်ဖွယ်ရှိတဲ့ ဗီယက်နမ်ကဲ့သို့ နိုင်ငံများပါဝင်ခဲ့သလို ကျန်းမာရေးပညာရှင်တွေက အာရှ-ပစိဖိတ်မှာ ကူးစက်မှုအဆင့်သစ် အခြေအနေတစ်ရပ်သို့ ဝင်ရောက်နေတယ်လို့ သတိပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။ 
 
တောင်ကိုရီးယားမှာဆိုရင် အသစ်ကူးစက်မှု၏ ၉၀ ရာခိုင်နှုန်းနီးပါးက မြို့တော်ဆိုးလ်နှင့် ပတ်ဝန်းကျင်အရပ်တွေဖြစ်နေလို့ လူဦးရေ ၂၅ သန်းကျော် နေထိုင်တဲ့ နယ်နမိတ်အတွင်း ဗိုင်းရပ်စ်တဟုန်ထိုးကူးစက်လာမယ့်ဘေးကို  စိုးရိမ်ပူပန်မှုမြင့်တက်နေပြီး ယင်းဧရိယာထဲက ကူးစက်နိုင်ခြေမြင့်သည့် ဘုရားကျောင်းတွေ့ဆုံပွဲတွေ၊ နိုက်ကလပ်နဲ့ ကာရာအိုကေဘားတွေ၊ ဆိုက်ဘာကဖေးများကဲ့သို့ နေရာတွေကိုပိတ်ထားဖို့ အစိုးရကညွှန်ကြားထားရတဲ့အထိပါဘဲ။အာဏာပိုင်တွေက နိုင်ငံတစ်ဝန်း ကူးစက်မှုလှိုင်းကျရောက်နိုင်တဲ့ အခြေအနေရှိတဲ့အတွက် သတိပေးချက်ကို ထုတ်ထားရတဲ့အထိပါဘဲ။ 
 
ကူးစက်ရောဂါက အာရှတွင်မကပါဘူး။အမေရိကမှာလည်း ပြင်းထန်နေဆဲပါ။ဩဂုတ် ၂၁ ရက်အထိ စာရင်းတွေအရ အမေရိကန်မှာ ကူးစက်ခံရသူ ၅ ဒသမ ၇ သန်းရှိကာ သေဆုံးသူ တစ်သိန်းခုနှစ်သောင်းကျော် ရှိလာပါတယ်။မက္ကဆီကိုဆိုရင် ကူးစက်ခံရသူ ငါးသိန်းခွဲနီးပါးရှိပြီး သေဆုံးသူက ခြောက်သောင်းထိရှိလာခဲ့လို့ ရုရှားကထုတ်မယ့် Sputnik V ကို သူ့နိုင်ငံမှာ နောက်ဆုံးအဆင့်ကို လာစမ်းသပ်ဖို့ အစိုးရအဖွဲ့ကိုယ်တိုင် ဖိတ်ခေါ်ခဲ့ရတဲ့အထိပါဘဲ။အာရှနိုင်ငံတွေထဲမှာဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်မှာ ကူးစက်ခံရသူ သုံးသိန်းနီးပါးစီထိ ရှိလာခဲ့တာပါ။ 
 
လတ်တလောမှာ ကုသကာကွယ်ဆေးက ထွက်ပေါ်လာဖို့နီးစပ်နေပါပြီ။ဒါပေမယ့် ဗိုင်းရပ်စ်က မျိုးကွဲတွေကလည်း ထွက်လာတဲ့အတွက် ယခင်ကထက် ကူးစက်မှုကမြန်ဆန်လာသလို ကပ်ရောဂါဖြစ်မှု အချိန်ကာလကလည်း ကြာလာတာနဲ့အမျှ လူတွေသတိထားမှုလျော့ကျကာ ပေါ့ဆလာတဲ့အတွက် တစ်ကျော့ပြန်ကူးစက်ကပ်ဘေးက တဖြည်းဖြည်းတိုးဝင်လာတာ လန့်စရာပါ။ပေါ့ပေါ့ဆဆနေတတ်တဲ့ လူတွေနဲ့ စီးပွားရေးတွေပြန်နှိုးဖို့ အားသန်နေတဲ့ အာဏာပိုင်တွေကြောင့် ဘယ်လောက်ထိ လူတွေကို ကူးစက်ရောဂါက ထိခိုက်နစ်နာစေဦးမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ 
 
အာဏာသိမ်းမှုနှင့် လှုပ်လှုပ်ခတ်ခတ်
 
ယခုရက်သတ္တပတ်ထဲမှာ နိုင်ငံတကာမှာ ဆန္ဒပြမှုတွေ ၊အာဏာ သိမ်းမှု တွေ၊ ရွေးကောက်ပွဲ့ကြောင့် အတိုက်အခံခေါင်းဆောင် ပြည်ပကို ထွက်ပြေးရတာတွေ ရှိခဲ့ပါတယ်။ မြန်မာနဲ့ အိမ်နီး ချင်းထိုင်းမှာဆိုရင် ကျောင်း သားတွေက ဦးဆောင်ပြီး ထိုင်းဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးကို ဆန္ဒပြမှုတွေ ဖြစ်ခဲ့သလို နေ့စဉ်နီးပါး ကျောင်း များမှာ နံနက်တိုင်း နိုင်ငံတော် သီချင်းဖွင့်ထားစဉ် ကျောင်းသားများက လက်သုံးချောင်းထောင်သည့်ပုံစံနဲ့ စစ်အစိုး ရ နှင့် ဆက်နွှယ်သောအစိုးရကို ဆန့်ကျင်တဲ့ သင်္ကေတ ပြုလုပ်ခဲ့တာက အထက်တန်းကျောင်းများကို ပျံ့နှံ့သွား ခဲ့ပါတယ်။ နောက်မှာ ဒီလို ဆန္ဒထုတ်မှုက အားကောင်းလာပြီး သြဂုတ် ၁၆  ဘန်ကောက်မှာ ပြုလုပ်ခဲ့တဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြမှုမှာ ပါဝင်သူက ၁၀၀၀၀ ကျော်လာခဲ့ပြီး  ဒီပွဲကို  အာဏာပိုင်တွေက နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် စွဲချက်များစွာဖြင့် ဖမ်းဆီးထောင်ချဖို့ ကြိုးစားခံရတဲ့ ထိုင်းကျောင်း သား ပါရစ်ချီဝါရတ်က တက်ရောက်ခဲ့ကာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆက်လက်အရေးဆိုသွားမည် လို့ ပြော ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြီးမားဆုံး ဆန္ဒပြပွဲများဖြစ်ခဲ့တဲ့ ဗန်ကောက် ကျောင်း သား ဆန္ဒပြပွဲမှာ ပရာယွတ်အား ရာထူးမှနုတ်ထွက်ပေးရန်၊ ထိုင်းဘုရင် စနစ်၏ အခန်း ကဏ္ဍအား ပွင့်ပွင့် လင်းလင်းဆွေးနွေးကြရန် တောင်းဆိုခဲ့သလို သြဂုတ် ၁၆ ဆန္ဒပြမှုများအပြီး မှာ  ‘ အာဏာရှင်စနစ် ဆန့်ကျင်သော ဖဲကြိုးဖြူ တပ်ဆင်ကြ’လို့  အမည်ပေးတဲ့ လှုပ်ရှားမှုလည်း စတင်လာခဲ့ပါတယ်။ ဆန္ဒပြမှုတွေနောက်မှာ နောက်ကွယ်က လူတွေကို ထိုင်းရဲတပ်ဖွဲ့က လိုက်လံဖြိုခွဲကာ ဆန္ဒပြပွဲဦးဆောင်ပါဝင်တဲ့ လူ ၁၅ ဦးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ 
 
ဘီလာရပ်စ်မှာတော့ သြဂုတ် ၉ ရက်က ရွေးကောက်ပွဲကျင်းပခဲ့ရာမှာ ရလဒ်တွေနဲ့ ပတ်သက်ပြီး အများပြည်သူ အတွက် ဒေါသထွက်စရာဖြစ်ခဲ့သလို အတိုက်အခံတွေအတွက်လည်း ခံပြင်းစရာဖြစ်ခဲ့ပါတယ်။ ရလဒ်ထုတ်ပြန်ချက်က  ဖြစ်နိုင်စရာမရှိဘဲ လက်ရှိသမ္မတလူကာရှန်ကိုက ထောက်ခံမှု ၈၀ ရာခိုင်နှုန်းကျော် ရရှိခဲ့တယ်ဆိုတဲ့အတွက် ဘီလာရုစ်မှာ ဆယ်ရက်ကြာ လမ်းပေါ်ထွက်ကန့်ကွက်ဆန္ဒပြ သူများနှင့် သပိတ်မှောက်ခြင်းများ ဖြစ်ပေါ်လာခဲ့ပါတယ်။ အကြီး အကျယ်မဲလိမ်လည်မှုများ ဖြစ် ပေါ်ခဲ့တယ်ဆိုတဲ့ ရွေးကောက်ပွဲအလွန်ဆန္ဒ ပြပွဲများမှာ ဆန္ဒပြသူနှစ်ဦးသေ ဆုံးခဲ့ပြီး ရာနှင့်ချီသောဆန္ဒပြသူများနဲ့ ရဲတပ်ဖွဲ့အကြား ပဋိပက္ခများဖြစ်ခဲ့ကာ နောက်ပိုင်းမှာ အတိုက်အခံတွေဘက်က အတိုက်အခံ ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီကိုဖွဲ့စည်းခဲ့ပါတယ်။ ဒီလိုဖွဲ့စည်းတာကို လူကာရှန်ကိုက ဒါအာဏာသိမ်းဖို့ကြိုးစားတယ်ဆိုပြီး ဖမ်းဆီးသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ အတိုက်အခံခေါင်းဆောင် မစ္စစ် တစ်ဟာနော့ စကာယာက လစ်သူယေးနီးယားကို ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမယ့် ဘီလာရပ်စ်မှာ အခြေအနေတွေက မငြိမ်သက်သေးပါဘူး။  စောင့်ကြည့်နေရဆဲအခြေအနေပါ။ 
 
အာဖရိကမှာရှိတဲ့ မာလီမှာတော့ စစ်တပ်က လက်ရှိရွေးကောက်ခံထားရတဲ့ သမ္မတ အေဘရာဟင် ဘော်ဘာကာကီ တာအပါအဝင် အစိုးရအဖွဲ့ဝင်တွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။  သမ္မတတာကီ တာနှင့် ဝန်ကြီးချုပ်ဘော်ဘူစီစီတို့ကို မြို့တော် ဘာမာကိုအနီးရှိစစ် စခန်းတစ်ခုသို့ ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ရုပ်သံကနေ သမ္မတကာကီတာက ရာထူးကနေ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်အတွက် ဒေသဆိုင်ရာအင်အား ကြီးနိုင်ငံတွေနဲ့ ပြင်သစ်နိုင်ငံတို့ကပြစ်တင်ရှုတ်ချခဲ့သလို ကုလသမဂ္ဂနဲ့ နိုင်ငံ တကာအဖွဲ့များက မာလီအစိုးရ တာဝန်ရှိသူ အားလုံးကို ချက်ချင်းလွှတ်ပေးရန် နှင့် ဖွဲ့စည်းပုံအ ခြေခံဥပဒေဆိုင် ရာ ပြဋ္ဌာန်းချက်ကို ပြန်လည်သွတ် သွင်းရန် အာဏာသိမ်းစစ်တပ်ကို တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ကတော့ အနာဂတ်မှာ ဝရုန်းသုန်းကား အခြေအနေများ မဖြစ်ပွားအောင် ကာကွယ်ရန်ဆိုကာ ပြောခဲ့ပြီး အရပ်သား အစိုးရအဖွဲ့ ဖွဲ့စည်းပေးပြီး ရွေး ကောက်ပွဲများ ကျင်းပပေးမယ်လို့ ပြောခဲ့ပါတယ်။စစ်တပ်က အာဏာသိမ်းမှုကို  အာဖရိကသမဂ္ဂကလက်မခံသလို  အနောက်အာဖရိကနိုင်ငံ များ၏ စီးပွားရေးအသိုက်အဝန်း (Ecowas)အဖွဲ့ဝင် ၁၅ နိုင်ငံက လည်း လျင်မြန်သော အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ပြီး မာ လီနှင့် နယ်စပ် များကို ပိတ်ပင်ကာ ဘဏ္ဍာရေးစီးဆင်းမှု ဆိုင်းငံ့ခဲ့လို့ ရှေ့ဆက် ဘယ်လို တွေ ဆက်ဖြစ်မလဲ၊အာဖရိကမှာ နောက်ထပ်ပြည်တွင်းစစ်ဖြစ်တဲ့ နိုင်ငံတစ်ခုရှိလာဦးမလားဆိုတာ ဆက်စောင့်ကြည့်ရဦးမယ်အခြေအနေပါဘဲ။  
 
ဒီလိုသတင်းတွေအပြင် Apple ကုမ္ပဏီရဲ့ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ထရီလီယံအထိ ရောက်ရှိလာခဲ့တဲ့ သတင်း၊ မောရစ်ရှကမ်းလွန်မှာ သောင်တင်ကာ  အိန္ဒိယသမုဒ္ဒရာထဲ ရေနံ တန်ချိန် ၁၀၀၀ ခန့် ယိုဖိတ်စေခဲ့တဲ့  ဂျပန်သင်္ဘောWakashioမှ ကပ္ပတိန်ဖြစ်သူကို ဖမ်းဆီးခဲ့တဲ့သတင်း၊ အမေရိကန်သမ္မတရွေးကောက်ပွဲအတွက်  ဒီမိုကရက်တစ်ပါတီက ဂျိုးဘိုင်ဒန်ကို ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် တရားဝင် အတည်ပြုရွေးချယ်လိုက်တဲ့ သတင်း၊တရားမမျှတမှုများကြောင့် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဂျိုးဘိုင်ဒန် အနိုင်မရမည်ကို ဒီမိုကရက်များ စိုးရိမ်နေကြတဲ့ သတင်း၊ထိုင်းမှာ ကိုဗစ်၁၉ ကြောင့် အလုပ်လက်မဲ့အရေအတွက်မြင့်တက်နေရာမှာ ဟိုတယ်သစ်တွင် အလုပ်နေရာ ၃၀၀ အတွက်  လူထောင်ပေါင်းများစွာ လာရောက်လျှောက်ထားခဲ့ကြတဲ့ သတင်း၊Facebook ကုမ္ပဏီက သူဝန်ထမ်းတွေကို လာမည့် ၂၀၂၁ ခုနှစ် ဇွန်လအထိ အိမ်ကနေအလုပ်လုပ်ဖို့ခွင့်ပြုရန်စီစဉ်နေတဲ့ သတင်း၊ထိုင်းလေကြောင်းလိုင်းက သူဆီကဝယ်ထားတဲ့ လေယာဉ်လက်မှတ်တွေကို လာမည့်နှစ်ကုန်အထိ သက်တမ်းတိုးစရာမလိုဘဲ စီးခွင့်ပြုလိုက်တဲ့ သတင်း၊လက်ရှိ ရုရှတွင် နေထိုင်တဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ NSA ကန်ထရိုက်တာဟောင်း အက်ဝက်စနိုးဒန်းအား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ ဒေါ်နယ်ထရမ့်က  စဉ်းစားနေတဲ့ သတင်းတွေလည်း စိတ်ဝင်စားစရာဖြစ်ခဲ့ကြောင်း တင်ပြရင်း ယခုရက်သတ္တပတ်ပြည်တွင်းသတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။
 
မင်းထက်
သြဂုတ် - ၂၁
 
( Zawgyi )
 
ယခုရက္သတၱပတ္အတြင္း ႏိုင္ငံတကာသတင္းေတြထဲမွာ စိတ္ဝင္စားစရာသတင္းေတြ ျဖစ္ခဲ့ပါတယ္။အထူးသျဖင့္ က်န္းမာေရးဆိုင္ရာကပ္ေဘးျဖစ္တဲ့ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္း အရွိန္ျပင္းထန္လာမႈနဲ႔ မာလီစစ္အာဏာသိမ္းမႈ၊ ထိုင္းဆႏၵျပမႈသတင္းေတြ၊ အစၥေရးနဲ႔ ယူေအအီးပုံမွန္ သံတမန္ဆက္သြယ္မႈထူေထာင္ခဲ့တဲ့အတြက္ အေရွ႕အလယ္ပိုင္းတစ္ခြင္ လႈပ္လႈပ္ခတ္ခတ္ျဖစ္ခဲ့သတင္းေတြနဲ႔ ႏိုင္ငံတကာက ေစာ့ၾကည့္ေနရတဲ့ တ႐ုတ္-အေမရိကန္ တင္းမာမႈအေျခအေန သတင္းေတြက ယခုရက္သတၱပတ္ရဲ႕ ေစာင့္ၾကည့္ခဲ့ရတဲ့သတင္းေတြ ျဖစ္ခဲ့ပါတယ္။
 
ေစာင့္ၾကည့္ေနရဆဲ ႏိုင္ငံတကာတင္းမာမႈမ်ား
 
ဝါရွင္တန္၏ ထိပ္တန္းလက္နက္ထိန္းခ်ဳပ္ေရး ေစ့စပ္ညႇိႏႈိင္းေရးမႉးကို Nikkei သတင္းဌာနက အင္တာဗ်ဴးတစ္ခု ယခုရက္ထဲမွာျပဳလုပ္ခဲ့ရာမွာ အေမရိကန္ႏိုင္ငံအေနနဲ႔ အာရွရွိ မဟာမိတ္ႏိုင္ငံမ်ားနဲ႔ တာလတ္ပစ္ဒုံးက်ည္မ်ား တပ္ျဖန႔္ေရးကို ေဆြးေႏြးေနတယ္ဆိုတဲ့အတြက္ အရွိန္ေလ်ာ့က်လာတဲ့ တ႐ုတ္-အေမရိကန္ တင္းမာမႈက ျပန္လည္အရွိန္တင္လာဖို႔ ျဖစ္လာခဲ့ပါတယ္။အေမရိကန္အေနနဲ႔ တ႐ုတ္ကို ကာလရွည္ထိန္းခ်ဳပ္ထားႏိုင္ဖို႔ စဥ္းစားၿပီးဆိုတာကို ဒီေဆြးေႏြးေနမႈေတြက ျပေနတဲ့အတြက္ တ႐ုတ္ႏိုင္ငံပတ္လည္က ႏိုင္ငံေတြအတြက္ ဒါဟာျပႆနာတစ္ခုပါဘဲ။ 
 
အေမရိကန္အေနနဲ႔ တ႐ုတ္ရဲ႕ၿခိမ္းေျခာက္မႈကို ဝန္းရံပိတ္ဆို႔တဲ့နည္းနဲ႔ တန္ျပန္ဖို႔ဆိုတာ အေမရိကန္မဟာမိတ္ တ႐ုတ္ပတ္ဝန္းက်င္က အာရွႏိုင္ငံေတြအတြက္ ျပႆနာပါ။အေမရိကန္အတြက္ ဒီလိုတာလတ္ပစ္ဒုံးက်ည္မ်ား တပ္ျဖန႔္ေရး ေဆြးေႏြးေနရတာကလဲ တ႐ုတ္မွာ ခန႔္မွန္းထားတာထက္ပိုႏိုင္တဲ့ န်ဴကလီးယားလက္နက္ အေရအတြက္ေၾကာင့္ပါဘဲ။အထူးသျဖင့္ အေမရိကန္က အာရွအေရွ႕ဖ်ားေဒသမွာ ကီလိုမီတာ ၁၀၀၀ အကြာအေဝးအထိ ပစ္ခတ္ႏိုင္တဲ့ န်ဴကလီးယားမဟုတ္ေသာ တာလတ္ပစ္ ေျမျပင္ပစ္ ခ႐ုဇ္ဒုံးက်ည္မ်ားကို တပ္ျဖန႔္ထားေနခ်င္တာပါ။ဒီေနရာမွာ အေမရိကန္အေနနဲ႔ အာရွအေရွ႕ဖ်ားက မဟာမိတ္ ဂ်ပန္နဲ႔ ေတာင္ကိုရီးယား၊ ထိုင္ဝမ္တို႔မွာ အဓိကေျခစိုက္ထားခ်င္ေနတာျဖစ္ၿပီး အေရွ႕ေတာင္အာရွက ထိုင္းလိုႏိုင္ငံေတြအထိ ျဖန႔္ခ်ထားျခင္းအားျဖင့္ အင္အားႀကီးတ႐ုတ္ကို ဟန႔္တားထားျခင္တာပါ။ဒီအတြက္လည္း တ႐ုတ္ဘက္က ကန႔္ကြက္ေနတဲ့ၾကားထဲကေန ထိုင္ဝမ္ကို အေမရိကန္ေဒၚလာ ၆၂ ဘီလီယံတန္ဖိုးရွိ F-16 တိုက္ေလယာဥ္မ်ား ဝယ္ယူခြင့္ကို ယခုရက္ထဲမွာဘဲ သေဘာတူညီခ်က္ေပးခဲ့တာကိုလည္း ေတြ႕ရပါတယ္။
 
ဒါ့အျပင္ တ႐ုတ္၊ ႐ုရွားႏွင့္ ေျမာက္ကိုရီးယား ႏိုင္ငံေတြကေန တီထြင္ထုတ္လုပ္လာတဲ့ ေခတ္မီဒုံးလက္နက္ေတြကိုလည္း ေျခရာခံစူးစမ္းႏိုင္ဖို႔ ကမာၻပတ္လမ္းေၾကာင္း အနိမ့္ပိုင္းမွာ အေသးစားၿဂိဳဟ္တုကြန္ရက္တစ္ခုကို ျဖန႔္ၾကက္ထားဖို႔ အေမရိကန္နဲ႔ ဂ်ပန္က စီစဥ္ေနပါေသးတယ္။ဒီအစီအစဥ္က အေမရိကန္ေဒၚလာ ကိုးဘီလီယံေက်ာ္အထိ ကုန္က်ႏိုင္ၿပီး ယခုႏွစ္လယ္မွာ လုပ္ငန္းစတင္အေကာင္အထည္ေဖာ္ေတာ့မွာပါ။ 
 
ဒီအေသးစားၿဂိဳဟ္တုကြန္ရက္ထဲမွာ အနီေအာက္ေရာင္ျခည္ အာ႐ုံခံကိရိယာေပါင္း ၂၀၀ တပ္ထားသည့္ အေသးစားၿဂိဳဟ္တုေပါင္း ၁၀၀၀ ေက်ာ္ကိုလႊတ္တင္ရန္ လ်ာထားၿပီး အေသးစားၿဂိဳဟ္တုတစ္လုံးအတြက္ ကုန္က်စရိတ္မွာ ေဒၚလာငါးသန္းဝန္းက်င္ထိ ရွိတယ္ဆိုပါတယ္။ဒီလိုႀကီးမားၿပီး ကုန္က်စရိတ္ႀကီးမားတဲ့ကြန္ရက္ကို လုပ္ေဆာင္ရတာလဲ အေမရိကန္မွာ အေၾကာင္းတရားရွိပါတယ္။လက္ရွိ တ႐ုတ္မွာ ဂ်ပန္ထိပစ္လႊတ္ႏိုင္ေသာ တာလတ္ပစ္ဒုံးက်ည္ေပါင္း ၂၀၀၀ ခန႔္ရွိသလို န်ဴကလီးယားထိပ္ဖူး ရာေပါင္းမ်ားစြာ ပိုင္ဆိုင္ထားတယ္လို႔ ယုံၾကည္ထားၿပီး ေနာက္ဆယ္စုႏွစ္မွာ အခုအေရအတြက္ထက္ ႏွစ္ဆေက်ာ္ရွိလာႏိုင္တယ္ဆိုၿပီး အေမရိကန္နဲ႔ ဂ်ပန္တို႔က တြက္ဆထားသလို တျခားတစ္ခုက အနာဂတ္မွာပိုင္ဆိုင္ဖို႔ အၿပိဳင္အဆိုင္ႀကိဳးစားေနတဲ့ တ႐ုတ္၊ ႐ုရွားႏွင့္ ေျမာက္ကိုရီးယား ႏိုင္ငံေတြက ထုတ္လုပ္တီထြင္လာမယ့္ ပင္လယ္ေရမ်က္ႏွာျပင္ အျမင့္ အနိမ့္ပိုင္းကေန ပ်ံသန္းႏိုင္တဲ့ ျမန္ႏႈန္းျမင့္ဒုံးက်ည္ေတြကို ေထာက္လွမ္းႏိုင္ဖို႔ပါဘဲ။
 
လက္ရွိမွာ သမာ႐ိုးက်ဒုံးက်ည္ေတြကို ဆန္းျပားကြဲထြက္စြာ ေျမာက္ကိုရီးယားက စမ္းသပ္ျပေနသလို ႐ုရွားနဲ႔ တ႐ုတ္ဘက္မွာလည္း ယခင္ကထက္ ပိုေခတ္မီတဲ့ ဟိုက္ပါေဆာနစ္အသံထက္ျမန္တဲ့ဒုံးေတြကို တည္ေဆာက္စမ္းသပ္တဲ့ အဆင့္ကေန တပ္ဆင္တဲ့အထိ ေရာက္လာၿပီျဖစ္လို႔ အေမရိကန္နဲ႔ အေနာက္အုပ္စုအတြက္ စိုးရိမ္စရာပါ။႐ုရွားအျပင္ တ႐ုတ္ဘက္ကလည္း အေမရိကန္ရဲ႕အင္အားကို ကာျပန္ဖို႔ အာဖရိကအထိ စစ္ေရးတိုးခ်ဲ႕တည္ေဆာက္ေနတာေတြ ရွိတယ္ဆိုပါတယ္။၂၀၁၃ ခုႏွစ္မွာ စတင္တည္ေဆာက္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာ ဖြင့္လွစ္ခဲ့တဲ့ အာဖရိက ဦးခ်ိဳေဒသမွာရွိတဲ့ ဂ်ီဘူတီႏိုင္ငံမွာ ရွိၿပီးသား တ႐ုတ္ေရတပ္အေျခစိုက္စခန္းကို ယခုႏွစ္ပိုင္းမွာ တိုးခ်ဲ႕ေနတယ္ဆိုၿပီး အေမရိကန္ဘက္က သံသယရွိေနလို႔ ေစာင့္ၾကည့္တာေတြရွိပါတယ္။ 
 
ေဟာင္ေကာင္ တိုင္ဝမ္ ျပႆနာအျပင္ ကုန္သြယ္ေရးနဲ႔ ဗိုင္းရပ္စ္ျပႆနာေတြေၾကာင့္ လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ အေမရိကန္နဲ႔ တ႐ုတ္အၾကားမွာ ႏွစ္ဘက္လုံးက တင္းမာမႈေလ်ာ့က်ေအာင္ လုပ္ေနတာေတြလည္းရွိပါတယ္။ယခုရက္ထဲမွာ အေမရိကန္နဲ႔ တ႐ုတ္ၾကား ေျပးဆြဲေနတဲ့ ေလေၾကာင္းလိုင္းႏွစ္လိုင္းကို အေမရိကန္သယ္ယူပို႔ေဆာင္ေရးဌာနက တစ္ပတ္ကို ခရီးစဥ္ရွစ္ႀကိမ္အထိ တိုးခ်ဲ႕ေျပးဆြဲဖို႔ ခြင့္ျပဳခဲ့ပါတယ္။ဒီလိုေျပးဆြဲမႈေၾကာင့္ ႏွစ္ႏိုင္ငံအၾကား အပတ္စဥ္ ေလယာဥ္ခရီးစဥ္ေပါင္း ၁၀၀ ေက်ာ္ ေျပးဆြဲႏိုင္ခဲ့မွာ ဟိုဘက္ ဒီဘက္မွာ ဗိုင္းရပ္စ္ျဖစ္ကတည္းက ပိတ္မိေနတဲ့ ႏွစ္ဘက္ႏိုင္ငံသားေတြနဲ႔ အျခားကိစၥေတြပါ အေတာ္ေလးအဆင္ေျပႏိုင္မယ့္ အေနအထားပါ။ဒီအတြက္ ေဆြးေႏြးပြဲေတြျပန္စျဖစ္မလားဆိုတဲ့ မွန္းဆမႈေတြလည္းရွိေနခဲ့သလို တ႐ုတ္ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက မၾကာခင္ အေမရိကန္နဲ႔ တ႐ုတ္ ေဆြးေႏြးပြဲေတြ ျပန္စလာစရာရွိတယ္ဆိုတဲ့အတြက္ ဘာေတြျဖစ္လာႏိုင္မလဲဆိုတာ ေစာင္ၾကည့္ရဦးမွာျဖစ္ပါတယ္။
 
ျပင္းထန္လာတဲ့ ဒုတိယလႈိင္း 
 
ယခုရက္ထဲ သတင္းေတြထဲမွာ သတိထားမိတာက ဗိုင္းရပ္စ္ကူးစက္မႈႏူန္းက ယခင္ကထက္ ေတာက္ေလွ်ာက္တက္လာတာကိုပါဘဲ။
အခ်ိန္တန္ရင္ ေပ်ာက္ကြယ္သြားမယ္လို႔ထင္ထားၾကတဲ့ ဗိုင္းရပ္စ္က မ်ိဳးကြဲေတြျဖစ္လာသလို ကူးစက္မႈကလည္း ယခင္ထက္ ဆယ္ဆျမန္လာခဲ့တဲ့အတြက္ ဥေရာပ၊ အာရွနဲ႔ အေမရိကမွာ ကူးစက္မႈႏူန္းကေလ်ာ့မက်လာဘဲ ပိုၿပီးတိုးပြားလာခဲ့ပါတယ္။လက္ရွိမွာ တစ္ကမာၻလုံး ကူးစက္ခံရသူ ၂၃ သန္းနီးပါးရွိေနခဲ့ၿပီး ေသဆုံးသူ ၈ သိန္းနီးပါးရွိလာခဲ့တဲ့အတြက္ ဗိုင္းရပ္စ္ကူးစက္မႈက ေၾကာက္စရာလန႔္စရာအေျခအေန ျဖစ္လာပါတယ္။ 
 
အင္ဒိုနီးရွားမွာဆိုရင္ ျမင့္တက္လာတဲ့ ပင္လယ္ေရမ်က္ႏွာေၾကာင့္ မျဖစ္မေနေ႐ႊ႕ေျပာင္းဖို႔လုပ္မယ့္ ၿမိဳ႕ေတာ္ဂ်ကာတာကို ေဘာ္နီယိုကြၽန္းသို႔ ေ႐ႊ႕ေျပာင္းေရးကို ဆိုင္းငံ့ထားရတဲ့အထိပါဘဲ။ဒီတစ္ပတ္ထဲမွာဘဲ ဒီစီမံကိန္းကို ကိုင္ထားတဲ့ အင္ဒိုစီမံဝန္ႀကီးက ကူးစက္ကပ္ေရာဂါေဘးေၾကာင့္ လာမည့္ ၂၀၂၂ ဒါမွမဟုတ္ ၂၀၂၃ အထိ ေ႐ႊ႕ေျပာင္းရဖြယ္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။
စာရင္းေတြအရဆိုရင္ ဩဂုတ္ ၂၁ ရက္ နံနက္ပိုင္းအထိ ကူးစက္ခံရသူ တစ္သိန္းခြဲနီးပါးထိရွိေနသလို ေသဆုံးသူကလည္း ေျခာက္ေထာင့္ငါးရာနီးပါးရွိေနတာပါ။အာရွမွာဆိုရင္ ကူးစက္ေရာဂါကို ျပင္းျပင္းထန္ထန္ရင္ဆိုင္ေနရတာ အိႏၵိယပါ။လူဦးေရ ၁.၄ ဘီလ်ံရွိေသာ အိႏၵိယသည္ ကမာၻေပၚတြင္ လူဦးေရဒုတိယအမ်ားဆုံးႏိုင္ငံျဖစ္ေနၿပီး ေရာဂါပိုးကူးစက္ခံရသူအေရအတြက္ ၃ သန္းနားကပ္ လာၿပီျဖစ္သလို တစ္ရက္အတြင္းကူးစက္မႈကလည္း ခုႏွစ္ေသာင္းအထိရွိခဲ့သလို အေမရိကန္၊ ဘရာဇီး၊ မကၠဆီကိုၿပီးရင္ ေသဆုံးသူအေရအတြက္မွာ စတုတၳေျမာက္အမ်ားဆုံးႏိုင္ငံျဖစ္လာပါတယ္။လက္ရွိမွာ ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ အိႏၵိယမွာ ငါးေသာင္းခြဲရွိေနပါတယ္။                          
 
မတ္လေႏွာင္းပိုင္းက အိႏၵိယႏိုင္ငံအႏွံ႔ Lockdown ခ်ျခင္းကို ေဆာင္႐ြက္ခဲ့ေပမယ့္ ေမလတြင္ Lockdown ကို စတင္ေျဖေလွ်ာ့ေပးခဲ့ရာကေန ကူးစက္မႈက ထိန္းမႏိုင္သိမ္းမရျဖစ္ခဲ့တာပါ။တစ္ခုရွိတာက အိႏၵိယမွာ ကူးစက္မႈစစ္ေဆးႏူန္းကျမင့္ၿပီး တစ္ရက္ကို လူ ၉ သိန္းထိစစ္ေဆးေနရာမွာ ယခုထိ ကူးစက္ေရာဂါ ရွိ/မရွိ စစ္ေဆးၿပီးသူ ၃ သန္းအထိ စစ္ေဆးခဲ့ၿပီးျဖစ္ပါတယ္။
ဒီလိုကူးစက္ေနေပမယ္လည္း စီးပြားေရးက အေရးႀကီးေနတဲ့အတြက္ နယူးေဒလီတြင္ အပတ္စဥ္ဖြင့္လွစ္ေသာ ေဈးမ်ားႏွင့္ ဟိုတယ္မ်ားကိုျပန္ဖြင့္ဖို႔ အာဏာပိုင္ေတြက ၫႊန္ၾကားထားသလို လုပ္ငန္းအခ်ိဳ႕လည္း ျပန္လည္လုပ္ကိုင္စျပဳေနပါတယ္။
 
ႏိုင္ငံေတြအဖို႔ ၾကာရွည္လာတဲ့ ဗိုင္းရပ္စ္ကူးစက္မႈကို တုံ႔ျပန္ရာမွာ ျပည္တြင္းစီးပြားေရးၿပိဳလဲမွာကိုလဲ စိုးရိမ္ေနရတဲ့အတြက္ သတိထားကိုင္တြယ္ေနရပါတယ္။ဗိုင္းရပ္စ္ကူးစက္မႈ ျပန္လည္ျမင့္တက္ခဲ့ျခင္းေၾကာင့္ အခ်ိဳ႕ႏိုင္ငံမ်ားမွာ ကန႔္သတ္ထိန္းခ်ဳပ္မႈမ်ား ျပန္လည္ျမင့္တက္ခဲ့ရသလို ကာကြယ္ေဆးရရွိရန္ ႀကိဳးပမ္းမႈကိုလည္း အရွိန္ျမႇင့္ခဲ့ၾကပါတယ္။ဗိုင္းရပ္စ္ကူးစက္မႈ ျပန္လည္ျမင့္တက္လာေသာ ႏိုင္ငံေတြထဲမွာ ယခင္က ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ထားႏိုင္ဖြယ္ရွိတဲ့ ဗီယက္နမ္ကဲ့သို႔ ႏိုင္ငံမ်ားပါဝင္ခဲ့သလို က်န္းမာေရးပညာရွင္ေတြက အာရွ-ပစိဖိတ္မွာ ကူးစက္မႈအဆင့္သစ္ အေျခအေနတစ္ရပ္သို႔ ဝင္ေရာက္ေနတယ္လို႔ သတိေပးမႈေတြလည္း ရွိေနခဲ့ပါတယ္။ 
 
ေတာင္ကိုရီးယားမွာဆိုရင္ အသစ္ကူးစက္မႈ၏ ၉၀ ရာခိုင္ႏႈန္းနီးပါးက ၿမိဳ႕ေတာ္ဆိုးလ္ႏွင့္ ပတ္ဝန္းက်င္အရပ္ေတြျဖစ္ေနလို႔ လူဦးေရ ၂၅ သန္းေက်ာ္ ေနထိုင္တဲ့ နယ္နမိတ္အတြင္း ဗိုင္းရပ္စ္တဟုန္ထိုးကူးစက္လာမယ့္ေဘးကို  စိုးရိမ္ပူပန္မႈျမင့္တက္ေနၿပီး ယင္းဧရိယာထဲက ကူးစက္ႏိုင္ေျချမင့္သည့္ ဘုရားေက်ာင္းေတြ႕ဆုံပြဲေတြ၊ ႏိုက္ကလပ္နဲ႔ ကာရာအိုေကဘားေတြ၊ ဆိုက္ဘာကေဖးမ်ားကဲ့သို႔ ေနရာေတြကိုပိတ္ထားဖို႔ အစိုးရကၫႊန္ၾကားထားရတဲ့အထိပါဘဲ။အာဏာပိုင္ေတြက ႏိုင္ငံတစ္ဝန္း ကူးစက္မႈလႈိင္းက်ေရာက္ႏိုင္တဲ့ အေျခအေနရွိတဲ့အတြက္ သတိေပးခ်က္ကို ထုတ္ထားရတဲ့အထိပါဘဲ။ 
 
ကူးစက္ေရာဂါက အာရွတြင္မကပါဘူး။အေမရိကမွာလည္း ျပင္းထန္ေနဆဲပါ။ဩဂုတ္ ၂၁ ရက္အထိ စာရင္းေတြအရ အေမရိကန္မွာ ကူးစက္ခံရသူ ၅ ဒသမ ၇ သန္းရွိကာ ေသဆုံးသူ တစ္သိန္းခုႏွစ္ေသာင္းေက်ာ္ ရွိလာပါတယ္။မကၠဆီကိုဆိုရင္ ကူးစက္ခံရသူ ငါးသိန္းခြဲနီးပါးရွိၿပီး ေသဆုံးသူက ေျခာက္ေသာင္းထိရွိလာခဲ့လို႔ ႐ုရွားကထုတ္မယ့္ Sputnik V ကို သူ႔ႏိုင္ငံမွာ ေနာက္ဆုံးအဆင့္ကို လာစမ္းသပ္ဖို႔ အစိုးရအဖြဲ႕ကိုယ္တိုင္ ဖိတ္ေခၚခဲ့ရတဲ့အထိပါဘဲ။အာရွႏိုင္ငံေတြထဲမွာဆိုရင္ ဘဂၤလားေဒ့ရွ္နဲ႔ ပါကစၥတန္မွာ ကူးစက္ခံရသူ သုံးသိန္းနီးပါးစီထိ ရွိလာခဲ့တာပါ။ 
 
လတ္တေလာမွာ ကုသကာကြယ္ေဆးက ထြက္ေပၚလာဖို႔နီးစပ္ေနပါၿပီ။ဒါေပမယ့္ ဗိုင္းရပ္စ္က မ်ိဳးကြဲေတြကလည္း ထြက္လာတဲ့အတြက္ ယခင္ကထက္ ကူးစက္မႈကျမန္ဆန္လာသလို ကပ္ေရာဂါျဖစ္မႈ အခ်ိန္ကာလကလည္း ၾကာလာတာနဲ႔အမွ် လူေတြသတိထားမႈေလ်ာ့က်ကာ ေပါ့ဆလာတဲ့အတြက္ တစ္ေက်ာ့ျပန္ကူးစက္ကပ္ေဘးက တျဖည္းျဖည္းတိုးဝင္လာတာ လန႔္စရာပါ။ေပါ့ေပါ့ဆဆေနတတ္တဲ့ လူေတြနဲ႔ စီးပြားေရးေတြျပန္ႏႈိးဖို႔ အားသန္ေနတဲ့ အာဏာပိုင္ေတြေၾကာင့္ ဘယ္ေလာက္ထိ လူေတြကို ကူးစက္ေရာဂါက ထိခိုက္နစ္နာေစဦးမလဲဆိုတာ ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။ 
 
အာဏာသိမ္းမႈႏွင့္ လႈပ္လႈပ္ခတ္ခတ္
 
ယခုရက္သတၱပတ္ထဲမွာ ႏိုင္ငံတကာမွာ ဆႏၵျပမႈေတြ ၊အာဏာ သိမ္းမႈ ေတြ၊ ေ႐ြးေကာက္ပြဲ႕ေၾကာင့္ အတိုက္အခံေခါင္းေဆာင္ ျပည္ပကို ထြက္ေျပးရတာေတြ ရွိခဲ့ပါတယ္။ ျမန္မာနဲ႔ အိမ္နီး ခ်င္းထိုင္းမွာဆိုရင္ ေက်ာင္း သားေတြက ဦးေဆာင္ၿပီး ထိုင္းဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရးကို ဆႏၵျပမႈေတြ ျဖစ္ခဲ့သလို ေန႔စဥ္နီးပါး ေက်ာင္း မ်ားမွာ နံနက္တိုင္း ႏိုင္ငံေတာ္ သီခ်င္းဖြင့္ထားစဥ္ ေက်ာင္းသားမ်ားက လက္သုံးေခ်ာင္းေထာင္သည့္ပုံစံနဲ႔ စစ္အစိုး ရ ႏွင့္ ဆက္ႏႊယ္ေသာအစိုးရကို ဆန႔္က်င္တဲ့ သေကၤတ ျပဳလုပ္ခဲ့တာက အထက္တန္းေက်ာင္းမ်ားကို ပ်ံ႕ႏွံ႔သြား ခဲ့ပါတယ္။ ေနာက္မွာ ဒီလို ဆႏၵထုတ္မႈက အားေကာင္းလာၿပီး ၾသဂုတ္ ၁၆  ဘန္ေကာက္မွာ ျပဳလုပ္ခဲ့တဲ့ ေက်ာင္းသားေတြဦးေဆာင္တဲ့ ဆႏၵျပမႈမွာ ပါဝင္သူက ၁၀၀၀၀ ေက်ာ္လာခဲ့ၿပီး  ဒီပြဲကို  အာဏာပိုင္ေတြက ႏိုင္ငံေတာ္ အၾကည္ညိဳပ်က္ေစမႈ အပါအဝင္ စြဲခ်က္မ်ားစြာျဖင့္ ဖမ္းဆီးေထာင္ခ်ဖို႔ ႀကိဳးစားခံရတဲ့ ထိုင္းေက်ာင္း သား ပါရစ္ခ်ီဝါရတ္က တက္ေရာက္ခဲ့ကာ ဘုရင္စနစ္ ျပဳျပင္ေျပာင္းလဲေရး ဆက္လက္အေရးဆိုသြားမည္ လို႔ ေျပာ ခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္ စစ္အာဏာသိမ္းမႈေနာက္ပိုင္း အႀကီးမားဆုံး ဆႏၵျပပြဲမ်ားျဖစ္ခဲ့တဲ့ ဗန္ေကာက္ ေက်ာင္း သား ဆႏၵျပပြဲမွာ ပရာယြတ္အား ရာထူးမွႏုတ္ထြက္ေပးရန္၊ ထိုင္းဘုရင္ စနစ္၏ အခန္း က႑အား ပြင့္ပြင့္ လင္းလင္းေဆြးေႏြးၾကရန္ ေတာင္းဆိုခဲ့သလို ၾသဂုတ္ ၁၆ ဆႏၵျပမႈမ်ားအၿပီး မွာ  ‘ အာဏာရွင္စနစ္ ဆန႔္က်င္ေသာ ဖဲႀကိဳးျဖဴ တပ္ဆင္ၾက’လို႔  အမည္ေပးတဲ့ လႈပ္ရွားမႈလည္း စတင္လာခဲ့ပါတယ္။ ဆႏၵျပမႈေတြေနာက္မွာ ေနာက္ကြယ္က လူေတြကို ထိုင္းရဲတပ္ဖြဲ႕က လိုက္လံၿဖိဳခြဲကာ ဆႏၵျပပြဲဦးေဆာင္ပါဝင္တဲ့ လူ ၁၅ ဦးကို ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္။ 
 
ဘီလာရပ္စ္မွာေတာ့ ၾသဂုတ္ ၉ ရက္က ေ႐ြးေကာက္ပြဲက်င္းပခဲ့ရာမွာ ရလဒ္ေတြနဲ႔ ပတ္သက္ၿပီး အမ်ားျပည္သူ အတြက္ ေဒါသထြက္စရာျဖစ္ခဲ့သလို အတိုက္အခံေတြအတြက္လည္း ခံျပင္းစရာျဖစ္ခဲ့ပါတယ္။ ရလဒ္ထုတ္ျပန္ခ်က္က  ျဖစ္ႏိုင္စရာမရွိဘဲ လက္ရွိသမၼတလူကာရွန္ကိုက ေထာက္ခံမႈ ၈၀ ရာခိုင္ႏႈန္းေက်ာ္ ရရွိခဲ့တယ္ဆိုတဲ့အတြက္ ဘီလာ႐ုစ္မွာ ဆယ္ရက္ၾကာ လမ္းေပၚထြက္ကန႔္ကြက္ဆႏၵျပ သူမ်ားႏွင့္ သပိတ္ေမွာက္ျခင္းမ်ား ျဖစ္ေပၚလာခဲ့ပါတယ္။ အႀကီး အက်ယ္မဲလိမ္လည္မႈမ်ား ျဖစ္ ေပၚခဲ့တယ္ဆိုတဲ့ ေ႐ြးေကာက္ပြဲအလြန္ဆႏၵ ျပပြဲမ်ားမွာ ဆႏၵျပသူႏွစ္ဦးေသ ဆုံးခဲ့ၿပီး ရာႏွင့္ခ်ီေသာဆႏၵျပသူမ်ားနဲ႔ ရဲတပ္ဖြဲ႕အၾကား ပဋိပကၡမ်ားျဖစ္ခဲ့ကာ ေနာက္ပိုင္းမွာ အတိုက္အခံေတြဘက္က အတိုက္အခံ ပူးေပါင္း ေဆာင္႐ြက္ေရး ေကာင္စီကိုဖြဲ႕စည္းခဲ့ပါတယ္။ ဒီလိုဖြဲ႕စည္းတာကို လူကာရွန္ကိုက ဒါအာဏာသိမ္းဖို႔ႀကိဳးစားတယ္ဆိုၿပီး ဖမ္းဆီးသြားမယ္လို႔ ၿခိမ္းေျခာက္ခဲ့ပါတယ္။ ေနာက္ပိုင္းမွာ အတိုက္အခံေခါင္းေဆာင္ မစၥစ္ တစ္ဟာေနာ့ စကာယာက လစ္သူေယးနီးယားကို ထြက္ခြာသြားခဲ့ပါတယ္။ ဒါေပမယ့္ ဘီလာရပ္စ္မွာ အေျခအေနေတြက မၿငိမ္သက္ေသးပါဘူး။  ေစာင့္ၾကည့္ေနရဆဲအေျခအေနပါ။ 
 
အာဖရိကမွာရွိတဲ့ မာလီမွာေတာ့ စစ္တပ္က လက္ရွိေ႐ြးေကာက္ခံထားရတဲ့ သမၼတ ေအဘရာဟင္ ေဘာ္ဘာကာကီ တာအပါအဝင္ အစိုးရအဖြဲ႕ဝင္ေတြကို အာဏာသိမ္းစစ္တပ္က ဖမ္းဆီးခဲ့ပါတယ္။  သမၼတတာကီ တာႏွင့္ ဝန္ႀကီးခ်ဳပ္ေဘာ္ဘူစီစီတို႔ကို ၿမိဳ႕ေတာ္ ဘာမာကိုအနီးရွိစစ္ စခန္းတစ္ခုသို႔ ဖမ္းဆီးေခၚေဆာင္ သြားၿပီးေနာက္ ႐ုပ္သံကေန သမၼတကာကီတာက ရာထူးကေန ႏုတ္ထြက္ေၾကာင္း ေၾကညာခဲ့ပါတယ္။ ဒီလိုျဖစ္ရပ္အတြက္ ေဒသဆိုင္ရာအင္အား ႀကီးႏိုင္ငံေတြနဲ႔ ျပင္သစ္ႏိုင္ငံတို႔ကျပစ္တင္ရႈတ္ခ်ခဲ့သလို ကုလသမဂၢနဲ႔ ႏိုင္ငံ တကာအဖြဲ႕မ်ားက မာလီအစိုးရ တာဝန္ရွိသူ အားလုံးကို ခ်က္ခ်င္းလႊတ္ေပးရန္ ႏွင့္ ဖြဲ႕စည္းပုံအ ေျခခံဥပေဒဆိုင္ ရာ ျပ႒ာန္းခ်က္ကို ျပန္လည္သြတ္ သြင္းရန္ အာဏာသိမ္းစစ္တပ္ကို ေတာင္းဆိုခဲ့ပါတယ္။
အာဏာသိမ္းစစ္တပ္ကေတာ့ အနာဂတ္မွာ ဝ႐ုန္းသုန္းကား အေျခအေနမ်ား မျဖစ္ပြားေအာင္ ကာကြယ္ရန္ဆိုကာ ေျပာခဲ့ၿပီး အရပ္သား အစိုးရအဖြဲ႕ ဖြဲ႕စည္းေပးၿပီး ေ႐ြး ေကာက္ပြဲမ်ား က်င္းပေပးမယ္လို႔ ေျပာခဲ့ပါတယ္။စစ္တပ္က အာဏာသိမ္းမႈကို  အာဖရိကသမဂၢကလက္မခံသလို  အေနာက္အာဖရိကႏိုင္ငံ မ်ား၏ စီးပြားေရးအသိုက္အဝန္း (Ecowas)အဖြဲ႕ဝင္ ၁၅ ႏိုင္ငံက လည္း လ်င္ျမန္ေသာ အေရးယူ ေဆာင္႐ြက္မႈမ်ား ျပဳလုပ္ၿပီး မာ လီႏွင့္ နယ္စပ္ မ်ားကို ပိတ္ပင္ကာ ဘ႑ာေရးစီးဆင္းမႈ ဆိုင္းငံ့ခဲ့လို႔ ေရွ႕ဆက္ ဘယ္လို ေတြ ဆက္ျဖစ္မလဲ၊အာဖရိကမွာ ေနာက္ထပ္ျပည္တြင္းစစ္ျဖစ္တဲ့ ႏိုင္ငံတစ္ခုရွိလာဦးမလားဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမယ္အေျခအေနပါဘဲ။  
 
ဒီလိုသတင္းေတြအျပင္ Apple ကုမၸဏီရဲ႕ေဈးကြက္တန္ဖိုး အေမရိကန္ေဒၚလာ ၂ ထရီလီယံအထိ ေရာက္ရွိလာခဲ့တဲ့ သတင္း၊ ေမာရစ္ရွကမ္းလြန္မွာ ေသာင္တင္ကာ  အိႏၵိယသမုဒၵရာထဲ ေရနံ တန္ခ်ိန္ ၁၀၀၀ ခန႔္ ယိုဖိတ္ေစခဲ့တဲ့  ဂ်ပန္သေဘၤာWakashioမွ ကပၸတိန္ျဖစ္သူကို ဖမ္းဆီးခဲ့တဲ့သတင္း၊ အေမရိကန္သမၼတေ႐ြးေကာက္ပြဲအတြက္  ဒီမိုကရက္တစ္ပါတီက ဂ်ိဳးဘိုင္ဒန္ကို ပါတီကိုယ္စားျပဳသမၼတေလာင္းအျဖစ္ တရားဝင္ အတည္ျပဳေ႐ြးခ်ယ္လိုက္တဲ့ သတင္း၊တရားမမွ်တမႈမ်ားေၾကာင့္ ဒီမိုကရက္တစ္ပါတီ သမၼတေလာင္း ဂ်ိဳးဘိုင္ဒန္ အႏိုင္မရမည္ကို ဒီမိုကရက္မ်ား စိုးရိမ္ေနၾကတဲ့ သတင္း၊ထိုင္းမွာ ကိုဗစ္၁၉ ေၾကာင့္ အလုပ္လက္မဲ့အေရအတြက္ျမင့္တက္ေနရာမွာ ဟိုတယ္သစ္တြင္ အလုပ္ေနရာ ၃၀၀ အတြက္  လူေထာင္ေပါင္းမ်ားစြာ လာေရာက္ေလွ်ာက္ထားခဲ့ၾကတဲ့ သတင္း၊Facebook ကုမၸဏီက သူဝန္ထမ္းေတြကို လာမည့္ ၂၀၂၁ ခုႏွစ္ ဇြန္လအထိ အိမ္ကေနအလုပ္လုပ္ဖို႔ခြင့္ျပဳရန္စီစဥ္ေနတဲ့ သတင္း၊ထိုင္းေလေၾကာင္းလိုင္းက သူဆီကဝယ္ထားတဲ့ ေလယာဥ္လက္မွတ္ေတြကို လာမည့္ႏွစ္ကုန္အထိ သက္တမ္းတိုးစရာမလိုဘဲ စီးခြင့္ျပဳလိုက္တဲ့ သတင္း၊လက္ရွိ ႐ုရွတြင္ ေနထိုင္တဲ့ အေမရိကန္အမ်ိဳးသားလုံၿခဳံေရးေအဂ်င္စီ NSA ကန္ထ႐ိုက္တာေဟာင္း အက္ဝက္စႏိုးဒန္းအား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ သမၼတ ေဒၚနယ္ထရမ့္က  စဥ္းစားေနတဲ့ သတင္းေတြလည္း စိတ္ဝင္စားစရာျဖစ္ခဲ့ေၾကာင္း တင္ျပရင္း ယခုရက္သတၱပတ္ျပည္တြင္းသတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။
 
မင္းထက္
ၾသဂုတ္ - ၂၁