【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဗိုင်းရပ်စ်ကြောင့်ဖြစ်လာနိုင်တဲ့ စစ်ပွဲအသစ်

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဗိုင်းရပ်စ်ကြောင့်ဖြစ်လာနိုင်တဲ့ စစ်ပွဲအသစ်

ယခုရက်ထဲ ကပ်ဘေးနှင့်ပတ်သက်ပြီး သတင်းကောင်းများစွာ ထွက်ပေါ်လာခဲ့ပါတယ်။

 
ယခင်က ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး ကုသဆေးပေါ်ထွက်လာဖို့ ကာကွယ်ဆေးပေါ်ထွက်လာဖို့ မျှော် လင့်နေရတဲ့ အနေအထားကနေ ယခုရက်သတ္တပတ်ထဲမှာ ကာကွယ်ဆေးဖော်စပ်နေတဲ့ နိုင်ငံတကာဆေး ကုမ္ပဏီတွေဘက်ကနေ သတင်းကောင်းတွေ ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကာ ဆေးက ယခုနှစ်ကုန်မှာတင် ပေါ်ထွက်လာတော့မယ့် အခြေအနေထိ ရောက်လာခဲ့ပါတယ်။ဒီဆေးသတင်းကောင်းအပြင် နိုင်ငံတကာက စောင့်ကြည့်နေရတဲ့ အမေရိကန်အစိုးရသစ် အခင်းအကျင်း၊ အာဖရိကတိုက်က နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အီသီယိုးပီးယားမှာ ဖြစ်နေတဲ့ ခွဲထွက်ဒေသကို စစ်ဆင်ရေးဆင်နေတဲ့အပေါ် နိုင်ငံ တကာက စိုးရိမ်ပူပန်မှုတွေက လတ်တလော နိုင်ငံတကာသတင်းတွေအပေါ် လွှမ်းမိုးခဲ့ပါတယ်။
 
ဒီသတင်းတွေထဲကနေ ပထမဆုံးအနေနဲ့ အမေရိကန်အစိုးရသစ် အခင်းအကျင်းနဲ့ ဖြစ်လာနိုင်တဲ့ နိုင်ငံခြားရေးမူဝါဒကို ဖော်ပြချင်ပါတယ်။
 
ထရမ့်အလွန် ဘိုင်ဒင်လက်ထက် အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒ
 
လိပ်ခဲတည်းလည်းဖြစ်နေတဲ့ အမေရိကန်အစိုးရ အကူးအပြောင်းက ရွေးကောက်ပွဲမှာ အနိုင်ရသူ အဖြစ် ဘိုင်ဒင် ကို အိမ်ဖြူတော် အုပ်ချုပ်ရေးအဖွဲ့က မီးစိမ်းပြပြီးတဲ့နောက်မှာ ဘိုင်ဒင် က သူ့ရဲ့အစိုးရသစ်မှာ ပါလာမယ့်သူတွေ စာရင်းကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ မကြာခင်ရက်တွေက ထရမ့်ရဲ့ နိုင်ငံရေးမဟာမိတ် နယူးဂျာစီပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်းက တိုက်တွန်းတာတွေ၊ ဘိုင်ဒန် အနိုင်ရခဲ့တဲ့ ဂျော်ဂျီယာပြည်နယ်မှာ မဲပြန်ရေဖို့ တောင်းဆိုခဲ့တာကို အဲဒီပြည်နယ်က ရီပတ်ဘလီကင် အတွင်းရေးမှူးက ဒီမိုကရက်တစ်တွေ မဲအနည်းငယ်အသာနဲ့ အနိုင်ရခဲ့တယ်လို့ ထုတ်ပြောခဲ့မှုတွေအပြီး ယခုလိုအပြောင်းအလဲတွေက စလာခဲ့တာဖြစ်ပါတယ်။
 
နိုင်ငဲံတကာက ထရမ့်ရဲ့ ရွေးကောက်ပွဲအရှုံးကို လက်မခံဘဲ အတင်းငြင်းဆန်နေတာကို စောင့်ကြည့်မှုက တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ ဘိုင်ဒင်ရဲ့ အစိုးရသစ်စာရင်း ထုတ်ပြန်အပြီးမှာ အဆုံးသတ်ခဲ့ပါတယ်။အားလုံးက ဘိုင်ဒင်ရဲ့ အစိုးရအခင်းအကျင်း နိုင်ငံခြားရေးမူဝါဒကို အရမ်းစောင့်ကြည့်နေကြပါ တယ်။အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့အကြားက အဖုအထစ်များနေတဲ့ ဆက်ဆံရေးမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်မလဲဆိုတာပါ။လက်ရှိအချိန်မှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ကို ရောက်ရှိနေခဲ့သလို ထရမ့်လက်ထက်က ကမ္ဘာ့ဇာတ်ခုံပေါ်မှာ ဩဇာအရှိန်အဝါမှေးမှိန်သလိုဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်လည်လင်းလက် တောက်ပလာစေမယ်ဆိုပြီးကြွေးကြော်ခဲ့တာတွေက အလုပ်မဖြစ်ခဲ့တာတွေကြောင့် ဘိုင်ဒင်လို အိုဘားမားလက်ထက်မှာ ဒုသမ္မတလုပ်ခဲ့သူလက်ထက်မှာ ထင်တိုင်းမပေါက်ခဲ့ဘဲ အမေရိကန်ပြည်ထောင်စုရဲ့ ပုံရိပ်တက်လာမလား၊ ကမ္ဘာ့အဖွဲအစည်းတွေမှာ ပြန်လည်တာဝန်ယူလာမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ရှိခဲ့ပါတယ်။
 
ဒါပေမယ့် ဘိုဒင်လက်ထက်မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူမယ့်သူ၊ ပြည်တွင်းလုံခြုံရေး ဝန်ကြီးဖြစ်လာမယ့်သူ၊ အမျိုးသားလုံခြုံရေးအတိုင်ပင်ခံဖြစ်လာမယ့်သူတွေက အိုဘာမားလက် ထက်မှာ ဘိုဒင်လက်ထောက် တာဝန်ယူခဲ့သူတွေဖြစ်လို့ ဘိုင်ဒင်လက်ထက် နိုင်ငံတကာဆက်ဆံရေးက အိုဘားမားလက်ထက်ကထက် သိပ်ပြောင်းလဲလာနိုင်တဲ့ အနေအထားမဟုတ်ပါဘူး။အခုထုတ်ပြန်ချက်အရဆိုရင် ယခင်အိုဘားမားအစိုးရမှ အရာရှိအ များအပြားကို သူ့အစိုးရအဖွဲ့မှာ နေရာပေးခဲ့သလို ဘိုင်ဒင်ရဲ့လက်ထောက် ဝါရင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာအကြံပေး အရှေ့ဖျားရေးရာကျွမ်းကျင်သူ အန်ထော်နီ ဘလင်ကင် က နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ယခင်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျွန်ကယ်ရီ က ရာထူးသစ်ဖြစ်တဲ့ ရာသီဥတုဆိုင်ရာ အထူးသံတမန်ဖြစ်လာမှာပါ။အရှေ့ဖျားရေးရာကျွမ်းကျင်သူဖြစ်တဲ့ ဘလင်ကင် ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် နေရာပေးတာကိုကြည့်ရင် ဘိုင်ဒင်အနေနဲ့ သူ့သက်တမ်းမှာ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်လာတဲ့ တရုတ်နဲ့ဆက်ဆံရေးကို အထူးအာရုံစိုက်နေမှာကို အရိပ်အမြွက်ပြလိုက်တဲ့ သဘောပါဘဲ။ထရမ့်လက်ထက်မှာ တရုတ်နိုင်ငံကို အမေရိကန် ပြည်ထောင်စုရဲ့ အဓိကပြိုင်ဘက်အဖြစ်သတ်မှတ်ပြီး ကုန်သွယ်ရေး စစ်မျက်နှာသစ်ဖွင့်ကာ ကမ္ဘာ့စီးပွားရေးနယ်ပယ်မှာ တရုတ်နိုင်ငံရဲ့လွှမ်းမိုးမှုကိုဟန့်တားဖို့ ကြိုးပမ်းလာခဲ့တာကို တွေ့ခဲ့ရပါတယ်။ 
 
ဘိုင်ဒင်ကရော တရုတ်အပါအဝင် အစဉ်အလာ ရန်ဘက် ရုရှားနဲ့ နောက်ပိုင်းအစွယ်အဖျားတွေဖြစ်တဲ့ အိီရန်၊ မြောက်ကိုရီးယားတွေကို ဘယ်လိုသဘောထားမလဲ သတ်မှတ်မလဲဆိုတာ စိတ်ဝင်စား စရာပါ။
 
အထူးသဖြင့် လက်ရှိတင်းတင်းမာမာ ဆက်ဆံရေး အသွင်ဆောင်နေတဲ့ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးမှာ သမ္မတဖြစ်လာမယ့် ဂျိုးဘိုင်ဒင်အနေနဲ့ လက်ရှိသမ္မတနဲ့ နှိုင်းစာရင် သံတမန်ဆက်ဆံရေးမှာ အမေ ရိကရဲ့ အစဉ်အလာ သံတမန်ဆက်ဆံရေးပုံစံအတိုင်း ချဉ်းကပ်သွားဖွယ်ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်လာတယ်။ဒါပေမဲ့ တရုတ်နိုင်ငံဟာ အမေရိကန်တို့ရဲ့ အကျိုးစီးပွားကို အဓိက ခြိမ်းခြောက်နေတဲ့ နိုင်ငံအဖြစ် ရှုမြင်နေဆဲဆိုတဲ့ အမြင်ကတော့ သုံးသပ်သူအားလုံးမှာ ရှိနေကြတဲ့ ဘုံအမြင်ပါ။
 
ဒါပေမယ့် ကိုဗစ်အလွန် ကမ္ဘာသစ်အဖြစ် ပြန်လည်မြင်တွေ့လာရနိုင်တဲ့ ဘိုင်ဒင်ရဲ့သမ္မတသက်တမ်း ကို တရုတ်ဘက်က အကောင်းမြင်ထားဟန်တူပါတယ်။ဒါပေမယ့် ဘိုင်ဒင် ရွေးကောက်ခံရကြောင်းကို ထရမ့် အရှုံးကိုလက်ခံကြောင်း သေချာတဲ့ ဘိုင်ဒင်ရဲ့အစိုးရအသစ်နေရာချထားမှုပေါ်လာမှ ပေးပို့တာကို ကြည့်ရင် တရုတ်အနေနဲ့ ထရမ့်နဲ့ ဘိုင်ဒင် လွန်ဆွဲပွဲကနေ ခပ်ခွာခွာနေပြီး သေချာမှ သံတမန်ကျင့်ဝတ်အရ လက်ဆွဲနှုတ်ဆက်တဲ့ သတိကြီးတဲ့အနေအထားကို တွေ့ရပါတယ်။
 
မှတ်တမ်းတွေအရဆိုရင် ဘိုင်ဒင်ဟာ တရုတ်ခေါင်းဆောင်တွေနဲ့ မစိမ်းတဲ့သူဖြစ်ပါတယ်။တရုတ်နိုင်ငံကို ပထမဦးဆုံးသွားရောက်လည်ပတ်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ်တွေထဲ ပါသလို ၁၉၇၉ ခုနှစ်က တရုတ်နိုင်ငံရဲ့ အထင်ကရ ခေါင်းဆောင် တိန့်ရှောင်ဖိန်နဲ့ တွေ့ဆုံခဲ့ဖူးတဲ့သူပါ။ဘိုင်ဒင် ကိုယ်တိုင်က တရုတ်ခေါင်းဆောင် ရှီကျင့်ဖိန်ဟာ သူနဲ့ အကြိမ်ရေအများဆုံးတွေ့ဆုံဖူးသူဖြစ်တဲ့ အကြောင်း ထုတ်ပြောခဲ့ဖူးတဲ့အထိပါဘဲ။ဒါကြောင့်လည်း ထရမ့် က ဘိုင်ဒင်နိုင်ရင် အမေရိကန်ပြည်သူ တွေ တရုတ်စာသင်ထားကြဆိုပြီး ထိုးနှက်တဲ့အထိ တရုတ်ဘက်ယိမ်းသူအဖြစ် ပုံဖော်ခံခဲ့ရတဲ့သူပါ။ဒါပေမယ့် ကိုဗစ် ၁၉ ကူးစက်ကပ်ရောဂါနောက်မှာ ဘိုင်ဒင်ဟာ တရုတ်အပေါ်တင်းမာတဲ့ အုပ်စုထဲပါဝင်သလို သူ့အပေါ် တရုတ်လိုလားသူဆိုတဲဲ့ အများအမြင်ကိုဖျောက်ဖျက်ဖို့ တရုတ်နဲ့ သံတမန်ရေးရာမှာ တင်းတင်းမာမာ ဆက်ဆံမလားဆိုတဲ စိုးရိမ်မှုတွေလည်းရှိခဲ့ပါတယ်။ဒါပေမယ့် အများစုကတော့ ဝါရင့်သံတမန် ဘလင်ကင် ကို နိုင်ငံခြားရေးဝန်ကြီးခန့်အပ်တာ၊ တရုတ်နဲ့နီးကပ်တဲ့ ဆက်ဆံရေး၊ အီရန် ဘက်က ဘိုင်ဒင် ကို နျူစာချူပ်အတွက် စကားခေါ်နေမှု စတာတွေကြောင့် ဘိုင်ဒင်လက်ထက်မှာ ဆက်ဆံရေးစာမျက်နှာသစ်ဖွင့်နိုင်မယ့် အခွင့်အလမ်းရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိခဲ့ပါတယ်။
 
တခြားတစ်ဖက်မှာ ဘိုင်ဒင်ရဲ့ ရွေးကောက်ပွဲအနိုင်ရမှုကိုလက်ခံဖို့ ထရမ့်ဘက်က စကားတွေ စလာခဲ့တာကို တွေ့နေရပါပြီ။ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ထရမ့် က အမေရိကန်သမ္မတရွေးချယ်ရေး ကိုယ်စားလှယ်အဖွဲ့က ဂျိုးဘိုင်ဒင် ကို အနိုင်ရရှိသူအဖြစ် တရားဝင်အတည်ပြုပါက အိမ်ဖြူတော်ကနေ ထွက်ခွာမယ်လို့ ပြောခဲ့ပါတယ်။
 
ကမ္ဘာ့ရေးရာတွေမှာ အဓိကအလှုပ်ဖြစ်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက အရှေ့ဖျားရေးရာကို ထဲထဲဝင်ဝင်သိတဲ့သူ ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေးကို အလေးထားတဲ့၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာကိစ္စတွေကို အလေးထားမယ့် ပုံပေးနေတဲ့ ဘိုင်ဒင်လက်ထက်မှာ တရုတ်-အမေရိကန် ဆက်ဆံရေး၊ ရုရှား-အမေရိကန် ဆက်ဆံရေးနဲ့ တခြားနိုင်ငံတကာဆက်ဆံရေးမှာ ယခင်ပုံစံတွေနဲ့ ဘိုင်ဒင် က ခွဲထွက် လာနိုင်သလားဆိုတာ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
 
ပုံစံပြောင်း ကာကွယ်ဆေးစစ်ပွဲ
 
ဗိုင်းရပ်စ်ကာကွယ်ဆေးတွေ ပေါ်ထွက်လာဖို့ သတင်းကောင်းတွေထွက်လာချိန်မှာဘဲ ဥရောပတလွှားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုက တစ်ဖန်မြင့်တက်နေသလို ပထမလှိုင်းလို့ခေါ်တဲ့ မတ်လနဲ့ ဧပြီလအတွင်း ကူးစက်ခံရမှုအရေအတွက်ထက်ကို ပိုပြီးမြင့်မားလာနေတာကို တွေ့ရပါတယ်။ဥရောပသမဂ္ဂလို့ခေါ်တဲ့ အီးယူဆိုရင် ကာကွယ်ဆေးနဲ့ပတ်သက်ပြီး တိကျတဲ့အချိန်တောင် သတ်မှတ်ထားပြီး ကိုဗစ် ၁၉ ကာကွယ်ဆေးကို လာမည့် ဒီဇင်ဘာမကုန်ခင် ခရစ္စမတ်ကာလမှာ ရရှိနိုင်တယ်ဆိုပြီး ကတိပေးခဲ့တာရှိပါတယ်။
 
ဒါပေမယ့် ကာကွယ်ဆေးရဖို့သာ နီးစပ်လာတာ ကူးစက်မှုက အရှိန်ကောင်းနေဆဲပါ။ယခုရက်ထဲမှာဘဲ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ခရိုအေးရှားဆိုရင် အစိုးရက ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကို ပိတ်ခိုင်းထားသလို လူစုလူဝေးတွေမလုပ်ကြဖို့ တားမြစ်ခဲ့ရပါတယ်။ဗြိတိန်ဆိုရင် ဒီလထဲမှာ သက်တမ်းကုန်မယ့် တစ်နိုင်ငံလုံး တင်းကျပ်တဲ့ လော့ခ်ဒေါင်းချထားတာကို အဆင့် ၃ မျိုးနဲ့ ပြန်စီစဉ်နေပါတယ်။ဂျာမနီဆိုရင်လည်း ခရစ်စမတ်ကာလမတိုင်မီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းကို လျှော့ချနိုင်ဖို့ တစ်စိတ်တစ်ပိုင်းလော့ခ်ဒေါင်းချထားတာကို ဒီဇင်ဘာလ (၂၀) ရက်နေ့အထိ ထပ်တိုးခဲ့ပါတယ်။ပိုလန်ဆိုရင် ခရစ္စမတ်ကာလမှာတောင် ခရီးသွားလာခြင်းမပြုဖို့ ဆော်ဩနေရတဲ့အထိပါဘဲ။
 
တောင်အမေရိကန်နိုင်ငံဖြစ်ပြီး လက်ရှိမှာ ကမ္ဘာ့တတိယကူးစက်ခံရဆုံးဖြစ်နေတဲ့ ဘရာဇီးမှာဆိုရင် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းအတွင်း ဆေးရုံတက်ရောက်ကုသရတဲ့ လူနာအရေအတွက်နဲ့ သေဆုံးသူ အရေအတွက် အလွန်များပြားနေခဲ့ပါတယ်။ကမ္ဘာ့ကူးစက်မှုအများဆုံးဖြစ်နေဆဲ အမေရိကန်ဆိုရင် နေ့စဉ် ကူးစက်သူတစ်သိန်းကျော်နေပြီး သေဆုံးသူကလည်း တစ်ရက်ကို ထောင်ဂဏန်းထိရှိနေပါတယ်။ကယ်လီဖိုးနီးယားပြည်နယ်မှာဆိုရင် ညမထွက်ရအမိန့် ထုတ်ပြန်ခဲ့ရပါတယ်။
 
အာရှက ကမ္ဘာ့ဒုတိယအများဆုံး ကူးစက်ခံနေရတဲ့ အိန္ဒိယဆိုရင် ကူးစက်ခံရသူဦးရေ ကိုးသန်းကျော်အထိရှိနေပြီး အီရန်ဆိုရင် ကူးစက်မှုများပြန်လည် ဖြစ်ပွားလာလို့ အစားအသောက်ဆေးဝါးနှင့် နေ့စဉ်လိုအပ်သည့်ပစ္စည်းများ ရောင်းချသည့်ဆိုင်မှတစ်ပါး အခြားသောဆိုင်များကို နှစ်ပတ်ကြာပိတ်ထားရပါတယ်။သူ့အိမ်နီးချင်း ပါကစ္စတန်ဆိုရင်လည်း ကူးစက်မှုတွေမြင့်တက်လာလို့ ဈေးတွေနဲ့ ရှော့ပင်းမောတွေကိုလည်း နေ့စဉ် ညနေ (၆) နာရီမှာ ပိတ်ခိုင်းခဲ့ရပါတယ်။တရုတ်ဆိုရင်လည်း မြို့ကြီး ၃ မြို့မှာ ဗိုင်းရပ်စ်ပြန်ကူးစက်တာကို တွေ့ပြီးတဲ့နောက် တရုတ်အာဏာပိုင်တွေက ကျောင်းတွေကိုပိတ်၊ လော့ခ်ဒေါင်းတွေချတာအပြင် လူပေါင်းသန်းနဲ့ချီပြီး ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ဟောင်ကောင်မှာဆိုရင် ဗိုင်းရပ်စ်ကူးစက်မှုသစ်တွေ မြင့်တက်လာလို့ ဟောင်ကောင်နဲ့ စင်ကာပူအကြား လေကြောင်း ပြန်လည်ပြေးဆွဲမယ့်အစီအစဉ်ကို ရုတ်တရက်ရပ်ဆိုင်းခဲ့ပါတယ်။ထိုင်းဆိုရင်လည်း ထုတ်ပြန်ထားတဲ့ အရေးပေါ်ဥပဒေကို လာမည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလလယ်အထိ သက်တမ်းထပ်တိုးခဲ့ပါတယ်။ဂျပန်ဆိုရင်လည်း ကိုဗစ်- ၁၉ ကူးစက်မှုများ ပြန်လည်များပြားလာလို့ ခရီးသွားလှုံ့ဆော်မှုတွေကို ရပ်နားထားခဲ့ရပါတယ်။နီပေါဆိုရင် သူ့နိုင်ငံမှာ ကူးစက်မှုက ထိန်းချုပ်မရနိုင်လောက်အောင်ဖြစ်နေတာရယ် ခရီးသွားလုပ်ငန်းပေါ်မှီခိုနေရတဲ့ နိုင်ငံ့စီးပွားရေးကြောင့် ကူးစက်ရောဂါကြာလေ နိုင်ငံက အခြေအနေအားလုံးစိုက်ဆင်းလာနေတဲ့အတွက် ကာကွယ်ဆေးစောစောရဖို့ နိုင်ငံတကာကို ဆော်ဩနေရတဲ့ အထိပါဘဲ။
 
ဒီလိုကူးစက်မှုတွေရှိပေမယ့် တခြားတစ်ဘက်မှာ ကူးစက်မှုအနည်းငယ်ကျတာနဲ့ ပြန်ဖြေ‌ေလျှာ့လိုက်၊ ပြန်တက်လာရင် ပြန်တင်းကျပ်လိုက် လုပ်နေရပါတယ်။ပြင်သစ်ဆိုရင် ကူးစက်မှုအနည်းငယ်ပြန်ကျလာလို့ ရှေု့ရက်သတ္တပတ်ကစလို့ ပြည်သူတွေဟာ ဆိုင်တွေမှာဈေးဝယ်ခွင့်၊ ဘာသာရေးအခမ်းအနားတွေ သွားခွင့်ပြုမှာဖြစ်ပြီး စားသောက်ဆိုင်တွေကိုတော့ ဇန်နဝါရီ ၂၀ ရက်အထိ မပေးသေးပါဘူး။ပါကစ္စတန်ဆိုရင်လည်း ကူးစက်မှုတွေ မြင့်တက်နေပေမယ့် စီးပွားရေးထိခိုက်တာ ထပ်မခံနိုင်တော့လို့ လော့ခ်ဒေါင်းချတာကို လုပ်မယ်မဟုတ်ဘူးလို့ အာဏာပိုင်တွေက ပြတ်ပြတ်သားသား ပြောထားပါတယ်။ဥရောပဆိုရင်လည်း ရေခဲပြင် နှင်းလျှောစီးကာလဖြစ်နေလို့ နိုင်ငံအချို့က ဒီဇင်ဘာအမီ နှင်းလျှောစီးစခန်းတွေ၊ ဟိုတယ်တွေ ပြန်ဖွင့်နိုင်အောင် ပြင်ဆင်နေတာတွေရှိနေပါတယ်။ဩစတြေးလျဆိုရင်လည်း ဗစ်တိုးရီးယားပြည်နယ်ကနေစပြီး နိုင်ငံတကာလေယာဉ်တွေကို ဒီဇင်ဘာ ၇ ရက်ကနေ ပြန်လည်ဝင်ရောက်ခွင့်ပြုတော့မှာပါ။ဒါ့အပြင် ဗစ်တိုးရီးယားနှင့် နယူးဆောက်ဝေးလ်ပြည်နယ်များ၏ နယ်စပ်ဂိတ်တွေကို နိုဝင်ဘာ ၂၃ ရက်မှာ ပြန်ဖွင့်တာရှိခဲ့ပါတယ်။
 
အားလုံးက ယခုနှစ်ကုန် နောက်အကျဆုံး ရှေ့နှစ် ပထမ ၄ လအတွင်း ကာကွယ်ဆေးရမယ်လို့ ကြိမ်းသေတွက်ချက်ထားကြပါတယ်။ဒီလိုတွက်ထားတဲ့ အတွက် စီးပွားရေးကို စောနိုင်သမျှ စောစောပြန်စနိုင်ဖို့ ကူးစက်မှုအရှိန်ကျလာတာနဲ့ ကန့်သတ်ချက်တွေ ပြန်လည်ဖြေလျှော့တာကို အလျင်စလိုလုပ်နေကြတာကို တွေ့နေရပါတယ်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ဒီလိုပုံစံနဲ့ဆိုရင် ဥရောပဆောင်းရာသီကြောင့်‌ ၂၀၂၁ ခုနှစ် နှစ်စတွင် ကိုဗစ်-၁၉ တတိယလှိုင်း ဖြစ်ပေါ်နိုင်တယ်ဆိုပြီး သတိပေးတာတွေ ရှိပါတယ်။
 
စိုးရိမ်မှုကတစ်ဖက် အခြားတစ်ဘက်မှာလည်း ကာလရှည်ပိတ်ဆို့မှုတွေက လူမှုရေး၊ နိုင်ငံရေး၊စီးပွားရေး ပြဿနာတွေကို သယ်ဆောင်လာတဲ့ အတွက် အထွေထွေအကျပ်အတည်းတွေကို ရင်ဆိုင်နေရပါတယ်။နိုင်ငံတိုင်းရဲ့ စီးပွားရေးကလည်း ဗိုင်းရပ်ကူးစက်မှုကြောင့် ကမ္ဘာတစ်ဝန်း သွားလာမှုထိုးရပ်လိုက်တဲ့အခါ ပြိုလဲလုမတတ်အခြေအနေကိုရောက်လာသလို ကူးစက်မှုက တစ်လှိုင်းပြီး တစ်လှိုင်း ဆက်တက်လာနေတဲ့အခါ အစိုးရပြုတ်ကျလာစေနိုင်တဲ့အထိ ဖြစ်လာပါတယ်။တစ်နှစ်ခန့်ကြာတဲ့ ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် အလုပ်မဖြစ်လာတဲ့ အခါ အစိုးရတိုင်းအတွက် ကူးစက်ရောဂါကို ဆက်ထိန်းချုပ်မလား သတိနဲ့ယှဉ်ပြီး ဖြေ‌ေလျှာ့မလားဆိုတာ ရွေးချယ်ရခက်တဲ့ အခြေအနေဖြစ်လာပါတယ်။ဒီအတွက် ထွက်ပေါက်က ကာကွယ်ဆေးပါဘဲ။ကာကွယ်ဆေးကကော တစ်ကယ့်ကို အားကိုးစရာရှိပါ့မလားဆိုတာကို မေးခွန်းမထုတ်နိုင်လောက်အောင် ကမ္ဘာတဝန်း လိုအပ်ချက်ကြီးနေတဲ့အတွက် ဆေးရရှိဖို့က နိုင်ငဲံတိုင်းအတွက် ခေါင်းခဲစရာကိစ္စဖြစ်လာခဲ့ပါတယ်။
 
ကုလအတွင်းရေးမှူးချုပ်ကတော့ နိုဝင်ဘာ ၂၁ ရက်ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူတိုင်း ကိုဗစ် -၁၉ ကာကွယ်ဆေးကို လူတိုင်းလက်လှမ်းမီရမည်ဆိုပြီး ပြောခဲ့ပါတယ်။မကြာမီက အွန်လိုင်းကနေကျင်းပခဲ့တဲ့ G-20 အစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ်က ကမ္ဘာတစ်ဝန်းမှ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကာကွယ်ဆေးနှင့် ကုသမှုများရရှိရေး တွန်းအားပေးလုပ်ဆောင်ပေးဖို့ တောင်းဆိုခဲ့သလို ဒီအစည်းအဝေးအပြီး တရုတ်သမ္မတနဲ့ ဂျာမန်ခေါင်းဆောင်တို့ ဖုန်းဆက်ဆွေးနွေးမှုမှာလည်း ကာကွယ်ဆေးဖြန့်ဖို့ တရုတ်ဘက်က အသင့်ရှိတယ်ဆိုပြီး ပြောခဲ့တာတွေ ရှိခဲ့ပါတယ်။
 
တစ်ကယ်ဘဲ နိုင်ငံကြီးတွေ၊ ဆေးကုမ္ပဏီတွေက ကမ္ဘာတစ်လုံး အသည်းအသန်လိုနေတဲ့ ဆေးကို နိုင်ငံရေးအရအသုံးမချဘဲ အလကားပေးပါ့မလားဆိုတာ စဉ်းစားစရာလိုအပ်သလို ဆေးတုပေါ်ထွက်လာနို်င်တာတွေကိုလည်း ထည့်တွက်စရာဖြစ်လာပါတယ်။လက်ရှိမှာ Pfizer ၊ Moderna ၊ စီနိုဗက်၊ Sputnik V နဲ့ အောက်ဖို့ဒ်ဆေးတွေ ထွက်ရှိလာဖွယ်ရှိနေသလို အမေရိကန်ပြည်သူတွေကို ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၂ ရက်မှာ Pfizer ၊ Moderna ကာကွယ်ဆေးတွေကို ထိုးပေးတော့မှာ ဖြစ်ပါတယ်။ 
 
ကာကွယ်ဆေးသုံးခွင့်ရပြီး တစ်ကယ်ကို ထိုးနှံမှုစတာနဲ့ ဗိုင်းရပ်စ်စစ်ပွဲက တစ်ခန်းရပ်ပြီး အကျိုးစီးပွားစစ်ပွဲက စလာတော့မှာပါ။လက်ရှိမှာ လူဦးရေ သန်း ၆ ထောင်ရှိတဲ့ ကမ္ဘာကြီးအတွက် ဆေးတစ်ဖုံ ဘယ်လောက်လဲဆိုတာ အားလုံးစဉ်းစားနေရသလို ဘယ်လောက်ထိ အကျိုးအမြတ်ကြီးမလဲဆိုတာလဲ ကုမ္ပဏီတွေ၊ စီးပွားရေးအင်အားကြီးနိုင်ငံတွေ စဉ်းစားနေမှာ သေချာပါတယ်။လက်ရှိမှာ အမေရိကန်အစိုးရနဲ့ EU နဲ့ ဥရောပနိုင်ငံတွေက Pfizer-BioNTech ဆီကနေ ဆေးတွေ သန်းနဲ့ချီပြီးဝယ်ဖို့ စာချုပ် ချုပ်ထားသလို အခြားဆေးတွေလည်း နိုင်ငဲံကြီးတွေ ချမ်းသာတဲ့ နိုင်ငံတွေက ကြိုတင်ဝယ်ထားပြီးသားပါ။ဆေးစျေးတွေက Pfizer အတွက် ၁၅ ပေါင် (၁၉ ဒသမ ၅ ဒေါ်လာ)၊Moderna အတွက် ၂၅ ပေါင်(၂၅ ဒေါ်လာမှ ၃၇ ဒေါ်လာ) နဲ့ အောက်စဖို့ဒ်ထုတ် Astra Zeneca က ၃ ပေါင်ထိ စျေးပေါက်နေသလို စီနိုဗက်၊ Sputnik V က ဒီထက်စျေးနည်းမယ်ဆိုတဲ့အတွက် ကာကွယ်ဆေး အတွက် ကုမ္ပဏီတွေရဲ့ ဆေးစစ်ပွဲတစ်ခုကို မြင်ရဖွယ်ရှိနေပါတယ်။ရှေ့ရက်တွေမှာ ဘယ်ကာကွယ်ဆေးက ပိုအလုပ်ဖြစ်သလဲဆိုတာ သိရတော့မှာဖြစ်ပါတယ်။
 
ဒီလိုသတင်းတွေအပြင် ယခုရက်သတ္တပတ်ထဲမှာ တခြားစိတ်ဝင်စားစရာ သတင်းတွေဖြစ်တဲ့ ဂွာတီ မာလာမှာ အစိုးရအသုံးစရိတ်ဥပဒေကို မကျေနပ်လို့ ပြည်သူတွေက လွှတ်တော်ကို မီးတင်ရှို့ကြတဲ့ သတင်း၊ ဂျပန်မှာ စက်တင်ဘာလအတွင်း အရွယ်ကောင်းအမျိုးသားတွေ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်မှုများ မြင့်တက်လာတဲ့သတင်း၊ လာမည့် ဇန်နဝါရီ ၁ ရက်မှာ အသက်ဝင်မယ့် ယာယီကုန်သွယ်ရေးစာချုပ်ကို ကနေဒါနဲ့ ဗြိတိန် စာချုပ် ချုပ်ဆိုခဲ့တဲ့သတင်း၊ ဘီလာရုစ်သမ္မတ လူကာရှန်ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုဆန္ဒပြသူအများအပြားကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ သတင်း၊ ထိုင်ဝမ်ကို အမေရိကန်ဝက်သား ထပ်ပို့ခွင့်ပြုတဲ့အပေါ် ထိုင်ဝမ်ပြည်သူတွေ လမ်းပေါ်တက်ဆန္ဒပြခဲ့ကြတဲ့သတင်း၊ ကပ္ပလီပင်လယ်ပြင်မှာ အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူရေတပ်တို့ သုံးနိုင်ငံရေတပ်လေ့ကျင့်မှု ပြုလုပ်ခဲ့တဲ့သတင်း၊ သဘာဝပတ်ဝန်းကျင် ကိစ္စမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းဆောင်ရွက်ကြဖို့ G20 ခေါင်းဆောင်များရဲ့ အွန်လိုင်းအစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟိုက်ဆူဂါ က ပြောကြားခဲ့တဲ့သတင်းတွေလဲ ဖြစ်ခဲ့တယ်ဆိုတာ တင်ပြရင်း ယခုရက်သတ္တပတ် နိုင်ငံတကာ သတင်းသုံးသပ်ချက်ကို ဒီမှာဘဲ ရပ်လိုက်ချင်ပါတယ်။
 
မင်းထက်
နိုဝင်ဘာ - ၂၇
 
( Zawgyi )
 
ယခုရက္ထဲ ကပ္ေဘးႏွင့္ပတ္သက္ၿပီး သတင္းေကာင္းမ်ားစြာ ထြက္ေပၚလာခဲ့ပါတယ္။
 
ယခင္က ကို႐ိုနာဗိုင္းရပ္စ္နဲ႔ပတ္သက္ၿပီး ကုသေဆးေပၚထြက္လာဖို႔ ကာကြယ္ေဆးေပၚထြက္လာဖို႔ ေမွ်ာ္ လင့္ေနရတဲ့ အေနအထားကေန ယခုရက္သတၱပတ္ထဲမွာ ကာကြယ္ေဆးေဖာ္စပ္ေနတဲ့ ႏိုင္ငံတကာေဆး ကုမၸဏီေတြဘက္ကေန သတင္းေကာင္းေတြ ဆက္တိုက္ဆိုသလို ေပၚထြက္လာကာ ေဆးက ယခုႏွစ္ကုန္မွာတင္ ေပၚထြက္လာေတာ့မယ့္ အေျခအေနထိ ေရာက္လာခဲ့ပါတယ္။ဒီေဆးသတင္းေကာင္းအျပင္ ႏိုင္ငံတကာက ေစာင့္ၾကည့္ေနရတဲ့ အေမရိကန္အစိုးရသစ္ အခင္းအက်င္း၊ အာဖရိကတိုက္က ႏိုင္ငံတစ္ႏိုင္ငံျဖစ္တဲ့ အီသီယိုးပီးယားမွာ ျဖစ္ေနတဲ့ ခြဲထြက္ေဒသကို စစ္ဆင္ေရးဆင္ေနတဲ့အေပၚ ႏိုင္ငံ တကာက စိုးရိမ္ပူပန္မႈေတြက လတ္တေလာ ႏိုင္ငံတကာသတင္းေတြအေပၚ လႊမ္းမိုးခဲ့ပါတယ္။
 
ဒီသတင္းေတြထဲကေန ပထမဆုံးအေနနဲ႔ အေမရိကန္အစိုးရသစ္ အခင္းအက်င္းနဲ႔ ျဖစ္လာႏိုင္တဲ့ ႏိုင္ငံျခားေရးမူဝါဒကို ေဖာ္ျပခ်င္ပါတယ္။
 
ထရမ့္အလြန္ ဘိုင္ဒင္လက္ထက္ အေမရိကန္၏ ႏိုင္ငံျခားေရးမူဝါဒ
 
လိပ္ခဲတည္းလည္းျဖစ္ေနတဲ့ အေမရိကန္အစိုးရ အကူးအေျပာင္းက ေ႐ြးေကာက္ပြဲမွာ အႏိုင္ရသူ အျဖစ္ ဘိုင္ဒင္ ကို အိမ္ျဖဴေတာ္ အုပ္ခ်ဳပ္ေရးအဖြဲ႕က မီးစိမ္းျပၿပီးတဲ့ေနာက္မွာ ဘိုင္ဒင္ က သူ႔ရဲ႕အစိုးရသစ္မွာ ပါလာမယ့္သူေတြ စာရင္းကို တနလၤာေန႔မွာ ထုတ္ျပန္ခဲ့ပါတယ္။ဒါဟာ မၾကာခင္ရက္ေတြက ထရမ့္ရဲ႕ ႏိုင္ငံေရးမဟာမိတ္ နယူးဂ်ာစီျပည္နယ္အုပ္ခ်ဳပ္ေရးမႉးေဟာင္းက တိုက္တြန္းတာေတြ၊ ဘိုင္ဒန္ အႏိုင္ရခဲ့တဲ့ ေဂ်ာ္ဂ်ီယာျပည္နယ္မွာ မဲျပန္ေရဖို႔ ေတာင္းဆိုခဲ့တာကို အဲဒီျပည္နယ္က ရီပတ္ဘလီကင္ အတြင္းေရးမႉးက ဒီမိုကရက္တစ္ေတြ မဲအနည္းငယ္အသာနဲ႔ အႏိုင္ရခဲ့တယ္လို႔ ထုတ္ေျပာခဲ့မႈေတြအၿပီး ယခုလိုအေျပာင္းအလဲေတြက စလာခဲ့တာျဖစ္ပါတယ္။
 
ႏိုင္ငဲံတကာက ထရမ့္ရဲ႕ ေ႐ြးေကာက္ပြဲအရႈံးကို လက္မခံဘဲ အတင္းျငင္းဆန္ေနတာကို ေစာင့္ၾကည့္မႈက တနလၤာေန႔က ထုတ္ျပန္ခဲ့တဲ့ ဘိုင္ဒင္ရဲ႕ အစိုးရသစ္စာရင္း ထုတ္ျပန္အၿပီးမွာ အဆုံးသတ္ခဲ့ပါတယ္။အားလုံးက ဘိုင္ဒင္ရဲ႕ အစိုးရအခင္းအက်င္း ႏိုင္ငံျခားေရးမူဝါဒကို အရမ္းေစာင့္ၾကည့္ေနၾကပါ တယ္။အထူးသျဖင့္ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံတို႔အၾကားက အဖုအထစ္မ်ားေနတဲ့ ဆက္ဆံေရးမွာ ဘယ္လိုအေျပာင္းအလဲေတြျဖစ္မလဲဆိုတာပါ။လက္ရွိအခ်ိန္မွာ အေမရိကန္ျပည္ေထာင္စုနဲ႔ တ႐ုတ္ႏိုင္ငံတို႔ရဲ႕ ဆက္ဆံေရးဟာ အနိမ့္ဆုံးအဆင့္ကို ေရာက္ရွိေနခဲ့သလို ထရမ့္လက္ထက္က ကမာၻ႔ဇာတ္ခုံေပၚမွာ ဩဇာအရွိန္အဝါေမွးမွိန္သလိုျဖစ္ေနတဲ့ အေမရိကန္ျပည္ေထာင္စုကို ျပန္လည္လင္းလက္ ေတာက္ပလာေစမယ္ဆိုၿပီးေႂကြးေၾကာ္ခဲ့တာေတြက အလုပ္မျဖစ္ခဲ့တာေတြေၾကာင့္ ဘိုင္ဒင္လို အိုဘားမားလက္ထက္မွာ ဒုသမၼတလုပ္ခဲ့သူလက္ထက္မွာ ထင္တိုင္းမေပါက္ခဲ့ဘဲ အေမရိကန္ျပည္ေထာင္စုရဲ႕ ပုံရိပ္တက္လာမလား၊ ကမာၻ႔အဖြဲအစည္းေတြမွာ ျပန္လည္တာဝန္ယူလာမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြလည္း ရွိခဲ့ပါတယ္။
 
ဒါေပမယ့္ ဘိုဒင္လက္ထက္မွာ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူမယ့္သူ၊ ျပည္တြင္းလုံၿခဳံေရး ဝန္ႀကီးျဖစ္လာမယ့္သူ၊ အမ်ိဳးသားလုံၿခဳံေရးအတိုင္ပင္ခံျဖစ္လာမယ့္သူေတြက အိုဘာမားလက္ ထက္မွာ ဘိုဒင္လက္ေထာက္ တာဝန္ယူခဲ့သူေတြျဖစ္လို႔ ဘိုင္ဒင္လက္ထက္ ႏိုင္ငံတကာဆက္ဆံေရးက အိုဘားမားလက္ထက္ကထက္ သိပ္ေျပာင္းလဲလာႏိုင္တဲ့ အေနအထားမဟုတ္ပါဘူး။အခုထုတ္ျပန္ခ်က္အရဆိုရင္ ယခင္အိုဘားမားအစိုးရမွ အရာရွိအ မ်ားအျပားကို သူ႔အစိုးရအဖြဲ႕မွာ ေနရာေပးခဲ့သလို ဘိုင္ဒင္ရဲ႕လက္ေထာက္ ဝါရင့္ ႏိုင္ငံျခားေရးမူဝါဒဆိုင္ရာအႀကံေပး အေရွ႕ဖ်ားေရးရာကြၽမ္းက်င္သူ အန္ေထာ္နီ ဘလင္ကင္ က ႏိုင္ငံျခားေရးဝန္ႀကီးျဖစ္လာၿပီး ယခင္ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း ဂြၽန္ကယ္ရီ က ရာထူးသစ္ျဖစ္တဲ့ ရာသီဥတုဆိုင္ရာ အထူးသံတမန္ျဖစ္လာမွာပါ။အေရွ႕ဖ်ားေရးရာကြၽမ္းက်င္သူျဖစ္တဲ့ ဘလင္ကင္ ကို ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ ေနရာေပးတာကိုၾကည့္ရင္ ဘိုင္ဒင္အေနနဲ႔ သူ႔သက္တမ္းမွာ ကမာၻ႔အင္အားႀကီးႏိုင္ငံျဖစ္လာတဲ့ တ႐ုတ္နဲ႔ဆက္ဆံေရးကို အထူးအာ႐ုံစိုက္ေနမွာကို အရိပ္အႁမြက္ျပလိုက္တဲ့ သေဘာပါဘဲ။ထရမ့္လက္ထက္မွာ တ႐ုတ္ႏိုင္ငံကို အေမရိကန္ ျပည္ေထာင္စုရဲ႕ အဓိကၿပိဳင္ဘက္အျဖစ္သတ္မွတ္ၿပီး ကုန္သြယ္ေရး စစ္မ်က္ႏွာသစ္ဖြင့္ကာ ကမာၻ႔စီးပြားေရးနယ္ပယ္မွာ တ႐ုတ္ႏိုင္ငံရဲ႕လႊမ္းမိုးမႈကိုဟန႔္တားဖို႔ ႀကိဳးပမ္းလာခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ 
 
ဘိုင္ဒင္ကေရာ တ႐ုတ္အပါအဝင္ အစဥ္အလာ ရန္ဘက္ ႐ုရွားနဲ႔ ေနာက္ပိုင္းအစြယ္အဖ်ားေတြျဖစ္တဲ့ အိီရန္၊ ေျမာက္ကိုရီးယားေတြကို ဘယ္လိုသေဘာထားမလဲ သတ္မွတ္မလဲဆိုတာ စိတ္ဝင္စား စရာပါ။
 
အထူးသျဖင့္ လက္ရွိတင္းတင္းမာမာ ဆက္ဆံေရး အသြင္ေဆာင္ေနတဲ့ တ႐ုတ္ႏိုင္ငံနဲ႔ ဆက္ဆံေရးမွာ သမၼတျဖစ္လာမယ့္ ဂ်ိဳးဘိုင္ဒင္အေနနဲ႔ လက္ရွိသမၼတနဲ႔ ႏႈိင္းစာရင္ သံတမန္ဆက္ဆံေရးမွာ အေမ ရိကရဲ႕ အစဥ္အလာ သံတမန္ဆက္ဆံေရးပုံစံအတိုင္း ခ်ဥ္းကပ္သြားဖြယ္ရွိတယ္ဆိုတဲ့ ခန႔္မွန္းခ်က္ေတြလည္း ထြက္ေပၚလာတယ္။ဒါေပမဲ့ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္တို႔ရဲ႕ အက်ိဳးစီးပြားကို အဓိက ၿခိမ္းေျခာက္ေနတဲ့ ႏိုင္ငံအျဖစ္ ရႈျမင္ေနဆဲဆိုတဲ့ အျမင္ကေတာ့ သုံးသပ္သူအားလုံးမွာ ရွိေနၾကတဲ့ ဘုံအျမင္ပါ။
 
ဒါေပမယ့္ ကိုဗစ္အလြန္ ကမာၻသစ္အျဖစ္ ျပန္လည္ျမင္ေတြ႕လာရႏိုင္တဲ့ ဘိုင္ဒင္ရဲ႕သမၼတသက္တမ္း ကို တ႐ုတ္ဘက္က အေကာင္းျမင္ထားဟန္တူပါတယ္။ဒါေပမယ့္ ဘိုင္ဒင္ ေ႐ြးေကာက္ခံရေၾကာင္းကို ထရမ့္ အရႈံးကိုလက္ခံေၾကာင္း ေသခ်ာတဲ့ ဘိုင္ဒင္ရဲ႕အစိုးရအသစ္ေနရာခ်ထားမႈေပၚလာမွ ေပးပို႔တာကို ၾကည့္ရင္ တ႐ုတ္အေနနဲ႔ ထရမ့္နဲ႔ ဘိုင္ဒင္ လြန္ဆြဲပြဲကေန ခပ္ခြာခြာေနၿပီး ေသခ်ာမွ သံတမန္က်င့္ဝတ္အရ လက္ဆြဲႏႈတ္ဆက္တဲ့ သတိႀကီးတဲ့အေနအထားကို ေတြ႕ရပါတယ္။
 
မွတ္တမ္းေတြအရဆိုရင္ ဘိုင္ဒင္ဟာ တ႐ုတ္ေခါင္းေဆာင္ေတြနဲ႔ မစိမ္းတဲ့သူျဖစ္ပါတယ္။တ႐ုတ္ႏိုင္ငံကို ပထမဦးဆုံးသြားေရာက္လည္ပတ္ခဲ့တဲ့ အေမရိကန္ အထက္လႊတ္ေတာ္အမတ္ေတြထဲ ပါသလို ၁၉၇၉ ခုႏွစ္က တ႐ုတ္ႏိုင္ငံရဲ႕ အထင္ကရ ေခါင္းေဆာင္ တိန႔္ေရွာင္ဖိန္နဲ႔ ေတြ႕ဆုံခဲ့ဖူးတဲ့သူပါ။ဘိုင္ဒင္ ကိုယ္တိုင္က တ႐ုတ္ေခါင္းေဆာင္ ရွီက်င့္ဖိန္ဟာ သူနဲ႔ အႀကိမ္ေရအမ်ားဆုံးေတြ႕ဆုံဖူးသူျဖစ္တဲ့ အေၾကာင္း ထုတ္ေျပာခဲ့ဖူးတဲ့အထိပါဘဲ။ဒါေၾကာင့္လည္း ထရမ့္ က ဘိုင္ဒင္ႏိုင္ရင္ အေမရိကန္ျပည္သူ ေတြ တ႐ုတ္စာသင္ထားၾကဆိုၿပီး ထိုးႏွက္တဲ့အထိ တ႐ုတ္ဘက္ယိမ္းသူအျဖစ္ ပုံေဖာ္ခံခဲ့ရတဲ့သူပါ။ဒါေပမယ့္ ကိုဗစ္ ၁၉ ကူးစက္ကပ္ေရာဂါေနာက္မွာ ဘိုင္ဒင္ဟာ တ႐ုတ္အေပၚတင္းမာတဲ့ အုပ္စုထဲပါဝင္သလို သူ႔အေပၚ တ႐ုတ္လိုလားသူဆိုတဲဲ့ အမ်ားအျမင္ကိုေဖ်ာက္ဖ်က္ဖို႔ တ႐ုတ္နဲ႔ သံတမန္ေရးရာမွာ တင္းတင္းမာမာ ဆက္ဆံမလားဆိုတဲ စိုးရိမ္မႈေတြလည္းရွိခဲ့ပါတယ္။ဒါေပမယ့္ အမ်ားစုကေတာ့ ဝါရင့္သံတမန္ ဘလင္ကင္ ကို ႏိုင္ငံျခားေရးဝန္ႀကီးခန႔္အပ္တာ၊ တ႐ုတ္နဲ႔နီးကပ္တဲ့ ဆက္ဆံေရး၊ အီရန္ ဘက္က ဘိုင္ဒင္ ကို န်ဴစာခ်ဴပ္အတြက္ စကားေခၚေနမႈ စတာေတြေၾကာင့္ ဘိုင္ဒင္လက္ထက္မွာ ဆက္ဆံေရးစာမ်က္ႏွာသစ္ဖြင့္ႏိုင္မယ့္ အခြင့္အလမ္းရွိလာႏိုင္တယ္ဆိုတဲ့ သုံးသပ္ခ်က္ေတြလည္း ရွိခဲ့ပါတယ္။
 
တျခားတစ္ဖက္မွာ ဘိုင္ဒင္ရဲ႕ ေ႐ြးေကာက္ပြဲအႏိုင္ရမႈကိုလက္ခံဖို႔ ထရမ့္ဘက္က စကားေတြ စလာခဲ့တာကို ေတြ႕ေနရပါၿပီ။ၿပီးခဲ့တဲ့ ၾကာသပေတးေန႔မွာ ထရမ့္ က အေမရိကန္သမၼတေ႐ြးခ်ယ္ေရး ကိုယ္စားလွယ္အဖြဲ႕က ဂ်ိဳးဘိုင္ဒင္ ကို အႏိုင္ရရွိသူအျဖစ္ တရားဝင္အတည္ျပဳပါက အိမ္ျဖဴေတာ္ကေန ထြက္ခြာမယ္လို႔ ေျပာခဲ့ပါတယ္။
 
ကမာၻ႔ေရးရာေတြမွာ အဓိကအလႈပ္ျဖစ္တဲ့ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးက အေရွ႕ဖ်ားေရးရာကို ထဲထဲဝင္ဝင္သိတဲ့သူ ျဖစ္ေနတဲ့အတြက္ လူ႔အခြင့္အေရးကို အေလးထားတဲ့၊ သဘာ၀ပတ္ဝန္းက်င္ဆိုင္ရာကိစၥေတြကို အေလးထားမယ့္ ပုံေပးေနတဲ့ ဘိုင္ဒင္လက္ထက္မွာ တ႐ုတ္-အေမရိကန္ ဆက္ဆံေရး၊ ႐ုရွား-အေမရိကန္ ဆက္ဆံေရးနဲ႔ တျခားႏိုင္ငံတကာဆက္ဆံေရးမွာ ယခင္ပုံစံေတြနဲ႔ ဘိုင္ဒင္ က ခြဲထြက္ လာႏိုင္သလားဆိုတာ ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
 
ပုံစံေျပာင္း ကာကြယ္ေဆးစစ္ပြဲ
 
ဗိုင္းရပ္စ္ကာကြယ္ေဆးေတြ ေပၚထြက္လာဖို႔ သတင္းေကာင္းေတြထြက္လာခ်ိန္မွာဘဲ ဥေရာပတလႊားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈက တစ္ဖန္ျမင့္တက္ေနသလို ပထမလႈိင္းလို႔ေခၚတဲ့ မတ္လနဲ႔ ဧၿပီလအတြင္း ကူးစက္ခံရမႈအေရအတြက္ထက္ကို ပိုၿပီးျမင့္မားလာေနတာကို ေတြ႕ရပါတယ္။ဥေရာပသမဂၢလို႔ေခၚတဲ့ အီးယူဆိုရင္ ကာကြယ္ေဆးနဲ႔ပတ္သက္ၿပီး တိက်တဲ့အခ်ိန္ေတာင္ သတ္မွတ္ထားၿပီး ကိုဗစ္ ၁၉ ကာကြယ္ေဆးကို လာမည့္ ဒီဇင္ဘာမကုန္ခင္ ခရစၥမတ္ကာလမွာ ရရွိႏိုင္တယ္ဆိုၿပီး ကတိေပးခဲ့တာရွိပါတယ္။
 
ဒါေပမယ့္ ကာကြယ္ေဆးရဖို႔သာ နီးစပ္လာတာ ကူးစက္မႈက အရွိန္ေကာင္းေနဆဲပါ။ယခုရက္ထဲမွာဘဲ ဥေရာပမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ခ႐ိုေအးရွားဆိုရင္ အစိုးရက ဘားဆိုင္ေတြနဲ႔ စားေသာက္ဆိုင္ေတြကို ပိတ္ခိုင္းထားသလို လူစုလူေဝးေတြမလုပ္ၾကဖို႔ တားျမစ္ခဲ့ရပါတယ္။ၿဗိတိန္ဆိုရင္ ဒီလထဲမွာ သက္တမ္းကုန္မယ့္ တစ္ႏိုင္ငံလုံး တင္းက်ပ္တဲ့ ေလာ့ခ္ေဒါင္းခ်ထားတာကို အဆင့္ ၃ မ်ိဳးနဲ႔ ျပန္စီစဥ္ေနပါတယ္။ဂ်ာမနီဆိုရင္လည္း ခရစ္စမတ္ကာလမတိုင္မီ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္းကို ေလွ်ာ့ခ်ႏိုင္ဖို႔ တစ္စိတ္တစ္ပိုင္းေလာ့ခ္ေဒါင္းခ်ထားတာကို ဒီဇင္ဘာလ (၂၀) ရက္ေန႔အထိ ထပ္တိုးခဲ့ပါတယ္။ပိုလန္ဆိုရင္ ခရစၥမတ္ကာလမွာေတာင္ ခရီးသြားလာျခင္းမျပဳဖို႔ ေဆာ္ဩေနရတဲ့အထိပါဘဲ။
 
ေတာင္အေမရိကန္ႏိုင္ငံျဖစ္ၿပီး လက္ရွိမွာ ကမာၻ႔တတိယကူးစက္ခံရဆုံးျဖစ္ေနတဲ့ ဘရာဇီးမွာဆိုရင္ ကို႐ိုနာဗိုင္းရပ္စ္ ဒုတိယလႈိင္းအတြင္း ေဆး႐ုံတက္ေရာက္ကုသရတဲ့ လူနာအေရအတြက္နဲ႔ ေသဆုံးသူ အေရအတြက္ အလြန္မ်ားျပားေနခဲ့ပါတယ္။ကမာၻ႔ကူးစက္မႈအမ်ားဆုံးျဖစ္ေနဆဲ အေမရိကန္ဆိုရင္ ေန႔စဥ္ ကူးစက္သူတစ္သိန္းေက်ာ္ေနၿပီး ေသဆုံးသူကလည္း တစ္ရက္ကို ေထာင္ဂဏန္းထိရွိေနပါတယ္။ကယ္လီဖိုးနီးယားျပည္နယ္မွာဆိုရင္ ညမထြက္ရအမိန႔္ ထုတ္ျပန္ခဲ့ရပါတယ္။
 
အာရွက ကမာၻ႔ဒုတိယအမ်ားဆုံး ကူးစက္ခံေနရတဲ့ အိႏၵိယဆိုရင္ ကူးစက္ခံရသူဦးေရ ကိုးသန္းေက်ာ္အထိရွိေနၿပီး အီရန္ဆိုရင္ ကူးစက္မႈမ်ားျပန္လည္ ျဖစ္ပြားလာလို႔ အစားအေသာက္ေဆးဝါးႏွင့္ ေန႔စဥ္လိုအပ္သည့္ပစၥည္းမ်ား ေရာင္းခ်သည့္ဆိုင္မွတစ္ပါး အျခားေသာဆိုင္မ်ားကို ႏွစ္ပတ္ၾကာပိတ္ထားရပါတယ္။သူ႔အိမ္နီးခ်င္း ပါကစၥတန္ဆိုရင္လည္း ကူးစက္မႈေတြျမင့္တက္လာလို႔ ေဈးေတြနဲ႔ ေရွာ့ပင္းေမာေတြကိုလည္း ေန႔စဥ္ ညေန (၆) နာရီမွာ ပိတ္ခိုင္းခဲ့ရပါတယ္။တ႐ုတ္ဆိုရင္လည္း ၿမိဳ႕ႀကီး ၃ ၿမိဳ႕မွာ ဗိုင္းရပ္စ္ျပန္ကူးစက္တာကို ေတြ႕ၿပီးတဲ့ေနာက္ တ႐ုတ္အာဏာပိုင္ေတြက ေက်ာင္းေတြကိုပိတ္၊ ေလာ့ခ္ေဒါင္းေတြခ်တာအျပင္ လူေပါင္းသန္းနဲ႔ခ်ီၿပီး ေဆးစစ္မႈျပဳလုပ္ခဲ့ပါတယ္။ေဟာင္ေကာင္မွာဆိုရင္ ဗိုင္းရပ္စ္ကူးစက္မႈသစ္ေတြ ျမင့္တက္လာလို႔ ေဟာင္ေကာင္နဲ႔ စင္ကာပူအၾကား ေလေၾကာင္း ျပန္လည္ေျပးဆြဲမယ့္အစီအစဥ္ကို ႐ုတ္တရက္ရပ္ဆိုင္းခဲ့ပါတယ္။ထိုင္းဆိုရင္လည္း ထုတ္ျပန္ထားတဲ့ အေရးေပၚဥပေဒကို လာမည့္ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလလယ္အထိ သက္တမ္းထပ္တိုးခဲ့ပါတယ္။ဂ်ပန္ဆိုရင္လည္း ကိုဗစ္- ၁၉ ကူးစက္မႈမ်ား ျပန္လည္မ်ားျပားလာလို႔ ခရီးသြားလႈံ႕ေဆာ္မႈေတြကို ရပ္နားထားခဲ့ရပါတယ္။နီေပါဆိုရင္ သူ႔ႏိုင္ငံမွာ ကူးစက္မႈက ထိန္းခ်ဳပ္မရႏိုင္ေလာက္ေအာင္ျဖစ္ေနတာရယ္ ခရီးသြားလုပ္ငန္းေပၚမွီခိုေနရတဲ့ ႏိုင္ငံ့စီးပြားေရးေၾကာင့္ ကူးစက္ေရာဂါၾကာေလ ႏိုင္ငံက အေျခအေနအားလုံးစိုက္ဆင္းလာေနတဲ့အတြက္ ကာကြယ္ေဆးေစာေစာရဖို႔ ႏိုင္ငံတကာကို ေဆာ္ဩေနရတဲ့ အထိပါဘဲ။
 
ဒီလိုကူးစက္မႈေတြရွိေပမယ့္ တျခားတစ္ဘက္မွာ ကူးစက္မႈအနည္းငယ္က်တာနဲ႔ ျပန္ေျဖ‌ေလွ်ာ့လိုက္၊ ျပန္တက္လာရင္ ျပန္တင္းက်ပ္လိုက္ လုပ္ေနရပါတယ္။ျပင္သစ္ဆိုရင္ ကူးစက္မႈအနည္းငယ္ျပန္က်လာလို႔ ေရႈ႕ရက္သတၱပတ္ကစလို႔ ျပည္သူေတြဟာ ဆိုင္ေတြမွာေဈးဝယ္ခြင့္၊ ဘာသာေရးအခမ္းအနားေတြ သြားခြင့္ျပဳမွာျဖစ္ၿပီး စားေသာက္ဆိုင္ေတြကိုေတာ့ ဇန္နဝါရီ ၂၀ ရက္အထိ မေပးေသးပါဘူး။ပါကစၥတန္ဆိုရင္လည္း ကူးစက္မႈေတြ ျမင့္တက္ေနေပမယ့္ စီးပြားေရးထိခိုက္တာ ထပ္မခံႏိုင္ေတာ့လို႔ ေလာ့ခ္ေဒါင္းခ်တာကို လုပ္မယ္မဟုတ္ဘူးလို႔ အာဏာပိုင္ေတြက ျပတ္ျပတ္သားသား ေျပာထားပါတယ္။ဥေရာပဆိုရင္လည္း ေရခဲျပင္ ႏွင္းေလွ်ာစီးကာလျဖစ္ေနလို႔ ႏိုင္ငံအခ်ိဳ႕က ဒီဇင္ဘာအမီ ႏွင္းေလွ်ာစီးစခန္းေတြ၊ ဟိုတယ္ေတြ ျပန္ဖြင့္ႏိုင္ေအာင္ ျပင္ဆင္ေနတာေတြရွိေနပါတယ္။ဩစေၾတးလ်ဆိုရင္လည္း ဗစ္တိုးရီးယားျပည္နယ္ကေနစၿပီး ႏိုင္ငံတကာေလယာဥ္ေတြကို ဒီဇင္ဘာ ၇ ရက္ကေန ျပန္လည္ဝင္ေရာက္ခြင့္ျပဳေတာ့မွာပါ။ဒါ့အျပင္ ဗစ္တိုးရီးယားႏွင့္ နယူးေဆာက္ေဝးလ္ျပည္နယ္မ်ား၏ နယ္စပ္ဂိတ္ေတြကို ႏိုဝင္ဘာ ၂၃ ရက္မွာ ျပန္ဖြင့္တာရွိခဲ့ပါတယ္။
 
အားလုံးက ယခုႏွစ္ကုန္ ေနာက္အက်ဆုံး ေရွ႕ႏွစ္ ပထမ ၄ လအတြင္း ကာကြယ္ေဆးရမယ္လို႔ ႀကိမ္းေသတြက္ခ်က္ထားၾကပါတယ္။ဒီလိုတြက္ထားတဲ့ အတြက္ စီးပြားေရးကို ေစာႏိုင္သမွ် ေစာေစာျပန္စႏိုင္ဖို႔ ကူးစက္မႈအရွိန္က်လာတာနဲ႔ ကန႔္သတ္ခ်က္ေတြ ျပန္လည္ေျဖေလွ်ာ့တာကို အလ်င္စလိုလုပ္ေနၾကတာကို ေတြ႕ေနရပါတယ္။ကမာၻ႔က်န္းမာေရးအဖြဲ႕ကေတာ့ ဒီလိုပုံစံနဲ႔ဆိုရင္ ဥေရာပေဆာင္းရာသီေၾကာင့္‌ ၂၀၂၁ ခုႏွစ္ ႏွစ္စတြင္ ကိုဗစ္-၁၉ တတိယလႈိင္း ျဖစ္ေပၚႏိုင္တယ္ဆိုၿပီး သတိေပးတာေတြ ရွိပါတယ္။
 
စိုးရိမ္မႈကတစ္ဖက္ အျခားတစ္ဘက္မွာလည္း ကာလရွည္ပိတ္ဆို႔မႈေတြက လူမႈေရး၊ ႏိုင္ငံေရး၊စီးပြားေရး ျပႆနာေတြကို သယ္ေဆာင္လာတဲ့ အတြက္ အေထြေထြအက်ပ္အတည္းေတြကို ရင္ဆိုင္ေနရပါတယ္။ႏိုင္ငံတိုင္းရဲ႕ စီးပြားေရးကလည္း ဗိုင္းရပ္ကူးစက္မႈေၾကာင့္ ကမာၻတစ္ဝန္း သြားလာမႈထိုးရပ္လိုက္တဲ့အခါ ၿပိဳလဲလုမတတ္အေျခအေနကိုေရာက္လာသလို ကူးစက္မႈက တစ္လႈိင္းၿပီး တစ္လႈိင္း ဆက္တက္လာေနတဲ့အခါ အစိုးရျပဳတ္က်လာေစႏိုင္တဲ့အထိ ျဖစ္လာပါတယ္။တစ္ႏွစ္ခန႔္ၾကာတဲ့ ကန႔္သတ္ပိတ္ဆို႔မႈေတြေၾကာင့္ အလုပ္မျဖစ္လာတဲ့ အခါ အစိုးရတိုင္းအတြက္ ကူးစက္ေရာဂါကို ဆက္ထိန္းခ်ဳပ္မလား သတိနဲ႔ယွဥ္ၿပီး ေျဖ‌ေလွ်ာ့မလားဆိုတာ ေ႐ြးခ်ယ္ရခက္တဲ့ အေျခအေနျဖစ္လာပါတယ္။ဒီအတြက္ ထြက္ေပါက္က ကာကြယ္ေဆးပါဘဲ။ကာကြယ္ေဆးကေကာ တစ္ကယ့္ကို အားကိုးစရာရွိပါ့မလားဆိုတာကို ေမးခြန္းမထုတ္ႏိုင္ေလာက္ေအာင္ ကမာၻတဝန္း လိုအပ္ခ်က္ႀကီးေနတဲ့အတြက္ ေဆးရရွိဖို႔က ႏိုင္ငဲံတိုင္းအတြက္ ေခါင္းခဲစရာကိစၥျဖစ္လာခဲ့ပါတယ္။
 
ကုလအတြင္းေရးမႉးခ်ဳပ္ကေတာ့ ႏိုဝင္ဘာ ၂၁ ရက္ကျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ လူတိုင္း ကိုဗစ္ -၁၉ ကာကြယ္ေဆးကို လူတိုင္းလက္လွမ္းမီရမည္ဆိုၿပီး ေျပာခဲ့ပါတယ္။မၾကာမီက အြန္လိုင္းကေနက်င္းပခဲ့တဲ့ G-20 အစည္းအေဝးမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္က ကမာၻတစ္ဝန္းမွ ျပည္သူမ်ားအတြက္ ကိုဗစ္-၁၉ ေရာဂါဆိုင္ရာ ကာကြယ္ေဆးႏွင့္ ကုသမႈမ်ားရရွိေရး တြန္းအားေပးလုပ္ေဆာင္ေပးဖို႔ ေတာင္းဆိုခဲ့သလို ဒီအစည္းအေဝးအၿပီး တ႐ုတ္သမၼတနဲ႔ ဂ်ာမန္ေခါင္းေဆာင္တို႔ ဖုန္းဆက္ေဆြးေႏြးမႈမွာလည္း ကာကြယ္ေဆးျဖန္႔ဖို႔ တ႐ုတ္ဘက္က အသင့္ရွိတယ္ဆိုၿပီး ေျပာခဲ့တာေတြ ရွိခဲ့ပါတယ္။
 
တစ္ကယ္ဘဲ ႏိုင္ငံႀကီးေတြ၊ ေဆးကုမၸဏီေတြက ကမာၻတစ္လုံး အသည္းအသန္လိုေနတဲ့ ေဆးကို ႏိုင္ငံေရးအရအသုံးမခ်ဘဲ အလကားေပးပါ့မလားဆိုတာ စဥ္းစားစရာလိုအပ္သလို ေဆးတုေပၚထြက္လာႏို္င္တာေတြကိုလည္း ထည့္တြက္စရာျဖစ္လာပါတယ္။လက္ရွိမွာ Pfizer ၊ Moderna ၊ စီႏိုဗက္၊ Sputnik V နဲ႔ ေအာက္ဖို႔ဒ္ေဆးေတြ ထြက္ရွိလာဖြယ္ရွိေနသလို အေမရိကန္ျပည္သူေတြကို ဒီဇင္ဘာ ၁၁ ရက္ႏွင့္ ၁၂ ရက္မွာ Pfizer ၊ Moderna ကာကြယ္ေဆးေတြကို ထိုးေပးေတာ့မွာ ျဖစ္ပါတယ္။ 
 
ကာကြယ္ေဆးသုံးခြင့္ရၿပီး တစ္ကယ္ကို ထိုးႏွံမႈစတာနဲ႔ ဗိုင္းရပ္စ္စစ္ပြဲက တစ္ခန္းရပ္ၿပီး အက်ိဳးစီးပြားစစ္ပြဲက စလာေတာ့မွာပါ။လက္ရွိမွာ လူဦးေရ သန္း ၆ ေထာင္ရွိတဲ့ ကမာၻႀကီးအတြက္ ေဆးတစ္ဖုံ ဘယ္ေလာက္လဲဆိုတာ အားလုံးစဥ္းစားေနရသလို ဘယ္ေလာက္ထိ အက်ိဳးအျမတ္ႀကီးမလဲဆိုတာလဲ ကုမၸဏီေတြ၊ စီးပြားေရးအင္အားႀကီးႏိုင္ငံေတြ စဥ္းစားေနမွာ ေသခ်ာပါတယ္။လက္ရွိမွာ အေမရိကန္အစိုးရနဲ႔ EU နဲ႔ ဥေရာပႏိုင္ငံေတြက Pfizer-BioNTech ဆီကေန ေဆးေတြ သန္းနဲ႔ခ်ီၿပီးဝယ္ဖို႔ စာခ်ဳပ္ ခ်ဳပ္ထားသလို အျခားေဆးေတြလည္း ႏိုင္ငဲံႀကီးေတြ ခ်မ္းသာတဲ့ ႏိုင္ငံေတြက ႀကိဳတင္ဝယ္ထားၿပီးသားပါ။ေဆးေစ်းေတြက Pfizer အတြက္ ၁၅ ေပါင္ (၁၉ ဒသမ ၅ ေဒၚလာ)၊Moderna အတြက္ ၂၅ ေပါင္(၂၅ ေဒၚလာမွ ၃၇ ေဒၚလာ) နဲ႔ ေအာက္စဖို႔ဒ္ထုတ္ Astra Zeneca က ၃ ေပါင္ထိ ေစ်းေပါက္ေနသလို စီႏိုဗက္၊ Sputnik V က ဒီထက္ေစ်းနည္းမယ္ဆိုတဲ့အတြက္ ကာကြယ္ေဆး အတြက္ ကုမၸဏီေတြရဲ႕ ေဆးစစ္ပြဲတစ္ခုကို ျမင္ရဖြယ္ရွိေနပါတယ္။ေရွ႕ရက္ေတြမွာ ဘယ္ကာကြယ္ေဆးက ပိုအလုပ္ျဖစ္သလဲဆိုတာ သိရေတာ့မွာျဖစ္ပါတယ္။
 
ဒီလိုသတင္းေတြအျပင္ ယခုရက္သတၱပတ္ထဲမွာ တျခားစိတ္ဝင္စားစရာ သတင္းေတြျဖစ္တဲ့ ဂြာတီ မာလာမွာ အစိုးရအသုံးစရိတ္ဥပေဒကို မေက်နပ္လို႔ ျပည္သူေတြက လႊတ္ေတာ္ကို မီးတင္ရႈိ႕ၾကတဲ့ သတင္း၊ ဂ်ပန္မွာ စက္တင္ဘာလအတြင္း အ႐ြယ္ေကာင္းအမ်ိဳးသားေတြ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္မႈမ်ား ျမင့္တက္လာတဲ့သတင္း၊ လာမည့္ ဇန္နဝါရီ ၁ ရက္မွာ အသက္ဝင္မယ့္ ယာယီကုန္သြယ္ေရးစာခ်ဳပ္ကို ကေနဒါနဲ႔ ၿဗိတိန္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တဲ့သတင္း၊ ဘီလာ႐ုစ္သမၼတ လူကာရွန္ကို ရာထူးကေန ႏုတ္ထြက္ေပးဖို႔ ေတာင္းဆိုဆႏၵျပသူအမ်ားအျပားကို ရဲတပ္ဖြဲ႕က ႐ိုက္ႏွက္ဖမ္းဆီးခဲ့တဲ့ သတင္း၊ ထိုင္ဝမ္ကို အေမရိကန္ဝက္သား ထပ္ပို႔ခြင့္ျပဳတဲ့အေပၚ ထိုင္ဝမ္ျပည္သူေတြ လမ္းေပၚတက္ဆႏၵျပခဲ့ၾကတဲ့သတင္း၊ ကပၸလီပင္လယ္ျပင္မွာ အိႏၵိယ၊ ထိုင္းႏွင့္ စင္ကာပူေရတပ္တို႔ သုံးႏိုင္ငံေရတပ္ေလ့က်င့္မႈ ျပဳလုပ္ခဲ့တဲ့သတင္း၊ သဘာဝပတ္ဝန္းက်င္ ကိစၥမွာ ႏိုင္ငံတကာအသိုင္းအဝိုင္းက ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ G20 ေခါင္းေဆာင္မ်ားရဲ႕ အြန္လိုင္းအစည္းအေဝးမွာ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ယိုရွီဟိုက္ဆူဂါ က ေျပာၾကားခဲ့တဲ့သတင္းေတြလဲ ျဖစ္ခဲ့တယ္ဆိုတာ တင္ျပရင္း ယခုရက္သတၱပတ္ ႏိုင္ငံတကာ သတင္းသုံးသပ္ခ်က္ကို ဒီမွာဘဲ ရပ္လိုက္ခ်င္ပါတယ္။
 
မင္းထက္
ႏိုဝင္ဘာ - ၂၇