【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဗြောင်ငြင်းတဲ့ နာဂျစ် နဲ့ ရှုပ်ထွေးလာတဲ့ စစ်ရေးတင်းမာမှု

【 တစ်ပတ်အတွင်း နိုင်ငံတကာသတင်း သုံးသပ်ချက် 】 ဗြောင်ငြင်းတဲ့ နာဂျစ် နဲ့ ရှုပ်ထွေးလာတဲ့ စစ်ရေးတင်းမာမှု

ယခုတစ်ပတ်အတွင်း သတင်းတွေထဲမှာ  အများစုစိတ်ထဲ လှုပ်ခတ်စေခဲ့တဲ့ သတင်းတွေ အတော်များများ ဖြစ်ခဲ့ပါတယ်။ဒီထဲမှာ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ် ကို လာဘ်စားမှုနဲ့ ဖမ်းဆီးလိုက်တဲ့ သတင်းတွေက  စိတ်ဝင်စားစရာပါ။ဒါ့အပြင် ရုရှား စစ်လေယာဉ် ပစ်ချခံရတာ၊ အီရန် စစ်ရေးပြအခမ်းအနားမှာ သေနတ်နဲ့ ဝင်ပစ်လို့ သေကြကြေကြတာတွေကလည်း ဒီတစ်ပတ် သတင်းတွေထဲ ထိပ်တန်းသတင်းတွေ ဖြစ်ခဲ့ပါတယ်။

လက်ဆုပ်လက်ကိုင် မိပေမယ့် သူခိုးမဟုတ်ဘူးလို့ ဗြောင်ငြင်းတဲ့ နာဂျစ်။

    
ယခုတစ်ပတ်အတွင်းဖြစ်ခဲ့တဲ့ အာဆီယံသတင်းတွေထဲမှာ ဗီယက်နမ် သမ္မတ သေဆုံးတဲ့ သတင်းက ထိပ်တန်းသတင်း ဖြစ်ခဲ့ပါတယ်။
    

ဗီယက်နမ်ရဲ့ အဓိကခေါင်းဆောင် သုံးဦးမှာ ပါဝင်ပြီး ရုပ်ပြသဘောဆန်ဆန်သာ အာဏာရှိတယ်လို့ ယူဆခံထားရတဲ့ ဗီယက်နမ် သမ္မတ ထရန်ဒိုင်ကွမ် တစ်ယောက် စက်တင်ဘာ ၂၁ ရက်က ကောက်ခါငင်ခါ သေဆုံးခဲ့လို့ အာဆီယံဒေသတစ်ခုလုံး အငိုက်မိခဲ့ပါတယ်။ဒါပေမယ့် ဗီယက်နမ် သမ္မတ သေဆုံးမှုအပေါ် သူ့နိုင်ငံသားတွေက အံသြမှုတော့မရှိပါဘူး။ဘာလို့ဆို ထရန်ဒိုင်ကွမ် ရဲ့ ကျန်းမာရေးမကောင်းမှု သတင်းတွေ အွန်လိုင်းမှာ ပျံ့နှံ့နေတာ လနဲ့ချီပြီးရှိနေပြီ ဖြစ်လို့ပါဘဲ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက် အင်ဒိုသမ္မတကို လက်ခံတွေ့ဆုံခဲ့သလို စက်တင်ဘာ ၁၉ ရက်က တရုတ် တရားသူကြီးချုပ်ကို လက်ခံတွေ့ဆုံခဲ့တဲ့အတွက် ဗီယက်နမ် သမ္မတ ထရန်ဒိုင်ကွမ် သေဆုံးမှု သတင်းက ဒေသတွင်းမှာ စိတ်ဝင်စားစရာအကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။
    

ဗီယက်နမ် ရုပ်မြင်သံကြားဌာနတွေမှာတော့ ပြည်တွင်းနဲ့ နိုင်ငံခြား ဆရာဝန်တွေက အသက် ၆၁ နှစ်အရွယ် ထရန်ဒိုင်ကွမ် ရဲ့ အသက်ကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ကြပေမယ့် ပြင်းထန်တဲ့ ဖျားနာမှုကို မတွန်းလှန်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။
    

ရဲချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသလို ဗီယက်နမ်ရဲ့ ဩဇာအကြီးဆုံး ပေါ်လစ်ဗျူရို အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့တဲ့ ထရန်ဒိုင်ကွမ် ရဲ့ နေရာကို ဘယ်သူဆက်ခံမလဲဆိုတာ ဆက်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

    
အာဆီယံဒေသတွင်း သတင်းတွေထဲက နောက်သတင်းတစ်ခုက တိုင်းပြည်ပိုင်ငွေကြေးကို မသမာမှုလုပ်လို့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက် ကို ၎င်းရဲ့ ဘဏ်အကောင့်ထဲ တွေ့ရတဲ့ မလေးရှားရင်းဂစ် ၂ ဒသမ ၆ ဘီလျံနဲ့  မလေးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ကော်မရှင် (MACC) က စက်တင်ဘာ ၁၉ ရက်က  ဖမ်းဆီးခဲ့ပါတယ်။
    

စက်တင်ဘာ ၂၀ ရက်မှာတော့ နာဂျစ် ကို ငွေကြေးခဝါချမှုနဲ့ အာဏာအလွဲသုံးစားမှုစတဲ့ စွဲဆိုချက်သစ် ၂၅ ခုနဲ့ တရားရုံးမှာ စွဲချက်တင်ပြီးနောက် တရားရုံးအထွက်မှာ နာဂျစ် က “ကျွန်တော် သူခိုးတစ်ယောက် မဟုတ်ဘူး” လို့ ပြောသွားခဲ့ပါတယ်။
    

သူခိုး ဟုတ်၊ မဟုတ် ဆိုတာ မသေချာသေးပေမယ့် တရားရုံးပြင်ပကနေ နာဂျစ် ထောက်ခံသူရဲ့ ပိုစတာတွေ၊ ဆိုင်းဘုတ်တွေ ဝှေ့ယမ်းပြပြီး စုရုံးခဲ့ကြ အင်အားပြခဲ့ရုံမျှနဲ့ နာဂျစ် ရဲ့ အမှုအခြေအနေက မလွယ်ပါဘူး။လက်ရှိမှာ ရင်းဂစ် ၃ ဒဿမ ၅ သန်းတန် အာမခံနဲ့ နေနေရတဲ့ သူခိုးမဟုတ်ဘူးဆိုတဲ့ နာဂျစ် ဘာတွေဆက်လုပ်မလဲ၊ ဒီပြဿနာက လွတ်အောင် ရုန်းနိုင်ပါ့မလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
    

အာဆီယံဒေသတွင်း နိုင်ငံတစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်မှာလည်း စက်တင်ဘာ ၂၁ ရက်က ဖိလစ်ပိုင်ပြည်သူ ထောင်သောင်းများစွာ သမ္မတ မားကို့စ် လက်ထက် မာရှယ်လော ကြေညာခဲ့ခြင်း ၄၆ နှစ်ပြည့်မြောက် အထိမ်းအမှတ်အဖြစ် လမ်းပေါ်တက်ကာ မာရှယ်လောကို ရှုတ်ချပြီး လက်ရှိသမ္မတ ရိုဒရီဂိုဒူတာတေး ကိုလည်း အာဏာရှင်ဆန်စွာ မာရှယ်လော ပြဌာန်းခဲ့တဲ့ မူဝါဒကို ပြန်လည်အသက်မသွင်းဖို့ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။

အီရန်ခေါင်းဆောင်တွေကို နားရွက်တံတွေးဆွတ်လိုက်တဲ့ စစ်ရေးပြ အကြမ်းဖက်မှု။
    

စက်တင်ဘာ ၂၂ ရက်က အီရန်နိုင်ငံ အနောက်တောင်ပိုင်း Ahvaz မြို့မှာ အီရန် ထိပ်တန်းခေါင်းဆောင်တွေ တက်ရောက်တဲ့ စစ်ရေးပြအခမ်းအနားတစ်ခုမှာ သေနတ်သမားတွေက သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ လူ ၂၉ ယောက် အနည်းဆုံးသေဆုံးကာ လူ ၆၀ ခန့် ဒဏ်ရာရခဲ့ပါတယ်။
    

သေနတ်သမား လေးဦးခန့် ပါဝင်တဲ့ အဖွဲ့က အရပ်သားတွေနဲ့ ချီတက်နေတဲ့ စစ်သားတွေကို ပစ်ခတ်ခဲ့ပြီးနောက် စင်မြင့်ပေါ်က အီရန် ထိပ်တန်းခေါင်းဆောင်တွေကို ပစ်ခတ်ခဲ့တာပါ။၁၀ မိနစ်ခန့်ကြာတဲ့ ယင်းတိုက်ခိုက်မှုကို အစောပိုင်းက အိုင်အက်စ်နဲ့ ဒေသတွင်း အာရပ်အကြမ်းဖက်အဖွဲ့က သူတို့လက်ချက်လို့ ကြေညာခဲ့ပေမယ့် သေနတ်သမားနှစ်ဦးကို အသေမိပြီး နှစ်ဦးကို အရှင်ဖမ်းမိပြီးနောက်မှာ ယခုတိုက်ခိုက်ခံရမှု နောက်ကွယ်မှာ အမေရိကန် ကျောထောက်နောက်ခံပြုတဲ့ ပင်လယ်ကွေ့နိုင်ငံများ ရှိနေတယ်လို့ အီရန်ခေါင်းဆောင်တွေက စွပ်စွဲခဲ့ပါတယ်။
    

အီရန် နိုင်ငံခြားရေးဝန်ကြီး ဂျာဗက်ဒ်ဇာရစ်ဖ် က ယခုတိုက်ခိုက်မှုကို ဒေသတွင်း အကြမ်းဖက်ထောက်ခံသူနှင့် အမေရိကန်အနေနဲ့ တာဝန်ယူရမယ်လို့ ပြောခဲ့သလို အီရန် သမ္မတ ဟာဆန် ရိုဟာနီ က ပြင်းပြင်းထန်ထန် ပြန်လည်လက်တုန့်ပြန်သွားမယ်ဆိုပြီး ကြုံးဝါးခဲ့ပါတယ်။
    

စက်တင်ဘာ ၂၃ ရက်မှာ အီရန် နိုင်ငံခြားရေးဝန်ကြီးရုံးက ဗြိတိန်၊ နယ်သာလန်နှင့် ဒိန်းမတ် သံတမန်များကို ဆင့်ခေါ်ခဲ့ပြီး အီရန်အတိုက်အခံအဖွဲ့တွေ သူတို့နိုင်ငံတွေမှာ ခိုလှုံနေထိုင်စရာတွေ ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ဒီပြဿနာက ဒီလောက်နဲ့ပြီးဖို့ မရှိပါဘူး။လတ်တလောမှာ ဆီးရီးယားနိုင်ငံမှာ နောက်ဆုံး လက်ကျန်တိုက်ပွဲထဲ  အီရန် ပါဝင်နေတဲ့အတွက် ဒိပြဿနာက အီရန် စွပ်စွဲသလို ဖြစ်နေမလားဆိုတာ စဉ်းစားစရာပါ။
    

ဒီရှေ့ရက်မှာလည်း ရုရှားစစ်မှုထမ်း ၁၅ ဦး ပါဝင်တဲ့ Il-20 ကင်းလှည့်လေယာဉ်တစ်စီးကို စက်တင်ဘာ ၁၇ ရက်က ဆီးရီးယား လေပိုင်နက်ထဲမှာ ဆီးရီးယား လေကြောင်းကာကွယ်ရေး အမြောက်တွေက အစ္စရေး လေယာဉ်နဲ့ မှားပြီးပစ်ချမိလို့ ပြဿနာတက်ခဲ့တာ အခုထိမပြီးသေးပါဘူး။လက်သည်မပေါ်ခင်က ရုရှားက ပြင်သစ်၊ အစ္စရေးနဲ့ အဲဒီတစ်ဝိုက်မှာ ရောက်နေတဲ့ အင်အားကြီးနိုင်ငံတွေက စစ်သဘောၤတွေ လက်ချက်လို့ စွပ်စွဲမှုတွေဖြစ်ခဲ့လို့ ကမ္ဘာစစ် ဖြစ်တော့မလားတောင် ထင်မှတ်စရာပါ။ဒါပေမယ့် နောက်ပိုင်းမှာ အဖြေပေါ်ခဲ့ချိန်မှာ ရုရှားက ဖြေချသွားခဲ့ပါတယ်။
    

ဒီဖြစ်စဉ်မှာ အစ္စရေးက ရုရှားစစ်မှုထမ်းများ သေကြေခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း ပြောခဲ့ပေမယ့် အဓိကတာဝန်ရှိသူမှာ ဆီးရီးယား အစိုးရစစ်တပ်လို့ တုံ့ပြန်ခဲ့ပါတယ်။လေယာဉ်ပစ်ချခံရတဲ့ ဖြစ်စဉ်အပြီးမှာ ဆီးရီးယားမှာရှိတဲ့ ရုရှားစစ်မှုထမ်းများ လုံခြုံရေးအတွက် ရုရှားအနေဖြင့် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးဖြင့် ကိုင်တွယ်ဆောင်ရွက်သွားမည်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
    

အရှေ့အလယ်ပိုင်းတစ်ခုထဲ စစ်ရေးက မီးတောက်မလိုဖြစ်နေတာ မဟုတ်ပါဘူး။ထရန့် တက်လာပြီးကတည်းက လှုပ်ခတ်နေခဲ့တဲ့ ကမ္ဘာ့အရေးတွေမှာ လတ်တလော ရုရှားနဲ့ တရုတ်ကို အမေရိကန်က ကုန်သွယ်ရေး စစ်ရေး ကစားနေတာတွေကြောင့် ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ စစ်ရေး တင်းမာမှု အခြေအနေတွေက စစ်အေးခတ်နီးပါးကို ပြန်ရောက်လာဖို့ အလားအလာတွေ တွေ့နေရပါတယ်။
    

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်မှာ ရုရှားနိုင်ငံကနေ Sukhoi Su-35 ဂျက် တိုက်လေယာဉ်နဲ့ S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်တွေ ဝယ်ယူခဲ့တဲ့  တရုတ် ကာကွယ်ရေးဝန်ကြီးဌာနရဲ့ စစ်လက်နက်ဖွံ့ဖြိုးမှုဌာနနဲ့ ယင်းဌာနရဲ့ အကြီးအကဲဖြစ်သူတို့ကို ဘဏ္ဍာရေးဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။ဒါ့အပြင် ရုရှား ထောက်လှမ်းရေးရယ်၊ စစ်တပ်တို့ရယ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် အဖွဲ့အစည်း ၃၃ ခုကိုလည်း နာမည်ပျက်စာရင်းသွင်းပြီး ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့လို့  ရုရှား ဒု - နိုင်ငံခြားရေးဝန်ကြီး ဆာဂီ ရိုင်ယာကော့ဗ် က အမေရိကန်ကို သတိပေးခဲ့သလို တရုတ်ကလည်း ဆန်ရှင် ချမှတ်တာကို ပြန်ရုပ်သိမ်းဖို့နဲ့ မရုတ်သိမ်းရင် နောက်ဆက်တွဲ အကျိုးဆက်ကို တာဝန်ခံရမယ်လို့ သတိပေးပြောဆိုပါတယ်။
    

လက်ရှိမှာ အခြေအနေတွေက လိပ်ခဲတည်းလဲ အခြေအနေတွေ ဖြစ်နေသလို တရုတ်ကလည်း တရုတ်က ဘေဂျင်းရှိ အမေရိကန် သံအမတ်ကို ဆင့်ခေါ်ခဲ့ပြီး အမေရိကန်နဲ့ လာမည့်သီတင်းပတ်အတွင်း ဘေဂျင်းမှာ ကျင်းပဖို့စီစဉ်ထားတဲ့ တရုတ် - အမေရိကန် စစ်ဘက်တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ရွှေ့ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ဒါ့အပြင် အမေရိကန် အလည်အပတ် ခရီးစဉ်ထွက်နေတဲ့ တရုတ် ရေတပ်အကြီးအကဲ ရှန်ဂျင်လောင် ကို ပြန်ခေါ်ဖို့် စီစဉ်ခဲ့ပါတယ်။တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲ ဖြစ်နေတဲ့ အခြေအနေမှာ လက်ရှိချမှတ်လိုက်တဲ့ အမေရိကန် ဆန်ရှင်က  တရုတ်နဲ့ ရုရှားကို စစ်မျက်နှာသစ် နောက်ထပ်တစ်ခုဆီ ဆွဲခေါ်တဲ့ လုပ်ရပ်လား၊ ဒါမှမဟုတ် ဒီဘက်နှစ် နောက်ပိုင်းတွေမှာ အင်အားကြီး နေရာကို ပြန်ယူလာတဲ့ ရုရှားနဲ့ ထွန်းသစ်စ တရုတ်စစ်အင်အားကို ဇက်နှိမ်ဖို့လုပ်တဲ့ လုပ်ရပ်လားဆိုတာ ပြန်စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။
    

ဒီလိုလှုပ်ခတ်နေတဲ့ စစ်ရေးနောက်ခံ သတင်းတွေထဲမှာ ဗြိတိန်က အမေရိကန်လို့ ရွေးကောက်ပွဲမှာ ရုရှားဆိုက်ဘာတပ်ဖွဲ့က ဝင်နှောင့်ယှက်တာမျိုး မခံရဖို့ အမှုထမ်း ၂,၀၀၀ ပါဝင်သော တိုက်ခိုက်ရေးဆိုက်ဘာ တပ်ဖွဲ့သစ် ဖွဲ့ဖို့လုပ်နေတဲ့ သတင်းတွေလည်း ယခုတစ်ပတ်အတွင်း ဖြစ်ခဲ့ပါတယ်။

မိုးကြီး၊ မြေပြို၊ လေဘေးပါ ကြုံရတဲ့ ယနေ့ကမ္ဘာ။
    

ယခုတစ်ပတ်အတွင်း သဘာဝဘေး သတင်းတွေထဲ လူတွေ စိတ်ဝင်စားမှုပိုခဲ့တဲ့ သတင်းက ကနေဒါက လေဆင်နှာမောင်း သတင်းပါဘဲ။တစ်နာရီ မိုင် ၁၂၀ နူန်းရှိတဲ့ လေဆင်နှာမောင်းတစ်ခု အော့တဝါမြို့ အနီးတစ်ဝိုက်ကို စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ဝင်တိုက်ခတ်လို့ အိမ်ခြေများစွာနဲ့ ကားတွေ လေထဲဝဲပျံ ပျက်စီးခဲ့ရပြီး လျှပ်စစ်မီးလည်း ဒေသတွင်း ပြတ်တောက်ခဲ့ရပါတယ်။
    

လေဘေးဆိုပေမယ့် အန္တရာယ်ကြီးတဲ့ လေဆင်နှာမောင်းဖြစ်လို့ ရုပ်သံပြကွက်တွေမှာ ကားတွေ၊ အိမ်ခေါင်မိုးတွေ လွှင့်စင်နေတာတွေက ကြောက်စရာ လန့်စရာပါ။ပျက်စီးဆုံးရှုံးမှုက ကြီးမားပြီး လူ ၃၀ လောက် ဒဏ်ရာရခဲ့တဲ့အတွက်လည်း ကနေဒါဝန်ကြီးချုပ်က လေဆင်နှာမောင်း ထိခိုက်တာကို ခံလိုက်ရတဲ့ ဒေသခံတွေကို  အကာအကွယ်ပေးမယ်လို့ တွစ်တာကနေ ရေးရတဲ့အထိပါဘဲ။
    

အဲဒီရက်မှာဘဲ မက္ကဆီကိုဘက်မှာ မိုးသည်းထန်စွာ ရွာသွန်းရာမှာ မိုးရေချိန် ၃၅၉ မီလီမီတာထိ ရှိခဲ့လို့ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ရာမှာ ဒေသခံတွေကို အာဏာပိုင်တွေက ဘေးလွတ်ရာကို အလျင်အမြန် ပြောင်းရွှေ့ပေးခဲ့ရပါတယ်။မက္ကဆီကို ရေဘေးမှာ သေဆုံးသူ ၇ ဦးထိ ရှိခဲ့ပါတယ်။ဒီလိုရေကြီးမှုတွေကြောင့် မြေပြိုမှုတွေဖြစ်လို့ သေကြေတာတွေ ဖိလစ်ပိုင်ဘက်မှာလည်း ဖြစ်ခဲ့ပါတယ်။စက်တင်ဘာ ၂၀ ရက်က ဖိလစ်ပိုင်နိုင်ငံ စီဘူးကျွန်းမှာ မုတ်သုံမိုး သည်းထန်စွာရွာသွန်းလို့ တီနာအန်းကျေးရွာမှာ မြေပြိုဖြစ်ရာမှာ အနည်းဆုံး လူနေအိမ်ခြေ ဆယ်လုံးခန့် မြေပြိုစာတွေအောက် ရောက်ခဲ့ပါတယ်။သေဆုံးသူ စာရင်းကို မသိနိုင်သေးဘဲ ကယ်ဆယ်ရေးတွေ တက်သုတ်ရိုက်လုပ်နေရဆဲ ဖြစ်ပါတယ်။
    

ဒီလို သဘာဝဘေးတွေအပြင် လူတွေကြောင့်ဖြစ်ရတဲ့ ဘေးတွေလည်း ယခုရက်ထဲမှာ ဖြစ်ခဲ့ပါသေးတယ်။စက်တင်ဘာ ၂၀ ရက်က တန်ဇန်းနီးယားနိုင်ငံ၊ ဝိတိုရိယအိုင်မှာ ခရီးသည် ၂၀၀ ကျော်နဲ့အတူ ကုန်ပစ္စည်းတွေ တင်ဆောင်လာတဲ့ ရေယာဉ်တစ်စီး တိမ်းမှောက်ခဲ့လို့ ခရီးသည် ၁၅၁ ဦး သေဆုံးခဲ့ပါတယ်။ထုံးစံအတိုင်း ရေယာဉ်ပေါ်မှာ ခရီးသည် ဘယ်နှစ်ယောက် တင်လာသလဲဆိုတာ မသိတဲ့အတွက် ပျောက်ဆုံးသူ အရေအတွက်ကို မှန်းလို့မရဘဲ ဖြစ်နေပါတယ်။ဒီလိုဒေသတွေမှာ ရေယာဉ်ပေါ်ကို တင်လို့ရတာထက် ပိုတင်လေ့ရှိကြတာမို့ သေဆုံးသူ အရေအတွက်က ဒီထက်ပိုလာစရာ ရှိနေပါတယ်။တန်ဇန်းနီးယား သမ္မတကတော့ ဒီလိုဖြစ်ရပ်အတွက် တာဝန်ရှိတဲ့သူတွေကို အရေးယူမယ်ဆိုပေယ့် နောင်မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာက ပိုအလေးပေးမလား၊ ဒါမှမဟုတ် ဒီနေရာဒေသမှာဘဲ ဒီလိုကိစ္စတွေ ထပ်ကြုံရဦးမလားဆိုတာ ထပ်စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
    

ဒီလို ပေါ့ဆမှုကနေ လူတွေ အမြောက်အများ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြင် ပေါ့ဆမှုကြောင့် မသေဆုံးပေမယ့် ခရီးသည်တွေ နှာခေါင်းသွေးထွက်ရတဲ့ ကြောက်စရာ လေယာဉ်မတော်တဆမှု တစ်ရပ်လည်း အိန္ဒိယ Jet Airways လေကြောင်းလိုင်းမှာ စက်တင်ဘာ ၁၉ ရက်က ဖြစ်ခဲ့ပါတယ်။ခရီးသည် ၁၆၆ ဦးပါတဲ့ မွမ်ဘိုင်းကနေ ဂျေပူရ်သို့ ဦးတည်တဲ့ Jet Airways အိန္ဒိယ ခရီးသည်တင် လေယာဉ်တစ်စီးမှာ လေယာဉ်ပျံတက်စဉ် လေယာဉ်အမှုထမ်းဖြစ်သူက လေယာဉ်ကိုယ်ထည်အတွင်း လေဖိအားထိန်းခလုတ်ကိုလှည့်ဖို့ မေ့သွားတာကြောင့် ခရီးသည် ၃၀ ကျော်ထက် မနည်းဟာ နှာခေါင်းနဲ့ နားတွေက သွေးယိုစိမ့်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ရပါတယ်။ဒ်ီလိုဖြစ်တဲ့အတွက် လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး လေယာဉ်ပေါ်က ခရီးသည်တွေ ကြောက်လန့်တကြား ဖြစ်ခဲ့ရပါတယ်။ဒီလို အမှုထမ်းတွေ ပေါ့လျော့တာမျိုး ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ စက်တင် ဘာ ၁၈ ရက်က ဖြစ်ခဲ့ပါသေးတယ်။အဲဒီအဖြစ်က ဆစ်ဒနီမြို့ Pullman ဟိုတယ်မှာ ဟိုတယ်ရဲ့ လေသန့်စနစ်ကနေမှတစ်ဆင့် ကလိုရင်းပါတဲ့ အဆိပ်ဓာတ်ငွေ့ ပျံ့နှံ့လာလို့ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေ အသက်ရှူကျပ်ပြီး ၈ ဦး ဆေးရုံရောက်ခဲ့တဲ့ ဖြစ်ရပ်ပါ။

ဟိုတယ်ဝန်ထမ်းက လေသန့်စနစ်ထဲ ကလိုရင်းနှင့် ဟိုက်ဒရိုကလိုရစ် အက်ဆစ်ကို ရောနှောခဲ့ရာမှာ ဟိုက်ဒရိုကလိုရိုက်ဒ် ဓာတ်ငွေ့များ ပျံ့နှံ့ခဲ့လို့ ဖြစ်ခဲ့တာပါ။ဒါဟာ သတိထားစရာ ကိစ္စတွေပါ။

မြောက်ကိုရီးယား ဒရမ်မာဇာတ်လမ်း။
    

မြောက်ကိုရီးယားနဲ့ ပတ်သက်တဲ့ သတင်းတွေဖတ်ရတာ ဗရုတ်ဘရက် ဒရမ်မာဇာတ်လမ်းတစ်ခုကို ကြည့်ရသလိုပါဘဲ။အခုလဲ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း တစ်ယောက် သမိုင်းဝင် ချစ်ကြည်ရေးခရီးအဖြစ် မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းကို ရောက်နေပါတယ်။
    

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်တစ်ရပ်ကို စက်တင်ဘာ ၁၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။သတင်းတွေအရ ဆွေးနွေးမှုများအပြီးမှာ ကင်မ်ဂျူံအန်း က တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်ဧရိယာကို ဖျက်သိမ်းပေးမယ်လို့တောင် ကိုရီးယားသမ္မတကို ကတိပေးခဲ့ပါတယ်။မွန်းဂျေအင်း လာရောက်ခဲ့တဲ့အတွက် မကြာမီအချိန်မှာ ကင်မ် ကလည်း တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို လာရောက်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောခဲ့ပါတယ်။
    

တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း ရဲ့ ပြုံးယမ်းခရီးစဉ်က ကိုရီးယားကျွန်းဆွယ်က ပြည်သူတွေအတွက် မျှော်လင့်ချက်အသစ်တွေ ဖြစ်ထွန်းစေခဲ့သလို ပြုံယမ်းမှာ ကျင်းပနေတဲ့ မြောက်ကိုရီးယား အားကစားပွဲတော်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း နှင့်အတူ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်း တက်ရောက်ပြီး  ၇ မိနစ်မျှ ကြာမြင့်သည့် မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့ပါတယ်။
    

မိန့်ခွန်းထဲမှာ ကိုရီးယားနှစ်နိုင်ငံ ကွဲပြားနေခြင်းမျိုး မဖြစ်သင့်ဘဲ ကျွန်းဆွယ်စစ်ပွဲကြီး မတိုင်ခင်ကကဲ့သို့ တစ်ခုတည်းသော ကိုရီးယားနိုင်ငံအဖြစ် ရပ်တည်သင့်ကြောင်း ပြောခဲ့တာကို တွေ့ရပါတယ်။ကြိုတင်ကြေညာခြင်းမရှိဘဲ မိန့်ခွန်းပြောကြားပြီးနောက် ဧည့်ပရိသတ် တစ်သိန်းခွဲကျော်က သောင်းသောင်းဖြဖြ ကောင်းချီးပေးခဲ့ကြပါတယ်။
    

ဒီခရီးစဉ်ရဲ့ ထိရောက်မှုက ကိုရီးယားကျွန်းဆွယ် ပြန်လည်ပေါင်းစည်းမှုကို ဖြစ်လာမလားဆိုတာ စောင့်ကြည့်ဖို့ စိတ်ဝင်စားစရာပါ။

မင်းထက်

( Zawgyi )

ယခုတစ္ပတ္အတြင္း သတင္းေတြထဲမွာ  အမ်ားစုစိတ္ထဲ လႈပ္ခတ္ေစခဲ့တဲ့ သတင္းေတြ အေတာ္မ်ားမ်ား ျဖစ္ခဲ့ပါတယ္။ဒီထဲမွာ မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ ကို လာဘ္စားမႈနဲ႔ ဖမ္းဆီးလိုက္တဲ့ သတင္းေတြက  စိတ္ဝင္စားစရာပါ။ဒါ့အျပင္ ႐ုရွား စစ္ေလယာဥ္ ပစ္ခ်ခံရတာ၊ အီရန္ စစ္ေရးျပအခမ္းအနားမွာ ေသနတ္နဲ႔ ဝင္ပစ္လို႔ ေသၾကေၾကၾကတာေတြကလည္း ဒီတစ္ပတ္ သတင္းေတြထဲ ထိပ္တန္းသတင္းေတြ ျဖစ္ခဲ့ပါတယ္။

လက္ဆုပ္လက္ကိုင္ မိေပမယ့္ သူခိုးမဟုတ္ဘူးလို႔ ေျဗာင္ျငင္းတဲ့ နာဂ်စ္။

    
ယခုတစ္ပတ္အတြင္းျဖစ္ခဲ့တဲ့ အာဆီယံသတင္းေတြထဲမွာ ဗီယက္နမ္ သမၼတ ေသဆုံးတဲ့ သတင္းက ထိပ္တန္းသတင္း ျဖစ္ခဲ့ပါတယ္။
    

ဗီယက္နမ္ရဲ႕ အဓိကေခါင္းေဆာင္ သုံးဦးမွာ ပါဝင္ၿပီး ႐ုပ္ျပသေဘာဆန္ဆန္သာ အာဏာရွိတယ္လို႔ ယူဆခံထားရတဲ့ ဗီယက္နမ္ သမၼတ ထရန္ဒိုင္ကြမ္ တစ္ေယာက္ စက္တင္ဘာ ၂၁ ရက္က ေကာက္ခါငင္ခါ ေသဆုံးခဲ့လို႔ အာဆီယံေဒသတစ္ခုလုံး အငိုက္မိခဲ့ပါတယ္။ဒါေပမယ့္ ဗီယက္နမ္ သမၼတ ေသဆုံးမႈအေပၚ သူ႔ႏိုင္ငံသားေတြက အံၾသမႈေတာ့မရွိပါဘူး။ဘာလို႔ဆို ထရန္ဒိုင္ကြမ္ ရဲ႕ က်န္းမာေရးမေကာင္းမႈ သတင္းေတြ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနတာ လနဲ႔ခ်ီၿပီးရွိေနၿပီ ျဖစ္လို႔ပါဘဲ။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၁ ရက္ အင္ဒိုသမၼတကို လက္ခံေတြ႕ဆုံခဲ့သလို စက္တင္ဘာ ၁၉ ရက္က တ႐ုတ္ တရားသူႀကီးခ်ဳပ္ကို လက္ခံေတြ႕ဆုံခဲ့တဲ့အတြက္ ဗီယက္နမ္ သမၼတ ထရန္ဒိုင္ကြမ္ ေသဆုံးမႈ သတင္းက ေဒသတြင္းမွာ စိတ္ဝင္စားစရာအေကာင္းဆုံး သတင္းတစ္ပုဒ္ ျဖစ္လာခဲ့ပါတယ္။
    

ဗီယက္နမ္ ႐ုပ္ျမင္သံၾကားဌာနေတြမွာေတာ့ ျပည္တြင္းနဲ႔ ႏိုင္ငံျခား ဆရာဝန္ေတြက အသက္ ၆၁ ႏွစ္အ႐ြယ္ ထရန္ဒိုင္ကြမ္ ရဲ႕ အသက္ကို ကယ္တင္ဖို႔ အစြမ္းကုန္ ႀကိဳးစားခဲ့ၾကေပမယ့္ ျပင္းထန္တဲ့ ဖ်ားနာမႈကို မတြန္းလွန္ႏိုင္ခဲ့ေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။
    

ရဲခ်ဳပ္အျဖစ္ တာဝန္ထမ္းေဆာင္ဖူးသလို ဗီယက္နမ္ရဲ႕ ဩဇာအႀကီးဆုံး ေပၚလစ္ဗ်ဴ႐ို အဖြဲ႕ဝင္တစ္ဦးလည္း ျဖစ္ခဲ့တဲ့ ထရန္ဒိုင္ကြမ္ ရဲ႕ ေနရာကို ဘယ္သူဆက္ခံမလဲဆိုတာ ဆက္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။

    
အာဆီယံေဒသတြင္း သတင္းေတြထဲက ေနာက္သတင္းတစ္ခုက တိုင္းျပည္ပိုင္ေငြေၾကးကို မသမာမႈလုပ္လို႔ မေလးရွား ဝန္ႀကီးခ်ဳပ္ေဟာင္း နာဂ်စ္ရာဇက္ ကို ၎ရဲ႕ ဘဏ္အေကာင့္ထဲ ေတြ႕ရတဲ့ မေလးရွားရင္းဂစ္ ၂ ဒသမ ၆ ဘီလ်ံနဲ႔  မေလးရွား အက်င့္ပ်က္ျခစားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္ (MACC) က စက္တင္ဘာ ၁၉ ရက္က  ဖမ္းဆီးခဲ့ပါတယ္။
    

စက္တင္ဘာ ၂၀ ရက္မွာေတာ့ နာဂ်စ္ ကို ေငြေၾကးခဝါခ်မႈနဲ႔ အာဏာအလြဲသုံးစားမႈစတဲ့ စြဲဆိုခ်က္သစ္ ၂၅ ခုနဲ႔ တရား႐ုံးမွာ စြဲခ်က္တင္ၿပီးေနာက္ တရား႐ုံးအထြက္မွာ နာဂ်စ္ က “ကြၽန္ေတာ္ သူခိုးတစ္ေယာက္ မဟုတ္ဘူး” လို႔ ေျပာသြားခဲ့ပါတယ္။
    

သူခိုး ဟုတ္၊ မဟုတ္ ဆိုတာ မေသခ်ာေသးေပမယ့္ တရား႐ုံးျပင္ပကေန နာဂ်စ္ ေထာက္ခံသူရဲ႕ ပိုစတာေတြ၊ ဆိုင္းဘုတ္ေတြ ေဝွ႔ယမ္းျပၿပီး စု႐ုံးခဲ့ၾက အင္အားျပခဲ့႐ုံမွ်နဲ႔ နာဂ်စ္ ရဲ႕ အမႈအေျခအေနက မလြယ္ပါဘူး။လက္ရွိမွာ ရင္းဂစ္ ၃ ဒႆမ ၅ သန္းတန္ အာမခံနဲ႔ ေနေနရတဲ့ သူခိုးမဟုတ္ဘူးဆိုတဲ့ နာဂ်စ္ ဘာေတြဆက္လုပ္မလဲ၊ ဒီျပႆနာက လြတ္ေအာင္ ႐ုန္းႏိုင္ပါ့မလားဆိုတာ ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
    

အာဆီယံေဒသတြင္း ႏိုင္ငံတစ္ခုျဖစ္တဲ့ ဖိလစ္ပိုင္မွာလည္း စက္တင္ဘာ ၂၁ ရက္က ဖိလစ္ပိုင္ျပည္သူ ေထာင္ေသာင္းမ်ားစြာ သမၼတ မားကို႔စ္ လက္ထက္ မာရွယ္ေလာ ေၾကညာခဲ့ျခင္း ၄၆ ႏွစ္ျပည့္ေျမာက္ အထိမ္းအမွတ္အျဖစ္ လမ္းေပၚတက္ကာ မာရွယ္ေလာကို ရႈတ္ခ်ၿပီး လက္ရွိသမၼတ ႐ိုဒရီဂိုဒူတာေတး ကိုလည္း အာဏာရွင္ဆန္စြာ မာရွယ္ေလာ ျပဌာန္းခဲ့တဲ့ မူဝါဒကို ျပန္လည္အသက္မသြင္းဖို႔ ဆႏၵထုတ္ေဖာ္ခဲ့ၾကပါေသးတယ္။

အီရန္ေခါင္းေဆာင္ေတြကို နား႐ြက္တံေတြးဆြတ္လိုက္တဲ့ စစ္ေရးျပ အၾကမ္းဖက္မႈ။
    

စက္တင္ဘာ ၂၂ ရက္က အီရန္ႏိုင္ငံ အေနာက္ေတာင္ပိုင္း Ahvaz ၿမိဳ႕မွာ အီရန္ ထိပ္တန္းေခါင္းေဆာင္ေတြ တက္ေရာက္တဲ့ စစ္ေရးျပအခမ္းအနားတစ္ခုမွာ ေသနတ္သမားေတြက ေသနတ္နဲ႔ ပစ္ခတ္ခဲ့လို႔ လူ ၂၉ ေယာက္ အနည္းဆုံးေသဆုံးကာ လူ ၆၀ ခန႔္ ဒဏ္ရာရခဲ့ပါတယ္။
    

ေသနတ္သမား ေလးဦးခန႔္ ပါဝင္တဲ့ အဖြဲ႕က အရပ္သားေတြနဲ႔ ခ်ီတက္ေနတဲ့ စစ္သားေတြကို ပစ္ခတ္ခဲ့ၿပီးေနာက္ စင္ျမင့္ေပၚက အီရန္ ထိပ္တန္းေခါင္းေဆာင္ေတြကို ပစ္ခတ္ခဲ့တာပါ။၁၀ မိနစ္ခန႔္ၾကာတဲ့ ယင္းတိုက္ခိုက္မႈကို အေစာပိုင္းက အိုင္အက္စ္နဲ႔ ေဒသတြင္း အာရပ္အၾကမ္းဖက္အဖြဲ႕က သူတို႔လက္ခ်က္လို႔ ေၾကညာခဲ့ေပမယ့္ ေသနတ္သမားႏွစ္ဦးကို အေသမိၿပီး ႏွစ္ဦးကို အရွင္ဖမ္းမိၿပီးေနာက္မွာ ယခုတိုက္ခိုက္ခံရမႈ ေနာက္ကြယ္မွာ အေမရိကန္ ေက်ာေထာက္ေနာက္ခံျပဳတဲ့ ပင္လယ္ေကြ႕ႏိုင္ငံမ်ား ရွိေနတယ္လို႔ အီရန္ေခါင္းေဆာင္ေတြက စြပ္စြဲခဲ့ပါတယ္။
    

အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး ဂ်ာဗက္ဒ္ဇာရစ္ဖ္ က ယခုတိုက္ခိုက္မႈကို ေဒသတြင္း အၾကမ္းဖက္ေထာက္ခံသူႏွင့္ အေမရိကန္အေနနဲ႔ တာဝန္ယူရမယ္လို႔ ေျပာခဲ့သလို အီရန္ သမၼတ ဟာဆန္ ႐ိုဟာနီ က ျပင္းျပင္းထန္ထန္ ျပန္လည္လက္တုန႔္ျပန္သြားမယ္ဆိုၿပီး ႀကဳံးဝါးခဲ့ပါတယ္။
    

စက္တင္ဘာ ၂၃ ရက္မွာ အီရန္ ႏိုင္ငံျခားေရးဝန္ႀကီး႐ုံးက ၿဗိတိန္၊ နယ္သာလန္ႏွင့္ ဒိန္းမတ္ သံတမန္မ်ားကို ဆင့္ေခၚခဲ့ၿပီး အီရန္အတိုက္အခံအဖြဲ႕ေတြ သူတို႔ႏိုင္ငံေတြမွာ ခိုလႈံေနထိုင္စရာေတြ ေပးေနတယ္လို႔ စြပ္စြဲခဲ့ပါတယ္။ဒီျပႆနာက ဒီေလာက္နဲ႔ၿပီးဖို႔ မရွိပါဘူး။လတ္တေလာမွာ ဆီးရီးယားႏိုင္ငံမွာ ေနာက္ဆုံး လက္က်န္တိုက္ပြဲထဲ  အီရန္ ပါဝင္ေနတဲ့အတြက္ ဒိျပႆနာက အီရန္ စြပ္စြဲသလို ျဖစ္ေနမလားဆိုတာ စဥ္းစားစရာပါ။
    

ဒီေရွ႕ရက္မွာလည္း ႐ုရွားစစ္မႈထမ္း ၁၅ ဦး ပါဝင္တဲ့ Il-20 ကင္းလွည့္ေလယာဥ္တစ္စီးကို စက္တင္ဘာ ၁၇ ရက္က ဆီးရီးယား ေလပိုင္နက္ထဲမွာ ဆီးရီးယား ေလေၾကာင္းကာကြယ္ေရး အေျမာက္ေတြက အစၥေရး ေလယာဥ္နဲ႔ မွားၿပီးပစ္ခ်မိလို႔ ျပႆနာတက္ခဲ့တာ အခုထိမၿပီးေသးပါဘူး။လက္သည္မေပၚခင္က ႐ုရွားက ျပင္သစ္၊ အစၥေရးနဲ႔ အဲဒီတစ္ဝိုက္မွာ ေရာက္ေနတဲ့ အင္အားႀကီးႏိုင္ငံေတြက စစ္သေဘာေတၤြ လက္ခ်က္လို႔ စြပ္စြဲမႈေတြျဖစ္ခဲ့လို႔ ကမာၻစစ္ ျဖစ္ေတာ့မလားေတာင္ ထင္မွတ္စရာပါ။ဒါေပမယ့္ ေနာက္ပိုင္းမွာ အေျဖေပၚခဲ့ခ်ိန္မွာ ႐ုရွားက ေျဖခ်သြားခဲ့ပါတယ္။
    

ဒီျဖစ္စဥ္မွာ အစၥေရးက ႐ုရွားစစ္မႈထမ္းမ်ား ေသေၾကခဲ့ျခင္းအတြက္ ဝမ္းနည္းေၾကာင္း ေျပာခဲ့ေပမယ့္ အဓိကတာဝန္ရွိသူမွာ ဆီးရီးယား အစိုးရစစ္တပ္လို႔ တုံ႔ျပန္ခဲ့ပါတယ္။ေလယာဥ္ပစ္ခ်ခံရတဲ့ ျဖစ္စဥ္အၿပီးမွာ ဆီးရီးယားမွာရွိတဲ့ ႐ုရွားစစ္မႈထမ္းမ်ား လုံၿခဳံေရးအတြက္ ႐ုရွားအေနျဖင့္ ျဖစ္ႏိုင္သမွ် နည္းလမ္းအားလုံးျဖင့္ ကိုင္တြယ္ေဆာင္႐ြက္သြားမည္လို႔ ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ေၾကညာခဲ့ပါတယ္။
    

အေရွ႕အလယ္ပိုင္းတစ္ခုထဲ စစ္ေရးက မီးေတာက္မလိုျဖစ္ေနတာ မဟုတ္ပါဘူး။ထရန႔္ တက္လာၿပီးကတည္းက လႈပ္ခတ္ေနခဲ့တဲ့ ကမာၻ႔အေရးေတြမွာ လတ္တေလာ ႐ုရွားနဲ႔ တ႐ုတ္ကို အေမရိကန္က ကုန္သြယ္ေရး စစ္ေရး ကစားေနတာေတြေၾကာင့္ ကမာၻ႔ ကုန္သြယ္ေရးနဲ႔ စစ္ေရး တင္းမာမႈ အေျခအေနေတြက စစ္ေအးခတ္နီးပါးကို ျပန္ေရာက္လာဖို႔ အလားအလာေတြ ေတြ႕ေနရပါတယ္။
    

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စက္တင္ဘာ ၂၀ ရက္မွာ ႐ုရွားႏိုင္ငံကေန Sukhoi Su-35 ဂ်က္ တိုက္ေလယာဥ္နဲ႔ S-400 ေျမျပင္မွ ေဝဟင္ပစ္ဒုံးက်ည္ေတြ ဝယ္ယူခဲ့တဲ့  တ႐ုတ္ ကာကြယ္ေရးဝန္ႀကီးဌာနရဲ႕ စစ္လက္နက္ဖြံ႕ၿဖိဳးမႈဌာနနဲ႔ ယင္းဌာနရဲ႕ အႀကီးအကဲျဖစ္သူတို႔ကို ဘ႑ာေရးဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ခဲ့ပါတယ္။ဒါ့အျပင္ ႐ုရွား ေထာက္လွမ္းေရးရယ္၊ စစ္တပ္တို႔ရယ္နဲ႔ ပတ္သက္ဆက္ႏႊယ္တဲ့ လူပုဂၢိဳလ္ အဖြဲ႕အစည္း ၃၃ ခုကိုလည္း နာမည္ပ်က္စာရင္းသြင္းၿပီး ဒဏ္ခတ္ပိတ္ဆို႔မႈ ခ်မွတ္ခဲ့လို႔  ႐ုရွား ဒု - ႏိုင္ငံျခားေရးဝန္ႀကီး ဆာဂီ ႐ိုင္ယာေကာ့ဗ္ က အေမရိကန္ကို သတိေပးခဲ့သလို တ႐ုတ္ကလည္း ဆန္ရွင္ ခ်မွတ္တာကို ျပန္႐ုပ္သိမ္းဖို႔နဲ႔ မ႐ုတ္သိမ္းရင္ ေနာက္ဆက္တြဲ အက်ိဳးဆက္ကို တာဝန္ခံရမယ္လို႔ သတိေပးေျပာဆိုပါတယ္။
    

လက္ရွိမွာ အေျခအေနေတြက လိပ္ခဲတည္းလဲ အေျခအေနေတြ ျဖစ္ေနသလို တ႐ုတ္ကလည္း တ႐ုတ္က ေဘဂ်င္းရွိ အေမရိကန္ သံအမတ္ကို ဆင့္ေခၚခဲ့ၿပီး အေမရိကန္နဲ႔ လာမည့္သီတင္းပတ္အတြင္း ေဘဂ်င္းမွာ က်င္းပဖို႔စီစဥ္ထားတဲ့ တ႐ုတ္ - အေမရိကန္ စစ္ဘက္တာဝန္ရွိသူမ်ား ေတြ႕ဆုံေဆြးေႏြးပြဲကို ေ႐ႊ႕ဆိုင္းေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ဒါ့အျပင္ အေမရိကန္ အလည္အပတ္ ခရီးစဥ္ထြက္ေနတဲ့ တ႐ုတ္ ေရတပ္အႀကီးအကဲ ရွန္ဂ်င္ေလာင္ ကို ျပန္ေခၚဖို႔္ စီစဥ္ခဲ့ပါတယ္။တ႐ုတ္နဲ႔ ကုန္သြယ္ေရးစစ္ပြဲ ျဖစ္ေနတဲ့ အေျခအေနမွာ လက္ရွိခ်မွတ္လိုက္တဲ့ အေမရိကန္ ဆန္ရွင္က  တ႐ုတ္နဲ႔ ႐ုရွားကို စစ္မ်က္ႏွာသစ္ ေနာက္ထပ္တစ္ခုဆီ ဆြဲေခၚတဲ့ လုပ္ရပ္လား၊ ဒါမွမဟုတ္ ဒီဘက္ႏွစ္ ေနာက္ပိုင္းေတြမွာ အင္အားႀကီး ေနရာကို ျပန္ယူလာတဲ့ ႐ုရွားနဲ႔ ထြန္းသစ္စ တ႐ုတ္စစ္အင္အားကို ဇက္ႏွိမ္ဖို႔လုပ္တဲ့ လုပ္ရပ္လားဆိုတာ ျပန္ေစာင့္ၾကည့္ရေတာ့မွာ ျဖစ္ပါတယ္။
    

ဒီလိုလႈပ္ခတ္ေနတဲ့ စစ္ေရးေနာက္ခံ သတင္းေတြထဲမွာ ၿဗိတိန္က အေမရိကန္လို႔ ေ႐ြးေကာက္ပြဲမွာ ႐ုရွားဆိုက္ဘာတပ္ဖြဲ႕က ဝင္ေႏွာင့္ယွက္တာမ်ိဳး မခံရဖို႔ အမႈထမ္း ၂,၀၀၀ ပါဝင္ေသာ တိုက္ခိုက္ေရးဆိုက္ဘာ တပ္ဖြဲ႕သစ္ ဖြဲ႕ဖို႔လုပ္ေနတဲ့ သတင္းေတြလည္း ယခုတစ္ပတ္အတြင္း ျဖစ္ခဲ့ပါတယ္။

မိုးႀကီး၊ ေျမၿပိဳ၊ ေလေဘးပါ ႀကဳံရတဲ့ ယေန႔ကမာၻ။
    

ယခုတစ္ပတ္အတြင္း သဘာဝေဘး သတင္းေတြထဲ လူေတြ စိတ္ဝင္စားမႈပိုခဲ့တဲ့ သတင္းက ကေနဒါက ေလဆင္ႏွာေမာင္း သတင္းပါဘဲ။တစ္နာရီ မိုင္ ၁၂၀ ႏူန္းရွိတဲ့ ေလဆင္ႏွာေမာင္းတစ္ခု ေအာ့တဝါၿမိဳ႕ အနီးတစ္ဝိုက္ကို စက္တင္ဘာ ၂၁ ရက္ ညေနပိုင္းက ဝင္တိုက္ခတ္လို႔ အိမ္ေျခမ်ားစြာနဲ႔ ကားေတြ ေလထဲဝဲပ်ံ ပ်က္စီးခဲ့ရၿပီး လွ်ပ္စစ္မီးလည္း ေဒသတြင္း ျပတ္ေတာက္ခဲ့ရပါတယ္။
    

ေလေဘးဆိုေပမယ့္ အႏၲရာယ္ႀကီးတဲ့ ေလဆင္ႏွာေမာင္းျဖစ္လို႔ ႐ုပ္သံျပကြက္ေတြမွာ ကားေတြ၊ အိမ္ေခါင္မိုးေတြ လႊင့္စင္ေနတာေတြက ေၾကာက္စရာ လန႔္စရာပါ။ပ်က္စီးဆုံးရႈံးမႈက ႀကီးမားၿပီး လူ ၃၀ ေလာက္ ဒဏ္ရာရခဲ့တဲ့အတြက္လည္း ကေနဒါဝန္ႀကီးခ်ဳပ္က ေလဆင္ႏွာေမာင္း ထိခိုက္တာကို ခံလိုက္ရတဲ့ ေဒသခံေတြကို  အကာအကြယ္ေပးမယ္လို႔ တြစ္တာကေန ေရးရတဲ့အထိပါဘဲ။
    

အဲဒီရက္မွာဘဲ မကၠဆီကိုဘက္မွာ မိုးသည္းထန္စြာ ႐ြာသြန္းရာမွာ မိုးေရခ်ိန္ ၃၅၉ မီလီမီတာထိ ရွိခဲ့လို႔ ေရႀကီးေရလွ်ံမႈေတြ ျဖစ္ပြားခဲ့ရာမွာ ေဒသခံေတြကို အာဏာပိုင္ေတြက ေဘးလြတ္ရာကို အလ်င္အျမန္ ေျပာင္းေ႐ႊ႕ေပးခဲ့ရပါတယ္။မကၠဆီကို ေရေဘးမွာ ေသဆုံးသူ ၇ ဦးထိ ရွိခဲ့ပါတယ္။ဒီလိုေရႀကီးမႈေတြေၾကာင့္ ေျမၿပိဳမႈေတြျဖစ္လို႔ ေသေၾကတာေတြ ဖိလစ္ပိုင္ဘက္မွာလည္း ျဖစ္ခဲ့ပါတယ္။စက္တင္ဘာ ၂၀ ရက္က ဖိလစ္ပိုင္ႏိုင္ငံ စီဘူးကြၽန္းမွာ မုတ္သုံမိုး သည္းထန္စြာ႐ြာသြန္းလို႔ တီနာအန္းေက်း႐ြာမွာ ေျမၿပိဳျဖစ္ရာမွာ အနည္းဆုံး လူေနအိမ္ေျခ ဆယ္လုံးခန႔္ ေျမၿပိဳစာေတြေအာက္ ေရာက္ခဲ့ပါတယ္။ေသဆုံးသူ စာရင္းကို မသိႏိုင္ေသးဘဲ ကယ္ဆယ္ေရးေတြ တက္သုတ္႐ိုက္လုပ္ေနရဆဲ ျဖစ္ပါတယ္။
    

ဒီလို သဘာဝေဘးေတြအျပင္ လူေတြေၾကာင့္ျဖစ္ရတဲ့ ေဘးေတြလည္း ယခုရက္ထဲမွာ ျဖစ္ခဲ့ပါေသးတယ္။စက္တင္ဘာ ၂၀ ရက္က တန္ဇန္းနီးယားႏိုင္ငံ၊ ဝိတိုရိယအိုင္မွာ ခရီးသည္ ၂၀၀ ေက်ာ္နဲ႔အတူ ကုန္ပစၥည္းေတြ တင္ေဆာင္လာတဲ့ ေရယာဥ္တစ္စီး တိမ္းေမွာက္ခဲ့လို႔ ခရီးသည္ ၁၅၁ ဦး ေသဆုံးခဲ့ပါတယ္။ထုံးစံအတိုင္း ေရယာဥ္ေပၚမွာ ခရီးသည္ ဘယ္ႏွစ္ေယာက္ တင္လာသလဲဆိုတာ မသိတဲ့အတြက္ ေပ်ာက္ဆုံးသူ အေရအတြက္ကို မွန္းလို႔မရဘဲ ျဖစ္ေနပါတယ္။ဒီလိုေဒသေတြမွာ ေရယာဥ္ေပၚကို တင္လို႔ရတာထက္ ပိုတင္ေလ့ရွိၾကတာမို႔ ေသဆုံးသူ အေရအတြက္က ဒီထက္ပိုလာစရာ ရွိေနပါတယ္။တန္ဇန္းနီးယား သမၼတကေတာ့ ဒီလိုျဖစ္ရပ္အတြက္ တာဝန္ရွိတဲ့သူေတြကို အေရးယူမယ္ဆိုေပယ့္ ေနာင္မျဖစ္ေအာင္ ဘယ္လိုလုပ္မလဲဆိုတာက ပိုအေလးေပးမလား၊ ဒါမွမဟုတ္ ဒီေနရာေဒသမွာဘဲ ဒီလိုကိစၥေတြ ထပ္ႀကဳံရဦးမလားဆိုတာ ထပ္ေစာင့္ၾကည့္ရဦးမွာ ျဖစ္ပါတယ္။
    

ဒီလို ေပါ့ဆမႈကေန လူေတြ အေျမာက္အမ်ား ေသဆုံးခဲ့ရတဲ့ ျဖစ္စဥ္အျပင္ ေပါ့ဆမႈေၾကာင့္ မေသဆုံးေပမယ့္ ခရီးသည္ေတြ ႏွာေခါင္းေသြးထြက္ရတဲ့ ေၾကာက္စရာ ေလယာဥ္မေတာ္တဆမႈ တစ္ရပ္လည္း အိႏၵိယ Jet Airways ေလေၾကာင္းလိုင္းမွာ စက္တင္ဘာ ၁၉ ရက္က ျဖစ္ခဲ့ပါတယ္။ခရီးသည္ ၁၆၆ ဦးပါတဲ့ မြမ္ဘိုင္းကေန ေဂ်ပူရ္သို႔ ဦးတည္တဲ့ Jet Airways အိႏၵိယ ခရီးသည္တင္ ေလယာဥ္တစ္စီးမွာ ေလယာဥ္ပ်ံတက္စဥ္ ေလယာဥ္အမႈထမ္းျဖစ္သူက ေလယာဥ္ကိုယ္ထည္အတြင္း ေလဖိအားထိန္းခလုတ္ကိုလွည့္ဖို႔ ေမ့သြားတာေၾကာင့္ ခရီးသည္ ၃၀ ေက်ာ္ထက္ မနည္းဟာ ႏွာေခါင္းနဲ႔ နားေတြက ေသြးယိုစိမ့္မႈျဖစ္စဥ္ ျဖစ္ပြားခဲ့ရပါတယ္။ဒ္ီလိုျဖစ္တဲ့အတြက္ ေလယာဥ္ဟာ ေနာက္ေၾကာင္းျပန္လွည့္ခဲ့ရၿပီး ေလယာဥ္ေပၚက ခရီးသည္ေတြ ေၾကာက္လန႔္တၾကား ျဖစ္ခဲ့ရပါတယ္။ဒီလို အမႈထမ္းေတြ ေပါ့ေလ်ာ့တာမ်ိဳး ဩစေၾတးလ်ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕မွာ စက္တင္ ဘာ ၁၈ ရက္က ျဖစ္ခဲ့ပါေသးတယ္။အဲဒီအျဖစ္က ဆစ္ဒနီၿမိဳ႕ Pullman ဟိုတယ္မွာ ဟိုတယ္ရဲ႕ ေလသန႔္စနစ္ကေနမွတစ္ဆင့္ ကလိုရင္းပါတဲ့ အဆိပ္ဓာတ္ေငြ႕ ပ်ံ႕ႏွံ႔လာလို႔ လာေရာက္တည္းခိုတဲ့ ဧည့္သည္ေတြ အသက္ရွဴက်ပ္ၿပီး ၈ ဦး ေဆး႐ုံေရာက္ခဲ့တဲ့ ျဖစ္ရပ္ပါ။

ဟိုတယ္ဝန္ထမ္းက ေလသန႔္စနစ္ထဲ ကလိုရင္းႏွင့္ ဟိုက္ဒ႐ိုကလိုရစ္ အက္ဆစ္ကို ေရာေႏွာခဲ့ရာမွာ ဟိုက္ဒ႐ိုကလို႐ိုက္ဒ္ ဓာတ္ေငြ႕မ်ား ပ်ံ႕ႏွံ႔ခဲ့လို႔ ျဖစ္ခဲ့တာပါ။ဒါဟာ သတိထားစရာ ကိစၥေတြပါ။

ေျမာက္ကိုရီးယား ဒရမ္မာဇာတ္လမ္း။
    

ေျမာက္ကိုရီးယားနဲ႔ ပတ္သက္တဲ့ သတင္းေတြဖတ္ရတာ ဗ႐ုတ္ဘရက္ ဒရမ္မာဇာတ္လမ္းတစ္ခုကို ၾကည့္ရသလိုပါဘဲ။အခုလဲ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း တစ္ေယာက္ သမိုင္းဝင္ ခ်စ္ၾကည္ေရးခရီးအျဖစ္ ေျမာက္ကိုရီးယားႏိုင္ငံ ၿပဳံးယမ္းကို ေရာက္ေနပါတယ္။
    

ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း နဲ႔ ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္း တို႔ ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္ေရး စာခ်ဳပ္တစ္ရပ္ကို စက္တင္ဘာ ၁၉ ရက္က လက္မွတ္ေရးထိုးခဲ့ပါတယ္။သတင္းေတြအရ ေဆြးေႏြးမႈမ်ားအၿပီးမွာ ကင္မ္ဂ်ဴံအန္း က တိုက္ခ်င္းပစ္ဒုံးက်ည္ စမ္းသပ္ဧရိယာကို ဖ်က္သိမ္းေပးမယ္လို႔ေတာင္ ကိုရီးယားသမၼတကို ကတိေပးခဲ့ပါတယ္။မြန္းေဂ်အင္း လာေရာက္ခဲ့တဲ့အတြက္ မၾကာမီအခ်ိန္မွာ ကင္မ္ ကလည္း ေတာင္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္ကို လာေရာက္ဖို႔ အစီအစဥ္ရွိတယ္လို႔ ေျပာခဲ့ပါတယ္။
    

ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း ရဲ႕ ၿပဳံးယမ္းခရီးစဥ္က ကိုရီးယားကြၽန္းဆြယ္က ျပည္သူေတြအတြက္ ေမွ်ာ္လင့္ခ်က္အသစ္ေတြ ျဖစ္ထြန္းေစခဲ့သလို ၿပဳံယမ္းမွာ က်င္းပေနတဲ့ ေျမာက္ကိုရီးယား အားကစားပြဲေတာ္ကို ေျမာက္ကိုရီးယား ေခါင္းေဆာင္ ကင္မ္ဂ်ဳံအန္း ႏွင့္အတူ ေတာင္ကိုရီးယား သမၼတ မြန္းေဂ်အင္း တက္ေရာက္ၿပီး  ၇ မိနစ္မွ် ၾကာျမင့္သည့္ မိန႔္ခြန္းတစ္ရပ္ကို ေျပာၾကားခဲ့ပါတယ္။
    

မိန႔္ခြန္းထဲမွာ ကိုရီးယားႏွစ္ႏိုင္ငံ ကြဲျပားေနျခင္းမ်ိဳး မျဖစ္သင့္ဘဲ ကြၽန္းဆြယ္စစ္ပြဲႀကီး မတိုင္ခင္ကကဲ့သို႔ တစ္ခုတည္းေသာ ကိုရီးယားႏိုင္ငံအျဖစ္ ရပ္တည္သင့္ေၾကာင္း ေျပာခဲ့တာကို ေတြ႕ရပါတယ္။ႀကိဳတင္ေၾကညာျခင္းမရွိဘဲ မိန႔္ခြန္းေျပာၾကားၿပီးေနာက္ ဧည့္ပရိသတ္ တစ္သိန္းခြဲေက်ာ္က ေသာင္းေသာင္းျဖျဖ ေကာင္းခ်ီးေပးခဲ့ၾကပါတယ္။
    

ဒီခရီးစဥ္ရဲ႕ ထိေရာက္မႈက ကိုရီးယားကြၽန္းဆြယ္ ျပန္လည္ေပါင္းစည္းမႈကို ျဖစ္လာမလားဆိုတာ ေစာင့္ၾကည့္ဖို႔ စိတ္ဝင္စားစရာပါ။

မင္းထက္